Ep-16
14:41, 14 November 2022Zawgyi
ယြန္းဂီကားနဲ႔သာ ထယ္ေယာင္းကို ေခၚလာသည္။
ယြန္းဂီက ကားေမာင္းျပီး ဂ်ီမင္းနဲ႔ ထယ္ေယာင္းကေတာ့ ကားေနာက္ခန္းမွာ....
"ထယ္ေယာင္း မငိုနဲ႔ တိတ္ေတာ့ကြာ မင္း ေတာ္ရံုပဲ ရူးစမ္းပါ အခုကစျပီး အသိတရားရသင့္ျပီ ထယ္ေယာင္း"
ဂ်ီမင္းက ထယ္ေယာင္းကို ဖက္ကာ ေခ်ာ့ေမာ့ေျပာရွာသည္ သို႔ေသာ္ ထယ္ေယာင္းမွာ အငိုမပ်က္။
"အခ်စ္ ေရာ့ သုတ္ေပးလိုက္ပါဦး"
ကားေမာင္းေနသည့္ ယြန္းဂီက တစ္ရွဴးကို လက္ေနာက္ျပန္ျဖင့္ ဂ်ီမင္းကို လွမ္းေပးသည္။
ဂ်ီမင္းလဲ ယြန္းဂီေပးေသာ တစ္ရွဴးကို ယူလိုက္ျပီးထယ္ေယာင္းမ်က္ရည္ေတြကို သုတ္ေပးရင္း
"မင္း သူ႔ကို ေမ့လိုက္ေတာ့ တိတ္ ထပ္မငိုနဲ႔ ငါေျပာတယ္မလား မင္းမ်က္ရည္နဲ႔ အဲ့လူနဲ႔ လံုးဝမတန္ဘူးလို႔ တိတ္ေတာ့"
ဒီလိုနဲ႔ အိမ္ျပန္ေရာက္ေတာ့ ဆိုဖာေပၚမွာ ထိုင္ေနျကျပီး ထယ္ေယာင္းအား နားဝင္ေအာင္ ထပ္ ေခ်ာ့ရေသးသည္။
"ေဟ်ာင့္ ဂ်ီမင္း ဒါ ဒါ အိပ္မက္မလား ဟုတ္တယ္လို႔ ေျပာစမ္းပါ ဟမ္ ဟုတ္တယ္မလား ငါ အိပ္မက္မက္ေနတာ"
"ထယ္ေယာင္းရာ!! မင္း အဲ့လူကို အဲ့ေလာက္ထိ ခ်စ္တာလားကြ ဟင့္"
သူ႔သူငယ္ခ်င္းအျဖစ္အား ျကည့္ကာ သူပါ ငိုမိေတာ့သည္။
"ဟုတ္တယ္မလား ဂ်ီမင္း ဒါ အိပ္မက္မလား ငါႏိုးလာရင္ ဒီအိပ္မက္ဆိုးေပ်ာက္သြားမွာ အဲ့ေတာ့ ငါအိပ္ရမယ္ ဟုတ္တယ္ အိပ္ရမယ္"
ဟုဆိုကာ အိပ္ခန္းထဲ ဝင္သြားေသာ ထယ္ေယာင္း
ဂ်ီမင္းလဲ ရံႈးပြဲခ် ငိုခ်မိေတာ့သည္။
"hyg.....ထယ္ေယာင္း သနားပါတယ္ဗ်ာ ဟင့္"
"အဆင္ေျပသြားမွာပါ အခ်စ္ရယ္ မငိုနဲ႔ တိတ္"
ယြန္းဂီက ဂ်ီမင္းကို ရင္ခြင္ထဲ ထည့္ကာ ေခ်ာ့သည္။
******
"ထယ္ေယာင္း အျပင္ ထြက္ပါဦးကြာ မင္း အစာမစားတာ ဘယ္ႏွစ္ရက္ရိွေနျပီလဲ"
အိပ္ခန္းတံခါးအား ထုကာ ေျပာေသာ ဂ်ီမင္း
"မစားဘူးလို႔ ေျပာေနတယ္ ထြက္သြား အကုန္ထြက္သြား မုန္းတယ္ ဟင့္ အကုန္ အလိမ္အညာေတြ ထြက္သြား ငါ့အိမ္ထဲက!!"
အခန္းအျပင္က ဂ်ီမင္းနဲ႔ ယြန္းဂီ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ျကည့္ကာ သက္ျပင္းခ်မိ၏။
"ငါတို႔ ထြက္သြားေပးရင္ မင္း ထမင္းစားမွာလား ထယ္ေယာင္း ဒါဆို ငါတို႔ မင္းအိမ္ထဲက ထြက္သြားေပးမယ္"
အထဲက ဘာသံမွ ျပန္မျကားရ။
"သူ႔ကို ခဏေလာက္ လႊတ္ေပးထားလိုက္ပါ အခ်စ္ရယ္ ကိုယ္တို႔ ခဏ ေရွာင္ေပးရေအာင္ သူ တစ္ေယာက္ထဲ ေနခ်င္မွာေပါ့ ညေနက်မွ ကိုယ္တို႔ ျပန္လာလိုက္မယ္"
"ဟုတ္ hyg"
ဂ်ီမင္းေရာ ယြန္းဂီေရာ အိမ္ထဲမွ ထြက္သြားျကေတာ့မွ ထယ္ေယာင္းအျပင္ထြက္လာမိ၏။
ထို႔ေနာက္ ညအိပ္အဝတ္အစားနဲ႔ အိမ္ေနရင္းစီးတဲ့ slipperဖိနပ္သာ စီးျပီး အိမ္အျပင္သို႔ ထြက္သြားသည္။
ညေန ယြန္းဂီတို႔ ျပန္ေရာက္ေတာ့ အိပ္ခန္းတံခါးကို သြားထုျပီး
"ထယ္ေယာင္း မင္း ထမင္းစားျပီးေလာက္ေရာေပါ့"
အထဲက ဘာသံမွ ျပန္မျကားရ။
"ငါတို႔ ဒီရက္ပိုင္း မင္းအိမ္ကေန ဘယ္မွ မသြားႏိုင္ဘူး ငါ မင္းကို တစ္ေယာက္ထဲ စိတ္မခ်ဘူး ငါေျပာတာ နားေထာင္ေနလား ထယ္ေယာင္း"
အထဲက ဘာသံမွ ျပန္မျကားရသျဖင့္
"ထယ္ေယာင္း!! တံခါးဖြင့္စမ္း!!"
