Fanfics

EP 7

19:03, 19 July 2023

"ကင်မ်ထယ်ယောင်း!"

မီးဖိုခန်းထဲ၌ အေပရွန်၀တ်ကာစောစောစီးစီးတစ်အိမ်လုံးညှော်တိုက်နေသော ကင်မ်ထယ်ယောင်းအား စိတ်တိုစွာဖြင့် အော်လိုက်တာဖြစ်၏။ သူများအိပ်နေတာကို လူလိုနားမလည်တာလားမသိပေ။

"ဂျွန် နိုးလာပြီလား ဒီမှာငါ ဟင်းတွေ...."

"သွန်ပစ်လိုက်"

"ဘာ ဘာလို့လဲ"

ခါးသီးစွာငြင်းလိုက်သော ဂျောင်ကုကြောင့် ထယ်ယောင်းမျက်နှာလေး ပြုံးနေရာမှ သိသိသာသာမှိုင်ကြသွားလေသည်။ သို့သော် ဂျောင်ကု ဂရုမစိုက်ပေ။ သူဘယ်လိုပဲ မာယာများနေပါစေ ဒီကောင့်ရဲ့ရင်ဘတ်ကို တိုးပေါက်မှာမဟုတ်၍ပင်။

"ငါက ဂျွန်စားစေချင်...."

"အရင်တစ်ခါတည်းက ငါပြောပြီးသား ကင်မ်ထယ်ယောင်း မင်းချက်တာကို ငါမစားဘူးလို့၊ ဘာလဲ ငါ့ကိုလာဖားနေတာလား။ အဟက်! အဲ့တာဆိုရင်တောင် မင်းကိုငါအမြင်ကြည်မှာမဟုတ်လို့ ဆောရီးဘဲ"

"အင့်!"

ကိုယ်ဘာပဲလုပ်လုပ် မကောင်းမြင်နေသည့်ဂျွန့်ကို ထယ်ယောင်းနားမလည်နိုင်တော့ပါ။ ဘာ‌အမှားတွေများလုပ်မိလို့ ဂျွန်က သူ့ကိုထိုလောက်ထိမုန်းနေပါသနည်း။ ထယ်ယောင်းသိသလောက်ဆို အိပ်ဆေးခတ်ခံရပြီး သူ့ကိုအတင်းရယူသည်ဆိုသော အပြစ်နှင့် သူနဲ့ဆိုယောင်းကို ခွဲခဲ့မိတာပဲရှိလိမ့်မည်။ ဒါတောင် ထယ်ယောင်း၏အပြစ်ကြီးလည်းမဟုတ်ပေ။ ထယ်ယောင်းကိုယ်တိုင်သည်လည်း သူများလုပ်ကြံတာခံခဲ့ရသူပင်။

"ကျစ်!"

ထယ်ယောင်း ရှိုက်သံထွက်တော့ ဂျောင်ကုက စိတ်ပျက်စွာဖြင့်ကြည့်ကာ ကျစ်သပ်၏။ ယောကျာ်းတစ်ယောက်ဖြစ်ပြီး ယခုလိုမျက်ရည်လွယ်နေတာတွေကို ဂျောင်ကုနည်းနည်းမှမကြိုက်ပေ။ မိန်းတစ်ယောက်ဖြစ်သည့် ဆိုယောင်းတုန်းကတောင် ထိုသို့မျက်ရည်မကျဖူးခဲ့။

အများရှေ့မှာသန်မာခဲ့သလောက် ဂျွန့်ရှေ့မှာဆို ခဏတိုင်းမျက်ရည်ကျတတ်သည့် ကိုယ့်ကိုယ်ကို ထယ်‌ယောင်း မုန်းမိသည်။ မကျမိအောင်ထိန်းလေ ပိုကျလေဖြစ်နေသည်။ အရာရာတိုင်းမှာ သန်မာစွာနေနိုင်ပေမယ့် ဂျွန့်ရှေ့၌တွင်တော့ အမြဲတမ်းသိမ်ငယ်ရ၏။

"ကျစ်! မင်းဟာမင်း ဆက်ချက်ပြီး သူများသာပေးလိုက် ငါမစားဘူး"

"အင်း"

စိတ်အလိုမကျစွာပြောပြီး အပေါ်သို့ပြန်တတ်သွားသော ဂျွန့်ကို ငေးကြည့်ရင်းသာ ထယ်ယောင်းကျန်နေခဲ့၏။ ဂျွန်သာ သူ့ကိုကောင်းကောင်းဆက်ဆံရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ထိုသို့သာဆိုရင် ကမ္ဘာပေါ်မှာအပျော်ဆုံးလူသားက ထယ်ယောင်းသာဖြစ်ပါလိမ့်မည်။

ဟိုးအရင်ကတည်းက စွဲလမ်းခဲ့ရသူက သူ့ယောကျာ်းဖြစ်လာတာကို ထယ်ယောင်းမယုံနိုင်သေးပေ။ ထယ်ယောင်းထက်တစ်နှစ်သာငယ်သော ထိုကောင်လေးကို ကျောင်းမှာမြင်ကတည်းက စွဲလမ်းမိခဲ့တာဖြစ်သည်။ Jeonမျိုးရိုးရဲ့တဦးတည်းသော အမွေဆက်ခံသူဖြစ်သည့်သူက ကျောင်းတွင်နာမည်အကြီးဆုံးလူမို့ ထယ်ယောင်းသိသော်လည်း ထယ်ယောင်းလိုအညတြကိုတော့ သူမသိခဲ့ပေ။ ကျောင်းမှာတုန်းကဆို အမြဲတမ်းသူ့နောက်လိုက်ချောင်းမိ၏။ သို့သော် သူသိအောင်မလုပ်ရဲပေ။ အရမ်းstraightဖြစ်လွန်းသည့်သူက ထယ်ယောင်းရဲ့ တည်ရှိမှုကိုသိရင် ရွံရှာသွားလိမ့်မည်။

ခါတိုင်း ကျောင်းသွားရမှာပျင်းတတ်သည့် ထယ်ယောင်းက ထိုကောင်လေးကိုတွေ့ပြီးနောက်ပိုင်း ကျောင်းသို့နေ့တိုင်းစောစောရောက်တတ်သည်။ သူ့ကားလေးကို ပါကင်၌ထိုးသည့်အချိန်ကနေတောက်လျှောက်သူ့နောက်ကိုလိုက်နေတတ်ပြီး ညနေကျောင်းဆင်းချိန်မှသာ အိမ်ပြန်ခဲ့တာဖြစ်၏။ ထိုအချိန်၌ သူ့မှာရည်းစားမရှိသေး။ ခပ်တည်တည်နှင့် ခပ်အေးအေးသာနေပြီး စာကြိုးစားသည့်ထိုကောင်လေးကို ထယ်ယောင်း သဘောကျ၍မဆုံးပေ။

အချစ်ဆိုတာဟုတ်မဟုတ်ကို ထယ်ယောင်းသေချာမသိပေမယ့် သူ့ကိုသဘောကျမိတာတော့ သေချာ၏။ လူတွေနဲ့ဝေးသည့်နေရာတွေတို့ တိတ်ဆိတ်နေသောနေရာတွေတို့၌ စာလာကြည့်တတ်သည့်ကောင်လေးကို ထယ်ယောင်းကင်မရာလေးထုတ်ကာ ပုံရိုက်ယူထားမိ၏။ စတွေ့ကတည်းက ‌သဘောတကျရိုက်ထားမိတာ အခုဆိုသူ့ပုံတွေ ထယ်ယောင်းအိပ်ခန်းနံရံ၌နေရာယူနေကြပြီဖြစ်၏။ သူ့အားသဘောကျလွန်း၍ ကိုယ်အိပ်သည့် ခေါင်းအုံး ၊ဖက်လုံး၊ ခြုံစောင်၊ ခြင်ထောင်ကအစ သူ့ပုံလေးတွေနှင့်လုပ်ထားတာဖြစ်၏။ ဇာပါးခြင်ထောင်လေးအထက်ကနေဖောက်၍မြင်နေရသော မျက်နှာကျက်တွင်လည်း သူ့ပုံအကြီးကြီးတစ်ခုကနေရာယူထား‌ပြန်သေး၏။

