Fanfics

Ep-11

14:40, 14 November 2022

Zawgyi










"​ရွဲ့တာလား ဘေဘီ"





ထိုအချိန်.....












ခပ်လှမ်းလှမ်းဝိုင်းကနေ ဓာတ်ပုံ မသိမသာ ခိုးရိုက်နေကြသော ထို မဒီ2ယောက်ကို ဂျောင်ကုတို့ သတိမထားမိပါ ဘာလို့ဆို သူတို့တွေက 2ယောက် တစ်ကမ္ဘာ တည်ဆောက်နေကြတာကိုးးးးး





*****









"ဒီကိုလာလေ ဘေဘီ"




"ခင်ဗျား ဘာလုပ်နေတာလဲ"



























"good night ကိုယ့်အသဲ"






အမှားပါရင်လည်း တောင်းပန်ပါရစေ...

#​HanHae

Unicode

ယနေ့တွင် သူတို့ လျှောက်လည်ကာ Dateမိကြသည်.....

ထယ်ယောင်းက ပန်းခြံ ရုပ်ရှင်ရုံ ကစားကွင်းကို သွားချင်တယ် ပူဆာလို့ နေရာအစုံ လိုက်ပို့ပေးမိသည်

နေ့လည်စာအဖြစ် နာမည်ကြီးစားသောက်ဆိုင်တစ်ခုမှာ ဝင်ကာ steak ဝင်စားကြသည်......

ပန်းကန်ထဲက steakကို ဓားနဲ့ တကျွီကျွီနဲ့ ဖြတ်နေသော ထယ်ယောင်းအား ကြည့်ကာ ဂျောင်ကု ပြုံးသည်

ထယ်ယောင်းပန်းကန်အား လှမ်းယူပြီး steakကို အနေတော်အသေးလေးတွေ ဖြတ်ထားပြီးသော သူ့ပန်းကန်ကို ပေးလိုက်သည်

ထိုအခါ ထယ်ယောင်းသည် သူ့အား

"ခင်ဗျားဟာလေ ရည်းစားဘယ်လောက်ရှုပ်ခဲ့လဲဆိုတာ အနေနီးတော့ တော်တော်သိလာသလိုပဲ သိလား ကျနော်နဲ့မတွဲခင် တစ်ခြားသူတွေနဲ့တွဲခဲ့တုန်းကရော ခင်ဗျား ဒီလိုပဲ roပြနေကျလား"​

"ကိုယ်က ဘေဘီနဲ့ကျမှ roတာပါ ဘေဘီရာ ဘေဘီ့ကိုပဲ အခုလိုမျိုးတွေ ဂရုစိုက်ဖူးတာလို့ ပြောရင်ရော ဘေဘီ ယုံမှာလား"​

"​ယုံပေးပါ့မယ်လေ ဒီလိုပဲ ယုံပေးရမှာပေါ့"

"​ရွဲ့တာလား ဘေဘီ"

"​ကျနော့်မျက်နှာက ရွဲ့နေလို့လား အကောင်းကြီး"

"​အဆိုးလေးကို အိမ်ပြန်ရောက်ရင် အပြစ်ပေးရတော့မှာပဲ"

"​ခင်ဗျားဟာလေ ဒါပဲ စဉ်းစားနေ သိလား"

ထိုအခါ ခပ်ဟဟရီသော ဂျောင်ကုပါလေ....

ထိုအချိန်.....

"​ဟဲ့ ဟိုတစ်ယောက်က J Groupက တစ်ဦးတည်းသောသား Jeon Jungkookမလား ချောလိုက်တာဟယ်"​

"​ဟုတ်ပါ့ဟယ် ချမ်းလည်းချမ်းသာ ရုပ်လေးကလည်းချော သူ့ကိုသာ အပိုင်ရလိုက်ရင် ဘယ်လောက်တောင် မိုက်လိုက်မလဲနော် ရှယ်ပဲ"

ခပ်လှမ်းလှမ်း ဝိုင်းကနေ Jungkookတို့ဝိုင်းကို ကြည့်ကာ ပြုံးဖီးနေကြသော မဒီ2ယောက်....

"​ဒါနဲ့ သူနဲ့အတူထိုင်စားနေတဲ့တစ်ယောက်က ဘယ်သူလဲမသိဘူးနော်"​

"​နင်ကလည်း သူ့သူငယ်ချင်းနေမှာပေါ့ဟ ပိန်းလိုက်တာ ဒါနဲ့ သူ့သူငယ်ချင်းလဲ သူ့လိုပဲ ချောလိုက်တာနော်"

ထိုအချိန် ဂျောင်ကုသည် ထယ်ယောင်းအားsteakတစ်ဖက်ကို ခက်ရင်းနဲ့ ထိုးပြီး ခွံ့ကျွေးနေသည်ကိုတွေ့သောအခါ

