Fanfics

Ending (ဒါဟာအဆုံးသတ်တဲ့လားကွယ်)

09:18, 3 October 2025

"ကျစ်...နန်းထယ် မင်းက အဆုံးထိ သူ့ကိုရွေးချယ်တယ်ပေါ့...ရတယ်လေ... မင်းနဲ့သူ ဘယ်တော့မှ မပေါင်းရအောင် ငါလုပ်ပြမယ်"

နန်းထယ်ခေါင်းကိုပင်သယ်လာခဲ့ကာ ဆရာကြီး ထိန်လင်းကို ကြိုးတုပ်ကာ အိမ်စီသို့ခေါ်ကာ...စေခိုင်းတော့သည်။

"ဒီမှာ ဦးထိန်လင်းး ကျုပ်တစ်ခွန်းပဲပြောမယ် ခဗျား ကျုပ်ပြောသလိုလုပ်ပေးရမယ်"

"အို...မလုပ်နိုင်ဘူးးး ငါ့အနေနဲ့ သိက္ခာရှိတဲ့ လူတစ်ယောက် မင်းလိုအာဏာရှင်ခိုင်းတိုင်း လုပ်တတ်တဲ့ ခွေးလိုကောင်တွေထဲ ငါမပါဘူးး ရန်ဇေယျာ"

"ဟက်...ခဗျားးး လေကြီးလှပါလားး ခဗျား မိသားစု ရှိတယ် မဟုတ်"

"မင်းး မင်း ငါ့မိသားစုကိုမထိနဲ့"

"လာကြစမ်းး ခေါ်ခဲ့ကြ"

ရန်ဇေယျာ စကားသံနောက် ထွားကျိုင်းကျိုင်းလူတွေဟာ လူတစ်စုကိုခေါ်လာသည်။ ထိုလူတွေကို ကြမ်းပြင်ပေါ် ဒူး​ထောက်ထိုင်ချစေပြီး အုပ်ထားတဲ့မျက်နှာဖုံးတွေကို ခွာချမှ...

"မိန်းမ....သားးငယ် သမီးလေးး အစ်ကိုကြီးး ဘာလို့ ဒီကိုရောက်.."

"ဘယ်လိုလဲ ဦးထိန်လင်းးး ခဗျား ကျုပ်စကားကိုနားထောင်မလားး ခဗျား မိသားစုကို...ဟားး"

"ရန်ဇေယျာ မင်းးး မင်း"

"ဒါက ခဗျား သမီးအကြီးလေးမလားး အမေတူလို့လားးမသိ လှတယ်နော် ခန္ဓာကိုယ်ကလည်းး အဟမ်းး သဘောကျစရာပဲ တစ်ခါလောက်မြည်းလိုက်ရင်သိပ်ကောင်းမှာပဲနော်"

ရန်ဇေယျာမှာပြောရင်းနဲ့ပင် သမီးဖြစ်သူ နားကို ကပ်ကာ ပွတ်သပ်နေတော့

"ရန်ဇေယျာ... မင်းလက်တွေဖယ် မင်းရဲ့သွေးစွန်းနေတဲ့ လက်တွေဖယ်စမ်းး ငါ့သမီးကိုမထိနဲ့...!!?"

"ဟားးး စိတ်မပူပါနဲ့ ခဗျား ကျုပ်စကားနားထောင်လေ မဟုတ်ရင် ခဗျား သမီးလေးကို တစ်ညတာတော့ ပျော်ရတာအောင်လုပ်ပေးရုံပေါ့... ကျုပ် ကောင်တွေလည်း သဘောကျမှာဗျ ဟားး"

"မင်းး မလုပ်ပါနဲ့... မင်းး"

ရန်ဇေယျာမှာ သမီးဖြစ်သူရဲ့အင်္ကျီကို လက်နဲ့ဆဲဲဖဲတော့ ဦးထိန်လင်းအော်ငိုရင်းးး

"တော်တော့.... ငါ ငါမင်းပြောသလို လုပ်မယ်"

"ဟက်...အဖိုးကြီးး ခုမှလက်ခံပြီပေါ့...."

ရန်ဇေယျာလက်တွေရပ်တန့်ကာ ထိန်လင်းစီလျှောက်လာရင်းး

" နန်းထယ်နဲ့ ဟိုအကောင်...သူ တို့ကို ဘယ်တောဘမှမပေါင်းရအောင်လုပ် မဟုတ်ရင် ခဗျား မိသားစု အသက်ရှင်မယ်မထင်နဲ့"

မြို့စားရဲ့ ခြိမ်းခြောက်မှုကြောင့် မတတ်နိုင်၍လုပ်ခဲ့ရသည့် ကျိန်စာ အစီအရင်။

မိသားစုရဲ့အသက်နဲ့ဘဝအတွက် မတတ်သာလို့ပါ နန်းထယ်။ ဦးလေးကို ခွင့်လွှတ်ပေးကြပါ။

နန်းထယ်ရဲ့ ခေါင်းကိုသုံးလို့ သူ့ရဲ့ ဝိညာဉ်ကို ကျိန်စာတိုက် အကျဉ်းချခဲ့တာ ပုဂံက မြို့စားစံအိမ်မှာပင်။

ဒါပေမဲ့ ဂျွန်နဲ့ နန်းထယ်ဆိုတာ သူ့အတွက် သားအရင်းလေးတွေလိုမို့ ချန်လှပ်ခဲ့သည့်အခွင့်အရေးငယ်မှာတော့ရှိသည်ပင်။

"တစ်နေ့နေ့ကျ မင်းတို့ ပြန်စုံရမယ် မင်းတို့ကို လွှတ်ပေးမဲ့သူ သည်ကျိန်စာကိုဖျယ်ပေးမဲ့သူ ပေါ်လာရမယ် ဟောဒီက ထိန်လင်း သွေးနဲ့ပူဇော်လို့ ဆိုမည်။ ငါသက်တမ်းနဲ့တကွ မင်းတို့ကို ကူညီနိုင်မဲ့သူ ပေါ်လာရမယ်... ဒါက ငါမင်းတို့ကို ကူညီနိုင်တဲ့အရာပဲ"

ထိုနေ့မှာပဲ.... မြို့စားစံအိမ် ထဲက နန်းထယ်ဝိညာဉ်သောင်းကျန်းမှုကြောင့် စံအိမ်မှာ အလိုလိုမီးထလောင်ကာ အိမ်ထဲက ဘယ်သူမှမလွတ်ခဲ့။

မီးမှာ ငြိမ်းသက်လို့မရတဲ့ ငရဲမီးတွေလို တောက်လောင်ကာ ပြာမကျပေမဲ့ လူတွေအကုန် သေကျေခဲ့တဲ့ သွေးလွှမ်းတဲ့ညပမာ။ ဘယ်သူမှ အသက်မရှင်ပေမဲ့.....ဆရာကြီး

ထိန်လင်းနဲ့ ရန်ဇေယျာသာလွတ်ခဲ့တာ......