ထို့နောက်တွင်တော့ ထယ်ယောင်းသူ့ဆီအား စာအိတ်လေးနှင့်ထုပ်ပိုးထားသည့် ဓာတ်ပုံတွေတစ်ရက်ကိုတစ်ပုံပို့ဖြစ်သည်။ ဘေးလူတစ်ယောက်အား မုန့်ဖိုးပေးကာသူ့ခုံပေါ်၌တင်ထားခိုင်းတာဖြစ်၏။ သူလာသည့်အချိန်ဆို ထိုဟာလေးယူလားဆိုပြီး လိုက်ကြည့်ရတာအမောပင်။ ထယ်ယောင်းကျောင်းပြီးသည်အထိတိုင် ကျောင်းကိုလာပြီးထိုသို့လုပ်မြဲပင်။ ထို့နောက်သူကျောင်းပြီးသွားတော့ ထယ်ယောင်းသူ့ကိုမတွေ့ရတော့ပေ။ နောက်မှ social mediaတွေကနေသိခဲ့ရတာ သူ့‌အဖေရှိသည့်USကိုထွက်သွားခဲ့သည်တဲ့။

USမှာ စီးပွားရေးကြောင်းတွေလေ့လာပြီးတော့ သူကိုရီးယားကိုပြန်လာ၏။ ထို့နောက်ပိုင်း JKဆိုသောနာမည်ဖြင့် ကုမ္ပဏီတစ်ခုထောင်၏။ နောက်ပိုင်းတစ်ဖြည်းဖြည်းချဲ့ကားလာရင်း ကိုးရီးယားနိုင်ငံ၏ဈေးကွက်ကို သိမ်းပိုက်သည်အထိပင်။ ငယ်ငယ်ရွယ်ရွယ်လေးနှင့် စီးပွား‌ရေးလောကတွင် အောင်မြင်လာသည့်သူ့ကို လူတိုင်းက ချီးကျူး၍မဆုံးကြပေ။ ထို့ပြင်စီးပွားရေး၌လည်း အကွက်မြင်လွန်းသူပင်။ ဟိုးအရင်ကတည်းကနေ ယခုအချိန် သူ့အကြောင်းတွေကို ထယ်ယောင်း နားစွင့်ဆဲ နားစွင့်မြဲပင်။

ဤနောက်တွင် သူချစ်သူရှိကြောင်းသိလာရ၏။ ထိုချစ်သူနှင့်အတော်ကြာသည်အထိသူတွဲသည်။ ထယ်ယောင်းနဲ့မတွေ့ခင် ညအထိ ထိုကောင်မလေးနှင့် သူတွဲခဲ့တာဖြစ်သည်။

ထိုနေ့ညက ဂျွန့်ရဲ့ညီမဖြစ်သူမွေးနေ့ဆို၍ အမဖြစ်သူနှင့်လိုက်သွားခြင်းပင်။ အမနဲ့ဂျွန်က ဘယ်လိုဆက်စပ်ပြီးသိကြလည်းမသိပေမယ့် အမဖြစ်သူက အဖော်အဖြစ်ခေါ်၍လိုက်သွားခဲ့ရခြင်းဖြစ်၏။ ရောက်တော့လည်း အမဖြစ်သူနှင့်သာအတူထိုင်နေတာဖြစ်သည်။ ခနကြာတော့မှ မွေးနေ့ရှင်က အမဖြစ်သူနားလာထိုင်ကာ စကားတွေပြော၏။ ထို့နောက် ထယ်ယောင်းအား ဝိုင်ခွက်ကိုကမ်းလာကာ သူ့မွေးနေ့ကိုအသိအမှတ်ပြုရင်သောက်ပါဟုပြော၍ ထယ်ယောင်းသောက်ခဲ့သည်။

မွေးနေ့ရှင်ဂျီအွန်းက အမဖြစ်သူအားအတူကရန်ခေါ်သွားပြီး ထယ်ယောင်းကိုတော့ထိုင်နေစေ၏။ ထိုဟာက အမဖြစ်သူနဲ့မွေးနေ့ရှင်ပေါင်းကြံသည့်အကြံတစ်ခုဖြစ်လိမ့်မည်ဟု ထယ်ယောင်းလုံး၀မထင်ခဲ့ပေ။ သူတို့ထသွားပြီး ခဏကြာတော့ ထယ်ယောင်းငိုက်မျဉ်းလာ၏။ ထို့နောက်မျက်ခွံတွေက ထိန်းမရတော့အောင် ပိတ်သွားခဲ့သည်။ ဤနောက်တွင်တော့ ထယ်ယောင်းဘာမှမသိတော့ဘဲ မနက်မိုးလင်းလို့နိုးတော့ အ၀တ်ဗလာနဲ့အတူ ဂျွန်ရင်ခွင်ထဲမှ နိုးထလာရတာဖြစ်၏။

"ကင်မ်ထယ်ယောင်း!!"

ဂျွန်၏အော်သံကြားမှ ထယ်ယောင်းအတွေးတို့ပြတ်တောက်သွားရတာဖြစ်၏။

"ဟင်းတွေတူးနေတာ မသိဘူးလား ဘယ်လင်အကြောင်းစဥ်းစားနေတာလဲ"

"အာ ငါ့ဟင်းတွေ"

ဂျောင်ကုပြောပြသတိရလေတော့ ဟင်းတွေကိုအိုးမဲအသွင်ဖြစ်နေလေသည်။ မီးကိုအမြန်ပိတ်ကာ အိုးထဲကိုရေတွေလောင်းထည့်လိုက်သည်။ မဟုတ်ရင် မီးထလောင်တော့မည်။

ဟူး~~~ဂျွန်က သိပ်လွှမ်းမိုးနိုင်လွန်းတယ်

"ဘာတွေလုပ်နေတာလဲ တူးနံ့တွေက တစ်အိမ်လုံးမွှန်နေတာ သိရဲ့လား"

"ငါ ငါ အတွေးလွန်သွားလို့ပါ"

ဂျောင်ကု၏အငေါက်မှမခံရရင် ကင်မ်ထယ်ယောင်းတို့ တစ်နေ့မကုန်နိုင်ဘူးထင်ပါသည်။ အမြဲတမ်း သူအော်အောင်လုပ်နေမိတာပဲ။ ဒီနေ့က သူအလုပ်နားသည်ဆိုတော့ ပိုဆိုးလိမ့်မည်။

ဂျောင်ကုစိတ်ပျက်စွာပင် ခေါင်းခါရမ်းကာ အပေါ်သို့တတ်သွားပြန်၏။ အမြဲတမ်းငေးငိုင်ပြီး မျက်ရည်လွယ်တတ်သည့်သူနှင့်နေရတာကို ဂျောင်ကုတကယ်ပင်စိတ်ပျက်မိသည်။

ထယ်ယောင်းဘယ်လိုပင်နေနေ အလိုမကျသည့်ဂျောင်ကုအတွက် သူက၀န်ထုပ်၀န်ပိုးတစ်ခုသာ။ အရာရာတိုင်းမှာ ကူညီချင်ပေမယ့် နှောက်ယှက်သူသာဖြစ်နေတတ်သည်မို့ ထယ်ယောင်းအခုတလော ဂျွန်နဲ့ကင်းကင်းနေ,နေတာဖြစ်၏။ အကယ်၍သူသာမရှိတော့ရင် ဂျွန်ပျော်နေမည်လား။

