Ep - 4
17:21, 7 December 2024"ထိုင်ပါအုံးရှင်။ ဘာသောက်မလဲ ကျွန်မ ဘာစီစဥ်ပေးရမလဲ။ "
"ရပါတယ်။ ကျွန်တော်မသောက်တော့ပါဘူး။ "
"အလုပ်ကိစ္စနဲ့လာတာလားရှင်။ ကျွန်မခင်ပွန်းက အလုပ်သွားနေတာမလို့ အိမ်မှာတော့မရှိဘူးရှင်။ အရေး ကြီးရင် ဖုန်းဆက်ခေါ်ပေးရမလား။ "
"အလုပ်ကြောင့် လာတာမဟုတ်ပါဘူး။ ဟို..."
Sky ပြောရခက်စွာဖြစ်နေသည်မလို့ ....nani မေမေ မှာသဘောပေါက်သလိုရှိသွားရသည်။ ဒီအိမ်ကို ခွန်sky လာတာ သူမခင်ပွန်းဆီကိုမဟုတ်ရင် အိမ်က သားလေးဆီပဲဖြစ်မည်မှာမလွဲပေ။
"သားသားဆီလာတာလား ။ "
"ဟုတ်ပါတယ်ဗျ။ အိမ်ကတူလေးပြောတာ naniက နေမကောင်းလို့ ကျောင်းမလာတာ ၃ရက်ရှိပြီဆိုလို့ သက်သာရဲ့လား လာကြည့်တာပါ။ ကလေးနဲ့တည့်မယ့် မုန့်တွေလဲရွေးဝယ်လာတယ်။ "
Sky အရှေ့က စားပွဲပေါ်တွင် တင်ထားသည့် မုန့်ခြင်းကို nani မေမေ၏အရှေ့သို့သေချာတိုးပေးလိုက်သည်။
"ဟုတ်တယ်ကွယ်။ သားသားက ရာသီအကူးအပြောင်းဆို ဖျားတတ်တယ်။ အခုလဲ မိုးရာသီဝင်ခါစဆိုတော့ ထုံးစံအတိုင်း ဖျားတော့တာပဲ။ "
"အခုရောသက်သာရဲ့လားဗျ။ "
"အဖျားကတော့တက်လိုက်ကျလိုက်နဲ့ပါပဲ။ ခဏခဏသွားကြည့်ပေးနေရတယ်။ သားသားကဖျားရင်လဲ ရက်ရှည်ဖျားပြီး ဖျားတဲ့အချိန်ဆိုလူအရမ်းကပ်တာ။ "
Naniမေမေက စိတ်ပူနေသယောင်ရှိသည့် sky အားအကဲခတ်ပြီးကြည့်လိုက်သည်။ CEO လို အလုပ်တွေအချိန်ဇယားအပြည့်ဖြစ်နေသူက မိမိ၏သားဖြစ်သူ နေမကောင်းဖြစ်တာကြားတော့ အလုပ်တွေကိုပင်ဖြတ်ပြစ်ကာ လာတွေ့သည်။ မိမိသားနဲ့ပတ်သတ်ပြီး CEO အပေါ်တွင် လေးနက်မှုအချို့ကိုလည်းမြင်ရသည်။
"သားသားကတော့ အိပ်နေတယ်။ CEO သားသားကိုကြည့်ချင်ရင် ဝင်ကြည့်သွားလေ။ "
"ဟုတ်ကဲ့ ကျွန်တော် ကြည့်လို့ရမလားဗျ။ "
Sky စိတ်ပူနေသည်မလို့ မိမိကCEO ဆိုသည်ကိုလည်းဂရုမစိုက်မိတော့ပေ။ nani မေမေညွှန်ပြရာ အခန်းရှေ့ရောက်တော့ အခန်းတံခါးမှာကပ်ထားသည့် ဆိုင်းဘုတ်လေးမှာ "nani's" ဆိုသည့်စာတန်းလေးများ စာလုံးအတွန့်ကလေးများဖြင့်ရေထားသည်မှာ ချစ်စရာလေးပင်။ ဒါ့အပြင် ထို ဆိုင်းဘုတ်လေးနှင့် အခန်းတံခါး၏ နေရာအလွတ်အချို့တွင်လည်း my melody အရုပ်ကလေးတွေပါသည့် stickerလေးများအား ကပ်ထားသေးသည်။
