Fanfics

8 Final

05:43, 13 April 2025

ဖြန်း!!

"မင်းကိုငါအလိုလိုက်ထားတာ ဒီလိုကိစ္စတွေဖြစ်လာဖို့မဟုတ်ဘူး!"

"မသိဘူး! ကျွန်‌တော်မသိဘူးအမေ! "

ဧည့်ခန်းတစ်ခန်းထဲတွင် ကျယ်လောင်စွာအော်နေတဲ့ အသံတွေနဲ့ ငိုကြွေးနေတဲ့အသံတွေကို ကြားနေရသည်။

Gemini ခရီးက ပြန်လာလာချင်း fourth ကိုလိုက်ပို့ပေးခဲ့ပြီး အိမ်ပြန်လာတော့ ရုတ်တရပ်ပါးရိုက်ခြင်းခံလိုက်ရသည်။ရိုက်ခဲ့သူက အမေဖြစ်ပြီး ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ ငိုကြွေးနေသော မိန်းကလေးတစ်ယောက်ကို လက်ညွန်းထိုးပြကာ ငါ့ကို ပြောနေသည်။

အဖြစ်အပျက်တွေက ဘာတွေဖြစ်သွားလဲ ငါမသိပါ။ အမေပြောသလိုသာဆိုရင် ဒီမိန်းကလေးက ငါနဲ့‌ရတဲ့ ကိုယ်၀န်ရှိနေတယ်တဲ့။ ကျစ်! ဆက်ဆံခဲ့သမျှကို တစ်ညတည်းနဲ့အပြီးဖြတ်ခဲ့ပြီး ထက်မရှုပ်ဖို့ ပြောထားခဲ့တာကို ဘယ်သတ္တိမျိုးနဲ့ အိမ်ထိလာရှုပ်ရဲတာလဲ။

Gemini လဲ သူ့‌ရှေ့မှာထိုင်နေတဲ့ မျက်ရည်ကို မထွက်ထွက်အောင် ညစ်ယူနေတဲ့ မိန်းကလေးကို စိတ်ပျက်စွာ ကြည့်‌လိုက်သည်။ ရုပ်ကလေးက သနားကမနဲ့ စိတ်ပျက်ဖို့ကောင်းလိုက်တာ!။

"မင်း အခုဘယ်လို လုပ်ပေးမှာလဲ Gemini!"

"ကျွန်တော် သူ့ကိုမသိဘူး တစ်ညတည်းနဲ့တော့ ဗိုက်မကြီးဘူး ဘယ်ကောင်တွေနဲ့ လိုက်ခံထားမှန်းမသိဘဲ ရထားတဲ့ ကိုယ်၀န်ကို တာ၀န်မယူနိုင်ဘူး!"

"ဘာ! ရှင်...အန်တီရယ် သမီးတကယ် သူနဲ့ပဲအိပ်ခဲ့တာပါ အဲ့ညကလဲ သမီးကို သူဘဲ အတင်းခေါ်သွားခဲ့တာပါ ဒီကလေးအဖေက သူပါ ဒီမှာပုံသက်သေရှိပါတယ် ဒီပုံပြရမှာ ရှက်ပေမဲ့ သမီးလဲ အပြစ်မရှိတဲ့ကလေးကိုဖြတ်မရချင်လို့ပါ "

အစတုန်းက ထအော်ပြီး ပြီးတော့မှ စားပွဲပေါ် သူ့အိတ်ထဲက ပုံတွေထုတ်ကာ  မျက်နှာချိုသွေးကာ မျက်ရည်ကို အတင်းညစ်ကာ ပြောနေသည်။ထိုပုံများတွင် ထိုမိန်းကလေးနဲ့ငါ အ၀တ်မရှိကြတဲ့ ပုံတွေ။

"Gemini တွေ့လား မင်းဒီကိုယ်၀န်ကို တာ၀န်ယူရမယ်"

"ကျွန်တော် မယူနိုင်ဘူးအမေ"

" မင်းအပြစ်မင်းသိတယ်နော် အပြင်မှာ လုပ်ချင်တိုင်းလုပ်ပြီး ဖြစ်လာတော့မှ တာ၀န်မယူဘူးဆိုကောင်းပါ့မလား မင်းသူ့ဘက်ကလဲ စဉ်းစားကြည့်လိုက်"

"အတူအိပ်ပြီးတိုင်း ကျူပ် တစ်ခါတည်းအပြီးဖြတ်ထားပြီးတိုင်း မကျေနပ်ဘူးဆို အဲ့ ကိုယ်၀န်ဖျက်ချလိုက်!"

ဒုန်း!

Gemini စကားအဆုံး အရှေ့က စားပွဲကို ထုချလိုက်ကာ အိပ်ပေါ်ထပ်သို့ တတ်သွားလိုက်သည်။ Gemini မျက်လုံးကို ကြည့်လိုက်ရုံဖြင့် သူဘယ်လောက်စိတ်တိုနေကြောင်း မျက်လုံးနီတွေက ဖော်ပြနေသည်။

"သမီးရယ် သမီးလဲ တော်တော်ပင်ပန်းမှာပဲ သမီးက ဘယ်ကလဲဟင်"

"သမီးက xxx ကုမ္မဏီက တစ်ဉီးတည်းသော သမီး Lin ပါအန်တီ"

"အော် သမီးအ‌မေ နဲ့ အန်တီတို့နဲ့က ရှယ်ယာအတူတောင်၀င်ထားသေးတယ် သူ့သမီးဖြစ်လိမ့်မယ်လို့ မထင်ထားဘူး "

"ဟီး ဟုတ်အန်တီ အဲ့တာဆို ကိုယ်၀န်ကိစ္စက..."

"စိတ်ချ သမီး အန်တီကိုယ်၀န် တာ၀န်ယူခိုင်းလိုက်မယ်"

"‌ကျေးဇူးပါ အန်တီရယ် ဒါဆို သမီးသွားတော့မယ်နော်"

Mae Naing လည်း မိန်းကလေးကို ကြည့်ပြီး သနားလွန်းလို့ အပေါ်ထပ်တတ်ပြီး သူ့သားကို ဖျောင်းဖျဖို့ တတ်သွားလိုက်၏။

------------------------

"Fourth ဒါကိုယ်လက်မခံနိုင်ဘူး ကိုယ်ချစ်တာ မင်းလေ သူမှမဟုတ်တာ"

"Gemini Norawat မင်းရှုပ်ခဲ့တာ ကိစ္စမင်းတာ၀န်ယူရမယ် အဲ့တုန်းက ငါမင်းကို တားခဲ့တာ မင်းနားထောင်ခဲ့လား!"

"အတိတ်က ကိုယ်ဆိုးခဲ့တာ ကိုယ်လက်ခံတယ် ခုကိုယ်မင်းတစ်ယောက်က လွဲရင် ဘယ်သူမှ လက်မထပ်နိုင်ဘူး!"

