''တူႏွစ္ကိုယ္က်င့္ျကံေရး''စားေသာက္ဆိုင္
20:08, 9 January 2021//Zaw//
//ေအာက္ကပံုကိုအရင္ၾကည့္ပါ ၿပီးမွဖတ္ပါ//
ကိုဗစ္ကာလအတြင္းမွာရွဲ႕လ်န္တစ္ေယာက္အမိႈက္ေကာက္တာနဲ႕တင္ဝင္ေငြမေလာက္တာနဲ႕အပိုဝင္ေငြရေအာင္စားေသာက္ဆိုင္တစ္ဆိုင္ဖြင့္လိုက္တယ္။စားေသာက္ဆိုင္နာမည္က''တူႏွစ္ကိုယ္က်င့္ျကံေရး''စားေသာက္ဆိုင္။ဝန္ထမ္းေတြကေတာ့ေအာက္ေဖာ္ျပပါပံုအတိုင္းျဖစ္တယ္
တစ္ရက္မွာက်န္းခ်န္တစ္ေယာက္ေစ်းဝယ္ထြက္လာရင္းေန႕လည္စာစားဖို႕စားေသာက္ဆိုင္ရွာေနတဲ႕အခ်ိန္ရွဲ႕လ်န္ဖြင့္ထားတဲ႕ဆိုင္ေတြ႕တာနဲ႕ဝင္စားဖို႕ဆံုးျဖတ္လိုက္တယ္။
ဇာတ္လမ္းကအဲ႕မွာစေတာ့တာပဲ။
ဆိုင္ထဲဝင္ျပီးလြတ္တဲ႕ေနရာဝင္ထိုင္ျပီးမွဆိုင္အေျခအေနကိုအကဲခတ္လိုက္တယ္။ဘာသြားေတြ႕လဲဆိုေတာ့ဆိုင္ထဲကလူတိုင္းသူ႕ကိုျကည့္ေနတာဘဲ။ကိုယ့္ကိုယ့္ကိုဘာမ်ားထူးဆန္းေနတာရွိလို႕လဲဆိုျပီးျပန္စစ္ျကည့္ေတာ့လဲဘာမွလဲမေတြ႕။ေနေပါ့။
''မဂၤလာပါ ''
ေလသံမာနဲ႕ေျပာသံျကားလို႕ေမာ့ျကည့္ေတာ့စားပဲြထိုး။ေလသံတင္မဟုတ္ မ်က္ႏွာေျကာကပါမာေနေသး။
''ဘြတ္ကင္လုပ္ထားတာရွိလား''
''ဟမ္''
''ဘြတ္ကင္လုပ္ထားတာရွိလားလို႕''
''တစ္ေယာက္တည္းလာတဲ႕ဟာကိုငါကဘာကိစၥလုပ္ရမွာလဲ''
''ဟုတ္ပါျပီ''
စားပဲြထိုးကမီႏူးေပးျပီးျပန္သြားတယ္။က်န္းခ်န္တစ္ေယာက္မီႏူးကတ္ကိုလွန္ျပီးဟင္းနာမည္ေတြဖတ္ျပီးခံုေပၚကျပဳတ္က်မတတ္ျဖစ္သြားတယ္
''စားပဲြထိုး ေဟ့ ျပန္လာဦး''
ဒီတစ္ခါေတာ့သူ႕ဆီလာတာခုနကတစ္ေယာက္မဟုတ္။
''ဘာမ်ားျဖစ္လို႕လဲဗ်''
က်န္းခ်န္ကစားပဲြထိုးကိုမီႏူးကတ္ေပးျပီးမေက်နပ္တဲ႕ေလသံနဲ႕ေျပာတယ္
''ငါ့လာေနာက္ေနတာလား ဒီပံုစံနဲ႕ငါကဟင္းဘယ္လိုမွာရမွာလဲ မင္းတို႕ဟာမင္းတို႕လဲျပန္ျကည့္ဦး ဆိုးရြားလိုက္တဲ႕လက္ေရး ရင္ေတာင္ျပည့္တယ္''
စားပဲြထိုးမီႏူးကတ္ကိုလွန္ျကည့္ျပီးစားပဲြေပၚဖုတ္ကနဲျပန္ပစ္ခ်လိုက္တယ္
''ဘာမ်ားလဲလို႕ မီႏူးကတ္ေလးျကည့္ျပီးေသြးပ်က္ေနလိုက္တာ ဟင္းမ်ားစားလိုက္ရင္ဘယ္လိုေနမလဲမသိဘူး''
''တိုးတိုးတိုးတိုးနဲ႕ဘာေတြေျပာေနတာလဲ ေျပာစမ္း ဒီဟင္းနာမည္ကဘာလဲ''
ကတ္ထဲကဟင္းနာမည္တစ္ခုကိုေထာက္ျပေတာ့စားပဲြထိုးကငံု႕ျကည့္ျပီး
''အဲ႕ဒါက ေရခဲလိုျကည္လင္ေက်ာက္စိမ္းလိုေအးျမတဲ႕အသားလံုး''
''ဘာလား ဒီဟာကေရာ''
''အဲ႕ဒါက ခရမ္းနီေဝဆာလင္းလက္အေျကာ္''
''ဒီဟာေကရာ''
''အဲ႕ဒါက တစိမ့္စိမ့္ျကည္ႏူးဟင္းခ်ိဳ''
''ဒီဟာေကရာ''
''အဲဲ့ဟာက အခ်စ္ရဲ႕အဆိပ္ ေဖ်ာ္ရည္''
''ဒီဟာေရာ''
''ဘယ္ေတာ့မွထားမသြားဘူး အသုပ္''
''ဒီဟာေရာ''
''မွာမွာလား မမွာဘူးလား ေစာက္က်ိဳးနဲ ဟင္းနာမည္ဘဲလိုက္ေမးေနတယ္ မင္းအေဖငါ့ကိုအားယားေနတယ္မ်ားမွတ္ေနတာလား !!!''
