Fanfics

8

08:16, 14 September 2024

နေ့လည်စာမုန့်စားဆင်းချိန်လည်းရောက်တော့ထုံးစံအတိုင်းအတူတူခေါင်မိုးထပ်ပေါ်မှာမုန့်သွားစားကြပြီး

"ဆောင်းဟွန်း"

"ဪ?"

"ညနေငါ့အိမ်လိုက်အိပ်ပါလား?"

"မင်းအိမ်?"

"ဪ"

"ဘာဖြစ်လို့လဲရုတ်တရက်ကြီး?" ဆိုပြီးပြောနေရင်းပေါင်မုန့်ကိုစားနေတုန်း

"ငါမင်းနဲ့အတူတူအိပ်ဖူးချင်လို့" ဆိုပြီးပြောလိုက်တော့ပါးစပ်ထဲကပေါင်မုန့်တွေအကုန်ပြန်ထွက်သွားပြီးတီးသွားကာ

"ရရဲ့လား?ဒီမှာနွားနို့"

"အဟွတ်အဟွတ်" ဆိုပြီးနွားနို့ကိုယူသောက်လိုက်တော့တယ်...။

"‌ဖြေးဖြေးစားမှပေါ့"

"ငါကဖြေးဖြေးစားတယ်လေမင်းကသာဘာထပြောတာလဲ?"

"ဪ?"

"ငါမင်းကိုတစ်ခါလေးနမ်းလိုက်တာနဲ့အတူတူအိပ်ဖူးချင်သွားတဲ့စိတ်ကနည်းနည်းတော့မြန်ပြီးလွန်တယ်မဟုတ်ဘူးလား?"

"သူငယ်ချင်းတွေကsleep overအရမ်းလုပ်ကြတာမဟုတ်ဘူးလား?ဟိုတစ်ခါကစာထဲဖတ်ဖူးပါတယ်"

"အာမင်းပြောချင်တာကသူငယ်ချင်းတွေအိမ်လိုက်အိပ်တာလား?"

"ဪဟုတ်တယ်လေ"

"ဒီအမှောင်အတွေးကတော့...''

"ဪ?"

"ဪ...ဘာမှမဟုတ်ပါဘူးရတယ်လေလိုက်ခဲ့မယ်ငါခုနကနားကြားလွှဲသွားလို့"

"..."

"ဟားဟားစားရအောင်မြန်မြန်အတန်းပြန်စတော့မယ်" ဆိုပြီးရှက်ယမ်းယမ်းပြီးနွားနို့ကိုဂျိတ်ခ်လက်ထဲပေးလိုက်တော့ဂျိတ်ခ်လည်းဘုမသိဘမသိနဲ့စုပ်သောက်လိုက်ပြီးဆောင်းဟွန်းတစ်ယောက်သတိလည်းထားမိသွားကော

"ဟိုက်...ဘာလို့သောက်လိုက်တာလဲ?"

"ဪ?"

"ငါသောက်ပြီးသားကြီးလေပြီးတော့စုပ်သောက်မိတာ"

"အဲ့ကြောင့်ချိုပါတယ်လို့တွေးနေတာ"

"ဪ?"

"မရွံတတ်ပါဘူး" ဆိုပြီးထပ်စုပ်သောက်လိုက်ပြန်တာပေါ့...။

"‌ငါ့ကိုတော်တော်ဖြစ်နေတာပဲ"

"သောက်ချင်သေးလို့လားကြည့်နေတာ?"

"ဪ?မသောက်ဘူးမသောက်ချင်ဘူးကိုယ့်ဘာသာသောက်တော့" ဆိုပြီးပေါင်မုန့်တွေဖောက်စားနေကာညနေကျောင်းဆင်းချိန်ရောက်တော့ဆောင်းဟွန်းကဂျိတ်ခ်အိမ်ကိုလိုက်ခဲ့တော့တယ်...။

"အပေါ်ထပ်တက်ကြည့်လို့ရလား?"

"ရတယ်လေ"

"ဪအဲ့ဆိုတက်ကြည့်မယ်နော်" ဆိုပြီးတက်သွားပြီး

"ဝါးးဒီမှာစာအုပ်တွေရောကစားစရာတွေရောအများကြီးရှိတာပဲ"

"လိုချင်တာရှိရင်ယူသွားလေစိတ်မဆိုးဘူး"

"အာမဟုတ်တာအားနာစရာကြီး"

"သူငယ်ချင်းအချင်းချင်းအားမနာရဘူးလေ"

"စာတစ်ခုဖတ်ပြီးရင်အဲ့ဒီဟာကိုစိတ်ထဲအသေမှတ်ထားတာပဲကောင်းလိုက်တာမင်းတို့လိုဉာဏ်ကောင်းတဲ့သူတွေများမိဘကထားစရာနေရာတောင်ရှိမှာမဟုတ်ဘူး"

"..."