Mae ပြောသည်ကို ငါလက်မခံတာကြောင့် Mae က Fourth ကိုဖုန်းဆက်ပြီး ပြောလိုက်တော့ Fourth က ငါ့ကို အတင်းတာ၀န်ယူခိုင်းနေလေသည်။ ဒီကိစ္စက သွေးရိုးသားရိုးမဟုတ်တာ ငါသိသည်။

ငါအိပ်ခဲ့တဲ့ ကောင်မလေးတိုင်းက ငါနဲ့အပေးအယူလုပ်ပြီး လက်ခံခဲ့ကြတာပဲ။ ဒီလိုဇယားတွေရှုပ်မှာစိုးလို့ ငါဒီလိုလည်တဲ့ကောင်မမျိုးတွေကို ရှောင်ခဲ့တာ။ ပုံကိစ္စကလဲ ဘယ်ချိန်ရိုက်လိုက်မှန်းငါမသိ။  Fourth မင်းကိုယ်ကိုသာယုံကြည်ပေးရင် ကိုယ်အားလုံး စွန့်လွှတ်ပြီး မင်းနဲ့ပဲ နေနိုင်တယ်...။

"Gemini မင်းနဲ့ငါ ဒီဆက်ဆံရေးအဆုံးသတ်ရအောင် ပြီး‌တော့ ခွဲနေရအောင်"

Fourth ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် သူစိတ်အမြင့်ဆုံးရောက်သွားသည်။

"Fourth မင်းဘယ်လိုပြောလိုက်တာလဲ! ငါမပြတ်ပေးနိုင်ဘူး! မင်းငါ့ကို နည်းနည်းလေးတောင်မယုံကြည်ဘူးလားကွာ တောက်စ်!"

"အေး..! ငါယုံကြည်ချင်တယ် ဒါပေမဲ့ မင်းလုပ်ခဲ့တာ ကိစ္စက တကယ်ထင်ရှားနေခဲ့တာကို ငါဘယ်လိုယုံကြည်ရမှာလဲ! ပြောလေမင်း! "

Fourth ပြောနေရင်း မျက်ရည်တွေပါ ကျလာတာမို့ ငါ့နှလုံးသားတစ်ခုလုံး ဓားနဲ့ထိုးခံရသလို နာကျင်သွားရသည်။ Fourth ကို ‌ဆွဲဖတ်လိုက်‌ပေမဲ့ သူ့အားတွန်းထုတ်၏။

"တောင်းပန်ပါတယ် ငါ့ကိုဒီထက်ပိုပြီး နာကျင်ရအောင် မလုပ်ပါနဲ့ မင်းလက်ထပ်ပွဲကိုပဲ အာရုံစိုက်လိုက်ပါ Gem.."

Gemini ကိုဆွဲကာ အိပ်ပြင်ထုတ်လိုက်ပြီး တံခါးကိုပိတ်လိုက်သည်။

Gemini စိတ်ရှုပ်စွာ ခေါင်းကုတ်လိုက်ပြီး တစ်နေရာထိုင်ကာ ဆေးလိပ်မီးညှိပြီး သောက်နေသည်။ထိုဆေးလိပ်ကုန်သွားတော့ ဖုန်းကိုယူကာ တစ်ယောက်ယောက်ကို ဆက်လိုက်သည်။

"ငါ့ကို xxx ကုမ္မဏီ က Lin ဆိုတဲ့မိန်းကလေးအကြောင်းစုံစမ်းပေး"

ဖုန်းပြောပြီး ချလိုက်ကာ ဘူးထဲက နောက်ထပ် ဆေးလိပ်တွေ ထပ်ယူသောက်လိုက်ပြီး နာရီ၀က်လောက်အကြာမှာ သူထိုင်နေတဲ့အောက်တွင် ဆေးလိပ်တိုများစွာ ပြန့်ကျဲလျက်...။

-----------------------

"ဟားဟား..ဟုတယ် berry ရေငါ Gemini Norawat Titicharoenrak နဲ့လက်ထပ်တော့မှာလေ လာနော်"

"........"

"ဟီးဟီး ဟုတယ် ဒီလိုပါပဲ ဖူးစာပါတော့ ညားသွားတယ် ဆိုပါတော့"

"......."

"ကျေးဇူးပါberry ရေ နင်လဲ ငါလို ပြည်စုံတဲ့ယောက်ျားရအောင် ကြိုးစားလိုက်အုံးနော် "

အခန်းတစ်ခန်းထဲတွင် မိန်းကလေးတစ်ယောက်ရဲ့ ချိုသာတဲ့ ရယ်သံနဲ့ ဖုန်းပြောနေသည်ကို  ကြားနေရပြီး အသံကို ကြားရရုံနဲ့ ဘယ်လောက်ပျော်မှန်းသိနိုင်ပါသည်။ သူမဘေးနားမှာ ပြုံးပြီး နားထောင်နေတဲ့ အသက်ကြီးပေမဲ့ လှပနေတုန်း အမျိုးသမီးကို တွေ့မြင်နေရ၏။

"အမေ သမီးလုပ်နိုင်ခဲ့ပြီ"

"တော်တယ် သမီးလေးLin... သမီးကို တစ်စက်မှမထိဘူးဆိုလို့  စိုးရိမ်နေတာ ပုံရိုက်ထားမှန်းမသိခဲ့ဘူး"

"သမီးက အမေ့သမီးပဲလေ အဲ့လောက်တော့ရှိမှာပေါ့"

" ဟုတ်ပါပြီ သမီးလေးက အမေနဲ့တူလို့ ဉာဏ်ကောင်းနေတာနေမှာ "

"ဟီး ဟုတ် ရှင့်ကို ကျွန်မအပိုင် ဖြစ်အောင်လုပ်မယ် Gemini ဟား..."

အခန်းထဲတွင် ကျေနပ်နေတဲ့ ရယ်သံတွေပျံနှံနေပြီး သူတို့ကိုယ်သူတို့ အပိုင်တွက်ထားတဲ့ Lin သားအမိတွေကတော့ သူတို့စိတ်ကူးယဉ်ကမ္ဘာထဲမှာ ပျော်မွေ့နေကြသည်။

--------------------------

Gemini တစ်ယောက် သူအမြဲထိုင်နေကြ ဘားကို Luke နဲ့အတူသွားလိုက်သည်။ဆိုင်ပိုင်ရှင်နဲ့  ရင်းရင်းနှီးနှီး သိတာကြောင့် ခက်ခက်ခဲခဲ‌ပြောစရာမလိုဘဲ အလွယ်တကူ CCTV မှတ်တမ်းကြည့်နိုင်၏။

ထိုနေ့ညက Lin ထိုဘားကို ပထမဆုံးရောက်လာပြီး တိုက်တိုက်ဆိုင်ဆိုင် သူရှိနေတဲ့နေရာကိုမှ ဉီးတည်ပြီး ရောက်လာသည်။

Gemini ကတော့ အဲ့နေညက ထလို့မရနိုင်အောက် မူးနေသည်ကို ကင်မရာ ကတစ်ဆင့် ရှင်းလင်းစွာမြင်နေရသည်။ ခါတိုင်းဆို သူအရမ်းမူးနေရင် ဘာမှမအိပ်ဘဲ ဒီတိုင်း Fourth ကို လာခေါ်ခိုင်းသည်။ ဒါပေမဲ့ ထိုနေ့ညက Fourth ရောက်မလာပါ။

မှတ်တမ်းကို ခနရပ်ထားပြီး ငါစဉ်းစားလိုက်သည်။ ဟုတယ် အဲ့နေ့ညက ငါFourth နဲ့အကြီးအကျယ်ရန်ဖြစ်ပြီး ဘားမှာ လာသောက်နေတဲ့ည။ ခုနက ရပ်ထားတဲ့ ဗီဒီယိုကို ပြန်ဖွင့်ကာ ဘာဆက်ဖြစ်မလဲ ကြည့်နေလိုက်သည်။

