Fanfics
25
16:52, 14 November 2025
Unicode
တစ်ခုသော မနက်ခင်းတစ်ခုတွင်ဖြစ်သည်။ ရှောင်းကျန့်တို့ သားအဖ ၃ယောက်ရဲ့ Breakfast လက်ဆုံစားသည့် အချိန်ကအရင်ကလို တိတ်တိတ် ဆိတ်ဆိတ်မဟုတ်ပါပဲ ရယ်သံတွေဖြင့်သာ ပြည့်နှက်လျက် ရှိ၏။
ယနေ့က ရှောင်းပေါ် သူ့အဖိုးနဲ့ ဩစတေးလျကို လိုက်သွားမည့်နေ့မို့ ရှောင်းကျန့်တို့မှာ သားဖြစ်သူနဲ့ စကားတွေ စီကာပတ်ကုန်းပြောနေခြင်းပင်။ လက်သာ ခံလိုက်ရပေမယ့် အခုကနေ ခွဲရရင်ဘယ်တော့မှ ပြန်တွေ့ရမယ် မသိ၍ မလွှတ်ချင်ပါ။
သို့သော် သားဖြစ်သူက သွားချင်စိတ် ရှိနေသောကြောင့်သူတို့နှစ်ဦးမှာ မတားဖြစ်တော့ပါ။ အဖိုးနဲ့ အဖွားနှစ်ယောက်ကလည်း အစက ဘယ်လိုမှ လက်သင့်မခံပဲ သူတို့မြေးကို မလွှတ်ချင်ဘူးဟုသာ ဘူးခံငြင်းကြသည်။ ရိပေါ်မှာ ထိုအချိန်တုန်းက ပါးနဲ့မားကို နည်းမျိုးစုံနဲ့ ဖျောင့်ဖျ လိုက်တော့မှ အင်တင်တင်ဖြင့်လက်ခံကြသည်။
"Luggage ထဲကို အဝတ်စားတွေ အကုန်ထည့်ပြီးပြီလား!!!
သူ့စကားကို သားက ခေါင်းညိတ်ပြီး အဖြေပေး၏။ အနားမှာရှိတဲ့ရှောင်းကျန့်မှာလည်း သားကို ကြည့်ပြီး ငွေမျှင်ရောင် ဆံနွယ်တို့အား လက်နဲ့ခပ်သာသာ ထိုးဖွ၏။
"သားရဲ့ ကျောင်းကိစ္စကရော?
"ဟိုမှာပဲ ကျောင်းဆက်တက်မှာ ဒယ်ဒီ... ဖိုးဖိုးကြီးနဲ့လည်းပြောထားပြီးပါပြီ.."
"အင်း!!!
ရှောင်းကျန့်မှာ ကော်ဖီကို တစ်ငုံသောက်ပြီး သားကိုကြည့်လျက်မျက်နှာမဲ့သွား၏။ ပြီးမှ သူသိချင်တဲ့ ကိစ္စတစ်ခုကို သားရဲ့မျက်နှာရိပ်အားကြည့်ကာ လွှတ်ခနဲ မေးချလိုက်တော့သည်။
"မင်းအဖိုးနဲ့ ဒယ်ဒီက စကားမပြောဘူးဆိုတာ သိတယ်မလားဒယ်ဒီ သူ့ကို စိတ်ဆိုးနေတယ်ဆိုတာရော သိတယ်မလား!!
ရှောင်းပေါ် ခေါင်းညိတ်ပြလိုက်၏။ ဒယ်ဒီ သူ့ကို အဖိုးဖြစ်သူနဲ့ပတ်သတ်ပြီး ဘာမှမပြောလာပေမယ့် သူကလည်း နုံနုံအအလေးမဟုတ်တော့ ထိုကိစ္စကို သိပါ၏။
"ဒါဆို ဘာလို့ သူနဲ့ လိုက်သွားဖို့ လက်ခံလိုက်ရတာလဲ!!!!
"ဒယ်ဒီနဲ့ အဆင်မပြေဖြစ်တာလေ သားနဲ့ အဆင်မပြေဖြစ်တာမှမဟုတ်တာပဲ..."
"ဘာကွ!!!
"ဟီး!! နောက်တာပါ.. ရန်သူတောင် လက်နက်ချရင်ကြေအေးရသေးတာပဲ မဟုတ်ဘူးလား ကျွန်တော်တို့ကရန်သူမှမဟုတ်တာ မိသားစုတွေလေ.."
