Fanfics

Ep - 9

15:32, 18 December 2024

Naniတို့ wedding ပြီးရက်အနည်းငယ်နေတော့ အရင်လိုပဲကျောင်းပြန်တက်ခဲ့သည်။ wedding ညပြီးတော့ nani, sky ကိုအတတ်နိုင်ဆုံး မျက်နှာချင်းဆိုင် မတွေ့မိအောင် အတတ်နိုင်ဆုံးရှောင်နေမိသည်။ သူကလဲ ဒါကိုသိသည့်အလား nani ကိုအရင်လိုအတင်းလိုက်စကားပြောတာမျိုးမလုပ်ပါ။ ဒီတော့တော့ ရှောင်လွှဲလို့မရ သူကကိုယ်တိုင်လိုက်ပို့သည်မလို့ပင်။

Sky ကားပေါ်မှဆင်းလိုက်ပြီး ကိုင်ထားသည့် လွယ်အိတ်အသေးလေးကို nani ဆီသို့ပြောင်းပေးလိုက်ရင်း။

"ညနေကျရင် ကိုယ်လာကြိုမယ်။  ဒီကနေပဲစောင့်နေနော်။တစ်ခုခုစားချင်တာရှိရင်ကိုယ့်ကိုဖုန်းဆက်လိုက်။"

"အင်း။ ကျွန်တော် သွားတော့မယ်။ "

"အင်း။ ဂရုစိုက် ဘဲပေါက်လေး "

ဘဲပေါက်လေးဆိုသည့် အခေါ်အဝေါ်ကြောင့် မျက်စောင်းခဲကာကြည့်လာသည်။ ကျောင်းချိန်နီးနေပြီဖြစ်တာကြောင့် ဘာမှဆက်မပြောတော့ဘဲ ကျောင်းဝန်းထဲသို့သာ ဆက်သွားလိုက်သည်။

~~~~~~~~~~~

Nani ပျက်ကွက်သွားသည့်စာများ ပြန်ကူးနေတုံး အတန်းခေါင်းဆောင်က အတန်းထဲသို့ဝင်လာသည်။ အရှေ့ဆုံးခုံကစားပွဲအား သုံးချက်လောက်ပုတ်ကာ အချက်ပြမှ အတန်းထဲတွင်ဆူညံနေသည့် အသံများမှာ တိတ်ကျသွားပြီး အတန်းခေါင်းဆောင်ဆီအာရုံရောက်လာကြသည်။ ထိုအခါမှ အတန်းခေါင်းဆောင်က ပြောရမည့်အကြောင်းအရာကိုဆက်ပြောသည်။

"မင်းတို့သိကြတဲ့အတိုင်းပါပဲ စာသင်နှစ်ဝက်ကိုရောက်လာပြီဆိုတော့ အကုန်လုံးမျှော်နေကြတဲ့ အပန်းဖြေခရီးထွက်ရတော့မှာပါ။ ဒီနှစ်အလှည့်ကျတဲ့နေရာကတော့ ချင်းမိုင်ကိုသွားလည်ပတ်ရမှာမလို့ လိုက်မယ့်သူတွေ အခုပဲစာရင်းလာပေးကြပါ။ "

အတန်းခေါင်းဆောင်စကားဆုံးတော့ အတန်းထဲတွင်ရှိသည့် သူများမှာ အတန်းခေါင်းဆောင်ရှိရာသို့ တန်းဆီသွားကာ စာရင်းပေးနေကြသည်။ စာရေးစားပွဲတွင်ထိုင်ကာ စာလုပ်နေသည့် nani အား sun လက်မောင်းသို့တို့လိုက်ပြီး....

"မင်းမလိုက်ဘူးလား။ အော်....မေ့လို့ မင်းရဲ့ချစ်လှစွာသောယောက်ျားငါ့ရဲ့ဦးငယ်က ဘယ်ခွင့်ပြုမလဲ....."

Sun ၏စကားဆုံးတာနဲ့ သူ့ခေါင်းအား စာအုပ်ထူထူဖြင့် ဘုတ် ခနဲအချခံလိုက်ရသည်။အီစိမ့်သွားသည့် ခေါင်းအားဖိကိုင်ထားသည့် sun ကို nani အမြင်ကပ်စွာကြည့်လိုက်ပြီး....

"သူခွင့်မပြုလဲငါက ဘာဂရုစိုက်ရမှာလဲ! ချင်းမိုင်ကို ငါရအောင်သွားမှာ!"

Nani အတန်းခေါင်းဆောင်ဆီသို့သွားကာ သူ့နာမည်ကိုခပ်မြန်မြန်စာရင်းပေးလိုက်သည်။ sun ကိုလဲ မင်းစောင့်ကြည့်နေလိုက်ဆိုသည့် မျက်နှာဘေးနှင့်ကြည့်ကာ စာရေးခုံတွင်ပြန်ထိုင်ကာစာပြန်လုပ်နေလိုက်သည်။

