Ep-1
14:36, 14 November 2022Zawgyi
"sure?"
"sure...."
"ဒါပေါ့"
"ဒို့ မယုံဘူး"
"ဟမ်... "
"ကောင်းပြီလေ"
*ဖြန်း*
Taehyung ထိုလူ့ကို
"အာ ရတယ် ဖယ်စမ်းပါ..."
"အားးးးအမေ့!!! ဟေ့လူ... ချပေးစမ်း!!! ပြန်ချပေး!!! ခင်ဗျား ဘာလုပ်တာလဲလို့!!!! ချပေးစမ်း!!!"
မတွေ့ပြန်....။
#Han_Hae
Unicode
ကျနော် Kim Taehyungက Playboyတစ်ယောက်.....။
ကျနော် စိတ်ညစ်နေပြီဆို တစ်ယောက်ပြီးတစ်ယောက်တွဲတယ် ပြီးရင် ဖြတ်တယ်....။
ဒါပါပဲ မိန်းမတွေများဈေးပေါလိုက်တာ ပြောမနေနဲ့....။
ဟော့ဒီလို ဟော့ဒီလိုကောက်တွဲတော့ ကောက်ကောက်ပါအောင် လိုက်လာကြတာ.....။
ဟက် ပြီးတော့လည်း ပြတ်မယ်လို့ပြောတိုင်း အတင်းတွေလိုက်ကပ်နေကြတာ လမ်းမခွဲပေးနိုင်ဘူးတွေ ဘာတွေလာတာ Kim Taehyungဆိုတဲ့ကောင်က သောက်ဂရုကို မစိုက်တာ။
ကိုယ်က လမ်းခွဲမယ်လို့ ပြောပြီးရင် သူတို့ လမ်းခွဲပေးမပေးပေး လှည့်ကို မကြည့်တာ။
အခုလည်း စိတ်ညစ်လို့ barမှာ အရက်လာသောက်နေပါတယ်ဆိုမှ ဟိုတလောက ဖြတ်လိုက်တဲ့ ကပ်ပါးမက ဒီအထိ လိုက်လာသေး....
အရက်ထိုင်သောက်နေတဲ့ကျနော့်ဘေးနားလာပြီးပွစိပွစိနဲ့ နားကို ငြီးနေတာပဲ....
လွှတ်ပေးထားလိုက်တယ် မောပြီး ပြန်သွားလည်း အေးတာပဲ.....။
တစ်ခါထဲ အမောဆို့ပြီး သေပါသေသွားရမှာ တကယ်ပဲ ဘယ်လိုဟာမမှန်းမသိဘူး.... သာလိကာမ.....။
"ဟေ့ Tae...မင်း ဒို့ကို ပြောတော့ အရမ်းချစ်တာပါဆို... ဟမ်... ဘာလို့ ဒို့ကို လမ်းခွဲသွားရတာလဲ"
ကင္ထယ္ယောင္းစကားကို 1နဲ့စား အကြွင်းသုည မယုံရတဲ့....။ ငါ့စကားကို ယုံကြတာ နင်တို့ တော်တော်ပိန်းလို့ နလပိန်းတုံးမတွေ.....။
ဒီလိုပဲ တွဲနေတဲ့ အချိန်မှာတော့ အရမ်းချစ်ပါတယ် ဘာညာ စကားတွေနဲ့ ချုပ်ရတာပေါ့ ဒါလေးတောင် မသိဘူးလား နလပိန်းတုံးမတွေရဲ့
စိတ်ထဲကသာ ထိုဟာမကို ပြောနေပေမဲ့ အပြင်မှာ စကားတစ်ခွန်းမှ မဟ အရက်ခွက်ကိုသာ ကိုင်ပြီး လှုပ်လိုက် မော့လိုက် လုပ်နေလေရဲ့....။
"ဟေ့ ဒို့ပြောတာရော ကြားရဲ့လား Tae...."