ရှောင်းကျန့်မျက်နှာမှာ တင်းခနဲဖြစ်လျက် အပြုံးတွေမှာလည်းရေခဲတမျှ အေးစက် တောင့်တင်းသွားခဲ့၏။ လက်ထဲမှာ တင်းတင်း ကိုင်ထားတဲ့ ခက်ရင်းကိုတောင် လွှတ်ချမိမတတ်သတိလက်လွတ် ဖြစ်သွားရသည်။ ပြီးမှ ရေတစ်ခွက်ကို မော့သောက်ပြီး စိတ်လျှော့ပစ်ရသည်။
သားပြောတာလည်း အဟုတ်ပဲလေ..။ သူတို့က မိသားစုဝင်တွေ။ ရန်သူတွေလည်း မဟုတ်ပါပဲ သူ့ဘက်က ဒီလောက်ထိ မုန်းတီးနာကျည်းနေရသလည်းဆိုတာ နားမလည်ပါ။ သို့ရာတွင် သူ့အမြင်အာရုံထဲမှာ ငယ်စဉ်က အဖြစ်ပျက်တစ်ချို့အားမြင်ယောင် လာ၏။ စိတ်ထဲ ဖျဉ်းခနဲဖြစ်ခြင်းနဲ့အတူ အံကိုပါခပ်တင်းတင်းကြိတ်လိုက်မိပါသည်။
အဲ့ဒီတုန်းက ပါးနဲ့မား ကွာရှင်းသည့်နေ့...။ သူတို့နှစ်ဦးက၈နှစ်အရွယ် ကလေးတစ်ယောက်ရဲ့ သဘောဆန္ဒမပါပဲ ကွာရှင်းခဲ့ကြတာ။ သူဟာ မားထက် ပါးပါးကို ပိုချစ်ပြီး ပိုခင်တွယ်သည့်သူ။ ဒါကြောင့်လည်း အခုလောက်ထိ နာကျည်းမုန်းတီးနေမိတာလားတော့ မသိ။
ဘယ်လိုပဲတွေးပါစေ ထိုလူ့မျက်နှာကို တွေ့ရချိန်တိုင်းမှာဒေါသတွေ နာကျည်းမှုတွေကလွဲလို့ ဘာမှမခံစားရ...။ ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေတဲ့ အဲ့ဒီလူရဲ့ သွေးတွေကိုတောင်ဖောက်ထုတ်ပစ်ချင်တဲ့အထိ သူ့အမုန်းတို့က အတိုင်းဆမဲ့လျက်။
"အဟင်း!!! ရှောင်းပေါ် အရမ်းရင့်ကျက်နေပြီပဲ.."
ရိပေါ်ရံ့ အသံကြားမှ အတွေးတွေ တစ်ခန်းရပ်သွားခဲ့သည်..။ထိုလူကြီးက သူ့အပေါ်အပြစ်လုပ်သလို သူဟာလည်း သားအပေါ်အပြစ်လုပ်ခဲ့သည်မဟုတ်ပါလား။ ငွေအလုံအလောက်ပေးနိုင်ရင်တာဝန်ကြေပြီ ထင်ခဲ့မိတာတွေက သူ့ရဲ့ မတောက်တခေါက်အတွေးတစ်ခုပဲပေါ့။
သူ သားရဲ့ မျက်နှာနဲ့ ရိပေါ်ရဲ့ ငယ်ရွယ်နုပျိုနေတဲ့ မျက်နှာလေးကိုတစ်လှည့်စီကြည့်ကာ ရင်ထဲ နွေးခနဲ ဖြစ်သွားခဲ့သည်...။
"ဒယ်ဒီ မစားဘူးလား!!!
"ဟုတ်သားပဲ မစားပဲနဲ့ ဘာလို့ ကြည့်နေတာလဲ အရူးရဲ့!!!
"ဒီလိုပါပဲ ဒါက သူ‌များတွေပြောတဲ့ တစိမ့်စိမ့်ကြည့်ရုံနဲ့ဗိုက်ပြည့်တယ်ဆိုတာ ထင်တယ်.."
စကားအဆုံး ရိပေါ် သူ့ကို မျက်စောင်း ထိုးလာ၏။
"သား.. ဟိုရောက်ရင် ပါးပါးတို့ကို ဖုန်းဆက်ဦးနော် "
"ဟုတ်!!!
"ပါးပါးကတော့လေ သားကို အများကြီး လွမ်းနေတော့မှာပဲ"
"သားလည်း လွမ်းနေမှာပါ!!
"အများကြီး မမှာချင်ဘူး အစားကို အချိန်မှန်စားရမယ် အိပ်ချိန်လည်း မှန်ရမယ် ကျန်းမာရေး ဂရုစိုက်ရမယ်နော် .."
"ရိပေါ်ရာ မင့်သားက ၊ ကလေးမှ မဟုတ်တော့တာ သူက ကိုယ်ငယ်ငယ်ကထက်တောင် ရင့်ကျက်နေသေးတယ် ဒိမှာ ရှောင်းပေါ် ဒယ်ဒီ သားအတွက် အရမ်းဂုဏ်ယူတယ်နော်!!
ရှောင်းပေါ်ကို ပြောရင်း လက်က နာရီကိုငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်ရသည်။ အချိန်တွေက ကုန်တာ မြန်လိုက်တာ..ကျစ်။
"‌နောက်ထက် ၄၅မိနစ်လောက်ဆို လေယာဉ်ထွက်တော့မှာ စားပြီးရင် သွားကြစို့..."
"ဟုတ်!!!