~~~~~~~~~~~~~~

Sky အလုပ်တွေလက်စသတ်ပြီး အခန်းထဲသို့ပြန်ဝင်လာတော့ အိပ်ယာပေါ်တွင်မြင်နေကျ ကိုယ်လုံးသေးသေးလေးအားမတွေ့ရသည်မလို့ အဝတ်လဲခန်းသို့သွားကြည့်မိတော့ ချစ်စရာအရုပ်ကလေးတွေပါသည့် ညအိပ်ဝတ်စုံနဲ့ကောင်လေးမှာ ဘီရိုရှေ့တွင်အလုပ်ရှုပ်နေသည်။ ခါးလေးထောက်ကာ ဘီရိုထဲတွင်ရှိသည့် အဝတ်များအားတစ်ထည်ချင်းရွေးယူနေကာ Luggage ပန်းရောင်လေးထဲ သေချာထည့်နေသည်။

"အဲ့တာဘာလုပ်နေတာလဲ"

အခန်းဝက sky အသံကြောင့် အဝတ်ရွေးနေသည့် အကောင်ပေါက်ကလေးမှာ ကိုယ်လေးတစ်ချက်တုံသွားသည်။ အခန်းဝက sky ကိုတစ်ချက်ကြည့်ကာ...

"အဝတ်တွေထည့်နေတာလေ မမြင်ဘူးလား။ "

"မြင်လို့မေးနေတာလေ ဘယ်ကိုသွားမှာလဲ "

"ချင်းမိုင်.."

"ဘာ!"

"ဘယ်လိုဖြစ်လို့လူကိုလာအော်နေတာလဲ! "

Nani သူ့ကို မျက်စောင်းထိုးကာကြည့်လိုက်ပြီး အဝတ်ဆက်ရွေးနေတော့ လေ၏အလျှင်လို nani အနားသို့အမြန်ရောက်လာသည်။

"ဘာသွားလုပ်မှာလဲ!"

"ကျောင်းကလူတွေနဲ့သွားမှာ အပန်းဖြေခရီး..."

"မသွားရဘူး!"

Nani အဝတ်လှမ်းယူရန်ပြင်နေသည့် လက်ကလေးမှာရပ်တန့်သွားပြီး sky အား အကြည့်စူးစူးကလေးများဖြင့်ကြည့်လိုက်ကာ...

"သွားမှာပဲ!"

ဘီရိုထဲက အဝတ်တစ်ထည်ကိုထုတ်ကာ Luggage ထဲထည့်ပြီးပြောလိုက်တော့ sky က nani ,Luggageထဲထည့်ထားသည့် အဝတ်များကိုအပြင်သို့ဆွဲထုတ်ကာ....

"မသွားရဘူးလို့ပြောနေတယ်နော်!"

"သွားမှာ!"