''ေဟ့ေကာင္ ရိုင္းလွခ်ည္လား မင္းကမ်ား ငါ့ကိုဆဲတယ္ ဘယ္လိုဝန္ထမ္းမ်ိဳးကိုခန္႕ထားလဲမသိဘူး မန္ေနဂ်ာ ဘယ္မလဲ သြား မင္းတို႕မန္ေနဂ်ာသြားေခၚခဲ႕''
''ေအာ္မေနနဲ႕ ငလူးရဲ႕ မန္ေနဂ်ာမရွိဘူး ဘာဟင္းမွာမွာလဲ ငါစိတ္ေကာင္းဝင္ေနတုန္းျမန္ျမန္ေျပာ''
''ေစာက္က်ိဳးနဲ ေရာ့ ဒီဟာမွာမယ္ ''
က်န္းခ်န္စားေကာင္းမယ္ထင္တဲ႕ဟာကိုေထာက္ျပလိုက္ျပီးစားပဲြထိုးကိုမီႏူးကတ္ျပန္ေပးလိုက္တယ္
''ေဟ့ ႏွစ္ပါးသြားစြပ္ျပဳတ္အစပ္မ်ားမ်ား တစ္ပဲြ''
''ဘာလားဟ''
စားပဲြထိုးကက်န္းခ်န္ကိုျပန္လွည့္ျကီးျပီး
''ေစာေစာစီးစီးမွာရင္ျပီးေနတဲ႕ဟာကို အခုေတာ့အဆဲခံလိုက္ရျပီမလား''
''မင္းေမ သြားစမ္းပါကြာ''
''ဒါနဲ႕ ခင္ဗ်ားကတစ္ေယာက္တည္းလာတာလား''
''ဟုတ္တယ္ေလ ဘာျဖစ္လို႕တုန္း''
စားပဲြထိုးကသူ႔ကိုသနားသလိုျကည့္ျပီးမွကြ်တ္သပ္ျပီးျပန္သြားတယ္။ဒီဆိုင္ကလူေတြေတာ္ေတာ္ထူးဆန္းတယ္။
က်န္းခ်န္ဟင္းပဲြေစာင့္ေနတုန္းဝယ္လာတဲ႕ပစၥည္းေတြစာရင္းစာရြက္နဲ႕ျပန္တိုက္ေနတုန္းရွိေသး
''ေျခေထာက္ခနေလာက္ျကြေပးပါဦး''
သန္႕ရွင္းေရးဝန္ထမ္းေကာင္ေလးေျပာတာနဲ႕ေျခေထာက္ျကြေပးလိုက္တယ္။
''ခင္ဗ်ားေျခေထာက္ကတစ္ဖက္ဘဲပါတာမို႕လို႕လား ေနာက္တစ္ဖက္ပါျကြေပးဖို႕က်ဳပ္ကေျပာေနရဦးမွာလား တကတည္း အလိုက္မသိတဲ႕လူနဲ႕ေတြ႕ေနတယ္ အလုပ္လုပ္လို႕မေမာဘူး အလိုက္မသိတဲ့ဟာေတြေျကာင့္အသဲေပါက္တယ္ သူမ်ားကအလုပ္လုပ္ေနတာျမင္ရဲ႕သားနဲ႕ ကိုယ့္အသိစိတ္ဓာတ္နဲ႕ကူညီေပးမယ္မရွိဘူး အခန္႕သားခံုမွာထိုင္ေနတယ္ ဒီမွာျကမ္းတိုက္ေနတာျမင္ရင္ အလိုက္တသိနဲ႕ ေျခေထာက္ေလးျကြေပးဖို႕ဆိုတာကိုယ့္ဟာကိုသိေပါ့ စကားအမ်ားျကီးမေျပာခ်င္ပါဘူးဆိုေနမွ ''
ေျပာဆိုျပီးတျခားေနရာထြက္သြားတယ္။ေထာင္းခနဲေဒါသကထြက္လာတယ္။မဟုတ္ေသးဘူး။ဒီဆိုင္ဝင္ကတည္းကေသာက္ခ်ိဳးကတစ္ေယာက္မွမေျပတာ ေနဦးျပီးမွ အကုန္လံုးစုျပီးေဆာ္ပစ္မယ္။
''ဟင္းပဲြရပါျပီ''
ပထမဆံုးစားပဲြထိုးကအေငြ႕တေထာင္းေထာင္းထေနတဲ႕စြပ္ျပဳတ္အိုးလာခ်ေပးတယ္။ခုနကသူ႕ကိုဆဲလိုက္တဲ႕စားပဲြထိုးကေရတစ္ခြက္လာခ်ေပးျပီး
''ျကည့္က်က္စားဦး ေစတနာနဲ႕သတိေပးတာ''
ႏွစ္ေယာက္လံုးထြက္သြားေတာ့မွ က်န္းခ်န္ဇြန္းေကာက္ကိုင္ျပီးတစ္ဇြန္းခပ္ေသာက္တယ္။မဆိုးပါဘူး။ေနာက္တစ္ဇြန္းခပ္ေသာက္တယ္။နဲနဲေတာ့စပ္လာတယ္။ေနာက္တစ္ဇြန္းခပ္ေသာက္တဲ႕အခ်ိန္ ဝါးလို႕မရတဲ့တစ္ခုကပါးစပ္ထဲခုေနလို႕ျပန္ထုတ္ျကည့္ေတာ့ အလံုးေလးတစ္ခု။အားနဲ႕ႏွစ္ျခမ္းခဲြျကည့္ေတာ့စာလိပ္ေလးထြက္လာတယ္။ျဖန္႕ျပီးဖတ္ျကည့္ေတာ့
//ေစာ္ရွိလား???//
''ဒီမေအ ေဟ့ စားဖိုမွဴးဆိုတာဘယ္ေကာင္တုန္း လာခဲ႕စမ္း''
က်န္းခ်န္ေဒါသတျကီးေျပာေတာ့ခုနကေစတနာနဲ႕သတိေပးတာလို႕ေျပာခဲ႕တဲ႕စားပဲြထိုးကေရာက္လာျပီး
'' မေျပာဘူးလား ျကည့္စားလို႕ အခုေတာ့ေစာက္ျပႆနာတက္ျပီမလား''
''မင္းေသာက္ပါးစပ္ပိတ္ထား !!!"
