Fanfics

အပိုင်း (၃) Final

07:28, 18 September 2023

ရွှေရောင်ဆံသားတို့နှင့် သူ ။အသားအရည်က ကြည်လင်နေပြီး ‌အသက်အနည်းငယ်ကြီးပုံတော့ရသည်။ ထိုသူက နှုတ်ခမ်းပါးတို့ ကွေးညွှတ်၍အလှဆုံး ပြုံးပြလာသည့်အခါဂျီမင် တစ်စုံတစ်ခုအား မှတ်မိသွား၏ ။

သူက ဟိုဘုရင်စုတ်ဖုန်းထဲက လူမလား ။ အတော်လေးတူပေမယ့်ယခုမျက်နှာဟာ အနည်းငယ် အသက်ကြီးပုံပေါက်နေ၏ ။သို့သော်လည်း အတော်လေးလှတဲ့ထဲမှာပါပြီး မျက်လုံးဝိုင်းဝိုင်းလေးတွေ ရှိနေပြန်၏ ။

"Uncleက မင်းကိုတွေ့ချင်နေတာ"

"ဘယ်သူလဲ မသိဘူး"

"Uncleက JEONရဲ့မွေးအဖေပါ"

ထိုစကားကြားသည့်အခါ ဂျီမင် မျက်ဝန်းတို့ဝိုင်းစက်သွားပြီး ပါးစပ်အဟောင်းသားလေးနှင့် ။JEONကိုမွေးပေးတာ ငါ့လို ယောင်္ကျားလေးလား ။သေစမ်းးး မင်းတော့ သူ့အဖေကိုသူ့ရည်းစားဟောင်းထင်နေတာလား။

"Uncleနဲ့စကားပြောကြမလား"

အပြုံးချိုချိုလေးနဲ့ အချိုသာဆုံးပြောလာသည့် JEONရဲ့ မွေးအဖေအားဂျီမင် ခေါင်းငြိမ့်ပြလိုက်သည် ။ဂျီမင်လိုပဲ ယောင်္ကျားလေးကိုယ်ဝန်ဆောင်ဖြစ်ခဲ့တာလားဂျီမင်ကိုယ်တိုင်လည်း သိချင်နေ၏ ။JEONရဲ့မွေးအဖေက သူ့ကိုပြောစရာတစ်ခုခုများရှိနေလား ။

JEONဆိုတဲ့ ဘုရင်စုတ်ချောတာသူ့မွေးအဖေ အမွေအပြည့်ရထားလို့ပဲနေမှာ ။သူ့အဖေတောင် ဒီလောက်ချောမှတော့JEONချောတာ အဆန်းမဟုတ် ။JEONမွေးအဖေရဲ့နှုတ်ခမ်းတွေ မျက်လုံးတွေက JEONနဲ့အရမ်းတူတယ် ။အေးလေသူ့ကို မွေးထားတဲ့အ‌ဖေပဲမတူပဲနေမလား ။

JEON၏မွေးအဖေ ခေါ်သည့်နေရာဆီသို့နောက်ကနေ အသာလေးလိုက်ခဲ့၏ ။ကြည့်ရတာ JEONမွေးအဖေရဲ့ကိုယ်ပိုင်နေရာလေးထင်တယ် ။ ကြည်ပြာရောင်လဲ့နေသော ကန်ရေပြင်ဘေးရှိ ပန်းခက်ပန်းနွယ်လေးတွေနဲ့အလှဆင်ထားသည့် အဆောင်ငယ်လေးတစ်ခု ။ထိုင်ခုံသုံးခုံနှင့် အလယ်တွင် သစ်သားစားပွဲဝိုင်းရှိ၏။ ကျေးငှက်တို့၏တေးသီကျူးသံတို့နှင့် ပြည့်နှက်နေပြီးဘေးပတ်ပတ်လည်ရှိ သစ်ပင်နှင့်တောအုပ်တို့ကလည်း စိမ်းစိုနေ၏ ။ ရေစီးဆင်းရာ အမြင့်မှအနိမ့်ထိ ကျောက်ဆောင်ငယ်လေးလည်းနေတာကြောင့် ရေကျသံလေးလည်း ညံလျက်။အရင်ဘုရင်ကရော...။

"ထိုလေ ကလေး"

"ဗျာ.."

"ထိုင်ပါ မုန့်စားမလား ၊ ကော်ဖီသောက်မလား"

ကလေးတစ်ယောက်လို ဆက်ဆံခံလိုက်ရတာကြောင့် ဂျီမင်ရင်ထဲ ကြည်နူးသွား၏ ။သူ့ကို အဲ့လိုလေး နူးနူးညံ့ညံ့၊ဂရုတစိုက်ဆက်ဆံပေးရင် သိပ်သဘောကျတာ..။

"ရပါတယ် ကျွန်တော်မစားတော့ပါဘူး"

JEONရဲ့မွေးအဖေက မုန့်မျိုးစုံအားပန်းကန်ထဲ ထည့်ကာ စားပွဲပေါ် အသာလေးတင်ပြီးနောက် ဂျီမင်လက်ထဲ မုန့်တစ်ခုအတင်းထည့်ပေး၏ ။

"စားပါ အားမနာနဲ့..။JEONကUncleကို သူ့ကြင်ယာတော်လေးရွှေစိတ်တော်ကောက်သွားလို့ အဖေခဏခေါ်ပေးထားပါအုံး ကျွန်တော် ပြန်လာခေါ်မယ်ဆိုပြီးအသေအချာ မှာထားတာ"

သောက်ဘုရင်စုတ် အခုမှလာပြီးတော့။ JEONမွေးအဖေက ကျွန်တော်နဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး ပြုံး၍ကြည့်နေ၏ ။နည်နည်းတော့ နေရခက်သားး ။

"JEONက အေးစက်စက်ကြီးမလား။အဲ့တာ သူ့ခမည်းတော်နဲ့တူတာ သူ့ခမည်းတော်ကလည်း JEONနဲ့တထေရာတည်း ။အေးစက်စက်နဲ့"

JEON၏မွေးအဖေက JEONရဲ့ခမည်းတော်အကြောင်း ပြောနေချိန် မျက်ဝန်းထဲမှစွေးမြေ့မှု့တို့ကိုမြင်နေရ၏ ။

"JEONက ငယ်ငယ်တည်းက အရမ်းအေးတယ် ။ စကားကိုလိုတာထက်ပိုမပြောလို့ Uncleကပဲ သူ့ကိုစကားများများပြောအောင်အစပြုပြီး ပြောပေးရတာ ။ JEONက သားကို သိပ်သဘောကျတာ ။Uncleကိုတောင် ဆန့်ကျင်ပြီး သားကိုအတင်းယူထားတာ ။Uncle နဲ့ JEONက သားတို့ပြောနေတဲ့ဘာသာစကားကိုပြောတတ်နေလို့ထူးဆန်းနေတယ်မလား ။Uncleက အရင်က ရှေးဟောင်းသုတေသနအဖွဲ့ အဖွဲ့မှူးလေ ။ တစ်နေ့ uncleတို့ဒီတောထဲလာပြီး ရှေးဟောင်းပစ္စည်းတွေ လာရှာပြီး သုတေသနလုပ်ကြရင်း JEONရဲ့ခမည်းတော်က သူ့နယ်မြေကို‌ကျော်ဝင်လာလို့ဆိုပြီး uncleကိုဖမ်းခဲ့တယ် ။ Uncleတို့နေပုံထိုင်ပုံ၊ဝတ်ပုံစားပုံ၊အပြင်အဆင်၊အနေအထားတွေနဲ့ အယ်ရိုရာတိုင်းပြည် အနေအထားနဲ့က ကွားခြားလွန်းလို့Uncleအရမ်းအံ့ဩခဲ့ရတယ် "

ဂျီမင်က JEONမွေးအဖေရဲ့စကားကိုအသေအချာလေးနားထောင်နေ၏ ။

"Uncleစိတ်ထဲ ဒီလိုရှေးဟောင်းပစ္စည်းတွေနဲ့ဒီဘက်ကလူတွေကို သုတေသနလုပ်ချင်ပြီးစူးစမ်းချင်ခဲ့တယ်။ JEONရဲ့ခမည်းတော်က uncleကိုမသတ်ပါဘူးဖမ်းပဲဖမ်းထားခဲ့တာ။ကောင်းကောင်းမွန်မွန်ထားပေမယ့်လည်းUncleကတော့ ပြန်ချင်တာပေါ့ ။တစ်နေ့ကြတော့ JEONရဲ့ခမည်းတော်ကရုတ်တရက်ကြီး သူ့ကိုလက်ထပ်မလားလို့ မေးလာတယ် ။ Uncleကို သူနဲ့လက်ထပ်ရင် မချုပ်ထားတော့ဘူးလို့ပြောလို့ Uncleကလည်း ထွက်ပြေးဖို့အကြံနဲ့လွယ်လွယ်သဘောတူခဲ့တယ် ။ uncleက ထွက်ပြေးဖို့မလုပ်ခင် JEONရဲ့ခမည်းတော်က လူမဟုတ်ဘဲတခြားအသွင်ပြောင်းနေတာတွေ့ခဲ့တယ်"

"uncleတို့အဖွဲ့သာ ဒီလိုထူးဆန်းတဲ့လူကိုရှာတွေ့ခဲ့ရင်ဆုကြေးငွေတွေ အများကြီးရမှာမို့လို့JEONရဲ့ခမည်းတော်ကို သတ်ဖို့ကြံစည်ခဲ့တယ် ။ မအောင်မြင်ပါဘူး JEONခမည်းတော်ကသူ့ကို သတ်ဖို့ကြံစည်တာကိုမိသွားခဲ့တယ်သူက uncleကိုဖမ်းချုပ်ပြီး အတင်းလက်ထပ်ပြီး တစ်ညတာ ကုန်ဆုံးခဲ့ရတယ် ။ Uncleက အိမ်ပြန်ချင်တာကြောင့် ပြန်လွှတ်ပေးဖို့ ပြောပေမယ့် သူကမလွှတ်ပေးဘူး အဲ့တာကြောင့်Uncleက ထွက်ပြေးခဲ့တယ် ။အဲ့အချိန်တုန်းက ဘာသုတေသနမှမလုပ်ချင်တော့ဘဲအဖေနဲ့အမေကို လွမ်းပြီး အိမ်ပြန်ချင်ခဲ့တာ ။ uncleလွတ်သွားခဲ့တယ် uncleအိမ်ပြန်ရောက်ပြီး နှသ်လလောက်အကြာမှာ JEONကိုကိုယ်ဝန်ဆောင်ခဲ့ရတယ် ။Uncleက အပြစ်မရှိတဲ့ကလေးတစ်ယောက်ကိုမသတ်ချင်တာကြောင့် JEONကိုUncleတို့ နေတဲ့မြို့မှာဘဲ မွေးခဲ့တယ်။နောက်ပိုင်း JEONလည်း သူ့ခမည်းတော်ကို သိသင့်တယ်ထင်လို့အယ်ရိုရာကို ပြန်လာခဲ့တယ် ။ သူက JEONကိုမြင်တော့ အရမ်းပျော်‌နေခဲ့တာသူကပြောတယ် JEONက သူ့အရိုက်အရာကို ဆက်ခံရမယ့် အိမ်ရှေ့စံပဲတဲ့ ။ Uncleနဲ့ အပေးအယူလုပ်ပြီး JEONကို ကျောင်းဖွင့်ရင် မြို့ကိုပြန်ခေါ်လာပြီး ‌ကျောင်းပိတ်ရင် အယ်ရိုရာ ကို ပြန်ပို့ပေးတယ် ။ JEONက တက္ကသိုလ်မှာ ဘွဲ့ရပြီးနောက် JEONခမည်းတော်ကလည်း သူ့အရိုက်အရာကို JEONကိုဆက်ခံစေခဲ့တယ် ။ JEONခမည်းတော်က Uncleအပေါ်အရမ်းချစ်ပေးခဲ့တာ ၊သူ့စရိုက်က အေးစက်စက်ဆိုပေမယ့်Uncleအပေါ် သိပ်ဂရုစိုက်ပြီးချစ်ပေးခဲ့တယ် ။ သူမထွက်သွားခင်အထိပေါ့ "

JEONရဲ့ မွေးအဖေသည် ပြောနေရင်းနှင့်ပင် မျက်ရည်တို့ ဝဲလာခဲ့သည် ။

"Uncleက JEONကို လူသားတစ်ယောက်ကိုကြင်ယာတော်အဖြစ်မရွေးချယ်ဖို့ အကြိမ်ကြိမ်တားခဲ့တယ် ။ သူ့ခမည်းတော်ကိုuncleသတ်ဖို့ ကြံစည်သလို JEONကြံစည်ခံရမှာစိုးလို့၊စည်းစိမ်တွေကို မက်မောပြီး JEONကိုဟန်ဆောင် ချစ်ပြမှာစိုးလို့၊ လူသားမဟုတ်တဲ့ JEONရဲ့လျှို့ဝှက်ချက်ကို ရောင်းစားမှာစိုးလို့ ၊ အတင်းလက်ထပ်ခံရလို့ JEONကို တစ်သက်လုံးမုန်းနေမှာစိုးလို့၊Uncleတုန်းကလည်း သူ့ခမည်းတော်ကို အရမ်းမုန်းခဲ့တာ။ JEONကို သူချစ်တဲ့သူဆီကနေ တစ်သက်လုံး အမုန်းခံရမှာစိုးလို့ uncleက အရမ်းစိတ်ပူပြီး သားကိုလက်မထပ်ဖို့အတင်းထားခဲ့တာ။JEONက "ကျွန်တော့်သူ့ကိုယုံတယ် "ဆိုတဲ့ တစ်ခွန်းတည်းနဲ့ သားကိုလက်ထပ်ခဲ့တယ် "

JEONရဲ့မွေးအဖေက ဂျီမင်ရဲ့လက်လေးတွေကို နူးညံ့စွာဆုပ်ကိုင်လာပြီး..

"JEONရဲ့အစား သားကိုuncleကပဲ အနူးအညွတ်‌တောင်းပန်ပါတယ် ။JEONက သားကိုအရမ်းချစ်လွန်းလို့ အတ္တကြီးပြီး ပိုင်ဆိုင်ချင်ခဲ့တာ ။ယောင်္ကျားလေးတစ်ယောက် ကိုယ်ဝန်ဆောင်ရတဲ့အခါ ဘယ်လိုခံစားရမလဲ uncleကိုယ်တိုင်နားလည်တယ် ကိုယ်ချင်းစာတယ် ။ JEONက အယ်ရိုရာဘုရင်မင်းဆက်ထဲမှာ ပထမဆုံး ဘာသာစကားအများဆုံးတက်တဲ့ဘုရင်ဖြစ်ပြီး ပထမဆုံးဘွဲ့ရဖူးတဲ့ဘုရင်ပဲ။JEONအုပ်စိုးတဲ့ လက်ထပ်မှာမှ တိုင်းပြည်ပညာရေး တိုးတက်လာပြီး ပိုပြီးစည်ကားဖွံ့ဖြိုးလာတယ် ၊ ပြီးတော့ JEONက တစ်ဦးတည်းသောသားမလို့JEONသာ ဘုရင်အရိုက်အရာမဆက်ခံရင် တခြားဆက်ခံမယ့်သူမရှိဘူး ။JEONက ဒီတိုင်းပြည်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘုရင်တစ်ပါးမို့ JEONမှာ တခြားရွေးချယ်စရာမရှိခဲ့ဘူးငယ်ငယ်တည်းက JEONက သူဖြစ်ချင်တဲ့ဝါသနာတွေကို စွန့်လွှတ်ခဲ့ပြီး သူ့ခမည်း‌တော်အရိုက်အရာ ဆက်ခံခဲ့ရတာ ။ သူက “ကျွန်တော်အရာအားလုံးစွန့်လွှတ်ခဲ့ရပေမယ့် ဒီတစ်ခါတော့ မစွန့်လွှတ်ချင်တော့ဘူး”လို့ ပြောခဲ့တယ်"

"JEONက ဘုရင်တစ်ပါးမို့ ဆက်ခံသူသေချာပေါက်ရှိမှရလိမ့်မယ် ။အယ်ရိုရာဘုရင်တိုင်းက တစ်သက်မှာတစ်ခါပဲ လက်ဆက်ခွင့်ရပြီး သူတို့လက်ဆက်ခဲ့တဲ့ ကြင်ယာတော်သာ သစ္စာဖောက်ခဲ့ရင် ဘုရင်ဖြစ်သူက သေရမယ်လို့ ကျိန်စာရှိတယ် ။JEONက သားကိုပဲချစ်တာ ။ သားကို ကိုယ်ဝန်ဆောင်နိုင်အောင်လို့ JEONက တမင်သက်သက်လုပ်ခဲ့တာမဟုတ်ပါဘူး သူ့မှာသားကိုကြင်ယာတော်အဖြစ်တင်မြှောက်နိုင်ဖို့ ၊ လက်ထပ်နိုင်ဖို့ ရင်သွေးငယ်ဖွားမြင်နိုင်မှ ရမှာမို့ သားကိုမှော်ဆေးလုံးတိုက်ခဲ့တာ ။ uncleတုန်းကလည်းသူ့ခမည်းတော်က ဒီအတိုင်းလုပ်ခဲ့တယ် သားသူ့ကိုမုန်းနေသလိုUncleလည်း သူ့ခမည်းတော် သိပ်မုန်းခဲ့တာ ။ ပိုဆိုးတာက JEONတစ်ဦးတည်းသော သားမို့ အတ္တကြီးပြီး တစ်ကိုယ်ကောင်းဆန်တယ် သားကို uncleကပဲ အနူးအညွှတ်တောင်းပန်ပါတယ် uncleကJEONကိုမွေးထားရတဲ့ အဖေမို့ JEONတစ်ခုခုဖြစ်မှာစိုးရိမ်တယ် ။ သားကိုတောင်းဆိုပါရစေ JEONကို မချစ်ရင်တောင် တခြားတစ်ယောက်ကိုတော့ ထပ်မချစ်ပါနဲ့နော် ။ JEONက သားကိုဒီအကြောင်းတွေ ပြောမှာမဟုတ်ဘူးသူက သားကိုချစ်နေတဲ့သူမို့ သားကို ပိုင်ဆိုင်ချင်ရုံလွဲပြီး ပြန်ချစ်ဖို့လည်းတောင်းဆိုမှာမဟုတ်ဘူးဒါပေမယ့် uncleကတော့သားတောင်းဆိုချင်ပါတယ်"

"ကျွန်တော် နားလည်ပါပြီ ။ ကျွန်တော်က မချစ်တဲ့လူနဲ့ယူထားရင်တောင် သူ့ကိုဖောက်ပြန်မယ့်လူမျိုး မဟုတ်ပါဘူး"

JEONရဲ့မွေးအဖေသည် ဂျီမင်အား ထွေးပွေ့ဖက်လိုက်ပြီး ခေါင်းလေးကိုဖွဖွလေး ပွတ်ပေး၏ ။

"ကျေးဇူးတင်ပါတယ် JEONက လူရွေးမမှားဘူးဆိုတာ uncleသိတယ်သားက ချစ်စရာလေးဆိုတော့ JEONကအပိုင်လိုချင်တာပေါ့ "

JEONရဲ့မွေးဖခင်က ကြင်နာတတ်တယ် ။နူးညံ့တယ် ။ သဘောကောင်းတယ် ။စိတ်ထားသိမ်မွေ့တယ်။ JEONမွေးဖခင်ရဲ့ အပြုအမူလေးတွေတိုင်း နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းတယ် အဲ့တာကြောင့်JEONရဲ့ခမည်းတော်က ချစ်မိခဲ့တာထင်တယ်။

"JEONက သိပ်ချစ်တတ်တာ သူ့ခမည်းတော်နဲ့တစ်ပုံစံတည်း ။သူ့ခမည်းတော်ရဲ့အချစ်တွေကို uncleကJEONကြီးပြင်းတဲ့အထိ မမြင်နိုင်ခဲ့ဘူး။သူ့ခမည်းတော်က JEONအပေါ်ရောUncleအပေါ်ပါ မြတ်နိုးတန်ဖိုးထားပေးခဲ့တာ ။သူတို့ပုံစံကိုက အေးစက်စက်ကြီးနေပေမယ့် စိတ်ထဲမှာတော့ နွေးနွေးထွေးထွေးရှိတယ် ။ "

"သူကချောတယ် uncleနဲ့တူတာဖြစ်မယ်"

ဂျီမင်ရဲ့စကားကြောင့် JEON၏မွေးအဖေက ရယ်၍ ပြန်ပြော၏။

"သူချောတာက uncleနဲ့တူလို့မဟုတ်ဘူးသူ့ခမည်းတော်နဲ့တူတာ သူနဲ့သူ့ခမည်းတော်နဲ့က အတော်လေးတူတယ် ရုပ်ရည်၊အကျင့်စရိုက်လေးက အစ တထေရာ တည်းပဲ‌ ။ သူ့ခမည်းတော်ကို လွှမ်းလိုက်တာ ။ uncleက သူ့အပေါ်မကောင်းပေးခဲ့ဘူး နောက်မှနောင်တရနေမိတယ်"

JEONရဲ့မွေးအဖေဟာ မျက်နှာလေး ညှိုးသွားပြီး မျက်ရည်တို့ဝဲလာ၏ ။ဂျီမင်သည် သိချင်စိတ်တို့ မထိန်းနိုင်ဘဲမေးလိုက်သည် ။

