Fanfics

Part-11

04:53, 6 September 2023

ဂျီမင်းတို့အခု စားသောက်ဆိုင်မှာ မနက်စာစားနေကြခြင်း။ ဂျီမင်းအမှန်တော့ သူနဲ့မျက်နှာချင်းမဆိုင်ချင်ပါ။

မနေ့ညကကိစ္စကိုလဲ သူ့ဘက်က အမှတ်ရရဲ့လားတောင်မသိ။ တကယ်ဆို သူ့ဘက်ကအတင်းအ​ကျပ်ပြုလုပ်ခဲ့တာကြောင့် တောင်းပန်သင့်သည်ဟု ထင်တယ်..။ အဝတ်အစားကိုတောင် ရေချိုးပြီး မနေ့ကဝတ်တဲ့ အဝတ်အစားအတိုင်းသာ ပြန်ဝတ်ထားရသည်။ မပြောမဆိုနဲ့ခေါ်လာတော့ အဝတ်အစားအပိုမှပါမလာတာ။

အခုလဲကြည့် စားစရာတွေလာချပေးပြီးကတည်းက ဂျီမင်းက စားနေပေမယ့် သူကတော့ မစားပဲ ဂျီမင်းကိုသာ စူးစိုက်ကြည့်နေသည်လေ။ သူ့ဘက်က စူးစိုက်ကြည့်နေတာကို မနေတက်ပေမယ့် မူမပျက်သာ ဆက်စားနေလိုက်သည်။ နည်းနည်းလေးကို အားနာစိတ်မရှိဘူး...

" ဂျောင်ကု နောက်တစ်ခါ ငါ့ကိုအဲ့လိုတွေမလုပ်နဲ့ ငါမကြိုက်ဘူး "

" ......"

"မနေ့ညက ကိစ္စကိုပြောနေတာ "

" ......."

"နောက်ထပ် အဲ့လိုကိစ္စတွေ ဖြစ်လာရင် ငါ့ဘက်က ငြိမ်နေမှာ မဟုတ်ဘူး"

" ....."

"အခုချိန်ကစပြီး ငါတို့ ကင်းကင်းရှင်းရှင်းနေကြမယ်။ "

သူ့ကိုကြည့်လိုက်တော့ ဂျီမင်းပြောတဲ့စကားတွေကိုရော ကြားရဲ့လားမသိ ။စူးစိုက်ကြည့်နေပြီး ရုတ်တရက် သူပြန်ပြောလိုက်တဲ့စကားက...

"ကျတော်တို့ တွဲကြမလား "

ဟင်!သူ့ဘက်ကစပြောလာတဲ့ စကားက ဒါတဲ့လား..အခုပဲ ကင်းကင်းရှင်းရှင်းနေဖို့ ပြောနေတာလေ..

"ရူးနေလို့လား "

"အင်း ကျတော် ခင်များနဲ့ တွဲချင်တယ် "

"မင်းတကယ်ရူးသွားပြီးပဲ.. ဒီမှာဂျောင်ကု ငါကမင်းအဖေနဲ့ လက်ထပ်မယ့်သူ ပြီးတော့ မင်းမှာလဲ စေ့စပ်မယ့်သူက အဆင်သင့်"

"အဲ့တာတွေ ဂရုမစိုက်ဘူး ခင်များကျတော်နဲ့ တွဲကိုတွဲရမယ်"

"မရဘူး "

"ဘာလို့လဲ ခင်များ ကျတော့်ကို ရင်ခုန်နေတာအသိသာကြီး ပြီးတော့ကျတော်လဲ ခင်များကိုရင်ခုန်တယ် "

" မ မခုန်ဘူး မင်း! မဟုတ်ပဲမပြောနဲ့.."

"ခင်များ ကျတော့်ကိုစိတ်ဝင်စားနေတာ သိတယ် "

"စိတ်မဝင်စားဘူး မင်းနော်!. ."

"ဘာပဲဖြစ်ဖြစ် အခုကျတော်ခင်များကို ကြိုက်တယ် တွဲချင်တယ်လို့လဲ ဖွင့်ပြောလိုက်ပြီ အဲ့တော့ကျတော်တို့ ချစ်သူတွေဖြစ်သွားပြီ! "

"ဟမ်! ငါဘာမှ မပြောရသေး..!"

"ပြီးတော့ ဒီလက်စွပ်! "

အ့

ဂျီမင်းလက်ကို အတင်းဆွဲယူပြီ ဦး ပေးထားတဲ့လက်စွပ်ကို ချွတ်ပြစ်ပြီး လွှင့်ပြစ်လိုက်သည်။

"မင်း! မင်းဘာလို့လွှင့်ပြစ်လိုက်တာလဲ "

"ခင်များကို ပြောပြီးသားလေ ကျတော်တို့က ချစ်သူတွေဖြစ်သွားပြီ ဒယ်ဒီဆီကနေ ခင်များကိုလုယူမလို့ "

"မင်း တဇွတ်ထိုး လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးနော် အဲ့လက်စွပ်ဘယ်လောက်! ..."

