Fanfics
28
15:48, 7 December 2025
Unicode
ရိပေါ်မှာ ၈လထဲ ရောက်လာပြီဖြစ်တဲ့ ဗိုက်ကို ပြုံးရင်း ပွတ်သပ်လိုက်တယ်။ ကလေးက ဘာလေးလည်းဆိုတာ မသိရသေးပေမယ့် အခုတလော ခဏခဏ သူတို့ကို ဆက်သွယ်နေတာ ခံစားမိတာမို့ ရှောင်းကျန့်ရောသူပါ သဘောကျလို့မဆုံးပေ။
တစ်ကြိမ်မှ ပျက်ကွက်ခြင်းမရှိတဲ့ ဂရုစိုက်မှုတွေကြောင့် စိတ်သက်သာရာ ရသော်လည်း ကိုယ်ဝန်ကြောင့် ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုပြီး ဂရုစိုက်ရသည်။ အခုလည်း ရှောင်းကျန့်က ကုမ္ပဏီ မသွားပဲရှိနေ၏။ အကြောင်းကတော့ ဒီနေ့ ဆေးရုံမှာ သွားပြီးစစ်ဆေးရမည့်နေ့မို့ပင်။
Ring Ring
Ringtone သံကြောင့် ရိပေါ်ဟာ ဖုန်းကို တစ်ချက်ကြည့်ပြီးမျက်ခုံးကို ခပ်သာသာ ပင့်လိုက်တယ်။ ခေါ်ဆိုသူက ဂျပန်ကိုသွားတဲ့နေ့ကတည်းက အခုမှ ပထမဆုံးအကြိမ် ဖုန်းခေါ်တဲ့ ကျန်းချန်ဖြစ်နေ၍ပင်။
"‌ကျန်းချန်!!!
Screen ပေါ်မှာ မြင်ရတဲ့ ကျန်းချန်ရဲ့ မျက်နှာမှာကြည်တောက်နေ၏။ သူ့ကိုကြည့်ပြီး ကျန်းချန် ခပ်ရေးရေးသာ ပြုံးပြလာ၏။
"ရိပေါ်!!
"မင်းငါ့ကို အခုမှ ဆက်သွယ်တော့တယ် ငါက မင်းကိုပြန်ပေးဆွဲခံလိုက်ရပြီလို့တောင် ထင်နေတာကွ.. သိလား"
ကျန်းချန်ရဲ့ ရယ်သံမှာ ထွက်ကျလာရင်း
"ဖြစ်စရာလား ဟွိုက်ခွမ်းကော  ရှိနေတဲ့ဟာ.. ငါ့ကိုဘယ်သူက ပြန်ပေးဆွဲရဲမှာလဲ"
"ဟက် .. ဘယ်လိုလဲ ဂျပန်မလေးတစ်ယောက်ကိုဆွဲစိပြီးပြီလား"
စကားအဆုံး ကျန်းချန်ရဲ့ မျက်နှာမှာ ရဲခနဲ
"ဒီပုံစံအတိုင်းဆို မင်းတော်တော်လေးအဆင်ပြေနေပုံရတယ် ဒါနဲ့ ဟွိုက်ခွမ်းကောက ဘယ်မှာလဲ"
"သူ ရှိတယ် .."
"အေးပါ ဂျပန်မလေးနဲ့ မညားပဲ ဟွိုက်ခွမ်းကောနဲ့ညားနေဦးမယ်.."
ကျန်းချန်ရဲ့ ရှက်ကိုးရှက်ကန်းဖြစ်သွားတဲ့ မျက်နှာကြီးကိုကြည့်ရင်း ရိပေါ်အူမြူးသွားတယ်။ ဒါကိုသာ သူ့အဖွားသိပါကသွေးတတ်လိုက်မယ့်ဖြစ်ခြင်း။ ထိုအချိန် ဟွိုက်ခွမ်းကောရဲ့ရုပ်အသွင်ဟာ ကျန်းချန်နောက်ကနေ အိပ်ချင်မူးတူးပုံစံဖြင့်ဘွားခနဲ ပေါ်လာ၏။
ဟွိုက်ခွမ်းကောက မျက်လုံးတွေမဖွင့်ပဲ ကျန်းချန်ခါးကို ဖက်လျက်ပခုံးပေါ် မေးတင်လာတယ်။ ထိုအခါ ကျန်းချန်မှာ မျက်နှာကြီးရဲတက်လျက် ဟွိုက်ခွမ်းကောကို အမြန်သတိပေးရတော့သည်။
"ကျွန်တော် ရိပေါ်နဲ့ ပြောနေတာ!!!
ထိုအခါမှ ဟွိုက်ခွမ်းကောမှာ မျက်လုံးတွေ ဆတ်ခနဲပြူးပြဲဖွင့်လာပြီး ရှက်နေတဲ့ ပုံဟာ သိသာလှသည်။ အူမြူးနေသည့်အကြည့်တွေနဲ့ ကြည့်နေပါသော ရိပေါ်ကို မြင်လည်းမြင်ရောဘာစကားမှမပြောနိုင်စွာ စွံ့အလျက်။
"ရိ.. ရိပေါ်!!!
"ဟွိုက်ခွမ်းကော နေကောင်းတယ်နော် မမြင်တာကြာလို့လားမသိဘူး ဟွိုက်ခွမ်းကောရဲ့ မျက်နှာက ပိုပြီး ကြည့်ကောင်းလာတယ်ဗျာ.."
ဟွိုက်ခွမ်းကောရဲ့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ခန္ဓာကိုယ်ကိုကြည့်ပြီး ရိပေါ်နောက်ရွှတ်ရွှတ်လေး ပြောလိုက်တယ်။
"မတွေ့တာ ကြာပြီနော်.. ကောက နေကောင်းတယ် ရိပေါ်ရဲ့မင်းကရော..."
"အဟင်း!! ကျွန်တော်ကလည်း နေကောင်းပါရဲ့ အခုဆို ကလေးနောက်တစ်ယောက်ကိုပါ ကိုယ်ဝန်ဆောင်ထားရပြီ"
စကားအဆုံး ကျန်းချန်ရော ဟွိုက်ခွမ်းကောပါ အံ့အားသင့်လျက်။
"ရိပေါ် မင်းတကယ်ပြောနေတာလား"
"ဟုတ်တယ်.."
"မင်းငါ့ကိုပြောတော့ ကလေးထပ်မယူဘူးဆို ကလေးတွေကရှုပ်လည်းရှုပ် ပြဿနာလည်း များတယ်ဆိုပြီး အခုဘယ်လိုဖြစ်ရတာလည်းကွာ"
"မတော်တဆ ရသွားတာ!!!
