Ep - 3
19:47, 5 December 2024"စောင့်ပါအုံး!"
အနောက်ကနေ ပြေးလိုက်လာသူကြောင့် nani ရပ်စောင့်ပေးလိုက်တော့ ထိုလူက ဒူးနှစ်ဖက်ပေါ်လက်ထောက်ကာ အမောဖြေသည်။ ဝတ်ထားတဲ့အဝတ်နှင့် ရောက်နေသည့်နေရာမှာမလိုက်မဖတ်ပင်။ သူ့ကိုကြည့်ပြီး nani မှာအသက်ရှူကြပ်လာရသည်။
"ပိုက္ဆံကို Sun နဲ့ပြန်ပေးလိုက်မယ်။ "
"ပြန်ပေးစရာမလိုပါဘူး။ မင်းသာလိုချင်ရင် မင်းတစ်ဘဝလုံးကိုတောင် စောင့်ရှောက်ပေးလို့ရတယ်။ "
"ဘာပြောတယ်! ခွန် ရန္လာစေနတာလား!"
အရှေ့မှ ဘဲပေါက်လေးမှာ စိတ်တိုကာ လက်သီးလေးများအားဖိစုပ်ပြစ်လိုက်ပြီး သူ့လက်ထဲတွင်ကိုင်ထားသည့် အကင်ထုတ်အား sky ဆီကိုဖြစ်သလိုထိုးပေးကာ....
"ခွန် ဝယ်ပေးတဲ့ဟာမလို့ ကျွန်တော်မစားဘူး! ကျွန်တော့်နောက်ကလိုက်မလာနဲ့!"
ပြောပြီးတာနဲ့ sky ရှေ့က ခပ်မြန်မြန်ထွက်သွားသည့်မလို့ ဈေးတန်းအတွင်းရှုပ်နေသည့်သူများအကြား ထိုအကောင်ပေါက်လေးကို ပျောက်မသွားအောင် သတိထား၍အနောက်မှ လိုက်ရသည်။ ဈေးတန်းက ဆုံးသည်နှင့် လူရှင်းသည့် နေရာရောက်သွားသည်မလို့ ခပ်မြန်မြန်လျှောက်နေသူ့အရှေ့၌ပိတ်ရပ်ပြစ်ကာ....
"ဘယ်သွားမလို့လဲ "
"ကျွန်တော့်ဘာသာ ဘယ္သြားသြား ခွန်နဲ့ဘာဆိုင်လို့လဲ!"
"ရုပ်ရှင်ကြည့်အုံးမှာ မဟုတ္ဘူးလား "
"ခွန် ဘယ္လိုသိ ....ခွေးကောင် sun! "
"ပြီးတော့ အိမ္ကိုအသိမေပးဘဲ လျှောက်သွားနေတာမလား။ ဘယ္လိုလုပ္မလဲ အခုသာပြန်မယ်ဆိုရင် အိမ်ကသိသွားတော့မှာနော်! "
Nani မှာပိုက်ဆံအိတ်လဲကျပျောက်ခဲ့သည်မလို့ Taxi ငှားသွားရင်အိမ်အထိခေါ်သွားရမှာဖြစ်သည်။ ဒီနေ့sun ပြန်လိုက်ပို့မည်ဟုဆိုကာ အိမ်ကိုလာမကြိုခိုင်းခဲ့တာပေ။ Taxi နဲ့သာပြန်ရင် မေမေသိသွားလိမ့်မည်။ ဒါတွေအကုန် sun ကြောင့်! Nani မွာ ကြံရာမရကာ အရှေ့ကလူကြီးဆီသို့ တစ်ချက်မော့ကြည့်မိတော့....