"ကျွန်တော် သိချင်တာလေးရှိတယ်JEONရဲ့ခမည်းတော်ကလည်း အဲ့လိုမျိုး မျက်နှာကိုအုပ်ထားတာပဲလား"

"ဟုတ်တယ် JEONရဲ့ခမည်းတော်မျက်နှာကိုUncleလည်း မင်္ဂလာဦးညမှ မြင်ဖူးတာ အယ်ရိုရာ ဘုရင်မင်းဆက်တိုင်းက ရုပ်ရည်အတော်လေး ချောမောကြတယ်အယ်ရိုရာရဲ့ဒုတိယမြောက် ဘုရင်ရဲ့မိဖုရားက ကျိန်စာတိုက်ခဲ့တာမိဖုရားက ဘုရင့်ကိုအရမ်းချစ်တာ ဘုရင်ကလည်းရုပ်ရည်က ရွှေအဆင်းလိုချောမော ခန့်ညားလွန်းတယ် ။ ဘုရင်က ဒုတိယမိဖုရားတင်မြှောက်မယ့်အချိန်မှာမိဖုရားကြီးက လက်မခံနိုင်ဘူး ဘုရင်ကလည်း နှစ်နိုင်ငံချစ်ကြည်ရေးအတွက် အဲ့ဒီမိန်းကလေးကို မိဖုရားငယ်အဖြစ် တင်မြှောက်မှရမှာ ။ မိဖုရားကြီးက အမြတ်ကြီးသလို အချစ်လည်းကြီးတယ်သူက သူ့ကိုယ်သူသတ်သေပြီး သူရဲ့သွေးနဲ့ ဘုရင်ကိုကျိန်စာတိုက်ခဲ့တယ်ဒီဒုတိယဘုရင်မျိုးဆက်ကစပြီး ကြင်ယာတော် တစ်ယောက်တည်းသာတင်မြှောက်နိုင်ပြီး မိမိတို့ရုပ်ရည်အားမိမိတို့ကြင်ယာတော်မှ လွဲ‌၍တခြားသူ မြင်ပါက မြင်သည့်သူက သွေးအန်ပြီး သေရမယ် ဆိုပြီး ကျိန်စာတိုက်ခဲ့တယ်တစ်ခုကောင်းတာက တစ်လင်တစ်မယားစနစ်ပေါ်ပေါက်လာပေမယ့် ကျန်းမာရေးအရမျက်နှာကြည့်မှဖြစ်ရမယ့်အချိန်တွေ‌ရောက်တဲ့အခါ အရမ်းအခက်တွေ့လို့မိဖုရားရဲ့သား(တတိယမင်းဆက်)က သူ့ရဲ့သွေးနဲ့ကျိန်စာကို ချေဖျက်ဖို့ ကြိုးစားခဲ့တယ်သို့ပေမယ့် မိဖုရားရဲ့သွေးအပြည့်မဟုတ်ဘဲ သူ့သားမှာက မိဖုရားရဲ့သွေးတစ်ဝက်ပဲပါတာမို့ကျိန်စာက တစ်ဝက်ပဲပျက်ပြေခဲ့တယ်"

"မိဖုရားက အချစ်ကြီးပြီး မိုက်မဲတယ်နော်"

Uncleက ပြုံး၍ဆက်ပြော၏ ။

"ကျိန်စာက အဲ့ဒီအချိန်ကစပြီးတစ်ဝက်ပဲသက်ရောက်တော့တယ်ဘုရင်မျိုးဆက်တိုင်းက ကြင်ယာတော်မရှိသေးခင်အထိပဲမျက်နှာကိုတခြားသူမြင်မရတော့တာ"

နောက်ဆုံးတော့ သူ့မျက်နှာကိုခိုးကြည့်ဖို့လုပ်တဲ့အချိန်တုန်းက ဘာလို့လည်ပင်းညစ်ပြီး ခြိမ်းခြောက်ခဲ့လဲနားလည်ခဲ့သည်။ ခင်ဗျားက တကယ်ကို နားလည်ဖို့ခက်တဲ့ လူပဲJEON။ဒါဆို JEONကရော ။ JEONက အခုချိန်ထိ ဘာလို့ပဝါနဲ့ အုပ်ထားသေးတာလဲ ။

"JEONက မြို့ပေါ်သွားရင် အဲ့လိုအုပ်ထားရသေးလား"

"JEONက လူတစ်ဝက် အယ်ရိုရာဘုရင်သွေးတစ်ဝက်မို့ ကျိန်စာကအယ်ရိုရာတိုင်းပြည်အပြင်ဖက်မှာ JEONအပေါ် မသက်ရောက်ဘူး"

JEONရဲ့မွေးအဖေ ရှင်းပြမှသာ အရာအားလုံးနားလည်ခဲ့ရသည် ။ရာဇဝင်တွေကလည်း တကယ်ရက်စက်ပါတယ်။

"အဖေ"

ဘယ်အချိန်တည်းက ရောက်နေမှန်းမသိတဲ့ JEONက သူရဲ့နောက်ကျောဘက်ဆီမှ အသံ‌ထွက်လာ၏ ။ဂျီမင်က JEONကို တစ်ချက်လှည့်ကြည့်ပြီး ချက်ချင်း မျက်နှာလွှဲလိုက်သည် ။

"မင်းကြင်ယာတော်လေးကို အဖေခေါ်ထားပါတယ်ကွာ"

"အဖေ နေကောင်းတယ်မလား"

"ကောင်းပါတယ် ကလေးကိုသေချာပြန်‌ချော့လိုက်အုံးမင်းကပစ်မထားနဲ့လေ သူ့မှာ မင်းကိုပဲသိတာလေ ။ မင်းအဲ့လိုအေးစက်စက်နေရင်ထားသွားမယ်"

JEON၏မွေးဖခင်ဟာ JEONကိုပြုံး၍စနောက်လိုက်သည် ။ငါက စိတ်ကောက်နေတာမှ မဟုတ်တာဘာလို့ချော့ခိုင်းနေတာလဲ ။အဲ့ကောင်ကို သောက်မြင်ကပ်လို့တမင်သက်သက် ထွက်လာခဲ့တာ ။

"သား uncleပြန်တော့မယ်နော် ကြားထဲ မကြာမကြာ လာတွေ့မယ် "

"ဟုတ်"

JEON‌၏ မွေးအဖေထွက်သွားပြီးနောက်JEONက ဂျီမင်ဘေးနား ဝင်ထိုင်လိုက်သည် ။

"ပြန်ရအောင် "

"ငါမင်းနဲ့စကားမပြောဘူး"

"ကိုယ်မင်းကိုအချိန်ပေးနိုင်အောင်ကြိုးစားနေပါတယ် နားလည်ပေးပါ"

ပြောပြန်ပြီ ။ သူစကားပြောလိုက်တိုင်းတစ်ဖက်လူကို လူဆိုးဖြစ်အောင်လုပ်လိုက်သလိုပဲ ။ မသိရင် ကိုယ်ကပဲနားလည်မပေးနိုင်တဲ့ လူကြနေတာပဲ ။

ဂျီမင်က နေရာကနေ ထထွက်သွားသောအခါ JEONက ဂျီမင်၏နောက်သို့ ကပ်၍လိုက်လာသည် ။ အနောက်ကနေ လိုက်လာသည့် JEONကြောင့် ဂျီမင်ကခြေလှမ်းတို့အား မြန်ဆန်လိုက်သည် ။ခပ်သွက်သွက်လျှောက်ရင်း ခြေခေါက်ကာ မှောက်လျက်လဲတော့မည့်အချိန်၌JEONက လှမ်းဆွဲလိုက်သည် ။

"ဂရုစိုက်လေ ဗိုက်ထဲမှာကလေးနဲ့"

"သိပါတယ် "

"စိတ်ဆိုးနေတာလား ။ တောင်းပန်ပါတယ် ကိုယ်မင်းကိုပစ်ထားမိလို့ ။ တိုင်းပြည်က စစ်ဖြစ်ဖို့ နီးစပ်လာလို့ အရာရာကြည့်ကြပ်နေရလို့ပါ"

"ငါကမင်းတစ်မျက်နှာနဲ့ ဒီမှာနေနေရတာငါဒီမှာသိတာဆိုလို့ မင်းပဲရှိတာမင်းက အဲ့လိုမျိုးပစ်ထားတော့ ငါတစ်ယောက်တည်း အထီးကျန်ဆန်တယ် ။ငါက မင်းအတွက် အရေးမပါဘူးလား"

"နောက်တစ်ခါ ပစ်မထားတော့ပါဘူး ။မင်းကကိုယ့်အတွက် အရေးပါဆုံးလူသားလေးပါအဲ့တာကြောင့် အထင်မလွဲနဲ့"

ဂျီမင်ရဲ့ပေစောင်းစောင်း အကြည့်လေးတွေကြောင့် JEONသည်အလိုလိုပြုံးမိတော့ ၏ ။ဒီရက်ပိုင်းအတွင်း ဘယ်လောက်တောင်ပျင်းနေလိုက်မလဲ ။ အရေးမပါတဲ့ဖြစ်တည်မှု့မျိုးလားလို့မေးရက်တယ် ။ မင်းက ကိုယ့်အတွက်အရေးပါလွန်းလို့စကားနဲ့တောင် ဘယ်လောက်အရေးပါလဲ ဖော်ပြပေးလို့မရလောက်ဘူး ။မင်းရဲ့ အစိတ်အပိုင်းတစ်ခုချင်းဆီကကိုယ့်အတွက်အရေးကြီးဆုံး တွယ်ငြိချက်လေးတွေပဲ ။ကိုယ်က အပြုအမူနဲ့မဖော်ပြတတ်တာမို့မင်းသာ နားလည်ရင်ကောင်းမယ် ။

"မပြန်တော့ဘူးမလား"

"ပြန်မှာ ၊ ပြန်မှာ "

"မပြန်ပါနဲ့ ။ မင်းပြန်ရင် ကိုယ်တစ်ယောက်တည်းကျန်ခဲ့မှာ"

"မင်းအလုပ်ကိစ္စတွေရှိတာပဲ"

"မင်းနဲ့မှမတူတာ"

JEONက ဂျီမင်လက်ကိုလှမ်းဆွဲလိုက်ပြီး

"စိတ်မဆိုးနဲ့တော့ စပျစ်သီးတွေထပ်ဝယ်ပေးမယ်"

"အင်း"

ကျွန်တော် JEONကိုသနားမိတယ် ။သူက ညီအစ်ကို၊မောင်နှမလည်း မရှိ‌တော့ မလွှဲသာ၊မရှောင်သာတဲ့ အခြေအနေတွေကြောင့် သူ့ဝါသနာကိုစွန့်လွှတ်ပြီး သူ့လူငယ်ဘဝကိုစွန့်လွှတ်ပြီးတိုင်းပြည်အတွက် မင်းကောင်းမင်းမြတ်ဖြစ်အောင် ကြိုးစားခဲ့ရတယ် ။ လူငယ်ဆိုတာ အိပ်မက်တွေရှိကြတာပဲ မဟုတ်လားသူလည်း အိပ်မက်တွေအကောင်အထည်ဖော်ချင်ခဲ့မှာဘဲ ။

အဆောင်တော်သို့ ပြန်ရောက်သည့်အခါမှောင်ရီပျိုးစပြုလာပြီ ။ဂျီမင်က JEONအားမေးသည် ။

"မင်းအသက်ဘယ်လောက်ရှိပြီလဲ"

"သုံးဆယ်"

သုံးဆယ်တောင်လား ။ ရုပ်ကတော့ နုသလိုလိုပါပဲ ။ ငါထက်သုံးနှစ်တောင်ကြီးတာပဲ ။

"မင်းငယ်ငယ်က ဘာဖြစ်ချင်တာလဲ"

JEONက အတော်ကြာသည်အထိ မဖြေဘဲနေ၏ ။ ဝါသနာကို စွန့်လွှတ်ရတာ လွယ်တဲ့အလုပ်မှမဟုတ်ဘဲကို ။JEONက တဖြည်းဖြည်း ကျွန်တော့်ဆီသို့ကပ်ကာ တင်ပါးအောက်ပင့်ချီကာ သူ့ခါးတွင် ခြေထောက်ချိတ်စေသည် ။ထို့နောက် နံရံမှာကပ်လိုက်ပြီး

"ဘာလို့သိချင်တာလဲ"

"ငါကသိခွင့်မရှိဘူးလား"

"ရှိတယ် ။ အပေးအယူလုပ်ရအောင်"

"ရတယ်လေ ဘာအပေးအယူလဲ"

"မင်းအရင်ကိုယ့်ကိုစနမ်း"

"မင်းလူလည်ကျတာ"

JEONရဲ့မျက်ဝန်းတွေကို စိုက်ကြည့်မိတော့ စူးရှနေ၏ ။သူ့မျက်ဝန်းလေးတွေက တစ်ခါတစ်ရံစူးရှနေပြီး တစ်ခါတစ်ရံကြတော့လည်း ဝိုင်းစက်ကြည်လင်နေတတ်သည်။ ဒီဘုရင်က တကယ့်နှသ်လိုဖွယ်ကောင်တဲ့အချင်းနဲ့အဆင်းကို ပိုင်ဆိုင်ထားတာ။မျက်နှာတစ်ဝက်အား အုပ်ထားသည့်ပဝါစအား ဖယ်လိုက်ပြီး JEONရဲ့ပါးကို အုပ်ကိုင်ပြီး နဖူးအား နှုတ်ခမ်းဖြင့်ထိကပ်လိုက်သည် ။

"ရပြီ"

"မင်းက ပိုလည်တယ် ။ ကိုယ်ပြောတာ နှုတ်ခမ်းလေ"

"မင်းက နှုတ်ခမ်း‌လို့မှမပြောတာ မရဘူးနော် ပြောပြီးသားအတည်ပဲ"

ဂျီမင်က သိပ်လည်တယ် ။ တစ်ခါတစ်လေကြရင်လည်း အူကြောင်ကြောင်လေးနဲ့။ JEONက ဂျီမင်ကိုချီလျက်နဲ့ပင် ဝရံတာရှိ တစ်ယောက်စီး သစ်သားဒန်းအသေးလေးပေါ်သို့တင်လိုက်၏ ။ ထို့နောက် သော့ခတ်ထားသော ဗီရိုကိုဖွင့်ပြီးတစ်စုံတစ်ခုအား ထုတ်ယူလိုက်သည် ။

"ဂီတာ"

"အင်း ။ လွန်ခဲ့တဲ့ ငါးနှစ်လောက်က ဗီရိုထဲထည့်သိမ်းခဲ့တာ"

JEONက ဂီတာအား တယုတယကိုင်ရင်းပြုံးနေ၏ ။ JEONရဲ့အပြုံးက ဂီတာဟာသူမြတ်နိုးတဲ့အရာမှန်း ဖော်ပြနေ၏ ။

"ငါ့ကို ဂီတာ တီးပြပါလား"

"မေ့ကုန်ပြီ "

"မင်းကလည်း တစ်ခါတည်းပါ ။မှတ်မိသလောက်လေးတီးပြလေ"

JEONက ခေါင်းငြိမ့်ပြကာ ဂီတာကိုယူပြီး သူနှင့်မျက်နှာချင်း‌ဆိုင်မှာ ဝင်ထိုင်၏။ ဂီတာကို ပေါင်ပေါ်တင်ပြီး သူ့ရဲ့လက်ချောင်းလေးတွေ စတင်လှုပ်ရှားလာ၏ ။တဖြည်းဖြည်းပေါ်ထွက်လာတဲ့ ဂီတာသံလေးနှင့်အတူ JEONရဲ့နှုတ်ဖျားမှ သီချင်းဆိုသံတို့ထွက်ကျသည် ။JEONရဲ့အသံက ချိုမြိန်နေပြီးကြည်လင်နေသည်။ အဆိုတော်တောင်ဖြစ်သင့်တယ် ။

"Still with you~~~"

ခပ်အေးအေးလေးအတိုးအဝှေ့လေးနှင့်အတူ ခပ်အေးအေးသီချင်းသံလေးကကြည်ကြည်လင်လင် ချိုချိုသာသာလေးနှင့်ပင် အဆုံးသတ်သွား၏ ။သီချင်းဆုံးသွားသည့်အချိန်ထိ သီချင်းထဲ လုံးဝ‌စီးမျောသွားရသည် ။အသံလည်းကောင်းတယ် ၊ ရုပ်လည်းချောတယ် ၊အရည်အချင်းလည်းအပြည့်အဝရှိနေတာပဲ ။သူက ပြီးပြည့်စုံလွန်းတဲ့လူသားတစ်ယောက် ။တစ်ခါတစ်လေ လောကကြီးက အရည်အချင်းရှိတဲ့သူတွေကိုပဲ ခက်ခဲတဲ့ရွေးချယ်စရာတွေပေးနေတာပဲ ။

"မင်းရေးထားတာလား"

"အင်း ကြာပြီ ။ မှတ်မိနေသေးတာပဲ"

"အဆိုတော်တစ်ယောက်ဖြစ်ချင်တာလား"

"အင်း "

"အခုရော "

"ဝါသနာကိုစွန့်လွှတ်လိုက်ရလည်း ဘာမှမဖြစ်ပါဘူး။ ဘဝမှာ အကောင်းဆုံးရှင်သန်ပြီး ပျော်ရွှင်အောင်နေလို့ရသေးတာပဲ ။ဝါသနာလေးတစ်ခုအနေနဲ့ပဲ ဆည်းပူးခဲ့တာ အဆိုတော်တစ်ယောက်ဖြစ်ရမယ်လို့လည်း မရည်မှန်းခဲ့ဘူး ။တစ်နေ့ကြရင် ဒီတိုင်းပြည်ကို အုပ်ချုပ်ရမယ်ဆိုတာ သိနေနှင့်ပြီးသားမို့ ဝါသနာကို အိပ်မက်တစ်ခုအဖြစ်မပြောင်းလဲခဲ့ဘူး"

"မင်းအုပ်ချုပ်တာ ဘယ်နှနှစ်ရှိပြီလဲ"

"ငါးနှစ်"

"ငါးနှစ်! အသက်နှစ်ဆယ့်ငါးနှစ်ထဲနဲ့ ဘုရင်ဖြစ်ခဲ့တာလား"

"ခမည်းတော်က ကိုယ်အသက်၂၅နှစ်ပြည့်တဲ့လမှာပဲနာမကျန်းဖြစ်ရင်း ဆုံးသွားတာ "

ဘယ်လိုပဲကြည့်ကြည့် JEONကလည်း လူငယ်တစ်ယောက်ဖြစ်ခဲ့တာပဲ ။သူ့မှာလည်း အိပ်မက်တွေ၊ဖြစ်ချင်တာတွေရှိခဲ့မှာပဲ ။ ဒါတွေကို မြိုသိပ်‌ရင်း ဆုံးသွားတဲ့ခမည်းတော်ရဲ့ထီးနန်းကို ဆက်ခံခဲ့ရတယ် ။နှစ်ဆယ့်ငါးနှစ်ဆိုတဲ့ အတိုင်းအတာဟာငယ်ရွယ်သေးတာပဲ ။ အဲ့အရွယ်ကစပြီးကြီးမားတဲ့တာဝန်ကို စတင်ထမ်းဆောင်ပြီး တိုင်းပြည်တစ်ခုလုံးကို အရည်အချင်းရှိရှိအုပ်ချုပ်နိုင်ခဲ့တာကချီးကျူးစရာ‌ပါပဲ ။

"မင်းကလေ ဒီဘက်အယ်ရိုရာက ရွှေ တွေ ယူတဲ့သူတိုင်းကို ဘာလို့သတ်ပြစ်တာလဲ"

"အယ်ရိုရာတိုင်းပြည်က ရတနာတွေကို အယ်ရိုရာတိုင်းသူပြည်သားတွေပဲပိုင်ပြီး ယူပိုင်ခွင့်ရှိတယ် ။တခြားသူတွေ ယူရင် ကျိန်စာမိပြီး ဆိုးရွားတဲ့ရောဂါတစ်ခုဖြစ်ပြီး သေသွားရလိမ့်မယ် ဥပမာ နူနာဝဲစွဲရောဂါဖြစ်တာတို့ ရူးနှမ်းသွားတာတို့ပေါ့ အဲ့တာကြောင့် တစ်ခါတည်း သတ်ပြစ်လိုက်တာရောဂါတွေက အရမ်းဆိုးရွားတော့ သူတို့သေသွားတာက ပိုကောင်းတဲ့လမ်းဖြစ်လိမ့်မယ်"

"ဒါပေမယ့် ငါနဲ့အတူပါလာတဲ့ သူတစ်ချို့က ရွှေတွေမယူရသေးဘူးလေ"

JEONက ကျွန်တော့်ကို တည့်တည့်စိုက်ကြည့်လာပြီး

"သူတို့က မင်းကိုမကောင်းကြံခဲ့လို့သူတို့က မင်းကိုတန်ဆာခံလုပ်ပြီး ရွှေတွေမင်းဆီက လုယူဖို့လုပ်ထားတာမင်းကို သစ္စာဖောက်ခဲ့သေးတယ်"

"အဲ့တာကြောင့် သတ်ပစ်ခဲ့တာလား"

"အင်း ဟုတ်တယ် ။ ကိုယ်သူတို့က ခွင့်မလွှတ်နိုင်ဘူး "

"ငါလည်း ရွှေတစ်တုံးယူခဲ့တယ်လေ ငါရော အဲ့လိုဖြစ်ပြီးသေမှာလား"

