Fanfics

part4 (u+z)

08:08, 13 July 2024

🍐🍐🍐 ကားသော့လေးယူကာ ခြံဝန်း၏ကားဂိုထောင်ထဲသို့ ခင်လျှောက်လာခဲ့လေသည်။ကားသော့ဖွင့်ပြီး နောက်ခန်းထဲမှ ညီညာစွာထပ်ထားသည့် စာရွက်47ရွက်ကို ပိုက်၍သယ်လာခဲ့သည်။(D)ခန်းက ကျောင်းသား၊ကျောင်းသူတွေကို အလွတ်ရေးခိုင်းထားသည့် Unite-2က (def)တွေဖြစ်သည်။

D ခန်းက ကျောင်းသား၊ကျောင်းသူများက တစ်ခြားခန်းတွေထက် နည်းနည်းဆိုးသည်ဟု ဘာသာပြဆရာ၊ဆရာမများထံမှ အမြဲကြားရလေ့ရှိသည်။ခင့်စာသင်ချိန်ဆို ကလေးတွေက အဲ့လောက်မဆိုးကြပေ။ကျက်ခိုင်းလာသည့် စာတွေဆိုလည်းအမြဲကျက်လာကြသည်။သူတို့ခန်းက အတန်းပိုင်ဖြစ်တဲ့ ဆရာမ အိန်ကတော့ သူ့ခန်းက ကလေးတွေကအရမ်းဆိုးသည်ဟု အမြဲညည်းညူလေ့ရှိသည်။

ခင်က ဒဿမတန်းတွင် ရူပဗေဒဘာသာ၏ဆရာမတစ်ဉီးဖြစ်ပြီး နဝမတန်းကိုတော့ မြန်မာစာသင်ကြားပေးသည့် ဆရာမတစ်ဉီးဖြစ်လေသည်။

လှေကားမှတစ်ဆင့်အပေါ်သို့ပြန်တတ်လာကာ အောက်ထပ်ဆင်းလာသည့် ထက်အိန္ဒြာနဲ့မျက်နှာချင်းဆိုင်ဆုံလေသည်။ထက်ဘက်က ဖယ်ပေးမဲ့အစီစဉ်မရှိတာကြောင့် ခင်ကပဲအကြီးပီပီ သူအားဖယ်ပေးလိုက်သည်။

ထမင်းဆင်းစားတုန်းက ဝတ်ထားသည့် ကာတွန်းအရုပ်စုံပါသည့်ချည်သားဝမ်းဆက်ဘောင်းဘီရှည်နဲ့အင်္ကျီလက်ရှည်ကိုသာ ဝတ်ထားသည့်သူကြောင့် အပြင်သွားမှာမဟုတ်မှန်း ခင်သိလိုက်သည်။

ဒီလောက်ဖယ်ပေးထားတာတောင် ခင့်ပုခုံးတစ်ဖက်ကို ထိအောင်ဝင်တိုက်တာ ခံလိုက်ရသေးသည်။

အခန်းထဲက ဆိုဖာခုံပေါ်တွင်ဝင်ထိုင်ရင်း ကလေးများ၏စာရွက်များကို ဘေးနားရှိစားပွဲခုံပေါ်သို့ တင်လိုက်သည်။ ခုံပေါ်တွင် အသင့်ရှိနေသော မှင်နီဘောပင်အား ယူ၍ အပေါ်ဆုံးကစာရွက်တစ်ရွက်ကိုယူကာ စစ်လိုက်သည်။

ဒေါက်...! ဒေါက်....!

"မမခင်ရှင့် လုံးလုံးဝင်လာခဲ့ပြီးနော်"

အချိုရည်ဗန်းလေးကိုင်ကာ အခန်းထဲဝင်လာတဲ့ လုံးလုံးက ထက်အိန္ဒြေထွန်းအား မျက်စိဝှေ့ကာရှာနေသည်။မမလေးထက်ဟာ သူတို့အခန်းထဲကို လုံးလုံးတို့၊ကြီးသန်းတို့ ဝင်လာရင်တောင် သိပ့်မကြိုက်ချင်ပါ။

"တံခါးဝမှာရပ်မနေပါနဲ့ အထဲဝင်လာလို့ရပါတယ် လုံးလုံးရယ်"

ရယ်ပြုံးပြုံးဖြင့် ခင်၏စကားသံကိုကြားမှ လုံးလုံးမှာဖြေးဖြေးချင်းလျှောက်လာခဲ့သည်။ဗန်းထဲက လိမ္မော်ရည်နှစ်ခွက်အား စာရွက်တွေဘေးသို့ ချပေးလိုက်သည်။

မမလေး ရှိနေလားလို့ ကြည့်တာပါ။မမခင်က ဘာမှမဖြစ်ပေမဲ့ မမလေးက အခန်းထဲကိုလုံးလုံးဝင်လာရင် ကြိုက်တာမဟုတ်ဘူး။ ကြီးသန်းကလည်း သူကိုယ်တိုင်မလာဘဲနဲ့ လုံးလုံးကိုပဲခိုင်းနေတာ။

ခင်ဘေးမှာထိုင်ပါအုံး လုံးလုံးရဲ့၊တစ်နေ့လုံး အိမ်အလုပ်တွေလုပ်နေတာ မောနေရောပေါ့။ခင်ဟာ စစ်လက်စစာရွက်အား ပေါင်ပေါ်သို့ခဏတင်ထားရင်း စားပွဲပေါ်က လိမ္မော်ရည်နှစ်ခွက်အနက် သူမသောက်သည့်ခွက်အား လမ်းယူလိုက်သည်။

"ပြီးနောက် သူမဘေးတွင် ပင်ပန်းစွာထိုင်နေတဲ့ လုံးလုံးလက်ထဲသို့ထည့်ပေးလိုက်သည်။မောနေတာကို လိမ္မော်ရည်လေး တစ်ငုံ၊နှစ်ငုံလောက်သောက်ပါအုံးလား"

"ရပါတယ်..လုံးလုံးက သောက်ချင်ရင် သွားဖျော်သောက်လို့ရတယ်"

ခင်မကုန်လို့ပါကွယ်..နည်းနည်းလောက်ဖြစ်ဖြစ်သောက်ပေးပါ။

မမခင်လုပ်နေတဲ့ပုံက မမလေးသာမြင်ရင် လုံးလုံးကိုအပေါ်ထပ်တောင်လာခိုင်းတော့မယ် မထင်ပါ။မမလေးမတွေ့ခင် မမခင်စိတ်ကျေနပ်အောင် တစ်ဝက်ခန့်မြန်မြန်မော့သောက်လိုက်သည်။

လုံးလုံးအောက်ပြန်ဆင်းတော့မယ် မမခင်၊ကြာနေပြီး။မမလေးဝင်လာလို့ လုံးလုံးကိုမြင်ရင် မျက်နှာထားတင်းတင်းနဲ့စိုက်ကြည့်တာကို ခံနေရအုံးမယ်။

လုံးလုံးထွက်သွားတော့ ခင်စစ်လက်စစာရွက်အား စာလုံးပေါင်းသတ်ပုံတွေကို ပြန်စစ်ဆေးနေသည်။တစ်ဝက်ခန့်ကျိုးနေသည့် လိမ္မော်ရည်အားမော့လိုက် စာရွက်တွေအားစစ်လိုက်နဲ့ အလုပ်ထဲတွင် ခင်အာရုံအားနှစ်ထားလိုက်တော့သည်။

ကျွန်မရှင့်ကိုပြောစရာရှိတယ် ခင်သီရိကို!

အခုမှအခန်းထဲပြန်ဝင်လာတဲ့ ထက်အိန္ဒြေထွန်းက ခင်နဲ့နှစ်လံလောက်အကွာတွင် ဝင်ထိုင်ပြီးပြောလေသည်။

"အင့်...ဒီမှာမင်းအတွက်လိမ္မော်ရည်"

ခင်ကမ်းပေးလာသည့် လိမ္မော်ရည်ခွက်အား ထက်ယူလိုက်သည်။

မနက်ဖြန်ကျွန်မအဒေါ် ပဲခူးကနေ ဒီကိုလာမယ်။အဲ့ကြောင့် ရှင့်ကိုဆင်ဆင်ခြင်ခြင်နေစေချင်တယ်။ပြီးတော့ အလိုက်လည်းသိစေချင်တယ်။ ကျွန်မအဒေါ်က ရှင့်တို့မိသားစုကို သေလောက်အောင် မုန်းနေမှန်း ရှင်လည်းသိမှာပေါ့။

"ငါလည်း မင်းကိုပြောစရာရှိနေတာ"

"မေမေ့အိမ်ငါပြန်ချင်တယ်။မေမေနေမကောင်းဘူး။နှလုံးရောဂါသည်တွေရဲ့ ဝေဒနာကိုမင်းလည်းသိမှာပေါ့"

ရှင်မသွားရဘူး။ ရှင့်အမေကချက်ချင်းသေသွားမှာမှမဟုတ်တာ။သူများဟာတွေကို မတရားတဲ့နည်းနဲ့ယူထားတော့ ခုတော့ဝဋ်ပြန်ခံရပြီပေါ့..။နည်းတောင်နည်းသေးတယ်။

မေမေ့ကို အဲ့လိုမပြောပါနဲ့။ဖေဖေလုပ်ခဲ့တဲ့အမှားကို မေမေတစ်ခုမှသိခဲ့ရတာမဟုတ်ဘူး။မင်းနှိပ်စက်ချင်ရင် ငါ့ကိုကြိုက်သလောက်နှိပ်စက်ပါ...အိပ်ယာထဲလှဲနေရတဲ့မေမေ့ကိုတော့ မေတ္တာမပို့ပါနဲ့။မင်းစိတ်ကျေနပ်တဲ့အထိ ငါတစ်ခုမှအထွတ်မတက်ပဲ နေပါ့မယ်။ငါ့မိဘတွေကိုတော့ ကျေးဇူးပြု၍မစော်ကားပါနဲ့။

ဟင့်..ကိုယ့်ကလဲ့ကျတော့ သိတတ်နေလိုက်တာ။အောက်တန်းစားတွေကများ..ရှင့်တို့မိသားစုက ကျွန်မတို့ရဲ့ကျွန်ဖြစ်ခဲ့တာကို ဘယ်တော့မှမမေ့နဲ့ ခင်သီရိကို!!

ခွမ်းး....!!!

လက်ထဲမှာကိုင်ထားတဲ့ လိမ္မော်ရည်တွေရှိနေဆဲ ဖန်ခွက်အား ကြမ်းပြင်ပေါ်သို့ ပြစ်ချပြီး..အခန်းထဲမှထွက်လာခဲ့သည်။ထက်ရဲ့စိတ်ရင်းအမှန်နဲ့ဆို ဘေးမှာရှိနေတဲ့မိန်းမကို လည်ပင်းညှစ်သက်ပစ်နေလောက်ပြီး။ကိုယ့်ရဲ့ဒေါသတွေကို တစ်ထစ်လျှော့ကာ စာကြည့်ခန်းထဲဝင်လာခဲ့သည်။ အလကားမိန်းမ သူ့ဘက်ကျတော့နာတတ်လိုက်တာ..။

"မျက်ရည်လေးအဝဲသားဖြင့် ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲ့နေတဲ့ ဖန်စတွေအား ခင်လိုက်ကောက်နေသည်။မုန်းပါ..မင်းစိတ်ကျေနပ်တဲ့အထိမုန်းပါ။...ဟင့်..."

