Ep - 12
20:08, 14 October 2023မေန႔ကတည္းက တေဝါ့ေဝါ့အန္ကာေခါင္းေတြမူးေနာက္ေနခဲ့သည္။ဘာေၾကာင့္မွန္းလည္းမသိ..ေနမေကာင္းျဖစ္ျပီးရင္ျပည့္ေနတယ္ပဲ ထင္တာ..။လမ္းထိပ္ကေဆးခန္းသြားျပေတာ့..မင္းမွာကိုယ္ဝန္႐ွိေနတာတဲ့..အထူးဂ႐ုစိုက္ပါတဲ့။ဘယ္လိုမွမွမျဖစ္ႏိုင္တာ ေယာက်ာ္းေလးတစ္ေယာက္ကကိုယ္ဝန္ေဆာင္ႏိုင္တယ္ဆိုတာ..။ေဆးခန္းကထြက္လာၿပီး..မယံုႏိုင္လို႔..ေဆးရံုကိုသြားျပခဲ့ေတာ့လည္း..ကိုယ္ဝန္႐ွိေနတာလို႔ပဲေျပာျပန္တယ္။
မဟုတ္ပါဘူး..တစ္ခုခုမွားေနတာမဟုတ္လား..ကြၽန္ေတာ္ကေယာက်ာ္းေလးေလ..ဘာလို႔ ကိုယ္ဝန္ေဆာင္ရမွာလဲလို႔..ဂ်ီမင္ထပ္ၿပီးေမးခဲ့သည္။
ထိုသို႔ေျပာေတာ့ ဆရာဝန္ကျပံဳးကာျပန္ေျပာခဲ့သည္။
"ဒါမ်ိဳးကျဖစ္တတ္ေပမယ့္..႐ွားတယ္..အခုမွကိုယ္ဝန္ကတစ္ပတ္ပဲ႐ွိေသးတယ္ေယာက်ာ္းေလး ကိုယ္ဝန္ေဆာင္ဆိုေတာ့ပိုၿပီးဂ႐ုစိုက္ေစခ်င္တယ္..သားအိမ္ပါလာတယ္လို႔ေျပာလို႔ရပါတယ္..ထူျခားတဲ့ျဖစ္စဥ္ေပါ့"
ဂ်ီမင္တစ္ကယ္ကို ကမာၻပ်က္သလိုခံစားလိုက္ရသည္။အခု...အခုသူက ကိုယ္ဝန္႐ွိေနတာေပါ့...အေျဖက႐ွင္း႐ွင္းေလးပဲေလ..ဒီကေလးကဂြၽန္ေဂ်ာင္ကုကေလး။
အား..ဘယ္လိုလုပ္ရမလဲ ခင္ဗ်ား ကိုသိပ္မုန္းတာပဲ..ဂြၽန္ေဂ်ာင္ကု..အခုကြၽန္ေတာ္ကဘယ္လိုလုပ္ရမလဲ..ထယ္ေယာင္းေဟ်ာင္း သိသြားရင္ဘယ္လိုလုပ္မလဲ..
ေယာက်ာ္းေလးကိုယ္ဝန္ေဆာင္တယ္ဆိုတာ...႐ွက္ဖို႔ေကာင္းလိုက္တာ..ခင္ဗ်ား ေၾကာင့္..အားလံုးခင္ဗ်ားေၾကာင့္ပဲ..ေယာက်္ားေလးျဖစ္ၿပီး ဗိုက္ႀကီးတကားကားနဲ႔ေနရဦးမယ္..အထူးသျဖင့္ခင္ဗ်ားကေလးကို..မလိုခ်င္ဆံုးပဲ..ခင္ဗ်ား ရဲ႕မဆင္မျခင္လုပ္ရပ္ေၾကာင့္..ခင္ဗ်ား ရဲ႕အတၱေၾကာင့္ ကြၽန္ေတာ္ဘဝပ်က္ၿပီ။
ကြၽန္ေတာ္စိတ္ကူးထားတဲ့အနာဂတ္..ထယ္ေယာင္းေဟ်ာင္းနဲ႔ဆက္ဆံေရး..ကြၽန္ေနာ္သိပ္ခ်စ္ရတဲ့ခ်စ္ရသူ..အကုန္လံူးပ်က္စီးကုန္ၿပီ။
အဲ့လိုေတာ့ အျဖစ္မခံနိုင္ဘူး..ကြၽန္ေတာ္ကထယ္ေယာင္းေဟ်ာင္းကိုသိပ္ခ်စ္တာဗ်...ထယ္ေယာင္းေဟ်ာင္းသာသိရင္လမ္းခြဲလိမ့္မယ္..ကြၽန္ေတာ္လမ္းမခြဲႏိုင္ဘူး..ေတာင္းပန္ပါတယ္ ကေလး..ငါမင္းကိုမလြယ္ေပးႏိုင္ဘူး..
"Doctor... ကြၽန္ေတာ္ကိုယ္ဝန္ဖ်က္ခ်ခ်င္ပါတယ္"
"ဗ်ာ...ကြၽန္ေတာ္လည္း ခင္ဗ်ား ရဲ႕ကိုယ္ေရးကိုယ္တာကိုဝင္မစြတ္ဖက္ပါဘူး..ဒါေပမယ့္ ေသခ်ာစဥ္းစားေစခ်င္တယ္..''