ထို့နောက် ၃ယောက်အတူ ထလိုက်ပြီး ရှောင်းပေါ်ပေါ်ရဲ့Luggageကို ရှောင်းကျန့်က ဆွဲရင်း ကားနောက်ခန်းထဲပစ်ထည့်လိုက်သည် ။ ပြီးတာနဲ့ လေဆိပ်သို့ ကားလေးနဲ့ဦးတည်လိုက်ရတော့သည်။
အဖိုးနဲ့ အဖွားနှစ်ယောက်ကတော့ သူ့ကိုမြင်ရင် ဆွဲထားမိမှာစိုးတာကြောင့် တကူးတက လာမနှုတ်ဆက်နိုင်တော့ကြောင်းကိုရှောင်းပေါ်အား ပြောပြ၍ နားလည်ပါသည်။ နောက်ပြီး ဝမ်ချီမင်။သူ့ကိုတော့ ဩစတေးလျသွားဖြစ်မယ့် အကြောင်းကို ပြောထားပေမယ့် ဘယ်နေ့သွားမယ်ဆိုတဲ့အကြောင်းကိုတော့ပြောမထား။ဒါကလည်း တစ်ဖက်လူနဲ့ သွားခါနီး အချိန်မှာ ဘာပြောရမှန်းမသိ၍ တမင်မပြောခဲ့ခြင်းဖြစ်သည်။
လေဆိပ်ကို ရောက်တော့ ကျိုးယဲ့ချန်မှာ သူတို့အား စောင့်စားနေပုံပင်။ ရှောင်းကျန့်မျက်နှာကို မဝံ့မရဲ လှမ်းကြည့်ပြီးနောက်မျက်လွှာချ ခပ်ရို့ရို့လေးပြုံးပြီး လက်ထဲက Luggage ကိုလက်လွှဲယူသည်။
"စောင့်နေတာ ကြာပြီလား အန်ကယ်!!!
ရိပေါ်မှာ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။
"မကြာသေးပါဘူး!!
"ကျိုးဖုန်းရော တစ်ခါထဲ လိုက်တယ်ဆို ဟုတ်လား!!
"ဟုတ်တယ် ရိပေါ်ရဲ့ သူတို့က လေယာဉ်ပေါ်မှာ သွားထိုင်နေကြပြီ"
"ဟုတ်.. သူတို့နှစ်ယောက်ကို ဟိုမှာပဲ လက်ထပ်ပေးမှာလား"
"အင်း!! လင်းပေါင်က အလွန်ဖြစ်နေလို့ပါ အန်ကယ်လည်းသူ့ကို နောက်မှ လက်ထပ်ဖို့ ပြောပါတယ် သူက မရဘူးဇွတ်အတင်း လက်ထပ်ချင်နေတာ ကျိုးဖုန်းက သူတို့လက်ထပ်ပြီးမှ လင်းပေါင် ပြန်သတိရလာပြီး သောင်းကျန်းမှာ စိုးရိမ်နေတာ"
"လင်းပေါင်ရဲ့ အကျင့်အတိုင်းဆို ဖြစ်ချင်လည်း ဖြစ်မှာပေါ့ဒါပေမယ့် ကျိုးဖုန်းကိုယုံကြည်ပါ အန်ကယ်.. သူ လင်းပေါင်ကို ထိန်းနိုင်ပါတယ်"
ရိပေါ်ရဲ့ စကားစုကြောင့် သူ့နှုတ်ခမ်းတွေမှာ တွန့်ခနဲ
"ယုံပါတယ်.. "
"ဟုတ်!!
ပြီးမှ သူ့အကြည်တွေက တောင့်တောင့်ကြီး ရပ်နေတဲ့ရှောင်းကျန့်ဆီကို မဝံ့မရဲ ဝေ့ကျသွား၏။ ရှောင်းကျန့်မျက်နှာမှာအရယ်အပြုံး မရှိသည့်အပြင် မျက်ခုံးနှစ်ခုကလည်း အလိုမကျသလို ပုံစံဖြင့် စုကြုတ်ထားတာကြောင့် ဘာရယ်မဟုတ် သူ့မှာကြည့်ရင်းဖြင့် သဘောကျလျက်ဖြစ်သွားရသည်။
ဤကလေးက အခုဆို မိသားစုရပြီဆိုပေမယ့် သူချီပိုးနေကျကလေးတစ်ယောက်ကဲ့သို့ အခုထိ မြင်နေဆဲပင်..။ သူ့ရဲ့အကြည့်တွေသာမက ခြေလှမ်းတွေပါ ရှောင်းကျန့်ဆီ ရွှေ့လိုက်ကာ နောက်ဆုံးအနေဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်သည်။
"ဒါဆို.. ရှောင်းကျန့်!! ပါးပါး...."
‌သူ့စကားသံမှာ တစ်ဝက်နဲ့ ရပ်တန့်သွားခဲ့သည်။ အကြောင်းမှာရှောင်းကျန့်က သူနဲ့ခပ်လှမ်းလှမ်း ဖြစ်အောင် အနောက်ကိုတိုးဆုတ်သွား၍ဖြစ်၏။ ရှောင်းကျန့်ကို ကြည့်နေပါသော သူ့ရဲ့အမြင်အာရုံမှာ ဝေ့ဝါးသွားခဲ့သည်။
"ဟမ့်... ကျုပ်တို့က ဘာဆိုင်တော့လို့လဲ!!!!
တိကျပြတ်သားသော စကားသံတို့မှာ ဓားတစ်ချောင်းပမာထက်ရှလှသည်။ ရှောင်းကျန့်ရဲ့ အပြုံးတွေမှာ လှောင်ရိပ်သမ်းနေခဲ့ပြီး တစ်ချိန်တုန်းက အပြုံးချိုချိုလေးတွေဖြင့် တုန့်ပြန်တတ်သည့် သားဖြစ်သူနဲ့ လားလားမှမဆိုင်။
"အင်း!!!
