(( 22 ))
11:49, 11 August 2021Unicode
Fanmeetingပြီးသည့်ညတွင်ပဲ Jungkookနဲ့ Taehyungတို့ရဲ့ညဖက် တိုကျိုမြို့ထဲလည်ပတ်တာတွေကိုတောက်လျှောက်ရိုက်ကူးရေးစတော့သည်။
Taehyungကနည်းနည်းကင်မရာရှေ့မလို့အနေအထိုင်ဆင်ခြင်ပေမဲ့ Jungkookကတော့ပိုလို့ပင်momentတွေထွက်အောင်နေသည်။
Jin hyungကလည်းရိုက်ကူးရေးမလုပ်ခင်ကတည်းကပြောထားပြီးသားလေပင်။
"စိတ်ကြိုက်နေ ပုံမှန်တိုင်းသာနေ ရိုက်ကူးမလို့momentထွက်လေကောင်းလေပဲ ဟိုဘိုးတော်ကိုဂရုစိုက်မနေနဲ့"ဟူသောစကားကြောင့်Jungkookတို့ ဘာမှဂရုစိုက်မနေ။ ကင်မရာရှိလဲဂရုမစိုက် Taeနဲ့နှစ်ယောက်တည်းလည်ပတ်သလိုပင် လွတ်လပ်နေလေသည်။
ရိုက်ကူးရေးပြီးဟိုတယ်ပြန်ရောက်တော့ ညဆယ့်တစ်နာရီပင်ရှိနေပြီဖြစ်သည်။ Jungkookကတော့ရောက်ရောက်ချင်းပင် ရေမိုးချိုးပြီးသူ့အိတ်ထဲကIpadတွေထုတ် ဟိုပစ္စည်းထုတ်ဒီပစ္စည်းထုတ်လုပ်နေသည်မလို့မအိပ်သေးဘူးထင်သည်။
ရေချိုးပျင်းတဲ့အစ်ကိုပေါက်စကတော့ သူမပြောမချင်းရေထချိုးမည့်ပုံမပေါ်။ ကုတင်ပေါ်ကနေပက်လက်ကလေးသူလုပ်သမျှလိုက်ကြည့်နေလေသည်။
ထို့နောက်ကုတင်ပေါ်သူတက်လာပြီး ထောက်စရာstandအသေးစားလေးကိုတင်လိုက်ပြီးIpadတင်လိုက်တော့ ပြူးပြူးလေးထလာတော့သည်။
"Jungkook မအိပ်သေးဘူးလား? ဘာလုပ်မလို့လဲ??"
"Liveလွှင့်မလို့လေ Taeနဲ့တူတူ ရေမချိုးတဲ့အပျင်းလေးနဲ့တူတူ ကိုယ့်ရဲ့Instagram Accကနေပဲလွင့်မှာ"
Liveလွှင့်မယ်ပြောလိုက်တော့ မျက်လုံးလေးတွေလက်ခနဲ။ Taeကပရိတ်သတ်တွေကို အရမ်းချစ်တတ်တာသူသိသည်။
Jungkookလဲကင်မရာဖွင့်ကာ liveစတော့viewersတွေမိနစ်ပိုင်းအတွင်းသောင်းချီပြီး ထိုးတက်လာသည်။
"အာညော် ယောရော်ဘွန်း"
Jungkookကfanတွေကိုအရင်နှုတ်ဆက်လိုက်သည်။ ဘေးနားကအစ်ကိုပေါက်စကကင်မရာထဲဝင်မလာသေး။ ဘေးကနေသူ့ကိုထိုင်ကြည့်နေလို့ သူ့မှာဘေးလေးသို့အသာဆွဲခေါ်ရသည်။
Taehyungကိုလည်းမြင်ရော liveကြည့်နေကြသည့်fanတွေတဆထက်တဆတိုးကား ပို၍ပင်စည်းကားသွားကြတော့သည်။ Fan meetingပြီးပြီးချင်း ဒီလိုနှစ်ယောက်တူတူliveလွှင့်မယ်လို့ ဘယ်သူမှမျှော်လင့်မထားကြ။ ထို့ကြောင့်အကုန်လုံးပျော်ရွှင်နေကြတော့သည်။
*ငါငိုနေပါပြီ Oppaတို့ကတူတူအိပ်တာလား?*
*Taekook Live!*
*Taekook is real*
Commentsတွေဖတ်မိတော့ Taeကတော့ထုံးစံအတိုင်းသဘောကျစွာရှက်စနိုးလေးဖြစ်နေသည်။ သူကတော့ liveလွှင့်ပြီးFanတွေကိုစကားမပြောပဲcomments တွေဖတ်လိုက်Taehyungမျက်နှာလေးလှည့်ကြည့်လိုက်နှင့်အလုပ်ရှုပ်နေသည်။
"ကျွန်တော်တို့ကတူတူအိပ်တာပေါ့ အဲ့တာထူးဆန်းလို့လား?"
Jungkookကပြောတော့ Taehyungကမလုံမလဲလေးဖြင့် မျက်လုံးလေးပြူးသွားသည်။ Jungkookကတော့ ဘာမှမဖြစ်သလိုပင် သူနဲ့Taehyungအကြောင်းပြောပြမယ်ဆိုပြီး ဘယ်လိုစတွေ့ခဲ့တာတွေ ရိုက်ကွင်းမှာဘယ်လိုတွေဆိုတာသူ့Fanတွေကို ဖောက်သည်ပြန်ချနေတော့သည်။
Jungkookကရေချိုးပြီး bathrobeသာဝတ်ထားသည်မလို့Liveလွှင့်တော့ အင်္ကျီကကြိုးနဲနဲပြေနေကာရင်ဘတ်ကဟစိစိဖြစ်နေသည်။ ဒါကိုကင်မရာထဲကနေTaehyungမြင်တော့ သူ့Jungkookဖက်သို့လှည့်ကာ အင်္ကျီကိာဆွဲစိပေးလေသည်။ တဖန်ကင်မရာထဲပြန်ကြည့်ပြီး လုံသွားတာသေချာတော့မှစိတ်အေးသွားရတော့သည်။
Jungkookရဲ့ရင်ဘတ်ကြီးပေါ်နေတာကိုအူတိုတာ မဟုတ်ပေမဲ့ Fanတွေမြင်ရင်အားနာစရာကောင်းသည်လေ။
ထို့နောက်သူတို့နှစ်ယောက်စကားပြောလိုက် fanတွေကိုပြောပြလိုက်နှင့် commentတွေပြန်ဖတ်နေကြတုန်း တက်လာသည့်commentတစ်ခု။
*Kim Taehyungက Jiwonနဲ့တွဲနေတာမဟုတ်ဘူးလား။ ငါတို့Jungkook oppaနဲ့တူတူမရှိနေသင့်ဘူး*
*Kim Taehyungကိုမမြင်ချင်ဘူး ငါတို့Oppaတစ်ယောက်တည်းကိုပဲမြင်ချင်တယ်*
တကယ်မဟုတ်ပေမဲ့လည်း လက်တွေ့မှာလွန်ဆန်လို့မရတဲ့အခြေအနေတစ်ခုဆိုတော့ရုတ်တရက် Taehyungမှာထိုcommentတွေကိုမြင်ပြီး fanတွေအတွက်အရမ်းအားနာသွားရသည်။
နဂိုကတည်းကစိတ်ပျော့သူမလို့ ဝဲတတက်လာသည့်မျက်ရည်လေးတွေကိုပါပုတ်ခတ်ပုတ်ခတ်လုပ်ကာသိမ်းဆည်းလိုက်ရသည်။
သူတို့နှစ်ယောက်ကိုချစ်ပေးကြသည့်သူတွေအပြင် လက်မခံနိုင်သေးသည့်fanတွေ Jungkookရဲ့sasaeng fanတွေရောရဲ့ bad commentsတွေကလည်းတက်နေတော့ Taehyungမှာမျက်နှာလေးမကောင်းတော့။
Jungkookကလည်း ထိုစာတွေကိုမြင်သည်မလို့ ထိုကိစ္စကိုအရင်ရှင်းဖို့လုပ်လိုက်သည်။ Liveလွှင့်နေသေးသည်မလို့ အစ်ကိုပေါက်စလေးကိုပွေ့ဖက်နှစ်သိမ့်ချင်စိတ်တွေကိုချိုးနှိမ်ကာ လက်ကလေးကိုသာလှမ်းဆုပ်ကိုင်းလိုက်ရင်းအားပေးလိုက်ရသည်။
Taeကဘာမှမဖြစ်ဟန် အတတ်နိုင်ဆုံးထိန်းရင်းpositive commentsလေးတွေကိုရွေးဖတ်ကာပြန်ပြီးစကားပြောပေးနေလေသည်။
"ယောရော်ဘွန်းတို့ကို ကျွန်တော်ပြောစရာရှိတယ် ..ဟင့်အင်းတောင်းဆိုစရာလို့ပြောရမလား.."
