Fanfics

ep 13

10:55, 21 July 2023

မနက်မိုးလင်းလင်းချင်းမှာပင် မြင်ရသော ထိုလူသား၏မျက်နှာက အေးချမ်းမှုအတိပေး၏။ ထိုအချက်တွေကို အရင်က သူမြင်အောင်မကြည့်တတ်ခဲ့ပေ။ မုန်းသည်ဆိုသောအချက်တစ်ခုတည်းနဲ့သာ သူ့ကိုအမြဲအပြစ်တင်ခဲ့၏။ ရင်ခွင်ထဲ၌မှေးစက်နေသော ထိုလူသား၏မျက်တောင်စိပ်စိပ်တွေအား လက်ညှိုးဖြင့်ခပ်ဖွဖွတို့ထိရင်း သူ့ပါးအားနစ်၀င်သွားသည်အထိနမ်းလိုက်မိသည်။

"အင့်"

သူ့ပါးကိုခပ်ကြမ်းကြမ်းနမ်းလိုက်၍ထင်သည် ခန္ဓာကိုယ်လေးတွန့်ကာညည်းရင်း တစ်ဖက်သို့လှည့်သွားလေ၏။

"ထယ်"

ဒီနာမ်စားလေး ဟိုးအရင်ကတည်းကခေါ်ချင်ခဲ့တာဆိုသော်လည်း ယခုမှလက်တွေ့ခေါ်ဖြစ်၏။ မုန်းသည်ဆိုသောစိတ်ကြောင့် ထယ်ယောင်းနဲ့ပတ်သတ်သမျှအရာတိုင်းကို သူလျစ်လျူရှူခဲ့၏။ အခုတော့ မဟုတ်တော့ပေ။ အရင်ကထက်ပိုပြီး ထိုလူသားအား သူပိုချစ်ပေးရဦးမည်။ ပိုဂရုစိုက်ပေးရဦးမည်။အဆုံးမရှိသောမြတ်နိုးခြင်းတို့ဖြင့် ကြင်နာယုစွာထွေးပွေ့ပေးရဦးမည်။

"ထယ် "

"ဂျွန် နိုးနေတာလား"

မျက်လုံးလေးပွတ်ကာ အိပ်မှုန်သုန်မွှားဖြင့် နိုးထလာသော သူ့ပုံစံက အိပ်ယာထကာစ,ကလေးလေးနှင့် အသွင်တူသေး၏။

"အင်း ထယ် မောင်နဲ့ကုမ္ပဏီကိုလိုက်မလား"

ဂျောင်ကုအမေးကို ထယ်ယောင်းချက်ချင်းပင် ပြန်မ‌ဖြေနိုင်သည်အထိ ကြောင်အနေမိလေသည်။

ဂျွန်က အခုသူ့ကို ထယ်လို့ခေါ်လိုက်တာလား။ ပြီးတော့ သူ့ကိုယ်သူ မောင် တဲ့လား။ ဂျွန်ရယ် ဒီလူကိုသေအောင်သတ်နေတာများလား။

"ထယ် မောင်မေးတာဖြေဦးလေကွာ"

"လိုက်ချင်ပါတယ် ဒါပေမယ့် ဂျွန့်ကုမ္ပဏီ၀န်ထမ်းတွေ....."

"ထယ် လိုက်ချင်လားပဲပြော သူတို့ကို ဂရုစိုက်စရာမလိုဘူး မောင်တစ်ယောက်လုံးရှိနေတာပဲ"

စကားမဆုံးမှီဖြတ်ပြောလာသော ဂျောင်ကုစကားကြောင့် ထယ်ယောင်းအားတတ်သွားသော်လည်း တစ်ဖန်ပြန်၀င်လာသော အတွေးတွေကြောင့် မျက်နှာလေးညှိုးသွားရလေသည်။

"ဒါပေမယ့် ငါကြောက်တယ်ဂျွန် သူတို့က ငါ့ကြောင့်နဲ့ ဂျွန့်ကိုအပြစ်ပြောကြမှာ"

"အဲဒါဆိုရင် ပြောတဲ့လူကို အလုပ်ထုတ်ပစ်မယ်"

