Fanfics

ĂŠp 19

10:37, 26 July 2023

အခန်းတစ်ခုထဲတွင် သံကြိုးတွေဖြင့် ချည်နှောင်းထားခံရသည့်လူတစ်ယောက်။ ပတ်၀န်းကျင်အား ခပ်စိမ်းစိမ်းအကြည့်သေတွေဖြင့် စိုက်ကြည့်နေကာ ခေါင်းကိုအတွင်တွင်ခါယမ်းနေလေသည်။ ထိုသူသည်ကား ကင်မ်မီဆိုပင်ဖြစ်သည်။

"မဟုတ်ဘူး မဟုတ်ဘူး"

သူမအနှစ်နှစ်အလလ ဖုံးကွယ်ထားခဲ့သည် psychoဆိုသည့်ဤအရာကြီးက ကင်မ်ထယ်ယောင်းဆိုသည့်သူနှင့် ပြန်ဆုံတွေ့ကာမှ ဖြစ်လာရပြန်သည်။ ကင်မ်ထယ်ယောင်းကို သူမသိပ်မုန်းသည်။ သူမရဲ့ မကောင်းတဲ့စရိုက်မှန်သမျှကို သူနှင့်မှ ဖုံးဖိလို့မရအောင် ပေါ်လာခဲ့ရသည်။ သူမ၏ပုံမှန်ဖြစ်နေသည့်စိတ်က ကင်မ်ထယ်ယောင်း လူပျိုပေါက်ဖြစ်လာချိန်မှာ ဆိုးရွားဖောက်ပြန်လာသည်။ ကင်မ်ထယ်ယောင်းက ယောကျာ်းလေးဖြစ်ပြီး လှသည်။ နူးညံ့သည်။ ယဉ်ကျေးသည်။ လူတိုင်းကို ဖော်ရွေတတ်ပြီး လူတိုင်း၏အချစ်ခံပုဂ္ဂိုလ်လည်းဖြစ်သည်။သူမကတော့ ထိုလူသားနှင့် ဆန့်ကျင်စွာပင်။ ဆိုးသည်။ ကြမ်းတမ်းသည်။ တစ်ဇွတ်ထိုးနိုင်ပြီး တစ်ယူသန်သည်။ လှသည်ဆိုသည့် ဂုဏ်ပုဒ်ကလွဲလျှင် ကောင်းသည်ဆိုသောအရာတွေကို သူမမပိုင်ဆိုင်ခဲ့ပေ။ ထို့ကြောင့်ပင် ထယ်ယောင်းကို သူမမုန်းသည်။

သူ့ကြောင့်နှင့် စိတ်ဆေးရုံမှာ ခြောက်လလောက်နေခဲ့ရသည်။ သူ့ကို သူမရဲ့ချစ်သူဖြစ်သည့်လူက ချစ်ကြောင်းဖွင့်ပြောသည်ဆို၍ ပေါက်ကွဲရာကနေ မထိန်းနိုင်ပဲ စိတ်လွတ်သွား၍ စိတ်ဆေးရုံရောက်ခဲ့ရခြင်းပင်။ ထိုဆီကနေ ထွက်ပြေးပြီး အိမ်ပြန်လာကာ တစ်ယောက်တည်း တံခါးပိတ်နေရင်း ကိုယ့်ကိုယ်ကို ပြန်ကုသရသည်။ ပြန်ကုသပြီး သက်သာလာသည့်နောက်တွင် ကင်မ်မီဆို ထယ်ယောင်းကို သည်းခံပြီးပေါင်းသင်းကြည့်သည်။ သို့ပေမယ့်လည်း စိတ်တိုလာတိုင်း ထိုလူသားအောင် သေလောက်အောင် ရိုက်နှက်လိုက်ရမှ စိတ်ကပြေတတ်သည်။မဟုတ်လျှင် တစ်နေကုန် စိတ်မကြည်ဘဲ ဖြစ်တတ်သည်။

ထို့နောက်တွင်တော့ ဂျောင်ကု။ သူ့ကို စမြင်မြင်ချင်း သိပ်ကိုစွဲလမ်းခဲ့သည်။ ကင်မ်ထယ်ယောင်းက သဘောကျနေသည့်လူဆိုပြီး ပြရာကနေ အမှတ်မထင်မြင်မိပြီး မူးယစ်ဆေးလို စွဲမက်သွားသည့်ထိုလူ။ ကမ်ထယ်ယောင်းကလည်း ထိုလူ့နောက်ကို တစ်ကောက်ကောက်လိုက်ကာချောင်း၏။ မုန်းသည်။ သူလုပ်နေတာတွေကို ဂျောင်ကုက သတိထားမိပြီး သူ့အပေါ် ဂျောင်ကု စိတ်ယိုင်သွားမှာ သိပ်ကိုစိုးရိမ်သည်။ ထို့ကြောင့်လည်း ဂျွန်မိသားစုအကြောင်း စုံစမ်းပြီး ဂျွန်ဂျီအွန်းနဲ့ မိတ်ဆွေဖွဲ့ခဲ့သည်။ ထို့နောက် ဂျွန်ဂျီအွန်းဆိုသည့် သူမမွေးနေ့ပွဲမှာ ထယ်ယောင်းကိုခေါ်သွားပြီး အိပ်ဆေးခတ်ကာ ကြံခဲ့သည်။

‌ဂျွန်ဂျောင်ကုက gayဆိုလျှင် သေလောက်အောင်မုန်းသည်။ ထိုသို့သောလူမျိုးက သူ့အားမတရားတဲ့နည်းနဲ့ ယူပါသည်ဆိုသော ယောကျာ်းအား အဘယ်သို့ ချစ်နိုင်မည်နည်း။

သူမက ထယ်ယောင်းနဲ့ဂျောင်ကုကို ဝေးစေချင်သည်။ ဂျီအွန်းက ဆိုယောင်းနဲ့ဂျောင်ကုကို ဝေးစေချင်သည်။ ထိုသည်နှင့်ပင် သူမနှင့်ဂျီအွန်းတိုင်ပင်ကာ ဂျောင်ကုနဲ့ထယ်ယောင်းကို အိပ်ဆေးခတ်ပြီး အတူအိပ်စေခဲ့သည်။ ထိုသည်ကပင် သူမ၏ မဟာအမှားဖြစ်နေခဲ့သည်ကို နောင်တရ၍မဆုံး။

မုန်းသည်ဆိုပေမယ့်လည်း လက်ထပ်သွားသည်။ တကယ်ဆိုရင် သူမက ထယ်ယောင်းကို ဂျောင်ကုရဲ့အဝေးတွန်းပို့ခဲ့သည်မဟုတ်ပါလား။ သို့ပေမယ့်လက်တွေ့မှာ ထယ်ယောင်းက ဂျောင်ကုအနီးဆုံးကို ရောက်သွားရသည်။ သူမတို့ကြံစည်ခဲ့တဲ့အရာက ဂျီအွန်းအတွက် အဆင်ပြေပေမယ့် သူမအတွက် အဆင်ပြေမနေခဲ့ပါ။ သူမနှင့် ပြန်တိုင်ပင်ရန်ပြောတော့လည်း "ဆိုယောင်းနဲ့ကွဲရင်ပြီးရော ဘယ်သူနဲ့ရရ"တဲ့။ ထိုတင်မှာတင် စိတ်သဘောထားကွဲကာ သူမတို့ မိတ်ဆွေ ဆက်ဆံရေးပြီးဆုံးသွားခဲ့သည်။