Jungkookကပြောလိုက်တော့ Taeကဘေးကနေဘာပြောမလို့လဲဆိုသည့်ပုံလေးဖြင့်သူ့အားကြည့်နေလေသည်။
(A/N : Jungkookရဲ့fandom name ကိုARMYပဲသုံးထားပါတယ်)
"ကျွန်တော့်ရဲ့ARMYလေးတွေအပါအဝင် ကျွန်တော်နဲ့Taehyungie hyungကိုချစ်ပေးကြတဲ့ Taekookerလေးတွေရော .... ကျေးဇူးပြုပြီးကျွန်တော်တို့ရဲ့နှုတ်ကနေအတည်မပြုတဲ့သတင်းမှန်သမျှကို အတည်မယူကြပါနဲ့ သိကြတယ်မလား? ကျွန်တော်တို့ကမင်းတို့ကိုနာကြင်အောင်မလုပ်ဘူးဆိုတာ... အဲ့တာကြောင့်မလို့ကျွန်တော့်တို့ကိုချစ်တယ်ဆိုရင် ကျွန်တော်တို့ကိုယုံကြည်ပေးကြပါ ကျွန်တော့်တို့ကိုပဲကြည့်ပေးကြပါ "
ထိုနေ့ညက LiveမှာJungkookပြောသွားခဲ့သည့်ထိုစကားလေးက social media platformတော်တော်များများမှာtop trendingတွေ Hot searchတွေထိဖြစ်ကုန်ကာ ဘာကိုပြောချင်မှန်းသေချာမသိကြရပေမဲ့ Because of Jeon Taehyung fan Taekookerတွေအတွက်တော့မျှော်လင့်ချက်ရောင်ခြည်ပြန်သမ်းလာခဲ့လေပြီ။
ထို့ပြင်ထိုနေ့ညကမျက်နှာမကောင်းသည့် Taehyungကိုလည်းပရိတ်သတ်တွေကသတိထားမိသွားခဲ့တာကြောင့် JungkookစကားဟာTaehyungနှင့်သက်ဆိုင်နေသည်မှာကျိန်းသေသည်ဟုပင်ပိုသေချာသွားကြခဲ့သည်။
-----**Kim Taehyung Lee Jiwonတို့ပြတ်စဲသွားပြီဟု Lee Jiwon Agencyမှအတည်ပြုပေးခဲ့....**
"တောက် ! ခြောက်လလို့ပြောထားတာကိုနှစ်လတည်းနဲ့ဒီလိုလုပ်ပစ်လိုက်လို့ရမလား!"
မနက်စောစောစီးစီး တက်လာသည့်သတင်းကြောင့်Dream CEOသွေးတက်နေလေသည်။ သူနဲ့တစ်ဖက်မင်းသမီးရဲ့အေဂျင့်စီနဲ့သဘောတူညီမှုလုပ်ထားတာ ခြောက်လပြီးမှပြတ်စဲသတက်းထုတ်ရန်ဖြစ်သည်။ အခုတော့ ထိုအေဂျင့်စီကသူ့ကိုသောက်ဂရုမစိုက်ပဲနှစ်လတည်းနဲ့ လုပ်ချင်ရာလုပ်ပစ်လိုက်သည်။
သို့သော် Taehyungနဲ့Jiwonရဲ့ထိုပြတ်စဲသတင်းအပေါ်ပရိတ်သတ်တွေရဲ့တုံ့ပြန်မှုကသူထင်သလောက်ပွက်လောမရိုက်နေသလို သိပ်အကြီးအကျယ်မဖြစ်နေ။ ကောင်းသည်လား ဆိုးသည်လားပင်မသိတော့။
တကယ်တော့ ပရိတ်သတ်တွေဟာအလွန်မတန်ပျော်ရွှင်နေကြကာ လွန်ခဲ့သည့်ရက်သတ္တပတ်လောက်ကJungkookရဲ့Liveတုန်းကပြောသွားသည့် အကြောင်းအရာတွေကိုဆက်စပ်မိပြီးကြိတ်ပျော်နေကြခြင်းပင်။
စိတ်ညစ်ပါတယ်။ Dispatchကိုရှေ့လျှောက်သူဘယ်လိုထိန်းရပါ့။ Jeon Jungkookဆိုတဲ့ကောင်လေးကသိပ်အနေအထိုင်ဆင်ခြင်တာမဟုတ်။ ခေသူမဟုတ်မှန်းလဲ စကားပြောကြည့်စဉ်ကတည်းကသူသိလိုက်ပြီးသား။
Dispatchကလည်းအားနေဒီနှစ်ယောက်ကိုပဲ လိုက်နေတာ။ Jiwonနဲ့တွဲနေတုန်းတောင် မယုံသင်္ကာနဲ့Taehyungအနောက်ကို လိုက်နေကြတုန်း။
'ဒေါက် ဒေါက်'
တံခါးဖွင့်သံနှင့်အတူ ရုံးခန်းထဲသို့ဝင်လာသည့်Taehyung။
"CEO nimကျွန်တော့်ကိုခေါ်တယ်ဆိုလို့"
"အင်း အခုသတင်းမင်းလဲသိပြီးလောက်ပေါ့ ဒါပေမဲ့မင်းမမေ့ပါနဲ့စာချုပ်ထဲအကြောင်းအရာကိုမင်းဖောက်ဖျက်ရင်ဘယ်လိုဖြစ်မလဲဆိုတာ"
"Nae ကျွန်တော်နားလည်ပါတယ်"
Taehyungမျက်နှာက အရင်ကလိုသူ့ကိုကြောက်နေတာမျိုးမရှိပဲ အေးအေးဆေးဆေးပင်ပြန်ဖြေလာသည်မလို့CEOမှာ သိပ်တောင်ဘဝင်မကျချင်။ ဘယ်သူ့အားကိုနဲ့ဒီအချိုးဖြစ်နေတာလဲ? Park Jiminရော Kim Taehyungရောပုံစံတွေကတူတူပဲ။
"ပြီးတော့ မင်းနဲ့Jeon Jungkookတွေ့တာကိုမတားဘူးဒါပေမဲ့ဆင်ဆင်ခြင်ခြင်တွေ့ကြ သိုသိုသိပ်သိပ်တွေ့ကြ မီဒီယာမှာပလူပျံနေမှာတွေငါမလိုချင်ဘူး"
"Nae အဲ့တာတွေပြောမလို့မလား? ဒါဆိုကျွန်တော်shootingရှိသေးလို့ခွင့်ပြုပါအုံး"
Taehyungထွက်သွားတော့မှ သူ့မှာသွေးတက်နေတဲ့နားထင်ကိုအသာဖိနှိပ်ထားလိုက်ရသည်။ သူ့ကုမ္ပဏီကartistတွေထဲမှာ Kim Taehyungနဲ့Park Jiminကိုထိန်းချုပ်ရမလွယ်ဆုံး။ ပြန်မပြောနားမထောင်လေးတွေ။
"အတွင်းရေးမှုချွဲ မင်းမြင်တယ်မလားTaehyungပုံစံကို... သူဘယ်သူ့အားကိုးနဲ့ငါ့ကိုအခုလိုဆက်ဆံသွားတာလဲ"
အံတခဲခဲနှင့်ပြောနေသည့်CEOကိုကြည့်ပြီး ဘေးကရပ်နေသည့်အတွင်းရေးမှုးချွဲလဲဘာပြန်ပြောရမှန်းမသိ။