အောက်ကျနေသည့် အဝတ်များကိုပြန်ကောက်ထည့်တော့ sky က ပြန်လွှင့်ပြစ်သည်။ nani အဝတ်တွေကိုကောက်ထည့်တိုင်း skyက အပြင်သို့ ပြစ်ထုတ်ပြန်သည်မလို့ nani စိတ်တိုသည့်အခြေအနေမှ ဝမ်းနည်းသည့်ဘက်သို့ကူးပြောင်းသွားရကာ သူပြစ်ထုတ်ထားတဲ့အဝတ်ပုံကိုသိမ်းကြုံးကောက်ပြစ်လိုက်ပြီး sky ၏ ရင်ဘတ်သို့ပြစ်ပေါက်ပြစ်လိုက်သည်။

"လူကိုမရရအောင်ယူထားပြီး သူ့စိတ်ကြိုက်ကြီးပဲ! "

စိတ်မကောင်းဖြစ်နေသည့်သူက မျက်ရည်တို့မထိန်းနိုင်စွာကျလာသည်မလို့ လက်ခုံလေးဖြင့်ဖိသုတ်ပြစ်သည်။ အသားဖြူသူမလို့ နှာခေါင်းထိပ်ကလေးတွေကချက်ချင်းရဲလာရသည်။sky ချော့ရန်အရှေ့သို့တိုးသွားတော့ လက်မခံဘဲ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်ကာ....

"မေမေတို့နဲ့တုံးကလဲသွားနေကျပဲ! လူကိုမယူခင်ကတော့ ဖြစ်ချင်တာအကုန်လုပ်ခွင့်ပေးမယ်ဆိုပြီး အခုကျတော့....အခုကျတော့...."

"မဟုတ်ဘူး ကိုယ်က စိတ်ပူသွားလို့။ မင်းထင်သလိုမဟုတ်..."

Sky ရှင်းပြရင်း ပွေ့ဖတ်ရန်ပြင်တော့ အထိမခံဘဲ sky လက်တွေကိုတွန်းဖယ်သည်။

"ယူပြီးတာတစ်ပတ်မရှိသေးဘူး ခွန်ကအော်နေပြီ။ မေမေတို့တောင်...မေမေတို့တောင်မအော်ဘူး... ခွန်နဲ့အတူမနေဘူး..."

Sky ကိုယ်လုံးကြီးအားတွန်းတိုက်ကာ ငိုနေရင်းပင် အခန်းထဲမှ ထွက်သွားသည်။ sky စိတ်ရှုပ်စွာဆံပင်တို့အားထိုးဖွလိုက်မိသည်။ အော်ပြစ်လိုက်ဖို့အထိမရည်ရွယ်ပါဘူး ခရီးသွားရန်ပြင်ဆင်နေသူက ကိုယ့်အားအသိမပေးဘဲ လုပ်ချင်တိုင်းလုပ်နေသည်။ ကိုယ်သာမသိရင် ကိုယ့်ကိုမပြောဘဲသွားအုံးမည့်ပုံပင်။ ယူထားတာပင် မကြာသေးဘူး အဲ့ဒီ့အသေးလေးကို sky ဘယ်လိုခွဲအိပ်နိုင်မှာလဲ။ ရှေ့ရကျတှတေုံးကလဲ သူရှက်နေမှန်းသိလို့ sky အလိုက်တသိ ခပ်ခွာခွာနေပေးခဲ့တာ။ ဒါကိုအခု အသေးလေးက ခရီးသွားဖို့ပြင်နေတော့ ဒေါသတို့ထွက်လာရကာ အော်မိသွားသည်။

နောက်မှ sky, nani ပြောသွားသည့် စကားတို့ကိုပြန်သတိရကာ အောက်ထက်သို့ပြေးဆင်းရသည်။ ကိုယ်နဲ့မနေချင်ဘူးဆိုပြီး ညဘက်ကြီး လျှောက်သွားနေရင်ဘယ်လိုလုပ်မလဲ။

Sky အောက်ထက်သို့အလောတကြီးဆင်းလာတော့ ကြီးကြီးက sky ဆီအပြေးအလွှားရောက်လာကာ....