တွေးမိရင်းမျက်ရည်က ဝဲတတ်လာရသည်။ ကိုယ့်အချစ်ဆုံးလူဆီကနေ အမုန်းခံရတာလောက် နာကျင်စရာကောင်းတာရှိပါဦးမလား။

ကျလာသောမျက်ရည်စတို့ကို လက်ခုံဖြင့်အသာသုတ်ကာ ဟင်းနံ့တွေနံနေသော ခန္ဓာကိုယ်အားရေချိုးရန် အပေါ်သို့တတ်လာခဲ့၏။ ရေချိုးပြီးရင် လမ်းဘေးက ဆင်းရဲသားချို့တဲ့ကလေးတွေကို ဟင်းတွေသွားပေးရဦးမည်။

အခန်းထဲရောက်တော့ မြင်လိုက်ရသည်က MacBookတစ်လုံးဖြင့် အလုပ်ရှုပ်နေသောသူ။ ဆိုဖာပေါ်တွင် တင်ပလင်ချိတ်ကာထိုင်ရင်း MacBookကို ပေါင်ပေါ်တင်ထားတာဖြစ်၏။ သူ၀င်လာ‌တော့ အလုပ်လုပ်နေရင်းမှ မျက်လုံးဖြင့်တစ်ချက်ဝေ့ကြည့်၏။

"ငါ ဒီနေ့ အပြင်ခနသွားမလို့"

ထယ်ယောင်းပြော‌တော့ ခေါင်းငြိမ့်ပြကာ သူ့အလုပ်သူဆက်လုပ်၏။ လိုက်ပို့ဖို့ မျှော်လင့်ပြီးပြောတာမဟုတ်ပေမယ့် သူလိုက်ပို့ရင် သိပ်ကောင်းမည်။ သို့သော်လည်း မဖြစ်နိုင်ချေ။ ဂျောင်ကုအားကြည့်နေရာမှ အကြည့်လွှဲကာ bathrobeကိုယူ၍ ရေချိုးခန်းထဲ ၀င်ခဲ့၏။

ရေချိုးခန်းထဲသို့ ၀င်သွားသောထယ်ယောင်းကိုကြည့်ကာ ဂျောင်ကု သက်ပြင်းချမိ၏။ အမြဲတမ်းမှိုင်တွေနေသည့်သူ့ကို ဂျောင်ကုစိတ်မရှည်ပေ။ ကိုယ့်တွေ့ရင် သရဲမြင်တာလိုလို ဘာလိုလိုနှင့် အမြဲတမ်းခေါင်းကိုငုံ့ထားပြီးသာ စကားပြော၏။ ပြောလိုက်တိုင်းလည်း စကားတို့ကအထစ်ထစ်အငေါ့ငေါ့ဖြင့်သာ။

သူအပြင်သွားရင် လိုက်ပို့သင့်လား။ သို့ပေမယ့် ဂျောင်ကုစိတ်မပါ။ အဲ့ဒါကို နောက်ထား၍ သူ့နောက်တော့လိုက်ကြည့်ရဦးမည်။ အရင်တစ်ခေါက်က taxiနှင့်မှားခေါ်မိသည်ဆိုသည့် ထိုလူက ထိုနေ့ပြီးကတည်းက အိမ်ရှေ့၌ ဝေ့သီနေတာဖြစ်၏။ ကြည့်ရတာ ကင်မ်ထယ်ယောင်းကို ကြောင်ချင်နေသည့်ပုံပင်။

ဒီနေ့လည်း မနက်ပိုင်း၀ရံတာမှာ လေညှင်းခံတော့ထိုလူကိုတွေ့ပြန်၏။ ကင်မ်ထယ်ယောင်းကတော့ အိမ်ထဲ၌သာနေသည်မို့ သိမည်မဟုတ်ပေ။ ထိုသို့ကျ‌ပြန်‌တော့လည်း ကင်မ်ထယ်ယောင်းက တစ်ခုကောင်း၏။ သူ့ကိုမချစ်မှန်းသိတာ‌တောင် သူ့အပေါ် သစ္စာဖောက်ပြားခြင်းမရှိပေ။ သို့ပေမယ့်လည်း သူ့ကိုမုန်း၏။

ထယ်ယောင်းရေချိုးပြီး ပြန်ထွက်လာသည့်တိုင် ဂျွန်က ဆိုဖာပေါ်၌ထိုင်ကာ အလုပ်လုပ်နေ‌ဆဲပင်။ သူ့ဘေးနားကနေဖြတ်လျှောက်ကာ အ၀တ်ဗီရိုဆီသွားလေတော့ မျက်လုံးစွေကြည့်တာကို ထယ်ယောင်းသိလိုက်၏။ ပြီးနောက် သူ့အလုပ်သို့သာ ပြန်၍အာရုံစိုက်လေသည်။

MacBookကိုအာရုံစိုက်ကာ အလုပ်လုပ်နေရင်းမှ မျက်နှာချင်းဆိုင်မှန်၌ပေါ်လာသော ဟိုတစ်ယောက်၏ပုံရိပ်။ အ၀တ်လဲသည့်နေရာက မှန်နှင့်မျက်နှာချင်းဆိုင်ဖြစ်နေသည်မို့ သူ့ပုံရိပ်တွေမှန်ထဲပေါ်နေတာသိပုံမရပေ။ အ၀တ်တွေအားထုတ်ပြီးနောက် bathrobeကိုဖြည်ရန် ကြိုးစားချိန်၌ ဂျောင်ကု အဓိပ္ပါယ်ပါပါပြုံးမိ၏။ သူ့ကိုယ်သူမှန်ထဲက မြင်နေရတာ မသိသေးဘူးပဲ။

Bathrobeကိုဖြည်ပြီးချိန်၌ စိတ်ထဲတွင်တစ်ခုခုက စိုက်ကြည့်နေသလိုခံစားရ၍ ဂျွန့်အားလှည့်ကြည့်လေတော့ မှန်ထဲကနေပေါ်နေသောကိုယ့်အား စူးစိုက်ကာကြည့်နေသောသူ။ သူ့ကိုမြင်၍လန့်ကာ ရင်ဘတ်ဟနေသည့် bathrobeကို အမြန်ဆွဲပိတ်လိုက်ရလေသည်။

ဘယ်လိုတောင် ကြက်သီးထစရာကောင်းတဲ့အကြည့်လဲ!

"ဟို ဂျွန် ငါ ! ငါ!"

"ပြောမှာကိုပြော ငါက စိတ်ရှည်တဲ့လူ မဟုတ်ဘူး!"‌ဂျောင်ကုအော်တော့ ထယ်ယောင်းကိုယ်လေးအနည်းငယ်တုန်သွား၏။ ပြီးမှ အသံကိုထိန်းကာ ပြန်ဖြေ၏။

"ငါ့ရဲ့ boxerတွေအကုန်လျှော်မိသွားလို့ ဂျွန့်မှာ အသစ်ရှိလားလို့"

အဟက်!

ခနဲ့သလိုလိုရယ်လာသည့် ဂျွန့်ရယ်သံက ဘာရယ်မဟုတ်ပေမယ့်လည်း ထယ်ယောင်းအတွက်တော့ ကျောချမ်းစရာကောင်း၏။

MacBookကိုပိတ်ကာ ဆိုဖာပေါ်မှထရင်း အနားသို့လျှောက်လာသော ဂျွန့်ကြောင့် bathrobeကို ဆုပ်ကိုင်ထားသည့် ထယ်ယောင်းလက်တွေ ပိုတင်းကြပ်သွားရ၏။ ထို့နောက် bathrobeမှ ခါးစည်းကြိုးအား ပြန်ချည်ရန်ပြင်လိုက်၏။

"ဟင်! ဂျွန်!"

