Ep -16
20:09, 14 October 2023တည္ၿငိမ္ေနတဲ့ေရျပင္က ဂယက္ထသြားတာေရထဲက်သြားတဲ့ ေက်ာက္ခဲေၾကာင့္လား..ေက်ာက္ခဲ ပစ္လိုက္တဲ့သူေၾကာင့္လား..
"Hello"
"ဂ်ီမင္ေျပာေလ.."
"ေဟ်ာင္း..ကြၽန္ေတာ္ေျပာစရာ႐ွိလို႔.."
"အင္း..ေျပာေလဂ်ီမင္.."
"ကြၽန္ေတာ္..ေဟ်ာင္းကိုခ်စ္တယ္..ဒါေပမယ့္.. ဒါေပမယ့္ "
ဂ်ီမင္ဆက္ေျပာမယ္လုပ္တုန္း..အခန္းထဲသို႔ဝင္လာသည့္jungkookေၾကာင့္..ထယ္ေယာင္းအားဆက္မေျပာဘဲေဂ်ာင္ကုကိုပဲျကည့္ေနသည္။
ဘယ္လိုပဲ ေက်ာက္ခဲပစ္ေနပစ္ေန..ေရျပင္ကတစ္ခ်ိန္ၾကရင္ျပန္တည္ၿငိမ္သြားမွာပဲမဟုတ္လား။
ဂ်ီမင္မင္းကေရျပင္ႀကီးနဲ႔တူတယ္..ငါဘယ္ေလာက္ပဲ..မင္းကိုခ်စ္ေပးေပးမင္းလည္းဘယ္ေလာက္ပဲ...ငါ့အေပၚစိတ္ယိုင္ေနခဲ့ပါေစ..မင္းကငါ့ကတိုခ်စ္တာမဟုတ္ဘူး။တစ္ခ်ိန္ၾကရင္ မင္းကသက္ဆိုင္သူဆီကိုျပန္သြားမွာပဲမဟုတ္လား...။
"ဂ်ီမင္..ေဟ်ာင္းေျပာတာကိုအရင္နားေထာင္ေနာ္..ေဟ်ာင္းကဂ်ီမင္ကိုခ်စ္တယ္အမ်ားႀကီးပိုခ်စ္တယ္..ဂ်ီမင္ဘယ္လိုအေျခအေနပဲဖစ္ေနပါေစ..ေဟ်ာင္းလက္ခံႏိုင္တယ္..ဂ်ီမင္သာေဟ်ာင္းဆီျပန္လာရင္ဘာေတြျဖစ္ခဲ့ျဖစ္ခဲ့ ဥေပကၡာျပဳထားႏိုင္တယ္''
"Hyun..hyung ကြၽန္ေတာ့္..အေၾကာင္းကိုသိေနတာလား.."
"ဘာအေၾကာင္းလဲ...ဂ်ီမင္ရဲ႕"
ကြၽန္ေတာ္ ေဂ်ာင္ကုအားျပန္ၾကည့္လိုက္ေဂ်ာင္ကုကကြၽန္ေတာ့္အား..ျပံဳးျပကာေခါင္းရမ္းျပသည္။သူကကြၽန္ေတာ့္ကိုမေျပာခိုင္းတာလား..။ခင္ဗ်ား ကြၽန္ေတာ့္ကိုအဲ့ေလာက္ေတာင္ပဲခ်စ္လား..။
သူမ်က္လံုးေတြမွာေၾကကြဲမႈေတြေတြ႔ေနရတယ္။ဒါေပမယ့္ ကြၽန္ေတာ္ ခင္ဗ်ား ကိုမခ်စ္ႏိုင္ဘူးျဖစ္ေနတယ္။ကြၽန္ေတာ္ ဘာလုပ္ရမလဲ။
သူကကြၽန္ေတာ့္ဆီသို႔ေလ်ွာက္လာၿပီး..ကြၽန္ေတာ့္ေ႐ွ႕မွာဒူးေထာက္ထိုင္ခ်လိုက္သည္။ကြၽန္ေတာ့္လက္ကိုဆုပ္ကိုင္ကာ..
"မင္းႏွလံုးသားေနာက္ကိုပဲလိုက္ပါ..မင္းကိုမနာက်င္ေစခ်င္ဘူး.."
ေဂ်ာင္ကုေျပာသည့္စကားကိုၾကားၿပီး ဂ်ီမင္တခဏေတာ့ ၿငိမ္သက္ေနမိသည္။
"ဂ်ီမင္...ဂ်ီမင္"
ဖုန္းထဲမွ ထယ္ေယာင္းရဲ႕အသံၾကားမွဂ်ီမင္လည္းအသိျပန္ဝင္လာၿပီး..စကားစလိုက္သည္။
"ေဟ်ာင္း...ကြၽန္ေတာ္ကေနေကာင္းလားလို႔လွမ္းေမးတာပါ.."
"ေဟ်ာင္းကေကာင္းပါတယ္..ဂ်ီမင္ေရာ..ေနေကာင္းလား"
"အင္း...အင္း..ကြၽန္ေတာ္ကေကာင္းပါတယ္"
"ဂ်ီမင္တစ္ခုခုစိတ္ညစ္စရာ႐ွိလို႔လား.."