"တခြားသူတွေက လောဘကြီးပြီးအများကြီး ယူကြတယ် ဒါပေမယ့်မင်းက လောဘနည်းပြီး တခြားသူကောင်းကျိုးအတွက်ပါကြည့်ခဲ့တယ် ။ အဲ့ဒါ အပြင် မင်းက ကိုယ်လက်ထပ်ထားတဲ့ သူမို့အယ်ရိုရာ တိုင်းပြည်သားဖြစ်သွားပြီ မင်းက ဘုရင့်ရဲ့ကြင်ယာတော်ဖြစ်တာကြောင့်ရတနာတွေရဲ့ပိုင်ရှင်ဆိုလည်းဟုတ်တယ်"

ဂျီမင်အံ့ဩသွားသည် ။

အခုအချိန်မှာ ရွှေတွေကိုလည်းမလိုချင်တော့ဘူး ။လက်ရှိပစ္စုပ္ပန်မှာသာ အကောင်းဆုံးနေဖို့ ဆုံးဖြတ်ထားတယ်။ ဗိုက်ထဲက ကလေးကိုမွေးပြီးရင် ဘယ်လိုဆက်လုပ်ရမလဲ ကြိုမတွေးချင်‌တော့တာမို့ ယခုအချိန် ကလေးကိုသာ ဂရုစိုက်ရင်း ကလေးကိုအကောင်းဆုံးမွေးနိုင်အောင်ကြိုးစားရမယ် ။

"မင်းအပြင်သွားရင် မျက်နှာကအုပ်ထားတဲ့ပဝါကြီး ချွတ်လို့ရပြီမဟုတ်လား"

"မင်းကချွတ်စေချင်လို့လား"

"ဟင့်အင်း မချွတ်နဲ့ ။ မချွတ်တာပဲကောင်းတယ်JEONမင်းကလူမဟုတ်ဘူးဆို မင်းကလူလိုပဲမလား ။ ဘာလို့လူမဟုတ်ဘူးလို့ပြောတာလဲ"

JEONရဲ့ နောက်‌ကျောမှ တောင်ပံအနက်ရောက်ကြီးက ဖြန့်ထွက်လာပြီး ဂျီမင်ကမြင်တော့ပါးစပ်အဟောင်းသား မျက်လုံးအပြူးသားလေးဖြင့် ။

"ဒီတောင်ပံကြီးက အစစ်လား ။ ပျံလို့ရလား"

"ရတာပေါ့"

ဂျီမင်က အံ့ဩတကြီး တောင်ပံအား ထိကြည့်ရင်း မေး၏ ။

"တောင်ပံက ကျိုးလားဟင် ။ အကြီးကြီးပဲနော် "

"‌သူက ကျည်တောင်မဖောက်ဘူး"

"Oh!!! တကယ်လားးး မိုက်တယ်"

ဂျီမင်က တောင်ပံတွေအား အသေးစိတ်ကြည့် လျှောက်ကိုင်ကြည့်နေ၏ ။တောင်ပံက အတောာ်လေးမာတာပဲ ။ကျည်ဆံတောင်မဖောက်နိုင်ဘူးဆိုတော့ကျည်ကာတောင် လုပ်လို့ရတယ် ။

"ငါလည်း လိုချင်လိုက်တာ"

"မင်းပျံသန်းချင်တိုင်း ပျံသန်းလို့ရတဲ့‌တောင်ပံအဖြစ် ကိုယ်ကရှိနေပေးမှာပေါ့"

ဂျီမင်ပါးလေးရဲသွားပြီး..

"ငါကဒီတိုင်းလေးပြောတာပါ"

တော်တော်လည်း ရိုတတ်တယ် ။

JEONကပြုံးနေရင်း အတောင်ကိုပြန်သိမ်းလိုက်ပြီး

"ဝရံတာက အေးတယ် ။ အထဲဝင်ရအောင် "

"အင်း။ ဝင်ကြတာပေါ့"

ရုတ်တရက် သူ့အား ပွေ့ချီလိုက်သည့်JEONကြောင့် ဂျီမင်မှာကြောင်အ,သွားရသည်။ JEONက ဂျီမင်အား ချီပြီး အိပ်ယာပေါ်သို့တင်လိုက်သည်။

"အိပ်တော့..စောစောအိပ်တာ ကျန်းမာရေးကောင်းတယ်"

"ငါစောစောအိပ်မယ်လုပ်တိုင်း စောစော မအိပ်နိုင်အောင်လုပ်တာ မင်းလေ"

JEONက သဘောတကျရယ်လိုက်ပြီး

"ဒီနေတော့ အိပ်တော့ "

ကျွန်တော်လည်း ယောင်္ကျားတစ်ယောက်ပေမယ့် JEONရဲ့ရယ်သံ ဆွဲဆောင်မှု့ရှိတယ်လို့ထင်တယ် ။

JEONက ဂျီမင်ရဲ့နဖူးပေါ် တစ်ချက်နမ်းလိုက်ပြီး စောင်ခြုံပေးလိုက်သည် ။

"မင်းရော မအိပ်ဘူးလား"

"စစ်သူကြီးတွေနဲ့ဆွေးနွေးစရာရှိလို့ခနနေ ပြန်လာခဲ့မယ် "

JEONက ထိုသို့ပြောကာ အခန်းထဲကထွက်သွားသည် ။ တစ်ခါတစ်လေ ကျွန်တော်လည်းနားလည်ပေးရမယ်ထင်တယ် ။သူကဘုရင်တစ်ပါးပဲမလား သူ့ကိုယ်ရေးကိုယ်တာ ထက်တိုင်းပြည်အရေးက ပိုအရေးကြီးတာပေါ့ ။ ဒါက ဘုရင်တစ်ပါးရဲ့ကျင့်ဝတ်ပါပဲ ။ ကိုယ်အကျိုးစီးပွားထက်တိုင်းသူပြည်သားတွေရဲ့ အကျိုးစီးပွားကိုပိုဦးစားပေးရမယ်လေ ။ ဒါမှ ကောင်းမွန်တဲ့ဘုရင်တစ်ပါးဖြစ်မှာပေါ့ ။JEONလည်း အရမ်းပင်ပန်းခဲ့မယ်လို့ထင်တယ် ။JEONက မင်းကောင်းမင်းမြတ်တစ်ပါးပါသူက အသိပညာရှိပြီး တိုင်းပြည်ကိုဖွံ့ဖြိုးတိုးတက်အောင် စီမံခန့်ခွဲနိုင်ပြီးရဲရင့်ပြီး သတ္တိရှိတဲ့ဘုရင်တစ်ပါးပေါ့ ။

တဖြည်းဖြည်း အချိန်တွေ ကုန်လွန်လာသည်နှင့်အမျှ ဗိုက်လေးမဆိုသလောက်လေး ထွက်လာသည် ။ JEONဆီမှာ ဓားသိုင်းသင်ယူချင်ပေမယ့် JEONက ကလေး တစ်ခုခုဖြစ်မှာစိုးရိမ်လို့ကလေးမွေးပြီးရင် သင်ပေးမယ်လို့ပြောတယ် ။

နောက်ပိုင်း JEONက အိပ်ချိန်တွေတောင်နည်းလာတယ် ။ကျွန်တော်ဘေးနားမှာ ကျွန်တော်စိတ်ချအောင် ဝင်အိပ်ပေးပေမယ့် ကျွန်တော် အိပ်ပျော်သွားရင် အမြဲတမ်းအပြင်ကိုထွက်သွားတယ် ။ နန်းတော်ထဲမှာလည်းမငြိမ်မသက်ဖြစ်နေပြီး ညီလာခံကပြန်လာရင် JEONမျက်နှာဟာတင်းမာနေတတ်တယ် ။ သူ့ကို “ဘာဖြစ်လို့လဲ”လို့ မေးရင် အမြဲတမ်း“ဘာမှမဖြစ်ပါဘူး စိတ်မပူနဲ့”ဟု ပြုံးပြရင်း ပြန်ဖြေတယ် ။

တစ်ခါတစ်လေကြရင် JEONခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက်တွေရလာတယ် ။တစ်ခါလည်း မဟုတ် နှစ်ခါလည်းမဟုတ်လို့ “ဒဏ်ရာတွေဘယ်ကရလာတာလဲ”လို့မေးရင် “ဒီတိုင်းပါ စိတ်မပူနဲ့”လို့ပဲပြန်ဖြေတယ် ။ သူ့အဖြေတွေက ရုပ်တိမှမရှိတာ ကျွန်တော် ဘယ်စိတ်မပူဘဲနေမလဲ ။

ဒီလိုနဲ့ လတွေကြာလာတဲ့အခါ ကျွန်တော် မွေး‌တော့မယ့်လတောင်‌ရောက်ပြီ ။ယောင်္ကျားလေးမို့လို့ ဗိုက်ကတော့သိပ်မထွက်ပေမယ့် လုံးလုံးလေးမို့ကိုယ့်ဘာသာကိုအသဲယားနေမိသည် ။JEONက ဒီလိုအချိန်အနားမှာရှိနေသင့်ပေမယ့်အမြဲတမ်း အလုပ်ရှုပ်နေတတ်တယ် ။မျက်နှာမြင်ရတဲ့ နေ့ရက်တောင်ရှားနေသလို ။ သို့ပေမယ့် တစ်ခါတစ်လေ အသည်းအသန်လာတွေ့တဲ့အခါ အစစအရာရာဂရုစိုက်ဖို့ပြော၍ ဗိုက်လေးကို နမ်းသွားပြီး ပြန်ထွက်သွားပြန်ရော ။ နည်းနည်းတော့စိတ်မကောင်းဖြစ်ပေမယ့် ကျွန်တော်ထုတ်မပြောမိပါဘူး ။JEONမှာ အကြောင်းကိစ္စတစ်ခုခုရှိမယ်ထင်တယ်။

JEONရဲ့မွေးဖခင်ကလည်း ခဏခဏအဖော်ပြုပြီးလာနေပေးသည်။ ကလေးမွေးတဲ့အချိန် ခွဲစိတ်ပေဖို့Uncleက JEONကိုမွေးတဲ့အချိန်တုန်းက ခွဲစိတ်ပေးခဲ့တဲ့ ဆရာဝန်ရဲ့သားကိုအကူအညီတောင်းကာ အနားမှာအသင့်ခေါ်ထားပြီးလိုအပ်သမျှ ဆေးပစ္စည်းတွေလည်းအသင့်ဝယ်ထားသည် ။ အနီးကပ်စောင့်ရှောက်ပေးဖို့ အထိန်းတော်တွေလည်း ထားထားပြီး အားလုံးက ဂရုတစိုက်ဆက်ဆံပေးကြသည် ။ကလေးရဲ့ခမည်းတော်ကတော့ တစ်ပတ်မှ သုံးကြိမ်လောက်သာ လာတွေ့သည် ။

တစ်နေ့...

ကျွန်တော်အိပ်‌နေတဲ့အချိန်မှာJEONက ရောက်လာပြီး ကျွန်တော့်လက်ကို ခပ်ဖွဖွလေးကိုင်ကာလက်ဖမိုးကိုနမ်း၏။ ကျွန်တော်အိပ်မပျော်သေးတာတစ်ခုကောင်းသွားတယ် ။JEONက ကျွန်တော့်ဗိုက်လေးကို နမ်းပြီးနဖူးပေါ်သို့ထပ်နမ်းပြန်တယ် ။

"ခမည်းတော် အချိန်မှီပြန်မရောက်ရင်စိတ်မဆိုးနဲ့နော် ။ သားရဲ့အဖေဆီက ကျန်းကျန်းမာမာနဲ့ မွေးဖွားလာရမယ်နော် ။ ခမည်းတော်ကသားကိုတွေ့ရဖို့ သေချာပေါက် ပြန်လာခဲ့မှာ ။ သားမွေးဖွားပုံလေးကိုခမည်းတော်ကိုယ်တိုင် မြင်တွေ့ချင်ပေမယ့် အချိန်မှီပါ့မလားမသိဘူး ။ အကယ်၍ခမည်းတော် ထာဝရပြန်မလာနိုင်ရင်လည်းသားအဖေနဲ့အတူ ကောင်း‌ကောင်းမွန်မွန် ကြီးပြင်းရမယ်နော်"

JEONက ထိုသို့ပြောပြီးနောက်..

"ကိုယ်မင်းကို ဂရုမစိုက်ပေးနိုင်ခဲ့လို့တောင်းပန်ပါတယ် ။ ကျန်းကျန်းမာမာနဲ့ရှိနေပေးနော်အကယ်၍ ကိုယ်မင်းနားမရှိပေးနိုင်တော့ရင်ကလေးကို ကိုယ့်အစားဂရုစိုက်ပေးပါချစ်တယ် ကိုယ့်ရဲ့ဘုရင်ငယ်လေးအစစအရာရာဂရုစိုက်ပါ "

JEONက ကျွန်တော့် နှုတ်ခမ်းပေါ်တစ်ချက်နမ်းကာလှည့်ထွက်သွားသည်။ ကျွန်တော်မျက်လုံးဖွင့်ကြည့်ချိန် JEONရဲ့ကျောပြင်ကို မြင်လိုက်ရသည်။JEONက ဓားရှည်တစ်ချောင်းဆွဲကိုင်ထားပြီး စစ်သူကြီးတွေဝတ်သကဲ့သို့ သံချပ်ကာဝတ်စုံပြည့်ကို ဝတ်ဆင်ထားသည် ။ JEONက ဘယ်သွားမလို့လဲ...။

"အဲ့တာဘယ်လဲ"

ကျွန်တော့်အသံကြားတော့ JEONရဲ့ခြေလှမ်းတွေ ရပ်တန့်သွားသည် ။JEONက ကျွန်တော်မသိအောင် တစ်နေရာရာသွားဖို့ ပြင်နေတာလား ။

"ငါ့ကိုတစ်ခုခုပြောသင့်တယ်မထင်ဘူးလား ဘာလို့လူမသိသူမသိ ထွက်သွားဖို့ပြင်နေတာလဲ"

ကျွန်တော် JEONရဲ့အနားကို့လျှောက်သွားလိုက်ပြီး မျက်နှာချင်းဆိုင်ရပ်လိုက်သည် ။JEONရဲ့မျက်နှာဟာတည်တံ့နေပြီး အေးစက်နေသည်။

"ပြောလေ အဲ့တာဘယ်သွားမလို့လဲလို့ ။ဘာလို့ အကယ်၍ပြန်မလာနိုင်ရင်လို့ ပြောရတာလဲ။ ပြောလေ!!"

ဂျီမင်စိတ်တို့မတည်မငြိမ်ဖြစ်လာပြီး JEONရဲ့ ရင်ဘတ်ကိုရိုက်ကာအော်ပြောလိုက်သည် ။အထားခံရတော့မည့်အတိုင်း ရင်ထဲမွန်းကြပ်လွန်းလို့ သူမျက်ရည်တို့လည်း ဝဲလာ၏ ။

"ကိုယ် စစ်တိုက်သွားရလိမ့်မယ်"

ပြတ်ပြတ်သားသား ကြည်ကြည်လင်လင်ကြားလိုက် ရသည့်JEONရဲ့စကားတစ်ခွန်းက ကျွန်တော့်နှလုံးသားအား ထုချေလိုက်သလိုပင် ။ စိတ်ထဲ ကြောက်စိတ်တို့သည်လည်း တိုးဝင်လာသည် ။

"အချိန်ဘယ်လောက်ကြာမလဲ မသိပေမယ့် ကိုယ်သေချာပေါက်ပြန်လာခဲ့မှာ"

JEONက ကျွန်တော့်လက်ကိုဆုပ်ကိုင်ကာပြောလာပြန်သည် ။ စစ်တိုက်ထွက်ပြီဆိုတည်းက အသက်ရှင်လျက်ပြန်လာဖို့က ခက်ခဲလွန်းတယ်မလား ။ တမင်သက်သက်စိတ်သက်သာအောင် ပြောပေးတာမှန်းမသိရအောင်ကျွန်တော်က ငအ မှမဟုတ်တာ ။

"မင်းရဲ့ကလေးမွေးတဲ့အချိန်အမှီရောက်နိုင်လား"

ဂျီမင်ရဲ့မေးခွန်းဟာ JEONကို နှုတ်ဆိတ်စေခဲ့သည် ။

"ကလေးမွေးတဲ့အချိန် အမှီပြန်လာမယ်မလား ။ မင်းပြန်မလာရင် ငါကလေးမမွေးဘူး။ကြားလား ငါပြောတာ ။ ပြန်လာမယ်မလား"

"ကိုယ်ပြန်မလာနိုင်ရင်.."

"မင်းပြန်မလာရင် ငါကလေးမမွေးဘူးကြားလားလို့!!! သေချာပေါက် ပြန်လာခဲ့ပါ ။ ကလေးအတွက် ဂုဏ်ယူစရာဖခင်အဖြစ်နဲ့ ကလေးမမွေးခင် အချိန်မှီပြန်ရောက်လာပေးပါ။ ကတိပေး ။ဘုရင်ဆိုတာကိုယ့်ကကတိ ကိုယ်တည်ရတယ်နော်ကတိဖျက်ရင် ဘုရင်မဖြစ်ထိုက်ဘူး "

"အင်း ကိုယ်ကတိပေးပါတယ် ။အစစအရာရာ ဂရုစိုက်နော် ။ ကိုယ်သေချာပေါက် ပြန်လာခဲ့မယ်"

"ငါယုံကြည်လို့ဖြစ်တယ်မလား"

"ကိုယ်မင်းတို့အတွက်ရော တိုင်းပြည်အတွက်ပါ သေချာပေါက် ပြန်လာခဲ့ပေးမယ်"

ဂျီမင်က JEONရဲ့လည်ပင်းကို ချိတ်တွယ်ကာ ဖက်လိုက်ပြီးJEONက ဂျီမင်ရဲ့ခါးအား တင်းကြပ်စွာပြန်ပွေ့ဖက်ထားရင်း ဂျီမင်ရဲ့လည်ပင်းကြား နှာခေါင်းဖြင့်တိုးဝှေ့ရင်း ကိုယ်သင်းနံ့အားရှူရှိူက်နေ၏ ။လည်ပင်းသားလေးအား နှုတ်ခမ်းဖြင့် တစ်ချက် ပွတ်ဆွဲကာ ဂျီမင်၏နှုတ်ခမ်းပေါ်သို့ ဖိကပ်လိုက်သည် ။ နှုတ်ဆက်အနမ်းလား ။နှစ်သိမ့်တဲ့အနမ်းလား ။နောက်ဆုံးအနမ်းတစ်ခုမဟုတ်ပါစေနဲ့ဆုတောင်းမိ‌သည်။

ဂျီမင်က JEONရဲ့ပါးအား လက်ဖဝါးလေးဖြင့် အုပ်ကိုင်ကာ စတင်နမ်းရှိူက်လာတာကြောင့် JEONကလည်း နင့်နင့်နဲနဲ ပြန်၍နမ်းရှိူက်လာ၏ ။ ‌လွမ်းဆွတ်ခြင်း၊ဝမ်းနည်းခြင်း၊ ပူဆွေးခြင်းတို့ကိုထွေး‌ပိုက်လျက် စတင်ကာဦးဆောင်နမ်းသည့်သူကဂျီမင်ဖြစ်ပေမယ့် ကျွမ်းကျင်စွာနမ်းတတ်သည့်JEONကသာ ပြန်ဦးဆောင်ခဲ့ရသည် ။အတန်ကြာနမ်းရှိူက်ပြီးနောက် တစ်ယောက်ကိုတစ်ယောက် ခပ်တင်းတင်းဖက်ထားရင်း ငြိမ်သက်နေကြပြန်သည် ။

"ကိုယ်သွားရတော့မယ် ။ ကိုယ်မင်းကိုမစွန့်လွှတ်ဘူးဆိုတာ သိတယ်မလား ။ သေချာပေါက် အောင်ပွဲနဲ့အတူ ပြန်လာခဲ့မယ် ။အဖေက ဂျီမင်နဲ့အနီးကပ်လာနေပေးလိမ့်မယ်ကလေးက လရင့်နေပြီ လျှောက်မပြေးနဲ့။စားချင်တာ တစ်ခုခုရှိရင် အထိန်းတော်တွေကိုပြော ၊ ပျင်းရင် အနောက်ဘက် ပန်းခြံလေးမှာ လျှောက်ကြည့်နေ၊ ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်အုံး ၊ အအေးမပတ်စေနဲ့၊စောစောအိပ် ၊ ပြူတင်းပေါက်တွေလည်း ပိတ်အိပ် ၊ စပ်စပ်စုစုလည်းမနေနဲ့အုံး၊အားဆေးလည်း ပုံမှန်သောက် ၊ ရေအကြာကြီး မချိုးနဲ့ တစ်ခုခုနေမကောင်းတာ ရှိရင် ဆရာဝန်ကို ချက်ချင်းပြော ၊ ပြီးတော့.."

"သွားတော့ ။ အခုသွားတော့ ငါမင်းကိုစောင့်နေမှာ ကလေးမမွေးခင်အမှီပြန်လာနော် ။ဒဏ်ရာအများကြီး မရစေနဲ့ "

ဂျီမင်ရဲ့အသံတို့က အက်ကွဲလာပြီး ပါးပြင်ပေါ်သို့ မျက်ရည်တို့စီးကျလာတာကြောင့်JEONက ခပ်ဖွဖွသုပ်ပေးရင်း နှုတ်ခမ်းအားတစ်ချက် ငုံ့နမ်းကာ“ချစ်တယ်”ဟု ပြောပြီးနောက် ချက်ချင်း ထွက်သွားတော့သည် ။ကျက်သရေတုံးကောင် အခုမှချစ်တယ်ပြောတော့ ဘာလုပ်လို့ရမှာလဲ ။

တစ်ရက်...