"ကြၽန္ေတာ္စဥ္းစားၿပီးပါၿပီ...ကြၽန္ေတာ္ကိုယ္ဝန္ဖ်က္ခ်ခ်င္တယ္.."
"ဟုတ္ပါၿပီ..ဒီေဖာင္ေလးျဖည့္ေပးပါ"
ဂ်ီမင္တို႔စကားေျပာေနသည္ကိုအကုန္ၾကားသြားတဲ့ေဂ်ာင္ကုက လက္သီးတင္းတင္းဆုပ္ကာေဒါသထြက္ေနသည္။မင္းမွာကိုယ္ဝန္႐ွိေနတယ္ဆိုရင္..ေသခ်ာေပါက္ငါ့ကေလးပဲမဟုတ္လား..မင္းသိပ္ရက္စက္တယ္ကြာ..ဘာျဖစ္လို႔ကေလးကိုဖ်က္ခ်ပစ္ဖို႔ေတြးရတာလဲ..
"ေနဦး..ပတ္ဂ်ီမင္ မင္းငါ့နဲ႔လိုက္ခဲ့.."
ဂ်ီမင္ ေဖာင္မျဖည့္မွီ ေဂ်ာင္ကုအခန္းထဲသို႔ဝင္လာကာဂ်ီမင္အား လက္ကေနဆြဲျပီးအျပင္သို႔ေခၚထုတ္သြားသည္။
"ပတ္ဂ်ီမင္... မင္းဒါဘာလုပ္တာလဲ"
ခင္ဗ်ား သိသြားတာလား..အခုထက္ထိ အေမရိကားကိုမသြားရေသးဘူးလား..ခင္ဗ်ား ဘာေတြဝင္႐ႈပ္ဦးမလို႔လဲဗ်ာ..ခင္ဗ်ား ကိုအရမ္းစိတ္ကုန္တယ္။ဘာေၾကာင့္..ကြၽန္ေတာ္နဲ႔ထယ္ေယာင္းေဟ်ာင္းၾကားဝင္လာရတာလဲ..။
"ဘာကိုလဲ.."
"မင္းဘာကိုမသိခ်င္ေယာင္ေဆာင္ေနတာလဲမင္းမွာကို္ယ္ဝန္႐ွိေနတာငါသိၿပီးၿပီ..ငါမင္းကိုတာဝန္ယူမယ္...ငါမင္းကိုလက္ထပ္မယ္..မင္းတစ္ဘဝလံုးကိုလိုေလေသးမ႐ွိေအာင္ထားမယ္ "
ခပ္ရဲ႕ရဲ႕ ရြဲ႔ေစာင္းသကဲ့သို႔ရယ္ကာ ကြၽန္ေတာ္အား စူးရဲစြာျပန္ၾကည့္ၿပီး..ေျပာသည္။
"မလိုဘူး...အဲ့တာေတြတစ္ခုမွမလိုဘူးခင္ဗ်ား ကြၽန္ေတာ့္ကိုလက္ထပ္စရာမလိုဘူး..ကြၽန္ေတာ္ကလည္းလက္ထပ္မွာမဟုတ္ဘူးကြၽန္ေတာ္ ကိုယ္ဝန္ဖ်က္ခ်မလို႔..ခင္ဗ်ား ကိုခြင့္ေတာင္းေနတာမဟုတ္ဘူး..ခင္ဗ်ား လည္းကြၽန္ေတာ့္ကိုတာဝန္ယူစရာ မလိုေတာ့ဘူးေလအဲ့တာေၾကာင့္..ကြၽန္ေတာ့္ဘက္ကလည္းအဆင္ေျပေအာင္"
"ဘာ...မင္းအခုကိုယ္ဝန္ဖ်က္ခ်ဖို႔ကိစၥကိုေပါ့ေပါ့ပါးပါးနဲ႔ ေျပာေနတာလား..ဟမ္..အဲ့တာမင္းေသြးသားေနာ္ပတ္ဂ်ီမင္..ၿပီးေတာ့ငါ့ေသြးသား..မင္းဖ်က္ခ်မွာကိုငါခြင့္မျပဳႏိုင္ဘူး"
"ခင္ဗ်ား ခြင့္ျပဳစရာမလိုပါဘူး..ဒါကြၽန္ေတာ့္ဆံုးျဖတ္ပိုင္ခြင့္ေလ..ခင္ဗ်ား ရဲ႕ေသြးသားဆိုေပမယ့္...ကြၽန္ေတာ္လိုလိုလားလား..လက္ခံခဲ့တာမဟုတ္ဘူး..အားလံုးခင္ဗ်ားေၾကာင့္..ကြၽန္ေတာ့္အခုကိုယ္ဝန္မလိုခ်င္ဘဲရတာလဲခင္ဗ်ားေၾကာင့္..ဒီကိစၥသာ ထယ္ေယာင္းေဟ်ာင္း သိသြားရင္ဘယ္လိုလုပ္မလဲ..ကြၽန္ေတာ့္ကိုအဆက္အသြယ္ျဖတ္လိမ့္မယ္.."
