Fanfics

2

10:07, 10 February 2025

U

နာနီ အခု အဆောင်ထဲမှာ စိတ်ညစ်လို့ထိုင်နေတာဖြစ်တယ်။

မနေ့က မေ့လဲသွားတော့ ပြန်နိုးလာရင် အပြင်ဘက်ကမ္ဘာဆီရောက်လောက်မယ်ထင်ထားပေမယ့် နိုးလာတော့လည်း ဒီတိုင်းကြီး အစေခံတွေကိုလည်းပေးမဝင်ဘဲ တစ်ယောက်ထဲ ကုတင်ပေါ်မှာထိုင်နေခြင်းဖြစ်တယ်။

ကျွန်တော့်ဇာတ်လမ်းကိုပြောပြမယ်။ကျွန်တော်က နာနီဟီရမ်ခစ်၊ စာရေးဆရာတစ်ယောက်ဖြစ်တယ်။ ကျွန်တော့် ကလောင်နာမည်က ရှင်းလို့ပဲသုံးထားတာ၊ အဲ့တော့ ဒီတစ်ခေါက်ရေးတဲ့ထဲ နာနီဆိုတဲ့နာမည်ကိုထည့်သုံးမိလိုက်တာ ဘယ်သူကဒီစာအုပ်ထဲတကယ်ရောက်လာမယ် လို့ထင်မလဲနော့်။

ဇာတ်လမ်းက နာနီက လီနာ့ရဲ့အစ်ကိုကြီးဖြစ်တယ်။ ဇာတ်လမ်းရဲ့ ဗီလိန်လို့လည်းဆိုရမယ်။ မနေ့က တွေ့ခဲ့ရတဲ့ တသားသားနဲ့ခေါ်နေတဲ့သူက လီနာ့အမေဖြစ်တယ်။

နာနီ့အဖေသခင်ကြီးမှာက ဇနီးနှစ်ယောက်ရှိတယ်။ တစ်ယောက်ကတရားဝင်ဇနီး နာနီ့အမေဖြစ်ပြီးတော့ နောက်တစ်ယောက်က လီနာ့အမေဖြစ်တယ်။နာနီက သူ့အမေသေဆုံးသွားထဲက စကားလုံးဝမပြောနိုင်တော့တာဖြစ်တယ်။အဲ့တာကြောင့် နာနီ စကားပြောတော့ အားလုံးကအံ့ဩပြီးပျော်နေကြတာလေ ။

လီနာအမေ ဖြစ်သူက အရင်တုန်းထဲကအစေခံမျိုးနွယ်ကဖြစ်ပြီး သခင်ကြီးနဲ့မှားမိတာကြောင့် စံအိမ်မှာနေထိုင်ရသူဖြစ်တယ်။

နာနီက သူတို့သားအမိကိုမုန်းနေသူဖြစ်ပြီး အမြဲနှိပ်စက်နေတဲ့သူဖြစ်တယ်။ သူနှိပ်စက်သမျှကိုငြိမ်ခံပြီး ဘယ်သူနဲ့မှမတိုင်ရဲဘဲဖြစ်တဲ့အပြင် နာနီ့အပြစ်တွေအတွက်လည်း သူကအမြဲဝန်ခံပေးတတ်သေးသူဖြစ်တယ်။

သူကတအားသည်းခံပေမယ့် သိတဲ့အတိုင်း ဇာတ်လိုက်မင်းသားကတော့ ကျွန်တော့်ကို အမြဲသတ်ချင်နေတဲ့သူဖြစ်တယ်။ သူကဇာတ်လိုက်မနဲ့ ဈေးထဲမှာတွေ့ပြီး စကြိုက်သွားကြတာဖြစ်တယ်။

မယ် ကျွန်တော်က တအားတော်တာနော် သူတို့နှစ်ယောက်တွေ့ဆုံပုံကို ကြိုးနီလေးနဲ့ လှလှပပလေးဖန်တီးပေးထာတာ ဟိဟိ။

အဲ့တာဆိုသိပြီ ကျွန်တော်က လီနာ့အပေါ်ကောင်းပေးရမယ်၊ သူတို့ကိုအမြန်ဆုံစည်းအောင်လုပ်ပေးနိုင်ခဲ့ရင် ကျွန်တော့်နေရာကိုပြန်လို့ရလောက်မှာ ဟုတ်တယ်ဟုတ်တယ် ငိုင်မနေဘဲအမြန်လုပ်ရှားရမယ်။

နာနီက ထရပ်လိုက်တုန်းပဲရှိသေးတယ် အခန်းဆောင်ရှေ့မှ လီနာ့ရဲ့အသံလေးထွက်လာတယ်။

" အစ်ကိုနာနီရှင့် မေမေက အစ်ကို့ကို စားစရာပို့ခိုင်းလိုက်လို့ပါ "

နာနီ တံခါးလေးဖွင့်ပြီးကြည့်လိုက်တော့ မျက်နှာကြည်ကြည်လင်လင်နဲ့ အလွန်လှပတဲ့ လီနာလေးကိုတွေ့လိုက်ရတာဖြစ်တယ်။

ဒီလိုချစ်စရာလေးကိုဘာလို့မုန်းနေရတာလဲမသိ။

" လီနာ "

နာမည်ခေါ်လိုက်တော့ ခေါင်းလေးမော့ပြီးကြည့်လာတယ်။ပြီးတော့မျက်ရည်လေးဝဲတက်လာပြီး

" အစ်ကိုတော် တကယ်စကားပြန်ပြောနိုင်သွားတာလားဟင် "

ဒီကလေးမလေးတအားဝမ်းသာသွားတာထင်။

" အယ် လီနာ မငိုနဲ့လေ အစ်ကိုပြန်ကောင်းသွားတာကို လာလေ လီနာ အထဲဝင် "