"ဒါနဲ့မင်းမိဘတွေကိုမတွေ့မိဘူးနော်?" ဆိုပြီလှည့်ကြည့်လိုက်တော့ဂျိတ်ခ်ကခေါင်းကိုငုတ်ထားတာနဲ့

"အာဆောရီးစည်းကျော်မိသွားပြီ"

"..."

"ငါအောက်ပြန်ဆင်းလာတော့မှထင်တယ်" ဆိုပြီးအောက်ကိုဆင်းလာပြီး

"ရေချိုးရအောင်လေ...အတူတူ" ဆိုပြီးပြောလည်းဘာမှမထူးလာဘူးပေါ့...။

အင်္ကျီကိုဖြည်းဖြည်းချင်းချွတ်ချလိုက်ပြီးဘောင်းဘီကိုချွတ်ချလိုက်ချိန်ပဲချက်ချင်းခေါင်းမော့လာကာ

"ဘာလုပ်နေတာလဲ?"

"မင်းမှငါ့ကိုမကြည့်တာအတူတူရေချိုးမယ်လို့ပြောနေတာကိုး"

"ဟမ်???"

"ဘာလဲရှက်လို့လား?"

"ပြန်ဝတ်ပြန်ဝတ်" ဆိုပြီးထလာတော့လက်ကိုဆွဲလိုက်ပြီးဂျိတ်ခ်လည်းမျက်နှာကိုချက်ချင်းလွှဲချပလိုက်တော့တယ်...။

"ငါ့ကိုသဘောမကျဘူးလား?" ဆိုပြီးမေးလိုက်တာနဲ့အချိန်တွေခနတာရပ်တန့်သွားခဲ့ပြီး

"..."

"နောက်တာပါမင်းအဲ့လိုကြီးမှိုင်သွားလို့တမင်လုပ်လိုက်တာငါအရင်ရေသွားချိုးလိုက်မယ်လေသဘက်?"

"ဪ...ရေချိုးခန်းထဲမှာပန်းရောင်အဲ့ဒါငါမသုတ်တဲ့ဟာ"

"အာအိုကေသွားချိုးပြီနော်" ဆိုပြီးအင်္ကျီကောက်သွားပြီးရေချိုးခန်းထဲကိုဝင်သွားကာပြီးလည်းပြီးသွားကောသဘက်ကရေချိုးခန်းထဲရှိမနေဘူးပေါ့...။

"အမ်?သဘက်လည်းမရှိဘူး" ‌ဆိုပြီးပြောနေတုန်းဂျိတ်ခ်ကတံခါးကိုခေါက်လိုက်ပြီး

"ဆောင်းဟွန်း"

"ဪ?ဂျိတ်ခီရောက်လာတာနဲ့အတော်ပဲသဘက်မရှိလို့"

"ဟုတ်တယ်ငါလည်းအဲ့ဒါလာပြောတာအပြင်မှာထားထားမိတာမေ့သွားလို့"

"ရတယ်ရတယ်တံခါး-"

"တံခါးဖွင့်ပေးမလို့လား?"

"ဒါဆို?ဘယ်လိုလုပ်ချင်လို့လဲ?"

"အောက်ကနေပေးမယ်လေ"

"ကာယကံရှင်ဘာမှမဖြစ်ရဘူးနော်?ရပါတယ်ဆိုတံခါးဖွင့်ပေးမယ်ခန" ဆိုပြီးတံခါးဖွင့်လိုက်တော့မျက်နှာလွှဲလိုက်ရင်းသဘက်ကိုပေးနေကာ

"ဟိုက်...ငါဒိီမှာလေမင်းဘယ်တွေလျှောက်ပေးနေတာလဲ?"

"‌ဪ?ဪ...ဟိုဟာ"

"ကဲ" ဆိုပြီးဆွဲယူလိုက်တော့တယ်...။

မျက်နှာနားကြီးကပ်သွားတော့အကုန်မြင်ရသွားကာ

"ကြည့်လို့ကောင်းလို့လားစိုက်ကြည့်နေတတာ?" ဆိုပြီးမေးလိုက်မှအသိစိတ်ဝင်သွားပြီးမျက်နှာကိုချက်ချင်းလွှဲပလိုက်တာပေါ့...။

မျက်နှာကြီးနီရဲတက်လာတော့ရယ်လိုက်ပြီးသဘက်ကိုယူလိုက်ကာတံခါးကိုပိတ်လိုက်တော့တယ်...။

ထိုအချိန်မှာပဲခြံတံခါးဖွင့်လိုက်သံကိုကြားသွားပြီး

"သေရော""ဆောင်းဟွန်း?ဆောင်းဟွန်း?"