"ပတ္ဂ်ီမင္ မင္းသိပ္အတၱႀကီးတယ္ကြာ..မင္းရဲ႕အခ်စ္အတြက္..ဘာမွမသိတဲ့ကေလးတစ္ေယာက္ကိုစေတးမလို႔လား..ငါေတာင္းပန္ပါတယ္ ငါမင္းကိုတာဝန္ယူမွာပါ..ကိုယ္ဝန္မဖ်က္ခ်ပါနဲ႔ကြာ..ငါ ငါ့ရဲ့ ေသြးသားေလးကိုမဆံုး႐ွံုးခ်င္ဘူး..ေတာင္းပန္ပါတယ္ "
"ဟင့္အင္း ကြၽန္ေတာ္လက္မခံႏိုင္ဘူး..ဂြၽန္ေဂ်ာင္ကု..ခင္ဗ်ား ဘာသာႏိုင္ငံျခားသြားၿပီး..ေအးေအးေဆးေဆး ေနပါလား..ကြၽန္ေတာ့္ဘဝထဲကိုထပ္ၿပီးဝင္မလာနဲ႔.."
ထိုသို့ေျပာလာႏိုင္သည့္ ဂ်ီမင္ကိုေဂ်ာင္အံျသလို႔မဆံုးျဖစ္ေနမိသည္။မင္းသိပ္ရက္စက္တယ္ကြာ..
ေနာက္ဆံုး..ေဂ်ာင္ကုကဂ်ီမင္ေ႐ွ႕မွာဒူးေထာက္လိုက္သည္။ေဆးရံုတြင္း႐ွိ ဆရာဝန္ႏွင့္ လူနာတစ္ခ်ိဳ႕တို႔ကလည္းကြက္ၾကည့္ကြက္ၾကည့္ျဖစ္ကုန္သည္။
"ဂ်ီမင္..ငါေတာင္းပန္ပါတယ္.. ငါ့ဘက္ကိုလည္းၾကည့္ေပးပါ..ငါကေလးေမြးဖို႔ကိစၥအစအဆံုးတာဝန္ယူပါ့မယ္..ကေလးေမြးၿပီးရင္လည္း..ကေလးကိုငါပဲထိန္းၿပီး..ငါပဲတာဝန္ယူပါ့မယ္မင္းနဲ႔လံုးဝမပက္သက္ေစရပါဘူးမင္းႀကိဳက္တဲ့ေနရာ မင္းႀကိဳက္သလိုလြတ္လြတ္လပ္လပ္ေနပါ..ငါဝင္မစြက္ဖက္ေတာ့ပါဘူး..ကိုယ္ဝန္မဖ်က္ခ်ပါနဲ႔..ငါေနာက္ဆံူးေတာင္းဆိုတာပါ"
ေဂ်ာင္ကု မ်က္ရည္ဝဲကာ ရင္နာနာနဲ႔ေျပာေတာ့ဂ်ီမင္က...
"ဟင့္အင္း..လက္မခံႏိုင္ဘူး..ဒီၾကားထဲထယ္ေယာင္းေဟ်ာင္းသာသိသြားရင္ေရာ..ကြၽန္ေတာ္လည္းကိုယ္ဝန္အရမ္းဖ်က္ခ်ခ်င္ေနတာမဟုတ္ေပမယ့္..ေနာက္ပိုင္းထယ္ေယာင္းေဟ်ာင္းနဲ႔ကြၽန္ေတာ့္ၾကားဝင္လာရင္ဘယ္လိုလုပ္မလဲ.."
ေဂ်ာင္ကုက ဒူးေထာက္လ်က္ပင္ ဂ်ီမင္လက္ကိုဆုပ္ကိုင္ကာ..
"ဂ်ီမင္ မင္းငါနဲ႔အေမရိကားလိုက္ခဲ့ပါ..အနည္းဆံုး ၉လ၊၁၀လေလာက္ပဲသည္းခံေပးပါငါတကယ္မင္းနဲ႔မပက္သက္ေတာ့ပါဘူး..ကေလးကိုလည္းမင္းနဲ႔မပက္သက္ေစရပါဘူး..ငါကတိေပးပါတယ္.. ထယ္ေယာင္းနဲ႔မင္းလည္းေနာင္ပိုင္းအဆင္ေျပေျပေနလို႔ရေအာင္ငါအေဝးဆံုးမွာေနေပးပါ့မယ္ကြာ..ငါ့ရဲ႕..ငါရဲ႕ေသြးသားကိုေတာ့မဖ်က္ခ်ပါနဲ႔..ငါေတာင္းပန္ပါတယ္.. ငါ့အတြက္မင္းရဲ႕ကိုယ္ပြားေလးျဖစ္ၿပီး..ငါ့အတြက္အရမ္းအေရးပါလို႔..ေက်းဇူးျပဳၿပီး... ''
Jungkook ကအႏူးအၫႊတ္ေတာင္းပန္ကာေျပာလာေတာ့..ဂ်ီမင္လည္း နည္းနည္းေတာ့ စိတ္ေပ်ာ့သြားခဲ့သည္။
ဟင့္အင္း...သူစိတ္ေထြးေနၿပီ..သူတကယ္ပဲ အတၱေၾကာင့္ အျပစ္မ႐ွိတဲ့ကေလးတစ္ေယာက္ကို သတ္မိသလိုျဖစ္သြားမွာလား..။ဂြၽန္ေဂ်ာင္ကု ေျပာတဲ့နည္းအတိုင္းလုပ္ခဲ့ရင္..ငါအရမ္းရက္စက္ရာက်သြားမလား..။အရာအားလံုး ႐ွင္းလင္းဖို႔ ကိုယ္ဝန္ဖ်က္ခ်လိုက္ရင္ၿပီးေရာဟာကို..ခင္ဗ်ား ကဘာလို႔ကြၽန္ေတာ့္စိတ္ကိုေတြေဝေအာင္လုပ္ရတာလဲ..။