ဆန့်တန်းထားတဲ့ လက်တွေကို ရှက်ကိုးရှက်ကန်းဖြင့် ပြန်ချကာ မျက်လွှာကိုလည်း ချလိုက်ကာ နာကျင်စို့နင့်မှုတွေကိုမျိုချလိုက်သည်။ ပြီးမှ ရှောင်းကျန့်က ထိုလူ့ဘေးမှာ ရပ်နေတဲ့သားဖြစ်သူကို ငုံ့ကိုင်းကြည့်လျက် နှဖူးလေးကို တစ်ချက်လောက်အနမ်းပေးလိုက်သည်။
"ဒယ်ဒီ!! သားကို အရမ်းချစ်တယ်နော်.."
ရှောင်းပေါ်မှာ ကြောင်အမ်းသွားပြီး မည်သည့်အမူယာနဲ့မှမတုန့်ပြန်နိုင်။
"မင်းကို အများကြီး မှာစရာမလိုဘူးဆိုတာ ဒယ်ဒီသိပါတယ် ဒယ်ဒီ့သားက လိမ်မာပြီးသားပဲဟာ.."
"ဟုတ်!!
ထိုအခိုက် အဝေးကနေ ပြေးထွက်လာသည့် ပုံရိပ်လေးကြောင့်ရှောင်းပေါ်တစ်ယောက် မျက်လုံးပြူးသွားတယ်။ အမြင်များမှားတာလားလို့ မျက်လုံးတွေပွတ်ကြည့်သော်လည်း ထိုပုံရိပ်လေးက မြင်ကွင်းထဲမှာ ပိုထင်ရှားလာခဲ့သည်။
ဝမ်ချီမင်?
"ရှောင်းပေါ်!!!
"ခင်ဗျား ဘယ်လိုလုပ်ရောက်လာခဲ့တာလဲ!!
ဝမ်ချီမင်မှာ အသက်ကို ခပ်ပြင်းပြင်းရှူပြီး တော်တော်နဲ့ စကားပြန်မပြောနိုင်။
"မဟုတ်သေးပါဘူး ဘယ်လိုလုပ် သိပြီး ရောက်လာခဲ့တာလဲ"
"ဒီနေ့သွားမှာ ဆိုတာကို ဘာလို့ မပြောရတာလဲ ငါ့မှာမင်းရဲ့ အဖွားက မပြောရင် သိမှာမဟုတ်ဘူး.."
"အမ်း!! ကျွန်တော်က ဒီအတိုင်း တကူးတကကြီးဖြစ်မှာစိုးလို့"
"ကောက သူများလား ? ကောတို့ အရမ်းရင်းနှီးနေကြပြီမဟုတ်ဘူးလားဟင်!! ဒါမှမဟုတ် မင်းက ကိုယ့်ကို ‌သူစိမ်းလို့တွေးထားခဲ့လို့လား"
"အဲ့လို သေချာပေါက် မဟုတ်ဘူး.."
"မင်း ဘယ်အချိန်မှ ပြန်လာမှာလဲ ကိုယ့်ကို ပြောခဲ့!!!
"ဘာလုပ်ဖို့လဲ!!
"အမ်း!! စောင့်နေမယ်.."
ဒါလေးပြောတာကို မျက်နှာကြီးရဲခနဲ ဖြစ်သွားသူအားရှောင်းပေါ် နားမလည်သည့် မျက်ဝန်းတို့ဖြင့်သာ ငေး၍ကြည့်နေမိတော့သည်။
"ဘာပဲဖြစ်ဖြစ် မင်းပြန်လာမယ်ဆို ဘယ်လောက်ကြာကြာငါစောင့်နေမယ်.."
"ကျွန်တော် ပြန်လာမှာပါ စိတ်ချ!!
"ဒါပေမယ့် မင်းက ဟိုရောက်ရင် သူငယ်ချင်း အသစ်တွေရသွားမှာ ပြီးတာနဲ့ ငါ့ကိုမေ့သွားရင် ဘယ်လိုလုပ်မှာလဲ.."
"ကျွန်တော် သူငယ်ချင်း မထားပါဘူး!!!
"မင်းက အသက်ကြီးလာရင် အရပ်ကလည်းရှည်လာမှာ ဘယ်သူသိနိုင်မှာလဲ မင်းက အရမ်းလူကြိုက်များပြီး နိုင်ငံခြားသူ ရည်းစားတစ်ယောက်တောင် အေးဆေး ရဦးမယ်..."
"ဟေး!! ကျွန်တော်က အခု ကလေးပဲရှိသေးတာနော် ဘယ်က ချစ်သူရှိရမှာတုန်း ပေါက်တက်ကရ!!!
‌ပြုံးစစဖြင့် ခေါင်းခါတော့ ဝမ်ချီမင်က သူ့ကို ဝမ်းနည်းပက်လက်မျက်နှာမျိုးဖြင့် ကြည့်ရင်း
"မင်း အရွယ်ရောက်လာတဲ့အချိန်ကျရင် ချစ်သူရှိလာမှာကိုပြော‌တာကွ.."
"ခင်ဗျား ကျွန်တော့်အကြောင်း သိရဲ့သားနဲ့.. ကျွန်တော်ကသူများတွေနဲ့ စကားပြောရတာ ဝါသနာမှ မပါတဲ့ဟာကျွန်တော့်ကို လာကြိုက်တဲ့သူရှိရင်တော့ သူတို့ပဲပျင်းသေသွားမှာ"
ပေါ့ပါးစွာ ပြန်ပြောတော့ ဝမ်ချီမင် မျက်နှာက တောက်ပလျက်
"ဟုတ်သားပဲ.. "
"ရှောင်းပေါ် လေယာဉ်ပေါ်တက်ချိန် ရောက်ပြီ ကလေး!!!