ရေချိုးခန်းထဲသို့ဝင်ကာ ငိုထားတဲ့မျက်နှာအား ခင်မျက်နှာသစ်လိုက်သည်။မျက်နှာသုတ်ပုဝါဖြင့် ဖွဖွလေးသုတ်ပြီး မိမိမျက်နှာအား ဘာမှမဖြစ်သလို ပြန်ပြင်ဆင်လိုက်သည်၊ အိပ်တော့မည်ဖြစ်သောကြောင့် ညဝတ်ဂါဝန်ကိုပါတစ်ခါတည်းလှဲလိုက်သည် ။ပြီးမှ ဖန်ကွဲစတွေထည့်ထားတဲ့ အိတ်လေးအားယူကာ အောက်ထပ်ဆင်းလာခဲ့သည်။

"သမီးခင် ဘာယူချင်လို့လဲ ကြီးကြီးကိုပြောလေ"

ဘာမှမဟုတ်ပါဘူး၊ ခင်လက်ချော်သွားလို့ပြုတ်ကျသွားတဲ့ ဖန်ကွဲစတွေကို မထိခိုက်မိအောင် ပြစ်ချင်လို့ပါ။

ကြီးသန်းကိုပေး..မနက်ဖြန်ကျရင် ငြိမ်းမောင်ကို ပစ်ခိုင်းလိုက်မယ်။

"သတိထားနော် ကြီးကြီး လက်တွေရှမိနေအုံးမယ်"

ပန်းရောင်သန်းနေတဲ့ နှာခေါင်းထိပ်လေးကိုကြည့်ပြီး ဒီကလေးမငိုထားမှန်း ကြီးသန်းသိပါတယ်။ဒါပေမဲ့ သူ့ကိစ္စမဟုတ်တာကြောင့် ဘာမှမမေးမိပေ။အကယ်၍မေးလိုက်ရင်လည်း သမီးခင်ကဖြေမှာမှမဟုတ်တာ။

ညမီးလေးပြောင်းဖွင့်ကာ ကုတင်၏ထောင့်အစွန်းဆုံးတွင် ခင်ဝင်လှဲလိုက်သည်။ဝမ်းနည်းနေတဲ့ အတွေးတွေကို ခဏမေ့ထားပြီး မျက်လုံးတွေမှိတ်လိုက်တော့သည်။

" .................." ".................."

မနက်ငါးနာရီခွဲတွင် ခင်နိုးလာခဲ့သည်။သူ့ဘက်ကိုကြည့်တော့ လူလည်းမရှိသလို မွေ့ယာစတွေကပျက်ယွင်းနေခြင်းတစ်စက်မှမရှိပါ။

ကုတင်ပေါ်ကဆင်းကာ စာကြည့်ခန်းရဲ့တံခါးကို အသာလေးတွန်းဖွင့်လိုက်သည်။လော့မချထားတာကြောင့် တံခါးက ဖြေးညှင်းစွာပွင့်သွားလေသည်။

အခန်းတွင်းသို့ တစ်လှမ်းချင်းလျှောက်လာခဲ့သည်။သူ့စာကြည့်ခန်းရဲ့စာအုပ်စင်တွေက မြင့်မားလွန်းသည်။နေရာစုံထောင့်စုံတွင် စာအုပ်မျိုးစုံရှိလေသည်။အပေါ်မျက်နှာကျက်နဲ့ဘေးနံရံတွေကို သူသိပ့်ကြိုက်တဲ့အဖြူရောင်တွေသုံးထားသည်။

စာအုပ်စင်တွေရဲ့အလယ်တည့်တည့်မှာ စားပွဲဝိုင်းတစ်လုံးနဲ့ဆိုဖာခုံရှည်တစ်လုံးရှိနေလေသည်။ထိုဆိုဖာပေါ်တွင်လည်း သူမအားမမြင်ရပါ။ခင့်မျက်လုံးရွေ့လျားကြည့်မှ စားပွဲဝိုင်းရဲ့အောက်ခြေနားတွင် ခွေးခွေးလေးအိပ်နေရှာသည်။

ထက်အိန္ဒြေထွန်း!..... ထက်အိန္ဒြေထွန်း!... "မင်းထစမ်း"

ဟိတ်!..."ငါခေါ်နေတာမကြားဘူးလား"

အင်းးးး....ဘာလဲ..!!

ပုခုံးတစ်ဖက်ကိုခင်အားထည့်ကာလုပ်နိုးမှ မမချောကနိုးလာလေသည်။မျက်လုံးလေးမပွင့်တပွင့်နဲ့လူကိုမော့ကြည့်လာသည်။

"..မင်းဘာလို့ဒီမှာအိပ်နေတာလဲ"

"ရှင့်ကိုမုန်းလို့....ရှင့်မျက်နှာကိုမမြင်ချင်လို့"

အေ..ဟုတ်ပြီး။အခုပဲ ငါဒီအိမ်ပေါ်ကဆင်းသွားမယ်။

"ကျစ်!...ရှင်ဘာဖြစ်ချင်နေတာလဲ၊မနက်မိုးမလင်းသေးဘူး ကျွန်မကိုပြဿနာရှာနေတာက"

ထမယ်ကြံတော့မည့် ခင့်လက်ကောက်ဝတ်ကို သူမဆောင့်ဆွဲထားလေသည်။

ရှင်ကျွန်မအိမ်ကနေ ခြေတစ်လှမ်းရွေ့ရဲရွေ့ကြည့်စမ်းပါ။ကျွန်မဘာလုပ်နိုင်လဲ ရှင်သိလိမ့်မယ်။

ကျွန်မဘာကျွန်မအေးဆေးအိပ်နေတာကို ရှင်မနှောက်ယှက်ပါနဲ့..!

"ဘာလို့ကြမ်းပြင်ပေါ်မှာအိပ်နေတာလဲ၊ဖျားတတ်တာ မသိဘူးလား"

"ရှင်ဆရာဝန်လား၊ကျွန်မဆရာဝန်လား"

မင်းကဆရာဝန်လို အသိတရားရှိလို့လား...!

"အဲ့ဆို..ရှင်ကျွန်မကိုချီ"

"ဟမ်.."

"မွေ့ယာထိ ရှင်ကျွန်မကိုပွေ့ချီသွားလို့"

မင်းခန္ဓာကိုယ်အလေးကြီးကို ငါဘယ်လိုချီနိုင်မှာလဲ!

ကလေးဘဝတုန်းက ရှင်ကျွန်မကို အမြဲတမ်းချီနေကြလေ။ ခုလည်းအဲ့လိုချီ...

လက်နှစ်ဖက်အား မြှောက်ပေးလာတဲ့လူကို ခင်စိတ်ညှစ်စွာကြည့်နေလိုက်သည်။ ဟို့အရင်ကလေးဘဝတုန်းက သူဟာဖြူဖြူသေးသေးကွေးလေးပါ။အခုမတွေ့ဖြစ်တော့တဲ့ နှစ်တွေအတွင်းအရပ်ကြီးရှည်ထွက်လာသလို ခန္ဓာကိုယ်ကလည်းပိုပြီးကြံခိုင်လာတယ်။ခင်အရပ်ထက် ခေါင်းတစ်လုံးကျော်မြင့်တဲ့သူကို ဘယ်လိုလုပ်ချီနိုင်တော့မှာလဲ...။

"ထက်အိန္ဒြေထွန်းရယ်...မင်းငါ့ကိုဂျစ်တိုက်မနေပါနဲ့။ထတော့..မင်းကိုကူတွဲပေးမယ်"

ကျွန်မကိုကူတွဲရအောင် အရက်မူးနေတာမှမဟုတ်တာ။ဒါဆို ရှင်ကျောပိုးပေး...!

"ကျစ်!..လာပြန်ပြီး..။ကဲ ထ..ထတော့..ငါကျောပိုးပေးမယ်"

'လူကိုရစ်နေတဲ့ပုံက မုန်းချင်စရာကောင်းလိုက်တာ'။ခင်စိတ်ထဲက ပြောလိုက်သည်။

ကျောပိုးလိုက်တော့ သူ့ခန္ဓာကိုယ်က ခင်ထင်ထားတာလောက်တော့လေးမနေပါ။လူနောက်မှာ ဖားပျံလို အတင်းတွယ်ကပ်ထားသေးသည်။

"သူ့ခန္ဓာကိုယ်ကို ကုတင်စပ်ထားထိခင်တင်ပေးလိုက်သည်။လွှတ်တော့..ငါ့လည်ပင်းအစ်နေပြီး"

ခင်အတင်းလွှတ်ခိုင်းမှ လွှတ်ပေးလာပြီး ကုတင်ပေါ်ကိုပြန်လှဲချနေသည်။အိပ်ခန်းနဲ့စာကြည့်ခန်းက နံရံတစ်ခုသာခြားလို့တော်သေးတယ်။နို့မို့ဆို ခင်သေရချည်ရဲ့..။

ကုတင်ပေါ်မှာသူအိပ်နေလား၊မအိပ်တော့ဘူးဆိုတာ လှည့်မကြည့်တော့ပဲ ရေချိုးခန်းထဲသို့တန်းဝင်လာခဲ့သည်။သွားတိုက်၊မျက်နှာသစ်ကာ ညဝတ်ဂါဝန်အားချွတ်ပြီး ကြွေဇလုံထဲသို့ ဝင်စိမ်လိုက်သည်။

ခင်ပြန်ထွက်လာတော့ ဒင်းကပြန်အိပ်ပျော်သွားချေပြီး။ သက်သက်မဲ့ ကိုယ့်ကိုကိုယ်ဒုက္ခခံတာ။

ဒီနေ့က ခင်တို့ကျောင်းတွင် ပညာရေးမှူးများဝင်ရောက်စစ်ဆေးမည်ဖြစ်သည့်အတွက် ခင်တို့အထက်တန်းပြတွေက အားလုံးထက်ကြိုရောက်နေရမည်ဟု မနေ့ညနေက ကျောင်းအုပ်ဆရာမကြီးက ခင်တို့အားလုံးကိုကြိုမှာထားလေသည်။

မနေ့ညနေက စစ်ဖို့ကျန်သေးတဲ့တပည့်များ၏အဖြေလွှာများကို ကျောင်းယူနီဖောင်းမလှဲခင် ခင်ထိုင်စစ်နေသည်။

" ........................"