ဟုတ်တယ် Kim Taehyungကလည်းKim Taehyung။ ဘယ်သူ့အားကိုးနဲ့လဲဆိုတော့ သူအခုတွဲနေပုံထောက်သည့် Jeon Jungkookအားကိုးနဲ့လိုပြန်ဖြေလိုက်ရင် CEOကြီးသွေးတွေရောဇက်ကြောတွေရောတက်ကုန်မလားမသိ။
-----"Cut! ရပြီ အဆင်ပြေတယ်။ ဒီနေ့အတွက်အားလုံးတာဝန်ကျေခဲ့ကြပါတယ်"
ဒါရိုက်တာကြီးအော်သံအဆုံး သူလဲကြော်ငြာရိုက်ကူးရေးကတွဲဖက်မင်းသမီးနဲ့ရိုက်ကူးရေးအဖွဲ့သားတွေကိုနှုတ်ဆက်ပြီးရိုက်ကွင်းကနေအမြန်ပြန်ခဲ့တော့သည်။
နောက်ပိုင်းဒရာမာရိုက်ကူးရေးတွေလက်မခံထားသေးပေမဲ့ ကြော်ငြာရိုက်ကူးရေးတွေကပြန်စနေပြီဖြစ်တာကြောင့် scheduleတွေကနေ့စဉ်ရက်ဆက်မနားရ။
ကားပေါ်ရောက်တော့ မန်နေဂျာHyungကစတော်ဘယ်ရီမစ်ရှိတ်ဘူးလေးဖောက်ပေးကာ သိမ်းထားသည့်သူ့ဖုန်းကိုပါလက်ထဲတစ်ခါတည်းထည့်ပေးလာသည်။
"ကဲ အစ်ကိုတော်လေးရေ ဒီနေ့ညနေပိုင်းတစ်ခုလုံးတွက်no scheduleပါ မနက်ဖြန်နေ့လည်ထိအားပါတယ်။ ဆိုတော့ချိန်းထားတဲ့နေရာတန်းပို့ပေးရမလား ကွန်ဒိုအရင်ပြန်အုံးမလား?"
"အိမ်အရင်ပြန်မယ်Hyung ပြီးမှJungkookကွန်ဒိုကိုလိုက်ပို့ပေးပါ ရေမိုးချိုးချင်သေးလို့"
"အိုကေပါဗျာ"
Hoseok hyungနဲ့အတူကွန်ဒိုရောက်တော့ ရေမြန်မြန်ချိုးလိုက်သည်။ Hyungကတော့သူပြင်တာဆင်တာကို ဧည့်ခန်းတွင်ထိုင်စောင့်ပေးသည်။
ထို့နောက်ရှားရှားပါးပါးအားလပ်ချိန်လေးမလို့ ချိန်းထားသည့်အတိုင်းJungkookနှင့်တွေ့ရန်Jungkookဆီသို့သွားမည်။ Jungkookကလည်း solo asian tour concertတွေစနေပြီမလို့ သူ့လိုပဲအားလပ်ချိန်မရှိ။ Idolတစ်ယောက်ဖြစ်တာမလို့ ညလုံးပေါက်dance practiceတွေ အသံသွင်းတွေနဲ့သူထက်ပင်ပိုပင်ပန်းပါလိမ့်မည်။
ဒီနေ့ကတော့သူရောJungkookရော နှစ်ယောက်လုံးအားတဲ့ညနေခင်းမလို့ မန်နေဂျာHyungတွေကသူတို့နှစ်ယောက်အတွက်scheduleတွေကြိုရှင်းပေးထားပြီးသား။
သူ့ကိုJungkook condoသို့ပို့ပေးပြီးတော့ မန်နေဂျာHyungကပြန်သွားသည်။ သူလဲmaskနဲ့ဦးထုပ်ကိုခပ်ငိုက်ငိုက်လေးဆောင်းကာ Jungkookအခန်းသို့အမြန်သွားလိုက်သည်။
တစ်ဖက်ကJungkookမှာလည်း အစ်ကိုပေါက်စလေးနဲ့ဒိတ်လုပ်မည်ဖြစ်တာကြောင့် စတူဒီယိုကပြန်လာလာချင်းရေမိုးချိုးပြင်ဆင်ကာ အစားအသောက်တွေကြိုပြင်ဆင်ထားရသည်။ သူ့ချစ်သူလေးကအစားပုပ်လေးမဟုတ်ပါလား။
စတော်ဘယ်ရီလေးတွေကို ရေသေချာဆေးပြီးဇလုံးလေးထဲထည့်နေတုန်း အိမ်ရှေ့မှတံခါးဘဲလ်တီးသံတစ်ချက်နှင့်အတူ passwordနှိပ်ပြီးဝင်လာသည့်အသံ။ သူလာပြီဆိုတဲ့အကြောင့် ဘဲလ်တီးပြီးအချက်ကလှမ်းပေးသေးတာ။
သူလဲအမြန်ပင်အိမ်ရှေ့သို့ပြေးထွက်လာခဲ့ရသည်။ ထို့နောက်တံခါးလေးဖွင့်ပြီး အိမ်ထဲသို့ဝင်လာသည့်Tae။ သူလက်လေးနှစ်ဖက်ကိုဆန့်တန်းထားပေးတာကိုလဲတွေ့ရော ဝမ်းသာအားရဖြင့်ကြောင်ကလေးခုန်အုပ်သလို သူ့အားလှစ်ခနဲပြေးလာဖက်သည်။ မတွေ့ရတာ တစ်ပတ်လောက်ပင်ရှိနေပြီမဟုတ်ပါလား။
"ရောက်ပြီလားBaby hyungလေး"
ရင်ခွင်ထဲက ခေါင်းလေးပေါ်ကဦးထုပ်လေးကိုချွတ်ပေးလိုက်တော့ ဆံပင်လုံးလုံးပွပွလေးဆီမှရှမ်ပူနံ့လေးဟာသင်းခနဲ။
"Jungkook Jungkook"
"ဗျာ...ဗျ"
"မောင်"
"ဗျ"
"မင်းကိုအရမ်းလွမ်းနေတာသိလား"
"ကိုယ်လဲအရမ်းကိုလွမ်းနေခဲ့တာပါဗျာ ဒီနေ့လေးရောက်ဖို့ဘယ်လောက်တောင်စောင့်နေလိုက်ရလဲ"
ထို့နောက်Jungkookတိုက်ခန်းမှာပဲ နှစ်ယောက်သားညစာတူတူစားပြီးဧည့်ခန်းကဆိုဖာလေးပေါ်မှာနှစ်ယောက်သားထိုင်ရင်း စကားပြောဖြစ်ကြသည်။
Jungkookရင်ခွင်ထဲမှာမှီလျော့လျော့လေးထိုင်နေသည့် Taehyung။ ရင်ခွင်ထဲကနေနှုတ်ခမ်းလေးတထော်ထော်နဲ့သူ့အကြောင်းတွေပြောလိုက်။ ရိုက်ကွင်းမှာကြုံခဲ့ရတာတွေပြောလိုက်။ ရုပ်ရှင်အကြောင်းပြောလိုက်နှင့် ပြောနေသည့်Taehyung။ Jungkookကတော့ အစ်ကိုပေါက်စပြောသမျှကို နားထောင်ရင်လက်ကစတော်ဘယ်ရီခွံ့ကျွေးနေလေသည်။
သူ့မှာကြာလာတော့ အစ်ကိုပေါက်စပြောသမျှကိုမကြားတော့ပဲ စတော်ဘယ်ရီတွေစားပြီးနီနီစိုစိုလေးဖြစ်နေသည့် နှုတ်ခမ်ချွန်ချွန်လေးတွေကိုသာအာရုံမလွှဲနိုင်ဖြစ်လာရသည်။
"မောင်လို့!"