ကြၽန္ေတာ္လမ္းမွန္ေရာက္သင့္ၿပီထင္တယ္..ခင္ဗ်ား နဲ႔ပဲလက္ထပ္ၿပီး..ေနသင့္လား..ဒါေပမယ့္ အဲ့လိုမလုပ္ႏိုင္ဘူး...လက္ထပ္တယ္ဆိုတာတစ္ေယာက္နဲ႔တစ္ေယာက္သိပ္ခ်စ္ၿပီး...အဆင္ေျပေနမွ ေ႐ွ႕ဆက္ရမယ့္ဘဝအတြက္အဆင္ေျပမွာ..။
ကိုယ္မခ်စ္တဲ့သူနဲ႔..တစ္ဘဝလံုးအတူေနဖို႔ဆိုတာမျဖစ္ႏိုင္ဘူး..လက္ထပ္တာကတစ္ဘဝလံုးအတြက္စဥ္းစားရမွာ..ကေလးကစားစရာ မဟုတ္ဘူး..ဂ်ီမင္။
အျပစ္မ႐ွိတဲ့ကေလးတစ္ေယာက္ကိုမေသေစခ်င္သလိူ...ကိုယ္မခ်စ္တဲ့သူကိုလည္းမေပါင္းဖက္ႏိုင္ေပ။အားလံုးကထင္ထားသလိုျဖစ္မလာခဲ့ဘူးပဲ..သိပ္ေၾကာက္သြားၿပီဘဝကိုေ႐ွ႕ဆက္သြားရမွာ...ေၾကာက္ေနမိၿပီမထင္မွတ္ထားတဲ့အရာေတြျဖစ္လာဦးမွာလား
ထယ္ေယာင္းေဟ်ာင္း ကြၽန္ေတာ္ဘာလုပ္ရမလဲေဟ်ာင္းကိုခ်စ္တဲ့စိတ္နဲ႔ပဲ..အျခားသူကိုလက္ထပ္ရင္သူလည္းမေပ်ာ္ရသလို..ကြၽန္ေတာ္လည္းမေပ်ာ္ရႊင္ရဘူး..။
"ဟုတ္ၿပီ..ထယ္ေယာင္းေဟ်ာင္း မသိေအာင္လုပ္ေပးပါ..ကြၽန္ေတာ္ဘဝမွာေနာက္တစ္ခါဝင္မလာဖို႔ေတာင္းဆိုခ်င္တယ္"
ဂ်ီမင္ဗိုက္ထဲကကေလးက ေဂ်ာင္ကုႏွင့္မထင္မွတ္ဘဲရခဲ့သည္။ဂ်ီမင္က ေဂ်ာင္ကုအားမခ်စ္မႏွစ္သက္သည့္အတြက္သူ႔အတြက္ေတာ့မခ်စ္မႏွစ္သက္သူ၏ကေလးကိုေမြးရမွာျဖစ္တဲ့အတြက္ သူမလုပ္ခ်င္ေပ။
ေဂ်ာင္ကုသည္လည္း..ဂ်ီမင္အားသိပ္ခ်စ္သူျဖစ္ၿပီး..ဂ်ီမင္တြင္သူ၏ကေလးလြယ္ထားရမွန္းသိသိခ်င္း အလြန္ပင္ေပ်ာ္ရႊင္ခဲ့သည္။ဂ်ီမင္က သူ႔ကိုမခ်စ္သည္ကို သိသည္မို႔ေဂ်ာင္ကုအလြန္နာက်င္ရေသာ္လည္း..သူ႔အတြက္ဂ်ီမင္ရဲ႕ကိုယ္ပြားေလး႐ွိေနခဲ့သည္။
ထိုကေလးကို ဂ်ီမင္ဆီက ေဂ်ာင္ကုမရရေအာင္...ကယ္တင္ရမည္။သူ႔ခ်စ္ရသည့္ဂ်ီမင္မွာ သူနဲ႔ရသည့္ကိုယ္ဝန္႐ွိေနသည့္ အသိနဲ႔ပင္သူအလြန္ေပ်ာ္ရႊင္ၿပီး..ခ်စ္ခဲ့သည္။ေဂ်ာင္ကုက ကေလးကိုေတာ့ဆံုး႐ွံုးမခံႏိုင္တာမို႔ေနာက္ဆံုးအေနနဲ႔..ထိုကေလးကိုသူေသခ်ာေပါက္ေစာင့္ေ႐ွာက္ၿပီး..ဂ်ီမင္ႏွင့္ေဝးရာအၿပီးတိုင္ထြက္သြားမည္။
မဟုတ္ရင္ကေလးႏွင့္သူက ဂ်ီမင္၏ဘဝ၌အေႏွာက္အယွက္ျဖစ္ကာ..ဂ်ီမင္လည္းသူ႔ကိုပိုမုန္းသြားလိမ့္မယ္..အခုေတာင္သူ႔အားအရမ္းမုန္းေနၿပီေလ...။ေတာင္းပန္ပါတယ္ မင္းကိုဒီလိုအေျခအေနထိဆြဲေခၚခဲ့မိလို႔...။
ေဂ်ာင္ကု ဂ်ီမင္အား ခခယယ ေတာင္းပန္ကာအေမရိကားကိုသူႏွင့္အတူေခၚလာခဲ့သည္။ဂ်ီမင္လည္း သူ႔မိဘႏွင့္ထယ္ေယာင္းအား..အေမရိကားမွာေက်ာင္းသြားတက္မည္ဟုလိမ္ေျပာကာ ေဂ်ာင္ကုနဲ႔လိုက္ခဲ့လိုက္သည္။