"အဲ့လက်စွပ်ထက် စျေးကြီးတဲ့ လက်စွပ်ပြန်ဝယ်ပေးမယ် စိတ်မပူနဲ့ "

"ကျစ် ဒါက ကလေးကစားစရာမဟုတ်ဘူးနော် ဂျောင်ကု လွယ်လွယ်ပြီးသွားမယ့်ကိစ္စလဲ မဟုတ်ဘူး ပြီးတော့ ဦးကလဲ.."

"ဟာ..ဒယ်ဒီကို စိတ်မပူနဲ့ အခုဒယ်ဒီ့ကို ဖုန်းဆက်ပြီးပြောလိုက်ရမလား"

"မင်း မလုပ်နဲ့နော်!"

"ဟက်.....ဘာပဲဖြစ်ဖြစ် ခင်များဆီက ချစ်တယ်ဆိုလဲစကားကို ကြားရအောင်လုပ်ပြမယ် "

ဘာမှပြောချင်စိတ် မရှိတော့ စားချင်စိတ်လဲမရှိတော့။ တစ်ခုခုဆို ဘာမှမစဥ်းစားပဲ အမြဲဇွတ်..

ဂျီမင်းဘက်ကတော့ စဥ်းစားရမယ် ကျတော့်ဘဝမှာ ဖေဖေလဲရှိသေးတယ်။ သူ့ကိုရင်ခုန်တာတော့အမှန်ပါ ဒါပေမယ့် ဂျီမင်းဘဝမှာ အချစ်ကို ရွေးချယ်လို့ မရဘူး။ ကိုယ့်ဆန္ဒကိုပဲ ကြည့်လို့မရဘူး။ မိသားစုကိုကြည့်ရမယ် ကျေးဇူးတရားတွေကို ကြည့်ရမယ်။ ဒါသူ့ဘဝ...

ကြာရင်သူ့ပုံစံက အဖေရောသားရော အပိုင်ကြံနေသလိုဖြစ်တော့မယ်....

စားပြီးသောက်ပြီးတော့ သူစာချုပ်သွားယူသည့်နောက်ကို လိုက်ရပြန်သည်။ သူစာချုပ်သွားယူသည့်နောက်အထိ မလိုက်တော့ပဲ ကားထဲမှာသာ စောင့်နေလိုက်သည်။ တော်တော်ကြာမှထွက်လာပြီး ဆိုလ်းကို တစ်ခါတည်းပြန်တော့မယ်တဲ့လေ။ ထို့နောက် ဂျီမင်းရဲ့ အိတ်ကိုပြန်ပေးသည်။

ဂျီမင်း အိတ်ထဲကဖုန်းကိုထုတ်ကြည့်လိုက်တော့ ထယ်ယောင်းဆီက ဖုန်းတွေဝင်ထားတာကြောင့် ပြန်ခေါ်လိုက်သည်။

"ဟယ်လို ထယ်ယောင်း"

" ...."

"ဖုန်းခေါ်ထားတာတွေ့လို့ "

" ..... "

"ဟာ တကယ်လား ငါ့သူငယ်ချင်းလေး မိန်းမရတော့မယ်ပေါ့ ဟီးး"

" ..... "

"ဟမ် ယောကျာ်းလေးလား.. "

" ....."

"ဪ အင်းပါ "

" ....."

"အင်း အင်းဒါဆို ဒါပဲနော် "

တီ

ထယ်ယောင်းက ကြင်ဖက်သွားတွေ့မလို့တဲ့လေ။ ထယ်ယောင်းမေမေက သွားတွေ့ခိုင်းတာတဲ့။ ထယ်ယောင်း ကြင်ဖက်သွားတွေ့တာ အဆင်ပြေပါစေ။

ဖုန်းပြောပြီး တစ်ယောက်ထဲပြုံး နေသူကို ကြည့်လိုက်သည်။ ထိုလူက တစ်ခါတလေ အခြားတစ်ယောက်လိုပြောင်းသွားတက်သေးသည်။ တစ်ခါတစ်လေ ချစ်စရာကောင်းပြီး တစ်ခါတစ်လေ စွဲဆောင်မှုရှိသည်။ တစ်ခါတစ်လေလဲ ဖျစ်ညစ်ပြစ်ချင်လှအောင် အသဲယားစရာကောင်းသေးသည်။

"ခင်များ ဘာတွေပြုံးနေတာလဲ "

"ဟင် ဘာဖြစ်ဖြစ် "

"အေး မေးရင်ကောင်းကောင်းဖြေနော် ပြီးမှ မောင့် အဆိုးမဆိုနဲ့ "

"ဟမ် မောင် ဟုတ်လား"

"အင်းလေ မောင်တို့က ချစ်သူတွေဖြစ်သွားပြီလေ"

"အရူး "

ဂျီမင်းတို့ ညနေပိုင်းလောက် အိမ်ပြန်ရောက်တော့ အိမ်ထဲမှာ ကားတစ်စီးထိုးရပ်ထားသည်။ ဂျီမင်းတို့ ကားသံကြားတော့ အပြင်ကိုထွက်ကြည့်လာသည့် ဆိုဖီယာ..