တံခါးလက္ကိုင္ဘုအား ရလိုရျငား လွည့္ဖြင့္မိေတာ့ပြင့္ေနသည္။
အဲ့ဒါနဲ႔ 2ေယာက္သား အိပ္ခန္းထဲ ဝင္ျကည့္မိေတာ့ထယ္ေယာင္း ရိွမေန။
ေရခ်ိဳးခန္းတံခါးကို သြားဖြင့္ျကည့္ေသာ္လည္း ရိွမေန။
"hyg ထယ္ေယာင္း ဘယ္ေရာက္သြားျပီလဲ"
"ကိုယ္လဲ မသိဘူးေလ ကိုယ္တို႔ ဒီအနီးအနားတစ္ဝိုက္ကို သြားရွာျကည့္ရေအာင္"
"ဟုတ္ hyg"
ကြန္ဒိုတိုက္ခန္းဝန္းထဲ ပတ္ရွာသည္။
သို႔ေသာ္ မေတြ႔ခဲ့ပါ။
ထယ္ေယာင္း သြားတတ္တဲ့ Dream glow clubကုိလဲ သြားရွာသည္ မေတြ႔ခဲ့ေပ။
အဲ့ဒါနဲ႔ ဘယ္မွာ လိုက္ရွာရမွန္း ျကံရာမရ ျဖစ္ေနတဲ့အခ်ိန္
"hyg ဂြ်န္ေဂ်ာင္ကုမ်ား ထယ္ေယာင္း သြားေလာက္မယ့္ေနရာ သိေလာက္လား"
"ကိုယ္ ဂြ်န္ေဂ်ာင္ကု ဖုန္းနံပါတ္သိတယ္"
ယြန္းဂီ ဖုန္းထုတ္ကာ ေဂ်ာင္ကုဆီကို ဆက္ေတာ့သည္။ ဂ်ီမင္းက သူ ေျပာမည္ဟုဆိုကာ ဖုန္းကို ယြန္းဂီလက္ထဲမွ ယူလိုက္သည္
ေဂ်ာင္ကုတစ္ေယာက္ companyမွာ စာရင္းဇယားေတြနဲ႔ အလုပ္ရႈပ္ေနခ်ိန္ ဖုန္းဝင္လာ၍
"ဟဲလို"
"ခင္ဗ်ား က်ေနာ္တို႔နဲ႔ ေတြ႔ျပီး စကားေျပာသင့္ျပီ"
"ဘယ္သူလဲ ဘာေတြ လာေျပာေနတာလဲ အလုပ္ပင္ပန္းလို႔ စိတ္ရႈပ္ရတဲ့အထဲ"
အမည္မသိဖုန္းနံပါတ္ျဖစ္ျပီး ဘာေတြ အူေျကာင္ေျကာင္ လာေျပာမွန္းမသိလို႔ ပိတ္ေဟာက္မိသည္။
"ထယ္ေယာင္း ေပ်ာက္ေနတယ္"
"ဘာ!! မင္း ဘယ္သူလဲ"
"ထယ္ေယာင္းသူငယ္ခ်င္း ပတ္ဂ်ီမင္းေလ ခင္ဗ်ား သိပါတယ္"
"ကင္ထယ္ေယာင္းက ဘာလို႔ ေပ်ာက္သြားတာလဲ အခုထိ ရွာမေတြ႔ျကေသးဘူးလား ဘယ္အခ်ိန္တုန္းကထဲက ေပ်ာက္သြားတာလဲ"
"ထယ္ေယာင္းေနတဲ့ ရပ္ကြက္ထိပ္က ေကာ္ဖီဆိုင္ကို အခုခ်က္ခ်င္း လာခဲ့ပါ မဟုတ္ရင္ က်ေနာ္ ခင္ဗ်ားနဲ႔ ထယ္ေယာင္းအေျကာင္းကို mediaေတြကို ဖြပစ္မွာ"
"ေကာင္းျပီ အခုခ်က္ခ်င္း လာခဲ့မယ္"
ေဂ်ာင္ကု ကမမ္းကတန္းပင္ companyထဲမွ ထြက္သြားေတာ့သည္။
ခ်ိန္းထားတဲ့ ေကာ္ဖီဆိုင္ထဲ ေရာက္ေတာ့
ေကာ္ဖီဆိုင္ရဲ႕ေထာင့္တစ္ေထာင့္မွာ ထိုင္ေနတဲ့ ဂ်ီမင္းကို ေတြ႔၍ အေျပးသြားမိေတာ့ ထိုနား ေရာက္တာနဲ႔ ထိုင္ေနရာကေန ထကာ သူ႔ကို ဆြဲထိုးေသာ ဂ်ီမင္း
"ဘာလုပ္တာလဲ!!"
ဘာမေျပာညာမေျပာနဲ႔ ဆြဲထိုးေသာေျကာင့္ Jiminအား စူးစိုက္ျကည့္ကာ အံျကိတ္ျပီးေျပာမိသည္။
"အဲ့စကားကို က်ေနာ္က ေျပာရမွာ ခင္ဗ်ား ထယ္ေယာင္းကို အေပ်ာ္တြဲျပီး ဘာလုပ္တာလဲ!! သူက ခင္ဗ်ားအတြက္ တန္ဖိုးမရိွလုိ႔လား ဟမ္ ခင္ဗ်ား သိလား ထယ္ေယာင္းကေလ ဘယ္သူ႔ကိုမွ အတည္မခ်စ္ခဲ့ဖူးတဲ့ ထယ္ေယာင္းက ခင္ဗ်ားကိုက်မွ အရူးတစ္ပိုင္းလို တမ္းတမ္းစြဲ ခ်စ္ေနခဲ့တာ ခင္ဗ်ားဗ်ာ"
ထိုစကားေျကာင့္ ေဂ်ာင္ကု မ်က္ရည္ ေပါက္ခနဲ က်လာမိ၏။ သူ လုပ္ခဲ့တဲ့ လုပ္ရပ္ေတြက ထယ္ေယာင္း ေတာ္ေတာ္ ခံစားသြားရရွာမွာ။
"အခ်စ္ ကိုယ္တို႔ ဒီကိစၥကို အခုလို ေျဖရွင္းေနလို႔ မျဖစ္ဘူးေလ ထိုင္ေနပါ ဂြ်န္ေဂ်ာင္ကုshi ခင္ဗ်ားလဲ ထိုင္"
ယြန္းဂီက ဝင္ဆြဲရသည္။
အကုန္လံုး ထိုင္ျပီးတဲ့ေနာက္မွာေတာ့
"ထယ္ေယာင္း ဘာလို႔ ေပ်ာက္ေနတာလဲ ဘယ္အခ်ိန္ကထဲက ေပ်ာက္ေနတာလဲ"
"ခင္ဗ်ားေျကာင့္ေလ ခင္ဗ်ားေျကာင့္ သူ အစာမစားတာေရာ ဘယ္ႏွစ္ရက္ရိွေနျပီလဲ ခင္ဗ်ား သိလား ခင္ဗ်ားေျကာင့္ အခ်ိန္တိုင္း ငိုေနခဲ့တာေရာ ခင္ဗ်ား သိလား အခု ေပ်ာက္သြားတာလဲ ခင္ဗ်ားေျကာင့္"
"ေတာ္ျပီ အခ်စ္ ကိုယ္ေျပာျပလိုက္မယ္"
ယြန္းဂီက ေဒါသထြက္ေနေသာ ဂ်ီမင္းကို တားျပီး သူသာ ျဖစ္ရပ္ကုန္စင္ ရွင္းျပလိုက္ရေတာ့သည္။
"ထယ္ေယာင္းက ခင္ဗ်ား သူ႔ကို အေပ်ာ္တြဲတယ္လို႔ ထင္သြားျပီး ကမာၻေတြ ပ်က္ေနခဲ့တာ က်ေနာ္တို႔ သူ႔အိမ္မွာ အတူေနေပးတာ ျကာျပီ သူေျကာက္တယ္ဆိုျပီး လွမ္းေခၚကထဲကေပါ့ ခင္ဗ်ားရဲ႕ သတင္းစာရွင္းလင္းပြဲကို သူ Tvကေန ျကည့္လိုက္ရတယ္ ျပီးေတာ့ ခင္ဗ်ား ေစ့စပ္ပြဲထိ လိုက္လာတာပဲ ျကည့္သူက ခင္ဗ်ားကို အေတာ္ခ်စ္ရွာတာ ခင္ဗ်ားေစ့စပ္ပြဲကေန ျပန္ေရာက္ကထဲက စိတ္အေျခအေနကဗ်ာ ပံုမွန္မဟုတ္ခ်င္ေတာ့တာ ဒီေန႔မနက္က သူ႔အိမ္ကေန က်ေနာ္တို႔ကို ေမာင္းထုတ္တယ္ အဲ့ဒါနဲ႔ က်ေနာ္တို႔လည္း သူ တစ္ေယာက္ထဲ ေနပါေစဆိုျပီး သူ႔အိမ္ကေန ထြက္သြားေပးခဲ့တယ္ ညေန က်ေနာ္တို႔ ျပန္ေရာက္ေတာ့ ထယ္ေယာင္း မရိွေတာ့ဘူး က်ေနာ္တို႔လဲ လိုက္ရွာေပမယ့္ မေတြ႔ဘူး အဲ့ဒါ ခင္ဗ်ားေရာ သူ သြားေလာက္မယ့္ေနရာကို သိလားလို႔ ေခၚေမးတာ"
"မသိဘူး က်စ္"
"အဲ့ဒါမွ ဒုကၡပဲ က်ေနာ္တို႔လဲ သူသြားေလာက္မယ့္ေနရာ ရွာတာ ႏွံ႕ေနျပီ"
"က်ေနာ္ က်ေနာ့္နည္း က်ေနာ့္ဟန္နဲ႔ ရွာမယ္ ခင္ဗ်ားတို႔လဲ သူ သြားေလာက္မယ့္ေနရာကို ထပ္ရွာျကည့္ေပးပါ"
ေျပာျပီး ေကာ္ဖီဆိုင္ထဲမွ ေျပးထြက္သြားေသာ ေဂ်ာင္ကု
ေဂ်ာင္ကု ကားထဲ ေရာက္ေတာ့ ဖုန္းထဲမွ ထယ္ေယာင္းဖုန္းကို ဆက္ေတာ့သည္
လူျကီးမင္း ေခၚဆိုေသာ ဖုန္းနံပါတ္မွာ စက္ပိတ္ထားပါသျဖင့္....
