3
17:35, 1 September 2024အားကစားအချိန်လည်းရောက်ကော
"ငါနဲ့လိုက်ခဲ့ပေး"
"ဪ?"
"ဘောလုံးဖမ်းကစားနည်းဒီနေ့ကစားရမှာအဲ့ဒါငါ့အဖွဲ့ထဲမင်းပါပေးလို့မဟုတ်ရင်ငါတစ် ယောက်တည်းဖြစ်နေမှာပြီးတော့ဘတ်စ်ကတ်ဘောလည်းကစားရမှာဘယ်လောက်ပျော်စရာကောင်းလဲ?"
"ဒါပေမဲ့ငါ-"
"သိပါတယ်အားကစားကိုသဘောမကျဘူးဆိုတာတစ်ခါပဲလေနော်~~~နော်လို့" ဆိုပြီးချွဲလိုက်တော့ဂျိတ်ခ်လည်းခေါင်းငြိတ်လိုက်ရပြီးအားကစားဝတ်စုံလေးတွေနဲ့အားကစားကွင်းကိုရောက်လာကြကာဂျိတ်ခ်ကတော့ပထမဦးဆုံးဝတ်ဖူးတာဆိုတော့ရယ်စရာကောင်းနေတာပေါ့...။
ဆောင်းဟွန်းကကြိတ််ရယ်နေချိန်ပြိုင်ဘက်အဖွဲ့ကလန့်သွားပြီး
"သေရောဂျိတ်ခ်ကဘယ်လို???"
"What the?"
"အဲ့ဘိတ်ချီးကောင်ကတော့တမင်ညစ်တာပဲ"
"အင်းလေ"
"ဒါပေမဲ့ပိုကောင်းသွားတာပေါ့သူ့ပဲရွေးပစ်ကြတာပေါ့ဂျိတ်ခ်ကအားကစားမှာမှမတော်တာသူ့ကိုလည်းကာကွယ်ပေးနိုင်မှာမဟုတ်ဘူး"
"ဘောလုံးဖမ်းကစားနည်းမှာငါကအတော်ဆုံးပဲမို့ယုံလိုက်ကာကွယ်ပေးမယ်မင်းကိုငါ့လက်စွမ်းကိုပြရတာပေါ့" ဆိုပြီးပြောနေတာကိုနားမထောင်ဘဲပြိုင်ဖက်အဖွဲ့ကလူတွေရဲ့အနေအထားကိုအကဲခတ်နေကာ
"မင်းမဟုတ်ဘဲ...ငါကကာကွယ်ပေးရမှာထင်တယ်" ဆိုပြီးပြောတဲ့အတိုင်းပဲပြိုင်ပွဲလည်းစကောစတင်ဆောင်းဟွန်းကိုဘောလုံးနဲ့ပေါက်ကြတော့တယ်...။
ပထမပွဲမှာတော့ဆောင်းဟွန်းကဂျိတ်ခ်ကိုကာကွယ်ပေးပြီး
"မြင်လား?ငါ့လက်စွမ်းကို"
"ဪ"
"ဘာမှစိတ်မပူဘဲငါ့အနောက်မှာသာနေငါ့ကိုယုံကြည်လိုက်""ပစ်လေငကြောက်တွေရဲ့ဖမ်းမယ်"
"ဟားမင်းကများငါတို့ကိုရာရာစစ"
"ပစ်လေအဲ့ဆို"
"ပစ်မှာစိတ်ချ" ဆိုပြီးအသေပစ်ကြသော်လည်းဆောင်းဟွန်းကပျော်ပျော်ကြီးလိုက်ဖမ်းနေတော့ဒေါသတွေထွက်နေကြတာပေါ့...။
ပထမအချီပြီးတော့ဆောင်းဟွန်းတို့နိုင်သွားကြပြီး
"ပျော်တယ်မလားဆော့ရတာ?"
"အင်းလက်မနာဘူးလား?"
"ဪ?အခု?ငါ့လက်ကိုစိတ်ပူနေတာလား?"
"ဪ"
"ငါရပါတယ်ဘာလား?မဟုတ်ရင်ရည်းစားတွေကျနေတာပဲ"
"ဖြစ်လို့မရဘူးလား?"
"ဪ?ဘာပြောလိုက်တာလဲ?"