"ဟင် Tae ဘာပြောလိုက်တာ"
"နောက်တပတ်Ommoniတို့ဆီသွားမှာဆို ညစာစားဖို့"
"အင်း ဟုတ်တယ်လေTaeရဲ့"
သူပြောလိုက်တော့ သူပြောတာကိုအာရုံမစိုက်လို့ဆိုပြီးမျက်နှာလေးကစူပုပ်ပုပ်။ မရတော့ဘူး။ မထိန်းနိုင်တော့ဘူး။
"Tae .."
"ဘာလဲ"
"နမ်းရအောင်"
"ဟင် ..အွန့်"
ရုတ်တရက်ကြီး သူ့ကိုရင်ခွင်ထဲကနေပွေ့ဖက်ပစ်ကာနမ်းလာသည့်Jungkook။ Taehyungမှာရင်ခွင်ထဲကနေသမင်လည်ပြန်လို ခေါင်းလေးစောင်းနေသည်မလို့အနေအထားကအဆင်မပြေ။
Jungkookကလည်း ငတ်မွတ်စွာဖြင့်အနမ်းတို့ကိုမရပ်ပေး။ သူမှာရင်ဘတ်ထဲလိပ်ပြာတွေတဝဲဝဲပျံနေသည့်ခံစားချက်ဖြင့် Jungkookအနမ်းတွေကိုအမှီလိုက်နေရသည်။
ရှေ့ကဖွင့်ထားသည့်TVကြီးလဲအာရုံမရှိကြတော့။ အကြင်နာပေးနေသည့်အသံတွေဖြင့်သာ ဧည့်ခန်းတစ်ခုလုံးနေရာယူနေသည်။
ထို့နောက်မောဟိုက်သည့်Taehyungမှာ ရုန်းကန်စပြုလာတော့အနမ်းတွေကိုရပ်တန့်ကာသူ့နှုတ်ခမ်းတွေကိုလွှတ်ပေးလာသည့်Jungkook။ နှုတ်ခမ်းလေးဟစိဟစိဖြင့် မနည်းအသက်ပြန်ရှုနေရတုန်း သူ့လည်ပင်းပေါ်သို့ရောက်ရှိလာသည့်Jungkookနှုတ်ခမ်းသားတွေကြောင့် တကိုယ်လုံးဓာတ်လိုက်သလိုတုန်တက်သွားသည့်Taehyung။
ဘယ်လိုခံစားချက်ကြီးလဲ? ရင်ဘတ်ထဲမှာလိပ်ပြာတွေတင်မဟုတ်တော့ ပုရွက်ဆိတ်တွေပါကိုက်နေပြီထင်သည်။
"အ့... အင့် မောင်..."
စတော်ဘယ်ရီBodyshowerနံ့လေးသင်းနေသည့် လည်ပင်းသားလေးတွေကိုနမ်းရှုံ့နေရင်း မနေနိုင်စွာစုပ်ယူကာကိုက်မိတော့ထွက်လာသည့် အသံငယ်လေးကြောင့်စိတ်တွေရောကိုယ်ရောအစိုးမရတော့။
"ဟင့် ...မောင်ဟိုလိုလုပ်တော့မလို့လား?"
ရုတ်တရက်Taeမေးလိုက်သည့်စကားလေးကြောင့် သူ့မှာအသည်းယားသွားရသည်။ အဲ့အဆင့်ထိသူသွားဖို့မရည်ရွယ်ထား။ လက်ထပ်ပြီးမှထိုအခြေအနေကိုသာသာယာယာသွားချင်သည်လေ။အခုကလည်း နမ်းရင်းစိတ်တို့ကမထိန်းချုပ်နိုင်တော့လို့သာ။ ဒါကိုအစ်ကိုပေါက်စလေးဟာ အဆုံးထိတွေးပစ်လေသည်။
"အဟက် ဘယ်လိုလုပ်ရမှာတုန်း"
"မောင်နော် ..."
"အဟား စတာပါTaeရဲ့ ... မောင်အဲ့အဆင့်ထိမသွားပါဘူး။ နမ်းရုံပဲဟုတ်ပြီလား... ဒါမှမဟုတ်Taeလုပ်ချင်ရင်မောင့်ကိုအဆုံးစွန်ထိခေါ်သွားပေးကြည့်လေ"
မျက်ခုံးလေးပင့်ကာ စလိုက်တော့မျက်နှာလေးရဲတွတ်သွားကာ
"ဟင့်အင်း ငါကမလုပ်ချင်ပါဘူး လုပ်လဲမလုပ်တတ်ဘူး။ မင်းနမ်းတာကိုပဲခံမှာ မင်းပဲလုပ်"တဲ့။
မျက်လုံးပြူးမျက်ဆန်ပြူးလေးဖြင့် ရှက်ဝဲဝဲလေးပြောလာသည့်Tae။သူစချင်တဲ့အဓိပ္ပာယ်ကတခြား။ Taeတွေးပစ်လိုက်တာကြီးကတခြား။ Kim Taehyungကတော့လူကိုရူးအောင်သတ်နေပါပြီ။
------TBCWith Love 💜||Tae_For_JeonJeon_To_Tae||*အရေးတော်ပုံ အောင်ရမည်*A/N - နောက်တစ်ပိုင်းဆိုပြီးပါပြီ❣️🥺-----Zawgyi
Fanmeetingၿပီးသည့္ညတြင္ပဲ Jungkookနဲ႔ Taehyungတို႔ရဲ့ညဖက္ တိုက်ိဳၿမိဳ႕ထဲလည္ပတ္တာေတြကိုေတာက္ေလၽွာက္ရိုက္ကူးေရးစေတာ့သည္။
Taehyungကနည္းနည္းကင္မရာေရွ႕မလို႔အေနအထိုင္ဆင္ျခင္ေပမဲ့ Jungkookကေတာ့ပိုလို႔ပင္momentေတြထြက္ေအာင္ေနသည္။
Jin hyungကလည္းရိုက္ကူးေရးမလုပ္ခင္ကတည္းကေျပာထားၿပီးသားေလပင္။
"စိတ္ႀကိဳက္ေန ပုံမွန္တိုင္းသာေန ရိုက္ကူးမလို႔momentထြက္ေလေကာင္းေလပဲ ဟိုဘိုးေတာ္ကိုဂ႐ုစိုက္မေနနဲ႔"ဟူေသာစကားေၾကာင့္Jungkookတို႔ ဘာမွဂ႐ုစိုက္မေန။ ကင္မရာရွိလဲဂ႐ုမစိုက္ Taeနဲ႔ႏွစ္ေယာက္တည္းလည္ပတ္သလိုပင္ လြတ္လပ္ေနေလသည္။
ရိုက္ကူးေရးၿပီးဟိုတယ္ျပန္ေရာက္ေတာ့ ညဆယ့္တစ္နာရီပင္ရွိေနၿပီျဖစ္သည္။ Jungkookကေတာ့ေရာက္ေရာက္ခ်င္းပင္ ေရမိုးခ်ိဳးၿပီးသူ႔အိတ္ထဲကIpadေတြထုတ္ ဟိုပစၥည္းထုတ္ဒီပစၥည္းထုတ္လုပ္ေနသည္မလို႔မအိပ္ေသးဘူးထင္သည္။
ေရခ်ိဳးပ်င္းတဲ့အစ္ကိုေပါက္စကေတာ့ သူမေျပာမခ်င္းေရထခ်ိဳးမည့္ပုံမေပၚ။ ကုတင္ေပၚကေနပက္လက္ကေလးသူလုပ္သမၽွလိုက္ၾကည့္ေနေလသည္။
ထို႔ေနာက္ကုတင္ေပၚသူတက္လာၿပီး ေထာက္စရာstandအေသးစားေလးကိုတင္လိုက္ၿပီးIpadတင္လိုက္ေတာ့ ျပဴးျပဴးေလးထလာေတာ့သည္။
"Jungkook မအိပ္ေသးဘူးလား? ဘာလုပ္မလို႔လဲ??"