"က်စ္ ကိုယ္ စိတ္ပူလြန္းလို႔ ေသေတာ့မယ္ကြာ"
ေဂ်ာင္ကု ထိုေနရာမွ ေမာင္းထြက္လာခဲ့ျပီး ကားေမာင္းေနရင္းနဲ႔ပင္ ကားထဲကေန အျပင္ကို ျကည့္ျပီး ထယ္ေယာင္းကို ရွာမိသည္။
အခုမွ သတိရသြားမိသည္က ဟန္ျမစ္.....
ဟုတ္တယ္......သူတို႔အတူ ဟန္ျမစ္ကို သြားဖူးသည္မဟုတ္လား....
ဟန္ျမစ္နားေရာက္ေတာ့ ကားကို ထိုးရပ္ကာဟန္ျမစ္ကမ္းနံေဘးကို အေျပးသြားျပီး ထယ္ေယာင္းကို ရွာမိသည္။
သူ လိုက္ရွာေနမိရာမွ ဟန္ျမစ္ထဲ ခုန္ခ်ဖို႔ လုပ္ေနတဲ့ ထယ္ေယာင္းကို ေတြ႔ေလသည္။
ဟန္ျမစ္ထဲ ခုန္ခ်ဖို႔ လုပ္ေနတဲ့ ထယ္ေယာင္းအား လွမ္းဆြဲလိုက္ေတာ့ သူ႔ရင္ခြင္ထဲ ကြက္တိ ေရာက္လာသည္။
"ကင္ထယ္ေယာင္း မင္း ေတာ္ေတာ္ ရူးလွခ်ည္လား ဟမ္ ဘာျဖစ္လို႔ ကိုယ့္ကိုကိုယ္ သတ္ေသဖို႔အထိ လုပ္ေနရတာလဲ"
ထယ္ေယာင္းကိုယ္ကို တင္းတင္းက်ပ္က်ပ္ဖက္ထားကာ မ်က္ရည္ေတြ က်ရင္း ေျပာေနေသာ ေဂ်ာင္ကု
"က်ေနာ့္ကိုလႊတ္ လႊတ္"
ရင္ခြင္ထဲမွ အတင္းရုန္းေနေသာ ထယ္ေယာင္း
"ခင္ဗ်ားကို မုန္းတယ္ ဂြ်န္ အရမ္း မုန္းတယ္ က်ေနာ့္ႏွလံုးသားက ခင္ဗ်ားအတြက္ ကစားစရာ အရုပ္တစ္ရုပ္ျဖစ္ေနခဲ့တာကိုလဲ မုန္းတယ္ လႊတ္စမ္း က်ေနာ့္ကို က်ေနာ္ ေသသြားမွ ဒီလိုခံစားေနရတာေတြကေန လြတ္ေျမာက္မွာ လႊတ္ လႊတ္လို႔"
"ေဘဘီ စိတ္ထိန္းစမ္း!! ကိုယ့္ကိုျကည့္"
ရင္ခြင္ထဲမွ ဆြဲထုတ္ကာ ထယ္ေယာင္းပုခံုး2ဖက္ကို ဆုပ္ကိုင္ရင္း ေျပာသည္။
"ကိုယ္ ေတာင္းပန္ပါတယ္ ျဖစ္ခဲ့တဲ့ ကိစၥေတြအားလံုးအတြက္ ကိုယ္ေတာင္းပန္ပါတယ္ ေနာ္ ကိုယ္ ေဘဘီ့ကို အေပ်ာ္တြဲခဲ့တာလဲ မဟုတ္သလို ေဘဘီ့ႏွလံုးသားကို အေပ်ာ္ကစားခဲ့တာလဲ မဟုတ္ဘူး အဲ့ဒါေျကာင့္မို႔ စိတ္ရူးေပါက္ရာ ေလွ်ာက္မလုပ္စမ္းပါနဲ႔ ေဘဘီရာ"
"အဲ့ဒါ ဘာလို႔ တစ္ျခားတစ္ေယာက္နဲ႔ ေစ့စပ္တဲ့အထိ ေနာက္ဆံုး အဲ့တစ္ေယာက္ကို က်ေနာ့္ေရွ႕မွာ နမ္းတဲ့အထိ လုပ္ျပခဲ့ရတာလဲ!! က်ေနာ္ ခင္ဗ်ားကို အရိုးထဲထိ နစ္ေနေအာင္ မုန္းတယ္ ဂြ်န္"
"ကိုယ္ ရွင္းျပတာကို နားေထာင္ပါဦး ေဘဘီရယ္"
ဟု ေျပာျပီးေနာက္ သူ႔အေပၚကုတ္အား ထယ္ေယာင္းကိုယ္ေပၚကို ျခံဳေပးလိုက္ျပီး
"အခုေလာေလာဆယ္ ကိုယ္တို႔ ဒီကေန ျပန္ျကရေအာင္ ေနာ္ ဒီမွာ ေလေတြ တိုက္တာ တအားေအးတယ္"
ထယ္ေယာင္းကို ထိုေနရာမွ ေခၚလာကာ ကားရိွရာသို႔ ေရာက္ေသာ္ ကားထဲသို႔ ထည့္ေပးလိုက္သည္။
ကားေလးဟာ ဦးတည္ရာမဲ့လ်က္ လမ္းမေပၚ တေရြ႕ေရြ႕ ေမာင္းႏွင္ေနသည္။
ကားေပၚရိွ ေလထုဟာ အပ္က်သံပင္ ျကားႏိုင္ေလာက္သည္အထိ တိတ္ဆိတ္ျငိမ္သက္လြန္းသည္။
ေဂ်ာင္ကုကလဲ ထယ္ေယာင္းကို ဘယ္ကေန စရွင္းျပရမလဲ စကားရွာေနသည္။
ထယ္ေယာင္းကေတာ့ ကားျပတင္းေပါက္ဘက္ကိုသာ မ်က္ႏွာမူထားျပီး မ်က္ႏွာဟာလဲ အသက္မဲ့ေနတဲ့လူတစ္ေယာက္ရဲ႕မ်က္ႏွာလိုမ်ိဳး......