"ဘာမှမဟုတ်ဘူး" ဆိုပြီးရှက်သွားတော့မျက်နှာလွှဲလိုက်ရင်းအသက်ပြင်းပြင်းရှူထုတ်လိုက်ကာဒုတိယအချီစလည်းစကောယုတ်မာပြီးပြိုင်ဖက်အဖွဲ့ကဆောင်းဟွန်းကိုပစ်ဖို့စီစဉ်ထားတော့တယ်...။
အရင်ဦးဆုံးဆောင်းဟွန်းကပစ်လိုက်ကာ
"ခုနတုန်းကစီစဉ်ထားတဲ့အတိုင်းပဲနော်"
"ဪ" ဆိုပြီးအားနဲ့အရှိန်ယူပြီးပစ်ဖို့ချိန်နေပြီး
"ကြာလိုက်တာတစ်ခါလေးပစ်ဖို့အရေးကို"
"သူမသိတာသေချာနေတာပဲ" ဆိုပြီးပြုံးလိုက်ရင်းခန့်မှန်းလို့မရတဲ့အယူအဆနဲ့ပစ်လိုက်တာပေါ့...။
အနောက်ကနေရပ်နေတဲ့ဂျိတ်ခ်ကလေလာရာအသံကိုကြားလိုက်ရပြီးဆောင်းဟွန်းကညာဘက်ကိုသွားပလိုက်တော့ကွက်တိထောင်ချောက်ဆင်တဲ့အကွက်ထဲရောက်သွားကာမျက်နှာတည့်တည့်ဆီဘောလုံးကရောက်လာတော့တယ်...။
ချက်ချင်းဆိုသလိုပဲဆောင်းဟွန်းလန့်သွားချိန်ဂျိတ်ခ်ကအနောက်ကနေကုန်းနေရင်းမတ်တပ်ရပ်ပလိုက်ကာဘောလုံးကိုလှမ်းဖမ်းလိုက်တာပေါ့...။
"ဪ?"
"ဟိုက်...Shit"
"ရလား?" ဆိုပြီးမေးတော့အနောက်ကိုမျက်လုံးကြီးပြူးရင်းလှည့်ကြည့်ကာခေါင်းငြိတ်လိုက်ပြီး
"တော်ပါသေးရဲ့" ဆိုပြီးအရှေ့ကိုတက်လိုက်၍သူ့အနောက်ကိုဆွဲထည့်လိုက်တော့တယ်...။
တံတွေးတွေမျိုချကုန်ပြီး
"ပြဿနာရှိလား?"
"မရှိပါဘူး" ဆိုပြီးကြောက်နေရကာဆောင်းဟွန်းကပြုံးလိုက်ရင်းအနောက်ကနေမျက်ခုံးပင့်ပြလိုက်တာပေါ့...။
"ဒါနဲ့သေချာလို့လား?"
"သေချာတယ်" ဆိုပြီးပွဲကိုအစကနေပြန်သလိုက်ပြီးပြိုင်ဖက်အဖွဲ့ကလည်းဂျိတ်ခ်ကိုကြောက်တာနဲ့မပစ်ရဲပဲသူတို့နားမှာတင်ဘောလုံးတွေကကျကျသွားတာပေါ့...။
ဂျိတ်ခ်ကတော့အသေပစ်ကာတစ်ယောက်ပြီးတစ်ယောက်ထွက်သွားရတော့တယ်...။
၅မိနစ်လောက်နဲ့နိုင်သွားပြီး
"ရေးးးးဒါပဲကွနိုင်တယ်ကွ" ဆိုပြီးအပျော်လွန်တော့ဖက်လိုက်ရင်းခုန်ပေါက်နေတာပေါ့...။
"မင်းကအရမ်းတော်တာပဲ"
"ဒါနဲ့?ဒီမြင်ကွင်းကဘာလဲ???"
"ဘယ်တုန်းကအဲ့လောက်တောင်..."
"Fuck!" ဆိုပြီးဒေါသတကြီးနဲ့ထွက်သွားကာ
"နေဦးလေ" ဆိုပြီးအနောက်ကနေပြေးလိုက်ကြပြီး
"ဆောင်းဟွန်း"
"ဪ?"
"ထိသွားသေးလား?"
"ခနခနကိုမေးနေတော့တာပဲဘာမှမဖြစ်ပါဘူးဆိုမင်းရှိနေတာပဲ"
"..."