"ဪ?"

"ငါ့အဖေ...ပြန်လာပြီ"

"ဦးလေးလား?ဒါဆိုတွေ့-" ဆိုပြီးပြောနေတုန်းတံခါးကိုဖွင့်ဝင်လာကာ

"ပုန်း"

"ဟမ်?"

"ပုန်းလို့!!ဘာအသံကြားကြားထွက်မလာနဲ့ဘာပြဿနာဖြစ်ဖြစ်မထွက်လာနဲ့ငါတောင်းဆိုတာပါ"

"ဒီပုံစံတိုင်းကြီးလား?" ဆိုပြီးမေးနေတုန်းအိမ်ထဲကိုဝင်လာကာအနောက်ကိုဖြည်းဖြည်းချင်းလှည့်နေချိန်ပဲဂျိတ်ခ်ကတံခါးနားကိုချက်ချင်းရောက်လာပြီးဆောင်းဟွန်းလည်းအပေါ်ထပ်မှာသွားပုန်းနေတာပေါ့...။

"မင်္ဂလာပါဖေဖေ" ဆိုပြီးခေါင်းညွတ်နှုတ်တဆက်နေချိန်ပါးကိုအားကြီးနဲ့လွှဲရိုက်ပလိုက်တော့ဆောင်းဟွန်းလည်းမြင်ပြီးအရမ်းလန့်သွားတော့တယ်...။

ခေါင်းကိုတောက်လျှောက်ငုံ့ထားရကာ‌ဂျိတ်ခ်ရဲ့အဖေကဂေါက်ရိုက်တဲ့အတံတွေထည့်ထားတဲ့ဘူးကိုယူလာပြီးတစ်ချောင်းပြီး‌တစ်ချောင်းနဲ့အကြောင်းပြချက်မရှိခြေထောက်တွေကိုစတင်ရိုက်တော့တာပေါ့...။

တည့်တည့်မတ်မတ်နဲ့တစ်ချက်မှမယိုင်ဘဲဟန်မပျက်ရပ်နေရပြီး

"ဟိုက်...ဘာလို့အဲ့လောက်" ဆိုပြီးထမလို့လုပ်ပြန်တော့လည်းဂျိတ်ခ်ပြောထားတဲ့စကားကိုသတိရသွားကာပြန်ထိုင်လိုက်ရပြီးပါးစပ်ကိုလက်နဲ့အုပ်ထားတော့တယ်...။

"လက်ကိုအနောက်ပစ်ပြီးကြမ်းပြင်မှာခေါင်းထိထား" ဆိုပြီးပြောတာနဲ့ပြောတဲ့အတိုင်းချက်ချင်းလုပ်ရပြီးစတင်တင်ပါးကိုရိုက်နှက်တော့ကာတစ်ချက်တောင်မအော်ဘဲငြိမ်ခံနေတာပေါ့...။

ဆောင်းဟွန်းလည်းလက်သီးကိုတင်းတင်းဆုပ်ထားရင်းနဲ့သည်းမခံနိုင်တော့ထလာချိန်ဂျိတ်ခ်ကလှမ်းကြည့်လိုက်ပြီးခေါင်းခါပြကာဆောင်းဟွန်းလည်းပြန်ထိုင်လိုက်ရပြန်တော့တယ်...။

ဂေါက်တံအကုန်ကုန်မှရိုက်တာကိုရပ်လိုက်ပြီး

"ဟာ..." ဆိုပြီးထိုင်ချလိုက်ကာ

"မေမေကော?"

"မင်းအမေလား?လင်နောက်လိုက်သွားပြီငယ်ငယ်လေးနဲ့"

"ဟုတ်ကဲ့ဗျ"

"စာလုပ်နေတာလား?"

"ဟိုဟာ...ဟုတ်တယ်ဗျ"

"စာအုပ်တွေပေး" ဆိုပြီးပြောတာနဲ့မနည်းလမ်းလျှောက်ပြီးဆိုဖာပေါ်ကစာအုပ်တွေကိုချက်ချင်းယူပေးရတာပေါ့...။

စာအုပ်တွေကိုတစ်စစီဆွဲဖြဲပစ်ပြီး

"စာ...မလုပ်နဲ့အိုကေလား?"

