Fanfics

14

16:56, 8 May 2024

Italy နိုင်ငံ Milan မြို့။

ကျယ်ပျံ့လှသည့် ခြံဝန်းကြီး၏ အလည်တွင် နန်းတော်အမျှ လှပလွန်းသည့် အိမ်ကြီးတစ်အိမ်ရှိကာ ၊ အိမ်၏ ပတ်ပတ်လည်အား သစ်ပင်ပန်းမံတို့ဖြင့် ပြည့်နှံ့နေပြီး နေချင်စရာ အပြည့်ပင်။

ထိုခြံဝန်းထဲသို့ တန်းစီပြီး ဝင်လာသည့် ကားသုံးစီးအနက် အလည်တစ်စီး၏ တံခါးအား လူတစ်ယောက်ဖွင့်ပြီးသည်နှင့် လှပလွန်းသည့် မိန်းမပျိုတစ်ယောက်ဟာ အိမ်၏ အရိပ်သို့ ခြေချလာ၏။

အနက်တို့အား ဆင်မြန်းထားပြီး သူမ၏ ဆံနွယ် အနက်တို့ဟာခဲ နားရွက်အနောက်သို့ သိမ်းခြင်း ခံထားရပြီး ကျောပြင်ထက် လှပစွာ ဖြောင့်ဆင်းလျက်ရှိ။ ခြေလှမ်း တစ်လှမ်းခြင်းဆီတိုင်းမှာ သူမရဲ့ ယုံကြည်မှု‌တွေဟာ ကပ်ပါလာပြီး ‌လှပလွန်းသည့် ရုပ်ရည်ဟာလဲ ခက်ထန်လွန်းနေ၏။

ရှေးဆန်ဆန် ပြင်ဆင်ထားသည့် တံခါးကြီးပွင့်သွားပြီးနောက် အခန်းထဲတွင် စားပွဲရှည်ရှည် တစ်လုံးရှိကာ လူ လေးယောက်ရှိ၏။

" တွေ့ရတာ ဝမ်းသာပါတယ် Miss Kim ဦးနာမည်က Park Baekhyun ပါ "

" ပတ်ခ်ဆောင်းဟွန်း ရဲ့အဖေဟုတ်တယ် မဟုတ်လား "

" ဟုတ်ပါတယ် ပတ်ခ်ဆောင်းဟွန်း အဖေပါ "

Kim Anna ၏ မျက်နှာနုနုတွင် ဝမ်းသာရိပ်တို့နှင့်အတူ အပြုံးနုနုတို့ ဆင်မြန်းထားသည်ကို တွေ့နိုင်ပါသည်။

ထိုလူဟာ သူမအား ဝိုင်းတွင်ထိုင်စေပြီး သူမနှင့် ဆွေးနွေးစရာ ရှိသောအလုပ်အကြောင်းဆွေးနွေး၏။

" သမီးက Mr. Park Hyunwoo ရဲ့သား Jay Park ကို သဘောကျနေတာ မဟုတ်လား "

Baekhyun ရဲ့ စကားကြောင့် Anna ရဲ့ မျက်နှာထပ် ရှက်သွေးလေးဟာ ဖြာကျလာ၏။

" ဟုတ်ပါတယ် "

" အဲ့တော့ ဦးရဲ့သားကို ပြန်ခေါ်စေချင်တယ်ပေါ့လေ "

" ကျွန်‌မ ခပ်ပြတ်ပြတ်ပဲ ပြောပါရစေ ကျွန်မလမ်းမှာ ပတ်ခ်ဆောင်းဟွန်းက သိပ်ရှုပ်တာပဲ အဲ့တော့ ဦးလေး‌တို့ကို ပြန်ခေါ်စေချင်တယ် "

ထိုစကားကြားတော့ Baekhyun ဟာ ဟက်ဟက်ပက်ပက် ရယ်မော၏။

" ဦးအတွက် ပတ်ခ်ဆောင်းဟွန်း ဆိုတာ အိမ်က လက်သုတ်ပုဝါလိုပဲ လိုအပ်ရင်သုံးမယ် မလိုအပ်ရင် ဖယ်ထားမယ်ပေါ့ ပတ်ခ်ဆောင်းဟွန်းကို ပြန်ခေါ်ဖို့ ဦးဘက်ကို ဘာတွေများ အဆင်ပြေအောင်လုပ်သွားဖို့ ရှိလဲ "