"သမီးခင်ကျောင်းသွားတော့မှာလား၊မစောလွန်းဘူးလားကွယ်။အခုမှ ၇နာရီကျော်ပဲရှိသေးတယ်"

ဟုတ်ကဲ့ ကြီးကြီး၊ဒီနေ့ကျောင်းမှာ ပညာရေးမှူးတွေရောက်မှာမို့လို့ ခင်စောစောသွားမှရမှာ"..။

အေးပါကွယ်...ကြီးသန်းက အရမ်းစောနေသလားလို့မေးကြည့်တာပါ။

မနက်စာအဖြစ် ကြီးကြီးလုပ်ပေးထားတဲ့ အုန်းနို့ခေါက်ဆွဲကို ခင်ထိုင်စားနေသည်။ကြီးကြီးလက်ရာက ဘယ်လောက်စားစားရိုးအီသွားခြင်းမရှိပါ။

"မမခင် ကျွန်တော်ပို့ပေးရမလား"

ရပါတယ် အကိုငြိမ်းမောင်။" ခင့်ကိုသွားခွင့်ပြုပါအုံး"

ငြိမ်မောင်းအား နှုတ်ဆက်ပြုံးပြပြီး ကားစက်နိုးကာခင်ထွက်လာခဲ့လိုက်သည်။ဟို့အရင်ကလေးဘဝတုန်းကလို အကိုငြိမ်းမောင်နဲ့ရင်းရင်းနှီးနှီး ခင်လည်းနေချင်ပါတယ်။

ကျောင်းဝန်းထဲခင်ရောက်လာတော့ အထက်တန်းပြဆရာ၊ဆရာမတွေက အကုန်ရောက်နေကြလေပြီး။ခင့်ရဲ့ကားခပ်လှမ်းလှမ်းမှာရပ်ထားတဲ့ ဆရာမအိန်ရဲ့မိန်းမစီးအော်တိုဆိုင်ကယ်အဝါလေးကို မြင်တွေ့ရသည်။

"ခင်ရေ နောက်ကျတယ်နော် စုမြတ်တို့ရောက်နေတာကြာလှပေါ့"

ဒေါ်စုမြတ်တို့ကသာ အစောကြီးရောက်နေတာပါနော်၊ခင်လာတဲ့အချိန်က ဆယ့်ငါးမိနစ်တောင်စောသေးတယ်။ ဆရာမအိန်ရော သူ့ဆိုင်ကယ်ကိုခင်တွေ့ခဲ့တယ်။

တီချယ်အိန်ဂျယ်ဖူးတို့ကတော့ ထုံးစံအတိုင်းသူ့အခန်းက တပည့်တွေကို သြဝါဒတွေချွေဖို့ထွက်သွားတယ်လေ။ ပညာရေးမှူးတွေရှေ့မှာ အရှက်ရမှာစိုးရိမ်လို့တဲ့..။အတန်းပိုင်ဆရာမလုပ်ရတာလည်း မလွယ်ပါဘူးခင်ရယ်။ ကိုယ့်အခန်းကတပည့်တွေက လိမ္မာရေကြားရှိရင် တော်သေးတယ်။

တီချယ်အိန်ဂျယ်တို့Dခန်းက ကျောင်းသားတွေကတော်သေးတယ်။ကျောင်းသူတွေက အော်ကျောလန်တွေ။ စာဆိုလည်း တစ်လုံးမှမရကြဘူး...ဆူပြန်တော့လည်း ဘုဆက်ဆက်နဲ့ပြန်ကြည့်ကြတာ။ အဲ့ထဲမှာအဆိုးဆုံးက 'ယွန်းခေတ်သဒ္ဒါချို' ဆိုတဲ့ကလေးမလေးပဲ။ ခင် သူ့ကိုသတိထားမိလား...?

"ဆရာမစုမြတ်ရယ် ကျောင်းသား၊ကျောင်းသူတွေ ဒီလောက်များတာ ခင်ဘယ်လိုလုပ်မှတ်မိမှာလဲ"

အဲ့တစ်ယောက်ရဲ့ပုံစံက အမြဲတမ်း ဘုဆက်ဆက်မာကျောကျောနဲ့။စုမြတ်လည်း စာကောက်မေးလိုက်တာ...ဒင်းကမရတော့ ဗိုက်ခေါက်ကိုနာနာလေးဆွဲလိမ်ပစ်ခဲ့သေးတယ်။

ဟုတ်လား။ ကလေးတွေကိုမရိုက်ပါနဲ့စုမြတ်ရယ်..။စကားနဲ့ကောင်းကောင်းမွန်မွန်နားဝင်အောင်ဆုံးမလည်းရပါတယ်။

ခင်မသိလို့ပါ။သူက ပါးစပ်နဲ့ဆုံးမလို့မရဘူး။ တော်တော်မလွယ်ကြောလေး။ခုတောင် စုမြတ်ကကြိမ်လုံးဝယ်ဖို့စိတ်ကူးထားတယ်။တစ်နေ့တစ်နေ့ သူတို့အခန်းကိုရိုက်ရိုးရိုး စုမြတ်လက်တွေနာတယ်။

"ဆရာမ...သားကိုဝင်ခွင့်ပြုပါခင်ဗျ"

ခင်အတန်းက အခန်းခေါင်းဆောင် လင်းမြတ်ဘုန်းခန့်က ဆရာမခင်နဲ့ဆရာမစုမြတ်အားဝင်ခွင့်တောင်းလေသည်။

"ဆရာမ...သားတို့ တစ်ခန်းလုံးကို သန့်ရှင်းရေးလုပ်ပြီးပြီး။အမှိုက်လည်း ကောက်ပြီးပြီး။ဆရာမတောင်းထားတဲ့ စာအုပ်တွေကိုစုပြီးပြီး"

အေး...သား။ဆရာမ လိုက်လာခဲ့မယ်။

"စုမြတ်ရေ ခင်သွားတော့မယ်။ခင်တို့အခန်းထဲမှာ လုပ်စရာတွေရှိသေးတယ်"

ခင်တပည့်လေးနဲ့တူတူ အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ခင်တို့ Bအခန်းက လက်ရေးလက်သားသပ်သပ်ရပ်ရပ်ရှိတဲ့ ကျောင်းသား၊ကျောင်းသူ ငါးယောက်ရဲ့စာအုပ်တွေကို ကျောင်းအုပ်ကြီးရုံးခန်းထဲ ပို့ဆောင်ပေးရမယ်ဖြစ်သည်။ ပညာရေးမှူးများရောက်လာရင် ထိုစာအုပ်တွေအား စစ်ဆေးမည်ဖြစ်သည်။

------------------------------

ဒီမှာ ရှင့်ရဲ့အင်္ကျီပြန်လျော်ပေးတာ!

ဂျူတီနားသည့် နာရီဝက်အတွင်း ဆေးရုံ၏အနီးနားတွင်ရှိသော ကော်ဖီဆိုင်ထဲသို့ ဒေါက်တာထက်အိန္ဒြေထွန်းနဲ့သူရမောင်မောင်တို့ အလျော်စားကိစ္စကိုဖြေရှင်းနေကြသည်။

ထိုလူက ထက်ရဲ့ဖုန်းနံပါတ်ကို ဘယ်လိုရသွားမှန်းမသိပါ။သူမ ဂျူတီနားသည့်အချိန်နှင့်ကွက်ထိ ထိုလူဘက်ကဖုန်းဆက်လာခဲ့သည်။ဆေးရုံအနီးရှိ ကော်ဖီဆိုင်သို့ ချိန်းဆိုခဲ့သည်။

"ကျွန်မတို့ ကိစ္စကပြီးသွားပြီးနော်...နောက်ထပ်မနှောက်ယှက်ပါနဲ့တော့"

"ကိုယ် မင်းကို ဘာမှမနှောက်ယှက်ရသေးဘူးနော်။ဒီကိစ္စမှာ ကိုယ့်ဘက်ကမှားတာ တစ်ခုမှမရှိဘူး"

ဟုတ်ပါပြီး..။ကျွန်မဘက်ကမှားတာ...တောင်းလည်းတောင်းပန်တယ် ဟုတ်ပြီးလား..။

သံပုရာဖျော်ရည်အား အနည်းငယ်သောက်ပြီး သူ့ရှေ့ကပိန်ပိန်ပါးပါးနဲ့ဖြူဖြူဖွေးဖွေးတရုတ်မလေးကို သူရမောင်မောင် မျက်တောင်မခက်စွာစိုက်ကြည့်နေသည်။တစ်ချက်တစ်ချက် လည်စိလေးလုပ်တဲ့အထိ စတွေးမျိုချမိသေးသည်။

"ဒါဆို ပြီးပြီးနော်...ကျွန်မကိုပြန်ခွင့်ပြုပါအုံး"

"နေပါအုံး....မှာထားတဲ့ကော်ဖီလေးသောက်သွားပါအုံးလား"

တော်ပြီ..ကျွန်မဗိုက်ပြည့်နေတာ!

"ဟုတ်ကဲ့ပါခင်ဗျ..."

ခြေလှမ်းကျဲကျဲတွေဖြင့် သူ့ဘေးကနေ ဆိုင်ပြင်သို့ထွက်သွားလေသည်။သူအား မျက်စောင်းထိုးသွားတဲ့ မျက်ဝန်းပိုင်ရှင်လေးကို သမင်လည်ပြန်ငေးမောနေမိသည်။

ဟျောင့်..မဟော်! .."မင်းတို့ဆေးရုံက ထပ်မံတိုးကျဲ့ဖို့ ရှယ်ယာရှင်အသစ်တွေလိုနေတယ်မှတ်လား"

"အေးကွာ...မင်းဘာလုပ်ဖို့လဲ"

ရှယ်ယာရှင်အသစ်မှာ ငါလည်းပါဝင်မလို့ပါကွာ...အနည်းဆုံးတော့ ငါ့အတွက်ဆုံးရှုံးမှုမရှိဘူးလေ။တစ်ခြားမှာထည့်ရင် စိုးရိမ်ရတယ်ကွ။ခုချိန်က ကြွေငွေးမတည်ငြိမ်မှုလည်းဖြစ်နေတာဆိုတော့...မင်းတို့ဘက်ကလိုအပ်တဲ့ 75%ကို ငါ့ဘက်ရှယ်ယာထည့်မှာ။

"မင်းရဲ့ရင်းနှီးမြှုပ်နှံမှုက များလှချည်လား...သူရ"

ဆေးရုံအုပ်ရဲ့ရုံးခန်းထဲတွင် နှစ်ယောက်တည်းသီးသန့်တွေ့ဆုံနေကြသည်။

ဒီလိုပါပဲ..ငါလည်းငါပြန်ရမဲ့အကျိုးမြတ်ကို သိနေလို့လေ။များများရင်းတော့ များများပြန်ရတာပေါ့ကွာ။ငါ့ကို စိတ်ပျက်အောင်တော့ မလုပ်နဲ့ပေါ့ကွာ။

"ဒါပဲ...ငါသွားတော့မယ်ဟျောင်"

"အိန္ဒြေ...အိန္ဒြေ!...ကိုယ်တို့စကားခဏလောက်ပြောကြရအောင်"

"အိန္ဒြေမအားဘူး...ကိုမင်း"

မင်းကိုယ့်ကို တမင်သက်သက်ရှောင်နေတာလား အိန္ဒြေ!

"မရှောင်ပါဘူး။ ဘာပြောစရာရှိလို့လဲ မြန်မြန်ပြော"

"ခင်သီရိကိုနဲ့လက်ထပ်လိုက်တဲ့ကိစ္စကို အိန္ဒြေဘက်ကအတင်းတောင်းဆိုလို့ကိုယ်ခွင့်ပြုပေးခဲ့တာနော်။ အဲ့အတွက် ကိုယ့်ကိုဘာပြန်ပေးမှာလဲ။မင်းတောင်းဆိုထားတဲ့အရာကလည်းကြီးမားသလို၊ကိုယ်စွန့်လွှတ်ပေးခဲ့တာလည်း အရမ်းများတယ်နော်"

အဲ့အတွက် ကိုယ်စိတ်ကျေနပ်တဲ့အထိ မင်းဘက်ကလိုက်လျောပေးမယ်လို့ အပေးယူလုပ်ထားကို ဘယ်တော့မှမမေ့လိုက်နဲ့။ကိုယ်ဖုန်းဆက်ရင် ကိုင်ချင်သလို၊မကိုင်ချင်သလိုမလုပ်နဲ့။ကိုယ်လိုအပ်လို့ခေါ်တဲ့အချိန်ကျရင် မင်းကအဆင်သင့်ဖြစ်အောင်ပြင်ဆင်ထား။

"ဒါပဲမှတ်လား...အိန္ဒြေသွားတော့မယ်"

ထွက်သွားတော့မည့် ဒေါက်တာထက်အိန္ဒြေရဲ့လက်ကို မင်းမဟော်ဆွဲထားလိုက်လေသည်။

နေအုံး..ကိုယ်စကားမပြီးသေးဘူး။ကိုယ့်အကူညီမပါပဲ..မင်းမိဘတွေရဲ့အမှုမှန်က ပေါ်ပေါက်လာစရာအကြောင်းမရှိဘူးဆိုတာမြဲမြဲထား။ အဲ့အတွက် မင်းဘက်က ကိုယ်ကျေနပ်တဲ့အထိ ပေးဆပ်စရာရှိတာတော့ ပေးဆပ်ရမှာပဲ။ ကိုယ်ဘယ်လောက်ထိ အင်အားကြီးလဲဆိုတာ မင်းအသိဆုံးပါ။