ဂျီမင်းကားပေါ်ကဆင်းလိုက်တော့ ကျတော့်ကို မကြေနပ်တဲ့ အကြည့်တွေနဲ့ စူးစိုက်ကြည့်သွားကာ ဂျောင်ကုလက်ကိုသွားချိတ်ပြီး အိမ်ထဲဝင်သွားသည်။

ဟုတ်တယ်ဂျောင်ကု သူကမှမင်းရဲ့ လက်တွဲဖော်အစစ်ပဲ.....

"ကိုကို ဘယ်ကပြန်လာတာလဲ "

ဆိုဖီယာတို့က တစ်နှစ်လောက် အသက်ကွာတာကြောင့် ကိုကိုလို့သာသုံးနှုန်းသည်။

"ဘူဆန်.."

"ပတ်ဂျီမင်းရောလား "

"သူကမင်းထက် အသက်အများကြီး ကြီးတယ်နော် ဆိုဖီယာ "

"ဆိုဖီယာသိပါတယ် "

ဂျီမင်း သူတို့ပြောနေတာတွေကို အတိုင်းသားကြားနေရပေမယ့် ဂရုမစိုက်ပဲသာ အပေါ်တက်လာခဲ့သည်။ ကိုယ်နဲ့မှ မဆိုင်တာ....

**********

"ဒီက မင်ယွန်ဂီ လားမသိဘူးဗျ "

"ဟုတ်ပါတယ် "

"ကျတော်က ကင်မ်ထယ်ယောင်းပါ "

"အင်း ထိုင် "

တုံးတိကြီးပြန်ပြောတာကြောင့် ထယ်ယောင်းဘာပြန်ပြောရမှန်မသိ ။ တစ်ခါမှလဲ ကြင်ဖက်သွားမတွေ့ဖူးတာကြောင့် စကားဘယ်လိုစရမလဲမသိ။

စားစရာတွေမှာဖို့လဲစိတ်ကူးမရှိ ။ လိုရင်းကိုပဲ ပြောရမယ်။ တစ်ဖက်လူကလဲ မမှာထားဘူးဆိုတော့လေ...

"ကိုယ်တို့လိုရင်းပဲပြောရအောင် "

ထယ်ယောင်းပြောမလို့ရှိသေး သူ့ဘက်ကအရင်စလာတာကြောင့်....

"အာ ဟုတ် "

"ကိုယ့်ကို ဘယ်လိုသဘောရလဲ "

"အမ် အဆင်ပြေပါတယ် "

"အင်း ဒါဆို အဆင်ပြေပြီလို့ထားလိုက်မယ် ကိုယ်သွားပြီ။ "

"ဟမ်"

ထယ်ယောင်းဘာမှတောင် ပြန်မပြောလိုက်ရသေး တစ်ဖက်လူက ထပြန်သွားပြီ ဖြစ်သည်။ ထယ်ယောင်းမှာ ပါးစပ်အဟောင်းသားနဲ့သာ ကျန်နေခဲ့ပြီး သူ့ရဲ့ကျောပြင်ကိုသာ လိုက်ကြည့်နေမိသည်။ အခုသူက ငြင်းဖို့လာခဲ့တာလေ အဆင်ပြေပြီလို့ ထားလိုက်မယ်ဆိုတော့ လက်ထပ်ရတော့မှာလား...

လွဲပြန်ပြီထင်ပါတယ်....

**************

ညကထယ်ယောင်းနဲ့ ဖုန်းပြောရင်း ကြင်ဖက်သွားတွေ့တဲ့ ကိစ္စကိုမေးလိုက်တော့ အဆင်ပြေခဲ့သည်တဲ့။ သူ့ဘက်က ငြင်းဖို့သွားတာဆိုပေမယ့် တဖက်လူ အဆင်ပြေတယ်ဆိုပြီး ပြန်သွားသည်တဲ့လေ။ ဂျီမင်းမှာ အူနာအောင်ရယ်လိုက်ရသေးတာ...