ခါးစည်းကြိုးအား ပြန်မချည်ရသေးမီ ထယ်ယောင်းလက်အားဆွဲကာ သူ့ရင်ခွင်ဆီသို့ဆွဲထည့်လာသောသူကြောင့် ထယ်ယောင်းကြောင်အစွာ။ ထယ်ယောင်း ပြန်ရုန်းထွက်ရန်လုပ်တော့ ခါးကနေဆွဲဖက်ကာ သူ့ရင်ဘတ်နှင့်ပိုကပ်စေလိုက်၏။ ပြီးနောက် အခန်းတွင်းမှ လိုက်ကာစအားဖွင့်ကာ ထယ်ယောင်းအားခြံ၀သို့ကြည့်ရန် မေးငေါ့ပြ၏။

"ဟင်! ဟိုလူ!"

ထိုနေ့က သူမိတ်ဆက်သွားသော်လည်း ထယ်ယောင်းသူ့နာမည်ကိုမမှတ်မိလိုက်ပါ။ ရုပ်ကိုတောင် တက္ကစီနှင့်မှားဖူး၍ မှတ်မိခြင်းသာ။

"သူက အိမ်ရှေ့မှာ ဘာလုပ်နေတာလဲ"

ထယ်ယောင်းလှမ်းသာကြည့်နေရသော်လည်း ဂျောင်ကုရင်ခွင်ထဲမှ မထွက်ရသေးပေ။

"ဟင်!"

အောက်ကလူက သူတို့ကိုမြင်၍ထင်သည် လက်လှမ်းပြ၏။

"ဟင့်! အင့်!"

ထယ်ယောင်းထိုလူ့အား လက်ပြန်ပြရန်ပြင်ချိန် ထောင်ရန်ပြင်သောလက်အားဖမ်းချုပ်ကာ နှုတ်ခမ်းကိုကြမ်းတမ်းစွာ နမ်းလာလေသော ဂျွန်ပင်။ ဂျောင်ကုစိတ်တိုတိုင်းနမ်းသည့်အနမ်းတွေလို ယခုအနမ်းတွေမှာလည်း ကြမ်းရှနေ၏။ သူဘာကို စိတ်တိုသွားသည်လဲ ထယ်ယောင်းမသိပါ။ ဟိုလူကို နှုတ်ဆက်ဖို့ပြင်မိလို့ဆိုရင်လည်း ကိုယ်က သူချစ်ရသူမဟုတ်တော့ သ၀န်တိုတာမဖြစ်နိုင်ပေ။ သူ့ရင်ခွင်ထဲက ရုန်းထွက်မိတာဆိုပြန်တော့လည်း မဟုတ်သေး။ သူဘာကို စိတ်တိုသနည်း။

"ဂျွန်! ဟင့်! ငါ ငါအပြင်သွား! အင့်!"

ထယ်ယောင်းစကားတွေကိုပင်ဆုံးခွင့်မပေးတော့ဘဲ အိပ်ယာပေါ်ကို အနမ်းတွေမပျက်စေဘဲ တွန်းလှဲလိုက်တာဖြစ်၏။ ဂျောင်ကု၏တွန်းလှဲမှုကြောင့် ထယ်ယောင်းရုတ်တရက်ဆန်စွာလဲကျသွားသော်လည်း ဂျောင်ကုကတော့ အပေါ်ကနေ သေသပ်စွာအုပ်မိုးဆဲပင်။ ထို့ပြင် အနမ်းဂဟေလည်းမပြတ်စေရပေ။

"ဂျွန်!"

နဂိုဟနေသော bathrobeက အိပ်ယာပေါ်တွန်းလှဲခံရချိန်၌ နှစ်ခြမ်းကွဲကာ အားလုံးဟာလာပြင်ဖြစ်သွားရလေ၏။ထိုသည်ကို ရမ္မက်ခိုးဝေနေသော မျက်လုံးတွေဖြင့် စိုက်ကြည့်နေသော ဂျောင်ကုကြောင့် ထယ်ယောင်းပေါင်လေးကို မသိမသာပြန်စုကြည့်ပြီး bathrobeအား ပြန်ဖုံးရန်ကြိုးစားကြည့်၏။

"အာ့!"

စုဖို့ကြိုးစားနေသော ပေါင်နှစ်ချောင်းအားဆွဲကားကာ အလယ်၌၀င်ထိုင်လာလေသောဂျွန် ပြန်စေ့ဖို့လုပ်နေသော ထယ်ယောင်းလက်တွေအား ချုပ်ကိုင်ကာ ခေါင်းအထက်ဆီသို့စုတင်ပစ်လိုက်၏။

"ဂျွန်!"

"မင်းက ဒီလိုပုံစံနဲ့အရမ်းလှတာ"

ဆိုကာ လွတ်နေသောလက်တစ်ဖက်ဖြင့် ထယ်‌ယောင်း၏ ခါးသိမ်သိမ်အား အားနှင့်ဖျစ်ညှစ်လိုက်၏။

"ဂျွန်"

လက်ကောက်၀တ်နှစ်ခုအား စုချုပ်ကာအပေါ်သို့ လှန်တင်ထားခံရသည့်အပြင် ပေါင်နှစ်ခုကြား၌ပါနေရာ၀င်ယူနေသောသူ့ကြောင့် ထယ်ယောင်းမရုန်းသာပေ။ ထို့ပြင် ပန်းနုရောင် bathrobeလေးနှင့်အပြိုင် ရဲနေသော ပါးမို့လေးက ဆွဲကိုက်ချင်စရာကောင်း၏။ ဂျောင်ကုအောင်မှ အရှက်သည်းနေသည့်ကောင်လေး၏အလှတရားက နှိုင်းစရာမရှိသော ပန်းချီကားတစ်ချပ်နှယ် လှပလွန်း၏။

"မင်းအပြင်မသွားခင် လေ့ကျင့်ခန်းလုပ်ကြမလား"

"ဟင်!"

🙊🙊🙊🙊🙄🙊🙊🙄🧐

J JuliH

Zawgyi

"ကင္မ္ထယ္ေယာင္း!"

မီးဖိုခန္းထဲ၌ ေအပ႐ြန္၀တ္ကာေစာေစာစီးစီးတစ္အိမ္လုံးေညွာ္တိုက္ေနေသာ ကင္မ္ထယ္ေယာင္းအား စိတ္တိုစြာျဖင့္ ေအာ္လိုက္တာျဖစ္၏။ သူမ်ားအိပ္ေနတာကို လူလိုနားမလည္တာလားမသိေပ။

"ဂြၽန္ နိုးလာၿပီလား ဒီမွာငါ ဟင္းေတြ...."

"သြန္ပစ္လိုက္"

"ဘာ ဘာလို႔လဲ"

ခါးသီးစြာျငင္းလိုက္ေသာ ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းမ်က္ႏွာေလး ၿပဳံးေနရာမွ သိသိသာသာမွိုင္ၾကသြားေလသည္။ သို႔ေသာ္ ေဂ်ာင္ကု ဂ႐ုမစိုက္ေပ။ သူဘယ္လိုပဲ မာယာမ်ားေနပါေစ ဒီေကာင့္ရဲ႕ရင္ဘတ္ကို တိုးေပါက္မွာမဟုတ္၍ပင္။

"ငါက ဂြၽန္စားေစခ်င္...."

