Fanfics

part 5u+z

17:21, 17 April 2025

အချိန်အားဖြင့် ည10ခွဲကျော်မှ ခင်အိပ်ယာဝင်ခဲ့သည်။တိတ်ဆိတ်နေသည့် ညဘက်တွင် ဝရံတာဘက်မှ ရယ်မောစွာစကားပြောနေသည့် ဟိုတစ်ယောက်၏အသံကို ခင်မှာမကြားချင်သော်လည်း ကြားနေရသည်။

လူချင်းတွေ့လို့ အားမရသေးသည့်အနေ‌ခြေတွင် သူ့ရည်းစားဟောင်းဆရာဝန်က အိမ်ပြန်သွားသည့်တိုင် ဖုန်းဖြင့်အလွမ်းသည်နေကြသေးသည်။

‌ခင်သီရိကို....ခင်သီရိကို !....ခင်သီရိကိုလို့..!

ဘာလဲ..

ခင်အိပ်ပျော်တော့မည့် အချိန်တွင် လူကိုအတင်းနိုးနေခြင်းဖြစ်သည်။

ကျွန်မ ကော်ဖီသောက်ချင်လို့ သွားဖျော်ပေးစမ်း..

အိပ်ပျော်နေသည့် လူအားအတင်းနိုးကာ စေခိုင်းခြင်းက ဘာကိုရည်ရွယ်နေမှန်းသိတာကြောင့် ကော်ဖီဖျော်ဖို့ ထွက်လာခဲ့လိုက်သည်။

သမီးခင် ဘာအလိုရှိလို့လဲကွယ် ကြီးမေလုပ်ပေးမှာပေါ့!

"မဟုတ်တာ ကြီးမေရယ် ခင့်ဘာခင် လုပ်ပါ့မယ်။ညည့်နက်နေပြီးကို ကြီးမေလည်း အခန်းထဲဝင်တော့လေ"

ကြီးမေက ခင့်ထက်ပိုပင်ပန်းရ၏ မနက်ဆိုလည်းအစောကြီးထရသလို၊နောက်ကျမှ အိပ်ယာဝင်ရသည်။ဒါကို ဆရာဝန်ဖြစ်သည့် ဟိုတစ်ယောက်က နားမလည်လေသလား။

.....

ဒီမှာမင်းအတွက် ကော်ဖီ!!

သူ့ဘေးက စားပွဲခုံပေါ်တွင် တင်ပေးလိုက်ကာ အိပ်ယာပေါ်သို့ ပြန်တက်လာခဲ့သည်။ကျောပေးကာ စောင်ခြုံလိုက်သည်။

"ကျွန်မအန်တီ ရှင့်ကို ဘာခိုင်းသေးလဲ"

"မင်းအဒေါ်က ငါ့ကိုဘာခိုင်းရမှာလဲ ဘာမှမခိုင်းဘူး"

သူရှင့်ကို တစ်ခုခုတော့လုပ်မှာ ကျွန်မသိတယ်။

...ကျစ်!မင်းဖယ်စမ်း ငါ့အသားကို လာမထိစမ်းနဲ့..!

ခင့်ခါးပေါ်သို့ ရောက်လာသည့် သူ့လက်ကြောင့် ဖယ်ခိုင်းလိုက်သည်။

ကိုယ့်မိန်းမကို ဖက်ချင်လို့ဖက်တာ အဲ့ဒါဘာဖြစ်လဲ၊ဖက်တဲ့အပြင် ကျွန်မက ဒီလိုလေးလည်း ကိုင်ကြည့်ချင်သေးတာ။

ခင့်ရင်သားပေါ်သို့ ရောက်လာသည့် သူလက်ကြောင့် အတင်းဖြုတ်ချပစ်လိုက်သည်။

ငါ့ကို အေးအေးဆေးဆေး အိပ်ခွင့်ပေးပါတော့ ထက်အိ‌‌န္ဒြေထွန်းရယ်၊မင်းတို့ကြောင့် ငါတကယ်ပင်ပန်းနေပြီး။

ကျွန်မက ရှင့်ကို ဘာလုပ်နေလို့လဲ ပင်ပန်းနေရအောင်၊ပြန်ရုတ်သွားသည့်လက်နဲ့အတူ အနောက်ကပြောသံကို မျက်စိမှိတ်ထားသည့်တိုင်း ကြားနေရသည်။

"ရှင်ကျွန်မဘက်လှည့်အိပ်ပေးလို့မရဘူးလား"

...ငါစိတ်ရှုပ်တယ် အသားလာမထိနဲ့..