"လူလိမ် မတော်တဆ ဆိုတာ ဘယ်မှာရှိလို့လဲ.."
"အမှန်တိုင်းပြောရရင် ငါဆေးသောက်ဖို့ မေ့သွားလို့ ရခဲ့တာ"
"ရှောင်းကျန့်ကောကရော မင်းကိုအပြစ်တင်သေးလား"
"Noပါ သူက မွေးမယ်တဲ့ ငါ့ကိုတောင် စိတ်ဓာတ်မကျဖို့နှစ်သိမ့်နေသေးတယ်!!!
"ရှောင်းကျန့်က ပြောင်းလဲသွားတာလား အရင်ကဆို မင်းကိုအပြစ်တင်နေပြီးတော့.."
ရိပေါ်က ပေါ့ပါးစွာ ရယ်ပြီး ပခုံးတွန့်လျက်
"ငါမသိဘူး အခုတော့ သူငါ့ကို ဂရုစိုက်နေတာပဲ ငါ့ကိုလည်းချစ်ပေးတယ် တစ်ချက်မှ မညည်းညူဘူး.."
ထိုစဉ် ဟွိုက်ခွမ်းကောမှာ အိပ်ယာပေါ်က ဆင်းသွားသည်မို့ကျန်းချန်က တောက်လျှောက်ကြည့်နေတာကို Screen ကနေသူမြင်နေရသည်။
"ခင်ဗျား ဘယ်လဲ.."
"မျက်နှာသစ်မလို့ ဘေဘီ!!
"အယ်.. ခင်ဗျား ကျွန်တော့်ကို Morning Kissပေးဖို့မေ့ခဲ့ပြီလေ"
တစ်ဖက်က ခဏငြိမ်သက်သွားပြီးမှ
"ဟုတ်သားပဲ.."
ထို့နောက် နှုတ်ခမ်းထောင့်စွန်းလေးကို ဖျတ်ခနဲ နမ်းပြီးထွက်သွားသည်။ ကျန်းချန်မှာတော့ ပီတိဖြာနေရင်း Screenကိုပြန်အကြည့်မှာ ရိပေါ်ရဲ့ အကြည့်တွေနဲ့ ဆုံသည်မို့ မျက်နှာကဇီးရွက်သာသာပဲ ရှိတော့၏။
"ပြောစမ်းပါဦး မင်းတို့ဖြစ်တာ ကြာပြီလား!!!
"သိပ်မကြာသေးပါဘူး ရက်ပိုင်းပဲရှိသေးတာ.."
"ဘယ်သူက အရင်စတာလဲ!!
"ငါအရင်စတာ"
"ထင်သားပဲ"
ထိုစဉ် ရှောင်းကျန့်မှာ သူ့အနားရောက်လာ၏။ ရေချိူးပြီးခါစမို့ဆံပင်တွေက စိုထိုင်းထိုင်းး ဖြစ်နေတာကို သူတွေ့ရလေသည်။
"ကျန့်ကောက ကုမ္ပဏီ မသွားဘူးလား!!
ရှောင်းကျန့်မှာ ကျန်းချန်ကို ပြုံးရုံပြုံးပြပြီး
"ဟုတ်တယ် ကျန်းချန် ဒီနေ့ ရိပေါ်ကို ဆေးရုံမှာ လိုလိုမယ်မယ် သွားစစ်ဆေးရမှာမို့ အဲ့ဒါကြောင့်.."
"အာ.. ဟုတ်ကဲ့ပါဗျ"
"ဒါဆို ငါဖုန်းချပြီ ကျန်းချန် !!
"အိုခေ သားရီး!! နောက်ဆို ငါမင်းဆီလာလည်ပါဦးမယ်"
"အင်း"
ဖုန်းချလိုက်ပြီး ဖုန်းကိုပြန်သိမ်းလိုက်သည်။ ကိုယ်ဝန်က၈လထဲ ရောက်နေပြီမို့ အထိုင်အထမှာ အတော်လေး ဂရုစိုက်ရ၏။
"ကားလည်း အဆင်သင့်ပြင်ခိုင်းထားပြီးပြီ ကိုယ်တို့သွားကြတော့မလား"
"အင်း!!
"ဖြည်းဖြည်းလျှောက်!! ဟန်နီကြည့်ရတာ ကိုယ်တော့မသက်သာဘူး .."
"မသက်သာလို့ ခင်ဗျားက ဘာများလုပ်ချင်သေးလို့လဲဗိုက်ကိုဖြုတ်ပြီး သိမ်းထားလို့လည်းမရ!!
ရိပေါ်က နှုတ်ခမ်းစူပြီးပြောတော့ သဘောတကျ သူပြုံးရပြန်သည်။ ကိုယ့်ငါးချဉ်မို့ ကိုယ်ချဉ်တာ မဟုတ်ရပါ။ချစ်ရသူက ဒုတိယ အကြိမ် ကိုယ်ဝန်ဆောင်မှ ပိုပြီး ချစ်ဖို့ကောင်းလာသည်။
ရှေ့ခန်းထဲမှာ ဒရိုင်ဘာက ကားကို စမောင်းသည်။ သူကတော့ရိပေါ်နဲ့အတူ ကားနောက်ခန်းမှာသာ ထိုင်ဖြစ်၏။ ရိပေါ်ရဲ့ခေါင်းမှာ သူ့လက်မောင်းပေါ် သက်သောင့်သက်သာ မှီပြုထားသည့်တိုင် သူကလည်း ငြိမ်သက်တိတ်ဆိတ်စွာ။
ဆေးရုံကိုရောက်တော့ ဆရာဝန်က စစ်ဆေးစရာ ရှိတာစစ်ရင်းအချိန်က ၂နာရီမျှ ကုန်ဆုံးသွားခဲ့သည်။
"ကလေး ဘယ်လိုနေလဲ ဒေါက်တာ.."
ကုတင်ပေါ်မှာလှဲလျက် ရိပေါ်က ဒေါက်တာကို လှမ်းမေး၏။ရှောင်းကျန့်ဟာလည်း သူ့လက်ကိုမြံမြဲစွာ ဆုပ်ကိုင်လျက်သူ့ကို စိတ်မပူဖို့ ပြောသော်လည်း သူကတော့ စိတ်မအေးနိုင်။အနည်းဆုံးတော့ ဗိုက်ထဲက၊ ကလေး အဆင်ပြေရဲ့လားဆိုတာသူသိချင်သည်။
"အရမ်းကောင်းတယ် အနေထားလည်းမှန်တယ် !!