"အရင္တစ္ခါတည္းက ငါေျပာၿပီးသား ကင္မ္ထယ္ေယာင္း မင္းခ်က္တာကို ငါမစားဘူးလို႔၊ ဘာလဲ ငါ့ကိုလာဖားေနတာလား။ အဟက္! အဲ့တာဆိုရင္ေတာင္ မင္းကိုငါအျမင္ၾကည္မွာမဟုတ္လို႔ ေဆာရီးဘဲ"

"အင့္!"

ကိုယ္ဘာပဲလုပ္လုပ္ မေကာင္းျမင္ေနသည့္ဂြၽန႔္ကို ထယ္ေယာင္းနားမလည္နိုင္ေတာ့ပါ။ ဘာအမွားေတြမ်ားလုပ္မိလို႔ ဂြၽန္က သူ႕ကိုထိုေလာက္ထိမုန္းေနပါသနည္း။ ထယ္ေယာင္းသိသေလာက္ဆို အိပ္ေဆးခတ္ခံရၿပီး သူ႕ကိုအတင္းရယူသည္ဆိုေသာ အျပစ္ႏွင့္ သူနဲ႕ဆိုေယာင္းကို ခြဲခဲ့မိတာပဲရွိလိမ့္မည္။ ဒါေတာင္ ထယ္ေယာင္း၏အျပစ္ႀကီးလည္းမဟုတ္ေပ။ ထယ္ေယာင္းကိုယ္တိုင္သည္လည္း သူမ်ားလုပ္ႀကံတာခံခဲ့ရသူပင္။

"က်စ္!"

ထယ္ေယာင္း ရွိုက္သံထြက္ေတာ့ ေဂ်ာင္ကုက စိတ္ပ်က္စြာျဖင့္ၾကည့္ကာ က်စ္သပ္၏။ ေယာက်ာ္းတစ္ေယာက္ျဖစ္ၿပီး ယခုလိုမ်က္ရည္လြယ္ေနတာေတြကို ေဂ်ာင္ကုနည္းနည္းမွမႀကိဳက္ေပ။ မိန္းတစ္ေယာက္ျဖစ္သည့္ ဆိုေယာင္းတုန္းကေတာင္ ထိုသို႔မ်က္ရည္မက်ဖဴးခဲ့။

အမ်ားေရွ႕မွာသန္မာခဲ့သေလာက္ ဂြၽန႔္ေရွ႕မွာဆို ခဏတိုင္းမ်က္ရည္က်တတ္သည့္ ကိုယ့္ကိုယ္ကို ထယ္ေယာင္း မုန္းမိသည္။ မက်မိေအာင္ထိန္းေလ ပိုက်ေလျဖစ္ေနသည္။ အရာရာတိုင္းမွာ သန္မာစြာေနနိုင္ေပမယ့္ ဂြၽန႔္ေရွ႕၌တြင္ေတာ့ အၿမဲတမ္းသိမ္ငယ္ရ၏။

"က်စ္! မင္းဟာမင္း ဆက္ခ်က္ၿပီး သူမ်ားသာေပးလိုက္ ငါမစားဘူး"

"အင္း"

စိတ္အလိုမက်စြာေျပာၿပီး အေပၚသို႔ျပန္တတ္သြားေသာ ဂြၽန႔္ကို ေငးၾကည့္ရင္းသာ ထယ္ေယာင္းက်န္ေနခဲ့၏။ ဂြၽန္သာ သူ႕ကိုေကာင္းေကာင္းဆက္ဆံရင္ ဘယ္ေလာက္ေတာင္ ေကာင္းလိုက္မလဲ။ ထိုသို႔သာဆိုရင္ ကမၻာေပၚမွာအေပ်ာ္ဆုံးလူသားက ထယ္ေယာင္းသာျဖစ္ပါလိမ့္မည္။

ဟိုးအရင္ကတည္းက စြဲလမ္းခဲ့ရသူက သူ႕ေယာက်ာ္းျဖစ္လာတာကို ထယ္ေယာင္းမယုံနိုင္ေသးေပ။ ထယ္ေယာင္းထက္တစ္ႏွစ္သာငယ္ေသာ ထိုေကာင္ေလးကို ေက်ာင္းမွာျမင္ကတည္းက စြဲလမ္းမိခဲ့တာျဖစ္သည္။ Jeonမ်ိဳးရိုးရဲ႕တဦးတည္းေသာ အေမြဆက္ခံသူျဖစ္သည့္သူက ေက်ာင္းတြင္နာမည္အႀကီးဆုံးလူမို႔ ထယ္ေယာင္းသိေသာ္လည္း ထယ္ေယာင္းလိုအညၾတကိုေတာ့ သူမသိခဲ့ေပ။ ေက်ာင္းမွာတုန္းကဆို အၿမဲတမ္းသူ႕ေနာက္လိုက္ေခ်ာင္းမိ၏။ သို႔ေသာ္ သူသိေအာင္မလုပ္ရဲေပ။ အရမ္းstraightျဖစ္လြန္းသည့္သူက ထယ္ေယာင္းရဲ႕ တည္ရွိမႈကိုသိရင္ ႐ြံရွာသြားလိမ့္မည္။

ခါတိုင္း ေက်ာင္းသြားရမွာပ်င္းတတ္သည့္ ထယ္ေယာင္းက ထိုေကာင္ေလးကိုေတြ႕ၿပီးေနာက္ပိုင္း ေက်ာင္းသို႔ေန႕တိုင္းေစာေစာေရာက္တတ္သည္။ သူ႕ကားေလးကို ပါကင္၌ထိုးသည့္အခ်ိန္ကေနေတာက္ေလွ်ာက္သူ႕ေနာက္ကိုလိုက္ေနတတ္ၿပီး ညေနေက်ာင္းဆင္းခ်ိန္မွသာ အိမ္ျပန္ခဲ့တာျဖစ္၏။ ထိုအခ်ိန္၌ သူ႕မွာရည္းစားမရွိေသး။ ခပ္တည္တည္ႏွင့္ ခပ္ေအးေအးသာေနၿပီး စာႀကိဳးစားသည့္ထိုေကာင္ေလးကို ထယ္ေယာင္း သေဘာက်၍မဆုံးေပ။

အခ်စ္ဆိုတာဟုတ္မဟုတ္ကို ထယ္ေယာင္းေသခ်ာမသိေပမယ့္ သူ႕ကိုသေဘာက်မိတာေတာ့ ေသခ်ာ၏။ လူေတြနဲ႕ေဝးသည့္ေနရာေတြတို႔ တိတ္ဆိတ္ေနေသာေနရာေတြတို႔၌ စာလာၾကည့္တတ္သည့္ေကာင္ေလးကို ထယ္ေယာင္းကင္မရာေလးထုတ္ကာ ပုံရိုက္ယူထားမိ၏။ စေတြ႕ကတည္းက သေဘာတက်ရိဳက္ထားမိတာ အခုဆိုသူ႕ပုံေတြ ထယ္ေယာင္းအိပ္ခန္းနံရံ၌ေနရာယူေနၾကၿပီျဖစ္၏။ သူ႕အားသေဘာက်လြန္း၍ ကိုယ္အိပ္သည့္ ေခါင္းအုံး ၊ဖက္လုံး၊ ၿခဳံေစာင္၊ ျခင္ေထာင္ကအစ သူ႕ပုံေလးေတြႏွင့္လုပ္ထားတာျဖစ္၏။ ဇာပါးျခင္ေထာင္ေလးအထက္ကေနေဖာက္၍ျမင္ေနရေသာ မ်က္ႏွာက်က္တြင္လည္း သူ႕ပုံအႀကီးႀကီးတစ္ခုကေနရာယူထားျပန္ေသး၏။