နှစ်ရက် ကြာလာပြီ..

ထပ်ပြီး ငါးရက်မြောက်နေ့...

ခုနှစ်ရက်မြောက်နေ့..

JEONက စာပို့လာတယ် ။ သူအရာရာအဆင်ပြေတယ် မြန်မြန်တိုက်ပွဲကိုအဆုံးသတ်ပြီး ပြန်လာခဲ့မယ်လို့ ရေးထားတယ် ။

သို့ပေမယ့် နှစ်ပတ်ကြာပြီးတဲ့အထိပြန်မရောက်လာခဲ့ဘူး ။ခင်ဗျားက ကျွန်တော့်ကိုစိတ်သက်သာအောင်တမင်သက်သက် လိမ်ပြောပြန်တာလား ။

တနင်္လာနေ့...

ညည့်ဦးယံအချိန်၌...ဂျီမင် ဗိုက်နာလာခဲ့သည် ။

"အား အား အာ့ ဗိုက်..ဗိုက်နာတယ်"

ဂျီမင် ဗိုက်နာနေတာကိုတွေ့တော့အထိန်းတော်တွေက JEONရဲ့မွေးဖခင်ကို ပြေးခေါ်ကြသည် ။

မဖြစ်ဘူး.. JEONမှပြန်မရောက်သေးတတာ။ဟင့်အင်း JEONပြန်ရောက်လာမှမွေးမယ် ။ကလေးရဲ့မျက်နှာလေးကို ပထမဆုံးမြင်ရတဲ့သူက JEONပဲဖြစ်စေချင်တာ ။

"ဂျီမင် ဆရာဝန်တွေ လာပြီ ။ စိတ်အေးအေးထား အဆင်ပြေသွားမှာ"

"ဟင့်အင်း JEONလာမှမွေးမယ်JEONကိုခေါ်ပေးပါ ။ သူလာမှမွေးမယ်လို့!"

ဂျီမင်ကပြောရင်းနှင့်ပင် ငိုတော့သည် ။

"JEONက အခုချိန်စစ်ဇုံထဲရောက်နေတာလေကလေးရယ် JEONကပြန်လာလို့မရသေးဘူးJEONပြန်လာရင် ချက်ချင်းပျော်သွားအောင်ဂျီမင်က ကလေးလေးမွေးပေးထားရမှာပေါ့အဲ့တာမှ JEON ကအောင်ပွဲတွေနဲ့ ပြန်လာရင် အမောပြေမှာပေါ့"

"ဟင့်အင်း ကျွန်တော်မမွေးနိုင်လောက်ဘူးJEONကိုခေါ်ပေးပါ ။ ကျွန်တော်သူ့ကိုတွေ့ချင်တယ် ။သူပြန်လာမှ မွေးမယ်"

ဆက်ပြီးခေါင်းမာနေတဲ့ ဂျီမင်ကြောင့်JEONရဲ့မွေးဖခင်ကလည်း..

"ဟုတ်ပြီ uncleအခုသွားခေါ်ခိုင်းလိုက်မယ် ။JEONက အမြန်ဆုံးပြန်လာလိမ့်မယ်သားအခုလို ဆက်နေနေရင် ဗိုက်ထဲက ကလေးလေးတစ်ခုခုဖြစ်သွားရင်JEONက စိတ်မကောင်းဖြစ်သွားမှာပေါ့ခွဲစိတ်တာကလည်း ၁နာရီနီးပါးကြာမှာ အဲ့၁နာရီအတွင်း uncleက JEONကိုပြန်ခေါ်လာပေးမယ်နော် ။ လိမ္မာတယ် "

ဂျီမင်ကို သေချာနားချပြီး ခွဲစိတ်ဖို့ တိုက်တွန်းပြီးမှ JEONရဲ့မွေးဖခင်ဟာJEONကိုခေါ်ဖို့ စစ်သည်တော် တစ်ယောက်အမြန်စေလွှတ်လိုက်သည်။ဆရာဝန်များကလည်း ခွဲစိတ်ဖို့ပြင်ဆင်နေကြပြီး ဂျီမင်ကလည်းကုတင်ပေါ်လှဲလျောင်းလျက် JEONအား စောင့်မျှော်‌နေသည် ။

ခဏကြာသည့်အခါ စတင်ခွဲစိတ်၏။ ထိုအခါမှာတော့ ဂျီမင် စိတ်လျော့လိုက်တော့သည် ။JEONက ဘယ်လိုလုပ်မှီနိုင်ပါ့မလဲ ။ငါကိုယ်က မဖြစ်နိုင်တာပြောမိတာပဲ။သူပေးတဲ့ ကတိတွေကလည်း အစကတည်းက မဖြစ်နိုင်မှန်းသိခဲ့သင့်တာ ။ငါကိုက ခေါင်းမာနေခဲ့တာ ။မျက်ခွံတို့အား မှိတ်ချလိုက်ပြီးနောက်သူ့မျက်ထောင့်စွန်းလေးမှ မျက်ရည်တို့စီးကျလာသည်။

မိနစ်၂၀ကြာမြင့်ပြီးသောအခါ...

ဝုန်းးး ဆိုတဲ့ အသံကြားလိုက်ရတာကြောင့်..

"JEON!!"

ဘေးနားမှာ ရှိနေတဲ့ uncleက..

"JEONရောက်လာပြီထင်တယ်"

Uncleက ချက်ချင်းအခန်းထဲထွက်သွားသည် ။JEONပြန်ရောက်လာတာလား။တကယ်လား ။အခန်းတံခါး ဖွင့်လာပြီးနောက် JEONက စစ်ဝတ်စုံနှင့် တံခါးဝမှာရပ်နေပြီး ဆရာဝန်တို့ကပိုးသတ်ဆေး ဖြန်းပေးနေ၏ ။ပိုးသတ်ဆေး ဖြန်းပေးပြီးသည့်အခါJEONက အနားသို့ရောက်လာသည် ။

"ကိုယ်ပြန်လာပြီ ။ ကိုယ်မင်းကိုကတိပေးထားတယ်လေကိုယ်ပြန်လာမယ်လို့ မငိုနဲ့တော့"

JEONရဲ့စစ်ဝတ်စုံက သွေးစတွေ စွန်းထင်းနေပြီး JEON၏မျက်နှာမှာလည်း ပွန်းရာ ရှရာတို့နှင့်အတူ သွေးစတွေလည်းပေးနေ၏ ။

"ဒဏ်ရာမရဘူးမလား"

"ဒဏ်ရာကြီးကြီးမားမားမရပါဘူး"

JEONက ဂျီမင်ရဲ့လက်ဖဝါးကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး နှုတ်ခမ်းဖြင့်ခပ်ဖွဖွနမ်းသည် ။

"တိုက်ပွဲအခြေအနေကရော"

"အပြီးသတ်လိုက်ပြီ ။ ကိုယ်တို့နိုင်သွားပြီ။ကိုယ်တိုက်ပွဲနိုင်သွားတဲ့နေ့မှာပဲကလေးလေးက မွေးဖွားလာလို့ အပျော်လွန်နေတာ"

"မင်းရောက်များရောက်လာပါ့မလားလို့ ။ငါကြောင့် မင်းများဒဏ်ရာရသွားမလားလို့ စိုးရိမ်နေတယ် ကလေးရဲ့မျက်နှာကိုပထမဆုံးမြင်ရတဲ့သူက မင်းပဲဖြစ်စေချင်တာ"

"အခု ကိုယ်ပြန်ရောက်လာပြီပဲစိတ်မပူနဲ့တော့ ။ ဟုတ်ပြီလား"

ခွဲစိတ်မှု့ပြီးသည်အထိ JEON က ကျွန်တော့်လက်ကိုင်ရင်း ထိုင်စောင့်ပေးနေခဲ့တယ်။ ကလေးဗိုက်ထဲက ထွက်လာတဲ့အချိန်ပထမဆုံးမြင်တဲ့သူက သူ‌ဖြစ်ရအောင်JEONက အသည်းအသန်ကြည့်နေခဲ့တယ် ။

"သားလေးမွေးတယ် ။ကလေးက ဝဝလေးပဲ။ ကျန်းကျန်းမာမာလည်းရှိတယ်"

ဆရာဝန်က ကလေးကို အနှီးလေးသေချာထုတ်ကာ JEONရဲ့လက်ထဲ ထည့်ပေး၏ ။JEONက ကလေးလေးကို အသာလေးပွေ့ချီကာ ပါးစပ်မစိနိုင်အောင်ပင် ပြုံးဖြီးနေ၏ ။JEONရဲ့ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်တစ်စက်ဟာ ကလေးရဲ့နဖူးပေါ်သို့ ကျရောက်သွား၏။

သွေးတွေ ပေကျန်နေသောစစ်ဝတ်စုံနဲ့ မလိုက်ဖက်စွာ JEONက ငိုနေတော့သည်။ JEONရဲ့မျက်ရည်တွေက ကလေးအပေါ်မည်မျှလောက် ချစ်သလဲ ဖော်ပြနေသလို ။

"မငိုနဲ့ ။ ဘုရင်ဖြစ်ပြီး အဲ့လိုငိုနေလို့ဘယ်ဖြစ်မလဲ"

ကလေးကိုပိုက်ကာ သူ့ဘေးမှာ ထိုင်နေတဲ့JEONရဲ့ပါးပြင်ပေါ်က မျက်ရည်စတို့အားလက်ဖဝါးဖြင့် သုတ်ပေးရင်း ဂျီမင်ကပြောလိုက်တော့..

"ကျေးဇူးတင်ပါတယ် ။ ကိုယ့်ကိုတန်ဖိုးမဖြတ်နိုင်တဲ့ သားလေး မွေးပေးလို့ မင်းကိုတသက်လုံး ကျေးဇူးတင်နေမှာ "

"တော်ပါတော့ ။ မငိုနဲ့တော့ ကလေးလည်းသိရင် ဘယ်စိတ်ကောင်းပါ့မလဲ"

JEONက ဂျီမင်ရဲ့နဖူးကို ငုံ့နမ်းကာ..

"အများကြီးပင်ပန်းခဲ့တယ် ကျေးဇူးလည်းတင်တယ် ။ ကိုယ့်ဆီကမထွက်သွားပေးတဲ့ အတွက်ရော ကလေးလေးပါ မွေးပေးတဲ့အတွက်ရော ။ မင်းကိုထာဝရ အသက်ထက်ဆုံး ချစ်နေမှာပါ"

ဂျီမင်က JEONရဲ့ပါးပြင်အား ခပ်ဖွဖွလေးပွတ်ရင်း ပြန်ပြော၏ ။

"မင်းက ပိုပင်ပန်းခဲ့ပါတယ် တိုင်းပြည်အတွက်ရော မင်းရဲ့သွေးသားအတွက်ပါ အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ခဲ့တယ်ဂုဏ်ယူပါတယ် အယ်ရိုရာတိုင်းပြည်ရဲ့ဘုရင် JEONမင်းအတွက် ဆက်ခံသူသားရတနာလေးထွန်းကားခဲ့ပြီ စစ်ပွဲလည်းအောင်နိုင်ခဲ့ပြီ"

JEONက ကျွန်တော့်စကားကြောင့်ရယ်၏ ။ JEONရဲ့အပြုံးတွေက တွေက တွေ့ဖို့ခဲယဉ်းလွန်းပေမယ့် JEONကကျွန်တော့်ကိုတော့ အမြဲပြုံးပြတယ် ။

JEONက မကောင်းတာမှန်သမျှသူတစ်ယောက်တည်း ကြိတ်ခံစားပြီးကောင်းတာတွေမှသာ ကျွန်တော့်ကိုမျှဝေတတ်တယ် ။ သူက ကျွန်တော့်အတွကက် အကောင်းဆုံး ခင်ပွန်းကောင်း တစ်ယောက်ဖြစ်ပေးသလို ကလေးတွေအတွက်လည်းအကောင်းဆုံး ဖခင်တစ်ယောက်ဖြစ်ပေးတယ်။

ကလေးတွေဆိုလို့ မကြောင်သွားပါနဲ့ ။ကျွန်တော် JEONနဲ့တိုင်ပင်ပြီး ကလေးထပ်ယူခဲ့တယ် ။ JEONက တစ်ဦးတည်းသော သားမလို့ ဝါသနာကိုစွန့်လွှတ်ပြီး ဘုရင့်အရိုက်အရာဆက်ခံခဲ့ရတယ် ။ ကျွန်တော့်ကလေးတွေ ကိုတော့ သူတို့ကိုယ်တိုင်ရွေးချယ်ချင်တဲ့လမ်းကိုရွေးချယ်နိုင်အောင် ၊ တစ်ယောက်ကိုတစ်ယောက်ဦးစားပေးတတ်အောင် ၊တစ်ယောက်တည်းအထီးကျန်မဆန်ရအောင်၊ တိုင်ပင်ဖော် တိုင်ပင်ဖက်လေးလည်းရအောင် ၊တစ်ကိုယ်ကောင်းမဆန်တတ်တောင်အဖော်လေးတစ်ယောက် ထပ်မွေးပေးခဲ့တယ် ။

သားအကြီးလေးက JEONနဲ့တူပြီး အေးစက်စက်လေးရယ် ။ ဂီတ၊အနုပညာကို စိတ်ဝင်စားပြီး သမီးအငယ်လေးက အတိုက်အခိုက်၊ဓားကိုင်ရတာကို သိပ်ကြိုက်တာ ။အခုသုံးနှစ်အရွယ်လေးနဲ့ သူ့ကိုဓားလေးပေးထိရင် အရမ်းသဘောကျနေတာ ။သားနဲ့သမီးက ၂နှစ်ကွာတယ် ။

"ဂျီမင် "

"JEONကလေးတွေရော"

"အိပ်နေပြီ"

JEONက ကျွန်တော့်ကို အတင်းလာဖက်ကာ လည်ပင်းသားတွေကို စုပ်ယူလာသည် ။

"JEON!"

"ကလေးတွေမှ မရှိတာ"

"မင်းတော့"

JEONက တင်ပါးအောက် ကနေ ပင့်ချီကာ ရေချိုးဆောင်ရဲ့နံရံမှာ ကပ်ပြီးစတင်နမ်းလာ၏ ။

"ချစ်တယ်"

"ငါလည်း ချစ်တယ်"

နှုတ်ခမ်းဖျားချင်း အကြိမ်ကြိမ်ရောယှက်ရင်း နင့်နင့်နဲနဲနမ်းရှိုက်နေကြသည် ။

ဘဝဆိုတာ လောကဓံကြုံနေရမှာပါပဲ ။စိတ်ဆင်းရဲနေရင်း နေမယ့်အစားကိုယ့်ကိုပျော်ရွှင်စေမယ့် အရာလေးတွေပြုလုပ်ရင်း ဘဝကိုပျော်ပျော်ကြီး ဖြတ်သန်းသင့်တယ် ။ စွန့်လွှတ်လိုက်ရတာတွေရှိလည်း စိတ်ဓာတ်မကျဘဲ အကောင်းဆုံးပျော်ရွှင်နေလို့ရပါသေးတယ် ။ အတိတ် နဲ့ အနာဂတ်တွေကို ကြည့်မနေပဲပစ္စုပ္ပန်မှာသာ အကောင်းဆုံးနေထိုင်ဖို့ကြိုးစားကြည့်တာက ကိုယ့်ကိုအပျော်ဆုံးဖြစ်စေမှာပါ။

ကိုယ်ချစ်ရတဲ့ပျော်ရွှင်ဖို့အတွက်ဦးစားပေးရတာလည်း ပျော်ရွှင်မှု့တစ်မျိုးပါပဲ ။တစ်ခါတစ်လေ ဖူးစာဖက်တွေ ၊right personဆိုတာ ကံကြမ္မာက သတ်မှတ်တာမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်သတ်မှတ်ကြတာပါ။

ကိုယ့်အပေါ်အသက်ထက်ဆုံးချစ်ပေးတဲ့ သူတွေကိုလက်လွှတ်မခံဖို့ပြောချင်ပါတယ် ။ကိုယ်က ချစ်နေရတာ ပင်ပန်းရင်အချစ်ခံကြည့်လိုက်ပါ ။ မင်းမမြင်နိုင်တဲ့တစ်နေရာမှာ မင်းကိုချစ်မြတ်နိုးနေတဲ့သူတွေရှိ နေနိုင်တာမို့ ကိုယ့်ကို ချစ်နေတဲ့သူတွေကို အခွင့်အရေးပေးကြည့်ပါ ။ တစ်စုံတစ်ယောက်သောသူက မင်းအတွက် Right personဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။

The End....

အချိန်အတော်ယူပြီး ရေးခဲ့ရတဲ့ ဇာတ်လမ်းလေးပါ ။ အရေးအသား ပေါ့သွားတဲ့ နေရာလေးတွေ ၊ဖတ်ရအဆင်မပြေတာလေးတွေ ဖြစ်သွားခဲ့ရင်တောင်းပန်ပါတယ်။ကျန်းမာ ချမ်းသာကြပါစေရှင့် ။အဆုံးထိဖတ်ရှူ့ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင့် ။

Zawgyi

ေ႐ႊေရာင္ဆံသားတို႔ႏွင့္ သူ ။အသားအရည္က ၾကည္လင္ေနၿပီး အသက္အနည္းငယ္ႀကီးပုံေတာ့ရသည္။ ထိုသူက ႏႈတ္ခမ္းပါးတို႔ ေကြးၫႊတ္၍အလွဆုံး ၿပဳံးျပလာသည့္အခါဂ်ီမင္ တစ္စုံတစ္ခုအား မွတ္မိသြား၏ ။

သူက ဟိုဘုရင္စုတ္ဖုန္းထဲက လူမလား ။ အေတာ္ေလးတူေပမယ့္ယခုမ်က္ႏွာဟာ အနည္းငယ္ အသက္ႀကီးပုံေပါက္ေန၏ ။သို႔ေသာ္လည္း အေတာ္ေလးလွတဲ့ထဲမွာပါၿပီး မ်က္လုံးဝိုင္းဝိုင္းေလးေတြ ရွိေနျပန္၏ ။

"Uncleက မင္းကိုေတြ႕ခ်င္ေနတာ"

"ဘယ္သူလဲ မသိဘူး"

"Uncleက JEONရဲ႕ေမြးအေဖပါ"

ထိုစကားၾကားသည့္အခါ ဂ်ီမင္ မ်က္ဝန္းတို႔ဝိုင္းစက္သြားၿပီး ပါးစပ္အေဟာင္းသားေလးႏွင့္ ။JEONကိုေမြးေပးတာ ငါ့လို ေယာကၤ်ားေလးလား ။ေသစမ္းးး မင္းေတာ့ သူ႕အေဖကိုသူ႕ရည္းစားေဟာင္းထင္ေနတာလား။

"Uncleနဲ႕စကားေျပာၾကမလား"

အၿပဳံးခ်ိဳခ်ိဳေလးနဲ႕ အခ်ိဳသာဆုံးေျပာလာသည့္ JEONရဲ႕ ေမြးအေဖအားဂ်ီမင္ ေခါင္းၿငိမ့္ျပလိုက္သည္ ။ဂ်ီမင္လိုပဲ ေယာကၤ်ားေလးကိုယ္ဝန္ေဆာင္ျဖစ္ခဲ့တာလားဂ်ီမင္ကိုယ္တိုင္လည္း သိခ်င္ေန၏ ။JEONရဲ႕ေမြးအေဖက သူ႕ကိုေျပာစရာတစ္ခုခုမ်ားရွိေနလား ။

JEONဆိုတဲ့ ဘုရင္စုတ္ေခ်ာတာသူ႕ေမြးအေဖ အေမြအျပည့္ရထားလို႔ပဲေနမွာ ။သူ႕အေဖေတာင္ ဒီေလာက္ေခ်ာမွေတာ့JEONေခ်ာတာ အဆန္းမဟုတ္ ။JEONေမြးအေဖရဲ႕ႏႈတ္ခမ္းေတြ မ်က္လုံးေတြက JEONနဲ႕အရမ္းတူတယ္ ။ေအးေလသူ႕ကို ေမြးထားတဲ့အေဖပဲမတူပဲေနမလား ။

JEON၏ေမြးအေဖ ေခၚသည့္ေနရာဆီသို႔ေနာက္ကေန အသာေလးလိုက္ခဲ့၏ ။ၾကည့္ရတာ JEONေမြးအေဖရဲ႕ကိုယ္ပိုင္ေနရာေလးထင္တယ္ ။ ၾကည္ျပာေရာင္လဲ့ေနေသာ ကန္ေရျပင္ေဘးရွိ ပန္းခက္ပန္းႏြယ္ေလးေတြနဲ႕အလွဆင္ထားသည့္ အေဆာင္ငယ္ေလးတစ္ခု ။ထိုင္ခုံသုံးခုံႏွင့္ အလယ္တြင္ သစ္သားစားပြဲဝိုင္းရွိ၏။ ေက်းငွက္တို႔၏ေတးသီက်ဴးသံတို႔ႏွင့္ ျပည့္ႏွက္ေနၿပီးေဘးပတ္ပတ္လည္ရွိ သစ္ပင္ႏွင့္ေတာအုပ္တို႔ကလည္း စိမ္းစိုေန၏ ။ ေရစီးဆင္းရာ အျမင့္မွအနိမ့္ထိ ေက်ာက္ေဆာင္ငယ္ေလးလည္းေနတာေၾကာင့္ ေရက်သံေလးလည္း ညံလ်က္။အရင္ဘုရင္ကေရာ...။

"ထိုေလ ကေလး"

"ဗ်ာ.."