ကလေးမလေးခဗျာအရမ်းအံ့ဩသွားသလိုပဲ မျက်အိမ်တွေပါကျယ်လာတယ်။ ပြီးတော့ အခန်းဆောင်ထဲဝင်လာပြီး

" အစ်ကိုအတွက် မေမေပေးခိုင်းလိုက်တာပါ "

နာနီဟင်းကိုကြည့်လိုက်တော့မျက်နှာပျက်မိသွားတယ်။ နာနီက ခရမ်းသီးမစားဘူး ခရမ်းသီးစားလို့မရဘူး။ အဲ့တာကိုဘယ်လိုလုပ် ဒီလိုကြီးလဲ။

ဟင်းပွဲထဲမှာ ခရမ်းသီးဟင်း၊ ခရမ်းသီးကြော်နဲ့ သင်္ဘောသီးထောင်းထဲတောင် ခရမ်းသီးထည့်ထောင်းထားတာ။

" ဟို နာနီက ခရမ်းသီးနဲ့ မတည့် "

" အယ် ဟုတ်သားပဲ လီနာတောင်းပန်ပါတယ်နော် အစ်ကို လီနာ အိမ်အစေတွေကိုပြောဖို့မေ့သွားတာ သူတို့က အစ်ကို့ကို.. ဟို လီနာတောင်းပန်ပါတယ်နော် လီနာပြန်ချက်ပေးပါ့မယ် "

ဟုတ်သားပဲ။ စံအိမ်တစ်အိမ်လုံးရဲ့ အစေခံတွေက နာ့နီကိုပြန်မပြောရဲပေမယ့် မုန်းနေကြတာလေ။ အကြောင်းက သူတို့ရဲ့သခင်မနူးနူးညံ့ညံ့လေးကို နှိပ်စက်လွန်းလို့။

အမလေး ပြန်သာမပြောရဲတာ ချက်ပေးလိုက်တာတွေက မသေရုံတမယ်ပဲ။

" ရတယ် ရတယ် လီနာ နာနီအပြင်သွားမှပဲစားလိုက်တော့မယ်လေ "

" အမ် အစ်ကိုဈေးထဲသွားမလို့လား "

" ဟုတ်တယ် ဟုတ်တယ် လီနာလိုက်ခဲ့ချင်လား သိတဲ့အတိုင်း နာနီက အပြင်သိပ်မသွားတော့လေ လီနာလိုက်ခဲ့ပေးမလား "

လီနာက ခေါင်းလေးငုံ့ပြီးဘာတွေစဉ်းစားနေလဲမသိ စဉ်းစားပြီး နောက်မှ ခေါင်းကိုခပ်တွေတွေလေ ညိမ့်ကာ

" လီနာလည်း ပွဲတော်အတွက် ဝတ်စုံဝယ်စရာ ရှိတော့ လီနာလိုက်ခဲ့ပါ့မယ် "

နာနီကခေါင်းလေးညိမ့်ကာပြုံးပြလိုက်တော့ လီနာက ပန်းကန်တွေပြန်ယူပြီးထွက်သွားတယ်။ နာနီလည်းဝတ်အစားအမြန်လဲ လိုက်ပြီး လှေစီသွားလိုက်တယ်။

နာနီနဲ့လီနာနဲ့ က လှေတစ်ခုမှာတူတူထိုင်ပြီးအစေခံနှစ်ယောက်ကလှော်ပေးတယ်။ ကိုယ်ပိုင်အစေခံတွေကတော့ အခြားလှေတွေနဲ့ လိုက်လာတယ်။

နာနီ လီနာ့ကိုကြည့်လိုက်မိတယ်။ ရွှေရောင်အထည်စကိုသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားပုံကိုက အထက်တန်းလွှာမိန်းကလေးဆိုတာ သိသာလွန်းပြီးလှပတင့်တယ်လွန်းတယ်။

ဝတ်ထားပုံအရ အခုဈေးထဲမှာ ဇာတ်လိုက်နဲ့များတွေ့မလားမသိဘူး။ နာနီတွေးနေရင်းစိတ်လှုပ်ရှားကာ တခစ်ခစ်နဲ့ရယ်မိသွားတယ်။

လီနာက ကြောင်ကြည့်နေတော့ ပြုံးပြလိုက်တယ်။ အမြင်ကောင်းစမ်းပါ မုန်းတာတွေကို ဟောဒီ့ကိုကို့အပြုံးလေးနဲ့ ချေပလိုက် ချေပလိုက်။

ဆိုက်ကပ်ရတဲ့ ဆိပ်ကမ်းနာရောက်တော့ နာနီတို့က ဆင်းရတယ်။

" အစ်ကိုဘယ်ဘက်သွားချင်လဲ "

လီနာ့အမေးကိုဘယ်လိုဖြေရမလဲ နာနီမသိပေ။

" လီနာ ဘယ်ဘက်သွားချင်လဲ လီနာနဲ့တူတူသွားမယ်လေ "

လီနာက သက်ပြင်းချပြီး အရှေ့ဘက်ခြမ်းကိုထွက်သွားတယ်။

နည်းနည်းလောက်လျှောက်ပြီးတဲ့အခါ နာနီ မုန့်သည်အချို့ကိုတွေ့ရတယ်။ နာနီ မုန့်အချို့ဝယ်ပြီး အစေခံတွေကိုဝေပေးနေလိုက်တယ်။

လီနာကတော့သိပုံမပေါ်ဘူးထင် အရှေ့ဘက်ကိုတက်သွားတယ်။ နာနီကလီနာ့နောက်အမြန်လိုက်တုန်းမှာပဲ လူအုပ်အများကြီးကြား တွန်းတိုးရင်းနဲ့တင် နာနီဘယ်နေရာထိရောက်လာမှန်းကိုပင်မသိတော့ချေ။