Lin က သူ့ကို အတင်းဆွဲခေါ်သွားပြီး အခန်းတစ်ခန်းထဲကို ၀င်သွားသည်။ထိုအခန်းထဲက CCTV က တစ်ဆင့် ကြည့်လိုက်တော့ သူရယ်ကာ ထိုမှတ်တမ်းအားလုံးကိုကူးသွားကာ ဓာတ်ပုံတွေပါ ထုတ်လိုက်သည်။

-------------------------

"ဟုတ်တယ် ကျွန်မလဲ မထင်ထားဘူး ဒီလိုနှစ်ယောက်သားဖြစ်သွားမယ်လို့ "

"ဟုပါတယ်ရှင် ကျွန်မလဲ အစတုန်းက အားနာလို့မပြောခိုင်းပေမဲ့ ကျွန်မတို့ဘက်က မိန်းမသားဆို‌တော့ နစ်နာသွားလို့ပါရှင် "

"အဲ့အတွက် စိတ်မပူပါနဲ့ ကျွန်မသားကို တာ၀န်ယူခိုင်းထားပါတယ်"

"ကျေးဇူးတင်ပါတယ်ရှင် ဒါနဲ့လက်ထပ်ပွဲ ဘယ်တော့လောက် လုပ်ကြမလဲ"

" လုပ်ဖို့အရမ်းစောနေသေးတယ်ထင်တယ်"

"ရပါတယ် ကျွန်မသမီး‌လေးကို ချွေးမအဖြစ် လက်ခံထားရင်ကို ကျေနပ်ပါတယ်ရှင် ဒါပေမဲ့ ရှင့်သားရော "

"ဒီကလေး ခုထိ အခန်းထဲက မဆင်းလာသေးဘူးထင်တယ် ဟဲ့ လာအုံး Gemလေး ကို သွားခေါ်လိုက်အုံး"

"ဟုတ်ကဲ့ သခင်မလေး "

ထိုအစေခံမလေးက သခင်မကြီး ခေါ်သည်နှင့် အ‌ပေါ်ထပ်ကို သွားကာ သခင်လေးကို နှိုးဖို့ အသင်ပြင်ရသည်။

Knock! knock!

Gemini တစ်ယောက် အခန်းရှေ့က တံခါးခေါက်သံကြောင့် ဂိမ်းဆော့နေတဲ့ ရပ်လိုက်ရသည်။

"အကိုလေး သခင်မကြီးက အောက်ဆင်းခဲ့ပါအုံးတဲ့ "

စိတ်ရှုပ်စွာ ခေါင်းကိုတချက်ကုတ်လိုက်ပြီး အံစွံ ထဲက ပစ္စည်းတစ်ချို့ကိုယူ မျက်နှာတွင် မဲ့ပြုံး ပြုံးလျက် အောက်ကို ဆင်းလာလိုက်သည်။

အောက်ရောက်တော့ ‌အမေနဲ့အတူ ရယ်မောစွာ စကားပြောနေတဲ့ Lin သားအမိ။ သူတစ်ချက် စိတ်ပျက်စွာ ရယ်လိုက်ပြီး ထိုစကားဝိုင်းတွင် သွားထိုင်လိုက်သည်။

"သားလေး လာပြီလား ဒီမှာ အန်တီLuu တို့ သားအမိရောက်နေတာလေ "

" ကောင်းတာပေါ့ တစ်ခါတည်းရှင်းကြလို့ရတယ် "

သူတို့စကားပြောနေတာကို Luuဆိုတဲ့ မိန်းမကြီးက နားမလည်ဟန်၀င်မေးပြီး သူထင်ရာ သူမှတ်နေသည်။

"ဘာရှင်းမှာလဲ အော် မင်္ဂလာပွဲကိစ္စလား အန်တီတို့ သားအမေနဲ့ ပြောပြီးပြီ အန်တီလို့လဲ မလောပါဘူး သား အန်တီသမီးလေးကို အဲ့လောက်သဘောကျနေမယ်လို့ မထင်ထားဘူး  "

ရယ်မောစွာ ပြောလာတဲ့အန်တီကြီးကြောင့် ေဒါသထွက်ရသည်။ဒါပေမဲ့ ပွဲက မစသေးဘူးဆိုတော့ စိတ်ကိုလျှော့ကာ ပြောလိုက်သည်။

"အဲ့ဒီ မိန်းမယုတ်မကို တစ်စက်မှသဘောကျမနေဘူး ငွေအတွက်နဲ့ ကိုယ့်သိက္ခာကို ‌ရင်းတဲ့ မိန်းမမျိုးကို ရွံတတ်လို့ "

"ဘာ! Ning ရှင့်သား ဘာစကားပြောတာလဲ "

Mae ကိုပြောပေမဲ့ Mae က ဘာမှမပြောဘဲ ဒီတိုင်းနေနေသည်။ ကြည့်ရတာ ပွဲတော့စ‌ပြီထင်သည်။Gemini ခုနက ယူလာတဲ့ ပုံတွေကို စားပွဲပေါ်တင်လိုက်သည်။

Gemini ကအိပ်ပျော်နေပြီး အပေါ်ပိုင်း အ၀တ်တွေ ချွတ်ခံထားရသည်။ Lin ကလည်း အ၀တ်‌တွေချွတ်ပြီး သူတို့နှစ်ယောက် အိပ်နေသည့်ပုံစံ ပုံတွေကို ဓာတ်ပုံတွေရိုက်နေသည့်ပုံ။

Mrs.Luu ချက်ချင်း မျက်နှာပျက်သွားပြီး မျက်နှာကြီး ရှက်ကာ နီရဲနေပြီး  ဘေးက ထိုင်နေတဲ့ Lin ကလဲ မျက်နှာရှုံ့မဲ့နေ၏။

"ခင်ဗျားတွေ လုပ်ရပ်တွေသိပြီလား! ဒီဓာတ်ပုံနဲ့မ‌လုံလောက်သေးဘူးဆိုရင် ရှိတယ်နော် vd တွေ ဒီvdတွေသာ ပေါက်ကြားသွားလို့ကတော့ ကျွတ်...ကျွတ်..."

"ဘာ! မင်း..."

တီ တီ

ရုတ်တရပ် Luu ဖုန်းက ဖုန်းလာ၏။ သူကိုင်လိုက်ပြီး ဒေါသတကြီး ထအော်နေသည်။ပြီးတော့ Naing ကို လက်ညွှန်းထိုးကာ ပြောနေသည်။

"နင်တို့ သားအမိတွေ ရက်စက်လှချည်လား ခုငါတို့မှာ ဘာမှမရှိတော့ဘူး နင်တို့‌ကျေနပ်ပြီးလား အရှက်တွေတော့ ကွဲပါပြီဟယ် အဲ့တာ နင့်ကြောင့်! "

သူ့သမီးကို လက်ညွှန်းထိုးကာ ပြောဆိုနေပြီး ငိုနေသည်။ Mae Ning က Lin ရဲ့ဗီဒီယို ဆိုရှယ်မီဒီယာပေါ်တွင် တင်လိုက်ပြီး Gemini မျက်နှာကို ဖျောက်ထားသည်။ သတင်းခေါင်းစဉ်ကို ပိုက်ဆံအတွက်ကြောင့် အရှက်မဲ့စွာ ပြုမူနေတဲ့ xxxကုမ္မဏီက Lin။ ထိုသတင်း‌ကြောင့် သူတို့ကုမ္မဏီ ရှယ်ယာတွေ ထွက်ကုန်ပြီး သူတို့စီပွားရေး‌တွေကို ပျက်စီးသွားခဲ့သည်။

" ရှင်တို့က မထိသင့်တဲ့သူကိုမှ လာထိတာကို! လာကြစမ်း သူတို့ကို ခြံပြင်ခေါ်သွား အိမ်ထဲမှာ လာဘ်တိတ်တယ်!"