"ထိုင္ပါ မုန႔္စားမလား ၊ ေကာ္ဖီေသာက္မလား"

ကေလးတစ္ေယာက္လို ဆက္ဆံခံလိုက္ရတာေၾကာင့္ ဂ်ီမင္ရင္ထဲ ၾကည္ႏူးသြား၏ ။သူ႕ကို အဲ့လိုေလး ႏူးႏူးညံ့ညံ့၊ဂ႐ုတစိုက္ဆက္ဆံေပးရင္ သိပ္သေဘာက်တာ..။

"ရပါတယ္ ကြၽန္ေတာ္မစားေတာ့ပါဘူး"

JEONရဲ႕ေမြးအေဖက မုန႔္မ်ိဳးစုံအားပန္းကန္ထဲ ထည့္ကာ စားပြဲေပၚ အသာေလးတင္ၿပီးေနာက္ ဂ်ီမင္လက္ထဲ မုန႔္တစ္ခုအတင္းထည့္ေပး၏ ။

"စားပါ အားမနာနဲ႕..။JEONကUncleကို သူ႕ၾကင္ယာေတာ္ေလးေ႐ႊစိတ္ေတာ္ေကာက္သြားလို႔ အေဖခဏေခၚေပးထားပါအုံး ကြၽန္ေတာ္ ျပန္လာေခၚမယ္ဆိုၿပီးအေသအခ်ာ မွာထားတာ"

ေသာက္ဘုရင္စုတ္ အခုမွလာၿပီးေတာ့။ JEONေမြးအေဖက ကြၽန္ေတာ္နဲ႕မ်က္ႏွာခ်င္းဆိုင္မွာထိုင္ၿပီး ၿပဳံး၍ၾကည့္ေန၏ ။နည္နည္းေတာ့ ေနရခက္သားး ။

"JEONက ေအးစက္စက္ႀကီးမလား။အဲ့တာ သူ႕ခမည္းေတာ္နဲ႕တူတာ သူ႕ခမည္းေတာ္ကလည္း JEONနဲ႕တေထရာတည္း ။ေအးစက္စက္နဲ႕"

JEON၏ေမြးအေဖက JEONရဲ႕ခမည္းေတာ္အေၾကာင္း ေျပာေနခ်ိန္ မ်က္ဝန္းထဲမွေစြးေျမ့မႈ႕တို႔ကိုျမင္ေနရ၏ ။

"JEONက ငယ္ငယ္တည္းက အရမ္းေအးတယ္ ။ စကားကိုလိုတာထက္ပိုမေျပာလို႔ Uncleကပဲ သူ႕ကိုစကားမ်ားမ်ားေျပာေအာင္အစျပဳၿပီး ေျပာေပးရတာ ။ JEONက သားကို သိပ္သေဘာက်တာ ။Uncleကိုေတာင္ ဆန႔္က်င္ၿပီး သားကိုအတင္းယူထားတာ ။Uncle နဲ႕ JEONက သားတို႔ေျပာေနတဲ့ဘာသာစကားကိုေျပာတတ္ေနလို႔ထူးဆန္းေနတယ္မလား ။Uncleက အရင္က ေရွးေဟာင္းသုေတသနအဖြဲ႕ အဖြဲ႕မႉးေလ ။ တစ္ေန႕ uncleတို႔ဒီေတာထဲလာၿပီး ေရွးေဟာင္းပစၥည္းေတြ လာရွာၿပီး သုေတသနလုပ္ၾကရင္း JEONရဲ႕ခမည္းေတာ္က သူ႕နယ္ေျမကိုေက်ာ္ဝင္လာလို႔ဆိုၿပီး uncleကိုဖမ္းခဲ့တယ္ ။ Uncleတို႔ေနပုံထိုင္ပုံ၊ဝတ္ပုံစားပုံ၊အျပင္အဆင္၊အေနအထားေတြနဲ႕ အယ္ရိုရာတိုင္းျပည္ အေနအထားနဲ႕က ကြားျခားလြန္းလို႔Uncleအရမ္းအံ့ဩခဲ့ရတယ္ "

ဂ်ီမင္က JEONေမြးအေဖရဲ႕စကားကိုအေသအခ်ာေလးနားေထာင္ေန၏ ။

"Uncleစိတ္ထဲ ဒီလိုေရွးေဟာင္းပစၥည္းေတြနဲ႕ဒီဘက္ကလူေတြကို သုေတသနလုပ္ခ်င္ၿပီးစူးစမ္းခ်င္ခဲ့တယ္။ JEONရဲ႕ခမည္းေတာ္က uncleကိုမသတ္ပါဘူးဖမ္းပဲဖမ္းထားခဲ့တာ။ေကာင္းေကာင္းမြန္မြန္ထားေပမယ့္လည္းUncleကေတာ့ ျပန္ခ်င္တာေပါ့ ။တစ္ေန႕ၾကေတာ့ JEONရဲ႕ခမည္းေတာ္က႐ုတ္တရက္ႀကီး သူ႕ကိုလက္ထပ္မလားလို႔ ေမးလာတယ္ ။ Uncleကို သူနဲ႕လက္ထပ္ရင္ မခ်ဳပ္ထားေတာ့ဘူးလို႔ေျပာလို႔ Uncleကလည္း ထြက္ေျပးဖို႔အႀကံနဲ႕လြယ္လြယ္သေဘာတူခဲ့တယ္ ။ uncleက ထြက္ေျပးဖို႔မလုပ္ခင္ JEONရဲ႕ခမည္းေတာ္က လူမဟုတ္ဘဲတျခားအသြင္ေျပာင္းေနတာေတြ႕ခဲ့တယ္"

"uncleတို႔အဖြဲ႕သာ ဒီလိုထူးဆန္းတဲ့လူကိုရွာေတြ႕ခဲ့ရင္ဆုေၾကးေငြေတြ အမ်ားႀကီးရမွာမို႔လို႔JEONရဲ႕ခမည္းေတာ္ကို သတ္ဖို႔ႀကံစည္ခဲ့တယ္ ။ မေအာင္ျမင္ပါဘူး JEONခမည္းေတာ္ကသူ႕ကို သတ္ဖို႔ႀကံစည္တာကိုမိသြားခဲ့တယ္သူက uncleကိုဖမ္းခ်ဳပ္ၿပီး အတင္းလက္ထပ္ၿပီး တစ္ညတာ ကုန္ဆုံးခဲ့ရတယ္ ။ Uncleက အိမ္ျပန္ခ်င္တာေၾကာင့္ ျပန္လႊတ္ေပးဖို႔ ေျပာေပမယ့္ သူကမလႊတ္ေပးဘူး အဲ့တာေၾကာင့္Uncleက ထြက္ေျပးခဲ့တယ္ ။အဲ့အခ်ိန္တုန္းက ဘာသုေတသနမွမလုပ္ခ်င္ေတာ့ဘဲအေဖနဲ႕အေမကို လြမ္းၿပီး အိမ္ျပန္ခ်င္ခဲ့တာ ။ uncleလြတ္သြားခဲ့တယ္ uncleအိမ္ျပန္ေရာက္ၿပီး ႏွသ္လေလာက္အၾကာမွာ JEONကိုကိုယ္ဝန္ေဆာင္ခဲ့ရတယ္ ။Uncleက အျပစ္မရွိတဲ့ကေလးတစ္ေယာက္ကိုမသတ္ခ်င္တာေၾကာင့္ JEONကိုUncleတို႔ ေနတဲ့ၿမိဳ႕မွာဘဲ ေမြးခဲ့တယ္။ေနာက္ပိုင္း JEONလည္း သူ႕ခမည္းေတာ္ကို သိသင့္တယ္ထင္လို႔အယ္ရိုရာကို ျပန္လာခဲ့တယ္ ။ သူက JEONကိုျမင္ေတာ့ အရမ္းေပ်ာ္ေနခဲ့တာသူကေျပာတယ္ JEONက သူ႕အရိုက္အရာကို ဆက္ခံရမယ့္ အိမ္ေရွ႕စံပဲတဲ့ ။ Uncleနဲ႕ အေပးအယူလုပ္ၿပီး JEONကို ေက်ာင္းဖြင့္ရင္ ၿမိဳ႕ကိုျပန္ေခၚလာၿပီး ေက်ာင္းပိတ္ရင္ အယ္ရိုရာ ကို ျပန္ပို႔ေပးတယ္ ။ JEONက တကၠသိုလ္မွာ ဘြဲ႕ရၿပီးေနာက္ JEONခမည္းေတာ္ကလည္း သူ႕အရိုက္အရာကို JEONကိုဆက္ခံေစခဲ့တယ္ ။ JEONခမည္းေတာ္က Uncleအေပၚအရမ္းခ်စ္ေပးခဲ့တာ ၊သူ႕စရိုက္က ေအးစက္စက္ဆိုေပမယ့္Uncleအေပၚ သိပ္ဂ႐ုစိုက္ၿပီးခ်စ္ေပးခဲ့တယ္ ။ သူမထြက္သြားခင္အထိေပါ့ "

JEONရဲ႕ ေမြးအေဖသည္ ေျပာေနရင္းႏွင့္ပင္ မ်က္ရည္တို႔ ဝဲလာခဲ့သည္ ။

"Uncleက JEONကို လူသားတစ္ေယာက္ကိုၾကင္ယာေတာ္အျဖစ္မေ႐ြးခ်ယ္ဖို႔ အႀကိမ္ႀကိမ္တားခဲ့တယ္ ။ သူ႕ခမည္းေတာ္ကိုuncleသတ္ဖို႔ ႀကံစည္သလို JEONႀကံစည္ခံရမွာစိုးလို႔၊စည္းစိမ္ေတြကို မက္ေမာၿပီး JEONကိုဟန္ေဆာင္ ခ်စ္ျပမွာစိုးလို႔၊ လူသားမဟုတ္တဲ့ JEONရဲ႕လွ်ို႔ဝွက္ခ်က္ကို ေရာင္းစားမွာစိုးလို႔ ၊ အတင္းလက္ထပ္ခံရလို႔ JEONကို တစ္သက္လုံးမုန္းေနမွာစိုးလို႔၊Uncleတုန္းကလည္း သူ႕ခမည္းေတာ္ကို အရမ္းမုန္းခဲ့တာ။ JEONကို သူခ်စ္တဲ့သူဆီကေန တစ္သက္လုံး အမုန္းခံရမွာစိုးလို႔ uncleက အရမ္းစိတ္ပူၿပီး သားကိုလက္မထပ္ဖို႔အတင္းထားခဲ့တာ။JEONက "ကြၽန္ေတာ့္သူ႕ကိုယုံတယ္ "ဆိုတဲ့ တစ္ခြန္းတည္းနဲ႕ သားကိုလက္ထပ္ခဲ့တယ္ "

JEONရဲ႕ေမြးအေဖက ဂ်ီမင္ရဲ႕လက္ေလးေတြကို ႏူးညံ့စြာဆုပ္ကိုင္လာၿပီး..

"JEONရဲ႕အစား သားကိုuncleကပဲ အႏူးအၫြတ္ေတာင္းပန္ပါတယ္ ။JEONက သားကိုအရမ္းခ်စ္လြန္းလို႔ အတၱႀကီးၿပီး ပိုင္ဆိုင္ခ်င္ခဲ့တာ ။ေယာကၤ်ားေလးတစ္ေယာက္ ကိုယ္ဝန္ေဆာင္ရတဲ့အခါ ဘယ္လိုခံစားရမလဲ uncleကိုယ္တိုင္နားလည္တယ္ ကိုယ္ခ်င္းစာတယ္ ။ JEONက အယ္ရိုရာဘုရင္မင္းဆက္ထဲမွာ ပထမဆုံး ဘာသာစကားအမ်ားဆုံးတက္တဲ့ဘုရင္ျဖစ္ၿပီး ပထမဆုံးဘြဲ႕ရဖူးတဲ့ဘုရင္ပဲ။JEONအုပ္စိုးတဲ့ လက္ထပ္မွာမွ တိုင္းျပည္ပညာေရး တိုးတက္လာၿပီး ပိုၿပီးစည္ကားဖြံ႕ၿဖိဳးလာတယ္ ၊ ၿပီးေတာ့ JEONက တစ္ဦးတည္းေသာသားမလို႔JEONသာ ဘုရင္အရိုက္အရာမဆက္ခံရင္ တျခားဆက္ခံမယ့္သူမရွိဘူး ။JEONက ဒီတိုင္းျပည္အတြက္ မရွိမျဖစ္လိုအပ္တဲ့ ဘုရင္တစ္ပါးမို႔ JEONမွာ တျခားေ႐ြးခ်ယ္စရာမရွိခဲ့ဘူးငယ္ငယ္တည္းက JEONက သူျဖစ္ခ်င္တဲ့ဝါသနာေတြကို စြန႔္လႊတ္ခဲ့ၿပီး သူ႕ခမည္းေတာ္အရိုက္အရာ ဆက္ခံခဲ့ရတာ ။ သူက ကြၽန္ေတာ္အရာအားလုံးစြန႔္လႊတ္ခဲ့ရေပမယ့္ ဒီတစ္ခါေတာ့ မစြန႔္လႊတ္ခ်င္ေတာ့ဘူးလို႔ ေျပာခဲ့တယ္"

"JEONက ဘုရင္တစ္ပါးမို႔ ဆက္ခံသူေသခ်ာေပါက္ရွိမွရလိမ့္မယ္ ။အယ္ရိုရာဘုရင္တိုင္းက တစ္သက္မွာတစ္ခါပဲ လက္ဆက္ခြင့္ရၿပီး သူတို႔လက္ဆက္ခဲ့တဲ့ ၾကင္ယာေတာ္သာ သစၥာေဖာက္ခဲ့ရင္ ဘုရင္ျဖစ္သူက ေသရမယ္လို႔ က်ိန္စာရွိတယ္ ။JEONက သားကိုပဲခ်စ္တာ ။ သားကို ကိုယ္ဝန္ေဆာင္နိုင္ေအာင္လို႔ JEONက တမင္သက္သက္လုပ္ခဲ့တာမဟုတ္ပါဘူး သူ႕မွာသားကိုၾကင္ယာေတာ္အျဖစ္တင္ျမႇောက္နိုင္ဖို႔ ၊ လက္ထပ္နိုင္ဖို႔ ရင္ေသြးငယ္ဖြားျမင္နိုင္မွ ရမွာမို႔ သားကိုေမွာ္ေဆးလုံးတိုက္ခဲ့တာ ။ uncleတုန္းကလည္းသူ႕ခမည္းေတာ္က ဒီအတိုင္းလုပ္ခဲ့တယ္ သားသူ႕ကိုမုန္းေနသလိုUncleလည္း သူ႕ခမည္းေတာ္ သိပ္မုန္းခဲ့တာ ။ ပိုဆိုးတာက JEONတစ္ဦးတည္းေသာ သားမို႔ အတၱႀကီးၿပီး တစ္ကိုယ္ေကာင္းဆန္တယ္ သားကို uncleကပဲ အႏူးအၫႊတ္ေတာင္းပန္ပါတယ္ uncleကJEONကိုေမြးထားရတဲ့ အေဖမို႔ JEONတစ္ခုခုျဖစ္မွာစိုးရိမ္တယ္ ။ သားကိုေတာင္းဆိုပါရေစ JEONကို မခ်စ္ရင္ေတာင္ တျခားတစ္ေယာက္ကိုေတာ့ ထပ္မခ်စ္ပါနဲ႕ေနာ္ ။ JEONက သားကိုဒီအေၾကာင္းေတြ ေျပာမွာမဟုတ္ဘူးသူက သားကိုခ်စ္ေနတဲ့သူမို႔ သားကို ပိုင္ဆိုင္ခ်င္႐ုံလြဲၿပီး ျပန္ခ်စ္ဖို႔လည္းေတာင္းဆိုမွာမဟုတ္ဘူးဒါေပမယ့္ uncleကေတာ့သားေတာင္းဆိုခ်င္ပါတယ္"

"ကြၽန္ေတာ္ နားလည္ပါၿပီ ။ ကြၽန္ေတာ္က မခ်စ္တဲ့လူနဲ႕ယူထားရင္ေတာင္ သူ႕ကိုေဖာက္ျပန္မယ့္လူမ်ိဳး မဟုတ္ပါဘူး"

JEONရဲ႕ေမြးအေဖသည္ ဂ်ီမင္အား ေထြးေပြ႕ဖက္လိုက္ၿပီး ေခါင္းေလးကိုဖြဖြေလး ပြတ္ေပး၏ ။

"ေက်းဇူးတင္ပါတယ္ JEONက လူေ႐ြးမမွားဘူးဆိုတာ uncleသိတယ္သားက ခ်စ္စရာေလးဆိုေတာ့ JEONကအပိုင္လိုခ်င္တာေပါ့ "

JEONရဲ႕ေမြးဖခင္က ၾကင္နာတတ္တယ္ ။ႏူးညံ့တယ္ ။ သေဘာေကာင္းတယ္ ။စိတ္ထားသိမ္ေမြ႕တယ္။ JEONေမြးဖခင္ရဲ႕ အျပဳအမူေလးေတြတိုင္း ႏူးညံ့ၿပီး ႏွစ္လိုဖြယ္ေကာင္းတယ္ အဲ့တာေၾကာင့္JEONရဲ႕ခမည္းေတာ္က ခ်စ္မိခဲ့တာထင္တယ္။

"JEONက သိပ္ခ်စ္တတ္တာ သူ႕ခမည္းေတာ္နဲ႕တစ္ပုံစံတည္း ။သူ႕ခမည္းေတာ္ရဲ႕အခ်စ္ေတြကို uncleကJEONႀကီးျပင္းတဲ့အထိ မျမင္နိုင္ခဲ့ဘူး။သူ႕ခမည္းေတာ္က JEONအေပၚေရာUncleအေပၚပါ ျမတ္နိုးတန္ဖိုးထားေပးခဲ့တာ ။သူတို႔ပုံစံကိုက ေအးစက္စက္ႀကီးေနေပမယ့္ စိတ္ထဲမွာေတာ့ ႏြေးႏြေးေထြးေထြးရွိတယ္ ။ "

"သူကေခ်ာတယ္ uncleနဲ႕တူတာျဖစ္မယ္"

ဂ်ီမင္ရဲ႕စကားေၾကာင့္ JEON၏ေမြးအေဖက ရယ္၍ ျပန္ေျပာ၏။

"သူေခ်ာတာက uncleနဲ႕တူလို႔မဟုတ္ဘူးသူ႕ခမည္းေတာ္နဲ႕တူတာ သူနဲ႕သူ႕ခမည္းေတာ္နဲ႕က အေတာ္ေလးတူတယ္ ႐ုပ္ရည္၊အက်င့္စရိုက္ေလးက အစ တေထရာ တည္းပဲ ။ သူ႕ခမည္းေတာ္ကို လႊမ္းလိုက္တာ ။ uncleက သူ႕အေပၚမေကာင္းေပးခဲ့ဘူး ေနာက္မွေနာင္တရေနမိတယ္"

JEONရဲ႕ေမြးအေဖဟာ မ်က္ႏွာေလး ညွိုးသြားၿပီး မ်က္ရည္တို႔ဝဲလာ၏ ။ဂ်ီမင္သည္ သိခ်င္စိတ္တို႔ မထိန္းနိုင္ဘဲေမးလိုက္သည္ ။

"ကြၽန္ေတာ္ သိခ်င္တာေလးရွိတယ္JEONရဲ႕ခမည္းေတာ္ကလည္း အဲ့လိုမ်ိဳး မ်က္ႏွာကိုအုပ္ထားတာပဲလား"

"ဟုတ္တယ္ JEONရဲ႕ခမည္းေတာ္မ်က္ႏွာကိုUncleလည္း မဂၤလာဦးညမွ ျမင္ဖူးတာ အယ္ရိုရာ ဘုရင္မင္းဆက္တိုင္းက ႐ုပ္ရည္အေတာ္ေလး ေခ်ာေမာၾကတယ္အယ္ရိုရာရဲ႕ဒုတိယေျမာက္ ဘုရင္ရဲ႕မိဖုရားက က်ိန္စာတိုက္ခဲ့တာမိဖုရားက ဘုရင့္ကိုအရမ္းခ်စ္တာ ဘုရင္ကလည္း႐ုပ္ရည္က ေ႐ႊအဆင္းလိုေခ်ာေမာ ခန႔္ညားလြန္းတယ္ ။ ဘုရင္က ဒုတိယမိဖုရားတင္ျမႇောက္မယ့္အခ်ိန္မွာမိဖုရားႀကီးက လက္မခံနိုင္ဘူး ဘုရင္ကလည္း ႏွစ္နိုင္ခ်စ္ၾကည္ေရးအတြက္ အဲ့ဒီမိန္းကေလးကို မိဖုရားငယ္အျဖစ္ တင္ျမႇောက္မွရမွာ ။ မိဖုရားႀကီးက အျမတ္ႀကီးသလို အခ်စ္လည္းႀကီးတယ္သူက သူ႕ကိုယ္သူသတ္ေသၿပီး သူရဲ႕ေသြးနဲ႕ ဘုရင္ကိုက်ိန္စာတိုက္ခဲ့တယ္ဒီဒုတိယဘုရင္မ်ိဳးဆက္ကစၿပီး ၾကင္ယာေတာ္ တစ္ေယာက္တည္းသာတင္ျမႇောက္နိုင္ၿပီး မိမိတို႔႐ုပ္ရည္အားမိမိတို႔ၾကင္ယာေတာ္မွ လြဲ၍တျခားသူ ျမင္ပါက ျမင္သည့္သူက ေသြးအန္ၿပီး ေသရမယ္ ဆိုၿပီး က်ိန္စာတိုက္ခဲ့တယ္တစ္ခုေကာင္းတာက တစ္လင္တစ္မယားစနစ္ေပၚေပါက္လာေပမယ့္ က်န္းမာေရးအရမ်က္ႏွာၾကည့္မွျဖစ္ရမယ့္အခ်ိန္ေတြေရာက္တဲ့အခါ အရမ္းအခက္ေတြ႕လို႔မိဖုရားရဲ႕သား(တတိယမင္းဆက္)က သူ႕ရဲ႕ေသြးနဲ႕က်ိန္စာကို ေခ်ဖ်က္ဖို႔ ႀကိဳးစားခဲ့တယ္သို႔ေပမယ့္ မိဖုရားရဲ႕ေသြးအျပည့္မဟုတ္ဘဲ သူ႕သားမွာက မိဖုရားရဲ႕ေသြးတစ္ဝက္ပဲပါတာမို႔က်ိန္စာက တစ္ဝက္ပဲပ်က္ေျပခဲ့တယ္"