ထိုသို့ပြောတော့ ရင်ခွင်ထဲကလူသားက အသနားခံမျက်လုံးလေးတွေဖြင့်မော့ကြည့်လာ၏။

"ငါ ငါ့အတွက်ကြောင့်ဆိုရင် မလုပ်ပါနဲ့ သူတို့ကငါ့ကိုပြောလို့ ငါဘာမှမဖြစ်ပါဘူး အကယ်၍ အဲ့လို့ပြောလို့ ဂျွန်ကသူ့ကိုအလုပ်ထုတ်လိုက်ရင် သူ့မိသားစုအတွက်ခက်ခဲသွားနိုင်တယ်"

ကိုယ့်ကိုယ်ကိုထက် တစ်ဖက်သားအပေါ်ကိုတွေးကာ ပူပန်ပေးတတ်သော ထိုလူသားအား ဂျောင်ကုပိုမိုတင်းကြပ်စွာဖြင့် ထွေးဖက်ပစ်လိုက်မိသည်။ ဒါတောင် ဒီနေ့တစ်ရက်တည်းပဲရှိသေးသည်။ နောက်နေ့တွေများစွာသာဆိုရင် ကင်မ်ထယ်ယောင်းဆိုတဲ့ ဒီလူသားကို သူဘယ်လောက်ထိတောင် ချစ်မြတ်နိုးနေမိမလဲ။ သူ့ရဲ့နှလုံးသားလှလှလေးကို ပိုင်ဆိုင်ခဲ့ရတာ သူသိပ်ကံကောင်းသည်မဟုတ်ပါလား။

"ဂျွန် ငါ့ ငါ့ကိုမမုန်းတော့ဘူးလားဟင်"

"အင်း မမုန်းတော့ဘူး "

"ငါ ငါ အဟင့် ဂျွန့်ရဲ့အမုန်းတွေကို ဒီတစ်ဘ၀လုံး ရင်၀ယ်ပိုက်ထားရမယ်ထင်တာ ဟင့်"

ထိုလူသားအား ဂျောင်ကု ဘယ်လိုပြန်ပြီးနှစ်သိမ့်ပေးရမည်မသိ။ နှစ်သိမ့်ပေးသည် ချော့သည်ဆိုတာက ဆိုယောင်းတုန်းကလည်း မလုပ်ပေးဖူးခဲ့သလို လုပ်လည်းမလုပ်ပေးတတ်ပေ။ တစ်ခုခုဆိုရင် ဆိုယောင်းဘက်ကပဲပြန်ချော့ခဲ့သည်မို့ ဂျောင်ကုထိုကိစ္စတွေနှင့် အကျွမ်းတ၀င်မရှိပါချေ။

"မောင်က နှစ်သိမ့်မပေးတတ်ဘူးထယ် ဒါပေမယ့် ထယ့်အတွက် မောင်သင်ယူလိုက်ပါဦးမယ် အဲ့ဒါမှ ထယ်ငိုနေတဲ့အချိန် မောင့်ပခုံးကိုထိုးပေးပြီး နှစ်သိမ့်နိုင်မှာ"

"‌ဂျွန် ဆေးမှားသောက်ထားတာလား"

ထယ်ယောင်းမေးလာသော စကားကြောင့် ဂျောင်ကုအောင့်သက်သက်ပင်ဖြစ်သွားရလေသည်။ သူ့အတွက်ကိုက နှစ်သိမ့်ပေးဖို့ ကြိုးစားနေတာကို လူလာပြီး ဆေးမှားသောက်လာတာလားတဲ့။

"ထယ်!!"

အရင်ကတည်းက လူကစိတ်တိုလွယ်သူမို့ ယခုလိုပြောခံရတော့ ဂျောင်ကုဒေါသကိုမထိန်းနိုင်တော့ပေ။ သူ့နာမည်အား,အားဖြင့်ခေါ်ကာ ရင်ခွင်ထဲမှ တွန်းထုတ်လိုက်မိ၏။ ပြီးနောက်မှ ပြန်တွေးမိသည်က ထိုသို့သောအပြုအမူတွေကြောင့် ဆေးမှားသောက်လာတာလားဟု ထယ်ယောင်းမေးတာဖြစ်လိမ့်မည်။

"ထယ်"

"အင်း ဂျွန်"