ေဂ်ာင္ကု ကားကို လမ္းေဘးတစ္ေနရာတြင္ ထိုးရပ္လိုက္ကာ
"ေဘဘီ"
လို႔ ေခၚေတာ့ ထယ္ေယာင္း လွည့္မျကည့္လာ
"ေဘဘီ ကိုယ္ေျပာတာ နားေထာင္စမ္း ကိုယ့္ကိုျကည့္ မ်က္ႏွာလႊဲမထားနဲ႔"
လွည့္မလာ။
ဒီေကာင္ေလးဟာ တကယ္ အေျကာတင္းေလးဆိုတာ သူ ေမ့ေနတာ.....
ေဂ်ာင္ကု ေဒါသကို ေလွ်ာ့ခ်ပစ္ကာ....
"ကိုယ့္အေဖေျကာင့္ပဲ ဒီကိစၥေတြ အားလံုးက ကိုယ့္အေဖေျကာင့္ ကိုယ္ ေဘဘီနဲ႔ အဆက္အသြယ္မျဖတ္ရင္ ေဘဘီ့ကို သူက ေဘဘီ့ကို သတ္မွာ ကိုယ့္အေဖအေျကာင္း ကိုယ္ သိတယ္ သူက ေျပာရင္ တကယ္လုပ္တာ"
"အဲ့ဒါေျကာင့္ က်ေနာ္နဲ႔ အဆက္အသြယ္ျဖတ္ျပီး တစ္ျခားတစ္ေယာက္နဲ႔ ေစ့စပ္ခဲ့တာေပါ့ ဟက္ ဘယ္ဇာတ္လမ္းထဲကအေျကာင္းေတြ က်ေနာ့္ကို လာေျပာေနတာလဲ ဟက္ ဒါမ်ိဳးေတြ ရိုးေနျပီ"
"အခု ေဘဘီက ကိုယ့္ကို လိမ္ေနတယ္လို႔ ေျပာခ်င္တာလား"
"ထင္တဲ့အတိုင္းပဲ"
မ်က္ႏွာေသနဲ႔ ျပန္ေျပာတဲ့ ထယ္ေယာင္းဟာ ပမာမခန္႔ပံုစံပင္....
ထယ္ေယာင္းကိုယ္ကို ပုခံုးကေနဆုပ္ကိုင္ကာ သူ႔ဘက္ ဆြဲလွည့္လိုက္ျပီး
"ဂြ်န္ထယ္ေယာင္း မင္း ငါ့အခ်စ္ကို မေစာ္ကားနဲ႔ ငါ့မွာ မင္းကို ခ်စ္လြန္းလို႔ မင္းတစ္ခုခုျဖစ္မွာစိုးလို႔ ငါ့ရင္ေတြ အနာခံျပီး မင္းနဲ႔ အဆက္အသြယ္ျဖတ္ခဲ့တာ ျပီးေတာ့ ေစ့စပ္ပြဲမွာ နမ္းတဲ့ကိစၥ!! မင္း ငါ့ကို စိတ္နာ ေအာင္လို႔ တမင္တကာ လုပ္ခဲ့တဲ့ ကာယံကံရွင္ျဖစ္တဲ့ ငါကိုယ္တိုင္က ရင္ေတြ ကြဲမတတ္ပဲ အဲ့ဒါ မင္းသိလား ဟမ္ မင္း သိလားလို႔!!အဲ့ဒါေတာင္ မင္းက ငါ့ကို မယံုဘဲ ေလွာင္တဲ့အထိ!! "
ပုခံုးတို႔ကို လႈပ္ရမ္းရင္း ေျပာလာေသာ ေဂ်ာင္ကုမ်က္ဝန္းထဲမွ မ်က္ရည္ေတြ စီးက်လို႔ေနသည္။
ထယ္ေယာင္းလဲ မ်က္ရည္ေတြ က်လာမိျပီး
"ဘာလို႔ မယံုတာလဲေရာ မေမးဘူးလား ဘာလို႔ မယံုတာလဲ ေျပာျပမယ္ ခင္ဗ်ားကို မယံုတာ မဟုတ္ဘူး မယံုရဲတာ က်ေနာ့္ကို ထပ္ထားသြားမွာ ေျကာက္လို႔ ခင္ဗ်ား က်ေနာ့္ကို ထပ္ထားသြားမွာေျကာက္လို႔လို႔ ဟင့္ အဲ့ဒါ ခင္ဗ်ား သိလား"
ရိႈက္သံတစ္ဝက္ေရာျပီး ေျပာလာေသာ အေရွ႕က အေကာင္ေပါက္ေျကာင့္ လူက ေဒါသထြက္ေနတာေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိ....
"က်စ္ ေဘဘီရာ"
ရင္ခြင္ထဲ ဆြဲသြင္းလိုက္ေတာ့ တအီအီနဲ႔ ပို၍ ငိုခ်ေသာ ထယ္ေယာင္း
"sorryပါ ေဘဘီရယ္ ကိုယ္"
"ဟင့္အင္း က်ေနာ္က ေတာင္းပန္ရမွာ အင့္ ခင္ဗ်ားကို မယံုသလို ေလွာင္မိလို႔ ဟင့္"
"ေဘဘီ့အိမ္ကို လာေသာင္းက်န္းသြားတဲ့သူေတြက ကိုယ့္အေဖခိုင္းလိုက္တဲ့သူေတြ"
"ဒါဆို အခုေရာ အခုေရာဟင္ ခင္ဗ်ားနဲ႔က်ေနာ္ အတူရိွေနလို႔ က်ေနာ့္ကို လာသတ္ေတာ့မွာလား"
"ကိုယ္က အဲ့လို အျဖစ္ခံမယ့္ေကာင္မွ မဟုတ္တာ ျပီးေတာ့ ကိုယ္ ေဘဘီနဲ႔လဲ မခြဲနိုင္ေတာ့လို႔ ေဘဘီနဲ႔ ေဝးေစႏိုင္တဲ့ ကိုယ့္အေဖကို ေပးထားတဲ့ကတိကို လဲ ကိုယ္ ေဖာက္ဖ်က္မယ္ ကိုယ္တို႔ ကိုယ့္အေဖမေတြ႔ႏိုင္ေလာက္တဲ့ အေဝးဆံုးေနရာကို ထြက္သြားရေအာင္ Canadaပဲျဖစ္ျဖစ္ Moscowပဲျဖစ္ျဖစ္"
"က်ေနာ္ ခင္ဗ်ားနဲ႔ဆို ေသရြာကိုေတာင္ လိုက္မွာ အဲ့ဒါေျကာင့္ ဘယ္ကိုပဲသြားသြား က်ေနာ့္ေဘးနားမွာ ခင္ဗ်ားရိွေနရင္ ျဖစ္တယ္"
"ခ်စ္တယ္ ေဘဘီ"
တင္းတင္းက်ပ္က်ပ္ ဖက္ထားရင္းနဲ႔ပင္ ဆံစတစ္ခ်ိဳ႕အား နမ္းရိႈက္ကာ ေျပာလာသည္။
"က်ေနာ္က ပိုခ်စ္တာပါ"
ထယ္ေယာင္း ေဂ်ာင္ကုရင္ခြင္ထဲ တိုးဝင္ကာ ေျပာမိသည္။
"ကိုယ္တို႔ အခုခ်က္ခ်င္း သြားလို႔ေတာ့မရဘူး visaရဖို႔က 1ပတ္ေလာက္ ေစာင့္ရဦးမယ္ထင္တယ္ ဒီ1ပတ္အတြင္း ကိုယ္တို႔တစ္ေနရာရာမွာ ပုန္းေနမွ ျဖစ္မယ္ ဂ်ယ္ဂ်ဴကို သြားရေအာင္ အဲ့မွာ ကိုယ္ ကိုယ့္အေဖမသိေအာင္ ဝယ္ထားတဲ့ အပန္းေျဖစံအိမ္ရိွတယ္"
"ဟုတ္ သြားျကမယ္ေလ အာ့ဆို"
ထယ္ေယာင္းနဖူးကို တစ္ခ်က္ အသာအယာ နမ္းလိုက္ျပီး အႏူးညံ့ဆံုး ျပံဳးျပလိုက္ေတာ့ ေလးေထာင့္ဆန္ဆန္အျပံဳးေတြနဲ႔ ျပန္ျပံဳးျပလာေသာ ထယ္ေယာင္းမ်က္ဝန္းထဲမွာ မ်က္ရည္ေတြ အိုင္ထြန္းေနသည္။
"ထပ္ျပီး မငိုခ်နဲ႔ေနာ္ ေဘဘီ မဟုတ္ရင္ ေဘဘီ့ကို ခံစားရေအာင္ လုပ္မိတဲ့ ကိုယ့္ကိုကိုယ္ တစ္ခုခု လုပ္မိေတာ့မယ္"
ထိုအခါ ထပ္ျပံဳးျပေသာ သူ႔အသဲ.....