"မိဖုရားက အခ်စ္ႀကီးၿပီး မိုက္မဲတယ္ေနာ္"

Uncleက ၿပဳံး၍ဆက္ေျပာ၏ ။

"က်ိန္စာက အဲ့ဒီအခ်ိန္ကစၿပီးတစ္ဝက္ပဲသက္ေရာက္ေတာ့တယ္ဘုရင္မ်ိဳးဆက္တိုင္းက ၾကင္ယာေတာ္မရွိေသးခင္အထိပဲမ်က္ႏွာကိုတျခားသူျမင္မရေတာ့တာ"

ေနာက္ဆုံးေတာ့ သူ႕မ်က္ႏွာကိုခိုးၾကည့္ဖို႔လုပ္တဲ့အခ်ိန္တုန္းက ဘာလို႔လည္ပင္းညစ္ၿပီး ၿခိမ္းေျခာက္ခဲ့လဲနားလည္ခဲ့သည္။ ခင္ဗ်ားက တကယ္ကို နားလည္ဖို႔ခက္တဲ့ လူပဲJEON။ဒါဆို JEONကေရာ ။ JEONက အခုခ်ိန္ထိ ဘာလို႔ပဝါနဲ႕ အုပ္ထားေသးတာလဲ ။

"JEONက ၿမိဳ႕ေပၚသြားရင္ အဲ့လိုအုပ္ထားရေသးလား"

"JEONက လူတစ္ဝက္ အယ္ရိုရာဘုရင္ေသြးတစ္ဝက္မို႔ က်ိန္စာကအယ္ရိုရာတိုင္းျပည္အျပင္ဖက္မွာ JEONအေပၚ မသက္ေရာက္ဘူး"

JEONရဲ႕ေမြးအေဖ ရွင္းျပမွသာ အရာအားလုံးနားလည္ခဲ့ရသည္ ။ရာဇဝင္ေတြကလည္း တကယ္ရက္စက္ပါတယ္။

"အေဖ"

ဘယ္အခ်ိန္တည္းက ေရာက္ေနမွန္းမသိတဲ့ JEONက သူရဲ႕ေနာက္ေက်ာဘက္ဆီမွ အသံထြက္လာ၏ ။ဂ်ီမင္က JEONကို တစ္ခ်က္လွည့္ၾကည့္ၿပီး ခ်က္ခ်င္း မ်က္ႏွာလႊဲလိုက္သည္ ။

"မင္းၾကင္ယာေတာ္ေလးကို အေဖေခၚထားပါတယ္ကြာ"

"အေဖ ေနေကာင္းတယ္မလား"

"ေကာင္းပါတယ္ ကေလးကိုေသခ်ာျပန္ေခ်ာ့လိုက္အုံးမင္းကပစ္မထားနဲ႕ေလ သူ႕မွာ မင္းကိုပဲသိတာေလ ။ မင္းအဲ့လိုေအးစက္စက္ေနရင္ထားသြားမယ္"

JEON၏ေမြးဖခင္ဟာ JEONကိုၿပဳံး၍စေနာက္လိုက္သည္ ။ငါက စိတ္ေကာက္ေနတာမွ မဟုတ္တာဘာလို႔ေခ်ာ့ခိုင္းေနတာလဲ ။အဲ့ေကာင္ကို ေသာက္ျမင္ကပ္လို႔တမင္သက္သက္ ထြက္လာခဲ့တာ ။

"သား uncleျပန္ေတာ့မယ္ေနာ္ ၾကားထဲ မၾကာမၾကာ လာေတြ႕မယ္ "

"ဟုတ္"

JEON၏ ေမြးအေဖထြက္သြားၿပီးေနာက္JEONက ဂ်ီမင္ေဘးနား ဝင္ထိုင္လိုက္သည္ ။

"ျပန္ရေအာင္ "

"ငါမင္းနဲ႕စကားမေျပာဘူး"

"ကိုယ္မင္းကိုအခ်ိန္ေပးနိုင္ေအာင္ႀကိဳးစားေနပါတယ္ နားလည္ေပးပါ"

ေျပာျပန္ၿပီ ။ သူစကားေျပာလိုက္တိုင္းတစ္ဖက္လူကို လူဆိုးျဖစ္ေအာင္လုပ္လိုက္သလိုပဲ ။ မသိရင္ ကိုယ္ကပဲနားလည္မေပးနိုင္တဲ့ လူၾကေနတာပဲ ။

ဂ်ီမင္က ေနရာကေန ထထြက္သြားေသာအခါ JEONက ဂ်ီမင္၏ေနာက္သို႔ ကပ္၍လိုက္လာသည္ ။ အေနာက္ကေန လိုက္လာသည့္ JEONေၾကာင့္ ဂ်ီမင္ကေျခလွမ္းတို႔အား ျမန္ဆန္လိုက္သည္ ။ခပ္သြက္သြက္ေလွ်ာက္ရင္း ေျခေခါက္ကာ ေမွာက္လ်က္လဲေတာ့မည့္အခ်ိန္၌JEONက လွမ္းဆြဲလိုက္သည္ ။

"ဂ႐ုစိုက္ေလ ဗိုက္ထဲမွာကေလးနဲ႕"

"သိပါတယ္ "

"စိတ္ဆိုးေနတာလား ။ ေတာင္းပန္ပါတယ္ ကိုယ္မင္းကိုပစ္ထားမိလို႔ ။ တိုင္းျပည္က စစ္ျဖစ္ဖို႔ နီးစပ္လာလို႔ အရာရာၾကည့္ၾကပ္ေနရလို႔ပါ"

"ငါကမင္းတစ္မ်က္ႏွာနဲ႕ ဒီမွာေနေနရတာငါဒီမွာသိတာဆိုလို႔ မင္းပဲရွိတာမင္းက အဲ့လိုမ်ိဳးပစ္ထားေတာ့ ငါတစ္ေယာက္တည္း အထီးက်န္ဆန္တယ္ ။ငါက မင္းအတြက္ အေရးမပါဘူးလား"

"ေနာက္တစ္ခါ ပစ္မထားေတာ့ပါဘူး ။မင္းကကိုယ့္အတြက္ အေရးပါဆုံးလူသားေလးပါအဲ့တာေၾကာင့္ အထင္မလြဲနဲ႕"

ဂ်ီမင္ရဲ႕ေပေစာင္းေစာင္း အၾကည့္ေလးေတြေၾကာင့္ JEONသည္အလိုလိုၿပဳံးမိေတာ့ ၏ ။ဒီရက္ပိုင္းအတြင္း ဘယ္ေလာက္ေတာင္ပ်င္းေနလိုက္မလဲ ။ အေရးမပါတဲ့ျဖစ္တည္မႈ႕မ်ိဳးလားလို႔ေမးရက္တယ္ ။ မင္းက ကိုယ့္အတြက္အေရးပါလြန္းလို႔စကားနဲ႕ေတာင္ ဘယ္ေလာက္အေရးပါလဲ ေဖာ္ျပေပးလို႔မရေလာက္ဘူး ။မင္းရဲ႕ အစိတ္အပိုင္းတစ္ခုခ်င္းဆီကကိုယ့္အတြက္အေရးႀကီးဆုံး တြယ္ၿငိခ်က္ေလးေတြပဲ ။ကိုယ္က အျပဳအမူနဲ႕မေဖာ္ျပတတ္တာမို႔မင္းသာ နားလည္ရင္ေကာင္းမယ္ ။

"မျပန္ေတာ့ဘူးမလား"

"ျပန္မွာ ၊ ျပန္မွာ "

"မျပန္ပါနဲ႕ ။ မင္းျပန္ရင္ ကိုယ္တစ္ေယာက္တည္းက်န္ခဲ့မွာ"

"မင္းအလုပ္ကိစၥေတြရွိတာပဲ"

"မင္းနဲ႕မွမတူတာ"

JEONက ဂ်ီမင္လက္ကိုလွမ္းဆြဲလိုက္ၿပီး

"စိတ္မဆိုးနဲ႕ေတာ့ စပ်စ္သီးေတြထပ္ဝယ္ေပးမယ္"

"အင္း"

ကြၽန္ေတာ္ JEONကိုသနားမိတယ္ ။သူက ညီအစ္ကို၊ေမာင္ႏွမလည္း မရွိေတာ့ မလႊဲသာ၊မေရွာင္သာတဲ့ အေျခအေနေတြေၾကာင့္ သူ႕ဝါသနာကိုစြန႔္လႊတ္ၿပီး သူ႕လူငယ္ဘဝကိုစြန႔္လႊတ္ၿပီးတိုင္းျပည္အတြက္ မင္းေကာင္းမင္းျမတ္ျဖစ္ေအာင္ ႀကိဳးစားခဲ့ရတယ္ ။ လူငယ္ဆိုတာ အိပ္မက္ေတြရွိၾကတာပဲ မဟုတ္လားသူလည္း အိပ္မက္ေတြအေကာင္အထည္ေဖာ္ခ်င္ခဲ့မွာဘဲ ။

အေဆာင္ေတာ္သို႔ ျပန္ေရာက္သည့္အခါေမွာင္ရီပ်ိဳးစျပဳလာၿပီ ။ဂ်ီမင္က JEONအားေမးသည္ ။

"မင္းအသက္ဘယ္ေလာက္ရွိၿပီလဲ"

"သုံးဆယ္"

သုံးဆယ္ေတာင္လား ။ ႐ုပ္ကေတာ့ ႏုသလိုလိုပါပဲ ။ ငါထက္သုံးႏွစ္ေတာင္ႀကီးတာပဲ ။

"မင္းငယ္ငယ္က ဘာျဖစ္ခ်င္တာလဲ"

JEONက အေတာ္ၾကာသည္အထိ မေျဖဘဲေန၏ ။ ဝါသနာကို စြန႔္လႊတ္ရတာ လြယ္တဲ့အလုပ္မွမဟုတ္ဘဲကို ။JEONက တျဖည္းျဖည္း ကြၽန္ေတာ့္ဆီသို႔ကပ္ကာ တင္ပါးေအာက္ပင့္ခ်ီကာ သူ႕ခါးတြင္ ေျခေထာက္ခ်ိတ္ေစသည္ ။ထို႔ေနာက္ နံရံမွာကပ္လိုက္ၿပီး

"ဘာလို႔သိခ်င္တာလဲ"

"ငါကသိခြင့္မရွိဘူးလား"

"ရွိတယ္ ။ အေပးအယူလုပ္ရေအာင္"

"ရတယ္ေလ ဘာအေပးအယူလဲ"

"မင္းအရင္ကိုယ့္ကိုစနမ္း"

"မင္းလူလည္က်တာ"

JEONရဲ႕မ်က္ဝန္းေတြကို စိုက္ၾကည့္မိေတာ့ စူးရွေန၏ ။သူ႕မ်က္ဝန္းေလးေတြက တစ္ခါတစ္ရံစူးရွေနၿပီး တစ္ခါတစ္ရံၾကေတာ့လည္း ဝိုင္းစက္ၾကည္လင္ေနတတ္သည္။ ဒီဘုရင္က တကယ့္ႏွသ္လိုဖြယ္ေကာင္တဲ့အခ်င္းနဲ႕အဆင္းကို ပိုင္ဆိုင္ထားတာ။မ်က္ႏွာတစ္ဝက္အား အုပ္ထားသည့္ပဝါစအား ဖယ္လိုက္ၿပီး JEONရဲ႕ပါးကို အုပ္ကိုင္ၿပီး နဖူးအား ႏႈတ္ခမ္းျဖင့္ထိကပ္လိုက္သည္ ။

"ရၿပီ"

"မင္းက ပိုလည္တယ္ ။ ကိုယ္ေျပာတာ ႏႈတ္ခမ္းေလ"

"မင္းက ႏႈတ္ခမ္းလို႔မွမေျပာတာ မရဘူးေနာ္ ေျပာၿပီးသားအတည္ပဲ"

ဂ်ီမင္က သိပ္လည္တယ္ ။ တစ္ခါတစ္ေလၾကရင္လည္း အူေၾကာင္ေၾကာင္ေလးနဲ႕။ JEONက ဂ်ီမင္ကိုခ်ီလ်က္နဲ႕ပင္ ဝရံတာရွိ တစ္ေယာက္စီး သစ္သားဒန္းအေသးေလးေပၚသို႔တင္လိုက္၏ ။ ထို႔ေနာက္ ေသာ့ခတ္ထားေသာ ဗီရိုကိုဖြင့္ၿပီးတစ္စုံတစ္ခုအား ထုတ္ယူလိုက္သည္ ။

"ဂီတာ"

"အင္း ။ လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က ဗီရိုထဲထည့္သိမ္းခဲ့တာ"

JEONက ဂီတာအား တယုတယကိုင္ရင္းၿပဳံးေန၏ ။ JEONရဲ႕အၿပဳံးက ဂီတာဟာသူျမတ္နိုးတဲ့အရာမွန္း ေဖာ္ျပေန၏ ။

"ငါ့ကို ဂီတာ တီးျပပါလား"

"ေမ့ကုန္ၿပီ "

"မင္းကလည္း တစ္ခါတည္းပါ ။မွတ္မိသေလာက္ေလးတီးျပေလ"

JEONက ေခါင္းၿငိမ့္ျပကာ ဂီတာကိုယူၿပီး သူႏွင့္မ်က္ႏွာခ်င္းဆိုင္မွာ ဝင္ထိုင္၏။ ဂီတာကို ေပါင္ေပၚတင္ၿပီး သူ႕ရဲ႕လက္ေခ်ာင္းေလးေတြ စတင္လႈပ္ရွားလာ၏ ။တျဖည္းျဖည္းေပၚထြက္လာတဲ့ ဂီတာသံေလးႏွင့္အတူ JEONရဲ႕ႏႈတ္ဖ်ားမွ သီခ်င္းဆိုသံတို႔ထြက္က်သည္ ။JEONရဲ႕အသံက ခ်ိဳၿမိန္ေနၿပီးၾကည္လင္ေနသည္။ အဆိုေတာ္ေတာင္ျဖစ္သင့္တယ္ ။

"Still with you~~~"

ခပ္ေအးေအးေလးအတိုးအေဝွ႕ေလးႏွင့္အတူ ခပ္ေအးေအးသီခ်င္းသံေလးကၾကည္ၾကည္လင္လင္ ခ်ိဳခ်ိဳသာသာေလးႏွင့္ပင္ အဆုံးသတ္သြား၏ ။သီခ်င္းဆုံးသြားသည့္အခ်ိန္ထိ သီခ်င္းထဲ လုံးဝစီးေမ်ာသြားရသည္ ။အသံလည္းေကာင္းတယ္ ၊ ႐ုပ္လည္းေခ်ာတယ္ ၊အရည္အခ်င္းလည္းအျပည့္အဝရွိေနတာပဲ ။သူက ၿပီးျပည့္စုံလြန္းတဲ့လူသားတစ္ေယာက္ ။တစ္ခါတစ္ေလ ေလာကႀကီးက အရည္အခ်င္းရွိတဲ့သူေတြကိုပဲ ခက္ခဲတဲ့ေ႐ြးခ်ယ္စရာေတြေပးေနတာပဲ ။

"မင္းေရးထားတာလား"

"အင္း ၾကာၿပီ ။ မွတ္မိေနေသးတာပဲ"

"အဆိုေတာ္တစ္ေယာက္ျဖစ္ခ်င္တာလား"

"အင္း "

"အခုေရာ "

"ဝါသနာကိုစြန႔္လႊတ္လိုက္ရလည္း ဘာမွမျဖစ္ပါဘူး။ ဘဝမွာ အေကာင္းဆုံးရွင္သန္ၿပီး ေပ်ာ္႐ႊင္ေအာင္ေနလို႔ရေသးတာပဲ ။ဝါသနာေလးတစ္ခုအေနနဲ႕ပဲ ဆည္းပူးခဲ့တာ အဆိုေတာ္တစ္ေယာက္ျဖစ္ရမယ္လို႔လည္း မရည္မွန္းခဲ့ဘူး ။တစ္ေန႕ၾကရင္ ဒီတိုင္းျပည္ကို အုပ္ခ်ဳပ္ရမယ္ဆိုတာ သိေနႏွင့္ၿပီးသားမို႔ ဝါသနာကို အိပ္မက္တစ္ခုအျဖစ္မေျပာင္းလဲခဲ့ဘူး"

"မင္းအုပ္ခ်ဳပ္တာ ဘယ္ႏွႏွစ္ရွိၿပီလဲ"

"ငါးႏွစ္"

"ငါးႏွစ္! အသက္ႏွစ္ဆယ့္ငါးႏွစ္ထဲနဲ႕ ဘုရင္ျဖစ္ခဲ့တာလား"

"ခမည္းေတာ္က ကိုယ္အသက္၂၅ႏွစ္ျပည့္တဲ့လမွာပဲနာမက်န္းျဖစ္ရင္း ဆုံးသြားတာ "

ဘယ္လိုပဲၾကည့္ၾကည့္ JEONကလည္း လူငယ္တစ္ေယာက္ျဖစ္ခဲ့တာပဲ ။သူ႕မွာလည္း အိပ္မက္ေတြ၊ျဖစ္ခ်င္တာေတြရွိခဲ့မွာပဲ ။ ဒါေတြကို ၿမိဳသိပ္ရင္း ဆုံးသြားတဲ့ခမည္းေတာ္ရဲ႕ထီးနန္းကို ဆက္ခံခဲ့ရတယ္ ။ႏွစ္ဆယ့္ငါးႏွစ္ဆိုတဲ့ အတိုင္းအတာဟာငယ္႐ြယ္ေသးတာပဲ ။ အဲ့အ႐ြယ္ကစၿပီးႀကီးမားတဲ့တာဝန္ကို စတင္ထမ္းေဆာင္ၿပီး တိုင္းျပည္တစ္ခုလုံးကို အရည္အခ်င္းရွိရွိအုပ္ခ်ဳပ္နိုင္ခဲ့တာကခ်ီးက်ဴးစရာပါပဲ ။

"မင္းကေလ ဒီဘက္အယ္ရိုရာက ေ႐ႊ ေတြ ယူတဲ့သူတိုင္းကို ဘာလို႔သတ္ျပစ္တာလဲ"

"အယ္ရိုရာတိုင္းျပည္က ရတနာေတြကို အယ္ရိုရာတိုင္းသူျပည္သားေတြပဲပိုင္ၿပီး ယူပိုင္ခြင့္ရွိတယ္ ။တျခားသူေတြ ယူရင္ က်ိန္စာမိၿပီး ဆိုး႐ြားတဲ့ေရာဂါတစ္ခုျဖစ္ၿပီး ေသသြားရလိမ့္မယ္ ဥပမာ ႏူနာဝဲစြဲေရာဂါျဖစ္တာတို႔ ႐ူးႏွမ္းသြားတာတို႔ေပါ့ အဲ့တာေၾကာင့္ တစ္ခါတည္း သတ္ျပစ္လိုက္တာေရာဂါေတြက အရမ္းဆိုး႐ြားေတာ့ သူတို႔ေသသြားတာက ပိုေကာင္းတဲ့လမ္းျဖစ္လိမ့္မယ္"

"ဒါေပမယ့္ ငါနဲ႕အတူပါလာတဲ့ သူတစ္ခ်ိဳ႕က ေ႐ႊေတြမယူရေသးဘူးေလ"

JEONက ကြၽန္ေတာ့္ကို တည့္တည့္စိုက္ၾကည့္လာၿပီး

"သူတို႔က မင္းကိုမေကာင္းႀကံခဲ့လို႔သူတို႔က မင္းကိုတန္ဆာခံလုပ္ၿပီး ေ႐ႊေတြမင္းဆီက လုယူဖို႔လုပ္ထားတာမင္းကို သစၥာေဖာက္ခဲ့ေသးတယ္"

"အဲ့တာေၾကာင့္ သတ္ပစ္ခဲ့တာလား"

"အင္း ဟုတ္တယ္ ။ ကိုယ္သူတို႔က ခြင့္မလႊတ္နိုင္ဘူး "

"ငါလည္း ေ႐ႊတစ္တုံးယူခဲ့တယ္ေလ ငါေရာ အဲ့လိုျဖစ္ၿပီးေသမွာလား"

