extra EXTRA
17:49, 29 August 2025"ပါးပါး!! ပါးပါး!!"
မနက်မိုးလင်းရုံသာ ရှိသေးသော်ငြား ငိုယိုကာ Phuwin ကို လာရှာသည့် သူ့သားအား ရိုက်သာ ထုတ်ချင်တော့သည်။
"လာပါအုံး ပါးပါးရဲ့ သားလေး"
သူ့ရင်ခွင်ထဲကနေ ထွက်ကာ Phumပေါက်စကို ရင်ခွင်ထဲလာရန်လက်ဖြန့်ပေးသည့် Phuwin ကို မကျေမနပ်ကြည့်မိသည်။
"အယ် Nara မျက်နာက ဘာဖြစ်တာလဲ"
"ဘာမှမဖြစ်ဘူး"
"ချစ်စရာကောင်းတဲ့ Phuရဲ့ Nara လာပါအုံး နမ်းချင်လို့"
"အခုမှ"
အပြောကတော့ အနမ်းမခံချင်သလို ဖြစ်နေပေမယ့် တကယ့်လက်တွေ့မှာတော့ သူဟာ သူအချစ်ဆုံးလေးဘေးကိုရောက်နှင့်နေပြီ။သူ့မျက်နာတစ်ခုလုံး၏ အစိတ်အပိုင်းတစ်ခုချင်းဆီအား ဂရုတစိုက်နမ်းရှိုက်ပေးသည်ကို ပျော်ပျော်ကြီး ခံယူနေမိသည်။
"ပါးပါး Phumကို နမ်း"
အနမ်းမခံရတဲ့ Phumက အသံသေးသေးနဲ့ တောင်းဆိုလာပြန်သည်။
"ဒယ်ဒီလို့ခေါ်ရင် နမ်းပေးမယ်"
"ဘယ်ဘီ"
တကယ်က Phum သပ်သပ်လုပ်နေသည်လို့ခံစားရသည်။သားယောက်ျားလေးတွေက စကားအတတ်နှေးပေမယ့် သူ့သွေးပါတဲ့ ဒီသားပေါက်စက သွက်မှန်းသူသိသည်။
အမြဲတမ်း Phum နဲ့ ရန်ဖြစ်ကာ Phuwin ကို လုနေလို့ ဒီပေါက်စက သူ့ကို မခေါ်ချင်တာ ဖြစ်ရမည်။
"No No ဒယ်ဒီ သေချာပြော မပြောရင် Phumကို မနမ်းတော့ဘူး"
"ဒယ်ဒီ"
"အားတော်လိုက်တာ ပါးပါးသားက"
Phuwin က Phum၏ မျက်နာလေး တစ်ခုလုံးကို အာဘွားပေးသောအခါ Phuwin ရင်ခွင်ထဲကနေ ပြုံးပြလာသည်။
သူနဲ့ တစ်ရုပ်တည်း တူတဲ့ အပြင် အကျင့်တစ်ထပ်တည်းတူသည်မို့ Phuwin ကို လုရတာဟာလဲ နေ့စဉ်ကြုံတွေ့နေရတဲ့ ပြဿနာမဟုတ်သော ပြဿနာတစ်ခု။
"ပါးပါး နာနာ"
Phuwin ရဲ့ လည်သားဖြူဖြူထက်က သူပေးထားတဲ့ အနီရောင်အလှတရားများကို လက်ညှိုးထိုးကာ နာနာဟု ငိုကာ ပြောလာတော့ သူရော သူ့အချစ်လေးပါ ချော့ရခက်လာသည်။
"ပါးပါး ဘူလုပ်တာလဲ"
ရှိုက်ကာငိုရင်း မေးလာတဲ့ ကလေးက သူ့ပါးပါးကိုတော့ စိုးရိမ်မှုအပြည့်။
"ဘာမှမဖြစ်ပါဘူး ပါးပါးအဆင်ပြေတယ်နော်"