အစောင့်တွေက အိပ်ပြင်ခေါ်ထုတ်သွားကြပြီး ဧည့်ခန်းထဲမှာ သူတို့သားအမိနှစ်ယောက်ပဲ ကျန်တော့သည်။

"အမေ ကြိုစီစဉ်တာ ဘာလို့သားကို မပြောပြတာလဲ "

"သား ဘာလုပ်မလဲ သိချင်လို့ "

"ကျစ်! အမေရာ အဲ့လိုမှန်းသိ ကျွန်တော် အလုပ်ရှုပ်ခံပြီး သွားမရှာပါဘူး အချိန်ပုပ်တယ် "

Gemini ပြောပြီး ဧည့်ခင်းထဲက ထွက်သွားကာ ကားစက်နှိုးပြီး မောင်းထွက်သွားသည်။ အထဲမှာ ကျန်ခဲ့တဲ့ Mae Naing ကတော့ ဒေါသမထွက်တဲ့အပြင် ပြုံးပြုံးကြီး ကျန်ခဲ့လေသည်။

-----------------------------

Gemini ကားထဲရောက်တော့ fourth ကို ဖုန်းဆက်လိုက်ပြီး ဘယ်ရောက်နေလဲ မေးလိုက်သည်။

"ဟယ်လို မင်းဘယ်မှာလဲ "

"ပြီးပြီလား "

"ဘာကိုလဲ Fot"

"ငါအခု ရုပ်ရှင်ရုပ်မှာ အမြန်လာခဲ့ စတော့မယ် "

ပြောပြီး ဖုန်းချသွားသူကြောင့် သူ့ပို့ပေးတဲ့ ရုပ်ရှင် တည်နေရာကို အမြန်မောင်းသွားရတော့သည်။

ဟိုရောက်တော့ စကားပြောမယ်ပြင်လိုက်ပေမဲ့ ရုပ်ရှင်ရုံထဲ၀င်သွားသူကြောင့် သူမုန့်တွေအမြန်၀ယ်ပြီး အနောက်က လိုက်သွားရသည်။

ရုံထဲရောက်တော့ သူ၀ယ်လာတဲ့ မုန့်တွေကို Fourth ကိုပေးလိုက်သည်။ fourth က ၀ယ်လာတဲ့မုန့်‌တွေဆို စားကာ ရုပ်ရှင်ကြည့်နေလေတော့ အနားကပ်ပြီး တိုးတိုးလေး မေးလိုက်သည်။

"မင်း သိနေတာလား"

"အင်း "

"ဟင် ဒါဆို ဘာလို့ ငါ့ကိုမပြောပြတာလဲ "

"အန်တီမပြောခိုင်းလို့ "

Gemini ခေါင်းကို ကုတ်လိုက်ရင်း သူအရူးကြီး ကြနေတာပဲ အကုန်လုံးသိနေတဲ့ ကိစ္စကို သူက အရေးတကြီး လိုက်ရှာနေခဲ့တာ။ သူတွေးနေတုန်း သူ့ခေါင်းပေါ် ရောက်လာတဲ့ လက်ဖဝါးနွေးနွေးလေး။ အဲအွန်းက အေးနေပေမဲ့ ငါ့အချစ်လက်လေးကတော့ ငါအတွက် အမြဲ နွေးထွေးနေဆဲ။

"နောက်ခါမင်းကို ငါပြောပြပါ့မယ် GemGem"

အာ.. အခုအချစ် ငါ့ကို နာမည်အတို နှစ်လုံးဆင့် ခေါ်လိုက်တာလား..။

"အချစ်က ကိုယ့်ကို ရူးအောင်လုပ်နေတာပဲ"

Gemini တစ်ယောက် အသဲယားနေတုန်း သူ့ပုံခုံးပေါ် မှီလာတဲ့ Fourth ကြောင့် သူ အိမ်မက် မက်နေလားတောင် တွေးမိသွားသည်။ Fourth ကိုကြည့်လိုက်တော့ အချစ်ကလေးက ရုပ်ရှင် ကြည့်ရင်း မုန့်စားနေတာမပြတ်။

ဘာမဟုတ်တဲ့ လျို့ဝှက်ဆက်ဆံရေးက စ‌လိုက်တဲ့ဇာတ်လမ်းက ခုဆို တစ်ယောက်ပေါ်တစ်ယောက် သူ့ထက်မပိုရင်သူ့ထက်မလျှော့ဆိုတဲ့ အချစ်သံ‌ယောဇဉ်ကြိုး နဲ့ ချည်နှောင်ထားလေပြီ....။

ပြီးပါပြီ။

------------------------------------------

စောင့်ဆိုင်းရတဲ့အတွက် တကယ် တောင်းပန်ပါတယ်ရှင် သင်္ကြန်အမှီလေး လာတင်ပေးတာပါ။ ဒီနှစ်သင်္ကြန်တော့ ဆန်မ်မင်က ဆော့ဖို့ လိပ်ပြာမလှုံတော့ဘူးရယ်။ သင်္ကြန်ဆော့မှာအချစ်လေးတွေရော မဆော့ဘဲနေမဲ့အချစ်ကလေးတွေရော ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့ပါစေရှင်။ မဆော့ဘူးဆိုရင်တောင် သင်္ကြန်ရေနဲ့ တစ်ခါလောက် အရင်နှစ်က အညစ်အကြေး ကံဆိုးမူတွေကို ရေနဲ့မြောပါခိုင်းပြီး စိတ်သစ်ကိုယ်သစ်နဲ့ ပြန်နေဖို့ အကြံပေးချင်ပါတယ်ရှင်။

ျဖန္း!!

"မင္းကိုငါအလိုလိုက္ထားတာ ဒီလိုကိစၥေတြျဖစ္လာဖို႔မဟုတ္ဘူး!"