"ငလူးေလးကလည္းစိတ္ျကီးဘဲ အာ့ေျကာင့္ေစာ္မရွိတာ''
''ေဟ့ေကာင္!!"
''ဘာမ်ားျဖစ္လို႕လဲဗ် ''
စားဖိုမွဴးေရာက္လာတာနဲ႕က်န္းခ်န္ ခုနကစာလိပ္ကိုေပးလိုက္တယ္။
''မင္းတို႕ဆိုင္ကဝန္ထမ္းေတြတစ္ေယာက္မွေသာက္ခ်ိဳးမေျပဘူး ဒီစာလိပ္ကေရာဘာသေဘာတုန္း ဒါသက္သက္လူကိုေစာ္ကားတာ''
စားဖိုမွဴးကေလသံေပ်ာ့ေလးနဲ႕ေျပာရွာတယ္
''စိတ္ေလ်ာ့ပါ စိတ္ေလ်ာ့ပါ ဒါကြ်န္ေတာ္တို႕ဆိုင္ရဲ႕အစဥ္အလာပါဗ် က်န္တဲ႕လူေတြေတာ့ဘာမွမျဖစ္ဘဲအကို႕က်မွဒီလိုဆိုေတာ့ ေတာင္းပန္ပါတယ္တယ္ဗ်ာ စာလိပ္ေရးတဲ႕လူကေနာက္လိုက္တာေနမွာပါ''
''မလိုခ်င္ဘူး ခင္ဗ်ားတို႕ဒါရည္ရြယ္ခ်က္ရွိရွိနဲ႕လုပ္တာ ဒီဆိုင္ဝင္ထိုင္ကတည္းတစ္စက္မွအဆင္မေျပဘူး ''
''ေတာင္းပန္ပါတယ္ဗ်ာ အဲ ဒါနဲ႕ အကိုကတစ္ေယာက္တည္းလာတာလား''
''လာျပန္ျပီ ဒီေစာက္ေမးခြန္းဘဲေမးေနတယ္ ဘာျဖစ္လဲ တစ္ေယာက္တည္းလာတာ''
''ေျသာ္ မဟုတ္ပါဘူးကြ်န္ေတာ္တို႕ကဘာမွမျဖစ္ပါဘူး ေနာက္ဆိုအကိုဒီဆုိင္လာမယ္ဆိုအကိုဆိုင္ထဲမဝင္ခင္ဆိုင္ေရွ႔ကဆိုင္းဘုတ္ကိုေသခ်ာေလးဖတ္ေစလိုပါတယ္ဗ် ''
''ဘာဆိုင္လို႕တုန္း ထားေတာ့ ပိုက္ဆံရွင္းျပီးျပန္မယ္ တကယ့္ဟာေတြ''
''ဟုတ္ကဲ႕ ဟုတ္ကဲ႕ အကို႕ကိုေလ်ာ္ေျကးအေနနဲ႕ ကြ်န္ေတာ္တို႕ဆိုင္ရဲ႕''ညတိုင္းဝင္တဲ႕ဒီပ်က္ရွင္''ဆိုတဲ႕နာမည္ျကီးဟင္းတစ္ပဲြလက္ေဆာင္ေပးလိုက္ပါ့မယ္ ဒီတစ္ခါေတာ့ဘာအမွားမွမပါေစရပါဘူး''
စားဖိုမွဴးထည့္ေပးတဲ႕ဟင္းပဲြယူျပီးတာနဲ႕ေငြရွင္းဖို႕ေကာင္တာဆီထြက္လာတယ္။စာရင္းကိုင္ကက်သင့္ေငြတြက္ျပီး
''တစ္ေသာင္းငါးေထာင္က်ပါတယ္''
''ဟင္ ေဟ့ အဲ႕ဟင္းကအဲ႕ေလာက္ရွိလို႕လား မင္းတြက္တာမွားေနျပီထင္တယ္ ''
''စံုတဲြေတြဆိုပရိုမိုးရွင္းအေနနဲ႕တစ္ေထာင့္ငါးရာဘဲေပးရပါတယ္ တစ္ကိုယ္တည္းသမားေတြလာစားရင္ေတာ့တစ္ေသာင္းငါးေထာင္က်ပါတယ္ ေပးမွာလား မေပးဘူးလား''
''ဒါေပမဲ႕ ေရွ႕ကေငြရွင္းသြားတဲ႕တစ္ေယာက္ကလည္းတစ္ေယာက္တည္းလာတာေလ သူက်ေတာ့ေရာမင္းေထာင့္ငါးရာဘဲယူတာမလား ငါေတြ႕တယ္''
''သူကသူ႕ေကာင္ေလးနဲ႕လာစားေနက်ပါ ဒီေန႕သူ႕ေကာင္ေလးကစားေနတုန္းအေရးျကီးလို႕အရင္ျပန္သြားတာပါ''//သူ=ရွစ္ခ်င္းရႊမ္//
''ျဖစ္ရမယ္ ဒါလူတန္းစားခဲြျခားတာ''
''မယံုရင္ဆိုင္ထဲကလူေတြကိုျပန္ျကည့္လိုက္ပါ သူ႕လူနဲ႕သူရွိပါတယ္ ဧည့္သည္ကဘဲတစ္ေယာက္တည္းျဖစ္ေနတာပါ''
က်န္းခ်န္ေသခ်ာျပန္ျကည့္ေတာ့ ဟုတ္သား အကုန္လံုးကအတဲြကိုယ္စီနဲ႕ ေျသာ္ေဟာ္ေဟာ္ ဒါေျကာင့္ သူဆိုင္ထဲဝင္ကတည္းကသူ႕ကိုအထူးအဆန္းလိုျကည့္ေနတာကိုးေစာက္RSေတြ လဲေသလိုက္!!