"အာ..မ...မ႐ွိပါဘူး..ဒါ..ဒါဆိုဖုန္းခ်လိုက္ေတာ့မယ္ေနာ္"
"အင္း..ခ်စ္တယ္"
ထယ္ေယာင္းစကားအဆံုး ဂ်ီမင္ဖုန္းခ်လိုက္သည္။
"ဘာလို႔..အမွန္အတိုင္းမေျပာခိုင္းတာလဲ"
"မင္းငါ့ကိုခ်စ္လို႔လား..မင္"ကြၽန္ေတာ္သတိထားမိတယ္..အခုေနာက္ပိုင္းသူကကြၽန္ေတာ့္ကို မင္ လို႔အဖ်ားစြတ္ၿပီးေခၚလာတတ္တယ္။
"မင္းခ်စ္တဲ့သူဆီပဲသြားပါ..ငါကအဆင္ေျပတယ္..မင္းထယ္ေယာင္းကိုခ်စ္သလိုထယ္ေယာင္းကလည္းမင္းကိုခ်စ္တယ္မလား..မင္းမေပ်ာ္ရႊင္တဲ့အရပ္မွာေနမလ္ု႔လား..မင္းငါ့ကိုမခ်စ္ပဲ လက္ထပ္ယူရင္..မင္းမေပ်ာ္ရႊင္ရဘူးေလ..''
ခင္ဗ်ား ကိုတကယ္နားမလည္ႏိုင္ဘူး..ခင္ဗ်ား တကယ္ပဲ ကြၽန္ေတာ့္ကိုဘယ္လိုျဖစ္ေစခ်င္တာလဲ။
"အဲ့ဒါဆို ဘာကိစၥနဲ႔ ကြၽန္ေတာ့္ကိုကတိေပးႏိုင္လားဆိုၿပီးအရင္တုန္းကကတိေတာင္းခဲ့တာလဲ"
"အဲ့ဒီကတိကိုမင္းေပးခဲ့ၿပီၿပီေလ..ငါမင္းကိုဒီေလာက္ထိလိုက္ေလ်ာခဲ့ၿပီပဲ..မင္းဘက္ကိုဒီကတိေလးေတာင္းဆိုတာျဖစ္သင့္တယ္မလား.."
"ဂြၽန္ေဂ်ာင္ကု ခင္ဗ်ား ဟာေလ..ကြၽန္ေတာ္ခင္ဗ်ားကိုသနားေတာ့မလို႔ပဲ..အခုက်ေတာ့ ျဖတ္႐ိုက္ခ်င္စရာေကာင္းလိုက္တာ..ကြၽန္ေတာ္ခက္ခက္ခဲခဲခ်ထားတဲ့ဆံုးျဖတ္ခ်က္ကို..ခင္ဗ်ားကဘာလို႔တားရတာလဲ..တကယ္ပဲကြၽန္ေတာ့္ကိုစိတ္ဆင္းရဲျပီးေသေစခ်င္တာလား"
"စိတ္ညစ္ မခံနဲ႔ဗိုက္ထဲကကေလးအတြက္မေကာင္းဘူး"
"ဂြၽန္ေဂ်ာင္ကု ခင္ဗ်ား တကယ္နားလည္ရခက္လိုက္တာ..စိတ္ခ်..ကေလးေမြးၿပီးတာနဲ႔..ကေလးမ်က္ႏွာလည္းမၾကည့္ဘူး.."
ဂ်ီမင္စိတ္ဆိုးသြားေသာ္လည္းေဂ်ာင္ကုက..ျပန္မေခ်ာ့ခဲ့ေပ။
ဂ်ီမင္မင္းကိုအစကေတာ့ ငါဆြဲထားမလို႔ပဲ..အခုေတာ့မဆြဲထားေတာ့ဘူး..မင္းေပ်ာ္တာကိုပဲငါျမင္ခ်င္တာပါ..ကြၽန္ေတာ္သိပ္႐ူးခဲ့တာပဲ...
တကၠသိုလ္မွာ အစတည္းကဒီေကာင္ေလးကိုမသိခဲ့ရင္ေကာင္းသား။သူကိုပထမစစေတြ႔ခ်င္းပဲ..ခ်စ္မိခဲ့လို႔ငါ့ရည္းစားကိုေတာင္ျဖတ္ခဲ့တာ..ဒါေပမယ့္ မင္းထယ္ေယာင္းကိုႀကိဳက္ေနတာသိသြားေတာ့..ငါ့ႏွလံုးသားတစ္ခုလံုးကြဲေျကသြားသလိုပဲ.. ။အဲ့ေနာက္ပိုင္းငါနဲ႔မင္းနဲ႔ ထပ္ၿပီးပက္သက္လာမိတယ္..မင္းနဲ႔အတတ္ႏိုင္ဆံုးငါေ႐ွာင္ေနခဲ့တယ္..။ဘယ္လိုလုပ္ရမလဲ...အခုေတာ့..ငါႏွလံုးသားနာက်င္ပါေစ..မင္းႏွလံုးသားကိုမနာက်င္ေစခ်င္ဘူး။
ေဂ်ာင္ကု ထယ္ေယာင္းဆီသို႔ဖုန္းဆက္ခဲ့သည္။
"ထယ္ေယာင္း..."