ကျွန်မက ရှင့်ကို ပိုက်ဆံနဲ့ဝယ်ထားတာ မရဘူး..။

ချက်ချင်းဆိုသလို ခင့်ရင်ခွင်ထဲ အတင်းတိုးဝှေ့လာသည့်သူ့ကြောင့် တားချိန်မရလိုက်သလို လည်တိုင်ပေါ်သို့ ရိုက်ခက်လာသည့် လေငွေ့နွေးနွေးလေးကြောင့် သက်ပြင်းချလိုက်သည်။

"ကျွန်မ ဖက်ချင်လို့ရတယ် မှတ်လား"

အခုမှခွင့်လာတောင်းနေတဲ့သူကို ခင့်ဘက်ကဘာမှတုံပြန်မှုမပေးခဲ့သည့်တိုင် ခါးပေါ်သို့ လက်တင်ထားခြင်းခံလိုက်ရသည်။

.....အေးစက်နေတဲ့ ကော်ဖီခွက်နဲ့အတူ အိပ်ယာထက်က အမျိုးသမီးနှစ်ဦးမှာ အချင်းချင်းချည်နှောင်ထားကာ အိပ်မောကျနေလေ၏။

......

မနက်4နာရီအချိန်တွင် ခင်အိပ်ယာထခဲ့သည်။အရင်နေ့များဖြင့်မတူစွာ အိပ်ယာထခြင်းမှာ ခင့်၏စိတ်အစုံမှာ လန်းဆန်းနေလေသည်။

မိန်းကလေးဖြစ်ပြီး ဒီလောက်တောင် အိပ်ရေးကြမ်းရလား..။ပြန့်ကားနေသည့် ‌ခြေအစုံကို စုပေးခဲ့သလို စောင်ဖြင့်လည်း အုပ်ပေးခဲ့လိုက်သည်။

အရင်ဆုံး ဘုရားခန်းတွင် ဘုရားဝတ်ပြုလေသည်။ပီးမှ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

မီးဖိုခန်းတွင် ကြီးမေနှင့်ကောင်မလေးက နိုးနေပြီဖြစ်သည်။ ခင်လည်း ဝိုင်းကူစရာရှိသည့် အရာများအား ဝိုင်းကူနေသည်။

စားပွဲခုံပေါ်တွင် ဟိုတူရီးနှစ်ယောက်အတွက် စားစရာများကို အရန်သင့်ချထားပေးလေသည်။

သူ့အဒေါ်က နိုးလာလို့ ခင့်မျက်နှာကိုတွေ့ရင် တစ်မျိုးမဟုတ်တစ်မျိုး ပြဿနာရှာမှန်းသိတာကြောင့် သူတို့မနိုးခင် ကျောင်းသို့ခင်အရင်ထွက်သွားမှအဆင်ပြေမည်။

အခန်းထဲပြန်ဝင်လာတော့ ဟိုတစ်ယောက်က နိုးနေပြီဖြစ်သည်။

ရှင်ဘာလို့ အစောကြီးထသွားတာလဲ ခင်သီရိကို!

ငါအိပ်လို့ မရတော့လို့ပါ။ပြီးတော့ အစောကြီးရှိသေးတယ် မင်းပြန်အိပ်နှင့်လေ။

သူဘာသူ ဘယ်လိုကျန်ခဲ့လဲ မသိချင်တော့ပဲ ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။

ပြန်ထွက်လာတော့ အခန်းတွင်းသူမရှိတော့ပါ။ကျောင်းယူနီဖောင်းအား လဲကာ ‌ရှင်မတောင်သနပ်ခါးအား ပါးနှစ်ပေါ်သို့ ခပ်ရေးရေးလေး တင်လိုက်သည်။

"ရှင်က ကျောင်းသွားတော့မယ်ပေါ့ဟုတ်လား ခင်သီရိကို"

မင်းမမြင်ဘူးလား ငါဘာလုပ်နေလဲဆိုတာ!