Unicode
ယွန်းဂီကားနဲ့သာ ထယ်ယောင်းကို ခေါ်လာသည်။
ယွန်းဂီက ကားမောင်းပြီး ဂျီမင်းနဲ့ ထယ်ယောင်းကတော့ ကားနောက်ခန်းမှာ....
"ထယ်ယောင်း မငိုနဲ့ တိတ်တော့ကွာ မင်း တော်ရုံပဲ ရူးစမ်းပါ အခုကစပြီး အသိတရားရသင့်ပြီ ထယ်ယောင်း"
ဂျီမင်းက ထယ်ယောင်းကို ဖက်ကာ ချော့မော့ပြောရှာသည် သို့သော် ထယ်ယောင်းမှာ အငိုမပျက်။
"အချစ် ရော့ သုတ်ပေးလိုက်ပါဦး"
ကားမောင်းနေသည့် ယွန်းဂီက တစ်ရှူးကို လက်နောက်ပြန်ဖြင့် ဂျီမင်းကို လှမ်းပေးသည်။
ဂျီမင်းလဲ ယွန်းဂီပေးသော တစ်ရှူးကို ယူလိုက်ပြီးထယ်ယောင်းမျက်ရည်တွေကို သုတ်ပေးရင်း
"မင်း သူ့ကို မေ့လိုက်တော့ တိတ် ထပ်မငိုနဲ့ ငါပြောတယ်မလား မင်းမျက်ရည်နဲ့ အဲ့လူနဲ့ လုံးဝမတန်ဘူးလို့ တိတ်တော့"
ဒီလိုနဲ့ အိမ်ပြန်ရောက်တော့ ဆိုဖာပေါ်မှာ ထိုင်နေကြပြီး ထယ်ယောင်းအား နားဝင်အောင် ထပ် ချော့ရသေးသည်။
"ဟျောင့် ဂျီမင်း ဒါ ဒါ အိပ်မက်မလား ဟုတ်တယ်လို့ ပြောစမ်းပါ ဟမ် ဟုတ်တယ်မလား ငါ အိပ်မက်မက်နေတာ"
"ထယ်ယောင်းရာ!! မင်း အဲ့လူကို အဲ့လောက်ထိ ချစ်တာလားကွ ဟင့်"
သူ့သူငယ်ချင်းအဖြစ်အား ကြည့်ကာ သူပါ ငိုမိတော့သည်။
"ဟုတ်တယ်မလား ဂျီမင်း ဒါ အိပ်မက်မလား ငါနိုးလာရင် ဒီအိပ်မက်ဆိုးပျောက်သွားမှာ အဲ့တော့ ငါအိပ်ရမယ် ဟုတ်တယ် အိပ်ရမယ်"
ဟုဆိုကာ အိပ်ခန်းထဲ ဝင်သွားသော ထယ်ယောင်း
ဂျီမင်းလဲ ရှုံးပွဲချ ငိုချမိတော့သည်။
"hyg.....ထယ်ယောင်း သနားပါတယ်ဗျာ ဟင့်"
"အဆင်ပြေသွားမှာပါ အချစ်ရယ် မငိုနဲ့ တိတ်"
ယွန်းဂီက ဂျီမင်းကို ရင်ခွင်ထဲ ထည့်ကာ ချော့သည်။
******
"ထယ်ယောင်း အပြင် ထွက်ပါဦးကွာ မင်း အစာမစားတာ ဘယ်နှစ်ရက်ရှိနေပြီလဲ"
အိပ်ခန်းတံခါးအား ထုကာ ပြောသော ဂျီမင်း
"မစားဘူးလို့ ပြောနေတယ် ထွက်သွား အကုန်ထွက်သွား မုန်းတယ် ဟင့် အကုန် အလိမ်အညာတွေ ထွက်သွား ငါ့အိမ်ထဲက!!"
အခန်းအပြင်က ဂျီမင်းနဲ့ ယွန်းဂီ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သက်ပြင်းချမိ၏။
"ငါတို့ ထွက်သွားပေးရင် မင်း ထမင်းစားမှာလား ထယ်ယောင်း ဒါဆို ငါတို့ မင်းအိမ်ထဲက ထွက်သွားပေးမယ်"
အထဲက ဘာသံမှ ပြန်မကြားရ။
"သူ့ကို ခဏလောက် လွှတ်ပေးထားလိုက်ပါ အချစ်ရယ် ကိုယ်တို့ ခဏ ရှောင်ပေးရအောင် သူ တစ်ယောက်ထဲ နေချင်မှာပေါ့ ညနေကျမှ ကိုယ်တို့ ပြန်လာလိုက်မယ်"
"ဟုတ် hyg"
ဂျီမင်းရော ယွန်းဂီရော အိမ်ထဲမှ ထွက်သွားကြတော့မှ ထယ်ယောင်းအပြင်ထွက်လာမိ၏။
ထို့နောက် ညအိပ်အဝတ်အစားနဲ့ အိမ်နေရင်းစီးတဲ့ slipperဖိနပ်သာ စီးပြီး အိမ်အပြင်သို့ ထွက်သွားသည်။
ညနေ ယွန်းဂီတို့ ပြန်ရောက်တော့ အိပ်ခန်းတံခါးကို သွားထုပြီး
"ထယ်ယောင်း မင်း ထမင်းစားပြီးလောက်ရောပေါ့"
အထဲက ဘာသံမှ ပြန်မကြားရ။
"ငါတို့ ဒီရက်ပိုင်း မင်းအိမ်ကနေ ဘယ်မှ မသွားနိုင်ဘူး ငါ မင်းကို တစ်ယောက်ထဲ စိတ်မချဘူး ငါပြောတာ နားထောင်နေလား ထယ်ယောင်း"
အထဲက ဘာသံမှ ပြန်မကြားရသဖြင့်
"ထယ်ယောင်း!! တံခါးဖွင့်စမ်း!!"