"မသိဘူး! ကြၽန္ေတာ္မသိဘူးအေမ! "

ဧည့္ခန္းတစ္ခန္းထဲတြင္ က်ယ္ေလာင္စြာေအာ္ေနတဲ့ အသံေတြနဲ႕ ငိုေႂကြးေနတဲ့အသံေတြကို ၾကားေနရသည္။

Gemini ခရီးက ျပန္လာလာခ်င္း fourth ကိုလိုက္ပို႔ေပးခဲ့ၿပီး အိမ္ျပန္လာေတာ့ ႐ုတ္တရပ္ပါးရိုက္ျခင္းခံလိုက္ရသည္။ရိုက္ခဲ့သူက အေမျဖစ္ၿပီး ဧည့္ခန္းထဲမွာ ထိုင္ေနတဲ့ ငိုေႂကြးေနေသာ မိန္းကေလးတစ္ေယာက္ကို လက္ၫြန္းထိုးျပကာ ငါ့ကို ေျပာေနသည္။

အျဖစ္အပ်က္ေတြက ဘာေတြျဖစ္သြားလဲ ငါမသိပါ။ အေမေျပာသလိုသာဆိုရင္ ဒီမိန္းကေလးက ငါနဲ႕ရတဲ့ ကိုယ္၀န္ရွိေနတယ္တဲ့။ က်စ္! ဆက္ဆံခဲ့သမွ်ကို တစ္ညတည္းနဲ႕အၿပီးျဖတ္ခဲ့ၿပီး ထက္မရႈပ္ဖို႔ ေျပာထားခဲ့တာကို ဘယ္သတၱိမ်ိဳးနဲ႕ အိမ္ထိလာရႈပ္ရဲတာလဲ။

Gemini လဲ သူ႕ေရွ႕မွာထိုင္ေနတဲ့ မ်က္ရည္ကို မထြက္ထြက္ေအာင္ ညစ္ယူေနတဲ့ မိန္းကေလးကို စိတ္ပ်က္စြာ ၾကည့္လိုက္သည္။ ႐ုပ္ကေလးက သနားကမနဲ႕ စိတ္ပ်က္ဖို႔ေကာင္းလိုက္တာ!။

"မင္း အခုဘယ္လို လုပ္ေပးမွာလဲ Gemini!"

"ကြၽန္ေတာ္ သူ႕ကိုမသိဘူး တစ္ညတည္းနဲ႕ေတာ့ ဗိုက္မႀကီးဘူး ဘယ္ေကာင္ေတြနဲ႕ လိုက္ခံထားမွန္းမသိဘဲ ရထားတဲ့ ကိုယ္၀န္ကို တာ၀န္မယူနိုင္ဘူး!"

"ဘာ! ရွင္...အန္တီရယ္ သမီးတကယ္ သူနဲ႕ပဲအိပ္ခဲ့တာပါ အဲ့ညကလဲ သမီးကို သူဘဲ အတင္းေခၚသြားခဲ့တာပါ ဒီကေလးအေဖက သူပါ ဒီမွာပုံသက္ေသရွိပါတယ္ ဒီပုံျပရမွာ ရွက္ေပမဲ့ သမီးလဲ အျပစ္မရွိတဲ့ကေလးကိုျဖတ္မရခ်င္လို႔ပါ "

အစတုန္းက ထေအာ္ၿပီး ၿပီးေတာ့မွ စားပြဲေပၚ သူ႕အိတ္ထဲက ပုံေတြထုတ္ကာ မ်က္ႏွာခ်ိဳေသြးကာ မ်က္ရည္ကို အတင္းညစ္ကာ ေျပာေနသည္။ထိုပုံမ်ားတြင္ ထိုမိန္းကေလးနဲ႕ငါ အ၀တ္မရွိၾကတဲ့ ပုံေတြ။

"Gemini ေတြ႕လား မင္းဒီကိုယ္၀န္ကို တာ၀န္ယူရမယ္"

"ကြၽန္ေတာ္ မယူနိုင္ဘူးအေမ"

" မင္းအျပစ္မင္းသိတယ္ေနာ္ အျပင္မွာ လုပ္ခ်င္တိုင္းလုပ္ၿပီး ျဖစ္လာေတာ့မွ တာ၀န္မယူဘူးဆိုေကာင္းပါ့မလား မင္းသူ႕ဘက္ကလဲ စဥ္းစားၾကည့္လိုက္"

"အတူအိပ္ၿပီးတိုင္း က်ဴပ္ တစ္ခါတည္းအၿပီးျဖတ္ထားၿပီးတိုင္း မေက်နပ္ဘူးဆို အဲ့ ကိုယ္၀န္ဖ်က္ခ်လိဳက္!"

ဒုန္း!

Gemini စကားအဆုံး အေရွ႕က စားပြဲကို ထုခ်လိဳက္ကာ အိပ္ေပၚထပ္သို႔ တတ္သြားလိုက္သည္။ Gemini မ်က္လုံးကို ၾကည့္လိုက္႐ုံျဖင့္ သူဘယ္ေလာက္စိတ္တိုေနေၾကာင္း မ်က္လုံးနီေတြက ေဖာ္ျပေနသည္။

"သမီးရယ္ သမီးလဲ ေတာ္ေတာ္ပင္ပန္းမွာပဲ သမီးက ဘယ္ကလဲဟင္"

"သမီးက xxx ကုမၼဏီက တစ္ဉီးတည္းေသာ သမီး Lin ပါအန္တီ"

"ေအာ္ သမီးအေမ နဲ႕ အန္တီတို႔နဲ႕က ရွယ္ယာအတူေတာင္၀င္ထားေသးတယ္ သူ႕သမီးျဖစ္လိမ့္မယ္လို႔ မထင္ထားဘူး "

"ဟီး ဟုတ္အန္တီ အဲ့တာဆို ကိုယ္၀န္ကိစၥက..."

"စိတ္ခ် သမီး အန္တီကိုယ္၀န္ တာ၀န္ယူခိုင္းလိုက္မယ္"

"ေက်းဇူးပါ အန္တီရယ္ ဒါဆို သမီးသြားေတာ့မယ္ေနာ္"

Mae Naing လည္း မိန္းကေလးကို ၾကည့္ၿပီး သနားလြန္းလို႔ အေပၚထပ္တတ္ၿပီး သူ႕သားကို ေဖ်ာင္းဖ်ဖိဳ႕ တတ္သြားလိုက္၏။

------------------------

"Fourth ဒါကိုယ္လက္မခံနိုင္ဘူး ကိုယ္ခ်စ္တာ မင္းေလ သူမွမဟုတ္တာ"

"Gemini Norawat မင္းရႈပ္ခဲ့တာ ကိစၥမင္းတာ၀န္ယူရမယ္ အဲ့တုန္းက ငါမင္းကို တားခဲ့တာ မင္းနားေထာင္ခဲ့လား!"

"အတိတ္က ကိုယ္ဆိုးခဲ့တာ ကိုယ္လက္ခံတယ္ ခုကိုယ္မင္းတစ္ေယာက္က လြဲရင္ ဘယ္သူမွ လက္မထပ္နိုင္ဘူး!"

Mae ေျပာသည္ကို ငါလက္မခံတာေၾကာင့္ Mae က Fourth ကိုဖုန္းဆက္ၿပီး ေျပာလိုက္ေတာ့ Fourth က ငါ့ကို အတင္းတာ၀န္ယူခိုင္းေနေလသည္။ ဒီကိစၥက ေသြးရိုးသားရိုးမဟုတ္တာ ငါသိသည္။

ငါအိပ္ခဲ့တဲ့ ေကာင္မေလးတိုင္းက ငါနဲ႕အေပးအယူလုပ္ၿပီး လက္ခံခဲ့ၾကတာပဲ။ ဒီလိုဇယားေတြရႈပ္မွာစိုးလို႔ ငါဒီလိုလည္တဲ့ေကာင္မမ်ိဳးေတြကို ေရွာင္ခဲ့တာ။ပုံကိစၥကလဲ ဘယ္ခ်ိန္ရိုက္လိုက္မွန္းငါမသိ။ Fourth မင္းကိုယ္ကိုသာယုံၾကည္ေပးရင္ ကိုယ္အားလုံး စြန႔္လႊတ္ၿပီး မင္းနဲ႕ပဲ ေနနိုင္တယ္...။

"Gemini မင္းနဲ႕ငါ ဒီဆက္ဆံေရးအဆုံးသတ္ရေအာင္ ၿပီးေတာ့ ခြဲေနရေအာင္"

Fourth ေျပာလိုက္တဲ့စကားတစ္ခြန္းေၾကာင့္ သူစိတ္အျမင့္ဆုံးေရာက္သြားသည္။

"Fourth မင္းဘယ္လိုေျပာလိုက္တာလဲ! ငါမျပတ္ေပးနိုင္ဘူး! မင္းငါ့ကို နည္းနည္းေလးေတာင္မယုံၾကည္ဘူးလားကြာ ေတာက္စ္!"

