Fanfics
BQ WX HL in ကာရာအိုကေ
19:59, 9 January 2021
//Zaw//
''ဟင် ဒါက''
''လော့ ပင်း ဟယ်''
''တိတ်စမ်း!!!''
//Uni//
    BQ WX HL in ကာရာအိုကေ
//မာကျောတဲ့သံချောင်းတောင် သံချေးတက်ရင်ကျိုးလွယ်တာဘဲ အဲ့လိုဘဲ ဖြောင့်လွန်းတဲ့အရာတွေဆိုတာလည်း အချစ်ကတိုက်စားရင် အချိန်တန်ကွေးညွှတ်သွားရတာဘဲ//
''စောက်ကျိုးနဲလော့ဂျစ်!!!''
ပြောဆိုပြီး''အောင်မြင်သူတို့၏မှတ်သားဖွယ်ရာအဆိုအမိန့်များ''စာအုပ်ကိုဝှီးခနဲ အခန်းထောင့်လွှတ်ပစ်လိုက်တဲ့သူကိုယ်တိုင်က ဓာတ်တို်င်လိုဖြောင့်တန်းနေတဲ့ဆိုဒ်နဲ့။
ပြောရရင်သူကကွေးသွားတာမဟုတ်ပါဘူး။မေတ္တာကိုမေတ္တာနဲ့တုံ့ပြန်ခဲ့ရုံပါ။ဟုတ်ပါတယ်။ရှန်ချင်းချိုးကမေတ္တာကိုမေတ္တာနဲ့တုံ့ပြန်ခဲ့ရုံဘဲ။ကျန်တာဘာမှလာမပြောနဲ့
''ဒါနဲ့ဆို ပင်းဟယ်ခရီးသွားတာ တစ်ပတ်တောင်ရှိတော့မယ်''
အတူတူအိပ်နေကျအိပ်ယာလေးကိုငေးရင်းရှန်ချင်းချိုးလော့ပင်းဟယ်နဲ့အတူရှိတဲ့အချိန်တွေကိုပြန်တွေးမိတယ်။အူးဟူး လွမ်းလိုက်တာ ရှစ်စွမ်းရဲ့ခွေးပေါက်လေးပင်းဟယ်ကလေးကိုလွမ်းလိုက်တာ။ပင်းဟယ်လေးချက်ကျွေးတဲ့ဟင်းတွေကိုလွမ်းလိုက်တာ။မြန်မြန်ပြန်လာပါတော့။><><><><><><''ချာတိတ် ညဘက်နှိပ်စက်အိပ်လို့မရအောင် ရင်ထဲ အိပ်မက်ထိနှောင့်ယှက်လွန်းတယ် ချာတိတ်လေးရယ် မင်းကိုကို့ကို နှိပ်စက်လွန်းတယ်ကွယ်''
တစ္ဆေမြို့တော်ကိုပြန်သွားတဲ့ဟွားချန်ကိုလွမ်းတဲ့စိတ်နဲ့ရှဲ့လျန်တစ်ယောက်ရင်ထဲအသည်းထဲကခံစားချက်တွေအပြည့်ထည့်ဆိုနေသလို အခန်းတစ်နေရာမှာလည်းတွေတွေကြီးမျက်ရည်ကျနေတဲ့ရှန်ချင်းချိုး။ဝေဝူရှင်းကတော့မူးမူးနဲနှစ်သိမ့်ပေးရှာပါတယ်
''ဆရာရှန်ရယ် အကိုကြီးကပြန်လာမှာပါ  သိပ်လည်းစိတ်ဓာတ်မကျပါနဲ့ သွား ရှဲ့လောင်ရှစ်လိုသီချင်းတစ်ပုဒ်နှစ်ပုဒ်လောက်သွားဆိုလိုက် ပေါ့သွားလိုက်မယ်''
လော့ပင်းဟယ်ကိုလွမ်းတာပျောက်အောင်ကာရာအိုကေလာပါတယ်ဆိုမှ ရှဲ့လျန်ဆိုနေတဲ့သီချင်းကြောင့် ငိုချင်စိတ်ကထိန်းမရတော့။
''ငါအခုမှသိတယ် လော့ပင်းဟယ် ငါမရှိတုန်းကဘယ်လောက်တောင်ခံစားခဲ့ရမလဲဆိုတာ အမလေးး ပင်းဟယ်လေး ရှစ်စွမ်းရဲ့ပင်းဟယ်လေး ''
''အဲ့ဒါကြောင့်ပြောတာ သွား သွားသီချင်းသွားဆိုလိုက်''
ဝေဝူရှင်းမြှောက်ပေးတာနဲ့ ရှန်ချင်းချိုးတစ်ယောက်ထိုင်နေရာကထ မျက်ရည်တွေသုတ် မိုက်ကိုစကိုင်ပြီးအပီအပြင်ဆိုတော့တယ်
''ရင်မှာခံစားး သူမမြင်နိုင်တဲ့အသဲထဲကအတွင်းကြေ!!!"