'' ေနာက္ဆို ဆိုင္ထဲမဝင္ခင္ ဆိုင္ေရွ႕ကဆိုင္းဘုတ္ကိုေသခ်ာဖတ္ခဲ႕ပါ ေက်းဇူး!"
''ေအးပါ ေက်းဇူးရွင္ရယ္''
က်န္းခ်န္ပိုက္ဆံကိုေကာင္တာေပၚေဆာင့္ေအာင့္တင္ျပီးဆိုင္ထဲကထြက္လာတယ္။ေသမလိုဆိုင္းဘုတ္ကိုဖတ္ခိုင္းေနရေအာင္ဒီဆိုင္ကဘာမ်ားျကီးက်ယ္ေနလို႕တုန္း
အဲ႕ေလာက္ေတာင္ျဖစ္လွတာဆိုျပီးက်န္းခ်န္ဆိုင္ေရွ႕ကသတိျပဳရန္ဆိုတဲ႕ဆိုင္းဘုတ္ကိုသြားဖတ္လိုက္တယ္။ေတာ္ေတာ္ဆိုးဆိုးရြားရြားေရးထားတဲ႕လက္ေရးနဲ႕ေရးထားတာမို႕သူဆိုင္ထဲမဝင္ခင္မျမင္မိလိုက္တာဘဲ။
"သတိျပဳရန္''
1.ပထမဆံုးသင္ဒီဆိုင္ထဲမဝင္ခင္ ဆိုင္နာမည္ကိုေသခ်ာဖတ္ေစလိုပါတယ္။ဒီဆိုင္ကစံုတဲ႕ေတြအတြက္သီးသန္႕ဖြင့္တာမို႕ သင္ဟာတစ္ေယာက္တည္းသမားဆိုရင္လာရာလမ္းကိုခ်က္ခ်င္းျပန္လွည့္လိုက္ပါ။အကယ္၍မ်ား ဇြတ္အတင္းဝင္မယ္ဆိုရင္ဘာျဖစ္မလဲဆိုတာသိခ်င္ရင္ေအာက္မွာဆက္ဖတ္ပါ
2.သင္ဟာဆိုင္ထဲဝင္ထိုင္လိုက္တာနဲ႕ေလသံေရာမ်က္ႏွာပါအခ်ိဳးမေျပတဲ႕စားပဲြထိုးနဲ႕ေတြ႕ပါလိမ့္မယ္။သူသင့္ကိုမီႏူးကတ္ေပးပါလိမ့္မယ္။သတိထားပါ။အဲ႕မီႏူးကတ္ကႏွစ္ေယာက္ဖတ္မွဟင္းမွာလို႕ရတာပါ။အကယ္၍သင္ကကိုယ့္အားကိုယ္ကိုးျပီးဖတ္ေပမဲ႔ ဖတ္မရတဲ႕အခါဘာျဖစ္မလဲဆိုတာသိခ်င္ရင္ေအာက္မွာဆက္ဖတ္ပါ
3.သင္ျကိဳးစားဖတ္ျကည့္ပါတယ္ ဒါေပမဲ႕ ဖတ္မရလို႕စားပဲြထိုးကိုေမးဖို႕ျကံတယ္ဆိုရင္ ေသခ်ာပါျပီ သင္အဆဲခံရေတာ့မွာပါ
4.သင္ဟင္းပဲြေစာင့္ေနတဲ႕အခ်ိန္ သတ္လက္လြတ္မေနပါနဲ႕ ဆိုင္ကဝန္ထမ္းေတြရဲ႕အေျခအေနကိုအကဲခတ္ပါ သန္႕ရွင္းလုပ္ေနတာျမင္ရင္အလိုက္တသိနဲ႕ပါဝင္ကူညီေပးပါ မဟုတ္ရင္ေတာ့ သင့္ကိုစာအရွည္ျကီးနဲ႕အေပၚဆီးကဆက္ဆံသြားပါလိမ့္မယ္
5.မွာထားတဲ႕ဟင္းေရာက္လာတဲ႕အခ်ိန္ စားပဲြထိုးရဲ႕ေစတနာနဲ႕သတိေပးတဲ႕စကားကိုေသခ်ာမွတ္ထားပါ မဟုတ္ရင္ သင္အေစာ္ကားခံလိုက္ရပါမယ္
6.ဟုတ္ပါျပီ သင္အေစာ္ကားခံလိုက္ရပါျပီ ဒါေျကာင့္စားဖိုမွဴးကအေလ်ာ္ေပးတဲ႕ဟင္းပဲြယူျပီးေကာင္တာကိုေငြရွင္းဖို႕ထြက္လာပါတယ္။စားဖိုမွဴးေပးတဲ႕ဟင္းပဲြကိုမျငင္းဘဲယူျပီးေကာင္တာလာမိရင္ဘာျဖစ္မလဲဆိုတာသိခ်င္ရင္ေအာက္မွာဆက္ဖတ္ပါ
7.ေကာင္တာကစာရင္းကိုင္ကသင့္ဘဝအေျခအေနကိုကြက္ကြက္ကြင္းကြင္းျမင္ေအာင္ အလင္းျပပါလိမ့္မယ္။ဘယ္စံုတဲြစားသံုးသူမွ အိမ္ျပန္ရင္ဟင္းပဲြယူမသြားပါဘူး။သင္ဟင္းပဲြယူျပီးေငြရွင္းဖို႕လာတယ္ဆိုကတည္းက စာရင္းကိုင္ကသင္ဟာတစ္ကိုယ္တည္းသမားျဖစ္ေျကာင္းသိရွိသြားျပီမို႕ျဖစ္ပါတယ္
8.ဘာေျကာင့္ သင့္ကိုဆိုင္ထဲကဝန္ဝမ္းေတြေသာက္ခ်ိဳးမေျပဆက္ဆံေနတာကိုသိခ်င္ရင္ေအာက္ကအခ်က္မွာဆက္ဖတ္ပါ
9.အေျကာင္းက သင္ဟာFaမို႕ပါ
10.ဒါေျကာင့္ သင္ဆိုင္ထဲမဝင္ခင္ ဒီဆိုင္းဘုတ္ကိုေသခ်ာဖတ္ေစလိုပါတယ္ေက်းဇူး!