တံခါးလက်ကိုင်ဘုအား ရလိုရငြား လှည့်ဖွင့်မိတော့ပွင့်နေသည်။
အဲ့ဒါနဲ့ 2ယောက်သား အိပ်ခန်းထဲ ဝင်ကြည့်မိတော့ထယ်ယောင်း ရှိမနေ။
ရေချိုးခန်းတံခါးကို သွားဖွင့်ကြည့်သော်လည်း ရှိမနေ။
"hyg ထယ်ယောင်း ဘယ်ရောက်သွားပြီလဲ"
"ကိုယ်လဲ မသိဘူးလေ ကိုယ်တို့ ဒီအနီးအနားတစ်ဝိုက်ကို သွားရှာကြည့်ရအောင်"
"ဟုတ် hyg"
ကွန်ဒိုတိုက်ခန်းဝန်းထဲ ပတ်ရှာသည်။
သို့သော် မတွေ့ခဲ့ပါ။
ထယ်ယောင်း သွားတတ်တဲ့ Dream glow clubကိုလဲ သွားရှာသည် မတွေ့ခဲ့ပေ။
အဲ့ဒါနဲ့ ဘယ်မှာ လိုက်ရှာရမှန်း ကြံရာမရ ဖြစ်နေတဲ့အချိန်
"hyg ဂျွန်ဂျောင်ကုများ ထယ်ယောင်း သွားလောက်မယ့်နေရာ သိလောက်လား"
"ကိုယ် ဂျွန်ဂျောင်ကု ဖုန်းနံပါတ်သိတယ်"
ယွန်းဂီ ဖုန်းထုတ်ကာ ဂျောင်ကုဆီကို ဆက်တော့သည်။ ဂျီမင်းက သူ ပြောမည်ဟုဆိုကာ ဖုန်းကို ယွန်းဂီလက်ထဲမှ ယူလိုက်သည်
ဂျောင်ကုတစ်ယောက် companyမှာ စာရင်းဇယားတွေနဲ့ အလုပ်ရှုပ်နေချိန် ဖုန်းဝင်လာ၍
"ဟဲလို"
"ခင်ဗျား ကျနော်တို့နဲ့ တွေ့ပြီး စကားပြောသင့်ပြီ"
"ဘယ်သူလဲ ဘာတွေ လာပြောနေတာလဲ အလုပ်ပင်ပန်းလို့ စိတ်ရှုပ်ရတဲ့အထဲ"
အမည်မသိဖုန်းနံပါတ်ဖြစ်ပြီး ဘာတွေ အူကြောင်ကြောင် လာပြောမှန်းမသိလို့ ပိတ်ဟောက်မိသည်။
"ထယ်ယောင်း ပျောက်နေတယ်"
"ဘာ!! မင်း ဘယ်သူလဲ"
"ထယ်ယောင်းသူငယ်ချင်း ပတ်ဂျီမင်းလေ ခင်ဗျား သိပါတယ်"
"ကင်ထယ်ယောင်းက ဘာလို့ ပျောက်သွားတာလဲ အခုထိ ရှာမတွေ့ကြသေးဘူးလား ဘယ်အချိန်တုန်းကထဲက ပျောက်သွားတာလဲ"
"ထယ်ယောင်းနေတဲ့ ရပ်ကွက်ထိပ်က ကော်ဖီဆိုင်ကို အခုချက်ချင်း လာခဲ့ပါ မဟုတ်ရင် ကျနော် ခင်ဗျားနဲ့ ထယ်ယောင်းအကြောင်းကို mediaတွေကို ဖွပစ်မှာ"
"ကောင်းပြီ အခုချက်ချင်း လာခဲ့မယ်"
ဂျောင်ကု ကမမ်းကတန်းပင် companyထဲမှ ထွက်သွားတော့သည်။
ချိန်းထားတဲ့ ကော်ဖီဆိုင်ထဲ ရောက်တော့
ကော်ဖီဆိုင်ရဲ့ထောင့်တစ်ထောင့်မှာ ထိုင်နေတဲ့ ဂျီမင်းကို တွေ့၍ အပြေးသွားမိတော့ ထိုနား ရောက်တာနဲ့ ထိုင်နေရာကနေ ထကာ သူ့ကို ဆွဲထိုးသော ဂျီမင်း
"ဘာလုပ်တာလဲ!!"
ဘာမပြောညာမပြောနဲ့ ဆွဲထိုးသောကြောင့် Jiminအား စူးစိုက်ကြည့်ကာ အံကြိတ်ပြီးပြောမိသည်။
"အဲ့စကားကို ကျနော်က ပြောရမှာ ခင်ဗျား ထယ်ယောင်းကို အပျော်တွဲပြီး ဘာလုပ်တာလဲ!! သူက ခင်ဗျားအတွက် တန်ဖိုးမရှိလို့လား ဟမ် ခင်ဗျား သိလား ထယ်ယောင်းကလေ ဘယ်သူ့ကိုမှ အတည်မချစ်ခဲ့ဖူးတဲ့ ထယ်ယောင်းက ခင်ဗျားကိုကျမှ အရူးတစ်ပိုင်းလို တမ်းတမ်းစွဲ ချစ်နေခဲ့တာ ခင်ဗျားဗျာ"
ထိုစကားကြောင့် ဂျောင်ကု မျက်ရည် ပေါက်ခနဲ ကျလာမိ၏။ သူ လုပ်ခဲ့တဲ့ လုပ်ရပ်တွေက ထယ်ယောင်း တော်တော် ခံစားသွားရရှာမှာ။
"အချစ် ကိုယ်တို့ ဒီကိစ္စကို အခုလို ဖြေရှင်းနေလို့ မဖြစ်ဘူးလေ ထိုင်နေပါ ဂျွန်ဂျောင်ကုshi ခင်ဗျားလဲ ထိုင်"
ယွန်းဂီက ဝင်ဆွဲရသည်။
အကုန်လုံး ထိုင်ပြီးတဲ့နောက်မှာတော့
"ထယ်ယောင်း ဘာလို့ ပျောက်နေတာလဲ ဘယ်အချိန်ကထဲက ပျောက်နေတာလဲ"
"ခင်ဗျားကြောင့်လေ ခင်ဗျားကြောင့် သူ အစာမစားတာရော ဘယ်နှစ်ရက်ရှိနေပြီလဲ ခင်ဗျား သိလား ခင်ဗျားကြောင့် အချိန်တိုင်း ငိုနေခဲ့တာရော ခင်ဗျား သိလား အခု ပျောက်သွားတာလဲ ခင်ဗျားကြောင့်"
"တော်ပြီ အချစ် ကိုယ်ပြောပြလိုက်မယ်"
ယွန်းဂီက ဒေါသထွက်နေသော ဂျီမင်းကို တားပြီး သူသာ ဖြစ်ရပ်ကုန်စင် ရှင်းပြလိုက်ရတော့သည်။
"ထယ်ယောင်းက ခင်ဗျား သူ့ကို အပျော်တွဲတယ်လို့ ထင်သွားပြီး ကမာ္ဘတွေ ပျက်နေခဲ့တာ ကျနော်တို့ သူ့အိမ်မှာ အတူနေပေးတာ ကြာပြီ သူကြောက်တယ်ဆိုပြီး လှမ်းခေါ်ကထဲကပေါ့ ခင်ဗျားရဲ့ သတင်းစာရှင်းလင်းပွဲကို သူ Tvကနေ ကြည့်လိုက်ရတယ် ပြီးတော့ ခင်ဗျား စေ့စပ်ပွဲထိ လိုက်လာတာပဲ ကြည့်သူက ခင်ဗျားကို အတော်ချစ်ရှာတာ ခင်ဗျားစေ့စပ်ပွဲကနေ ပြန်ရောက်ကထဲက စိတ်အခြေအနေကဗျာ ပုံမှန်မဟုတ်ချင်တော့တာ ဒီနေ့မနက်က သူ့အိမ်ကနေ ကျနော်တို့ကို မောင်းထုတ်တယ် အဲ့ဒါနဲ့ ကျနော်တို့လည်း သူ တစ်ယောက်ထဲ နေပါစေဆိုပြီး သူ့အိမ်ကနေ ထွက်သွားပေးခဲ့တယ် ညနေ ကျနော်တို့ ပြန်ရောက်တော့ ထယ်ယောင်း မရှိတော့ဘူး ကျနော်တို့လဲ လိုက်ရှာပေမယ့် မတွေ့ဘူး အဲ့ဒါ ခင်ဗျားရော သူ သွားလောက်မယ့်နေရာကို သိလားလို့ ခေါ်မေးတာ"
"မသိဘူး ကျစ်"
"အဲ့ဒါမှ ဒုက္ခပဲ ကျနော်တို့လဲ သူသွားလောက်မယ့်နေရာ ရှာတာ နှံ့နေပြီ"
"ကျနော် ကျနော့်နည်း ကျနော့်ဟန်နဲ့ ရှာမယ် ခင်ဗျားတို့လဲ သူ သွားလောက်မယ့်နေရာကို ထပ်ရှာကြည့်ပေးပါ"
ပြောပြီး ကော်ဖီဆိုင်ထဲမှ ပြေးထွက်သွားသော ဂျောင်ကု
ဂျောင်ကု ကားထဲ ရောက်တော့ ဖုန်းထဲမှ ထယ်ယောင်းဖုန်းကို ဆက်တော့သည်
လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ စက်ပိတ်ထားပါသဖြင့်....