"Liveလႊင့္မလို႔ေလ Taeနဲ႔တူတူ ေရမခ်ိဳးတဲ့အပ်င္းေလးနဲ႔တူတူ ကိုယ့္ရဲ့Instagram Accကေနပဲလြင့္မွာ"
Liveလႊင့္မယ္ေျပာလိုက္ေတာ့ မ်က္လုံးေလးေတြလက္ခနဲ။ Taeကပရိတ္သတ္ေတြကို အရမ္းခ်စ္တတ္တာသူသိသည္။
Jungkookလဲကင္မရာဖြင့္ကာ liveစေတာ့viewersေတြမိနစ္ပိုင္းအတြင္းေသာင္းခ်ီၿပီး ထိုးတက္လာသည္။
"အာေညာ္ ေယာေရာ္ဘြန္း"
Jungkookကfanေတြကိုအရင္ႏႈတ္ဆက္လိုက္သည္။ ေဘးနားကအစ္ကိုေပါက္စကကင္မရာထဲဝင္မလာေသး။ ေဘးကေနသူ႔ကိုထိုင္ၾကည့္ေနလို႔ သူ႔မွာေဘးေလးသို႔အသာဆြဲေခၚရသည္။
Taehyungကိုလည္းျမင္ေရာ liveၾကည့္ေနၾကသည့္fanေတြတဆထက္တဆတိုးကား ပို၍ပင္စည္းကားသြားၾကေတာ့သည္။ Fan meetingၿပီးၿပီးခ်င္း ဒီလိုႏွစ္ေယာက္တူတူliveလႊင့္မယ္လို႔ ဘယ္သူမွေမၽွာ္လင့္မထားၾက။ ထို႔ေၾကာင့္အကုန္လုံးေပ်ာ္ရႊင္ေနၾကေတာ့သည္။
*ငါငိုေနပါၿပီ Oppaတို႔ကတူတူအိပ္တာလား?*
*Taekook Live!*
*Taekook is real*
Commentsေတြဖတ္မိေတာ့ Taeကေတာ့ထုံးစံအတိုင္းသေဘာက်စြာရွက္စနိုးေလးျဖစ္ေနသည္။ သူကေတာ့ liveလႊင့္ၿပီးFanေတြကိုစကားမေျပာပဲcomments ေတြဖတ္လိုက္Taehyungမ်က္ႏွာေလးလွည့္ၾကည့္လိုက္ႏွင့္အလုပ္ရႈပ္ေနသည္။
"ကၽြန္ေတာ္တို႔ကတူတူအိပ္တာေပါ့ အဲ့တာထူးဆန္းလို႔လား?"
Jungkookကေျပာေတာ့ Taehyungကမလုံမလဲေလးျဖင့္ မ်က္လုံးေလးျပဴးသြားသည္။ Jungkookကေတာ့ ဘာမွမျဖစ္သလိုပင္ သူနဲ႔Taehyungအေၾကာင္းေျပာျပမယ္ဆိုၿပီး ဘယ္လိုစေတြ႕ခဲ့တာေတြ ရိုက္ကြင္းမွာဘယ္လိုေတြဆိုတာသူ႔Fanေတြကို ေဖာက္သည္ျပန္ခ်ေနေတာ့သည္။
Jungkookကေရခ်ိဳးၿပီး bathrobeသာဝတ္ထားသည္မလို႔Liveလႊင့္ေတာ့ အကၤ်ီကႀကိဳးနဲနဲေျပေနကာရင္ဘတ္ကဟစိစိျဖစ္ေနသည္။ ဒါကိုကင္မရာထဲကေနTaehyungျမင္ေတာ့ သူ႔Jungkookဖက္သို႔လွည့္ကာ အကၤ်ီကိာဆြဲစိေပးေလသည္။ တဖန္ကင္မရာထဲျပန္ၾကည့္ၿပီး လုံသြားတာေသခ်ာေတာ့မွစိတ္ေအးသြားရေတာ့သည္။
Jungkookရဲ့ရင္ဘတ္ႀကီးေပၚေနတာကိုအူတိုတာ မဟုတ္ေပမဲ့ Fanေတြျမင္ရင္အားနာစရာေကာင္းသည္ေလ။
ထို႔ေနာက္သူတို႔ႏွစ္ေယာက္စကားေျပာလိုက္ fanေတြကိုေျပာျပလိုက္ႏွင့္ commentေတြျပန္ဖတ္ေနၾကတုန္း တက္လာသည့္commentတစ္ခု။
*Kim Taehyungက Jiwonနဲ႔တြဲေနတာမဟုတ္ဘူးလား။ ငါတို႔Jungkook oppaနဲ႔တူတူမရွိေနသင့္ဘူး*
*Kim Taehyungကိုမျမင္ခ်င္ဘူး ငါတို႔Oppaတစ္ေယာက္တည္းကိုပဲျမင္ခ်င္တယ္*
တကယ္မဟုတ္ေပမဲ့လည္း လက္ေတြ႕မွာလြန္ဆန္လို႔မရတဲ့အေျခအေနတစ္ခုဆိုေတာ့႐ုတ္တရက္ Taehyungမွာထိုcommentေတြကိုျမင္ၿပီး fanေတြအတြက္အရမ္းအားနာသြားရသည္။
နဂိုကတည္းကစိတ္ေပ်ာ့သူမလို႔ ဝဲတတက္လာသည့္မ်က္ရည္ေလးေတြကိုပါပုတ္ခတ္ပုတ္ခတ္လုပ္ကာသိမ္းဆည္းလိုက္ရသည္။
သူတို႔ႏွစ္ေယာက္ကိုခ်စ္ေပးၾကသည့္သူေတြအျပင္ လက္မခံနိုင္ေသးသည့္fanေတြ Jungkookရဲ့sasaeng fanေတြေရာရဲ့ bad commentsေတြကလည္းတက္ေနေတာ့ Taehyungမွာမ်က္ႏွာေလးမေကာင္းေတာ့။
Jungkookကလည္း ထိုစာေတြကိုျမင္သည္မလို႔ ထိုကိစၥကိုအရင္ရွင္းဖို႔လုပ္လိုက္သည္။ Liveလႊင့္ေနေသးသည္မလို႔ အစ္ကိုေပါက္စေလးကိုေပြ႕ဖက္ႏွစ္သိမ့္ခ်င္စိတ္ေတြကိုခ်ိဳးႏွိမ္ကာ လက္ကေလးကိုသာလွမ္းဆုပ္ကိုင္းလိုက္ရင္းအားေပးလိုက္ရသည္။
Taeကဘာမွမျဖစ္ဟန္ အတတ္နိုင္ဆုံးထိန္းရင္းpositive commentsေလးေတြကိုေရြးဖတ္ကာျပန္ၿပီးစကားေျပာေပးေနေလသည္။
"ေယာေရာ္ဘြန္းတို႔ကို ကၽြန္ေတာ္ေျပာစရာရွိတယ္ ..ဟင့္အင္းေတာင္းဆိုစရာလို႔ေျပာရမလား.."