မမဆိုယောင်းဟု ပါးစပ်ဖျားကမချခေါ်နေသူက လက်တွေ့မှာ သူ့အကိုရဲ့အဝေးဆုံးကို တွန်းထုတ်ချင်နေတာတဲ့လား။ သူမလုံး၀မှားခဲ့သည်။ ထိုညကကိစ္စကို ပြန်တွေးတိုင်း ကိုယ့်အမှားကိုတွေးကာ တွေးမိတိုင်း နောင်တရဆဲပင်။ ထိုကိစ္စတောင် စိတ်တိုလို့မှမဆုံးသေး ယခု ထယ်ယောင်းက ကိုယ်၀န်ရှိသည်တဲ့လား။ ခေါ်တာတောင် 'ဗိုက်ကလေး' ဆိုပဲ။

"အဟက်! ဟား ဟား ဟား"

သံကြိုးတွေကြားမှ ခြောက်ကပ်ကပ်‌ရယ်သံဖြင့် သူမအော်ရယ်လိုက်မိသည်။ သူမ သိပ်မုန်းတဲ့သူက သူမမြတ်နိုးရသူရဲ့ အသွေးအသားကို မွေးထုတ်ပေးမည်တဲ့လား။ တကယ်ဆို ထိုနေရာမှာ သူမ,ဖြစ်သင့်တာ။ ဟုတ်တယ် သူမ,ပဲဖြစ်သင့်တာ။

"ကင်မ်ထယ်ယောင်း နင် သေကိုသေရမယ် ဟား ဟား ဟား"

နားကျဉ်းမှုတွေပြည့်နေသည့် မျက်၀န်းအိမ်တွေက နံရံတွေအား ခပ်စူးစူးပင် စိုက်ကြည့်နေလေသည်။

"ငါ ဆေးရုံကဆင်းတဲ့နေ့ နင်သေရမယ်"

----------------------------------------------------------------------------------

"baby"

ယွန်ဂီခေါ်သံကြောင့် ဂျီမင်းကုတင်ပေါ် ကျောပေးလှဲနေရာမှ မျက်နှာချင်းဆိုင်သို့ လှည့်လာလေသည်။ မကြည့်ရက်နိုင်ဘူး။ ၀မ်းနည်းမှုတွေကြီးစိုးနေတဲ့ မျက်၀န်းတွေ။ မျက်ရည်တွေစိုစွတ်နေတဲ့ မျက်လုံးတွေက ရင်ကိုအစိမ်းလိုက်ခွဲနေသလိုပင် နာကျင်ရလွန်းသည်။အရာရာမှာသူတစ်ပါးအပေါ်ငဲ့ကွက်တတ်တဲ့ ဒီလူသားလေးကို အဘယ်စိတ်နှင့် တစ်ယောက်တည်း ထားခဲ့နိုင်မည်နည်း။ ဒီ‌ဆရာ၀န်လေးကို မထားခဲ့နိုင်ပေမယ့်လည်း မပြီးပြတ်သေးသောကိစ္စတွေကြောင့် ‌ေခတ္တဝေးရဦးမည်။ ဒီလူသားလေးကို သူစိတ်ချလက်ချထားခဲ့နိုင်သည်ဆိုလျှင် သူလိမ်ရာကျပါလိမ့်မည်။ ရှေ့ဆက်ရမည့်နေ့ရက်တွေမှာ‌တောင် သူ့ကိုစိတ်မချသည့်စိတ်က လုပ်ဆောင်ရမည့် mission တွေမှာ နှောင့်နှေးစေနိုင်လောက်သည်။ သို့ပေမယ့် တွေဝေနေ၍မဖြစ်ပေ။ ဒီ mission ပြီးမှ ဒီဆရာ၀န်လေးအနားကို သူအပြီးတိုင်လာနေနိုင်မှာပင်။

"ချစ်တယ်နော် baby"

ဂျီမင်းဘာမှပြန်မဖြေမိပါ။ အတူနေလာခဲ့သည့်တစ်လျှောက်လုံး သူကပဲချစ်တယ်ပြောပြီး ယခုတော့ သူကထားသွားတော့မည်။ ဘာမှမပြောပဲ နှုတ်ဆိတ်နေခဲ့တဲ့ကိုယ်ကသာ ချန်ထားခဲ့ခံရသူဖြစ်နေလေသည်။

"ကိုယ်က အချစ်ဆိုတဲ့စကားလုံးတွေကို ကဗျာလက်ာတွေ ဖွဲ့‌မပြောတတ်ဘူး baby၊ ဒါပေမယ့် မင်းအပေါ်ချစ်တဲ့ ကိုယ့်အချစ်တွေက တကယ်စစ်မှန်ပါတယ်"

"အင်း"

ဂျီမင်း အားမရှိစွာဖြင့်သာ ခေါင်းငြိမ့်လိုက်မိသည်။ သူ့ကိုဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်းကို နှုတ်က ထုတ်မပြောခဲ့ပေမယ့် ရင်ဘတ်နှင့် မဆန့်လောက်အောင်ပင် ချစ်ခဲ့ပါသည်။ ချစ်ခြင်းတွေကို ထုတ်မပြခဲ့ပေမယ့်လည်း သူ့အပေါ်မှာ အကောင်းဆုံးဖြစ်အောင် ပြုမူနေထိုင်ပေးခဲ့သည်။ ထိုသည်ကိုများ ဘာကြောင့်မို့ ကိုယ်နဲ့ဝေးရာကို ထိုးထွက်ချင်ရပါသနည်း။

"babyရာ ဒီလိုကြီးမနေပါနဲ့နော် ကိုယ်သွားခါနီး စိတ်မချဖြစ်အောင်ကွာ"

"မသွားလို့မရဘူးလား"

ဂျီမင်း မျက်နှာလေးညှိုးနွမ်းကာဖြင့် မေးလိုက်မိသည်။ ဖြစ်နိုင်လျှင် ယခုသူသွားမည့်နေရာကို မသွားစေချင်တာအမှန်ပင်။ ဘာကြောင့်ရယ်မသိပေမယ့် စိတ်ထဲမှာ လေးလံနေသည်မို့ ထိုခရီးကို မသွားစေချင်ပေ။ သို့ပေမယ့်လည်း သွေးစုပ်ဖုတ်ကောင်က တားမရဖြစ်နေသည်။

"ကိုယ်သွားမှ ဖြစ်မှာမို့ပါ"

"ဒါဆို ကတိပေး အသေအချာ ပြန်လာပါ့မယ်လို့"

"အဲ့ဒါဆို baby စိတ်ချမ်းသာမှာလား"