"ဘာလေးလဲ..."
"မိန်းကလေး တစ်ယောက် ယောက်ျားလေး တစ်ယောက်"
ဒေါက်တာရဲ့ စကားအဆုံးမှာတော့ ရှောင်းကျန့်မှာအူမြူးလျက်လှဲနေရသေးတဲ့ ရိပေါ်မျက်နှာအနီးကို ငုံ့ကိုင်းချလိုက်သည်။
"ဟန်နီ ကြားတယ်မလား ကိုယ်ဝန်က အမြွှာလေးတဲ့ မင်းယောက်ျားက အမြွှာကိုယ်ဝန်ရအောင် လုပ်နိုင်တာနော်.."
ဒေါက်တာရှေ့မှာတောင် အရှက်မရှိ ပြောရဲတဲ့ သတ္တိကိုရိပေါ်မလေးစားပဲ မနေနိုင်။ နောက်ဆုံးတော့ ကလေးကအမြွှာလေးဆိုတာ သိလည်း သိလိုက်ရပြီ။ ဗိုက်ထဲက၊ ကလေးကကျန်းမာတယ်ဆိုတာလည်း သိလိုက်ရ၍ ရိပေါ် ရတက်အေးသွားလေပြီ။
.......................
ည ၉နာရီ။
ညစာ၊ စားပြီးနောက် ရိပေါ် ခဏလောက် လမ်းလျှောက်ရသေးတယ်။ ပြီးမှ ရှောင်းကျန့်က သူ့ကို အခန်းထဲထိ ပို့ပေးပြီးမားမားရှောင်းရဲ့ ဖုန်းဝင်လာသည်မို့ ဝရံတာဘက်ကို ထွက်လာလိုက်သည်။
"မား!!၊ ပြောစရာရှိလို့လား"
'ရှောင်းကျန့်!! မား အခု ပေကျင်းမှာ မရှိဘူး အဲ့ဒါကြောင့်မင်းတို့ဆီ မလာနိုင်တာ'
"ရတယ် မား!!
'ရိပေါ်ရော သူအဆင်ပြေရဲ့လား ကိုယ်ဝန်ဆောင်နဲ့ဆိုတော့ မားက သူ့ကိုပဲစိတ်ပူနေရတာ..'
"ကျွန်တော်ရှိတာပဲ မားရယ် ဘာစိတ်ပူစရာရှိလဲ ကျွန်တော့်အမျိုးသားလေးကို ကျွန်တော်စောင့်ရှောက်နိုင်တယ်"
'အဲ့ဒါ ငါသိပါတယ်!!
‌ရှောင်းမားက တစ်ဖက်ကနေ သက်ပြင်းချရင်း
'တော်သေးတယ် မားက အရမ်းစိတ်ပူနေတာ အဟင်းရိပေါ်နဲ့ ကွာရှင်းမယ်လို့တောင် ထင်ခဲ့တာလေ ဒီကြားထဲမင်းရဲ့ အရှုပ်လေးတွေက ရှိနေတော့ ရိပေါ်များ မင်းကိုစိတ်ပျက်ပြီး ထားသွားမလားလို့..'
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ!!
ရယ်သံတစ်ဝက်နှော၍ မားကို သူပြောရသည်။ ထို့နောက်ဝရံတာမှာ ရပ်၍ ဖုန်းပြောနေရင်း အိပ်ခန်းထဲမှာ သက်သောင့်သက်သာထိုင်ကာ စာအုပ်တစ်အုပ်ကို ကောက်ဖတ်နေတဲ့ချစ်ရသူအား ကြည့်လျက် လှစ်ခနဲ ပြုံးလိုက်သည်။
"ကျွန်တော် ကိုယ့်အမှားကို သိလို့ ပြင်ဆင်နေပါပြီ မား..ရိပေါ်ကို စိတ်ညစ်အောင် မလုပ်တော့ဘူး ကျွန်တော်သူ့ကိုချစ်တယ်.. အခု ပြင်ဆင်နေတာတွေ အကုန်လုံးက သူ့အတွက်ပဲ"
'အဟင်း!! အင်းပါ မင်းပြောင်းလဲသွားတာကြည့်ပြီးမားလည်း ကျေနပ်ပါတယ် ဒါနဲ့ မင်းတို့ဆေးရုံသွားခဲ့တာဒုတိယ ကလေးက ဘာလေးလဲ.."
"အမြွှာလေးပါ မား!!
'အာ.. ဟုတ်လား အဟင်း!! မားကတော့ ဝမ်မိသားစုကိုဖောက်သည်ချရဦးမှာပဲ.. သားရေ ဒါဆို မားဖုန်းချပြီနော််မင်း အလုပ်ချည်း လုပ်မနေပဲ ရိပေါ်အနားမှာ ပိုနေပေးလိုက်'
"စိတ်မပူပါနဲ့ ကျွန်တော် သူ့ဘေးမှာ အမြဲရှိနေမှာ!!
မားက မှာချင်တာတွေတသီကြီး မှာကာ ဖုန်းချသွားသည်ဖြစ်လို့သူကလည်း ရိပေါ်ဆီကို ပြန်လာလိုက်တော့တယ်။ အခန်းထဲပြန်ရောက်တော့ ရိပေါ်က သူ့ကိုဖျတ်ခနဲ တစ်ချက်ကြည့်ကာပြုံးပြလာပြီး သူဖတ်နေတဲ့ Horror စာအုပ်ကို ပြန်ဖတ်နေတယ်။
"မအိပ်သေးဘူးလား!!
"အိပ်မှာ!!
"အိပ်ယာလည်း အဆင်သင့်ဖြစ်နေပြီ အိပ်ဖို့ပဲကျန်တော့တာကိုယ်ဝန်ဆောင်တွေက သည်းထိတ်ရင်ဖို စာအုပ်တွေဖတ်လို့ မသင့်ဘူးဆိုတာ သိရဲ့လား.."