ပံု//ကိုကို႕ရဲ႕စန္းလန္
က်န္းခ်န္-……
//Uni//
//အောက်ကပုံကိုအရင်ကြည့်ပါ ပြီးမှဖတ်ပါ//
''တူနှစ်ကိုယ်ကျင့်ကြံရေး''စားသောက်ဆိုင်
ကိုဗစ်ကာလအတွင်းမှာရှဲ့လျန်တစ်ယောက်အမှိုက်ကောက်တာနဲ့တင်ဝင်ငွေမလောက်တာနဲ့အပိုဝင်ငွေရအောင်စားသောက်ဆိုင်တစ်ဆိုင်ဖွင့်လိုက်တယ်။စားသောက်ဆိုင်နာမည်က''တူနှစ်ကိုယ်ကျင့်ကြံရေး''စားသောက်ဆိုင်။ဝန်ထမ်းတွေကတော့အောက်ဖော်ပြပါပုံအတိုင်းဖြစ်တယ်
တစ်ရက်မှာကျန်းချန်တစ်ယောက်ဈေးဝယ်ထွက်လာရင်းနေ့လည်စာစားဖို့စားသောက်ဆိုင်ရှာနေတဲ့အချိန်ရှဲ့လျန်ဖွင့်ထားတဲ့ဆိုင်တွေ့တာနဲ့ဝင်စားဖို့ဆုံးဖြတ်လိုက်တယ်။
ဇာတ်လမ်းကအဲ့မှာစတော့တာပဲ။
ဆိုင်ထဲဝင်ပြီးလွတ်တဲ့နေရာဝင်ထိုင်ပြီးမှဆိုင်အခြေအနေကိုအကဲခတ်လိုက်တယ်။ဘာသွားတွေ့လဲဆိုတော့ဆိုင်ထဲကလူတိုင်းသူ့ကိုကြည့်နေတာဘဲ။ကိုယ့်ကိုယ့်ကိုဘာများထူးဆန်းနေတာရှိလို့လဲဆိုပြီးပြန်စစ်ကြည့်တော့လဲဘာမှလဲမတွေ့။နေပေါ့။
''မင်္ဂလာပါ ''
လေသံမာနဲ့ပြောသံကြားလို့မော့ကြည့်တော့စားပွဲထိုး။လေသံတင်မဟုတ် မျက်နှာကြောကပါမာနေသေး။
''ဘွတ်ကင်လုပ်ထားတာရှိလား''
''ဟမ်''
''ဘွတ်ကင်လုပ်ထားတာရှိလားလို့''
''တစ်ယောက်တည်းလာတဲ့ဟာကိုငါကဘာကိစ္စလုပ်ရမှာလဲ''
''ဟုတ်ပါပြီ''
စားပွဲထိုးကမီနူးပေးပြီးပြန်သွားတယ်။ကျန်းချန်တစ်ယောက်မီနူးကတ်ကိုလှန်ပြီးဟင်းနာမည်တွေဖတ်ပြီးခုံပေါ်ကပြုတ်ကျမတတ်ဖြစ်သွားတယ်
''စားပွဲထိုး ဟေ့ ပြန်လာဦး''
ဒီတစ်ခါတော့သူ့ဆီလာတာခုနကတစ်ယောက်မဟုတ်။
''ဘာများဖြစ်လို့လဲဗျ''
ကျန်းချန်ကစားပွဲထိုးကိုမီနူးကတ်ပေးပြီးမကျေနပ်တဲ့လေသံနဲ့ပြောတယ်
''ငါ့လာနောက်နေတာလား ဒီပုံစံနဲ့ငါကဟင်းဘယ်လိုမှာရမှာလဲ မင်းတို့ဟာမင်းတို့လဲပြန်ကြည့်ဦး ဆိုးရွားလိုက်တဲ့လက်ရေး ရင်တောင်ပြည့်တယ်''
စားပွဲထိုးမီနူးကတ်ကိုလှန်ကြည့်ပြီးစားပွဲပေါ်ဖုတ်ကနဲပြန်ပစ်ချလိုက်တယ်
''ဘာများလဲလို့ မီနူးကတ်လေးကြည့်ပြီးသွေးပျက်နေလိုက်တာ ဟင်းများစားလိုက်ရင်ဘယ်လိုနေမလဲမသိဘူး''
''တိုးတိုးတိုးတိုးနဲ့ဘာတွေပြောနေတာလဲ ပြောစမ်း ဒီဟင်းနာမည်ကဘာလဲ''
ကတ်ထဲကဟင်းနာမည်တစ်ခုကိုထောက်ပြတော့စားပွဲထိုးကငုံ့ကြည့်ပြီး
''အဲ့ဒါက ရေခဲလိုကြည်လင်ကျောက်စိမ်းလိုအေးမြတဲ့အသားလုံး''
''ဘာလား ဒီဟာကရော''
''အဲ့ဒါက ခရမ်းနီဝေဆာလင်းလက်အကြော်''
''ဒီဟာကေရာ''
''အဲ့ဒါက တစိမ့်စိမ့်ကြည်နူးဟင်းချို''
''ဒီဟာကေရာ''
''အဲ့ဟာက အချစ်ရဲ့အဆိပ် ဖျော်ရည်''
''ဒီဟာရော''
''ဘယ်တော့မှထားမသွားဘူး အသုပ်''
''ဒီဟာရော''
''မှာမှာလား မမှာဘူးလား စောက်ကျိုးနဲ ဟင်းနာမည်ဘဲလိုက်မေးနေတယ် မင်းအဖေငါ့ကိုအားယားနေတယ်များမှတ်နေတာလား !!!''