ဂျီမင်းမျက်နှာပြုံးမနေပေမယ့်လည်း မှိုင်နေတာလေး အနည်းငယ် လျော့ကျသွားလေသည်။

"သေချာပြန်လာမှာမို့ လိမ်လိမ်မာမာနဲ့ စောင့်နေပေး"

ဆိုကာ နှုတ်ခမ်းကို ခပ်ဖွဖွနမ်းကာ ကျောပေး၍ ထွက်သွားလေသူ။ ခေါ်လာကာစက ဒဏ်ရာဗလပွနဲ့သူက ပြန်ထွက်သွားတော့ လူကောင်းပကတိပင်။ ပြန်လာရင်လည်း အကောင်းပကတိအတိုင်း ပြန်လာခဲ့ပါ ကျွန်တော့်ရဲ့လူကြီး။

"ဟင့် ! "

သူထွက်မသွားခင်ကတည်းက ထိန်းချုပ်ထားသည့် မျက်ရည်တွေက ယခုတော့ တာကျိုးသလိုပင် ထိန်းချုပ်၍ပင်မရ‌ေတာ့ချေ။ ထားသွားပြီ။ သူတစ်ကယ်ထားသွားခဲ့ပြီ။ မသေချာတဲ့ ပြန်ဆုံချိန်ကိုစောင့်ရင်း နောက်ရက်တွေမှာ သူ(Jimin)အသက်ဆက်ရဦးမည်။ လွမ်းသည်ဆိုတာထက် ၀မ်းနည်းမှုကသာပိုလိမ့်မည်။ တစ်ဦးတည်း‌သာရှိသော ဂျီမင်းဘ၀မှာ မင်ယွန်ဂီကသာ ခင်တွယ်ရာ.........

✨✨✨✨✨✨✨✨✨✨✨✨

မတတ်သာ၍သာ သူ့အနားကထွက်ခွာခဲ့ရသော်လည်း နောက်ဆံတင်းနေသည့်စိတ်က လုံးလုံးမှ စိတ်မချနိုင်ပေ။ ထွက်လာခါနီးမှာ ငြိုးငယ်နေသည့် သူ့မျက်နှာလေး ချစ်တယ်ဆိုတာ ထုတ်မပြောရင်တောင် အတိုင်းသားမြင်နိုင်ပါ၏။ သိပ်ချစ်တယ် baby။ မင်းကိုသိပ်ချစ်တာမို့ မင်းအနားကို ကိုယ်အရောက်ပြန်လာခဲ့မှာပါ။ မင်းကပဲ ကိုယ့်ကို သစ္စာရှိရှိနဲ့စောင့်ပေး။ ဂျီမင်းရှိနေသော တိုက်ခန်းလေးအား ခပ်ဆွေးဆွေးလှမ်းကြည့်လိုက်ရင်း အသင့်စောင့်နေသော နောက်ဆုံးပေါ်ကားကြီးပေါ်သို့တတ်ကာ ကားအနောက်ခန်းထဲ၌ နေရာယူလိုက်လေသည်။

"သခင်လေး သူ့ကိုစောင့်ကြည့်ပေးရမလားဗျ"

ယွန်ဂီ၏လူယုံဖြစ်သည့် Loyကမေးလာခြင်းပင်။ ယွန်ဂီငယ်ငယ်ကတည်းက အမြဲတကောက်ကောက်ပါနေတတ်သည့် သူငယ်ချင်းတစ်ယောက်လည်းဖြစ်သလို လူယုံလည်းဖြစ်သူမို့ ယွန်ဂီအနည်းငယ် စဉ်းစားပြီးခေါင်းငြိမ့်လိုက်သည်။ ဒီတစ်ခေါက်လုပ်မယ့်ကိစ္စက မသေးတာမို့ ပတ်ဂျီမင်းကို တစ်ဖက်လူက စုံစမ်းမိသွားရင် သူဒုက္ခရောက်နိုင်သည်။

"Loy "

"ဟုတ်ကဲ့သခင်လေး"

"နောက် နှစ်လနေရင် အဲ့ဒီတိုက်ခန်းထဲက ကောင်လေးကို ငါလက်ထက်ယူမှာမို့ သူ့ကိုသေချာစောင့်ရှောက်ထား ငါအိမ်ပြန်ရောက်ရင် bodyguard တွေ ထပ်လွှတ်ပေးမယ်"

"စိတ်ချပါ သခင်လေး၊ Loyကို သခင်လေး စိတ်မပျက်စေရပါဘူး"

"ငါစိတ်ပျက်ရင်လည်း မင်းဘာဖြစ်သွားမလဲ သိတယ်မို့လား"

"သိပါတယ် သခင်လေး၊ ဒါပေမယ့် ကျွန်တော်က သေမှာကြောက်လို့တော့မဟုတ်ဘူး၊ သခင်လေးဆီကရထားတဲ့ ယုံကြည်မှု ကျိုးပျက်သွားမှာကိုပဲစိုးတာ"

"အပြောနဲ့မဟုတ်ပဲ လက်တွေ့ပြ"

ပြောပြီး loyအား ကားပေါ်မှဆင်းစေကာ ဂျီမင်းတိုက်ခန်းဘေးတွင်နေရန် မှာပြီးနောက် credit cardအားပေးကာ အိမ်သို့ပြန်ခဲ့လေသည်။ တစ်နေ့ကျရင် ကိုယ်မင်းကိုအပိုင်လာယူမှာပါ ကလေးငယ်။

......................................................

"ဂျွန်"

ကုမ္ပဏီရုံးခန်းထဲရှိ ဆိုဖာပေါ်၌ထိုင်ကာ မုန့်စားနေသော ဗိုက်ကလေးက အလုပ်လုပ်နေသော သူ့အားလှမ်းခေါ်ခြင်းပင်။ အရင်က သူ့ကိုဆိုမော့မကြည့်ရဲလောက်အောင် စိုးရွံနေခဲ့သူက ယခုတော့ ကတ်ကတ်လန်အောင်ပင် တစ်ခွန်းမကျန်ပြန်ပြောလေသည်။ အစားဆိုရင်လည်း ဘယ်လောက်စားစား၀သည်မရှိဘဲ အစားနဲ့ပါးစပ်ကို မပျက်အောင်စားနေတတ်သည်။ ထို့ထက်ထူးခြားသည်က ဗိုက်ကလေးကိုယ်၀န်ရှိလာပြီးနောက်ပိုင်းမှာ အသားအရည်တွေပိုလှလာသည်။ ရုပ်ရည်ကလည်း အရင်ကထက် ပိုကြည့်ကောင်းလာပြီး စွာလည်းစွာလာသည်။ တစ်ချို့အတွေ့အကြုံရှိသူတွေကတော့ မိန်းကလေးဟုလည်း ထင်ကြေးပေးကြသေး၏။ သားလေးပဲဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် ကိုယ့်အသွေးအသားကို သူကိုယ်တိုင်မွေးပေးလာသည်မို့ မတင်းတိမ်နိုင်တဲ့ချစ်ခြင်းတွေနဲ့ ချစ်ပေးဖို့ရည်ရွယ်ထားပြီးသားပင်ဖြစ်သည်။

"ဂျွန်လို့ ငါခေါ်တာမထူးဘဲ ဘယ်ကိုငေးနေတာလဲလို့"

"မငေးပါဘူးကွာ မောင့်ဗိုက်ကလေးက တစ်နေ့တစ်ခြားပိုလှလာလို့ ကြည့်မ၀ဖြစ်နေတာ"

"ဟီး ဒါဆို ငါတို့ညကျရင် အိပ်ယာပေါ်မှာကစားကြမလား"

"ဘာ!!!"