"မောင်အခုပြောတာတွေကအတည်ပဲ ထယ် မောင်ဆေးမှားသောက်တာလည်းမဟုတ်သလို ခနတာအတွက်ကျီဇယ်နေတာလည်း မဟုတ်ဘူး။ ထယ် မယုံရင်လည်းရတယ် အချိန်တစ်ခုပဲစောင့်ပါ။ မောင် ထယ်ယုံအောင်သက်သေပြမယ် အခုတော့ရေချိုးလိုက် မောင်နဲ့ကုမ္ပဏီကိုလိုက်ခဲ့"

ဂျောင်ကုပြောသည့်စကားတွေအား ထယ်ယောင်းလိုက်မမှီနိုင်စွာဖြင့် အူတူတူလေးသာ ရေချိုးခန်းရှိရာသို့၀င်လာခဲ့ရ၏။

ဂျွန်ကဘာကိုစိတ်တိုပြီး ဘာတွေပြောနေတာလဲ ထယ်ယောင်းတကယ်ကိုမသိပေ။ ထယ်ယောင်းဦးနှောက်တွေကပဲ အလုပ်မလုပ်တော့တာလား။ ဂျွန့်စကားတွေကပဲ နားလည်နိုင်ဖို့ခက်စေတာလား ထယ်ယောင်းမဝေခွဲတတ်တော့ပါ။ မနေ့တစ်နေ့ကထိ ဂျွန်ကသူ့ကိုမုန်းနေသူပါ။ ထိုနေ့ကျမှ ရုတ်တရက်ကြီးအချစ်အကြောင်းတွေလာပြောတော့ ထယ်ယောင်းသူ့အား ဘာပြန်ပြောရမည်မသိတော့။ ထိုသည်ထက် ဒီစကားတွေကသာအတည်ဆိုရင် ထယ်ယောင်းခံသာသော်လည်း သူလှည့်ကွက်အတွက်အသုံးချတာဆိုရင် ဒီလူရင်ကွဲရပါလိမ့်မည်။ အသိစိတ်မှာ သူ့စကားတွေကိုတင်းခံနိုင်သော်လည်း မသိစိတ်မှာ အပူပေးစရာပင်မလိုဘဲ အရည်ပျော်နေလေပြီ။

ဂျွန့်ကိုသိပ်ချစ်တာမို့ မလှည့်စားပါနဲ့ဂျွန်။ အချစ်ဆိုတာခံစားပြီးရင် အမုန်းဒဏ်တွေမခံနိုင်မှာစိုးလို့ပါ။ အချစ်ဆိုတဲ့နောက်မှာ ဂျွန်မုန်းသွားရင် ဒီလူက အသက်နဲ့ခန္ဓာကို စွန့်ခွာသွားမိမှာအမှန်ပဲ ဂျွန်။

ဂျွန်ပြောသည့်စကားတွေအားပြန်ကြားယောင်ရင်း တစ်ဖွားဖွားကျဆင်းလာသော ရေပန်းအောက်၌တိုး၀င်ပစ်လိုက်သည်။ ဂျွန်စကားတွေအတည်ဖြစ်ဖို့ မျှော်လင့်မိပါရဲ့။

ဒေါက်!💢 ဒေါက်!💢

"ပြီးပြီလား ထယ် ရေချိုးတာကြာနေပြီ အအေးပတ်လိမ့်မယ်"

ဂျောင်ကုအသံကြားမှပဲ ထယ်ယောင်းအတွေးတို့ရပ်တန့်သွားလေသည်။ သူအတွေးထဲ ဘယ်လောက်ထိတောင်နစ်သွားသည်လည်းမသိပါ။ ဂျောင်ကုလှမ်းပြောမှပဲ သတိ၀င်လာလေသည်။

"ပြီးပြီဂျွန် ငါ bathrobe၀တ်နေလို့"

ဂျောင်ကု၏တံခါးခေါက်သံကြောင့် ထယ်ယောင်း bathrobe အားအမြန်၀တ်ကာ အပြင်သို့ထွက်လာခဲ့လေသည်။

"ထယ်!"