"တျခားသူေတြက ေလာဘႀကီးၿပီးအမ်ားႀကီး ယူၾကတယ္ ဒါေပမယ့္မင္းက ေလာဘနည္းၿပီး တျခားသူေကာင္းက်ိဳးအတြက္ပါၾကည့္ခဲ့တယ္ ။ အဲ့ဒါ အျပင္ မင္းက ကိုယ္လက္ထပ္ထားတဲ့ သူမို႔အယ္ရိုရာ တိုင္းျပည္သားျဖစ္သြားၿပီ မင္းက ဘုရင့္ရဲ႕ၾကင္ယာေတာ္ျဖစ္တာေၾကာင့္ရတနာေတြရဲ႕ပိုင္ရွင္ဆိုလည္းဟုတ္တယ္"

ဂ်ီမင္အံ့ဩသြားသည္ ။

အခုအခ်ိန္မွာ ေ႐ႊေတြကိုလည္းမလိုခ်င္ေတာ့ဘူး ။လက္ရွိပစၥဳပၸန္မွာသာ အေကာင္းဆုံးေနဖို႔ ဆုံးျဖတ္ထားတယ္။ ဗိုက္ထဲက ကေလးကိုေမြးၿပီးရင္ ဘယ္လိုဆက္လုပ္ရမလဲ ႀကိဳမေတြးခ်င္ေတာ့တာမို႔ ယခုအခ်ိန္ ကေလးကိုသာ ဂ႐ုစိုက္ရင္း ကေလးကိုအေကာင္းဆုံးေမြးနိုင္ေအာင္ႀကိဳးစားရမယ္ ။

"မင္းအျပင္သြားရင္ မ်က္ႏွာကအုပ္ထားတဲ့ပဝါႀကီး ခြၽတ္လို႔ရၿပီမဟုတ္လား"

"မင္းကခြၽတ္ေစခ်င္လို႔လား"

"ဟင့္အင္း မခြၽတ္နဲ႕ ။ မခြၽတ္တာပဲေကာင္းတယ္"

"JEONမင္းကလူမဟုတ္ဘူးဆို မင္းကလူလိုပဲမလား ။ ဘာလို႔လူမဟုတ္ဘူးလို႔ေျပာတာလဲ"

JEONရဲ႕ ေနာက္ေက်ာမွ ေတာင္ပံအနက္ေရာက္ႀကီးက ျဖန႔္ထြက္လာၿပီး ဂ်ီမင္ကျမင္ေတာ့ပါးစပ္အေဟာင္းသား မ်က္လုံးအျပဴးသားေလးျဖင့္ ။

"ဒီေတာင္ပံႀကီးက အစစ္လား ။ ပ်ံလို႔ရလား"

"ရတာေပါ့"

ဂ်ီမင္က အံ့ဩတႀကီး ေတာင္ပံအား ထိၾကည့္ရင္း ေမး၏ ။

"ေတာင္ပံက က်ိဳးလားဟင္ ။ အႀကီးႀကီးပဲေနာ္ "

"သူက က်ည္ေတာင္မေဖာက္ဘူး"

"Oh!!! တကယ္လားးး မိုက္တယ္"

ဂ်ီမင္က ေတာင္ပံေတြအား အေသးစိတ္ၾကည့္ ေလွ်ာက္ကိုင္ၾကည့္ေန၏ ။ေတာင္ပံက အတောာ်လေးမာတာပဲ ။က်ည္ဆံေတာင္မေဖာက္နိုင္ဘူးဆိုေတာ့က်ည္ကာေတာင္ လုပ္လို႔ရတယ္ ။

"ငါလည္း လိုခ်င္လိုက္တာ"

"မင္းပ်ံသန္းခ်င္တိုင္း ပ်ံသန္းလို႔ရတဲ့ေတာင္ပံအျဖစ္ ကိုယ္ကရွိေနေပးမွာေပါ့"

ဂ်ီမင္ပါးေလးရဲသြားၿပီး..

"ငါကဒီတိုင္းေလးေျပာတာပါ"

ေတာ္ေတာ္လည္း ရိုတတ္တယ္ ။

JEONကၿပဳံးေနရင္း အေတာင္ကိုျပန္သိမ္းလိုက္ၿပီး

"ဝရံတာက ေအးတယ္ ။ အထဲဝင္ရေအာင္ "

"အင္း။ ဝင္ၾကတာေပါ့"

႐ုတ္တရက္ သူ႕အား ေပြ႕ခ်ီလိုက္သည့္JEONေၾကာင့္ ဂ်ီမင္မွာေၾကာင္အ,သြားရသည္။ JEONက ဂ်ီမင္အား ခ်ီၿပီး အိပ္ယာေပၚသို႔တင္လိုက္သည္။

"အိပ္ေတာ့..ေစာေစာအိပ္တာ က်န္းမာေရးေကာင္းတယ္"

"ငါေစာေစာအိပ္မယ္လုပ္တိုင္း ေစာေစာ မအိပ္နိုင္ေအာင္လုပ္တာ မင္းေလ"

JEONက သေဘာတက်ရယ္လိုက္ၿပီး

"ဒီေနေတာ့ အိပ္ေတာ့ "

ကြၽန္ေတာ္လည္း ေယာကၤ်ားတစ္ေယာက္ေပမယ့္ JEONရဲ႕ရယ္သံ ဆြဲေဆာင္မႈ႕ရွိတယ္လို႔ထင္တယ္ ။

JEONက ဂ်ီမင္ရဲ႕နဖူးေပၚ တစ္ခ်က္နမ္းလိုက္ၿပီး ေစာင္ၿခဳံေပးလိုက္သည္ ။

"မင္းေရာ မအိပ္ဘူးလား"

"စစ္သူႀကီးေတြနဲ႕ေဆြးႏြေးစရာရွိလို႔ခနေန ျပန္လာခဲ့မယ္ "

JEONက ထိုသို႔ေျပာကာ အခန္းထဲကထြက္သြားသည္ ။ တစ္ခါတစ္ေလ ကြၽန္ေတာ္လည္းနားလည္ေပးရမယ္ထင္တယ္ ။သူကဘုရင္တစ္ပါးပဲမလား သူ႕ကိုယ္ေရးကိုယ္တာ ထက္တိုင္းျပည္အေရးက ပိုအေရးႀကီးတာေပါ့ ။ ဒါက ဘုရင္တစ္ပါးရဲ႕က်င့္ဝတ္ပါပဲ ။ ကိုယ္အက်ိဳးစီးပြားထက္တိုင္းသူျပည္သားေတြရဲ႕ အက်ိဳးစီးပြားကိုပိုဦးစားေပးရမယ္ေလ ။ ဒါမွ ေကာင္းမြန္တဲ့ဘုရင္တစ္ပါးျဖစ္မွာေပါ့ ။JEONလည္း အရမ္းပင္ပန္းခဲ့မယ္လို႔ထင္တယ္ ။JEONက မင္းေကာင္းမင္းျမတ္တစ္ပါးပါသူက အသိပညာရွိၿပီး တိုင္းျပည္ကိုဖြံ႕ၿဖိဳးတိုးတက္ေအာင္ စီမံခန႔္ခြဲနိုင္ၿပီးရဲရင့္ၿပီး သတၱိရွိတဲ့ဘုရင္တစ္ပါးေပါ့ ။

တျဖည္းျဖည္း အခ်ိန္ေတြ ကုန္လြန္လာသည္ႏွင့္အမွ် ဗိုက္ေလးမဆိုသေလာက္ေလး ထြက္လာသည္ ။ JEONဆီမွာ ဓားသိုင္းသင္ယူခ်င္ေပမယ့္ JEONက ကေလး တစ္ခုခုျဖစ္မွာစိုးရိမ္လို႔ကေလးေမြးၿပီးရင္ သင္ေပးမယ္လို႔ေျပာတယ္ ။

ေနာက္ပိုင္း JEONက အိပ္ခ်ိန္ေတြေတာင္နည္းလာတယ္ ။ကြၽန္ေတာ္ေဘးနားမွာ ကြၽန္ေတာ္စိတ္ခ်ေအာင္ ဝင္အိပ္ေပးေပမယ့္ ကြၽန္ေတာ္ အိပ္ေပ်ာ္သြားရင္ အၿမဲတမ္းအျပင္ကိုထြက္သြားတယ္ ။ နန္းေတာ္ထဲမွာလည္းမၿငိမ္မသက္ျဖစ္ေနၿပီး ညီလာခံကျပန္လာရင္ JEONမ်က္ႏွာဟာတင္းမာေနတတ္တယ္ ။ သူ႕ကို ဘာျဖစ္လို႔လဲလို႔ ေမးရင္ အၿမဲတမ္းဘာမွမျဖစ္ပါဘူး စိတ္မပူနဲ႕ဟု ၿပဳံးျပရင္း ျပန္ေျဖတယ္ ။

တစ္ခါတစ္ေလၾကရင္ JEONခႏၶာကိုယ္မွာ ဒဏ္ရာဒဏ္ခ်က္ေတြရလာတယ္ ။တစ္ခါလည္း မဟုတ္ ႏွစ္ခါလည္းမဟုတ္လို႔ ဒဏ္ရာေတြဘယ္ကရလာတာလဲလို႔ေမးရင္ ဒီတိုင္းပါ စိတ္မပူနဲ႕လို႔ပဲျပန္ေျဖတယ္ ။ သူ႕အေျဖေတြက ႐ုပ္တိမွမရွိတာ ကြၽန္ေတာ္ ဘယ္စိတ္မပူဘဲေနမလဲ ။

ဒီလိုနဲ႕ လေတြၾကာလာတဲ့အခါ ကြၽန္ေတာ္ ေမြးေတာ့မယ့္လေတာင္ေရာက္ၿပီ ။ေယာကၤ်ားေလးမို႔လို႔ ဗိုက္ကေတာ့သိပ္မထြက္ေပမယ့္ လုံးလုံးေလးမို႔ကိုယ့္ဘာသာကိုအသဲယားေနမိသည္ ။JEONက ဒီလိုအခ်ိန္အနားမွာရွိေနသင့္ေပမယ့္အၿမဲတမ္း အလုပ္ရႈပ္ေနတတ္တယ္ ။မ်က္ႏွာျမင္ရတဲ့ ေန႕ရက္ေတာင္ရွားေနသလို ။ သို႔ေပမယ့္ တစ္ခါတစ္ေလ အသည္းအသန္လာေတြ႕တဲ့အခါ အစစအရာရာဂ႐ုစိုက္ဖို႔ေျပာ၍ ဗိုက္ေလးကို နမ္းသြားၿပီး ျပန္ထြက္သြားျပန္ေရာ ။ နည္းနည္းေတာ့စိတ္မေကာင္းျဖစ္ေပမယ့္ ကြၽန္ေတာ္ထုတ္မေျပာမိပါဘူး ။JEONမွာ အေၾကာင္းကိစၥတစ္ခုခုရွိမယ္ထင္တယ္။

JEONရဲ႕ေမြးဖခင္ကလည္း ခဏခဏအေဖာ္ျပဳၿပီးလာေနေပးသည္။ ကေလးေမြးတဲ့အခ်ိန္ ခြဲစိတ္ေပဖို႔Uncleက JEONကိုေမြးတဲ့အခ်ိန္တုန္းက ခြဲစိတ္ေပးခဲ့တဲ့ ဆရာဝန္ရဲ႕သားကိုအကူအညီေတာင္းကာ အနားမွာအသင့္ေခၚထားၿပီးလိုအပ္သမွ် ေဆးပစၥည္းေတြလည္းအသင့္ဝယ္ထားသည္ ။ အနီးကပ္ေစာင့္ေရွာက္ေပးဖို႔ အထိန္းေတာ္ေတြလည္း ထားထားၿပီး အားလုံးက ဂ႐ုတစိုက္ဆက္ဆံေပးၾကသည္ ။ကေလးရဲ႕ခမည္းေတာ္ကေတာ့ တစ္ပတ္မွ သုံးႀကိမ္ေလာက္သာ လာေတြ႕သည္ ။

တစ္ေန႕...

ကြၽန္ေတာ္အိပ္ေနတဲ့အခ်ိန္မွာJEONက ေရာက္လာၿပီး ကြၽန္ေတာ့္လက္ကို ခပ္ဖြဖြေလးကိုင္ကာလက္ဖမိုးကိုနမ္း၏။ ကြၽန္ေတာ္အိပ္မေပ်ာ္ေသးတာတစ္ခုေကာင္းသြားတယ္ ။JEONက ကြၽန္ေတာ့္ဗိုက္ေလးကို နမ္းၿပီးနဖူးေပၚသို႔ထပ္နမ္းျပန္တယ္ ။

"ခမည္းေတာ္ အခ်ိန္မွီျပန္မေရာက္ရင္စိတ္မဆိုးနဲ႕ေနာ္ ။ သားရဲ႕အေဖဆီက က်န္းက်န္းမာမာနဲ႕ ေမြးဖြားလာရမယ္ေနာ္ ။ ခမည္းေတာ္ကသားကိုေတြ႕ရဖို႔ ေသခ်ာေပါက္ ျပန္လာခဲ့မွာ ။ သားေမြးဖြားပုံေလးကိုခမည္းေတာ္ကိုယ္တိုင္ ျမင္ေတြ႕ခ်င္ေပမယ့္ အခ်ိန္မွီပါ့မလားမသိဘူး ။ အကယ္၍ခမည္းေတာ္ ထာဝရျပန္မလာနိုင္ရင္လည္းသားအေဖနဲ႕အတူ ေကာင္းေကာင္းမြန္မြန္ ႀကီးျပင္းရမယ္ေနာ္"

JEONက ထိုသို႔ေျပာၿပီးေနာက္..

"ကိုယ္မင္းကို ဂ႐ုမစိုက္ေပးနိုင္ခဲ့လို႔ေတာင္းပန္ပါတယ္ ။ က်န္းက်န္းမာမာနဲ႕ရွိေနေပးေနာ္အကယ္၍ ကိုယ္မင္းနားမရွိေပးနိုင္ေတာ့ရင္ကေလးကို ကိုယ့္အစားဂ႐ုစိုက္ေပးပါခ်စ္တယ္ ကိုယ့္ရဲ႕ဘုရင္ငယ္ေလးအစစအရာရာဂ႐ုစိုက္ပါ "

JEONက ကြၽန္ေတာ့္ ႏႈတ္ခမ္းေပၚတစ္ခ်က္နမ္းကာလွည့္ထြက္သြားသည္။ ကြၽန္ေတာ္မ်က္လုံးဖြင့္ၾကည့္ခ်ိန္ JEONရဲ႕ေက်ာျပင္ကို ျမင္လိုက္ရသည္။JEONက ဓားရွည္တစ္ေခ်ာင္းဆြဲကိုင္ထားၿပီး စစ္သူႀကီးေတြဝတ္သကဲ့သို႔ သံခ်ပ္ကာဝတ္စုံျပည့္ကို ဝတ္ဆင္ထားသည္ ။ JEONက ဘယ္သြားမလို႔လဲ...။

"အဲ့တာဘယ္လဲ"

ကြၽန္ေတာ့္အသံၾကားေတာ့ JEONရဲ႕ေျခလွမ္းေတြ ရပ္တန႔္သြားသည္ ။JEONက ကြၽန္ေတာ္မသိေအာင္ တစ္ေနရာရာသြားဖို႔ ျပင္ေနတာလား ။

"ငါ့ကိုတစ္ခုခုေျပာသင့္တယ္မထင္ဘူးလား ဘာလို႔လူမသိသူမသိ ထြက္သြားဖို႔ျပင္ေနတာလဲ"

ကြၽန္ေတာ္ JEONရဲ႕အနားကို႔ေလွ်ာက္သြားလိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္ရပ္လိုက္သည္ ။JEONရဲ႕မ်က္ႏွာဟာတည္တံ့ေနၿပီး ေအးစက္ေနသည္။

"ေျပာေလ အဲ့တာဘယ္သြားမလို႔လဲလို႔ ။ဘာလို႔ အကယ္၍ျပန္မလာနိုင္ရင္လို႔ ေျပာရတာလဲ။ ေျပာေလ!!"

ဂ်ီမင္စိတ္တို႔မတည္မၿငိမ္ျဖစ္လာၿပီး JEONရဲ႕ ရင္ဘတ္ကိုရိုက္ကာေအာ္ေျပာလိုက္သည္ ။အထားခံရေတာ့မည့္အတိုင္း ရင္ထဲမြန္းၾကပ္လြန္းလို႔ သူမ်က္ရည္တို႔လည္း ဝဲလာ၏ ။

"ကိုယ္ စစ္တိုက္သြားရလိမ့္မယ္"

ျပတ္ျပတ္သားသား ၾကည္ၾကည္လင္လင္ၾကားလိုက္ ရသည့္JEONရဲ႕စကားတစ္ခြန္းက ကြၽန္ေတာ့္ႏွလုံးသားအား ထုေခ်လိဳက္သလိုပင္ ။ စိတ္ထဲ ေၾကာက္စိတ္တို႔သည္လည္း တိုးဝင္လာသည္ ။

"အခ်ိန္ဘယ္ေလာက္ၾကာမလဲ မသိေပမယ့္ ကိုယ္ေသခ်ာေပါက္ျပန္လာခဲ့မွာ"

JEONက ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ကာေျပာလာျပန္သည္ ။ စစ္တိုက္ထြက္ၿပီဆိုတည္းက အသက္ရွင္လ်က္ျပန္လာဖို႔က ခက္ခဲလြန္းတယ္မလား ။ တမင္သက္သက္စိတ္သက္သာေအာင္ ေျပာေပးတာမွန္းမသိရေအာင္ကြၽန္ေတာ္က ငအ မွမဟုတ္တာ ။

"မင္းရဲ႕ကေလးေမြးတဲ့အခ်ိန္အမွီေရာက္နိုင္လား"

ဂ်ီမင္ရဲ႕ေမးခြန္းဟာ JEONကို ႏႈတ္ဆိတ္ေစခဲ့သည္ ။

"ကေလးေမြးတဲ့အခ်ိန္ အမွီျပန္လာမယ္မလား ။ မင္းျပန္မလာရင္ ငါကေလးမေမြးဘူး။ၾကားလား ငါေျပာတာ ။ ျပန္လာမယ္မလား"

"ကိုယ္ျပန္မလာနိုင္ရင္.."

"မင္းျပန္မလာရင္ ငါကေလးမေမြးဘူးၾကားလားလို႔!!! ေသခ်ာေပါက္ ျပန္လာခဲ့ပါ ။ ကေလးအတြက္ ဂုဏ္ယူစရာဖခင္အျဖစ္နဲ႕ ကေလးမေမြးခင္ အခ်ိန္မွီျပန္ေရာက္လာေပးပါ။ ကတိေပး ။ဘုရင္ဆိုတာကိုယ့္ကကတိ ကိုယ္တည္ရတယ္ေနာ္ကတိဖ်က္ရင္ ဘုရင္မျဖစ္ထိုက္ဘူး "

"အင္း ကိုယ္ကတိေပးပါတယ္ ။အစစအရာရာ ဂ႐ုစိုက္ေနာ္ ။ ကိုယ္ေသခ်ာေပါက္ ျပန္လာခဲ့မယ္"

"ငါယုံၾကည္လို႔ျဖစ္တယ္မလား"

"ကိုယ္မင္းတို႔အတြက္ေရာ တိုင္းျပည္အတြက္ပါ ေသခ်ာေပါက္ ျပန္လာခဲ့ေပးမယ္"

ဂ်ီမင္က JEONရဲ႕လည္ပင္းကို ခ်ိတ္တြယ္ကာ ဖက္လိုက္ၿပီးJEONက ဂ်ီမင္ရဲ႕ခါးအား တင္းၾကပ္စြာျပန္ေပြ႕ဖက္ထားရင္း ဂ်ီမင္ရဲ႕လည္ပင္းၾကား ႏွာေခါင္းျဖင့္တိုးေဝွ႕ရင္း ကိုယ္သင္းနံ႕အားရႉရွိူက္ေန၏ ။လည္ပင္းသားေလးအား ႏႈတ္ခမ္းျဖင့္ တစ္ခ်က္ ပြတ္ဆြဲကာ ဂ်ီမင္၏ႏႈတ္ခမ္းေပၚသို႔ ဖိကပ္လိုက္သည္ ။ ႏႈတ္ဆက္အနမ္းလား ။ႏွစ္သိမ့္တဲ့အနမ္းလား ။ေနာက္ဆုံးအနမ္းတစ္ခုမဟုတ္ပါေစနဲ႕ဆုေတာင္းမိသည္။

ဂ်ီမင္က JEONရဲ႕ပါးအား လက္ဖဝါးေလးျဖင့္ အုပ္ကိုင္ကာ စတင္နမ္းရွိူက္လာတာေၾကာင့္ JEONကလည္း နင့္နင့္နဲနဲ ျပန္၍နမ္းရွိူက္လာ၏ ။ လြမ္းဆြတ္ျခင္း၊ဝမ္းနည္းျခင္း၊ ပူေဆြးျခင္းတို႔ကိုေထြးပိုက္လ်က္ စတင္ကာဦးေဆာင္နမ္းသည့္သူကဂ်ီမင္ျဖစ္ေပမယ့္ ကြၽမ္းက်င္စြာနမ္းတတ္သည့္JEONကသာ ျပန္ဦးေဆာင္ခဲ့ရသည္ ။အတန္ၾကာနမ္းရွိူက္ၿပီးေနာက္ တစ္ေယာက္ကိုတစ္ေယာက္ ခပ္တင္းတင္းဖက္ထားရင္း ၿငိမ္သက္ေနၾကျပန္သည္ ။

"ကိုယ္သြားရေတာ့မယ္ ။ ကိုယ္မင္းကိုမစြန႔္လႊတ္ဘူးဆိုတာ သိတယ္မလား ။ ေသခ်ာေပါက္ ေအာင္ပြဲနဲ႕အတူ ျပန္လာခဲ့မယ္ ။အေဖက ဂ်ီမင္နဲ႕အနီးကပ္လာေနေပးလိမ့္မယ္ကေလးက လရင့္ေနၿပီ ေလွ်ာက္မေျပးနဲ႕။စားခ်င္တာ တစ္ခုခုရွိရင္ အထိန္းေတာ္ေတြကိုေျပာ ၊ ပ်င္းရင္ အေနာက္ဘက္ ပန္းၿခံေလးမွာ ေလွ်ာက္ၾကည့္ေန၊ ကိုယ့္ကိုကိုယ္လည္း ဂ႐ုစိုက္အုံး ၊ အေအးမပတ္ေစနဲ႕၊ေစာေစာအိပ္ ၊ ျပဴတင္းေပါက္ေတြလည္း ပိတ္အိပ္ ၊ စပ္စပ္စုစုလည္းမေနနဲ႕အုံး၊အားေဆးလည္း ပုံမွန္ေသာက္ ၊ ေရအၾကာႀကီး မခ်ိဳးနဲ႕ တစ္ခုခုေနမေကာင္းတာ ရွိရင္ ဆရာဝန္ကို ခ်က္ခ်င္းေျပာ ၊ ၿပီးေတာ့.."