"ကျစ် ကိုယ် စိတ်ပူလွန်းလို့ သေတော့မယ်ကွာ"
ဂျောင်ကု ထိုနေရာမှ မောင်းထွက်လာခဲ့ပြီး ကားမောင်းနေရင်းနဲ့ပင် ကားထဲကနေ အပြင်ကို ကြည့်ပြီး ထယ်ယောင်းကို ရှာမိသည်။
အခုမှ သတိရသွားမိသည်က ဟန်မြစ်.....
ဟုတ်တယ်......သူတို့အတူ ဟန်မြစ်ကို သွားဖူးသည်မဟုတ်လား....
ဟန်မြစ်နားရောက်တော့ ကားကို ထိုးရပ်ကာဟန်မြစ်ကမ်းနံဘေးကို အပြေးသွားပြီး ထယ်ယောင်းကို ရှာမိသည်။
သူ လိုက်ရှာနေမိရာမှ ဟန်မြစ်ထဲ ခုန်ချဖို့ လုပ်နေတဲ့ ထယ်ယောင်းကို တွေ့လေသည်။
ဟန်မြစ်ထဲ ခုန်ချဖို့ လုပ်နေတဲ့ ထယ်ယောင်းအား လှမ်းဆွဲလိုက်တော့ သူ့ရင်ခွင်ထဲ ကွက်တိ ရောက်လာသည်။
"ကင်ထယ်ယောင်း မင်း တော်တော် ရူးလှချည်လား ဟမ် ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့အထိ လုပ်နေရတာလဲ"
ထယ်ယောင်းကိုယ်ကို တင်းတင်းကျပ်ကျပ်ဖက်ထားကာ မျက်ရည်တွေ ကျရင်း ပြောနေသော ဂျောင်ကု
"ကျနော့်ကိုလွှတ် လွှတ်"
ရင်ခွင်ထဲမှ အတင်းရုန်းနေသော ထယ်ယောင်း
"ခင်ဗျားကို မုန်းတယ် ဂျွန် အရမ်း မုန်းတယ် ကျနော့်နှလုံးသားက ခင်ဗျားအတွက် ကစားစရာ အရုပ်တစ်ရုပ်ဖြစ်နေခဲ့တာကိုလဲ မုန်းတယ် လွှတ်စမ်း ကျနော့်ကို ကျနော် သေသွားမှ ဒီလိုခံစားနေရတာတွေကနေ လွတ်မြောက်မှာ လွှတ် လွှတ်လို့"
"ဘေဘီ စိတ်ထိန်းစမ်း!! ကိုယ့်ကိုကြည့်"
ရင်ခွင်ထဲမှ ဆွဲထုတ်ကာ ထယ်ယောင်းပုခုံး2ဖက်ကို ဆုပ်ကိုင်ရင်း ပြောသည်။
"ကိုယ် တောင်းပန်ပါတယ် ဖြစ်ခဲ့တဲ့ ကိစ္စတွေအားလုံးအတွက် ကိုယ်တောင်းပန်ပါတယ် နော် ကိုယ် ဘေဘီ့ကို အပျော်တွဲခဲ့တာလဲ မဟုတ်သလို ဘေဘီ့နှလုံးသားကို အပျော်ကစားခဲ့တာလဲ မဟုတ်ဘူး အဲ့ဒါကြောင့်မို့ စိတ်ရူးပေါက်ရာ လျှောက်မလုပ်စမ်းပါနဲ့ ဘေဘီရာ"
"အဲ့ဒါ ဘာလို့ တစ်ခြားတစ်ယောက်နဲ့ စေ့စပ်တဲ့အထိ နောက်ဆုံး အဲ့တစ်ယောက်ကို ကျနော့်ရှေ့မှာ နမ်းတဲ့အထိ လုပ်ပြခဲ့ရတာလဲ!! ကျနော် ခင်ဗျားကို အရိုးထဲထိ နစ်နေအောင် မုန်းတယ် ဂျွန်"
"ကိုယ် ရှင်းပြတာကို နားထောင်ပါဦး ဘေဘီရယ်"
ဟု ပြောပြီးနောက် သူ့အပေါ်ကုတ်အား ထယ်ယောင်းကိုယ်ပေါ်ကို ခြုံပေးလိုက်ပြီး
"အခုလောလောဆယ် ကိုယ်တို့ ဒီကနေ ပြန်ကြရအောင် နော် ဒီမှာ လေတွေ တိုက်တာ တအားအေးတယ်"
ထယ်ယောင်းကို ထိုနေရာမှ ခေါ်လာကာ ကားရှိရာသို့ ရောက်သော် ကားထဲသို့ ထည့်ပေးလိုက်သည်။
ကားလေးဟာ ဦးတည်ရာမဲ့လျက် လမ်းမပေါ် တရွေ့ရွေ့ မောင်းနှင်နေသည်။
ကားပေါ်ရှိ လေထုဟာ အပ်ကျသံပင် ကြားနိုင်လောက်သည်အထိ တိတ်ဆိတ်ငြိမ်သက်လွန်းသည်။
ဂျောင်ကုကလဲ ထယ်ယောင်းကို ဘယ်ကနေ စရှင်းပြရမလဲ စကားရှာနေသည်။
ထယ်ယောင်းကတော့ ကားပြတင်းပေါက်ဘက်ကိုသာ မျက်နှာမူထားပြီး မျက်နှာဟာလဲ အသက်မဲ့နေတဲ့လူတစ်ယောက်ရဲ့မျက်နှာလိုမျိုး......
ဂျောင်ကု ကားကို လမ်းဘေးတစ်နေရာတွင် ထိုးရပ်လိုက်ကာ
"ဘေဘီ"
လို့ ခေါ်တော့ ထယ်ယောင်း လှည့်မကြည့်လာ
"ဘေဘီ ကိုယ်ပြောတာ နားထောင်စမ်း ကိုယ့်ကိုကြည့် မျက်နှာလွှဲမထားနဲ့"
လှည့်မလာ။
ဒီကောင်လေးဟာ တကယ် အကြောတင်းလေးဆိုတာ သူ မေ့နေတာ.....