"ရှင်အရူးကွက်တွေ လာနင်းမနေနဲ့...‌ကျွန်မအန်တီ အိပ်ယာက နိုးလာပြီ သူ့မနက်စာစားတော့မယ် ရှင်သွားပြင်ပေးလိုက်"

ငါအကုန်လုံးလုပ်ခဲ့ပေးပြီးပြီး။ဒါကိုမှ မကျေနပ်ရင်လည်း ငါမတက်နိုင်တော့ဘူး။

ငါဒီကနေ အစောကြီး ထွက်သွားချင်ရတဲ့ အကြောင်းရင်းက ငါရှိနေရင် မင်းတို့က တစ်နည်းတစ်နည်းနဲ့ပြဿနာရှာနေကြမှာပဲ။အဲ့တော့ ငါအမေအိမ်ကို ငါပြန်မယ်။အမေက ကျန်းမာရေးက စိုးရိမ်ရတဲ့အ‌ခြေနေရောက်နေပြီလို့ မင်းကိုပြောပြလည်း ဂရုစိုက်တာမှ မဟုတ်တာ။

သူက တောက်စ်တစ်ချက် ခက်ကာ အခန်းထဲမှ ပြန်ထွက်သွားသလို ခင်လည်း လိုအပ်သည့် ထည့်စရာရှိသည်များကို ထည့်နေသည်။

"ကြီးမေ... ခင်သွားတော့မယ်"

အေးပါကွယ်...ကားလည်းဖြေးဖြေးမောင်းသွားနော် သမီးခင်

ဟုတ်ကဲ့ကြီးမေ။

အရင်က ခင်သွားဖို့ မရည်ရွယ်ထားသော်လည်း စကားများပြီးသည့် နောက်တွင် သူဘက်က ဘာမှ တုံ့ပြန်မလာခြင်းကြောင့် မေမေ့အိမ်တွင် တစ်ပတ်လောက်သွားနေဖို့ စိတ်ကူးလိုက်သည်။

သူ့အား ခင်မသိမသာရှာနေသော်လည်း အောက်ထပ်တွင် လည်းရှိမနေပါ။ ရှာလို့မတွေ့တဲ့ အဆုံး‌ကားသော့ယူကာ ခြံထဲသို့ ဆင်းလာခဲ့သည်။

တီ...တီတီ..!!!!

"အမေ့ လန့်လိုက်တာ"

ကားသုံးစီး ယှဉ်ရပ်ထားသည့် အ‌ခြေနေတွင် ကားတစ်ခါးဖွင့်ရုံရှိသေး ..သူ့ကားမှာ အသံမြည်လာခြင်းကြောင့် အမှန်တကယ်ပင် လန့်သွားရသည်။

"ခင်သီရိကို ..ရှင်ဒီကိုလာခဲ့"

သူ့အသံက ကျယ်တင်းမာနေသလို ခင်ကိုလည်းကြည့်မနေပါ။ ပြန်ပြောရင်လည်း စကားများရုံသာအဖက်တင်တော့မှာမလို့ သူ‌ပြောသလို သူကားနားသွားကား အနောက်တံခါးဖွင့်ပြီး အထုပ်တင်လိုက်၏။ပြီးမှ အရှေ့ဘက်တွင် ဝင်ထိုင်လိုက်သည်။

"မင်းဘယ်လို ဖြစ်နေတာလဲ ...ငါခါးပတ်ပတ်လို့မပီးသေးဘူးလေ"

ဒုန်းဒိုင်းမောင်းထွက်လာတဲ့သူကြောင့် ခင့်မှာမှန်နဲ့ဆောင့်မိဖို့ နည်းနည်းသာလိုတော့သည်။

"ရှင့်အမေအိမ်က ဘယ်လမ်းလဲ"

ဒီတည့်တည့်ပဲ ဆက်သွား အကွေ့ရောက်ရင် ငါလမ်းပြပေးမယ်။

.... လေးဆယ့်ငါးမိနစ်လောက်အကြာတွင် ခင့်မေမေရဲ့ခြံရှေ့သို့ ရောက်ရှိလာခဲ့သည်။

"မေမေကြီးရေ မမလေးခင်တို့ ရောက်လာတယ်"

ရေဖြန်းနေသည့် မိအေးကို ခင်လက်ယှက်ပြလိုက်တော့ အပြေးလေးတံခါးလာဖွင့်ပေးလေသည်။

မမလေးကလေ မိအေးတို့ကိုဖုန်းကြိုဆက်ထားတာ မဟုတ်ဘူး။ မေမေကြီးကတော့ ပျော်နေတော့မှာ ရှင့်..!