အဖြစ် အပျက်ကတော့ အဲအတိုင်းပဲ ကလျာ"

အဖြစ် မှန်တွေကိုသိလိုက်ရတော့ နှလုံးသားအစုံဟာ ကျေကွဲရပြီ။ ငိုကြွေးမိပါသည်။

"အော်...နန်းထယ်နဲ့ ဂျွန်ရယ် သိပ်ကို သနားစရာကောင်းပါလားးဟာ"

ကလျာ စိုးးမိုးရင်မှာ မှီရင်းငိုမိပါသည်။ စိုးမိုးလည်း ယောကျ်ားအရင့်အမာကြီးပေမဲ့ သည်ဇာတ်လမ်းလေးကြောင့် ငိုမိတာအမှန်။

"ဒါဆို အဲ မြို့စားက သိပ်ကိုရပ်စက်တယ် ရွံဖို့ကောင်းတယ် သူလွတ်တာ မတရားဘူးး"

"အဘိုးလည်း တူတူပါပဲ... အဘိုးကြောင့် သူတို့မပေါင်းဖက်ရ"

"အဘိုးကလည်းး အဘိုးက မတတ်သာလို့လုပ်ခဲ့ရတာ နန်းထယ်တို့ သိမှာပါ"

"အင်းး သူတို့သိပါတယ် ဒါပေမဲ့ ကိုယ်ပြုသည့်ကံ ကိုယ့်ထံပြန်သည်တဲ့လေ အဘိုး လွတ်ခဲ့ပေမဲ့ ကံတရားရဲ့ အဆုံးအဖြတ်ကြောင့် အဘိုးခံခဲ့ရပါတယ်"

"ဘာဖြစ်ခဲ့လို့လဲ အဘိုးက"

"အဘိုး အနေနဲ့ အခု မြို့စားနားနေရတဲ့အကြောင်း အဘိုးမိသားစု...သူတို့ မရှိကြတော့ဘူးး"

"ဟင်...ဘယ်လို "

"အဘိုးမိသားစု လည်း နန်းထယ်တို့ ကလွှတ်ထားပေးပေမဲ့ အဘိုးပြုခဲ့တဲ့မကောင်းမှုဒဏ်ကြောင့် စီရင်ခံခဲ့ရပါတယ် အဘိုးအတွက် အပြစ်ဒဏ်ပေါ့လေ...."

"သူတို့ဘယ်လိုလုပ်"

"မီးလောင်မှုထဲ ပါသွားခဲ့တယ်"

"ဟာဗျာ..."

စိုးမိုးမှာ စိတ်မကောင်းဖြစ်ကာဆိုမိသည်။

"အဲမီးက နန်းထယ်လက်ချက်မဟုတ်ပါဘူးး သဘာဝအတိုင်းတောက်လောင်ခဲ့တဲ့ မီးပါ အဲမီးဘေးမှာ အကုန် ပြာကျခဲ့တာ နန်းထယ်တို့လိုပေါ့"

"အော် အဘိုးရယ်..ဒါဆို မြို့စားရော သူရော ဘာမှ"

"သူက သူ့အနားမှာ နေနိုင်တဲ့မရှိတော့တာပဲ သူနဲ့ပတ်သက်တဲ့သူတွေက သူ့ကိုစွန့်ခွာလာတယ် ရှင်ကွဲမက သေကွဲပါကွဲရတယ် သူဒီအဖြစ်အပျက်နောက် လက်ထပ်ခဲ့တယ် သားသမီးတွေလည်း မွေးခဲ့တယ် ဒါပေမဲ့ မကြာဘူးး သူ့ဇနီးလည်း ဆုံးသွားခဲ့တယ် သားသမီးတွေကလည်း ကြီးလာတော့ အိမ်ထောင်ကိုယ်စီ လုပ်ငန်းကိုယ်စီနဲ့ သူ့ကိုထားရစ်ခဲ့တယ်။ အစေခံတွေ အခိုင်းအစေတွေအကုန် တစ်ခုမဟုတ်တစ်ခုနဲ့ အသက်ဆုံးခဲ့ရတယ် ဒါက သူ့အတွက် အပြစ်လို့ထင်တယ်..."

"ကျစ်...အဲထက်ပိုခံစားသင့်တာ လူယုတ်မာကောင်"

"အင်းး ကံတရားကလည်းး ဒီလောက်ပဲတတ်နိုင်ရှာတယ် သူ့အပြစ်တွေကိုတော့ မဖော်နိုင်ခဲ့သလို နန်းထယ်တို့အတွက် အမှန်တရားလည်း မရခဲ့ဘူးး"

"ဒါဆို အဘိုးကဘာလို့ မပြောတာလဲ...ဘာလို့ အဖြစ်မှန်တွေကို"

"ငါက သက်ရှိလူသားလေ... တကယ့်သက်သေလိုသေးတယ် ကလျာ"

"ဟုတ်တယ် ကလျာ..."

"ဒါဆို သက်သေက ဘယ်မှာလဲ"

"အင်းး အဲနေ့က နန်းထယ်နဲ့ ဂျွန် သေဆုံးမှုကိုတွေ့လိုက်ရတာ ငါအပြင် တခြား လွတ်မြောက်ခဲ့တဲ့သူ ရှိတယ် သူ့မှာ သက်သေ ရှိတယ်ဆိုတာ အဘိုးသိခဲ့ရတယ်"

"ဘယ်သူလဲ"

"ရဲမင်းး သူအကုန်သိပေမဲ့ သူလွတ်မြောက်ခဲ့တယ်"

"ဒါဆို သူကရော အခုဘယ်မှာလဲ"

"အင်းး သူကအခု မြို့စားလက်အောက်မှာ သူ့ကို အဘိုးသွားခေါ်ဖူးပေမဲ့ သူသဘောမတူခဲ့ဘူးး"

"ဟင် ဒါဆို ဘယ်လိုလုပ်ကြမလဲ"

"ရှင်းရှင်းလေးပါ ရဲမင်းကိုရအောင်ပြောရမယ် သူ့ကို ကိုယ့်ဘက်ဆွဲရမယ် သူမပြောတာ အကြောင်းရှိရမယ် သူ့ကိုမြို့စားမင်းက ခြိမ်းခြောက်ထားတာ ဖြစ်နိုင်တယ်"

"ဒါဆို အဲအရာကိုအရင်ရှာရမှာပေါ့ ဒါနဲ့သူကအခုဘယ်မှာလဲ"

"အရင်က သူပုသိမ်မှာနေတာ အခုပြောင်းသွားပြီထင်တယ် မတွေ့ရတော့ဘူးး"

"ဒါဆို ဘယ်လိုလုပ်ကြမလဲ"

"ဟူးး ခက်တယ်...."

စိုးမိုးရော ကလျာပါ ညည်းညူမိပါသည်။

"နန်းထယ်တို့ ကျိန်စာက ဖျက်လို့ရလားး"

"ဖျက်ပြီးသွားပါပြီ..."

"ဟင် ဘယ်လို"

"သမီးဖျက်ပေးခဲ့တာလေ သမီး စံအိမ်ထဲ ဝင်ဖူးတယ်မလားး အဘိုးချန်ခဲ့တဲ့ အခွင့်အလမ်းက သမီးကလျာပဲ တစ်နေ့တော့ အဘိုးမသေခင်ပေါ်လာဖို့ သမီးပေါ်လာဖို့လုပ်ခဲ့တာ ကံတရားအကူအညီနဲ့ အဲအချိန်ကတည်းက နန်းထယ်က သမီးနဲ့အတူပါလာခဲ့ပြီး လွတ်သွားတယ် ဒါပေမဲ့ သူတို့ပေါင်းမရဘူးး ပေါင်းမရတာကလည်း သူတို့နာကျင်မှုတွေ ရန်ကြွေးတွေနဲ့ ဒေါသတွေကြောင့် လက်ပံပင်နားကို နန်းထယ်ကပ်မရဘူးး ဖြစ်နေတယ်"

ကလျာ့ကိုကြည့်ပြီးး ဆရာကြီးထိန်လင်းဆိုသည်။

"ဒါဆို သူတို့ပေါင်းဖို့ ဘာလုပ်ရမှာလဲ"

"အမှန်တရား အမှန်တရကသာ သူတို့ကိုလွတ်မြောက်စေမှာ သူတို့ ရန်ကြွေးမဆပ်နိုင်မချင်း အမှန်တရားမပေါ်ပေါက်သရွေ့ သူတို့ကျွတ်မှာမဟုတ်ဘူး သူတို့နာကျင်နေရမှာ"

"ဒါဆို တစ်ခုပဲရှိတော့တာပေါ့ နန်းထယ်တို့ အတွက် အမှန်တရားကို ရှာပေးရမှာပေါ့"

"ဟုတ်တယ်"

"ဒါဆို ကလျာ အကြံတော့ရတယ် ကလျာ့မှာ အသိရဲတစ်ယောက်ရှိတယ် သူက အာဏာမမက်ဘူး အမှန်တရား ဘက်တော်သားး သူနဲ့ဆို ရှာနိုင်မယ်ထင်တယ်"

လမ်းစတော့ရှာတွေ့ပြီ.... ထိုရဲသားကို ကလျာဆက်သွယ်လေသည်။ ထိုအခါ အကြောင်းသိတာနဲ့ ရဲမှာ ရောက်လာခဲ့တာ တစ်ရက်အကြာမှာပင်။

"ကလျာ... မင်းပြောတာ အမှန် တွေလားး"

"အင်းး အမှန်တွေ..."