ဆိုဖာပေါ်ထိုင်ကာမုန့်စားနေရာမှ မျက်နှာချိုသွေးကာ အနားသို့လျှောက်လာကတည်းက သူလိုချင်တာရှိပြီမှန်းသိသော်လည်း ခါတိုင်းလို ပစ္စည်းတစ်ခုခုကိုသာ ပူဆာမည်ဟု ထင်ထားမိပေမယ့် မထင်မှတ်စွာပင်ပြောလာသော စကားကြောင့် ဂျောင်မှာ ဟန်ပင်မဆောင်နိုင်အောင် အံ့ဩသွားရလေသည်။ အခုမှ သူ့ကိုယ်၀န်က သုံးလကျော်ကျော်ပဲရှိသေးသည် မဟုတ်ပါလား။ ဒါတောင် ယောကျာ်းလေးဗိုက်မို့ သိပ်ပြီးပူထွက်မနေခြင်းပင်။ ဒီကာလအတွင်း အတူနေတာကို ရှောင်ပါလို့ ဂျီမင်းဟျောင်းကမှာထားတာတောင် သူကလူကိုလာဆွနေသေးသည်။

ထို့နောက် စာရင်းခုံ၌ ထိုင်နေသော ဂျောင်ကုအားလက်မောင်းကနေဆွဲ၍ ထစေလိုက်ကာ ဆိုဖာရှိရာသို့ပြန်ဆွဲခေါ်လာရင်း ဂျောင်ကုကို ဆိုဖာပေါ်၌ ထိုင်စေလိုက်သည်။ ထယ်ယောင်းသည်လည်း ဂျောင်ကုဘေး၌ ၀င်ကာထိုင်လိုက်ရင်း....

"ငါ ဂျီမင်းဟျောင်းကို မေးပြီးပြီဂျွန်ရဲ့ ကိုယ်၀န်ရှိချိန် ၄လကနေ ၇လအထိ အတူနေလို့ရတယ်တဲ့ အကြမ်းကြီးတော့ မလုပ်ရဘူးတဲ့"

"ဒါမျိုးကျ သွက်တယ်နော် မောင့်ဗိုက်ကလေးက"

ခပ်စ,စပြုံးကာ ပြောလာသော ဂျောင်ကုကြောင့် ထယ်ယောင်း ကိုယ့်ကိုယ်ကိုတောင် မလုံမလဲဖြစ်လာရသည်။ သူအရမ်းလိုချင်နေတာ သိသာသွားပြီလား။ မတတ်နိုင်ပါ။ ချဥ်ချင်းတတ်သည်ကလည်း သူများတွေလိုမဟုတ်ဘဲ အတူနေချင်သည်တဲ့လေ။ ဘယ်လိုတောင် အရှက်မဲ့တဲ့ချဉ်ချင်းမျိုးလဲ မသိပေ။

"ကောင်းပြီ ညကျမှ ရပ်ပေးပါလို့ပြောရင် မရဘူးနော်။ ဗိုက်ကလေးဘက်က,စပြီးတောင်းဆိုတာမို့ မောင်မကျေနပ်မချင်း ရပ်မပေးနိုင်ဘူး"

"အင်း ရတယ် မောင်ကြိုက်သလိုလုပ်"

"ဟမ်! ဗိုက်ကလေး ဘယ်လိုခေါ်လိုက်တယ်"

"မောင်လို့လေ အဲ...."

သတိလက်လွတ်ထွက်သွားပြီးကာမှ ထယ်ယောင်းနှုတ်ခမ်းကို ကိုက်ချလိုက်မိသည်။ စိတ်ထဲကနေခေါ်တာကို ဘယ်လိုလုပ်ပြီး အပြင်မှာပါ ပြောထွက်သွားရတာတုန်း။

"မှား မှားခေါ်မိတာ"

"ကြိုက်တယ် အဲ့ဒီအတိုင်းပဲခေါ်"

"ဒါ ဒါပေမယ့်"

"ခေါ်ဆိုခေါ်"

ခပ်တည်တည်ဖြင့်ပြောလာသော ဂျောင်ကုအသံက အနည်းငယ်မာလာသည်မို့ ထယ်ယောင်းယောင့်တတ်၍မရတော့မှန်း သိလိုက်ပါသည်။

"အင်း မောင် အွန့်"

ရုတ်တရက်လူကိုဆွဲနမ်းလာသောသူ့ကြောင့် ကိုယ့်မှာကြောင်အသွားရသော်လည်း သူကတော့ အေးဆေးစွာပင် အလုပ်ခုံရှိရာသို့ပြန်သွားလေသည်။ နေရာ၌ကျန်နေခဲ့သည့် ထယ်ယောင်းမှာသာ ကြောင်စီစီ။ သတိ၀င်လာ၍ လှမ်းကြည့်မိချိန်မှာတော့ သူကအလုပ်ပင်လုပ်နေလေပြီ။

အင်း...ညကျရင်တော့ သူတို့နှစ်ယောက်ရဲ့ ညတာ​တွေက ရှည်လျားကာ ပင်ပန်းရဦးမည်---------------

J JuliH

စာလုံးတွေက မစစ်ရသေးတာမို့ မှားတာပါရင် ချစ်တဲ့စိတ်နဲ့ပြင်ဖတ်သွားပေးနော်🥰🥰

Zawgyi

အခန္းတစ္ခုထဲတြင္ သံႀကိဳးေတြျဖင့္ ခ်ည္ႏွောင္းထားခံရသည့္လူတစ္ေယာက္။ ပတ္၀န္းက်င္အား ခပ္စိမ္းစိမ္းအၾကည့္ေသေတြျဖင့္ စိုက္ၾကည့္ေနကာ ေခါင္းကိုအတြင္တြင္ခါယမ္းေနေလသည္။ ထိုသူသည္ကား ကင္မ္မီဆိုပင္ျဖစ္သည္။

"မဟုတ္ဘူး မဟုတ္ဘူး"

