- Two - 💕
16:53, 10 September 2021Zawgyi Font
"Harry!"
"Hermione!"
"နင္ဘယ္တုန္းကေရာက္တာလဲ?"
"ဒီမနက္ကမွ ေရာက္တာ!Ron ေရာ!"
"အေနာက္မွာ ပါတယ္!"
အေဆာင္ကို ေရာက္ေရာက္ခ်င္း သူမရဲ႕အခ်စ္ဆုံး သူငယ္ခ်င္း Harry ကို ေတြ႕လိုက္ရသည္..သူမကိုျမင္ေတာ့ ေႏြးေထြးတဲ့ေပြ႕ဖက္မႈနဲ႕ ႏႈတ္ဆက္တဲ့ Harry ..ဒီသူငယ္ခ်င္းေလးေၾကာင့္ ႏွလုံးသားမရွိတဲ့ အေမွာင္သခင္ကို ရင္ဆိုင္နိုင္ခဲ့တာေပါ့..
"အဲဒါ ဘာလုပ္ေနၾကတာလဲ?"
အေနာက္က အသံေၾကာင့္ Hermione နဲ႕ Harryတို႔ ဖက္ထားတာကို လႊတ္ၿပီး လွည့္ၾကည့္လိုက္မိေတာ့...မ်က္ႏွာႀကီး စူပုပ္ၿပီး မီးေတာက္ေနတဲ့ မ်က္လုံးေတြနဲ႕ Ron...
"Hi..Ron!"
Harry ႏႈတ္ဆက္လိုက္ေတာ့ Ron ရဲ႕ အၾကည့္က Hermione ဆီကေန သူ႕ဆီ ေရာက္လာသည္...
"မင္းတို႔ႏွစ္ေယာက္က ဘာကိစၥ ဖက္ေနရတာလဲ?"
"သူငယ္ခ်င္းေတြမို႔လို႔ ဖက္တာေလ!"
"သူငယ္ခ်င္းဆိုတိုင္း ေန႕တိုင္းကို ဖက္ေနၾကေတာ့တာပဲ!"
"နင္က ငါ့ကို နမ္းပါနမ္းတာေလ!"
"ဒါကတာ့..."
Hermione က ၾကားျဖတ္ေျပာလိုက္ေတာ့ Ron စကားလုံးေတြ ေပ်ာက္ဆုံးသြားသည္..Hermione နဲ႕ Ron ခ်စ္သူျဖစ္ကတည္းက Ron က Hermione ကို Harry အပါအဝင္ ဘယ္ေယာက်ၤားေလးနဲ႔မွ စကားေျပာတာမႀကိဳက္..အကုန္လုံးကို သဝန္လိုက္တိုေနေတာ့တာ...ဒါေပမယ့္ အဲဒါက သူတို႔ သူငယ္ခ်င္း သုံးေယာက္ရဲ႕ အေျခအေနကိုေတာ့ မေျပာင္းလဲေစခဲ့ပါဘူး....။
"Harry!"
"ဟမ္.."
ပစၥည္းေတြ ေနရာခ်ေနရင္း Hermione က လွမ္းေခၚတာေၾကာင့္ Harry လွည့္ၾကည့္မိသည္...Ron ကိုၾကည့္မိေတာ့ ဘာကိစၥ ေခၚတာလဲ ဆိုတဲ့ အၾကည့္နဲ႕ ၾကည့္ေနသည္...
"ဟို..Malfoy ေက်ာင္းလာတက္တာ သိတယ္မလား?"
Hermione စကားေၾကာင့္ Harry စိတ္ထဲ တစ္မ်ိဳးျဖစ္သြားသည္...
"ဟုတ္လား?"
Harry က မသိသလို ပုံစံမ်ိဳး ေမးေသာ္လည္း အံၾသသည့္ အရိပ္အေယာင္ေတာ့ မေတြ႕...
"သူဘာလို႔ ျပန္လာတယ္ထင္လဲ?"
"သူလည္း ငါတို႔လို ေက်ာင္းၿပီးေအာင္ တက္ခ်င္လို႔ ေနမွာေပါ့"
"အဲ့လို မဟုတ္ဘဲ..နင္ေၾကာင့္ျပန္လာတယ္ဆိုရင္ေရာ..."
"Hermione! "
ဟယ္ရီေအာ္လိုက္တာေၾကာင့္ Ron နဲ႕ Hermione တို႔ ဘာမွ ထပ္မေျပာၾကေတာ့...
Hermione ေျပာသလို သူေၾကာင့္ ျပန္လာတယ္ဆိုရင္လည္း..သူ႔မွာေျပာစရာမ႐ွိ.. ။ဘာပဲျဖစ္ျဖစ္ သူတို႔က ၿပီးသြားခဲ့ၿပီပဲ!