nani မေမေ ကအရှေ့ကဝင်သွားသည်မလို့ sky အနောက်ကပဲလိုက်ဝင်လိုက်သည်။ အခန်းထဲရောက်တော့ နေမကောင်းသူက အဖြူရောင်မွေ့ယာအိအိပေါ်၌ စောင်နှင့် အရုပ်များအကြားမြုပ်နေသည်။ ကုတင်၏တစ်ဝက်လောက်ကပင် အရုပ်တွေနှင့်ပြည့်နေလေသည်။ အဖျားအရှိန်ကြောင့် အရုပ်ပုံထဲမြုပ်နေသူက အသက်ရှုမှန်မှန်ဖြင့် အိပ်ပျော်နေသည်။ အဖျားရှိနေသည်မလို့ နှဖူးပေါ်တွင် အပူကျပလာစတာလေးကိုလည်းကပ်ထားသေးသည်။ ဖျားနေတာ ၃ရက်ပဲရှိသေးတာတောင် မျက်နှာလေးက တော်တော်ချောင်ကျသွားသည်။ အမြဲတမ်း ခပ်ရဲရဲလေးဖြစ်နေသည့်စိုရဲရဲနှုတ်ခမ်းလွှာတို့မှာ ယခု အဖျားကြောင့် ဖြူဖျော့ကာ ခြောက်သွေ့နေသည်။
"CEO ခဏလောက် သားသားကို စောင့်ပေးလို့ရလား။ ကျွန်မ သားသားအတွက် ကြက်စွပ်ပြုတ်အိုးလေးတည်ချင်လို့။ "
"ရပါတယ်ဗျ။ ကျွန်တော်စောင့်ထားပေးမယ်။ "
nani မေမေက တံခါးအားအသာပိတ်ကာ အခနး်ပြင်သို့ထွက်သွားကာမှ sky ဖျားနေသူ၏ ကုတင်ဘေးသို့ ထိုင်လိုက်ကာ အသက်ရှုသံမှန်မှန်နှင့်အိပ်ပျော်ကာ ငုံ့မိုးကြည့်လိုက်ပြီး ပါးပြင်လေးအားဖွဖွထိကာ စမ်းကြည့်လိုက်တော့ အဖျားငွေ့နွေးနွေးရှိနေသေးသည်။Sky ပါးပြင်နုနုပေါ်ကလက်ကိုဖယ်ရန်ပြင်တော့....
"မေမေ~~~ "
အိမ်နေသူက အဖျားကြောင့်ယောင်ယမ်းကာ sky၏လက်အားဖမ်းဆွဲထားရင်း သူ၏ပါးတွင်ကပ်ထားသည်။ sky၏ လက်ကအေးလို့ထင်သည် ပါးပြင်တွင်ကပ်ရုံမက သူ့ပါးပြင်နှင့် sky၏ ခပ်ဖွဖွပါပွတ်သတ်နေသေးသည်။
"nani ခေါင်းကိုက်တယ် မေမေ~~"
သူ့အမေအမှတ်ဖြင့်ယောင်ယမ်းနေသူ၏အသံမှာခပ်ချွဲချွဲလေးဖြစ်နေသည်။ sky သူ့ဆီကသာ အချွဲခံရရင် ရူးသွားနိုင်သည်။ ခေါင်းကိုက်နေလို့ထင်သည် မျက်ခုံးတန်းတန်းလေးကိုတွန့်ချိုးထားသေးသည်။ တွန့်ချိုးထားသည့် မျက်ခုံးလေးနှစ်ခုအကြား sky လက်မလေးဖြင့် ခပ်ဖွဖွ ဖိနှိပ်ပေးတော့ သက်သာ၍ထင်သည်။ တွန့်ချိုးထားသောမျက်ခုံးတို့မှာပြန်လည်ပြေလျော့သွားသည်။
"မေမေ ဖတ်ထားပေးပါအုံး~~~"