"ဒါဆို ငါဖော်ထုတ်မယ် ရန်ဇေယျာ... ငါသူ့ကိုဖမ်းချင်နေတာကြာပြီ... မြင်ကပါမှာ လူပျောက်သွားတုန်းက ရှာမရခဲ့တာ အခုပြန်တွေ့ကြပြီပေါ့"

"ဟင်...အရင်က ဒီအမှုကို လိုက်ဖူးလို့လား"

"အင်းး ကြာပါပြီ....အရင်ကတည်းက သူ့ကို ဖမ်းမလို့ပေမဲ့ သက်သေမစုံလို့ လက်လျော့ခဲ့ရတာ"

"ဒါဆို အဲတုန်းက တာဝန်ယူရတဲ့ အရာရှိက ဦးလေးမောင်ပေါ့"

"ဟုတ်တယ်...ကဲပါ...ဒါတွေအသာ ထားပါ ငါ့မှာအရင်က အချက်တွေရှိသေးတယ် ရအောင်ရှာတာပေါ့"

"အားကိုးမယ်နော် ဦးလေးမောင်"

"ဟဲ ထွဋ်ခေါင်မင်းမောင်တဲ့ ရအောင်ရှာပြမယ်"

ဦးလေးမောင်အကူအညီနဲ့ ကလျာတို့ရှာကြရာ တစ်လအကြာမှာပဲ ရဲမင်းရဲ့တည်နေရာကိုတွေ့လေပြီ။

"ရဲမင်းး မင်းးရှိတယ် မလား ထွက်ခဲ့ ပါ ငါတို့မင်းကို ဝိုင်းထားလိုက်ပြီ"

ထိုသို့အော်မှ ထွက်လာသော ရဲမင်း။ မြို့စားမင်းနဲ့ရွယ်တူလောက်ပင်။ အရပ်အမောင်းကတော့ ပုံမှန်။ အသားကညိုညို ရုပ်ရည်လည်း သာမာန်ပင်။ စုတ်စုတ်ပျက်ပျက် အဝတ်အစားတွေနဲ့ သူထွက်လာသည်။

"ရဲတွေ...ဘာအလိုရှိလို့လဲ ကျွန်တော် ဘာမှမလုပ်ဘူးနော်"

"မင်းကို ငါတို့လာစစ်ဆေးတာ အမှန်တိုင်း ထွက်ဆိုပါ..."

"မဖြစ်ဘူးး ကျွန်တော် ပြောလိုက်ရင် ကျွန်တော့်မိသားစု မဖြစ်ဘူး"

"မင်းမိသားစု ဘယ်မှာလဲ"

ရဲမင်းလည်း ရဲတွေကို ယုံကြည်လိုက်ကာ မိသားစုတည်နေရာပြောတော့ ရဲတွေမှ ကာကွယ်ပေးကာ ရဲမင်းကို ထွက်ဆိုစေသည်။ ထိုအခါမှ ရဲမင်းလည်း ငိုယိုလို့ စိတ်ချလက်ချ ထွက်ဆိုပါတော့သည်။

ထို့နောက် ထိုနေ့က ကျန်ရစ်ခဲ့သည့် သက်သေအဖြစ် ဂျွန့်ရဲ့ကင်မရာ။ မီးထဲပါခဲ့ပေမဲ့ မပျက်စီးသေးတဲ့ ကင်မရာကို ရဲမင်းကောက်ယူထားခဲ့တာ။

ဒီကင်မရာထဲမှာ ဖြစ်ပျက်ခဲ့သမျှ အကုန်အစအဆုံး မှတ်တမ်းတင်ခဲ့တာ။ ဂျွန့်အိတ်ထဲက ထွက်ကာ မြေပြင်ပေါ်မှာ ကျရင်း ရိုက်မိထားတာ။ မြို့စားရန်ဇေယျာက သက်သေဖျောက်ဖို့ မီးထဲထည့်ခဲ့ပေမဲ့ မပျက်စီးခဲ့တာတော့ဆန်းသည်။

လူသက်သေနှစ်ယောက်နဲ့ ကင်မရာပါရှိသည်...။

"ကဲ... မြို့စားရေ...ခဗျားနဲ့တွေ့ကြတာပေါ့"

မြို့စားအိမ် ကိုရောက်လာကြပြီးး လက်နက်တွေနဲ့အတူ ဝင်လာကြသည်။

"မြို့စားမင်းး ခဗျားကို ရွှေနန်းထယ်နဲ့ ဂျွန်သက်နောင်ရှိန်တို့ကို သတ်တဲ့အမှု ရဲမင်းကို ​ခြိမ်းခြောက်မှုတွေနဲ့ မင်းကို ဖမ်းလိုက်ပြီ"

ရဲတွေမှ မြို့စားကို ချုပ်ကာဖမ်းကြတော့ သူရယ်မောလိုက်သည်။

"ဟားးး ဟားး ငါဒီလောက် ပုန်းနေခဲ့ ဖုံးကွယ်ခဲ့တာ ကလျာ ဆိုတဲ့ မင်းမလားး အစကပြန်ဖော်တာ မင်းမလားး"

ရဲနဲ့အတူပါလာတဲ့ ကလျာကိုလက်ညိုးထိုး ကာပြောတော့.....။

"ကျွန်မက အကူအညီတောင်းလို့ ကူညီရုံပဲ.... ရှင်က ရှင်အပြစ်အတွက် ပေးဆပ်ရမှာပေါ့ ရွံဖို့သိပ်ကောင်းတယ် လူယုတ်မာ"

ကလျာမှ ရွံရှာသော အကြည့်နဲ့ ကြည့်ကာဆိုတော့...။

"ဟားးး မင်း အေးးကောင်းတယ် ကောင်းတယ် ပြဿနာရှာတဲ့ကောင်မလေးး မင်းသေပြီမှတ်"

ရဲသားလက်ထဲက သေနတ်ကိုယူကာ ကလျာ့ကိုပစ်လိုက်တော့ ကလျာမှာ ကြမ်းပြင်ပေါ်လဲကျသွားသည်။

"ကလျာ...!!!"

စိုးမိုးမှ သွေးတွေနဲ့ ရွှဲနေတဲ့ ကလျာ့ကို ထွေးပွေ့ဖက်ထားလျက်.....

"ကလျာ...ကလျာ..."

အလင်းရောင်တို့မှာ မှိန်သွားလျက် အမှောင်ပင်ကျသွားခဲ့သည်။

မျက်လုံးပြန်ဖွင့်မိတော့ လက်ပံပင်ကြီးး။

"ဟင် ဒီနေရာက"

"ကလျာ..."