"ေအး..! ငါယုံၾကည္ခ်င္တယ္ ဒါေပမဲ့ မင္းလုပ္ခဲ့တာ ကိစၥက တကယ္ထင္ရွားေနခဲ့တာကို ငါဘယ္လိုယုံၾကည္ရမွာလဲ! ေျပာေလမင္း! "

Fourth ေျပာေနရင္း မ်က္ရည္ေတြပါ က်လာတာမို႔ ငါ့ႏွလုံးသားတစ္ခုလုံး ဓားနဲ႕ထိုးခံရသလို နာက်င္သြားရသည္။ Fourth ကို ဆြဲဖတ္လိုက္ေပမဲ့ သူ႕အားတြန္းထုတ္၏။

"ေတာင္းပန္ပါတယ္ ငါ့ကိုဒီထက္ပိုၿပီး နာက်င္ရေအာင္ မလုပ္ပါနဲ႕ မင္းလက္ထပ္ပြဲကိုပဲ အာ႐ုံစိုက္လိုက္ပါ Gem.."

Gemini ကိုဆြဲကာ အိပ္ျပင္ထုတ္လိုက္ၿပီး တံခါးကိုပိတ္လိုက္သည္။

Gemini စိတ္ရႈပ္စြာ ေခါင္းကုတ္လိုက္ၿပီး တစ္ေနရာထိုင္ကာ ေဆးလိပ္မီးညွိၿပီး ေသာက္ေနသည္။ထိုေဆးလိပ္ကုန္သြားေတာ့ ဖုန္းကိုယူကာ တစ္ေယာက္ေယာက္ကို ဆက္လိုက္သည္။

"ငါ့ကို xxx ကုမၼဏီ က Lin ဆိုတဲ့မိန္းကေလးအေၾကာင္းစုံစမ္းေပး"

ဖုန္းေျပာၿပီး ခ်လိဳက္ကာ ဘူးထဲက ေနာက္ထပ္ ေဆးလိပ္ေတြ ထပ္ယူေသာက္လိုက္ၿပီး နာရီ၀က္ေလာက္အၾကာမွာ သူထိုင္ေနတဲ့ေအာက္တြင္ ေဆးလိပ္တိုမ်ားစြာ ျပန႔္က်ဲလ်က္...။

-----------------------

"ဟားဟား..ဟုတယ္ berry ေရငါ Gemini Norawat Titicharoenrak နဲ႕လက္ထပ္ေတာ့မွာေလ လာေနာ္"

"........"

"ဟီးဟီး ဟုတယ္ ဒီလိုပါပဲ ဖူးစာပါေတာ့ ညားသြားတယ္ ဆိုပါေတာ့"

"......."

"ေက်းဇူးပါberry ေရ နင္လဲ ငါလို ျပည္စုံတဲ့ေယာက္်ားရေအာင္ ႀကိဳးစားလိုက္အုံးေနာ္ "

အခန္းတစ္ခန္းထဲတြင္ မိန္းကေလးတစ္ေယာက္ရဲ႕ ခ်ိဳသာတဲ့ ရယ္သံနဲ႕ ဖုန္းေျပာေနသည္ကို ၾကားေနရၿပီး အသံကို ၾကားရ႐ုံနဲ႕ ဘယ္ေလာက္ေပ်ာ္မွန္းသိနိုင္ပါသည္။ သူမေဘးနားမွာ ၿပဳံးၿပီး နားေထာင္ေနတဲ့ အသက္ႀကီးေပမဲ့ လွပေနတုန္း အမ်ိဳးသမီးကို ေတြ႕ျမင္ေနရ၏။

"အေမ သမီးလုပ္နိုင္ခဲ့ၿပီ"

"ေတာ္တယ္ သမီးေလးLin... သမီးကို တစ္စက္မွမထိဘူးဆိုလို႔ စိုးရိမ္ေနတာ ပုံရိုက္ထားမွန္းမသိခဲ့ဘူး"

"သမီးက အေမ့သမီးပဲေလ အဲ့ေလာက္ေတာ့ရွိမွာေပါ့"

" ဟုတ္ပါၿပီ သမီးေလးက အေမနဲ႕တူလို႔ ဉာဏ္ေကာင္းေနတာေနမွာ "

"ဟီး ဟုတ္ ရွင့္ကို ကြၽန္မအပိုင္ ျဖစ္ေအာင္လုပ္မယ္ Gemini ဟား..."

အခန္းထဲတြင္ ေက်နပ္ေနတဲ့ ရယ္သံေတြပ်ံႏွံေနၿပီး သူတို႔ကိုယ္သူတို႔ အပိုင္တြက္ထားတဲ့ Lin သားအမိေတြကေတာ့ သူတို႔စိတ္ကူးယဥ္ကမၻာထဲမွာ ေပ်ာ္ေမြ႕ေနၾကသည္။

--------------------------

Gemini တစ္ေယာက္ သူအၿမဲထိုင္ေနၾက ဘားကို Luke နဲ႕အတူသြားလိုက္သည္။ဆိုင္ပိုင္ရွင္နဲ႕ ရင္းရင္းႏွီးႏွီး သိတာေၾကာင့္ ခက္ခက္ခဲခဲေျပာစရာမလိုဘဲ အလြယ္တကူ CCTV မွတ္တမ္းၾကည့္နိုင္၏။

ထိုေန႕ညက Lin ထိုဘားကို ပထမဆုံးေရာက္လာၿပီး တိုက္တိုက္ဆိုင္ဆိုင္ သူရွိေနတဲ့ေနရာကိုမွ ဉီးတည္ၿပီး ေရာက္လာသည္။

Gemini ကေတာ့ အဲ့ေနညက ထလို႔မရနိုင္ေအာက္ မူးေနသည္ကို ကင္မရာ ကတစ္ဆင့္ ရွင္းလင္းစြာျမင္ေနရသည္။ ခါတိုင္းဆို သူအရမ္းမူးေနရင္ ဘာမွမအိပ္ဘဲ ဒီတိုင္း Fourth ကို လာေခၚခိုင္းသည္။ ဒါေပမဲ့ ထိုေန႕ညက Fourth ေရာက္မလာပါ။

မွတ္တမ္းကို ခနရပ္ထားၿပီး ငါစဥ္းစားလိုက္သည္။ ဟုတယ္ အဲ့ေန႕ညက ငါFourth နဲ႕အႀကီးအက်ယ္ရန္ျဖစ္ၿပီး ဘားမွာ လာေသာက္ေနတဲ့ည။ ခုနက ရပ္ထားတဲ့ ဗီဒီယိုကို ျပန္ဖြင့္ကာ ဘာဆက္ျဖစ္မလဲ ၾကည့္ေနလိုက္သည္။