ရိပေါ် သက်ပြင်းချပြီး စာအုပ်ကို ပြန်ပိတ်လိုက်ကာ မတ်တပ်ထရပ်သည်။ ‌ထိုအခါ ကုတင်ပေါ် ထိုင်နေတဲ့ ရှောင်းကျန့်မှာ မနေသာတော့ပဲ ရိပေါ်ကို ကုတင်ပေါ် ထိုင်စေလိုက်သည်..။
"နေရတာ အဆင်ပြေရဲ့လား ဟန်နီ.. ကိုယ်ကြည့်နေတာဒီတလော ဟန်နီမျက်နှာ သိပ်မကောင်းဘူးလားလို့ဘာဖြစ်နေတာလည်းဆိုတာ ကိုယ့်ကိုပြောလို့ရတယ်နော်"
"ဘယ်အဆင်ပြေပါ့မလဲ ဗိုက်က ရှေ့ကို စူထွက်လာနေတာလေဒီဗိုက်ထွက်လာကတည်းက အရင်တုန်းက အင်္ကျီတွေကိုတာ့တာပြထားရတာ .."
"အဟား!! အဲ့ကိစ္စကြောင့် ရိပေါ် စိတ်ညစ်နေပါသည်ပေါ့!!!
ဆံပင်လေးတွေကို သပ်ပေးရင်း သူသဘောကျစွာပြုံးရသလိုချစ်တဲ့သူဟာလည်း သူဘယ်လောက်အဆင်မပြေကြောင်းကိုတိုင်တောလေ၏။
"ရှိသေးတယ် အခုဆို မှောက်အိပ်လို့လည်းမရ စောင်းအိပ်လို့မရနဲ့ တကယ်စိတ်ညစ်နေတာ ခင်ဗျား သိရဲ့လား.."
"ဟုတ်ပါပြီကွာ ကိုယ်သိပါပြီ"
ရှောင်းကျန့်မှာ ရိပေါ်ကို ချစ်စနိုးနဲ့သာ ကြည့်နေလိုက်ပြီး ကုတင်ဘောင်မှာ ‌မှီလှဲချလိုက်သည်။
" ဒီကိုလာ.."
အနားကို ရောက်လာသော ရိပေါ်မှာ ရှောင်းကျန့် ရင်ခွင်ထဲမျက်နှာအပ်ကာ မိနစ်အနည်းငယ်ကြာတဲ့အထိ ခေါင်းလေးတိုးဝေ့ကာ ဝင်လိုက်သည်။
"ဒီပုံစံအတိုင်းဆို ဟန်နီအိပ်ရတာ အဆင်ပြေလိမ့်မယ်"
"အွန်း!! တင်းတင်းလေး ဖက်ထားပေးနော် ရှောင်းကျန့်"
ကျောလေးကို ပွတ်သပ်ရင်း ရှောင်းကျန့်မှာ အပြုံးတွေမစဲတော့။ ချစ်တဲ့ ဟန်နီဟာလည်း သူ့ရင်ခွင်ထဲကိုပိုတိုးဝင်ကာ မှီရာကို တရှုံ့ရှုံ့ဖြင့် နမ်းလေ၏။
ထိုအချိန်မှာပဲ ဖန်သိုသိုရဲ့ ဖုန်းဝင်လာတယ်။ ရှောင်းကျန့်မှာမျက်မှောင်ကြုတ်ရင်း phone screen ကိုကြည့်လိုက် ရိပေါ်ကိုကြည့်လိုက်နဲ့ အလုပ်များနေတယ်။
"ဘယ်သူလဲ!!
"ဖန်သိုသို!!!
"ဪ ဘာကိစ္စလဲ"
"ကိုယ်မသိဘူး"
ဖုန်းကိုပြန်ချလိုက်ပြီး နှုတ်ခမ်းစူသွားတဲ့ ကောင်လေးကိုပါးလေးအသာဆွဲညှစ်လိုက်တယ်။
"သူ အိမ်ကိစ္စ ပြောမလို့ထင်တယ်"
"အဟွန်း!! ကျွန်တော်ထင်တာတော့ သူခင်ဗျားကိုမမေ့နိုင်သေးလို့ပဲ ဖြစ်မှာပေါ့"
"မဟုတ်ဘူး ဟန်နီ ကိုယ်တို့ပတ်သတ်မှုက တစ်ယောက်ကိုတစ်ယောက် မမေ့နိုင်တဲ့အဆင့်ထိ မရောက်ခဲ့ဘူး။။"
ပြောနေရင်း ရိပေါ်မျက်နှာက မဲ့သွားသည်မို့
"ဘာဖြစ်လို့လဲ!!
"ကလေးလေး ကန်လို့!!
ထိုအခါ ရှောင်းကျန့်မှာ သူ့ဗိုက်ဖောင်းဖောင်းလေးပေါ် လက်တင်လိုက်တယ်။ အမြွှာကိုယ်ဝန်မို့ ရှောင်းပေါ်ကို၊ က်ုယ်ဝန်ဆောင်ခဲ့ရတုန်းကထက် ပိုပြီး ဖောင်းနေမှန်း ကြည့်ရုံနဲ့ သူလည်း သိပါရဲ့။
"ဟုတ်သားပဲ.. "
"ကြိုပြောထားမယ်နော် ခင်ဗျားရှုပ်ရဲလို့ကတော့ ကျွန်တော်နဲ့ကလေးတွေက ခင်ဗျားကို မှတ်လောက်အောင်ဆုံးမပစ်မယ်"
ရိပေါ်စကားကြောင့် သူအသံထွက်ရယ်ရသည်။ အရင်ကရှုပ်ရဲတယ်ဆိုတာက ရိပေါ်နဲ့ သူ့ဆက်ဆံရေးကြောင့်လေအခု မရှုပ်တော့ဘူးဆိုတာကလည်း ရိပေါ်နဲ့ဆက်ဆံရေးကြောင့်ပါပဲ။
ချစ်ရသူ စိတ်ညစ်မှာ စိုး၍ အဲ့ဒီအကျင့်တွေကို ပြင်ပေးခဲ့တာဖြစ်သည်။ အခုချိန်မှာ ရိပေါ်က သူထပ်ရှုပ်မှာကို စိုးရိမ်နေလားမပြောတတ်ပေမယ့် သူကလည်း အရင်လိုအပြုမူကို ထပ်မလုပ်တော့ကြောင်း အစကတည်းက ဆုံးဖြတ်ပြီးသား ။
"စိတ်ချ!! ဟန်နီကို စိတ်ညစ်ရအောင် မလုပ်ပါဘူး"
"လုပ်ရဲလုပ်ကြည့်"
"စိတ်မတိုရဘူးလေ ကလေးအတွက် မကောင်းဘူးဟုတ်ပြီလား ကိုယ်ပြောတာနားထောင်နော်"
စိုးရိမ်မှုအပြည့်နဲ့ ပြောနေသော ရှောင်းကျန့်မျက်နှာကို ကြည့်ပြီး ခေါင်းညိတ်ပြလိုက်၏။ ပြီးမှ ရင်ခွင်ထဲကို မျက်နှာအပ်၍ ပိုတိုးကာ ဖက်ထားလိုက်သည်။
.......................