ချပ်

ဖေဖေ့အခန်းရှေ့ကို ရောက်ပြီမို့ တံခါးဖွင့်ပြီးဝင် လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ဂျီမင်းအံ့အားသင့်သွားရသည်။

ဂျွန်ဂျောင်ကုက ဖေဖေနဲ့ ပြုံးရယ်ပြီး စကားတွေပြောနေတာ။ သူဘာတွေပြောလိုက်ပြီလဲ

"ဖေဖေ! "

"ဪ သားဒီမှာ သားသူငယ်ချင်းဆို "

"ဂျောင်ကု မင်းဖေဖေ့ဆီကို ဘာလာလုပ်တာလဲ "

"ဟင် ဖေဖေ့ကို လာတွေ့တာလေ ဘာလို့လဲ Hyung ရဲ့ "

ဂျီမင်းကို ပြုံးပြပြီးပြန်ဖြေသည်။ မသိရင် ကိုယ်တွေက တော်တော်လေးရင်းနှီးနေတဲ့ပုံနဲ့..

"အေးလေ သားရယ် သားသူငယ်ချင်းက ဖေဖေ့ကိုလာပြီး သတင်းမေးတာပါ "

"ဒါပေမယ့်.... "

"Hyung ကလဲ ကျတော်က ဖေဖေအဆင်ပြေရဲ့လာသိချင်လို့ပါ "

"မင်း! အဲ့တာငါ့အဖေ "

"ကိုယ့်သူငယ်ချင်းအဖေက ကိုယ့်အဖေပဲပေါ့ "

"မင်း! "

"ကဲပါသားရယ် ညီလေးကို မာန်မနေနဲ့လေ သူငယ်ချင်းငယ်ငယ်လေး ထားထားပြီး "

"ကျတော်က သူ့ညီလေးမဟုတ်ဘူး! "

"ဟေ.."

"ကျတော်က သူ့ ရဲ့.... "

"ဖေဖေ ဖေဖေ မနက်စာစားပြီးလား "

"စားပြီးပြီလေ "

"သားတို့မစားရသေးလို့ သွားစားလိုက်ဦးမယ်နော် လာ ဂျောင်ကု "

"ဪ အင်း အင်းသား..ဖြေးဖြေးသွားဦး"

ဂျောင်ကု လက်ကိုဆွဲပြီးခေါ်လာကာ ဆေးရုံအောက်ထပ် လူရှင်းတဲ့နေရာရောက်မှ သူ့လက်ကိုလွှတ်ပေးလိုက်သည်။

"ဂျောင်ကု မင်း ဖေဖေ့ကို ဘာပြဿနာလာရှာတာလဲ "

"ဟ မောင်က ဖေဖေကို သတင်းလာမေးတာလေ.."

"ဘာဖေဖေလဲ "

"မောင်တို့ လက်ထပ်ပြီးရင် မောင့် ဖေဖေဖြစ်တော့မှာပဲမလား "

"ဂျောင်ကုရယ် ငါတောင်းပန်ပါတယ် ဖေဖေ့ကိုတော့ လွှတ်ထားပေးပါ ဖေဖေတစ်ခုခုဖြစ်သွားရင် ငါသေမှာ "

"ကျစ် အခု ကျတော်ကဘာလုပ်နေလို့လဲ "

"မင်းက ပြဿနာရှာတော့မှာလေ မင်းဖေဖေ့ကို ဘာပြောလိုက်သေးလဲ ဖေဖေတစ်ခုဖြစ်လို့ကတော့ မင်းကို!"

"အေး ပြဿနာရှာမယ်လို့ပဲ တွေးနေလိုက် ခင်များ! "

ပြောပြီးထွက်သွားသူကြောင့် ဂျီမင်းငုတ်တုတ်ထိုင်းပြီး မျက်နှာတွေကိုသာ ပွတ်သပ်နေမိတော့သည်။ တကယ်စိတ်ရှုတ်တယ်......

___________________

Z

g

ဂ်ီမင္းတို႔အခု စားေသာက္ဆိုင္မွာ မနက္စာစားေနၾကျခင္း။ ဂ်ီမင္းအမွန္ေတာ့ သူနဲ႕မ်က္ႏွာခ်င္းမဆိုင္ခ်င္ပါ။

မေန႕ညကကိစၥကိုလဲ သူ႕ဘက္က အမွတ္ရရဲ႕လားေတာင္မသိ။ တကယ္ဆို သူ႕ဘက္ကအတင္းအ​က်ပ္ျပဳလုပ္ခဲ့တာေၾကာင့္ ေတာင္းပန္သင့္သည္ဟု ထင္တယ္..။ အဝတ္အစားကိုေတာင္ ေရခ်ိဳးၿပီး မေန႕ကဝတ္တဲ့ အဝတ္အစားအတိုင္းသာ ျပန္ဝတ္ထားရသည္။ မေျပာမဆိုနဲ႕ေခၚလာေတာ့ အဝတ္အစားအပိုမွပါမလာတာ။

အခုလဲၾကည့္ စားစရာေတြလာခ်ေပးၿပီးကတည္းက ဂ်ီမင္းက စားေနေပမယ့္ သူကေတာ့ မစားပဲ ဂ်ီမင္းကိုသာ စူးစိုက္ၾကည့္ေနသည္ေလ။ သူ႕ဘက္က စူးစိုက္ၾကည့္ေနတာကို မေနတက္ေပမယ့္ မူမပ်က္သာ ဆက္စားေနလိုက္သည္။ နည္းနည္းေလးကို အားနာစိတ္မရွိဘူး...