ထို႔ေနာက္တြင္ေတာ့ ထယ္ေယာင္းသူ႕ဆီအား စာအိတ္ေလးႏွင့္ထုပ္ပိုးထားသည့္ ဓာတ္ပုံေတြတစ္ရက္ကိုတစ္ပုံပို႔ျဖစ္သည္။ ေဘးလူတစ္ေယာက္အား မုန႔္ဖိုးေပးကာသူ႕ခုံေပၚ၌တင္ထားခိုင္းတာျဖစ္၏။ သူလာသည့္အခ်ိန္ဆို ထိုဟာေလးယူလားဆိုၿပီး လိုက္ၾကည့္ရတာအေမာပင္။ ထယ္ေယာင္းေက်ာင္းၿပီးသည္အထိတိုင္ ေက်ာင္းကိုလာၿပီးထိုသို႔လုပ္ၿမဲပင္။ ထို႔ေနာက္သူေက်ာင္းၿပီးသြားေတာ့ ထယ္ေယာင္းသူ႕ကိုမေတြ႕ရေတာ့ေပ။ ေနာက္မွ social mediaေတြကေနသိခဲ့ရတာ သူ႕အေဖရွိသည့္USကိုထြက္သြားခဲ့သည္တဲ့။

USမွာ စီးပြားေရးေၾကာင္းေတြေလ့လာၿပီးေတာ့ သူကိုရီးယားကိုျပန္လာ၏။ ထို႔ေနာက္ပိုင္း JKဆိုေသာနာမည္ျဖင့္ ကုမၸဏီတစ္ခုေထာင္၏။ ေနာက္ပိုင္းတစ္ျဖည္းျဖည္းခ်ဲ့ကားလာရင္း ကိုးရီးယားနိုင္ငံ၏ေဈးကြက္ကို သိမ္းပိုက္သည္အထိပင္။ ငယ္ငယ္႐ြယ္႐ြယ္ေလးႏွင့္ စီးပြားေရးေလာကတြင္ ေအာင္ျမင္လာသည့္သူ႕ကို လူတိုင္းက ခ်ီးက်ဴး၍မဆုံးၾကေပ။ ထို႔ျပင္စီးပြားေရး၌လည္း အကြက္ျမင္လြန္းသူပင္။ ဟိုးအရင္ကတည္းကေန ယခုအခ်ိန္ သူ႕အေၾကာင္းေတြကို ထယ္ေယာင္း နားစြင့္ဆဲ နားစြင့္ၿမဲပင္။

ဤေနာက္တြင္ သူခ်စ္သူရွိေၾကာင္းသိလာရ၏။ ထိုခ်စ္သူႏွင့္အေတာ္ၾကာသည္အထိသူတြဲသည္။ ထယ္ေယာင္းနဲ႕မေတြ႕ခင္ ညအထိ ထိုေကာင္မေလးႏွင့္ သူတြဲခဲ့တာျဖစ္သည္။

ထိုေန႕ညက ဂြၽန႔္ရဲ႕ညီမျဖစ္သူေမြးေန႕ဆို၍ အမျဖစ္သူႏွင့္လိုက္သြားျခင္းပင္။ အမနဲ႕ဂြၽန္က ဘယ္လိုဆက္စပ္ၿပီးသိၾကလည္းမသိေပမယ့္ အမျဖစ္သူက အေဖာ္အျဖစ္ေခၚ၍လိုက္သြားခဲ့ရျခင္းျဖစ္၏။ ေရာက္ေတာ့လည္း အမျဖစ္သူႏွင့္သာအတူထိုင္ေနတာျဖစ္သည္။ ခနၾကာေတာ့မွ ေမြးေန႕ရွင္က အမျဖစ္သူနားလာထိုင္ကာ စကားေတြေျပာ၏။ ထို႔ေနာက္ ထယ္ေယာင္းအား ဝိုင္ခြက္ကိုကမ္းလာကာ သူ႕ေမြးေန႕ကိုအသိအမွတ္ျပဳရင္ေသာက္ပါဟုေျပာ၍ ထယ္ေယာင္းေသာက္ခဲ့သည္။

ေမြးေန႕ရွင္ဂ်ီအြန္းက အမျဖစ္သူအားအတူကရန္ေခၚသြားၿပီး ထယ္ေယာင္းကိုေတာ့ထိုင္ေနေစ၏။ ထိုဟာက အမျဖစ္သူနဲ႕ေမြးေန႕ရွင္ေပါင္းႀကံသည့္အႀကံတစ္ခုျဖစ္လိမ့္မည္ဟု ထယ္ေယာင္းလုံး၀မထင္ခဲ့ေပ။ သူတို႔ထသြားၿပီး ခဏၾကာေတာ့ ထယ္ေယာင္းငိုက္မ်ဥ္းလာ၏။ ထို႔ေနာက္မ်က္ခြံေတြက ထိန္းမရေတာ့ေအာင္ ပိတ္သြားခဲ့သည္။ ဤေနာက္တြင္ေတာ့ ထယ္ေယာင္းဘာမွမသိေတာ့ဘဲ မနက္မိုးလင္းလို႔နိုးေတာ့ အ၀တ္ဗလာနဲ႕အတူ ဂြၽန္ရင္ခြင္ထဲမွ နိုးထလာရတာျဖစ္၏။

ကင္မ္ထယ္ေယာင္း!!

ဂြၽန္၏ေအာ္သံၾကားမွ ထယ္ေယာင္းအေတြးတို႔ျပတ္ေတာက္သြားရတာျဖစ္၏။

ဟင္းေတြတူးေနတာ မသိဘူးလား ဘယ္လင္အေၾကာင္းစဥ္းစားေနတာလဲ

အာ ငါ့ဟင္းေတြ

ေဂ်ာင္ကုေျပာျပသတိရေလေတာ့ ဟင္းေတြကိုအိုးမဲအသြင္ျဖစ္ေနေလသည္။ မီးကိုအျမန္ပိတ္ကာ အိုးထဲကိုေရေတြေလာင္းထည့္လိုက္သည္။ မဟုတ္ရင္ မီးထေလာင္ေတာ့မည္။

ဟူး~~~ဂြၽန္က သိပ္လႊမ္းမိုးနိုင္လြန္းတယ္

ဘာေတြလုပ္ေနတာလဲ တူးနံ႕ေတြက တစ္အိမ္လုံးမႊန္ေနတာ သိရဲ႕လား

ငါ ငါ အေတြးလြန္သြားလို႔ပါ

ေဂ်ာင္ကု၏အေငါက္မွမခံရရင္ ကင္မ္ထယ္ေယာင္းတို႔ တစ္ေန႕မကုန္နိုင္ဘူးထင္ပါသည္။ အၿမဲတမ္း သူေအာ္ေအာင္လုပ္ေနမိတာပဲ။ ဒီေန႕က သူအလုပ္နားသည္ဆိုေတာ့ ပိုဆိုးလိမ့္မည္။

ေဂ်ာင္ကုစိတ္ပ်က္စြာပင္ ေခါင္းခါရမ္းကာ အေပၚသို႔တတ္သြားျပန္၏။ အၿမဲတမ္းေငးငိုင္ၿပီး မ်က္ရည္လြယ္တတ္သည့္သူႏွင့္ေနရတာကို ေဂ်ာင္ကုတကယ္ပင္စိတ္ပ်က္မိသည္။