ကေလးေမြးၿပီးရင္...အရာအားလံုးၿပီးဆံုးၿပီဘဲအနည္းဆံုးကိုးလေလာက္ပဲ သည္းခံရမွာပါ။
15.12.2020SxarrMyuKha..Thanks for reading 😍😍
Unicode
မနေ့ကတည်းက တဝေါ့ဝေါ့အန်ကာခေါင်းတွေမူးနောက်နေခဲ့သည်။ဘာကြောင့်မှန်းလည်းမသိ..နေမကောင်းဖြစ်ပြီးရင်ပြည့်နေတယ်ပဲ ထင်တာ..။လမ်းထိပ်ကဆေးခန်းသွားပြတော့..မင်းမှာကိုယ်ဝန်ရှိနေတာတဲ့..အထူးဂရုစိုက်ပါတဲ့။ဘယ်လိုမှမှမဖြစ်နိုင်တာ ယောကျာ်းလေးတစ်ယောက်ကကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာ..။ဆေးခန်းကထွက်လာပြီး..မယုံနိုင်လို့..ဆေးရုံကိုသွားပြခဲ့တော့လည်း..ကိုယ်ဝန်ရှိနေတာလို့ပဲပြောပြန်တယ်။
မဟုတ်ပါဘူး..တစ်ခုခုမှားနေတာမဟုတ်လား..ကျွန်တော်ကယောကျာ်းလေးလေ..ဘာလို့ ကိုယ်ဝန်ဆောင်ရမှာလဲလို့..ဂျီမင်ထပ်ပြီးမေးခဲ့သည်။
ထိုသို့ပြောတော့ ဆရာဝန်ကပြုံးကာပြန်ပြောခဲ့သည်။
"ဒါမျိုးကဖြစ်တတ်ပေမယ့်..ရှားတယ်..အခုမှကိုယ်ဝန်ကတစ်ပတ်ပဲရှိသေးတယ်ယောကျာ်းလေး ကိုယ်ဝန်ဆောင်ဆိုတော့ပိုပြီးဂရုစိုက်စေချင်တယ်..သားအိမ်ပါလာတယ်လို့ပြောလို့ရပါတယ်..ထူခြားတဲ့ဖြစ်စဉ်ပေါ့"
ဂျီမင်တစ်ကယ်ကို ကမ္ဘာပျက်သလိုခံစားလိုက်ရသည်။အခု...အခုသူက ကိုယ်ဝန်ရှိနေတာပေါ့...အဖြေကရှင်းရှင်းလေးပဲလေ..ဒီကလေးကဂျွန်ဂျောင်ကုကလေး။
အား..ဘယ်လိုလုပ်ရမလဲ ခင်ဗျား ကိုသိပ်မုန်းတာပဲ..ဂျွန်ဂျောင်ကု..အခုကျွန်တော်ကဘယ်လိုလုပ်ရမလဲ..ထယ်ယောင်းဟျောင်း သိသွားရင်ဘယ်လိုလုပ်မလဲ..
ယောကျာ်းလေးကိုယ်ဝန်ဆောင်တယ်ဆိုတာ...ရှက်ဖို့ကောင်းလိုက်တာ..ခင်ဗျား ကြောင့်..အားလုံးခင်ဗျားကြောင့်ပဲ..ယောကျ်ားလေးဖြစ်ပြီး ဗိုက်ကြီးတကားကားနဲ့နေရဦးမယ်..အထူးသဖြင့်ခင်ဗျားကလေးကို..မလိုချင်ဆုံးပဲ..ခင်ဗျား ရဲ့မဆင်မခြင်လုပ်ရပ်ကြောင့်..ခင်ဗျား ရဲ့အတ္တကြောင့် ကျွန်တော်ဘဝပျက်ပြီ။
ကျွန်တော်စိတ်ကူးထားတဲ့အနာဂတ်..ထယ်ယောင်းဟျောင်းနဲ့ဆက်ဆံရေး..ကျွန်နော်သိပ်ချစ်ရတဲ့ချစ်ရသူ..အကုန်လူံးပျက်စီးကုန်ပြီ။
အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး..ကျွန်တော်ကထယ်ယောင်းဟျောင်းကိုသိပ်ချစ်တာဗျ...ထယ်ယောင်းဟျောင်းသာသိရင်လမ်းခွဲလိမ့်မယ်..ကျွန်တော်လမ်းမခွဲနိုင်ဘူး..တောင်းပန်ပါတယ် ကလေး..ငါမင်းကိုမလွယ်ပေးနိုင်ဘူး..