"သားဘာဖြစ်လို့လဲ အရေးကြီးသုတ်ပြာနဲ့ဆင်းလာတာ။"

"ကြီးကြီး nani အောက်ဆင်းလာတာကိုတွေ့မိသေးလား..."

Sky ကြီးကြီးကိုမေးနေရင်း အိမ်ထဲတွင်လဲ နေရာအနှံ့လိုက်ကြည့်နေမိသည်။

"ဟင်...ကြီးကြီးလဲသတိမထားမိလိုက်ဘူးသားရယ်။ နေအုံးအိမ်ကအလုပ်သမားတွေကိုခေါ်လိုက်မယ်။ "

အိမ်ကအလုပ်သမားတွေအားလိုက်မေးသည့်တိုင်အောင် တစ်ယောက်မှမတွေ့လိုက်ကြဘူးဆိုတာကြောင့် sky ရင်ထဲမှာ တဆတဆပူလောင်လာရသည်။ ခြံစောင့်ဦးလေးမှာလဲ အပြင်ထွက်လာတာမတွေ့ဘူးဟုဆိုတာကြောင့် အိမ်ထဲကတစ်နေရာရာမှာပဲရှိနေလောက်မည်ထင်သည်။

"အိမ်ထဲရော ခြံထဲပါ တစ်နေရာမကျန်အကုန်လိုက်ရှာကြ!"

Sky သေချာအောင်အပေါ်ထပ်တွင်ရှာသည် ဒါပေမယ့်အရိပ်အယောင်ကလေးတောင်မတွေ့ပေ။ ခြံထဲတွင်ရှာနေကြသည့်လူများမှာလည်း ရှာမတွေ့ကြောင်းလာပြောသည်။သေချာအောင်ထပ်ရှာခိုင်းသော်လည်း ဘယ်သူမှရှာလို့မတွေ့ကြပေ။ အချိန်ကလဲ နေညက်ကျနေပြီမလို့ nani တစ်ခုခုဖြစ်နေမှာကိုတွေးပြီး sky ရင်တို့ပိုပြီးပူလောင်လာရသည်။ မျက်နှာကြီးတည်တင်းနေသည့့် sky ကြောင့်အိမ်ကအလုပ်သမားတွေမှာလည်း အသံတောင်မထွက်ရဲကြပေ။

ရှာမတွေ့တဲ့အဆုံး sky ကားသော့ဆွဲကာ ခြံပြင်သို့ထွက်လိုက်သည်။ ခြံထဲမှအဖြတ် ပန်းခြုံထဲတွင် အသံတိုးတိုးကလေးကြားရသည်မလို့ သွားနေသည့်ခြေလှမ်းတို့အားရပ်တန့်ပြစ်လိုက်ပြီး sky သေချာနားဆွင့်လိုက်သည်။ ကြားနေရသည့်အသံမှာ ငိုရှိုက်သံတိုးတိုးလေးဖြစ်နေသည်မလို့ sky ပန်းခြုံနားသို့ ခြေလှမ်းကျဲ ကြီးများဖြင့်သွားကာ စုရုံးကာပေါက်နေူည့် ခြုံနွယ်များအား ဖယ်ပြစ်လိုက်တော့ အပူတပြင်းလိုက်ရှာနေသည့် သူလေးအားတွေ့လိုက်ရသည်။

Nani လေးမှာ ဒူးလေးနှစ်လုံးကိုပိုက်ကာ ဒူးခေါင်းသေးသေးလေးများအပေါ် မျက်နှာလေးတင်ကာ ရှိူက်ငိုနေသည်မှာ အသံသေးသေးကလေးများပင်ထွက်နေသည်။ sky ကိုမော့ကြည့်သည့် မျက်ဝန်းလေးများမှာ အချိန်အတော်ကြာအောင် ငိုထားသည်မလို့ရဲစပ်နေသည်။ sky ထိုင်နေသူအနား တိုးကပ်သွားလိုက်ပြီး....

"ခြင်တွေတော့ကိုက်ကုန်တော့မှာပဲကွာ...."