"ကိုယ်နဲ့ ရုပ်ရှင်ကြည့်ပြီးမှ အိမ်ပြန်မလား။ အိမ္ကဆူတာခံမလား။ "
ဘယ္လိုလဲ ဆိုသည့်ပုံစံဖြင့် မျက်ခုံးပင့်ပြနေသည်ကြောင့် nani နီရဲရဲနှုတ်ခမ်းတို့အား ဖိကိုက်ပြစ်လိုက်၍ ခေါင်းငြိမ့်ပြလိုက်သည်။
Sky မိမိရှေ့မှ ကောင်လေးအား ကြည့်နေရင်းပင်အသည်းယားလာရသည်။ ခုဏကေတာ့ ကိုယ့်ကိုသတ်တော့မည့်အတိုင်းရန်စွာနေသူမှာ အခုတော့ မတတ်သာသည့်အဆုံး ကိုယ်ပြောသမျှအား ခေါင်းငြိမ့်လက်ခံနေပုံမှာ အသည်းယားစရာလေးပင်။
"ကိုယ့်မှာကားပါတယ်။ ကားရပ်ထားတဲ့နေရာကိုသွားရအောင်။ ဒီမှာကနေပူတယ် မင်းမျက်နှာတွေရဲနေပြီ။ "
ထိုလူပြောတာကြောင့် nani ပါးကိုခပ်ဖွဖွအုပ်ကိုင်လိုက်မိတော့... သူက ခပ်ဟဟရယ်သည်။
"ခွန် ဘာရယ္တာလဲ!ရွေးချယ်စရာမရှိလို့ ခွန်နဲ့အတူလိုက်မှာ လူကိုလာလှောင်မနေနဲ့!"
ခုဏကငြိမ်နေပြန်သည်မှာသူမဟုတ်သည့် အတိုင်းရန်ပြန်စွာလာသည်။ ဆက်ပြီးစကားများရင် အရှေ့ကကောင်လေးမှာ စိတ်ပိုဆိုးမည်ကိုဆိုး၍ sky ကားရှိရာသို့သာ ခေါ်သွားရတော့သည်။
ကားပေါ်ရောက်တာနဲ့ nani ဟိုတစ်ခါလိုမဖြစ်အောင် ခါးပတ်ကိုတစ်ခါထဲပတ်လိုက်ကာ ကားမှန်ဘက်သို့သာ မျက်နှာလှည့်လိုက်သည်။ ခဏကြာတော့ ထိုနေရာမှ ကားလေးဟာ ဖြေးဖြေးချင်းထွက်ခွာသွားတော့သည်။
~~~~~~~~~~
ထိုလူနှင့်အတူရုပ်ရှင်ကြည့်ပြီး ပြန်ထွက်လာတော့ nani မွာ အိပ္ငိုက္လာရကာ လွယ်ထားသည့် လွယ်အိတ်ပိစိကိုတောင် မသယ်ချင်လောက်အောင်ဖြစ်လာသည်မလို့ လျှောကျနေသည့် လွယ်အိတ်ကြိုးကို ပြန်တင်လိုက်ရင်း ဆက်သွားတော့...
"ကိုယ့်ကိုပေး လွယ်အိတ်ပေး။ "
"မလိုဘူး။ ကိုယ့်ဘာသာသယ်နိုင်တယ်။ "
"အခုအိပ်ငိုက်နေတာမလား လူကလမ်းလျှောက်ဖို့တောင် အနိုင်နိုင်ဖြစ်နေပြီးတော့ "
"အဲ့တာ ခွန်နဲ့ဘာဆိုင်လို့လဲ! "
ရန်ပြန်စွာနေသည့် သူဆီက လွယ်ထားသည့်လွယ်အိတ်ကို ချွတ်ယူလိုက်တော့ မကျေမနပ်ဖြင့်မျက်စောင်းခဲကာ ကြည့်လာသည်။
"နှုတ်ခမ်းဆူပြီး ကြည့်မနေနဲ့ ကိုယ်မထိန်းနိုင် ဒီနေရာမှာတင်ပဲ...."
"ဘာဖြစ်လဲဆက်ပြောလေ! "
"ဘာမှမဟုတ်ဘူး ကားပေါ်သွားရအောင်"
Sky က ရှေ့မှ ခြေလှမ်းကျဲကြီးများဖြင့် ဦးဆောင်သွားသည်မလို့ nani အနောက်က အမြန်လိုက်ရတော့သည်။ ရုပ်ရှင်ရုံမှထွက်လာပြီး အိပ်ချင်နေသည့်စိတ်မှာ ထိုလူ့ကြောင့်ပင်ပြေတော့မယောင်။
~~~~~~~~~~~~
"ဘယ်သွားချင်သေးလဲ။ "
Sky ကားမောင်းနေရင်းပင် nani ဘက်အားစောင်းငဲ့ကြည့်ကာ မေးလိုက်တာဖြစ်သည်။
"အိမ်ပဲပြန်ပို့ပေး "
"စားချင်တာရော ရှိသေးလား။ "
"မရှိဘူး! "
"ဘယ်တော့မှကိုယ့်စာတွေဖုန်းတွေကို ပြန်ဖြေမှာလဲ!"