"ငါအိပ္ေတာ့မယ္!"
"အင္းပါ!ငါလည္း သြားေတာ့မယ္! Good night Harry!Good night Ron!"
Harry က အိပ္ေတာ့မယ္လို႔ ေျပာတာေၾကာင့္ Hermione လည္း သူမရဲ႕အခန္းကို ျပန္ဖို႔ဆုံးျဖတ္လိုက္သည္..သူမေျပာလိုက္သည့္စကားေၾကာင့္ Harry စိတ္အေနွာင့္အယွက္ ျဖစ္သြားတာမ်ိဳးေတာ့ မျဖစ္ေစခ်င္ ပါ ....။
_____________________💕
"ေက်ာင္းသားမ်ားအားလုံးကို Hogwart ေက်ာင္းႀကီးကေန ႀကိဳဆိုပါတယ္!Hogwart ရဲ႕ ေက်ာင္းအုပ္အသစ္ ပေရာ္ဖက္ဆာမက္ေဂါနဂယ္ ပါ.."
ပေရာ္ဖက္ဆာမက္ေဂါနဂယ္က သူ႕ကိုယ္သူ မိတ္ဆက္ရင္းျဖင့္ အဖြင့္စကားေျပာလိုက္သည္
"ဒီေန႕ကေတာ့ Hogwart ရဲ႕ ပထမဆုံးေက်ာင္းတက္ရက္ပါ..ေက်ာင္းသားေတြအားလုံးကို မွာခ်င္တာကေတာ့ ေက်ာင္းအေနာက္ဘက္က တားျမစ္ေတာျကီးက တားျမစ္ေနရာပါ..ေက်ာင္းသားေတြအကုန္လုံး ကိုယ္ေသတြင္း ကိုယ္မတူးဖို႔ ေမွ်ာ္လင့္ပါတယ္!"
ပေရာ္ဖက္ဆာမက္ေဂါနဂယ္ ရဲ႕ စကားေၾကာင့္ ပထမႏွစ္ေလးမ်ားအားလုံး တုန္ကနဲျဖစ္သြားၾကသည္ ..
Harry တစ္ခ်က္ၿပဳံးမိလိုက္သည္...သူတို႔တုန္းကလည္း ပါေမာကၡ ဒမ္ဘယ္ေဒါ က ထိုသို႔ပဲ ေျပာခဲ့သည္ မဟုတ္လား?
"ၿပီးေတာ့ ေနာက္တစ္ခု ေျပာစရာရွိပါေသးတယ္!ဒီေန႕မနက္မွာပဲ Beauxbatons ေက်ာင္းကေန Hogwart ကို အသစ္ေျပာင္းလာတဲ့ ေက်ာင္းသူတစ္ဦးရွိပါတယ္..."
( A/N) Beauxbatons ေက်ာင္းကိုေတာ့ Harry potter and the Goblet of fire ၾကည့္ဖူးသူေတြ သိလိမ့္မယ္လို႔ ထင္ပါတယ္!မိန္းကေလးသီးသန႔္ေက်ာင္းတစ္ေက်ာင္းျဖစ္ၿပီးေတာ့ ေက်ာင္းအုပ္ကေတာ့ အရပ္အရွည္ႀကီးနဲ႕ မိန္းမတစ္ေယာက္ပါ)
ကြၽီ.....
ထိုအခ်ိန္ Hall ခန္း တံခါးႀကီး ပြင့္သြားၿပီး Hall ခန္းထဲသို႔ ဝင္ေရာက္လာသည့္ မိန္းကေလးတစ္ေယာက္ေၾကာင့္ Hogwart ေက်ာင္းသားေတြအားလုံးရဲ႕ အၾကည့္ေတြက ထိုမိန္းကေလးဆီ ေရာက္သြားၾကသည္...
"Mis.Diggory( ဒစ္ဂိုရီ )ပါ"
ပေရာ္ဖက္ဆာ မက္ေဂါနဂယ္ရဲ႕ စကားအဆုံးတြင္ ေက်ာင္းသားမ်ားအားလုံး အုတ္အုတ္က်က္က်က္ ျဖစ္လာၾကသည္...
ေကာင္မေလးက တကယ္လွလြန္းပါသည္..ဆံပင္ေ႐ႊအိုေရာင္ႏွင့္ ျဖဴေဖြးလွေသာ အသားအေရက တစ္စုံတစ္ေယာက္ကို သတိရေစမိသည္...Diggory ဆိုေသာ မ်ိဳးရိုးနာမည္ကို Harry ရင္းရင္းႏွီးႏွီး ၾကားဖူးပါသည္...သူရဲ႕ မေမ့နိုင္တဲ့ အတိတ္ဆိုးတစ္ခုေပါ့...