Sky, nani အားပွေ့ချီရန်ပြင်လိုက်တော့ sky လက်တွေကိုပုတ်ထုတ်ပြစ်သည်။

"ကိုယ့်ကိုစိတ်ဆိုးတယ်မလား။ အိမ်ထဲရောက်မှစိတ်ကြိုက်အပြစ်ပေး။ အခုအိမ်ထဲဝင်ရအောင်ကွာ အပြင်မှာခြင်တွေနဲ့.... "

"........."

Sky အားအငြင်းစကားမဆိုသည်ကြောင့် ကြုံ့ကြုံ့ကလေးထိုင်နေသူအား ဒူးအောက်မှလက်လျှိုဝင်ကာ အသာလေးပွေ့ချီလာခဲ့သည်။ အိမ်ထဲကိုရောက်ခါမှ ကြီးကြီးကလည်း သူတို့ကိုမြင်ပြီးစိတ်အေးသွားသည်။ sky ကြီးကြီးအားမျက်နှာရိပ်မျက်နှာကဲပြကားသွားနားခိုင်းသည်။ ကြီးကြီးကလည်းဧည့်ခန်းထဲတွင်ရှိသည့် အလုပ်သမားများအားသွားနားခိုင်းတော့သည်။ ပြန်ရှာတွေ့လို့သာတော်သေးတော့သည်။ မဟုတ်ရင် သူမတို့လဲစိတ်ပူရလို့သေတော့မယ်။

...

Sky, အခန်းတံခါးအား ကိုယ်လုံးနဲ့အသာတွန်းဖွင့်ပြီး nani အားမွေ့ယာအိအိပေါ်သို့အသာချပေးသည်။ ပြီးခါမှ ဘေးက အံဆွဲထဲက ညှစ်ဆေးဗူးလေးကိုထုတ်ကာ ခြင်ကိုက်ရာတို့ဖြင့်ရဲနေသည့် ခြေထောက်ကလေးအား ဆေးလိမ်းပေးဖို့ပေါင်ပေါ်သို့အသာဆွဲယူလိုက်သည်။ ဆွဲယူလိုက်သည့် ခြေထောက်ကလေးအားရုန်းလိုက်သည့်မလို့ sky အသာပြန်ဆွဲထားရင်း ခြင်ကိုက်ထားသည့် နေရာလေးတွေအနှံ့လိမ်းပေးလိုက်သည်။

Sky လက်ဆေးပြီးပြန်ထွက်လာတာကိုမြင်တော့ စိတ်ဆိုးနေသူက စောင်ကိုရင်ဘတ်အထိဆွဲခြုံလိုက်ကာ sky အားကျောခိုင်းရင်း တစ်ဖက်သို့လှည့်သွားသည်။ sky သက်ပြင်းသာချလိုက်ပြီး ကုတင်ပေါ်သို့တက်သွားလိုက်သည်။ စောင်လုံးလေးထဲက ကလေးလေးအပေါ် သို့အုံ့မိုးလိုက်ပြီး....

"ကိုယ့်ကိုကြည့်ပါအုံး..."

စိတ်ဆိုးနေသူကတုံ့တုံ့မျှမလှုပ်ပေ။

"ကလေးလေး...ကိုယ်မှားသွားပါတယ်။ ကိုယ့်ကိုကြည့်ပါအုံး။ "

လက်မောင်းကလေးမှ အသာဆွဲယူလိုက်တော့ ရင်ခွင်အောက်တွင်ပက်လက်ကလေးဖြစ်သွားရသည်။ ငိုထား၍ ခပ်ရဲရဲဖြစ်နေသည့် ပါးပြင်ဥဥလေးကိုလက်မဖြင့် အသာပွတ်သတ်လိုက်ပြီး....