Lin က သူ႕ကို အတင္းဆြဲေခၚသြားၿပီး အခန္းတစ္ခန္းထဲကို ၀င်သွားသည်။ထိုအခန်းထဲက CCTV က တစ္ဆင့္ ၾကည့္လိုက္ေတာ့ သူရယ္ကာ ထိုမွတ္တမ္းအားလုံးကိုကူးသြားကာ ဓာတ္ပုံေတြပါ ထုတ္လိုက္သည္။

-------------------------

"ဟုတ္တယ္ ကြၽန္မလဲ မထင္ထားဘူး ဒီလိုႏွစ္ေယာက္သားျဖစ္သြားမယ္လို႔ "

"ဟုပါတယ္ရွင္ ကြၽန္မလဲ အစတုန္းက အားနာလို႔မေျပာခိုင္းေပမဲ့ ကြၽန္မတို႔ဘက္က မိန္းမသားဆိုေတာ့ နစ္နာသြားလို႔ပါရွင္ "

"အဲ့အတြက္ စိတ္မပူပါနဲ႕ ကြၽန္မသားကို တာ၀န္ယူခိုင္းထားပါတယ္"

"ေက်းဇူးတင္ပါတယ္ရွင္ ဒါနဲ႕လက္ထပ္ပြဲ ဘယ္ေတာ့ေလာက္ လုပ္ၾကမလဲ"

" လုပ္ဖို႔အရမ္းေစာေနေသးတယ္ထင္တယ္"

"ရပါတယ္ ကြၽန္မသမီးေလးကို ေခြၽးမအျဖစ္ လက္ခံထားရင္ကို ေက်နပ္ပါတယ္ရွင္ ဒါေပမဲ့ ရွင့္သားေရာ "

"ဒီကေလး ခုထိ အခန္းထဲက မဆင္းလာေသးဘူးထင္တယ္ ဟဲ့ လာအုံး Gemေလး ကို သြားေခၚလိုက္အုံး"

"ဟုတ္ကဲ့ သခင္မေလး "

ထိုအေစခံမေလးက သခင္မႀကီး ေခၚသည္ႏွင့္ အေပၚထပ္ကို သြားကာ သခင္ေလးကို ႏွိုးဖို႔ အသင္ျပင္ရသည္။

Knock! knock!

Gemini တစ္ေယာက္ အခန္းေရွ႕က တံခါးေခါက္သံေၾကာင့္ ဂိမ္းေဆာ့ေနတဲ့ ရပ္လိုက္ရသည္။

"အကိုေလး သခင္မႀကီးက ေအာက္ဆင္းခဲ့ပါအုံးတဲ့ "

စိတ္ရႈပ္စြာ ေခါင္းကိုတခ်က္ကုတ္လိုက္ၿပီး အံစြံ ထဲက ပစၥည္းတစ္ခ်ိဳ႕ကိုယူ မ်က္ႏွာတြင္ မဲ့ၿပဳံး ၿပဳံးလ်က္ ေအာက္ကို ဆင္းလာလိုက္သည္။

ေအာက္ေရာက္ေတာ့ အေမနဲ႕အတူ ရယ္ေမာစြာ စကားေျပာေနတဲ့ Lin သားအမိ။ သူတစ္ခ်က္ စိတ္ပ်က္စြာ ရယ္လိုက္ၿပီး ထိုစကားဝိုင္းတြင္ သြားထိုင္လိုက္သည္။

"သားေလး လာၿပီလား ဒီမွာ အန္တီLuu တို႔ သားအမိေရာက္ေနတာေလ "

" ေကာင္းတာေပါ့ တစ္ခါတည္းရွင္းၾကလို႔ရတယ္ "

သူတို႔စကားေျပာေနတာကို Luuဆိုတဲ့ မိန္းမႀကီးက နားမလည္ဟန္၀င္ေမးၿပီး သူထင္ရာ သူမွတ္ေနသည္။

"ဘာရွင္းမွာလဲ ေအာ္ မဂၤလာပြဲကိစၥလား အန္တီတို႔ သားအေမနဲ႕ ေျပာၿပီးၿပီ အန္တီလို႔လဲ မေလာပါဘူး သား အန္တီသမီးေလးကို အဲ့ေလာက္သေဘာက်ေနမယ္လို႔ မထင္ထားဘူး "

ရယ္ေမာစြာ ေျပာလာတဲ့အန္တီႀကီးေၾကာင့္ ေဒါသထွက်ရသည်။ဒါပေမဲ့ ပြဲက မစေသးဘူးဆိုေတာ့ စိတ္ကိုေလွ်ာ့ကာ ေျပာလိုက္သည္။

"အဲ့ဒီ မိန္းမယုတ္မကို တစ္စက္မွသေဘာက်မေနဘူး ေငြအတြက္နဲ႕ ကိုယ့္သိကၡာကို ရင္းတဲ့ မိန္းမမ်ိဳးကို ႐ြံတတ္လို႔ "

"ဘာ! Ning ရွင့္သား ဘာစကားေျပာတာလဲ "

Mae ကိုေျပာေပမဲ့ Mae က ဘာမွမေျပာဘဲ ဒီတိုင္းေနေနသည္။ ၾကည့္ရတာ ပြဲေတာ့စၿပီထင္သည္။Gemini ခုနက ယူလာတဲ့ ပုံေတြကို စားပြဲေပၚတင္လိုက္သည္။

Gemini ကအိပ္ေပ်ာ္ေနၿပီး အေပၚပိုင္း အ၀တ္ေတြ ခြၽတ္ခံထားရသည္။ Lin ကလည္း အ၀တ္ေတြခြၽတ္ၿပီး သူတို႔ႏွစ္ေယာက္ အိပ္ေနသည့္ပုံစံ ပုံေတြကို ဓာတ္ပုံေတြရိုက္ေနသည့္ပုံ။

Mrs.Luu ခ်က္ခ်င္း မ်က္ႏွာပ်က္သြားၿပီး မ်က္ႏွာႀကီး ရွက္ကာ နီရဲေနၿပီး  ေဘးက ထိုင္ေနတဲ့ Lin ကလဲ မ်က္ႏွာရႈံ႕မဲ့ေန၏။

"ခင္ဗ်ားေတြ လုပ္ရပ္ေတြသိၿပီလား! ဒီဓာတ္ပုံနဲ႕မလုံေလာက္ေသးဘူးဆိုရင္ ရွိတယ္ေနာ္ vd ေတြ ဒီvdေတြသာ ေပါက္ၾကားသြားလို႔ကေတာ့ ကြၽတ္...ကြၽတ္..."

"ဘာ! မင္း..."