သူမအႏွစ္ႏွစ္အလလ ဖုံးကြယ္ထားခဲ့သည္ psychoဆိုသည့္ဤအရာႀကီးက ကင္မ္ထယ္ေယာင္းဆိုသည့္သူႏွင့္ ျပန္ဆုံေတြ႕ကာမွ ျဖစ္လာရျပန္သည္။ ကင္မ္ထယ္ေယာင္းကို သူမသိပ္မုန္းသည္။ သူမရဲ႕ မေကာင္းတဲ့စရိုက္မွန္သမွ်ကို သူႏွင့္မွ ဖုံးဖိလို႔မရေအာင္ ေပၚလာခဲ့ရသည္။ သူမ၏ပုံမွန္ျဖစ္ေနသည့္စိတ္က ကင္မ္ထယ္ေယာင္း လူပ်ိဳေပါက္ျဖစ္လာခ်ိန္မွာ ဆိုး႐ြားေဖာက္ျပန္လာသည္။ ကင္မ္ထယ္ေယာင္းက ေယာက်ာ္းေလးျဖစ္ၿပီး လွသည္။ ႏူးညံ့သည္။ ယဥ္ေက်းသည္။ လူတိုင္းကို ေဖာ္ေ႐ြတတ္ၿပီး လူတိုင္း၏အခ်စ္ခံပုဂၢိုလ္လည္းျဖစ္သည္။သူမကေတာ့ ထိုလူသားႏွင့္ ဆန႔္က်င္စြာပင္။ ဆိုးသည္။ ၾကမ္းတမ္းသည္။ တစ္ဇြတ္ထိုးနိုင္ၿပီး တစ္ယူသန္သည္။ လွသည္ဆိုသည့္ ဂုဏ္ပုဒ္ကလြဲလွ်င္ ေကာင္းသည္ဆိုေသာအရာေတြကို သူမမပိုင္ဆိုင္ခဲ့ေပ။ ထို႔ေၾကာင့္ပင္ ထယ္ေယာင္းကို သူမမုန္းသည္။

သူ႕ေၾကာင့္ႏွင့္ စိတ္ေဆး႐ုံမွာ ေျခာက္လေလာက္ေနခဲ့ရသည္။ သူ႕ကို သူမရဲ႕ခ်စ္သူျဖစ္သည့္လူက ခ်စ္ေၾကာင္းဖြင့္ေျပာသည္ဆို၍ ေပါက္ကြဲရာကေန မထိန္းနိုင္ပဲ စိတ္လြတ္သြား၍ စိတ္ေဆး႐ုံေရာက္ခဲ့ရျခင္းပင္။ ထိုဆီကေန ထြက္ေျပးၿပီး အိမ္ျပန္လာကာ တစ္ေယာက္တည္း တံခါးပိတ္ေနရင္း ကိုယ့္ကိုယ္ကို ျပန္ကုသရသည္။ ျပန္ကုသၿပီး သက္သာလာသည့္ေနာက္တြင္ ကင္မ္မီဆို ထယ္ေယာင္းကို သည္းခံၿပီးေပါင္းသင္းၾကည့္သည္။ သို႔ေပမယ့္လည္း စိတ္တိုလာတိုင္း ထိုလူသားေအာင္ ေသေလာက္ေအာင္ ရိုက္ႏွက္လိုက္ရမွ စိတ္ကေျပတတ္သည္။မဟုတ္လွ်င္ တစ္ေနကုန္ စိတ္မၾကည္ဘဲ ျဖစ္တတ္သည္။

ထို႔ေနာက္တြင္ေတာ့ ေဂ်ာင္ကု။ သူ႕ကို စျမင္ျမင္ခ်င္း သိပ္ကိုစြဲလမ္းခဲ့သည္။ ကင္မ္ထယ္ေယာင္းက သေဘာက်ေနသည့္လူဆိုၿပီး ျပရာကေန အမွတ္မထင္ျမင္မိၿပီး မူးယစ္ေဆးလို စြဲမက္သြားသည့္ထိုလူ။ ကမ္ထယ္ေယာင္းကလည္း ထိုလူ႕ေနာက္ကို တစ္ေကာက္ေကာက္လိုက္ကာေခ်ာင္း၏။ မုန္းသည္။ သူလုပ္ေနတာေတြကို ေဂ်ာင္ကုက သတိထားမိၿပီး သူ႕အေပၚ ေဂ်ာင္ကု စိတ္ယိုင္သြားမွာ သိပ္ကိုစိုးရိမ္သည္။ ထို႔ေၾကာင့္လည္း ဂြၽန္မိသားစုအေၾကာင္း စုံစမ္းၿပီး ဂြၽန္ဂ်ီအြန္းနဲ႕ မိတ္ေဆြဖြဲ႕ခဲ့သည္။ ထို႔ေနာက္ ဂြၽန္ဂ်ီအြန္းဆိုသည့္ သူမေမြးေန႕ပြဲမွာ ထယ္ေယာင္းကိုေခၚသြားၿပီး အိပ္ေဆးခတ္ကာ ႀကံခဲ့သည္။

ဂြၽန္ေဂ်ာင္ကုက gayဆိုလွ်င္ ေသေလာက္ေအာင္မုန္းသည္။ ထိုသို႔ေသာလူမ်ိဳးက သူ႕အားမတရားတဲ့နည္းနဲ႕ ယူပါသည္ဆိုေသာ ေယာက်ာ္းအား အဘယ္သို႔ ခ်စ္နိုင္မည္နည္း။

သူမက ထယ္ေယာင္းနဲ႕ေဂ်ာင္ကုကို ေဝးေစခ်င္သည္။ ဂ်ီအြန္းက ဆိုေယာင္းနဲ႕ေဂ်ာင္ကုကို ေဝးေစခ်င္သည္။ ထိုသည္ႏွင့္ပင္ သူမႏွင့္ဂ်ီအြန္းတိုင္ပင္ကာ ေဂ်ာင္ကုနဲ႕ထယ္ေယာင္းကို အိပ္ေဆးခတ္ၿပီး အတူအိပ္ေစခဲ့သည္။ ထိုသည္ကပင္ သူမ၏ မဟာအမွားျဖစ္ေနခဲ့သည္ကို ေနာင္တရ၍မဆုံး။

မုန္းသည္ဆိုေပမယ့္လည္း လက္ထပ္သြားသည္။ တကယ္ဆိုရင္ သူမက ထယ္ေယာင္းကို ေဂ်ာင္ကုရဲ႕အေဝးတြန္းပို႔ခဲ့သည္မဟုတ္ပါလား။ သို႔ေပမယ့္လက္ေတြ႕မွာ ထယ္ေယာင္းက ေဂ်ာင္ကုအနီးဆုံးကို ေရာက္သြားရသည္။ သူမတို႔ႀကံစည္ခဲ့တဲ့အရာက ဂ်ီအြန္းအတြက္ အဆင္ေျပေပမယ့္ သူမအတြက္ အဆင္ေျပမေနခဲ့ပါ။ သူမႏွင့္ ျပန္တိုင္ပင္ရန္ေျပာေတာ့လည္း "ဆိုေယာင္းနဲ႕ကြဲရင္ၿပီးေရာ ဘယ္သူနဲ႕ရရ"တဲ့။ ထိုတင္မွာတင္ စိတ္သေဘာထားကြဲကာ သူမတို႔ မိတ္ေဆြ ဆက္ဆံေရးၿပီးဆုံးသြားခဲ့သည္။