အဖိုးဖြစ်သူရဲ့ စကားကြောင့် ရှောင်းပေါ်မှာ ရှေ့ကလူကိုနှုတ်ဆက်သလိုဖြင့် ကြည့်လိုက်မိသည်။
"ကျွန်တော်သွားပြီနော် ခင်ဗျား ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ပါ"
"အင်း!! မင်းကို သတိရနေပါ့မယ် ရှောင်းပေါ်"
နောက်ဆုံးမှာတော့ ရှောင်းပေါ် တစ်ရွေ့ရွေ့ထွက်သွားသည့်ပုံရိပ်ကိုသာ ဝေ့ဝါးစွာ ကြည့်နေရတော့သည်။
‌လေယာဉ်ပေါ် တက်သွားပြီဖြစ်တဲ့ ကျောပြင်ကျယ်တစ်ခုကိုမြင်ကွင်းကနေ ပျောက်ကွယ်သွားသည်အထိ ကြည့်ပြီးမှရှောင်းကျန့် မျက်ရည်တို့မှာ ပါးပြင်တစ်လျှောက် အသွင်သွင်စီးကျလာ၏။
"ရှောင်းကျန့် ခင်ဗျား!!!!!
ရှောင်းကျန့်မှာ ပခုံးပေါ်ကျရောက်လာသည့် ရိပေါ်အထိတွေ့တစ်ခုကြောင့် သတိပြန်ကပ်သည်။ သို့ရာတွင် ရိပေါ်မျက်နှာအားသေချာကြည့်ပြီး ပခုံးပေါ်ကို မှောက်ချကာ ရှိုက်သံတို့ကငြိမ့်ညောင်းစွာ ထွက်ကျလျက်။
"Sob!!! ကိုယ်သူ့ကို အရမ်းချစ်တာ.. ရိပေါ်ရဲ့.. သိလားကိုယ်က ပါးပါးကို အရမ်းချစ်တာ.."
ရိပေါ် မျက်ရည်ဝဲခနဲ ဖြစ်ရင်း ရှောင်းကျန့်ကျောပြင်ကိုအသာပွတ်ကာ နှစ်သိမ့်ရတော့သည်။
"သိပါတယ် ကျွန်တော်သိပါတယ် ရှောင်းကျန့်ရဲ့...ခင်ဗျား စိတ်မကောင်းမဖြစ်ရဘူးနော် ကြည့်ပါ့လားအခု ခင်ဗျားဘေးမှာ ကျွန်တော်ရှိတာပဲဟာ.."
ရှောင်းကျန့်ရဲ့ ရှိုက်သံပိစိတို့မှာ သူ့အနမ်းတွေအောက်တိုးညှင်းစွာ ပျောက်ကွယ်သွားတော့သည်။
......................
နောက်တစ်နေ့တွင် ရှောင်းကျန့်တစ်ယောက် ကုမ္ပဏီကိုသွားရမယ့်အစား ရိပေါ်အနားမှာ တောက်တဲ့လိုကပ်နေသဖြင့်ဘယ်လိုမှ ခွာလို့မရ။ ကြာတော့ ရိပေါ်မှာ ဘာမှပြောမနေတော့ဘဲအသာ လွှတ်ထားပေးလိုက်၏။
"ဟုတ်ပြီလေ... လာခဲ့ပေါ့ !!
ဖုန်းကို နားနားမှာအသာကပ်ပြီး သူ့ကို ဇွတ်အတင်း ဆွဲဖက်ထားသည့် တစ်ယောက်သောသူအား အသာမျက်စောင်းထိုးရ၏။
"စိတ်ပူမနေနဲ့ လာသာ လာခဲ့လိုက် သူငါ့ဘေးမှာရှိတယ်!!!
ဖုန်းချသွားသည့်နောက် ထိုလူ့အား သူတစ်ချက်ကြည့်ရသည်။ ထိုလူက သူ့ကိုပြုံးကြည့်လျက် မျက်နှာအနှံ့အပြားကိုလည်းလိုက်လံနမ်းနေသဖြင့် မြန်ဆန်စွာရှောင်ပစ်ရင်း...
"ကျန်းချန် ကျွန်တော့်ကို ဖုန်းဆက်တယ် သိလား!!
"ဘာလို့လဲ"
"ခင်ဗျားရဲ့ ဖုန်းက စက်ပိတ်ထားလို့တဲ့ ဟုတ်လား!!
"အာ..."
ရိပေါ်စကားကြောင့် မနက်ကတည်းက စက်ပိတ်ပြီး အခန်းထဲမှာပစ်ထားခဲ့တဲ့ ဖုန်းကို သူသတိရတော့သည်။
"ဟုတ်တယ် စက်ပိတ်ထားခဲ့မိတယ်"
"အွန်း!!! အဲ့ဒါကြောင့် သူကျွန်တော်ကို ဆက်သွယ်တာပေါ့"
"ဘာတဲ့လဲ!