"Doctor... ကျွန်တော်ကိုယ်ဝန်ဖျက်ချချင်ပါတယ်"
"ဗျာ...ကျွန်တော်လည်း ခင်ဗျား ရဲ့ကိုယ်ရေးကိုယ်တာကိုဝင်မစွတ်ဖက်ပါဘူး..ဒါပေမယ့် သေချာစဉ်းစားစေချင်တယ်..''
"ကျွန်တော်စဉ်းစားပြီးပါပြီ...ကျွန်တော်ကိုယ်ဝန်ဖျက်ချချင်တယ်.."
"ဟုတ်ပါပြီ..ဒီဖောင်လေးဖြည့်ပေးပါ"
ဂျီမင်တို့စကားပြောနေသည်ကိုအကုန်ကြားသွားတဲ့ဂျောင်ကုက လက်သီးတင်းတင်းဆုပ်ကာဒေါသထွက်နေသည်။မင်းမှာကိုယ်ဝန်ရှိနေတယ်ဆိုရင်..သေချာပေါက်ငါ့ကလေးပဲမဟုတ်လား..မင်းသိပ်ရက်စက်တယ်ကွာ..ဘာဖြစ်လို့ကလေးကိုဖျက်ချပစ်ဖို့တွေးရတာလဲ..
"နေဦး..ပတ်ဂျီမင် မင်းငါ့နဲ့လိုက်ခဲ့.."
ဂျီမင် ဖောင်မဖြည့်မှီ ဂျောင်ကုအခန်းထဲသို့ဝင်လာကာဂျီမင်အား လက်ကနေဆွဲပြီးအပြင်သို့ခေါ်ထုတ်သွားသည်။
"ပတ်ဂျီမင်... မင်းဒါဘာလုပ်တာလဲ"
ခင်ဗျား သိသွားတာလား..အခုထက်ထိ အမေရိကားကိုမသွားရသေးဘူးလား..ခင်ဗျား ဘာတွေဝင်ရှုပ်ဦးမလို့လဲဗျာ..ခင်ဗျား ကိုအရမ်းစိတ်ကုန်တယ်။ဘာကြောင့်..ကျွန်တော်နဲ့ထယ်ယောင်းဟျောင်းကြားဝင်လာရတာလဲ..။
"ဘာကိုလဲ.."
"မင်းဘာကိုမသိချင်ယောင်ဆောင်နေတာလဲမင်းမှာကို်ယ်ဝန်ရှိနေတာငါသိပြီးပြီ..ငါမင်းကိုတာဝန်ယူမယ်...ငါမင်းကိုလက်ထပ်မယ်..မင်းတစ်ဘဝလုံးကိုလိုလေသေးမရှိအောင်ထားမယ် "
ခပ်ရဲ့ရဲ့ ရွဲ့စောင်းသကဲ့သို့ရယ်ကာ ကျွန်တော်အား စူးရဲစွာပြန်ကြည့်ပြီး..ပြောသည်။
"မလိုဘူး...အဲ့တာတွေတစ်ခုမှမလိုဘူးခင်ဗျား ကျွန်တော့်ကိုလက်ထပ်စရာမလိုဘူး..ကျွန်တော်ကလည်းလက်ထပ်မှာမဟုတ်ဘူးကျွန်တော် ကိုယ်ဝန်ဖျက်ချမလို့..ခင်ဗျား ကိုခွင့်တောင်းနေတာမဟုတ်ဘူး..ခင်ဗျား လည်းကျွန်တော့်ကိုတာဝန်ယူစရာ မလိုတော့ဘူးလေအဲ့တာကြောင့်..ကျွန်တော့်ဘက်ကလည်းအဆင်ပြေအောင်"
"ဘာ...မင်းအခုကိုယ်ဝန်ဖျက်ချဖို့ကိစ္စကိုပေါ့ပေါ့ပါးပါးနဲ့ ပြောနေတာလား..ဟမ်..အဲ့တာမင်းသွေးသားနော်ပတ်ဂျီမင်..ပြီးတော့ငါ့သွေးသား..မင်းဖျက်ချမှာကိုငါခွင့်မပြုနိုင်ဘူး"
"ခင်ဗျား ခွင့်ပြုစရာမလိုပါဘူး..ဒါကျွန်တော့်ဆုံးဖြတ်ပိုင်ခွင့်လေ..ခင်ဗျား ရဲ့သွေးသားဆိုပေမယ့်...ကျွန်တော်လိုလိုလားလား..လက်ခံခဲ့တာမဟုတ်ဘူး..အားလုံးခင်ဗျားကြောင့်..ကျွန်တော့်အခုကိုယ်ဝန်မလိုချင်ဘဲရတာလဲခင်ဗျားကြောင့်..ဒီကိစ္စသာ ထယ်ယောင်းဟျောင်း သိသွားရင်ဘယ်လိုလုပ်မလဲ..ကျွန်တော့်ကိုအဆက်အသွယ်ဖြတ်လိမ့်မယ်.."