မမဆိုေယာင္းဟု ပါးစပ္ဖ်ားကမခ်ေခၚေနသူက လက္ေတြ႕မွာ သူ႕အကိုရဲ႕အေဝးဆုံးကို တြန္းထုတ္ခ်င္ေနတာတဲ့လား။ သူမလုံး၀မွားခဲ့သည္။ ထိုညကကိစၥကို ျပန္ေတြးတိုင္း ကိုယ့္အမွားကိုေတြးကာ ေတြးမိတိုင္း ေနာင္တရဆဲပင္။ ထိုကိစၥေတာင္ စိတ္တိုလို႔မွမဆုံးေသး ယခု ထယ္ေယာင္းက ကိုယ္၀န္ရွိသည္တဲ့လား။ ေခၚတာေတာင္ 'ဗိုက္ကေလး' ဆိုပဲ။

"အဟက္! ဟား ဟား ဟား"

သံႀကိဳးေတြၾကားမွ ေျခာက္ကပ္ကပ္ရယ္သံျဖင့္ သူမေအာ္ရယ္လိုက္မိသည္။ သူမ သိပ္မုန္းတဲ့သူက သူမျမတ္နိုးရသူရဲ႕ အေသြးအသားကို ေမြးထုတ္ေပးမည္တဲ့လား။ တကယ္ဆို ထိုေနရာမွာ သူမ,ျဖစ္သင့္တာ။ ဟုတ္တယ္ သူမ,ပဲျဖစ္သင့္တာ။

"ကင္မ္ထယ္ေယာင္း နင္ ေသကိုေသရမယ္ ဟား ဟား ဟား"

နားက်ဥ္းမႈေတြျပည့္ေနသည့္ မ်က္၀န္းအိမ္ေတြက နံရံေတြအား ခပ္စူးစူးပင္ စိုက္ၾကည့္ေနေလသည္။

"ငါ ေဆး႐ုံကဆင္းတဲ့ေန႕ နင္ေသရမယ္"

----------------------------------------------------------------------------------

"baby"

ယြန္ဂီေခၚသံေၾကာင့္ ဂ်ီမင္းကုတင္ေပၚ ေက်ာေပးလွဲေနရာမွ မ်က္ႏွာခ်င္းဆိုင္သို႔ လွည့္လာေလသည္။ မၾကည့္ရက္နိုင္ဘူး။ ၀မ်းနည်းမှုတွေကြီးစိုးနေတဲ့ မ်က္၀န္းေတြ။ မ်က္ရည္ေတြစိုစြတ္ေနတဲ့ မ်က္လုံးေတြက ရင္ကိုအစိမ္းလိုက္ခြဲေနသလိုပင္ နာက်င္ရလြန္းသည္။အရာရာမွာသူတစ္ပါးအေပၚငဲ့ကြက္တတ္တဲ့ ဒီလူသားေလးကို အဘယ္စိတ္ႏွင့္ တစ္ေယာက္တည္း ထားခဲ့နိုင္မည္နည္း။ ဒီဆရာ၀န္ေလးကို မထားခဲ့နိုင္ေပမယ့္လည္း မၿပီးျပတ္ေသးေသာကိစၥေတြေၾကာင့္ ေခတ္တဝေးရဦးမည်။ ဒီလူသားေလးကို သူစိတ္ခ်လက္ခ်ထားခဲ့နိုင္သည္ဆိုလွ်င္ သူလိမ္ရာက်ပါလိမ့္မည္။ ေရွ႕ဆက္ရမည့္ေန႕ရက္ေတြမွာေတာင္ သူ႕ကိုစိတ္မခ်သည့္စိတ္က လုပ္ေဆာင္ရမည့္ mission ေတြမွာ ႏွောင့္ႏွေးေစနိုင္ေလာက္သည္။ သို႔ေပမယ့္ ေတြေဝေန၍မျဖစ္ေပ။ ဒီ mission ၿပီးမွ ဒီဆရာ၀န္ေလးအနားကို သူအၿပီးတိုင္လာေနနိုင္မွာပင္။

"ခ်စ္တယ္ေနာ္ baby"

ဂ်ီမင္းဘာမွျပန္မေျဖမိပါ။ အတူေနလာခဲ့သည့္တစ္ေလွ်ာက္လုံး သူကပဲခ်စ္တယ္ေျပာၿပီး ယခုေတာ့ သူကထားသြားေတာ့မည္။ ဘာမွမေျပာပဲ ႏႈတ္ဆိတ္ေနခဲ့တဲ့ကိုယ္ကသာ ခ်န္ထားခဲ့ခံရသူျဖစ္ေနေလသည္။

"ကိုယ္က အခ်စ္ဆိုတဲ့စကားလုံးေတြကို ကဗ်ာလက္ာေတြ ဖြဲ႕မေျပာတတ္ဘူး baby၊ ဒါေပမယ့္ မင္းအေပၚခ်စ္တဲ့ ကိုယ့္အခ်စ္ေတြက တကယ္စစ္မွန္ပါတယ္"

"အင္း"

ဂ်ီမင္း အားမရွိစြာျဖင့္သာ ေခါင္းၿငိမ့္လိုက္မိသည္။ သူ႕ကိုဘယ္ေလာက္ခ်စ္တယ္ဆိုတဲ့အေၾကာင္းကို ႏႈတ္က ထုတ္မေျပာခဲ့ေပမယ့္ ရင္ဘတ္ႏွင့္ မဆန႔္ေလာက္ေအာင္ပင္ ခ်စ္ခဲ့ပါသည္။ ခ်စ္ျခင္းေတြကို ထုတ္မျပခဲ့ေပမယ့္လည္း သူ႕အေပၚမွာ အေကာင္းဆုံးျဖစ္ေအာင္ ျပဳမူေနထိုင္ေပးခဲ့သည္။ ထိုသည္ကိုမ်ား ဘာေၾကာင့္မို႔ ကိုယ္နဲ႕ေဝးရာကို ထိုးထြက္ခ်င္ရပါသနည္း။

babyရာ ဒီလိုႀကီးမေနပါနဲ႕ေနာ္ ကိုယ္သြားခါနီး စိတ္မခ်ျဖစ္ေအာင္ကြာ

မသြားလို႔မရဘူးလား

ဂ်ီမင္း မ်က္ႏွာေလးညွိုးႏြမ္းကာျဖင့္ ေမးလိုက္မိသည္။ ျဖစ္နိုင္လွ်င္ ယခုသူသြားမည့္ေနရာကို မသြားေစခ်င္တာအမွန္ပင္။ ဘာေၾကာင့္ရယ္မသိေပမယ့္ စိတ္ထဲမွာ ေလးလံေနသည္မို႔ ထိုခရီးကို မသြားေစခ်င္ေပ။ သို႔ေပမယ့္လည္း ေသြးစုပ္ဖုတ္ေကာင္က တားမရျဖစ္ေနသည္။

ကိုယ္သြားမွ ျဖစ္မွာမို႔ပါ

ဒါဆို ကတိေပး အေသအခ်ာ ျပန္လာပါ့မယ္လို႔

အဲ့ဒါဆို baby စိတ္ခ်မ္းသာမွာလား

ဂ်ီမင္းမ်က္ႏွာၿပဳံးမေနေပမယ့္လည္း မွိုင္ေနတာေလး အနည္းငယ္ ေလ်ာ့က်သြားေလသည္။

ေသခ်ာျပန္လာမွာမို႔ လိမ္လိမ္မာမာနဲ႕ ေစာင့္ေနေပး

ဆိုကာ ႏႈတ္ခမ္းကို ခပ္ဖြဖြနမ္းကာ ေက်ာေပး၍ ထြက္သြားေလသူ။ ေခၚလာကာစက ဒဏ္ရာဗလပြနဲ႕သူက ျပန္ထြက္သြားေတာ့ လူေကာင္းပကတိပင္။ ျပန္လာရင္လည္း အေကာင္းပကတိအတိုင္း ျပန္လာခဲ့ပါ ကြၽန္ေတာ့္ရဲ႕လူႀကီး။

ဟင့္ !