"သြားေတာ့ ။ အခုသြားေတာ့ ငါမင္းကိုေစာင့္ေနမွာ ကေလးမေမြးခင္အမွီျပန္လာေနာ္ ။ဒဏ္ရာအမ်ားႀကီး မရေစနဲ႕ "

ဂ်ီမင္ရဲ႕အသံတို႔က အက္ကြဲလာၿပီး ပါးျပင္ေပၚသို႔ မ်က္ရည္တို႔စီးက်လာတာေၾကာင့္JEONက ခပ္ဖြဖြသုပ္ေပးရင္း ႏႈတ္ခမ္းအားတစ္ခ်က္ ငုံ႕နမ္းကာခ်စ္တယ္ဟု ေျပာၿပီးေနာက္ ခ်က္ခ်င္း ထြက္သြားေတာ့သည္ ။က်က္သေရတုံးေကာင္ အခုမွခ်စ္တယ္ေျပာေတာ့ ဘာလုပ္လို႔ရမွာလဲ ။

တစ္ရက္...

ႏွစ္ရက္ ၾကာလာၿပီ..

ထပ္ၿပီး ငါးရက္ေျမာက္ေန႕...

ခုႏွစ္ရက္ေျမာက္ေန႕..

JEONက စာပို႔လာတယ္ ။ သူအရာရာအဆင္ေျပတယ္ ျမန္ျမန္တိုက္ပြဲကိုအဆုံးသတ္ၿပီး ျပန္လာခဲ့မယ္လို႔ ေရးထားတယ္ ။

သို႔ေပမယ့္ ႏွစ္ပတ္ၾကာၿပီးတဲ့အထိျပန္မေရာက္လာခဲ့ဘူး ။ခင္ဗ်ားက ကြၽန္ေတာ့္ကိုစိတ္သက္သာေအာင္တမင္သက္သက္ လိမ္ေျပာျပန္တာလား ။

တနလၤာေန႕...

ညည့္ဦးယံအခ်ိန္၌...ဂ်ီမင္ ဗိုက္နာလာခဲ့သည္ ။

"အား အား အာ့ ဗိုက္..ဗိုက္နာတယ္"

ဂ်ီမင္ ဗိုက္နာေနတာကိုေတြ႕ေတာ့အထိန္းေတာ္ေတြက JEONရဲ႕ေမြးဖခင္ကို ေျပးေခၚၾကသည္ ။

မျဖစ္ဘူး.. JEONမွျပန္မေရာက္ေသးတတာ။ဟင့္အင္း JEONျပန္ေရာက္လာမွေမြးမယ္ ။ကေလးရဲ႕မ်က္ႏွာေလးကို ပထမဆုံးျမင္ရတဲ့သူက JEONပဲျဖစ္ေစခ်င္တာ ။

"ဂ်ီမင္ ဆရာဝန္ေတြ လာၿပီ ။ စိတ္ေအးေအးထား အဆင္ေျပသြားမွာ"

"ဟင့္အင္း JEONလာမွေမြးမယ္JEONကိုေခၚေပးပါ ။ သူလာမွေမြးမယ္လို႔!"

ဂ်ီမင္ကေျပာရင္းႏွင့္ပင္ ငိုေတာ့သည္ ။

"JEONက အခုခ်ိန္စစ္ဇုံထဲေရာက္ေနတာေလကေလးရယ္ JEONကျပန္လာလို႔မရေသးဘူးJEONျပန္လာရင္ ခ်က္ခ်င္းေပ်ာ္သြားေအာင္ဂ်ီမင္က ကေလးေလးေမြးေပးထားရမွာေပါ့အဲ့တာမွ JEON ကေအာင္ပြဲေတြနဲ႕ ျပန္လာရင္ အေမာေျပမွာေပါ့"

"ဟင့္အင္း ကြၽန္ေတာ္မေမြးနိုင္ေလာက္ဘူးJEONကိုေခၚေပးပါ ။ ကြၽန္ေတာ္သူ႕ကိုေတြ႕ခ်င္တယ္ ။သူျပန္လာမွ ေမြးမယ္"

ဆက္ၿပီးေခါင္းမာေနတဲ့ ဂ်ီမင္ေၾကာင့္JEONရဲ႕ေမြးဖခင္ကလည္း..

"ဟုတ္ၿပီ uncleအခုသြားေခၚခိုင္းလိုက္မယ္ ။JEONက အျမန္ဆုံးျပန္လာလိမ့္မယ္သားအခုလို ဆက္ေနေနရင္ ဗိုက္ထဲက ကေလးေလးတစ္ခုခုျဖစ္သြားရင္JEONက စိတ္မေကာင္းျဖစ္သြားမွာေပါ့ခြဲစိတ္တာကလည္း ၁နာရီနီးပါးၾကာမွာ အဲ့၁နာရီအတြင္း uncleက JEONကိုျပန္ေခၚလာေပးမယ္ေနာ္ ။ လိမၼာတယ္ "

ဂ်ီမင္ကို ေသခ်ာနားခ်ၿပီး ခြဲစိတ္ဖို႔ တိုက္တြန္းၿပီးမွ JEONရဲ႕ေမြးဖခင္ဟာJEONကိုေခၚဖို႔ စစ္သည္ေတာ္ တစ္ေယာက္အျမန္ေစလႊတ္လိုက္သည္။ဆရာဝန္မ်ားကလည္း ခြဲစိတ္ဖို႔ျပင္ဆင္ေနၾကၿပီး ဂ်ီမင္ကလည္းကုတင္ေပၚလွဲေလ်ာင္းလ်က္ JEONအား ေစာင့္ေမွ်ာ္ေနသည္ ။

ခဏၾကာသည့္အခါ စတင္ခြဲစိတ္၏။ ထိုအခါမွာေတာ့ ဂ်ီမင္ စိတ္ေလ်ာ့လိုက္ေတာ့သည္ ။JEONက ဘယ္လိုလုပ္မွီနိုင္ပါ့မလဲ ။ငါကိုယ္က မျဖစ္နိုင္တာေျပာမိတာပဲ။သူေပးတဲ့ ကတိေတြကလည္း အစကတည္းက မျဖစ္နိုင္မွန္းသိခဲ့သင့္တာ ။ငါကိုက ေခါင္းမာေနခဲ့တာ ။မ်က္ခြံတို႔အား မွိတ္ခ်လိဳက္ၿပီးေနာက္သူ႕မ်က္ေထာင့္စြန္းေလးမွ မ်က္ရည္တို႔စီးက်လာသည္။

မိနစ္၂၀ၾကာျမင့္ၿပီးေသာအခါ...

ဝုန္းးး ဆိုတဲ့ အသံၾကားလိုက္ရတာေၾကာင့္..

"JEON!!"

ေဘးနားမွာ ရွိေနတဲ့ uncleက..

"JEONေရာက္လာၿပီထင္တယ္"

Uncleက ခ်က္ခ်င္းအခန္းထဲထြက္သြားသည္ ။JEONျပန္ေရာက္လာတာလား။တကယ္လား ။အခန္းတံခါး ဖြင့္လာၿပီးေနာက္ JEONက စစ္ဝတ္စုံႏွင့္ တံခါးဝမွာရပ္ေနၿပီး ဆရာဝန္တို႔ကပိုးသတ္ေဆး ျဖန္းေပးေန၏ ။ပိုးသတ္ေဆး ျဖန္းေပးၿပီးသည့္အခါJEONက အနားသို႔ေရာက္လာသည္ ။

"ကိုယ္ျပန္လာၿပီ ။ ကိုယ္မင္းကိုကတိေပးထားတယ္ေလကိုယ္ျပန္လာမယ္လို႔ မငိုနဲ႕ေတာ့"

JEONရဲ႕စစ္ဝတ္စုံက ေသြးစေတြ စြန္းထင္းေနၿပီး JEON၏မ်က္ႏွာမွာလည္း ပြန္းရာ ရွရာတို႔ႏွင့္အတူ ေသြးစေတြလည္းေပးေန၏ ။

"ဒဏ္ရာမရဘူးမလား"

"ဒဏ္ရာႀကီးႀကီးမားမားမရပါဘူး"

JEONက ဂ်ီမင္ရဲ႕လက္ဖဝါးကို တင္းၾကပ္စြာ ဆုပ္ကိုင္ၿပီး ႏႈတ္ခမ္းျဖင့္ခပ္ဖြဖြနမ္းသည္ ။

"တိုက္ပြဲအေျခအေနကေရာ"

"အၿပီးသတ္လိုက္ၿပီ ။ ကိုယ္တို႔နိုင္သြားၿပီ။ကိုယ္တိုက္ပြဲနိုင္သြားတဲ့ေန႕မွာပဲကေလးေလးက ေမြးဖြားလာလို႔ အေပ်ာ္လြန္ေနတာ"

"မင္းေရာက္မ်ားေရာက္လာပါ့မလားလို႔ ။ငါေၾကာင့္ မင္းမ်ားဒဏ္ရာရသြားမလားလို႔ စိုးရိမ္ေနတယ္ ကေလးရဲ႕မ်က္ႏွာကိုပထမဆုံးျမင္ရတဲ့သူက မင္းပဲျဖစ္ေစခ်င္တာ"

"အခု ကိုယ္ျပန္ေရာက္လာၿပီပဲစိတ္မပူနဲ႕ေတာ့ ။ ဟုတ္ၿပီလား"

ခြဲစိတ္မႈ႕ၿပီးသည္အထိ JEON က ကြၽန္ေတာ့္လက္ကိုင္ရင္း ထိုင္ေစာင့္ေပးေနခဲ့တယ္။ ကေလးဗိုက္ထဲက ထြက္လာတဲ့အခ်ိန္ပထမဆုံးျမင္တဲ့သူက သူျဖစ္ရေအာင္JEONက အသည္းအသန္ၾကည့္ေနခဲ့တယ္ ။

"သားေလးေမြးတယ္ ။ကေလးက ဝဝေလးပဲ။ က်န္းက်န္းမာမာလည္းရွိတယ္"

ဆရာဝန္က ကေလးကို အႏွီးေလးေသခ်ာထုတ္ကာ JEONရဲ႕လက္ထဲ ထည့္ေပး၏ ။JEONက ကေလးေလးကို အသာေလးေပြ႕ခ်ီကာ ပါးစပ္မစိနိုင္ေအာင္ပင္ ၿပဳံးၿဖီးေန၏ ။JEONရဲ႕ဝမ္းသာလြန္းလို႔ က်တဲ့ မ်က္ရည္တစ္စက္ဟာ ကေလးရဲ႕နဖူးေပၚသို႔ က်ေရာက္သြား၏။

ေသြးေတြ ေပက်န္ေနေသာစစ္ဝတ္စုံနဲ႕ မလိုက္ဖက္စြာ JEONက ငိုေနေတာ့သည္။ JEONရဲ႕မ်က္ရည္ေတြက ကေလးအေပၚမည္မွ်ေလာက္ ခ်စ္သလဲ ေဖာ္ျပေနသလို ။

"မငိုနဲ႕ ။ ဘုရင္ျဖစ္ၿပီး အဲ့လိုငိုေနလို႔ဘယ္ျဖစ္မလဲ"

ကေလးကိုပိုက္ကာ သူ႕ေဘးမွာ ထိုင္ေနတဲ့JEONရဲ႕ပါးျပင္ေပၚက မ်က္ရည္စတို႔အားလက္ဖဝါးျဖင့္ သုတ္ေပးရင္း ဂ်ီမင္ကေျပာလိုက္ေတာ့..

"ေက်းဇူးတင္ပါတယ္ ။ ကိုယ့္ကိုတန္ဖိုးမျဖတ္နိုင္တဲ့ သားေလး ေမြးေပးလို႔ မင္းကိုတသက္လုံး ေက်းဇူးတင္ေနမွာ "

"ေတာ္ပါေတာ့ ။ မငိုနဲ႕ေတာ့ ကေလးလည္းသိရင္ ဘယ္စိတ္ေကာင္းပါ့မလဲ"

JEONက ဂ်ီမင္ရဲ႕နဖူးကို ငုံ႕နမ္းကာ..

"အမ်ားႀကီးပင္ပန္းခဲ့တယ္ ေက်းဇူးလည္းတင္တယ္ ။ ကိုယ့္ဆီကမထြက္သြားေပးတဲ့ အတြက္ေရာ ကေလးေလးပါ ေမြးေပးတဲ့အတြက္ေရာ ။ မင္းကိုထာဝရ အသက္ထက္ဆုံး ခ်စ္ေနမွာပါ"

ဂ်ီမင္က JEONရဲ႕ပါးျပင္အား ခပ္ဖြဖြေလးပြတ္ရင္း ျပန္ေျပာ၏ ။

"မင္းက ပိုပင္ပန္းခဲ့ပါတယ္ တိုင္းျပည္အတြက္ေရာ မင္းရဲ႕ေသြးသားအတြက္ပါ အေကာင္းဆုံး လုပ္ေဆာင္ေပးနိုင္ခဲ့တယ္ဂုဏ္ယူပါတယ္ အယ္ရိုရာတိုင္းျပည္ရဲ႕ဘုရင္ JEONမင္းအတြက္ ဆက္ခံသူသားရတနာေလးထြန္းကားခဲ့ၿပီ စစ္ပြဲလည္းေအာင္နိုင္ခဲ့ၿပီ"

JEONက ကြၽန္ေတာ့္စကားေၾကာင့္ရယ္၏ ။ JEONရဲ႕အၿပဳံးေတြက ေတြက ေတြ႕ဖို႔ခဲယဥ္းလြန္းေပမယ့္ JEONကကြၽန္ေတာ့္ကိုေတာ့ အၿမဲၿပဳံးျပတယ္ ။

JEONက မေကာင္းတာမွန္သမွ်သူတစ္ေယာက္တည္း ႀကိတ္ခံစားၿပီးေကာင္းတာေတြမွသာ ကြၽန္ေတာ့္ကိုမွ်ေဝတတ္တယ္ ။ သူက ကြၽန္ေတာ့္အတြကက္ အေကာင္းဆုံး ခင္ပြန္းေကာင္း တစ္ေယာက္ျဖစ္ေပးသလို ကေလးေတြအတြက္လည္းအေကာင္းဆုံး ဖခင္တစ္ေယာက္ျဖစ္ေပးတယ္။

ကေလးေတြဆိုလို႔ မေၾကာင္သြားပါနဲ႕ ။ကြၽန္ေတာ္ JEONနဲ႕တိုင္ပင္ၿပီး ကေလးထပ္ယူခဲ့တယ္ ။ JEONက တစ္ဦးတည္းေသာ သားမလို႔ ဝါသနာကိုစြန႔္လႊတ္ၿပီး ဘုရင့္အရိုက္အရာဆက္ခံခဲ့ရတယ္ ။ ကြၽန္ေတာ့္ကေလးေတြ ကိုေတာ့ သူတို႔ကိုယ္တိုင္ေ႐ြးခ်ယ္ခ်င္တဲ့လမ္းကိုေ႐ြးခ်ယ္နိုင္ေအာင္ ၊ တစ္ေယာက္ကိုတစ္ေယာက္ဦးစားေပးတတ္ေအာင္ ၊တစ္ေယာက္တည္းအထီးက်န္မဆန္ရေအာင္၊ တိုင္ပင္ေဖာ္ တိုင္ပင္ဖက္ေလးလည္းရေအာင္ ၊တစ္ကိုယ္ေကာင္းမဆန္တတ္ေတာင္အေဖာ္ေလးတစ္ေယာက္ ထပ္ေမြးေပးခဲ့တယ္ ။

သားအႀကီးေလးက JEONနဲ႕တူၿပီး ေအးစက္စက္ေလးရယ္ ။ ဂီတ၊အႏုပညာကို စိတ္ဝင္စားၿပီး သမီးအငယ္ေလးက အတိုက္အခိုက္၊ဓားကိုင္ရတာကို သိပ္ႀကိဳက္တာ ။အခုသုံးႏွစ္အ႐ြယ္ေလးနဲ႕ သူ႕ကိုဓားေလးေပးထိရင္ အရမ္းသေဘာက်ေနတာ ။သားနဲ႕သမီးက ၂ႏွစ္ကြာတယ္ ။

"ဂ်ီမင္ "

"JEONကေလးေတြေရာ"

"အိပ္ေနၿပီ"

JEONက ကြၽန္ေတာ့္ကို အတင္းလာဖက္ကာ လည္ပင္းသားေတြကို စုပ္ယူလာသည္ ။

"JEON!"

"ကေလးေတြမွ မရွိတာ"

"မင္းေတာ့"

JEONက တင္ပါးေအာက္ ကေန ပင့္ခ်ီကာ ေရခ်ိဳးေဆာင္ရဲ႕နံရံမွာ ကပ္ၿပီးစတင္နမ္းလာ၏ ။

"ခ်စ္တယ္"

"ငါလည္း ခ်စ္တယ္"

ႏႈတ္ခမ္းဖ်ားခ်င္း အႀကိမ္ႀကိမ္ေရာယွက္ရင္း နင့္နင့္နဲနဲနမ္းရွိုက္ေနၾကသည္ ။

ဘဝဆိုတာ ေလာကဓံႀကဳံေနရမွာပါပဲ ။စိတ္ဆင္းရဲေနရင္း ေနမယ့္အစားကိုယ့္ကိုေပ်ာ္႐ႊင္ေစမယ့္ အရာေလးေတြျပဳလုပ္ရင္း ဘဝကိုေပ်ာ္ေပ်ာ္ႀကီး ျဖတ္သန္းသင့္တယ္ ။ စြန႔္လႊတ္လိုက္ရတာေတြရွိလည္း စိတ္ဓာတ္မက်ဘဲ အေကာင္းဆုံးေပ်ာ္႐ႊင္ေနလို႔ရပါေသးတယ္ ။ အတိတ္ နဲ႕ အနာဂတ္ေတြကို ၾကည့္မေနပဲပစၥဳပၸန္မွာသာ အေကာင္းဆုံးေနထိုင္ဖို႔ႀကိဳးစားၾကည့္တာက ကိုယ့္ကိုအေပ်ာ္ဆုံးျဖစ္ေစမွာပါ။

ကိုယ္ခ်စ္ရတဲ့ေပ်ာ္႐ႊင္ဖို႔အတြက္ဦးစားေပးရတာလည္း ေပ်ာ္႐ႊင္မႈ႕တစ္မ်ိဳးပါပဲ ။တစ္ခါတစ္ေလ ဖူးစာဖက္ေတြ ၊right personဆိုတာ ကံၾကမၼာက သတ္မွတ္တာမဟုတ္ဘဲ ကိုယ္ကိုယ္တိုင္သတ္မွတ္ၾကတာပါ။

ကိုယ့္အေပၚအသက္ထက္ဆုံးခ်စ္ေပးတဲ့ သူေတြကိုလက္လႊတ္မခံဖို႔ေျပာခ်င္ပါတယ္ ။ကိုယ္က ခ်စ္ေနရတာ ပင္ပန္းရင္အခ်စ္ခံၾကည့္လိုက္ပါ ။ မင္းမျမင္နိုင္တဲ့တစ္ေနရာမွာ မင္းကိုခ်စ္ျမတ္နိုးေနတဲ့သူေတြရွိ ေနနိုင္တာမို႔ ကိုယ့္ကို ခ်စ္ေနတဲ့သူေတြကို အခြင့္အေရးေပးၾကည့္ပါ ။ တစ္စုံတစ္ေယာက္ေသာသူက မင္းအတြက္ Right personျဖစ္ခ်င္ျဖစ္ေနပါလိမ့္မယ္။

The End....

အခ်ိန္အေတာ္ယူၿပီး ေရးခဲ့ရတဲ့ ဇာတ္လမ္းေလးပါ ။ အေရးအသား ေပါ့သြားတဲ့ ေနရာေလးေတြ ၊ဖတ္ရအဆင္မေျပတာေလးေတြ ျဖစ္သြားခဲ့ရင္ေတာင္းပန္ပါတယ္။က်န္းမာ ခ်မ္းသာၾကပါေစရွင့္ ။အဆုံးထိဖတ္ရႉ႕ေပးၾကတဲ့အတြက္ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္ ။

19.6К1.4К0

There are no comments yet. Log in to be the first to leave a review!

More by chann91

Similar stories