ထယ္ေယာင္းဘယ္လိုပင္ေနေန အလိုမက်သည့္ေဂ်ာင္ကုအတြက္ သူက၀န္ထုပ္၀န္ပိုးတစ္ခုသာ။ အရာရာတိုင္းမွာ ကူညီခ်င္ေပမယ့္ ႏွောက္ယွက္သူသာျဖစ္ေနတတ္သည္မို႔ ထယ္ေယာင္းအခုတေလာ ဂြၽန္နဲ႕ကင္းကင္းေန,ေနတာျဖစ္၏။ အကယ္၍သူသာမရွိေတာ့ရင္ ဂြၽန္ေပ်ာ္ေနမည္လား။

ေတြးမိရင္းမ်က္ရည္က ဝဲတတ္လာရသည္။ ကိုယ့္အခ်စ္ဆုံးလူဆီကေန အမုန္းခံရတာေလာက္ နာက်င္စရာေကာင္းတာရွိပါဦးမလား။

က်လာေသာမ်က္ရည္စတို႔ကို လက္ခုံျဖင့္အသာသုတ္ကာ ဟင္းနံ႕ေတြနံေနေသာ ခႏၶာကိုယ္အားေရခ်ိဳးရန္ အေပၚသို႔တတ္လာခဲ့၏။ ေရခ်ိဳးၿပီးရင္ လမ္းေဘးက ဆင္းရဲသားခ်ိဳ႕တဲ့ကေလးေတြကို ဟင္းေတြသြားေပးရဦးမည္။

အခန္းထဲေရာက္ေတာ့ ျမင္လိုက္ရသည္က MacBookတစ္လုံးျဖင့္ အလုပ္ရႈပ္ေနေသာသူ။ ဆိုဖာေပၚတြင္ တင္ပလင္ခ်ိတ္ကာထိုင္ရင္း MacBookကို ေပါင္ေပၚတင္ထားတာျဖစ္၏။ သူ၀င္လာေတာ့ အလုပ္လုပ္ေနရင္းမွ မ်က္လုံးျဖင့္တစ္ခ်က္ေဝ့ၾကည့္၏။

ငါ ဒီေန႕ အျပင္ခနသြားမလို႔

ထယ္ေယာင္းေျပာေတာ့ ေခါင္းၿငိမ့္ျပကာ သူ႕အလုပ္သူဆက္လုပ္၏။ လိုက္ပို႔ဖို႔ ေမွ်ာ္လင့္ၿပီးေျပာတာမဟုတ္ေပမယ့္ သူလိုက္ပို႔ရင္ သိပ္ေကာင္းမည္။ သို႔ေသာ္လည္း မျဖစ္နိုင္ေခ်။ ေဂ်ာင္ကုအားၾကည့္ေနရာမွ အၾကည့္လႊဲကာ bathrobeကိုယူ၍ ေရခ်ိဳးခန္းထဲ ၀င်ခဲ့၏။

ေရခ်ိဳးခန္းထဲသို႔ ၀င်သွားသောထယ်ယောင်းကိုကြည့်ကာ ေဂ်ာင္ကု သက္ျပင္းခ်မိ၏။ အၿမဲတမ္းမွိုင္ေတြေနသည့္သူ႕ကို ေဂ်ာင္ကုစိတ္မရွည္ေပ။ ကိုယ့္ေတြ႕ရင္ သရဲျမင္တာလိုလို ဘာလိုလိုႏွင့္ အၿမဲတမ္းေခါင္းကိုငုံ႕ထားၿပီးသာ စကားေျပာ၏။ ေျပာလိုက္တိုင္းလည္း စကားတို႔ကအထစ္ထစ္အေငါ့ေငါ့ျဖင့္သာ။

သူအျပင္သြားရင္ လိုက္ပို႔သင့္လား။ သို႔ေပမယ့္ ေဂ်ာင္ကုစိတ္မပါ။ အဲ့ဒါကို ေနာက္ထား၍ သူ႕ေနာက္ေတာ့လိုက္ၾကည့္ရဦးမည္။ အရင္တစ္ေခါက္က taxiႏွင့္မွားေခၚမိသည္ဆိုသည့္ ထိုလူက ထိုေန႕ၿပီးကတည္းက အိမ္ေရွ႕၌ ေဝ့သီေနတာျဖစ္၏။ ၾကည့္ရတာ ကင္မ္ထယ္ေယာင္းကို ေၾကာင္ခ်င္ေနသည့္ပုံပင္။

ဒီေန႕လည္း မနက္ပိုင္း၀ရံတာမွာ ေလညွင္းခံေတာ့ထိုလူကိုေတြ႕ျပန္၏။ ကင္မ္ထယ္ေယာင္းကေတာ့ အိမ္ထဲ၌သာေနသည္မို႔ သိမည္မဟုတ္ေပ။ ထိုသို႔က်ျပန္ေတာ့လည္း ကင္မ္ထယ္ေယာင္းက တစ္ခုေကာင္း၏။ သူ႕ကိုမခ်စ္မွန္းသိတာေတာင္ သူ႕အေပၚ သစၥာေဖာက္ျပားျခင္းမရွိေပ။ သို႔ေပမယ့္လည္း သူ႕ကိုမုန္း၏။

ထယ္ေယာင္းေရခ်ိဳးၿပီး ျပန္ထြက္လာသည့္တိုင္ ဂြၽန္က ဆိုဖာေပၚ၌ထိုင္ကာ အလုပ္လုပ္ေနဆဲပင္။ သူ႕ေဘးနားကေနျဖတ္ေလွ်ာက္ကာ အ၀တ္ဗီရိုဆီသြားေလေတာ့ မ်က္လုံးေစြၾကည့္တာကို ထယ္ေယာင္းသိလိုက္၏။ ၿပီးေနာက္ သူ႕အလုပ္သို႔သာ ျပန္၍အာ႐ုံစိုက္ေလသည္။

MacBookကိုအာ႐ုံစိုက္ကာ အလုပ္လုပ္ေနရင္းမွ မ်က္ႏွာခ်င္းဆိုင္မွန္၌ေပၚလာေသာ ဟိုတစ္ေယာက္၏ပုံရိပ္။ အ၀တ္လဲသည့္ေနရာက မွန္ႏွင့္မ်က္ႏွာခ်င္းဆိုင္ျဖစ္ေနသည္မို႔ သူ႕ပုံရိပ္ေတြမွန္ထဲေပၚေနတာသိပုံမရေပ။ အ၀တ္ေတြအားထုတ္ၿပီးေနာက္ bathrobeကိုျဖည္ရန္ ႀကိဳးစားခ်ိန္၌ ေဂ်ာင္ကု အဓိပ္ပါယ်ပါပါပြုံးမိ၏။ သူ႕ကိုယ္သူမွန္ထဲက ျမင္ေနရတာ မသိေသးဘူးပဲ။

Bathrobeကိုျဖည္ၿပီးခ်ိန္၌ စိတ္ထဲတြင္တစ္ခုခုက စိုက္ၾကည့္ေနသလိုခံစားရ၍ ဂြၽန႔္အားလွည့္ၾကည့္ေလေတာ့ မွန္ထဲကေနေပၚေနေသာကိုယ့္အား စူးစိုက္ကာၾကည့္ေနေသာသူ။ သူ႕ကိုျမင္၍လန႔္ကာ ရင္ဘတ္ဟေနသည့္ bathrobeကို အျမန္ဆြဲပိတ္လိုက္ရေလသည္။

ဘယ္လိုေတာင္ ၾကက္သီးထစရာေကာင္းတဲ့အၾကည့္လဲ!

ဟို ဂြၽန္ ငါ ! ငါ!

ေျပာမွာကိုေျပာ ငါက စိတ္ရွည္တဲ့လူ မဟုတ္ဘူး!