~~~~~~~~~~~~~~~~To be continue....
Own Character ေလးေတြ နည္းနည္းထည့္ထားပါတယ္😊
ဒါနဲ႔ Diggory (ဒစ္ဂိုရီ)ဆိုတဲ့ မ်ိဳး႐ုိးနာမည္ကို ၾကားဖူးၾကလား...?
~~~~~~~~~~~~~~
Unicode Font
"Harry!"
"Hermione!"
"နင်ဘယ်တုန်းကရောက်တာလဲ?"
"ဒီမနက္ကမွ ရောက်တာ!Ron ရော!"
"အနောက်မှာ ပါတယ်!"
အဆောင်ကို ရောက်ရောက်ချင်း သူမရဲ့အချစ်ဆုံး သူငယ်ချင်း Harry ကို တွေ့လိုက်ရသည်..သူမကိုမြင်တော့ နွေးထွေးတဲ့ပွေ့ဖက်မှုနဲ့ နှုတ်ဆက်တဲ့ Harry ..ဒီသူငယ်ချင်းလေးကြောင့် နှလုံးသားမရှိတဲ့ အမှောင်သခင်ကို ရင်ဆိုင်နိုင်ခဲ့တာပေါ့..
"အဲဒါ ဘာလုပ်နေကြတာလဲ?"
အေနာက္က အသံကြောင့် Hermione နဲ့ Harryတို့ ဖက္ထားတာကို လွှတ်ပြီး လှည့်ကြည့်လိုက်မိတော့...မျက်နှာကြီး စူပုပ်ပြီး မီးတောက်နေတဲ့ မျက်လုံးတွေနဲ့ Ron...
"Hi..Ron!"
Harry နှုတ်ဆက်လိုက်တော့ Ron ရဲ့ အကြည့်က Hermione ဆီကေန သူ့ဆီ ရောက်လာသည်...
"မင်းတို့နှစ်ယောက်က ဘာကိစ္စ ဖက်နေရတာလဲ?"
"သူငယ်ချင်းတွေမို့လို့ ဖက်တာလေ!"
"သူငယ်ချင်းဆိုတိုင်း နေ့တိုင်းကို ဖက်နေကြတော့တာပဲ!"
"နင်က ငါ့ကို နမ်းပါနမ်းတာလေ!"
"ဒါကတာ့..."
Hermione က ကြားဖြတ်ပြောလိုက်တော့ Ron စကားလုံးတွေ ပျောက်ဆုံးသွားသည်..Hermione နဲ့ Ron ချစ်သူဖြစ်ကတည်းက Ron က Hermione ကို Harry အပါအဝင် ဘယ်ယောကျၤားလေးနဲ့မှ စကားပြောတာမကြိုက်..အကုန္လုံးကို သဝန်လိုက်တိုနေတော့တာ...ဒါပေမယ့် အဲဒါက သူတို့ သူငယ်ချင်း သုံးယောက်ရဲ့ အခြေအနေကိုတော့ မပြောင်းလဲစေခဲ့ပါဘူး....။
"Harry!"
"ဟမ်.."
ပစ္စည်းတွေ နေရာချနေရင်း Hermione က လှမ်းခေါ်တာကြောင့် Harry လှည့်ကြည့်မိသည်...Ron ကိုကြည့်မိတော့ ဘာကိစ္စ ခေါ်တာလဲ ဆိုတဲ့ အကြည့်နဲ့ ကြည့်နေသည်...
"ဟို..Malfoy ကျောင်းလာတက်တာ သိတယ္မလား?"
Hermione စကားကြောင့် Harry စိတ်ထဲ တစ်မျိုးဖြစ်သွားသည်...
"ဟုတ္လား?"
Harry က မသိသလို ပုံစံမျိုး မေးသော်လည်း အံသြသည့် အရိပ်အယောင်တော့ မတွေ့...
"သူဘာလို့ ပြန်လာတယ်ထင်လဲ?"
"သူလည်း ငါတို့လို ကျောင်းပြီးအောင် တက်ချင်လို့ နေမှာပေါ့"
"အဲ့လို မဟုတ်ဘဲ..နင်ကြောင့်ပြန်လာတယ်ဆိုရင်ရော..."
"Hermione! "
ဟယ်ရီအော်လိုက်တာကြောင့် Ron နဲ့ Hermione တို့ ဘာမွ ထပ်မပြောကြတော့...
Hermione ပြောသလို သူကြောင့် ပြန်လာတယ်ဆိုရင်လည်း..သူ့မှာပြောစရာမရှိ.. ။ဘာပဲဖြစ်ဖြစ် သူတို့က ပြီးသွားခဲ့ပြီပဲ!