"ပတ်ဂျီမင် မင်းသိပ်အတ္တကြီးတယ်ကွာ..မင်းရဲ့အချစ်အတွက်..ဘာမှမသိတဲ့ကလေးတစ်ယောက်ကိုစတေးမလို့လား..ငါတောင်းပန်ပါတယ် ငါမင်းကိုတာဝန်ယူမှာပါ..ကိုယ်ဝန်မဖျက်ချပါနဲ့ကွာ..ငါ ငါ့ရဲ့ သွေးသားလေးကိုမဆုံးရှုံးချင်ဘူး..တောင်းပန်ပါတယ် "
"ဟင့်အင်း ကျွန်တော်လက်မခံနိုင်ဘူး..ဂျွန်ဂျောင်ကု..ခင်ဗျား ဘာသာနိုင်ငံခြားသွားပြီး..အေးအေးဆေးဆေး နေပါလား..ကျွန်တော့်ဘဝထဲကိုထပ်ပြီးဝင်မလာနဲ့.."
ထိုသို့ပြောလာနိုင်သည့် ဂျီမင်ကိုဂျောင်အံသြလို့မဆုံးဖြစ်နေမိသည်။မင်းသိပ်ရက်စက်တယ်ကွာ..
နောက်ဆုံး..ဂျောင်ကုကဂျီမင်ရှေ့မှာဒူးထောက်လိုက်သည်။ဆေးရုံတွင်းရှိ ဆရာဝန်နှင့် လူနာတစ်ချို့တို့ကလည်းကွက်ကြည့်ကွက်ကြည့်ဖြစ်ကုန်သည်။
"ဂျီမင်..ငါတောင်းပန်ပါတယ်.. ငါ့ဘက်ကိုလည်းကြည့်ပေးပါ..ငါကလေးမွေးဖို့ကိစ္စအစအဆုံးတာဝန်ယူပါ့မယ်..ကလေးမွေးပြီးရင်လည်း..ကလေးကိုငါပဲထိန်းပြီး..ငါပဲတာဝန်ယူပါ့မယ်မင်းနဲ့လုံးဝမပက်သက်စေရပါဘူးမင်းကြိုက်တဲ့နေရာ မင်းကြိုက်သလိုလွတ်လွတ်လပ်လပ်နေပါ..ငါဝင်မစွက်ဖက်တော့ပါဘူး..ကိုယ်ဝန်မဖျက်ချပါနဲ့..ငါနောက်ဆူံးတောင်းဆိုတာပါ"
ဂျောင်ကု မျက်ရည်ဝဲကာ ရင်နာနာနဲ့ပြောတော့ဂျီမင်က...
"ဟင့်အင်း..လက်မခံနိုင်ဘူး..ဒီကြားထဲထယ်ယောင်းဟျောင်းသာသိသွားရင်ရော..ကျွန်တော်လည်းကိုယ်ဝန်အရမ်းဖျက်ချချင်နေတာမဟုတ်ပေမယ့်..နောက်ပိုင်းထယ်ယောင်းဟျောင်းနဲ့ကျွန်တော့်ကြားဝင်လာရင်ဘယ်လိုလုပ်မလဲ.."
ဂျောင်ကုက ဒူးထောက်လျက်ပင် ဂျီမင်လက်ကိုဆုပ်ကိုင်ကာ..
"ဂျီမင် မင်းငါနဲ့အမေရိကားလိုက်ခဲ့ပါ..အနည်းဆုံး ၉လ၊၁၀လလောက်ပဲသည်းခံပေးပါငါတကယ်မင်းနဲ့မပက်သက်တော့ပါဘူး..ကလေးကိုလည်းမင်းနဲ့မပက်သက်စေရပါဘူး..ငါကတိပေးပါတယ်.. ထယ်ယောင်းနဲ့မင်းလည်းနောင်ပိုင်းအဆင်ပြေပြေနေလို့ရအောင်ငါအဝေးဆုံးမှာနေပေးပါ့မယ်ကွာ..ငါ့ရဲ့..ငါရဲ့သွေးသားကိုတော့မဖျက်ချပါနဲ့..ငါတောင်းပန်ပါတယ်.. ငါ့အတွက်မင်းရဲ့ကိုယ်ပွားလေးဖြစ်ပြီး..ငါ့အတွက်အရမ်းအရေးပါလို့..ကျေးဇူးပြုပြီး... ''
Jungkook ကအနူးအညွှတ်တောင်းပန်ကာပြောလာတော့..ဂျီမင်လည်း နည်းနည်းတော့ စိတ်ပျော့သွားခဲ့သည်။
ဟင့်အင်း...သူစိတ်ထွေးနေပြီ..သူတကယ်ပဲ အတ္တကြောင့် အပြစ်မရှိတဲ့ကလေးတစ်ယောက်ကို သတ်မိသလိုဖြစ်သွားမှာလား..။ဂျွန်ဂျောင်ကု ပြောတဲ့နည်းအတိုင်းလုပ်ခဲ့ရင်..ငါအရမ်းရက်စက်ရာကျသွားမလား..။အရာအားလုံး ရှင်းလင်းဖို့ ကိုယ်ဝန်ဖျက်ချလိုက်ရင်ပြီးရောဟာကို..ခင်ဗျား ကဘာလို့ကျွန်တော့်စိတ်ကိုတွေဝေအောင်လုပ်ရတာလဲ..။