" ေဂ်ာင္ကု ေနာက္တစ္ခါ ငါ့ကိုအဲ့လိုေတြမလုပ္နဲ႕ ငါမႀကိဳက္ဘူး "

" ......"

"မေန႕ညက ကိစၥကိုေျပာေနတာ "

" ......."

"ေနာက္ထပ္ အဲ့လိုကိစၥေတြ ျဖစ္လာရင္ ငါ့ဘက္က ၿငိမ္ေနမွာ မဟုတ္ဘူး"

" ....."

"အခုခ်ိန္ကစၿပီး ငါတို႔ ကင္းကင္းရွင္းရွင္းေနၾကမယ္။ "

သူ႕ကိုၾကည့္လိုက္ေတာ့ ဂ်ီမင္းေျပာတဲ့စကားေတြကိုေရာ ၾကားရဲ႕လားမသိ ။စူးစိုက္ၾကည့္ေနၿပီး ႐ုတ္တရက္ သူျပန္ေျပာလိုက္တဲ့စကားက...

"က်ေတာ္တို႔ တြဲၾကမလား "

ဟင္!သူ႕ဘက္ကစေျပာလာတဲ့ စကားက ဒါတဲ့လား..အခုပဲ ကင္းကင္းရွင္းရွင္းေနဖို႔ ေျပာေနတာေလ..

"႐ူးေနလို႔လား "

"အင္း က်ေတာ္ ခင္မ်ားနဲ႕ တြဲခ်င္တယ္ "

"မင္းတကယ္႐ူးသြားၿပီးပဲ.. ဒီမွာေဂ်ာင္ကု ငါကမင္းအေဖနဲ႕ လက္ထပ္မယ့္သူ ၿပီးေတာ့ မင္းမွာလဲ ေစ့စပ္မယ့္သူက အဆင္သင့္"

"အဲ့တာေတြ ဂ႐ုမစိုက္ဘူး ခင္မ်ားက်ေတာ္နဲ႕ တြဲကိုတြဲရမယ္"

"မရဘူး "

"ဘာလို႔လဲ ခင္မ်ား က်ေတာ့္ကို ရင္ခုန္ေနတာအသိသာႀကီး ၿပီးေတာ့က်ေတာ္လဲ ခင္မ်ားကိုရင္ခုန္တယ္ "

" မ မခုန္ဘူး မင္း! မဟုတ္ပဲမေျပာနဲ႕.."

"ခင္မ်ား က်ေတာ့္ကိုစိတ္ဝင္စားေနတာ သိတယ္ "

"စိတ္မဝင္စားဘူး မင္းေနာ္!. ."

"ဘာပဲျဖစ္ျဖစ္ အခုက်ေတာ္ခင္မ်ားကို ႀကိဳက္တယ္ တြဲခ်င္တယ္လို႔လဲ ဖြင့္ေျပာလိုက္ၿပီ အဲ့ေတာ့က်ေတာ္တို႔ ခ်စ္သူေတြျဖစ္သြားၿပီ! "

"ဟမ္! ငါဘာမွ မေျပာရေသး..!"

"ၿပီးေတာ့ ဒီလက္စြပ္! "

အ့

ဂ်ီမင္းလက္ကို အတင္းဆြဲယူၿပီ ဦး ေပးထားတဲ့လက္စြပ္ကို ခြၽတ္ျပစ္ၿပီး လႊင့္ျပစ္လိုက္သည္။

"မင္း! မင္းဘာလို႔လႊင့္ျပစ္လိုက္တာလဲ "

"ခင္မ်ားကို ေျပာၿပီးသားေလ က်ေတာ္တို႔က ခ်စ္သူေတြျဖစ္သြားၿပီ ဒယ္ဒီဆီကေန ခင္မ်ားကိုလုယူမလို႔ "

"မင္း တဇြတ္ထိုး လုပ္လို႔ရတဲ့ကိစၥ မဟုတ္ဘူးေနာ္ အဲ့လက္စြပ္ဘယ္ေလာက္! ..."