Jungkookကေျပာလိုက္ေတာ့ Taeကေဘးကေနဘာေျပာမလို႔လဲဆိုသည့္ပုံေလးျဖင့္သူ႔အားၾကည့္ေနေလသည္။
(A/N : Jungkookရဲ့fandom name ကိုARMYပဲသုံးထားပါတယ္)
"ကၽြန္ေတာ့္ရဲ့ARMYေလးေတြအပါအဝင္ ကၽြန္ေတာ္နဲ႔Taehyungie hyungကိုခ်စ္ေပးၾကတဲ့ Taekookerေလးေတြေရာ .... ေက်းဇူးျပဳၿပီးကၽြန္ေတာ္တို႔ရဲ့ႏႈတ္ကေနအတည္မျပဳတဲ့သတင္းမွန္သမၽွကို အတည္မယူၾကပါနဲ႔ သိၾကတယ္မလား? ကၽြန္ေတာ္တို႔ကမင္းတို႔ကိုနာၾကင္ေအာင္မလုပ္ဘူးဆိုတာ... အဲ့တာေၾကာင့္မလို႔ကၽြန္ေတာ့္တို႔ကိုခ်စ္တယ္ဆိုရင္ ကၽြန္ေတာ္တို႔ကိုယုံၾကည္ေပးၾကပါ ကၽြန္ေတာ့္တို႔ကိုပဲၾကည့္ေပးၾကပါ "
ထိုေန႔ညက LiveမွာJungkookေျပာသြားခဲ့သည့္ထိုစကားေလးက social media platformေတာ္ေတာ္မ်ားမ်ားမွာtop trendingေတြ Hot searchေတြထိျဖစ္ကုန္ကာ ဘာကိုေျပာခ်င္မွန္းေသခ်ာမသိၾကရေပမဲ့ Because of Jeon Taehyung fan Taekookerေတြအတြက္ေတာ့ေမၽွာ္လင့္ခ်က္ေရာင္ျခည္ျပန္သမ္းလာခဲ့ေလၿပီ။
ထို႔ျပင္ထိုေန႔ညကမ်က္ႏွာမေကာင္းသည့္ Taehyungကိုလည္းပရိတ္သတ္ေတြကသတိထားမိသြားခဲ့တာေၾကာင့္ JungkookစကားဟာTaehyungႏွင့္သက္ဆိုင္ေနသည္မွာက်ိန္းေသသည္ဟုပင္ပိုေသခ်ာသြားၾကခဲ့သည္။
-----**Kim Taehyung Lee Jiwonတို႔ျပတ္စဲသြားၿပီဟု Lee Jiwon Agencyမွအတည္ျပဳေပးခဲ့....**
"ေတာက္ ! ေျခာက္လလို႔ေျပာထားတာကိုႏွစ္လတည္းနဲ႔ဒီလိုလုပ္ပစ္လိုက္လို႔ရမလား!"
မနက္ေစာေစာစီးစီး တက္လာသည့္သတင္းေၾကာင့္Dream CEOေသြးတက္ေနေလသည္။ သူနဲ႔တစ္ဖက္မင္းသမီးရဲ့ေအဂ်င့္စီနဲ႔သေဘာတူညီမႈလုပ္ထားတာ ေျခာက္လၿပီးမွျပတ္စဲသတက္းထုတ္ရန္ျဖစ္သည္။ အခုေတာ့ ထိုေအဂ်င့္စီကသူ႔ကိုေသာက္ဂ႐ုမစိုက္ပဲႏွစ္လတည္းနဲ႔ လုပ္ခ်င္ရာလုပ္ပစ္လိုက္သည္။
သို႔ေသာ္ Taehyungနဲ႔Jiwonရဲ့ထိုျပတ္စဲသတင္းအေပၚပရိတ္သတ္ေတြရဲ့တုံ႔ျပန္မႈကသူထင္သေလာက္ပြက္ေလာမရိုက္ေနသလို သိပ္အႀကီးအက်ယ္မျဖစ္ေန။ ေကာင္းသည္လား ဆိုးသည္လားပင္မသိေတာ့။
တကယ္ေတာ့ ပရိတ္သတ္ေတြဟာအလြန္မတန္ေပ်ာ္ရႊင္ေနၾကကာ လြန္ခဲ့သည့္ရက္သတၱပတ္ေလာက္ကJungkookရဲ့Liveတုန္းကေျပာသြားသည့္ အေၾကာင္းအရာေတြကိုဆက္စပ္မိၿပီးႀကိတ္ေပ်ာ္ေနၾကျခင္းပင္။
စိတ္ညစ္ပါတယ္။ Dispatchကိုေရွ႕ေလၽွာက္သူဘယ္လိုထိန္းရပါ့။ Jeon Jungkookဆိုတဲ့ေကာင္ေလးကသိပ္အေနအထိုင္ဆင္ျခင္တာမဟုတ္။ ေခသူမဟုတ္မွန္းလဲ စကားေျပာၾကည့္စဥ္ကတည္းကသူသိလိုက္ၿပီးသား။
Dispatchကလည္းအားေနဒီႏွစ္ေယာက္ကိုပဲ လိုက္ေနတာ။ Jiwonနဲ႔တြဲေနတုန္းေတာင္ မယုံသကၤာနဲ႔Taehyungအေနာက္ကို လိုက္ေနၾကတုန္း။
'ေဒါက္ ေဒါက္'
တံခါးဖြင့္သံႏွင့္အတူ ႐ုံးခန္းထဲသို႔ဝင္လာသည့္Taehyung။
"CEO nimကၽြန္ေတာ့္ကိုေခၚတယ္ဆိုလို႔"
"အင္း အခုသတင္းမင္းလဲသိၿပီးေလာက္ေပါ့ ဒါေပမဲ့မင္းမေမ့ပါနဲ႔စာခ်ဳပ္ထဲအေၾကာင္းအရာကိုမင္းေဖာက္ဖ်က္ရင္ဘယ္လိုျဖစ္မလဲဆိုတာ"
"Nae ကၽြန္ေတာ္နားလည္ပါတယ္"
Taehyungမ်က္ႏွာက အရင္ကလိုသူ႔ကိုေၾကာက္ေနတာမ်ိဳးမရွိပဲ ေအးေအးေဆးေဆးပင္ျပန္ေျဖလာသည္မလို႔CEOမွာ သိပ္ေတာင္ဘဝင္မက်ခ်င္။ ဘယ္သူ႔အားကိုနဲ႔ဒီအခ်ိဳးျဖစ္ေနတာလဲ? Park Jiminေရာ Kim Taehyungေရာပုံစံေတြကတူတူပဲ။
"ၿပီးေတာ့ မင္းနဲ႔Jeon Jungkookေတြ႕တာကိုမတားဘူးဒါေပမဲ့ဆင္ဆင္ျခင္ျခင္ေတြ႕ၾက သိုသိုသိပ္သိပ္ေတြ႕ၾက မီဒီယာမွာပလူပ်ံေနမွာေတြငါမလိုခ်င္ဘူး"
"Nae အဲ့တာေတြေျပာမလို႔မလား? ဒါဆိုကၽြန္ေတာ္shootingရွိေသးလို႔ခြင့္ျပဳပါအုံး"
Taehyungထြက္သြားေတာ့မွ သူ႔မွာေသြးတက္ေနတဲ့နားထင္ကိုအသာဖိႏွိပ္ထားလိုက္ရသည္။ သူ႔ကုမၸဏီကartistေတြထဲမွာ Kim Taehyungနဲ႔Park Jiminကိုထိန္းခ်ဳပ္ရမလြယ္ဆုံး။ ျပန္မေျပာနားမေထာင္ေလးေတြ။
"အတြင္းေရးမႈခၽြဲ မင္းျမင္တယ္မလားTaehyungပုံစံကို... သူဘယ္သူ႔အားကိုးနဲ႔ငါ့ကိုအခုလိုဆက္ဆံသြားတာလဲ"
အံတခဲခဲႏွင့္ေျပာေနသည့္CEOကိုၾကည့္ၿပီး ေဘးကရပ္ေနသည့္အတြင္းေရးမႈးခၽြဲလဲဘာျပန္ေျပာရမွန္းမသိ။