ရိပေါ် ထူးဆန်းတဲ့ အိပ်မက်ဆိုးတစ်ခုကြောင့် အိပ်နေရာမှ မျက်လုံးတွေ ဆတ်ခနဲပြူးပြဲဖွင့်လာသည်။ အပြိုင်းပြိုင်းကျနေတဲ့ချွေးတို့က အိပ်မက်ကြောင့် ဘယ်လောက်ထိ သောက များခဲ့မှန်းသိသာစေသလို။
ဘေးကို ကြည့်လိုက်တော့ ရှောင်းကျန့်ကို မတွေ့ရ။ ဒါနဲ့ပဲသူ မျက်မှောင်ကြုတ်သွားပြီး ဘဝင်မကျ ဖြစ်သွားတာ အမှန်ပင်။နာရီကိုကြည့်တော့ ည၁၁ ဝန်းကျင်။ ဒုက္ခပဲ ဒီအချိန်လောက်ဆိုရှောင်းကျန့် ပြန်ရောက်သင့်ပြီ မဟုတ်လား။
မိတ်ဆွေတစ်ဦးမှ ဖိတ်လာသော မွေးနေ့ပါတီကို ရှောင်းကျန့်ကသွားခြင်းမို့ သူ့စိတ်တွေက၊ ဂယောက်ဂယက် ဖြစ်နေခဲ့၏။ဒီလိုဆိုတော့ လိုက်မသွားမိတာကိုပဲ နောင်တ ရချင်လာသလိုလို။သို့သော် ဗိုက်နဲ့ဆိုတော့ ရှောင်းကျန့်နောက်ကို အရင်ကလိုလိုက်လို့မရတော့ကြောင်း သူရော ရှောင်းကျန့်ပါ နှစ်ယောက်လုံးသိသည့်အရာဖြစ်၏။
စားပွဲပေါ်တင်ထားတဲ့ ရေဗူးကို ဆွဲယူပြီး တစ်ချိုက်တည်းမော့သောက်နေရင်းက အခန်းရှိရာကို လျင်မြန်စွာလျှောက်လာတဲ့ခြေသံကြောင့် ခေါင်းထောင်သွား၏။ ထို့နောက် တံခါးဖွင့်သံနဲ့အတူ အခန်းထဲ ဝင်လာသည့် သူမှာ ရှောင်းကျန့်ပင်ဖြစ်သည်။
ကုတင်ပေါ်မှာ မအိပ်ပဲ ထထိုင်နေတဲ့ သူ့ကိုမြင်တော့ထိုလူသားမှာအံ့အားတသင့်ဖြစ်သွားပုံနဲ့ မျက်ခုံးကိုခပ်သာသာပင့်ရင်း ကြည့်လာသည်။
"မအိပ်သေးဘူးလား ဟန်နီ!!
"တစ်ရေးနိုး!!
"ဟုတ်လား"
ရှောင်းကျန့်ပုံစံက အနည်းငယ်ထူးဆန်းနေတာမို့ သူ အမျိုးသားကို သံသယဖြစ်စွာ ကြည့်နေလိုက်မိတယ်..။ ရှောင်းကျန့်က အပေါ်ကုတ်ကို ချွတ်ပစ်ရင်း သူ့ကို တစ်ချက်မှပင်လှည့်မကြည့်ပါချေ။ အရင်ကဆို ပြန်လာတာနဲ့ ဒီယောက်ျားကသူ့ကို နှုတ်ဆက်မယ် ပြီးတာနဲ့ နမ်းနေကျ မဟုတ်ဘူးလား..။
ထို့နောက် ရေချိုးခန်းထဲ ဝင်သွားသည့် အမျိုးသားရဲ့ကျောပြင်ကိုပဲ ကြည့်နေရုံတတ်နိုင်တယ်။ ဘာလဲဟ.. ဒီအချိန်ကြီး အဲ့ဒီလူရေချိုးမလို့ပေါ့ ဟုတ်လား။
သူ ကျစ်ခနဲ စုတ်သပ်ရင်း ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းဆင်းလျက် ရေချိုးခန်းဆီ လျှောက်သွားလိုက်တယ်။ တံခါးဖွင့်ပြီးမဝင်ခင်မှာပဲ အထဲက အသံကို သေချာနားထောင်ရတယ်..။ သို့သော် ဘာအသံမှ မကြားရသည်မို့ အလျင်အမြန်ပဲ တံခါးကိုဖွင့်၍ ဝင်သွားလိုက်သည်။
"ရှောင်းကျန့်!!!
သူ့အသံကြောင့် ကျောပေးထားသည့် ရှောင်းကျန့်က လှည့်ကြည့်တယ်။
"ဟန်နီ ဘာလုပ်တာလဲ အချစ်ရဲ့.. တစ်ယောက်ထဲ ရေချိုးခန်းထဲမဝင်နဲ့လို့ ပြောထားတယ် မဟုတ်လား"
ရှောင်းကျန့်က မျက်နှာပေါ်က ရေပေါက်တွေကို လက်နဲ့သပ်ချပြီး သူ့ဆီကို ပြန်လျှောက်လာတယ်..။
"သွားမယ်.."
"ခင်ဗျား တစ်ခုခု ဖြစ်နေတာလားလို့.."
ရှောင်းကျန့်ခင်ဗျာ သူ့စကားကြောင့် တုန့်ဆိုင်းသွားပေမယ့်
"အဟက်.. ကိုယ်က ဘာဖြစ်ရဦးမှာလည်းကွာ"
"မူမမှန်လို့.."
"ဘာမှမဖြစ်ဘူး စိတ်ပူမနေနဲ့"
ရိပေါ်ကို ရေချိုးခန်းထဲကနေ အပြင်ခေါ်ထုတ်လာခဲ့ပြီး ကုတင်ပေါ်မှာ သက်သောင့်သက်သာဖြစ်အောင် ထိုင်ခိုင်းထားလိုက်တယ်။
"ဒီလောက်နောက်ကျနေတာ အိပ်နှင့်တာ မဟုတ်ဘူး!!
"တစ်ရေးနိုးတာပါဆို"
"အင်းပါ မနက်ဖြန်ကျရင် ဆေးရုံကို တစ်ခေါက်ပြန်သွားရမှာသိတယ်မဟုတ်လား.."