"ငါအိပ်တော့မယ်!"
"အင်းပါ!ငါလည်း သွားတော့မယ်! Good night Harry!Good night Ron!"
Harry က အိပ်တော့မယ်လို့ ပြောတာကြောင့် Hermione လည်း သူမရဲ့အခန်းကို ပြန်ဖို့ဆုံးဖြတ်လိုက်သည်..သူမပြောလိုက်သည့်စကားကြောင့် Harry စိတ်အနှောင့်အယှက် ဖြစ်သွားတာမျိုးတော့ မဖြစ်စေချင် ပါ ....။
_____________________💕
"ကျောင်းသားများအားလုံးကို Hogwart ကျောင်းကြီးကနေ ကြိုဆိုပါတယ်!Hogwart ရဲ့ ကျောင်းအုပ်အသစ် ပရော်ဖက်ဆာမက်ဂေါနဂယ် ပါ.."
ပရော်ဖက်ဆာမက်ဂေါနဂယ်က သူ့ကိုယ်သူ မိတ်ဆက်ရင်းဖြင့် အဖွင့်စကားပြောလိုက်သည်
"ဒီနေ့ကတော့ Hogwart ရဲ့ ပထမဆုံးကျောင်းတက်ရက်ပါ..ကျောင်းသားတွေအားလုံးကို မှာချင်တာကတော့ ကျောင်းအနောက်ဘက်က တားမြစ်တောကြီးက တားမြစ်နေရာပါ..ကျောင်းသားတွေအကုန်လုံး ကိုယ်သေတွင်း ကိုယ်မတူးဖို့ မျှော်လင့်ပါတယ်!"
ပရော်ဖက်ဆာမက်ဂေါနဂယ် ရဲ့ စကားကြောင့် ပထမနှစ်လေးများအားလုံး တုန်ကနဲဖြစ်သွားကြသည် ..
Harry တစ်ချက်ပြုံးမိလိုက်သည်...သူတို့တုန်းကလည်း ပါမောက္ခ ဒမ်ဘယ်ဒေါ က ထိုသို့ပဲ ပြောခဲ့သည် မဟုတ္လား?
"ပြီးတော့ နောက်တစ်ခု ပြောစရာရှိပါသေးတယ်!ဒီနေ့မနက်မှာပဲ Beauxbatons ကျောင်းကနေ Hogwart ကို အသစ်ပြောင်းလာတဲ့ ကျောင်းသူတစ်ဦးရှိပါတယ်..."
( A/N) Beauxbatons ကျောင်းကိုတော့ Harry potter and the Goblet of fire ကြည့်ဖူးသူတွေ သိလိမ့်မယ်လို့ ထင်ပါတယ်!မိန်းကလေးသီးသန့်ကျောင်းတစ်ကျောင်းဖြစ်ပြီးတော့ ကျောင်းအုပ်ကတော့ အရပ်အရှည်ကြီးနဲ့ မိန်းမတစ်ယောက်ပါ)
ကျွီ.....
ထိုအချိန် Hall ခန်း တံခါးကြီး ပွင့်သွားပြီး Hall ခန်းထဲသို့ ဝင်ရောက်လာသည့် မိန်းကလေးတစ်ယောက်ကြောင့် Hogwart ကျောင်းသားတွေအားလုံးရဲ့ အကြည့်တွေက ထိုမိန်းကလေးဆီ ရောက်သွားကြသည်...
"Mis.Diggory( ဒစ္ဂိုရီ )ပါ"
ပရော်ဖက်ဆာ မက်ဂေါနဂယ်ရဲ့ စကားအဆုံးတွင် ကျောင်းသားများအားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်လာကြသည်...
ကောင်မလေးက တကယ်လှလွန်းပါသည်..ဆံပင်ရွှေအိုရောင်နှင့် ဖြူဖွေးလှသော အသားအေရက တစ်စုံတစ်ယောက်ကို သတိရစေမိသည်...Diggory ဆိုသော မျိုးရိုးနာမည်ကို Harry ရင်းရင်းနှီးနှီး ကြားဖူးပါသည်...သူရဲ့ မမေ့နိုင်တဲ့ အတိတ်ဆိုးတစ်ခုပေါ့...
~~~~~~~~~~~~~~~~To be continue....
Own Character လေးတွေ နည်းနည်းထည့်ထားပါတယ်😊
ဒါနဲ့ Diggory (ဒစ္ဂိုရီ)ဆိုတဲ့ မျိုးရိုးနာမည်ကို ကြားဖူးကြလား...?
~~~~~~~~~~~~~~
There are no comments yet. Log in to be the first to leave a review!





