Fanfics

A Cloud

16:54, 22 July 2023

Unicode

အိပ်ပျော်လုဆဲဆဲညဉ့်နက်နက်မှာ တံခါးခေါက်သံတစ်ခု တိုးဝင်လာခဲ့တာမို့ အစစ်အမှန်ဟုတ်မဟုတ် သူတစ်ချက်တွေဝေသွားခဲ့တယ်။ နောက်တစ်ဖန် ထပ်ကြားရလေမလား အိပ်မပျော်သွားအောင်ကြိုးစားရင်း နားစွင့်ထားလိုက်တယ်။

""ဒေါက် ဒေါက်""

ခုတင်ပေါ်ကနေ ခပ်လေးလေးဆင်းရင်း အခန်းတံခါးကို ဆွဲမဖွင့်မိခင်အထိ ဒီအချိန်မှ ရောက်လာတဲ့ဧည့်သည်က ဘယ်သူဖြစ်မလဲဆိုတာ တွေးလာမိတယ်။

"Sam..."

မျက်မှောင်တစ်ချက်ဆွဲကျုံ့ရင်း ခေါ်လိုက်မိတဲ့ အမည်နာမ။

"ဘာကိစ္စရှိလို့လဲ Sam...၊ ကျွန်တော့်ဆီ Sam ပစ္စည်းတစ်ခုခု မှားပါလာလို့လား"

သူ့အမေးကို ဆွယ်တာက ရယ်ကျဲကျဲအရင်လုပ်တယ်။ သူကိုယ်တိုင်ကတော့ ဆွယ်တာ့ကို နားမလည်နိုင်ဘဲ ကြည့်နေမိမှာသေချာတယ်။ လွန်ခဲ့တဲ့နာရီပိုင်းအတွင်းမှာတင် သူနှုတ်ဆက်ခဲ့တဲ့လူက အခုသူ့ရှေ့ အကြောင်းမဲ့ရောက်လာတာကို အိပ်မက်လို့ထင်ပြီး လက်ကိုအသာဆွဲစိတ်ကြည့်မိတယ်။

"Lixကို အကူအညီတောင်းစရာလေးရှိလို့"

သူ ဆွယ်တာ့ကို မစူးစမ်းနိုင်သေးဘဲ နာရီရှိရာအရပ်ကိုသာ လှမ်းကြည့်မိတယ်။

"၁၂နာရီ ၄၁..."

သူ့ဘာသာခပ်တိုးတိုးရေရွတ်မိလိုက်တယ်။

"ဒီအချိန်ကြီးကျမှဆိုတော့ တော်တော်အရေးကြီးတဲ့ကိစ္စများလား Sam"

"အထဲအရင်ဝင်လို့ရမလား"

"ဆောရီး Sam...၊ ကျွန်တော်မေ့သွားတယ်၊ ဝင်ပါ ဝင်ပါ"

တံခါးပေါက်မှာ ပိတ်ရပ်နေရာကနေ သူဖယ်ကျဉ်ပေးလိုက်တယ်။ ဆွယ်တာက ခြေသံတိုးတိုးလေးနဲ့ သူ့ရဲ့မီးရောင်မှိန်မှိန်အခန်းထဲတိုးဝင်သွားပြီး ဧည့်ခန်းမှာ ထိုင်နေခဲ့တယ်။

"တစ်ခုခုသောက်မလား"

"ရေတစ်ခွက်လောက်ပေးနိုင်မလား Lix"

သူခေါင်းအသာညိတ်ပြီး ဆွယ်တာအတွက် ရေတစ်ခွက်သွားယူခဲ့တယ်။ အတော်လေးအေးခဲနေတဲ့ရေကရားထဲကနေ ရေအေးအေးတွေက ဖန်ခွက်ထဲကိုစီးဆင်းသွားပြီး ဖန်ခွက်ကိုပါ အအေးဓာတ်တွေကူးစက်စေတယ်။ အဲ့ဒီအအေးဓာတ်က ဖန်ခွက်ကို ထိကိုင်ထားတဲ့ သူ့လက်တွေကိုပါ အေးစက်လာစေပြန်တယ်။ အေးစက်မှု၊ ပူလောင်မှု၊ ဒီလိုအရာတွေက ကူးစက်လွယ်တယ်အရာတွေပဲ။ ဒါပေမဲ့ခဏတာပါပဲ။ အချိန်တစ်ခုကြာ ဖယ်ခွာလိုက်ရင် နဂိုအပူချိန်ကို ပြန်ရလာတာပဲ။

"ရပြီ Sam"

ဖန်ခွက်ကို လက်ချောင်းထိပ်တွေနဲ့ထိန်းကိုင်လာရာကနေ ဆွယ်တာ့ရှေ့မှာ အသာချပေးလိုက်တယ်။ ဒါပေမဲ့ ဆွယ်တာ့မျက်နှာကိုတော့ သူကြည့်မနေခဲ့ဘူး။ ကြည့်လည်းကြည့်မနေချင်ဘူး။ သူတို့ကြားက စည်းတစ်ခုကို သူစောင့်မှပဲ ဒီစိတ်ဆင်းရဲမှုနွံကနေ သူရုန်းထွက်နိုင်တော့မှာပဲ။ တစ်ကိုယ်ကောင်းဆန်ဆန်၊ ကိုယ့်အတွက်ကိုယ်ပဲကြည့်ပြီး သူဆွယ်တာ့ကို မကြည့်မိအောင်ကြိုးစားလိုက်တယ်။

ဘေးတစောင်းဆိုဖာငယ်မှာ ငြိမ့်ခနဲဝင်ထိုင်ရင်း ဖန်ခွက်မှာ ကပ်ငြိနေတဲ့ ရေသီးလေးတွေကို သူစိုက်ကြည့်နေမိတယ်။ ဘယ်အချိန်များ ဆွယ်တာ့လက်တွေက ဘယ်နားက ရေသီးလေးတွေကို ထိခိုက်ဖျက်စီးသွားလေမလဲ။

၁စက္ကန့်၊၂စက္ကန့်၊၃စက္ကန့်ကနေ...

၁မိနစ်၊ ၂မိနစ်၊၃မိနစ်....။

"Sam"

အလိုအလျောက် လှုံ့ဆော်မှုနဲ့ ဆွယ်တာ့ကို သူကြည့်မိလိုက်တော့တယ်။ ဆိုဖာပေါ် မှီလျက်သား အိပ်ပျော်နေပြီဖြစ်တဲ့ဆွယ်တာ့ကိုမြင်လေတော့ သူခေတ္တဆွံ့အသွားတယ်။

"Sam...ခင်ဗျားအိပ်ချင်နေရင် အထဲကိုသွားလေ"

ဆွယ်တာက သူ့စကားကိုကြားတော့ပုံမပေါ်ဘူး။ အိပ်မက်ကမ္ဘာထဲ စတင်မျောလွင့်ဖို့ သွားနေလေပြီလားထင်ရအောင် အသက်ရှူသံမှန်နေခဲ့ပြီ။ ဒီအတိုင်းထားလို့လည်း မဖြစ်တာမို့ ဆွယ်တာ့ကိုပခုံးကနေကိုင်ပြီး လှုပ်နှိုးရတော့တယ်။

"Sam....Sam...."

ဆွယ်တာက ဆတ်ခနဲတွန့်ရင်း မျက်လုံးတွေပွင့်လာတယ်။

"Lix...ဆောရီးကွာ၊ ငါဘယ်လိုအိပ်ပျော်သွားလဲမသိလိုက်ဘူး"

"Sam ကျွန်တော့်အခန်းထဲ သွားအိပ်လိုက်၊ Samကိုကြည့်ရတာ အားနည်းနေသလိုပဲ၊ သွားနားလိုက်ပါ"

"ဒါဆို အကူအညီယူပါဦးမယ်နော် Lix"

ဆွယ်တာက ဒီလိုဆိုပြီး သူ့အခန်းထဲ ဝင်သွားတယ်။ သူကတော့ လိုက်မသွားဖြစ်ဘူး။ ဆိုဖာကျဉ်းကျဉ်းထက်မှာ ခပ်ခွေခွေလှဲအိပ်ရင်း ဆွယ်တာရောက်လာခဲ့တာက အိပ်မက်တစ်ခုဖြစ်ဖို့ ဆုတောင်းနေလိုက်တယ်။

**********________________**********_____________

တိမ်ထုထည်တွေကို မျက်နှာမူရင်း လျှောက်ရတဲ့အခါ ကိုယ့်ကိုဆွဲငင်ယူနေသလိုမျိုး ခံစားချက်ကိန်းအောင်းလာတယ်။ သူ့ဘေးမှာ လိုက်လံလျှောက်ပါလာတဲ့ဆွယ်တာ့ကိုတော့ သူလျစ်လျူရှုပြီး တိမ်တွေခေါ်ဆောင်ရာနောက်ကိုပဲ လိုက်ပါဖို့ဆုံးဖြတ်ထားတယ်။ ဆွယ်တာ့ကို တစ်ချက်လေးဖြစ်ဖြစ် စောင်းငဲ့မကြည့်မိဖို့နေထားတယ်။ ဆွယ်တာက တိမ်ထုထည်တွေနဲ့တူတယ်။

"Lix... အခု ငါတို့ကဘယ်ကိုသွားနေကြတာလဲ"

"ကျွန်တော်မသိဘူး၊ ကျွန်တော် အိမ်ထဲမှာပျင်းလို့ ခဏထွက်လာတာကို Samက လိုက်လာတာလေ"

"ဒါဆို Lixဘယ်သွားရမလဲမသိဘူးပေါ့"

"ထင်တာပဲ"

စကားပြောရင်းလျှောက်လာတာမှန်ပေမဲ့ သူ့ခြေလှမ်းတွေက တစ်စက်လေးမှ အရှိန်လျော့မသွားဘဲ ရှိနေခဲ့တယ်။

"ရှီဘူယဘက်က ပန်းချီပြပွဲသွားမလား"

"Samသွားလေ၊ ကျွန်တော်က ခဏနေပြန်တော့မှာ"

"ဗိုက်မဆာဘူးလား Lix"

ဆွယ်တာ့မေးခွန်းတွေကြားထဲကနေ သူဘယ်လိုခြေလှမ်းတွေနဲ့ ရုန်းထွက်ရမယ်မှန်းကိုမသိနိုင်တော့ဘူး။ ဘာအဓိပ္ပါယ်မှရှိမနေတော့တဲ့ အပေါ်ယံမေးခွန်းတွေအတွက် သူ့နောက်လျှောက်လိုက်ပြီး သူ့ကိုသက်သက်စိတ်ကျဉ်းကျပ်အောင် လုပ်သလိုပဲဖြစ်နေတယ်။

"ငါဗိုက်ဆာတယ် Lix"

သူ့ခြေလှမ်းတွေကို ရပ်တန့်ထားလိုက်ပြီး အသက်ကိုခပ်ပြင်းပြင်းရှူချလိုက်တယ်။ ပြီးမှ ဆွယ်တာနဲ့မျက်လုံးချင်းဆုံစေတော့ ဆွယ်တာ့မျက်နှာက အပြုံးရောင်သမ်းသွားတော့တယ်။

"Samဘာစားချင်လဲ၊ ကျွန်တော် မနက်စာလုပ်ပေးဖို့ မေ့သွားလို့ Samကိုအားနာပါတယ်"

"မဟုတ်တာ၊ Lixလည်း ဘာမှမစားရသေးဘူးမလား၊ တစ်ခုခုသွားစားမယ်လေ၊ Lixဘာစားချင်လဲ"

သူခဏတွေရင်း စဉ်းစားလိုက်တယ်။ အခုတလော သူစားချင်တဲ့အရာတွေကိုတွေးပြီး မစားဖြစ်ခဲ့တာကြာသွားပြီ။ မျက်စိထဲမြင်ရာ၊ အဆင်ပြေရာ၊ လွယ်လင့်တကူအရာတွေကိုပဲ စားဖြစ်ခဲ့ပြီး ကိုယ်ဘယ်လိုအရာမျိုးကို စားချင်သလဲဆိုတာတောင် မတွေးဖြစ်တော့တဲ့အထိ ဦးနှောက်က အသိဉာဏ်မဲ့နေခဲ့တာကို သူသတိထားမိလိုက်တယ်။

"အသားကင်စားချင်တယ်"

"ဆိုင်ကောင်းကောင်းသိထားတာတော့ရှိတယ်"

တိမ်တွေနောက်ကို လမ်းလျှောက်လိုက်ရာကနေ ကားတစ်စီးနဲ့ထပ်လိုက်ဖြစ်တယ်။ ရောက်ရှိလိုတဲ့တိမ်က နေရာမယွင်းပေမဲ့ သူကတော့ နီးကပ်မသွားတာသေချာတယ်။

အသားကင်နံ့ခပ်သင်းသင်းက သူ့အစာအိမ်ကို လောင်မြိုက်စေတယ်။ အကင်တွေစရကတည်းက သူဘာကိုမှ မတွေးတော့ဘဲ အစားတစ်ခုကိုပဲ အာရုံစိုက်စားနေမိတယ်။ တကယ် အရသာရှိလွန်းလို့ မျက်ရည်ကျချင်မိတဲ့အထိ စားကောင်းလွန်းတယ်။ ဘဝရဲ့အနှစ်သာရတွေကို သူပျောက်ဆုံးတာ ကြာခဲ့လှပြီ။

"Lixကို အကူအညီတောင်းမယ့်ကိစ္စပြောဖို့မေ့နေတာ"

"ပြောလေ Sam"

သူခေါင်းမဖော်တမ်းစားရင်း ပြန်ဖြေလိုက်တယ်။

"ငါ Lixအိမ်မှာ ရက်ပိုင်းလောက် လာနေလို့ရမလား"

"ခင်ဗျာ"

ဆွယ်တာက သူ့ကိုဘာဖြစ်စေချင်နေတာလဲလို့ သူခပ်တင်းတင်းတွေးမိလိုက်တယ်။

"Lixအဆင်မပြေရင် ရပါတယ်၊ ငါလည်းအိမ်မှာ မွန်းကြပ်တာနဲ့ အပြောင်းအလဲဖြစ်အောင်နေမလားတွေးရင်း Lixဆီရောက်လာမိတာ"

"ခရီးလေးဘာလေးထွက်ရင်ရော Sam"

"Lixရောလိုက်ခဲ့မလား၊ ရှေ့အပတ်စာမေးပွဲပြီးရင် Lixလည်း ပိတ်ရက်ရပြီမဟုတ်လား"

"ကျွန်တော် ပိတ်ရက်မှာ အချိန်ပိုဆင်းဖို့ ပြောထားပြီးပြီ"

အလိမ်အညာစကားမို့ လည်ချောင်းကနေပြီး စိတ်မလုံလဲမှုတွေကို ပြန်မျိုချလိုက်ရတယ်။

"အာ...ဒါဆို အဆင်မပြေဘူးပဲ၊ အချိန်ပိုတွေက ပြန်ပြောလို့မရဘူးလား"

"Sam...!"

သူဆက်သည်းခံနိုင်စွမ်းမရှိတော့ဘဲ ဆွယ်တာ့နာမည်ကို အော်ထုတ်မိလိုက်တယ်။

"Sam ကျွန်တော့်ကို ဘယ်လိုဖြစ်စေချင်တာလဲ၊ ကျွန်တော့်နား Samရောက်လာတာ ဒီလိုအရာတွေအတွက်မဟုတ်ဘူးလို့ ကျွန်တော်ထင်တာပဲ၊ ကျွန်တော်တို့ ပွင့်လင်းကြရအောင် Sam...၊ ပြောပါ၊ Samတကယ်ဖြစ်ချင်တာဘာလဲ"

သူ့အသံက အနည်းငယ်ကျယ်သွားတာကြောင့် ဘေးဝိုင်းတစ်ဖက်ကလူတွေကို တောင်းပန်စကားဆိုလိုက်ရတယ်။ ပြီးမှ ဆွယ်တာနဲ့သူ့ကြား ဖြေရှင်းစရာတွေဆီ အာရုံပြန်ထားလိုက်တယ်။

"ခင်ဗျားငြိမ်မနေနဲ့ Sam...၊ ခင်ဗျားဖြစ်ချင်တာကို ခင်ဗျားအသိဆုံးပဲဖြစ်မှာလေ"

ဆွယ်တာက သူ့ကိုမဝံ့မရဲမျက်လုံးတွေနဲ့ ကြည့်လာခဲ့တယ်။ အဲ့ဒီနောက်တော့ သက်ပြင်းတစ်ချက်ရှိုက်တယ်။

"Lixမေးတဲ့မေးခွန်းလေ၊ ငါတို့ကဘာတွေလဲဆိုတာ"

နှစ်ဦးသားရဲ့မျက်ဝန်းတွေက မတူညီတဲ့အရောင်တွေဖြတ်ပြေးရင်း ခေတ္တငြိမ်သက်သွားကြတယ်။

"အဲ့ဒီအဖြေကို ငါဖြေချင်ပေမဲ့ မဖြေနိုင်ဘဲဖြစ်နေခဲ့တယ် Lix"

"Samအစား ကျွန်တော်ကဖြေပေးပြီးပြီပဲ၊ Sam အဲ့တာအတွက် ခေါင်းထဲထည့်စရာမလိုတော့ပါဘူး"

"ငါ Lixကိုတောင်းပန်ချင်တယ်"

"ဘာအတွက်လဲ"

"ငါ့ရဲ့မပြတ်မသားလုပ်ရပ်တွေအတွက်..."

တမြေ့မြေ့လောင်မြိုက်နေတဲ့မီးအပေါ်က အသားကင်တွေက ညှော်နံ့စွဲလာခဲ့တယ်။ အသားကင်တွေ ခွာရခက်အောင် ကပ်မသွားခင် သူအမြန်ဖယ်ရှားနေလိုက်တယ်။

"ငါ....."

အကင်တွေကို ဖယ်ရှားနေတဲ့သူ့လက်တွေက တစ်ချက်တုန့်ဆိုင်းသွားပြီး ခပ်သွက်သွက်ပြန်လည် လှုပ်ရှားလာပြန်တယ်။

"ငါ Lixအနားမှာနေချင်ပေမဲ့ ငါသူ့ကို အားနာနေတယ်၊ သူ့အပေါ်မှာမတရားခဲ့တာတွေအတွက် ငါ သူ့ကိုအားနာပြီး ရှေ့မဆက်နိုင်ဖြစ်နေတယ်၊ သူ့အပေါ်အားနာမှုတွေကြောင့် Lixအပေါ်မှာ ငါထပ်ပြီးမတရားဖြစ်လာပြန်တယ်၊ ငါ့နေရာမှာ တခြားသူဆိုဘယ်လိုဆုံးဖြတ်မလဲမသိပေမဲ့ ငါကတော့... ငါကတော့ Lixမြင်တဲ့အတိုင်း..."

ဆွယ်တာ့ရဲ့ဦးခေါင်းဟာ ပြန်မော့မလာနိုင်တော့ဘဲ ငိုက်စိုက်ကျနေခဲ့တော့တယ်။ သူ နှစ်သိမ့်သင့်လား၊ ထွက်ပြေးသင့်လားဆိုပြီး နှစ်ဖက်ကြားညပ်တဲ့အခြေအနေကို ရောက်လာပြန်တယ်။ ဆွယ်တာဖြစ်နေတာလည်း ဒီလိုဆုံးဖြတ်ရခက်တဲ့အခြေအနေမျိုးပဲဖြစ်မယ်။ အနည်းဆုံးတော့ ဆွယ်တာ သူ့အနားမှာနေချင်တယ်ဆိုတာကို ကြားခဲ့ရတယ်။ ဆိုပေမဲ့ ဆွယ်တာမဆုံးဖြတ်နိုင်သေးတာမို့ သူဘာကိုမှ မျှော်လင့်ထားလို့မရသေးဘူး။ ဆွယ်တာ့ထက်စာရင် သူကပိုပြတ်သားနိုင်မယ်လို့ထင်မိတယ်။

"ကျွန်တော် Samကိုအလိုရှိပါတယ် Sam..."

ဆွယ်တာက သူ့ကို မျှော်လင့်ခြင်းပါတဲ့မျက်ဝန်းလေးနဲ့ မော့ကြည့်လာတယ်။

"ဒါပေမဲ့ ဒီလိုပုံစံနဲ့တော့မဟုတ်ဘူးပေါ့၊ အရင်ဆုံး Samကိုယ်တိုင် ခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုကို အရင်ချစေချင်တယ်၊ Samအချိန်တစ်ခုယူမယ်ဆိုလည်းရပါတယ်"

"ငါက Lixအနားမှာနေဖို့ ဆုံးဖြတ်လိုက်ပေမဲ့ အဲ့ဒီအချိန်အတွင်းမှာ Lixက ပြောင်းလဲသွားရင်ရော...၊ အဲ့ဒီလိုတွေဖြစ်လာမှာကိုလည်း ငါကြောက်တယ် Lix"

"ဘယ်လိုအဖြေဖြစ်မလဲမသေချာတဲ့အရာတစ်ခုကို ဘယ်အချိန်အထိ ကျွန်တော်စောင့်သင့်လဲ Sam...၊ Samဆိုရင်ရော ဘယ်လောက်အထိစောင့်မလဲ"

ဆွယ်တာငြိမ်သက်သွားတယ်။ ဆွယ်တာ့ဘက်ကို သူနောက်ဆုံးအနေနဲ့ဖြည့်တွေးပေးပြီး အချိန်တစ်ခုပေးဖို့ နားလည်လိုက်တယ်။ သို့ပေမဲ့ ဘာမှန်းမသိရတဲ့အချိန်တစ်ခုမဟုတ်ဘဲ အကန့်အသတ်တစ်ခုတော့ရှိရမယ်။

"ကျွန်တော် Samကို သုံးလစောင့်ပေးမယ်၊ အဲ့ဒီ သုံးလအတွင်းမှာတော့ ကျွန်တော်တို့မတွေ့ကြရအောင်၊ Samဆုံးဖြတ်လို့ပြီးရင်တော့ ကြားထဲလည်းဆက်သွယ်လိုက်ပါ၊ သုံးလပြည့်လို့မှ Samဆက်သွယ်မလာဘူးဆိုရင်တော့ ကျွန်တော်တို့က သူစိမ်းတွေပဲလုပ်ကြရအောင်"

"Lix"

ဆွယ်တာ့ဆီက တုန်လှုပ်မှုပါတဲ့ခေါ်သံတစ်ချက်က သူ့စိတ်ကို ကျေနပ်သွားစေတာမှန်ပေမဲ့ ဒီအပေါ်မှာ သူသာယာနေလို့မဖြစ်တာ သူကိုယ်တိုင်အသိဆုံးပဲ။ ဒီ့ထက်ပိုပြီး သူပျော့ညံ့နေလို့မရတော့ဘူး။

"Sam...၊ ခင်ဗျား ကျွန်တော့်ကို နည်းနည်းတော့နားလည်ရမယ်လေ၊ ဖြစ်ခဲ့တာတွေခဏထား၊ သုံးလတိတိ ခင်ဗျားကိုမျှော်လင့်ပြီးစောင့်ပေးပြီးပြီလေ၊ ဒါကို အရွေးချယ်မခံရဘဲ ခင်ဗျားနားမှာဆက်နေပြီး ခင်ဗျားကိုကြည့်ရင်းနာကျင်နေဖို့ကျ....၊ ကျွန်တော်လည်း တရားမျှတမှုလိုအပ်တယ်မဟုတ်လား"

ဆွယ်တာက ဖြည်းဖြည်းချင်းခေါင်းကိုညိတ်ချသွားတယ်။ သူလည်း အပြုံးတစ်ချက်ကို အားတင်းရင်း ဆင်မြန်းလိုက်တယ်။

"နောက်မှဆုံကြတာပေါ့ Sam...၊ ကျွန်တော်ကံကောင်းခြင်းတစ်စုံကို Samအပေါ်ပုံအပ်ထားလိုက်ပြီ၊ နေ့လယ်စာအတွက် ကျေးဇူးတင်ပါတယ်"

ဆွယ်တာ့ကို သူဒီနေရာမှာတင် ခေတ္တနှုတ်ဆက်ခဲ့လိုက်တယ်။ ခေတ္တ...။ ခေတ္တလို့ဆိုပေမဲ့ အမှန်တကယ်ပဲခေတ္တခဏဟုတ်ပါရဲ့လား သူမသိနိုင်ဘူး။ ထာဝရလည်းဖြစ်သွားနိုင်တယ်။ ဘယ်အရာကမှ တရားသေမရှိဘူး။ ဆွယ်တာ့စိတ်လိုပဲ အရာရာက နှစ်ဖက်အားမျှမျှလွန်ဆွဲနေတော့တယ်။

သူဆွဲငင်ခေါ်ခံခဲ့ရတဲ့ တိမ်ထုထည်လေးကို သူတစ်ချက်လှည့်ကြည့်ပြီး ပေါ့ပါးတဲ့ခြေလှမ်းတွေနဲ့ ထွက်လာလိုက်တယ်။ ဟုတ်တယ်။ တကယ်ကိုပေါ့ပါးတဲ့ခြေလှမ်းတွေ။ ဘယ်ကနေဘယ်လိုရလာမှန်းမသိတဲ့အားအင်တွေ။ ငှက်မွေးတောင်လေးတစ်ချောင်းက တိမ်လွှာပေါ်မှာ မြူးထူးနေတဲ့ခံစားချက်။

"ငါ Lixအနားမှာနေချင်ပေမဲ့..."

နောက်ပိုင်းစကားတွေကို သူခဏမေ့ဖျောက်ပြီး တသိမ့်သိမ့်ကြည်နူးမှုနဲ့ ရေရွတ်မိတဲ့စကားလုံးတချို့။ အီယုံးဘို့ဆိုတဲ့လူက ဆွယ်တာ့ဆီကရတဲ့ ကျေနပ်မှုသေးသေးလေးကအစ မိုးမမြင်လေမမြင်ပျော်တတ်တဲ့လူ ဖြစ်မှန်းမသိဖြစ်နေခဲ့တော့တာပဲ။

သူစိမ်းတွေလိုနေကြရအောင်ဆိုတဲ့စကားကြောင့် တုန်လှုပ်စွာခေါ်ခံရတဲ့ "Lix"ဆိုတဲ့အသံက သူ့နားထဲတောက်လျှောက်ကြားယောင်လာပြန်တယ်။ ဆွယ်တာလည်း သူ့အပေါ်ခံစားချက်ရှိနေတယ်။ ပျောက်ပျက်သွားမှာစိုးလွန်းလို့ မျက်လုံးကို စုံမှိတ်ပြီး ဆွယ်တာ့မျက်နှာလေးနဲ့အသံကို တွေးကြည့်နေခဲ့ရင်း ဘူတာတွေတစ်ခုပြီးတစ်ခုကျော်လာခဲ့တော့တယ်။

ပြုစားခံလိုက်ရပြန်ပြီမဟုတ်လား Felix...။

ကိုယ့်ဘာသာပြန်ပြောရင်း ရယ်မိလိုက်တယ်။ ဒီရယ်မောခြင်းမှာ ကြည်နူးခြင်းတစ်ဝက်ပါသလို ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်ခြင်းလည်းပါတယ်။ ဘာမှန်းမသိရသေးတဲ့အဖြေတစ်ခုရှိသေးတာကို သူစိတ်ပြန်မသွင်းချင်သေးဘူး။ ခဏပျော်နိုင်တုန်း သူပျော်ထားလိုက်မယ်။ ပြီးမှတွေးချင်တွေးမယ်။ မတွေးချင်ရင်လည်းမတွေးဘဲနေမယ်။

အရာရာက ဆွယ်တာ့လိုပဲ အားမျှမျှနဲ့လွန်ဆွဲနေလိမ့်ဦးမယ်။ မကြာခင်ရောက်ရှိလာတော့မယ့် စာမေးပွဲအကြောင်းလည်းသူတွေးရဦးမယ်။ လုပ်စရာရှိတာတွေလုပ်ရင်း အချိန်တွေက ကျော်လွန်သွားပါလိမ့်မယ်။

ဆွယ်တာ့ကိုတော့ သုံးလမတွေ့ရတော့ဘူး။ လွမ်းရဦးမယ် ဆွယ်တာ။ ကျွန်တော်ခင်ဗျားကို လွမ်းရဦးမယ်...။

Thanks For Reading

Note

နောက်အပိုင်းဆို ဇာတ်သိမ်းပါပြီ။ နိုရာ့အဖေရဲ့နာရေးလေးရှိတာနဲ့ နိုရာUpdateအတော်ကြာသွားပါတယ်။ ဇာတ်သိမ်းကိုတော့ တစ်ပတ်ထက်ပိုမကြာဘဲ လာပေးနိုင်ဖို့ ကြိုးစားပါ့မယ်။ အားဆေးလေးတွေလည်း ပေးခဲ့ဖို့တောင်းဆိုပါတယ်။

Zawgyi

အိပ္ေပ်ာ္လုဆဲဆဲညဥ့္နက္နက္မွာ တံခါးေခါက္သံတစ္ခု တုိးဝင္လာခဲ့တာမုိ႔ အစစ္အမွန္ဟုတ္မဟုတ္ သူတစ္ခ်က္ေတြေဝသြားခဲ့တယ္။ ေနာက္တစ္ဖန္ ထပ္ၾကားရေလမလား အိပ္မေပ်ာ္သြားေအာင္ႀကိဳးစားရင္း နားစြင့္ထားလိုက္တယ္။

""ေဒါက္ ေဒါက္""

ခုတင္ေပၚကေန ခပ္ေလးေလးဆင္းရင္း အခန္းတံခါးကုိ ဆြဲမဖြင့္မိခင္အထိ ဒီအခ်ိန္မွ ေရာက္လာတဲ့ဧည့္သည္က ဘယ္သူျဖစ္မလဲဆုိတာ ေတြးလာမိတယ္။

"Sam..."

မ်က္ေမွာင္တစ္ခ်က္ဆြဲက်ံဳ႕ရင္း ေခၚလိုက္မိတဲ့ အမည္နာမ။

"ဘာကိစၥရွိလို႔လဲ Sam...၊ ကြၽန္ေတာ့္ဆီ Sam ပစၥည္းတစ္ခုခု မွားပါလာလို႔လား"

သူ႔အေမးကုိ ဆြယ္တာက ရယ္က်ဲက်ဲအရင္လုပ္တယ္။ သူကုိယ္တုိင္ကေတာ့ ဆြယ္တာ့ကုိ နားမလည္ႏုိင္ဘဲ ၾကည့္ေနမိမွာေသခ်ာတယ္။ လြန္ခဲ့တဲ့နာရီပုိင္းအတြင္းမွာတင္ သူနႈတ္ဆက္ခဲ့တဲ့လူက အခုသူ႔ေရွ႕ အေၾကာင္းမဲ့ေရာက္လာတာကုိ အိပ္မက္လို႔ထင္ၿပီး လက္ကုိအသာဆြဲစိတ္ၾကည့္မိတယ္။

"Lixကုိ အကူအညီေတာင္းစရာေလးရွိလို႔"

သူ ဆြယ္တာ့ကုိ မစူးစမ္းႏုိင္ေသးဘဲ နာရီရွိရာအရပ္ကုိသာ လွမ္းၾကည့္မိတယ္။

"၁၂နာရီ ၄၁..."

သူ႔ဘာသာခပ္တုိးတုိးေရ႐ြတ္မိလိုက္တယ္။

"ဒီအခ်ိန္ႀကီးက်မွဆုိေတာ့ ေတာ္ေတာ္အေရးႀကီးတဲ့ကိစၥမ်ားလား Sam"

"အထဲအရင္ဝင္လို႔ရမလား"

"ေဆာရီး Sam...၊ ကြၽန္ေတာ္ေမ့သြားတယ္၊ ဝင္ပါ ဝင္ပါ"

တံခါးေပါက္မွာ ပိတ္ရပ္ေနရာကေန သူဖယ္က်ဥ္ေပးလိုက္တယ္။ ဆြယ္တာက ေျခသံတုိးတုိးေလးနဲ႔ သူ႔ရဲ႕မီးေရာင္မွိန္မွိန္အခန္းထဲတုိးဝင္သြားၿပီး ဧည့္ခန္းမွာ ထုိင္ေနခဲ့တယ္။

"တစ္ခုခုေသာက္မလား"

"ေရတစ္ခြက္ေလာက္ေပးႏုိင္မလား Lix"

သူေခါင္းအသာညိတ္ၿပီး ဆြယ္တာအတြက္ ေရတစ္ခြက္သြားယူခဲ့တယ္။ အေတာ္ေလးေအးခဲေနတဲ့ေရကရားထဲကေန ေရေအးေအးေတြက ဖန္ခြက္ထဲကုိစီးဆင္းသြားၿပီး ဖန္ခြက္ကုိပါ အေအးဓာတ္ေတြကူးစက္ေစတယ္။ အဲ့ဒီအေအးဓာတ္က ဖန္ခြက္ကုိ ထိကုိင္ထားတဲ့ သူ႔လက္ေတြကုိပါ ေအးစက္လာေစျပန္တယ္။ ေအးစက္မႈ၊ ပူေလာင္မႈ၊ ဒီလိုအရာေတြက ကူးစက္လြယ္တယ္အရာေတြပဲ။ ဒါေပမဲ့ခဏတာပါပဲ။ အခ်ိန္တစ္ခုၾကာ ဖယ္ခြာလိုက္ရင္ နဂုိအပူခ်ိန္ကုိ ျပန္ရလာတာပဲ။

"ရၿပီ Sam"

ဖန္ခြက္ကုိ လက္ေခ်ာင္းထိပ္ေတြနဲ႔ထိန္းကုိင္လာရာကေန ဆြယ္တာ့ေရွ႕မွာ အသာခ်ေပးလိုက္တယ္။ ဒါေပမဲ့ ဆြယ္တာ့မ်က္နွာကုိေတာ့ သူၾကည့္မေနခဲ့ဘူး။ ၾကည့္လည္းၾကည့္မေနခ်င္ဘူး။ သူတုိ႔ၾကားက စည္းတစ္ခုကုိ သူေစာင့္မွပဲ ဒီစိတ္ဆင္းရဲမႈႏြံကေန သူရုန္းထြက္ႏုိင္ေတာ့မွာပဲ။ တစ္ကုိယ္ေကာင္းဆန္ဆန္၊ ကုိယ့္အတြက္ကုိယ္ပဲၾကည့္ၿပီး သူဆြယ္တာ့ကုိ မၾကည့္မိေအာင္ႀကိဳးစားလိုက္တယ္။

ေဘးတေစာင္းဆုိဖာငယ္မွာ ၿငိမ့္ခနဲဝင္ထုိင္ရင္း ဖန္ခြက္မွာ ကပ္ၿငိေနတဲ့ ေရသီးေလးေတြကုိ သူစုိက္ၾကည့္ေနမိတယ္။ ဘယ္အခ်ိန္မ်ား ဆြယ္တာ့လက္ေတြက ဘယ္နားက ေရသီးေလးေတြကုိ ထိခိုက္ဖ်က္စီးသြားေလမလဲ။

၁စကၠန္႔၊၂စကၠန္႔၊၃စကၠန္႔ကေန...

၁မိနစ္၊ ၂မိနစ္၊၃မိနစ္....။

"Sam"

အလိုအေလ်ာက္ လႈံ႕ေဆာ္မႈနဲ႔ ဆြယ္တာ့ကုိ သူၾကည့္မိလိုက္ေတာ့တယ္။ ဆုိဖာေပၚ မွီလ်က္သား အိပ္ေပ်ာ္ေနၿပီျဖစ္တဲ့ဆြယ္တာ့ကုိျမင္ေလေတာ့ သူေခတၱဆြံ႕အသြားတယ္။

"Sam...ခင္ဗ်ားအိပ္ခ်င္ေနရင္ အထဲကုိသြားေလ"

ဆြယ္တာက သူ႔စကားကုိၾကားေတာ့ပံုမေပၚဘူး။ အိပ္မက္ကမၻာထဲ စတင္ေမ်ာလြင့္ဖုိ႔ သြားေနေလၿပီလားထင္ရေအာင္ အသက္ရွဴသံမွန္ေနခဲ့ၿပီ။ ဒီအတုိင္းထားလို႔လည္း မျဖစ္တာမုိ႔ ဆြယ္တာ့ကုိပခံုးကေနကုိင္ၿပီး လႈပ္နႈိးရေတာ့တယ္။

"Sam....Sam...."

ဆြယ္တာက ဆတ္ခနဲတြန္႔ရင္း မ်က္လံုးေတြပြင့္လာတယ္။

"Lix...ေဆာရီးကြာ၊ ငါဘယ္လိုအိပ္ေပ်ာ္သြားလဲမသိလိုက္ဘူး"

"Sam ကြၽန္ေတာ့္အခန္းထဲ သြားအိပ္လိုက္၊ Samကုိၾကည့္ရတာ အားနည္းေနသလိုပဲ၊ သြားနားလိုက္ပါ"

"ဒါဆုိ အကူအညီယူပါဦးမယ္ေနာ္ Lix"

ဆြယ္တာက ဒီလိုဆုိၿပီး သူ႔အခန္းထဲ ဝင္သြားတယ္။ သူကေတာ့ လိုက္မသြားျဖစ္ဘူး။ ဆုိဖာက်ဥ္းက်ဥ္းထက္မွာ ခပ္ေခြေခြလွဲအိပ္ရင္း ဆြယ္တာေရာက္လာခဲ့တာက အိပ္မက္တစ္ခုျဖစ္ဖုိ႔ ဆုေတာင္းေနလိုက္တယ္။

**********________________**********_____________

တိမ္ထုထည္ေတြကုိ မ်က္နွာမူရင္း ေလ်ွာက္ရတဲ့အခါ ကုိယ့္ကုိဆြဲငင္ယူေနသလိုမ်ဳိး ခံစားခ်က္ကိန္းေအာင္းလာတယ္။ သူ႔ေဘးမွာ လိုက္လံေလ်ွာက္ပါလာတဲ့ဆြယ္တာ့ကုိေတာ့ သူလ်စ္လ်ဴရႈၿပီး တိမ္ေတြေခၚေဆာင္ရာေနာက္ကုိပဲ လိုက္ပါဖုိ႔ဆံုးျဖတ္ထားတယ္။ ဆြယ္တာ့ကုိ တစ္ခ်က္ေလးျဖစ္ျဖစ္ ေစာင္းငဲ့မၾကည့္မိဖုိ႔ေနထားတယ္။ ဆြယ္တာက တိမ္ထုထည္ေတြနဲ႔တူတယ္။

"Lix... အခု ငါတုိ႔ကဘယ္ကုိသြားေနၾကတာလဲ"

"ကြၽန္ေတာ္မသိဘူး၊ ကြၽန္ေတာ္ အိမ္ထဲမွာပ်င္းလို႔ ခဏထြက္လာတာကုိ Samက လိုက္လာတာေလ"

"ဒါဆုိ Lixဘယ္သြားရမလဲမသိဘူးေပါ့"

"ထင္တာပဲ"

စကားေျပာရင္းေလ်ွာက္လာတာမွန္ေပမဲ့ သူ႔ေျခလွမ္းေတြက တစ္စက္ေလးမွ အရွိန္ေလ်ာ့မသြားဘဲ ရွိေနခဲ့တယ္။

"ရွီဘူယဘက္က ပန္းခ်ီျပပြဲသြားမလား"

"Samသြားေလ၊ ကြၽန္ေတာ္က ခဏေနျပန္ေတာ့မွာ"

"ဗုိက္မဆာဘူးလား Lix"

ဆြယ္တာ့ေမးခြန္းေတြၾကားထဲကေန သူဘယ္လိုေျခလွမ္းေတြနဲ႔ ရုန္းထြက္ရမယ္မွန္းကုိမသိႏုိင္ေတာ့ဘူး။ ဘာအဓိပၸါယ္မွရွိမေနေတာ့တဲ့ အေပၚယံေမးခြန္းေတြအတြက္ သူ႔ေနာက္ေလ်ွာက္လိုက္ၿပီး သူ႔ကုိသက္သက္စိတ္က်ဥ္းက်ပ္ေအာင္ လုပ္သလိုပဲျဖစ္ေနတယ္။

"ငါဗုိက္ဆာတယ္ Lix"

သူ႔ေျခလွမ္းေတြကုိ ရပ္တန္႔ထားလိုက္ၿပီး အသက္ကုိခပ္ျပင္းျပင္းရွဴခ်လိုက္တယ္။ ၿပီးမွ ဆြယ္တာနဲ႔မ်က္လံုးခ်င္းဆံုေစေတာ့ ဆြယ္တာ့မ်က္နွာက အၿပံဳးေရာင္သမ္းသြားေတာ့တယ္။

"Samဘာစားခ်င္လဲ၊ ကြၽန္ေတာ္ မနက္စာလုပ္ေပးဖုိ႔ ေမ့သြားလို႔ Samကုိအားနာပါတယ္"

"မဟုတ္တာ၊ Lixလည္း ဘာမွမစားရေသးဘူးမလား၊ တစ္ခုခုသြားစားမယ္ေလ၊ Lixဘာစားခ်င္လဲ"

သူခဏေတြရင္း စဥ္းစားလိုက္တယ္။ အခုတေလာ သူစားခ်င္တဲ့အရာေတြကုိေတြးၿပီး မစားျဖစ္ခဲ့တာၾကာသြားၿပီ။ မ်က္စိထဲျမင္ရာ၊ အဆင္ေျပရာ၊ လြယ္လင့္တကူအရာေတြကုိပဲ စားျဖစ္ခဲ့ၿပီး ကုိယ္ဘယ္လိုအရာမ်ဳိးကုိ စားခ်င္သလဲဆုိတာေတာင္ မေတြးျဖစ္ေတာ့တဲ့အထိ ဦးေနွာက္က အသိဉာဏ္မဲ့ေနခဲ့တာကုိ သူသတိထားမိလိုက္တယ္။

"အသားကင္စားခ်င္တယ္"

"ဆုိင္ေကာင္းေကာင္းသိထားတာေတာ့ရွိတယ္"

တိမ္ေတြေနာက္ကုိ လမ္းေလ်ွာက္လိုက္ရာကေန ကားတစ္စီးနဲ႔ထပ္လိုက္ျဖစ္တယ္။ ေရာက္ရွိလိုတဲ့တိမ္က ေနရာမယြင္းေပမဲ့ သူကေတာ့ နီးကပ္မသြားတာေသခ်ာတယ္။

အသားကင္နံ႔ခပ္သင္းသင္းက သူ႔အစာအိမ္ကုိ ေလာင္ၿမိဳက္ေစတယ္။ အကင္ေတြစရကတည္းက သူဘာကုိမွ မေတြးေတာ့ဘဲ အစားတစ္ခုကုိပဲ အာရံုစုိက္စားေနမိတယ္။ တကယ္ အရသာရွိလြန္းလို႔ မ်က္ရည္က်ခ်င္မိတဲ့အထိ စားေကာင္းလြန္းတယ္။ ဘဝရဲ႕အနွစ္သာရေတြကုိ သူေပ်ာက္ဆံုးတာ ၾကာခဲ့လွၿပီ။

"Lixကုိ အကူအညီေတာင္းမယ့္ကိစၥေျပာဖုိ႔ေမ့ေနတာ"

"ေျပာေလ Sam"

သူေခါင္းမေဖာ္တမ္းစားရင္း ျပန္ေျဖလိုက္တယ္။

"ငါ Lixအိမ္မွာ ရက္ပုိင္းေလာက္ လာေနလို႔ရမလား"

"ခင္ဗ်ာ"

ဆြယ္တာက သူ႔ကုိဘာျဖစ္ေစခ်င္ေနတာလဲလို႔ သူခပ္တင္းတင္းေတြးမိလိုက္တယ္။

"Lixအဆင္မေျပရင္ ရပါတယ္၊ ငါလည္းအိမ္မွာ မြန္းၾကပ္တာနဲ႔ အေျပာင္းအလဲျဖစ္ေအာင္ေနမလားေတြးရင္း Lixဆီေရာက္လာမိတာ"

"ခရီးေလးဘာေလးထြက္ရင္ေရာ Sam"

"Lixေရာလိုက္ခဲ့မလား၊ ေရွ႕အပတ္စာေမးပြဲၿပီးရင္ Lixလည္း ပိတ္ရက္ရၿပီမဟုတ္လား"

"ကြၽန္ေတာ္ ပိတ္ရက္မွာ အခ်ိန္ပုိဆင္းဖုိ႔ ေျပာထားၿပီးၿပီ"

အလိမ္အညာစကားမုိ႔ လည္ေခ်ာင္းကေနၿပီး စိတ္မလံုလဲမႈေတြကုိ ျပန္မ်ဳိခ်လိုက္ရတယ္။

"အာ...ဒါဆုိ အဆင္မေျပဘူးပဲ၊ အခ်ိန္ပုိေတြက ျပန္ေျပာလို႔မရဘူးလား"

"Sam...!"

သူဆက္သည္းခံႏုိင္စြမ္းမရွိေတာ့ဘဲ ဆြယ္တာ့နာမည္ကုိ ေအာ္ထုတ္မိလိုက္တယ္။

"Sam ကြၽန္ေတာ့္ကုိ ဘယ္လိုျဖစ္ေစခ်င္တာလဲ၊ ကြၽန္ေတာ့္နား Samေရာက္လာတာ ဒီလိုအရာေတြအတြက္မဟုတ္ဘူးလို႔ ကြၽန္ေတာ္ထင္တာပဲ၊ ကြၽန္ေတာ္တို႔ ပြင့္လင္းၾကရေအာင္ Sam...၊ ေျပာပါ၊ Samတကယ္ျဖစ္ခ်င္တာဘာလဲ"

သူ႔အသံက အနည္းငယ္က်ယ္သြားတာေၾကာင့္ ေဘးဝုိင္းတစ္ဖက္ကလူေတြကုိ ေတာင္းပန္စကားဆုိလိုက္ရတယ္။ ၿပီးမွ ဆြယ္တာနဲ႔သူ႔ၾကား ေျဖရွင္းစရာေတြဆီ အာရံုျပန္ထားလိုက္တယ္။

"ခင္ဗ်ားၿငိမ္မေနနဲ႔ Sam...၊ ခင္ဗ်ားျဖစ္ခ်င္တာကုိ ခင္ဗ်ားအသိဆံုးပဲျဖစ္မွာေလ"

ဆြယ္တာက သူ႔ကုိမဝံ့မရဲမ်က္လံုးေတြနဲ႔ ၾကည့္လာခဲ့တယ္။ အဲ့ဒီေနာက္ေတာ့ သက္ျပင္းတစ္ခ်က္ရႈိက္တယ္။

"Lixေမးတဲ့ေမးခြန္းေလ၊ ငါတုိ႔ကဘာေတြလဲဆုိတာ"

နွစ္ဦးသားရဲ႕မ်က္ဝန္းေတြက မတူညီတဲ့အေရာင္ေတြျဖတ္ေျပးရင္း ေခတၱၿငိမ္သက္သြားၾကတယ္။

"အဲ့ဒီအေျဖကုိ ငါေျဖခ်င္ေပမဲ့ မေျဖႏုိင္ဘဲျဖစ္ေနခဲ့တယ္ Lix"

"Samအစား ကြၽန္ေတာ္ကေျဖေပးၿပီးၿပီပဲ၊ Sam အဲ့တာအတြက္ ေခါင္းထဲထည့္စရာမလိုေတာ့ပါဘူး"

"ငါ Lixကုိေတာင္းပန္ခ်င္တယ္"

"ဘာအတြက္လဲ"

"ငါ့ရဲ႕မျပတ္မသားလုပ္ရပ္ေတြအတြက္..."

တေျမ့ေျမ့ေလာင္ၿမိဳက္ေနတဲ့မီးအေပၚက အသားကင္ေတြက ေညႇာ္နံ႔စြဲလာခဲ့တယ္။ အသားကင္ေတြ ခြာရခက္ေအာင္ ကပ္မသြားခင္ သူအျမန္ဖယ္ရွားေနလိုက္တယ္။

"ငါ....."

အကင္ေတြကုိ ဖယ္ရွားေနတဲ့သူ႔လက္ေတြက တစ္ခ်က္တုန္႔ဆုိင္းသြားၿပီး ခပ္သြက္သြက္ျပန္လည္ လႈပ္ရွားလာျပန္တယ္။

"ငါ Lixအနားမွာေနခ်င္ေပမဲ့ ငါသူ႔ကုိ အားနာေနတယ္၊ သူ႔အေပၚမွာမတရားခဲ့တာေတြအတြက္ ငါ သူ႔ကုိအားနာၿပီး ေရွ႕မဆက္ႏုိင္ျဖစ္ေနတယ္၊ သူ႔အေပၚအားနာမႈေတြေၾကာင့္ Lixအေပၚမွာ ငါထပ္ၿပီးမတရားျဖစ္လာျပန္တယ္၊ ငါ့ေနရာမွာ တျခားသူဆုိဘယ္လိုဆံုးျဖတ္မလဲမသိေပမဲ့ ငါကေတာ့... ငါကေတာ့ Lixျမင္တဲ့အတုိင္း..."

ဆြယ္တာ့ရဲ႕ဦးေခါင္းဟာ ျပန္ေမာ့မလာႏုိင္ေတာ့ဘဲ ငုိက္စုိက္က်ေနခဲ့ေတာ့တယ္။ သူ နွစ္သိမ့္သင့္လား၊ ထြက္ေျပးသင့္လားဆုိၿပီး နွစ္ဖက္ၾကားညပ္တဲ့အေျခအေနကုိ ေရာက္လာျပန္တယ္။ ဆြယ္တာျဖစ္ေနတာလည္း ဒီလိုဆံုးျဖတ္ရခက္တဲ့အေျခအေနမ်ဳိးပဲျဖစ္မယ္။ အနည္းဆံုးေတာ့ ဆြယ္တာ သူ႔အနားမွာေနခ်င္တယ္ဆုိတာကုိ ၾကားခဲ့ရတယ္။ ဆုိေပမဲ့ ဆြယ္တာမဆံုးျဖတ္ႏုိင္ေသးတာမုိ႔ သူဘာကုိမွ ေမ်ွာ္လင့္ထားလို႔မရေသးဘူး။ ဆြယ္တာ့ထက္စာရင္ သူကပုိျပတ္သားႏုိင္မယ္လို႔ထင္မိတယ္။

"ကြၽန္ေတာ္ Samကုိအလိုရွိပါတယ္ Sam..."

ဆြယ္တာက သူ႔ကုိ ေမ်ွာ္လင့္ျခင္းပါတဲ့မ်က္ဝန္းေလးနဲ႔ ေမာ့ၾကည့္လာတယ္။

"ဒါေပမဲ့ ဒီလိုပံုစံနဲ႔ေတာ့မဟုတ္ဘူးေပါ့၊ အရင္ဆံုး Samကုိယ္တုိင္ ခုိင္မာတဲ့ဆံုးျဖတ္ခ်က္တစ္ခုကုိ အရင္ခ်ေစခ်င္တယ္၊ Samအခ်ိန္တစ္ခုယူမယ္ဆုိလည္းရပါတယ္"

"ငါက Lixအနားမွာေနဖို႔ ဆံုးျဖတ္လုိက္ေပမဲ့ အဲ့ဒီအခ်ိန္အတြင္းမွာ Lixက ေျပာင္းလဲသြားရင္ေရာ...၊ အဲ့ဒီလိုေတြျဖစ္လာမွာကုိလည္း ငါေၾကာက္တယ္ Lix"

"ဘယ္လိုအေျဖျဖစ္မလဲမေသခ်ာတဲ့အရာတစ္ခုကုိ ဘယ္အခ်ိန္အထိ ကြၽန္ေတာ္ေစာင့္သင့္လဲ Sam...၊ Samဆုိရင္ေရာ ဘယ္ေလာက္အထိေစာင့္မလဲ"

ဆြယ္တာၿငိမ္သက္သြားတယ္။ ဆြယ္တာ့ဘက္ကုိ သူေနာက္ဆံုးအေနနဲ႔ျဖည့္ေတြးေပးၿပီး အခ်ိန္တစ္ခုေပးဖုိ႔ နားလည္လိုက္တယ္။ သုိ႔ေပမဲ့ ဘာမွန္းမသိရတဲ့အခ်ိန္တစ္ခုမဟုတ္ဘဲ အကန္႔အသတ္တစ္ခုေတာ့ရွိရမယ္။

"ကြၽန္ေတာ္ Samကုိ သံုးလေစာင့္ေပးမယ္၊ အဲ့ဒီ သံုးလအတြင္းမွာေတာ့ ကြၽန္ေတာ္တုိ႔မေတြ႕ၾကရေအာင္၊ Samဆံုးျဖတ္လုိ႔ၿပီးရင္ေတာ့ ၾကားထဲလည္းဆက္သြယ္လိုက္ပါ၊ သံုးလျပည့္လို႔မွ Samဆက္သြယ္မလာဘူးဆုိရင္ေတာ့ ကြၽန္ေတာ္တုိ႔က သူစိမ္းေတြပဲလုပ္ၾကရေအာင္"

"Lix"

ဆြယ္တာ့ဆီက တုန္လႈပ္မႈပါတဲ့ေခၚသံတစ္ခ်က္က သူ႔စိတ္ကုိ ေက်နပ္သြားေစတာမွန္ေပမဲ့ ဒီအေပၚမွာ သူသာယာေနလို႔မျဖစ္တာ သူကုိယ္တုိင္အသိဆံုးပဲ။ ဒီ့ထက္ပုိၿပီး သူေပ်ာ့ညံ့ေနလို႔မရေတာ့ဘူး။

"Sam...၊ ခင္ဗ်ား ကြၽန္ေတာ့္ကုိ နည္းနည္းေတာ့နားလည္ရမယ္ေလ၊ ျဖစ္ခဲ့တာေတြခဏထား၊ သံုးလတိတိ ခင္ဗ်ားကုိေမ်ွာ္လင့္ၿပီးေစာင့္ေပးၿပီးၿပီေလ၊ ဒါကုိ အေ႐ြးခ်ယ္မခံရဘဲ ခင္ဗ်ားနားမွာဆက္ေနၿပီး ခင္ဗ်ားကုိၾကည့္ရင္းနာက်င္ေနဖုိ႔က်....၊ ကြၽန္ေတာ္လည္း တရားမ်ွတမႈလိုအပ္တယ္မဟုတ္လား"

ဆြယ္တာက ျဖည္းျဖည္းခ်င္းေခါင္းကုိညိတ္ခ်သြားတယ္။ သူလည္း အၿပံဳးတစ္ခ်က္ကုိ အားတင္းရင္း ဆင္ျမန္းလိုက္တယ္။

"ေနာက္မွဆံုၾကတာေပါ့ Sam...၊ ကြၽန္ေတာ္ကံေကာင္းျခင္းတစ္စံုကုိ Samအေပၚပံုအပ္ထားလိုက္ၿပီ၊ ေန႔လယ္စာအတြက္ ေက်းဇူးတင္ပါတယ္"

ဆြယ္တာ့ကုိ သူဒီေနရာမွာတင္ ေခတၱနႈတ္ဆက္ခဲ့လိုက္တယ္။ ေခတၱ...။ ေခတၱလို႔ဆုိေပမဲ့ အမွန္တကယ္ပဲေခတၱခဏဟုတ္ပါရဲ႕လား သူမသိႏုိင္ဘူး။ ထာဝရလည္းျဖစ္သြားႏုိင္တယ္။ ဘယ္အရာကမွ တရားေသမရွိဘူး။ ဆြယ္တာ့စိတ္လိုပဲ အရာရာက နွစ္ဖက္အားမ်ွမ်ွလြန္ဆြဲေနေတာ့တယ္။

သူဆြဲငင္ေခၚခံခဲ့ရတဲ့ တိမ္ထုထည္ေလးကုိ သူတစ္ခ်က္လွည့္ၾကည့္ၿပီး ေပါ့ပါးတဲ့ေျခလွမ္းေတြနဲ႔ ထြက္လာလိုက္တယ္။ ဟုတ္တယ္။ တကယ္ကုိေပါ့ပါးတဲ့ေျခလွမ္းေတြ။ ဘယ္ကေနဘယ္လိုရလာမွန္းမသိတဲ့အားအင္ေတြ။ ငွက္ေမြးေတာင္ေလးတစ္ေခ်ာင္းက တိမ္လႊာေပၚမွာ ျမဴးထူးေနတဲ့ခံစားခ်က္။

"ငါ Lixအနားမွာေနခ်င္ေပမဲ့..."

ေနာက္ပုိင္းစကားေတြကုိ သူခဏေမ့ေဖ်ာက္ၿပီး တသိမ့္သိမ့္ၾကည္ႏူးမႈနဲ႔ ေရ႐ြတ္မိတဲ့စကားလံုးတခ်ဳိ႕။ အီယံုးဘုိ႔ဆုိတဲ့လူက ဆြယ္တာ့ဆီကရတဲ့ ေက်နပ္မႈေသးေသးေလးကအစ မုိးမျမင္ေလမျမင္ေပ်ာ္တတ္တဲ့လူ ျဖစ္မွန္းမသိျဖစ္ေနခဲ့ေတာ့တာပဲ။

သူစိမ္းေတြလိုေနၾကရေအာင္ဆုိတဲ့စကားေၾကာင့္ တုန္လႈပ္စြာေခၚခံရတဲ့ "Lix"ဆုိတဲ့အသံက သူ႔နားထဲေတာက္ေလ်ွာက္ၾကားေယာင္လာျပန္တယ္။ ဆြယ္တာလည္း သူ႔အေပၚခံစားခ်က္ရွိေနတယ္။ ေပ်ာက္ပ်က္သြားမွာစုိးလြန္းလို႔ မ်က္လံုးကုိ စံုမွိတ္ၿပီး ဆြယ္တာ့မ်က္နွာေလးနဲ႔အသံကုိ ေတြးၾကည့္ေနခဲ့ရင္း ဘူတာေတြတစ္ခုၿပီးတစ္ခုေက်ာ္လာခဲ့ေတာ့တယ္။

ျပဳစားခံလိုက္ရျပန္ၿပီမဟုတ္လား Felix...။

ကုိယ့္ဘာသာျပန္ေျပာရင္း ရယ္မိလိုက္တယ္။ ဒီရယ္ေမာျခင္းမွာ ၾကည္ႏူးျခင္းတစ္ဝက္ပါသလို ကုိယ့္ကုိယ္ကုိယ္ေလွာင္ေျပာင္ျခင္းလည္းပါတယ္။ ဘာမွန္းမသိရေသးတဲ့အေျဖတစ္ခုရွိေသးတာကုိ သူစိတ္ျပန္မသြင္းခ်င္ေသးဘူး။ ခဏေပ်ာ္ႏုိင္တုန္း သူေပ်ာ္ထားလိုက္မယ္။ ၿပီးမွေတြးခ်င္ေတြးမယ္။ မေတြးခ်င္ရင္လည္းမေတြးဘဲေနမယ္။

အရာရာက ဆြယ္တာ့လိုပဲ အားမ်ွမ်ွနဲ႔လြန္ဆြဲေနလိမ့္ဦးမယ္။ မၾကာခင္ေရာက္ရွိလာေတာ့မယ့္ စာေမးပြဲအေၾကာင္းလည္းသူေတြးရဦးမယ္။ လုပ္စရာရွိတာေတြလုပ္ရင္း အခ်ိန္ေတြက ေက်ာ္လြန္သြားပါလိမ့္မယ္။

ဆြယ္တာ့ကုိေတာ့ သံုးလမေတြ႕ရေတာ့ဘူး။ လြမ္းရဦးမယ္ ဆြယ္တာ။ ကြၽန္ေတာ္ခင္ဗ်ားကုိ လြမ္းရဦးမယ္...။

Thanks For Reading

Note

ေနာက္အပုိင္းဆုိ ဇာတ္သိမ္းပါၿပီ။ ႏုိရာ႕အေဖရဲ႕နာေရးေလးရွိတာနဲ႔ ႏုိရာUpdateအေတာ္ၾကာသြားပါတယ္။ ဇာတ္သိမ္းကုိေတာ့ တစ္ပတ္ထက္ပုိမၾကာဘဲ လာေပးႏုိင္ဖုိ႔ ႀကိဳးစားပါ့မယ္။ အားေဆးေလးေတြလည္း ေပးခဲ့ဖုိ႔ေတာင္းဆုိပါတယ္။

There are no comments yet. Log in to be the first to leave a review!

Similar stories