မျက်လုံးများကိုမှိတ်ထားကာပင် ထပ်ပြောလာသည်ကြောင့် sky မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ပေ။
"ဖတ်ထားပေးပါလို့~~~ nani နေမကောင်းဘူး ~~~"
Sky လက်ကိုဆွဲကာ ပြောနေသည်မလို့ အသည်းတယားယားဖြစ်ရကာ ကိုယ့်နှုတ်ကိုယ်သာ ဖိကိုက်လိုက်မိသည်။ sky ,nani ၏ဘေးနားကိုကပ်လှဲကာ ဖွဖွလေးဖတ်ထားပေးလိုက်တော့ ဖျားနေသူမှာ sky ၏ ရင်ခွင်ထဲတိုးဝင်လာပြီး အခုမှ အနွေးဓာတ်ကိုရသလို sky ရင်ဘတ်ကို မျက်နှာအပ်ကာ ငြိမ်သွားတော့သည်။
Sky ရင်ခွင်အောက်တွင် အိပ်မောကျနေသည့့် လူကိုကြည့်ပြီး sky မှာ ဆံပင်သပ်တင်ပေးလိုက် ကိုယ်ပူကျလား စမ်းကြည့်ပေးလိုက်နှင့်အလုပ်ရှုပ်နေရသည်။ nani မေမေပြောသည့်အတိုင်းပင် nani က ဖျားတဲ့အချိန်ဆို လူအတော်ကပ်သည်။ အခုလည်း sky ရင်ခွင်ထဲ တိုးဝင်ရုံမက sky ထသွားလို့မရအောင် ခါးကိုပါဖတ်ထားသေးသည်။
အဖျားအရှိန်ကြောင့် ပါးလေးနှစ်ဖက်ကတော့ ခပ်ရဲရဲလေးရှိနေသည်။ အိပ်နေသူမှာ တစ်ချက်တစ်ချက် တွန့်သွားတိုင်း sky မှာ ကျောပြင်သေးသေးလေးအား သူ၏လက်ဖဝါးအကြီးကြီးများဖြင့် ပွတ်သတ်ပေးကာ ပါးစပ်မှလဲ ကလေးချော့သလို တကျွတ်ကျွတ်ဖြင့်ချော့မြူရသေးသည်။
Sky မျက်စိရှေ့က ခေါင်းလုံးလုံးရှိဆံစတို့အကြားနှာခေါင်းနှစ်လိုက်ပြီး ခပ်သင်းသင်းအမွှေးနံ့လေးအား တဝကြီးရှုရှိုက်လိုက်မိသည်။ ကိုယ့်ရဲ့စာတိုတွေ ဖုန်းတွေကိုပြန်မဖြေသည်မလို့ တူဖြစ်သူအားမေးကြည့်တော့ ဒီအသေးလေးက ဖျားပြီးကျောင်းတောင်မလာနိုင်ပါဘူးတဲ့။ sky ကြားပြီး စိုးရိမ်သည့်စိတ်များဖြင့်အလုပ်လဲဆက်မလုပ်နိုင်ကာ ဒီအိမ်ကိုရောက်လာရတော့တာဖြစ်သည်။ ရင်ခွင်ထဲက အနွေးလုံးလေးကို sky ပိုတိုးကာဖတ်လိုက်ရင်း မျက်လုံးတို့ကိုပါမှိတ်လိုက်မိသည်။
အခန်းအတွင်း သို့ဝင်လာဖို့လုပ်နေသည့့် nani မေမေမှာတော့ sky ၏ရင်ခွင်ထဲမြုပ်နေသည့့် မိမိသားလေး နှင့် မိမိသားလေးအားအဖိုးတန်ရတနာတုံးလေးလိုပွေ့ဖတ်ထားသည့် sky တို့ကိုမြင်လိုက်ရသည်။ မိမိသားလေးသူ၏ရင်ခွင်ထဲမြုပ်နေပုံမှာ မိမိသားလေးသူ၏ခါးအပေါ်တင်ထားသည့်လက်ချောင်းကလေးများကိုသာတွေ့ရတာဖြစ်သည်။ ထိုနှစ်ယောက်ကြောင့် nani ၏မေမေမှာ အခန်းတံခါးကိုသာ ပြန်စေ့ပိတ်ပြီးထွက်သွားရတော့သည်။