"ဟဲ့ 2ယောက်က သူငယ်ချင်းဆက်ဆံရေးတော့ မဟုတ်ဘူးထင်တယ်နော်"​

"ဟုတ်ပါရဲ့ သူ့ရည်းစားများလား အိုးမိုင်ဂေါ့ အံ့သြစရာပဲ"

မချိုမချဉ်ရုပ်နဲ့ ပြောနေကြသော သူတို့2ယောက်

"​ဒါ သတင်းထူးပဲ J Groupက အမွေဆက်ခံမယ့် Jeon Jungkookက LGBTတွဲနေတာပဲ"​

"အေး ဟုတ်တယ်နော် မထင်ရဘူး သူ့ကို ကြည့်ရတာ....နှမြောစရာကြီးဟယ် ဒါနဲ့ ဒီသတင်းထူးကို ငါတို့ social mediaတွေမှာ မတင်ရင် နောင်တရသွားမှာပေါ့"

ခပ်လှမ်းလှမ်းဝိုင်းကနေ ဓာတ်ပုံ မသိမသာ ခိုးရိုက်နေကြသော ထို မဒီ2ယောက်ကို ဂျောင်ကုတို့ သတိမထားမိပါ ဘာလို့ဆို သူတို့တွေက 2ယောက် တစ်ကမာ္ဘ တည်ဆောက်နေကြတာကိုး

ကြည်နူးစွာ စားနေကြသော ဂျောင်ကုနဲ့ ထယ်ယောင်းတို့၏ ဓာတ်ပုံကို Instagramတွင် တင်လိုက်သောအခါ 1 minuteနဲ့ Likeပေါင်း သောင်းကျော်သွားလေသည်

ထိုဓာတ်ပုံသည် မီဒီယာအဆင့်ဆင့်မှ ပျံ့နှံ့လာကာ ဂျောင်ကုအဖေဖြစ်သူ တစ်နည်း J Groupရဲ့ ဥက္ကဋ္ဌ​ ဂျွန်ဗြောင်အင် တွေ့လေသောအခါ

"​အဲ့ကောင်လေးဘယ်သူလဲဆိုတာ ငါ့ကို အမြန် စုံစမ်းပေး"

"ဟုတ်ကဲ့ ဥက္ကကြီးဂျွန် ကျနော် စုံစမ်းခဲ့ပါ့မယ်"

*****

"အများကြီး လည်လိုက်ရလို့ ပင်ပန်းလိုက်တာ ခြေဖဝါးတွေလည်း ထုံနေပြီ"​

ထယ်ယောင်းသည် အိမ်ပြန်ရောက်တာနဲ့ ကုတင်ပေါ် ပစ်လှဲကာ ညည်းညူခန်းဖွင့်တော့သည်.....

"ကျနော် အိပ်တော့မယ်ဗျာ Good night နော်"

"​အိပ်တော့မလို့လား ဘေဘီ အစောကြီး ရှိသေးတယ်လေ မအိပ်နဲ့ဦး ခဏထိုင်စောင့်နေ"

အမိန့်ပေးခြင်းလည်း မဟုတ် ဟောက်နေတာလည်းမဟုတ်ဘဲ ပုံမှန်လေသံနဲ့ ပြောသော ထိုလူကြီး

ပြောပြီးတာနဲ့ ရေချိုးခန်းထဲ ဝင်သွားသောထိုလူကြီး.....

ကျနော်လည်း သူပြောတဲ့အတိုင်း မအိပ်သေးဘဲအိပ်ရာပေါ် ထိုင်စောင့်နေမိသည်....

ခဏကြာတော့ ရေဇလုံးတစ်ခုကိုင်ကာ ရေချိုးခန်းထဲမှ ပြန်ထွက်လာသည်

"ဒီကိုလာလေ ဘေဘီ"​

ကုတင်ခြေရင်းတွင် လာထိုင်ရန် ခေါ်သည်

သူလည်း ကုတင်ခြေရင်းမှာ သွားထိုင်လိုက်တော့သူ့ခြေထောက်အောက်နားတွင် ထိုင်ချလိုက်သောထိုလူကြီး

ရေဇလုံကို ကြမ်းပြင်ပေါ် ချပြီးနောက် သူ့ခြေအိတ်တွေကို ချွတ်ပေးပြီး သူ့ခြေထောက်ကို ရေဇလုံထဲ ထည့်စိမ်စေသည်

"ခင်ဗျား ဘာလုပ်နေတာလဲ"​

"ဘေဘီ ခြေထောက်တွေ ထုံနေတယ်ဆို ရေနွေးနွေးလေးနဲ့ စိမ်တာ အညောင်းအညာပြေတယ် ဘေဘီရဲ့"​

ခြေဖဝါးအား နှိပ်နယ်ပေးနေသေးသည်

"ဘယ်လိုလဲ သက်သာတယ်မလား"​

"အင်း ကျေးဇူးပါပဲ ဒါနဲ့ ဆက်မလုပ်ပါနဲ့လား ကျနော် အားနာတယ်"​

"ဘေဘီနဲ့ ကိုယ့်ကြားမှာ အားနာစရာလိုလို့လား"​

ခြေဖဝါးတွေကို သေချာ စိတ်ရှည်လက်ရှည် နှိပ်နယ်ပေးနေသော ဂျောင်ကုကို ကြည့်ရင်း သူ အချစ်ပိုရပြန်သည်.....