"မသိဘူး‌လေ သူမပြောပြဘူး ခင်ဗျားနဲ့ တွေ့ပြီး ပြောရမယ့်စကားတဲ့ သူလာတာကို အိမ်ကနေ စောင့်ကြတာပေါ့!!!!
"အင်း!!!
ပြောရင်းဆိုရင်းဖြင့် အိမ်ရှေ့ကနေ ကားသံကြားလိုက်ရ၍နှစ်ယောက်လုံး ‌ကျောလေး မတ်ခနဲ ဖြစ်သွားရတယ်။ ခဏကြာပြီးနောက် ဧည့်ခန်းဆီ တည့်တည့်လျှောက်လာနေတဲ့ကျန်းချန်ကို တွေ့လိုက်ရပြီး ကျန်းချန်ရဲ့ အနောက်မှာတော့ဟွိုက်ခွမ်းကောမှာ ကပ်လျက်လေး ပါလာ၏။
ဟွိုက်ခွမ်းကောမှာ မတွေ့တာ ကြာနေပြီဆိုပေမယ့် အရင်ကလိုနုပျိုဆဲ ချောဆဲပင်။ သူ ဟွိုက်ခွမ်းကောကို သေသေချာချာကြည့်နေသည့် အချိန်၌ လက်တစ်ဖက်က သူ့အမြင်အာရုံကိုဖုံးအုပ်လိုက်သည်။
"မကြည့်နဲ့!!!!
"ဟာ!!!
မျက်လုံးတို့ကို ဖုံးအုပ်ထားသည့် ရှောင်းကျန့်ရဲ့လက်‌ကိုသူအသာ ဆွဲဖယ်ပစ်လိုက်တယ်။ ပြီးမှ ဘဝင်မကျတဲ့ အကြည့်တွေနဲ့ ရှောင်းကျန့်ကို ပြန်ကြည့်တော့ ထိုလူဟာလည်း သူ့ကိုမျက်မှောင်ကြုတ်ကြည့်နေလေရဲ့။
"CEOကို ကျွန်တော်ဖုန်းဆက်သေးတယ် စက်ပိတ်ထားတယ်ဆိုတာနဲ့..."
ကျန်းချန်ဘေးမှာ ဟွိုက်ခွမ်းကောက ခပ်သာသာ ဝင်ထိုင်၏။ပြီးမှ ရှောင်းကျန့်ဘေးမှာ ထိုင်နေတဲ့ ရိပေါ်ကို သေချာကြည့်ပြီးဖြည်းဖြည်းချင်း ပြုံးလိုက်မိသည်။
"မတွေ့တာ ကြာပြီနော် ရိပေါ်!!!
အရင်တုန်းက အတိုင်းပဲ အသံလေးက ချိုသာဆဲပဲမို့ ရိပေါ်လှစ်ခနဲ ပြုံးမိသွားတယ်။
"ဟုတ်ပါရဲ့!!! ဟွိုက်ခွမ်းကောအကြောင်းတွေကို ကျန်းချန်ပြောလို့ ကျွန်တော်ကြားမိပါတယ် အတော်လေး အဆင်ပြေတယ်ဆို"
ရိပေါ်စကားကြောင့် ဟွိုက်ခွမ်းမှာ မသိမသာ မျက်ခုံးတစ်ဖက်ပင့်တက်သွားတယ်။
"ကိုယ့်အလုပ်က ဂျပန်မှာလေ အဆင်ပြေတယ် ပြောရမှာပေါ့မင်းကို အားချန်က ကိုယ်နဲ့ပတ်သတ်ပြီး ဘာတွေထပ်ပြီးပြောထားသေးလဲ.."
ကျန်းချန်မှာ မျက်စိပျက်မျက်နှာပျက်နဲ့ နှုတ်ခမ်းစူသွားပြီးသူ့ကိုတောင် ကောင်းကောင်းမကြည့်တော့၍ ဟွိုက်ခွမ်းသဘောတကျ ပြုံးမိသွားသည်။
"ထွေထူးတော့ မဟုတ်ပါဘူး ဟွိုက်ခွမ်းကော အဆင်ပြေတဲ့အကြောင်းတွေပဲ ပြောဖြစ်တာပါ.."
"ရိပေါ် အိမ်ထောင်ကျပြီး ကလေးရသွားတယ်ဆိုတော့ကိုယ်က အံ့ဩနေခဲ့တာ အရင်ကဆို မင်းနဲ့ အားချန်ကတွဲသွားတွဲလာ လုပ်နေကျလေ အခုကျ မင်းကအရင်ဆုံးအိမ်ထောင်ကျသွားပြီး အားချန်က တိုင်ကပ်နာရီကြီးဖြစ်နေတာ..."
ရယ်သံတစ်ဝက်နှော၍ ဟွိုက်ခွမ်းမှာ ကျန်းချန်ကို ဘေးမှာထားပြီး လှမ်းစသည်။
"အဟမ်း!!!!
အသံတစ်ခုကြောင့် ဟွိုက်ခွမ်းနဲ့ ရိပေါ်မှာ စကားတို့အားတစ်ခန်းရပ်ရသည်။ မရပ်လို့လည်းမရ..။ ဘေးမှာ ရှိနေသောထိုသူသည် သူ့ရဲ့ခါးကို ဆွဲကာ အနားကို ပိုတိုးကပ်လိုက်၍မျက်နှာကြီးမှာ ရဲခနဲဖြစ်လျက် ဟွိုက်ခွမ်းကောကတော့နားလည်သလိုလေး ပြုံးရုံသာ။
"ဪ.. ကျန်းချန် ကိုယ့်ကို ပြောစရာရှိလို့ဆို!!!
ထိုအခါမှ ကျန်းချန်မှာ လှုပ်လှုပ်ရှားရှားဖြစ်လျက်
"ဟုတ်ကဲ့!! ကျွန်တော် အလုပ်ထွက်မယ်ဆိုတဲ့အကြောင်းကိုပြောချင်လို့ပါ CEO "
ကျန်းချန်ရဲ့ စကားကြောင့် ရှောင်းကျန့်သာမက ရိပေါ်ပါတအံ့တဩဖြင့်
"ဘာ!! ကျန်းချန် မင်းက အလုပ်ထွက်မယ် ဟုတ်လားဘာဖြစ်လို့ထွက်မှာလဲ ဒီကုမ္ပဏီက အဆင်မပြေလို့လား"
"မဟုတ်ဘူး ရိပေါ်!!
"ဒါဆို ဘာလို့လဲ"
"ငါ!! ဟွိုက်ခွမ်းကောနဲ့ ဂျပန်ကို လိုက်သွားရတော့မှာအဲ့ဒါကြောင့်ပါ.."
"ဘာ!! မင်းက ဂျပန်ကို ဘာသွားလုပ်မှာလဲ ဂျပန်စကားရော ပြောတတ်လို့လား"
"ဟ!! ငါဟွိုက်ခွမ်းကောဆီက သင်ထားတဲ့ ပညာတွေမှအများကြီးပဲ အခုဟာက ငါ့အဖွားကြောင့် သွားရမှာ!!!
"ဟမ်!! အဖွားကြောင့် ဟုတ်လား"
"ဟုတ်တယ် အဖွားက ကျန်းမာရေး မကောင်းတာမင်းသိသားပဲ "
"အေး အဲ့ဒီတော့..?
"အဖွားက သူ့မြေးတွေထဲက ငါ့ကိုအချစ်ဆုံးလေ နောက်ပြီးလက်မထပ်ရသေးတာဆိုလို့ ငါပဲရှိတော့တာ အခုမှ ဘယ်လိုဖြစ်တာလည်း မသိတော့ပါဘူးကွာ ဂျပန်ကို သွားပြီးကြင်ဖက် တွေ့ခိုင်းတာ..."
"ပေါက်တက်ကရတွေ ကြင်ဖက်တွေ့တာများ တကူးတကဂျပန်ကို သွားစရာလား"
"အဟင်း!! အဲ့ဒါ ပြောတာပေါ့ ငါ့အဖွားက ဂျပန်ရူး၊ ရူးနေတာယောက်ျားလေး ဖြစ်လည်းအဆင်ပြေတယ်တဲ့ အဓိက ကကွာသူ့အတွက် ဂျပန်လူမျိုး တစ်ယောက်ပဲ လက်ဆွဲခေါ်လာရင်ရပြီ အဲ့ဒါကြောင့် အဖွားက ငါ့ကို ဟွိုက်ခွမ်းကောနဲ့ လိုက်သွားခိုင်းတာကွ... သူမျက်လုံးမမှိတ်ခင်မှာ ငါလက်ထပ်တာလေးကိုမြင်သွားချင်တယ်တဲ့"
ရိပေါ်မှာ အစက ဆွံ့အပြီး ဘာမှပြန်မပြောနိုင်ပါ။ နောက်တော့ ဟက်ဟက်ပက်ပက် ရယ်ချပစ်လိုက်တော့သည်။ ဟွိုက်ခွမ်းကောကလည်း ပြုံးစိစိဖြစ်နေရှာ၏။
"မင်းရဲ့အဖွားကလည်းကွာ တွေးလည်းတွေးတတ်တယ် အဲ့ဒါကြောင့် မင်းကိုဂျပန်လွှတ်မယ်ပေါ့ ဟုတ်လား .."
"အေး!! ငါလည်း မသွားချင်ပါဘူး ဂျပန်မလေး တစ်ယောက်ကို လက်ဆွဲပြီးခေါ်လာနိုင်တာနဲ့ ငါ့တာဝန်ကြေပြီ"
"ဒါပေမယ့် ကျန်းချန်... ကိုယ့်ကုမ္ပဏီမှာ နှုတ်ထွက်မယ်ဆို တစ်လ ကြိုပြီး အသိပေးရတယ်ဆိုတာ မင်းသိပါတယ်နော်!!!
တစ်လုံးချင်း ပီသစွာ ပြောလာသည့် ထိုအသံမှာ ဖိအားတွေအပြည့်မို့ အသက်တစ်ချက် အောင့်ထားလိုက်မိသည်..။ဇောချွေးတွေထွက်ကာ ကြောက်နေပုံပေါ်တဲ့ ကျန်းချန်ကိုကြည့်ပြီး ဟွိုက်ခွမ်းတစ်ယောက် မျက်မှောင်ကြုတ်ရတော့သည်။
"သိပါတယ် CEO ကျွန်တော့်ကို ရိပေါ်သူငယ်ချင်းတစ်ယောက်အနေနဲ့ ချို့ယွင်းချက် ထားပေးလို့ မရဘူးလားဟင်!!!!
