Fanfics

13🍃

19:20, 13 April 2023

[Unicode]

အိမ်ရှေ့ရောက်နေပေမဲ့ ဘဲလ်မနှိပ်မိသေးပါ.. ခဏကြာတော့ အမေကတံခါးဖွင့်လာတယ်။ ကြည့်ရတာ အမှိုက်ပစ်ဖို့ထင်တယ်.. အမှိုက်အိတ်လေးကိုကိုင်ထားတယ်။

'သား..'

တံခါးလာဖွင့်ပေးတဲ့အမေ့ကိုမြင်တော့ ဆော့ဂျင်စိတ်တွေလွတ်ချလိုက်ပြီး.. အမေ့ကိုဖက်ပြီး အားရပါးရငိုလိုက်မိတယ်..

'ဟင့်.. အမေ~'

လက်ထဲကအမှိုက်အိတ်ကိုပစ်ချကာ.. ကျောလေးကို ဖြ​ေဖြေလေးပုတ်ပေးကာ နှစ်သိမ့်ပေးရင်း..

'အရမ်းပင်ပန်းနေရင်လည်း.. အများကြီးငိုချလိုက်ပါ.. အမေကနားလည်ပါတယ်'

'ဆော့ဂျင်ပြန်လာပြီလား.. သမက်ကင်မ်အတွက် အဖေလည်းစိတ်မကောင်းပါဘူး.. သူမဆုံးခင်က အဖေ့ဆီဝိုင်တွေ အများကြီးပို့ပေးခဲ့လို့ ကျေးဇူးတင်နေရတာ... ဒီမှာကြည့်လေ..'

အဖေပြတာကိုကြည့်လိုက်တော့ ဝိုင်တွေ ဗီရိုတခုလုံးအပြည့်ပင်။ ဆော့ဂျင်သေသာသေလိုက်ချင်တော့တယ်။

ဗီရိုထဲက ဝိုင်ပုလင်းတဘူးကို ဆွဲထုတ်လာပြီး ဂုဏ်ယူစွာပြောနေပြန်ပြီ။

'ဆော့ဂျင်.. ဒီမှာကြည့် ဒါဆိုရင်လေ ဒေါ်လာ5သောင်းလောက်ရှိတယ်.. အဖေလုံးဝမသောက်ရက်လို့ ဒီပေါ်မှာသေချာထားထားတာ.. သမက်ကင်မ်ကအရမ်းရက်ရောတယ် အဲ့ကလေးအခုလိုဖြစ်သွားတာ နှမြောလိုက်တာ'

အရင်လိုဈေးပေါတဲ့အရက်တွေပဲ သောက်ပါလို့ အော်ပြောလိုက်ချင်တယ်။ ဒီဝိုင်ပုလင်းဖိုးတွေ မရှင်းနိုင်ရင် ထောင်ထဲဝင်ရမယ်ဆိုတာ ပျော်နေတဲ့အဖေကိုဘယ်လိုပြောရမလဲ။

'အဖေ.. ကျွန်တော်ပင်ပန်းနေလို့ နားတော့မယ်'

အခန်းထဲရောက်တော့ စိတ်တွေကအရမ်းတင်းကျပ်နေတာမို့ စောင်ခေါင်းအထိခြုံပြီး ငိုမိရင်း.. အိပ်ပျော်သွားတော့တယ်။

အိပ်ယာနိုးတော့ ညနေ၅နာရီတောင်ဖြစ်နေပြီ။ နေ့လည်စာတောင် မစားနိုင်ဘဲအိပ်ပျော်သွားတော့ ဗိုက်ဆာနေပြီဆိုတော့ မီးဖိုခန်းကိုလာတော့ အမေကချက်ပြုတ်နေတယ်။

အံ့သြစရာကောင်းတာက အဖေကပါ ဝိုင်းကူပေးနေတာ။ ဒီလိုမြင်ကွင်းမျိုး မွေးကတည်းက တခါမှမမြင်ဖူးပေ။ ဒီလိုကြည့်လိုက်တော့ တော်တော်ပျော်စရာကောင်းမယ့် မိသားစုပင်။

'အမေက လာနိုးမလို့ပါပဲ.. သားပင်ပန်းနေတော့ လွတ်ထားပေးတာ.. ညစာစားရအောင်လေ အခုပြီးတော့မယ်'

'ဟုတ်.. သားရေချိုးလိုက်အုံးမယ်'

ညစာကိုလည်း မိသားစုသုံးယောက်စုံစုံလင်လင်နဲ့ ပျော်ရွင်စွာစားသောက်ကြတယ်။ ဆော့ဂျင်ကတော့ ပြည့်ပြည့်ဝဝမပျော်နိုင်ပေ။ အဖေနဲ့အမေပျော်နေတာကို ဘယ်သားကဖျက်ဆီးချင်တော့မလဲ။

ညက အိပ်မပျော်နိုင်လို့.. အမေ့ဆေးဗီရိုထဲက အိပ်ဆေး၂လုံးလောက်သောက်ပြီး အိပ်လိုက်တာ.. ဒီမနက်ပါ မထနိုင်တော့ပေ။ နိုးလာတော့ နေ့လည်၁နာရီ။

ဖုန်းကိုကြည့်မိတော့ ထယ်ယောင်းဆီက Missed call တွေ ရဲရဲနီနေတယ်။ ဆော့ဂျင်ပြန်မခေါ်ဘဲ ထားထားလိုက်တယ်။

ဆော့ဂျင်စိတ်ပျက်ကောင်းလောက်အောင်တန်ဖိုးကြီးတဲ့ ဝိုင်ပုလင်းတွေကြည့်ရင်း တော်တော်စိတ်ကုန်မိတယ်။ ဒီဝိုင်တွေ မယူတော့ပါဘူးဆိုပြီး ပြန်သွားအပ်လို့လည်းမရ။

ထယ်ယောင်းဆီကိုလည်း မသွားချင်ပေ။စိတ်ညစ်ညစ်နဲ့ အဖေရဲ့မထိရက် မကိုင်ရက်ဖြစ်နေတဲ့ ဝိုင်ကိုဖောက်သောက်ပစ်လိုက်တယ်။

တခွက် နှစ်ခွက်ကနေ တပုလင်းလုံးကုန်တော့မယ်။ လူကလည်း မှောက်ချင်နေပြီ။ အမြင်တွေလည်း ဝေးဝါးနေပေမဲ့ စကားသံတွေကြားနေရသေးတယ်။

'ပေးသောက်လိုက်ပါ.. သားကတခါမှသောက်တတ်တာမဟုတ်ဘူး.. ရှင်ကတော့ ဒီညတော့အဲ့တိုင်းပဲ အိပ်လိုက်ပါတော့..'

'ဒါက.. ငါ့ရဲ့မထိရက်မကိုင်ရက်လေးကွ..'

ဒီစကားသံတွေကိုနောက်ဆုံးကြားခဲ့ပြီး လုံးဝခေါင်းမထောင်နိုင်လောက်အောင် မှောက်သွားတော့တယ်။ အဖေဖြစ်သူကပဲ အခန်းထဲထည့်ပေးခဲ့ရတယ်။

🍃🍃🍃

ထယ်ယောင်း ဒီနေ့တနေ့လုံး ဆော့ဂျင်ဖုန်းပြန်ခေါ်မှာကို စောင့်နေပေမဲ့ ဘာမှမဆက်သွယ်လာပေ။

နောက်ကျနေပြီဆိုတာသိပေမဲ့ အဲ့တိုင်းနေရင် ဒီညအိပ်ပျော်နိုင်မှာမဟုတ်တာကြောင့် အိမ်ထိလိုက်လာလိုက်တယ်။

တံခါးလာဖွင့်ပေးတဲ့သူက ဆော့ဂျင်ရဲ့အမေ..

'ကင်မ်ထယ်ယောင်းရှီ'

'ဟုတ်ပါတယ် အန်တီ'

'ည၁၂နာရီတောင်ထိုးတော့မယ် ဘာကိစ္စရှိလို့လဲ'

အခြေအနေကြည့်ရတာတော့ ဆော့ဂျင်ကအခုထိ ဘာမှမပြောသေးတဲ့ပုံမို့ ထယ်ယောင်းကျေနပ်သွားခဲ့တယ်။

'အရေးကြီးကိစ္စရှိလို့ပါ အန်တီ... ဆော့ဂျင်ကဘယ်မှာလဲ'

'ခုနက သူအများကြီးသောက်ပြီး မှောက်နေလို့ အခုပဲအိပ်ယာထဲပို့ပေးခဲ့တာ'

'ဟုတ်.. ကျွန်တော် ဆော့ဂျင်ကိုခေါ်သွားလိုက်မယ်'

'ဟမ်.. ဘယ်ခေါ်သွားမလို့လဲ'

'ဟို.. အဲ့လိုပါ.. ထယ်ဟွန်းလေးမရှိတော့ပေမဲ့ ဆော့ဂျင်က ကင်မ်မိသားစုရဲ့ဝိုင်လုပ်ငန်းမှာ အေရးပါတဲ့ရာထူးတခုရထားတာပါ.. မနက်ဖန်ကျရင် အစည်းအဝေးရှိတယ်။

အစည်းအဝေးက ကျွန်တော်တို့ စပျစ်ခြံမှာလုပ်မှာဆိုတော့ ဒီညသွားမှ မှီမှာပါ.. အစည်းအဝေးကလည်း ဆော့ဂျင်ပါမှ ရမှာမို့လို့ပါ'

'ဆော့ဂျင်က မသိဘူးလား'

'ကျွန်တော်ကြိုပြောထားပါတယ်.. သူမေ့သွားတာထင်တယ်. ကျွန်တော်ဂရုစိုက်လိုက်ပါ့မယ်.. စိတ်မပူပါနဲ့'

'အော်.. အေးအေး သေချာခေါ်သွား'

ဆော့ဂျင် အမူးလွန်ပြီးအိပ်နေတာကို အခွင့်ကောင်းယူပြီး ခေါ်ထုတ်လာနိုင်ပြီ။

ဆော့ဂျင်ကို အိပ်ယာထဲကနေပွေ့ချီလာကာ ကားပေါ်တင်ပေးလိုက်သည်အထိ ဆော့ဂျင်မနိုးလာပါ။ ခါးပတ်ပတ်ပေးလိုက်တော့ ဆော့ဂျင်မျက်နှာနဲ့တော်တော်နီးကပ်နေတာကို သတိထားမိတာကြောင့် နှုတ်ခမ်းဖူးဖူးလေးကို တချက်လောက် နမ်းလိုက်တယ်။

'ပြွတ်...'

ပြီးမှ သက်တောင့်သက်တာအိပ်လို့ရအောင် ခုံကိုအနောက်ကိုလှန်ချပေးလိုက်တယ်။ ဆော့ဂျင်ကအိပ်နေလိုက်တာ ဘာမှသိတဲ့ပုံမပေါ်ပေ။

Crushကို ကားတင်ပြေးနေသလို ဖြစ်နေပြီ။ ဒါပေမဲ့လည်း မဟုတ်ပါဘူး။ ဒီအပြစ်သားကို အပြစ်ပေးဖို့ခေါ်သွားနေတာပါ။

ခရီးတော်တော်ရောက်နေပြီး မကြာခင်စပျစ်ခြံကြီးကို ရောက်တော့မှာပါ။ ဒါပေမဲ့ ဘေးကဆော့ဂျင်က လှုပ်လှုပ်ရွရွဖြစ်လာတော့...

'ဆော့ဂျင်.. ဘာဖြစ်တာလဲ'

'အန်.. အန်ချင်တယ်'

'ခဏခဏ... ရောက်တော့မှာ.. ခဏထိန်းထား'

ခြံထဲက အိမ်ရှေ့ရောက်ပြီမို့လို့ ဆင်းလာပြီး တံခါးကိုအမြန်ဖွင့်ပေးလိုက်ပေမဲ့.. မမှီတော့ပေ။ ကားထဲမှာပင် အန်ချလိုက်ပြီဖြစ်တယ်။

'ရရဲ့လား.. ရေသောက်လိုက်..'

ရေသောက်ပြီးတော့ ကားအောက်မဆင်းဘဲ ပြန်အိပ်နေပြန်ပြီ။ ဒီဆော့ဂျင်ကတော့လေ.. ထယ်ယောင်းပဲပွေ့ချီပြီး အိမ်ထဲခေါ်လာလိုက်တယ်။

နာရီကြည့်လိုက်တော့ မနက်၃နာရီခွဲ...

ဆော့ဂျင်အင်္ကျီတစ်ထည်လုံးအန်ဖတ်တွေပေနေတာမို့ အင်္ကျီချွတ်ပစ်ပြီး စောင်ပဲခြုံပေးထားလိုက်တယ်။ အသစ်လည်းမလဲပေးနေတော့ဘူး။

ကားမောင်းလာတော့မအိပ်ရသေးတာကြောင့်ထယ်ယောင်းလည်းအိပ်ငိုက်နေပြီ။ အဲဒီတော့ ဆော့ဂျင်ဘေးမှာပဲ ဝင်အိပ်လိုက်တော့တယ်။

🍃🍃🍃

ထယ်ယောင်းနိုးလာတော့ ဆော့ဂျင်မနိုးသေးတာကြောင့် အန်ဖတ်တွေပေနေတဲ့ဆော့ဂျင်အင်္ကျီကို လျှော်ပြီးလှန်းပေးထားလိုက်တယ်။

'သူဌေးလေးရယ်.. ဘာလို့ကိုယ်တိုင်အဝတ်လျှော်ထားရတာလဲ.. လျှော်ပေးမှာပေါ့'

'အာ~ တခါတလေပါ'

'သူဠေးလေးရဲ့ကားတွေ့လိုက်တော့ ရောက်နေမှန်းသိလို့ မနက်စာလာပို့ပေးတာပါ'

'ကျေးဇူးပါ ဒေါ်ကြီးရေ... နောက်တယောက်စာထပ်ယူလာပေးပါလား ကျွန်တော်နဲ့အတူ အလုပ်သမားတယောက်ပါလာတယ်'

'အေးပါကွယ်.. ယူလာပေးမယ်နော်'

ခြံကြီးထဲမှာ ကင်မ်အိမ်ကြီးတလုံးရှိပြီး အဲ့အနီးအနားမှာပဲ ထယ်ယောင်းပိုင်တဲ့အိမ်အသေးလေးတလုံးရှိတယ်။ ထယ်ယောင်းကတော့ လာတိုင်း ဒီအိမ်လေးမှာပဲနေဖြစ်တယ်။

(ဒါက ခြံကြီးထဲက ကင်မ်ထယ်ယောင်းရဲ့အိမ်ပါ။ ဆော့ဂျင်ကိုခေါ်လာတဲ့အိမ်ပေါ့)

🍃🍃🍃

အိပ်ယာထဲကို နေရောင်ခြည်ကျလာတာကြောင့် စောင်ပုံကြားက အကောင်ပေါက်လေးက လှုပ်လှုပ်ရွရွဖြစ်လာပြီ...

ဆော့ဂျင်နိုးလာတော့ ခေါင်းတလုံးလုံး မူးနောက်နေပြီး.. ဒါဘယ်နေရာလဲ ပုံစံကြည့်ရတာ သူ့အိမ်မဟုတ်သလိုပင်။

ညကဘာတွေဖြစ်သွားမှန်းလဲ မသိတော့။ နောက်ဆုံး စားပွဲပေါ်မှောက်ကျသွားတဲ့အထိပဲ မှတ်မိတယ်။

ကိုယ့်ကိုယ်ကိုကြည့်လိုက်တော့ အင်္ကျီလည်းမရှိဘူး။ အလန့်တကြားနဲ့ အောက်ပိုင်းကိုကြည့်မိတော့ ရှိနေသေးတယ်... ညကဝတ်ထားတဲ့ဘောင်းဘီပင်။

ကုတင်ပေါ်ကနေဆင်းပြီး အနီးအနားကိုရှာကြည့်တော့ အင်္ကျီနဲ့တူတာ ဘာမှကိုမတွေ့ပေ။ အခန်းက ဝရံတာနဲ့တဆက်တည်းရှိနေတာမို့လို့ အပြင်ဘက်ထွက်ရပ်ပြီးကြည့်မိတယ်။

'ဘယ်နေရာကြီးလဲ.. တောအုပ်ကြီးလား.. မဟုတ်မှလွဲရော.. ဒါအိပ်မက်လား'

ထယ်ယောင်းတယောက် ဒေါ်ကြီးယူလာပေးတဲ့ မနက်စာကို စားပွဲပေါ်တင်ထားလိုက်ပြီး.. မနက်စာအတူစားရအောင် ဆော့ဂျင်ကိုနိုးဖို့ အခန်းထဲကိုဝင်လာခဲ့တယ်။ ထိုစဥ် တွေ့လိုက်ရသောမြင်ကွင်း..

ကင်မ်ဆော့ဂျင်တယောက်.. အင်္ကျီမပါပဲ ဝရံတာမှာ ထွက်ရပ်နေတာ။ သေလိုက်ပါတော့.. ဒီလိုခါးကျဥ်းကျဥ်းလေးနဲ့ ဆွဲဆောင်မှုရှိလိုက်ပုံများ.. တယောက်ယောက်များမြင်သွားခဲ့ရင်တော့ ဒုက္ခပါပဲ..

ကုတင်ပေါ်က စောင်တပိုင်းကိုယူပြီး နောက်ကနေအပြေးအလွားသွားခြုံပေးပြီး ဆွဲလှည့်လိုက်တော့ မျက်လုံးပြူးပြီးကြည့်နေတယ်။

'ဘယ်သူ့ကို မြူ စွယ်နေတာလဲ!!! ဟမ်!!'

ထယ်ယောင်းခြုံပေးထားတဲ့ စောင်ကို ဆော့ဂျင်ကိုယ်တိုင် ထိန်းကာ သေချာခြုံထားရင်း..

'ငါနဲ့ဝေးဝေးနေ.. ကင်မ်ထယ်ယောင်း.. ငါ့ကိုဘယ်နေရာခေါ်လာတာလဲ'

ခုနက အင်္ကျီမပါပဲ ရပ်နေတာကျတော့ ဘာမှမဖြစ်သလိုနဲ့ သူ့မြင်မှကြောက်လန့်တကြား ထလုပ်နေပြန်ပြီ။

သူ့ကိုယ်သူစောင်နဲ့ပတ်ကာ ကုတင်ပေါ်​ပြေးတက်ပြီး ငုတ်တုတ်ထိုင်နေတဲ့ ဆော့ဂျင်ပုံစံက အူယားစရာပင်။

'ရော့~ ဒီမှာမင်းအဝတ်ထုပ်.. ဟိုနေ့က ကားထဲမှာကျန်ခဲ့တာ..

စောင်ကြီးပတ်ထားပြီး အမြင်ကပ်စရာကောင်းအောင်လုပ်မနေနဲ့... စောင်ပတ်ထားလည်း ဘာမှလုံခြုံမနေဘူး.. ငါလုပ်လိုက်ရင် တချက်စာပဲ'

'......'

'မြန်မြန်ဝတ်ပြီး ထွက်လာ..'

Part 13 [END]🍃

Reading List ထဲထည့်ပေးထားကြတာလည်း ကျေးဇူးတင်ပါတယ်💚

Feedbackလေးလည်း ရေးခဲ့ပေးပါ🍃💚

[Zawgyi]

အိမ္ေရွ႕ေရာက္ေနေပမဲ့ ဘဲလ္မႏွိပ္မိေသးပါ.. ခဏၾကာေတာ့ အေမကတံခါးဖြင့္လာတယ္။ ၾကည့္ရတာ အမွိုက္ပစ္ဖို႔ထင္တယ္.. အမွိုက္အိတ္ေလးကိုကိုင္ထားတယ္။

'သား..'

တံခါးလာဖြင့္ေပးတဲ့အေမ့ကိုျမင္ေတာ့ ေဆာ့ဂ်င္စိတ္ေတြလြတ္ခ်လိဳက္ၿပီး.. အေမ့ကိုဖက္ၿပီး အားရပါးရငိုလိုက္မိတယ္..

'ဟင့္.. အေမ~'

လက္ထဲကအမွိုက္အိတ္ကိုပစ္ခ်ကာ.. ေက်ာေလးကို ျဖ​ေေျဖေလးပုတ္ေပးကာ ႏွစ္သိမ့္ေပးရင္း..

'အရမ္းပင္ပန္းေနရင္လည္း.. အမ်ားႀကီးငိုခ်လိဳက္ပါ.. အေမကနားလည္ပါတယ္'

'ေဆာ့ဂ်င္ျပန္လာၿပီလား.. သမက္ကင္မ္အတြက္ အေဖလည္းစိတ္မေကာင္းပါဘူး.. သူမဆုံးခင္က အေဖ့ဆီဝိုင္ေတြ အမ်ားႀကီးပို႔ေပးခဲ့လို႔ ေက်းဇူးတင္ေနရတာ... ဒီမွာၾကည့္ေလ..'

အေဖျပတာကိုၾကည့္လိုက္ေတာ့ ဝိုင္ေတြ ဗီရိုတခုလုံးအျပည့္ပင္။ ေဆာ့ဂ်င္ေသသာေသလိုက္ခ်င္ေတာ့တယ္။

ဗီရိုထဲက ဝိုင္ပုလင္းတဘူးကို ဆြဲထုတ္လာၿပီး ဂုဏ္ယူစြာေျပာေနျပန္ၿပီ။

'ေဆာ့ဂ်င္.. ဒီမွာၾကည့္ ဒါဆိုရင္ေလ ေဒၚလာ5ေသာင္းေလာက္ရွိတယ္.. အေဖလုံးဝမေသာက္ရက္လို႔ ဒီေပၚမွာေသခ်ာထားထားတာ.. သမက္ကင္မ္ကအရမ္းရက္ေရာတယ္ အဲ့ကေလးအခုလိုျဖစ္သြားတာ ႏွေျမာလိုက္တာ'

အရင္လိုေဈးေပါတဲ့အရက္ေတြပဲ ေသာက္ပါလို႔ ေအာ္ေျပာလိုက္ခ်င္တယ္။ ဒီဝိုင္ပုလင္းဖိုးေတြ မရွင္းနိုင္ရင္ ေထာင္ထဲဝင္ရမယ္ဆိုတာ ေပ်ာ္ေနတဲ့အေဖကိုဘယ္လိုေျပာရမလဲ။

'အေဖ.. ကြၽန္ေတာ္ပင္ပန္းေနလို႔ နားေတာ့မယ္'

အခန္းထဲေရာက္ေတာ့ စိတ္ေတြကအရမ္းတင္းက်ပ္ေနတာမို႔ ေစာင္ေခါင္းအထိၿခဳံၿပီး ငိုမိရင္း.. အိပ္ေပ်ာ္သြားေတာ့တယ္။

အိပ္ယာနိုးေတာ့ ညေန၅နာရီေတာင္ျဖစ္ေနၿပီ။ ေန႕လည္စာေတာင္ မစားနိုင္ဘဲအိပ္ေပ်ာ္သြားေတာ့ ဗိုက္ဆာေနၿပီဆိုေတာ့ မီးဖိုခန္းကိုလာေတာ့ အေမကခ်က္ျပဳတ္ေနတယ္။

အံ့ၾသစရာေကာင္းတာက အေဖကပါ ဝိုင္းကူေပးေနတာ။ ဒီလိုျမင္ကြင္းမ်ိဳး ေမြးကတည္းက တခါမွမျမင္ဖူးေပ။ ဒီလိုၾကည့္လိုက္ေတာ့ ေတာ္ေတာ္ေပ်ာ္စရာေကာင္းမယ့္ မိသားစုပင္။

'အေမက လာနိုးမလို႔ပါပဲ.. သားပင္ပန္းေနေတာ့ လြတ္ထားေပးတာ.. ညစာစားရေအာင္ေလ အခုၿပီးေတာ့မယ္'

'ဟုတ္.. သားေရခ်ိဳးလိုက္အုံးမယ္'

ညစာကိုလည္း မိသားစုသုံးေယာက္စုံစုံလင္လင္နဲ႕ ေပ်ာ္႐ြင္စြာစားေသာက္ၾကတယ္။ ေဆာ့ဂ်င္ကေတာ့ ျပည့္ျပည့္ဝဝမေပ်ာ္နိုင္ေပ။ အေဖနဲ႕အေမေပ်ာ္ေနတာကို ဘယ္သားကဖ်က္ဆီးခ်င္ေတာ့မလဲ။

ညက အိပ္မေပ်ာ္နိုင္လို႔.. အေမ့ေဆးဗီရိုထဲက အိပ္ေဆး၂လုံးေလာက္ေသာက္ၿပီး အိပ္လိုက္တာ.. ဒီမနက္ပါ မထနိုင္ေတာ့ေပ။ နိုးလာေတာ့ ေန႕လည္၁နာရီ။

ဖုန္းကိုၾကည့္မိေတာ့ ထယ္ေယာင္းဆီက Missed call ေတြ ရဲရဲနီေနတယ္။ ေဆာ့ဂ်င္ျပန္မေခၚဘဲ ထားထားလိုက္တယ္။

ေဆာ့ဂ်င္စိတ္ပ်က္ေကာင္းေလာက္ေအာင္တန္ဖိုးႀကီးတဲ့ ဝိုင္ပုလင္းေတြၾကည့္ရင္း ေတာ္ေတာ္စိတ္ကုန္မိတယ္။ ဒီဝိုင္ေတြ မယူေတာ့ပါဘူးဆိုၿပီး ျပန္သြားအပ္လို႔လည္းမရ။

ထယ္ေယာင္းဆီကိုလည္း မသြားခ်င္ေပ။စိတ္ညစ္ညစ္နဲ႕ အေဖရဲ႕မထိရက္ မကိုင္ရက္ျဖစ္ေနတဲ့ ဝိုင္ကိုေဖာက္ေသာက္ပစ္လိုက္တယ္။

တခြက္ ႏွစ္ခြက္ကေန တပုလင္းလုံးကုန္ေတာ့မယ္။ လူကလည္း ေမွာက္ခ်င္ေနၿပီ။ အျမင္ေတြလည္း ေဝးဝါးေနေပမဲ့ စကားသံေတြၾကားေနရေသးတယ္။

'ေပးေသာက္လိုက္ပါ.. သားကတခါမွေသာက္တတ္တာမဟုတ္ဘူး.. ရွင္ကေတာ့ ဒီညေတာ့အဲ့တိုင္းပဲ အိပ္လိုက္ပါေတာ့..'

'ဒါက.. ငါ့ရဲ႕မထိရက္မကိုင္ရက္ေလးကြ..'

ဒီစကားသံေတြကိုေနာက္ဆုံးၾကားခဲ့ၿပီး လုံးဝေခါင္းမေထာင္နိုင္ေလာက္ေအာင္ ေမွာက္သြားေတာ့တယ္။ အေဖျဖစ္သူကပဲ အခန္းထဲထည့္ေပးခဲ့ရတယ္။

🍃🍃🍃

ထယ္ေယာင္း ဒီေန႕တေန႕လုံး ေဆာ့ဂ်င္ဖုန္းျပန္ေခၚမွာကို ေစာင့္ေနေပမဲ့ ဘာမွမဆက္သြယ္လာေပ။

ေနာက္က်ေနၿပီဆိုတာသိေပမဲ့ အဲ့တိုင္းေနရင္ ဒီညအိပ္ေပ်ာ္နိုင္မွာမဟုတ္တာေၾကာင့္ အိမ္ထိလိုက္လာလိုက္တယ္။

တံခါးလာဖြင့္ေပးတဲ့သူက ေဆာ့ဂ်င္ရဲ႕အေမ..

'ကင္မ္ထယ္ေယာင္းရွီ'

'ဟုတ္ပါတယ္ အန္တီ'

'ည၁၂နာရီေတာင္ထိုးေတာ့မယ္ ဘာကိစၥရွိလို႔လဲ'

အေျခအေနၾကည့္ရတာေတာ့ ေဆာ့ဂ်င္ကအခုထိ ဘာမွမေျပာေသးတဲ့ပုံမို႔ ထယ္ေယာင္းေက်နပ္သြားခဲ့တယ္။

'အေရးႀကီးကိစၥရွိလို႔ပါ အန္တီ... ေဆာ့ဂ်င္ကဘယ္မွာလဲ'

'ခုနက သူအမ်ားႀကီးေသာက္ၿပီး ေမွာက္ေနလို႔ အခုပဲအိပ္ယာထဲပို႔ေပးခဲ့တာ'

'ဟုတ္.. ကြၽန္ေတာ္ ေဆာ့ဂ်င္ကိုေခၚသြားလိုက္မယ္'

'ဟမ္.. ဘယ္ေခၚသြားမလို႔လဲ'

'ဟို.. အဲ့လိုပါ.. ထယ္ဟြန္းေလးမရွိေတာ့ေပမဲ့ ေဆာ့ဂ်င္က ကင္မ္မိသားစုရဲ႕ဝိုင္လုပ္ငန္းမွာ ေအရးပါတဲ့ရာထူးတခုရထားတာပါ.. မနက္ဖန္က်ရင္ အစည္းအေဝးရွိတယ္။

အစည္းအေဝးက ကြၽန္ေတာ္တို႔ စပ်စ္ၿခံမွာလုပ္မွာဆိုေတာ့ ဒီညသြားမွ မွီမွာပါ.. အစည္းအေဝးကလည္း ေဆာ့ဂ်င္ပါမွ ရမွာမို႔လို႔ပါ'

'ေဆာ့ဂ်င္က မသိဘူးလား'

'ကြၽန္ေတာ္ႀကိဳေျပာထားပါတယ္.. သူေမ့သြားတာထင္တယ္. ကြၽန္ေတာ္ဂ႐ုစိုက္လိုက္ပါ့မယ္.. စိတ္မပူပါနဲ႕'

'ေအာ္.. ေအးေအး ေသခ်ာေခၚသြား'

ေဆာ့ဂ်င္ အမူးလြန္ၿပီးအိပ္ေနတာကို အခြင့္ေကာင္းယူၿပီး ေခၚထုတ္လာနိုင္ၿပီ။

ေဆာ့ဂ်င္ကို အိပ္ယာထဲကေနေပြ႕ခ်ီလာကာ ကားေပၚတင္ေပးလိုက္သည္အထိ ေဆာ့ဂ်င္မနိုးလာပါ။ ခါးပတ္ပတ္ေပးလိုက္ေတာ့ ေဆာ့ဂ်င္မ်က္ႏွာနဲ႕ေတာ္ေတာ္နီးကပ္ေနတာကို သတိထားမိတာေၾကာင့္ ႏႈတ္ခမ္းဖူးဖူးေလးကို တခ်က္ေလာက္ နမ္းလိုက္တယ္။

'ႁပြတ္...'

ၿပီးမွ သက္ေတာင့္သက္တာအိပ္လို႔ရေအာင္ ခုံကိုအေနာက္ကိုလွန္ခ်ေပးလိုက္တယ္။ ေဆာ့ဂ်င္ကအိပ္ေနလိုက္တာ ဘာမွသိတဲ့ပုံမေပၚေပ။

Crushကို ကားတင္ေျပးေနသလို ျဖစ္ေနၿပီ။ ဒါေပမဲ့လည္း မဟုတ္ပါဘူး။ ဒီအျပစ္သားကို အျပစ္ေပးဖို႔ေခၚသြားေနတာပါ။

ခရီးေတာ္ေတာ္ေရာက္ေနၿပီး မၾကာခင္စပ်စ္ၿခံႀကီးကို ေရာက္ေတာ့မွာပါ။ ဒါေပမဲ့ ေဘးကေဆာ့ဂ်င္က လႈပ္လႈပ္႐ြ႐ြျဖစ္လာေတာ့...

'ေဆာ့ဂ်င္.. ဘာျဖစ္တာလဲ'

'အန္.. အန္ခ်င္တယ္'

'ခဏခဏ... ေရာက္ေတာ့မွာ.. ခဏထိန္းထား'

ၿခံထဲက အိမ္ေရွ႕ေရာက္ၿပီမို႔လို႔ ဆင္းလာၿပီး တံခါးကိုအျမန္ဖြင့္ေပးလိုက္ေပမဲ့.. မမွီေတာ့ေပ။ ကားထဲမွာပင္ အန္ခ်လိဳက္ၿပီျဖစ္တယ္။

'ရရဲ႕လား.. ေရေသာက္လိုက္..'

ေရေသာက္ၿပီးေတာ့ ကားေအာက္မဆင္းဘဲ ျပန္အိပ္ေနျပန္ၿပီ။ ဒီေဆာ့ဂ်င္ကေတာ့ေလ.. ထယ္ေယာင္းပဲေပြ႕ခ်ီၿပီး အိမ္ထဲေခၚလာလိုက္တယ္။

နာရီၾကည့္လိုက္ေတာ့ မနက္၃နာရီခြဲ...

ေဆာ့ဂ်င္အကၤ်ီတစ္ထည္လုံးအန္ဖတ္ေတြေပေနတာမို႔ အကၤ်ီခြၽတ္ပစ္ၿပီး ေစာင္ပဲၿခဳံေပးထားလိုက္တယ္။ အသစ္လည္းမလဲေပးေနေတာ့ဘူး။

ကားေမာင္းလာေတာ့မအိပ္ရေသးတာေၾကာင့္ထယ္ေယာင္းလည္းအိပ္ငိုက္ေနၿပီ။ အဲဒီေတာ့ ေဆာ့ဂ်င္ေဘးမွာပဲ ဝင္အိပ္လိုက္ေတာ့တယ္။

🍃🍃🍃

ထယ္ေယာင္းနိုးလာေတာ့ ေဆာ့ဂ်င္မနိုးေသးတာေၾကာင့္ အန္ဖတ္ေတြေပေနတဲ့ေဆာ့ဂ်င္အကၤ်ီကို ေလွ်ာ္ၿပီးလွန္းေပးထားလိုက္တယ္။

'သူေဌးေလးရယ္.. ဘာလို႔ကိုယ္တိုင္အဝတ္ေလွ်ာ္ထားရတာလဲ.. ေလွ်ာ္ေပးမွာေပါ့'

'အာ~ တခါတေလပါ'

'သူေဠးေလးရဲ႕ကားေတြ႕လိုက္ေတာ့ ေရာက္ေနမွန္းသိလို႔ မနက္စာလာပို႔ေပးတာပါ'

'ေက်းဇူးပါ ေဒၚႀကီးေရ... ေနာက္တေယာက္စာထပ္ယူလာေပးပါလား ကြၽန္ေတာ္နဲ႕အတူ အလုပ္သမားတေယာက္ပါလာတယ္'

'ေအးပါကြယ္.. ယူလာေပးမယ္ေနာ္'

ၿခံႀကီးထဲမွာ ကင္မ္အိမ္ႀကီးတလုံးရွိၿပီး အဲ့အနီးအနားမွာပဲ ထယ္ေယာင္းပိုင္တဲ့အိမ္အေသးေလးတလုံးရွိတယ္။ ထယ္ေယာင္းကေတာ့ လာတိုင္း ဒီအိမ္ေလးမွာပဲေနျဖစ္တယ္။

(ဒါက ၿခံႀကီးထဲက ကင္မ္ထယ္ေယာင္းရဲ႕အိမ္ပါ။ ေဆာ့ဂ်င္ကိုေခၚလာတဲ့အိမ္ေပါ့)

🍃🍃🍃

အိပ္ယာထဲကို ေနေရာင္ျခည္က်လာတာေၾကာင့္ ေစာင္ပုံၾကားက အေကာင္ေပါက္ေလးက လႈပ္လႈပ္႐ြ႐ြျဖစ္လာၿပီ...

ေဆာ့ဂ်င္နိုးလာေတာ့ ေခါင္းတလုံးလုံး မူးေနာက္ေနၿပီး.. ဒါဘယ္ေနရာလဲ ပုံစံၾကည့္ရတာ သူ႕အိမ္မဟုတ္သလိုပင္။

ညကဘာေတြျဖစ္သြားမွန္းလဲ မသိေတာ့။ ေနာက္ဆုံး စားပြဲေပၚေမွာက္က်သြားတဲ့အထိပဲ မွတ္မိတယ္။

ကိုယ့္ကိုယ္ကိုၾကည့္လိုက္ေတာ့ အကၤ်ီလည္းမရွိဘူး။ အလန့္တၾကားနဲ႕ ေအာက္ပိုင္းကိုၾကည့္မိေတာ့ ရွိေနေသးတယ္... ညကဝတ္ထားတဲ့ေဘာင္းဘီပင္။

ကုတင္ေပၚကေနဆင္းၿပီး အနီးအနားကိုရွာၾကည့္ေတာ့ အကၤ်ီနဲ႕တူတာ ဘာမွကိုမေတြ႕ေပ။ အခန္းက ဝရံတာနဲ႕တဆက္တည္းရွိေနတာမို႔လို႔ အျပင္ဘက္ထြက္ရပ္ၿပီးၾကည့္မိတယ္။

'ဘယ္ေနရာႀကီးလဲ.. ေတာအုပ္ႀကီးလား.. မဟုတ္မွလြဲေရာ.. ဒါအိပ္မက္လား'

ထယ္ေယာင္းတေယာက္ ေဒၚႀကီးယူလာေပးတဲ့ မနက္စာကို စားပြဲေပၚတင္ထားလိုက္ၿပီး.. မနက္စာအတူစားရေအာင္ ေဆာ့ဂ်င္ကိုနိုးဖို႔ အခန္းထဲကိုဝင္လာခဲ့တယ္။ ထိုစဥ္ ေတြ႕လိုက္ရေသာျမင္ကြင္း..

ကင္မ္ေဆာ့ဂ်င္တေယာက္.. အကၤ်ီမပါပဲ ဝရံတာမွာ ထြက္ရပ္ေနတာ။ ေသလိုက္ပါေတာ့.. ဒီလိုခါးက်ဥ္းက်ဥ္းေလးနဲ႕ ဆြဲေဆာင္မႈရွိလိုက္ပုံမ်ား.. တေယာက္ေယာက္မ်ားျမင္သြားခဲ့ရင္ေတာ့ ဒုကၡပါပဲ..

ကုတင္ေပၚက ေစာင္တပိုင္းကိုယူၿပီး ေနာက္ကေနအေျပးအလြားသြားၿခဳံေပးၿပီး ဆြဲလွည့္လိုက္ေတာ့ မ်က္လုံးျပဴးၿပီးၾကည့္ေနတယ္။

'ဘယ္သူ႕ကို ျမဴ စြယ္ေနတာလဲ!!! ဟမ္!!'

ထယ္ေယာင္းၿခဳံေပးထားတဲ့ ေစာင္ကို ေဆာ့ဂ်င္ကိုယ္တိုင္ ထိန္းကာ ေသခ်ာၿခဳံထားရင္း..

'ငါနဲ႕ေဝးေဝးေန.. ကင္မ္ထယ္ေယာင္း.. ငါ့ကိုဘယ္ေနရာေခၚလာတာလဲ'

ခုနက အကၤ်ီမပါပဲ ရပ္ေနတာက်ေတာ့ ဘာမွမျဖစ္သလိုနဲ႕ သူ႕ျမင္မွေၾကာက္လန့္တၾကား ထလုပ္ေနျပန္ၿပီ။

သူ႕ကိုယ္သူေစာင္နဲ႕ပတ္ကာ ကုတင္ေပၚ​ေျပးတက္ၿပီး ငုတ္တုတ္ထိုင္ေနတဲ့ ေဆာ့ဂ်င္ပုံစံက အူယားစရာပင္။

'ေရာ့~ ဒီမွာမင္းအဝတ္ထုပ္.. ဟိုေန႕က ကားထဲမွာက်န္ခဲ့တာ..

ေစာင္ႀကီးပတ္ထားၿပီး အျမင္ကပ္စရာေကာင္းေအာင္လုပ္မေနနဲ႕... ေစာင္ပတ္ထားလည္း ဘာမွလုံၿခဳံမေနဘူး.. ငါလုပ္လိုက္ရင္ တခ်က္စာပဲ'

'......'

'ျမန္ျမန္ဝတ္ၿပီး ထြက္လာ..'

Part 13 [END]🍃

Reading List ထဲထည့္ေပးထားၾကတာလည္း ေက်းဇူးတင္ပါတယ္💚

Feedbackေလးလည္း ေရးခဲ့ေပးပါ🍃💚

There are no comments yet. Log in to be the first to leave a review!

Similar stories