"ဟက္..ဘာလဲမင္းဘာကိစၥငါ့ကိုဖုန္းဆက္တာလဲ...မင္းလုပ္ထားတာေတြမွအားမရလို႔..ေတာက္စ္"
Taehyungစကားေၾကာင့္ေဂ်ာင္ကုခပ္ရဲ႕ရဲ႕သာရယ္လိုက္ၿပီး..
"ထယ္ေယာင္း..ငါရည္ရြယ္ၿပီးလုပ္တာမဟုတ္ဘူးဒါေပမယ့္ ငါမင္းကိုေျပာမယ္..မင္းလုပ္ရပ္ေလာက္ငါလုပ္ရပ္မဆိုးခဲ့ဘူးကင္ထယ္ေယာင္း."
"မင္းက်န္တာႀကိဳက္သေလာက္လုပ္ကြာ..ဂ်ီမင္ကိုေတာ့ငါတို႔ၾကားထဲမညႇပ္ေစနဲ႔"
"ဘာလဲ..မင္းကငါကအရင္ကိစၥေတြကိုအခဲမေက်လို႔..လုပ္တယ္ထင္ေနတာလား ငါမွာအဲ့လိုစိတ္မ႐ွိဘူးကင္ထယ္ေယာင္း..မင္းဂ်ီမင္ကိုလက္ခံႏိုင္ေသးလား..ငါမေက်နပ္လို႔ေျပာေနတာမဟုတ္ဘူး..ငါဂ်ီမင္ကိုတကယ္ခ်စ္တာ..ဒါေပမယ့္ ဂ်ီမင္ရဲ႕စိတ္ထဲမွာငါမ႐ွိဘူး..သူ႔စိတ္ထဲမွာ႐ွိတာမင္းပဲ ကင္ထယ္ေယာင္း..ငါသူ႔ကိုစိတ္ခ်မ္းသာေစခ်င္တယ္"
"ငါကလည္း..ဂ်ီမင္ကိုမင္းလက္ထဲထည့္ဖို႔စိတ္ကူးမ႐ွိဘူးဂြၽန္ေဂ်ာင္ကု..ေအး..မင္းခ်စ္တာထက္အဆေပါင္းမ်ားစြာငါခ်စ္တယ္..ဒါေၾကာင့္ ဂ်ီမင္ကိုမဆြဲထားနဲ႔ဂ်ီမင္ဘယ္လိုအေျခအေနမ်ိဳးျဖစ္ျဖစ္ငါေက်နပ္တယ္ ေဂ်ာင္ကု"
"ေက်းဇူးတင္ပါတယ္ ဂ်ီမင္ကိုျပန္လက္ခံေပးလို႔ထယ္ေယာင္း ဂ်ီမင္ကိုေပ်ာ္ေအာင္ထားပါငါဂ်ီမင္ကေလးေမြးၿပီးတာနဲ႔...ကေလးကိုေခၚၿပီးထြက္သြားမွာ..''
"ငါလည္းစိတ္မေကာင္းပါဘူး..ငါခ်စ္ရတဲ့သူကိုလက္မလႊတ္ခ်င္ေတာ့ဘူး..မင္းမိဘေတြက မင္းကိုေဂ်ာင္ဟိုေဆာ့နဲ႔လက္ထပ္ေပးဖို႔စီစဥ္ေနတယ္..Jung group ကေလ..ဂ်ီမင္နဲ႔လည္းသူငယ္ခ်င္းပဲ"
"ဘဝတစ္ခုဆိုေတာ္ပါၿပီကြာ..ေနာက္ဘဝကိုေတာ့မပ်က္စီးေစခ်င္ဘူး"
ဟင္းးး..ထပ္ၿပီးေတာ့ ဘာျဖစ္ျပန္ဦးမွာလဲက်စ္...
>>>>>>>>>>>>>>>>>>>>
၈လၾကာၿပီးေနာက္..
"ဂ်ီမင္..အဆင္ေျပရဲ့လား.."
ညအခ်ိန္၇နာရီပင္..အိမ္ေ႐ွ႕မွာ တီဗီၾကည့္ရင္း..ေဂ်ာင္ကုကေမးသည္။
"အင္း...တစ္ခါတစ္ေလ ဗိုက္ခံေနလို႔အိပ္လို႔မရတာပဲ႐ွိတာ.."
ညဘက္ဆို အိပ္လို႔မေပ်ာ္လို႔ ေမွာက္အိပ္ခ်င္ေပမယ့္ ဗိုက္ခံေနေတာ့အဆင္မေျပ။
"ခနေလာက္သည္းခံလိုက္ပါ..ေနာက္ႏွစ္ရက္ေလာက္ေနရင္ မင္းေမြးရက္ေရာက္ၿပီ.."
ဟူးးး..ေနာက္ႏွစ္ရက္ေနရင္ေမြးဖို႔ရက္ေတာင္ေရာက္ၿပီပဲ...ကြၽန္ေတာ္ျပန္ရဖို႔ရက္လည္းနီးလာၿပီ..ထယ္ေယာင္းေဟ်ာင္းကို အားနာေနတုန္းပဲ။ကြၽန္ေတာ္သူ႔ကိုလွည့္စားသလိုျဖစ္ေနမလား..ထယ္ေယာင္းေဟ်ာင္းအျဖစ္မွန္ေတြအားလံုးသိသြားရင္ မုန္းသြားမွာလား..။
အေတြးေတြနဲ႔ျပည့္ေနတုန္း..တျဖည္းျဖည္းနာလာသည့္ဗိုက္ေၾကာင့္..စိုးရိမ္မိသည္။ေမြးရက္ကေနာက္ႏွစ္ရက္ေနမွမဟုတ္လား။အားး..ဗိုက္ကအရမ္းနာလာၿပီ..
"ဂြၽန္ေဂ်ာင္ကု...ဂြၽန္ေဂ်ာင္ကု "
"ေျပာေလ..မင္"
"အား..အား..ကြၽန္ေတာ္ဗိုက္နာလာလို႔..အား..ကြၽန္ေတာ္ဗိုက္အရမ္းနာေနၿပီ"
"ေမြးခ်င္ေနၿပီထင္တယ္.."
"ဂြၽန္ေဂ်ာင္ကု..ျမန္ျမန္ေဆးရံုပို႔ေပး..နာေနၿပီ"
ေဂ်ာင္ကုလည္း..ဂ်ီမင္ေပြ႔ခ်ီကာအျမန္ေဆးရံုသို႔သြားေနသည္။စိတ္ထဲမွာလည္း..ဆုေတာင္းသံေတြမ်ားလြန္းလို႔ ျဖည့္ဆည္းေပးရင္ေတာင္ဘယ္ဟာကို ျဖည့္ဆည္းေပးရမွန္းမသိျဖစ္သြားႏိုင္သည္။
ကေလးေရာလူႀကီးေရာ ဘာမွမျဖစ္ပါေစနဲ႔..။ဂ်ီမင္ကိုလည္း... သနားမိတယ္။သူဘယ္ေလာက္ေတာင္နာေနလိုက္မလဲ..မ်က္လံုးမွ စီးက်လာသည့္ မ်က္ရည္ေတြကဂ်ီမင္ဘယ္ေလာက္နာက်င္သလဲဟုေဖာ္ျပေနသေယာင္။
"ဂ်ီမင္စိတ္ေလ်ာ့ထားေနာ္..ဂ်ီမင္..အားတင္းထား...ဂ်ီမင္...ဂ်ီမင္"
ဂ်ီမင္ ရဲ႕ႏွဖူးစမ်ားတြင္ ေခြၽးစမ်ားစို႔လာၿပီး..ေဂ်ာင္ကုလက္ကိုလည္းတင္းၾကပ္စြာဆုပ္ကိူင္ထားသည္။မ်က္လႊာေလးေတြကလည္း...ေမွးစင္းလာၿပီးမ်က္လႊာခ်ထားၿပီး ပါးစပ္အနည္းဟကာအသက္ျပင္းျပင္း႐ွဴေနသည္။
"ဂ်ီမင္....ဂ်ီမင္..ခနေလာက္ပဲ..ေဆးရံုေရာက္ေတာ့မယ္အားတင္းထားေနာ္..ဂ်ီမင္ "
ေဂ်ာင္ကုဂ်ီမင္လက္ကိုတင္းၾကပ္စြာဆုပ္ကိုင္လိုက္ထားၿပီး..ေဆးရံုသို႔အျမန္ေရာက္ရန္ေမာင္းႏွင္ေနသည္။
ေဆးရံုေရာက္သည္ႏွင့္ တၿပိဳင္နက္ဂ်ီမင္ကိုေပြ႔ခ်ီကာ..ဆရာဝန္အားအျမန္ျပရသည္။
"အေရးေပၚလူနာ..ဘူအာကအေျခအေနမေကာင္းဘူး..ျမန္ျမန္.."
ဂ်ီမင္ကို ဆရာဝန္ေတြက ခြဲစိတ္ခန္းထဲသို႔အျမန္ေခၚသြားၾကသည္။ကေလးေရာလူႀကီးေရာ..ဘာမွမျဖစ္ပါေစနဲ႔ဟုဆုေတာင္းေနရသည္။
ထို႔ေနာက္ nurse ေတြကခြဲစိတ္ခန္းထဲဝင္လိုက္ထြက္လိုက္ျဖင့္ေျပးလႊားေနၾကသည္။
"Nurse တဆိတ္ေလာက္..အေျခအေနဘယ္လို႐ွိလဲသိပါရေစ''(Jungkookနဲ႔အျပန္အလွန္ အဂၤလိပ္ လိုေျပာတာေနာ္...အဂၤလိပ္လိုေရးရင္အဆင္မေျပမွာစိုးလို႔)
"လူနာကအရမ္းေသြးထြက္လြန္ေနတယ္..အေျခအေနသိပ္မေကာင္းဘူး...ေယာက်ာ္းေလးကိုယ္ဝန္ေဆာင္ဆိုေတာ့..အမ်ိဳးသမီး ကိုယ္ဝန္ေဆာင္ ေတြနဲ႔မတူေတာ့..ေမြးဖြားရတာအခက္အခဲ႐ွိေနပါတယ္"
ေဂ်ာင္ကု nurseႏွင့္စကားေျပာေနခ်ိန္အေနာက္က သူနာျပဳတစ္ေယာက္ခြဲစိတ္ခန္းထဲကထြက္လာၿပီး..Nurseအားလွမ္းေျပာလိုက္သည္။
"လူနာသတိလစ္သြားၿပီ..ျမန္ျမန္လာပါ"
ေဂ်ာင္ကုႏွင့္စကားေျပာေနသည့္သူနာျပဳလည္း ခြဲစိတ္ခန္းထဲသို႔အေျပးျပန္ဝင္သြားၿပီး..ေဂ်ာင္ကုကေတာ့ အျပင္မွာလက္ႏွစ္ဖက္တင္းတင္းဆုပ္ကိုင္ကာဆုေတာင္းရင္းက်န္ခဲ့သည္။
Unicode
တည်ငြိမ်နေတဲ့ရေပြင်က ဂယက်ထသွားတာရေထဲကျသွားတဲ့ ကျောက်ခဲကြောင့်လား..ကျောက်ခဲ ပစ်လိုက်တဲ့သူကြောင့်လား..
"Hello"
"ဂျီမင်ပြောလေ.."
"ဟျောင်း..ကျွန်တော်ပြောစရာရှိလို့.."
"အင်း..ပြောလေဂျီမင်.."
"ကျွန်တော်..ဟျောင်းကိုချစ်တယ်..ဒါပေမယ့်.. ဒါပေမယ့် "
ဂျီမင်ဆက်ပြောမယ်လုပ်တုန်း..အခန်းထဲသို့ဝင်လာသည့်jungkookကြောင့်..ထယ်ယောင်းအားဆက်မပြောဘဲဂျောင်ကုကိုပဲကြည့်နေသည်။
ဘယ်လိုပဲ ကျောက်ခဲပစ်နေပစ်နေ..ရေပြင်ကတစ်ချိန်ကြရင်ပြန်တည်ငြိမ်သွားမှာပဲမဟုတ်လား။
ဂျီမင်မင်းကရေပြင်ကြီးနဲ့တူတယ်..ငါဘယ်လောက်ပဲ..မင်းကိုချစ်ပေးပေးမင်းလည်းဘယ်လောက်ပဲ...ငါ့အပေါ်စိတ်ယိုင်နေခဲ့ပါစေ..မင်းကငါ့ကတိုချစ်တာမဟုတ်ဘူး။တစ်ချိန်ကြရင် မင်းကသက်ဆိုင်သူဆီကိုပြန်သွားမှာပဲမဟုတ်လား...။
"ဂျီမင်..ဟျောင်းပြောတာကိုအရင်နားထောင်နော်..ဟျောင်းကဂျီမင်ကိုချစ်တယ်အများကြီးပိုချစ်တယ်..ဂျီမင်ဘယ်လိုအခြေအနေပဲဖစ်နေပါစေ..ဟျောင်းလက်ခံနိုင်တယ်..ဂျီမင်သာဟျောင်းဆီပြန်လာရင်ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ဥပေက္ခာပြုထားနိုင်တယ်''
"Hyun..hyung ကျွန်တော့်..အကြောင်းကိုသိနေတာလား.."
"ဘာအကြောင်းလဲ...ဂျီမင်ရဲ့"
ကျွန်တော် ဂျောင်ကုအားပြန်ကြည့်လိုက်ဂျောင်ကုကကျွန်တော့်အား..ပြုံးပြကာခေါင်းရမ်းပြသည်။သူကကျွန်တော့်ကိုမပြောခိုင်းတာလား..။ခင်ဗျား ကျွန်တော့်ကိုအဲ့လောက်တောင်ပဲချစ်လား..။
သူမျက်လုံးတွေမှာကြေကွဲမှုတွေတွေ့နေရတယ်။ဒါပေမယ့် ကျွန်တော် ခင်ဗျား ကိုမချစ်နိုင်ဘူးဖြစ်နေတယ်။ကျွန်တော် ဘာလုပ်ရမလဲ။
သူကကျွန်တော့်ဆီသို့လျှောက်လာပြီး..ကျွန်တော့်ရှေ့မှာဒူးထောက်ထိုင်ချလိုက်သည်။ကျွန်တော့်လက်ကိုဆုပ်ကိုင်ကာ..
"မင်းနှလုံးသားနောက်ကိုပဲလိုက်ပါ..မင်းကိုမနာကျင်စေချင်ဘူး.."
ဂျောင်ကုပြောသည့်စကားကိုကြားပြီး ဂျီမင်တခဏတော့ ငြိမ်သက်နေမိသည်။
"ဂျီမင်...ဂျီမင်"
ဖုန်းထဲမှ ထယ်ယောင်းရဲ့အသံကြားမှဂျီမင်လည်းအသိပြန်ဝင်လာပြီး..စကားစလိုက်သည်။
"ဟျောင်း...ကျွန်တော်ကနေကောင်းလားလို့လှမ်းမေးတာပါ.."
"ဟျောင်းကကောင်းပါတယ်..ဂျီမင်ရော..နေကောင်းလား"
"အင်း...အင်း..ကျွန်တော်ကကောင်းပါတယ်"
"ဂျီမင်တစ်ခုခုစိတ်ညစ်စရာရှိလို့လား.."
"အာ..မ...မရှိပါဘူး..ဒါ..ဒါဆိုဖုန်းချလိုက်တော့မယ်နော်"
"အင်း..ချစ်တယ်"
ထယ်ယောင်းစကားအဆုံး ဂျီမင်ဖုန်းချလိုက်သည်။
"ဘာလို့..အမှန်အတိုင်းမပြောခိုင်းတာလဲ"
"မင်းငါ့ကိုချစ်လို့လား..မင်"ကျွန်တော်သတိထားမိတယ်..အခုနောက်ပိုင်းသူကကျွန်တော့်ကို မင် လို့အဖျားစွတ်ပြီးခေါ်လာတတ်တယ်။
"မင်းချစ်တဲ့သူဆီပဲသွားပါ..ငါကအဆင်ပြေတယ်..မင်းထယ်ယောင်းကိုချစ်သလိုထယ်ယောင်းကလည်းမင်းကိုချစ်တယ်မလား..မင်းမပျော်ရွှင်တဲ့အရပ်မှာနေမလ်ု့လား..မင်းငါ့ကိုမချစ်ပဲ လက်ထပ်ယူရင်..မင်းမပျော်ရွှင်ရဘူးလေ..''
ခင်ဗျား ကိုတကယ်နားမလည်နိုင်ဘူး..ခင်ဗျား တကယ်ပဲ ကျွန်တော့်ကိုဘယ်လိုဖြစ်စေချင်တာလဲ။
"အဲ့ဒါဆို ဘာကိစ္စနဲ့ ကျွန်တော့်ကိုကတိပေးနိုင်လားဆိုပြီးအရင်တုန်းကကတိတောင်းခဲ့တာလဲ"
"အဲ့ဒီကတိကိုမင်းပေးခဲ့ပြီပြီလေ..ငါမင်းကိုဒီလောက်ထိလိုက်လျောခဲ့ပြီပဲ..မင်းဘက်ကိုဒီကတိလေးတောင်းဆိုတာဖြစ်သင့်တယ်မလား.."
"ဂျွန်ဂျောင်ကု ခင်ဗျား ဟာလေ..ကျွန်တော်ခင်ဗျားကိုသနားတော့မလို့ပဲ..အခုကျတော့ ဖြတ်ရိုက်ချင်စရာကောင်းလိုက်တာ..ကျွန်တော်ခက်ခက်ခဲခဲချထားတဲ့ဆုံးဖြတ်ချက်ကို..ခင်ဗျားကဘာလို့တားရတာလဲ..တကယ်ပဲကျွန်တော့်ကိုစိတ်ဆင်းရဲပြီးသေစေချင်တာလား"
"စိတ်ညစ် မခံနဲ့ဗိုက်ထဲကကလေးအတွက်မကောင်းဘူး"
"ဂျွန်ဂျောင်ကု ခင်ဗျား တကယ်နားလည်ရခက်လိုက်တာ..စိတ်ချ..ကလေးမွေးပြီးတာနဲ့..ကလေးမျက်နှာလည်းမကြည့်ဘူး.."
ဂျီမင်စိတ်ဆိုးသွားသော်လည်းဂျောင်ကုက..ပြန်မချော့ခဲ့ပေ။
ဂျီမင်မင်းကိုအစကတော့ ငါဆွဲထားမလို့ပဲ..အခုတော့မဆွဲထားတော့ဘူး..မင်းပျော်တာကိုပဲငါမြင်ချင်တာပါ..ကျွန်တော်သိပ်ရူးခဲ့တာပဲ...
တက္ကသိုလ်မှာ အစတည်းကဒီကောင်လေးကိုမသိခဲ့ရင်ကောင်းသား။သူကိုပထမစစတွေ့ချင်းပဲ..ချစ်မိခဲ့လို့ငါ့ရည်းစားကိုတောင်ဖြတ်ခဲ့တာ..ဒါပေမယ့် မင်းထယ်ယောင်းကိုကြိုက်နေတာသိသွားတော့..ငါ့နှလုံးသားတစ်ခုလုံးကွဲကြေသွားသလိုပဲ.. ။အဲ့နောက်ပိုင်းငါနဲ့မင်းနဲ့ ထပ်ပြီးပက်သက်လာမိတယ်..မင်းနဲ့အတတ်နိုင်ဆုံးငါရှောင်နေခဲ့တယ်..။ဘယ်လိုလုပ်ရမလဲ...အခုတော့..ငါနှလုံးသားနာကျင်ပါစေ..မင်းနှလုံးသားကိုမနာကျင်စေချင်ဘူး။
ဂျောင်ကု ထယ်ယောင်းဆီသို့ဖုန်းဆက်ခဲ့သည်။
"ထယ်ယောင်း..."
"ဟက်..ဘာလဲမင်းဘာကိစ္စငါ့ကိုဖုန်းဆက်တာလဲ...မင်းလုပ်ထားတာတွေမှအားမရလို့..တောက်စ်"
Taehyungစကားကြောင့်ဂျောင်ကုခပ်ရဲ့ရဲ့သာရယ်လိုက်ပြီး..
"ထယ်ယောင်း..ငါရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူးဒါပေမယ့် ငါမင်းကိုပြောမယ်..မင်းလုပ်ရပ်လောက်ငါလုပ်ရပ်မဆိုးခဲ့ဘူးကင်ထယ်ယောင်း."
"မင်းကျန်တာကြိုက်သလောက်လုပ်ကွာ..ဂျီမင်ကိုတော့ငါတို့ကြားထဲမညှပ်စေနဲ့"
"ဘာလဲ..မင်းကငါကအရင်ကိစ္စတွေကိုအခဲမကျေလို့..လုပ်တယ်ထင်နေတာလား ငါမှာအဲ့လိုစိတ်မရှိဘူးကင်ထယ်ယောင်း..မင်းဂျီမင်ကိုလက်ခံနိုင်သေးလား..ငါမကျေနပ်လို့ပြောနေတာမဟုတ်ဘူး..ငါဂျီမင်ကိုတကယ်ချစ်တာ..ဒါပေမယ့် ဂျီမင်ရဲ့စိတ်ထဲမှာငါမရှိဘူး..သူ့စိတ်ထဲမှာရှိတာမင်းပဲ ကင်ထယ်ယောင်း..ငါသူ့ကိုစိတ်ချမ်းသာစေချင်တယ်"
"ငါကလည်း..ဂျီမင်ကိုမင်းလက်ထဲထည့်ဖို့စိတ်ကူးမရှိဘူးဂျွန်ဂျောင်ကု..အေး..မင်းချစ်တာထက်အဆပေါင်းများစွာငါချစ်တယ်..ဒါကြောင့် ဂျီမင်ကိုမဆွဲထားနဲ့ဂျီမင်ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ်ငါကျေနပ်တယ် ဂျောင်ကု"
"ကျေးဇူးတင်ပါတယ် ဂျီမင်ကိုပြန်လက်ခံပေးလို့ထယ်ယောင်း ဂျီမင်ကိုပျော်အောင်ထားပါငါဂျီမင်ကလေးမွေးပြီးတာနဲ့...ကလေးကိုခေါ်ပြီးထွက်သွားမှာ..''
"ငါလည်းစိတ်မကောင်းပါဘူး..ငါချစ်ရတဲ့သူကိုလက်မလွှတ်ချင်တော့ဘူး..မင်းမိဘတွေက မင်းကိုဂျောင်ဟိုဆော့နဲ့လက်ထပ်ပေးဖို့စီစဉ်နေတယ်..Jung group ကလေ..ဂျီမင်နဲ့လည်းသူငယ်ချင်းပဲ"
"ဘဝတစ်ခုဆိုတော်ပါပြီကွာ..နောက်ဘဝကိုတော့မပျက်စီးစေချင်ဘူး"
ဟင်းးး..ထပ်ပြီးတော့ ဘာဖြစ်ပြန်ဦးမှာလဲကျစ်...
>>>>>>>>>>>>>>>>>>>>
၈လကြာပြီးနောက်..
"ဂျီမင်..အဆင်ပြေရဲ့လား.."
ညအချိန်၇နာရီပင်..အိမ်ရှေ့မှာ တီဗီကြည့်ရင်း..ဂျောင်ကုကမေးသည်။
"အင်း...တစ်ခါတစ်လေ ဗိုက်ခံနေလို့အိပ်လို့မရတာပဲရှိတာ.."
ညဘက်ဆို အိပ်လို့မပျော်လို့ မှောက်အိပ်ချင်ပေမယ့် ဗိုက်ခံနေတော့အဆင်မပြေ။
"ခနလောက်သည်းခံလိုက်ပါ..နောက်နှစ်ရက်လောက်နေရင် မင်းမွေးရက်ရောက်ပြီ.."
ဟူးးး..နောက်နှစ်ရက်နေရင်မွေးဖို့ရက်တောင်ရောက်ပြီပဲ...ကျွန်တော်ပြန်ရဖို့ရက်လည်းနီးလာပြီ..ထယ်ယောင်းဟျောင်းကို အားနာနေတုန်းပဲ။ကျွန်တော်သူ့ကိုလှည့်စားသလိုဖြစ်နေမလား..ထယ်ယောင်းဟျောင်းအဖြစ်မှန်တွေအားလုံးသိသွားရင် မုန်းသွားမှာလား..။
အတွေးတွေနဲ့ပြည့်နေတုန်း..တဖြည်းဖြည်းနာလာသည့်ဗိုက်ကြောင့်..စိုးရိမ်မိသည်။မွေးရက်ကနောက်နှစ်ရက်နေမှမဟုတ်လား။အားး..ဗိုက်ကအရမ်းနာလာပြီ..
"ဂျွန်ဂျောင်ကု...ဂျွန်ဂျောင်ကု "
"ပြောလေ..မင်"
"အား..အား..ကျွန်တော်ဗိုက်နာလာလို့..အား..ကျွန်တော်ဗိုက်အရမ်းနာနေပြီ"
"မွေးချင်နေပြီထင်တယ်.."
"ဂျွန်ဂျောင်ကု..မြန်မြန်ဆေးရုံပို့ပေး..နာနေပြီ"
ဂျောင်ကုလည်း..ဂျီမင်ပွေ့ချီကာအမြန်ဆေးရုံသို့သွားနေသည်။စိတ်ထဲမှာလည်း..ဆုတောင်းသံတွေများလွန်းလို့ ဖြည့်ဆည်းပေးရင်တောင်ဘယ်ဟာကို ဖြည့်ဆည်းပေးရမှန်းမသိဖြစ်သွားနိုင်သည်။
ကလေးရောလူကြီးရော ဘာမှမဖြစ်ပါစေနဲ့..။ဂျီမင်ကိုလည်း... သနားမိတယ်။သူဘယ်လောက်တောင်နာနေလိုက်မလဲ..မျက်လုံးမှ စီးကျလာသည့် မျက်ရည်တွေကဂျီမင်ဘယ်လောက်နာကျင်သလဲဟုဖော်ပြနေသယောင်။
"ဂျီမင်စိတ်လျော့ထားနော်..ဂျီမင်..အားတင်းထား...ဂျီမင်...ဂျီမင်"
ဂျီမင် ရဲ့နှဖူးစများတွင် ချွေးစများစို့လာပြီး..ဂျောင်ကုလက်ကိုလည်းတင်းကြပ်စွာဆုပ်ကိူင်ထားသည်။မျက်လွှာလေးတွေကလည်း...မှေးစင်းလာပြီးမျက်လွှာချထားပြီး ပါးစပ်အနည်းဟကာအသက်ပြင်းပြင်းရှူနေသည်။
"ဂျီမင်....ဂျီမင်..ခနလောက်ပဲ..ဆေးရုံရောက်တော့မယ်အားတင်းထားနော်..ဂျီမင် "
ဂျောင်ကုဂျီမင်လက်ကိုတင်းကြပ်စွာဆုပ်ကိုင်လိုက်ထားပြီး..ဆေးရုံသို့အမြန်ရောက်ရန်မောင်းနှင်နေသည်။
ဆေးရုံရောက်သည်နှင့် တပြိုင်နက်ဂျီမင်ကိုပွေ့ချီကာ..ဆရာဝန်အားအမြန်ပြရသည်။
"အရေးပေါ်လူနာ..ဘူအာကအခြေအနေမကောင်းဘူး..မြန်မြန်.."
ဂျီမင်ကို ဆရာဝန်တွေက ခွဲစိတ်ခန်းထဲသို့အမြန်ခေါ်သွားကြသည်။ကလေးရောလူကြီးရော..ဘာမှမဖြစ်ပါစေနဲ့ဟုဆုတောင်းနေရသည်။
ထို့နောက် nurse တွေကခွဲစိတ်ခန်းထဲဝင်လိုက်ထွက်လိုက်ဖြင့်ပြေးလွှားနေကြသည်။
"Nurse တဆိတ်လောက်..အခြေအနေဘယ်လိုရှိလဲသိပါရစေ''(Jungkookနဲ့အပြန်အလှန် အင်္ဂလိပ် လိုပြောတာနော်...အင်္ဂလိပ်လိုရေးရင်အဆင်မပြေမှာစိုးလို့)
"လူနာကအရမ်းသွေးထွက်လွန်နေတယ်..အခြေအနေသိပ်မကောင်းဘူး...ယောကျာ်းလေးကိုယ်ဝန်ဆောင်ဆိုတော့..အမျိုးသမီး ကိုယ်ဝန်ဆောင် တွေနဲ့မတူတော့..မွေးဖွားရတာအခက်အခဲရှိနေပါတယ်"
ဂျောင်ကု nurseနှင့်စကားပြောနေချိန်အနောက်က သူနာပြုတစ်ယောက်ခွဲစိတ်ခန်းထဲကထွက်လာပြီး..Nurseအားလှမ်းပြောလိုက်သည်။
"လူနာသတိလစ်သွားပြီ..မြန်မြန်လာပါ"
ဂျောင်ကုနှင့်စကားပြောနေသည့်သူနာပြုလည်း ခွဲစိတ်ခန်းထဲသို့အပြေးပြန်ဝင်သွားပြီး..ဂျောင်ကုကတော့ အပြင်မှာလက်နှစ်ဖက်တင်းတင်းဆုပ်ကိုင်ကာဆုတောင်းရင်းကျန်ခဲ့သည်။
There are no comments yet. Log in to be the first to leave a review!


![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