ရေချိုးခန်းထဲက အပြေးတစ်ပိုင်းထွက်လာသော ထယ်ယောင်းကြောင့် ဂျောင်ကုသွေးတတ်,မတတ်ပင် ဖြစ်သွားရလေသည်။ ဖြူဖွေးနုဖတ်နေသော အသားအရေပေါ်၌ ထင်ကျန်နေသော အမှတ်အသားများက ရော့တိရော့ရဲ့ bathrobeကြောင့်အထင်းသားမြင်နေရ၏။ မနေ့ညကမှတ်သားပေးထားခဲ့သမျှက မလုံ့တလုံ့ bathrobe ပန်းရောင်လေးအောက်၌ လှပလွန်းစွာသော ဆေးပန်းချီကားတစ်ချပ်နှယ် တည်ရှိနေ၏။

"ထယ်ရာ ဘယ်လို၀တ်လာတာလဲ"

ဂျောင်ကုပြောမှ ကိုယ့်ကိုယ်ကိုပြန်ကြည့်မိတော့ ထယ်ယောင်း မျက်နှာဘယ်နှာမှာထားရမည်ပင်မသိတော့။ ပခုံးထက်ကနေလျှောကျနေသည်သာမကပဲ ချည်နှောင်ထားသောခါးစည်းကြိုးထဲ၌ အောက်အနားအစွန်းစကညပ်နေသည်မို့ ပေါင်တံ‌သွယ်သွယ်တွေက အထင်းသား။ မသိရင် ဂျောင်ကုအားဆွဲဆောင်ဖို့ တမင်ပဲလုပ်ထားသလိုလို။

"ဆော ဆောရီး ဂျွန် ငါသတိမထားမိလိုက်ဘူး"

‌ထိုသို့ပြောပြီးနောက် bathrobeကြားညပ်နေသည့် အစွန်းစကိုအတင်းဆွဲချနေသော သူ့ပုံစံက ဘယ်လိုတောင်အပြစ်ကင်းနေရပါသနည်း။

ထိုပုံစံတွေကိုတွေ့ရတိုင်း ဂျောင်ကုစိတ်ထဲ၌ ဇဝေဇဝါဖြစ်လာရ၏။ ဒီလောက်ဖြူစင်ပြီး သူတစ်ဖက်သားအပေါ် အရမ်းကို ငဲ့ကွက်တတ်သည့်သူက သူ့ကိုအိပ်ဆေးခတ်ပြီးအရယူပါသည်ဆိုတာ ကြာလေမသေချာလေဖြစ်လာရလေသည်။ ထိုနေ့မနက်က ဂျောင်ကုသူ့ကိုတွေ့လိုက်ရသည့်မျက်၀န်းတွေမှာလည်း သိပ်ကိုအပြစ်ကင်းစင်ကြောင်း ဖော်ပြနေခဲ့သေးသည်။ ပြန်တွေးကြည့်မိလိုက်တိုင်းမှာလည်း တစ်ခုခုကမှားယွင်းနေသလိုပင်။ သို့ပေမယ့် ဘယ်နေရာတွင် မှားနေမှန်းလည်း မသိရပေ။

J JuliH

dနေ့upမယ်ပြောထားလို့ အလုပ်ပန်းတဲ့ကြားက တတ်နိုင်သလောက်လေး ရေးပေးထားတာပါ။ လက်ကလည်းအရိုးညက်နေတာဆိုတော့ ရေးရတာလည်း သိပ်အဆင်မပြေတာမို့ တိုသွားတဲ့အတွက် ဆောတီးပါနော်🥺။ ကိုယ်က လက်မနှစ်ဖက်နဲ့သုံးပြီးစာရိုက်တဲ့သူဆိုတော့ တစ်ဖက်တည်းနဲ့ရိုက်ရတာ အကြာကြီးပဲ😣 အဆင်ပြေမနေဘူး😩။ ရေးရတာနဲ့တန်အောင် MOTiလေးပေးခဲ့ပါနော်။ Love ya all😘😘

Zawgyi

မနက္မိုးလင္းလင္းခ်င္းမွာပင္ ျမင္ရေသာ ထိုလူသား၏မ်က္ႏွာက ေအးခ်မ္းမႈအတိေပး၏။ ထိုအခ်က္ေတြကို အရင္က သူျမင္ေအာင္မၾကည့္တတ္ခဲ့ေပ။ မုန္းသည္ဆိုေသာအခ်က္တစ္ခုတည္းနဲ႕သာ သူ႕ကိုအၿမဲအျပစ္တင္ခဲ့၏။ ရင္ခြင္ထဲ၌ေမွးစက္ေနေသာ ထိုလူသား၏မ်က္ေတာင္စိပ္စိပ္ေတြအား လက္ညွိုးျဖင့္ခပ္ဖြဖြတို႔ထိရင္း သူ႕ပါးအားနစ္၀င္သြားသည္အထိနမ္းလိုက္မိသည္။