သူကြည့်နေတုန်းမှ ဩရှရှအသံထွက်ပေါ်လာကာ လှည့်ကြည့်လိုက်တော့ နန်းထယ်။

"နန်းထယ်...ပြီးတော့ ဂျွန်"

"ကလျာ ရောက်လာပြီပဲ"

"ကလျာ ဘယ်ရောက်နေတာလဲဟင်"

"မင်း မေ့မျောနေတာပါ..."

"ဒါနဲ့ နန်းထယ်တို့ ထိလို့ရပြီလားး"

"အင်းး ရပြီ ကိုယ် ထယ့်ကိုဖက်လို့ လည်းရပြီ... ကလျာ့ကျေးဇူးကြောင့် လေ"

"ဝမ်းသာလိုက်တာ ကလျာက ဘာမှမလုပ်ခဲ့ရပါဘူးး"

"ကလျာ အစဖော်ပေးလို့ အမှန်တရား ထွက်လာတာလေ ကလျာ့ကြောင့် ထယ်တို့ပေါင်းဖက်နိုင်တာ ကျေးဇူးပါ ကလျာ"

"ရပါတယ် မလိုပါဘူးးလေ"

"ကဲ...ကလျာ သွားတော့နော် မင်းကိုစောင့်နေတဲ့သူ ရှိသေးတယ်လေ"

"ဟင် ဘယ်သူ"

"မင်းသိပါလိမ့်မယ် နှုတ်ဆက်ခဲ့တယ်နော် ကလျာ တကယ်ကျေးဇူးပါ"

ဂျွန်နဲ့ နန်းထယ်မှ နှုတ်ဆက်ကာ ထိုပုံရိပ်တွေလည်း ပျောက်ကွယ်လာသလို နားထဲကအသံ။

"ကလျာ ကလျာ..."

မျက်လုံးကိုဖွင့်တော့ အဖြူရောင် အခန်းးနဲ့ အနံတစ်ချို့ကြောင့် သိမိတာ ဒါဆေးရုံမှာ...ဒါနဲ့ဘေးကိုကြည့်မိတော့ စိုးမိုးး။ သူငိုနေသည်ပင်။

"ကလျာ...နင် နိုးလာပြီပဲ"

ကလျာ့ကိုဖက်ကာထားးလိုက်သည်။ ကလျာမှာ ပြူးကြောင်ကြောင်လေးနဲ့ ပင်။

"စိုးမိုးးနင် ငိုနေတာလားး"

"ကလျာရယ် နင်ကလေ... ဖြစ်လိုက်ရင် အမျိုးမျိုးပဲ နင်ငါ့ကို ရင်ကွဲအောင် လုပ်နေတာလားး"

"ငါ..ငါမလုပ်ပါဘူးး"

"နင်မလုပ်လို့ပဲ ငါ့မှာ ဘယ်လောက် လန့်သွားကလဲသိလားး ငါလေ နင်မရှိရင် ရူးမှာသိလားး ကလျာရဲ့"

ကလျာ့ကို ပုခုံးမှကိုင်ကာ စိုးမိုး မျက်ရည်တွေနဲ့ သူဆိုသည်။

"စိုးမိုးး နင်..."

"ကလျာ...ငါပြောမယ် ငါနင့်ကိုချစ်တယ် နင်ငါ့ကိုလက်ထပ်မလားး"

ကလျာကြောင်သွားးရသည်။ သူ့ကိုလက်ထပ်ခွင့် တောင်းနေတာတဲ့လားး။ လူကလည်းး စိုးမိုး တဲ့။

"ငါ..."

"နင်ပြောတယ်လေ...နင်ငါ့ကိုလက်ထပ်မယ်လို့ ငါသိသွားပြီ ကလျာ ငါနင်မရှိပဲ မနေနိုင်ဘူးး ငါ့ကိုလက်ထပ်ပါ ကလျာ ဟင် လက်ထပ်မယ်မလားဟင် ကလျာ"

ကလျာစဥ်းစားရင်းး သူ့ခံစားချက်တွေ ကိုပြန်မေးမိတော့ အဖြေပေါ်ချေပြီ။

"အင်းး လက်ထပ်တာပေါ့"

"ရေးးး ဒါမှပေါ့...!!!!"

ဆေးရုံမှာ အော်မိလို့ ပါးစပ်ကိုလှမ်းပိတ်ရပါသေးသည်။

ကလျာ ဆေးရုံကဆင်းတော့ ရဲသားကြီး ဦးထွဋ်ခေါင်မင်းမောင် နဲ့တွေ့တော့ သိလိုက်ရတာက မြို့စားမင်း ရန်ဇေယျာ ဆုံးသွားပြီတဲ့။

ထောင်ခန်းထဲမှာပဲ တစ်ကိုယ်လုံးမီးလောင်ကာ ပြာမှုန်သာ ကျန်ခဲ့တာ။ မီးကိုငြိမ်းကြပေမဲ့ ပြာမကျသည်အထိ မီးမငြိမ်းသလို မီးက ဘယ်ပစ္စည်းကိုမှ မစွဲဘူးတဲ့လေ။ ထူးဆန်းစွာနဲ့ပဲ ရန်ဇေယျာ သေသွားခဲ့သည်တဲ့လေ။

ဘယ်သူမှမသိကြပေမဲ့ ကလျာ သဘောပေါက်သွားပါသည်။ သူ့အပြစ်တွေအတွက်ပဲလေ ထပ်တူခံစားသင့်တယ်မလားး။

ထို့နောက် အဖြစ် မှန်တွေကိုသိသွားတဲ့ အန်တီသူဇာ အတော်လေးကို ငိုပါသည်။ နောက်တော့ လက်ပံပင်အောက်မှာပဲ ဘုန်းကြီးတွေပင့်လို့ အန်တီသူဇာ ဦးဆောင်၍ မောင်ဖြစ်သူ ရွှေနန်းထယ်နဲ့ နန်းထယ်ရဲ့ချစ်သူ ဂျွန်သက်နောင်ရှိန် တို့ကို အမျှအတမ်းဝေကာ တရားနာကြတော့ လက်ပံပင်ရဲ့ မြေပြင်ပေါ်က စက်ဝိုင်းပုံ လက်ပံပွင့်တွေမှာ လေတိုက်ကာ ပွင့်ဖတ်တွေလည်း အကုန်လုံး နေရာအနှံ့လွင့်ပျံခဲ့လေသည်။

နောက်ဆုံးတော့ သူတို့ လွတ်မြောက်ခဲ့ပြီမလားလေ။

ပုဂံမြေက လက်ပံမျက်ရည်Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Zawgi Code

က်စ္နန္းထယ္ မင္းက အဆုံးထိ သူ႕ကိုေ႐ြးခ်ယ္တယ္ေပါ့ရတယ္ေလ မင္းနဲ႕သူ ဘယ္ေတာ့မွ မေပါင္းရေအာင္ ငါလုပ္ျပမယ္

နန္းထယ္ေခါင္းကိုပင္သယ္လာခဲ့ကာ ဆရာႀကီး ထိန္လင္းကို ႀကိဳးတုပ္ကာ အိမ္စီသို႔ေခၚကာ...ေစခိုင္းေတာ့သည္။

"ဒီမွာ ဦးထိန္လင္းး က်ဳပ္တစ္ခြန္းပဲေျပာမယ္ ခဗ်ား က်ဳပ္ေျပာသလိုလုပ္ေပးရမယ္"

"အို...မလုပ္နိုင္ဘူးးး ငါ့အေနနဲ႕ သိကၡာရွိတဲ့ လူတစ္ေယာက္ မင္းလိုအာဏာရွင္ခိုင္းတိုင္း လုပ္တတ္တဲ့ ေခြးလိုေကာင္ေတြထဲ ငါမပါဘူးး ရန္ေဇယ်ာ"

"ဟက္...ခဗ်ားးး ေလႀကီးလွပါလားး ခဗ်ား မိသားစု ရွိတယ္ မဟုတ္"

"မင္းး မင္း ငါ့မိသားစုကိုမထိနဲ႕"

"လာၾကစမ္းး ေခၚခဲ့ၾက"

ရန္ေဇယ်ာ စကားသံေနာက္ ထြားက်ိဳင္းက်ိဳင္းလူေတြဟာ လူတစ္စုကိုေခၚလာသည္။ ထိုလူေတြကို ၾကမ္းျပင္ေပၚ ဒူးေထာက္ထိုင္ခ်ေစၿပီး အုပ္ထားတဲ့မ်က္ႏွာဖုံးေတြကို ခြာခ်မွ...