ဘာမှပြန်မပြော အရက်ကို တစ်ငုံချင်းစီမော့နေသော Taehyung။
ရီဝေဝေဖြစ်နေသော မျက်လုံးများက သူ မူးနေပြီဆိုတာကို ပြောနေဟန်....။
"ဒီမှာ မင်း ငါ့အနောက်ကို လိုက်ကပ်နေတာတွေ ရပ်တန်းက ရပ်စမ်းပါ နားတွေလည်း ငြီးတယ် မျက်စိတွေလည်း နောက်တယ်"
"အာ့ဆို ဒို့ကို ပြောပြ ဒို့ကို လမ်းခွဲရတဲ့အကြောင်းအရင်းလေး အဲ့အကြောင်းရင်း သိရရင် ဒို့ Taeနောက်ကို လိုက်မကပ်တော့ပါဘူးလို့ ကတိပေးတယ်"
"sure?"
သေချာလားလို့ မေးတော့ သူမက ခပ်ပြုံးပြုံးဖြင့်
"sure...."
မျက်ခုံးတစ်ဖက်ပင့်ပြကာ ကျနော် သောက်လက်စ အရက်ခွက်ကိုတောင် ဆွဲယူပြီး သောက်လိုက်သော ကပ်ပါးမ....။
ဒီမိန်းမ ပေါ့သေးသေးတော့ မဟုတ်ဘူးပဲ....။
"ငါ မင်းကို လမ်းခွဲခဲ့တာ တစ်ခြားအကြောင်းကြောင့်တော့ မဟုတ်ဘူး ငါ့မှာ မင်းထက် ပိုချစ်ရတဲ့ ချစ်သူ ရှိလို့"
ထိုအခါ အပျက်ပျက်အယွင်းယွင်းဖြစ်သွားသော သူမမျက်နှာ
အရက်ခွက်ကိုတောင် ဒေါက်ခနဲ ချကာ
"အာ့ဆို ဒို့ကို သက်သက်မဲ့ အပျော်တွဲခဲ့တာပေါ့"
မေးနေစရာကို မလိုတာ သာလိကာမရယ်...
"ဒါပေါ့"
"ဒို့ မယုံဘူး"
"ဟမ်... "
"ဒို့ မယုံဘူးလို့ မင်း လိမ်နေတာ ဘယ်မှာလဲ မင်းချစ်သူ ပြ အခုခေါ်ပြီး ဒို့ရှေ့ကို ခေါ်လာပြရင် ဒို့ယုံမယ်"
ဒီမိန်းမ တကယ့်မလွယ်ကြော....အာရုံပဲ!!!
"ကောင်းပြီလေ"
ဘေးနားတစ်ဝိုက်ကို ဝေ့ဝိုက်ကြည့်မိတဲ့အခါBarက လူရှင်းနေသည် ဒီဟာမ ယုံအောင်လို့တစ်ယောက်ယောက်နဲ့ ပလူပြမလို့ကို....
ထိုအချိန် သူတို့ထိုင်နေတဲ့ counterနားကိုဖြတ်လျှောက်သွားသော လူတစ်ယောက်တွေ့တာနဲ့Taehyungတစ်ယောက် ထိုင်နေရာကနေ ထကာ ထိုလူ့ရဲ့ လက်ကို လှမ်းဆွဲ၍ ထိုလူရဲ့ နှုတ်ခမ်းကို နမ်းလိုက်သည်
ထိုလူမှာ ရုတ်တရက် သူလုပ်လိုက်တဲ့အပြုအမှုကြောင့် ကြောင်အအ ဖြစ်သွားသည်မှန်း အနည်းငယ်ပြူးကျယ်သွားသော မျက်ဝန်းများက သက်သေပြနေသည်။
Taehyungတစ်ယောက် အချိန်တစ်ခုအထိ ထိုလူ့နှုတ်ခမ်းကို ဖိကပ်ရုံမျှ နမ်းပြီးနောက် ခွာလိုက်သည့်အခါ....