"အင့္"

သူ႕ပါးကိုခပ္ၾကမ္းၾကမ္းနမ္းလိုက္၍ထင္သည္ ခႏၶာကိုယ္ေလးတြန႔္ကာညည္းရင္း တစ္ဖက္သို႔လွည့္သြားေလ၏။

"ထယ္"

ဒီနာမ္စားေလး ဟိုးအရင္ကတည္းကေခၚခ်င္ခဲ့တာဆိုေသာ္လည္း ယခုမွလက္ေတြ႕ေခၚျဖစ္၏။ မုန္းသည္ဆိုေသာစိတ္ေၾကာင့္ ထယ္ေယာင္းနဲ႕ပတ္သတ္သမွ်အရာတိုင္းကို သူလ်စ္လ်ဴရႉခဲ့၏။ အခုေတာ့ မဟုတ္ေတာ့ေပ။ အရင္ကထက္ပိုၿပီး ထိုလူသားအား သူပိုခ်စ္ေပးရဦးမည္။ ပိုဂ႐ုစိုက္ေပးရဦးမည္။အဆုံးမရွိေသာျမတ္နိုးျခင္းတို႔ျဖင့္ ၾကင္နာယုစြာေထြးေပြ႕ေပးရဦးမည္။

"ထယ္ "

"ဂြၽန္ နိုးေနတာလား"

မ်က္လုံးေလးပြတ္ကာ အိပ္မႈန္သုန္မႊားျဖင့္ နိုးထလာေသာ သူ႕ပုံစံက အိပ္ယာထကာစ,ကေလးေလးႏွင့္ အသြင္တူေသး၏။

"အင္း ထယ္ ေမာင္နဲ႕ကုမၸဏီကိုလိုက္မလား"

ေဂ်ာင္ကုအေမးကို ထယ္ေယာင္းခ်က္ခ်င္းပင္ ျပန္မေျဖနိုင္သည္အထိ ေၾကာင္အေနမိေလသည္။

ဂြၽန္က အခုသူ႕ကို ထယ္လို႔ေခၚလိုက္တာလား။ ၿပီးေတာ့ သူ႕ကိုယ္သူ ေမာင္ တဲ့လား။ ဂြၽန္ရယ္ ဒီလူကိုေသေအာင္သတ္ေနတာမ်ားလား။

"ထယ္ ေမာင္ေမးတာေျဖဦးေလကြာ"

"လိုက္ခ်င္ပါတယ္ ဒါေပမယ့္ ဂြၽန႔္ကုမၸဏီ၀န္ထမ္းေတြ....."

"ထယ္ လိုက္ခ်င္လားပဲေျပာ သူတို႔ကို ဂ႐ုစိုက္စရာမလိုဘူး ေမာင္တစ္ေယာက္လုံးရွိေနတာပဲ"

စကားမဆုံးမွီျဖတ္ေျပာလာေသာ ေဂ်ာင္ကုစကားေၾကာင့္ ထယ္ေယာင္းအားတတ္သြားေသာ္လည္း တစ္ဖန္ျပန္၀င္လာေသာ အေတြးေတြေၾကာင့္ မ်က္ႏွာေလးညွိုးသြားရေလသည္။

"ဒါေပမယ့္ ငါေၾကာက္တယ္ဂြၽန္ သူတို႔က ငါ့ေၾကာင့္နဲ႕ ဂြၽန႔္ကိုအျပစ္ေျပာၾကမွာ"

"အဲဒါဆိုရင္ ေျပာတဲ့လူကို အလုပ္ထုတ္ပစ္မယ္"

ထိုသို႔ေျပာေတာ့ ရင္ခြင္ထဲကလူသားက အသနားခံမ်က္လုံးေလးေတြျဖင့္ေမာ့ၾကည့္လာ၏။

"ငါ ငါ့အတြက္ေၾကာင့္ဆိုရင္ မလုပ္ပါနဲ႕ သူတို႔ကငါ့ကိုေျပာလို႔ ငါဘာမွမျဖစ္ပါဘူး အကယ္၍ အဲ့လို႔ေျပာလို႔ ဂြၽန္ကသူ႕ကိုအလုပ္ထုတ္လိုက္ရင္ သူ႕မိသားစုအတြက္ခက္ခဲသြားနိုင္တယ္"