"မိန္းမ....သားးငယ္ သမီးေလးး အစ္ကိုႀကီးး ဘာလို႔ ဒီကိုေရာက္.."

"ဘယ္လိုလဲ ဦးထိန္လင္းးး ခဗ်ား က်ဳပ္စကားကိုနားေထာင္မလားး ခဗ်ား မိသားစုကို...ဟားး"

"ရန္ေဇယ်ာ မင္းးး မင္း"

"ဒါက ခဗ်ား သမီးအႀကီးေလးမလားး အေမတူလို႔လားးမသိ လွတယ္ေနာ္ ခႏၶာကိုယ္ကလည္းး အဟမ္းး သေဘာက်စရာပဲ တစ္ခါေလာက္ျမည္းလိုက္ရင္သိပ္ေကာင္းမွာပဲေနာ္"

ရန္ေဇယ်ာမွာေျပာရင္းနဲ႕ပင္ သမီးျဖစ္သူ နားကို ကပ္ကာ ပြတ္သပ္ေနေတာ့

"ရန္ေဇယ်ာ... မင္းလက္ေတြဖယ္ မင္းရဲ႕ေသြးစြန္းေနတဲ့ လက္ေတြဖယ္စမ္းး ငါ့သမီးကိုမထိနဲ႕...!!?"

"ဟားးး စိတ္မပူပါနဲ႕ ခဗ်ား က်ဳပ္စကားနားေထာင္ေလ မဟုတ္ရင္ ခဗ်ား သမီးေလးကို တစ္ညတာေတာ့ ေပ်ာ္ရတာေအာင္လုပ္ေပး႐ုံေပါ့... က်ဳပ္ ေကာင္ေတြလည္း သေဘာက်မွာဗ် ဟားး"

"မင္းး မလုပ္ပါနဲ႕... မင္းး"

ရန္ေဇယ်ာမွာ သမီးျဖစ္သူရဲ႕အကၤ်ီကို လက္နဲ႕ဆဲဲဖဲေတာ့ ဦးထိန္လင္းေအာ္ငိုရင္းးး

"ေတာ္ေတာ့.... ငါ ငါမင္းေျပာသလို လုပ္မယ္"

"ဟက္...အဖိုးႀကီးး ခုမွလက္ခံၿပီေပါ့...."

ရန္ေဇယ်ာလက္ေတြရပ္တန့္ကာ ထိန္လင္းစီေလွ်ာက္လာရင္းး

နန္းထယ္နဲ႕ ဟိုအေကာင္...သူ တို႔ကို ဘယ္ေတာဘမွမေပါင္းရေအာင္လုပ္ မဟုတ္ရင္ ခဗ်ား မိသားစု အသက္ရွင္မယ္မထင္နဲ႕

ၿမိဳ႕စားရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ မတတ္နိုင္၍လုပ္ခဲ့ရသည့္ က်ိန္စာ အစီအရင္။

မိသားစုရဲ႕အသက္နဲ႕ဘဝအတြက္ မတတ္သာလို႔ပါ နန္းထယ္။ ဦးေလးကို ခြင့္လႊတ္ေပးၾကပါ။

နန္းထယ္ရဲ႕ ေခါင္းကိုသုံးလို႔ သူ႕ရဲ႕ ဝိညာဥ္ကို က်ိန္စာတိုက္ အက်ဥ္းခ်ခဲ့တာ ပုဂံက ၿမိဳ႕စားစံအိမ္မွာပင္။

ဒါေပမဲ့ ဂြၽန္နဲ႕ နန္းထယ္ဆိုတာ သူ႕အတြက္ သားအရင္းေလးေတြလိုမို႔ ခ်န္လွပ္ခဲ့သည့္အခြင့္အေရးငယ္မွာေတာ့ရွိသည္ပင္။

"တစ္ေန႕ေန႕က် မင္းတို႔ ျပန္စုံရမယ္ မင္းတို႔ကို လႊတ္ေပးမဲ့သူ သည္က်ိန္စာကိုဖ်ယ္ေပးမဲ့သူ ေပၚလာရမယ္ ေဟာဒီက ထိန္လင္း ေသြးနဲ႕ပူေဇာ္လို႔ ဆိုမည္။ ငါသက္တမ္းနဲ႕တကြ မင္းတို႔ကို ကူညီနိုင္မဲ့သူ ေပၚလာရမယ္... ဒါက ငါမင္းတို႔ကို ကူညီနိုင္တဲ့အရာပဲ"

ထိုေန႕မွာပဲ. ၿမိဳ႕စားစံအိမ္ ထဲက နန္းထယ္ဝိညာဥ္ေသာင္းက်န္းမႈေၾကာင့္ စံအိမ္မွာ အလိုလိုမီးထေလာင္ကာ အိမ္ထဲက ဘယ္သူမွမလြတ္ခဲ့။

မီးမွာ ၿငိမ္းသက္လို႔မရတဲ့ ငရဲမီးေတြလို ေတာက္ေလာင္ကာ ျပာမက်ေပမဲ့ လူေတြအကုန္ ေသေက်ခဲ့တဲ့ ေသြးလႊမ္းတဲ့ညပမာ။ ဘယ္သူမွ အသက္မရွင္ေပမဲ့..ဆရာႀကီး

ထိန္လင္းနဲ႕ ရန္ေဇယ်ာသာလြတ္ခဲ့တာ...

အျဖစ္ အပ်က္ကေတာ့ အဲအတိုင္းပဲ ကလ်ာ

အျဖစ္ မွန္ေတြကိုသိလိုက္ရေတာ့ ႏွလုံးသားအစုံဟာ ေက်ကြဲရၿပီ။ ငိုေႂကြးမိပါသည္။

ေအာ္နန္းထယ္နဲ႕ ဂြၽန္ရယ္ သိပ္ကို သနားစရာေကာင္းပါလားးဟာ

ကလ်ာ စိုးးမိုးရင္မွာ မွီရင္းငိုမိပါသည္။ စိုးမိုးလည္း ေယာက်္ားအရင့္အမာႀကီးေပမဲ့ သည္ဇာတ္လမ္းေလးေၾကာင့္ ငိုမိတာအမွန္။

"ဒါဆို အဲ ၿမိဳ႕စားက သိပ္ကိုရပ္စက္တယ္ ႐ြံဖို႔ေကာင္းတယ္ သူလြတ္တာ မတရားဘူးး"

"အဘိုးလည္း တူတူပါပဲ... အဘိုးေၾကာင့္ သူတို႔မေပါင္းဖက္ရ"

"အဘိုးကလည္းး အဘိုးက မတတ္သာလို႔လုပ္ခဲ့ရတာ နန္းထယ္တို႔ သိမွာပါ"

"အင္းး သူတို႔သိပါတယ္ ဒါေပမဲ့ ကိုယ္ျပဳသည့္ကံ ကိုယ့္ထံျပန္သည္တဲ့ေလ အဘိုး လြတ္ခဲ့ေပမဲ့ ကံတရားရဲ႕ အဆုံးအျဖတ္ေၾကာင့္ အဘိုးခံခဲ့ရပါတယ္"

"ဘာျဖစ္ခဲ့လို႔လဲ အဘိုးက"

"အဘိုး အေနနဲ႕ အခု ၿမိဳ႕စားနားေနရတဲ့အေၾကာင္း အဘိုးမိသားစု...သူတို႔ မရွိၾကေတာ့ဘူးး"

"ဟင္...ဘယ္လို "

"အဘိုးမိသားစု လည္း နန္းထယ္တို႔ ကလႊတ္ထားေပးေပမဲ့ အဘိုးျပဳခဲ့တဲ့မေကာင္းမႈဒဏ္ေၾကာင့္ စီရင္ခံခဲ့ရပါတယ္ အဘိုးအတြက္ အျပစ္ဒဏ္ေပါ့ေလ...."