သုံးယောက်သားမူးမူးနဲ့အိမ်ပြန်ဖို့ အခန်းထဲကထွက်ပြီး တစ်ခန်းကျော် နှစ်ခန်းမြောက်အခန်းထဲကဟိန်းထွက်လာတဲ့သီချင်းသံကြောင့်ရှဲ့လျန်တစ်ယောက်ခြေလှမ်းတွေတုံ့ကနဲ ရပ်သွားတယ်။
''ကိုကို ကျွန်တော့်ကိုချာတိတ်လို့မခေါ်နဲ့ နာမည်ရှိတယ် မကြိုက်ဘူးသိရဲ့လား ကိုကိုနဲ့ကျွန်တော်အရပ်ချင်းတိုင်းကြည့်မလား မှီခါနီးပြီ ဒါကလေးလား!!!''
''ဟင် ဒါက''
ရှဲ့လျန်တစ်ယောက်မသဲမကွဲဖြစ်နေတုန်းရှန်ချင်းချိုးကပါနောက်ထပ်ထွက်လာတဲ့သီချင်းသံကြောင့်အမူးပြေသလိုဖြစ်သွားတယ်။
''ချွင်းရှန်းတောင်ရဲ့ရှုခင်းက သာယာလှတယ် ဒါပေမဲ့ ရှစ်စွမ်းရဲ့အလှကိုတော့မမှီတယ် ဟန်ပန်အမူအယာအမျိုးမျိုးနဲ့ ဟောဒီကပင်းဟယ်ရဲ့နှလုံးသားကိုကိုင်လှုပ်ခဲ့ ဝါးတဲအိမ်လေးထဲ အဝတ်အစားဖရိုဖရဲနဲ့ အယ်လယ့် အယ်လယ့်''(ဤသီချင်းစာသားအားremix versionနဲ့ဆိုနေခြင်းဖြစ်ပါတယ်)
သုံးယောက်သားတစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးနောက် ဝုန်းခနဲရှဲ့လျန်ကတံခါးကိုဆောင့်ကန်ဖွင့်လိုက်တယ်။
အပြင်ကရပ်နေတဲ့သူတွေနဲ့အထဲကသူတွေနဲ့အကြည့်ချင်းစုံပြီးနောက် ဆိုနေတဲ့နှစ်ယောက်လက်ထဲကမိုက်တွေချက်ချင်းပြုတ်ကျ။''လန်ကျန့်''ဆိုပြီးဝေဝူရှင်းကမျက်နှာသေနဲ့ထိုင်နေတဲ့သူဆီပြေးသွားတယ်။ကျန်တဲ့နှစ်ယောက်ကတော့မတ်တပ်မေ့လို့။
''ကိုကိုရဲ့စန်းလန်လေးက ကိုယ့်အိမ်ကိုယ်မပြန်ဘဲဒီမှာဘာလုပ်နေတာလဲ''
ရှဲ့လျန်က ပြုံးပြုံးလေးပြောနေပေမဲ့ဟွားချန်ကချက်ချင်းကြက်သီးတွေထလို့။
''ကိုကို ဟိုလေ စန်းလန်ရှင်းပြမယ်နော် ဟိုဟာကဒီလိုရှိတယ် ကိုကို ကိုကိုလို့''
အခန်းထဲကနေချက်ချင်းနှစ်ယောက်သားပျောက်သွားကြရော။မူးပြဲနေတဲ့ဝေဝူရှင်းကိုသူ့လင်ကခေါ်သွားတယ်။အခုကျန်တာကတော့
''လော့ ပင်း ဟယ်''
''ရှစ် ရှစ်စွမ်း စိတ်လျော့နော် ပင်းဟယ်ရှင်းပြမယ် ဟိုလေ''
''ပြောတော့ ကျွန်တော်အလုပ်နဲ့နှစ်ပတ်လောက်ကြာမယ်ဆို အခုဒီမှာလာနန့်ကြောဆွဲနေတာပေါ့ ဟုတ်လား''
''အဲ့ဒါကလေ ဟို ညီလေးသုံးကငါတို့ဘဲရှိတုန်းသွားရအောင်လို့ဆွယ်တာနဲ့ ကျွန်တော်လည်း''
''တိတ်စမ်း!!!''
ပြောဆိုပြီးရှန်ချင်းချိုးတစ်ယောက်လော့ပင်းဟယ်ကိုနားရွက်လိမ်ဆွဲပြီးပြန်သွားတယ်။
နောက်များရက်တွေမှာတော့ ချင်းကျင့်တောင်ရဲ့ဝါးတဲအိမ်လေးရှေ့ မျက်ရည်တွေနဲ့ဒူးထောက်နေတဲ့လော့ပင်းဟယ်ကိုမြင်နိုင်သလို ဘဲလက်ရာဟင်းတွေမစားရမှာစိုးတာနဲ့ လက်ရေးလှကျင့်နေတဲ့ ဘယ်ခွေးမှလူမထင်တဲ့တစ္ဆေဘုရင်ကြီးဟွားချန်ကိုဖူကျိနတ်ကွန်းမှာတွေ့နိုင်ပါတယ်
There are no comments yet. Log in to be the first to leave a review!
Similar stories