Anna က နှုတ်ခမ်းထောင့်စွန်းလေးအား အပေါ်သို့ ကော့ညွှတ်စေပြီး ကိုင်လာသော Dior အိတ်ထဲမှ တန်ကြေးအများကြီးရှိသော ချက်လက်မှတ် တစ်စောင်အား ‌ခုံပေါ်သို့ တင်ပေး၏။

ထို့နောက် ကတ္တီပါ အနက်တို့နှင့် ပြုလုပ်ထားသော ဗူးလေးတစ်ခု။ထိုဗူးလေးထဲတွင်တော့ ဈေးကြီးကြီး စိန်တစ်လုံးပါကာ Baekhyun အား ကမ်းလှမ်းမှုကို လက်ခံစေရန် စေခိုင်းမှု အပြည့်ပါ၏။

" ဒီလောက်ဆိုရင်ရော "

" ကောင်းပြီ ဂျေးပတ်ခ်က ဒီလိုလုပ်လို့ သမီးကို ချစ်လာနိုင်ပါ့မလား "

" အကိုဂျေးအတွက် ခနလောက် ရက်စက်ပြီးရင် ကျန်တဲ့ အချိန်တွေမှာ ကျွန်မကို ချစ်လာနိုင်အောင် လုပ်နိုင်ပါတယ် "

ဂျေးပတ်ခ်လို အ‌သေးအမွှားလေးဟာ သူ့လို မိန်းမလှတစ်‌ယောက်အပေါ် မေတ္တာရှိလာဖို့ ဆိုတာ အလွယ်ကူဆုံးအလုပ် ဖြစ်သည်။ ပတ်ခ်ဆောင်းဟွန်းအား ထိုလူ့ဘဝထဲမှ ဆွဲထုတ်ပြီး ပြိုလဲနေတဲ့အချိန် တစ်ချက်လေး ကောင်းပေးလိုက်တယ်ပဲထား။

လူ့သဘာဝက ပြိုလဲနေတဲ့အချိန် ကောင်းပေးရင် ထိုလူဟာ သူ့အတွက် ကမ္ဘာကြီးလို ဖြစ်သွားနိုင်တယ် မဟုတ်ပါသလား။

Anna က ဝိုင်ခွက်ကို ဝှေ့ယမ်းရင်း ခပ်ညစ်ညစ်ပြုံး၏။ မကြာခင်မှာ ဂျေးပတ်ခ် ဆိုတဲ့ အတောင်ကျိုးနေတဲ့ ငှက်ငယ်လေးရဲ့ နားခိုရာဟာ Kim Anna ၏ ရင်ခွင်အသိုက်အမြုံသာ ဖြစ်လာတော့မည်။

MEETING YOU

" ဂျေး သားလေး "

ရုံးခန်းတံခါးဖွင့်သံနှင့်အတူ နူးညံ့သည့် အသံဟာ ရုံးခန်းထဲတို့ တိုးဝင်လာ၏။ ထိုလူမှာ ဂျေး၏ မွေးသဖခင် Mr.Park Hyunwoo သာဖြစ်၏။ အရပ်ရှည်ရှည် ထောင်ထောင် မောင်းမောင်းနှင့် ထိုလူသည် ဂျေးကဲ့သို့ပင် မေးရိုးကားကား ရှိသည် ၊ သို့သော် အသားရည်ဟာ ဥရောပ အသားရည်ဖြစ်ကာ မျက်နှာပေါက်သည်လဲ ကပြားမျက်နှာပေါက်ပင်။

ဂျေးဆီသို့ တန်းတန်းလျှောက်လာသည့် ခြေလှမ်းတွေကအစ ရိုသေထိုက်မှုတို့ဟာ အပြည့်ပင် ဖြစ်သည်။

" ဗျာ ဒယ်ဒီဘာပြောမလို့လဲ "

" သားဘယ်အချိန်ထိ ဆောင်းဟွန်းလေးကို ဖွက်ထားအုံးမှာလဲ "

ဂျေးဟာ တွေတွေဝေဝေပင် နှုတ်ဆိတ်နေ၏။ နှုတ်ဆိတ်ခြင်းဟာ အဖြေမရှိသည်ကို ကိုယ်စားပြုသည်လား။

" မသိဘူး ဒယ်ဒီ သည်းငယ် အဆင်သင့်ဖြစ်တဲ့ တစ်နေ့ပေါ့ "

Hyunwoo ဟာ သက်ပြင်းရှည်ရှည်တစ်ချက် ချ၏။ သူများသားသမီးကို ယခုလို ဖွက်ထားတယ်ဆိုတာ သူ့မိဘတွေသာ သိရင် ဘယ်လိုတောင် စိတ်ပူနေလိမ့်မလဲကွယ်။