"ကိုယ်စိတ်ပူသွားတာ။ မင်းကိုမတွေ့တော့ ကိုယ်ရင်တွေပူသွားတာပဲ။ "

Sky ပြောသမျှကို မျက်လုံးသွယ်သွယ်လေးတို့ဖြင့်သာလိုက်ကြည့်နေပြီး ဘာမှတော့ပြန်မပြောလာပေ။

"ကိုယ်တို့က အခုမှပူပူနွေးနွေးလက်ထပ်ထားကြတာလေကွာ။ ကိုယ်ဘယ်လိုလုပ်ခွဲနိုင်မှာလဲ။ ဒီကလေးလေးမရှိဘဲဘယ်လိုအိပ်ပျော်မှာလဲ။ "

Skyရဲ့စကားတို့ကြောင့် အရှက်သည်းလာသူက ခေါင်းလေးစောင်းကာ အကြည့်လွှဲဖို့လုပ်တာကြောင့် မေးစေ့လေးမှပင့်ကိုင်ကာ အကြည့်ချင်းဆုံစေသည်။

"ပြီးတော့ ကိုယ်အော်တာမဟုတ်ပါဘူး။ကိုယ်မပါဘဲတစ်ခြားလူတွေနဲ့သွားမှာဆိုတော့ ဘယ်လိုစိတ်ချနိုင်မှာလဲ ကိုယ်စိတ်လွတ်သွားရတာပါ။ စိတ်လွတ်ပြီးအသံကျယ်သွားရတာပါကွာ။ ကိုယ်နောက်မအော်မိစေရပါဘူး။"

"မေမေတို့နဲ့နေတုံးကလဲသွားတာပဲကို......"

ရင်ခွင်အောက်က အသေးလေးကမကျေမချမ်းပြောလာသည်။

"မတူဘူးလေကွ။ အခုမင်းက ကိုယ်နဲ့လက်ထပ်ပြီးပြီလေ။ "

"လက်ထပ်လိုက်ပြီဆိုတိုင်း ခွန့်စိတ်ကြိုက်နေရမှာလား။ ကျွန်တော်ကအရုပ်မဟုတ်ဘူးနော်...."

ငိုသံလေးတွေပါ ပါလာသည်မလို့ sky ပြာသွားရကာ...

"အဲ့လိုမဟုတ်ဘူး။ သွားရမယ်။ ကလေးလေးသွားချင်တဲ့ ချင်းမိုင်ကိုသွားရမယ်နော်။ သွားရမှာမလို့ စိတ်မကောင်းဖြစ်နေတာလေးရပ်ပေးပါတော့။ "

ပါးပြင်လေးအား ပွတ်သတ်ပြီးပြောကာမှ မျက်နှာလေးကပြန်ပြီးကြည်လင်လာသည်။ အထိအခိုက်မခံသည့် သူလေးမလို့ sky နောက်ဆိုပိုသတိထားရတော့မည်ဖြစ်သည်။

အခန်းမီးရောင်အောက်တွင် စိုရဲနေသည့် နှုတ်ခမ်းလေးဆီသို့ အကြည့်အရောက် sky ထိကပ်ချင်စိတ်တို့ဖြစ်ပေါ်လာရသည်။ စိုရဲနေသည့် နှုတ်ခမ်းလေးအနားတိုးကပ်းသွားတော့ ရင်ခွင်အောက်ကသူလေးမှာ မျက်လုံးမှိတ်ချပြစ်လိုက်သည်။ sky အချိန်မဆွဲနေတော့ပဲ နီရဲရဲနှုတ်ခမ်းလေးအား သူ၏နှုတ်ခမ်းတွေနှင့်ထပ်ထူကြစေလိုက်သည်။ စုပ်ယူလိုက်တိုင်းနှုတ်ခမး်ထဲတွင်ပျော်ဝင်မတတ်ဖြစ်နေသည့် မိုချီလုံးလေးအား အဲ့ဒီ့ညက sky တော်တော်နှင့်အလွတ်မပေးခဲ့ပါ။

~~~~~~~~~~~~~~~~~18.12.24(wed)

ကျန်းမာရေးဂရုစိုက်ကြပါရှင်။ 💗

There are no comments yet. Log in to be the first to leave a review!

Similar stories