''ဟေ့ကောင် ရိုင်းလှချည်လား မင်းကများ ငါ့ကိုဆဲတယ် ဘယ်လိုဝန်ထမ်းမျိုးကိုခန့်ထားလဲမသိဘူး မန်နေဂျာ ဘယ်မလဲ သွား မင်းတို့မန်နေဂျာသွားခေါ်ခဲ့''
''အော်မနေနဲ့ ငလူးရဲ့ မန်နေဂျာမရှိဘူး ဘာဟင်းမှာမှာလဲ ငါစိတ်ကောင်းဝင်နေတုန်းမြန်မြန်ပြော''
''စောက်ကျိုးနဲ ရော့ ဒီဟာမှာမယ် ''
ကျန်းချန်စားကောင်းမယ်ထင်တဲ့ဟာကိုထောက်ပြလိုက်ပြီးစားပွဲထိုးကိုမီနူးကတ်ပြန်ပေးလိုက်တယ်
''ဟေ့ နှစ်ပါးသွားစွပ်ပြုတ်အစပ်များများ တစ်ပွဲ''
''ဘာလားဟ''
စားပွဲထိုးကကျန်းချန်ကိုပြန်လှည့်ကြီးပြီး
''စောစောစီးစီးမှာရင်ပြီးနေတဲ့ဟာကို အခုတော့အဆဲခံလိုက်ရပြီမလား''
''မင်းမေ သွားစမ်းပါကွာ''
''ဒါနဲ့ ခင်ဗျားကတစ်ယောက်တည်းလာတာလား''
''ဟုတ်တယ်လေ ဘာဖြစ်လို့တုန်း''
စားပွဲထိုးကသူ့ကိုသနားသလိုကြည့်ပြီးမှကျွတ်သပ်ပြီးပြန်သွားတယ်။ဒီဆိုင်ကလူတွေတော်တော်ထူးဆန်းတယ်။
ကျန်းချန်ဟင်းပွဲစောင့်နေတုန်းဝယ်လာတဲ့ပစ္စည်းတွေစာရင်းစာရွက်နဲ့ပြန်တိုက်နေတုန်းရှိသေး
''ခြေထောက်ခနလောက်ကြွပေးပါဦး''
သန့်ရှင်းရေးဝန်ထမ်းကောင်လေးပြောတာနဲ့ခြေထောက်ကြွပေးလိုက်တယ်။
''ခင်ဗျားခြေထောက်ကတစ်ဖက်ဘဲပါတာမို့လို့လား နောက်တစ်ဖက်ပါကြွပေးဖို့ကျုပ်ကပြောနေရဦးမှာလား တကတည်း အလိုက်မသိတဲ့လူနဲ့တွေ့နေတယ် အလုပ်လုပ်လို့မမောဘူး အလိုက်မသိတဲ့ဟာတွေကြောင့်အသဲပေါက်တယ် သူများကအလုပ်လုပ်နေတာမြင်ရဲ့သားနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကူညီပေးမယ်မရှိဘူး အခန့်သားခုံမှာထိုင်နေတယ် ဒီမှာကြမ်းတိုက်နေတာမြင်ရင် အလိုက်တသိနဲ့ ခြေထောက်လေးကြွပေးဖို့ဆိုတာကိုယ့်ဟာကိုသိပေါ့ စကားအများကြီးမပြောချင်ပါဘူးဆိုနေမှ ''
ပြောဆိုပြီးတခြားနေရာထွက်သွားတယ်။ထောင်းခနဲဒေါသကထွက်လာတယ်။မဟုတ်သေးဘူး။ဒီဆိုင်ဝင်ကတည်းကသောက်ချိုးကတစ်ယောက်မှမပြေတာ နေဦးပြီးမှ အကုန်လုံးစုပြီးဆော်ပစ်မယ်။
''ဟင်းပွဲရပါပြီ''
ပထမဆုံးစားပွဲထိုးကအငွေ့တထောင်းထောင်းထနေတဲ့စွပ်ပြုတ်အိုးလာချပေးတယ်။ခုနကသူ့ကိုဆဲလိုက်တဲ့စားပွဲထိုးကရေတစ်ခွက်လာချပေးပြီး
''ကြည့်ကျက်စားဦး စေတနာနဲ့သတိပေးတာ''
နှစ်ယောက်လုံးထွက်သွားတော့မှ ကျန်းချန်ဇွန်းကောက်ကိုင်ပြီးတစ်ဇွန်းခပ်သောက်တယ်။မဆိုးပါဘူး။နောက်တစ်ဇွန်းခပ်သောက်တယ်။နဲနဲတော့စပ်လာတယ်။နောက်တစ်ဇွန်းခပ်သောက်တဲ့အချိန် ဝါးလို့မရတဲ့တစ်ခုကပါးစပ်ထဲခုနေလို့ပြန်ထုတ်ကြည့်တော့ အလုံးလေးတစ်ခု။အားနဲ့နှစ်ခြမ်းခွဲကြည့်တော့စာလိပ်လေးထွက်လာတယ်။ဖြန့်ပြီးဖတ်ကြည့်တော့
//စော်ရှိလား???//
''ဒီမအေ ဟေ့ စားဖိုမှူးဆိုတာဘယ်ကောင်တုန်း လာခဲ့စမ်း''
ကျန်းချန်ဒေါသတကြီးပြောတော့ခုနကစေတနာနဲ့သတိပေးတာလို့ပြောခဲ့တဲ့စားပွဲထိုးကရောက်လာပြီး
'' မပြောဘူးလား ကြည့်စားလို့ အခုတော့စောက်ပြဿနာတက်ပြီမလား''
''မင်းသောက်ပါးစပ်ပိတ်ထား !!!"