Phum က အနာကို လက်ညှိုးထိုးကာ ငိုတိုင်း သူ့ကိုကြည့်တဲ့ကောင်လေး၏ ပါးပြင်လေးအားနမ်းရသည်မှာ အမော။
"ဒယ်ဒီ လုပ်တာမလား"
"အယ် မဟုတ်"
"လိမ်နဲ့ "
အထူအပါးနားလည်ပုံကတော့ လုံးဝဆရာတင်ရမည်။
"Phum ဒယ်ဒီက ပါးပါးကို ချစ်လို့ လုပ်ပေးတာပါးပါးလဲ မနာဘူး"
သူကပဲ ဝင်၍ ဂုဏ်ယူဝင့်ကြွားစွာ ဖြေရသည်။Phuwinလေးက အရှက်သည်းနေသည်မဟုတ်လား။
"Phum လဲ ပေးမယ် ပါးပါးကို"
"မရဘူး!! Phumကြီးလာလို့ ချစ်သူတွေ့မှပေးရတာ ပါးပါးကလဲ ဒယ်ဒီပေးတာပဲ ကြိုက်တာ Phum ရည်းစားရရင်ပေး"
"ရည်းချား ရည်းချား ရည်းချားရရင်ပေးမယ်"
ကုတင်ပေါ်မှာ ခုန်ပေါက်ကာ အော်ဟစ်နေတဲ့ သားဖြစ်သူကြောင့် ခေါင်းခါမိသည်။ဒီလိုမျိုးရယ်မောသံအပြည့်နဲ့ မနက်ခင်းက သူ့အတွက်တော့ အပြီးပြည့်စုံဆုံးပါပဲ။
- - - - - -
"Nara !! Phum!!!"
ပုံမှန်ဆို ဧည့်ခန်းမှာထိုင်ကာ အကြောင်းရှာ ရန်ဖြစ်နေကြတဲ့ သားအဖတွေဟာ ဒီမနက်မှာတော့ ရှာမတွေ့ခဲ့။
"ဘယ်များသွားတာပါလိမ့်"
စိတ်အလိုမကျစွာ ရေရွတ်ရင်း ဧည့်ခန်းဆိုဖာပေါ်တွင်ထိုင်ကာ TVဖွင့်လိုက်သည်။အစက မနက်စာပြင်ဆင်ရန် စီစဉ်ထားပါသော်လည်း သားဖနှစ်ယောက်ကို အစအနရှာမရ၍ ဘာမှမပြင်ဆင်ချင်တော့။
"ပါးပါးရေ"
ဘယ်ကပြန်လာလဲမသိ အသံဆာဆာနဲ့ ဝင်လာတဲ့ ကလေးပေါက်စနဲ့ ထိုကလေးနဲ့အတူဝင်လာတဲ့ အမြဲကြည့်ကောင်းနေေသာသူ၏အမျိုးသားကို မြင်တော့ သူ့မှာမပြုံးပဲ မနေနိုင်။
"ဘယ်ကပြန်လာတာလဲ ပါးပါးရဲ့ သားလေးက "
"ဒယ်ဒီနဲ့ တူတူ ပါးပါး စားချင်တဲ့ စတော်ဘယ်ရီ သွားဝယ်လာတာလေ Phum ရေသွားဆေးပြီး ယူလာမယ်နော်"
သူ့ပါးကို နမ်းကာ စတော်ဘယ်ရီဘူးကိုင်၍ မီးဖိုချောင်ထဲဝင်သွားတဲ့ သားသားကို ကြည့်ရင်း ပြုံးမိပြန်သည်။
"Phu နေလို့မကောင်းတာရှိလား ဘာလို့ အပြင်ထွက်လာတာလဲ"
"Naraရယ် ကိုယ်ဝန်လေးရှိတာပါ ဖူးဖူးမှုတ်စရာ မလိုပါဘူး Phumလေးတောင် မွေးပြီးပြီကို"
"ကိုယ့်အချစ်လေးကို စိတ်ပူတာပေါ့လို့ လာပါအုံး ကိုယ့်ကိုကြည့်ပါအုံး နမ်းအုံးမယ် ဒီနှုတ်ခမ်းလေး မနက်ထဲက လွမ်းနေရတာ"