"တောင်းပန်ပါတယ်ခင်ဗျနောက်မဖြစ်စေရပါဘူး"

"သွားတော့မယ်ရှင်းလိုက်အိမ်" ဆိုပြီးစာရွက်တွေကို‌ဂျိတ်ခ်ခေါင်းပေါ်လောင်းချသွားကာအိမ်ထဲကနေထွက်သွားမှဂျိတ်ခ်လည်းအသက်ရှုချောင်သွားတော့တယ်...။

"ဂျိတ်ခီ" ဆိုပြီးခေါ်လိုက်တော့အပေါ်ကိုမော့ကြည့်ပြီးပြုံးလိုက်ကာဂျိတ်ခ်ရဲ့အပြုံးကိုဆောင်းဟွန်းကပထမဦးဆုံးမြင်ဖူးသွားတာပေါ့...။

မူးလဲတော့မလို့ဖြစ်တော့ချက်ချင်းပြေးဆင်းလာပြီးလှမ်းဖမ်းလိုက်ကာ

"ရရဲ့လား?ဪ?"

"ရပါတယ်"

"ဆေးထည့်ရအောင်ဆေး" ဆိုပြီးစိတ်မကောင်းဖြစ်သွားတဲ့ရုပ်လေးနဲ့ဆေးထည့်ပေးနေတော့တယ်...။

"ဘာလို့?မျက်နှာလေးကမဲ့နေတာလဲ?"

"..."

"..."

"နာနေလားဟင်?"

"မနာပါဘူး"

"ငါ့ကြောင့်နဲ့"

"ဟင့်အင်းဘာလို့မင်းကြောင့်ဖြစ်ရမှာလဲ?"

"တောင်းပန်ပါတယ်..." ဆိုပြီးအနာကိုမှုတ်ပေးနေပြီး

"ခနလေးနော်ဟန်နီးပလာစတာကပ်ပေးမယ်" ဆိုပြီးဂျိတ်ခ်ရဲ့ဘေးနားကဟန်နီးပလာစတာကိုကုန်းယူလိုက်ကာလှည့်လည်းလှည့်ကြည့်လိုက်ကောနှုတ်ခမ်းချင်းထိသွားတာပေါ့...။

အနောက်ကိုဆုတ်သွားကာဆောင်းဟွန်းလည်းသူ့နေရာသူပြန်ထိုင်လိုက်ပြီး

"ဘာလို့ပူလာတာပါလိမ့်?"

"ငါ့ရင်တွေကဘာလို့ခုန်လာတာလဲမဖြစ်သင့်တာကိုး" ဆိုပြီးအချိန်အကြာကြီးမျက်နှာလွှဲထားတော့တယ်...။

ဂျိတ်ခ်ကအသက်ပြင်းပြင်းရှူထုတ်ရင်းအားယူလိုက်ကာ

"ဆောင်းဟွန်း"

"ဪ?"

"ငါမင်းကိုချစ်တယ်"

"..."

"ငါမင်းကိုချစ်တယ်ငါ့နားမှာဘယ်သူမှမရှိတဲ့အချိန်မှာအနားမှာရှိ‌နေပေးပြီးအခုလိုအချိန်မှာတောင်ငါ့အနားရှိပေးနေတယ်ငါ့ကိုဂရုစိုက်ကြင်နာပေးတယ်ငါမင်းဆီကမေတ္တာရတယ်လို့ခံစားရတယ်"

"ဟိုဟာ...ငါလည်းချစ်ပါတယ်သူငယ်ချင်းလို"

"ဪ?ငါဆိုလိုတာကသူငယ်ချင်းလိုမဟုတ်ဘဲရည်း-"

"ငါသွားတော့မယ်ငါသွားတော့မယ်" ဆိုပြီးထွက်သွားမလို့လုပ်တော့လက်ကိုဆွဲလိုက်ပြီး

"စိတ်ဆိုးသွားတာလား?သူငယ်ချင်းလိုပဲဆက်နေ-"

"ငါမင်းကိုသူငယ်ချင်းထက်မပိုနိုင်ဘူးအကယ်၍မင်းဘက်ကပိုနေတယ်ဆိုရင်တော့ငါတို့သူငယ်ချင်းဆက်ဆံရေးရပ်တန့်လိုက်ရအောင်" ဆိုပြီးလက်ကိုဖယ်ထုတ်ပလိုက်ရင်းထွက်သွားတော့တာပေါ့...။