"အဲ့လက္စြပ္ထက္ ေစ်းႀကီးတဲ့ လက္စြပ္ျပန္ဝယ္ေပးမယ္ စိတ္မပူနဲ႕ "

"က်စ္ ဒါက ကေလးကစားစရာမဟုတ္ဘူးေနာ္ ေဂ်ာင္ကု လြယ္လြယ္ၿပီးသြားမယ့္ကိစၥလဲ မဟုတ္ဘူး ၿပီးေတာ့ ဦးကလဲ.."

"ဟာ..ဒယ္ဒီကို စိတ္မပူနဲ႕ အခုဒယ္ဒီ့ကို ဖုန္းဆက္ၿပီးေျပာလိုက္ရမလား"

"မင္း မလုပ္နဲ႕ေနာ္!"

"ဟက္.....ဘာပဲျဖစ္ျဖစ္ ခင္မ်ားဆီက ခ်စ္တယ္ဆိုလဲစကားကို ၾကားရေအာင္လုပ္ျပမယ္ "

ဘာမွေျပာခ်င္စိတ္ မရွိေတာ့ စားခ်င္စိတ္လဲမရွိေတာ့။ တစ္ခုခုဆို ဘာမွမစဥ္းစားပဲ အၿမဲဇြတ္..

ဂ်ီမင္းဘက္ကေတာ့ စဥ္းစားရမယ္ က်ေတာ့္ဘဝမွာ ေဖေဖလဲရွိေသးတယ္။ သူ႕ကိုရင္ခုန္တာေတာ့အမွန္ပါ ဒါေပမယ့္ ဂ်ီမင္းဘဝမွာ အခ်စ္ကို ေ႐ြးခ်ယ္လို႔ မရဘူး။ ကိုယ့္ဆႏၵကိုပဲ ၾကည့္လို႔မရဘူး။ မိသားစုကိုၾကည့္ရမယ္ ေက်းဇူးတရားေတြကို ၾကည့္ရမယ္။ ဒါသူ႕ဘဝ...

ၾကာရင္သူ႕ပုံစံက အေဖေရာသားေရာ အပိုင္ႀကံေနသလိုျဖစ္ေတာ့မယ္....

စားၿပီးေသာက္ၿပီးေတာ့ သူစာခ်ဳပ္သြားယူသည့္ေနာက္ကို လိုက္ရျပန္သည္။ သူစာခ်ဳပ္သြားယူသည့္ေနာက္အထိ မလိုက္ေတာ့ပဲ ကားထဲမွာသာ ေစာင့္ေနလိုက္သည္။ ေတာ္ေတာ္ၾကာမွထြက္လာၿပီး ဆိုလ္းကို တစ္ခါတည္းျပန္ေတာ့မယ္တဲ့ေလ။ ထို႔ေနာက္ ဂ်ီမင္းရဲ႕ အိတ္ကိုျပန္ေပးသည္။

ဂ်ီမင္း အိတ္ထဲကဖုန္းကိုထုတ္ၾကည့္လိုက္ေတာ့ ထယ္ေယာင္းဆီက ဖုန္းေတြဝင္ထားတာေၾကာင့္ ျပန္ေခၚလိုက္သည္။

"ဟယ္လို ထယ္ေယာင္း"

" ...."

"ဖုန္းေခၚထားတာေတြ႕လို႔ "

" ..... "

"ဟာ တကယ္လား ငါ့သူငယ္ခ်င္းေလး မိန္းမရေတာ့မယ္ေပါ့ ဟီးး"

" ..... "

"ဟမ္ ေယာက်ာ္းေလးလား.. "

" ....."

"ဪ အင္းပါ "

" ....."

"အင္း အင္းဒါဆို ဒါပဲေနာ္ "

တီ

ထယ္ေယာင္းက ၾကင္ဖက္သြားေတြ႕မလို႔တဲ့ေလ။ ထယ္ေယာင္းေမေမက သြားေတြ႕ခိုင္းတာတဲ့။ ထယ္ေယာင္း ၾကင္ဖက္သြားေတြ႕တာ အဆင္ေျပပါေစ။

ဖုန္းေျပာၿပီး တစ္ေယာက္ထဲၿပဳံး ေနသူကို ၾကည့္လိုက္သည္။ ထိုလူက တစ္ခါတေလ အျခားတစ္ေယာက္လိုေျပာင္းသြားတက္ေသးသည္။ တစ္ခါတစ္ေလ ခ်စ္စရာေကာင္းၿပီး တစ္ခါတစ္ေလ စြဲေဆာင္မႈရွိသည္။ တစ္ခါတစ္ေလလဲ ဖ်စ္ညစ္ျပစ္ခ်င္လွေအာင္ အသဲယားစရာေကာင္းေသးသည္။

"ခင္မ်ား ဘာေတြၿပဳံးေနတာလဲ "

"ဟင္ ဘာျဖစ္ျဖစ္ "

"ေအး ေမးရင္ေကာင္းေကာင္းေျဖေနာ္ ၿပီးမွ ေမာင့္ အဆိုးမဆိုနဲ႕ "

"ဟမ္ ေမာင္ ဟုတ္လား"

"အင္းေလ ေမာင္တို႔က ခ်စ္သူေတြျဖစ္သြားၿပီေလ"

"အ႐ူး "

ဂ်ီမင္းတို႔ ညေနပိုင္းေလာက္ အိမ္ျပန္ေရာက္ေတာ့ အိမ္ထဲမွာ ကားတစ္စီးထိုးရပ္ထားသည္။ ဂ်ီမင္းတို႔ ကားသံၾကားေတာ့ အျပင္ကိုထြက္ၾကည့္လာသည့္ ဆိုဖီယာ..

ဂ်ီမင္းကားေပၚကဆင္းလိုက္ေတာ့ က်ေတာ့္ကို မေၾကနပ္တဲ့ အၾကည့္ေတြနဲ႕ စူးစိုက္ၾကည့္သြားကာ ေဂ်ာင္ကုလက္ကိုသြားခ်ိတ္ၿပီး အိမ္ထဲဝင္သြားသည္။

ဟုတ္တယ္ေဂ်ာင္ကု သူကမွမင္းရဲ႕ လက္တြဲေဖာ္အစစ္ပဲ.....

"ကိုကို ဘယ္ကျပန္လာတာလဲ "

ဆိုဖီယာတို႔က တစ္ႏွစ္ေလာက္ အသက္ကြာတာေၾကာင့္ ကိုကိုလို႔သာသုံးႏႈန္းသည္။

"ဘူဆန္.."

"ပတ္ဂ်ီမင္းေရာလား "

"သူကမင္းထက္ အသက္အမ်ားႀကီး ႀကီးတယ္ေနာ္ ဆိုဖီယာ "

"ဆိုဖီယာသိပါတယ္ "

ဂ်ီမင္း သူတို႔ေျပာေနတာေတြကို အတိုင္းသားၾကားေနရေပမယ့္ ဂ႐ုမစိုက္ပဲသာ အေပၚတက္လာခဲ့သည္။ ကိုယ္နဲ႕မွ မဆိုင္တာ....

**********

"ဒီက မင္ယြန္ဂီ လားမသိဘူးဗ် "

"ဟုတ္ပါတယ္ "

"က်ေတာ္က ကင္မ္ထယ္ေယာင္းပါ "

"အင္း ထိုင္ "

တုံးတိႀကီးျပန္ေျပာတာေၾကာင့္ ထယ္ေယာင္းဘာျပန္ေျပာရမွန္မသိ ။ တစ္ခါမွလဲ ၾကင္ဖက္သြားမေတြ႕ဖူးတာေၾကာင့္ စကားဘယ္လိုစရမလဲမသိ။

စားစရာေတြမွာဖို႔လဲစိတ္ကူးမရွိ ။ လိုရင္းကိုပဲ ေျပာရမယ္။ တစ္ဖက္လူကလဲ မမွာထားဘူးဆိုေတာ့ေလ...

"ကိုယ္တို႔လိုရင္းပဲေျပာရေအာင္ "

ထယ္ေယာင္းေျပာမလို႔ရွိေသး သူ႕ဘက္ကအရင္စလာတာေၾကာင့္....

"အာ ဟုတ္ "

"ကိုယ့္ကို ဘယ္လိုသေဘာရလဲ "

"အမ္ အဆင္ေျပပါတယ္ "

"အင္း ဒါဆို အဆင္ေျပၿပီလို႔ထားလိုက္မယ္ ကိုယ္သြားၿပီ။ "

"ဟမ္"

ထယ္ေယာင္းဘာမွေတာင္ ျပန္မေျပာလိုက္ရေသး တစ္ဖက္လူက ထျပန္သြားၿပီ ျဖစ္သည္။ ထယ္ေယာင္းမွာ ပါးစပ္အေဟာင္းသားနဲ႕သာ က်န္ေနခဲ့ၿပီး သူ႕ရဲ႕ေက်ာျပင္ကိုသာ လိုက္ၾကည့္ေနမိသည္။ အခုသူက ျငင္းဖို႔လာခဲ့တာေလ အဆင္ေျပၿပီလို႔ ထားလိုက္မယ္ဆိုေတာ့ လက္ထပ္ရေတာ့မွာလား...

လြဲျပန္ၿပီထင္ပါတယ္....