~~~~~~~
Sky ခဏမှေးခနဲဖြစ်သွားတဲ့အချိန် ရင်ခွင်ထဲ က ကိုယ်လေးက လူးတွန့်လာတာမလို့ sky လန့်နိုးလာရသည်။ အဖျားများတက်လို့လားဟူ၍ ပါးပြင်နှင့်လည်ပင်တို့အားစမ်းသတ်ပေးလိုက်တော့ ခပ်အေးအေးအထိအတွေ့ကိုသာ ခံစားမိလိုက်ရသည်မလို့ စိတ်အေးသွားရကာ သက်ပြင်းချလိုက်မိသည်။
Nani ၏ မျက်ဝန်းအိမ်တို့မှာ တဖြေးဖြေးပွင့်လာပြီး မျက်တောင်တို့အား ၂ချက်၃ချက် အပွင့်အပိတ်လုပ်သည်။ ပြီးတော့မှ မျက်ဝန်းတို့မှာတဖြေးဖြေးပြန်မှိတ်ကျသွားပြန်သည်။ ကြည့်ရတာအိပ်ချင်မပြေသေးသည့်ပုံပင်။ nani အနွေးဓာတ်ကိုခံစားရသဖြင့် ဟိုစမ်းဒိစမ်းလုပ်ကြည့်မိတော့ ခပ်မာမာအရာတစ်ခု။ nani မျက်လုံးတို့အား ဖျတ်ခနဲဖွင့်ကြည့်မိတော့မျက်စိအရှေ့တွင်ရှိနေသည့်အရာမှာ လူတစ်ဦး၏ shirt အကျီီ အဖြူရောင် အောက်က ရင်အုပ်ကျယ်ကြီးပင်။ ထိုရင်အုပ်ပိုင်ရှင်ကိုမော့ကြည့်မိတော့ ထိုလူမှာ....
"ဟင်....ခွန်! "
Nani မိမိကိုယ်ကိုယ်ပြန်ကြည့်မိတော့ သွေးကြောစိမ်းတွေယှက်ဖြာနေသည့် သူ့လက်ကြီးများက nani ၏ ခါးသိမ်သိမ်လေးပေါ်သို့ရောက်နေသည်မှာအံဝင်ဂွင်ကျပေ။ nani ပူထူသွားကာ သူ့ကိုယ်ကြီးအားတွန်းဖယ်ပြစ်လိုက်ပြီးထထိုင်လိုက်သည်။
"ခွန် ကျွန်တော့်အခန်းထဲကိုဘယ်လိုရောက်နေတာလဲ! "
Sky အရှေ့က nani မှာ အခုမှ အိပ်ယာနိုးခါစမလို့ မျက်ခွံလေးတွေမှာဖောင်းအစ်အစ်လေးဖြစ်နေသည်။ အိပ်ထားသည်မလို့ ဆံပင်တို့မှာ အနည်းငယ်ပွယောင်းနေသည်။ အဆိုးဆုံးကတော့ my melody အရုပ်ကလေးမြားသညျ့ pajama အကျီလေးမှာ လည်ပင်းအောက်သို့အနည်းငယ်လျှောကျနေသည်မလို့ ဖွေးဥနေသည့်လည်တိုင်နုနုလေးနှင့် ညှပ်ရိုးသွယ်သွယ်လေးတို့အားအတိုင်းသားမြင်နေရသည်။
Nani မေးနေသည်ကို ပြန်မဖြေဘဲ မိမိကိုဘဲစိုက်ကြည့်နေသည့်သူကြောင့် ဘေးတွင်ရှိသည့်အရုပ်ဖြင့်ပြစ်ပေါက်လိုက်တော့မှထိုလူကအသိဝင်လာကာ...