မိအေးမှာ စကားတစ်ပြောပြောဖြင့် ခင့်အထုပ်တွေကို သယ်ယူနေသည်။

မေမေတို့တွေ့ဖို့ ခင့်‌ခြေလှမ်းတွေ မြန်ဆန်နေခဲ့သည်။

အမေ့...နာလိုက်တာ!!

မပြေးယုံတမယ် လှမ်းနေသည့် ခြေလှမ်းတို့သည် လှေခါးထိပ်ရောက်သည့်အခါ တစ်စုံတစ်ယောက်၏ဆောင့်ဆွဲခြင်းကို ခံလိုက်ရသည်။

"ကျွန်မက ဘယ်မှာနေရမှာလဲ"

မင်းကဘယ်မှာနေချင်လို့လဲ တို့အိမ်က မင်းအိမ်လိုကျယ်တာမဟုတ်ဘူး။တို့အရင်နေခဲ့တဲ့ အခန်းမှာပဲ နေရမှာပေါ့။

ပြဿနာရှာချင်နေတဲ့သူကို အခန်းထဲသို့အရင်လိုက်ပို့ခဲ့သည်။ခင်ရဲ့အိမ်ကို ရောက်လာခဲ့ပြီပဲ ဒီလောက်လေးတော့ အသေးဖွဲ့လေးပေါ့။သူ့ကိစ္စပြီးသွားရင် မေမေကိုခင်အတိုးကျပြီး ပြုစုပေးမယ်။

ဒါတို့အပျိုတုန်းက နေခဲ့တဲ့အခန်းပဲ ကျဉ်းတယ်မှတ်လား..?

သူက ဘာမှမပြောဘဲ ခင့်ရဲ့စာကြည့်စားပွဲတွင် ဝင်ထိုင်ကာ နားထင်ကို လက်ညိုးဖြင့် ထိနှိပ်နေလေသည်။

"ခင်သီရိကို ..ကျွန်မခေါင်းကိုက်လို့ ကော်ဖီတစ်ခွက်လောက်ဖော်ပေးခဲ့စမ်းပါ။ရှင်ပဲလုပ်ခဲ့နော် ဘယ်သူ့ကိုမှ မလုပ်ခိုင်းနဲ့"

အင်း....

အောက်ထပ်ဆင်းကာ သူ့အတွက်အပြေးလေးဖျော်ပေးခဲ့သည်။ အရင်အခြေနေနဲ့ဆို ကော်ဖီတွေ အဲ့လောက်မသောက်ဘူးလို့ ခင်တားမိမှာပါ။အခုက ခင်ပြောလိုက်ရင် အရွှဲ့တိုက်ပြီး ပိုလုပ်တတ်တာ သူ့အကျင့်ဖြစ်သွားလေပြီ။ တစ်လမ်းလုံး သူချည်းပဲကားမောင်းလာတော့ ပင်ပန်းနေမှာပေါ့။

အခန်းထဲပြန်ဝင်လာတော့ ခင့်ရဲ့တစ်ယောက်အိပ်အိပ်ယာပေါ်တွင် ကျကျနနအိပ်နေလေသည်။

ဒီမှာမင်းအတွက် ကော်ဖီထားခဲ့မယ်။လိုအပ်ရင် ငါ့ကိုခေါ်လိုက် မေမေ့အခန်းထဲမှာရှိနေမယ်။

......................

"မေမေ နေရတာ သက်သာရဲ့လား"

မေ့မေလက်အား ဆုပ်ကိုင်ထားကာ ခင်မျက်ရည်ဝဲနေမိသည်။

သက်သာပါတယ် သမီးရယ်၊လူကြီးဆိုတော့ ဒီလူပဲပေါ့ကွယ်။ မေမေ့သမီးကိုကြည့်ရတာ နည်းနည်းများပိန်သွားသလားလို့ကွယ်...

"ခင်က အဆင်ပြေပါတယ်"

မေမေ့ ရောဂါက ထဖောက်လို့ဆို မိအေးဖုန်းပြောတယ်။

ခြံထဲလမ်းဆင်းလျှောက်တာ မောသွားလို့ပါကွယ်၊အဲ့လောက်ထိမဟုတ်ပါဘူး။ဒီကလေးမလေးတွေကလေ တစ်ခုခုဆို ဖုန်းအရမ်းဆက်တယ်။

"ထက်လေးရော ပါမလာဘူးလာ သမီး"

သူလည်းပါလာတယ် ခင့်အခန်းထဲမှာ နားနေတာ။

အေးပါကွယ် အေးပါအေးပါ။ သမီးရော ကျောင်းသွားရအုမယ် မှတ်လား သွားတော့လေကွယ် မေမေ့ကို စိတ်ပူမနေနဲ့။

"ကျောင်းယူနီဖောင်း ဝတ်ထားပေမဲ့ ကျောင်းသွားဖို့ကို မေ့နေခဲ့တာ အမှန်တကယ်ပင်"

မေမေ ခင်သွားတော့မယ်နော် ပြန်လာမှ မေမေ့ကို

အေးပါကွယ် ..အေးပါ။

"ထက်အိန္ဒြေထွန်း ....ထက်အိန္ဒြေထွန်း..ငါ့ကိုမင်းကျောင်းလိုက်ပို့ပေးအုံး"

ကျစ်...သွားမနေနဲ့နော့လေ အချိန်ကိုလည်း ကြည့်အုံး 9နာရီထိုးပြီး။ ခွင့်တစ်ရက်ယူလိုက်တော့ ဘာဖြစ်မှာမို့လို့လဲ...။"ရှင်ပဲ မနက်က တစ်မေမေဖြစ်နေပြီးတော့ အခုကျတော့ ကျောင်းကအရေးကြီးသွားပြန်တာလား... "

သူပြောတာ မှန်နေတာကြောင့် ခင်အဝတ်စားပြန်လဲလိုက်သည်။ခင်အရင်တုန်းက ဝတ်ခဲ့တဲ့ မရမ်းရောင် မြန်မာဝမ်းဆက်က ခင်နဲ့အဆင်ပြေနေတုန်းပင်။

မေမေ့အတွက် ခင်ဆန်ပြုတ်ပြုတ်နေတုန်း သူ့ကား၏စက်နိုးသံကိုကြားလိုက်ရသည်။ခင်လည်း မေမေ့အတွက်သာ အာရုံပိုစိုက်လိုက်သည်။

ည9နာရီကျော်သွားသော်လည်းတစ်နေ့လုံးပြန်မလာခဲ့သလို သူ့ဂျုတီချိန်ဖြစ်မည်ဟု ထင်နေတုန်းမှာပင် ဟွန်းတီးသံခပ်ကျယ်ကျယ်ကို ကြားလိုက်ရသည်။

ခင်တောင် လန့်သွားသလို နှလုံးရောဂါသည်မေမေဆို ပို၍ဆိုးမည်။ခင်အံကြိတ်ထားလိုက်သည်။

သမီး သွားကြိုလိုက်လေ ထက်လေးတင်တယ်။

ခင်မကြိုချင်ပါဘူး မေမေရယ်

"ကယ် ဒီကလေးနဲ့တော့ ကိုယ့်ကကြီးလေ။သည်းခံပေးလိုက်ပါကွယ်"

မေမေ့၏ပြစ်တင်စကားကြောင့် ခင်အောက်ဆင်းလာရသည်။

ရှင် ကျွန်မကို ဘာလို့တံခါးလာမဖွင့်ပေးတာလဲ!!

မေမေ့ကို ဆေးတိုက်နေလို့ပါ။

'မင်းက အရက်တွေ သောက်လာတာလား'

ဟုတ်တယ် အဲ့ဒါဘာဖြစ်လဲ...

ကျွန်မယောက္ခမကြီးနဲ့ စကားလေးနည်းနည်းပြောချင်လို့ အရက်သောက်လာခဲ့တာ..

အမှန်တကယ်တော့ အိန္ဒြေသောက်မလာခဲ့ပါ၊တစ်နေ့လုံးဆေးရုံတွင် ပြေးလွှားခဲ့ရသလို တစ်မိနစ်မှ မနားခဲ့ရပါ။ ခြံရှေ့ရောက်ခါနီးမှ မိမိ၏ကိုယ်ပေါ်သို့ အရက်‌တွေကို လောင်းချလာခဲ့သည်။

"မင်းအနံ့ကို မေမေခံနိုင်မှာမဟုတ်ဘူး။တွေ့ချင်ရင် မနက်ဖြန်မှတွေ့တော့လေ အခုထမင်းစားတော့မှာလား တူတူစားဖို့ ငါမင်းကိုစောင့်နေတာ"

ဆေးရုံအုပ်နဲ့ကျွန်မ စားလာခဲ့ပြီပြီး။ဘယ်မှာလဲ ရှင့်အမေအခန်း..."

တို့အိမ်မှာ အခန်းတွေအများကြီးမရှိဘူး။တစ်ခန်းကတို့အခန်း နောက်တစ်ခန်းက မေမေ့အခန်းပဲ။ငါအနူးညွှတ်တောင်းပန်ပါတယ် မေမေ့ကိုတော့ ပြဿနာမရှာပါနဲ့..။

ငါထမင်းစားအုံးမှာ မို့လို့မင်းဝင်သွားလိုက်ပါ။

ရင်ပြည့်ချင်နေသော်လည်း ထမင်းဝင်အောင် ခင့်ကြိတ်မှိတ်စားနေမိသည်။ကိုယ်ကသာ အဆာခံပြီး သူ့ကိုစောင့်နေမိသည်။သူကတော့ ရည်းစားဟောင်းနဲ့အတူတူ စားလာခဲ့တယ်တဲ့လေ။

.......

"ဒါရှင်ဘယ်သွားမှာလဲ"

ငါမေမေ့အခန်းမှာ သွားအိပ်မလို့ပါ။

"ရမလားလို့ ..ကျွန်မကိုတော့ တစ်ယောက်တည်း အိပ်ခိုင်းမှာပေါ့လေ။အပိုတွေလုပ်မနေနဲ့ ဟိုဘက်ခန်းမှာ မိအေးရှိတယ် သူတာဝန်ယူလိုက်မယ်။ရှင့်အမေက အလတ်ကြီးကို ဘာတွေဖြစ်ပျက်နေတာလဲ"

"ငါ့ဘာသာ ငါ့အိမ်မှာ ဘယ်နေရာအိပ်အိပ် မင်းအပူပါလား"

ဟင့်..သိပ်ကိုပါတာပေါ့ ခင်သီရိကိုရယ်။ဒါက ရှင့်အိမ်လား ကျွန်မအိမ်လားဆိုတာ သေချာစဉ်းလိုက်အုံး..ကျွန်မဆန္ဒရှိရင် အားလုံးကို မောင်းချလိုက်လို့ရတယ်။

ခင်၏မျက်ရည်များဝဲလာကာ သူအိပ်နေသည့် ကုတင်၏အောက်ဘက်တွင် ဖျာကြမ်းလေးခင်းကာ လှဲလိုက်သည်။သူ့ဘက်ကိုလည်း ကျောခိုင်းထားခဲ့သည်။

တစ်ခန်းလုံးတွင် မည်သည့်အသံမှမကြားရတော့ သလို တိတ်ဆိတ်နေလေသည်။မကြာပါ မီးခလုတ်ပိတ်သံနဲ့အတူ ခင်ကျောဘက်တွင် လုပ်ရှားနေသည့် အသံများကိုပါ ကြားရသည်။

"ရှင်ငိုနေတာလား ခင်သီရိကို"

ဟင့်အင်း.. ငါမငိုဘူး။မင်းအတွက် ငါ့မှာဘာခံစားချက်မှမရှိသလို ငါ့မျက်ရည်တွေကို ကျခွင့်မပေးနိုင်ဘူး။

'အိုခေလေ ဒါမျိုးကို ကျွန်မလည်းကြိုက်တယ်'

ခင့်၏ခန္ဓာကိုယ်မှာ ဆွဲလှည့်ခြင်းခံလိုက်ရသလို လူတစ်ယောက်၏ဖိခြင်းကို တစ်ပြိုင်နက်ခံရပြန်သည်။ဝတ်ထားသည့် အင်္ကျီရင်ဖုံး၏ကြယ်သီးမှာ ဖြုတ်ခြင်းခံနေရသလို ခင်ကိုယ်တိုင်က ဘာမှတုံ့ပြန်ခြင်းမရှိပေ။

ထက်အိန္ဒြေဦးဆောင်သည့် နူးညံ့ခြင်းမရှိသည့် လေဟာနယ်ထဲသို့ ခရီးဆုံးသည့်အထိ မောပန်းစွာလိုက်ခဲ့ရလေသည်။

ခင်နိုးနေသော်လည်း တစ်စုံတစ်ဦးကြောင့် ထလို့မရနိုင်ပေ။ စောင်အောက်တွင် အတင်းဖက်တွယ်ထားခြင်းခံထားရသလို ရုန်းလိုက်ရင် သူ့အသားကို တိုက်ရိုက်သွားထိနေတာက ပို၍အနေခက်စေသည်။

ပုံမှန်ဖြစ်နေသည့် မျက်နှာသွယ်သွယ်လေးက ချက်ချင်းကြုံတ်တက်သွားသလို တောက်ပလွန်းသည့် မျက်လုံးရွှဲ့ရွှဲ့တွေက ဖြေးညှင်းစွာဖွင့်လာခဲ့သည်။

"ရှင်အိပ်ယာထမလို့လား ထလေ"

ငါထမလို့ မင်းခြေထောက်ကို အရင်ထုတ်လေ။သူ့‌ပေါင်တစ်ဖက်က ခင်၏ပေါင်ကြားထဲသို့ ဝင်ရောက်နေသည်။ခင်ရုန်းရင် သူ့ခြေတစ်ဖက်က အပေါ်သို့ပို၍တက်တက်လာခြင်းကြောင့် အဆင်မပြေပေ။

မင်းဘယ်လိုဖြစ်နေတာလဲ!

ကျွန်မဘာလုပ်လို့လဲ...ဒီမှာဆွဲထုတ်နေတာလေ မ‌တွေ့ဘူးလား..!

အိပ်ယာမှထကာ ရေချိုးခန်းထဲသို့ တန်းဝင်လာခဲ့သည်။ကပ်စေးစေးဖြစ်နေသည့် နေရာတိုင်းကို ရေဖြင့်အရင်ဆေးကြောလိုက်သည်။မသိသာသော်လည်း ကိုယ်တွေလက်တွေက သာချင်နေသည်။

........

ကျွန်မ ..ရှင့်ကို ကျောင်းလိုက်ပို့ပေးမယ်။

"ပြီးရော..ရေမြန်မြန်ချိုးပြီး ထွက်လာခဲ့,"

...........

ကျောင်းဝန်းထဲရောက်သည့်အခါ ခင့်အနောက်က သူပါ လိုက်ဆင်းလာခဲ့သည်။

"ဘာလာလုပ်တာလဲ မပြန်သေးဘူးလား"

ရှင့်ရဲ့ နားနေခန်းကို လိုက်ကြည့်လို့..ရှင့်ရဲ့အရှုပ်ဇယားတွေကို ကျွန်မစစ်ဆေးအုံးမယ်။

ငါ့ကို မင်းစိတ်နဲ့လာနှိုင်းမနေနဲ့..။မင်းလိုလူစားမျိုးမဟုတ်ဘူး။

ရှင်ဘာစကားပြောတာလဲ ...ဒီနေရာမှာပဲဆွဲညှစ်လိုက်ရမလား ....! မလုပ်ရဲဘူး မထင်နဲ့။

သူ့မျက်လုံးတွေက ခင့်ရင်ဘက်ပေါ်သို့ ရောက်ရှိနေခဲ့သည်။

နောက်ခါမင်းငါ့ကို ဘယ်တော့မှ လာမပို့နဲ့တော့။သူစကားတွေကို ခင်တုံ့ပြန်နိုင်စွမ်း မရှိတော့ဘဲ ခြေလှမ်းများကိုသာ မြန်သတဲ့မြန်အောင် လျှောက်လာခဲ့သည်။

"ဟယ်..ဆရာမခင် ဒီနေ့တော့ အစောကြီးရောက်လို့ပါလား.."

အင်း...ဆရာမစုမြတ်!

ဟော်တော် မဟေသီလေးက ကျောင်းလိုက်ပို့ပေးတာလား...အဟမ်း..စုမြတ်တို့ကတော့ အားကျရုံမှတစ်ပါး မတက်နိုင်တော့ပါ။

"ညီမလေး..မင်္ဂလာပါ"

ဟုတ်ကဲ့..မင်္ဂလာပါ အစ်မ...။

ဆွဲခြမ်းလေးအား လှမ်းထင်လိုက်သည့် ခင့်စာကြည့်ခုံကို တစ်ချက်ကြည့်ကာ 'ထက်'ဝင်ထိုင်လိုက်သည်။

ခင်နဲ့စုမြတ်ကတော့ ဒီတိုင်းမက်တက်ရပ်ကာ စကားပြောနေကြသည်။

ခင့်စားပွဲခုံပေါ်တွင် တင်ထားသည့် သင်ခန်းစာပြစာအုပ်တစ်အုပ်အားယူကာ လိုက်လှန်နေသည်။

ခင်က ပြန်စေချင်ပြီ ဖြစ်သော်လည်း ဒင်းက နည်းနည်းမှမရွေ့ပါ။ဒီတိုင်း ပေတေကာ ထိုင်နေသည်။

ဆရာမခင် အတွက် လမ်းကနေ ကျွန်တော်ဝယ်လာခဲ့တာ။ ခင့်အရှေ့သို့ နှင်းဆီပန်းအဖြူရောင် တစ်ပွင့်က ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ချလာလေသည်။

ထက်ရှိနေတာကို သတိမထားမိတဲ့ ဆရာဇေယျာက ဒီတိုင်းပေါ့ပေါ့ပါးပါးစကားပြောနေလေသည်။

ဆရာမစုမြတ်ကတော့ ဘေးကနေမျက်ခွံလုပ်နေလေသည်။

"ယူပါ ခင်ရဲ့ ကျွန်တော် တကူးတက ဝယ်လာခဲ့တာ။ မနေ့က ခွင့်ယူတာက နေမကောင်းလို့လား"

ထက်အိန္ဒြေထွန်းကတော့ အကြည့်စူးစူးများဖြင့်လျှာဖျားအားပချောင်သို့ ထိုးထားကာ ကျောင်းဆရာကိုကြည့်နေလေသည်။

ခင်ကတော့ အားနာအပြုံးဖြင့်ကြည့်၍ ထက်အနားသို့ မသိမသာ တိုးကပ်သွားသည်။

စုမြတ်ယူလိုက်မယ် ဆရာ စုမြတ်ခေါင်းမှာပန်းမရှိလို့ ..ဆရာမစုမြတ်က ‌ဆရာဇေယျာအား စကားပြောနေသလို မျက်လုံးကလည်း ထက်ဆီသို့ ညွှန့်ပြနေသည်။

ဆရာဇေယျာကြည့်လိုက်မှ သူ့ဆီကနေဖြတ်ခုတ်သွားတဲ့ အမျိုးသမီးငယ်လေးကို တွေ့လိုက်ရ၍ မျက်ခုံးပင့်မိသွားလေသည်။

"ဪ..ညီမလည်း ရောက်နေတာလား..၊ဒီနေရာကို ဘာလာလုပ်တာလဲ"

ခင့်ဘက်ပြန်လှည့်ကာ အပြုံးချိုချိုလေးဖြင့် ...ခင့်ကို ကျွန်တော်ပြစရာရှိသေးတယ်။

ဆရာမစုမြတ်ကတော့ ခုအ‌‌ခြေနေကို လိုက်မမှီတော့ပေ။

ထက်အိ‌န္ဒြေထွန်းကတော့ ခုံပေါ်မှချက်ချင်းထကာ ခင့်အား မဲ့ပြုံးပြုံးပြီး ချက်ချင်းထွက်သွားလေသည်။

....Part 6

နှစ်သစ်မှာအားလုံးစိတ်ဒုက္ခအပေါင်းမှကင်းဝေးပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

အသဲ 250ပြည့်ရင် အပိုင်းသစ်တင်ပေးမယ်🥴🥴.........စ တာနော် 🤗🤗

There are no comments yet. Log in to be the first to leave a review!

Similar stories