ေဂ်ာင္ကုေအာ္ေတာ့ ထယ္ေယာင္းကိုယ္ေလးအနည္းငယ္တုန္သြား၏။ ၿပီးမွ အသံကိုထိန္းကာ ျပန္ေျဖ၏။

ငါ့ရဲ႕ boxerေတြအကုန္ေလွ်ာ္မိသြားလို႔ ဂြၽန႔္မွာ အသစ္ရွိလားလို႔

အဟက္!

ခနဲ႕သလိုလိုရယ္လာသည့္ ဂြၽန႔္ရယ္သံက ဘာရယ္မဟုတ္ေပမယ့္လည္း ထယ္ေယာင္းအတြက္ေတာ့ ေက်ာခ်မ္းစရာေကာင္း၏။

MacBookကိုပိတ္ကာ ဆိုဖာေပၚမွထရင္း အနားသို႔ေလွ်ာက္လာေသာ ဂြၽန႔္ေၾကာင့္ bathrobeကို ဆုပ္ကိုင္ထားသည့္ ထယ္ေယာင္းလက္ေတြ ပိုတင္းၾကပ္သြားရ၏။ ထို႔ေနာက္ bathrobeမွ ခါးစည္းႀကိဳးအား ျပန္ခ်ည္ရန္ျပင္လိုက္၏။

ဟင္! ဂြၽန္!

ခါးစည္းႀကိဳးအား ျပန္မခ်ည္ရေသးမီ ထယ္ေယာင္းလက္အားဆြဲကာ သူ႕ရင္ခြင္ဆီသို႔ဆြဲထည့္လာေသာသူေၾကာင့္ ထယ္ေယာင္းေၾကာင္အစြာ။ ထယ္ေယာင္း ျပန္႐ုန္းထြက္ရန္လုပ္ေတာ့ ခါးကေနဆြဲဖက္ကာ သူ႕ရင္ဘတ္ႏွင့္ပိုကပ္ေစလိုက္၏။ ၿပီးေနာက္ အခန္းတြင္းမွ လိုက္ကာစအားဖြင့္ကာ ထယ္ေယာင္းအားၿခံ၀သို႔ၾကည့္ရန္ ေမးေငါ့ျပ၏။

ဟင္! ဟိုလူ!

ထိုေန႕က သူမိတ္ဆက္သြားေသာ္လည္း ထယ္ေယာင္းသူ႕နာမည္ကိုမမွတ္မိလိုက္ပါ။ ႐ုပ္ကိုေတာင္ တကၠစီႏွင့္မွားဖူး၍ မွတ္မိျခင္းသာ။

သူက အိမ္ေရွ႕မွာ ဘာလုပ္ေနတာလဲ

ထယ္ေယာင္းလွမ္းသာၾကည့္ေနရေသာ္လည္း ေဂ်ာင္ကုရင္ခြင္ထဲမွ မထြက္ရေသးေပ။

ဟင္!

ေအာက္ကလူက သူတို႔ကိုျမင္၍ထင္သည္ လက္လွမ္းျပ၏။

ဟင့္! အင့္!

ထယ္ေယာင္းထိုလူ႕အား လက္ျပန္ျပရန္ျပင္ခ်ိန္ ေထာင္ရန္ျပင္ေသာလက္အားဖမ္းခ်ဳပ္ကာ ႏႈတ္ခမ္းကိုၾကမ္းတမ္းစြာ နမ္းလာေလေသာ ဂြၽန္ပင္။ ေဂ်ာင္ကုစိတ္တိုတိုင္းနမ္းသည့္အနမ္းေတြလို ယခုအနမ္းေတြမွာလည္း ၾကမ္းရွေန၏။ သူဘာကို စိတ္တိုသြားသည္လဲ ထယ္ေယာင္းမသိပါ။ ဟိုလူကို ႏႈတ္ဆက္ဖို႔ျပင္မိလို႔ဆိုရင္လည္း ကိုယ္က သူခ်စ္ရသူမဟုတ္ေတာ့ သ၀န္တိုတာမျဖစ္နိုင္ေပ။ သူ႕ရင္ခြင္ထဲက ႐ုန္းထြက္မိတာဆိုျပန္ေတာ့လည္း မဟုတ္ေသး။ သူဘာကို စိတ္တိုသနည္း။

ဂြၽန္! ဟင့္! ငါ ငါအျပင္သြား! အင့္!

ထယ္ေယာင္းစကားေတြကိုပင္ဆုံးခြင့္မေပးေတာ့ဘဲ အိပ္ယာေပၚကို အနမ္းေတြမပ်က္ေစဘဲ တြန္းလွဲလိုက္တာျဖစ္၏။ ေဂ်ာင္ကု၏တြန္းလွဲမႈေၾကာင့္ ထယ္ေယာင္း႐ုတ္တရက္ဆန္စြာလဲက်သြားေသာ္လည္း ေဂ်ာင္ကုကေတာ့ အေပၚကေန ေသသပ္စြာအုပ္မိုးဆဲပင္။ ထို႔ျပင္ အနမ္းဂေဟလည္းမျပတ္ေစရေပ။

ဂြၽန္!

နဂိုဟေနေသာ bathrobeက အိပ္ယာေပၚတြန္းလွဲခံရခ်ိန္၌ ႏွစ္ျခမ္းကြဲကာ အားလုံးဟာလာျပင္ျဖစ္သြားရေလ၏။ထိုသည္ကို ရမၼက္ခိုးေဝေနေသာ မ်က္လုံးေတြျဖင့္ စိုက္ၾကည့္ေနေသာ ေဂ်ာင္ကုေၾကာင့္ ထယ္ေယာင္းေပါင္ေလးကို မသိမသာျပန္စုၾကည့္ၿပီး bathrobeအား ျပန္ဖုံးရန္ႀကိဳးစားၾကည့္၏။

အာ့!

စုဖို႔ႀကိဳးစားေနေသာ ေပါင္ႏွစ္ေခ်ာင္းအားဆြဲကားကာ အလယ္၌၀င္ထိုင္လာေလေသာဂြၽန္ ျပန္ေစ့ဖို႔လုပ္ေနေသာ ထယ္ေယာင္းလက္ေတြအား ခ်ဳပ္ကိုင္ကာ ေခါင္းအထက္ဆီသို႔စုတင္ပစ္လိုက္၏။

ဂြၽန္!

မင္းက ဒီလိုပုံစံနဲ႕အရမ္းလွတာ

ဆိုကာ လြတ္ေနေသာလက္တစ္ဖက္ျဖင့္ ထယ္ေယာင္း၏ ခါးသိမ္သိမ္အား အားႏွင့္ဖ်စ္ညွစ္လိုက္၏။

ဂြၽန္

လက္ေကာက္၀တ္ႏွစ္ခုအား စုခ်ဳပ္ကာအေပၚသို႔ လွန္တင္ထားခံရသည့္အျပင္ ေပါင္ႏွစ္ခုၾကား၌ပါေနရာ၀င္ယူေနေသာသူ႕ေၾကာင့္ ထယ္ေယာင္းမ႐ုန္းသာေပ။ ထို႔ျပင္ ပန္းႏုေရာင္ bathrobeေလးႏွင့္အၿပိဳင္ ရဲေနေသာ ပါးမို႔ေလးက ဆြဲကိုက္ခ်င္စရာေကာင္း၏။ ေဂ်ာင္ကုေအာင္မွ အရွက္သည္းေနသည့္ေကာင္ေလး၏အလွတရားက ႏွိုင္းစရာမရွိေသာ ပန္းခ်ီကားတစ္ခ်ပ္ႏွယ္ လွပလြန္း၏။

မင္းအျပင္မသြားခင္ ေလ့က်င့္ခန္းလုပ္ၾကမလား

ဟင္!

🙊🙊🙊🙊🙄🙊🙊🙄

J JuliH

There are no comments yet. Log in to be the first to leave a review!

Similar stories