"ကိုယ်....မင်းနေမကောင်းလို့သတင်းလာမေးတာ "
ဘုရားရေ! နေမကောင်းလို့ သတင်းလာမေးတဲ့သူက ကုတင်ပေါ်အထိတက်အိပ်ပါ့မလား။
"ခွန်နဲ့ ကျွန်တော်က ဘာဆိုင်လို့လဲ! ခွန်လာကြည့်စရာမလိုပါဘူး! "
"သားသား အကြီးကိုဘယ်လိုတွေပြောနေတာလဲ "
အခန်းထဲသို့ မေမေဝင်လာသည်မလို့ nani အသံတိတ်လိုက်ရသည်။
"CEO က သားနေမကောင်းလို့ မုန့်တွေဝယ်လာပြီးသတင်းလာမေးတာ။ ပြီးတော့ မေမေ မအားလို့ သားအိပ်နေတာကိုလဲ စောင့်ပေးသေးတယ်။ "
ဒီအကြံများတဲ့လူက စောင့်ပေးရုံတင်မှမဟုတ်တာ မေမေမှမသိဘဲ!
"သားသား ကိုယ်ပူကျသွားပြီလား မေမေစမ်းကြည့်အုံးမယ်။ "
Nani ကိုယ်လေးအေးသွားတာကိုခံစားရတော့မှပဲစိတ်အေးရတော့သည်။ ပြီးတော့ မတ်တပ်ရပ်နေသည့် sky ဘက်ကိုလှည့်ပြီး....
"သားသားအိပ်နေတာကိုစောင့်ပေးလို့ကျေးဇူးပါနော် CEO "
"ရပါတယ်ဗျာ။ ဒါနဲ့ CEO လို့မခေါ်ဘဲ sky လို့ပဲခေါ်လို့ရပါတယ်။ "
"ဟုတ်ကဲ့ပါရှင်။ "
ထိုစဥ် sky ၏ အိပ်ကပ်ထဲကဖုန်းတုန်ခါလာသည်ကြောင့်ဖုန်းထုတ်ကိုင်လိုက်သည်။ sky ၏အတွင်းရေးမှူးက အရေးတကြီးဆက်ခေါ်သည်မလို့အလုပ်သို့ပြန်သွားရမည်ဖြစ်သည်။
"ဒါဆိုခွင့်ပြုပါအုံးခင်ဗျ။ အလုပ်လေးရှိသေးလို့။ "
"နောက်ကျရင်အေးအေးဆေးဆေးလာလည်ပါအုံးရှင်။ "
"ဟုတ်ကဲ့ခင်ဗျ "
Sky ပြန်သွားတော့မှ nani မေမေ့၏ ခါးကိုဖတ်ကာ...
"nani ဗိုက်ဆာတယ် မေမေ ~~"
"မေမေ သားသားအတွက် ကြက်စွပ်ပြုတ် ပြုတ်ပေးထားတယ်။ မေမေပြင်ပေးမယ်နော်။ ပြီးရင်ဆေးသောက်ရမယ်။ "
"nani ဆေးမသောက်ချင်ဘူး။ nani နေပြန်ကောင်းသွားပြီ!"
"အခုမှ ကိုယ်ပူကျတာလေ သားသားရယ်။ အရှင်းပျောက်သွားအောင် ဆေးတော့သောက်ရမယ်လေ။ "
Nani စူပုတ်ပုတ်ဖြင့် မေမေကိုဖတ်ထားရင်း အောက်ထပ်ဆင်းလာတော့ အိမ်ရှေ့မှ ကားသံကိုကြားလိုက်ရတာကြောင့် ဖေဖေများလားဟု လှမ်းကြည့်မိလိုက်တော့...