သူထြက္မသြားခင္ကတည္းက ထိန္းခ်ဳပ္ထားသည့္ မ်က္ရည္ေတြက ယခုေတာ့ တာက်ိဳးသလိုပင္ ထိန္းခ်ဳပ္၍ပင္မရေတာ့ချေ။ ထားသြားၿပီ။ သူတစ္ကယ္ထားသြားခဲ့ၿပီ။ မေသခ်ာတဲ့ ျပန္ဆုံခ်ိန္ကိုေစာင့္ရင္း ေနာက္ရက္ေတြမွာ သူ(Jimin)အသက္ဆက္ရဦးမည္။ လြမ္းသည္ဆိုတာထက္ ၀မ်းနည်းမှုကသာပိုလိမ့်မည်။ တစ္ဦးတည္းသာရွိေသာ ဂ်ီမင္းဘ၀မွာ မင္ယြန္ဂီကသာ ခင္တြယ္ရာ.........

မတတ္သာ၍သာ သူ႕အနားကထြက္ခြာခဲ့ရေသာ္လည္း ေနာက္ဆံတင္းေနသည့္စိတ္က လုံးလုံးမွ စိတ္မခ်နိဳင္ေပ။ ထြက္လာခါနီးမွာ ၿငိဳးငယ္ေနသည့္ သူ႕မ်က္ႏွာေလး ခ်စ္တယ္ဆိုတာ ထုတ္မေျပာရင္ေတာင္ အတိုင္းသားျမင္နိုင္ပါ၏။ သိပ္ခ်စ္တယ္ baby။ မင္းကိုသိပ္ခ်စ္တာမို႔ မင္းအနားကို ကိုယ္အေရာက္ျပန္လာခဲ့မွာပါ။ မင္းကပဲ ကိုယ့္ကို သစၥာရွိရွိနဲ႕ေစာင့္ေပး။ ဂ်ီမင္းရွိေနေသာ တိုက္ခန္းေလးအား ခပ္ေဆြးေဆြးလွမ္းၾကည့္လိုက္ရင္း အသင့္ေစာင့္ေနေသာ ေနာက္ဆုံးေပၚကားႀကီးေပၚသို႔တတ္ကာ ကားအေနာက္ခန္းထဲ၌ ေနရာယူလိုက္ေလသည္။

သခင္ေလး သူ႕ကိုေစာင့္ၾကည့္ေပးရမလားဗ်

ယြန္ဂီ၏လူယုံျဖစ္သည့္ Loyကေမးလာျခင္းပင္။ ယြန္ဂီငယ္ငယ္ကတည္းက အၿမဲတေကာက္ေကာက္ပါေနတတ္သည့္ သူငယ္ခ်င္းတစ္ေယာက္လည္းျဖစ္သလို လူယုံလည္းျဖစ္သူမို႔ ယြန္ဂီအနည္းငယ္ စဥ္းစားၿပီးေခါင္းၿငိမ့္လိုက္သည္။ ဒီတစ္ေခါက္လုပ္မယ့္ကိစၥက မေသးတာမို႔ ပတ္ဂ်ီမင္းကို တစ္ဖက္လူက စုံစမ္းမိသြားရင္ သူဒုကၡေရာက္နိုင္သည္။

Loy

ဟုတ္ကဲ့သခင္ေလး

ေနာက္ ႏွစ္လေနရင္ အဲ့ဒီတိုက္ခန္းထဲက ေကာင္ေလးကို ငါလက္ထက္ယူမွာမို႔ သူ႕ကိုေသခ်ာေစာင့္ေရွာက္ထား ငါအိမ္ျပန္ေရာက္ရင္ bodyguard ေတြ ထပ္လႊတ္ေပးမယ္

စိတ္ခ်ပါ သခင္ေလး၊ Loyကို သခင္ေလး စိတ္မပ်က္ေစရပါဘူး

ငါစိတ္ပ်က္ရင္လည္း မင္းဘာျဖစ္သြားမလဲ သိတယ္မို႔လား

သိပါတယ္ သခင္ေလး၊ ဒါေပမယ့္ ကြၽန္ေတာ္က ေသမွာေၾကာက္လို႔ေတာ့မဟုတ္ဘူး၊ သခင္ေလးဆီကရထားတဲ့ ယုံၾကည္မႈ က်ိဳးပ်က္သြားမွာကိုပဲစိုးတာ

အေျပာနဲ႕မဟုတ္ပဲ လက္ေတြ႕ျပ

ေျပာၿပီး loyအား ကားေပၚမွဆင္းေစကာ ဂ်ီမင္းတိုက္ခန္းေဘးတြင္ေနရန္ မွာၿပီးေနာက္ credit cardအားေပးကာ အိမ္သို႔ျပန္ခဲ့ေလသည္။ တစ္ေန႕က်ရင္ ကိုယ္မင္းကိုအပိုင္လာယူမွာပါ ကေလးငယ္။

ဂြၽန္

ကုမၸဏီ႐ုံးခန္းထဲရွိ ဆိုဖာေပၚ၌ထိုင္ကာ မုန႔္စားေနေသာ ဗိုက္ကေလးက အလုပ္လုပ္ေနေသာ သူ႕အားလွမ္းေခၚျခင္းပင္။ အရင္က သူ႕ကိုဆိုေမာ့မၾကည့္ရဲေလာက္ေအာင္ စိုး႐ြံေနခဲ့သူက ယခုေတာ့ ကတ္ကတ္လန္ေအာင္ပင္ တစ္ခြန္းမက်န္ျပန္ေျပာေလသည္။ အစားဆိုရင္လည္း ဘယ္ေလာက္စားစား၀သည္မရွိဘဲ အစားနဲ႕ပါးစပ္ကို မပ်က္ေအာင္စားေနတတ္သည္။ ထို႔ထက္ထူးျခားသည္က ဗိုက္ကေလးကိုယ္၀န္ရွိလာၿပီးေနာက္ပိုင္းမွာ အသားအရည္ေတြပိုလွလာသည္။ ႐ုပ္ရည္ကလည္း အရင္ကထက္ ပိုၾကည့္ေကာင္းလာၿပီး စြာလည္းစြာလာသည္။ တစ္ခ်ိဳ႕အေတြ႕အႀကဳံရွိသူေတြကေတာ့ မိန္းကေလးဟုလည္း ထင္ေၾကးေပးၾကေသး၏။ သားေလးပဲျဖစ္ျဖစ္ သမီးေလးပဲျဖစ္ျဖစ္ ကိုယ့္အေသြးအသားကို သူကိုယ္တိုင္ေမြးေပးလာသည္မို႔ မတင္းတိမ္နိုင္တဲ့ခ်စ္ျခင္းေတြနဲ႕ ခ်စ္ေပးဖို႔ရည္႐ြယ္ထားၿပီးသားပင္ျဖစ္သည္။