ဒီလူကြီးသည် သူ့အား အတော်လေး ဂရုစိုက်ပါသည်

တကယ်ပါ ခင်ဗျား ကျနော့်ဘဝထဲက ထွက်သွားရင် ကျနော် သေလိမ့်မယ် ထင်တယ်

ခြေထောက်ကို သေချာ ရေနွေးစိမ်ပေးရင်း နှိပ်နယ်ပေးပြီးသည့်နောက် သဘက်တစ်ထည်ဖြင့် ခပ်ဖွဖွ သုတ်ပေးနေသည်

"​ကျနော့်ကို အဲ့လောက်ထိ ချစ်လိမ့်မယ်လို့ ကျနော် တကယ်မထင်ထားဘူး သိလား"​

"ကိုယ်က ဘေဘီ သိတာထက်ကို ပိုချစ်တာ အဲ့ဒါကျ မသိဘူးလား"

"ကျေးဇူး ကျနော့်ကို အခုလို ဂရုတစိုက် အများကြီးချစ်ပေးလို့"

သူ့အား ပြုံးပြကာ ပြောသော ထယ်ယောင်း....

ကိုယ်လေ မင်းအပြုံးတွေကို သိပ်ချစ်တာပဲဘေဘီ......

ကိုယ် ကြာရင် မင်းစိတ်နဲ့ ရူးမလားပဲ....

ထို့နောက်တွင်တော့ ဂျောင်ကုသည် ရေဇလုံကြီး မ ကာ ရေချိုးခန်းထဲ ပြန်ဝင်သွားသည်

ထယ်ယောင်းသည်လည်း ပင်ပန်းသည်မို့ အိပ်ရန်ပြင်လိုက်တော့သည်

ဂျောင်ကု ရေမိုးချိုးပြီး အပြင်ပြန်ထွက်လာတော့ထယ်ယောင်းက ခလောခလော နဲ့ အိပ်မောကျနေရှာပြီ.....

အင်း အခုမှ စဉ်းစားမိတယ် သူနဲ့ ထယ်ယောင်းနဲ့က Living Togetherဆက်ဆံရေးမျိုး.....

ဘေဘီ့ကိုလည်း အားနာပြီး သနားမိတယ်....

မဖြစ်သေးပါဘူးလေ ဒီကိစ္စကို သူ့အဖေကိုအမြန်ဖွင့်ပြောပြီး လက်ထပ်ကြတာပေါ့....

အဖေက သဘောမတူဘူးဆိုရင်တောင် အမွေအဖြတ်ခံပြီး ဒီကောင်လေးနဲ့ တစ်အိုးတစ်အိမ်ထူထောင်မည်

သူ့ဘဝမှာ စည်းစိမ်တွေ ဥစ္စာတွေ အမွေတွေ မလိုဘူး ဒီကောင်လေးသာ သူ့အနားမှာ ရှိနေရင်အရာရာပြီးပြည့်စုံနေသလိုပဲ ကျန်တာ ဘာမှမလိုအပ်ဘူး.....

ကုတင်ပေါ်မှာ ခေါင်းအုံးတစ်လုံးကို ဖက်ပြီးအိပ်နေသော ထယ်ယောင်းနားသို့သွားကာ

ထယ်ယောင်း ဖက်ထားသော ခေါင်းအုံးကို ဖယ်ကာ ဂျောင်ကုက ထိုနေရာတွင် ဝင်လှဲလိုက်သည်

ထယ်ယောင်းလက်တွေကို အသာကိုင်ကာ သူ့ခါးပေါ်ဖက်စေလိုက်သည်

"good night ကိုယ့်အသဲ"​

ခေါင်းလုံးလုံးလေးကို ငုံ့နမ်းလိုက်သည်.....

ဒီကောင်လေးကို အမြဲတမ်းဖက်အိပ်ခဲ့ရတဲ့ညတွေတိုင်းဟာ အိပ်မက်တွေ သိပ်လှခဲ့သည်

အခုလည်း အိပ်မက်တွေ လှဦးမည်ဆိုတာ သူ သေချာပေါက် ပြောနိုင်သည်

ရင်ခွင်ထဲက ကောင်လေးရဲ့ အိပ်မက်တွေလည်း လှပနေခဲ့တော့သည်။

A/N~ Ep-1ကနေ စပြီး ကြယ်လေးတွေ တောက်လျှောက်ပေးတဲ့အတွက် ကျေးဇူးပါ

#​HanHae

There are no comments yet. Log in to be the first to leave a review!

Similar stories