သူထိုင်နေတဲ့ ဆိုဖာခုံပေါ်လာထိုင်ကာ သူ့ကို မျက်နာချင်းဆိုင်ခိုင်းလိုက် နှုတ်ခမ်းလေးနမ်းလိုက် ပါးလေးနမ်းလိုက်နှင့် Nara၏ သူ့အေပါ်ကို အချစ်များ လျော့မသွားသေးသည်ကို ခံစားရသည်။
သူ့မှာ ကိုယ်ဝန်ရှိတာ ခြောက်လရှိပြီဖြစ်တာမို့ Nara ရဲ့ စိုးရိမ်ပူပန်မှုတွေကို သူကိုယ်တိုင်တောင်ခံစားမိပါသည်။
Phum ကလဲ ဒီနှစ်ထဲမှာ မူလတန်းစတတ်ပြီမို့ လူကြီးပေါက်စလေးလို စကားပြောဆိုတတ်နေပြီ။မပြောင်းလဲသည်က သူ့ကို လုယက်နေကြတာပါပဲ။
"ပါးပါး စတော်ဘယ်ရီလာပါပြီ ဒယ်ဒီ နေပူထဲက ပြန်လာပြီး ပါးပါးနားမကပ်နဲ့ချွေးတွေနဲ့ကို ဖယ် ဖယ်"
"ဘာဖြစ်လဲ ဒါ ငါ့အချစ်လေး မင်းကပ်နေချင်ရင် မင်းအချစ်လေးရှာပြီး ကပ်နေ"
ကလေးနဲ့ အပြိုင် ရန်ဖြစ်တဲ့ Naraပုံစံဟာလည်း သူ့သဘောအကျဪဆုံး ပုံစံတစ်မျိုးပါပဲ။
"ပါးပါး Phumကို နမ်းပါအုံး Phumက လိမ်မာတယ်နော်"
"Phu ချစ်ချစ်လေး ကိုယ့်ကို နမ်း ကိုယ်က ပိုလိမ်မာတယ်"
"မလိမ်မာပါဘူး ဒယ်ဒီက ပါးပါးကို လိုက်ကိုက်နေတာ"
"ငါ့အချစ်မို့ ငါကိုက်တာကွ"
သားအဖနှစ်ယောက်ရဲ့ ရန်ပွဲက စ၍ ပြင်းထန်လာတော့သည်။စတော်ဘယ်ရီသီးလေးကို ကောက်ကိုင်ကာ စားလိုက်တော့ ချစ်ခြင်းမေတ္တာတွေအပြည့်နဲ့ ရှာဝယ်လာလို့ ထင်သည် ချိုမြိန်လွန်းလှသည်။
"အိုး စတော်ဘယ်ရီသီးက ချိုနေရောပဲ မနက်အစောကြီး သွားဝယ်ပေးတဲ့ ကြည့်ကောင်းလှတဲ့ Phuချစ်ရတဲ့ Phu. ယောက်ျားရော ချစ်စရာကောင်းတဲ့ Phumလေးရော လာပါအုံး ပါးပါးကနမ်းချင်လို့"
နှစ်ယောက်လုံးကို အနားဆွဲကာ ပါးလေးတစ်ဖက်ဆီ အနမ်းပေးလိုက်သည်။Naraကတော့ ပြုံးကာနေရင်း သူ့နှဖူးလေးကို နမ်းလာသည်။
Phumရော Naraရောက သူ့ဗိုက်လေးကို ပွတ်ရင်း သူ့ပါးလေးကို နမ်းကာ သူအား မည်မျှချစ်ကြောင်း ပြိုင်ငြင်းနေကြသည်။
ဒီချစ်စရာ မိသားစုဘဝလေးဟာ သူနှင့် Pond Naravit တို့၏ နှစ်ယောက်အတူလျှောက်လှမ်းနေသည့် ခရီးလမ်းမှာ နားခိုရာလေးအဖြစ် အမြဲရှိနေမည်ဖြစ်သည်။
................
There are no comments yet. Log in to be the first to leave a review!