ဂျိတ်ခ်ကလည်းအနောက်ကနေပြေးလိုက်ပြီးလက်ကိုအတင်းလိုက်ဆွဲကာ

"စိတ်မဆိုးပါနဲ့ငါမင်းစိတ်ဆိုး-"

"ဖယ်လို့!!!" ဆိုပြီးတွန်းပလိုက်ပြီးအောက်မှာထိုင်လျက်သားလေးဖြစ်သွားတုန်းတက္ကဆီပေါ်မြန်မြန်ပြေးတက်သွားတော့တယ်...။

"ဆောင်းဟွန်းဆောင်းဟွန်း" ဆိုပြီးငိုရင်းကျန်ခဲ့ကာနောက်တစ်နေ့မနက်လည်းကျဂျိတ်ခ်တစ်ယောက်ဆောင်းဟွန်းကိုကျောင်းအဝမှာရပ်စောင့်နေပြီးဆောင်းဟွန်းလည်းရောက်လာကောချက်ချင်းပြုံးသွားတာပေါ့...။

ထိုအချိန်ပဲဟွာဆယ်ကအနောက်ကနေပြေးလာရင်းဆောင်းဟွန်းလက်ကိုကိုင်လိုက်တော့ချက်ချင်းမဲ့သွားကာ

"အမယ်ဟွာဆယ်မဖုန်းခေါ်နေတာဖြင့်-နေပါဦးနင်တို့နှစ်ယောက်လက်တွဲထားကြတာလား?ဧကန္တ..."

"ဪနင်ထင်သလိုပဲ"

"တကယ်ကြီးလား?တကယ်ကြီး???ကေယင်မ‌မြန်လိုက်တာ"

"ဪဟုတ်တယ်"

"ဘာလဲဘာလဲ?ဘာတွေဖြစ်နေကြတာလဲ?ငါတို့လည်းသိချင်တယ်လေ"

"ဟွာဆယ်မလက်တွဲထားတဲ့သူကိုကြည့်လိုက်ပေါ့သိချင်ရင်"

"အိုးမိုင်ဂေါ့တကယ်ကြီးလား?"

"ဪ..နင်တို့ကရှက်အောင်လုပ်နေတယ်တစ်ယောက်ပြီးတစ်ယောက်"

"ငါ့ကောင်မလေးကိုခေါ်သွားလို့ရပြီလား?မေးလို့ပြီးပြီဆို"

"အောင်မယ်ငါတို့သူငယ်ချင်းပါနော်နောက်မှလာပြီး"

"မသိတော့ဘူးခေါ်သွားပြီ""သွားမယ်ဒီနေ့ဘာစားမလဲ?ကိုယ်ဝယ်ကျွေးမယ်လေ"

"ကိုယ့်ကို..."

"တကယ်လား?"

"ဪ" ဆိုပြီးစာသင်ခန်းထဲပျော်ပျော်ရွှင်ရွှင်နဲ့ဝင်သွားကြတော့မျက်ရည်တွေချက်ချင်းဝဲတက်လာတော့တယ်...။

စာသင်ခန်းထဲလည်းပြေးဝင်သွားကောဆောင်းဟွန်းကသူ့ဘေးနားမှာဟွာဆယ်ကိုထားလိုက်ပြီး

"ဪ?ဂျိတ်ခ်?"

"..."

"အာနင့်နေရာက...ဟွာဆယ်နေရာဖြစ်သွားတာပဲနင်ကငါ့နားလာထိုင်လိုက်လေ"

"..."

"ဂျိတ်ခ်?ဂျိတ်ခ်???" ဆိုပြီးခေါ်နေလည်းမကြားတော့ပဲဆောင်းဟွန်းတို့အနားကိုရောက်သွားကာ

"ဆောင်းဟွန်း"

"ဪ?ဂျိတ်ခ်ပဲရတယ်လေနင်တို့အေးဆေးစကားပြောဟွာဆယ်ထ-"

"ထိုင်နေမထနဲ့ထစရာမှမလိုတာ"

"မင်းဘာဖြစ်သွားတာလဲ?မင်း??ဘာလို့..."

"ဒီနေ့ဟမ်ဘာဂါစားမလား?"

"ဪ?"

"စားမလားလို့ဝယ်ကျွေးပါ့မယ်သွားစားရအောင်လေ...နော်"

"ဪ..."

"ဘာလား?ဘာဖြစ်ကြတာလဲ?"