ကားမောင်းနေရင်း မဆီမဆိုင်မေးလာသူကို nani တစ်ချက်ကြည့်လိုက်ပြီး
"လိုမှမလိုတာ "
"ကိုယ့်အတွက်တော့ လိုတယ်လေ "
"အရေးမပါတာတွေ! "
"အဲ့တာဆိုလဲ ရတယ်လေ အရေးပါသွားအောင် အခုတစ်ခါထဲခေါ်သွားလိုက်မယ်!"
ပြောပြီး ကားကိုအခြားလမ်းသို့ကွေ့ချပြစ်လိုက်သည်မလို့ nani လန့်သွားရသည်။ Sky ၏ပုံစံမှာစိတ်တိုသွားသယောင်ပင်။ ဒေါသကြောင့်ကားစီယာတိုင်ကိုကိုင်ထားသည့်လက်တို့မှာ တင်းကြပ်ကာ လက်ဖျံတစ်လျှောက်ရှိသွေးကြောများပင်ထောင်နေသည် ။
"ခွန် ဘယ်ကိုမောင်းနေတာလဲ! ဒါအိမ်ပြန်တဲ့လမ်းမဟုတ်ဘူးလေ!"
Sky ကအရေးမစိုက်စွာ မောင်းမြဲမောင်းနေသည်မလို့ nani sky၏လက်မောင်းအား လှုပ်ယမ်းကာ ဖြင့်...
"ခွန်ပြောနေတာကြားလား! အိမ်ကိုပြန်ပို့ပေးလို့!"
Sky က နားမထောင်ပေ။ ပတ်ဝန်းကျင်မှာ မှောင်ရည်ပျိုးကာ နေကာ ကားလေးမှာလည်း အိမ်ပြန်လမ်းနှင့်ဆန့်ကျင်စွာသွားနေသည်မှာ ခပ်ဝေးဝေးတောင်ရောက်နေပြီမလို့ nani မှာစိုးရိမ်လာရသည်။
"ခွန် ကြားလား! အိမ်ပြန်ပို့ပေးလို့!"
Sky လက်မောင်းကို လှုပ်ယမ်းကာပြောသော်လည်း ကားမောင်းနေသူမှာ မကြားသည့်အတိုင်း လှုပ်ကိုမလှုပ်သည်ပေ။
ခဏကြာတော့ အိမ်ပြန်ပို့ပေး ဖို့တဖွဖွပြောနေသူမှာ တိတ်ဆိတ်သွားသည်မလို့ sky ကားမောင်းနေရင်းစောင့်ငဲ့ကြည့်မိလိုက်တော့ ဘေးခုံက ကိုယ်လုံးငယ်လေးမှာ အောကျသို့ခေါငျးငုံ့ထားသောျလညျး ပခုံးသားတို့မှာ တသိမ့်သိမ့်တုန်နေသည်မလို့ sky မှားသွားမှန်းသိလိုက်ရကာ လမ်းဘေးသို့ကားချရပ်ပြစ်လိုက်သည်။
Sky ထိုင်ခုံခါးပတ်ကိုဖြုတ်ကာ ငိုနေသူအပေါ် အုံ့မိုးလိုက်တော့ အောက်ငုံ့ရာကနေ တဖြေးဖြေးမော့ကြည့်လာသည့် မျက်နှနုနုလေးမှာ မျက်ရည်စတို့တွဲခိုကာနေသည်။ အသားဖြူသူမလို့ငိုထားသည့်အရှိန်ကြောင့်နှာခေါင်းထိပ်လေးနှင့်ပါးပြင်ဥဥလေးပါ ခပ်ရဲရဲလေးဖြစ်နေသည်။ sky ပါးပြင်ပေါ်က မျက်ရည်စများအားသုတ်ဖယ်ပေးလိုက်တော့ ငိုနေသူက sky လက်အားတွန်းဖယ်လာသည်။
ကိုယ်က သူ့အပေါ်အလေးအနက်ထားကာ သူ့အားအရေးပေးသည်။ မအားသည့်ကြားမှ စာတိုတွေ မုန့်တွေလည်း အားရင်အားသလိုသူ့ဆီပို့ပေးသည်။ ဒီနေ့လည်းကိုယ်က အရေးကြီးသည့်အချိန်ဇယားများပါဖြတ်ပြီးသူ့နောက်လိုက်ပြီးဖြစ်ချင်တာအကုန်လိုက်လုပ်ပေးသည်။ သူကိုယ့်ကိုသဘောမကျတာသိပေမယ့် ကိုယ့်ခံစားချက်တွေကိုတော့ အထင်မသေးသင့်ပါ ။