*ဖြန်း*
Taehyungပါးပြင်ပေါ်သို့ ရောက်လာသော လက်ဝါးက ဘယ်သူ့လက်ဝါးလဲမမေးပါနဲ့
သေချာပေါက် ဟိုနလပိန်းတုံး ကပ်ပါးမပဲပေါ့
ပါးရိုက်ခံရသော်လည်း မျက်နှာတစ်ချက်မပျက်သည့်အပြင် ခပ်ဟဟ ရယ်လိုက်သောTaehyungကြောင့် သူမ ပိုဒေါသထွက်လာရသည်။
"မင်း ဒို့ကို ညာတယ် ဒို့အချစ်ကို လှည့်စားတယ် မင်းမကောင်းဘူး Tae..."
ခုနက Taehyungနမ်းလိုက်သည့်သူမှာ ထိုအဖြစ်အပျက်ကို ပွဲကြည့်ပရိတ်သတ်သဖွယ် အကဲခတ်ကာ ကြည့်နေရသည်။
ဟိုမိန်းကလေးပြောလိုက်တဲ့စကားနဲ့ ထိုကောင်လေးကို ပါးရိုက်လိုက်တဲ့ အပြုအမှုကြောင့်တော့ သူ နည်းနည်းတော့ နားလည်လိုက်ပါပြီ ဒီကောင်လေး ထိုမိန်းကလေးကို ဖြတ်ချင်လို့ သူ့ကို သက်သက် အသုံးချသွားတာ
"မင်း သိပ်ရက်စက်တယ်Tae....ဒို့ မင်းကို ဒို့နှလုံးသားတစ်ခုလုံးနဲ့ ရင်းပြီး ချစ်ခဲ့ရတာ အခုတော့....."
တောက်တစ်ချက်ခေါက်ကာ Taehyungကို စိုက်ကြည့်ပြီးနောက် လှည့်ထွက်သွားသော သူမ....
ထိုအဖြစ်အပျက်ကို နှုတ်ခမ်းတွန့်ရုံမျှ ပြုံးပြီးကြည့်နေသော ခုနကTaehyungနမ်းလိုက်တဲ့တစ်ယောက်။
Taehyung ထိုလူ့ကို
"ခုနကအတွက် sorryနော် ရော့"
Taehyung ထိုလူ ဝတ်ထားတဲ့ ဂျာကင် အနက်ဘေးအိတ်ကပ်ထဲ ပိုက်ဆံထိုးထည့်ပေးရင်း ပြောလိုက်သည်။
Waitttt...အခု သူက ငါ့ကို နမ်းချင်တိုင်းနမ်းပြီး sorryလို့ ပြောလိုက်တာလား....??
သူပြောချင်ရာ တစ်ခွန်းသာ ပြောပြီး ထွက်သွားသော Taehyung....။
Jungkookလည်း ခုနက Taehyungထည့်ပေးသွားတဲ့ ပိုက်ဆံကို အိတ်ကပ်ထဲမှ ထုတ်ကာ ကြည့်ရင်း
"ဟက် ငါ့နှုတ်ခမ်းကို နမ်းချင်တိုင်း နမ်းပြီး ဒီပိုက်ဆံနဲ့?"
မင်းတော့ အသုံးချခံလူရွေးတာ သိပ်မှားသွားပြီ ကောင်လေးရယ်....
Jeon Jungkookကို ဒါမျိုးလာလုပ်လို့ ဘယ်ရမလဲ....
မဲ့ပြုံးတစ်ချက်ပြုံးကာ ထိုကောင်လေးနောက်သို့လိုက်သွားသော ဂျောင်ကု။
ဂျောင်ကု ထိုကောင်လေးအနောက်ကနေ တစ်လှမ်းချင်း လိုက်သွားသည်။
ကားနားကို ယိုင်နနနဲ့ သွားနေသော ထိုကောင်လေးအား တစ်ချက်ဖမ်းထိန်းလိုက်ရသေးသည်
"အာ ရတယ် ဖယ်စမ်းပါ..."