"ငလူးလေးကလည်းစိတ်ကြီးဘဲ အာ့ကြောင့်စော်မရှိတာ''
''ဟေ့ကောင်!!"
''ဘာများဖြစ်လို့လဲဗျ ''
စားဖိုမှူးရောက်လာတာနဲ့ကျန်းချန် ခုနကစာလိပ်ကိုပေးလိုက်တယ်။
''မင်းတို့ဆိုင်ကဝန်ထမ်းတွေတစ်ယောက်မှသောက်ချိုးမပြေဘူး ဒီစာလိပ်ကရောဘာသဘောတုန်း ဒါသက်သက်လူကိုစော်ကားတာ''
စားဖိုမှူးကလေသံပျော့လေးနဲ့ပြောရှာတယ်
''စိတ်လျော့ပါ စိတ်လျော့ပါ ဒါကျွန်တော်တို့ဆိုင်ရဲ့အစဉ်အလာပါဗျ ကျန်တဲ့လူတွေတော့ဘာမှမဖြစ်ဘဲအကို့ကျမှဒီလိုဆိုတော့ တောင်းပန်ပါတယ်တယ်ဗျာ စာလိပ်ရေးတဲ့လူကနောက်လိုက်တာနေမှာပါ''
''မလိုချင်ဘူး ခင်ဗျားတို့ဒါရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ ဒီဆိုင်ဝင်ထိုင်ကတည်းတစ်စက်မှအဆင်မပြေဘူး ''
''တောင်းပန်ပါတယ်ဗျာ အဲ ဒါနဲ့ အကိုကတစ်ယောက်တည်းလာတာလား''
''လာပြန်ပြီ ဒီစောက်မေးခွန်းဘဲမေးနေတယ် ဘာဖြစ်လဲ တစ်ယောက်တည်းလာတာ''
''သြော် မဟုတ်ပါဘူးကျွန်တော်တို့ကဘာမှမဖြစ်ပါဘူး နောက်ဆိုအကိုဒီဆိုင်လာမယ်ဆိုအကိုဆိုင်ထဲမဝင်ခင်ဆိုင်ရှေ့ကဆိုင်းဘုတ်ကိုသေချာလေးဖတ်စေလိုပါတယ်ဗျ ''
''ဘာဆိုင်လို့တုန်း ထားတော့ ပိုက်ဆံရှင်းပြီးပြန်မယ် တကယ့်ဟာတွေ''
''ဟုတ်ကဲ့ ဟုတ်ကဲ့ အကို့ကိုလျော်ကြေးအနေနဲ့ ကျွန်တော်တို့ဆိုင်ရဲ့''ညတိုင်းဝင်တဲ့ဒီပျက်ရှင်''ဆိုတဲ့နာမည်ကြီးဟင်းတစ်ပွဲလက်ဆောင်ပေးလိုက်ပါ့မယ် ဒီတစ်ခါတော့ဘာအမှားမှမပါစေရပါဘူး''
စားဖိုမှူးထည့်ပေးတဲ့ဟင်းပွဲယူပြီးတာနဲ့ငွေရှင်းဖို့ကောင်တာဆီထွက်လာတယ်။စာရင်းကိုင်ကကျသင့်ငွေတွက်ပြီး
''တစ်သောင်းငါးထောင်ကျပါတယ်''
''ဟင် ဟေ့ အဲ့ဟင်းကအဲ့လောက်ရှိလို့လား မင်းတွက်တာမှားနေပြီထင်တယ် ''
''စုံတွဲတွေဆိုပရိုမိုးရှင်းအနေနဲ့တစ်ထောင့်ငါးရာဘဲပေးရပါတယ် တစ်ကိုယ်တည်းသမားတွေလာစားရင်တော့တစ်သောင်းငါးထောင်ကျပါတယ် ပေးမှာလား မပေးဘူးလား''
''ဒါပေမဲ့ ရှေ့ကငွေရှင်းသွားတဲ့တစ်ယောက်ကလည်းတစ်ယောက်တည်းလာတာလေ သူကျတော့ရောမင်းထောင့်ငါးရာဘဲယူတာမလား ငါတွေ့တယ်''
''သူကသူ့ကောင်လေးနဲ့လာစားနေကျပါ ဒီနေ့သူ့ကောင်လေးကစားနေတုန်းအရေးကြီးလို့အရင်ပြန်သွားတာပါ''//သူ=ရှစ်ချင်းရွှမ်//
''ဖြစ်ရမယ် ဒါလူတန်းစားခွဲခြားတာ''
''မယုံရင်ဆိုင်ထဲကလူတွေကိုပြန်ကြည့်လိုက်ပါ သူ့လူနဲ့သူရှိပါတယ် ဧည့်သည်ကဘဲတစ်ယောက်တည်းဖြစ်နေတာပါ''
ကျန်းချန်သေချာပြန်ကြည့်တော့ ဟုတ်သား အကုန်လုံးကအတွဲကိုယ်စီနဲ့ သြော်ဟော်ဟော် ဒါကြောင့် သူဆိုင်ထဲဝင်ကတည်းကသူ့ကိုအထူးအဆန်းလိုကြည့်နေတာကိုးစောက်RSတွေ လဲသေလိုက်!!