Sky စိတ်မထိန်းနိုင်ဖြစ်သွားရကာ သူ့အားခြောက်ရုံပင် ခြောက်လိုက်သော်လည်း အရှေ့မှ ငိုနေသူကြောင့် sky လုပ်ရပ်မှာမှားသွားလေပြီ။သူငိုတာမြင်တော့ sky စိတ်လဲမတိုနိုင်တော့ပေ။ sky ကသာစိတ်လျှော့လိုက်ပြီး အငိုသန်လေးအား ချော့ရတော့သည်။
"မငို့နဲ့တော့။ ကိုယ်ဆက်မသွားတော့ဘူးနော် တိတ်တော့။ မျက်လုံးတွေနာကုန်မယ်ကွာ"
"အိမ်...အိမ်..ပြန်ချင်တယ် "
"ပြန်ပို့ပေးမယ်နော်။ မငိုနဲ့တော့ ပေပွနေတာပဲကွာ "
Sky တစ်သျှူးဘောက်စ် ထဲကတစ်သျှူးအချို့ကိုယူကာ မျက်ရည်စတို့ခိုကပ်နေသည့် နေရာတစ်ဝိုက်ကိုခပ်ဖွဖွသုတ်ပေးလိုက်သည်။ ဘဲပေါက်လေး၏ အသားကနုနုလေးမလို့ နောက်ဆို အကောင်းဆုံးဆိုသည့် တစ်သျှူးတံဆိတ်ကိုသာဆောင်ထားဖို့ပါ sky ဆုံးြဖတ်လိုက်သည်။
"အိမ်ပြန်ချင်တာမလား ပြန်ရမယ်နော်။ ကိုယ်ပြန်ပို့ပေးမယ်။ ဗိုက်ရောဆာနေသေးလား။ "
nani နှာလေးတရှုံ့ရှု့ံဖြင့်ခေါင်းခါပြသည်။ ရန်စွာနေကျသူမှာ အခုတော့ မျက်ရည် အဝိုင်းသားလေးဖြင့် အသည်းယားစရာလေးဖြစ်နေပြန်သည်။ မဟုတ်ဘူး သူဘယ်လိုနေနေ sky အတွက်က အသည်းယားစရာကောင်းနေတာဖြစ်သည်။sky, nani ၏ ခေါင်းလုံးလုံးလေးကိုသာ ပွတ်သတ်လိုက်ပြီး...
"ကိုယ့်ကို ဖုန်းတွေစာတွေကို လျစ်လျှူ့မရှု့ပါနဲ့။ မင်းအတွက်အရေးမပါပင်မယ့် ကိုယ့်အတွက်က အရေးကြီးတယ် အဲ့တာကိုသိလား။ "
Sky သေချာပြောပြတော့လည်း sky အား အူတူတူလေးကြည့်ကာနားထောင်နေပြန်သည်။ သူ့ကိုခေါ်သွားမှာကျကြောက်သားပဲ။
"ကိုယ့်စာတွေဖုန်းတွေကို ပြန်မယ်မဟုတ်လား။ "
Sky အား ပါပီအိုင်းလေး ဖြင့် ခပ်ဖွဖွခေါင်းငြိမ့်ပြသည်။ သူစာပြန်မှာမလို့ အိမ်ပြန်ပို့ပေးပါတော့ ဟုဆိုသည့်ပုံစံလေးနှင့်ပင်။
"လိမ်မာတယ်။ အိမ်ပြန်ပို့ပေးမယ်နော်။ "
ကား၏ ဦးတည်ရာလမ်းကြောင်းလေးမှာပြောင်းကာ nani မှာအိမ်သို့ပြန်ရောက်လာတော့သည်။ အိမ်ပြန်ရောက်တော့ နောက်ကျသည်ကြောင့် မေမေနှင့်ဖေဖေမှာ အိမ်ရှေ့ထိပင်ထွက်စောင့်နေကြတာကိုတွေ့လိုက်ရသည်။ nani ,sky ကိုအားကိုးသည့်ပုံစံဖြင့်ကြည့်တော့ sky မှာနားလည်စွာဖြင့်ကားပေါ်မှ သူနှင့်အတူဆင်းလိုက်ပြီး အိမ်ရှေ့အထိလိုက်ဝင်သွားလိုက်သည်။
"သားသားရယ် ဘာလို့နောက်ကျနေတာလဲ။ မေမေဖုန်းဆက်တာလဲမကိုင်ဘူး ဘယ်တွေရောက်နေတာလဲ! မေမေစိတ်ပူနေတာ!"