"မသိဘူးလေငါတော့ကြက်သီးတွေတဖျင်းဖျင်းထနေပြီလေစိမ်းတွေတိုက်နေတယ်လေစိမ်း"

"တစ်ခါမှရန်မဖြစ်ဖူးတာကိုအခုတော့ရန်ပွဲကြည့်ရတော့မယ့်ပုံပဲ"

"ငါတော့ပြေးပြီ"

"ဆောင်းဟွန်းမင်းတကယ်ပဲ...အဲ့လိုလုပ်မှဖြစ်မှာမို့လို့လား?"

"ဒီနေ့ဟွာဆယ်မိဘ‌နဲ့သွားတွေ့မယ်" ဆိုပြီးသူ့ကိုလုံးဝဥပေက္ခာပြုထာတော့စာသင်ခန်းထဲကနေထွက်သွားတာပေါ့...။

"ဂျိတ်ခ်ဝမ်းနည်းနေတာပထမဦးဆုံးမြင်ဖူးတာပဲ"

"မျက်ရည်တွေဝဲတက်နေတာမြင်လိုက်တယ်"

"ဟုတ်လား?အိုးခိုင်မော့" ဆိုပြီးလူတွေလည်းအံ့ဩနေပြီး

"သူအဆင်ပြေပါ့မလား?ဟွာဆယ်နေရာ-"

"သူကမရှိတော့တဲ့လူတစ်ယောက်ပဲစိတ်ထဲမထားပါနဲ့အဲ့လောက်" ဆိုပြီးအိမ်စာလုပ်နေကာညနေကျောင်းဆင်းချိန်ဂျိတ်ခ်အိမ်သာထဲဝင်လာတော့လက်ဆေးနေတဲ့ကျောင်းသားတစ်ယောက်က

"နေဦး"

"ဪ?"

"‌အခန်းတော့မတူပေမဲ့ဆောင်းဟွန်းအကြောင်းကိုငါကောင်းကောင်းသိတယ်"

"..."

"ငယ်ငယ်ကတည်းကဆောင်းဟွန်းကပြိုင်ဆိုင်လိုစိတ်အရမ်းများတယ်စိန်ခေါ်မှုတွေကိုလည်းအသက်နဲ့မလိုက်အရမ်းကြိုက်ပြီးမရနိုင်တဲ့အရာကိုရအောင်ယူတတ်တဲ့စိတ်...သူမှာအပြည့်ရှိတယ်အဲ့ဒီအရာကပဲလူတွေကိုထိခိုက်စေတာသူ့ကိုလည်းထိခိုက်စေတယ်အသက်အန္တရာယ်များတဲ့အရာတွေကိုပါလုပ်တာမို့လို့ပဲ"

"..."

"သူနဲ့ပတ်သက်မိရင်ရူးခါအောင်စွဲလမ်းမိသွားတယ်ဒါ...သူ့အားသာချက်ပဲသူ့အမေဘယ်လောက်တားတားအဲ့အကျင့်ကကြီးလာတဲ့အထိပါလာခဲ့တယ်"

"..."

"မင်းအကြောင်းလည်းကြားသွားလို့ဖြစ်မှာပေါ့အဲ့ဒါကြောင့်သူမင်းကိုမကြိုက်ကြိုက်လာအောင်ကိုလုပ်တာဒါပေမဲ့ရည်းစားမဖြစ်ခင်ရပ်လိုက်တယ်ဆိုတာသူ့သမိုင်းမှာတော့မရှိဖူးပါဘူးပထမဦးဆုံးပဲမင်းက"

"ဟင့်အင်းသူကအဲ့လိုမဟုတ်ဘူးယုံတယ်"

"အခုလိုအခြေအနေသူရည်းစားရသွားတဲ့အခြေအနေ‌မှာတောင်လေ?"

"အမြဲတမ်းယုံသွားမှာအမြဲတမ်း..." ဆိုပြီးသန့်စင်ခန်းထဲဝင်သွားတော့တယ်...။

နောက်နေ့တွေလည်းကျကောဂျိတ်ခ်ကကျောင်းလုံးဝလာမတက်တော့ပဲ

"တကယ်ကြီး?ဂျိတ်ခ်ကတစ်ပတ်လုံးကျောင်းမတက်ဘူးဟုတ်လား?"

"ဟုတ်ပါတယ်ဆိုငါတောင်မယုံနိုင်တွေဖြစ်နေတာ"

"အဲ့ဒါကြောင့်မတွေ့မိပါဘူးလို့ဘယ်လိုဖြစ်တာပါလိမ့်?"