"ဟာ...P'Dew!"
Nani ဝမ်းသာအားရဖြင့် မေမေ့ကို ဖတ်ထားရာမှ လွှတ်ကာ အိမ်ထဲဝင်လာသည့် p'dew အားပြေးဖတ်လိုက်သည်။
"အိုးဟိုးး ဖြေးဖြေးဖတ်ပါ P' လဲကျတော့မယ်။ "
"P'dew သတိရနေတာ။ "
"P' ရောပဲ။ အလုပ်တွေများနေတာနဲ့မလာဖြစ်တာ။ အန်တီက kitty လေးနေမကောင်းဘူးပြောလို့ အလုပ်တွေပြစ်ပြီး အပြေးရောက်လာတာ။ nani ကြိုက်တဲ့ အရုပ်တွေလဲဝယ်လာသေးတယ်။ "
Dew လက်ထဲကအရုပ်တွေထည့့်ထားသည့့်အိတ်ကို မြှောက်ပြပြီးပြောသည်ကြောင့်...
"P'dew ကအကောင်းဆုံးပဲ "
"Kittyလေး ဘာစားပြီးပြီလဲ။ "
Nani ခေါင်းလေးအား ခပ်ဖွဖွပွတ်သပ်ကာမေးသည်မလို့ သူတို့နှစ်ယောက်ကိုရပ်ကြည့်နေသည့့် nani မေမေကဝင်ဖြေလိုက်သည်။
"အခုမှနိုးတာ သားရေ။ စွပ်ပြုပ်စားပြီး ဆေးသောက်ရမယ်ပြောတာကို ဂျီကျနေလို့။ "
"နေမြန်မြန်ကောင်းချင်ရင် ဆေးသောက်ရမယ်လေ။ kitty လေးက လိမ်မာပါတယ် p' ကိုယ်တိုင် သေချာခွံ့ကျွေးပြီးရင်ဆေးတိုက်မယ်နော်။ သောက်မယ်မလား။ "
"ဟုတ် "
မီးဖိုခန်းထဲဝင်သွားသည့့် နှစ်ယောက် ကိုကြည့်ကာ naniမေမေမှာခေါင်းသာခါလိုက်မိသည်။ ငယ်ငယ်ထဲက မောင်နှမမရှိသည့် nani လေးက သူ့အပေါ်ကြင်နာသည့် dew ကိုသူ့အစ်ကိုတစ်ယောက်လိုသဘောထားကာ တွယ်တာသည်။ Dew ကလဲ nani ကိုဆိုမျက်နှာအညှိုးမခံဘဲ အလိုလိုက်တာဖြစ်သည်။ အဲ့တာကြောင့်မလို့ မိမိသားကို သူဆိုးချင်တိုင်းဆိုးရလို့ Dew ကိုပိုကပ်တာဖြစ်သည်။
သူမ ဒီနေ့အကဲခတ်ရသလောက်တော့ Sky သည်သူမသားလေးအားသဘောကျနေသည်မှာမလွဲပေ။ အလုပ်တွေကိုပြစ်ပြီးမိမိသားအားကဲကဲသဲသဲဖြစ်နေပုံမှာ အမေဖြစ်သူတောင်သတိထားမိသည်အထိပေ။ထိုကဲ့သို့ပင် Dew သည်လဲ မိမိသားလေးအား အရိပ်တကြည့်ကြည့်ပေ။ သူမကတော့ သား၏ရွေးချယ်မှုကိုသာလက်ခံသွားဖြစ်သည်။ သားသဘောကျရင်ပင် သူမအတွက်အဆင်ပြေပြီဖြစ်သည်။
~~~~~~~~~~~~~~~~~~
7.12.24 (Sat)
ဘယ်သူ့ကိုရွေး"ရှယ်အချစ်ခံရမယ့် nani ပေါက်စကို အားကျနေပါပြီရှင်...Zawgyi font ဖြစ်နေလို့ ဖတ်မရရင်ပြောပေးကြပါအုံးနော်။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