ကိုယ့္ကိုယ္ကိုထက္ တစ္ဖက္သားအေပၚကိုေတြးကာ ပူပန္ေပးတတ္ေသာ ထိုလူသားအား ေဂ်ာင္ကုပိုမိုတင္းၾကပ္စြာျဖင့္ ေထြးဖက္ပစ္လိုက္မိသည္။ ဒါေတာင္ ဒီေန႕တစ္ရက္တည္းပဲရွိေသးသည္။ ေနာက္ေန႕ေတြမ်ားစြာသာဆိုရင္ ကင္မ္ထယ္ေယာင္းဆိုတဲ့ ဒီလူသားကို သူဘယ္ေလာက္ထိေတာင္ ခ်စ္ျမတ္နိုးေနမိမလဲ။ သူ႕ရဲ႕ႏွလုံးသားလွလွေလးကို ပိုင္ဆိုင္ခဲ့ရတာ သူသိပ္ကံေကာင္းသည္မဟုတ္ပါလား။

"ဂြၽန္ ငါ့ ငါ့ကိုမမုန္းေတာ့ဘူးလားဟင္"

"အင္း မမုန္းေတာ့ဘူး "

"ငါ ငါ အဟင့္ ဂြၽန႔္ရဲ႕အမုန္းေတြကို ဒီတစ္ဘ၀လုံး ရင္၀ယ္ပိုက္ထားရမယ္ထင္တာ ဟင့္"

ထိုလူသားအား ေဂ်ာင္ကု ဘယ္လိုျပန္ၿပီးႏွစ္သိမ့္ေပးရမည္မသိ။ ႏွစ္သိမ့္ေပးသည္ ေခ်ာ့သည္ဆိုတာက ဆိုေယာင္းတုန္းကလည္း မလုပ္ေပးဖူးခဲ့သလို လုပ္လည္းမလုပ္ေပးတတ္ေပ။ တစ္ခုခုဆိုရင္ ဆိုေယာင္းဘက္ကပဲျပန္ေခ်ာ့ခဲ့သည္မို႔ ေဂ်ာင္ကုထိုကိစၥေတြႏွင့္ အကြၽမ္းတ၀င္မရွိပါေခ်။

"ေမာင္က ႏွစ္သိမ့္မေပးတတ္ဘူးထယ္ ဒါေပမယ့္ ထယ့္အတြက္ ေမာင္သင္ယူလိုက္ပါဦးမယ္ အဲ့ဒါမွ ထယ္ငိုေနတဲ့အခ်ိန္ ေမာင့္ပခုံးကိုထိုးေပးၿပီး ႏွစ္သိမ့္နိုင္မွာ"

"ဂြၽန္ ေဆးမွားေသာက္ထားတာလား"

ထယ္ေယာင္းေမးလာေသာ စကားေၾကာင့္ ေဂ်ာင္ကုေအာင့္သက္သက္ပင္ျဖစ္သြားရေလသည္။ သူ႕အတြက္ကိုက ႏွစ္သိမ့္ေပးဖို႔ ႀကိဳးစားေနတာကို လူလာၿပီး ေဆးမွားေသာက္လာတာလားတဲ့။

"ထယ္!!"

အရင္ကတည္းက လူကစိတ္တိုလြယ္သူမို႔ ယခုလိုေျပာခံရေတာ့ ေဂ်ာင္ကုေဒါသကိုမထိန္းနိုင္ေတာ့ေပ။ သူ႕နာမည္အား,အားျဖင့္ေခၚကာ ရင္ခြင္ထဲမွ တြန္းထုတ္လိုက္မိ၏။ ၿပီးေနာက္မွ ျပန္ေတြးမိသည္က ထိုသို႔ေသာအျပဳအမူေတြေၾကာင့္ ေဆးမွားေသာက္လာတာလားဟု ထယ္ေယာင္းေမးတာျဖစ္လိမ့္မည္။

"ထယ္"

"အင္း ဂြၽန္"