တီ တီ

႐ုတ္တရပ္ Luu ဖုန္းက ဖုန္းလာ၏။ သူကိုင္လိုက္ၿပီး ေဒါသတႀကီး ထေအာ္ေနသည္။ၿပီးေတာ့ Naing ကို လက္ၫႊန္းထိုးကာ ေျပာေနသည္။

"နင္တို႔ သားအမိေတြ ရက္စက္လွခ်ည္လား ခုငါတို႔မွာ ဘာမွမရွိေတာ့ဘူး နင္တို႔ေက်နပ္ၿပီးလား အရွက္ေတြေတာ့ ကြဲပါၿပီဟယ္ အဲ့တာ နင့္ေၾကာင့္! "

သူ႕သမီးကို လက္ၫႊန္းထိုးကာ ေျပာဆိုေနၿပီး ငိုေနသည္။ Mae Ning က Lin ရဲ႕ဗီဒီယို ဆိုရွယ္မီဒီယာေပၚတြင္ တင္လိုက္ၿပီး Gemini မ်က္ႏွာကို ေဖ်ာက္ထားသည္။ သတင္းေခါင္းစဥ္ကို ပိုက္ဆံအတြက္ေၾကာင့္ အရွက္မဲ့စြာ ျပဳမူေနတဲ့ xxxကုမၼဏီက Lin။ ထိုသတင္းေၾကာင့္ သူတို႔ကုမၼဏီ ရွယ္ယာေတြ ထြက္ကုန္ၿပီး သူတို႔စီပြားေရးေတြကို ပ်က္စီးသြားခဲ့သည္။

" ရွင္တို႔က မထိသင့္တဲ့သူကိုမွ လာထိတာကို! လာၾကစမ္း သူတို႔ကို ၿခံျပင္ေခၚသြား အိမ္ထဲမွာ လာဘ္တိတ္တယ္!"

အေစာင့္ေတြက အိပ္ျပင္ေခၚထုတ္သြားၾကၿပီး ဧည့္ခန္းထဲမွာ သူတို႔သားအမိႏွစ္ေယာက္ပဲ က်န္ေတာ့သည္။

"အေမ ႀကိဳစီစဥ္တာ ဘာလို႔သားကို မေျပာျပတာလဲ "

"သား ဘာလုပ္မလဲ သိခ်င္လို႔ "

"က်စ္! အေမရာ အဲ့လိုမွန္းသိ ကြၽန္ေတာ္ အလုပ္ရႈပ္ခံၿပီး သြားမရွာပါဘူး အခ်ိန္ပုပ္တယ္ "

Gemini ေျပာၿပီး ဧည့္ခင္းထဲက ထြက္သြားကာ ကားစက္ႏွိုးၿပီး ေမာင္းထြက္သြားသည္။ အထဲမွာ က်န္ခဲ့တဲ့ Mae Naing ကေတာ့ ေဒါသမထြက္တဲ့အျပင္ ၿပဳံးၿပဳံးႀကီး က်န္ခဲ့ေလသည္။

-----------------------------

Gemini ကားထဲေရာက္ေတာ့ fourth ကို ဖုန္းဆက္လိုက္ၿပီး ဘယ္ေရာက္ေနလဲ ေမးလိုက္သည္။

"ဟယ္လို မင္းဘယ္မွာလဲ "

"ၿပီးၿပီလား "

"ဘာကိုလဲ Fot"

"ငါအခု ႐ုပ္ရွင္႐ုပ္မွာ အျမန္လာခဲ့ စေတာ့မယ္ "

ေျပာၿပီး ဖုန္းခ်သြားသူေၾကာင့္ သူ႕ပို႔ေပးတဲ့ ႐ုပ္ရွင္ တည္ေနရာကို အျမန္ေမာင္းသြားရေတာ့သည္။

ဟိုေရာက္ေတာ့ စကားေျပာမယ္ျပင္လိုက္ေပမဲ့ ႐ုပ္ရွင္႐ုံထဲ၀င္သြားသူေၾကာင့္ သူမုန႔္ေတြအျမန္၀ယ္ၿပီး အေနာက္က လိုက္သြားရသည္။

႐ုံထဲေရာက္ေတာ့ သူ၀ယ္လာတဲ့ မုန႔္ေတြကို Fourth ကိုေပးလိုက္သည္။ fourth က ၀ယ်လာတဲ့မုန့်ေတြဆို စားကာ ႐ုပ္ရွင္ၾကည့္ေနေလေတာ့ အနားကပ္ၿပီး တိုးတိုးေလး ေမးလိုက္သည္။

"မင္း သိေနတာလား"

"အင္း "

"ဟင္ ဒါဆို ဘာလို႔ ငါ့ကိုမေျပာျပတာလဲ "

"အန္တီမေျပာခိုင္းလို႔ "

Gemini ေခါင္းကို ကုတ္လိုက္ရင္း သူအ႐ူးႀကီး ၾကေနတာပဲ အကုန္လုံးသိေနတဲ့ ကိစၥကို သူက အေရးတႀကီး လိုက္ရွာေနခဲ့တာ။ သူေတြးေနတုန္း သူ႕ေခါင္းေပၚ ေရာက္လာတဲ့ လက္ဖဝါးႏြေးႏြေးေလး။ အဲအြန္းက ေအးေနေပမဲ့ ငါ့အခ်စ္လက္ေလးကေတာ့ ငါအတြက္ အၿမဲ ႏြေးေထြးေနဆဲ။

"ေနာက္ခါမင္းကို ငါေျပာျပပါ့မယ္ GemGem"

အာ.. အခုအခ်စ္ ငါ့ကို နာမည္အတို ႏွစ္လုံးဆင့္ ေခၚလိုက္တာလား..။

"အခ်စ္က ကိုယ့္ကို ႐ူးေအာင္လုပ္ေနတာပဲ"

Gemini တစ္ေယာက္ အသဲယားေနတုန္း သူ႕ပုံခုံးေပၚ မွီလာတဲ့ Fourth ေၾကာင့္ သူ အိမ္မက္ မက္ေနလားေတာင္ ေတြးမိသြားသည္။ Fourth ကိုၾကည့္လိုက္ေတာ့ အခ်စ္ကေလးက ႐ုပ္ရွင္ ၾကည့္ရင္း မုန႔္စားေနတာမျပတ္။

ဘာမဟုတ္တဲ့ လ်ိဳ႕ဝွက္ဆက္ဆံေရးက စလိုက္တဲ့ဇာတ္လမ္းက ခုဆို တစ္ေယာက္ေပၚတစ္ေယာက္ သူ႕ထက္မပိုရင္သူ႕ထက္မေလွ်ာ့ဆိုတဲ့ အခ်စ္သံေယာဇဥ္ႀကိဳး နဲ႕ ခ်ည္ႏွောင္ထားေလၿပီ....။

ၿပီးပါၿပီ။

------------------------------------------

ေစာင့္ဆိုင္းရတဲ့အတြက္ တကယ္ ေတာင္းပန္ပါတယ္ရွင္ သၾကၤန္အမွီေလး လာတင္ေပးတာပါ။ ဒီႏွစ္သၾကၤန္ေတာ့ ဆန္မ္မင္က ေဆာ့ဖို႔ လိပ္ျပာမလႈံေတာ့ဘူးရယ္။ သၾကၤန္ေဆာ့မွာအခ်စ္ေလးေတြေရာ မေဆာ့ဘဲေနမဲ့အခ်စ္ကေလးေတြေရာ ကိုယ္စိတ္ႏွစ္ျဖာ ႐ႊင္လန္းခ်မ္းေျမ့ပါေစရွင္။ မေဆာ့ဘူးဆိုရင္ေတာင္ သၾကၤန္ေရနဲ႕ တစ္ခါေလာက္ အရင္ႏွစ္က အညစ္အေၾကး ကံဆိုးမူေတြကို ေရနဲ႕ေျမာပါခိုင္းၿပီး စိတ္သစ္ကိုယ္သစ္နဲ႕ ျပန္ေနဖို႔ အႀကံေပးခ်င္ပါတယ္ရွင္။

There are no comments yet. Log in to be the first to leave a review!

Similar stories