Nani ၏မေမေက nani ကိုယ်အားသေချာစစ်ဆေးကာ နှုတ်မှလဲ စိတ်ပူကြောင်းတဖွဖွရေရွတ်သည်။
"ဟင်...CEO ဒီကိုဘယ်လိုရောက်နေတာလဲ။ "
Nani အမေ၏အနောက်တွင်ရပ်နေသည့် အဖေဖြစ်သူမှာ sky အားမြင်ပြီး အံ့သြ သွားတာဖြစ်သည်။
"ခင်ဗျာ ကျွန်တော့်ကိုသိတာလား! "
"ကျွန်တော်ကCEO တို့ရဲ့ Wongravee group အောက်ကရုံးခွဲမှာ အလုပ်လုပ်နေတဲ့ မန်နေဂျာပါ။ "
Wongravee group ၏အရှိန်အဝါက မသေးပါ။ ပြည်တွင်းတွင်သာ မက ပြည်တွင်ပါ ရုံးခွဲအများအပြားပါသည်။ ထို group အားဦးဆောင်နိုင်သည့်လူငယ်မှာလည်း ထက်မြတ်ကာ စီးပွားရေးလောက၏ဆရာတစ်ဆူပင်ဖြစ်သည်။
"ဒါနဲ့ CEO က ဒီကိုဘယ်လိုရောက်နေတာလဲ။ "
"ကျွန်တော် သူ့ကို လာပြန်ပို့တာပါ။ ကျွန်တော့်တူလေးရဲ့သူငယ်ချင်းလေ။ အိမ်မှာစာလုပ်ရင်းနောက်ကျသွားလို့ပြန်လိုက်ပို့ပေးတာ။ "
Sky မှာရယ်ရခက်ငိုရခက်နှင့်ပင်။ ကိုယ်သဘောကျနေသည့့် သူမှာ ကိုယ့်တူလေးနှင့်ရွယ်တူဖြစ်ကာ ကိုယ့်ထက်၁၂တောင်ငယ်နေပြန်သည်။
"သားသားကိုပြန်လိုက်ပို့ပေးလို့ကျေးဇူးတင်ပါတယ်ဗျာ။ အိမ်ထဲဝင်ပါအုံးလား။ "
"ရပါတယ်ဗျ။ နောက်ရက်မှပဲတစ်ခါလောက်လာလည်ပါ့မယ်။ အခုနောက်ကျနေလို့ပြန်လိုက်ပါအုံးမယ်။"
"ဟုတ်ကဲ့ ကြွပါခင်ဗျ။ "
Sky, အမေအားကပ်ချွဲနေသူကို တစ်ချက်လှမ်းကြည့်တော့ သူ့အမေ၏ရင်ခွင်ထဲကနေ sky အား ရှည်သွယ်သွယ်မျက်ဝန်းလေးတို့ဖြင့်ပြန်ကြည့်နေတာနှင့်ဆုံသည်။ sky ကြာကြာမနေတော့ဘဲ ယောက်ခမကြီး လိုက်ပို့သည့်အတိုင်းသာ ခြံထဲမှပြန်ထွက်လာတော့သည်။
ဘဲပေါက်လေးမှာ အမှန်တကယ်လန့်သွားသည့်ပုံမလို့ sky ၏စာတွေအား နောက်ထပ် လျစ်လျှူရှု့ရဲတော့မည်မဟုတ်ပေ။
~~~~~~~~~~~~~~~~~~~~~
5.12.24 (Thu)
zawgyi font ဖြစ်နေပြီးဖတ်မရရင်ပြောပေးပါအုံးရှင်။ အခုရက်ထဲ ဒါလေးကို တအား mood ဝင်နေတာ။ ဒါလေးက ro"ချို"လေးပဲသွားမှာပါရှင် ><
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