ဂြၽန္လို႔ ငါေခၚတာမထူးဘဲ ဘယ္ကိုေငးေနတာလဲလို႔

မေငးပါဘူးကြာ ေမာင့္ဗိုက္ကေလးက တစ္ေန႕တစ္ျခားပိုလွလာလို႔ ၾကည့္မ၀ျဖစ္ေနတာ

ဟီး ဒါဆို ငါတို႔ညက်ရင္ အိပ္ယာေပၚမွာကစားၾကမလား

ဘာ!!!

ဆိုဖာေပၚထိုင္ကာမုန႔္စားေနရာမွ မ်က္ႏွာခ်ိဳေသြးကာ အနားသို႔ေလွ်ာက္လာကတည္းက သူလိုခ်င္တာရွိၿပီမွန္းသိေသာ္လည္း ခါတိုင္းလို ပစၥည္းတစ္ခုခုကိုသာ ပူဆာမည္ဟု ထင္ထားမိေပမယ့္ မထင္မွတ္စြာပင္ေျပာလာေသာ စကားေၾကာင့္ ေဂ်ာင္မွာ ဟန္ပင္မေဆာင္နိုင္ေအာင္ အံ့ဩသြားရေလသည္။ အခုမွ သူ႕ကိုယ္၀န္က သုံးလေက်ာ္ေက်ာ္ပဲရွိေသးသည္ မဟုတ္ပါလား။ ဒါေတာင္ ေယာက်ာ္းေလးဗိုက္မို႔ သိပ္ၿပီးပူထြက္မေနျခင္းပင္။ ဒီကာလအတြင္း အတူေနတာကို ေရွာင္ပါလို႔ ဂ်ီမင္းေဟ်ာင္းကမွာထားတာေတာင္ သူကလူကိုလာဆြေနေသးသည္။

ထို႔ေနာက္ စာရင္းခုံ၌ ထိုင္ေနေသာ ေဂ်ာင္ကုအားလက္ေမာင္းကေနဆြဲ၍ ထေစလိုက္ကာ ဆိုဖာရွိရာသို႔ျပန္ဆြဲေခၚလာရင္း ေဂ်ာင္ကုကို ဆိုဖာေပၚ၌ ထိုင္ေစလိုက္သည္။ ထယ္ေယာင္းသည္လည္း ေဂ်ာင္ကုေဘး၌ ၀င်ကာထိုင်လိုက်ရင်း....

ငါ ဂ်ီမင္းေဟ်ာင္းကို ေမးၿပီးၿပီဂြၽန္ရဲ႕ ကိုယ္၀န္ရွိခ်ိန္ ၄လကေန ၇လအထိ အတူေနလို႔ရတယ္တဲ့ အၾကမ္းႀကီးေတာ့ မလုပ္ရဘူးတဲ့

ဒါမ်ိဳးက် သြက္တယ္ေနာ္ ေမာင့္ဗိုက္ကေလးက

ခပ္စ,စၿပဳံးကာ ေျပာလာေသာ ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္း ကိုယ့္ကိုယ္ကိုေတာင္ မလုံမလဲျဖစ္လာရသည္။ သူအရမ္းလိုခ်င္ေနတာ သိသာသြားၿပီလား။ မတတ္နိုင္ပါ။ ခ်ဥ္ခ်င္းတတ္သည္ကလည္း သူမ်ားေတြလိုမဟုတ္ဘဲ အတူေနခ်င္သည္တဲ့ေလ။ ဘယ္လိုေတာင္ အရွက္မဲ့တဲ့ခ်ဥ္ခ်င္းမ်ိဳးလဲ မသိေပ။

ေကာင္းၿပီ ညက်မွ ရပ္ေပးပါလို႔ေျပာရင္ မရဘူးေနာ္။ ဗိုက္ကေလးဘက္က,စၿပီးေတာင္းဆိုတာမို႔ ေမာင္မေက်နပ္မခ်င္း ရပ္မေပးနိုင္ဘူး

အင္း ရတယ္ ေမာင္ႀကိဳက္သလိုလုပ္

ဟမ္! ဗိုက္ကေလး ဘယ္လိုေခၚလိုက္တယ္

ေမာင္လို႔ေလ အဲ....

သတိလက္လြတ္ထြက္သြားၿပီးကာမွ ထယ္ေယာင္းႏႈတ္ခမ္းကို ကိုက္ခ်လိဳက္မိသည္။ စိတ္ထဲကေနေခၚတာကို ဘယ္လိုလုပ္ၿပီး အျပင္မွာပါ ေျပာထြက္သြားရတာတုန္း။

မွား မွားေခၚမိတာ

ႀကိဳက္တယ္ အဲ့ဒီအတိုင္းပဲေခၚ

ဒါ ဒါေပမယ့္

ေခၚဆိုေခၚ

ခပ္တည္တည္ျဖင့္ေျပာလာေသာ ေဂ်ာင္ကုအသံက အနည္းငယ္မာလာသည္မို႔ ထယ္ေယာင္းေယာင့္တတ္၍မရေတာ့မွန္း သိလိုက္ပါသည္။

အင္း ေမာင္ အြန႔္

႐ုတ္တရက္လူကိုဆြဲနမ္းလာေသာသူ႕ေၾကာင့္ ကိုယ့္မွာေၾကာင္အသြားရေသာ္လည္း သူကေတာ့ ေအးေဆးစြာပင္ အလုပ္ခုံရွိရာသို႔ျပန္သြားေလသည္။ ေနရာ၌က်န္ေနခဲ့သည့္ ထယ္ေယာင္းမွာသာ ေၾကာင္စီစီ။ သတိ၀င္လာ၍ လွမ္းၾကည့္မိခ်ိန္မွာေတာ့ သူကအလုပ္ပင္လုပ္ေနေလၿပီ။

အင္း...ညက်ရင္ေတာ့ သူတို႔ႏွစ္ေယာက္ရဲ႕ ညတာေတြက ရွည္လ်ားကာ ပင္ပန္းရဦးမည္---------------

J JuliH

စာလုံးေတြက မစစ္ရေသးတာမို႔ မွားတာပါရင္ ခ်စ္တဲ့စိတ္နဲ႕ျပင္ဖတ္သြားေပးေနာ္

There are no comments yet. Log in to be the first to leave a review!

Similar stories