ဂျေးက ခေါင်းအနောက်အား လက်ထားကာ မျက်နှာကြပ်သို့ မော့ကြည့်၏ ၊ ထို့နောက် ရေးရေးလေးပြုံးကာ သက်ပြင်းချပြီး။

" Cornie လေးတွေ ကျွန်တော့်ကို စိတ်ပျက်သွားနိုင်တယ်လို့ ဒယ်ဒီထင်လား သူတို့သဘောကျ နှစ်သက်တဲ့ idol တစ်ယောက်က ယောင်္ကျားလေးတစ်ယောက်ကို သဲသဲလှုပ်ချစ်နေတယ်ဆိုတာကို သိသွားတဲ့ တစ်ချိန်ကြရင်လေ "

" ခနလောက်တော့ စိတ်ပျက်ပင်မဲ့ သားကို အကောင်းဆုံး ချစ်ပေးမှာပါ "

" အဲ့လို မျှော်လင့်ရတာပေါ့ "

ပင်ပန်းလိုက်တာချစ်သူရယ်။ မင်းရဲ့ အသိုင်းအဝိုင်း သူငယ်ချင်းတွေ ကိုယ့်ဆီက ခိုးယူသွားမှာကို ကြောက်ပြီး ခိုးကြောင်ခိုးဝှက် ချစ်နေရတာ ပိုပြီး ပင်ပန်းတယ် ၊ လွတ်လွတ်လပ်လပ်ပဲ ချစ်ချင်တယ်ကွယ် တလောကလုံး မင်းက ကိုယ့်ချစ်သူဆိုတာ သိသွားတဲ့အထိ ချစ်ချင်တယ်။

" ဒါနဲ့ ဒယ်ဒီဘာအတွက် လာတာလဲ "

" Kim Anna ကို လျော့မတွက်နဲ့ငါ့သား "

ဂျေးရဲ့ မျက်ခုံးတို့ဟာ ထိစပ်မတတ် ‌တွန့်ကွေးထား၏။

" အခုထိတော့ ငြိမ်နေသေးတယ် ပိုကြီးတဲ့ အင်အားနဲ့ မင်းအနားကို ရောက်လာလိမ့်မယ် ဒီလောက်ပဲ ဆောင်းဟွန်းလေးကို ဂရုစိုက် "

" ဒယ်ဒီ ပြောစရာမလိုပါဘူး "

Hyunwoo ဟာ သဘောကျစွာရယ်ရင်း ပတ်ခ်ဆောင်းဟွန်း စိတ်ကြောင့်မွှန်‌နေသော သူ့သားအား တစ်ချက် ကြည့်ကာ ရုံးခန်းထဲက ထွက်သွား၏။

ရုံးခန်းထဲတွင် တိတ်ဆိတ်နေသော လေဟာနယ်နှင့်အတူ အတွေးများစွာဖြင့် ရုံးခန်းအလည်တွင် ထိုင်နေသော ဂျေးသာ ‌ကျန်ခဲ့တော့သည်။ ဘာကြောင့်များ လူတွေဟာ ဂျေးနဲ့ ဆောင်းဟွန်းကို ခွဲချင်နေကြရတာလဲ ၊ သူတို့နှစ်ယောက် ချစ်ကြတာ ဘယ်အရာကများ မှားသွားလို့လဲ။

Kim Anna ဟာ ဘာနဲ့တူလဲဆိုရင် The Little Mermaid ထဲက ရေဘဝဲနဲ့ တူသည်။ အရာရာကို ချုပ်ကိုင်နိုင်ပြီး ရက်စက်ကောက်ကျစ်သည်။

ဂျေးရဲ့ ဘဝကို The Little Mermaid နဲ့ ဖော်ပြရမယ်ဆိုရင် ဂျေးဟာ မင်းသား Eric ဖြစ်ပြီး ပတ်ခ်ဆောင်းဟွန်းကတော့ Ariel မင်းသားလေး Jay Park ကြိုက်နေတဲ့ ခပ်ချောချောကောင်လေး ဖြစ်ကာ ၊ Kim Anna ကတော့ ကောက်ကျစ်တဲ့ ရေဘဝဲမ Ursula ဖြစ်သည်။

သို့သော် အဆုံးတွင်တော့ Happy Ending လေး ဖြစ်သွားနိုင်ပါသည်။

" လုပ်နိုင်မယ်ထင်ရင်လုပ်ပေါ့ ငါချစ်တာ ပတ်ခ်ဆောင်းဟွန်းပဲ "