"သူတို႔ဘယ္လိုလုပ္"

"မီးေလာင္မႈထဲ ပါသြားခဲ့တယ္"

"ဟာဗ်ာ..."

စိုးမိုးမွာ စိတ္မေကာင္းျဖစ္ကာဆိုမိသည္။

"အဲမီးက နန္းထယ္လက္ခ်က္မဟုတ္ပါဘူးး သဘာဝအတိုင္းေတာက္ေလာင္ခဲ့တဲ့ မီးပါ အဲမီးေဘးမွာ အကုန္ ျပာက်ခဲ့တာ နန္းထယ္တို႔လိုေပါ့"

"ေအာ္ အဘိုးရယ္..ဒါဆို ၿမိဳ႕စားေရာ သူေရာ ဘာမွ"

"သူက သူ႕အနားမွာ ေနနိုင္တဲ့မရွိေတာ့တာပဲ သူနဲ႕ပတ္သက္တဲ့သူေတြက သူ႕ကိုစြန့္ခြာလာတယ္ ရွင္ကြဲမက ေသကြဲပါကြဲရတယ္ သူဒီအျဖစ္အပ်က္ေနာက္ လက္ထပ္ခဲ့တယ္ သားသမီးေတြလည္း ေမြးခဲ့တယ္ ဒါေပမဲ့ မၾကာဘူးး သူ႕ဇနီးလည္း ဆုံးသြားခဲ့တယ္ သားသမီးေတြကလည္း ႀကီးလာေတာ့ အိမ္ေထာင္ကိုယ္စီ လုပ္ငန္းကိုယ္စီနဲ႕ သူ႕ကိုထားရစ္ခဲ့တယ္။ အေစခံေတြ အခိုင္းအေစေတြအကုန္ တစ္ခုမဟုတ္တစ္ခုနဲ႕ အသက္ဆုံးခဲ့ရတယ္ ဒါက သူ႕အတြက္ အျပစ္လို႔ထင္တယ္..."

"က်စ္...အဲထက္ပိုခံစားသင့္တာ လူယုတ္မာေကာင္"

"အင္းး ကံတရားကလည္းး ဒီေလာက္ပဲတတ္နိုင္ရွာတယ္ သူ႕အျပစ္ေတြကိုေတာ့ မေဖာ္နိုင္ခဲ့သလို နန္းထယ္တို႔အတြက္ အမွန္တရားလည္း မရခဲ့ဘူးး"

ဒါဆို အဘိုးကဘာလို႔ မေျပာတာလဲဘာလို႔ အျဖစ္မွန္ေတြကို

ငါက သက္ရွိလူသားေလ တကယ့္သက္ေသလိုေသးတယ္ ကလ်ာ

ဟုတ္တယ္ ကလ်ာ

ဒါဆို သက္ေသက ဘယ္မွာလဲ

အင္းး အဲေန႕က နန္းထယ္နဲ႕ ဂြၽန္ ေသဆုံးမႈကိုေတြ႕လိုက္ရတာ ငါအျပင္ တျခား လြတ္ေျမာက္ခဲ့တဲ့သူ ရွိတယ္ သူ႕မွာ သက္ေသ ရွိတယ္ဆိုတာ အဘိုးသိခဲ့ရတယ္

ဘယ္သူလဲ

ရဲမင္းး သူအကုန္သိေပမဲ့ သူလြတ္ေျမာက္ခဲ့တယ္

ဒါဆို သူကေရာ အခုဘယ္မွာလဲ

အင္းး သူကအခု ၿမိဳ႕စားလက္ေအာက္မွာ သူ႕ကို အဘိုးသြားေခၚဖူးေပမဲ့ သူသေဘာမတူခဲ့ဘူးး

ဟင္ ဒါဆို ဘယ္လိုလုပ္ၾကမလဲ

ရွင္းရွင္းေလးပါ ရဲမင္းကိုရေအာင္ေျပာရမယ္ သူ႕ကို ကိုယ့္ဘက္ဆြဲရမယ္ သူမေျပာတာ အေၾကာင္းရွိရမယ္ သူ႕ကိုၿမိဳ႕စားမင္းက ၿခိမ္းေျခာက္ထားတာ ျဖစ္နိုင္တယ္

ဒါဆို အဲအရာကိုအရင္ရွာရမွာေပါ့ ဒါနဲ႕သူကအခုဘယ္မွာလဲ

အရင္က သူပုသိမ္မွာေနတာ အခုေျပာင္းသြားၿပီထင္တယ္ မေတြ႕ရေတာ့ဘူးး

ဒါဆို ဘယ္လိုလုပ္ၾကမလဲ

ဟူးး ခက္တယ္.

စိုးမိုးေရာ ကလ်ာပါ ညည္းၫူမိပါသည္။

နန္းထယ္တို႔ က်ိန္စာက ဖ်က္လို႔ရလားး

ဖ်က္ၿပီးသြားပါၿပီ

ဟင္ ဘယ္လို

သမီးဖ်က္ေပးခဲ့တာေလ သမီး စံအိမ္ထဲ ဝင္ဖူးတယ္မလားး အဘိုးခ်န္ခဲ့တဲ့ အခြင့္အလမ္းက သမီးကလ်ာပဲ တစ္ေန႕ေတာ့ အဘိုးမေသခင္ေပၚလာဖို႔ သမီးေပၚလာဖို႔လုပ္ခဲ့တာ ကံတရားအကူအညီနဲ႕ အဲအခ်ိန္ကတည္းက နန္းထယ္က သမီးနဲ႕အတူပါလာခဲ့ၿပီး လြတ္သြားတယ္ ဒါေပမဲ့ သူတို႔ေပါင္းမရဘူးး ေပါင္းမရတာကလည္း သူတို႔နာက်င္မႈေတြ ရန္ေႂကြးေတြနဲ႕ ေဒါသေတြေၾကာင့္ လက္ပံပင္နားကို နန္းထယ္ကပ္မရဘူးး ျဖစ္ေနတယ္

ကလ်ာ့ကိုၾကည့္ၿပီးး ဆရာႀကီးထိန္လင္းဆိုသည္။

ဒါဆို သူတို႔ေပါင္းဖို႔ ဘာလုပ္ရမွာလဲ

အမွန္တရား အမွန္တရကသာ သူတို႔ကိုလြတ္ေျမာက္ေစမွာ သူတို႔ ရန္ေႂကြးမဆပ္နိုင္မခ်င္း အမွန္တရားမေပၚေပါက္သေ႐ြ႕ သူတို႔ကြၽတ္မွာမဟုတ္ဘူး သူတို႔နာက်င္ေနရမွာ