ဟုတ္တယ္ Kim Taehyungကလည္းKim Taehyung။ ဘယ္သူ႔အားကိုးနဲ႔လဲဆိုေတာ့ သူအခုတြဲေနပုံေထာက္သည့္ Jeon Jungkookအားကိုးနဲ႔လိုျပန္ေျဖလိုက္ရင္ CEOႀကီးေသြးေတြေရာဇက္ေၾကာေတြေရာတက္ကုန္မလားမသိ။
-----"Cut! ရၿပီ အဆင္ေျပတယ္။ ဒီေန႔အတြက္အားလုံးတာဝန္ေက်ခဲ့ၾကပါတယ္"
ဒါရိုက္တာႀကီးေအာ္သံအဆုံး သူလဲေၾကာ္ျငာရိုက္ကူးေရးကတြဲဖက္မင္းသမီးနဲ႔ရိုက္ကူးေရးအဖြဲ႕သားေတြကိုႏႈတ္ဆက္ၿပီးရိုက္ကြင္းကေနအျမန္ျပန္ခဲ့ေတာ့သည္။
ေနာက္ပိုင္းဒရာမာရိုက္ကူးေရးေတြလက္မခံထားေသးေပမဲ့ ေၾကာ္ျငာရိုက္ကူးေရးေတြကျပန္စေနၿပီျဖစ္တာေၾကာင့္ scheduleေတြကေန႔စဥ္ရက္ဆက္မနားရ။
ကားေပၚေရာက္ေတာ့ မန္ေနဂ်ာHyungကစေတာ္ဘယ္ရီမစ္ရွိတ္ဘူးေလးေဖာက္ေပးကာ သိမ္းထားသည့္သူ႔ဖုန္းကိုပါလက္ထဲတစ္ခါတည္းထည့္ေပးလာသည္။
"ကဲ အစ္ကိုေတာ္ေလးေရ ဒီေန႔ညေနပိုင္းတစ္ခုလုံးတြက္no scheduleပါ မနက္ျဖန္ေန႔လည္ထိအားပါတယ္။ ဆိုေတာ့ခ်ိန္းထားတဲ့ေနရာတန္းပို႔ေပးရမလား ကြန္ဒိုအရင္ျပန္အုံးမလား?"
"အိမ္အရင္ျပန္မယ္Hyung ၿပီးမွJungkookကြန္ဒိုကိုလိုက္ပို႔ေပးပါ ေရမိုးခ်ိဳးခ်င္ေသးလို႔"
"အိုေကပါဗ်ာ"
Hoseok hyungနဲ႔အတူကြန္ဒိုေရာက္ေတာ့ ေရျမန္ျမန္ခ်ိဳးလိုက္သည္။ Hyungကေတာ့သူျပင္တာဆင္တာကို ဧည့္ခန္းတြင္ထိုင္ေစာင့္ေပးသည္။
ထို႔ေနာက္ရွားရွားပါးပါးအားလပ္ခ်ိန္ေလးမလို႔ ခ်ိန္းထားသည့္အတိုင္းJungkookႏွင့္ေတြ႕ရန္Jungkookဆီသို႔သြားမည္။ Jungkookကလည္း solo asian tour concertေတြစေနၿပီမလို႔ သူ႔လိုပဲအားလပ္ခ်ိန္မရွိ။ Idolတစ္ေယာက္ျဖစ္တာမလို႔ ညလုံးေပါက္dance practiceေတြ အသံသြင္းေတြနဲ႔သူထက္ပင္ပိုပင္ပန္းပါလိမ့္မည္။
ဒီေန႔ကေတာ့သူေရာJungkookေရာ ႏွစ္ေယာက္လုံးအားတဲ့ညေနခင္းမလို႔ မန္ေနဂ်ာHyungေတြကသူတို႔ႏွစ္ေယာက္အတြက္scheduleေတြႀကိဳရွင္းေပးထားၿပီးသား။
သူ႔ကိုJungkook condoသို႔ပို႔ေပးၿပီးေတာ့ မန္ေနဂ်ာHyungကျပန္သြားသည္။ သူလဲmaskနဲ႔ဦးထုပ္ကိုခပ္ငိုက္ငိုက္ေလးေဆာင္းကာ Jungkookအခန္းသို႔အျမန္သြားလိုက္သည္။
တစ္ဖက္ကJungkookမွာလည္း အစ္ကိုေပါက္စေလးနဲ႔ဒိတ္လုပ္မည္ျဖစ္တာေၾကာင့္ စတူဒီယိုကျပန္လာလာခ်င္းေရမိုးခ်ိဳးျပင္ဆင္ကာ အစားအေသာက္ေတြႀကိဳျပင္ဆင္ထားရသည္။ သူ႔ခ်စ္သူေလးကအစားပုပ္ေလးမဟုတ္ပါလား။
စေတာ္ဘယ္ရီေလးေတြကို ေရေသခ်ာေဆးၿပီးဇလုံးေလးထဲထည့္ေနတုန္း အိမ္ေရွ႕မွတံခါးဘဲလ္တီးသံတစ္ခ်က္ႏွင့္အတူ passwordႏွိပ္ၿပီးဝင္လာသည့္အသံ။ သူလာၿပီဆိုတဲ့အေၾကာင့္ ဘဲလ္တီးၿပီးအခ်က္ကလွမ္းေပးေသးတာ။
သူလဲအျမန္ပင္အိမ္ေရွ႕သို႔ေျပးထြက္လာခဲ့ရသည္။ ထို႔ေနာက္တံခါးေလးဖြင့္ၿပီး အိမ္ထဲသို႔ဝင္လာသည့္Tae။ သူလက္ေလးႏွစ္ဖက္ကိုဆန႔္တန္းထားေပးတာကိုလဲေတြ႕ေရာ ဝမ္းသာအားရျဖင့္ေၾကာင္ကေလးခုန္အုပ္သလို သူ႔အားလွစ္ခနဲေျပးလာဖက္သည္။ မေတြ႕ရတာ တစ္ပတ္ေလာက္ပင္ရွိေနၿပီမဟုတ္ပါလား။
"ေရာက္ၿပီလားBaby hyungေလး"
ရင္ခြင္ထဲက ေခါင္းေလးေပၚကဦးထုပ္ေလးကိုခၽြတ္ေပးလိုက္ေတာ့ ဆံပင္လုံးလုံးပြပြေလးဆီမွရွမ္ပူနံ့ေလးဟာသင္းခနဲ။
"Jungkook Jungkook"
"ဗ်ာ...ဗ်"
"ေမာင္"
"ဗ်"
"မင္းကိုအရမ္းလြမ္းေနတာသိလား"
"ကိုယ္လဲအရမ္းကိုလြမ္းေနခဲ့တာပါဗ်ာ ဒီေန႔ေလးေရာက္ဖို႔ဘယ္ေလာက္ေတာင္ေစာင့္ေနလိုက္ရလဲ"
ထို႔ေနာက္Jungkookတိုက္ခန္းမွာပဲ ႏွစ္ေယာက္သားညစာတူတူစားၿပီးဧည့္ခန္းကဆိုဖာေလးေပၚမွာႏွစ္ေယာက္သားထိုင္ရင္း စကားေျပာျဖစ္ၾကသည္။
Jungkookရင္ခြင္ထဲမွာမွီေလ်ာ့ေလ်ာ့ေလးထိုင္ေနသည့္ Taehyung။ ရင္ခြင္ထဲကေနႏႈတ္ခမ္းေလးတေထာ္ေထာ္နဲ႔သူ႔အေၾကာင္းေတြေျပာလိုက္။ ရိုက္ကြင္းမွာၾကဳံခဲ့ရတာေတြေျပာလိုက္။ ႐ုပ္ရွင္အေၾကာင္းေျပာလိုက္ႏွင့္ ေျပာေနသည့္Taehyung။ Jungkookကေတာ့ အစ္ကိုေပါက္စေျပာသမၽွကို နားေထာင္ရင္လက္ကစေတာ္ဘယ္ရီခြံ့ေကၽြးေနေလသည္။
သူ႔မွာၾကာလာေတာ့ အစ္ကိုေပါက္စေျပာသမၽွကိုမၾကားေတာ့ပဲ စေတာ္ဘယ္ရီေတြစားၿပီးနီနီစိုစိုေလးျဖစ္ေနသည့္ ႏႈတ္ခမ္ခၽြန္ခၽြန္ေလးေတြကိုသာအာ႐ုံမလႊဲနိုင္ျဖစ္လာရသည္။
"ေမာင္လို႔!"