                     MEETING YOU

ဆောင်းဟွန်း ဂျေးမရှိတုန်း ဂျေး၏ စာကြည့်ခန်းထဲ ဝင်ကာ လျှောက်ကြည့်နေမိသည်။ အိမ်၏ နေရာတိုင်းကို ရောက်ဖူးပင်မဲ့ ဂျေး၏ စာကြည့်ခန်းက‌တော့ ပထမဦးဆုံးပင် ၊ ဂျေးက ပျင်းရင်ဝင်ကြည့်လို့ ပြောပင်မဲ့ privacy ကို လေးစားတဲ့အတွက် မဝင်ခဲ့တာ ဖြစ်သည်။

ခပ်ညိုညိုအခန်းလေးသည် vintage vibe အပြည့်ရစေပြီး စာရွက်အနံ့တို့ဟာလဲ အခန်းထဲ သင်းလျက်ရှိ၏။ အခန်းထဲတွင်တော့ မြောက်မြားလှတဲ့ စာ‌အုပ်အချို့နဲ့အတူ စားပွဲခုံ အညိုလေးနဲ့အတူ ဆိုဖာ အညိုလေးတစ်ခုရှိ၏။

သောက်လက်စ ကော်ဖီအေးစက်စက် တစ်ခွက်ရှိပြီး စာကြည့်မျက်မှန်လေး တစ်ခုဟာ အချစ်ဝတ္ထုပေါ်တွင် ထားထား၏။ ဆောင်းဟွန်း စပ်စုရသလောက်တော့ အချစ်ဝတ္ထုနှင့် သမိုင်း စာအုပ်များဖြင့် ပြည့်နှံ့နေသည်။

နာမည်ကြီး စာအုပ်တစ်အုပ်ဖြစ်တဲ့ the oxford history of ancient egypt ဆိုသည့် စာအုပ်ဟာ ဖတ်လက်စ စာအုပ်ဖြစ်နိုင်သည်။

ဆောင်းဟွန်း ခေါင်းထဲဝင်လာသည့် အတွေးတစ်ခုသည် 'ဂျေးသာ သုသေတီတစ်ဦးဖြစ်လာခဲ့ရင်' ဆိုသည့်အတွေးဖြစ်က အကယ်၍ ဖြစ်နိုင်ခဲ့ရင် နာမည်ကျော် သုသေသီ တစ်ဦးဖြစ်လာပြီး မည်သူမျှ မယဉ်နိုင်သည့် သုသေသီ တစ်ဦးဖြစ်လာနိုင်သည်။

အတွေးလွန်နေချိန် သူ့အကြည့်အား ဖမ်းစားလိုက်သည့် စာအုပ်အနက်လေးတစ်အုပ်။ Diary စာအုပ်လေး တစ်အုပ်ဖြစ်ကာ သေသေသပ်သပ် ရှိနေ၏။

ကြိုးဖြင့်ရစ်ပတ်ထားသော စာအုပ်လေးအား ဖတ်ရန် ဖြည်လိုက်တော့ ပထမဦးဆုံး စာမျက်နှာ၌ ရှိသော လက်ရေးလှလှတို့သည် ‌ဆောင်းဟွန်းအား အပြုံးနုနု ဆင်မြန်းစေသည်။

* Jay Park Diary *

တစ်ရွက်ချင်းဆီတိုင်းမှာ တစ်နေ့တာရဲ့ အလွဲများနှင့် ၊ အပျော်ရွှင်ဆုံးနေ့တွေကို ချရေးထားသည့် ဂျေး၏ လက်ရေးဟာ စာရွက်ဖြူဖြူထက် ရှင်းလင်းစွာ ဖော်ပြလျက်ရှိနေ၏။

* ဒီနေ့ ကျွန်တော် ကိုရီးယားပြန်ရောက်တယ် ၊ ဟိုတယ်အောက်ထပ်မှာ steak ဝင်စားနေတုန်း ဝန်ထမ်းလေးတစ်ယောက်နဲ့ တွေ့တယ် အသားရည်က ဖွေးဥပြီး ချစ်စရာအပြုံးလေးနဲ့ ကောင်လေးကို မြင်မြင်ချင်း သဘောကျသွားတယ် ၊ ယောင်္ကျားလေးဆိုပင်မဲ့ မိန်းကလေးတွေလိုမျိုး အရမ်းလှတယ် *

မှင် အမဲတို့ဖြင့် ရေးထားသော ထိုစာပိုဒ် လေးသည် ဆောင်းဟွန်းအား ရှက်သွေးဖြာစေသည်။

နှစ်ရွက်မြောက်မှ စ၍ ရေးထားသော အကြောင်းအရာတို့ထဲတွင် ဆောင်းဟွန်းဟာ မပါမဖြစ် ၊ ပြီးတော့လဲ ဆောင်းဟွန်း ဘယ်လောက်လှကြောင်းလဲ မပါမဖြစ်။

" ဘယ်လိုလဲ ကြိုက်လား "

ခါး၌ သိုင်းဖက်လာသည့် လက်သန်သန်မာမာ တစ်ခုနှင့် လည်ပင်းထက် ကျရောက်လာတဲ့ နှာတံချွန်ချွန်တစ်ခု။ မျက်လွှာများအား ချထားကာ ဂျေးက လည်ပင်းထက်နမ်းရှိုက်နေ၏။

" ဂျေး ခများက ကဗျာဆန်တာပဲ "

" Hk! မင်းက အခုမှသိတာလား ၊ အရင်တုန်းက သမိုင်းအကြောင်းတွေ နည်းပညာအကြောင်းတွေပဲ ဖတ်တဲ့‌ကိုယ်က မင်းနဲ့ကြမှ အချစ်ဝတ္ထုတွေ ဖတ်ဖြစ်သွားတာ သည်းငယ်ရဲ့ "

ဆောင်းဟွန်းက ခေါင်းလေးအနည်းငယ် စောင်းကာ ဂျေး၏ ချောမောလှသော ရုပ်ရည်အား ကြည့်၏။ ‌ခန့်ညားသည် တစ်စက်ထဲမှာပဲ သေလောက်အောင် ချောလှလွန်းသည်။

" သည်းငယ် ကိုယ်တို့ ခရီးထွက်ကြမလား "

" ထူးဆန်းလို့ပါလား ဘာတွေစိတ်ညစ်စရာ ရှိလို့လဲ "

ဂျေးက သက်ပြင်းချ၏ ၊ ဆောင်းဟွန်းအား သူ့ဘက်သို့ လှည့်စေ၏။

" Kim Anna ကြောင့်ပေါ့ အဲ့မိန်းကလေး- "

" ကျွန်တော်ဘာပြောထားလဲ ဂျေး! ကျွန်တော်နဲ့ အတူတူရှိနေတဲ့အချိန် အခြားမိန်းကလေး အကြောင်း မတွေးပါနဲ့လို့! "

သဝန်တိုတတ်တဲ့ သူ့ချစ်သူလေး ရှေ့မှာ ဒီလိုပြောရတာဟာ ဂျေးအကြိုက်ဆုံး အရာပင်ဖြစ်သည်။ ဒါဟာ ချစ်သူလေးစကားကို နားမထောင်တာ မဟုတ်ရပါ ၊ ချစ်သူလေး သဝန်တိုတာကို မြင်ချင်လို့ပင် ဖြစ်သည်။

ဒီလို ဆိုမှ သူ့သည်းငယ်က တဖြေးဖြေး သူ့ကို သဝန်တိုပြီး ပိုပိုချစ်လာမှာ မဟုတ်လား။

" ခရီးက ဘယ်ကို ထွက်မှာလဲ "

" ပြင်သစ် သွားကြမလား အချစ်မြို့တော်ဆီ ခရီးနှင်ကြရအောင်လေ "

ခပ်ညစ်ညစ် ပြုံးလာတဲ့ ဂျေးရဲ့ စိတ်ထဲတွင် ဘာတွေတွေးနေလဲဆိုတာ ဆောင်းဟွန်းသိနိုင်သည်မို့ ဂျေး၏ လက်မောင်းအား အားပါပါတစ်ချက် ရိုက်ချလိုက်တော့ ဂျေးဟာ သူ့အား ပန်းနှင့်ပေါက်သည်များ ထင်နေသည်လား။

" သွားကြမယ်လေ ကျွန်တော်လဲ ပြင်သစ် သွားချင်နေတာ "

" ဒါဆို ကိုယ် လက်မှတ်တွေ ဝယ်ထားမယ် airport မှာရှိတဲ့ media သမားတွေရဲ့အရှေ့မှာ သည်းငယ်ကို လက်ဆွဲပြီး ပြင်သစ်ကို သွားကြမယ် ဟုတ်ပြီလား "

" အွန်း! သွားကြတာပေါ့ "

ပျော်ရွှင်မှုတို့‌ဖြတ်ပြေးသွားတဲ့ ဂျေးရဲ့ မျက်နှာနုနုဟာ အပြုံးလှလှကြောင့် ကြည်လင်တောက်ပလျက် ရှိနေသည်။

ဟိုတယ်၏ စားသောက်ဆိုင်မှ စခဲ့သည့် ဇာတ်လမ်းလေး၏ သံယောဇဉ်ကြိုးသည် ထင်ထားသည့်ထက် ပို၍ပင် ခိုင်မြဲခဲ့သည် ၊ စချည်တုံးက ဂျေးဘက်က ဆိုပင်မဲ့ ပိုပြီးခိုင်မြဲအောင် ချည်နှောင်ခဲ့သည့် လူဟာ ဆောင်းဟွန်း သာ ဖြစ်သည်။

He fell first but, he fell harder.

MEETING YOU

" ဂျေး ကျွန်တော်ကြောက်တယ် "

တရွေ့ရွေ့ မောင်းနှင်နေတဲ့ အနက်ရောင် ကားတန်းကြီးထဲက အလည်စီးတွင် နာမည်ကြီး model , actor , singer Jay Park နှင့်အတူ သူ့၏ အချစ်ရဆုံး ချစ်သူ ပတ်ခ်ဆောင်းဟွန်းတို့ဟာ ပြင်သစ်သို့ ထွက်ခွာရန် အပြည်ပြည်ဆိုင်ရာ ‌လေဆိပ်သို့ သွားနေကြ၏။

စိတ်လှုပ်ရှားနေသော ဆောင်းဟွန်း၏ လက်ဖမိုးလေးတွေကို ဆုပ်ကိုင်ရင်း ဂျေးဟာ ဆောင်းဟွန်းအား အမြတ်တနိုးကြည့်၏။ ထို့နောက် ပါးနုနုအား အုပ်ကိုင်ရင်း ... ။

" မင်းကို ချစ်လို့ ကိုယ့်ကိုမုန်းရင် မုန်းပါစေ ၊ ကိုယ့်ကို ဆဲဆိုကြပါစေ ကိုယ်ခံနိုင်တယ် စိတ်ချ သူတို့ တိုက်ခိုက်မှုဒဏ်တွေ မင်းဆီမရောက်စေရဘူး ကြားထဲမှာ မင်းအတွက် တံတိုင်းကြီး ကိုယ်တစ်ယောက်လုံးရှိနေလို့ပဲ "

ဆောင်းဟွန်း လေးပင်စွာဖြင့် ခေါင်းညိမ့်မိသည်။ သူ့ကြောင့် ဂျေး အနုပညာလောကထဲမှာ မျက်နှာမရတော့ရင် ဘယ်လိုလုပ်မလဲ။

" ကျွန်တော့်ကြောင့် ခများ အနုပညာလောကမှာ မျက်နှာမရတော့ရင် ဘယ်လိုလုပ်မလဲ "

ဂျေးက ဟက်ဟက်ပက်ပက် ရယ်သည်။

သူ့လို ရုပ်ချော ၊ ရေလျှံပြီး နာမည်ကြီးတဲ့ အနုပညာရှင်ဟာ ဘာကြောင့်များ အနုပညာလောကမှာ မျက်နှာမရစရာ ဖြစ်ရမှာလဲ။

" တစ်မိုးအောက်က ဂျေးပတ်ခ်ပါ သည်းငယ်ရယ် ကိုယ်နဲ့မင်း ကိုပိုလို့တောင် ချစ်လာအုံးမယ် "

" ကောင်းပါပြီဗျာ "

ဂျေးက ပြုံးလျက် ဆောင်းဟွန်း၏ပါးထဲသို့ နစ်ဝင်သွားသည်အထိ နမ်းရှိုက်၏။

တောင်ကိုရီးယား အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ဂျေးပတ်ခ်အား စောင့်မျှော်နေကြတဲ့ ပရိသတ်များနှင့် media တို့ဟာလဲ ဒုနဲ့ဒေးနဲ့ကို ရှိ၏။ ကားတန်းများ ရပ်ချိန် ကားထဲက ထွက်လာတဲ့ ဂျေးဟာ ဘယ်ဘက်လက်တွင် အိတ်တစ်အိတ်‌ကို ကိုင်ထားကာ ညာဘက်လက်ကတော့ ကောင်လေးတစ်ယောက်ရဲ့ လက်ကို တင်းကြပ်စွာ ကိုင်ထား၏။

ထိုကောင်လေးရဲ့ ရုပ်ရည်ဟာ mask အောက်တွင် မည်မျှတွင် ချောမောမလဲဟု မကြာခင်တွင် hot search ဝင်နိုင်သည်မှာ ဧကံမလွဲ။

" ဂျေးဘေးနားက ကောင်လေးက ဘယ်သူလဲ ချောလိုက်တာ!! "

Fan girl တစ်‌ယောက်ရဲ့ အသံကြားတော့ ဂျေးက ပြုံး၏။ ပြီးနောက် သူ့ကိုယ်သူ လက်ညိုးထိုးပြကာ..။

" My Boyfriend "

" Oh my god!! "

ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ အံ့ဩသံတွေကြောင့် ဆောင်းဟွန်း၏ ပါးဟာ သေချာပေါက် mask အောက်တွင် ပန်းရောင်လေး သန်းနေနိုင်သည်။

ဂျေးကတော့ ချစ်ချင်းတို့ ပြည့်နှံ့နေသည့် အကြည့်တို့နှင့်အတူ စနောက်ချင်စိတ် အပြည့်ပါနေတဲ့ အပြုံးတို့အား ဆင်မြန်းထား၏။

" ရှက်နေတာလား ကိုယ့်သည်းငယ် "

" ခများ လူကြားထဲ အထိုးမခံရခင် ငြိမ်ငြိမ်နေနော်! "

အံအားကြိတ်ကာ ပြောလိုက်တဲ့ ဆောင်းဟွန်းဟာ မည်မျှပင် ရှက်နေကြောင်း ပြသလျက်။သို့သော် ဂျေးကတော့ ‌ပတ်ခ်ဆောင်းဟွန်း ရည်းစားပီပီ စနောက်ချင်ပါသေးသည်။

" နှုတ်ခမ်းနဲ့လား? "

" ခများ မိုက်ရိုင်းလှရီလား "

" အဲ့လို ရင့်သီးတဲ့ စကားတွေမပြောပါနဲ့ သည်းငယ်ရယ် နှလုံးသားက နုနုလေးရယ် "

" ခများကတော့လေ! "

လူကြားထဲမှာမို့ ဆောင်းဟွန်းအား တင်းကြပ်စွာ ဖက်ရင်း မနမ်းရှိုက်မိစေရန် ကိုယ့်ကိုယ်ကို ထိန်းချူပ်ရသည်မှာ အတော့်ကို ခက်ခဲလှပါသည်။

ပျော်ရွှင်စရာများ ပြည့်နှံ့ချင်းနှင့်အတူ ခရီးနှင်ခဲ့သည်မှာ ပြင်သစ်ဆီသို့။

MEETING YOU

" သူတို့ ပြင်သစ်သွားတယ် သေချာလိုက်ထား "

စားပွဲခုံပေါ် ပြစ်တင်ခြင်း ခံလိုက်ရတဲ့ မြောက်မြားလှသည့် ငွေသားများပါသော စာအိတ်အဖြူလေးသည် ထွားထွားကြိုင်းကြိုင်း လူတစ်ယောက်၏ ယူဆောင်ခြင်းကို ခံလိုက်ရ၏။

စားပွဲခုံ အနက်၏ အနောက်တွင်ရပ်နေသော အရှိန်ဝါကြီးသည့် အမျိုးသမီးတစ်ဦး၏ အကြည့်တို့ဟာလဲ ခက်ထန်လွန်းနေ၏။ထိုစူးရှနေသော မျက်ဝန်းတို့သည် သူ့ရှေ့က လူ၏ လူအား စိုက်ကြည့်ကာ လိုချင်သာ့် ပုံစံအား ပြော၏။

" ပြင်သစ်မှာ သူတို့လုပ်သမျှအရာတိုင်း ငါသိချင်တယ် သူတို့ ဘယ်အချိန်ထတယ် ဘယ်အချိန် အိပ်တယ်က အစသိချင်တယ်ကွယ်! နောက်ပြီး ကိုရီးယား ပြန်ရောက်ရင် ပတ်ခ်ဆောင်းဟွန်း နဲ့ဂျေး ကို ပြန်ပြေးစွဲလိုက်! "

" ဟုတ်ကဲ့ပါ မမလေး "

" ငါ ယုံကြည်လို့နော် John နောက်ပြီး အမှားမလုပ်မိစေနဲ့ "