"ေမာင္အခုေျပာတာေတြကအတည္ပဲ ထယ္ ေမာင္ေဆးမွားေသာက္တာလည္းမဟုတ္သလို ခနတာအတြက္က်ီဇယ္ေနတာလည္း မဟုတ္ဘူး။ ထယ္ မယုံရင္လည္းရတယ္ အခ်ိန္တစ္ခုပဲေစာင့္ပါ။ ေမာင္ ထယ္ယုံေအာင္သက္ေသျပမယ္ အခုေတာ့ေရခ်ိဳးလိုက္ ေမာင္နဲ႕ကုမၸဏီကိုလိုက္ခဲ့"

ေဂ်ာင္ကုေျပာသည့္စကားေတြအား ထယ္ေယာင္းလိုက္မမွီနိုင္စြာျဖင့္ အူတူတူေလးသာ ေရခ်ိဳးခန္းရွိရာသို႔၀င္လာခဲ့ရ၏။

ဂြၽန္ကဘာကိုစိတ္တိုၿပီး ဘာေတြေျပာေနတာလဲ ထယ္ေယာင္းတကယ္ကိုမသိေပ။ ထယ္ေယာင္းဦးႏွောက္ေတြကပဲ အလုပ္မလုပ္ေတာ့တာလား။ ဂြၽန႔္စကားေတြကပဲ နားလည္နိုင္ဖို႔ခက္ေစတာလား ထယ္ေယာင္းမေဝခြဲတတ္ေတာ့ပါ။ မေန႕တစ္ေန႕ကထိ ဂြၽန္ကသူ႕ကိုမုန္းေနသူပါ။ ထိုေန႕က်မွ ႐ုတ္တရက္ႀကီးအခ်စ္အေၾကာင္းေတြလာေျပာေတာ့ ထယ္ေယာင္းသူ႕အား ဘာျပန္ေျပာရမည္မသိေတာ့။ ထိုသည္ထက္ ဒီစကားေတြကသာအတည္ဆိုရင္ ထယ္ေယာင္းခံသာေသာ္လည္း သူလွည့္ကြက္အတြက္အသုံးခ်တာဆိုရင္ ဒီလူရင္ကြဲရပါလိမ့္မည္။ အသိစိတ္မွာ သူ႕စကားေတြကိုတင္းခံနိုင္ေသာ္လည္း မသိစိတ္မွာ အပူေပးစရာပင္မလိုဘဲ အရည္ေပ်ာ္ေနေလၿပီ။

ဂြၽန႔္ကိုသိပ္ခ်စ္တာမို႔ မလွည့္စားပါနဲ႕ဂြၽန္။ အခ်စ္ဆိုတာခံစားၿပီးရင္ အမုန္းဒဏ္ေတြမခံနိုင္မွာစိုးလို႔ပါ။ အခ်စ္ဆိုတဲ့ေနာက္မွာ ဂြၽန္မုန္းသြားရင္ ဒီလူက အသက္နဲ႕ခႏၶာကို စြန႔္ခြာသြားမိမွာအမွန္ပဲ ဂြၽန္။

ဂြၽန္ေျပာသည့္စကားေတြအားျပန္ၾကားေယာင္ရင္း တစ္ဖြားဖြားက်ဆင္းလာေသာ ေရပန္းေအာက္၌တိုး၀င္ပစ္လိုက္သည္။ ဂြၽန္စကားေတြအတည္ျဖစ္ဖို႔ ေမွ်ာ္လင့္မိပါရဲ႕။

ေဒါက္! ေဒါက္!

"ၿပီးၿပီလား ထယ္ ေရခ်ိဳးတာၾကာေနၿပီ အေအးပတ္လိမ့္မယ္"

ေဂ်ာင္ကုအသံၾကားမွပဲ ထယ္ေယာင္းအေတြးတို႔ရပ္တန႔္သြားေလသည္။ သူအေတြးထဲ ဘယ္ေလာက္ထိေတာင္နစ္သြားသည္လည္းမသိပါ။ ေဂ်ာင္ကုလွမ္းေျပာမွပဲ သတိ၀င္လာေလသည္။

"ၿပီးၿပီဂြၽန္ ငါ bathrobe၀တ်နေလို့"

ေဂ်ာင္ကု၏တံခါးေခါက္သံေၾကာင့္ ထယ္ေယာင္း bathrobe အားအျမန္၀တ္ကာ အျပင္သို႔ထြက္လာခဲ့ေလသည္။

"ထယ္!"