သူ့ကို အနောက်ကနေ ဆွဲဖက်လာသူကြောင့် သူဟာလည်းအလိုက်သင့်လေး ထိုလူသားအပေါ် မှီပြုထားလိုက်သည်။
"အင်း!!
"စိတ်မပူပါနဲ့ ရှောင်းပေါ်တုန်းကတောင် ကိုယ်တို့တွေအဆင်ပြေခဲ့ကြတာ မဟုတ်လား ဒီတစ်ခေါက်လည်းအဆင်ပြေမှာပါ.."
ပြောလည်းပြော ကျောလေးကို လက်နဲ့ပွတ်သပ်ချော့မြူရင်းနှဖူးပြင်လေးကိုလည်း ခဏခဏ နမ်းမိသည်။ ရိပေါ်ဟာလည်းအမျိုးသားရဲ့ ခါးကို တင်းတင်းဖက်လျက်
"ဒါနဲ့ ပါတီက အဆင်ပြေခဲ့ရဲ့လား!!!
"ပြေပါတယ်.."
"ပါတီမှာ ခင်ဗျားအဆက်ဟောင်းတွေနဲ့ တွေ့ခဲ့သေးလား!!
သူ ရိပေါ်မျက်နှာကို အံ့ဩသလိုလေး ကြည့်တော့ရိပေါ်ကလည်းသူ့ကို 'လိမ်ရဲ့လိမ်ကြည့်'ဆိုတဲ့ အကြည့်နဲ့ စိုက်ကြည့်နေတယ်။
"အဟင်း!! မင်းကိုတော့ တကယ်လိမ်လို့မရဘူး"
"အဲ့တော့ တွေ့ခဲ့တယ်ပေါ့"
"အင်း တွေ့ရုံပါပဲ ကိုယ်တို့ စကားတောင် ပြောခဲ့တာမဟုတ်ဘူး"
"အာ.. ခင်ဗျားက စကားပြောချင်သေးတာ‌လား"
"ဟန်နီကတော့လေ သဝန်တိုစရာမရှိတာ ကြံဖန်တိုနေပြန်ပြီ"
ရိပေါ်ဘက်က အသံတိတ်သွားတော့ သူပိုတိုးကာ ဖက်ထားရင်း
"စိတ်ချစမ်းပါ ဟန်နီရယ်.. ကိုယ်က မင်းတစ်ယောက်ထဲကိုမြတ်နိုးတာ သိရဲ့လားဟင်!!
"..............."
"ဟန်နီသာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက် ဗိုက်ထဲမှာ ကိုယ်တို့ ကလေးတွေ ရှိတယ်!!
ရိပေါ်ကတော့ ဘာစကားမှ ခွန်းတုန့်မပြန်ပါပဲ ခေါင်းလေးကိုအသာ ညိတ်ပြလိုက်တော့သည်။
🌴🌴🌴
နောက်အပိုင်း ဘေဘီလေးတွေ မွေးပါပြီ
Zawgyi 🌴
တစ်ွကိမ်မှ ပျက်ကွက်ွခင်းမရှိတဲ့ ဂရုစိုက်မှုတွေေကာင့် စိတ်သက်သာရာ ရသော်လည်း ကိုယ်ဝန်ွေကာင့် ကိုယ့်ကိုယ်ကိုယ် အရင်ကထက် ပိုပြီး ဂရုစိုက်ရသည်။ အခုလည်း ရှောင်းကျန့်က ကုမ်ပဏီ မသွားပဲရှိနေ၏။ အွေကာင်းကတော့ ဒီနေ့ ဆေးရုံမှာ သွားပြီးစစ်ဆေးရမည့်နေ့မို့ပင်။
Ring Ring
Ringtone သံွေကာင့် ရိပေါ်ဟာ ဖုန်းကို တစ်ချက်ွကည့်ပြီးမျက်ခုံးကို ခပ်သာသာ ပင့်လိုက်တယ်။ ခေါ်ဆိုသူက ဂျပန်ကိုသွားတဲ့နေ့ကတည်းက အခုမှ ပထမဆုံးအွကိမ် ဖုန်းခေါ်တဲ့ ကျန်းချန်ွဖစ်နေ၍ပင်။
"‌ကျန်းချန်!!!
Screen ပေါ်မှာ မြင်ရတဲ့ ကျန်းချန်ရဲ့ မျက်နှာမွှာကည်တောက်နေ၏။ သူ့ကွိုကည့်ပြီး ကျန်းချန် ခပ်ရေးရေးသာ ပြုံးပြလာ၏။
"ရိပေါ်!!
"ွဖစ်စရာလား ဟွိုက်ခွမ်းကော  ရှိနေတဲ့ဟာ.. ငါ့ကိုဘယ်သူက ပြန်ပေးဆွဲရဲမှာလဲ"
"သူ ရှိတယ် .."
ကျန်းချန်ရဲ့ ရှက်ကိုးရှက်ကန်ွးဖစ်သွားတဲ့ မျက်နွှာကီးကွိုကည့်ရင်း ရိပေါ်အူမြူးသွားတယ်။ ဒါကိုသာ သူ့အဖွားသိပါကသွေးတတ်လိုက်မယ့်ွဖစ်ွခင်း။ ထိုအချိန် ဟွိုက်ခွမ်းကောရဲ့ရုပ်အသွင်ဟာ ကျန်းချန်နောက်ကနေ အိပ်ချင်မူးတူးပုံစွံဖင့်ဘွားခနဲ ပေါ်လာ၏။
"ရိ.. ရိပေါ်!!!
"ဟွိုက်ခွမ်းကော နေကောင်းတယ်နော် မမြင်တွာကာလို့လားမသိဘူး ဟွိုက်ခွမ်းကောရဲ့ မျက်နှာက ပိုပြီွးကည့်ကောင်းလာတယ်ဗျာ.."
ဟွိုက်ခွမ်းကောရဲ့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ခန်ဓာကိုယ်ကွိုကည့်ပြီး ရိပေါ်နောက်ရွှတ်ရွှတ်လေး ပြောလိုက်တယ်။
"မတွေ့တွာကာပြီနော်.. ကောက နေကောင်းတယ် ရိပေါ်ရဲ့မင်းကရော..."
"ဟုတ်တယ်.."
"မင်းငါ့ကိုပြောတော့ ကလေးထပ်မယူဘူးဆို ကလေးတွေကရှုပ်လည်းရှုပ် ပြဿနာလည်း များတယ်ဆိုပြီး အခုဘယ်လွိုဖစ်ရတာလည်းကွာ"
"မတော်တဆ ရသွားတာ!!!
ထိုစဉ် ဟွိုက်ခွမ်းကောမှာ အိပ်ယာပေါ်က ဆင်းသွားသည်မို့ကျန်းချန်က တောက်လျှောက်ွကည့်နေတာကို Screen ကနေသူမြင်နေရသည်။
"ခင်ဗျား ဘယ်လဲ.."
"မျက်နှာသစ်မလို့ ဘေဘီ!!
"ဟုတ်သားပဲ.."
"ပြောစမ်းပါဦး မင်းတိွု့ဖစ်တွာကာပြီလား!!!
"သိပ်မွကာသေးပါဘူး ရက်ပိုင်းပဲရှိသေးတာ.."
"ဘယ်သူက အရင်စတာလဲ!!
"ငါအရင်စတာ"
"ထင်သားပဲ"
"ကျန့်ကောက ကုမ်ပဏီ မသွားဘူးလား!!
"ဟုတ်တယ် ကျန်းချန် ဒီနေ့ ရိပေါ်ကို ဆေးရုံမှာ လိုလိုမယ်မယ် သွားစစ်ဆေးရမှာမို့ အဲ့ဒွါေကာင့်.."
"အာ.. ဟုတ်ကဲ့ပါဗျ"
"အင်း"
"ကားလည်း အဆင်သင့်ပြင်ခိုင်းထားပြီးပြီ ကိုယ်တို့သွာွးကတော့မလား"
"အင်း!!
"ွဖည်ွးဖည်းလျှောက်!! ဟန်နွီကည့်ရတာ ကိုယ်တော့မသက်သာဘူး .."
"မသက်သာလို့ ခင်ဗျားက ဘာများလုပ်ချင်သေးလို့လဲဗိုက်ကွိုဖုတ်ပြီး သိမ်းထားလို့လည်းမရ!!
"ဘာလေးလဲ..."
"ဟန်နွီကားတယ်မလား ကိုယ်ဝန်က အမြွှာလေးတဲ့ မင်းယောက်ျားက အမြွှာကိုယ်ဝန်ရအောင် လုပ်နိုင်တာနော်.."
.......................
ည ၉နာရီ။
'ရှောင်းကျန့်!! မား အခု ပေကျင်းမှာ မရှိဘူး အဲ့ဒွါေကာင့်မင်းတို့ဆီ မလာနိုင်တာ'
"ရတယ် မား!!
'အဲ့ဒါ ငါသိပါတယ်!!
'တော်သေးတယ် မားက အရမ်းစိတ်ပူနေတာ အဟင်းရိပေါ်နဲ့ ကွာရှင်းမယ်လို့တောင် ထင်ခဲ့တာလေ ဒွီကားထဲမင်းရဲ့ အရှုပ်လေးတွေက ရှိနေတော့ ရိပေါ်များ မင်းကိုစိတ်ပျက်ပြီး ထားသွားမလားလို့..'
"ဘယ်လိုလုပ်ွဖစ်နိုင်မှာလဲ!!
'အဟင်း!! အင်းပါ မင်းပြောင်းလဲသွားတွာကည့်ပြီးမားလည်း ကျေနပ်ပါတယ် ဒါနဲ့ မင်းတို့ဆေးရုံသွားခဲ့တာဒုတိယ ကလေးက ဘာလေးလဲ.."
"အမြွှာလေးပါ မား!!
'အာ.. ဟုတ်လား အဟင်း!! မားကတော့ ဝမ်မိသားစုကိုဖောက်သည်ချရဦးမှာပဲ.. သားရေ ဒါဆို မားဖုန်းချပြီနော်မင်း အလုပ်ချည်း လုပ်မနေပဲ ရိပေါ်အနားမှာ ပိုနေပေးလိုက်'
မားက မှာချင်တာတွေတသွီကီး မှာကာ ဖုန်းချသွားသည်ွဖစ်လို့သူကလည်း ရိပေါ်ဆီကို ပြန်လာလိုက်တော့တယ်။ အခန်းထဲပြန်ရောက်တော့ ရိပေါ်က သူ့ကိုဖျတ်ခနဲ တစ်ချက်ွကည့်ကာပြုံးပြလာပြီး သူဖတ်နေတဲ့ Horror စာအုပ်ကို ပြန်ဖတ်နေတယ်။
"မအိပ်သေးဘူးလား!!
"အိပ်မှာ!!
"အိပ်ယာလည်း အဆင်သင့်ွဖစ်နေပြီ အိပ်ဖို့ပဲကျန်တော့တာကိုယ်ဝန်ဆောင်တွေက သည်းထိတ်ရင်ဖို စာအုပ်တွေဖတ်လို့ မသင့်ဘူးဆိုတာ သိရဲ့လား.."
"နေရတာ အဆင်ပြေရဲ့လား ဟန်နီ.. ကိုယ်ွကည့်နေတာဒီတလော ဟန်နီမျက်နှာ သိပ်မကောင်းဘူးလားလို့ဘွာဖစ်နေတာလည်းဆိုတာ ကိုယ့်ကိုပြောလို့ရတယ်နော်"
"ဘယ်အဆင်ပြေပါ့မလဲ ဗိုက်က ရှေ့ကို စူထွက်လာနေတာလေဒီဗိုက်ထွက်လာကတည်းက အရင်တုန်းက အင်ကျီတွေကိုတာ့တာပြထားရတာ .."
"အဟား!! အဲ့ကိစ်စွေကာင့် ရိပေါ် စိတ်ညစ်နေပါသည်ပေါ့!!!
ဆံပင်လေးတွေကို သပ်ပေးရင်း သူသဘောကျစွာပြုံးရသလိုချစ်တဲ့သူဟာလည်း သူဘယ်လောက်အဆင်မပြွေေကာင်းကိုတိုင်တောလေ၏။
ရှောင်းကျန့်မှာ ရိပေါ်ကို ချစ်စနိုးနဲ့သွာကည့်နေလိုက်ပြီး ကုတင်ဘောင်မှာ ‌မှီလှဲချလိုက်သည်။
" ဒီကိုလာ.."
အနားကို ရောက်လာသော ရိပေါ်မှာ ရှောင်းကျန့် ရင်ခွင်ထဲမျက်နှာအပ်ကာ မိနစ်အနည်းငယ်ွကာတဲ့အထိ ခေါင်းလေးတိုးဝေ့ကာ ဝင်လိုက်သည်။
"ဘယ်သူလဲ!!
"ဖန်သိုသို!!!
"ဪ ဘာကိစ်စလဲ"
"ကိုယ်မသိဘူး"
"သူ အိမ်ကိစ်စ ပြောမလို့ထင်တယ်"
"အဟွန်း!! ကျွန်တော်ထင်တာတော့ သူခင်ဗျားကိုမမေ့နိုင်သေးလို့ပွဲဖစ်မှာပေါ့"
"ဘွာဖစ်လို့လဲ!!
"ကလေးလေး ကန်လို့!!
"ဟုတ်သားပဲ.. "
"ွကိုပြောထားမယ်နော် ခင်ဗျားရှုပ်ရဲလို့ကတော့ ကျွန်တော်နဲ့ကလေးတွေက ခင်ဗျားကို မှတ်လောက်အောင်ဆုံးမပစ်မယ်"
ရိပေါ်စကာွးေကာင့် သူအသံထွက်ရယ်ရသည်။ အရင်ကရှုပ်ရဲတယ်ဆိုတာက ရိပေါ်နဲ့ သူ့ဆက်ဆံရေွးေကာင့်လေအခု မရှုပ်တော့ဘူးဆိုတာကလည်း ရိပေါ်နဲ့ဆက်ဆံရေွးေကာင့်ပါပဲ။
ချစ်ရသူ စိတ်ညစ်မှာ စိုး၍ အဲ့ဒီအကျင့်တွေကို ပြင်ပေးခဲ့တွာဖစ်သည်။ အခုချိန်မှာ ရိပေါ်က သူထပ်ရှုပ်မှာကို စိုးရိမ်နေလားမပြောတတ်ပေမယ့် သူကလည်း အရင်လိုအပြုမူကို ထပ်မလုပ်တော့ွေကာင်း အစကတည်းက ဆုံွးဖတ်ပြီးသား ။
"လုပ်ရဲလုပ်ွကည့်"
.......................
ရိပေါ် ထူးဆန်းတဲ့ အိပ်မက်ဆိုးတစ်ခွုေကာင့် အိပ်နေရာမှ မျက်လုံးတွေ ဆတ်ခနဲပြူးပြဲဖွင့်လာသည်။ အပြိုင်းပြိုင်းကျနေတဲ့ချွေးတို့က အိပ်မက်ွေကာင့် ဘယ်လောက်ထိ သောက များခဲ့မှန်းသိသာစေသလို။
ဘေးကွိုကည့်လိုက်တော့ ရှောင်းကျန့်ကို မတွေ့ရ။ ဒါနဲ့ပဲသူ မျက်မှောင်ွကုတ်သွားပြီး ဘဝင်မကျွဖစ်သွားတာ အမှန်ပင်။နာရီကွိုကည့်တော့ ည၁၁ ဝန်းကျင်။ ဒုက်ခပဲ ဒီအချိန်လောက်ဆိုရှောင်းကျန့် ပြန်ရောက်သင့်ပြီ မဟုတ်လား။
စားပွဲပေါ်တင်ထားတဲ့ ရေဗူးကို ဆွဲယူပြီး တစ်ချိုက်တည်းမော့သောက်နေရင်းက အခန်းရှိရာကို လျင်မြန်စွာလျှောက်လာတဲ့ွေခသံွေကာင့် ခေါင်းထောင်သွား၏။ ထို့နောက် တံခါးဖွင့်သံနဲ့အတူ အခန်းထဲ ဝင်လာသည့် သူမှာ ရှောင်းကျန့်ပင်ွဖစ်သည်။
ကုတင်ပေါ်မှာ မအိပ်ပဲ ထထိုင်နေတဲ့ သူ့ကိုမြင်တော့ထိုလူသားမှာအံ့အားတသင့်ွဖစ်သွားပုံနဲ့ မျက်ခုံးကိုခပ်သာသာပင့်ရင်ွးကည့်လာသည်။
"မအိပ်သေးဘူးလား ဟန်နီ!!
"တစ်ရေးနိုး!!
"ဟုတ်လား"
ထို့နောက် ရေချိုးခန်းထဲ ဝင်သွားသည့် အမျိုးသားရဲ့ကျောပြင်ကိုပွဲကည့်နေရုံတတ်နိုင်တယ်။ ဘာလဲဟ.. ဒီအချိန်ွကီး အဲ့ဒီလူရေချိုးမလို့ပေါ့ ဟုတ်လား။
"ရှောင်းကျန့်!!!
သူ့အသံွေကာင့် ကျောပေးထားသည့် ရှောင်းကျန့်က လှည့်ွကည့်တယ်။
"သွားမယ်.."
"ခင်ဗျား တစ်ခုခွုဖစ်နေတာလားလို့.."
ရှောင်းကျန့်ခင်ဗျာ သူ့စကာွးေကာင့် တုန့်ဆိုင်းသွားပေမယ့်
"အဟက်.. ကိုယ်က ဘွာဖစ်ရဦးမှာလည်းကွာ"
"မူမမှန်လို့.."
"ဘာမှမွဖစ်ဘူး စိတ်ပူမနေနဲ့"
ရိပေါ်ကို ရေချိုးခန်းထဲကနေ အပြင်ခေါ်ထုတ်လာခဲ့ပြီး ကုတင်ပေါ်မှာ သက်သောင့်သက်သွာဖစ်အောင် ထိုင်ခိုင်းထားလိုက်တယ်။
"တစ်ရေးနိုးတာပါဆို"
"အင်းပါ မနက်ွဖန်ကျရင် ဆေးရုံကို တစ်ခေါက်ပြန်သွားရမှာသိတယ်မဟုတ်လား.."
သူ့ကို အနောက်ကနေ ဆွဲဖက်လာသွူေကာင့် သူဟာလည်းအလိုက်သင့်လေး ထိုလူသားအပေါ် မှီပြုထားလိုက်သည်။
"အင်း!!
"စိတ်မပူပါနဲ့ ရှောင်းပေါ်တုန်းကတောင် ကိုယ်တို့တွေအဆင်ပြေခွဲ့ကတာ မဟုတ်လား ဒီတစ်ခေါက်လည်းအဆင်ပြေမှာပါ.."
"ပြေပါတယ်.."
သူ ရိပေါ်မျက်နှာကို အံ့ဩသလိုလေွးကည့်တော့ရိပေါ်ကလည်းသူ့ကို 'လိမ်ရဲ့လိမ်ွကည့်'ဆိုတဲ့ အွကည့်နဲ့ စိုက်ွကည့်နေတယ်။
"ဟန်နီကတော့လေ သဝန်တိုစရာမရှိတွာကံဖန်တိုနေပြန်ပြီ"
"..............."
🌴🌴🌴
There are no comments yet. Log in to be the first to leave a review!
Similar stories