ဒါဆို တစ္ခုပဲရွိေတာ့တာေပါ့ နန္းထယ္တို႔ အတြက္ အမွန္တရားကို ရွာေပးရမွာေပါ့

ဟုတ္တယ္

ဒါဆို ကလ်ာ အႀကံေတာ့ရတယ္ ကလ်ာ့မွာ အသိရဲတစ္ေယာက္ရွိတယ္ သူက အာဏာမမက္ဘူး အမွန္တရား ဘက္ေတာ္သားး သူနဲ႕ဆို ရွာနိုင္မယ္ထင္တယ္

လမ္းစေတာ့ရွာေတြ႕ၿပီ. ထိုရဲသားကို ကလ်ာဆက္သြယ္ေလသည္။ ထိုအခါ အေၾကာင္းသိတာနဲ႕ ရဲမွာ ေရာက္လာခဲ့တာ တစ္ရက္အၾကာမွာပင္။

ကလ်ာ မင္းေျပာတာ အမွန္ ေတြလားး

အင္းး အမွန္ေတြ

ဒါဆို ငါေဖာ္ထုတ္မယ္ ရန္ေဇယ်ာ ငါသူ႕ကိုဖမ္းခ်င္ေနတာၾကာၿပီ ျမင္ကပါမွာ လူေပ်ာက္သြားတုန္းက ရွာမရခဲ့တာ အခုျပန္ေတြ႕ၾကၿပီေပါ့

ဟင္အရင္က ဒီအမႈကို လိုက္ဖူးလို႔လား

အင္းး ၾကာပါၿပီ.အရင္ကတည္းက သူ႕ကို ဖမ္းမလို႔ေပမဲ့ သက္ေသမစုံလို႔ လက္ေလ်ာ့ခဲ့ရတာ

ဒါဆို အဲတုန္းက တာဝန္ယူရတဲ့ အရာရွိက ဦးေလးေမာင္ေပါ့

ဟုတ္တယ္ကဲပါဒါေတြအသာ ထားပါ ငါ့မွာအရင္က အခ်က္ေတြရွိေသးတယ္ ရေအာင္ရွာတာေပါ့

အားကိုးမယ္ေနာ္ ဦးေလးေမာင္

ဟဲ ထြဋ္ေခါင္မင္းေမာင္တဲ့ ရေအာင္ရွာျပမယ္

ဦးေလးေမာင္အကူအညီနဲ႕ ကလ်ာတို႔ရွာၾကရာ တစ္လအၾကာမွာပဲ ရဲမင္းရဲ႕တည္ေနရာကိုေတြ႕ေလၿပီ။

ရဲမင္းး မင္းးရွိတယ္ မလား ထြက္ခဲ့ ပါ ငါတို႔မင္းကို ဝိုင္းထားလိုက္ၿပီ

ထိုသို႔ေအာ္မွ ထြက္လာေသာ ရဲမင္း။ ၿမိဳ႕စားမင္းနဲ႕႐ြယ္တူေလာက္ပင္။ အရပ္အေမာင္းကေတာ့ ပုံမွန္။ အသားကညိုညို ႐ုပ္ရည္လည္း သာမာန္ပင္။ စုတ္စုတ္ပ်က္ပ်က္ အဝတ္အစားေတြနဲ႕ သူထြက္လာသည္။

ရဲေတြဘာအလိုရွိလို႔လဲ ကြၽန္ေတာ္ ဘာမွမလုပ္ဘူးေနာ္

မင္းကို ငါတို႔လာစစ္ေဆးတာ အမွန္တိုင္း ထြက္ဆိုပါ

မျဖစ္ဘူးး ကြၽန္ေတာ္ ေျပာလိုက္ရင္ ကြၽန္ေတာ့္မိသားစု မျဖစ္ဘူး

မင္းမိသားစု ဘယ္မွာလဲ

ရဲမင္းလည္း ရဲေတြကို ယုံၾကည္လိုက္ကာ မိသားစုတည္ေနရာေျပာေတာ့ ရဲေတြမွ ကာကြယ္ေပးကာ ရဲမင္းကို ထြက္ဆိုေစသည္။ ထိုအခါမွ ရဲမင္းလည္း ငိုယိုလို႔ စိတ္ခ်လက္ခ် ထြက္ဆိုပါေတာ့သည္။

ထို႔ေနာက္ ထိုေန႕က က်န္ရစ္ခဲ့သည့္ သက္ေသအျဖစ္ ဂြၽန့္ရဲ႕ကင္မရာ။ မီးထဲပါခဲ့ေပမဲ့ မပ်က္စီးေသးတဲ့ ကင္မရာကို ရဲမင္းေကာက္ယူထားခဲ့တာ။

ဒီကင္မရာထဲမွာ ျဖစ္ပ်က္ခဲ့သမွ် အကုန္အစအဆုံး မွတ္တမ္းတင္ခဲ့တာ။ ဂြၽန့္အိတ္ထဲက ထြက္ကာ ေျမျပင္ေပၚမွာ က်ရင္း ရိုက္မိထားတာ။ ၿမိဳ႕စားရန္ေဇယ်ာက သက္ေသေဖ်ာက္ဖို႔ မီးထဲထည့္ခဲ့ေပမဲ့ မပ်က္စီးခဲ့တာေတာ့ဆန္းသည္။

လူသက္ေသႏွစ္ေယာက္နဲ႕ ကင္မရာပါရွိသည္။

ကဲ ၿမိဳ႕စားေရခဗ်ားနဲ႕ေတြ႕ၾကတာေပါ့

ၿမိဳ႕စားအိမ္ ကိုေရာက္လာၾကၿပီးး လက္နက္ေတြနဲ႕အတူ ဝင္လာၾကသည္။

ၿမိဳ႕စားမင္းး ခဗ်ားကို ေ႐ႊနန္းထယ္နဲ႕ ဂြၽန္သက္ေနာင္ရွိန္တို႔ကို သတ္တဲ့အမႈ ရဲမင္းကို ၿခိမ္းေျခာက္မႈေတြနဲ႕ မင္းကို ဖမ္းလိုက္ၿပီ

ရဲေတြမွ ၿမိဳ႕စားကို ခ်ဳပ္ကာဖမ္းၾကေတာ့ သူရယ္ေမာလိုက္သည္။

ဟားးး ဟားး ငါဒီေလာက္ ပုန္းေနခဲ့ ဖုံးကြယ္ခဲ့တာ ကလ်ာ ဆိုတဲ့ မင္းမလားး အစကျပန္ေဖာ္တာ မင္းမလားး

ရဲနဲ႕အတူပါလာတဲ့ ကလ်ာကိုလက္ညိုးထိုး ကာေျပာေတာ့..။

ကြၽန္မက အကူအညီေတာင္းလို႔ ကူညီ႐ုံပဲ. ရွင္က ရွင္အျပစ္အတြက္ ေပးဆပ္ရမွာေပါ့ ႐ြံဖို႔သိပ္ေကာင္းတယ္ လူယုတ္မာ

ကလ်ာမွ ႐ြံရွာေသာ အၾကည့္နဲ႕ ၾကည့္ကာဆိုေတာ့။

ဟားးး မင္း ေအးးေကာင္းတယ္ ေကာင္းတယ္ ျပႆနာရွာတဲ့ေကာင္မေလးး မင္းေသၿပီမွတ္

ရဲသားလက္ထဲက ေသနတ္ကိုယူကာ ကလ်ာ့ကိုပစ္လိုက္ေတာ့ ကလ်ာမွာ ၾကမ္းျပင္ေပၚလဲက်သြားသည္။

ကလ်ာ!!!

စိုးမိုးမွ ေသြးေတြနဲ႕ ႐ႊဲေနတဲ့ ကလ်ာ့ကို ေထြးေပြ႕ဖက္ထားလ်က္..