**************

ညကထယ္ေယာင္းနဲ႕ ဖုန္းေျပာရင္း ၾကင္ဖက္သြားေတြ႕တဲ့ ကိစၥကိုေမးလိုက္ေတာ့ အဆင္ေျပခဲ့သည္တဲ့။ သူ႕ဘက္က ျငင္းဖို႔သြားတာဆိုေပမယ့္ တဖက္လူ အဆင္ေျပတယ္ဆိုၿပီး ျပန္သြားသည္တဲ့ေလ။ ဂ်ီမင္းမွာ အူနာေအာင္ရယ္လိုက္ရေသးတာ...

ခ်ပ္

ေဖေဖ့အခန္းေရွ႕ကို ေရာက္ၿပီမို႔ တံခါးဖြင့္ၿပီးဝင္ လိုက္ေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းေၾကာင့္ ဂ်ီမင္းအံ့အားသင့္သြားရသည္။

ဂြၽန္ေဂ်ာင္ကုက ေဖေဖနဲ႕ ၿပဳံးရယ္ၿပီး စကားေတြေျပာေနတာ။ သူဘာေတြေျပာလိုက္ၿပီလဲ

"ေဖေဖ! "

"ဪ သားဒီမွာ သားသူငယ္ခ်င္းဆို "

"ေဂ်ာင္ကု မင္းေဖေဖ့ဆီကို ဘာလာလုပ္တာလဲ "

"ဟင္ ေဖေဖ့ကို လာေတြ႕တာေလ ဘာလို႔လဲ Hyung ရဲ႕ "

ဂ်ီမင္းကို ၿပဳံးျပၿပီးျပန္ေျဖသည္။ မသိရင္ ကိုယ္ေတြက ေတာ္ေတာ္ေလးရင္းႏွီးေနတဲ့ပုံနဲ႕..

"ေအးေလ သားရယ္ သားသူငယ္ခ်င္းက ေဖေဖ့ကိုလာၿပီး သတင္းေမးတာပါ "

"ဒါေပမယ့္.... "

"Hyung ကလဲ က်ေတာ္က ေဖေဖအဆင္ေျပရဲ႕လာသိခ်င္လို႔ပါ "

"မင္း! အဲ့တာငါ့အေဖ "

"ကိုယ့္သူငယ္ခ်င္းအေဖက ကိုယ့္အေဖပဲေပါ့ "

"မင္း! "

"ကဲပါသားရယ္ ညီေလးကို မာန္မေနနဲ႕ေလ သူငယ္ခ်င္းငယ္ငယ္ေလး ထားထားၿပီး "

"က်ေတာ္က သူ႕ညီေလးမဟုတ္ဘူး! "

"ေဟ.."

"က်ေတာ္က သူ႕ ရဲ႕.... "

"ေဖေဖ ေဖေဖ မနက္စာစားၿပီးလား "

"စားၿပီးၿပီေလ "

"သားတို႔မစားရေသးလို႔ သြားစားလိုက္ဦးမယ္ေနာ္ လာ ေဂ်ာင္ကု "

"ဪ အင္း အင္းသား..ေျဖးေျဖးသြားဦး"

ေဂ်ာင္ကု လက္ကိုဆြဲၿပီးေခၚလာကာ ေဆး႐ုံေအာက္ထပ္ လူရွင္းတဲ့ေနရာေရာက္မွ သူ႕လက္ကိုလႊတ္ေပးလိုက္သည္။

"ေဂ်ာင္ကု မင္း ေဖေဖ့ကို ဘာျပႆနာလာရွာတာလဲ "

"ဟ ေမာင္က ေဖေဖကို သတင္းလာေမးတာေလ.."

"ဘာေဖေဖလဲ "

"ေမာင္တို႔ လက္ထပ္ၿပီးရင္ ေမာင့္ ေဖေဖျဖစ္ေတာ့မွာပဲမလား "

"ေဂ်ာင္ကုရယ္ ငါေတာင္းပန္ပါတယ္ ေဖေဖ့ကိုေတာ့ လႊတ္ထားေပးပါ ေဖေဖတစ္ခုခုျဖစ္သြားရင္ ငါေသမွာ "

"က်စ္ အခု က်ေတာ္ကဘာလုပ္ေနလို႔လဲ "

"မင္းက ျပႆနာရွာေတာ့မွာေလ မင္းေဖေဖ့ကို ဘာေျပာလိုက္ေသးလဲ ေဖေဖတစ္ခုျဖစ္လို႔ကေတာ့ မင္းကို!"

"ေအး ျပႆနာရွာမယ္လို႔ပဲ ေတြးေနလိုက္ ခင္မ်ား! "

ေျပာၿပီးထြက္သြားသူေၾကာင့္ ဂ်ီမင္းငုတ္တုတ္ထိုင္းၿပီး မ်က္ႏွာေတြကိုသာ ပြတ္သပ္ေနမိေတာ့သည္။ တကယ္စိတ္ရႈတ္တယ္......

___________________

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories