အပိုင်း(၂)Unicode
07:27, 18 September 2023"Tae... Taehyung "
"Jimin! မင်းဘယ်တွေရောက်နေတာလဲ မင်းပုံစံကဘာဖြစ်လာတာလဲ"
ပုံမှန်မဟုတ်တဲ့အဝတ်အစားတွေနဲ့မျက်နှာမှာလည်းဖုန်တွေပေတူးနေ၏ ။
"Taehyung!!"
ဂျီမင်ဝမ်းသာအားရ ပြေးဖက်လိုက်၏။
"မင်းပြဇာတ်,က စားနေတာလား"
"ရူးနေလား"
Taehyungရဲ့ နောက်စေ့အား အသာရိုက်ရင်း ဂျီမင်ရယ်နေတော့သည် ။
"ငါလွှတ်လာပြီ ။ ငါ ထွက်ပြေးနိုင်ခဲ့ပြီ"
ရယ်မောကာ ဝမ်းသာအားရ ကြုံး ဝါးနေသည့်ဂျီမင်ရဲ့ပုံစံအား ထယ်ယောင်းအခုထက်ထိနားမလည်သေးပါ ။ မသိရင် ထောင်ထဲက လွတ်လာတဲ့အကျဉ်းသားလိုလို ။ဝတ်ထားတဲ့အဝတ်တွေကလည်း နတ်ဘုရားတွေ လိုလို၊ ဖုန်တွေကလည်းပေတူးနေတာ အဝတ်ဖြူတွေတောင် မဲညစ်ညစ်ဖြစ်နေပြီ ။ဆံပင်ကလည်း ရှုပ်ပွနေပြီး နှုတ်ခမ်းကလည်းဖူးယောင်နေသေးတယ် ။Photo modelလုပ်နေတာများလား ။
ထယ်ယောင်းနဲ့ ဂျီမင်ဟာ သူငယ်ချင်းတွေဖြစ်ပြီး တစ်အိမ်ထဲ အတူနေကြသည် ။အရမ်းလည်းခင်ကြပြီး ဆိုးတူကောင်းဘက်ညီအစ်ကိုအရင်းတွေလိုနေခဲ့ကြတာ ။သူငယ်ချင်းမို့ ကိုယ်ဖြစ်ပျက်လာရတဲ့အဖြစ်အပျက်ကို ချက်ကျလက်ချရှင်းပြလိုက်သည် ။
ဂျီမင်၏ ဖြစ်ကြောင်းကုန်စင် ရှင်းပြသည့်စကားတွေနားထောင်ပြီးနောက်..
"ဝတ္ထုလား"
"ဟမ်"
"မင်းရေးနေတာလား"
"ဘာ!!"
"ဇာတ်လမ်းက မဆိုးပါဘူးမိုက်တယ် စာအုပ်ထွက်ရင်ပေါက်လောက်တယ်"
ထယ်ယောင်းစကားကြောင့် ဂျီမင်ဆွံအသွားရသည် ။
"ငါတကယ်ပြောနေတာ"
"အေးပါ စာရေးရင်ကိုယ်က ဖြစ်နေသလိုမျိုး moodဝင်ပြီး ရေးရတာလေ ။ ပြီးတော့ အဲ့ထဲက ဘုရင်သူကို ငါသဘောကျတယ်"
"ဘာ!!! မင်းက အဲ့လိုလူယုတ်မာကိုဘာကြည့်ကြိုက်တာလဲ"
မိမိဖြစ်ပျက်ခဲ့သမျှကိုပြန်ပြောသော်လည်းထယ်ယောင်းက ဝတ္ထုတစ်ပုဒ်လို ထင်သွားလေသည် ။
"ဟာ သူကငါ့styleပဲ ။ အားလုံးခြုံပြောရရင် မင်းစဉ်းစားကြည့်ကွာ သူဘယ်လောက်တောင် နာကျင်ရမလဲသူ အဲ့ကောင်လေးကို ဖမ်းထားတယ်ကျန်တဲ့သူအားလုံးကို သတ်ပေမယ့် အဲ့ကောင်လေးကိုမသတ်ဘူး။မင်းစဉ်းစားကြည့် သူအဲ့ကောင်လေးကို လက်တစ်ချက်ရွယ်လို့လား ။ပျော်တော်ဆက်လုပ်ခိုင်းတယ်ဆိုရင်တောင် အဲ့လိုကောင်းကောင်းထားပါ့မလား။ခြေဖမိုးကိုနမ်းတယ်ဆိုတည်းကအဲ့ကောင်လေးကို မြတ်နိုးလို့ပေါ့အဲ့ကောင်လေး ညံ့လိုက်တာမင်းသာဆို ငါ့ခြေဖမိုးနမ်းမလား"
ထယ်ယောင်းက သူခြေထောက်မြှောက်ပြကာဂျီမင်ဆီတိုးပေးတော့ ဂျီမင်က ထိုခြေထောက်အား ပြန်စောင့်ကန်လိုက်သည် ။
"နမ်းစရာလား ။ သူက တဏှာရူးပါဆိုတာကို"
"အေးလေ အဲ့တာပဲ မင်းလိုသူငယ်ချင်းတောင် မနမ်းချင်ဘူးမလား။ သူက တဏှာရူးတယ်ပဲထား ပျော်တော်ဆက်တစ်ယောက်လို့တွေးထားရင်ခြေဖမိုးကိုနမ်းပါ့မလား ။ သူကဘုရင်ဘုန်းကြီးတယ် မြင့်မြတ်တယ်ကွာဘုရင်တစ်ပါးက ပျော်တော်ဆက်တစ်ယောက်ရဲ့ခြေဖဝါးကိုနမ်းပါ့မလား ။ အဲ့ကောင်လေးကို ချစ်လို့နမ်းတာပေါ့ငါ အဲ့ဘုရင်ကိုကိုယ်ချင်းစာတယ်ငါလည်းချစ်ရင် ပိုင်ဆိုင်ချင်တဲ့ လူစားမျိုးပဲ ။ပြီးတော့ အဲ့ဒီ တောက သူပိုင်တာသူခွင့်ပြုချက်သာမရရင် အဲ့ကောင်လေး ပြန်လို့တောင်ရမှာ မဟုတ်ဘူး။အဲ့ဘုရင်သာ အသက်ရှိရင် သူအရမ်းနာကျင်ရမယ်ထင်တယ်"
"ဘာ ကိုယ်ချင်းစာတာလဲ ။ အဲ့ကောင်လေးနေရာက ဝင်ခံစားကြည့်စမ်းပါ သူမချစ်မနှစ်သက်တဲ့သူနဲ့ နေချင်ပါ့မလား ။ နေ့တိုင်းနှိပ်စက်သေးတယ် ။သူပြန်ပြေးတာမှားလား "
"နှိပ်စက်တယ်ဆိုတာ ချစ်လို့လေကွာ လည်ပင်းညစ်တယ်ဆိုတာလည်းစဉ်းစားကြည့်ကွာ သူ့မျက်နှာ အဲ့ကောင်လေးမြင်သွားရင် အဲ့ကောင်လေးတစ်ခုခုဖြစ်သွားမှာစိုးလို့ခြိမ်းခြောက်တာလည်း ဖြစ်နိုင်တာပဲ"
ဂျီမင် မျက်မှောင်အလိုလိုကျုံ့သွားပြီး
"အေး အဲ့တာအလိုမတူအဓမ္မပြုကျင့်ခံရတာကွ။ဝတ္ထုလို့မတွေးဘဲ လက်တွေ့ကြည့်စမ်းပါ ဘယ်ရဲမှသွားတိုင်လို့လည်း မရဘူး ။သူသွားတိုင်ရင် ဘယ်ရဲကယုံမှာလဲအဲ့ဒီအပြင် တောထဲ ခိုးဝင်မှု့နဲ့ အဖမ်းခံရအုံးမယ်အဲ့ကောင်လေးနေရာမှာ မင်းသူငယ်ချင်းသာဆို ဘယ်လိုလုပ်မလဲဟမ်!!"
"ငါလည်းမပြောတတ်တော့ ဘူး ။ ကောင်လေးကလည်း သနားစရာကောင်းတယ် ၊ ဘုရင်လည်း သနားစရာကောင်းတယ် ။သဘာဝလွန်နေတော့လည်း ဘာလုပ်လို့ရတော့မှလဲအဲ့လိုကြီးတော့ဇာတ်မသိမ်းပစ်နဲ့လေကွာ"
"ပြီးပြီ ။ ဇာတ်လမ်းကပြတ်ပြီ ။ငါ့ကိုဘာမှလာမပြောနဲ့ မင်းငါ့သူငယ်ချင်းမဟုတ်ဘူး"
စိတ်ဆိုးကာ ထထွက်သွားသည့်ဂျီမင်အား ထယ်ယောင်းက အူကြောင်ကြောင်ဖြင့် ကြည့်နေလျက်သာ ။
မြို့ကိုပြန်ရောက်လာသော်လည်း စိတ်ထဲ ခနခနရောက်လာသည့် အဲ့လူယုတ်မာအကြောင်းတွေကြောင့်စိတ်ညစ်ရပြန်သည် ။၁ပတ်ကျော်ကြာပြီးသော်လည်းစိတ်ထဲ ခနခနကို ပေါ်လာတာ ။ငါ့ကိုအောက်လမ်းနဲ့များ ပြုစားထားသလား။
၂ပတ်မြောက်..
ဂျီမင်မှာ ညဘက်တစ်ချို့ရက်တွေဆိုအိပ်မပျော်တော့ပေ ။
"အားးးး လူယုတ်မာ ၊ ကူလီကူမာကောင်၊ ကျက်သရေတုံးငါ့ခေါင်းထဲက ထွက်သွားပါတော့ကျေးဇူးပြုပြီး "
အိပ်နေရင်းကနေ ထထိုင်လိုက်သည့်ဂျီမင်က ဒေါသထွက်ကာ အကျယ်ကြီးအော်လိုက်ပြီး ခေါင်းအုံးအားလွှင့်ပစ်လိုက်သည် ။ငါ့ကိုပြုစားထားမယ့်အစား သတ်လိုက်ပါတော့လား ။မင်းရဲ့စက်ကွင်းကနေ ဘယ်တော့များမှ လွတ်နိုင်မှာလဲ ။
၃ပတ်မြောက်..
ခေါင်းတွေမူး၊ဘာစားစားမဝင်၊အန်ချင်ပြီး အလိုလိုနေရင်း ပင်ပန်းနေတော့တယ် ။သူ့ဆီပြုစားခံရရင်း သေတော့မယ်ထင်တယ် ။
"ထယ်ယောင်း ငါဖျားနေပြီထင်တယ်"
"ဟုတ်လား"
လှေကားပေါ်က ယိုင်နဲ့နဲ့နှင့်ဆင်းလာသည့် ဂျီမင်ဆီသို့ထယ်ယောင်းမရောက်ခင်မှာဘဲ ဂျီမင်ကကြမ်းပြင်ပေါ်သို့ ခွေကျသွားတော့သည်။
"ဘယ်လိုလုပ်ကြမလဲ"
"ဘာလုပ်ရမှာလဲ"
"ဘယ်သိမလဲ"
"သေချင်တယ်"
"ငါရူးချင်နေပြီ"ထယ်စကားကြောင့် ဂျီမင်က..
"ငါကပိုရူးချင်တာ "
"ဆေးစစ်ချက်မှားတာများလား"
"စစ်တာ သုံးခါရှိပြီ ပိုက်ဆံလည်းကုန်တော့မယ်"
"မဖြစ်နိုင်တာ"
"ငါလည်းမယုံနိုင်သေးဘူး"
သူငယ်ချင်းနှစ်ယောက် မျက်နှာချင်းဆိုင်ကာ အေးစက်စွာ ပြောနေကြသည် ။
"ငါငိုချင်တယ်"
"ငိုလိုက်"
"မျက်ရည်မထွက်ဘူး ။ လူသတ်ချင်လွန်းလို့ ရူးမတတ်ဘဲ"
"ဟိုဘုရင်ကိုလား"
"မင်းပြောတဲ့ ဝတ္ထုလေ"
"ငါလည်းတကယ်ဖြစ်မယ်လို့မထင်ထားဘူးလေ"
"ဘာဆက်လုပ်ကြမလဲ"
"မသိဘူး။ ကိုယ့်ဘာသာကိုယ်တောင်အနိုင်နိုင်ကို ကလေးတစ်ယောက်ကိုဘယ်လိုပျိုးထောင်ရမလဲ"
ဂျီမင်သက်ပြင်းချကာ ပြောလိုက်သည် ။ထယ်ယောင်းက..
"မင်းနဲ့ငါငယ်ငယ်တည်းက သိလာတာမင်းက ယောင်္ကျားလေးအစစ်ပါဘာလို့ အဲ့တာရှိနေရတာလဲ"
"သောက်ဘုရင်ပဲ နေမှာပေါ့ ငါ့ကိုဘာဆေးတွေတိုက်လိုက်တာလဲမသိဘူး ။ ငါဘာလုပ်ရမှန်းမသိတော့ဘူးငါသေချင်တာပဲသိတယ်ငါတကယ် ကိုယ့်ဘဝကိုယ်စိတ်ပျက်လွန်းလို့ငါဘာအားအင်မှမရှိတော့ဘူး"
ဂျီမင်ရဲ့အသံတဖြည်းဖြည်း အက်ကွဲလာတာကို ထယ်ယောင်းသတိထားမိသည် ။ဂျီမင်ဘယ်လိုခံစားနေရမလဲသူသိသည် ။ ယောင်္ကျားလေးတစ်ယောက် ကိုယ်ဝန်ဆောင်ဖို့ သူရော၊ဂျီမင်ပါတစ်ခါမှ မတွေးဖူးသလို အပြင်မှာမမြင်ဖူးပါ ။ ဆန်းကြယ်လွန်းလို့အိပ်မက်များလားလို့တောင် ထင်မိတယ်။
ကာယကံရှင်ဖြစ်တဲ့ ဂျီမင်ဆို ဘယ်လောက်တောင် ရူးချင်နေမလဲ ။ဂျီမင်က ငယ်စဉ်ကတည်းက ဆင်းရဲဒုက္ခတွေနဲ့ ကြုံလာခဲ့ရတယ် ။အခုလည်း သဘာဝလွန်ကိစ္စတွေနဲ့ ထပ်ကြုံရပြန်တယ် ။
"ကိစ္စမရှိပါဘူး ငါတို့နှစ်ယောက် ပျိုးထောင်လို့ရပါတယ် ။ အလုပ်လုပ်သ၍ ပိုက်ဆံကရမှာပါအခုချိန် စိတ်အေးအေးပဲထား။ တကယ်လို့ မင်းမမွေးချင်လည်း"
ထယ်ယောင်းရဲ့စကားမဆုံးခင်ဂျီမင်က ဖြတ်ပြောလိုက်သည် ။
"ငါသွားစရာရှိလို့ သွားလိုက်အုံးမယ်"
ချက်ချင်းထွက်သွားသည့် ဂျီမင်ကိုကြည့်ရင်း ထယ်ယောင်းသက်ပြင်းခပ်ပါးပါးချလိုက်သည်။
ဂျီမင် သည် နောက်တဖန်တောအုပ်ထဲသို့ပြန်သွားခဲ့သည် ။သူ့ရင်ထဲရှိ အမုန်းတရား၊နာကြည်းချက်တွေဟာ ဒေါသအဖြစ်ကူးပြောင်းသွားပုံရသည် ။အမုန်းတရားကြောင့် သူရဲ့မျက်ဝန်း၌မျက်ရည်တို့လည်းရစ်ဝဲလို့နေ၏။ မထင်မှတ်ထားတဲ့ ကိစ္စတစ်ရပ်ဟာ သူ့ရဲ့ဘဝအား ရိုက်ချိုးလိုက်သလိုပင် ။
သူကိုယ်တိုင်လည်း မထင်ထားခဲ့ပါ ။ဘာလို့ဒီလိုမျိုးဖြစ်အောင် လုပ်ရသလဲသိချင်လွန်းလို့ ။လူတစ်ယောက်ရဲ့ ဘဝကိုရိုက်ချိုးရတာပျော်နေသလား ။ ငါမင်းဆီက ယူတာရွှေတစ်တုံးတည်းပေမယ့် အပြစ်ဒဏ်ကငါ့တစ်ဘဝလုံးခံယူစရာလိုလို့လား ။မင်းအတွက် ငါက ကစားစရာသက်သက်အရုပ်တစ်ခုလား ။
"ထွက်လာခဲ့ မင်းကြားတယ်မလားထွက်လာခဲ့စမ်းပါ ။ အောက်တန်းကျလွန်းတဲ့ကောင်ငါ့ဘဝကို သတ်ချင်ရင် ရိုးရိုးသတ်လည်းသေတယ် ။ဒီလိုမျိုး လုပ်မှရမှာလား "
ဂျီမင်အော်ဟစ်လိုက်ပြီး တခဏအကြာဆင်ဖြူတော် တစ်ကောင်ဟာ သူ့ဆီသို့တည့်တည့်မတ်မတ် လျှောက်လာလေသည် ။ထို့နောက် ဂျီမင်ရဲ့ရှေ့မှောက်မှာဝတ်တွားလိုက်ပြီး သူ့နှာမောင်းဖြင့်သူ့ဂုတ်ပိုးအား ပုတ်ပြသည် ။
"မင်းဂုတ်ပေါ်တက် ရမှာလား"
ဆင်ဖြူကြီးက ဝူးခနဲ အော်လိုက်တာကြောင့် ဂျီမင်အနည်းငယ်လန့်သွားသည်။
"မင်းကို ဘုရင်က လာခေါ်ခိုင်းတာလား"
ဆင်ကြီး နောက်တစ်ကြိမ် ဝူးခနဲ အော်လိုက်၏။
"ငါတက်မယ်နော်"
ဆင်ဖြူကြီးရဲ့ဂုတ်ပေါ်တက်ခွကာဆင်ဖြူကြီးသွားရာသို့ လိုက်ပါလာခဲ့သည် ။
တဖြည်းဖြည်းနီးကပ်လာသည့် နန်းတော်ကြီးအားကြည့်ရင်း ဂျီမင်အလွန်အံ့ဩသွားရသည် ။ရွှေရောင်တဖိတ်ဖိတ်တောက်ပနေသောနန်းတော်ကြီးက အတော့်ကိုကြီးမားပြီးလက်မှု့ပညာလက်ရာမြောက်လွန်းသည်။နန်းတော်က အတော်လေးကျယ်ပြီးမြင်လိုက်တာနဲ့ ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ခုအား ခံစားရစေသည် ။
"ဒီမှာပဲ ဆင်းမယ်"
ဆင်ဖြူကြီးရဲ့နဖူးအားလက်ဖဝါးဖြင့် ခပ်ဖွဖွပွတ်ရင်း ပြောလိုက်တော့ ဆင်ကြီးက ချက်ချင်းဝပ်တွားလိုက်သည်။
"ကျေးဇူး"
ဂျီမင်နန်းတော်ထဲဝင်လာတော့ လူတိုင်းက ကွက်ကြည့်ကွက်ကြည့်နှင့် ။သူနှင့် ထိုလူတို့ရဲ့အဝတ်အစားတွေကွဲပြားနေပြီး ဆံပင်ပုံစံလည်းကွဲပြားနေတာကြောင့် အထူးအဆန်းသဖွယ်ကြည့်နေကြတာများလား ။ဘောင်းဘီအိတ်ကပ်ထဲပါလာသောဓားမြောင်ကိုသာ ခပ်တင်းတင်းဆုပ်ကိုင်လိုက်ပြီးခေါင်းမော့ကာ မျက်နှာတည်ဖြင့် ခပ်တည်တည်ဝင်သွားလိုက်သည် ။
ခင်ဗျားကို သတ်ပစ်မှာ ။
ဂျီမင်သည်နန်းတော်ထဲရှိ အကြီးဆုံးအဆောင်တော်ဆီသို့တန်းတန်းမတ်မတ် လျှောက်သွားသည် ။ဂျီမင် ထိုအဆောင်ရှေ့သို့ရောက်တော့ကြီးမားသော ရုပ်လုံးရုပ်ကြွတို့ဖြင့်ပြည့်နှက်နေသည့် ရွှေရောင် တံခါးရွက်ကြီးဟာအလိုလိုပွင့်လာသည် ။
ညီလာခံကျင်းပနေသကဲ့သို့ ဘယ်နှင့်ညာ နှစ်ဖက်လုံး လူတွေ အစီအရီထိုင်နေကြပြီး အလယ်တွင်ရွေရောင်ပုလ္လင်ပေါ််၌ ထိုင်နေသောJEON ။ဂျီမင်ရဲ့မျက်ဝန်းများက JEONကိုမြင်လိုက်သည်နှင့် ဒေါသအကြည့်သို့ပြောင်းသွားပြီး ခြေလှမ်း ကျယ်ကျယ်လှမ်းရင်း JEONရှိရာသို့သွားနေသည် ။
ပုလ္လင်သို့မရောက်မှီ ဒုတိယအဆင့်ထိတက်လာသည့် ဂျီမင်ကြောင့် အောက်က အမတ်များက ရုတ်ရုတ်သဲသဲဖြစ်သွားကြသည် ။ဘုရင့်ပုလ္လင်ထားရာ စင်မြင့်ကို မည်သူမျှတက်ရောက်ခွင့်မရှိ ။
အိတ်ကပ်ထဲက ဓားကိုဆွဲထုတ်လိုက်ပြီးနောက်JEONရဲ့လည်ပင်းကိုဓားချွန်ဖြင့်ထောက်လိုက်သည့် ဂျီမင်ကြောင့် အစောင့်ရဲမက်တွေဟာ ဓားကိုထုတ်ကာတိုက်ခိုက်ရန် အသင့်လုပ်လိုက်ပေမယ့်JEONက လက်ဖဝါးတစ်ချက်ထောင်ပြလိုက်တာကြောင့် အကုန်လုံးငြိမ်သက်သွားကြသည်။
"လူယုတ်မာ ၊ မင်းငါ့ကိုဘယ်လိုလုပ်ထားတာလဲငါ့ဗိုက်ထဲက ကလေးကို အခုချက်ချင်းပြန်ယူ ။ မဟုတ်ရင် မင်းကိုငါသတ်ပစ်မှာ "
"မင်းတို့တိုင်းပြည်မှာတောင် ဗိုက်ထဲက ကလေးကို ယူလိုက်၊လဲလိုက် လုပ်လို့ရလို့လား"
"မင်းငါ့ကိုပြုစားထားတာမလားငါ့ကိုလွှတ်ပေးပါတော့ ကျေးဇူးပြုပြီး ငါ့ကိုမနှိပ်ဆက်ပါနဲ့တော့ ။ သတ်လိုက် ငါ့ကို သတ်လိုက် ကြိုက်တဲ့နည်းနဲ့သတ် ငါ့ကိုရူးချင်လောက်အောင်မနှိပ်ဆက်ပါနဲ့တော့"
"ငါ့ကိုသတ်မလို့လား သတ်လေ ။မင်းသတ်ရင် ငါသေဖို့အဆင်သင့်ပဲ"
"ငါ့ဗိုက်ထဲက ကလေးကို ပြန်ယူလိုက်"
"ဘယ်လိုတောင် ရူးမိုက်နေတာလဲမဖြစ်နိုင်ဘူးဆိုတာ မင်းနားမလည်ဘူးလား"
"မင်းကတော့ လုပ်နိုင်တယ် ။ မင်းငါ့ကိုကလေးရအောင်တောင်လုပ်နိုင်သေးတာပဲ ငါတောင်းပန်ပါတယ် ငါအနူးအညွှတ်တောင်းပန်ပါတယ်ငါမင်းရွှေတွေလည်း ပြန်ပေးပြီးပြီပဲ ။မင်းနယ်မြေက အသက်ရှင်လျက် သွားခွင့်မပေးတာ ငါလက်ခံတယ် အဲ့တာကြောင့် ငါ့ကိုသတ်လိုက်"
"သူကအိမ်ရှေ့စံပဲ ။ မင်းရဲ့သွေးသားအရင်း ။မင်းသိလား ဘုရင့်သွေးမြေမကျကောင်းဘူးဆိုတာ။မင်းမလိုချင်ရင် အဲ့ကလေးကိုဖျက်ချမှရမယ်လုပ်နိုင်လား ။ အိမ်ရှေ့စံကိုလွယ်ထားရလို့ မင်းကိုယ်မင်းတောင် ဂုဏ်ယူရအုံးမယ်"
"-ိ့ကိုဂုဏ်ယူရမှာလား ။ မင်းက လူစိတ်မရှိတဲ့ကောင် ငါမင်းကိုသတ်ပစ်မှာ"
"သတ်...မင်းငါ့ကိုသတ်နိုင်ရင်သတ်"
ဓားထိပ်နှင့်အထောက်ခံထားရသည့်JEONရဲ့လည်ပင်းမှ သွေးတို့စီးကျလာသော်လည်း JEONကနည်းနည်းလေးမှ မတုံလှုပ် ။ဂျီမင်ရဲ့မျက်ဝန်းတည့်တည့်အားစိုက်ကြည့်နေသည် ။
"အားးး"
ဂျီမင် အားဖြင့်အော်လိုက်ပြီး ဓားမြှောင်အား ဂျောင်ကုရင်ဘတ် အစွန်းအားဓားနှင့်ထိုးချလိုက်သည် ။သွေးများစီးကျလာတာကြောင့် ဂျီမင်ဓားရိုးကိုလွှတ်လိုက်ပြီး လက်တို့တုံယင်ကာ ကြောက်စိတ်ဝင်လာတော့သည် ။ဓားဟာ JEONရင်ဘတ်မှာ စိုက်ဝင်နေစဲဖြစ်တာကြောင့် သူဟာ ဓားကို ကိုင်ကာဆွဲနှုတ်လိုက်ပြီး ဂျီမင်အား ကြည့်ကာ....
"မင်းထပ်ထိုးချင်သေးရင် ရတယ်"
သွေးရည်တစ်ချို့က JEONနှုတ်ခမ်းထောင့်စွန်းမှစီးကျလာကာမျက်လုံးတို့လည်း နီရဲလာသည်။ ဓားဖြင့်ထိုးခံထားရသည့် နေရာကိုလက်ဖဝါးဖြင့် ဖိကာ ကိုင်ရင်းအသက်ရှူသံတို့ပြင်းကာမြန်ဆန်နေ၏ ။
ဂျီမင်တစ်ကိုယ်လုံး တုံယင်လာပြီးနန်းဆောင်ထဲမှ ချက်ချင်းထွက်ပြေးသွားတော့သည် ။ဂျီမင်ထွက်သွားပြီးပြီးချင်း JEONက ရဲမက်တွေအား ဖမ်းဆီးဖို့အမိန့်ပေးလိုက်သည် ။
ကိုယ်ဝန်ကြီးနဲ့ လျှောက်ပြေးနေလို့ဘယ်ဖြစ်မလဲ ။တခဏအကြာ ဂျီမင်ကိုဖမ်းမိလာပြီးJEONက သူ၏အိပ်ဆောင်၌သာချုပ်ထားရန် အမိန့်ပေးလိုက်၏ ။
ကြမ်းပြင်ပေါ်၌ကျုံ့ကျုံ့လေးထိုင်ရင်းငိုနေသော ဂျီမင် ။ဓားဖြင့်ထိုးထိုးပြီးချင်း သူများသေသွားမလား ၊ ငါလူတစ်ယောက်ကို သတ်မိလိုက်ပြီလားလို့ တွေးရင်းကြောက်လာမိသည် ။သွေးတွေရဲနေတဲ့ မြင်ကွင်းတွေကိုပြန်မြင်ယောင်း ကြောက်လွန်းလို့ရူးမတတ်ပဲ ။လက်မှာပေနေတဲ့ သူ့သွေးတွေကို အင်္ကျီဖြင့် အကြိမ်ကြိမ် ဖိပွတ်ကာသုတ်နေမိသည် ။
ခြေသံကြားလိုက်ရတာကြောင့် ဂျီမင်ရပ်တန့်သွားပြီး လက်လေးတွေပြန်တုံယင်လာသည် ။မျက်အိမ်တွေလဲ ငိုထားတာကြောင့်နီရဲလို့ ။
JEONက နူးညံ့တဲ့ပိတ်သားစလေးကိုကိုင်ကာဂျီမင်ရှေ့၌ထိုင်ချလိုက်သည် ။
"အဲ့လိုထိုင်ရင် ဗိုက်ထဲက ကလေးအတွက်မကောင်းဘူး"
ဂျီမင်ရဲ့ခြေထောက်တွေကို ဆန့်ပေးပြီးပါလာသော ပဝါစဖြင့် လက်ဖဝါးပေါ်ရှိသွေးတွေအား အသာအယာဖိသုတ်ပေးနေသည်။
"မင်းပဲငါ့ကိုဓားနဲ့ထိုးပြီး မင်းငိုနေရလား"
ဂျီမင်ကတစ်ချက်တစ်ချက်ရှိုက်သံထွက်ရုံကလွဲလို့ဘာမှ ပြန်မပြော။ JEONရဲ့ရင်ဘတ်ကိုကြည့်လိုက်ပြီးခေါင်းကို ချက်ချင်းပြန်ငုံ့လိုက်သည် ။JEONရဲ့ရင်ဘတ်၌ အဖြူရောင်ပိတ်စအားစလွယ်သိုင်းထားသကဲ့သို့ ပတ်ထားပြီးအနာပေါ်ရှိ ပိတ်စက သွေးစတို့ စွန်းနေသည် ။
"မင်းက ငါ့ကြင်ယာတော်ဖြစ်လာမှာမင်းကိုတောင်းဆိုစရာရှိတယ် ။ငါ့ကိုအိမ်ရှေ့စံလေးကိုပဲ မွေးပေးပါငါမင်းကိုအပြီးတိုင်လက်လွှတ်ပေးမယ်"
"တကယ်လား"
ဂျီမင်ဟာ လွတ်လပ်ရတော့မယ်ဆိုတဲ့အသိကြောင့်ချက်ချင်းတုံ့ပြန်လိုက်၏ ။
"ငါကဘုရင် ၊ မဟုတ်မမှန်တဲ့စကားကိုအလွယ်တကူမပြောဆိုဘူး"
"ငါက ယောင်္ကျားလေးလေ ဘယ်လိုလုပ်ကလေးမွေးမလဲ"
"ငါအကုန်စီစဉ်ပေးမယ် မင်းကဗိုက်ထဲက ကလေးသာဂရုစိုက် ။နောက်နှစ်ရက်နေရင် ကြင်ယာတော် အပ်နှင်းပွဲရှိတယ် ။ မင်းငါနဲ့လက်ထပ်ရလိမ့်မယ်"
"ကလေးမွေးပြီးရင် မင်းပြန်ကွာရှင်းပေးပါ"
"အင်း "
ထိုနေ့ကစပြီး ဂျီမင်ဟာ နန်းတော်မှာ စတင်နေထိုင်ခဲ့သည်။
အရင်ကလို သံကြိုးတွေနဲ့မချုပ်ထားတာမို့တော်သေးသည် ။ အတွေးတွေများနေရင်း အကြိမ်ကြိမ်ပြန်လည်သုံးသပ်နေမိသည်။ဗိုက်ထဲကကလေး က ကိုယ့်ဝမ်းနဲ့လွယ်မွေးထားရတာမို့မပေးချင် ။ သူ့ဆီထားခဲ့ရင် သူက ကောင်းကောင်းဆက်ဆံပါ့မလား ။သူနောက်ထပ် မိန်းမယူပြီးကလေးကိုပစ်ထားရင်ဘယ်လိုလုပ်မလဲ။ ကလေးအပေါ် ကိုယ့်လောက်မည်သူက ကောင်းနိုင်ပါ့မလဲ ။ကိုယ်က ဝမ်းနဲ့လွယ်ထားရတာမို့ ကိုယ်ကချစ်ပြီးသားလေ ။ သူတို့ကကိုယ့်လောက် ဒီကလေးပေါ်ကောင်းပေးပါ့မလား ။
ဘယ်လိုပဲ ဟိုလူကိုမုန်းတယ်ပြောပြောကလေးက ဘာအပြစ်မှမရှိတာကြောင့်ကလေးကိုတော့ မမုန်းမိတာ ။ကိုယ့်ဝမ်းနဲ့လွယ်ထားရတဲ့ကလေးမို့လွယ်လွယ်နဲ့မပစ်ပယ်နိုင် ။ကလေးကလည်း လူသားတစ်ယောက်ပဲမလား ။ကလေးတွေကို တန်ဖိုးထားသင့်တယ်လို့ထင်တယ် ။မမွေးခင်က ဖျက်ချလိုက်ရင် ကလေးအသက်ဆုံးရှုံးရုံပဲရှိမယ် ဒါပေမယ့် မွေးပြီးမှစွန့်ပစ်လိုက်ရင်တော့ကလေးရဲ့ဘဝတစ်ခုလုံးပျက်စီးနိုင်တယ်။ကိုယ့်အမေ၊အဖေက မလိုချင်လို့စွန့်ပစ်ခံလိုက်ရတဲ့ ကလေးတစ်ယောက်ရဲ့ခံစားချက်ကကိုယ်ချင်းစာသင့်တယ်။ အဲ့ကလေးက လောကအလယ်ဘယ်လောက်တောင်မျက်နှာငယ်လိုက်မလဲ ။
ကလေးကို မယူနိုင်သေးရင် ဖျက်ချလိုက်တာအကောင်းဆုံးပါပဲ ။သို့ပေမယ့် သူ့အနေနဲ့တော့ ကလေးကိုမဖျက်ချင်သလို မစွန့်ပစ်ချင်ပါ ။သူဒီကနေ ထွက်သွားရင်မွေးဖခင်မရှိတဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းရမယ်။ သူဒီကလေးကိုခေါ်ပြီး ဒီက ထွက်သွားရင်ကလေးက အဖေမရှိတဲ့ ဘဝကိုရောက်မယ် ။လူရယ်လို့ဖြစ်လာရင် မိစုံဖစုံနဲ့နေချင်ကြမှာပဲမလား ။ဗိုက်ထဲက ကလေးကိုထောက်ထားသောအားဖြင့်ဒီမှာပဲ နေဖို့တွေးထားပေမယ့်...တကယ်ကို ဘာလုပ်ရမှန်း မသိတော့ပေ ။
ဒါ ဟိုလူယုတ်မာ အခန်းပဲ။ အဆင့်သုံးဆင့်ပါရှိသော ဘီရိုအသေးလေးကိုတွေ့တော့ ပထမအဆင့်ကိုဖွင့်ကြည့်လိုက်မိသည်။မျက်နှာသစ်ဆေးလိုဘူးလေးတစ်ဘူးနှင့် ဒုလုံးရှည်လိုဘူးလေးအပြင် တခြား ဘူးဝိုင်းလေး နှစ်ခုကိုတွေ့လိုက်ရသည် ။မျက်နှာသစ်ဆေးလိုဘူးလေးကို ယူကြည့်လိုက်တော့ moisturizerဖြစ်နေသည် ။ဘာလဲ သူကskin careလုပ်တာပဲလား ။
တောထဲက ဘုရင်မှာဒီလိုပစ္စည်းရှိနေတာလား ။ဒုလုံးရှည်ဘူးက Tonerဖြစ်ပြီး ဘူးအဝိုင်းလေးအဝါလေးက night cream ၊နောက်ဘူးအမဲရောင် အဝိုင်းလေးက ဆံပင်မှာသုံးတဲ့ ဂျယ်ဘူး ။ဒီကဘုရင်ကလည်း skin careပြီး ဂျယ်သုံးတာပဲလား ။
ဟုတ်သားပဲ ကိုယ်က သူ့ကိုစေ့စေ့စပ်စပ်သေသေချာချာတောင်ကြည့်ဖူးတာမှမဟုတ်တာ ။မျက်နှာလည်းမဖြင်ဖူးဘူး ။ ဆံပင်တောင် ဘာအရောင်လဲမမှတ်မိဘူး ။
သူက ဘုရင်ဖြစ်နေပေမယ့် gayထင်တယ် ။ အေးလေ ဘုရင်လည်း မgayရဘူးလို့ ဘယ်သူပြောလဲ ။လူတိုင်း လွတ်လပ်စွာgayခွင့်ရှိတာပဲ ။ကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်မှု့ကရှက်စရာမှမဟုတ်တာ ။
ဂျီမင်က ဒုတိယအံဆွဲအား ထပ်ဖွင့်လိုက်သည် ။ဘူးတွေထပ်ရှိနေတာကြောင့် ယူကြည့်လိုက်တော့ serumဘူး၊suncreamနှင့်အတူ babymild body lotionနှစ်ဘူး babymild powder,Babymild oil, babymild showerအပြင် lubricantဆိုသည့်ဘူးလေးပါတွေ့လိုက်ရသည် ။babymildသုံးနေတဲ့ ဘုရင်အခုမှပဲတွေ့ဖူးတယ် ။Lubricantက ဘာပါလိမ့်။
ဂျီမင်က ထိုဘူးလေးဖွင့်ကာ အနံ့နမ်းကြည့်လိုက်သည် ။
သစ်သီးနံ့လေးပဲ သင်းသင်းလေးဟ ။ဆံပင်သုံးတဲ့ ဂျယ်ပဲလားမသိဘူး ။ဘူးနောက်မှာပါသည့် အညွှန်းကိုဖတ်ကြည့်လိုက်သည့်အချိန် ဂျီမင်ပါးလေးတွေ ပန်းရောင်သန်းလာတော့သည် ။ဒါ..ဒါမျိုးလဲ သုံးရတာလား ။
ဘာလို့ သူက အဲ့လောက်တောင်ခေတ်မှီရတာလဲ ။ဘူးတွေကို နေရာတကျပြန်ထားရင်းတတိယအံဆွဲအားဖွင့်ကြည့်လိုက်သည် ။ထပ်မြင်လိုက်သည့် ဖာလေးတစ်ဖာကြောင့် ဂျီမင်မျက်နှာတစ်ခုလုံး နီရဲလာတော့သည် ။ Con..condomလည်းရှိတာပဲလား ။အရောင်မျိုးစုံနဲ့ ။မြို့သွားပြီး ဝယ်ထားတာလား ။သူက မြို့ကိုရောက်ဖူးတာလား ။
ထပ်ပြီးပဝါလေးဖြင့် ပတ်ထားသည့် အရာလေးအား ယူကာ ပဝါဖယ်ကြည့်လိုက်တော့ ဖုန်းဖြစ်နေသည် ။ဖုန်းတောင် နောက်ဆုံးပေါ် Samsungခေါက်ဖုန်းကြီး ။ဒီဘုရင်က နက်နဲလိုက်လေစွ ။ခေါက်ဖုန်းလည်း ကိုင်တာပဲလား ။ဖုန်းကိုင်တတ်တယ်လား ။
စပ်စုချင်စိတ်က ထိန်းမရတာကြောင့်ဖုန်းpowerဖွင့်လိုက်ပြီး အခန်းအားပတ်ပတ်လည်လှည့်ကြည့်လိုက်သည်။အနောက်မှာ ရောက်နေလို့ မိသွားရင်လည်ပင်းညစ်ခံနေရအုံးမယ် ။
Phoneကိုသေချာ စူးစမ်းကြည့်တော့ အစ်ကိုကြီးတစ်ယောက်ရဲ့ပုံတွေ့လိုက်ရသည် ။ ချောလိုက်တာ..။ဘယ်သူများလဲ ။ သူ့ရည်းစားဟောင်းများလား ။ရွှေရောင်ဆံပင်လေးတွေကို မတိုမရှည်လေးချထားပြီး အသားအရည်ကလည်း ကြည်ဥနေတာပဲ။ပြုံးနေတဲ့ အပြုံးလေးကလည်း ရင်အေးစရာလေး ။
သူ့ရည်းစားဟောင်းထင်တယ် ။ဝတ်ပုံစားပုံကလည်း မြို့အဝတ်အစားတွေ ။သေချာတယ် သူကမြို့ကိုရောက်ဖူးတယ် ။
နောက်တစ်ပုံက ကလေးလေးတစ်ယောက်ပုံ ။လက်နှစ်ချောင်းထောင်ကာ စောင့်ကြောင့်ထိုင်ရင်း သွားစိ၍ရယ်နေသည့်ပုံလေး ။ဘယ်ကလေးပုံလေးလဲ ။ နောက်တစ်ပုံက ကိုယ့်ပုံဖြစ်နေသည် ။အိပ်ပျော်နေတဲ့အချိန် ရိုက်ထားတာဖြစ်ရမယ် ။အပေါ်စီးက ရိုက်ထားတာ ဖြစ်ပြီး မျက်နှာတစ်ခြမ်းသာပုံပေါ်သည် ။
ဖုန်းထဲမှာ အားလုံးပေါင်း ပုံသုံးပုံတည်းသာ ။ဒါက သူ့ရည်းစားဟောင်းနဲ့ရထားတဲ့ကလေးများလား ။ဘာလို့ သူ့ဆီမှာ ဖုန်းရှိနေရတာလဲ ။ထယ်ယောင်းဆီဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြရမယ် ။ထယ်ယောင်း စိတ်ပူနေလိမ့်မယ်။
"ဖုန်းခေါ်ဖို့ကြိုးစားနေရင် လက်လျှော့လိုက် ဒီမှာလိုင်းမမိဘူး"
နောက်ကျောဘက်မှကြည်လင်ပြတ်သားစွာ ထွက်လာသည့်အသံကြောင့် ဂျီမင်လန့်ကာ တုံသွားသည် ။
"ငါ..ငါက ဒီအတိုင်းတွေ့လို့ကောက်ကိုင်လိုက်တာပါ"
"ငါရပ်ကြည့်နေတာ မင်းဓာတ်ပုံတွေကြည့်နေကတည်းက"
"အာ~~အာ~~ရော့ ရော့ ငါသူများဟာစပ်မစုတတ်ပါဘူး ကြည့်ချင်လို့ ယူကကြည့်လိုက်ရုံပါ"
JEONလက်ထဲ ဖုန်းထည့်ပေးလိုက်ပြီးဖာသိဖာသာလေး နောက်ပြန်လှည့်လိုက်သည် ။
"ငါ့မျက်နှာ မြင်ချင်လား"
ဂျီမင်က ချက်ချင်းလှည့်ကြည့်လာပြီး
"မမြင်ချင်ဘူး"
"ဘာဖြစ်လို့လဲ"
"ငါသေရင်ဘယ်လိုလုပ်မလဲ"
"မင်းက ငါ့ရဲ့ကြင်ယာတော်ပဲ ငါ့မျက်နှာကို မြင်နိုင်တယ်"
"မြင်နိုင်လည်း မကြည့်ချင်ဘူး လူတိုင်းကပြည့်စုံတယ်လို့ မရှိဘူးဆိုတာ မင်းသိတယ်မလား ။ မင်းက အရပ်လည်းရှည်တယ် ၊bodyလည်းတောင့်တယ်၊တိုင်းပြည်ရဲ့ဘုရင်လည်းဖြစ်တယ် မင်းကချမ်းသာတယ် အရာအားလုံးပြည့်စုံလုနီးပါးရှိနေတဲ့မင်းမှာ ချို့ယွင်းချက်အနေနဲ့ ရုပ်ရည်ကတော့ တော်တော်ဆိုးမယ်လို့ငါထင်တယ်ငါကလေ ရုပ်ချောတဲ့လူကိုပဲအိမ်ထောင်ဖက်အဖြစ်ရွေးချယ်ချင်တာ ။ ငါ့မှာအစွဲရှိတယ် ရုပ်ချောတဲ့လူကိုပဲသဘောကျတာ ။ တကယ့်လို့ မင်းမျက်နှာကိုမြင်လိုက်တဲ့အချိန် မင်းအရမ်းရုပ်ဆိုးနေရင် ငါတစ်သက်လုံးနောင်တရနေမှာ ။ငါမကြည့်ခဲ့တာမှကောင်းသေးတယ်ဆိုပြီး။ ငါ့ကလေးအဖေက ဒီလိုရုပ်ရည်ကြီးလားဆိုပြီး ငါတစ်သက်လုံး စိတ်ဆင်းရဲရမှာ ၊ အဲ့တာကြောင့် မကြည့်တာပဲကောင်းတတယ်"
သောက်မြင်ကပ်တဲ့ပုဒ်မနဲ့ ပိုပိုလွန်လွန်ပြောလိုက်ရသည်မို့ ရင်ထဲအေးမြသွားရသည် ။
ဂျီမင်ရဲ့စကားကြောင့် JEONရဲ့ နှုတ်ခမ်းကွေးညွှတ်သွားပြီး အခန်းထဲကထွက်သွားလေသည် ။
"သွား..မြန်မြန်ကြွ ။ စိတ်ဆိုးသွားလည်းအေးတာပဲ ၊ ကိုယ့်ဗိုက်ထဲ သူ့ကလေးရှိနေတော့ဘာမှလုပ်ရဲမှာ မဟုတ်ဘူး"
ဒီလိုနဲ့ ထိမ်းမြားမယ့်နေ့ဆီသို့...
နန်းတော်တစ်ဝန်းလုံး အလုပ်ရှုပ်နေကြပြီး လာရောက်သည့် တိုင်းသူပြည်သား၊အမတ်တွေနဲ့ စည်ကားနေကြသည် ။အားလုံးက ဘုရင်ထိမ်းမြားမည့် သူအားတွေ့မြင်ချင်နေကြပြီး မျှော်လင့်တကြီးစောင့်စားနေကြသည် ။
အခန်းထဲ အေးအေးဆေးဆေးဖြစ်နေသူလေးကတော့ ဂျီမင်ရယ်ပါ ။သူများတွေအတွက်အရေးကြီးပေမယ့် သူ့အတွက်ကတော့ အရေးမကြီးပါ။ လိုလိုလားလား လက်ခံထားတဲ့ထိမ်းမြားလက်ထပ်ပွဲမှ မဟုတ်ဘဲ ။
ရွှေလက်ကောက်လေးတွေဟာ ဂျီမင်ရဲ့လက်ကောက်ဝတ်နှစ်ဖက်လုံးအပြည့်ဖြင့် ။ ပိတ်စအဖြူရောင်လေးအား အသုံးပြုကာဂျီမင်အတွက်ချုပ်ပေးထားတာလေးကဂျီမင်နှင့်လိုက်ဖက်လွန်းလှသည် ။ခါးတွင်ပတ်ထားသော ရွှေခါးပတ်လေးနှင့်တွဲလျက်ပါသော ပုလဲလုံးလေးစီခြယ်ထားသော သိုင်းကြိုးက တင်ပါးတစ်ဝိုက် သိုင်းလျက်ကျနေသည် ။အောက်ပိုင်းတွင်လည်းပေါင်လယ်ကျော်ကျော်လောက်မှစ၍ ခွဲထားပြီးခြေဖမိုးထိကျနေသော ပိတ်စအဖြူအနားတွင်လည်း ရွှေကွတ်ထား၏။ Vပုံသဏ္ဍာန် လည်ပင်းမှာလည်းရွှေကွတ်ထားပြီး ပုခုံးနှင့်လက်ကောက်ဝတ်ကြား၌ အဖြူရောင် ပဝါစ,လေးတွဲလျက်ဆက်ထား၏။ ဂျီမင်ရဲ့လက်မောင်းမှာလည်း သစ်ရွက်သဏ္ဍာန် ရွှေရောင် လက်မောင်းပတ်လေး ပတ်ထား၏ ။
ဂျီမင်အတွက်တော့ နန်းတော်ထဲနေရတာပျင်းရိစရာကောင်းနေသည် ။အခန်းထဲ ရှေ့လျှောက်လိုက်၊နောက်လျှောက်လိုက်၊တောင်လျှောက်လိုက်၊မြောက်လျှောက်လိုက်နဲ့ တစ်ယောက်တည်း ပျင်းနေသည် ။
"အခမ်းအနားစတော့မယ်..သွားရအောင်"
"အင်း..အော် နေအုံး ငါဖိနပ်စီးလိုက်အုံးမယ်"
JEONက ဂျီမင်ရှေ့ဒူးတစ်ဖက်ထောက်ချလိုက်ပြီးဘေးကစင်လေးပေါ်တွင် တင်ထားသောရွှေရောင် ဖိနပ်လေးအားယူပြီးနောက်ဂျီမင်ခြေကျင်းဝတ်လေးအား အသာအယာ မ,ယူလိုက်သည် ။ထို့နောက် ရွှေရောင်ဖိနပ်လေးအား သေချာစွပ်ပေးပြီး နောက်တစ်ဖက်ကိုလည်း ထိုကဲ့သို့ပင်စီးပေးသည် ။
JEONရဲ့လုပ်ရပ်ကြောင့်ဂျီမင်ရဲ့နားထဲ ထယ်ယောင်းရဲ့စကားတို့ပြန်ကြားယောင်လာတော့သည် ။"ခြေဖမိုးကိုနမ်းတယ်ဆိုတည်းကအဲ့ကောင်လေးကို မြတ်နိုးလို့ပေါ့အဲ့ကောင်လေး ညံ့လိုက်တာမင်းသာဆို ငါ့ခြေဖမိုးနမ်းမလား" ။ဖိနပ်စီးပေးနေသည့် ထိုသူ့အားငုံ့ကြည့်နေမိသည် ။ယောင်္ကျားလေးတစ်ယောက်ရဲ့ ခြေဖမိုးကို ယောင်္ကျားလေးတစ်ယောက်နမ်းတယ် ။ဒီလိုလုပ်နိုင်ပါ့မလား ။
မင်းက တကယ်ပဲ ငါ့ကိုသဘောကျတာလား ။
"သွားရအောင်"
ဂျီမင်ရဲ့လက်ဖျားလေး ကို အသာအယာမကိုင်ကာအိပ်ဆောင်ကနေ ခန်းမဆီသို့ ခေါ်ဆောင်သွားသည် ။ခန်းမဆီသို့ရောက်တော့ ကြီးမားသောတံခါးရွက်ကြီးက အလိုလို ပွင့်ဟလာပြီးခန်းမထဲရှိလူအပေါင်းက မတ်တပ်ရပ်ကာ ကြိုဆိုနေကြသည်။ ဘုရင့်ပုလ္လင်ဘေးနားရှိ နောက်ထပ်ပုလ္လင်တစ်ခုရှိနေပြီး ဘုရင့်ပုလ္လင်နဲ့ အရွယ်အစားဟာ မတိမ်းမယိမ်းလေး သေးရုံသာ ။ပုလ္လင်တစ်ခုလုံး ရွှေတွေရတနာတွေနဲ့စီခြယ်ထားသေးသည် ။
ထိုပုလ္လင်ဆီသို့ သွားရာ လမ်းတစ်လျှောက် နှင်းဆီပန်းပွင့်ဖက်တို့ခင်းကျင်းထားပြီးခန်းမတစ်ခုလုံးကို အလှဆင်ထားသည် ။သူ့(JEON)ရဲ့လက်ဖဝါးပေါ် ကိုယ့်လက်ဖဝါးမှောက်တင်လျက်ခန်းမထဲသူတစ်လှမ်းချင်းလျှောက်လှမ်းနေသည့်အတိုင်း လိုက်လျှောက်လိုက်သည်။
ပုလ္လင်နားရောက်တော့ ဒုတိယအဆင့်ထိတက်ခိုင်းပြီး ဘေးက လူကြီးတစ်ယောက်က ဘာတွေပြောနေမှန်းမသိ ။သူက သူတို့ပြောတဲ့စကားအတိုင်း တစ်ခွန်း၊နှစ်ခွန်းလိုက်ပြောခိုင်းပြီး လက်ချင်းထပ်ထားသော ကျွန်တော်တို့လက်တွေကို ရွှေကြိုးနဲ့ချည်ပြီးနောက် နောက်လက်တစ်ဖက်ဖြင့်ဝိုင်လိုလို အနီရောင်အရည်တွေထည့်ထားသည့် ရွှေခွက်ဖြင့် အပြန်အလှန် တိုက်ရသည်။
ထိုဝိုင်လိုလိုအနီရောင် အရည်တွေအားသောက်ရန် သူမျက်နှာတစ်ဝက်အားဖုံးထားသည့်ပဝါအား ခဏတာ ဖယ်လိုက်သည့်အချိန်ခန်းမတစ်ဝန်းလုံးရှိ လူတိုင်းက ခေါင်းငုံ့သွားကြသည် ။ကိုယ်ကတော့ သူ့မျက်နှာအားတစိုးတစိမျှလောက် မြင်လိုက်ရသည် ။သေသေချာချာမမြင်လိုက်ရတာကြောင့်ဘယ်လိုရုပ်ရည်ရှိလဲ မမြင်လိုက်ရပါ ။
ထို့နောက် သရဖူသဏ္ဍာန် ရွှေရောင်လက်စွပ်လေးအား အပြန်အလှန် ဝတ်ခိုင်းသည် ။
ထို့နောက်JEONက သူတို့လက်နှစ်ဖက်အား ပူးချည်ထားသော ရွှေကြိုးအားဖြုတ်ကာဂျီမင်လည်ပင်းမှာဆွဲပေးပြီးနောက် မိန်းကလေးတစ်ယောက်လာပေးသည့်အနီရောင်ကတီပါအသားပေါ်တွင်တင်ထားသောရွှေရောင်စိန်အသေးလေးတွေစီခြယ်ထားသော သရဖူအား ဂျီမင်၏ဦးခေါင်းထက်ပေါ်သို့ ဆောင်းပေးသည်။
ထို့နောက် ထိုလူကြီးက တစ်စုံတစ်ခုရွှတ်ဆိုလိုက်ပြီးနောက်သူက ကျွန်တော့်ရှေ့ဒူးတစ်ဖက်ထောက်ထိုင်ချလိုက်ပြီး တစ်စုံတစ်ခုပြောလိုက်သည် ။ဘာတွေပြောနေမှန်းမသိပေမယ့် သူ့အသံတို့က တည်ကြည်ပြတ်သားနေပြီး အလေးအနက်ထားကာ ပြောဆိုနေမှန်းသိသာ၏ ။ထို့နောက် သူကကျွန်တော့်လက်ဖမိုးအားသူ့မျက်နှာပေါ်မှ ပဝါမဖယ်ဘဲ နှုတ်ခမ်းဖြင့် ထိကပ်လိုက်သည် ။
ထိုအခါ ကြည့်ရှူ့နေသူလူအပေါင်းတို့ကလက်ခုပ်တီး ပြိုင်တူရွှတ်ဆိုကြသည်။ သူတို့ ဘာပြောနေလဲ နားလည်ရင်ကောင်းမယ်။
JEONက ဂျီမင်ရှေ့ဒူးထောက်နေရာမှမတ်တပ်ပြန်ရပ်လိုက်ပြီး
"အခမ်းအနားပြီးပြီ ။ ဒီမှာ တိုင်းသူပြည်သားတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပကြမှာ ပြန်နားလို့ရတယ်"
"အော် ဒါနဲ့ ခုနက ငါ့ကိုမင်းတို့ဘာသာစကားအတိုင်းပြောခိုင်းတာ ဘာစကားတွေလဲ"
"ကျိန်ဆိုခိုင်းတာ မင်းသစ္စာဖောက်ရင် ငါသေမယ် ငါသစ္စာဖောက်ရင်မင်းသေမယ်"
JEONရဲ့စကားကြောင့် ဂျီမင်အံ့ဩတကြီးအော်လိုက်သည် ။
"ဘာ!!! မင်းသစ္စာဖောက်ရင် မင်းသေပေါ့ ဘာလို့ငါသေရမှာလဲ "
"အရင်ဘုရင်တွေ လက်ဆက်တိုင်းသူရဲ့ကြင်ယာတော်နဲ့တစ်ယောက်က်ုတစ်ယောက် အပြည့်အဝယုံကြည်ကြလို့ အဲ့လိုကျိန်ဆိုကြတာ ၊ အဲ့လိုကျိန်ဆိုရတာက ဘုရင်တွေရဲ့လက်ဆက်ပွဲတိုင်းက ရိုးရာတစ်ခုပဲ"
"အဲ့တာ သူတို့လေ ၊ ငါတို့ကရည်းစားလည်းမဟုတ်ဘူးချစ်လို့လက်ထပ်ကြတာလဲမဟုတ်ဘူးယုံကြည်ဖို့မပြောနဲ့ ငါတို့တွေ့တာ အချိန်ဘယ်လောက်ရှိသေးလို့လဲ ။အထူးသဖြင့် ငါကမင်းကိုချစ်လို့လက်ထပ်ထားတာမဟုတ်ဘူး ။ မင်းအတင်းလက်ထပ်ခိုင်းလို့ လက်ထပ်ရတာ မင်းသစ္စာဖောက်လို့ ငါသေရင်ဘယ်လိုလုပ်မလဲ"
"စိတ်ချပါ ငါဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ဘူး"
တွေ့လား..တွေ့လား စကားပြောပုံကိုကအချိုးမပြေတာ ။ မသိရင်ဘဲ ငါကဘဲဖောက်ပြန်ရင်ဖောက်ပြန်မယ် သူကတော့မဖောက်ပြန်ဘူးဆိုတဲ့သဘောလေ ။ ငါ့ကိုသစ္စာမရှိတဲ့သူများထင်နေလား ။ ငါလိုလူမျိုးက မင်းကိုမကြိုက်ဘဲယူထားရပေမယ့် သစ္စာဖောက်မယ့် လူမျိုးတော့ မဟုတ်ပါဘူး ။
"ငါ့ကိုတိုက်တဲ့အရည်တွေကရော"
"ဖျော်ရည်ကိုမှ ငါတို့ကျိန်ဆို ထားတဲ့သစ္စာတွေ ထိရောက်အောင် အပြန်အလှန်တိုက်ခိုင်းတာရှင်းရှင်းပြောရရင် သစ္စာရည် ။ အရင်က ဘုရင်တွေက ဝိုင်နဲ့လုပ်ကြပေမယ့် မင်းဗိုက်ထဲမှာကလေးရှိနေတာမို့ ဖျော်ရည်နဲ့လုပ်လိုက်တာ"
"ထပ်ပြီး သိချင်တာတွေ များပေမယ့်မမေးတော့ပါဘူး "
"မင်းပြန်နားချင်နားလို့ရတယ်ဗိုက်ထဲက ကလေးကိုဂရုစိုက်ပေးပါ"
"မင်းဆီက ခခယယ ကြားရတာ နှစ်ခါရှိပြီ ။ မင်းက မင်းကလေးကြတော့ သိပ်သိတာပဲနော်"
ဂျီမင် ခနဲ့ရွဲ့စောင်းကာ ပြောလိုက်ပြီးJEONကို ကျောခိုင်းကာ သူ၏အိပ်ဆောင်ကို ပြန်တော့သည် ။
တရားပါတယ် ။ တရားပါတယ် ။ငါကြတော့ ဝိုင်လည်းသောက်မရ ၊ဟိုဟာ မလုပ်ရ ၊ ဒါမလုပ်ရနဲ့ ။သူတို့ကြတော့ ပျော်ပွဲရွှင်ပွဲလုပ်တယ် ။ငါကြတော့ အတင်းပြန်ခိုင်းတယ် ။
မကျေနပ်ချက်များအား ပွစိပွစိပြောရင်းအိပ်ယာပေါ်သို့ လှဲချလိုက်သည်။ "မင်းက ငါ့အဖော်ပဲ"ဟုဆိုကာ အိပ်ယာပြင်အား ခပ်ဖွဖွ ပွတ်လိုက်ပြီး တစ်ဖက်ရှိ ပြူတင်းပေါက်အားအိပ်ယာပေါ်မှငေးရင်း ဂျီမင်ဟာ တဖြည်းဖြည်း အိပ်မောကျသွားတော့သည် ။
ဂျီမင်ပြန်၍နိုးလာခဲ့သည် ။မည်မျှလောက် ကြာသွားသလဲဆိုလျှင်မှောင်ရီပျိုးစပြုပြီးနောက် ညည့်ဦးယံကိုပင်လျှင် ရောက်လင့်နေပြီ ။ဂျီမင်သည် အိပ်ယာဘေးကိုကြည့်လိုက်ပြီး JEONမရှိတာကြောင့်ထထိုင်လိုက်သည် ။ "သူပြန်မလာသေးတာလား"ဟုစိတ်ထဲက တွေးလျက် ဘေးကိုငေးကြည့်မိတော့ ပြူတင်းပေါက်တွေက ပိတ်လျက်သား ။ပြူတင်းပေါက်တွေ ပိတ်နေရင်တော့သေချာပေါက် သူပြန်ရောက်လာခဲ့ပြီပေါ့။
ပြူတင်းပေါက်က လေတိုးလွန်းတာကြောင့် JEONက ဂျီမင်အအေးပတ်မှာစိုး၍သူပြန်လာတိုင်း အမြဲပိတ်တတ်၏ ။"ပြန်ရောက်လာလည်း အရေးစိုက်စရာမှမလိုတာ" ဟုတွေးကာပြန် လှဲလျောင်းလိုက်ပြီး မျက်ခွံလေးတွေ မှိတ်ချလိုက်သည် ။ တခဏကြာသည်အထိဂျီမင်ဟာ အိပ်မပျော်ခဲ့ချေ။နေ့လယ်ကနေ ညည့်ဦးယံလောက်ထိအိပ်ပျော်သွားတာကြောင့် မျက်စိကြောင်နေတာကြောင့်ဖြစ် သည် ။
ခဏကြာသည့်အခါ ရေချိုးဆောင်ထဲမှ JEONက ထွက်လာသည် ။အဝတ်ဖြူစ,အား ခါးတစ်ဝိုက်ဖြစ်သလိုပတ်ပြီး ထွက်လာခဲ့တာ ။ဂျီမင်က JEONကိုကြည့်မိပြီးနောက် ချက်ချင်း မျက်လုံးတို့ပြန်မှိတ်ချလိုက်သည် ။
အရင်က မျက်လုံးကိုပဝါစည်းထားတာမို့အဲ့ဘုရင်ကိုသေချာမမြင်ဖူးပါ ။မနေ့က တစ်နေ့ကမှစပြီး သေချာမြင်ဖူးခဲ့တာ ဒါတောင်ခန္ဓာကိုယ်ပါပဲ ။ခန္ဓာကိုယ်အားဖြင့် အရပ်ရှည်ပြီး တောင့်တောင့်ဖြောင့်ဖြောင့်နှင့် စမတ်ကျသည့် အနေအထားရှိပြီး ကြွက်သားတို့လည်း ရှိသည် ။အင်းပေါ့ ဘုရင်တစ်ပါးက အဲ့လိုအချက်လောက် တော့ရှိရမယ်မလား ။
Babymild showerအနံ့က နှာဖျားလေးမှ တိုးဝင်လာတာကြောင့်JEONအနားရောက်လာမှန်း ဂျီမင် သတိထားမိလိုက်သည် ။အိပ်ချင်ယောင်ဆောင်နေသော ဂျီမင်ကို သတိထားမိသည့် JEONက ဂျီမင်၏ မျက်နှနားသို့ကပ်ကာ နားရွက်ဖျားလေးအား ဆွဲကိုက်လိုက်သည် ။ဂျီမင်ရဲ့မျက်တောင်လေးတွေ သိသိသာသာလှုပ်ခတ်သွားတာကြောင့်JEONပြုံးလိုက်သည် ။
"အိပ်ချင်ယောင်ဆောင်နေလဲ အပိုပဲ ဒီနေ့က မင်းတို့တိုင်းပြည်ကစကားလိုပြောရရင်မင်္ဂလာဦးညပဲလေ"
JEONရဲ့စကားကိုကြားသည်နှင့် တစ်ပြိုင်နက်တည်း မျက်တောင်တို့ပွင့်လာပြီး...
"မင်းးး! မရဘူးနော် ၊ ကလေးရှိတယ် ငါ့အသားကိုမထိနဲ့ ၊ မင်းငါ့ကိုထိရင် ငါထွက်ပြေးမှာနော်"
"မင်းဘယ်တုန်းက ငါ့ဆီကနေ ထွက်ပြေးလို့ရဖူးလို့လဲ"
ဂျီမင်သည်ချက်ချင်းထထိုင်လိုက်ပြီးအိပ်ယာဘေးထိုင်နေသည့် JEONနှင့်ဝေးရာသို့ ရွှေ့ထိုင်လိုက်သည် ။
"ငါ့ကိုအလွှတ်ပေးလို့မရဘူးလား"
"မရဘူး "
ခြေကျင်းဝတ်ကိုလာဆွဲသည့် လက်အေးအေးကြီးကို အားဖြင့် ကုန်းကိုက်လိုက်ပြီး အိပ်ယာပေါ်ကထထွက်ပြေး၏ ။သရဲလက်လား လူလက်လားတောင်မသဲကွဲဘူး ။
"မင်းငါ့နောက်မလိုက်လာနဲ့"
"ဂျီမင် မပြေးနဲ့"
ခပ်အေးအေးစကားသံကြောင့်ဂျီမင် ခြေလှမ်းတို့ရပ်တန့်သွားပြီးမျက်ဝန်းတို့ ပြူးကျယ်သွားကာ တအံ့တဩ ပြန်ပြောလိုက်သည်။
"မင်းငါ့နာမည်ကို သိတယ်!?"
"မပြေးနဲ့ ။ ချော်လဲရင် ဗိုက်ထဲက ကလေးထိခိုက်မယ်"
"မင်းငါ့နာမည်ဘယ်လိုသိတာလဲ"
"မင်းကငါ့ကြင်ယာတော် ၊ မင်းနာမည်မသိဘဲ နေမလား"
တဖြည်းဖြည်း သူ့ဆီလျှောက်လာသည့်JEONကို သူကပြူးကြည့်နေရင်းကြောင်ရပ်နေတော့သည် ။JEONက သူ့ကို ပေါင်းရင်းနားက မချီကာအိပ်ယာပေါ် တင်လိုက်သည် ။
"ငါ့နာမည် JEON၊ ဒီတိုင်းပြည်ကÉRORA တိုင်းပြည် ၊ ငါက ဒီတိုင်းပြည်အယ်ရိုရာရဲ့ ဘုရင်ပဲ"
မျက်တောင်လေးတဖျက်ဖျက်ခတ်ရင်းအူကြောင်ကြောင်လေး နားထောင်နေသော ဂျီမင်ကို JEONက ထိုင်ကြည့်နေသည် ။ထို့နောက် မွေးပွတဘက်တစ်ထည်ကိုအံဆွဲထဲက ထုတ်ပြီး ဂျီမင်လက်ထဲထည့်ပေးပြီး ကုတင်ဘေးကြမ်းပြင်မှာ ထိုင်ချလိုက်ကာ...
"ခေါင်းသုတ်ပေး"
"ကိုယ့်ဘာသာကိုယ် သုတ်လေ"
JEONက သူ့လက်ကိုဆွဲယူကာ ခေါင်းပေါ်တင်လိုက်သည် ။
"သုတ်ပေးပါ"
ဂျီမင်ဘာမှမပြောတော့ ဘဲ JEONရဲ့ ဆံသားတို့အား မွေးပွတဘက်ဖြင့် သုတ်ပေးနေသည် ။JEONက သူ့မျက်နှာကိုဖုံးထားသည့် ပုဝါစကိုဖယ်လိုက်ပြီးနောက် ဂျီမင်က မသိမသာ မျက်နှာလွှဲလိုက်သည် ။
အမှန်ပင် သူ့ရဲ့မျက်နှာကို ကျွန်တော်မကြည့်ရဲပါ ။ဘယ်လိုရုပ်ရည်မျိုးလဲ ဆိုတာက ကျွန်တော့်ကို ခြောက်လှန့်နေသလိုပဲ ။
"ငါကမင်းပြောသလောက် ရုပ်မဆိုးဘူး"
"ငါမင်းမျက်နှာ မကြည့်ရဲဘူး"
"မင်းတကယ် ကလေးမွေးပြီးထွက်သွားမှာလား"
"ငါမသိဘူး"
"မင်းတစ်သက်လုံး ငါ့မျက်နှာမကြည့်ဘဲ နေနိုင်လို့လား"
"နေနိုင်တယ်"
"ငါ့ကို မုန်းတယ်မလား"
"မုန်းတယ်"
"ဘာလို့ဆက်နေနေသေးတာလဲ"
"မင်းကိုယ်တိုင်ပဲ ပြောတာလေ မင်းဆီက ထွက်ပြေးလို့မရဘူးဆိုပြီး"
"ငါတစ်စုံတစ်ယောက်ရဲ့ အောက်မှာ ပထမဆုံးထိုင်ဖူးတာ ။ငါ ခြေဖမိုးကိုနမ်းဖူးတဲ့သူ၊ ငါတောင်းဆိုဖူးတဲ့သူ၊ခခယယပြောဖူးတဲ့သူ၊ ငါအတ္တအကြီးမိဆုံးသူ၊ငါအပိုင်ဆိုင်ချင်ဆုံးသူ အဲ့တာမင်းပဲရှိတာ"
JEONရဲ့စကားတွေကြောင့် ဂျီမင်တိတ်ဆိတ်သွားသည် ။
"မင်းကိုရဖို့ဆို ငါဘာမဆိုလုပ်မှာငါမင်းကို လက်မလွှတ်ချင်ဘူး"
"ငါ့အပေါ်ရက်စက်ခဲ့တာတွေအားလုံးကငါ့ကိုပိုင်ဆိုင်ချင်လို့လား ၊ မင်းကပိုင်ဆိုင်ချင်ဖို့ တစ်ခုတည်းသိပြီး လုပ်ချင်ရာလုပ်တယ် ငါ့ဘက်ကို ထည့်စဉ်းစားဖူးလားငါကမင်းကြိုးဆွဲရင် ကရမယ့်အရုပ်ပဲမလား ။ငါဘာတတ်နိုင်မှာလဲ"
"ခွင့်လွှတ်ပေးပါ"
"မင်းလုပ်ခဲ့တာ ကိစ္စသေးသေးလေး ထင်နေလား ။ မင်းတောင်းပန်လိုက်လို့ငါ့ဗိုက်ထဲက ကလေးက ပျောက်သွားမှာလား"
"ငါ့ကလေးကို ချစ်လား "
ဂျီမင်ပြန်မဖြေပါ ။ တခဏကြာသည့်အခါJEONက ထပ်မံပြော၏ ။
"စစ်တိုက်ရတာကိုမကြောက်ဘူး ၊ ငါ့ဘဝမှာ ကြောက်တယ်ဆိုတာ မရှိသလောက်ဖြစ်တဲ့အထိ ငါသန်မာအောင်နေခဲ့တယ် ။ ငါကဘုရင်တစ်ပါးဖြစ်နေတာကြောင့်အဲ့လိုနေထိုင်ရမှာ အသေချာပါပဲ ။ငါပထမဆုံး ကြောက်မိခဲ့တယ် မင်းကိုဆုံးရှုံးရမှာကိုပဲ ။ ငါဒုတိယအကြိမ် ထပ်ကြောက်မိတယ် ငါ့ကလေးကိုမင်းမလွယ်တော့မှာ၊ငါ့ကိုမုန်းလို့ ငါ့ကလေးကိုပါ မုန်းမှာကို ငါကြောက်နေမိတယ်ငါမင်းကိုစဖမ်းထားခဲ့ကတည်းက ငါ့လုပ်ရပ်မှားနေမှန်း သိတယ် ဒါပေမယ့်ငါမရပ်တန့်ခဲ့ဘူး ။ ငါရပ်တန့်လိုက်ရင် မင်းကငါနဲ့အဝေးဆုံးကို ထွက်သွားမှာကြောက်နေမိလို့ "
"ငါက ဘာမှမသိဘဲ ဗိုက်ထဲ ရောက်လာတဲ့ ကလေးကိုမမုန်းပါဘူးသူက ငါ့ဗိုက်ထဲက ကလေးမို့ ငါမေတ္တာရှိတယ် "
"ငါကို ဘယ်လောက်ထိမုန်းလဲ"
"ဘာဖြစ်လို့မေးတာလဲ "
သူ့ရဲ့စကားသံတို့ ပြတ်ပြတ်သားသားကြားနေရပြီး
"မင်းမုန်းမှာကို ငါကြောက်နေမိလို့"
"မင်းလုပ်ရဲရင်ခံရဲရမှာပေါ့ မင်းငါ့ကိုမုန်းတီးအောင်လုပ်ပြီးမှတော့ငါမုန်းတာ မင်းခံရမှာပေါ့"
"ငါမှားခဲ့ပါတယ်"
JEONရဲ့စကားတွေဟာ စွေးမြေ့နေတာမို့သူ့ခေါင်းကို သုတ်ပေးနေသည့် ဂျီမင်ရဲ့လက်တွေ ရပ်တန့်သွားရ၏ ။
"ငါအိပ်ချင်ပြီ"
"ငါမင်းကြောင့် ပထမဆုံးပျော်ရွှင်ဖူးတာ"
JEONရဲ့ ခန္ဓာကိုယ်ပေါ်က ရေစက်လေးဟာ ပေါက်ခနဲ ကြမ်းပြင်ပေါ်ကျသွားပြီး ပတ်ဝန်းကျင်ဟာလည်း တိတ်ဆိတ်သွားတော့သည်။
"ငါပစ္စုပ္ပန်ကိုပဲ စိတ်ဝင်စားတယ် အတိတ်နဲ့အနာဂတတ်အကြောင်း မတွေးဘူး။ ငါအိပ်ချင်နေပြီ အိပ်တော့မယ်"
အိပ်ယာပေါ် လှဲချလိုက်ပြီး စောင်ခြုံကာ မျက်ခွံတို့မှိတ်ချလိုက်နောက် မကြာမှီအိပ်ယာဟာ အိကျသွားသည် ။JEONကိုယ်တိုင် အိပ်ယာပေါ် လှဲချလိုက်ပြီး ကျောပေးအိပ်နေသောဂျီမင်ရဲ့ ကျောပြင်ကို ကြည့်နေ၏။
"ပိုက်ဆိုင်ချင်တယ် မင်းရဲ့စိတ်နှလုံးကိုရောပဲ"
အေးစက်စက်လက်မောင်းကြီးဖြင့်သူ့ကိုရစ်ပတ်လာသည်ကိုသိသော်လည်းမျက်လုံးမှိတ်ထားလျက်ပင် ဆက်နေနေသည့် ဂျီမင် ။
နှုတ်ခမ်းပေါ်ကျရောက်လာသောသူ့ရဲ့နှုတ်ခမ်းတွေကို ရှောင်ဖယ်လိုက်သော်လည်း မရမကလိုက်နမ်း၏ ။ကျွန်တော် ဘယ်တုန်းကမှ သူ့ကိုငြင်းပယ်လို့မရဘူးပဲ။ မျက်လုံးမဖွင့်ဘဲ မှိတ်ထားလျက်နဲ့ပင်သူပြုသမျှ နုရတော့သည် ။သူကအခုချိန် မျက်နှာကိုမဖုံးထားဘူး ။ဗိုက်ထဲမှာ ကလေးရှိလည်း သူကတော့လုပ်ရာလုပ်မယ့်ပုံ ။
"မျက်လုံးဖွင့် ကိုယ်ကမင်းလောက်ရုပ်မဆိုးဘူး"
"ဘာ!!!"
သူ့ကိုရုပ်ဆိုးတယ်ဟု ပြောလိုက်သောကြောင့် ဂျီမင်မခံချင်စိတ်ဖြင့်ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်မိသည် ။
"အားး!!!!"
ထိုနောက်ဂျီမင်၏အလန့်တကြား အော်သံဟာ အခန်းထဲဝယ် ဟိန်းထွက်သွား၏ ။
မျက်ဝန်းလေးတွေဟာလည်း ဝိုင်းစက်သွားပြီး ပါးစပ်အဟောင်းသားလေးဖြင့် ။ဖရိုဖရဲ ဖြစ်နေသော အဝတ်အစားတွေကြောင့် ဂျီမင်ဟာ ချစ်စဖွယ်ဖြစ်နေ၏ ။ ဂျီမင်အလွန်အံ့ဩသွားရခြင်း၏အကြောင်းအရင်းမှာ...
"မင်း မင်း မင်း ဘာလို့..အဲ့လောက်တောင်..ချောရတာလဲ!"
JEONရဲ့ ပါးနှစ်ဖက်ကို လက်ဖဝါးဖြင့်အုပ်ကိုင်ကာ အပေါ်မော့လိုက် ၊ဘေးစောင်းလိုက်၊အောက်ငုံ့လိုက် လုပ်ရင်း ဂျီမင်ဟာပါးစပ်အဟောင်းသားဖြင့် ။
"မင်း။ မင်း လူမဟုတ်တာ သေချာပြီ"
အဲ့လောက်တောင် ချောလိုက်ရလား ။မျက်လုံး၊နှာခေါင်း ၊နှာတံ၊မေးရိုး၊နဖူး၊မျက်နှာပေါက် ၊ပါးပြင် ၊မျက်ခုံး အကုန်လုံးကို ပြီးပြည့်စုံအောင်ကို ချောရလား ။သူဒီလောက်ချောမယ်လို့ ထင်ကိုမထင်ထားတာ ။ဒီလိုရုပ်ရည်က ကိုရီးယားမင်းသားတောင် ရှုံးရလောက်တဲ့အထိ ။ ယောင်္ကျားဆန်ဆန် မေးရိုး၊မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ၊နှာတံမြင့်မြင့်၊နှုတ်ခမ်းပါးပါးလေး ။ သောက်ရမ်းချောလွန်းတယ် ဟ ။
"ကြည့်လို့ဝပြီလား"
"မင်းမျက်နှာ အစစ်ရော ဟုတ်ရဲ့လား"
"မင်းကိုင်ကြည့်နေတာပဲ မလား"
"မင်း ဘာလို့အဲ့လောက်တောင် ချောရတာလဲ ။ ဘာတွေစားပြီး ကြီးပြင်းလာလို့လဲ ဟမ်"
"မင်းပြောတော့ ကိုယ်ကအရမ်းရုပ်ဆိုးတယ်ဆိုကြည့်မိရင် နောင်တရမှာဆို"
"အဲ့..အဲ့ဒါက ငါမမြင်ဖူးသေး ဘူးလေ"
"မင်းယောင်္ကျားက မင်းထက်ချောပါတယ်"
"ငါကမင်းထက်ပိုချောတယ် "
"ဒါပေါ့ လက်ခံပါတယ်"
အသားအရည်ကလည်း ကောင်းလိုက်တာ ။ ဒီလိုရုပ်ရည်မျိုးIdolတွေတောင် ရှုံးမယ်ထင်တယ် ။ငါ့ဗိုက်ထဲက သူ့ကလေးဆိုဘယ်လောက်တောင်ချောလိုက်မလဲ။
ဂျီမင်၏ဒူးခေါက်ကွေးကို မကာ သူ့ပေါင်ပေါ်တင်လိုက်သည့် JEON ။ ထို့နောက် ခါးကနေမကာ ပေါင်ပေါ်ထိုင်စေပြီး
"မင်းအတွက်ညတာရှည်မယ်ထင်တယ်"
ဂျီမင်ရဲ့ပါးလေး နီရဲသွားပြီး သူ့ခါးကိုဆွဲဖက်ထားသည့် အေးစက်စက်JEONရဲ့လက်ကို ဖယ်ချနေသည် ။ငါ..ငါ ဘာလို့ ရင်တုန်နေရတာလဲ ။ပထမဦးဆုံးလည်း မဟုတ်ဘဲနဲ့..သူ့မျက်နှာ ကြီး မြင်နေရတာ စိတ်မသက်သာလိုက်တာ ။
ဝတ်ရုံအောက်ပေါင်တံနားကနေ သူရဲ့အေးစက်စက်လက်ဖဝါးကြီးက အထက်သို့တက်လာပြီးဂျီမင်၏ အတွင်းဝတ်ကို ဖြေချလိုက်သည်။ ပါးလွှာတဲ့ ပိတ်စတစ်ထည်သာ ကြားခံနေတာမို့အသားချင်းထိမိနေတဲ့ အခါ JEONရဲ့ သွေးသားတို့ဆူပွက်လာသည် ။
"ငါ့ကို မျက်လုံးစည်းထားပေးလို့မရဘူးလား"
"မရဘူး နောက်လည်းအချိန်တိုင်းတွေ့ရမယ့်မျက်နှာပဲ ။ မကြည့်ရဲဘူးလား ။ ရင်ခုန်လို့လား"
နားနားကပ်ကာ ခပ်တိုးတိုးပြောလာသည့်JEONရဲ့ နှုတ်ဖျားက ထွက်လာသည့်လေလေးက နားစည်ထဲရိုက်ခတ်သွားသည့် အခါ ဂျီမင်တစ်ကိုယ်လုံး တုံတက်သွား ။မသိတော့ဘူး...မသိတော့ဘူးလို့ ။ငါက ဒီတိုင်း ချောတဲ့လူတွေကိုသဘောကျလို့ပါ ။ဟုတ်တယ်မလား ဟုတ်ပါတယ် ။
နှုတ်ခမ်းပေါ် ဖိကျလာသည့် နှုတ်ခမ်းထူထူလေးကို JEONကအမိအရဖမ်းစုပ်ကာ ဂျီမင်ရဲ့ တင်ပါးအောက် ခံနေသော ပိတ်စအားဆွဲဖယ်လိုက်သည် ။ဂျီမင်ရဲ့လက်တွေက JEONရဲ့လည်ပင်းမှာ ဖက်တွယ်ထားပြီးJEONရဲ့လက်တွေကတော့ ဂျီမင်ရဲ့ တင်ပါးဆီမှာ ။
တင်းပါးနှင့်ထိတွေ့နေတဲ့ သူ့ရဲ့ ပေါင်သားတို့ကြောင့် တစ်ကိုယ်လုံးပူရှိန်းရှိန်းဖြစ်လာရသည် ။အိပ်ယာပေါ်တစ်ဖန် ပြန်လှဲချခံလိုက်ရပြီးနောက် ကိုယ်ပေါ်ရှိအဝတ်အစားတွေဟာလည်း ကြမ်းပြင်ပေါ်လွင့်စင်လိုက်သည် ။တစ်ကိုယ်လုံး လိုက်နမ်းရှိုက်နေတဲ့ JEONရဲ့နှုတ်ခမ်းတွေအောက် ဂျီမင်ရဲ့ညည်းသံလေးတွေ တန်းစီလို့ ။
တင်းပါးဆီကို မထိတထိ ထိတွေ့နေတဲ့လက်ဖဝါးကြီးတွေကြောင့် ဂျီမင်မှာSensitiveဖြစ်လွန်းရတော့သည် ။
ရင်ထဲ အမည်မသိခံစားချက်ကြီးကိုလေးလံစွာထိန်းထားရင်း ဖွင့်ချလိုက်ဖို့ကြပြန်တော့လည်း ရှက်ရွံနေပြန်၏ ။ ရင်ဘတ်ကို ကိုက်ဆွဲလာတဲ့အခါ အသက်ရှူသံပြင်းပြင်းတို့ဖြင့် ပြန်လည်တုံ့ပြန်မိပြီး ပေါင်အတွင်းသားတွေကို ကိုက်ခဲလာပြန်သောအခါ အိပ်ယာခင်းတွေကိုသာ ဆုပ်ချေနေရင်းပြင်းထန်သော ခံစားချက်တို့အားအလူးအလဲ ခံစားနေရတော့၏ ။
အေးစက်စက် လက်ချောင်းတွေ က နူးညံ့တဲ့ရပ်ဝန်းဆီ တိုးဝင်လှုပ်ရှားလာပြန်တော့ ဂျီမင်မှာ မျက်ရည်စတွေဝေ့သီလာတော့သည် ။ရီဝေဝေကြည့်နေသည့် သူ့မျက်နှာကိုမြင်လေ ပိုငိုချင်လေပဲ ။ရှက်လွန်းလို့ရူးတော့မှာပဲ ။
လှုပ်ရှားနေတဲ့ လက်ချောင်းလေးတွေ လစ်ဟာသွားတဲ့အခါ ခေါင်းအုံးစကိုခပ်တင်းတင်းဆွဲထားရင်း အသင့်ပြင်ထားလိုက်တော့သည် ။မကြာခင် နာကျင်ရတော့မှာမှန်းကြိုသိနေတာကြောင့် မျက်လုံးတို့အားလည်း စုံမှိတ်ချထားလိုက်သည် ။
နားသယ်စပ်နား ခပ်နွေးနွေး လေငွေ့လေး တိုက်ခတ်လာတဲ့အခါ ဂျီမင်မျက်လုံး ဖွင့်ကြည့်လိုက်မိသည် ။သူနှင့်အနီးကပ်ဆုံးမှာ ရှိနေတဲ့သူရဲ့ မျက်နှာကြောင့် အသက်အောင့်လျက်။
"မျက်လုံးဖွင့်ထားလေ ဒါမှအတူတူခံစားလို့ရမှာပေါ့"
မျက်လုံးချင်းအတန်ကြာစိုက်ကြည့်ကာချိတ်ဆက်ပြီးနောက် JEONက တစ်ရှိန်ထိုးတိုးဝင်လိုက်သည် ။
"Ahhhh"
နာကျင်သွားတာကြောင့် ဂျီမင်ရဲ့ခါးလေးကော့တက်သွားပြီးJEONရဲ့လက်မောင်းကို ဆုပ်ကိုင်ထား၏ ။
"နာတယ် "
"ခဏပဲ"
JEONစတင်လှုပ်ရှားချိန်မှာ ဂျီမင်တစ်ယောက် ပါးစပ်ပင်မစိနိုင်တဲ့အထိ အော်ညည်းမိတော့သည် ။ တစ်ရှိန်ထိုးတိုးဝင်လိုက်တာဟာ ဂျီမင့်အတွက် ပိုပြီးနာကျင်မှု့သက်သာစေခဲ့ပါတယ် ။သို့ပေမယ့် သူရဲ့ထိန်းချုပ်ထားသည့်ခံစားချက်အချို့တို့ကို မသိမ်းဆည်းနိုင်တော့ပေ ။အသွေးအသားနဲ့ ကိုယ်ခန္ဓာမို့ ဂျီမင်သည်လည်း ခံစားတတ်ပါ၏ ။
အပေါ်မှ အုပ်မိုးနေသူရဲ့မျက်နှာမှာခံစားချက်အားလုံးခံစားနေပုံကိုဂျီမင်မြင်နေရတာကြောင့် တခဏတာ တိတ်ဆိတ်သွားသည် ။ အခုလိုနာနာကျင်ကျင်အော်နေတာကြားရင်သူစိတ်ပျက်သွားမယ်ထင်တယ် ။ပထမဆုံး JEONဆိုတဲ့ခင်ဗျားအတွက်တွေးပေး ဖူးတာပဲ ။အံကြိတ်ထားရင်း နာကျင်လဲ အော်သံမထွက်အောင် ထိန်းထားသည့်အခါJEONက...
"အရမ်းနာလို့လား"
"ဟင့်အင်း ငါအော်နေရင်မင်းစိတ်အနှောက်အယှက်မဖြစ်ဘူးလား"
"မဖြစ်ဘူး အဲ့လိုကြီးငြိမ်မနေနဲ့ ။ ကိုယ်မင်းကို စိုးရိမ်လို့"
အတူနေတဲ့အခါတိုင်း သူ့ဘက်ကကြမ်းတမ်းတာမျိုးမရှိတာအမှန်။ ရပ်ခိုင်းရင်သာ မရပ်ပေးတာအဆင်ပြေရဲ့လားလို့ အမြဲမေးတတ်တဲ့သူ ။ သူသာယာမှု့ထက် ကိုယ့်သာယာမှု့ကို ပိုဦးစားပေးတယ် ။ခင်ဗျား တကယ်ပဲ ကျွန်တော့်အရမ်းသဘောကျတာလား ။
"မင်းအော်တဲ့အသံက ကိုယ့်ကို ပိုပြီးခက်ထန်စေတယ် အဲ့တာကြောင့်မို့အော်ညည်းပေးပါ"
ဂျီမင်ရဲ့မျက်နှာဟာ ခရမ်းချဉ်သီးနီ ပမာရဲလာပြီး ချွေးစတွေတွဲခိုနေသည့် JEONရဲ့မျက်နှာကို မကြည့်နိုင်တော့ဘဲတစ်ဖက်သို့ မျက်နှာလွှဲလိုက်သည် ။
"မင်းမျက်နှာကြီးကို ပိတ်စနဲ့ ပြန်အုပ်ထားပါလား ငါနေရခက်လို့"
"စိတ်လှုပ်ရှားလို့လား"
JEONရဲ့ ခပ်ဩဩရယ်သံကို ကြားလိုက်ရတဲ့အခါ ဂျီမင်အံ့ဩသွားရသည် ။ ပထမဆုံး သူ့ရဲ့ ရယ်သံကိုကြားဖူးတာ ။ခင်ဗျားကို မရယ်တတ်ဘူးလို့တောင်ထင်ထားတာ ။ သူ့ရယ်သံက နားဝင်ချိုသားပဲ ။ဆွဲဆောင်မှု့ရှိတယ် ။
"ခနလောက် လိုက်လျောပေးပါတစ်ခေါက်ပဲ နောက်တစ်ခေါက်မလုပ်တော့ဘူး"
"အင်း"
တခဏအကြာ..ဂျီမင်ရဲ့ညည်းသံလေးတွေဟာ အခန်းတွင်း ပြည့်နှက်လာပြီး JEONရဲ့အသက်ရှူသံခပ်ပြင်းပြင်းတို့ကလည်း ရောယှက်နေ၏ ။အထက်အောက် လှုပ်ရှားနေတဲ့ကိုယ်ငယ်လေးကို ကြည့်ရင်း JEONက ပိုပြီး ခက်ထန်လာသည် ။အသားချင်းထိတွေ့နေရရုံနဲ့တင် ရူးမိုက်ချင်နေသူမို့ ဂျီမင့်အား သိမ်းပိုက်လိုက်ချိန်တိုင်း JEONမှာ အသာကုန် ချစ်ပစ်ချင်စိတ်တို့အားမနည်း ထိန်းချုပ်ထားရသည်။ သူကြောင့် ပိုပြီးနာကျင်ရမှာ ဂျီမင်မို့သူဆန္ဒတွေအား တတ်နိုင်သမျှထိန်းချုပ်ထားစဲ ။
အချိန်ကြာလာတာနဲ့အမျှချွေးစလေးတွေလည်း စီးကျလာပြီးဂျီမင်မောဟိုက်လာသည် ။သူ့အပေါ် အုပ်မိုးထားသည့် JEONကိုကြည့်မိသွားပြီး ပါးနှစ်ဖက်လေးရဲတက်လာ၏ ။JEON၏နှုတ်ခမ်းပါးက ထွက်လာတဲ့ပြင်းရှရှအသက်ရှူသံတို့က သူ့ရဲ့ခံစားနေရမှု့ကိုဖော်ဆောင်နေသလိုပင် ။ယောင်္ကျားလေးတစ်ယောက်ရဲ့ အသက်ရှူသံက ထိုမျှလောက် စွဲဆောင်မှုရှိလေသလား ။
"ဟင်းး~~ မင်းက လှလွန်းလို့ ကိုယ်တကယ်မရပ်တန့်နိုင်ဘူး"
JEONက အားမရသည့်အခါ ဂျီမင်အားပေါင်ပေါ်ထိုင်စေကာနှုတ်ခမ်းတို့အား မွတ်သိပ်စွာ ဖက်နမ်းတော့သည် ။
ကျွန်တော်အသက်ရှူချိန်တောင်မရပါ။ သူရဲ့ လျှာဖျားလှုပ်ရှားမှု့တွေက ကျွမ်းကျင်လွန်းလို့ အသက်ရှူဖို့လည်းမေ့ရသည် ။ JEONက ခံစားချက်တွေပြင်းထန်လာပြီဆို မချုပ်ချုပ်နိုင်တော့ဘဲဘာလုပ်လုပ် မြန်ဆန်လာတယ်။ ကျွန်တော့် တစ်ကိုယ်လုံး သူ့လက်ထဲမှာငါးဖယ်လိုပါပဲ ။JEONက ထင်ထားတာထက် ခံစားချက်ပြင်းထန်တတ်တဲ့လူမျိုး ။သူခံစားချက်တွေ ပြင်းထန်လာတိုင်းကျွန်တော့်မှာ အရိုးကြေမတတ်ပဲ။ သို့ပေမယ့် ကျွန်တော်လည်း လူသားပေမို့...ခံစားမိတယ် ။
"အာ့ မြန်...မြန်ပေးပါ"
သူ့ရဲ့လှုပ်ရှားမှုတွေ မြန်ဆန်လေ ကျွန်တော် ရူးမတတ်ခံစားရလေပဲ ။ဘဝမှာ ပိုက်ဆံရဖို့လုံးပန်းနေရင်း Dateတောင် မလုပ်နိုင်ခဲ့သလို ၊ တစ်ညတာတောင်မဖြတ်သန်းဖူးခဲ့ဘူး ။ ကျွန်တော့်လူပျိုဘဝကသူ့ဆီမှာပါသွားခဲ့တာပဲ ။ ကျွန်တော်ထင်ထားတာက မိန်းကလေးတစ်ယောက်နဲ့ hotelမှာ သို့မဟုတ် ကိုယ့်ချစ်သူနဲ့ ကုန်ဆုံးရမယ်ထင်ထားတယ် ။တစ်ခါမှ အောက်မှာနေရမယ်လို့လည်းမတွေးမိခဲ့ဘူး ။
အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်သူ့ကြောင့် လိင်မှု့ကိစ္စရဲ့သာယာမှု့ကို ပထမဆုံးခံစားဖူးခဲ့တယ် ။နာကျင်မှုထက် သာယာမှု့က ပိုများခဲ့တယ်ဆိုတာ အမှန်ပဲ ။ကျွန်တော်ဘယ်လောက်ပဲရှက်ရှက် သူကကျွမ်းကျင်လွန်းလို့ ကျွန်တော်မထိန်းချုပ်နိုင်ဘူး ။သူ့ရှေ့မှာဆို ကျွန်တော်တောင်းဆိုမိတဲ့ အကြိမ်ရေလလည်းများပါတယ် ။သူ့ဘက်က ကဲ့ရဲ့တာ ၊ ကြမ်းတမ်းတာမျိုးမရှိဘဲ ကျွန်တော့်ဆန္ဒကိုဖြည့်ဆည်းပေးတယ် ။
တစ်ခါတစ်လေ စဉ်းစားမိပြန်တော့ သူသာမဟုတ်ဘဲ တစ်ခြားတစ်ယောက်ဆိုကျွန်တော့်အပေါ် ဒီလိုကောင်းပေးနိုင်မှာမဟုတ်ဘူး ။သူကရက်စက်တတ်တယ် ၊ အေးစက်တယ်၊အတ္တကြီးတယ်ဆိုပေမယ့်သူက ကျွန်တော့်ကို တကယ်သဘောကျပုံရတယ် ။ကျွန်တော့်ကို စော်ကားပြောဆိုတာမျိုးမရှိသလို ရိုက်နှက်ပြီး အရှက်ရအောင်လုပ်တာမျိုးလဲမရှိခဲ့ဘူး ။
ကျွန်တော်သူ့ကို ငြင်းပယ်ဖို့ ခက်ခဲလာတယ် ။ သူ့နေရာမှာ တခြားတစ်ယောက်သာဆို ကျွန်တော်ကိုယ့်ကိုကိုယ်သတ်သေပြီးတာ ကြာပြီ ။သူက စိတ်ညစ်အောင် ဒုက္ခအမျိုးမျိုးပေးခဲ့တယ်ဆိုပေမယ့်အခုပြန်စဉ်းစားကြည့်တဲ့အခါ အဲ့တာတွေက သူကျွန်တော့်ပိုင်ဆိုင်ချင်လို့ ၊ချစ်လို့အတ္တကို ရှေ့တန်းတင်ပြီး လုပ်ခဲ့တာတွေ။
သေချာပေါက်အပြစ်ရှိပေမယ့် ကျွန်တော့်ကိုသဘောကျနေတယ်ဆိုတော့ နှစ်ခြိုက်မိတယ် ။ ကျွန်တော့်ကိုချစ်ပေးမယ့်လူဖြစ်တာကြောင့် ကျွန်တော် မျှော်လင့်မိတယ် ။ထယ်ယောင်းပြောသလို သူက ကျွန်တော့်ကို ပြန်လွှတ်ပေးခဲ့တယ်ဆိုတာကျွန်တော့် ဗိုက်ထဲကလေးရှိလာမယ်ဆိုတာ ကြိုသိနေလို့ ဖြစ်လိမ့်မယ် ။ဘာပဲဖြစ်ဖြစ် ကျွန်တော်က ရှေ့ဆက်ရှင်သန်ရအုံးမှာမို့ စိတ်ညစ်စရာတွေ မတွေးချင်တော့ပါ ။
အတူစီးမျှောကြရင်း JEONရဲ့ ဩရှရှညည်းညူသံအဆုံးနှစ်ဦးသား ဒုတိယအကြိမ် ပန်းတိုင်သို့ရောက်ခဲ့သည်။
ဂျီမင် အမောဖြေနေရင်းရုတ်တရက် JEONရဲ့ရင်ဘတ်အားကြည့်လိုက်မိသည်။ အမာရွတ်တောင်မရှိတော့ဘူး ။ဓားနဲ့ထိုးထားတဲ့ ဒဏ်ရာမပြောနဲ့ အမာရွတ်တောင်မရှိတော့ဘူး! ။ဂျီမင် အံ့ဩသွားကာ..
"အင့် ခနလေး..ဓားဒဏ်ရာက "
ဂျီမင်က JEON၏ပေါင်ပေါ်ထိုလျက်နှင့်ပင် သူဓားဖြင့်ထိုးခဲ့တဲ့ ရင်ဘတ်နေရာအား လက်ဖြင့် အသာလေး ထိရင်းမေးလာသည့် အခါJEONဂျီမင်၏ ခါးကို ဖက်လိုက်ပြီး..
"ပျောက်သွားပြီ"
"မြန်လိုက်တာ ဘာလို့အမာရွတ်တောင်မရှိတော့တာလဲ"
"ကိုယ်ကလူမှမဟုတ်တာ ဒဏ်ရာတွေပျောက်တာမြန်တယ်"
"ဒါပေမယ့် မင်းကလူလိုမျိုးကြီးပဲမလားအဲ့လိုအမြန်ပျောက်မှန်းသိတာ သုံးချက်လောက် ထိုးခဲ့ရမှာ"
JEONက ပြုံးလိုက်ပြီး...
"မင်းအဲ့နေ့က အရမ်းကြောက်နေတယ်မလားဗိုက်ထဲမှာ ကလေးရှိနေတယ်ဆိုတဲ့ အသိကြောင့် မင်းတုံလှုပ်နေတယ် ၊သွေးပူနေပြီး ၊မင်းအကြောင်းပြချက်မရှိဘဲကြောက်ရွံ့နေတယ် ။ ကိုယ်က မင်းစိတ်ထဲကခံစားချက်တွေကို မင်းရဲ့မျက်နှာ ကြည့်လိုက်ရုံခံစားရတယ် ။မင်းကိုဘာလို့လိုက်ဖမ်းခိုင်းလဲဆိုတော့ကိုယ် မင်းဘေးနားရှိနေမှ မင်းစိတ်သက်သာမှာမို့လို့ပဲ ။ ကိုယ်ရှိနေလို့ အနည်းဆုံးတော့ မင်းလုံခြုံတယ်လို့ခံစားရတယ်မလား"
"ဟုတ်တယ် မင်းရှိနေလို့ ။ငါတစ်ယောက်တည်းသာဆို ငါရူးသွားလောက်တယ် ။ အနည်းဆုံးတော့ မင်းကငါ့ကိုဘယ်လိုရှေ့ဆက်ရမလဲ ဆုံးဖြတ်ပေးနိုင်တယ်"
"တောင်းပန်ပါတယ် ကိုယ့်လုပ်ရပ်တွေက အရမ်းလွန်လွန်းမှန်းသိပေမယ့် တခြားရွေးချယ်စရာမရှိလို့ပါမင်းလွယ်ပေးတဲ့ ကိုယ့်သွေးသားကိုပဲ လိုချင်တာမို့လို့ တစ်ကိုယ်ကောင်းဆန်မိတာ"
ဂျီမင် JEONအား စိုက်ကြည့်နေရင်းမေးလိုက် ၏ ။
"ဗိုက်ထဲက ကလေးက မိန်းကလေးဖြစ်နေရင် ဘယ်လိုလုပ်မလဲ မိန်းကလေးက ဘုရင်နေရာဆက်ခံလို့မရဘူးလို့ ငါကြားဖူးတယ်"
"ဘာလို့မရရမှာလဲ ။ မိန်းကလေးဆိုလည်း သေချာပေါက် ဘုရင်မဖြစ်မှာပေါ့ ။မိန်းကလေးလည်း တိုင်းပြည်ကိုဦးဆောင်နိုင်တာပဲ ၊ ရဲရင့်မယ်၊ ပြတ်သားရမယ်၊ အမှားအမှန်ခွဲခြားနိုင်ရမယ် ၊ပညာရှိရမယ် ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်နိုင်ရမယ် ဒီအချက်တွေနဲ့ကိုက်ညီရင် မိန်းကလေးလည်း တိုင်းပြည်ရဲ့ဘုရင်မတစ်ပါးဖြစ်နိုင်တယ်။မိန်းကလေးတွေက လှည့်ကွက် ကြွယ်တယ်၊ ဖြတ်ထိုးဉာဏ် ကောင်းတယ် ၊ သူတို့ကပိုပြီးဉာဏ်ရည်ထက်မြက်တယ် မိန်းကလေးတစ်ယောက် ဘုရင်မတစ်ပါးဖြစ်လာရင် သေချာပေါက် တိုင်းပြည်က တိုးတက်လာမှာ ။ကိုယ်က သမီးလေးပဲမွေးမွေး၊သားလေးပဲမွေးမွေး တိုင်းပြည်ကို ဦးဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်အောင် သွန်သင်ပေးမှာ"
မှန်တယ် ။ မိန်းကလေးတစ်ယောက်ဘုရင် မဖြစ်နိုင်ဘူးဆိုတာ မှားယွင်းတဲ့ အယူအဆပဲ ။ ဘုန်းကံ ဆိုတာ လူတစ်ဦးရဲ့ စိတ်နေစိတ်ထားနဲ့ဆိုင်တာ ။မိန်းကလေးတစ်ယောက်က ဘုန်းကံနိမ့်တယ်ဆိုတာ မှားယွင်းတယ်လို့ထင်တယ် ။ မိန်းကလေးဖြစ်ဖြစ် ယောင်္ကျားလေးဖြစ်ဖြစ် သူဟာစိတ်ကောင်းရှိပြီး ၊ စိတ်ထားမြင့်မြတ်ရင် ဘုန်းကံမြင့်ကြတာပဲ ။ ယောင်္ကျားလေးဖြစ်ပြီးစိတ်ထားယုတ်ညံ့နေရင် ဘုန်းကံမြင့်တယ်လို့ ဘယ်ခေါ်ပါ့မလဲ ။
"ပင်ပန်းနေပြီလား"
"ဘာလဲ..ထပ်ပြီးတော့လား"
"အင်း "
တစ်ခါတစ်လေ သူက ပွင့်လင်းလွန်းလို့ငိုတောင်ငိုချင်တယ်။ ဘယ်တော့မှပြီးမလဲ မသိပေမယ့် သူပြောတဲ့ တစ်ခေါက်ဆိုတာ ဘယ်နှစ်ခေါက်ပေါင်းကို ပြောတာလည်းမသိတော့ပါဘူး ။ညတာကတော့ထင်ထားတာထက်ပိုရှည်နေပြီ ။
တတိယမြောက် ပြီးဆုံးသွားသည့် အခါဂျီမင်မှာ အိပ်ယာပေါ်ဘုန်းခနဲ လှဲချလိုက်တော့၏ ။ဒီလောက်နဲ့ တော်မယ်လို့တော့ မျှော်လင့်ထားပါတယ်။ မျက်လုံးတို့လည်း မှေးစင်းလာပြီး အိပ်ချင်လာပြီ ။ ပင်ပန်းလွန်းလို့ တစ်ကိုယ်လုံး မလှုပ်ချင်တော့ပါ။ ရှက်လည်း မရှက်နိုင်တော့ပါဘူး ဖြစ်သလိုသာ အိပ်ရန်ဆုံးဖြတ်လိုက်သည် ။
အိပ်ယာ ကန့်လန့်ဖြတ် လှဲနေသည့် ဂျီမင်ကို ချီပြီး ခေါင်းအုံးပေါ် ခေါင်းချပေးပြီး စောင်းခြုံပေးကာ ဘေးနား ဝင်လှဲလိုက်သည် ။သေးသေးကွေးကွေး ကိုယ်ငယ်လေးကို ရင်ခွင်ထဲ ဆွဲထည့်ထားရင်း သူခြုံထားသည့် စောင်ကို မိမိဘက်ပါ ခြုံလိုက်သည် ။
"ငါအိပ်ချင်နေပြီ "
ဂျီမင်ရဲ့ ဝဲနေသည့်အသံလေးက တစ်စုံတစ်ခုအား ကြိုတင်တားမြစ်နေမှန်း JEONရိပ်မိ၏ ။
"အင်း ကိုယ်သိတယ်"
"ငါမေးစရာတစ်ခုရှိတယ်"
ဂျီမင်က JEONနဲ့မျက်နှာချင်းဆိုင်လှည့်လိုက်ပြီးနောက် သူ့ကိုစိုက်ကြည့်နေသည့် JEON၏မျက်ဝန်းတွေကို မသိမသာ ရှောင်ဖယ်သွားသည် ။JEONရဲ့ မျက်နှာနဲ့ အမှန်ပင် မရင်းနှီးသေး၍ အသေအချာ မကြည့်ရဲသေး ။
"လူတွေအားလုံးရှိတဲ့ထဲမှ ဘာလို့ငါလဲ။ငါ့ကိုမှ ဘာလို့ပိုင်ဆိုင်ချင်တာလဲ"
"လှလို့ ယောင်္ကျားလေးဖြစ်ပါလျက်နဲ့သူမတူအောင် လှလွန်းလို့ မြင်မြင်ချင်း စွဲလမ်းမိခဲ့တာ ။ မင်းလိုအလှမျိုး ငါပထမဆုံးတွေ့ဖူးတာမင်းက ကိုယ့်ကိုရူးသွားလောက်အောင်ထိပြုစားနိုင်လွန်းတယ်"
"ငါကလှတယ်ဆိုတာ ငါလက်ခံတယ်ငါ့ကို ငါ့သူငယ်ချင်းကလည်း လှတယ်လို့ပြောတယ်"
"မင်းလှလည်း ငါ့အပိုင်ပဲ"
"မင်းကိုလေ့လာကြည့်ရသလောက်မင်းက အတ္တကြီးလွန်းတယ်"
"ကိုယ်က အတ္တကြီးတယ်ဆိုတာဝန်ခံပါတယ်"
ဂျီမင်သည် JEONအား ကျောခိုင်းလိုက်ပြီး စောင်ကို ပုခုံးထိဆွဲတင်ကာ လေးလံနေတဲ့ မျက်ခွံတို့အား အရှုံးပေးကာ မှိတ်ချလိုက်သည် ။ခါးပေါ်သို့ ကျရောက်လာသည့် အထိအတွေ့လေးအား ခံစားမိသော်လည်း လေးလံနေသောမျက်ခွံတို့အောက် ကျရှုံးကာ အိပ်ပျော်သွားခဲ့သည် ။
လူအမျိုးမျိုးနဲ့ ကြုံတွေခဲ့ရတဲ့ တစ်လျှောက် မင်းက ငါ့အတွက် အထူးဆန်းဆုံးလူပဲ။
တစ်ပတ်ခန့်ကြာသော်....
"မထိနဲ့!!!"
ဂျီမင်ရဲ့အော်သံဟာ အိပ်ဆောင်အတွင်း ဟိန်းခနဲ။ ကိုယ်ဝန်ရှိနေတာကြောင့် အရာရာ ခံစားလွယ်နေတော့ ဒေါသထွက်လွယ်နေသည် ။
စပျစ်သီးကိုလှမ်းနေသည့် JEONရဲ့လက်တို့ ရပ်တန့်သွားသည် ။စပျစ်သီး ပန်းကန်အား ဂျီမင်ဘက်မှဆွဲယူလိုက်ပြီးနောက် ခပ်စူးစူးစိုက်ကြည့်ခြင်းခံလိုက်ရသည့် JEON။အကြည့်တွေက စပျစ်သီးတွေအားလုံးကသူ့အပိုင်ဟု ပြောနေ၏။
"တစ်လုံးတည်း"
JEONပုံမှန် အနေအထားအေးစက်စက်နှင့်ပင်ခပ်တည်တည်ဖြင့် ပန်းကန်ထဲက စပျစ်သီးအား လှမ်းနှိုက်လိုက်၏ ။
"ငါ့ဟာလို့"
"တစ်လုံးတည်းပါ"
"မရဘူး"
ဂျီမင်ရဲ့ မျက်နှာဟာ တဖြည်းဖြည်းနီရဲလာပြီး JEONကို မကျေမချမ်းကြည့်နေ၏ ။JEONသည် ဂျီမင်အား စချင်နောက်ချင်တာကြောင့် တမင်သက်သက် စပျစ်သီးအားယူစားနေ၏ ။
"ငါ့ဟာလို့"
ဂျီမင်အသံတို့က ဝဲဖျော့သွား၏ ။
"ဟေ့ မငိုနဲ့လေ ၊ မစားတော့ဘူး ဟုတ်ပြီလား "
JEONက အနေတည်သော်လည်းဂျီမင်မျက်နှာပျက်လျင် ပြာယာခက်သွားသူ ။စပျစ်သီးပန်းကန်းကို ကျောခိုင်းကာ အိပ်ယာပေါ်သွားခွေနေ၏ ။JEONက ဂျီမင်ဆီသို့သွားပြီး
"မစားတော့ဘူး ၊ ထ ထပ်ယူပေးမယ် ၊ မငိုနဲ့"
"ဘယ်မှာ ငိုလို့လဲ!"
မကျေမချမ်း အော်ပြောသည့် ဂျီမင်အားJEON သေချာကြည့်လိုက်သည် ။ဟုတ်ပါရဲ့ မငိုထားဘူးပဲ ။
"မင်းအရမ်းလွန်လွန်းလာပြီ သွားလေ သွား...ညီလာခံ သွားလုပ်ပါအုံးလားကိစ္စရှိလို့သွားပါအုံးလား ၊ ငါ့နားမလာနဲ့ ငါမနေဘူး ပြန်မှာ ၊ သေတောင် ပြန်မလာဘူး!!"
အဖြူရောင်ဝတ်ရုံစ,ကို မကာ အခန်းထဲက ထွက်သွားသည့် ဂျီမင်ကအလွန်စိတ်ဆိုးနေပုံရတယ် ။လွန်ခဲ့တဲ့ ရက်တွေအတွင်း တိုင်းပြည်အရေးကိစ္စတွေကြောင့်ဂျီမင်ကို ဂရုမစိုက်ပေးနိုင်ခဲ့ဘူး ။အနားမှာလည်း မနေပေးနိုင်ခဲ့ဘူး ။အထိန်းတော်တွေ ပြောပုံအရတော့ဂျီမင်က သူများ ပြန်လာမလားဆိုပြီးညဘက်တွေ စောင့်နေတယ်လို့ပြောပေမယ့် နှစ်ဖက်နိုင်ငံချစ်ကြည်ရေးကိစ္စတွေ၊တရားရေးတွေ ဖြေရှင်းနေရတာနဲ့ ညဘက်တောင် မပြန်လာခဲ့ရဘူး ။အဲ့တာကြောင့် ဂရုမစိုက်ဘူးဆိုပြီးစိတ်ဆိုးသွားပုံပဲ ။
"အရှင် ဟိုဘက်တိုင်းပြည်က စစ်သူကြီး ရောက်လာပါတယ် အရှင်နဲ့ပြောစရာစကားရှိတယ်လို့ လျှောက်တင်ပါတယ်"
JEONက ခေါင်းတစ်ချက်ငြိမ့်ပြီး ကိုယ်ရံတော်နောက်လိုက်သွားသည် ။ဂျီမင်က ကိုယ့်နယ်မြေထဲမှာမို့စိတ်ချထားတာကြောင့် တိုင်းပြည်ရေးကိစ္စကို အရင်သွားရမည် ။တစ်ဖက်တိုင်းပြည်နဲ့က အချေအတင်ဖြစ်ထားသည့်အပြင် စစ်ဖြစ်နိုင်ချေရှိနေတာကြောင့် စစ်မဖြစ်အောင်အတတ်နိုင်ဆုံး ညှိနှိုင်းရမည်။ စစ်ဆိုတာ မည်သူတစ်ဦးတစ်ယောက်အတွက်မှကောင်းတဲ့အရာ မဟုတ်ပေလား ။
ဂျီမင် စိတ်ဆိုးဆိုးနှင့် မြို့ပြန်မယ်ဆိုပြီးတောထဲ ထွက်လာခဲ့သည် ။ပါးစပ်ကလည်း ပွစိပွစိပြောလျှက် ဘေးနားက တွေ့သမျှအား ကန်ထုတ်နေ၏။ တောတွင်း တိရစ္ဆာန်လေးတွေဟာလည်း ဘုရင့်ရဲ့အမိန့်ကြောင့် ချုံပုတ်ကွယ်ရာလေးတွေကနေ ကြင်ယာတော်လေးအား စောင့်ကြည့်နေကြသည်။
ကျက်သရေတုံးကောင် ၊ ပြောရင်တော့ မင်းက လွဲပြီးမရှိပါဘူးဆိုပြီး တစ်ပတ်တိတိ လူကို သောက်ဂရုတောင်မစိုက်ဘူး ။သောက်ပိုတွေ ပြောနေတာ ။ပြောလိုက်ရင်လည်း အေးစက်စက်နဲ့ ။သူကလည်းခေါ်ထားသေးတယ် အဲ့လိုလျစ်လျှူရှူ့မထားသင့်ဘူးမလား ။ရုပ်ကိုက တလောကလုံး သူ့လုပ်စာစားနေရတဲ့ရုပ်နဲ့ ဘယ်တော့မှ နွေးနွေးထွေးထွေးရှိတယ်လို့ကို မရှိဘူး ။
တရှပ်ရှပ် နဲ့ ခြေသံကြားလိုက်တာကြောင့်ဂျီမင် JEONအား ကျိန်ဆဲနေရင်းနောက်သို့လှည့်ကြည့်လိုက်သည်။ နို့နှစ်ရောင် ဝတ်စုံလေးနဲ့ လူတစ်ယောက် ။ အရပ်က သူ့ထက်အနည်းငယ်သာ ရှည်ပြီး မျက်နှာမှာလည်း အဖြူရောင်ပဝါစအုပ်ထားသည် ။ထိုလူက သူလှည့်ကြည့်လာတော့ မျက်နှာပေါ်က ပဝါစကိုဖယ်ချလိုက်သည် ။
There are no comments yet. Log in to be the first to leave a review!
!["ရင်ခုန်သံနှောင်ကြိုး"[Completed]](https://fanficsread.net/media/fs-stories-1/9288/conversions/4124c83d29685f229c48fe1a29a7530c.jpg)