"မသိဘူးလေတစ်ချိန်တောင်ကျောင်းမပျက်ဖူးတဲ့လူကအဲ့လိုဆိုတော့ငါတောင်မယုံနိုင်ပါဘူးဆို"

"အေးလေ" ဆိုပြီးပြောနေကြတာကိုကြားသွားပြီးတစ်နေ့လည်းကျကောကျောင်းသားတစ်အုပ်စုကဆောင်းဟွန်းဆီရောက်လာတာပေါ့...။

"စိန်ခေါ်မှုတွေကိုသဘောကျတဲ့ဆောင်းဟွန်း"

"ဪ?"

"ငါတို့နဲ့စိန်ခေါ်မှုလေးတစ်ခုကိုလုပ်မလား?"

"စိန်ကြည့်လိုက်လေ"

"လက်ခံမယ်ပေါ့?"

"ငါကဘယ်တုန်းကငြင်းဖူးလို့လဲ?"

"ဟားဟားကြိုက်တယ်အဲ့စိတ်ဓာတ်ကို"

"ပြောစရာရှိပြောပါ"

"မီးထဲခုန်ချပြရင်၃သိန်းပေးမယ်ဘယ်လိုလဲ?"

"၃?၃သိန်း???"

"ဪ"

"ကြိုက်တယ်လေ" ဆိုပြီးညနေလည်းကျောင်းဆင်းကောနေရာတစ်ခုကိုခေါ်သွားပြီး

"ဝါးးမီးကပူကျစ်ပြီးရဲရဲတောက်နေတာပဲ"

"မင်း?လုပ်နိုင်ပါ့မလား?"

"ဆောင်းဟွန်းဆိုနဲ့ဘဝမှာမဖြစ်နိုင်တာမရှိဘူးမဖြစ်ရသေးတာပဲရှိရမယ်" ဆိုပြီးဖိနပ်ကိုချွတ်လိုက်ကာ

"တကယ်ကြီး၃သိန်းပေးမှာလား?"

"ဒါပေါ့ဘာလဲငါတို့ကိုမယုံဘူးလား?"

"အဲ့လိုမဟုတ်ပါဘူး" ဆိုပြီးခုန်ဆင်းဖို့ပြင်လိုက်ပြီးမျက်လုံးကိုမှိတ်လိုက်တော့တယ်...။

"တကယ်ကြီးလုပ်တော့မှကွ"

"ဗီဒီယိုရိုက်ထားဗီဒီယို"

"ငါတို့တော့နာမည်ကြီးတော့မယ်"

"သေတာနဲ့ပြေးမယ်နော်" ဆိုပြီးတီးတိုးတီးတိုးနဲ့ပြောနေကြကာဆောင်းဟွန်းကခုန်ချခါနီးအချိန်ပဲဂျိတ်ခ်ကပြေးလာပြီးဆောင်းဟွန်းခါးကနေဖက်ဆွဲလိုက်ရင်းလှည့်လိုက်တာပေါ့...။

ဗီဒီယိုရိုက်နေတဲ့သူတွေလည်း

"သွားမယ်သွားမယ်" ဆိုပြီးထွက်ပြေးသွားကြပြီးဆောင်းဟွန်းလည်းလန့်သွားတော့မျက်လုံးကိုစုံမှိတ်ထားကာမျက်လုံးလည်းဖွင့်ကြည့်ကောဂျိတ်ခ်ကသူ့အရှေ့မှာရောက်နေခဲ့တော့တယ်...။

"ဂျိတ်ခီဒီကိုဘယ်လို?"

"ဘာလို့ဒီလိုလုပ်ရတာလဲ?ငါ့ကိုကောထည့်မတွေးတော့ဘူးလား?မင်းမရှိတော့တာနဲ့ရူးသွားမယ့်ငါ့ကိုလေ?" ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲရင်တွေတဒိတ်ဒိတ်နဲ့ခုန်လာကာ

"ငါ့အသက်နဲ့ရင်းပြီးတော့ငါမင်းကိုချစ်တယ်ငါမင်းကိုယုံ-" ဆိုပြီးပြောနေတုန်းရှိသေးနမ်းလိုက်ပြီးခုံမှာအတူတူသွားထိုင်နေကြတာပေါ့...။

ဂျိတ်ခ်ရဲ့ပခုံးပေါ်ကိုမှီထားပြီးလက်လေးကိုကိုင်ထားကာ

"ဂျိတ်ခီ"

"ဪ?"