"ဟင္ Tae ဘာေျပာလိုက္တာ"
"ေနာက္တပတ္Ommoniတို႔ဆီသြားမွာဆို ညစာစားဖို႔"
"အင္း ဟုတ္တယ္ေလTaeရဲ့"
သူေျပာလိုက္ေတာ့ သူေျပာတာကိုအာ႐ုံမစိုက္လို႔ဆိုၿပီးမ်က္ႏွာေလးကစူပုပ္ပုပ္။ မရေတာ့ဘူး။ မထိန္းနိုင္ေတာ့ဘူး။
"Tae .."
"ဘာလဲ"
"နမ္းရေအာင္"
"ဟင္ ..အြန႔္"
႐ုတ္တရက္ႀကီး သူ႔ကိုရင္ခြင္ထဲကေနေပြ႕ဖက္ပစ္ကာနမ္းလာသည့္Jungkook။ Taehyungမွာရင္ခြင္ထဲကေနသမင္လည္ျပန္လို ေခါင္းေလးေစာင္းေနသည္မလို႔အေနအထားကအဆင္မေျပ။
Jungkookကလည္း ငတ္မြတ္စြာျဖင့္အနမ္းတို႔ကိုမရပ္ေပး။ သူမွာရင္ဘတ္ထဲလိပ္ျပာေတြတဝဲဝဲပ်ံေနသည့္ခံစားခ်က္ျဖင့္ Jungkookအနမ္းေတြကိုအမွီလိုက္ေနရသည္။
ေရွ႕ကဖြင့္ထားသည့္TVႀကီးလဲအာ႐ုံမရွိၾကေတာ့။ အၾကင္နာေပးေနသည့္အသံေတြျဖင့္သာ ဧည့္ခန္းတစ္ခုလုံးေနရာယူေနသည္။
ထို႔ေနာက္ေမာဟိုက္သည့္Taehyungမွာ ႐ုန္းကန္စျပဳလာေတာ့အနမ္းေတြကိုရပ္တန႔္ကာသူ႔ႏႈတ္ခမ္းေတြကိုလႊတ္ေပးလာသည့္Jungkook။ ႏႈတ္ခမ္းေလးဟစိဟစိျဖင့္ မနည္းအသက္ျပန္ရႈေနရတုန္း သူ႔လည္ပင္းေပၚသို႔ေရာက္ရွိလာသည့္Jungkookႏႈတ္ခမ္းသားေတြေၾကာင့္ တကိုယ္လုံးဓာတ္လိုက္သလိုတုန္တက္သြားသည့္Taehyung။
ဘယ္လိုခံစားခ်က္ႀကီးလဲ? ရင္ဘတ္ထဲမွာလိပ္ျပာေတြတင္မဟုတ္ေတာ့ ပုရြက္ဆိတ္ေတြပါကိုက္ေနၿပီထင္သည္။
"အ့... အင့္ ေမာင္..."
စေတာ္ဘယ္ရီBodyshowerနံ့ေလးသင္းေနသည့္ လည္ပင္းသားေလးေတြကိုနမ္းရႈံ႔ေနရင္း မေနနိုင္စြာစုပ္ယူကာကိုက္မိေတာ့ထြက္လာသည့္ အသံငယ္ေလးေၾကာင့္စိတ္ေတြေရာကိုယ္ေရာအစိုးမရေတာ့။
"ဟင့္ ...ေမာင္ဟိုလိုလုပ္ေတာ့မလို႔လား?"
႐ုတ္တရက္Taeေမးလိုက္သည့္စကားေလးေၾကာင့္ သူ႔မွာအသည္းယားသြားရသည္။ အဲ့အဆင့္ထိသူသြားဖို႔မရည္ရြယ္ထား။ လက္ထပ္ၿပီးမွထိုအေျခအေနကိုသာသာယာယာသြားခ်င္သည္ေလ။အခုကလည္း နမ္းရင္းစိတ္တို႔ကမထိန္းခ်ဳပ္နိုင္ေတာ့လို႔သာ။ ဒါကိုအစ္ကိုေပါက္စေလးဟာ အဆုံးထိေတြးပစ္ေလသည္။
"အဟက္ ဘယ္လိုလုပ္ရမွာတုန္း"
"ေမာင္ေနာ္ ..."
"အဟား စတာပါTaeရဲ့ ... ေမာင္အဲ့အဆင့္ထိမသြားပါဘူး။ နမ္း႐ုံပဲဟုတ္ၿပီလား... ဒါမွမဟုတ္Taeလုပ္ခ်င္ရင္ေမာင့္ကိုအဆုံးစြန္ထိေခၚသြားေပးၾကည့္ေလ"
မ်က္ခုံးေလးပင့္ကာ စလိုက္ေတာ့မ်က္ႏွာေလးရဲတြတ္သြားကာ
"ဟင့္အင္း ငါကမလုပ္ခ်င္ပါဘူး လုပ္လဲမလုပ္တတ္ဘူး။ မင္းနမ္းတာကိုပဲခံမွာ မင္းပဲလုပ္"တဲ့။
မ်က္လုံးျပဴးမ်က္ဆန္ျပဴးေလးျဖင့္ ရွက္ဝဲဝဲေလးေျပာလာသည့္Tae။သူစခ်င္တဲ့အဓိပၸာယ္ကတျခား။ Taeေတြးပစ္လိုက္တာႀကီးကတျခား။ Kim Taehyungကေတာ့လူကို႐ူးေအာင္သတ္ေနပါၿပီ။
------TBCWith Love 💜||Tae_For_JeonJeon_To_Tae||
*အေရးေတာ္ပုံ ေအာင္ရမည္*
A/N - ေနာက္တစ္ပိုင္းဆိုၿပီးပါၿပီ❣️🥺-----
There are no comments yet. Log in to be the first to leave a review!

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