ရီဝေဝေမျက်လုံးများဖြင့် ပြန်ပြောသည်
ကျစ် တကယ်ပဲ ဘယ်လိုဟာလေးလဲ....
ထိန်းကိုင်ထားရာကနေ လွှတ်ပေးလိုက်တော့ယိုင်နနနဲ့သာ လမ်းလျှောက်နေပြန်သည်။
"အားအမေ့!!! ဟေ့လူ... ချပေးစမ်း!!! ပြန်ချပေး!!! ခင်ဗျား ဘာလုပ်တာလဲလို့!!!! ချပေးစမ်း!!!"
ဂျောင်ကု ထိုအမူးသမားလေးအား စိတ်မရှည်တော့သည့်အဆုံး ကျောပေါ်ကို ကောက်ထမ်းလိုက်တော့ သူ့ကျောပေါ်ကို တဘုန်းဘုန်းထုရင်း ထအော်လေသော အမူးသမားလေး။
ထိုအမူးသမားလေးအား ဘာမှပြန်ပြောမနေဘဲ ရှေ့လှမ်းလှမ်းက ရပ်ထားသော ထိုကောင်လေးကားလို့ ထင်ရတဲ့ အနီရောင်ပြိုင်ကားလေးထဲသို့ ထည့်လိုက်တော့သည်။
အမိုးဖွင့်ပြိုင်ကားဖြစ်တဲ့အတွက် ကားသော့မရှိလို့ ကားတံခါးဖွင့်ဖို့ ဘာမှ ပူနေစရာမလိုဘူး
တံခါးအပေါ်ကနေ ကျော်ပြီး ပစ်ချကာ ထည့်လိုက်သည်။
Jungkookလည်း driver seatဘက်သို့ driver seatမှာဝင်ထိုင်ရန် ကားတံခါးကို လက်ထောက်ကာ အထဲသို့ ခုန်ကျော်လိုက်ပြီး ဝင်ထိုင်လိုက်သည်။
ကားစက်နှိုးဖို့အတွက် ကားသော့ရှာဖို့ပြင်ရသည်။
ထိုကောင်လေးဝတ်ထားသော ဂျင်းcoatအနက်က ဒီဘက် ဘေးအိတ်ကပ်ထဲ ရှာမိသည်။ မတွေ့...။
အဲ့ဒါနဲ့ ဟိုဘက်အိတ်ကပ်ထဲ ထပ်ရှာသည်....။
မတွေ့ပြန်....။
ကျစ် ဒီကောင်လေး barထဲမှာများ ကားသော့ မေ့ကျန်ခဲ့တာလား?
ကားစက်နှိုးတဲ့နေရာကို အမှတ်တမဲ့အကြည့်ရောက်မိတော့ ကားသော့က တန်းလန်းကြီးရယ်....။
ကားရပ်ကထဲက ကားသော့ကို ဖြုတ်မသွားတာဖြစ်လောက်မည်။
ဒီကောင်လေး သူ့ကားခိုးသွားမှာ မကြောက်ဘူးလားမသိ။ တကယ့် ပေါ့ပျက်ပျက်နဲ့....။
ကားစက်နှိုးရင်း ဘေးနားက ကောင်လေးကို လှည့်ကြည့်မိတော့ အိပ်ပျော်နေလေပြီ...
မျက်လုံးမှိတ်ထားရင်း ပါးစပ်ကနေလည်း တစ်ချက်တစ်ချက် ပွစိပွစိနဲ့ တစ်ခုခုကို ရွတ်နေသေးသည်။
ဘယ်ဆိုးလို့လဲ ချစ်ဖို့တော့ကောင်းသား...။
#Han_Hae
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)