"ငါတကယ်တော့အစပိုင်းကလန့်သွားတာမင်းကိုအဲ့လိုတောင်မထင်ထားဘူးပြီးမှပြန်စဉ်းစားကြည့်လိုက်တော့မင်းကမကြိုက်တာပဲရှိတာလေမတော်တာမှမဟုတ်တာငါကအဲ့ဒါကိုအထင်လွှဲသွားတယ်"
"လူတိုင်းအထင်လွှဲပါတယ်အားကစားအချိန်တိုင်းလည်းမရှိတော့"
"ဒီနေ့ငါဒကာခံမယ်မင်းနိုင်အောင်လုပ်ပေးတဲ့အတွက်"
"ငါဘာမှမလုပ်ခဲ့ပါဘူး"
"ဘာကိုဘာမှမလုပ်ခဲ့တာလဲ?ငါ့မျက်နှာတည့်တည့်ကိုမှန်တော့မယ့်ဟာကိုးဖမ်းပေးန်ိုင်ခဲ့တဲ့ဟာအရှေ့မှာကွယ်နေတဲ့ငါရှိတာတောင်မှလေမရဘူးဒကာခံမှာဘာမှလာမပြောနဲ့"
"အင်းပါ"
"သွားရအောင်ဗိုက်ဆာနေပြီအဝတ်အစားလည်းလဲရဦးမှာ"
"ဪသွားမယ်" ဆိုပြီးအရှေ့ကနေထွက်သွားတော့အနောက်ကနေပြေးလိုက်ပြီး
"ခနစောင့်ဦးလေလမ်းလျှောက်တာကလည်းမြန်လိုက်တာ" ဆိုပြီးလက်ကိုကိုင်လိုက်တော့တယ်...။
အတူတူကန်တင်းကိုသွားကြပြီး
"ကြိုက်ရာလက်ညိုးထိုးဝယ်ကျွေးမယ်" ဆိုပြီးနားနားကိုကပ်လာကာ
"မဖော်ပြလို့သာငါကချမ်းသာတယ်လေဒါကြောင့်ပိုက်ဆံကိစ္စစိတ်မပူဘဲစားချင်တာသာစား" ဆိုပြီးမျက်ခုံးပင့်ပြလိုက်ပြီးဂျိတ်ခ်ကဖြစ်ချင်တော့အရင်ကတည်းကအစားနည်းတာနဲ့သိပ်မစားဘူးပေါ့...။
"အစားတော်တော်နည်းတာပဲအဲ့ကြောင့်ပိန်တာထင်တယ်ငါကတော့ဗိုက်ခေါက်ကတစ်ပိဿလောက်ထွက်နေပြီအစားကလည်းတစ်စက်မှမလျှော့ချင်တာနဲ့တော့တွေ့ပြီ"
"ချစ်စရာလေးပါအဲ့ဒါကမင်းဆွဲဆောင်မှုတစ်ခုပဲ"
"တကယ်လား?"
"ဪ" ဆိုပြီးပြောတော့ထလာပြီးဘေးမှာအတင်းကပ်ပြီးဝင်ထိုင်ပလိုက်ကာ
"အဲ့လိုပြောတော့ပိုချစ်သွားပြီပေါ့လေ" ဆိုပြီးပြုံးလိုက်တော့တယ်...။
ရင်တွေတဒိတ်ဒိတ်နဲ့အခုန်မြန်နေကာ
"မင်းရင်ခုန်သံကကျယ်လိုက်တာ" ဆိုပြီးပြောလိုက်တာနဲ့ပိုအခုန်မြန်လာပြီး
"ဟေ့ဟေ့ဒီလိုနဲ့ဆေးရုံရောက်တော့မှာပဲတော်ပြီရပ်တော့နောက်တာနောက်တာမထင်ရဘူးတော်တော်ရှက်တတ်တာပဲဒါနဲ့စားရအောင်ဗိုက်ဆာနေပြီဆက်တိုက်ကြည့်နေတော့မနေတတ်တော့ဘူးလေ"
"ဪ...ဪ" ဆိုပြီးစားကြပြီးတော့အတန်းထဲအတူတူပြန်ဝင်ကြတော့တယ်...။
ဆောင်းဟွန်းကအရှေ့ကနေအခန်းထဲကိုအရင်ဝင်လာတော့ဂျိတ်ခ်ပါလာတယ်မထင်ဘဲမုန်းနေတဲ့ကျောင်းသားတစ်ချို့ကခြေထိုးခံလိုက်တာပေါ့...။
"ဟိုက်...shit"
"ဟားဟား"
"မင်းကလည်းအဲ့လောက်မလုပ်ပါနဲ့"
"ဘိတ်ချီးလေးရရဲ့လား?ထူပေးရမလား?" ဆိုပြီးလှောင်နေကြတုန်းဂျိတ်ခ်ကအနောက်တံခါးကနေအခန်းထဲဝင်လာပြီး
"ဟိုက်...သေရော"
"ဘိတ်ချီးထူပေးရမလားလို့?ဪ???နာသွားလား?"