ကျွန်တော်လမ်းမှန်ရောက်သင့်ပြီထင်တယ်..ခင်ဗျား နဲ့ပဲလက်ထပ်ပြီး..နေသင့်လား..ဒါပေမယ့် အဲ့လိုမလုပ်နိုင်ဘူး...လက်ထပ်တယ်ဆိုတာတစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ပြီး...အဆင်ပြေနေမှ ရှေ့ဆက်ရမယ့်ဘဝအတွက်အဆင်ပြေမှာ..။
ကိုယ်မချစ်တဲ့သူနဲ့..တစ်ဘဝလုံးအတူနေဖို့ဆိုတာမဖြစ်နိုင်ဘူး..လက်ထပ်တာကတစ်ဘဝလုံးအတွက်စဉ်းစားရမှာ..ကလေးကစားစရာ မဟုတ်ဘူး..ဂျီမင်။
အပြစ်မရှိတဲ့ကလေးတစ်ယောက်ကိုမသေစေချင်သလိူ...ကိုယ်မချစ်တဲ့သူကိုလည်းမပေါင်းဖက်နိုင်ပေ။အားလုံးကထင်ထားသလိုဖြစ်မလာခဲ့ဘူးပဲ..သိပ်ကြောက်သွားပြီဘဝကိုရှေ့ဆက်သွားရမှာ...ကြောက်နေမိပြီမထင်မှတ်ထားတဲ့အရာတွေဖြစ်လာဦးမှာလား
ထယ်ယောင်းဟျောင်း ကျွန်တော်ဘာလုပ်ရမလဲဟျောင်းကိုချစ်တဲ့စိတ်နဲ့ပဲ..အခြားသူကိုလက်ထပ်ရင်သူလည်းမပျော်ရသလို..ကျွန်တော်လည်းမပျော်ရွှင်ရဘူး..။
"ဟုတ်ပြီ..ထယ်ယောင်းဟျောင်း မသိအောင်လုပ်ပေးပါ..ကျွန်တော်ဘဝမှာနောက်တစ်ခါဝင်မလာဖို့တောင်းဆိုချင်တယ်"
ဂျီမင်ဗိုက်ထဲကကလေးက ဂျောင်ကုနှင့်မထင်မှတ်ဘဲရခဲ့သည်။ဂျီမင်က ဂျောင်ကုအားမချစ်မနှစ်သက်သည့်အတွက်သူ့အတွက်တော့မချစ်မနှစ်သက်သူ၏ကလေးကိုမွေးရမှာဖြစ်တဲ့အတွက် သူမလုပ်ချင်ပေ။
ဂျောင်ကုသည်လည်း..ဂျီမင်အားသိပ်ချစ်သူဖြစ်ပြီး..ဂျီမင်တွင်သူ၏ကလေးလွယ်ထားရမှန်းသိသိချင်း အလွန်ပင်ပျော်ရွှင်ခဲ့သည်။ဂျီမင်က သူ့ကိုမချစ်သည်ကို သိသည်မို့ဂျောင်ကုအလွန်နာကျင်ရသော်လည်း..သူ့အတွက်ဂျီမင်ရဲ့ကိုယ်ပွားလေးရှိနေခဲ့သည်။
ထိုကလေးကို ဂျီမင်ဆီက ဂျောင်ကုမရရအောင်...ကယ်တင်ရမည်။သူ့ချစ်ရသည့်ဂျီမင်မှာ သူနဲ့ရသည့်ကိုယ်ဝန်ရှိနေသည့် အသိနဲ့ပင်သူအလွန်ပျော်ရွှင်ပြီး..ချစ်ခဲ့သည်။ဂျောင်ကုက ကလေးကိုတော့ဆုံးရှုံးမခံနိုင်တာမို့နောက်ဆုံးအနေနဲ့..ထိုကလေးကိုသူသေချာပေါက်စောင့်ရှောက်ပြီး..ဂျီမင်နှင့်ဝေးရာအပြီးတိုင်ထွက်သွားမည်။
မဟုတ်ရင်ကလေးနှင့်သူက ဂျီမင်၏ဘဝ၌အနှောက်အယှက်ဖြစ်ကာ..ဂျီမင်လည်းသူ့ကိုပိုမုန်းသွားလိမ့်မယ်..အခုတောင်သူ့အားအရမ်းမုန်းနေပြီလေ...။တောင်းပန်ပါတယ် မင်းကိုဒီလိုအခြေအနေထိဆွဲခေါ်ခဲ့မိလို့...။
ဂျောင်ကု ဂျီမင်အား ခခယယ တောင်းပန်ကာအမေရိကားကိုသူနှင့်အတူခေါ်လာခဲ့သည်။ဂျီမင်လည်း သူ့မိဘနှင့်ထယ်ယောင်းအား..အမေရိကားမှာကျောင်းသွားတက်မည်ဟုလိမ်ပြောကာ ဂျောင်ကုနဲ့လိုက်ခဲ့လိုက်သည်။
ကလေးမွေးပြီးရင်...အရာအားလုံးပြီးဆုံးပြီဘဲအနည်းဆုံးကိုးလလောက်ပဲ သည်းခံရမှာပါ။
There are no comments yet. Log in to be the first to leave a review!


![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