'' နောက်ဆို ဆိုင်ထဲမဝင်ခင် ဆိုင်ရှေ့ကဆိုင်းဘုတ်ကိုသေချာဖတ်ခဲ့ပါ ကျေးဇူး!"
''အေးပါ ကျေးဇူးရှင်ရယ်''
ကျန်းချန်ပိုက်ဆံကိုကောင်တာပေါ်ဆောင့်အောင့်တင်ပြီးဆိုင်ထဲကထွက်လာတယ်။သေမလိုဆိုင်းဘုတ်ကိုဖတ်ခိုင်းနေရအောင်ဒီဆိုင်ကဘာများကြီးကျယ်နေလို့တုန်း
အဲ့လောက်တောင်ဖြစ်လှတာဆိုပြီးကျန်းချန်ဆိုင်ရှေ့ကသတိပြုရန်ဆိုတဲ့ဆိုင်းဘုတ်ကိုသွားဖတ်လိုက်တယ်။တော်တော်ဆိုးဆိုးရွားရွားရေးထားတဲ့လက်ရေးနဲ့ရေးထားတာမို့သူဆိုင်ထဲမဝင်ခင်မမြင်မိလိုက်တာဘဲ။
"သတိပြုရန်''
1.ပထမဆုံးသင်ဒီဆိုင်ထဲမဝင်ခင် ဆိုင်နာမည်ကိုသေချာဖတ်စေလိုပါတယ်။ဒီဆိုင်ကစုံတဲ့တွေအတွက်သီးသန့်ဖွင့်တာမို့ သင်ဟာတစ်ယောက်တည်းသမားဆိုရင်လာရာလမ်းကိုချက်ချင်းပြန်လှည့်လိုက်ပါ။အကယ်၍များ ဇွတ်အတင်းဝင်မယ်ဆိုရင်ဘာဖြစ်မလဲဆိုတာသိချင်ရင်အောက်မှာဆက်ဖတ်ပါ
2.သင်ဟာဆိုင်ထဲဝင်ထိုင်လိုက်တာနဲ့လေသံရောမျက်နှာပါအချိုးမပြေတဲ့စားပွဲထိုးနဲ့တွေ့ပါလိမ့်မယ်။သူသင့်ကိုမီနူးကတ်ပေးပါလိမ့်မယ်။သတိထားပါ။အဲ့မီနူးကတ်ကနှစ်ယောက်ဖတ်မှဟင်းမှာလို့ရတာပါ။အကယ်၍သင်ကကိုယ့်အားကိုယ်ကိုးပြီးဖတ်ပေမဲ့ ဖတ်မရတဲ့အခါဘာဖြစ်မလဲဆိုတာသိချင်ရင်အောက်မှာဆက်ဖတ်ပါ
3.သင်ကြိုးစားဖတ်ကြည့်ပါတယ် ဒါပေမဲ့ ဖတ်မရလို့စားပွဲထိုးကိုမေးဖို့ကြံတယ်ဆိုရင် သေချာပါပြီ သင်အဆဲခံရတော့မှာပါ
4.သင်ဟင်းပွဲစောင့်နေတဲ့အချိန် သတ်လက်လွတ်မနေပါနဲ့ ဆိုင်ကဝန်ထမ်းတွေရဲ့အခြေအနေကိုအကဲခတ်ပါ သန့်ရှင်းလုပ်နေတာမြင်ရင်အလိုက်တသိနဲ့ပါဝင်ကူညီပေးပါ မဟုတ်ရင်တော့ သင့်ကိုစာအရှည်ကြီးနဲ့အပေါ်ဆီးကဆက်ဆံသွားပါလိမ့်မယ်
5.မှာထားတဲ့ဟင်းရောက်လာတဲ့အချိန် စားပွဲထိုးရဲ့စေတနာနဲ့သတိပေးတဲ့စကားကိုသေချာမှတ်ထားပါ မဟုတ်ရင် သင်အစော်ကားခံလိုက်ရပါမယ်
6.ဟုတ်ပါပြီ သင်အစော်ကားခံလိုက်ရပါပြီ ဒါကြောင့်စားဖိုမှူးကအလျော်ပေးတဲ့ဟင်းပွဲယူပြီးကောင်တာကိုငွေရှင်းဖို့ထွက်လာပါတယ်။စားဖိုမှူးပေးတဲ့ဟင်းပွဲကိုမငြင်းဘဲယူပြီးကောင်တာလာမိရင်ဘာဖြစ်မလဲဆိုတာသိချင်ရင်အောက်မှာဆက်ဖတ်ပါ
7.ကောင်တာကစာရင်းကိုင်ကသင့်ဘဝအခြေအနေကိုကွက်ကွက်ကွင်းကွင်းမြင်အောင် အလင်းပြပါလိမ့်မယ်။ဘယ်စုံတွဲစားသုံးသူမှ အိမ်ပြန်ရင်ဟင်းပွဲယူမသွားပါဘူး။သင်ဟင်းပွဲယူပြီးငွေရှင်းဖို့လာတယ်ဆိုကတည်းက စာရင်းကိုင်ကသင်ဟာတစ်ကိုယ်တည်းသမားဖြစ်ကြောင်းသိရှိသွားပြီမို့ဖြစ်ပါတယ်
8.ဘာကြောင့် သင့်ကိုဆိုင်ထဲကဝန်ဝမ်းတွေသောက်ချိုးမပြေဆက်ဆံနေတာကိုသိချင်ရင်အောက်ကအချက်မှာဆက်ဖတ်ပါ
9.အကြောင်းက သင်ဟာFaမို့ပါ
10.ဒါကြောင့် သင်ဆိုင်ထဲမဝင်ခင် ဒီဆိုင်းဘုတ်ကိုသေချာဖတ်စေလိုပါတယ်ကျေးဇူး!
ပုံ//ကိုကို့ရဲ့စန်းလန်
ကျန်းချန်-……
There are no comments yet. Log in to be the first to leave a review!