ေရခ်ိဳးခန္းထဲက အေျပးတစ္ပိုင္းထြက္လာေသာ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ကုေသြးတတ္,မတတ္ပင္ ျဖစ္သြားရေလသည္။ ျဖဴေဖြးႏုဖတ္ေနေသာ အသားအေရေပၚ၌ ထင္က်န္ေနေသာ အမွတ္အသားမ်ားက ေရာ့တိေရာ့ရဲ႕ bathrobeေၾကာင့္အထင္းသားျမင္ေနရ၏။ မေန႕ညကမွတ္သားေပးထားခဲ့သမွ်က မလုံ႕တလုံ႕ bathrobe ပန္းေရာင္ေလးေအာက္၌ လွပလြန္းစြာေသာ ေဆးပန္းခ်ီကားတစ္ခ်ပ္ႏွယ္ တည္ရွိေန၏။

"ထယ္ရာ ဘယ္လို၀တ္လာတာလဲ"

ေဂ်ာင္ကုေျပာမွ ကိုယ့္ကိုယ္ကိုျပန္ၾကည့္မိေတာ့ ထယ္ေယာင္း မ်က္ႏွာဘယ္ႏွာမွာထားရမည္ပင္မသိေတာ့။ ပခုံးထက္ကေနေလွ်ာက်ေနသည္သာမကပဲ ခ်ည္ႏွောင္ထားေသာခါးစည္းႀကိဳးထဲ၌ ေအာက္အနားအစြန္းစကညပ္ေနသည္မို႔ ေပါင္တံသြယ္သြယ္ေတြက အထင္းသား။ မသိရင္ ေဂ်ာင္ကုအားဆြဲေဆာင္ဖို႔ တမင္ပဲလုပ္ထားသလိုလို။

"ေဆာ ေဆာရီး ဂြၽန္ ငါသတိမထားမိလိုက္ဘူး"

ထိုသို႔ေျပာၿပီးေနာက္ bathrobeၾကားညပ္ေနသည့္ အစြန္းစကိုအတင္းဆြဲခ်ေနေသာ သူ႕ပုံစံက ဘယ္လိုေတာင္အျပစ္ကင္းေနရပါသနည္း။

ထိုပုံစံေတြကိုေတြ႕ရတိုင္း ေဂ်ာင္ကုစိတ္ထဲ၌ ဇေဝဇဝါျဖစ္လာရ၏။ ဒီေလာက္ျဖဴစင္ၿပီး သူတစ္ဖက္သားအေပၚ အရမ္းကို ငဲ့ကြက္တတ္သည့္သူက သူ႕ကိုအိပ္ေဆးခတ္ၿပီးအရယူပါသည္ဆိုတာ ၾကာေလမေသခ်ာေလျဖစ္လာရေလသည္။ ထိုေန႕မနက္က ေဂ်ာင္ကုသူ႕ကိုေတြ႕လိုက္ရသည့္မ်က္၀န္းေတြမွာလည္း သိပ္ကိုအျပစ္ကင္းစင္ေၾကာင္း ေဖာ္ျပေနခဲ့ေသးသည္။ ျပန္ေတြးၾကည့္မိလိုက္တိုင္းမွာလည္း တစ္ခုခုကမွားယြင္းေနသလိုပင္။ သို႔ေပမယ့္ ဘယ္ေနရာတြင္ မွားေနမွန္းလည္း မသိရေပ။

J JuliH

dေန႕upမယ္ေျပာထားလို႔ အလုပ္ပန္းတဲ့ၾကားက တတ္နိုင္သေလာက္ေလး ေရးေပးထားတာပါ။ လက္ကလည္းအရိုးညက္ေနတာဆိုေတာ့ ေရးရတာလည္း သိပ္အဆင္မေျပတာမို႔ တိုသြားတဲ့အတြက္ ေဆာတီးပါေနာ္။ ကိုယ္က လက္မႏွစ္ဖက္နဲ႕သုံးၿပီးစာရိုက္တဲ့သူဆိုေတာ့ တစ္ဖက္တည္းနဲ႕ရိုက္ရတာ အၾကာႀကီးပဲ😣 အဆင္ေျပမေနဘူး😩။ ေရးရတာနဲ႕တန္ေအာင္ MOTiေလးေပးခဲ့ပါေနာ္။ Love ya all😘😘

There are no comments yet. Log in to be the first to leave a review!

Similar stories