နာနီ ဘယ်လိုလုပ်ရမလဲတွေးနေစဉ် သူ့ဘယ်ဘက်လက်ကောက်ဝတ်မှာ တင်းခနဲဖြစ်သွားတာကြောင့် ကြည့်လိုက်တော့ အနီရောင်ကြိုးစတွေ။ ဘယ်လိုဖြစ်မှန်းမိ နာနီဖြည်ထုတ်ပေမယ့် ဖြည်လို့မရ။

ဘယ်နေရာရောက်နေမှန်းလဲမသိ လူတွေနဲ့ကွဲနေတာကြောင့် နာနီဘာလုပ်လို့လုပ်ရမှန်းပင်မသိတော့ပေ။ လက်က ကြိုးစက ရုတ်တရက်ကြီးတင်းလာပြီး နာနီကိုဆွဲခေါ်နေသလိုပင်။

နာနီလည်းကြိုးရှိရာနောက်လိုက်ရင်း လူအုပ်ကြီးနဲ့ဝေးသွားတာကြောင့် အသက်ရှုတော့ချောင်သွားလေတယ်။နာနီကြိုးကိုစိုက်ကြည့်ပြီးလမ်းလျှောက်နေတာကြောင့် သူ့အရှေ့မှာလူရပ်နေတာကိုပင်မတွေ့။

နာနီလက်ကောက်ဝတ်ကိုလူတစ်ယောက်ကဆုတ်ကိုင်လိုက်တာကြောင့် နာနီလန့်ပြီး‌မော့ကြည့်လိုက်တယ်။ ဘယ်သူကြီးလဲမသိဘူး သူ့လက်မှာနဲ့အနီရောင်ကြိုးစနဲ့ပဲ။

" ခွန်က ဘယ်သူလဲ "

အရှေ့က လူကမေးတာကြောင့် နာနီက

" နာနီ အယ်..." နာနီ ဖြေလိုက်မိပြီးမှ ထိုလူရဲ့ ကျောကဓားကိုမြင်ပြီးမှ ဒုက္ခရောက်တာပဲ အဲ့တာဇာတ်လိုက်ကြီး။

ဘာတွေဖြစ်ကုန်တာလဲ။ ဒီကြိုးနီက ဇာတ်လိုက်နဲ့ဇာတ်လိုက်မ နဲ့စတွေ့ရင်းဖြစ်တာမဟုတ်ဘူးလား ဘယ်လိုဖြစ်ပြီး ဒါတွေလဲ။

နာနီ ဇာတ်လိုက်ကောင်ရဲ့မျက်နှာကိုကြည့်မိတော့ မျက်နှာထားတင်းနေတာကြောင့်

*ငါပြောတာမကြားလိုက်ဘူးထင် စကားမပြောတတ်ယောင် ဆောင်လိုက်မယ်*

" အာဘာဘာ အာဘာ ဘာဘာ "

" ဟမ့် လူကိုအရူးလာလုပ်နေတာလား ခွန်နာနီ၊ ခွန်ခုနကပြောတာကိုလည်းကြာပါတယ် နောက်ပြီး အဲ့သတင်းက မနက်အစောပိုင်းထဲက အယုဒ္ဓယမှာပျံ့နေပြီးသား ခွန်စကားပြန်ပြောတတ်နေတဲ့အကြောင်းက"

" အာ ဟီးဟီး "

နာနီ ရယ်ပဲရယ်ပြလိုက်တယ်။ ရှိသမျှအရှက်သိက္ခာအကုန် ကုန်ပါပြီ။

" ခွန်နာနီ ဒါကိုဘယ်လိုလုပ်မှာလဲ "

ဇာတ်လိုက်ကောင်က လက်ကိုပြပြီးမေးတာကြောင့်

" ဟို ခွန့်မှာ ဓားကြီးပါတယ်လေ "

" အင်း အဲ့တော့ "

နာနီငိုချင်လာပြီ အယုဒ္ဓယက လူတွေကတုံးတာလားဘာလား။

" ခွန်ကလည်း အဲ့ဓားနဲ့ ဖြတ်လိုက်လို့ရတယ်လေ "

" လက်ကိုလား "

" ခွန် ရူးနေတာလား "

နာနီ့စိတ်ရှည်မှုအတိုင်းအတာကကုန်သွားပြီဖြစ်တယ်။ ဘယ်လိုဇာတ်လိုက်လဲ ဒီလောက်ကြီး ဦးနှောက်မရှိတာကြ။

ပြောနေရင်း လက်က ကြိုးနီက ရုတ်တရက်ပျောက်သွားပြီး လက်ပတ်နီလေးဖြစ်သာနာနီ့လက်မှာကျန်ခဲ့တယ်။ ထူးဆန်းတာကြောင့်နာနီတအံ့တဩကြည့်နေမိတယ်။

" ဖုန်းရှိရင်ကောင်းတာကွာ ဒီလိုမျိုးလန်းတာတွေကိုမှတ်တမ်းတင်ရမှာကို "

" ဟေ့ ခွန်ဘာတွေပြောနေတာလဲ "

နာနီက မျက်စောင်းထိုးပြီး

" ဘာမှမပြောပါဘူး "

နာနီ လီနာ့ကိုသတိရသွားပြီး အဲ့ကလေးမ သူ့ကိုပျောက်လို့ရှာနေတော့မှာပဲ ဈေးထဲတစ်ယောက်ထဲထားခဲ့တယ်လို့များတွေးနေမလားမသိဘူး။

" ခွန် တစ်ခုလောက်အကူအညီတောင်းလို့ရမလား "

" ဘာလို့ ကူညီရမှာ "

အေးအေး။

" နာနီက အခုလမ်းပျောက်သွားတာပါ လှေတွေဆိုက်တဲ့နေရာ လိုက်ပို့ပေးလို့ရမလား နော်နော်နော် "

နာနီ ဇာတ်လိုက်ကောင်ရဲ့မျက်နှာကိုကြည့်တော့ တင်းထားတာမျိုးမဟုတ်တော့ဘဲ နှုတ်ခမ်းလေးတောင်ကွေးနေသယောင်ဖြစ်နေတယ်။

ပြီးတော့ ဇာတ်လိုက်ကောင်က ရှေ့ကဖြတ်သွားပြီး

" နောက်ကနေသေချာလိုက် "

စကားကိုခပ်ပြတ်ပြတ်ပြောသွားတာကြောင့် နာနီမျက်စောင်းထိုးလိုက်မိတယ်။ မကျေနပ်ပေမယ့်လည်း လမ်းမှမသိဘဲကို လိုက်ကအုံးမှာပေါ့။

လမ်းတော်တော်ကြာလျှောက်ပြီးတဲ့အခါ လှေဆိုက်ရာကမ်းစပ်ကိုရောက်လာခဲ့ပေမယ့် စံအိမ်ကလှေတွေတစ်ခုမှရှိမနေတော့ပေ။

" WTF ငါ့ကိုထားသွားတာလား "

" ဘာတွေပြောနေတာလဲ "

နာနီပြောတဲ့အသံကနည်းနည်းကျယ်သွားတာကြောင့် ဇာက်လိုက်ကောင်က မျက်မှောင့်ကြုပ်ကြည့်ကာမေးလာသည်။ဒါတောင် ယောက်ဖလောင်းနော် ဆက်ဆံနေပုံကလည်း။

နာနီစိတ်ကိုလျှော့ကာ ပြုံးပြပြီး ထပ်မံတောင်းဆိုလိုက်တယ်။

" ဟို ခွန်... နာနီ့ကို စံအိမ်ကိုလိုက်ပို့ပေးလို့ရမလား ခွန်သိတယ်မလား "

ဇာတ်လိုက်ကောင်ကနာနီ့ကိုခေါင်းအစခြေအဆုံးထိကြည့်ကာ သက်ပြင်းချလိုက်ပြီး။

သူ့အစေခံဟုထင်ရပုံပေါ်သည့် လူတစ်ဦးကိုခေါ်ကာ လှေကိုမောင်းနှင်ရန်ပြောလိုက်သည်။

*မယ် ဇာတ်လိုက်ကောင်ကဟုတ်နေတာ ဘယ်သူနဲ့မှအရောတဝင်မနေပါဘူးပေါ့ ဟွန့်*

နာနီက အစေခံနောက်လိုက်ကာလှေပေါ်တက်သွားပြီး ဇာတ်လိုက်ကောင်ကိုပြုံးပြလိုက်တယ်။ပြီးတော့တာ့တာပါလုပ်ပြလိုက်သေးတယ်။

" ကျေးဇူးပဲနော် ပြီးတော့ ဘိုင်းဘိုင် "

ဇာတ်လိုက်ကောင်ကမျက်နှာထားကတင်းမာလာပြီး စိတ်ရှုပ်နေတဲ့ပုံနဲ့လှေပေါ်တက်လာတယ်။

" အယ် ခွန် ဘာလုပ်တာလဲ "

" ကျွန်တော့် လှေလေ "

" ဒါပေမယ့် နာနီ့ကိုလိုက်ပို့ဖို့ဆို "

" မသိတဲ့သူနဲ့ နှစ်ယောက်ထဲသွားမလို့လား? အခုမှတွေ့ပြီးနာမည်တောင်မသိတဲ့သူကိုတန်းယုံတော့တာပဲလားခွန်နာနီက "

နာနီဘာပြောရမှန်းမသိတာကြောင့် အရှေ့ပြန်လှည့်ပြီး အသံပိစိလေးနဲ့ပြောလိုက်တယ်။

" သူကရောယုံရတာကြလို့ သူ့နာမည်တောင်ပြောသေးတာမဟုတ်ဘဲနဲ့ကို "

" စကိုင်း! စကိုင်းဝုန်ဂရာဝီး ပြီးတော့ ယုံလို့ရတယ်!"

နာနီအနောက်လှည့်ပြီး မျက်စောင်းထိုးလိုက်တယ်။သူဘယ်လိုတောင်အမြင်ကပ်စရာကောင်းတဲ့ဇာတ်ကောင်ကဖန်တီးမိထားတာလဲ။

///////////////

အိုကေရဲ့လား?🤓

Z

နာနီ အခု အေဆာင္ထဲမွာ စိတ္ညစ္လို႔ထိုင္ေနတာျဖစ္တယ္။

မေန႕က ေမ့လဲသြားေတာ့ ျပန္နိုးလာရင္ အျပင္ဘက္ကမၻာဆီေရာက္ေလာက္မယ္ထင္ထားေပမယ့္ နိုးလာေတာ့လည္း ဒီတိုင္းႀကီး အေစခံေတြကိုလည္းေပးမဝင္ဘဲ တစ္ေယာက္ထဲ ကုတင္ေပၚမွာထိုင္ေနျခင္းျဖစ္တယ္။

ကြၽန္ေတာ့္ဇာတ္လမ္းကိုေျပာျပမယ္။ကြၽန္ေတာ္က နာနီဟီရမ္ခစ္၊ စာေရးဆရာတစ္ေယာက္ျဖစ္တယ္။ ကြၽန္ေတာ့္ ကေလာင္နာမည္က ရွင္းလို႔ပဲသုံးထားတာ၊ အဲ့ေတာ့ ဒီတစ္ေခါက္ေရးတဲ့ထဲ နာနီဆိုတဲ့နာမည္ကိုထည့္သုံးမိလိုက္တာ ဘယ္သူကဒီစာအုပ္ထဲတကယ္ေရာက္လာမယ္ လို႔ထင္မလဲေနာ့္။

ဇာတ္လမ္းက နာနီက လီနာ့ရဲ႕အစ္ကိုႀကီးျဖစ္တယ္။ ဇာတ္လမ္းရဲ႕ ဗီလိန္လို႔လည္းဆိုရမယ္။ မေန႕က ေတြ႕ခဲ့ရတဲ့ တသားသားနဲ႕ေခၚေနတဲ့သူက လီနာ့အေမျဖစ္တယ္။

နာနီ႕အေဖသခင္ႀကီးမွာက ဇနီးႏွစ္ေယာက္ရွိတယ္။ တစ္ေယာက္ကတရားဝင္ဇနီး နာနီ႕အေမျဖစ္ၿပီးေတာ့ ေနာက္တစ္ေယာက္က လီနာ့အေမျဖစ္တယ္။နာနီက သူ႕အေမေသဆုံးသြားထဲက စကားလုံးဝမေျပာနိုင္ေတာ့တာျဖစ္တယ္။အဲ့တာေၾကာင့္ နာနီ စကားေျပာေတာ့ အားလုံးကအံ့ဩၿပီးေပ်ာ္ေနၾကတာေလ ။

လီနာအေမ ျဖစ္သူက အရင္တုန္းထဲကအေစခံမ်ိဳးႏြယ္ကျဖစ္ၿပီး သခင္ႀကီးနဲ႕မွားမိတာေၾကာင့္ စံအိမ္မွာေနထိုင္ရသူျဖစ္တယ္။

နာနီက သူတို႔သားအမိကိုမုန္းေနသူျဖစ္ၿပီး အၿမဲႏွိပ္စက္ေနတဲ့သူျဖစ္တယ္။ သူႏွိပ္စက္သမွ်ကိုၿငိမ္ခံၿပီး ဘယ္သူနဲ႕မွမတိုင္ရဲဘဲျဖစ္တဲ့အျပင္ နာနီ႕အျပစ္ေတြအတြက္လည္း သူကအၿမဲဝန္ခံေပးတတ္ေသးသူျဖစ္တယ္။

သူကတအားသည္းခံေပမယ့္ သိတဲ့အတိုင္း ဇာတ္လိုက္မင္းသားကေတာ့ ကြၽန္ေတာ့္ကို အၿမဲသတ္ခ်င္ေနတဲ့သူျဖစ္တယ္။ သူကဇာတ္လိုက္မနဲ႕ ေဈးထဲမွာေတြ႕ၿပီး စႀကိဳက္သြားၾကတာျဖစ္တယ္။

မယ္ ကြၽန္ေတာ္က တအားေတာ္တာေနာ္ သူတို႔ႏွစ္ေယာက္ေတြ႕ဆုံပုံကို ႀကိဳးနီေလးနဲ႕ လွလွပပေလးဖန္တီးေပးထာတာ ဟိဟိ။

အဲ့တာဆိုသိၿပီ ကြၽန္ေတာ္က လီနာ့အေပၚေကာင္းေပးရမယ္၊ သူတို႔ကိုအျမန္ဆုံစည္းေအာင္လုပ္ေပးနိုင္ခဲ့ရင္ ကြၽန္ေတာ့္ေနရာကိုျပန္လို႔ရေလာက္မွာ ဟုတ္တယ္ဟုတ္တယ္ ငိုင္မေနဘဲအျမန္လုပ္ရွားရမယ္။

နာနီက ထရပ္လိုက္တုန္းပဲရွိေသးတယ္ အခန္းေဆာင္ေရွ႕မွ လီနာ့ရဲ႕အသံေလးထြက္လာတယ္။

" အစ္ကိုနာနီရွင့္ ေမေမက အစ္ကို႔ကို စားစရာပို႔ခိုင္းလိုက္လို႔ပါ "

နာနီ တံခါးေလးဖြင့္ၿပီးၾကည့္လိုက္ေတာ့ မ်က္ႏွာၾကည္ၾကည္လင္လင္နဲ႕ အလြန္လွပတဲ့ လီနာေလးကိုေတြ႕လိုက္ရတာျဖစ္တယ္။

ဒီလိုခ်စ္စရာေလးကိုဘာလို႔မုန္းေနရတာလဲမသိ။

" လီနာ "

နာမည္ေခၚလိုက္ေတာ့ ေခါင္းေလးေမာ့ၿပီးၾကည့္လာတယ္။ၿပီးေတာ့မ်က္ရည္ေလးဝဲတက္လာၿပီး

" အစ္ကိုေတာ္ တကယ္စကားျပန္ေျပာနိုင္သြားတာလားဟင္ "

ဒီကေလးမေလးတအားဝမ္းသာသြားတာထင္။

" အယ္ လီနာ မငိုနဲ႕ေလ အစ္ကိုျပန္ေကာင္းသြားတာကို လာေလ လီနာ အထဲဝင္ "

ကေလးမေလးခဗ်ာအရမ္းအံ့ဩသြားသလိုပဲ မ်က္အိမ္ေတြပါက်ယ္လာတယ္။ ၿပီးေတာ့ အခန္းေဆာင္ထဲဝင္လာၿပီး

" အစ္ကိုအတြက္ ေမေမေပးခိုင္းလိုက္တာပါ "

နာနီဟင္းကိုၾကည့္လိုက္ေတာ့မ်က္ႏွာပ်က္မိသြားတယ္။ နာနီက ခရမ္းသီးမစားဘူး ခရမ္းသီးစားလို႔မရဘူး။ အဲ့တာကိုဘယ္လိုလုပ္ ဒီလိုႀကီးလဲ။

ဟင္းပြဲထဲမွာ ခရမ္းသီးဟင္း၊ ခရမ္းသီးေၾကာ္နဲ႕ သေဘၤာသီးေထာင္းထဲေတာင္ ခရမ္းသီးထည့္ေထာင္းထားတာ။

" ဟို နာနီက ခရမ္းသီးနဲ႕ မတည့္ "

" အယ္ ဟုတ္သားပဲ လီနာေတာင္းပန္ပါတယ္ေနာ္ အစ္ကို လီနာ အိမ္အေစေတြကိုေျပာဖို႔ေမ့သြားတာ သူတို႔က အစ္ကို႔ကို.. ဟို လီနာေတာင္းပန္ပါတယ္ေနာ္ လီနာျပန္ခ်က္ေပးပါ့မယ္ "

ဟုတ္သားပဲ။ စံအိမ္တစ္အိမ္လုံးရဲ႕ အေစခံေတြက နာ့နီကိုျပန္မေျပာရဲေပမယ့္ မုန္းေနၾကတာေလ။ အေၾကာင္းက သူတို႔ရဲ႕သခင္မႏူးႏူးညံ့ညံ့ေလးကို ႏွိပ္စက္လြန္းလို႔။

အမေလး ျပန္သာမေျပာရဲတာ ခ်က္ေပးလိုက္တာေတြက မေသ႐ုံတမယ္ပဲ။

" ရတယ္ ရတယ္ လီနာ နာနီအျပင္သြားမွပဲစားလိုက္ေတာ့မယ္ေလ "

" အမ္ အစ္ကိုေဈးထဲသြားမလို႔လား "

" ဟုတ္တယ္ ဟုတ္တယ္ လီနာလိုက္ခဲ့ခ်င္လား သိတဲ့အတိုင္း နာနီက အျပင္သိပ္မသြားေတာ့ေလ လီနာလိုက္ခဲ့ေပးမလား "

လီနာက ေခါင္းေလးငုံ႕ၿပီးဘာေတြစဥ္းစားေနလဲမသိ စဥ္းစားၿပီး ေနာက္မွ ေခါင္းကိုခပ္ေတြေတြေလ ညိမ့္ကာ

" လီနာလည္း ပြဲေတာ္အတြက္ ဝတ္စုံဝယ္စရာ ရွိေတာ့ လီနာလိုက္ခဲ့ပါ့မယ္ "

နာနီကေခါင္းေလးညိမ့္ကာၿပဳံးျပလိုက္ေတာ့ လီနာက ပန္းကန္ေတြျပန္ယူၿပီးထြက္သြားတယ္။ နာနီလည္းဝတ္အစားအျမန္လဲ လိုက္ၿပီး ေလွစီသြားလိုက္တယ္။

နာနီနဲ႕လီနာနဲ႕ က ေလွတစ္ခုမွာတူတူထိုင္ၿပီးအေစခံႏွစ္ေယာက္ကေလွာ္ေပးတယ္။ ကိုယ္ပိုင္အေစခံေတြကေတာ့ အျခားေလွေတြနဲ႕ လိုက္လာတယ္။

နာနီ လီနာ့ကိုၾကည့္လိုက္မိတယ္။ ေ႐ႊေရာင္အထည္စကိုသပ္သပ္ရပ္ရပ္ဝတ္ဆင္ထားပုံကိုက အထက္တန္းလႊာမိန္းကေလးဆိုတာ သိသာလြန္းၿပီးလွပတင့္တယ္လြန္းတယ္။

ဝတ္ထားပုံအရ အခုေဈးထဲမွာ ဇာတ္လိုက္နဲ႕မ်ားေတြ႕မလားမသိဘူး။ နာနီေတြးေနရင္းစိတ္လႈပ္ရွားကာ တခစ္ခစ္နဲ႕ရယ္မိသြားတယ္။

လီနာက ေၾကာင္ၾကည့္ေနေတာ့ ၿပဳံးျပလိုက္တယ္။ အျမင္ေကာင္းစမ္းပါ မုန္းတာေတြကို ေဟာဒီ့ကိုကို႔အၿပဳံးေလးနဲ႕ ေခ်ပလိုက္ ေခ်ပလိုက္။

ဆိုက္ကပ္ရတဲ့ ဆိပ္ကမ္းနာေရာက္ေတာ့ နာနီတို႔က ဆင္းရတယ္။

" အစ္ကိုဘယ္ဘက္သြားခ်င္လဲ "

လီနာ့အေမးကိုဘယ္လိုေျဖရမလဲ နာနီမသိေပ။

" လီနာ ဘယ္ဘက္သြားခ်င္လဲ လီနာနဲ႕တူတူသြားမယ္ေလ "

လီနာက သက္ျပင္းခ်ၿပီး အေရွ႕ဘက္ျခမ္းကိုထြက္သြားတယ္။

နည္းနည္းေလာက္ေလွ်ာက္ၿပီးတဲ့အခါ နာနီ မုန႔္သည္အခ်ိဳ႕ကိုေတြ႕ရတယ္။ နာနီ မုန႔္အခ်ိဳ႕ဝယ္ၿပီး အေစခံေတြကိုေဝေပးေနလိုက္တယ္။

လီနာကေတာ့သိပုံမေပၚဘူးထင္ အေရွ႕ဘက္ကိုတက္သြားတယ္။ နာနီကလီနာ့ေနာက္အျမန္လိုက္တုန္းမွာပဲ လူအုပ္အမ်ားႀကီးၾကား တြန္းတိုးရင္းနဲ႕တင္ နာနီဘယ္ေနရာထိေရာက္လာမွန္းကိုပင္မသိေတာ့ေခ်။

နာနီ ဘယ္လိုလုပ္ရမလဲေတြးေနစဥ္ သူ႕ဘယ္ဘက္လက္ေကာက္ဝတ္မွာ တင္းခနဲျဖစ္သြားတာေၾကာင့္ ၾကည့္လိုက္ေတာ့ အနီေရာင္ႀကိဳးစေတြ။ ဘယ္လိုျဖစ္မွန္းမိ နာနီျဖည္ထုတ္ေပမယ့္ ျဖည္လို႔မရ။

ဘယ္ေနရာေရာက္ေနမွန္းလဲမသိ လူေတြနဲ႕ကြဲေနတာေၾကာင့္ နာနီဘာလုပ္လို႔လုပ္ရမွန္းပင္မသိေတာ့ေပ။ လက္က ႀကိဳးစက ႐ုတ္တရက္ႀကီးတင္းလာၿပီး နာနီကိုဆြဲေခၚေနသလိုပင္။

နာနီလည္းႀကိဳးရွိရာေနာက္လိုက္ရင္း လူအုပ္ႀကီးနဲ႕ေဝးသြားတာေၾကာင့္ အသက္ရႈေတာ့ေခ်ာင္သြားေလတယ္။နာနီႀကိဳးကိုစိုက္ၾကည့္ၿပီးလမ္းေလွ်ာက္ေနတာေၾကာင့္ သူ႕အေရွ႕မွာလူရပ္ေနတာကိုပင္မေတြ႕။

နာနီလက္ေကာက္ဝတ္ကိုလူတစ္ေယာက္ကဆုတ္ကိုင္လိုက္တာေၾကာင့္ နာနီလန႔္ၿပီး‌ေမာ့ၾကည့္လိုက္တယ္။ ဘယ္သူႀကီးလဲမသိဘူး သူ႕လက္မွာနဲ႕အနီေရာင္ႀကိဳးစနဲ႕ပဲ။

" ခြန္က ဘယ္သူလဲ "

အေရွ႕က လူကေမးတာေၾကာင့္ နာနီက

" နာနီ အယ္..." နာနီ ေျဖလိုက္မိၿပီးမွ ထိုလူရဲ႕ ေက်ာကဓားကိုျမင္ၿပီးမွ ဒုကၡေရာက္တာပဲ အဲ့တာဇာတ္လိုက္ႀကီး။

ဘာေတြျဖစ္ကုန္တာလဲ။ ဒီႀကိဳးနီက ဇာတ္လိုက္နဲ႕ဇာတ္လိုက္မ နဲ႕စေတြ႕ရင္းျဖစ္တာမဟုတ္ဘူးလား ဘယ္လိုျဖစ္ၿပီး ဒါေတြလဲ။

နာနီ ဇာတ္လိုက္ေကာင္ရဲ႕မ်က္ႏွာကိုၾကည့္မိေတာ့ မ်က္ႏွာထားတင္းေနတာေၾကာင့္

*ငါေျပာတာမၾကားလိုက္ဘူးထင္ စကားမေျပာတတ္ေယာင္ ေဆာင္လိုက္မယ္*

" အာဘာဘာ အာဘာ ဘာဘာ "

" ဟမ့္ လူကိုအ႐ူးလာလုပ္ေနတာလား ခြန္နာနီ၊ ခြန္ခုနကေျပာတာကိုလည္းၾကာပါတယ္ ေနာက္ၿပီး အဲ့သတင္းက မနက္အေစာပိုင္းထဲက အယုဒၶယမွာပ်ံ့ေနၿပီးသား ခြန္စကားျပန္ေျပာတတ္ေနတဲ့အေၾကာင္းက"

" အာ ဟီးဟီး "

နာနီ ရယ္ပဲရယ္ျပလိုက္တယ္။ ရွိသမွ်အရွက္သိကၡာအကုန္ ကုန္ပါၿပီ။

" ခြန္နာနီ ဒါကိုဘယ္လိုလုပ္မွာလဲ "

ဇာတ္လိုက္ေကာင္က လက္ကိုျပၿပီးေမးတာေၾကာင့္

" ဟို ခြန႔္မွာ ဓားႀကီးပါတယ္ေလ "

" အင္း အဲ့ေတာ့ "

နာနီငိုခ်င္လာၿပီ အယုဒၶယက လူေတြကတုံးတာလားဘာလား။

" ခြန္ကလည္း အဲ့ဓားနဲ႕ ျဖတ္လိုက္လို႔ရတယ္ေလ "

" လက္ကိုလား "

" ခြန္ ႐ူးေနတာလား "

နာနီ႕စိတ္ရွည္မႈအတိုင္းအတာကကုန္သြားၿပီျဖစ္တယ္။ ဘယ္လိုဇာတ္လိုက္လဲ ဒီေလာက္ႀကီး ဦးႏွောက္မရွိတာၾက။

ေျပာေနရင္း လက္က ႀကိဳးနီက ႐ုတ္တရက္ေပ်ာက္သြားၿပီး လက္ပတ္နီေလးျဖစ္သာနာနီ႕လက္မွာက်န္ခဲ့တယ္။ ထူးဆန္းတာေၾကာင့္နာနီတအံ့တဩၾကည့္ေနမိတယ္။

" ဖုန္းရွိရင္ေကာင္းတာကြာ ဒီလိုမ်ိဳးလန္းတာေတြကိုမွတ္တမ္းတင္ရမွာကို "

" ေဟ့ ခြန္ဘာေတြေျပာေနတာလဲ "

နာနီက မ်က္ေစာင္းထိုးၿပီး

" ဘာမွမေျပာပါဘူး "

နာနီ လီနာ့ကိုသတိရသြားၿပီး အဲ့ကေလးမ သူ႕ကိုေပ်ာက္လို႔ရွာေနေတာ့မွာပဲ ေဈးထဲတစ္ေယာက္ထဲထားခဲ့တယ္လို႔မ်ားေတြးေနမလားမသိဘူး။

" ခြန္ တစ္ခုေလာက္အကူအညီေတာင္းလို႔ရမလား "

" ဘာလို႔ ကူညီရမွာ "

ေအးေအး။

" နာနီက အခုလမ္းေပ်ာက္သြားတာပါ ေလွေတြဆိုက္တဲ့ေနရာ လိုက္ပို႔ေပးလို႔ရမလား ေနာ္ေနာ္ေနာ္ "

နာနီ ဇာတ္လိုက္ေကာင္ရဲ႕မ်က္ႏွာကိုၾကည့္ေတာ့ တင္းထားတာမ်ိဳးမဟုတ္ေတာ့ဘဲ ႏႈတ္ခမ္းေလးေတာင္ေကြးေနသေယာင္ျဖစ္ေနတယ္။

ၿပီးေတာ့ ဇာတ္လိုက္ေကာင္က ေရွ႕ကျဖတ္သြားၿပီး

" ေနာက္ကေနေသခ်ာလိုက္ "

စကားကိုခပ္ျပတ္ျပတ္ေျပာသြားတာေၾကာင့္ နာနီမ်က္ေစာင္းထိုးလိုက္မိတယ္။ မေက်နပ္ေပမယ့္လည္း လမ္းမွမသိဘဲကို လိုက္ကအုံးမွာေပါ့။

လမ္းေတာ္ေတာ္ၾကာေလွ်ာက္ၿပီးတဲ့အခါ ေလွဆိုက္ရာကမ္းစပ္ကိုေရာက္လာခဲ့ေပမယ့္ စံအိမ္ကေလွေတြတစ္ခုမွရွိမေနေတာ့ေပ။

" WTF ငါ့ကိုထားသြားတာလား "

" ဘာေတြေျပာေနတာလဲ "

နာနီေျပာတဲ့အသံကနည္းနည္းက်ယ္သြားတာေၾကာင့္ ဇာက္လိုက္ေကာင္က မ်က္ေမွာင့္ၾကဳပ္ၾကည့္ကာေမးလာသည္။ဒါေတာင္ ေယာက္ဖေလာင္းေနာ္ ဆက္ဆံေနပုံကလည္း။

နာနီစိတ္ကိုေလွ်ာ့ကာ ၿပဳံးျပၿပီး ထပ္မံေတာင္းဆိုလိုက္တယ္။

" ဟို ခြန္... နာနီ႕ကို စံအိမ္ကိုလိုက္ပို႔ေပးလို႔ရမလား ခြန္သိတယ္မလား "

ဇာတ္လိုက္ေကာင္ကနာနီ႕ကိုေခါင္းအစေျခအဆုံးထိၾကည့္ကာ သက္ျပင္းခ်လိဳက္ၿပီး။

သူ႕အေစခံဟုထင္ရပုံေပၚသည့္ လူတစ္ဦးကိုေခၚကာ ေလွကိုေမာင္းႏွင္ရန္ေျပာလိုက္သည္။

*မယ္ ဇာတ္လိုက္ေကာင္ကဟုတ္ေနတာ ဘယ္သူနဲ႕မွအေရာတဝင္မေနပါဘူးေပါ့ ဟြန႔္*

နာနီက အေစခံေနာက္လိုက္ကာေလွေပၚတက္သြားၿပီး ဇာတ္လိုက္ေကာင္ကိုၿပဳံးျပလိုက္တယ္။ၿပီးေတာ့တာ့တာပါလုပ္ျပလိုက္ေသးတယ္။

" ေက်းဇူးပဲေနာ္ ၿပီးေတာ့ ဘိုင္းဘိုင္ "

ဇာတ္လိုက္ေကာင္ကမ်က္ႏွာထားကတင္းမာလာၿပီး စိတ္ရႈပ္ေနတဲ့ပုံနဲ႕ေလွေပၚတက္လာတယ္။

" အယ္ ခြန္ ဘာလုပ္တာလဲ "

" ကြၽန္ေတာ့္ ေလွေလ "

" ဒါေပမယ့္ နာနီ႕ကိုလိုက္ပို႔ဖို႔ဆို "

" မသိတဲ့သူနဲ႕ ႏွစ္ေယာက္ထဲသြားမလို႔လား? အခုမွေတြ႕ၿပီးနာမည္ေတာင္မသိတဲ့သူကိုတန္းယုံေတာ့တာပဲလားခြန္နာနီက "

နာနီဘာေျပာရမွန္းမသိတာေၾကာင့္ အေရွ႕ျပန္လွည့္ၿပီး အသံပိစိေလးနဲ႕ေျပာလိုက္တယ္။

" သူကေရာယုံရတာၾကလို႔ သူ႕နာမည္ေတာင္ေျပာေသးတာမဟုတ္ဘဲနဲ႕ကို "

" စကိုင္း! စကိုင္းဝုန္ဂရာဝီး ၿပီးေတာ့ ယုံလို႔ရတယ္!"

နာနီအေနာက္လွည့္ၿပီး မ်က္ေစာင္းထိုးလိုက္တယ္။သူဘယ္လိုေတာင္အျမင္ကပ္စရာေကာင္းတဲ့ဇာတ္ေကာင္ကဖန္တီးမိထားတာလဲ။

///////////////

အိုေကရဲ႕လား?🤓

There are no comments yet. Log in to be the first to leave a review!

Similar stories