ဂျောင်ကု ဒေါသကို လျှော့ချပစ်ကာ....
"ကိုယ့်အဖေကြောင့်ပဲ ဒီကိစ္စတွေ အားလုံးက ကိုယ့်အဖေကြောင့် ကိုယ် ဘေဘီနဲ့ အဆက်အသွယ်မဖြတ်ရင် ဘေဘီ့ကို သူက ဘေဘီ့ကို သတ်မှာ ကိုယ့်အဖေအကြောင်း ကိုယ် သိတယ် သူက ပြောရင် တကယ်လုပ်တာ"
"အဲ့ဒါကြောင့် ကျနော်နဲ့ အဆက်အသွယ်ဖြတ်ပြီး တစ်ခြားတစ်ယောက်နဲ့ စေ့စပ်ခဲ့တာပေါ့ ဟက် ဘယ်ဇာတ်လမ်းထဲကအကြောင်းတွေ ကျနော့်ကို လာပြောနေတာလဲ ဟက် ဒါမျိုးတွေ ရိုးနေပြီ"
"အခု ဘေဘီက ကိုယ့်ကို လိမ်နေတယ်လို့ ပြောချင်တာလား"
"ထင်တဲ့အတိုင်းပဲ"
မျက်နှာသေနဲ့ ပြန်ပြောတဲ့ ထယ်ယောင်းဟာ ပမာမခန့်ပုံစံပင်....
ထယ်ယောင်းကိုယ်ကို ပုခုံးကနေဆုပ်ကိုင်ကာ သူ့ဘက် ဆွဲလှည့်လိုက်ပြီး
"ဂျွန်ထယ်ယောင်း မင်း ငါ့အချစ်ကို မစော်ကားနဲ့ ငါ့မှာ မင်းကို ချစ်လွန်းလို့ မင်းတစ်ခုခုဖြစ်မှာစိုးလို့ ငါ့ရင်တွေ အနာခံပြီး မင်းနဲ့ အဆက်အသွယ်ဖြတ်ခဲ့တာ ပြီးတော့ စေ့စပ်ပွဲမှာ နမ်းတဲ့ကိစ္စ!! မင်း ငါ့ကို စိတ်နာ အောင်လို့ တမင်တကာ လုပ်ခဲ့တဲ့ ကာယံကံရှင်ဖြစ်တဲ့ ငါကိုယ်တိုင်က ရင်တွေ ကွဲမတတ်ပဲ အဲ့ဒါ မင်းသိလား ဟမ် မင်း သိလားလို့!!အဲ့ဒါတောင် မင်းက ငါ့ကို မယုံဘဲ လှောင်တဲ့အထိ!! "
ပုခုံးတို့ကို လှုပ်ရမ်းရင်း ပြောလာသော ဂျောင်ကုမျက်ဝန်းထဲမှ မျက်ရည်တွေ စီးကျလို့နေသည်။
ထယ်ယောင်းလဲ မျက်ရည်တွေ ကျလာမိပြီး
"ဘာလို့ မယုံတာလဲရော မမေးဘူးလား ဘာလို့ မယုံတာလဲ ပြောပြမယ် ခင်ဗျားကို မယုံတာ မဟုတ်ဘူး မယုံရဲတာ ကျနော့်ကို ထပ်ထားသွားမှာ ကြောက်လို့ ခင်ဗျား ကျနော့်ကို ထပ်ထားသွားမှာကြောက်လို့လို့ ဟင့် အဲ့ဒါ ခင်ဗျား သိလား"
ရှိုက်သံတစ်ဝက်ရောပြီး ပြောလာသော အရှေ့က အကောင်ပေါက်ကြောင့် လူက ဒေါသထွက်နေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိ....
"ကျစ် ဘေဘီရာ"
ရင်ခွင်ထဲ ဆွဲသွင်းလိုက်တော့ တအီအီနဲ့ ပို၍ ငိုချသော ထယ်ယောင်း
"sorryပါ ဘေဘီရယ် ကိုယ်"
"ဟင့်အင်း ကျနော်က တောင်းပန်ရမှာ အင့် ခင်ဗျားကို မယုံသလို လှောင်မိလို့ ဟင့်"
"ဘေဘီ့အိမ်ကို လာသောင်းကျန်းသွားတဲ့သူတွေက ကိုယ့်အဖေခိုင်းလိုက်တဲ့သူတွေ"
"ဒါဆို အခုရော အခုရောဟင် ခင်ဗျားနဲ့ကျနော် အတူရှိနေလို့ ကျနော့်ကို လာသတ်တော့မှာလား"
"ကိုယ်က အဲ့လို အဖြစ်ခံမယ့်ကောင်မှ မဟုတ်တာ ပြီးတော့ ကိုယ် ဘေဘီနဲ့လဲ မခွဲနိုင်တော့လို့ ဘေဘီနဲ့ ဝေးစေနိုင်တဲ့ ကိုယ့်အဖေကို ပေးထားတဲ့ကတိကို လဲ ကိုယ် ဖောက်ဖျက်မယ် ကိုယ်တို့ ကိုယ့်အဖေမတွေ့နိုင်လောက်တဲ့ အဝေးဆုံးနေရာကို ထွက်သွားရအောင် Canadaပဲဖြစ်ဖြစ် Moscowပဲဖြစ်ဖြစ်"
"ကျနော် ခင်ဗျားနဲ့ဆို သေရွာကိုတောင် လိုက်မှာ အဲ့ဒါကြောင့် ဘယ်ကိုပဲသွားသွား ကျနော့်ဘေးနားမှာ ခင်ဗျားရှိနေရင် ဖြစ်တယ်"
"ချစ်တယ် ဘေဘီ"
တင်းတင်းကျပ်ကျပ် ဖက်ထားရင်းနဲ့ပင် ဆံစတစ်ချို့အား နမ်းရှိုက်ကာ ပြောလာသည်။
"ကျနော်က ပိုချစ်တာပါ"
ထယ်ယောင်း ဂျောင်ကုရင်ခွင်ထဲ တိုးဝင်ကာ ပြောမိသည်။
"ကိုယ်တို့ အခုချက်ချင်း သွားလို့တော့မရဘူး visaရဖို့က 1ပတ်လောက် စောင့်ရဦးမယ်ထင်တယ် ဒီ1ပတ်အတွင်း ကိုယ်တို့တစ်နေရာရာမှာ ပုန်းနေမှ ဖြစ်မယ် ဂျယ်ဂျူကို သွားရအောင် အဲ့မှာ ကိုယ် ကိုယ့်အဖေမသိအောင် ဝယ်ထားတဲ့ အပန်းဖြေစံအိမ်ရှိတယ်"
"ဟုတ် သွားကြမယ်လေ အာ့ဆို"
ထယ်ယောင်းနဖူးကို တစ်ချက် အသာအယာ နမ်းလိုက်ပြီး အနူးညံ့ဆုံး ပြုံးပြလိုက်တော့ လေးထောင့်ဆန်ဆန်အပြုံးတွေနဲ့ ပြန်ပြုံးပြလာသော ထယ်ယောင်းမျက်ဝန်းထဲမှာ မျက်ရည်တွေ အိုင်ထွန်းနေသည်။
"ထပ်ပြီး မငိုချနဲ့နော် ဘေဘီ မဟုတ်ရင် ဘေဘီ့ကို ခံစားရအောင် လုပ်မိတဲ့ ကိုယ့်ကိုကိုယ် တစ်ခုခု လုပ်မိတော့မယ်"
ထိုအခါ ထပ်ပြုံးပြသော သူ့အသဲ.....
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