မင်းမဟော်လက်ထဲမှ အိန္ဒြေရုန်းထွက်လာခဲ့သည်။ပါးပြင်ထက်သို့ ကျဆင်းလာသည့်မျက်ရည်စတွေကိုလည်း လျင်မြန်စွာသုတ်ပြစ်လိုက်သည်။"....မုန်းတယ် အားလုံးမုန်းတယ်။ဟန်ဆောင်နေရတဲ့ ကိုယ့်ဘဝကိုလည်းမုန်းသလို...မင်းမဟော်ကိုလည်းမုန်းတယ်၊ခင်သီရိကို ကိုလည်မုန်းတယ်"

---------------ခင်အိမ်ပြန်ရောက်တာနောက်ကျလေသည်။ပညာရေးမှူးတွေက ခင်တို့ကျောင်းကို ညနေနှစ်နာရီခွဲကျော်မှ ရောက်လာခဲ့ကြလေသည်။ကျောင်းသား၊ကျောင်းသူတွေကို ကျောင်းလွှတ်ချိန်တွင် လွှတ်ပေးပြီး။ခင်တို့ဆရာမတွေကိုတော့ တပည့်တွေပြန်သွားမှ ဆက်လက်စစ်ဆေးနေသေးသည်။

ခင်တို့မှာ ပညာရေးမှူးတွေရောက်လာတော့မည့်နေ့ဆိုတစ်နေ့လုံးဗျာများနေရသည်။

"သမီးအိန္ဒြေ...သားမဟော်ကိုထည့်ပေးလိုက်ပါကွယ်"

ဟုတ်ကဲ့..တီလေး!

"ငါးဖယ်ချဉ်သုတ်ကို ကိုမင်းကြိုက်တယ်မင်းလား"

"အိန္ဒြေက စားစေချင်ရင် အဆိပ်တောင် ကိုယ်သောက်လို့ရဲတယ်"

သားမဟော်ရယ်...နမိတ်မရှိဘာမရှိ ဘာတွေလျှောက်ပြောနေတာလဲ!

"သားအိန္ဒြေကို ဘယ်လောက်ထိချစ်လဲဆိုတာ သိစေချင်ရုံပါ တီလေးရာ"

"ဟင်းးး...ဟင်း..ငါ့တူတော့နော်"

ထမင်းစားဝိုင်းတွင် သူတို့တွေလက်ဆုံစားနေကြတာကို တံခါးပေါက်ဝကနေ ခင်မြင်လည်းမြင်သလို ကြားလည်းကြားရပါတယ်။

"ဒီအိမ်မှာ ခင်တစ်ယောက်သာ လူပိုကြီးဖြစ်နေတာ။"

ဟော်တော်....သမီးခင်ပြန်လာပြီးလား...တစ်ခါတည်းထမင်းဝင်စားလိုက်ပါလား!

ခင့်ကိုမြင်သွားသည့် ကြီးသန်းက ဝမ်းသာအားရဆီးကြိုလေသည်။ကျန်တဲ့သုံးယောက်ကတော့ နည်းနည်းမှအဖက်မလုပ်ပါ။

ကြီးသန်းက ခင့်လက်လေးထဲက ဆွဲခြင်းအားယူကာ ထမင်းဝိုင်းထဲသို့ အတင်းဆွဲခေါ်လာခဲ့သည်။

"ဟုတ်ပါတယ်....မခင်သီရိကို ကျွန်တော်တို့နဲ့တူတူထမင်းဝင်စားပါခဲ့လားဗျ"

အိန္ဒြေ...ကိုယ့်ကို ထမင်းနည်းနည်းထပ်ထည့်ပေးပါအုံး...

"လုံးလုံးထည့်ပေးပါ့မယ်..ဒေါက်တာ"

ညီမလေး...မထည့်ပေးပါနဲ့..ကိုယ်ကအိန္ဒြေထည့်ပေးတာကိုပဲ စားချက်တာ။ ဟုတ်တယ်မှတ်လား..တီလေး!

"သမီးအိန္ဒြေ...သားကိုထမင်းခူးထည့်ပေးလိုက်ပါကွယ်"

ကြီးကြီး...ခင်ပင်ပန်းလာလို့ အခန်းထဲမှာခဏအနားပြန်ယူတော့မယ်။

အေးး....သမီးခင်။

ဘယ်အချိန်တည်းကရောက်နေမှန်းမသိတဲ့သူ့အဒေါ်နဲ့။ သူ့ချစ်သူဟောင်းကိုပါ တစ်ခါတည်းအိမ်ခေါ်ခဲ့သေးတာ။ဒီအိမ်မှာခင်က ဘာအရေးပါလို့လဲ...!!ငါလည်းတစ်နေ့ မင်းနဲ့အဝေးဆုံးကို ထွက်သွားမှာပါ ထက်အိန္ဒြေထွန်းရယ်...။

"အဲ့ကျမှ မင်းတို့ချစ်သူနှစ်ယောက် အဆုံးထိလက်တွဲသွားကြပေါ့"

ခင့်ရဲ့မွမ်းကြပ်မှုတွေကို ပြေပျောက်ချင်လို့ အဝတ်တွေမချွတ်ပဲ ရေဗန်းအောက်တွင်ဒီတိုင်းထိုင်နေလိုက်သည်။

ညစာကို ကြီးကြီးသန်းတို့နဲ့တူတူစားပြီး ခင်အပေါ်ပြန်တတ်လာခဲ့သည်။အခန်းထဲရောက်တော့ သူ့ကိုမတွေ့ပါ။စာကြည့်ခန်းထဲမှာ ရှိနေလောက်မှာပေါ့။

ဒေါက်...ဒေါက်!!

"လုံးလုံးလား...ဝင်ခဲ့ပါကွယ်။ခင် တံခါးဖွင့်ထားတယ်"

အခန်းထဲဝင်လာသူက လုံးလုံးမဟုတ်ဘဲ၊ဒေါ်မျိုးသန္တာဖြစ်လေသည်။ခင်တို့နေတဲ့အခန်းထဲ တစ်ချက်ဝေ့ကြည့်ကာ စစ်ဆေးနေသည်။

"နင် ငါ့အနောက်ခဏလိုက်ခဲ့အုံး"

ဟုတ်ကဲ့...

သူ့အဒေါ်ဉီးဆောင်ရာနောက်ကို ခင်လိုက်လာခဲ့သည်။အပေါ်ထပ်က ထောင့်အစွန်းဆုံးတွင်ရှိသော အခန်းထဲဝင်သွားတာကြောင့် ခင်လည်းလိုက်ဝင်လာခဲ့သည်။

ကျယ်လွန်းလှသည့်အခန်းကြီးထဲတွင် ဆိုဖာခုံနှစ်လုံးနဲ့ကုတင်တစ်ခုသာရှိလေသည်။အခန်း၏နံရံကိုတော့ မိုးပြာရောင်ဆေးရောင်တွေခြယ်ထားလေသည်။

ဒေါ်မျိုးသန္တာက ဆိုဖာခုံပေါ်တွင် ခြေချိတ်ထိုင်နေခဲ့သည်။ခင်သာ ဘာလုပ်ရမှန်းမသိတာကြောင့် မက်တပ်ရပ်နေခဲ့သည်။

"ထောင့်စွန်းက တံခါးကိုဖွင့်လိုက်၊ပြီးရင် ငါ့ကုတင်ကို အခင်းတွေသေသေချာချာခင်းစမ်း"

အမိန့်ဆန်ဆန်အသံကြောင့် ခင်တစ်ချက်ပြန်ကြည့်လိုက်သည်။

သူအဒေါ်က မျက်ခုံးနှစ်ခုကို ထိလုမတတ်တွန့်ချိုးထားလေသည်။ခင်ပြန်ပြောချင်ပေမဲ့ မနေ့ညတည်းကမှာထားတဲ့ သူမစကားကြောင့် ထောင့်စွန်းကတံခါးကိုဖွင့်လိုက်သည်။

ညီညာစွာစီတန်းထားတဲ့ မွေ့ယာစွပ်တွေထဲမှ မိုးပြာရောင်အခင်းစကို ခင်ဆွဲထုတ်လိုက်သည်။မွေ့ယာပေါ်သို့ ညီညာစွာစေတနာပါပါဖြင့် ခင်းပေးလိုက်သည်။နံရံကပ်ဗီရိုပေါ်မှ လေဖောင်းခေါင်းအုံးနဲ့ဖက်လုံးတွေကိုလည်း နေရာတကျချထားပေးလိုက်သည်။

အခန်းအတွင်းမှာပါ လဲကျင်းပေးလိုက်သည်။လူအဝင်ထွက်မရှိတဲ့ ဒီအခန်းဟာ ဝင်လာတည်းက စိုထိုင်းထိုင်းအနံ့သက်တွေကို ခင်ခံစားနေရသည်။

အိမ်သာ၊ရေချိုးခန်း စသည့်နေရာတွေပါမကျန် အကုန်သန့်ရှင်းရေးလုပ်ပေးခဲ့သည်။ခင်ကိုခိုင်းတာဟာ တမင်သက်သက်ပညာပြချင်မှန်းခင်သိတာပေါ့။

"အဒေါ်...ခင့်ကို ဘာခိုင်းစရာရှိသေးလဲ"

ရပြီး...။နင်ထွက်သွားတော့...!

"ဟုတ်ကဲ့"

သက်ပြင်းတစ်ချက်ချကာ ခင်ပြန်ထွက်လာခဲ့သည်။ဒီဝဋ်တွေ မြန်မြန်ကျွတ်ပါတော့လား...။

part 5(စနေနေ့တိုင်း အပိုင်းသစ်တင်ပေးမည်)...

(Zawgi)

ကားေသာ့ေလးယူကာ ၿခံဝန္း၏ကားဂိုေထာင္ထဲသို႔ ခင္ေလွ်ာက္လာခဲ့ေလသည္။ကားေသာ့ဖြင့္ၿပီး ေနာက္ခန္းထဲမွ ညီညာစြာထပ္ထားသည့္ စာ႐ြက္47႐ြက္ကို ပိုက္၍သယ္လာခဲ့သည္။(D)ခန္းက ေက်ာင္းသား၊ေက်ာင္းသူေတြကို အလြတ္ေရးခိုင္းထားသည့္ Unite-2က (def)ေတြျဖစ္သည္။

D ခန္းက ေက်ာင္းသား၊ေက်ာင္းသူမ်ားက တစ္ျခားခန္းေတြထက္ နည္းနည္းဆိုးသည္ဟု ဘာသာျပဆရာ၊ဆရာမမ်ားထံမွ အၿမဲၾကားရေလ့ရွိသည္။ခင့္စာသင္ခ်ိန္ဆို ကေလးေတြက အဲ့ေလာက္မဆိုးၾကေပ။က်က္ခိုင္းလာသည့္ စာေတြဆိုလည္းအၿမဲက်က္လာၾကသည္။သူတို႔ခန္းက အတန္းပိုင္ျဖစ္တဲ့ ဆရာမ အိန္ကေတာ့ သူ႕ခန္းက ကေလးေတြကအရမ္းဆိုးသည္ဟု အၿမဲညည္းၫူေလ့ရွိသည္။

ခင္က ဒႆမတန္းတြင္ ႐ူပေဗဒဘာသာ၏ဆရာမတစ္ဉီးျဖစ္ၿပီး နဝမတန္းကိုေတာ့ ျမန္မာစာသင္ၾကားေပးသည့္ ဆရာမတစ္ဉီးျဖစ္ေလသည္။

ေလွကားမွတစ္ဆင့္အေပၚသို႔ျပန္တတ္လာကာ ေအာက္ထပ္ဆင္းလာသည့္ ထက္အိႏၵျာနဲ႕မ်က္ႏွာခ်င္းဆိုင္ဆုံေလသည္။ထက္ဘက္က ဖယ္ေပးမဲ့အစီစဥ္မရွိတာေၾကာင့္ ခင္ကပဲအႀကီးပီပီ သူအားဖယ္ေပးလိုက္သည္။

ထမင္းဆင္းစားတုန္းက ဝတ္ထားသည့္ ကာတြန္းအ႐ုပ္စုံပါသည့္ခ်ည္သားဝမ္းဆက္ေဘာင္းဘီရွည္နဲ႕အကၤ်ီလက္ရွည္ကိုသာ ဝတ္ထားသည့္သူေၾကာင့္ အျပင္သြားမွာမဟုတ္မွန္း ခင္သိလိုက္သည္။

ဒီေလာက္ဖယ္ေပးထားတာေတာင္ ခင့္ပုခုံးတစ္ဖက္ကို ထိေအာင္ဝင္တိုက္တာ ခံလိုက္ရေသးသည္။

အခန္းထဲက ဆိုဖာခုံေပၚတြင္ဝင္ထိုင္ရင္း ကေလးမ်ား၏စာ႐ြက္မ်ားကို ေဘးနားရွိစားပြဲခုံေပၚသို႔ တင္လိုက္သည္။ ခုံေပၚတြင္ အသင့္ရွိေနေသာ မွင္နီေဘာပင္အား ယူ၍ အေပၚဆုံးကစာ႐ြက္တစ္႐ြက္ကိုယူကာ စစ္လိုက္သည္။

ေဒါက္...! ေဒါက္....!

"မမခင္ရွင့္ လုံးလုံးဝင္လာခဲ့ၿပီးေနာ္"

အခ်ိဳရည္ဗန္းေလးကိုင္ကာ အခန္းထဲဝင္လာတဲ့ လုံးလုံးက ထက္အိႏၵျေထြန္းအား မ်က္စိေဝွ႕ကာရွာေနသည္။မမေလးထက္ဟာ သူတို႔အခန္းထဲကို လုံးလုံးတို႔၊ႀကီးသန္းတို႔ ဝင္လာရင္ေတာင္ သိပ့္မႀကိဳက္ခ်င္ပါ။

"တံခါးဝမွာရပ္မေနပါနဲ႕ အထဲဝင္လာလို႔ရပါတယ္ လုံးလုံးရယ္"

ရယ္ၿပဳံးၿပဳံးျဖင့္ ခင္၏စကားသံကိုၾကားမွ လုံးလုံးမွာေျဖးေျဖးခ်င္းေလွ်ာက္လာခဲ့သည္။ဗန္းထဲက လိေမၼာ္ရည္ႏွစ္ခြက္အား စာ႐ြက္ေတြေဘးသို႔ ခ်ေပးလိုက္သည္။

မမေလး ရွိေနလားလို႔ ၾကည့္တာပါ။မမခင္က ဘာမွမျဖစ္ေပမဲ့ မမေလးက အခန္းထဲကိုလုံးလုံးဝင္လာရင္ ႀကိဳက္တာမဟုတ္ဘူး။ ႀကီးသန္းကလည္း သူကိုယ္တိုင္မလာဘဲနဲ႕ လုံးလုံးကိုပဲခိုင္းေနတာ။

ခင္ေဘးမွာထိုင္ပါအုံး လုံးလုံးရဲ႕၊တစ္ေန႕လုံး အိမ္အလုပ္ေတြလုပ္ေနတာ ေမာေနေရာေပါ့။ခင္ဟာ စစ္လက္စစာ႐ြက္အား ေပါင္ေပၚသို႔ခဏတင္ထားရင္း စားပြဲေပၚက လိေမၼာ္ရည္ႏွစ္ခြက္အနက္ သူမေသာက္သည့္ခြက္အား လမ္းယူလိုက္သည္။

"ၿပီးေနာက္ သူမေဘးတြင္ ပင္ပန္းစြာထိုင္ေနတဲ့ လုံးလုံးလက္ထဲသို႔ထည့္ေပးလိုက္သည္။ေမာေနတာကို လိေမၼာ္ရည္ေလး တစ္ငုံ၊ႏွစ္ငုံေလာက္ေသာက္ပါအုံးလား"

"ရပါတယ္..လုံးလုံးက ေသာက္ခ်င္ရင္ သြားေဖ်ာ္ေသာက္လို႔ရတယ္"

ခင္မကုန္လို႔ပါကြယ္..နည္းနည္းေလာက္ျဖစ္ျဖစ္ေသာက္ေပးပါ။

မမခင္လုပ္ေနတဲ့ပုံက မမေလးသာျမင္ရင္ လုံးလုံးကိုအေပၚထပ္ေတာင္လာခိုင္းေတာ့မယ္ မထင္ပါ။မမေလးမေတြ႕ခင္ မမခင္စိတ္ေက်နပ္ေအာင္ တစ္ဝက္ခန့္ျမန္ျမန္ေမာ့ေသာက္လိုက္သည္။

လုံးလုံးေအာက္ျပန္ဆင္းေတာ့မယ္ မမခင္၊ၾကာေနၿပီး။မမေလးဝင္လာလို႔ လုံးလုံးကိုျမင္ရင္ မ်က္ႏွာထားတင္းတင္းနဲ႕စိုက္ၾကည့္တာကို ခံေနရအုံးမယ္။

လုံးလုံးထြက္သြားေတာ့ ခင္စစ္လက္စစာ႐ြက္အား စာလုံးေပါင္းသတ္ပုံေတြကို ျပန္စစ္ေဆးေနသည္။တစ္ဝက္ခန့္က်ိဳးေနသည့္ လိေမၼာ္ရည္အားေမာ့လိုက္ စာ႐ြက္ေတြအားစစ္လိုက္နဲ႕ အလုပ္ထဲတြင္ ခင္အာ႐ုံအားႏွစ္ထားလိုက္ေတာ့သည္။

ကြၽန္မရွင့္ကိုေျပာစရာရွိတယ္ ခင္သီရိကို!

အခုမွအခန္းထဲျပန္ဝင္လာတဲ့ ထက္အိႏၵျေထြန္းက ခင္နဲ႕ႏွစ္လံေလာက္အကြာတြင္ ဝင္ထိုင္ၿပီးေျပာေလသည္။

"အင့္...ဒီမွာမင္းအတြက္လိေမၼာ္ရည္"

ခင္ကမ္းေပးလာသည့္ လိေမၼာ္ရည္ခြက္အား ထက္ယူလိုက္သည္။

မနက္ျဖန္ကြၽန္မအေဒၚ ပဲခူးကေန ဒီကိုလာမယ္။အဲ့ေၾကာင့္ ရွင့္ကိုဆင္ဆင္ျခင္ျခင္ေနေစခ်င္တယ္။ၿပီးေတာ့ အလိုက္လည္းသိေစခ်င္တယ္။ ကြၽန္မအေဒၚက ရွင့္တို႔မိသားစုကို ေသေလာက္ေအာင္ မုန္းေနမွန္း ရွင္လည္းသိမွာေပါ့။

"ငါလည္း မင္းကိုေျပာစရာရွိေနတာ"

"ေမေမ့အိမ္ငါျပန္ခ်င္တယ္။ေမေမေနမေကာင္းဘူး။ႏွလုံးေရာဂါသည္ေတြရဲ႕ ေဝဒနာကိုမင္းလည္းသိမွာေပါ့"

ရွင္မသြားရဘူး။ ရွင့္အေမကခ်က္ခ်င္းေသသြားမွာမွမဟုတ္တာ။သူမ်ားဟာေတြကို မတရားတဲ့နည္းနဲ႕ယူထားေတာ့ ခုေတာ့ဝဋ္ျပန္ခံရၿပီေပါ့..။နည္းေတာင္နည္းေသးတယ္။

ေမေမ့ကို အဲ့လိုမေျပာပါနဲ႕။ေဖေဖလုပ္ခဲ့တဲ့အမွားကို ေမေမတစ္ခုမွသိခဲ့ရတာမဟုတ္ဘူး။မင္းႏွိပ္စက္ခ်င္ရင္ ငါ့ကိုႀကိဳက္သေလာက္ႏွိပ္စက္ပါ...အိပ္ယာထဲလွဲေနရတဲ့ေမေမ့ကိုေတာ့ ေမတၱာမပို႔ပါနဲ႕။မင္းစိတ္ေက်နပ္တဲ့အထိ ငါတစ္ခုမွအထြတ္မတက္ပဲ ေနပါ့မယ္။ငါ့မိဘေတြကိုေတာ့ ေက်းဇူးျပဳ၍မေစာ္ကားပါနဲ႕။

ဟင့္..ကိုယ့္ကလဲ့က်ေတာ့ သိတတ္ေနလိုက္တာ။ေအာက္တန္းစားေတြကမ်ား..ရွင့္တို႔မိသားစုက ကြၽန္မတို႔ရဲ႕ကြၽန္ျဖစ္ခဲ့တာကို ဘယ္ေတာ့မွမေမ့နဲ႕ ခင္သီရိကို!!

ခြမ္းး....!!!

လက္ထဲမွာကိုင္ထားတဲ့ လိေမၼာ္ရည္ေတြရွိေနဆဲ ဖန္ခြက္အား ၾကမ္းျပင္ေပၚသို႔ ျပစ္ခ်ၿပီး..အခန္းထဲမွထြက္လာခဲ့သည္။ထက္ရဲ႕စိတ္ရင္းအမွန္နဲ႕ဆို ေဘးမွာရွိေနတဲ့မိန္းမကို လည္ပင္းညွစ္သက္ပစ္ေနေလာက္ၿပီး။ကိုယ့္ရဲ႕ေဒါသေတြကို တစ္ထစ္ေလွ်ာ့ကာ စာၾကည့္ခန္းထဲဝင္လာခဲ့သည္။ အလကားမိန္းမ သူ႕ဘက္က်ေတာ့နာတတ္လိုက္တာ..။

"မ်က္ရည္ေလးအဝဲသားျဖင့္ ၾကမ္းျပင္ေပၚတြင္ျပန့္က်ဲ့ေနတဲ့ ဖန္စေတြအား ခင္လိုက္ေကာက္ေနသည္။မုန္းပါ..မင္းစိတ္ေက်နပ္တဲ့အထိမုန္းပါ။...ဟင့္..."

ေရခ်ိဳးခန္းထဲသို႔ဝင္ကာ ငိုထားတဲ့မ်က္ႏွာအား ခင္မ်က္ႏွာသစ္လိုက္သည္။မ်က္ႏွာသုတ္ပုဝါျဖင့္ ဖြဖြေလးသုတ္ၿပီး မိမိမ်က္ႏွာအား ဘာမွမျဖစ္သလို ျပန္ျပင္ဆင္လိုက္သည္၊ အိပ္ေတာ့မည္ျဖစ္ေသာေၾကာင့္ ညဝတ္ဂါဝန္ကိုပါတစ္ခါတည္းလွဲလိုက္သည္ ။ၿပီးမွ ဖန္ကြဲစေတြထည့္ထားတဲ့ အိတ္ေလးအားယူကာ ေအာက္ထပ္ဆင္းလာခဲ့သည္။

"သမီးခင္ ဘာယူခ်င္လို႔လဲ ႀကီးႀကီးကိုေျပာေလ"

ဘာမွမဟုတ္ပါဘူး၊ ခင္လက္ေခ်ာ္သြားလို႔ျပဳတ္က်သြားတဲ့ ဖန္ကြဲစေတြကို မထိခိုက္မိေအာင္ ျပစ္ခ်င္လို႔ပါ။

ႀကီးသန္းကိုေပး..မနက္ျဖန္က်ရင္ ၿငိမ္းေမာင္ကို ပစ္ခိုင္းလိုက္မယ္။

"သတိထားေနာ္ ႀကီးႀကီး လက္ေတြရွမိေနအုံးမယ္"

ပန္းေရာင္သန္းေနတဲ့ ႏွာေခါင္းထိပ္ေလးကိုၾကည့္ၿပီး ဒီကေလးမငိုထားမွန္း ႀကီးသန္းသိပါတယ္။ဒါေပမဲ့ သူ႕ကိစၥမဟုတ္တာေၾကာင့္ ဘာမွမေမးမိေပ။အကယ္၍ေမးလိုက္ရင္လည္း သမီးခင္ကေျဖမွာမွမဟုတ္တာ။

ညမီးေလးေျပာင္းဖြင့္ကာ ကုတင္၏ေထာင့္အစြန္းဆုံးတြင္ ခင္ဝင္လွဲလိုက္သည္။ဝမ္းနည္းေနတဲ့ အေတြးေတြကို ခဏေမ့ထားၿပီး မ်က္လုံးေတြမွိတ္လိုက္ေတာ့သည္။

" .................." ".................."

မနက္ငါးနာရီခြဲတြင္ ခင္နိုးလာခဲ့သည္။သူ႕ဘက္ကိုၾကည့္ေတာ့ လူလည္းမရွိသလို ေမြ႕ယာစေတြကပ်က္ယြင္းေနျခင္းတစ္စက္မွမရွိပါ။

ကုတင္ေပၚကဆင္းကာ စာၾကည့္ခန္းရဲ႕တံခါးကို အသာေလးတြန္းဖြင့္လိုက္သည္။ေလာ့မခ်ထားတာေၾကာင့္ တံခါးက ေျဖးညွင္းစြာပြင့္သြားေလသည္။

အခန္းတြင္းသို႔ တစ္လွမ္းခ်င္းေလွ်ာက္လာခဲ့သည္။သူ႕စာၾကည့္ခန္းရဲ႕စာအုပ္စင္ေတြက ျမင့္မားလြန္းသည္။ေနရာစုံေထာင့္စုံတြင္ စာအုပ္မ်ိဳးစုံရွိေလသည္။အေပၚမ်က္ႏွာက်က္နဲ႕ေဘးနံရံေတြကို သူသိပ့္ႀကိဳက္တဲ့အျဖဴေရာင္ေတြသုံးထားသည္။

စာအုပ္စင္ေတြရဲ႕အလယ္တည့္တည့္မွာ စားပြဲဝိုင္းတစ္လုံးနဲ႕ဆိုဖာခုံရွည္တစ္လုံးရွိေနေလသည္။ထိုဆိုဖာေပၚတြင္လည္း သူမအားမျမင္ရပါ။ခင့္မ်က္လုံးေ႐ြ႕လ်ားၾကည့္မွ စားပြဲဝိုင္းရဲ႕ေအာက္ေျခနားတြင္ ေခြးေခြးေလးအိပ္ေနရွာသည္။

ထက္အိႏၵျေထြန္း!..... ထက္အိႏၵျေထြန္း!... "မင္းထစမ္း"

ဟိတ္!..."ငါေခၚေနတာမၾကားဘူးလား"

အင္းးးး....ဘာလဲ..!!

ပုခုံးတစ္ဖက္ကိုခင္အားထည့္ကာလုပ္နိုးမွ မမေခ်ာကနိုးလာေလသည္။မ်က္လုံးေလးမပြင့္တပြင့္နဲ႕လူကိုေမာ့ၾကည့္လာသည္။

"..မင္းဘာလို႔ဒီမွာအိပ္ေနတာလဲ"

"ရွင့္ကိုမုန္းလို႔....ရွင့္မ်က္ႏွာကိုမျမင္ခ်င္လို႔"

ေအ..ဟုတ္ၿပီး။အခုပဲ ငါဒီအိမ္ေပၚကဆင္းသြားမယ္။

"က်စ္!...ရွင္ဘာျဖစ္ခ်င္ေနတာလဲ၊မနက္မိုးမလင္းေသးဘူး ကြၽန္မကိုျပႆနာရွာေနတာက"

ထမယ္ႀကံေတာ့မည့္ ခင့္လက္ေကာက္ဝတ္ကို သူမေဆာင့္ဆြဲထားေလသည္။

ရွင္ကြၽန္မအိမ္ကေန ေျခတစ္လွမ္းေ႐ြ႕ရဲေ႐ြ႕ၾကည့္စမ္းပါ။ကြၽန္မဘာလုပ္နိုင္လဲ ရွင္သိလိမ့္မယ္။

ကြၽန္မဘာကြၽန္မေအးေဆးအိပ္ေနတာကို ရွင္မႏွောက္ယွက္ပါနဲ႕..!

"ဘာလို႔ၾကမ္းျပင္ေပၚမွာအိပ္ေနတာလဲ၊ဖ်ားတတ္တာ မသိဘူးလား"

"ရွင္ဆရာဝန္လား၊ကြၽန္မဆရာဝန္လား"

မင္းကဆရာဝန္လို အသိတရားရွိလို႔လား...!

"အဲ့ဆို..ရွင္ကြၽန္မကိုခ်ီ"

"ဟမ္.."

"ေမြ႕ယာထိ ရွင္ကြၽန္မကိုေပြ႕ခ်ီသြားလို႔"

မင္းခႏၶာကိုယ္အေလးႀကီးကို ငါဘယ္လိုခ်ီနိုင္မွာလဲ!

ကေလးဘဝတုန္းက ရွင္ကြၽန္မကို အၿမဲတမ္းခ်ီေနၾကေလ။ ခုလည္းအဲ့လိုခ်ီ...

လက္ႏွစ္ဖက္အား ျမႇောက္ေပးလာတဲ့လူကို ခင္စိတ္ညွစ္စြာၾကည့္ေနလိုက္သည္။ ဟို႔အရင္ကေလးဘဝတုန္းက သူဟာျဖဴျဖဴေသးေသးေကြးေလးပါ။အခုမေတြ႕ျဖစ္ေတာ့တဲ့ ႏွစ္ေတြအတြင္းအရပ္ႀကီးရွည္ထြက္လာသလို ခႏၶာကိုယ္ကလည္းပိုၿပီးႀကံခိုင္လာတယ္။ခင္အရပ္ထက္ ေခါင္းတစ္လုံးေက်ာ္ျမင့္တဲ့သူကို ဘယ္လိုလုပ္ခ်ီနိုင္ေတာ့မွာလဲ...။

"ထက္အိႏၵျေထြန္းရယ္...မင္းငါ့ကိုဂ်စ္တိုက္မေနပါနဲ႕။ထေတာ့..မင္းကိုကူတြဲေပးမယ္"

ကြၽန္မကိုကူတြဲရေအာင္ အရက္မူးေနတာမွမဟုတ္တာ။ဒါဆို ရွင္ေက်ာပိုးေပး...!

"က်စ္!..လာျပန္ၿပီး..။ကဲ ထ..ထေတာ့..ငါေက်ာပိုးေပးမယ္"

'လူကိုရစ္ေနတဲ့ပုံက မုန္းခ်င္စရာေကာင္းလိုက္တာ'။ခင္စိတ္ထဲက ေျပာလိုက္သည္။

ေက်ာပိုးလိုက္ေတာ့ သူ႕ခႏၶာကိုယ္က ခင္ထင္ထားတာေလာက္ေတာ့ေလးမေနပါ။လူေနာက္မွာ ဖားပ်ံလို အတင္းတြယ္ကပ္ထားေသးသည္။

"သူ႕ခႏၶာကိုယ္ကို ကုတင္စပ္ထားထိခင္တင္ေပးလိုက္သည္။လႊတ္ေတာ့..ငါ့လည္ပင္းအစ္ေနၿပီး"

ခင္အတင္းလႊတ္ခိုင္းမွ လႊတ္ေပးလာၿပီး ကုတင္ေပၚကိုျပန္လွဲခ်ေနသည္။အိပ္ခန္းနဲ႕စာၾကည့္ခန္းက နံရံတစ္ခုသာျခားလို႔ေတာ္ေသးတယ္။နို႔မို႔ဆို ခင္ေသရခ်ည္ရဲ႕..။

ကုတင္ေပၚမွာသူအိပ္ေနလား၊မအိပ္ေတာ့ဘူးဆိုတာ လွည့္မၾကည့္ေတာ့ပဲ ေရခ်ိဳးခန္းထဲသို႔တန္းဝင္လာခဲ့သည္။သြားတိုက္၊မ်က္ႏွာသစ္ကာ ညဝတ္ဂါဝန္အားခြၽတ္ၿပီး ေႂကြဇလုံထဲသို႔ ဝင္စိမ္လိုက္သည္။

ခင္ျပန္ထြက္လာေတာ့ ဒင္းကျပန္အိပ္ေပ်ာ္သြားေခ်ၿပီး။ သက္သက္မဲ့ ကိုယ့္ကိုကိုယ္ဒုကၡခံတာ။

ဒီေန႕က ခင္တို႔ေက်ာင္းတြင္ ပညာေရးမႉးမ်ားဝင္ေရာက္စစ္ေဆးမည္ျဖစ္သည့္အတြက္ ခင္တို႔အထက္တန္းျပေတြက အားလုံးထက္ႀကိဳေရာက္ေနရမည္ဟု မေန႕ညေနက ေက်ာင္းအုပ္ဆရာမႀကီးက ခင္တို႔အားလုံးကိုႀကိဳမွာထားေလသည္။

မေန႕ညေနက စစ္ဖို႔က်န္ေသးတဲ့တပည့္မ်ား၏အေျဖလႊာမ်ားကို ေက်ာင္းယူနီေဖာင္းမလွဲခင္ ခင္ထိုင္စစ္ေနသည္။

" ........................"

"သမီးခင္ေက်ာင္းသြားေတာ့မွာလား၊မေစာလြန္းဘူးလားကြယ္။အခုမွ ၇နာရီကျော်ပဲရှိသေးတယ်"

ဟုတ္ကဲ့ ႀကီးႀကီး၊ဒီေန႕ေက်ာင္းမွာ ပညာေရးမႉးေတြေရာက္မွာမို႔လို႔ ခင္ေစာေစာသြားမွရမွာ"..။

ေအးပါကြယ္...ႀကီးသန္းက အရမ္းေစာေနသလားလို႔ေမးၾကည့္တာပါ။

မနက္စာအျဖစ္ ႀကီးႀကီးလုပ္ေပးထားတဲ့ အုန္းနို႔ေခါက္ဆြဲကို ခင္ထိုင္စားေနသည္။ႀကီးႀကီးလက္ရာက ဘယ္ေလာက္စားစားရိုးအီသြားျခင္းမရွိပါ။

"မမခင္ ကြၽန္ေတာ္ပို႔ေပးရမလား"

ရပါတယ္ အကိုၿငိမ္းေမာင္။" ခင့္ကိုသြားခြင့္ျပဳပါအုံး"

ၿငိမ္ေမာင္းအား ႏႈတ္ဆက္ၿပဳံးျပၿပီး ကားစက္နိုးကာခင္ထြက္လာခဲ့လိုက္သည္။ဟို႔အရင္ကေလးဘဝတုန္းကလို အကိုၿငိမ္းေမာင္နဲ႕ရင္းရင္းႏွီးႏွီး ခင္လည္းေနခ်င္ပါတယ္။

ေက်ာင္းဝန္းထဲခင္ေရာက္လာေတာ့ အထက္တန္းျပဆရာ၊ဆရာမေတြက အကုန္ေရာက္ေနၾကေလၿပီး။ခင့္ရဲ႕ကားခပ္လွမ္းလွမ္းမွာရပ္ထားတဲ့ ဆရာမအိန္ရဲ႕မိန္းမစီးေအာ္တိုဆိုင္ကယ္အဝါေလးကို ျမင္ေတြ႕ရသည္။

"ခင္ေရ ေနာက္က်တယ္ေနာ္ စုျမတ္တို႔ေရာက္ေနတာၾကာလွေပါ့"

ေဒၚစုျမတ္တို႔ကသာ အေစာႀကီးေရာက္ေနတာပါေနာ္၊ခင္လာတဲ့အခ်ိန္က ဆယ့္ငါးမိနစ္ေတာင္ေစာေသးတယ္။ ဆရာမအိန္ေရာ သူ႕ဆိုင္ကယ္ကိုခင္ေတြ႕ခဲ့တယ္။

တီခ်ယ္အိန္ဂ်ယ္ဖူးတို႔ကေတာ့ ထုံးစံအတိုင္းသူ႕အခန္းက တပည့္ေတြကို ၾသဝါဒေတြေခြၽဖို႔ထြက္သြားတယ္ေလ။ ပညာေရးမႉးေတြေရွ႕မွာ အရွက္ရမွာစိုးရိမ္လို႔တဲ့..။အတန္းပိုင္ဆရာမလုပ္ရတာလည္း မလြယ္ပါဘူးခင္ရယ္။ ကိုယ့္အခန္းကတပည့္ေတြက လိမၼာေရၾကားရွိရင္ ေတာ္ေသးတယ္။

တီခ်ယ္အိန္ဂ်ယ္တို႔Dခန္းက ေက်ာင္းသားေတြကေတာ္ေသးတယ္။ေက်ာင္းသူေတြက ေအာ္ေက်ာလန္ေတြ။ စာဆိုလည္း တစ္လုံးမွမရၾကဘူး...ဆူျပန္ေတာ့လည္း ဘုဆက္ဆက္နဲ႕ျပန္ၾကည့္ၾကတာ။ အဲ့ထဲမွာအဆိုးဆုံးက 'ယွန်းခေတ်သဒ္ဒါချို' ဆိုတဲ့ကေလးမေလးပဲ။ ခင္ သူ႕ကိုသတိထားမိလား...?

"ဆရာမစုျမတ္ရယ္ ေက်ာင္းသား၊ေက်ာင္းသူေတြ ဒီေလာက္မ်ားတာ ခင္ဘယ္လိုလုပ္မွတ္မိမွာလဲ"

အဲ့တစ္ေယာက္ရဲ႕ပုံစံက အၿမဲတမ္း ဘုဆက္ဆက္မာေက်ာေက်ာနဲ႕။စုျမတ္လည္း စာေကာက္ေမးလိုက္တာ...ဒင္းကမရေတာ့ ဗိုက္ေခါက္ကိုနာနာေလးဆြဲလိမ္ပစ္ခဲ့ေသးတယ္။

ဟုတ္လား။ ကေလးေတြကိုမရိုက္ပါနဲ႕စုျမတ္ရယ္..။စကားနဲ႕ေကာင္းေကာင္းမြန္မြန္နားဝင္ေအာင္ဆုံးမလည္းရပါတယ္။

ခင္မသိလို႔ပါ။သူက ပါးစပ္နဲ႕ဆုံးမလို႔မရဘူး။ ေတာ္ေတာ္မလြယ္ေၾကာေလး။ခုေတာင္ စုျမတ္ကႀကိမ္လုံးဝယ္ဖို႔စိတ္ကူးထားတယ္။တစ္ေန႕တစ္ေန႕ သူတို႔အခန္းကိုရိုက္ရိုးရိုး စုျမတ္လက္ေတြနာတယ္။

"ဆရာမ...သားကိုဝင္ခြင့္ျပဳပါခင္ဗ်"

ခင္အတန္းက အခန္းေခါင္းေဆာင္ လင္းျမတ္ဘုန္းခန့္က ဆရာမခင္နဲ႕ဆရာမစုျမတ္အားဝင္ခြင့္ေတာင္းေလသည္။

"ဆရာမ...သားတို႔ တစ္ခန္းလုံးကို သန့္ရွင္းေရးလုပ္ၿပီးၿပီး။အမွိုက္လည္း ေကာက္ၿပီးၿပီး။ဆရာမေတာင္းထားတဲ့ စာအုပ္ေတြကိုစုၿပီးၿပီး"

ေအး...သား။ဆရာမ လိုက္လာခဲ့မယ္။

"စုျမတ္ေရ ခင္သြားေတာ့မယ္။ခင္တို႔အခန္းထဲမွာ လုပ္စရာေတြရွိေသးတယ္"

ခင္တပည့္ေလးနဲ႕တူတူ အခန္းထဲသို႔ျပန္ဝင္လာခဲ့သည္။ခင္တို႔ Bအခန္းက လက္ေရးလက္သားသပ္သပ္ရပ္ရပ္ရွိတဲ့ ေက်ာင္းသား၊ေက်ာင္းသူ ငါးေယာက္ရဲ႕စာအုပ္ေတြကို ေက်ာင္းအုပ္ႀကီး႐ုံးခန္းထဲ ပို႔ေဆာင္ေပးရမယ္ျဖစ္သည္။ ပညာေရးမႉးမ်ားေရာက္လာရင္ ထိုစာအုပ္ေတြအား စစ္ေဆးမည္ျဖစ္သည္။

------------------------------

ဒီမွာ ရွင့္ရဲ႕အကၤ်ီျပန္ေလ်ာ္ေပးတာ!

ဂ်ဴတီနားသည့္ နာရီဝက္အတြင္း ေဆး႐ုံ၏အနီးနားတြင္ရွိေသာ ေကာ္ဖီဆိုင္ထဲသို႔ ေဒါက္တာထက္အိႏၵျေထြန္းနဲ႕သူရေမာင္ေမာင္တို႔ အေလ်ာ္စားကိစၥကိုေျဖရွင္းေနၾကသည္။

ထိုလူက ထက္ရဲ႕ဖုန္းနံပါတ္ကို ဘယ္လိုရသြားမွန္းမသိပါ။သူမ ဂ်ဴတီနားသည့္အခ်ိန္ႏွင့္ကြက္ထိ ထိုလူဘက္ကဖုန္းဆက္လာခဲ့သည္။ေဆး႐ုံအနီးရွိ ေကာ္ဖီဆိုင္သို႔ ခ်ိန္းဆိုခဲ့သည္။

"ကြၽန္မတို႔ ကိစၥကၿပီးသြားၿပီးေနာ္...ေနာက္ထပ္မႏွောက္ယွက္ပါနဲ႕ေတာ့"

"ကိုယ္ မင္းကို ဘာမွမႏွောက္ယွက္ရေသးဘူးေနာ္။ဒီကိစၥမွာ ကိုယ့္ဘက္ကမွားတာ တစ္ခုမွမရွိဘူး"

ဟုတ္ပါၿပီး..။ကြၽန္မဘက္ကမွားတာ...ေတာင္းလည္းေတာင္းပန္တယ္ ဟုတ္ၿပီးလား..။

သံပုရာေဖ်ာ္ရည္အား အနည္းငယ္ေသာက္ၿပီး သူ႕ေရွ႕ကပိန္ပိန္ပါးပါးနဲ႕ျဖဴျဖဴေဖြးေဖြးတ႐ုတ္မေလးကို သူရေမာင္ေမာင္ မ်က္ေတာင္မခက္စြာစိုက္ၾကည့္ေနသည္။တစ္ခ်က္တစ္ခ်က္ လည္စိေလးလုပ္တဲ့အထိ စေတြးမ်ိဳခ်မိေသးသည္။

"ဒါဆို ၿပီးၿပီးေနာ္...ကြၽန္မကိုျပန္ခြင့္ျပဳပါအုံး"

"ေနပါအုံး....မွာထားတဲ့ေကာ္ဖီေလးေသာက္သြားပါအုံးလား"

ေတာ္ၿပီ..ကြၽန္မဗိုက္ျပည့္ေနတာ!

"ဟုတ္ကဲ့ပါခင္ဗ်..."

ေျခလွမ္းက်ဲက်ဲေတြျဖင့္ သူ႕ေဘးကေန ဆိုင္ျပင္သို႔ထြက္သြားေလသည္။သူအား မ်က္ေစာင္းထိုးသြားတဲ့ မ်က္ဝန္းပိုင္ရွင္ေလးကို သမင္လည္ျပန္ေငးေမာေနမိသည္။

ေဟ်ာင့္..မေဟာ္! .."မင္းတို႔ေဆး႐ုံက ထပ္မံတိုးက်ဲ့ဖို႔ ရွယ္ယာရွင္အသစ္ေတြလိုေနတယ္မွတ္လား"

"ေအးကြာ...မင္းဘာလုပ္ဖို႔လဲ"

ရွယ္ယာရွင္အသစ္မွာ ငါလည္းပါဝင္မလို႔ပါကြာ...အနည္းဆုံးေတာ့ ငါ့အတြက္ဆုံးရႈံးမႈမရွိဘူးေလ။တစ္ျခားမွာထည့္ရင္ စိုးရိမ္ရတယ္ကြ။ခုခ်ိန္က ေႂကြေငြးမတည္ၿငိမ္မႈလည္းျဖစ္ေနတာဆိုေတာ့...မင္းတို႔ဘက္ကလိုအပ္တဲ့ 75%ကို ငါ့ဘက္ရွယ္ယာထည့္မွာ။

"မင္းရဲ႕ရင္းႏွီးျမႇုပ္ႏွံမႈက မ်ားလွခ်ည္လား...သူရ"

ေဆး႐ုံအုပ္ရဲ႕႐ုံးခန္းထဲတြင္ ႏွစ္ေယာက္တည္းသီးသန့္ေတြ႕ဆုံေနၾကသည္။

ဒီလိုပါပဲ..ငါလည္းငါျပန္ရမဲ့အက်ိဳးျမတ္ကို သိေနလို႔ေလ။မ်ားမ်ားရင္းေတာ့ မ်ားမ်ားျပန္ရတာေပါ့ကြာ။ငါ့ကို စိတ္ပ်က္ေအာင္ေတာ့ မလုပ္နဲ႕ေပါ့ကြာ။

"ဒါပဲ...ငါသြားေတာ့မယ္ေဟ်ာင္"

"အိႏၵျေ...အိႏၵျေ!...ကိုယ္တို႔စကားခဏေလာက္ေျပာၾကရေအာင္"

"အိႏၵျေမအားဘူး...ကိုမင္း"

မင္းကိုယ့္ကို တမင္သက္သက္ေရွာင္ေနတာလား အိႏၵျေ!

"မေရွာင္ပါဘူး။ ဘာေျပာစရာရွိလို႔လဲ ျမန္ျမန္ေျပာ"

"ခင္သီရိကိုနဲ႕လက္ထပ္လိုက္တဲ့ကိစၥကို အိႏၵျေဘက္ကအတင္းေတာင္းဆိုလို႔ကိုယ္ခြင့္ျပဳေပးခဲ့တာေနာ္။ အဲ့အတြက္ ကိုယ့္ကိုဘာျပန္ေပးမွာလဲ။မင္းေတာင္းဆိုထားတဲ့အရာကလည္းႀကီးမားသလို၊ကိုယ္စြန့္လႊတ္ေပးခဲ့တာလည္း အရမ္းမ်ားတယ္ေနာ္"

အဲ့အတြက္ ကိုယ္စိတ္ေက်နပ္တဲ့အထိ မင္းဘက္ကလိုက္ေလ်ာေပးမယ္လို႔ အေပးယူလုပ္ထားကို ဘယ္ေတာ့မွမေမ့လိုက္နဲ႕။ကိုယ္ဖုန္းဆက္ရင္ ကိုင္ခ်င္သလို၊မကိုင္ခ်င္သလိုမလုပ္နဲ႕။ကိုယ္လိုအပ္လို႔ေခၚတဲ့အခ်ိန္က်ရင္ မင္းကအဆင္သင့္ျဖစ္ေအာင္ျပင္ဆင္ထား။

"ဒါပဲမွတ္လား...အိႏၵျေသြားေတာ့မယ္"

ထြက္သြားေတာ့မည့္ ေဒါက္တာထက္အိႏၵျေရဲ႕လက္ကို မင္းမေဟာ္ဆြဲထားလိုက္ေလသည္။

ေနအုံး..ကိုယ္စကားမၿပီးေသးဘူး။ကိုယ့္အကူညီမပါပဲ..မင္းမိဘေတြရဲ႕အမႈမွန္က ေပၚေပါက္လာစရာအေၾကာင္းမရွိဘူးဆိုတာၿမဲၿမဲထား။ အဲ့အတြက္ မင္းဘက္က ကိုယ္ေက်နပ္တဲ့အထိ ေပးဆပ္စရာရွိတာေတာ့ ေပးဆပ္ရမွာပဲ။ ကိုယ္ဘယ္ေလာက္ထိ အင္အားႀကီးလဲဆိုတာ မင္းအသိဆုံးပါ။

မင္းမေဟာ္လက္ထဲမွ အိႏၵျေ႐ုန္းထြက္လာခဲ့သည္။ပါးျပင္ထက္သို႔ က်ဆင္းလာသည့္မ်က္ရည္စေတြကိုလည္း လ်င္ျမန္စြာသုတ္ျပစ္လိုက္သည္။"....မုန္းတယ္ အားလုံးမုန္းတယ္။ဟန္ေဆာင္ေနရတဲ့ ကိုယ့္ဘဝကိုလည္းမုန္းသလို...မင္းမေဟာ္ကိုလည္းမုန္းတယ္၊ခင္သီရိကို ကိုလည္မုန္းတယ္"

---------------ခင္အိမ္ျပန္ေရာက္တာေနာက္က်ေလသည္။ပညာေရးမႉးေတြက ခင္တို႔ေက်ာင္းကို ညေနႏွစ္နာရီခြဲေက်ာ္မွ ေရာက္လာခဲ့ၾကေလသည္။ေက်ာင္းသား၊ေက်ာင္းသူေတြကို ေက်ာင္းလႊတ္ခ်ိန္တြင္ လႊတ္ေပးၿပီး။ခင္တို႔ဆရာမေတြကိုေတာ့ တပည့္ေတြျပန္သြားမွ ဆက္လက္စစ္ေဆးေနေသးသည္။

ခင္တို႔မွာ ပညာေရးမႉးေတြေရာက္လာေတာ့မည့္ေန႕ဆိုတစ္ေန႕လုံးဗ်ာမ်ားေနရသည္။

"သမီးအိႏၵျေ...သားမေဟာ္ကိုထည့္ေပးလိုက္ပါကြယ္"

ဟုတ္ကဲ့..တီေလး!

"ငါးဖယ္ခ်ဥ္သုတ္ကို ကိုမင္းႀကိဳက္တယ္မင္းလား"

"အိႏၵျေက စားေစခ်င္ရင္ အဆိပ္ေတာင္ ကိုယ္ေသာက္လို႔ရဲတယ္"

သားမေဟာ္ရယ္...နမိတ္မရွိဘာမရွိ ဘာေတြေလွ်ာက္ေျပာေနတာလဲ!

"သားအိႏၵျေကို ဘယ္ေလာက္ထိခ်စ္လဲဆိုတာ သိေစခ်င္႐ုံပါ တီေလးရာ"

"ဟင္းးး...ဟင္း..ငါ့တူေတာ့ေနာ္"

ထမင္းစားဝိုင္းတြင္ သူတို႔ေတြလက္ဆုံစားေနၾကတာကို တံခါးေပါက္ဝကေန ခင္ျမင္လည္းျမင္သလို ၾကားလည္းၾကားရပါတယ္။

"ဒီအိမ္မွာ ခင္တစ္ေယာက္သာ လူပိုႀကီးျဖစ္ေနတာ။"

ေဟာ္ေတာ္....သမီးခင္ျပန္လာၿပီးလား...တစ္ခါတည္းထမင္းဝင္စားလိုက္ပါလား!

ခင့္ကိုျမင္သြားသည့္ ႀကီးသန္းက ဝမ္းသာအားရဆီးႀကိဳေလသည္။က်န္တဲ့သုံးေယာက္ကေတာ့ နည္းနည္းမွအဖက္မလုပ္ပါ။

ႀကီးသန္းက ခင့္လက္ေလးထဲက ဆြဲျခင္းအားယူကာ ထမင္းဝိုင္းထဲသို႔ အတင္းဆြဲေခၚလာခဲ့သည္။

"ဟုတ္ပါတယ္....မခင္သီရိကို ကြၽန္ေတာ္တို႔နဲ႕တူတူထမင္းဝင္စားပါခဲ့လားဗ်"

အိႏၵျေ...ကိုယ့္ကို ထမင္းနည္းနည္းထပ္ထည့္ေပးပါအုံး...

"လုံးလုံးထည့္ေပးပါ့မယ္..ေဒါက္တာ"

ညီမေလး...မထည့္ေပးပါနဲ႕..ကိုယ္ကအိႏၵျေထည့္ေပးတာကိုပဲ စားခ်က္တာ။ ဟုတ္တယ္မွတ္လား..တီေလး!

"သမီးအိႏၵျေ...သားကိုထမင္းခူးထည့္ေပးလိုက္ပါကြယ္"

ႀကီးႀကီး...ခင္ပင္ပန္းလာလို႔ အခန္းထဲမွာခဏအနားျပန္ယူေတာ့မယ္။

ေအးး....သမီးခင္။

ဘယ္အခ်ိန္တည္းကေရာက္ေနမွန္းမသိတဲ့သူ႕အေဒၚနဲ႕။ သူ႕ခ်စ္သူေဟာင္းကိုပါ တစ္ခါတည္းအိမ္ေခၚခဲ့ေသးတာ။ဒီအိမ္မွာခင္က ဘာအေရးပါလို႔လဲ...!!ငါလည္းတစ္ေန႕ မင္းနဲ႕အေဝးဆုံးကို ထြက္သြားမွာပါ ထက္အိႏၵျေထြန္းရယ္...။

"အဲ့က်မွ မင္းတို႔ခ်စ္သူႏွစ္ေယာက္ အဆုံးထိလက္တြဲသြားၾကေပါ့"

ခင့္ရဲ႕မြမ္းၾကပ္မႈေတြကို ေျပေပ်ာက္ခ်င္လို႔ အဝတ္ေတြမခြၽတ္ပဲ ေရဗန္းေအာက္တြင္ဒီတိုင္းထိုင္ေနလိုက္သည္။

ညစာကို ႀကီးႀကီးသန္းတို႔နဲ႕တူတူစားၿပီး ခင္အေပၚျပန္တတ္လာခဲ့သည္။အခန္းထဲေရာက္ေတာ့ သူ႕ကိုမေတြ႕ပါ။စာၾကည့္ခန္းထဲမွာ ရွိေနေလာက္မွာေပါ့။

ေဒါက္...ေဒါက္!!

"လုံးလုံးလား...ဝင္ခဲ့ပါကြယ္။ခင္ တံခါးဖြင့္ထားတယ္"

အခန္းထဲဝင္လာသူက လုံးလုံးမဟုတ္ဘဲ၊ေဒၚမ်ိဳးသႏၱာျဖစ္ေလသည္။ခင္တို႔ေနတဲ့အခန္းထဲ တစ္ခ်က္ေဝ့ၾကည့္ကာ စစ္ေဆးေနသည္။

"နင္ ငါ့အေနာက္ခဏလိုက္ခဲ့အုံး"

ဟုတ္ကဲ့...

သူ႕အေဒၚဉီးေဆာင္ရာေနာက္ကို ခင္လိုက္လာခဲ့သည္။အေပၚထပ္က ေထာင့္အစြန္းဆုံးတြင္ရွိေသာ အခန္းထဲဝင္သြားတာေၾကာင့္ ခင္လည္းလိုက္ဝင္လာခဲ့သည္။

က်ယ္လြန္းလွသည့္အခန္းႀကီးထဲတြင္ ဆိုဖာခုံႏွစ္လုံးနဲ႕ကုတင္တစ္ခုသာရွိေလသည္။အခန္း၏နံရံကိုေတာ့ မိုးျပာေရာင္ေဆးေရာင္ေတြျခယ္ထားေလသည္။

ေဒၚမ်ိဳးသႏၱာက ဆိုဖာခုံေပၚတြင္ ေျခခ်ိတ္ထိုင္ေနခဲ့သည္။ခင္သာ ဘာလုပ္ရမွန္းမသိတာေၾကာင့္ မက္တပ္ရပ္ေနခဲ့သည္။

"ေထာင့္စြန္းက တံခါးကိုဖြင့္လိုက္၊ၿပီးရင္ ငါ့ကုတင္ကို အခင္းေတြေသေသခ်ာခ်ာခင္းစမ္း"

အမိန့္ဆန္ဆန္အသံေၾကာင့္ ခင္တစ္ခ်က္ျပန္ၾကည့္လိုက္သည္။

သူအေဒၚက မ်က္ခုံးႏွစ္ခုကို ထိလုမတတ္တြန့္ခ်ိဳးထားေလသည္။ခင္ျပန္ေျပာခ်င္ေပမဲ့ မေန႕ညတည္းကမွာထားတဲ့ သူမစကားေၾကာင့္ ေထာင့္စြန္းကတံခါးကိုဖြင့္လိုက္သည္။

ညီညာစြာစီတန္းထားတဲ့ ေမြ႕ယာစြပ္ေတြထဲမွ မိုးျပာေရာင္အခင္းစကို ခင္ဆြဲထုတ္လိုက္သည္။ေမြ႕ယာေပၚသို႔ ညီညာစြာေစတနာပါပါျဖင့္ ခင္းေပးလိုက္သည္။နံရံကပ္ဗီရိုေပၚမွ ေလေဖာင္းေခါင္းအုံးနဲ႕ဖက္လုံးေတြကိုလည္း ေနရာတက်ခ်ထားေပးလိုက္သည္။

အခန္းအတြင္းမွာပါ လဲက်င္းေပးလိုက္သည္။လူအဝင္ထြက္မရွိတဲ့ ဒီအခန္းဟာ ဝင္လာတည္းက စိုထိုင္းထိုင္းအနံ႕သက္ေတြကို ခင္ခံစားေနရသည္။

အိမ္သာ၊ေရခ်ိဳးခန္း စသည့္ေနရာေတြပါမက်န္ အကုန္သန့္ရွင္းေရးလုပ္ေပးခဲ့သည္။ခင္ကိုခိုင္းတာဟာ တမင္သက္သက္ပညာျပခ်င္မွန္းခင္သိတာေပါ့။

"အေဒၚ...ခင့္ကို ဘာခိုင္းစရာရွိေသးလဲ"

ရၿပီး...။နင္ထြက္သြားေတာ့...!

"ဟုတ္ကဲ့"

သက္ျပင္းတစ္ခ်က္ခ်ကာ ခင္ျပန္ထြက္လာခဲ့သည္။ဒီဝဋ္ေတြ ျမန္ျမန္ကြၽတ္ပါေတာ့လား...။

part 5(စေနေန႕တိုင္း အပိုင္းသစ္တင္ေပးမည္)...

There are no comments yet. Log in to be the first to leave a review!

Similar stories