"သားကြီးဟိုမှာ"
"ဘာလဲ?ဘာဟို-" ဆိုပြီးအနောက်ကိုလည်းလှည့်ကြည့်လိုက်ကောလန့်သွားကာဂျိတ်ခ်ကအနားကိုလျှောက်လာတော့တယ်...။
တခြားကျောင်းသား/သူတွေကလည်းရောက်လာကြတော့ထိုမြင်ကွင်းကိုမြင်သွားပြီး
"ဒါ?ဘာမြင်ကွင်းလဲ?"
"ဟဲ့အထဲမဝင်နဲ့ဦးလေသေချင်လို့လား?"
"ဪ?"
"ဒီမှာလေစိမ်းတွေတိုက်နေတာကိုးအထဲဝင်ချင်သေးတယ်"
"လေစိမ်း?"
"ဪ"
"လာလည်းကြည့်ဦး"
"ဘာလို့ပိုပြီး?"
"ဪ?"
"ပြင်းထန်အောင်မလုပ်တာလဲ?"
"ဂျိတ်ခီ..."
"ဟားဟားအဲ့ကြောင့်ထင်သားပဲအဲ့လိုပဲဖြစ်နေရမှာပေါ့"
"ဪ"
"မင်းတို့ကို"
"ဪ?" ဆိုပြီးမေးနေချိန်ပဲဘောကိုခြေထောက်နဲ့ဆောင့်ကန်ပလိုက်ပြီး
"ဝါးးးပထမဦးဆုံးပဲ"
"ငါတို့ပုန်းနေမှထင်တယ်""အောက်ငုံထားဆွာဟယ်"
"အေးပါ"
"အာ့ အားးးးးးး" ဆိုပြီးအောက်ကိုတောင်ထိုင်ချလိုက်ရကာ
"မင်းတို့အားလုံးကိုပြောထားမယ်အပြင်ကလူတွေကော"
"သေရာငါတို့ကိုပါမြင်တာဟ"
"မတ်တပ်ပြန်ရပ်ရတော့မယ်ထင်တယ်"
"ရပ်ကြရပ်ကြ"
"သူ့ကိုလက်ဖျားလေးနဲ့တစ်ချက်ထိတာနဲ့အရှင်မထားဘူးသူကငါ့အပိုင်မို့လို့" ဆိုပြီးပြောလိုက်တော့စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရတော့တာပေါ့...။
"သူကငါ့အပိုင်???ဘာအဓိပ္ပာယ်လဲ?"
"ပါးစပ်လေးလည်းစိပါဦးယင်ကောင်လည်းပါးစပ်ထဲဝင်သွားပါဦးမယ်"
"ဘာလား?ရုပ်ရှင်ကားတစ်ကားကြည့်နေရသလိုပဲ"
"တော်တော်ခင်သွားကြတာပဲခနလေးအတွင်းနဲ့" ဆိုပြီးအပြင်ကလူတွေပါထိုစကားကိုကြားပြီးလန့်သွားကာ
"ငါ့အချစ်ဆုံးသူငယ်ချင်း-ကို-မ-ထိ-နဲ့မဟုတ်ရင်ဒီထက်ပိုဆိုးမယ်""နာသွားလား?" ဆိုပြီးဆောင်းဟွန်းကပြေးထူပေးပြီး
"ရပါတယ်"
"မဟုတ်တာနာသွားမှာပေါ့"
"လက်ပေးဒါဆိုလည်း"
"ဒီမှာ" ဆိုပြီးလက်ပေးတော့လက်ကိုကိုင်ရင်းထလိုက်တော့တယ်...။
There are no comments yet. Log in to be the first to leave a review!




![Freak In You [𝟏𝟖+] [𝐆𝐱𝐆]](https://fanficsread.net/media/fs-stories-1/9210/conversions/ad97c53791445ffc274881e6a49d7ae6.jpg)


![The Dark List [Larry Stylinson Fanfic]](https://fanficsread.net/media/fs-stories-1/8331/conversions/974ec78b36660a31e9760c7f1a19d3ce.jpg)