ကလ်ာကလ်ာ

အလင္းေရာင္တို႔မွာ မွိန္သြားလ်က္ အေမွာင္ပင္က်သြားခဲ့သည္။

မ်က္လုံးျပန္ဖြင့္မိေတာ့ လက္ပံပင္ႀကီးး။

ဟင္ ဒီေနရာက

ကလ်ာ

သူၾကည့္ေနတုန္းမွ ဩရွရွအသံထြက္ေပၚလာကာ လွည့္ၾကည့္လိုက္ေတာ့ နန္းထယ္။

နန္းထယ္ၿပီးေတာ့ ဂြၽန္

ကလ်ာ ေရာက္လာၿပီပဲ

ကလ်ာ ဘယ္ေရာက္ေနတာလဲဟင္

မင္း ေမ့ေမ်ာေနတာပါ

ဒါနဲ႕ နန္းထယ္တို႔ ထိလို႔ရၿပီလားး

အင္းး ရၿပီ ကိုယ္ ထယ့္ကိုဖက္လို႔ လည္းရၿပီ ကလ်ာ့ေက်းဇူးေၾကာင့္ ေလ

ဝမ္းသာလိုက္တာ ကလ်ာက ဘာမွမလုပ္ခဲ့ရပါဘူးး

ကလ်ာ အစေဖာ္ေပးလို႔ အမွန္တရား ထြက္လာတာေလ ကလ်ာ့ေၾကာင့္ ထယ္တို႔ေပါင္းဖက္နိုင္တာ ေက်းဇူးပါ ကလ်ာ

ရပါတယ္ မလိုပါဘူးးေလ

ကဲကလ်ာ သြားေတာ့ေနာ္ မင္းကိုေစာင့္ေနတဲ့သူ ရွိေသးတယ္ေလ

ဟင္ ဘယ္သူ

မင္းသိပါလိမ့္မယ္ ႏႈတ္ဆက္ခဲ့တယ္ေနာ္ ကလ်ာ တကယ္ေက်းဇူးပါ

ဂြၽန္နဲ႕ နန္းထယ္မွ ႏႈတ္ဆက္ကာ ထိုပုံရိပ္ေတြလည္း ေပ်ာက္ကြယ္လာသလို နားထဲကအသံ။

ကလ်ာ ကလ်ာ

မ်က္လုံးကိုဖြင့္ေတာ့ အျဖဴေရာင္ အခန္းးနဲ႕ အနံတစ္ခ်ိဳ႕ေၾကာင့္ သိမိတာ ဒါေဆး႐ုံမွာဒါနဲ႕ေဘးကိုၾကည့္မိေတာ့ စိုးမိုးး။ သူငိုေနသည္ပင္။

ကလ်ာနင္ နိုးလာၿပီပဲ

ကလ်ာ့ကိုဖက္ကာထားးလိုက္သည္။ ကလ်ာမွာ ျပဴးေၾကာင္ေၾကာင္ေလးနဲ႕ ပင္။

စိုးမိုးးနင္ ငိုေနတာလားး

ကလ်ာရယ္ နင္ကေလ ျဖစ္လိုက္ရင္ အမ်ိဳးမ်ိဳးပဲ နင္ငါ့ကို ရင္ကြဲေအာင္ လုပ္ေနတာလားး

ငါ..ငါမလုပ္ပါဘူးး

နင္မလုပ္လို႔ပဲ ငါ့မွာ ဘယ္ေလာက္ လန့္သြားကလဲသိလားး ငါေလ နင္မရွိရင္ ႐ူးမွာသိလားး ကလ်ာရဲ႕

ကလ်ာ့ကို ပုခုံးမွကိုင္ကာ စိုးမိုး မ်က္ရည္ေတြနဲ႕ သူဆိုသည္။

စိုးမိုးး နင္

ကလ်ာငါေျပာမယ္ ငါနင့္ကိုခ်စ္တယ္ နင္ငါ့ကိုလက္ထပ္မလားး

ကလ်ာေၾကာင္သြားးရသည္။ သူ႕ကိုလက္ထပ္ခြင့္ ေတာင္းေနတာတဲ့လားး။ လူကလည္းး စိုးမိုး တဲ့။

ငါ

နင္ေျပာတယ္ေလနင္ငါ့ကိုလက္ထပ္မယ္လို႔ ငါသိသြားၿပီ ကလ်ာ ငါနင္မရွိပဲ မေနနိုင္ဘူးး ငါ့ကိုလက္ထပ္ပါ ကလ်ာ ဟင္ လက္ထပ္မယ္မလားဟင္ ကလ်ာ

ကလ်ာစဥ္းစားရင္းး သူ႕ခံစားခ်က္ေတြ ကိုျပန္ေမးမိေတာ့ အေျဖေပၚေခ်ၿပီ။

အင္းး လက္ထပ္တာေပါ့

ေရးးး ဒါမွေပါ့!!!!

ေဆး႐ုံမွာ ေအာ္မိလို႔ ပါးစပ္ကိုလွမ္းပိတ္ရပါေသးသည္။

ကလ်ာ ေဆး႐ုံကဆင္းေတာ့ ရဲသားႀကီး ဦးထြဋ္ေခါင္မင္းေမာင္ နဲ႕ေတြ႕ေတာ့ သိလိုက္ရတာက ၿမိဳ႕စားမင္း ရန္ေဇယ်ာ ဆုံးသြားၿပီတဲ့။

ေထာင္ခန္းထဲမွာပဲ တစ္ကိုယ္လုံးမီးေလာင္ကာ ျပာမႈန္သာ က်န္ခဲ့တာ။ မီးကိုၿငိမ္းၾကေပမဲ့ ျပာမက်သည္အထိ မီးမၿငိမ္းသလို မီးက ဘယ္ပစၥည္းကိုမွ မစြဲဘူးတဲ့ေလ။ ထူးဆန္းစြာနဲ႕ပဲ ရန္ေဇယ်ာ ေသသြားခဲ့သည္တဲ့ေလ။

ဘယ္သူမွမသိၾကေပမဲ့ ကလ်ာ သေဘာေပါက္သြားပါသည္။ သူ႕အျပစ္ေတြအတြက္ပဲေလ ထပ္တူခံစားသင့္တယ္မလားး။

ထို႔ေနာက္ အျဖစ္ မွန္ေတြကိုသိသြားတဲ့ အန္တီသူဇာ အေတာ္ေလးကို ငိုပါသည္။ ေနာက္ေတာ့ လက္ပံပင္ေအာက္မွာပဲ ဘုန္းႀကီးေတြပင့္လို႔ အန္တီသူဇာ ဦးေဆာင္၍ ေမာင္ျဖစ္သူ ေ႐ႊနန္းထယ္နဲ႕ နန္းထယ္ရဲ႕ခ်စ္သူ ဂြၽန္သက္ေနာင္ရွိန္ တို႔ကို အမွ်အတမ္းေဝကာ တရားနာၾကေတာ့ လက္ပံပင္ရဲ႕ ေျမျပင္ေပၚက စက္ဝိုင္းပုံ လက္ပံပြင့္ေတြမွာ ေလတိုက္ကာ ပြင့္ဖတ္ေတြလည္း အကုန္လုံး ေနရာအႏွံ႕လြင့္ပ်ံခဲ့ေလသည္။

ေနာက္ဆုံးေတာ့ သူတို႔ လြတ္ေျမာက္ခဲ့ၿပီမလားေလ။

ပုဂံေျမက လက္ပံမ်က္ရည္Taekook Fanfiction Myanmar❦ 𝐋𝐮𝐫𝐚 𝐓𝐚𝐞 ❦

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories