Ep - 14
"ဘာကိုလဲ"
"ငါပြောချင်တာက......."
"ဘာအပေးအယူလဲ.."
"အင်း...အင်း...ပေး..နိုင်တယ်..''
"သေချာလား...ပတ်ဂျီမင်"
"အင်း..သေ..ချာတယ်.."
~~~~~~~~~~~~~~~~~~~~~~
"Jimin..."
"ဟမ်.."
"အော်..အင်း..အင်း.."
Unicode
ဒီနေ့က ပြဿဒါးနေ့ပဲ။တစ်ကယ်ကို ကျက်သရေတုံးတဲ့နေ့ပင်..။ကျွန်တော် နဲ့ဂျီမင် မနက်ကတည်းကစကားများကြတယ်....အခုထက်ထိဂျီမင်က ကျွန်တော့်ကိုတွေ့တာနဲ့..မျက်နှာလွဲကာ..ရှောင်ရှောင်သွားတတ်သည်။
မနက်ကပေါ့...ဂျီမင်က ထယ်ယောင်းနှင့်ဖုန်းဆက်ကာစကားပြောနေသည်ကို ဂျောင်ကုတွေ့သွားခဲ့သည်။
ဘယ်လိုပဲဖြစ်ဖြစ်... ကျွန်တော် သူ့ကိုချစ်တယ်လေ..သူက ကျွန်တော်မဟုတ်တဲ့တခြားသူကို ချစ်နေတာ နားလည်နိုင်ပေမယ့်ကျွန်တော် စိတ်မထိန်းနိုင်ဘဲသဝန်တိုမိတယ်။
ကျွန်တော့်ကို ဘယ်လောက်ပဲ မချစ်ဘူးပြောပြော သူကကျွန်တော်ချစ်ရတဲ့သူမဟုတ်လား..အဲ့ဒီတော့..ကျွန်တော်အမြဲတမ်းစိတ်ထိခိုက်ရတယ်..။သူက ကျွန်တော်နဲ့ရှိနေတဲ့ အချိန်မှာတောင်ထယ်ယောင်းအကြောင်းကိုတွေးနေပြီး..ထယ်ယောင်းနဲ့ပဲဖုန်းပြောနေသည်လေ..။ကျွန်တော့်အတွက်တော့ ဒေါသထွက်မိတာအမှန်..။
အဲ့တာကြောင့် စကားများခဲ့ကြတယ်။
"Jimin မင်းအတွက်ငါကဘာမှမဟုတ်ဘူးလား..''
"ဘာကိုလဲ"
"မင်းတစ်နေ့ တစ်နေ့ ထယ်ယောင်းနဲ့ပဲဖုန်းပြောပြီး..ငါ့ကိုဥပေက္ခာပြုတော့..ငါဘယ်လိုခံစားရမလဲမသိဘူးလား"
"ခင်ဗျား ပြောချင်တာက..ကျွန်တော်ထယ်ယောင်းဟျောင်းနဲ့စကားမပြောရဘူးပေါ့"
"ငါပြောချင်တာက......."
"ခင်ဗျား ကျွန်တော်ကိုချုပ်ချယ်နေတာလား.. ခင်ဗျား ကျွန်တော့်ကိုချုပ်ချယ်စရာမလိုဘူးဂျွန်ဂျောင်ကု ကျွန်တော်ဒီကိုလာတာ သိပ်လာချင်လို့လာတယ်ထင်လို့လား..ခင်ဗျား အတွက်ရော..ခင်ဗျားလိုချင်တဲ့ဗိုက်ထဲကကလေးအတွက်ရော..အဆင်ပြေအောင်..ကျွန်တော်ကလိုက်လာပေးတာ..မဟုတ်ရင်..ကိုယ့်အတွက်ဘဲကိုယ်တွေးကလေးကိုဖျက်ချပြီး..ထယ်ယောင်းဟျောင်းနဲ့ပဲနေခဲ့မှာ..ကျွန်တော်ခင်ဗျားကိုချစ်တယ်လို့ပြောခဲ့ဖူးလားချစ်လွန်းလို့လိုက်လာတယ်ထင်လို့လား..ခင်ဗျား ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့..ကျွန်တော် ချစ်တာထယ်ယောင်းဟျောင်းတစ်ယောက်ထဲ..ကိုယ့်ကိုကိုယ်အထင်ကြီးမနေနဲ့.."
"ပတ်ဂျီမင်..မင်းမို့လို့အဲ့လိုပြောရက်တယ်အေး..ငါသိပ်လိုချင်တဲ့ကလေးကမင်းနဲ့ရတဲ့ကလေး..မင်းကိုယ်တိုင်ဝမ်းနဲ့လွယ်ထားတဲ့ကလေးကွ..ငါမေးမယ်..မင်း မင်းဗိုက်ထဲက ကလေးကိုတကယ်မချစ်ဘူးလား"
ဂျောင်ကုအမေးကြောင့်..ဂျီမင်ခနတာတွေဝေသွားသည်။
"ကျွန်..ကျွန်တော့်မှာအဖြေမရှိဘူး"
"ဟက်..အဖြေမရှိဘူးဟုတ်လား..မင်းကလေးမွေးပြီးရင် ကလေးကိုငါနဲ့ထားပြီး မင်းကိုရီးယားပြန်မှာပဲမဟုတ်လား"
"ဟုတ်တယ်..အဲ့တော့ဘာဖြစ်လဲ..ဒီကလေးကကျွန်တော်လိုချင်ခဲ့တဲ့ကလေးမဟုတ်ဘူး...ဟုတ်တယ်ကျွန်တော်မချစ်ဘူး"
မချစ်ဘူး ဟူသည့်စကားကိုမျက်နှာလွှဲကာပြောလိုက်သည့် ဂျီမင်ကိုကျွန်တော်တစ်စစီဖြစ်သွားအောင် နုတ်နုတ် နုတ်နုတ်စင်းပစ်ချင်တယ်။
ဂျီမင် ပုခုံးကိုကိုင်ကာ သူ့ရှေ့သို့တည့်တည့်လှည့်စေပြီး..ဂျောင်ကုကဆိုသည်။
"သေချာလား..ငါ့မျက်နှာကိုတည့်တည့်ပြီးပြော ပတ်ဂျီမင်"
Jimin ဂျောင်ကုအား ခပ်တည့်တည့်စိုက်ကြည့်လိုက်ပေမယ့်...ပါးစပ်မှ ပြောချင်သော်လည်း ပြောမထွက်ခဲ့ပေ။
မဟုတ်သေးဘူး...။ဘာကြောင့် ငါကပြောမထွက်ရတာလဲ..အားတင်းကာ ပြောမယ်ဟုပြင်လိုက်သော်လည်းသူ့အားကြည့်နေသည့် မျက်ဝန်းနက်တွေနဲ့ဆုံသည့်အခါ သူမပြောနိုင်တော့။
ဘာကြောင့်လဲ...မျက်လုံးစုံမှိတ်ကာ ဂျီမင်ဆိုလိုက်သည့်စကားကြောင့် ဂျောင်ကုစိတ်ထဲကကြိတ်ရယ်မိသည်။
"ကျွန်တော် ကလေးကိုမချစ်ဘူး"
မင်းငါ့ကိုစိုက်ကြည့်ပြီး...မပြောနိုင်မှတော့..မင်းလည်း.ကလေးကိုမချစ်ဘူးဆိုပြီးငါရှေ့မှာ..မာနနဲ့လာမပြောနဲ့။
"ဟုတ်ပြီလေ မင်းနဲ့ငါ အပေးအယူလုပ်ကြတာပေါ့.."
"ဘာအပေးအယူလဲ.."
"ငါကမင်းကို ဒီတိုင်းငါ့တို့ကိုထားခဲ့ပြီးပြန်မလွှတ်နိုင်ဘူးအဲ့တာကြောင့်...မင်းသာအဲ့ကတိကိုတည်ငါမင်းကိုသေချာပေါက်လိုက်နှောက်ယှက်မှာမဟုတ်ဘူး..တကယ်လို့အဲ့တာကိုသဘောမတူနိုင်ရင်..ငါကမင်းကိုရီးယားကိုပြန်မရောက်အောင်လိုက် နှောက်ယှက်နေမှာ"
"ကျစ်..ခင်ဗျား.... ပြောသာပြောစမ်းပါ..ဘာသဘောတူညီချက်လဲ.."
ဂျီမင် စိတ်မရှည်တာကြောင့် မျက်မှောင်ကြုံကာ ကျစ်သတ်မိသည်။ခင်ဗျား ကတကယ်လူယုတ်မာပဲ ဂျွန်ဂျောင်ကု..ဒီလိုလုပ်မယ်မှန်းသိခဲ့ရင်...ကျွန်တော် လိုက်ခဲ့မှာမဟုတ်ဘူး...။ခင်ဗျား ကိုသိမုန်းတယ်...။
"မင်းကလေးမွေးပြီးတာနဲ့တပြိုင်နက်မင်းလွတ်လပ်သွားပြီ..မင်းပြောခဲ့တဲ့စကားအတိုင်းပဲ..မင်းနဲ့ဒီကလေးကမပက်သက်တော့ဘူး..ဒါကြောင့် မင်းကလေးငိုသံကြားရင်တောင်......"
ဂျောင်ကု စကားကြားပြီးနောက်..ဂျီမင်မျက်မှောင်ကျုံထားသည်တို့ပြေလျော့သွားပြီးမျက်နှာမှာ..ချက်ချင်း မျက်နှာမှာဖြူဖျော့သွားသည်။ဒါက သူ့လုပ်နိုင်ပါ့မလား..သူအဲ့လိုလုပ်နိုင်ပါ့မလား...
သူ့ဗိုက်ကိုခပ်ဖွဖွလေး ကိုင်ကာပြန်ငုံ့ကြည့်မိပြန်သည်။ငါလုပ်နိုင်ပါ့မလား...
"ဘယ်လိုလဲ ပတ်ဂျီမင်...မင်းလုပ်နိုင်ပါ့မလားအဲ့ကတိသာပေးနိုင်ရင်..မင်းကိုငါလုံးဝလက်လွှတ်လိုက်မယ်..ဘယ်လိုလဲ ပေးနိုင်လား"
"အင်း...အင်း...ပေး..နိုင်တယ်..''
"သေချာလား...ပတ်ဂျီမင်"
"အင်း..သေ..ချာတယ်.."
"ဟုတ်ပြီလေ...မင်းအနာဂတ်က မင်းလုပ်ရပ်နဲ့မင်းနှလုံးသားပေါ်မှာမူတည်တယ်ငါကပြောပြီးရင် ဖြစ်အောင်လုပ်တတ်တာမို့ကတိသာဖျက်ခဲ့ရင်...ငါဘာလုပ်မလဲ..မင်းကိုယ်တိုင်သိမယ်ထင်တယ်..."
အခု ဂျောင်ကုပြောစကားတွေကိုလည်း..ဒေါသမထွက်နိုင်တော့ဘဲ..တွေဝေစွာရပ်နေမိသည်။
~~~~~~~~~~~~~~~~~~~~~~
"Jimin..."
"ဟမ်.."
အရင်လိုလန်းလန်းဆန်းဆန်းမရှိတော့..နွမ်းလျစွာ ကျွမ်တော့်ကိုပြန်မော့မော့ကြည့်လာသည့်ဂျီမင်။
"ငါကုမ္မဏီခနသွာဦးမယ် အဖေခိုင်းထားတာလေးရှိလို့"
"အော်..အင်း..အင်း.."
တောင်းပန်ပါတယ်.. မင်းအခုတွေဝေနေမှာငါသေချာသိတယ်...မင်းအတွက်အဲ့ဒါကခက်ခဲလိမ့်မယ်ဂျီမင်..ငါလည်းအဲ့လိုမလုပ်ချင်ပေမယ့်..မင်းကိုသေချာပေါက်ဆွဲထားနိုင်တာအဲ့တာပဲရှိလို့ပါ..တောင်းပန်ပါတယ်စိတ်ပင်ပန်းအောင်လုပ်မိလို့...။
အခန်းထဲက ထွက်သွားသည့်ဂျွန်ဂျောင်ကုကျောပြင်ကိုငေးကြည့်ရင်း..မနက်ကသူပြောခဲ့သည့်စကားများက နားထဲတွင်.ပဲ့တင်သံပဲ့သို့ထပ်ခါ..ထပ်ခါကြားနေရသည်။
"မင်းကလေးမွေးပြီးတာနဲ့တပြိုင်နက်မင်းလွတ်လပ်သွားပြီ..မင်းပြောခဲ့တဲ့စကားအတိုင်းပဲ..မင်းနဲ့ဒီကလေးကမပက်သက်တော့ဘူး..ဒါကြောင့် မင်းကလေးငိုသံကြားရင်တောင်..လုံးဝလှည့်မကြည့်ရဘူး..မွေးပြီးတဲ့အချိန်ကစပြီး..ကလေးကိုချီဖို့မပြောနဲ့...ကလေးရဲ့မျက်နှာကိုတောင်မကြည့်ရဘူး..."
"ဘယ်လိုလဲ ပတ်ဂျီမင်...မင်းလုပ်နိုင်ပါ့မလားအဲ့ကတိသာပေးနိုင်ရင်..မင်းကိုငါလုံးဝလက်လွှတ်လိုက်မယ်..ဘယ်လိုလဲ ပေးနိုင်လား"
" မွေးပြီးတဲ့အချိန်ကစပြီး..ကလေးကိုချီဖို့မပြောနဲ့...ကလေးရဲ့မျက်နှာကိုတောင်မကြည့်ရဘူး..."
သူလုပ်နိုင်ပါ့မလား..စိုးရိမ်နေမိတယ်..သူ့ဗိုက်ထဲကကလေးက ဘယ်လိုပုံစံဖြစ်ပြီး..ယောကျာ်းလေးလား..မိန်းကလေးလားဆိုတာကို သူသိချင်မိတာအမှန်ပင်..။
ဒီကိစ္စက သူ့ကိုငရဲတွင်းထဲတွန်းပို့နေသလိုပဲ..သူ့ရင်ထဲ အရမ်းပူလောင်နေတယ်...
" မင်းအနာဂတ်က မင်းလုပ်ရပ်နဲ့မင်းနှလုံးသားပေါ်မှာမူတည်တယ်''
ဂျွန်ဂျောင်ကုရဲ့စကားက နားထဲမှာပြန်လာ်ကြားယောင်လာမိသည်။သူနားမလည်ဘူး...အဲ့ဒီစကားကို...
"ငါကပြောပြီးရင် ဖြစ်အောင်လုပ်တတ်တာမို့ကတိသာဖျက်ခဲ့ရင်...ငါဘာလုပ်မလဲ..မင်းကိုယ်တိုင်သိမယ်ထင်တယ်..."
သူကြောက်နေတာ..ဂျောင်ကုကထယ်ယောင်းကိုသွားပြောပြီး ..သူ့ဘဝကိုနှောက်ယှက်မှာကြောက်လို့လား..သူရဲ့ကလေးကို မမြင်ရဘဲ..မချီရတော့မှာကိုကြောက်နေတာလား..ဂျီမင်သေချာမဝေခွဲတတ်ပေ။
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)