"ငါအိမ်သာထဲမှာမင်းအကြောင်းကိုပြောနေကြတာကိုကြားသွားပြီးမင်းအချစ်ကိုရအောင်ယူဖို့စတင်စီစဉ်ခဲ့တယ်အဲ့အချိန်အတွင်းမှာမင်းအပေါ်ဘာခံစားချက်မှမရှိခဲ့ဘူးမြင်မြင်ချင်းဟွာဆယ်ကိုသဘောကျသွားတယ်မင်းကိုမကြိုက်တဲ့ပထမဦးဆုံးမိန်းကလေးဖြစ်သလိုငါ့နှလုံးသားကိုရယူနိုင်တယ်လို့ထင်ခဲ့မိတာ"

"..."

"ဒါပေမဲ့မင်းနဲ့ရှိနေရင်ငါသူ့ကိုမေ့သွားပြီးနောက်ပိုင်းငါမင်းအပေါ်ထားတဲ့စိတ်ခံစားချက်တွေကပိုလာခဲ့တယ်မင်းနဲ့ပဲအတူတူရှိချင်နေမိတယ်မင်းနဲ့ရှိနေရင်ကိုပျော်နေသလိုမျိုးမင်းမရှိရင်ကိုငါမနေတတ်တော့သလိုမျိုးမင်းငါ့အနားကပ်လာရင်ရင်ခုန်လာတယ်အဲ့ခံစားချက်တွေကဒီနေ့မှသိခဲ့ရတယ်"

"ရပ်တန့်ချင်လို့ငါနဲ့ဝေးဝေးနေခဲ့တာလား?"

"ဪ...ငါဘယ်သူ့ကိုမှသဘောကျခဲ့ဖူးတာမဟုတ်ဘူးဒါပေမဲ့ငါကိုယ်တိုင်ချစ်လာမှနားလည်သွားတယ်ငါဘယ်လောက်တောင်ဆိုးသွမ်းနေလဲဆိုတာ" ဆိုပြီးပြောတော့ဖက်လိုက်ပြီး

"နောက်တစ်ခါ...အခုလိုမျိုးမလုပ်ရဘူးလို့ကတိပေး"

"ကတိ" ဆိုပြီးဂျိတ်ခ်ရဲ့အိမ်ကိုလိုက်အိပ်တော့

"မိဘတွေစိတ်မပူဘူးလားအခုလိုမျိုးလိုက်အိပ်တာ?"

"ဟင့်အင်းကိုယ့်ရည်းစားအိမ်လိုက်အိပ်တာပဲကိုး" ဆိုပြီးပြောတော့ရှက်သွားတော့တယ်...။

"ရှက်သွားတာလား?ရှက်သွားတာမလား?"

"..."

"ဟုတ်တယ်မလား?ဟုတ်တယ်မလားလို့" ဆိုပြီးကလိထိုးတော့

"ကလိမထိုးနဲ့ငါယားတတ်လို့"

"အာဟုတ်လား?ဆောရီးလို့‌ပြောမယ်ထင်လား?ဆက်လုပ်မှာ" ဆိုပြီးကလိဆက်ထိုးနေကာ‌ဂျိတ်ခ်လည်းမခံနိုင်တော့တဲ့အဆုံးဆောင်းဟွန်းလက်ကိုချုပ်လိုက်ရင်းဆောင်းဟွန်းအပေါ်ခွလိုက်ပြီး

"ဟိုက်...အားကြီးလိုက်တာတခြားနေရာမှာလည်းအားကြီးမှာပေါ့နော်"

"ဪ?"

"ထပ်နေပြီမဟုတ်ဘူးလား?" ဆိုပြီး‌အောက်ကိုမျက်စပစ်ပြလိုက်ကာ

"ဘာတွေတွေးနေတာလဲ?" ဆိုပြီးရှက်သွားတော့ဆောင်းဟွန်းကရယ်လိုက်တာပေါ့...။

"တမင်လုပ်တာမလား?"

"ဪ" ဆိုပြီးပြောတော့နမ်းလိုက်ပြီး

"တမင်လုပ်ချင်သေးလား?"

"ဪ" ဆိုပြီးထပ်ပြောတော့ထပ်နမ်းပြန်ပြီး

"ဪ"

"ဘာမှမမေးရသေးဘူးလေ"

"အနမ်းခံချင်တာပဲသိတယ်" ဆိုပြီးနှုတ်ခမ်းလေးကိုဆူပေးရင်းမျက်လုံးကိုမှိတ်လိုက်တော့တယ်...။

There are no comments yet. Log in to be the first to leave a review!

More by allaskarmoh812

Similar stories