ထိုလူဟာ သူ့ထက် အားနည်းသော မိန်းကလေးအား ခါးကျိုးမတတ် ဦးညွှန့်ရင်း ရုံးခန်းထဲမှ ထွက်သွား၏။

ရှုပ်ထွေးနေတံ့ စိတ်တို့အား ကြည်လင်စေရန် Anna ဝရန်တာသို့ ထွက်လာခဲ့သည်။ အလုပ်ရှုပ်နေကြသော လူအချို့နှင့် လမ်းမ၌ သွားနေကြသော ကားတို့ဟာလဲ Anna မျက်စိထဲတွင် ကန့်လန့်တိုက်‌လို့နေသည်။

ပင်ပန်းလိုက်တာ ... ။

ကိုယ့်ကိုမချစ်တဲ့ လူတစ်ယောက်ကို ပြန်‌ချစ်အောင် အမျိုးမျိုး ကြိုးစားနေရတဲ့ အခြေအနေကြီးက သိပ်ကိုမှ ပင်ပန်းဖို့ ကောင်းတယ်။

ဂျေးရယ် .. ရှင်သိပ်ချစ်တဲ့ လူက ပတ်ခ်ဆောင်းဟွန်း မဟုတ်ပဲ ကျွန်မဖြစ်ချင်လိုက်တာ။

ပလူပျံနေတဲ့ ဂျေးရဲ့ airport တွင် ချစ်သူကောင်လေးနဲ့ အတူတူခရီးထွက် တယ်ဆိုတဲ့ သတင်းတွေဟာ မမြင်ချဂ်မှ အဆုံးထွက်ပေါ်နေလေသည်။ Anna စိတ်ရှုပ်စွာဖြင့် လက်ထဲ ကိုင်ထားသော ဖုန်းအား ရုံးခန်းအတွင်းသို့ ပြစ်ပေါက်လိုက်တော့ ဖုန်းဟာ တစစီကွဲသွားလေသည်။

မကြာခင် ကျရောက်တော့မဲ့ ကိစ္စရပ်အကြီးကြီးတစ်ခုမှာ ဂျေးက သူ့ကို မုန်းနိုင်ပင်မဲ့ ဒါဟာ သူ့ရဲ့ အတ္တတွေကြောင့် ဖြစ်လာရတာပါ။

တရွေ့ရွေ့ ရွေ့လျားနေတဲ့ တိမ်စိုင်တွေကို မော့ကြည့်ကာ တစ်ခုခုကို စိတ်ကူးယဉ်နေမိသည်။ သူမရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ‌တော့ ဂျေးဟာ သူမကို သိပ်ကို ချစ်ပါသည်တဲ့။ သို့သော် လက်တွေ့ဘဝမှာ‌တော့ ဂျေးဟာ သူမကို နတ်ဆိုးတစ်ပါးလို ဆက်ဆံနေပါသည်။

မာနကို ဘုရားလို ကိုးကွယ်တဲ့ သူမဟာ ဂျေးပတ်ခ် တစ်ယောက်အတွက်နဲ့ပင် မာနတွေရော သိက္ခာတွေပါ ခဝါချပြီး နစ်နစ်ကာကာ ချစ်ပေးတာပါ။

" အတ္တ ၊ လောဘတွေကိုသာ ဖယ်ခွာလိုက်ရင် ကျွန်မက ရှင့်ကို သိပ်ချစ်တာပါ ဂျေးရယ် "

တိုးဝှေ့နေသော လေညှင်းများဟာ သူမကို တိုးတီးစွာ ပြောသွား၏...။

ဂျေးပတ်ခ်က သူမ မဟုတ်တဲ့ အခြားတစ်‌ယောက်ကို ချစ်နေပြီမို့ မေ့လိုက်ပါတော့တဲ့။

ကပ်တွယ်နေမဲ့အစား လွှတ်ပေးလိုက်တာဟာ နာကျင်မှု သက်သာမယ်မှန်း သိပင်မဲ့ ရူးမိုက်စွာပင် ကပ်တွယ်နေမိသည်။

MEETING YOU

8.4.2024

မွေးနေ့ဆုတောင်းတွေ အတွက်အများကြီး ကျေးဇူးတင်ပါတယ်ရှင့် နောက်လဲ ဒီ့ထက် ပ်ုကောင်းတဲ့ fic တွေရေးနိုင်အောင် ကြိုးစားပါ့မယ်

တင်ပြီးပြီ ထင်နေတာ :)

There are no comments yet. Log in to be the first to leave a review!

More by o-carolwolf

Similar stories