ကျန်းချန်မှာ မျက်နှာငယ်လေးဖြင့် တောင်းတောင်းပန်ပန်လေးပြောနေသော်လည်း ရှောင်းကျန့်မှာခပ်တည်တည်ဖြင့်သာကျန်းချန်ကို ကြည့်နေဆဲ။ ဒီတော့ မနေသာတဲ့ ဟွိုက်ခွမ်းကပဲစကား စရတော့၏။
"အားချန်က ကိုယ်နဲ့ ဂျပန်ကို သွားရမှာ တကယ်ကိုမဖြစ်မနေမို့ အလုပ်ထွက်ရတာပါ!!!
သူ မျက်မှောင်ကြုတ်လျက် ဟွိုက်ခွမ်းနဲ့ အကြည့်ချင်းဆုံသွားသည်။
"သူက အခုထိ ငါ့ကုမ္ပဏီက ဝန်ထမ်း ဖြစ်နေဆဲပဲ..ဘာပဲဖြစ်ဖြစ် စည်းကမ်းဟာ စည်းကမ်းပဲ ပြောင်းလဲလို့မရဘူး.."
"CEOကလည်းဗျာ "
"အဟင်း!! တကယ်တော့ မင်းအလုပ်ထွက်မှာကိုကိုယ့်အနေနဲ့ နည်းနည်းတော့ စိတ်မကောင်းဖြစ်မိတယ်ကိုယ့်မှာ မင်းလောက် အရည်အချင်းရှိတဲ့ အတွင်းရေးမှူးမရှိခဲ့ဖူးဘူး.."
"CEOရယ် ဒါလေးများ ရိပေါ်ရှိနေတာပဲ သူက ကျွန်တော့်ထက်တောင် ပိုတော်သေးတယ်.."
စကားဝိုင်းထဲ ဆွဲသွင်းခံလိုက်ရသည်မို့ ရိပေါ်မှာ ကြောင်အမ်းနေ၏။ ရှောင်းကျန့်ကလည်း ဘေးက ချစ်ရသူကို တစ်ချက်လှည့်ကြည့်ပြီး
"ကိုယ် သူ့ကို အလုပ်ထုတ်လိုက်ပြီးပြီ!!!!
"ဗျာ!! ဘယ်တုန်းကလဲ"
"အစကတည်းက ထုတ်လိုက်တာ မင်းမသိဘူး‌လား"
"မသိဘူးလေ ဘာလို့ အလုပ်ထုတ်လိုက်ရတာလဲ CEOရယ် စိတ်လိုက်မာန်ပါတွေ မလုပ်စမ်းပါနဲ့ အခုလည်းကျွန်တော့်သူငယ်ချင်းမှာ ဘာအပြစ်ရှိလို့ အလုပ်ထုတ်ပစ်လိုက်ရတာလည်းဟင်!!!!
"ဘာအပြစ်မှ မရှိပါဘူး ဒီနေ့ကစပြီး မင်းသူငယ်ချင်းကိုငါပဲ ရှာကျွေးတော့မလို့လေ.. သူက ဘာအလုပ်မှ လုပ်စရာမလိုတဲ့ဟာ.. အိမ်ဦးခန်းမှာ အခန့်သားထိုင်ပြီး ငါ့ကိုချစ်ပေးနေရင်ရပါပြီ!!!
"ဪ!!!!
ကျန်းချန်တစ်ယောက် မိမိရှေ့မှာ တစ်ယောက်ကိုတစ်ယောက်ပြုံးကြည့်နေတဲ့ အတွဲကိုကြည့်ကာ ခေါင်းတခါခါ...။မချစ်ပဲ ထသတ်တုန်းကလည်း သူတို့။ အခု အချင်းချင်းချစ်ကြပြန်တော့လည်း မျက်စိတွေကို နောက်လို့။
ထိုအတွဲကို အမြင်ကပ်ပေမယ့် လက်ရှိ ကိုယ်ကလည်းအဖွားပေးအပ်ထားတဲ့ ဂျပန်မလေး တစ်ယောက်ကိုသွားရှာရမယ့် တာဝန်ကလည်း ရှိနေတော့ မျက်နှာကိုချိုပြထားရသည်။
"လုပ်ပါ CEOရယ် ကျွန်တော့်အဖွားက ကျွန်တော့်ကိုဂျပန်ပြည်ကို တက်ပြီး ကြင်ယာရှာခိုင်းနေတာပါဆို!!!
"ကောင်းပြီလေ ဒါပေမယ့် မင်းလိုတော်ပြီး အရည်အချင်းရှိတဲ့အတွင်းရေးမှူး တစ်ယောက်ရဖို့ဆိုတာ လွယ်တဲ့အလုပ်မှမဟုတ်တာ အဲ့ကိစ္စကို ဖြေရှင်းပေးမယ်ဆိုရင်တော့ ချို့ယွင်းချက်အနေနဲ့ ထားပေးမယ်"
စကားအဆုံး ကျန်းချန်မှာ ဝမ်းသာ သွားတယ်။ နောက်ဆုံးတော့တစ်လ ကြိုအသိပေးစရာမလိုပါပဲ CEOက ကိုယ့်ကိုချို့ယွင်းချက်ထားပေးခဲ့ပြီ မဟုတ်ပါလား။
"ဘာမှ စိတ်မပူပါနဲ့ ကျွန်တော် CEOအတွက် အရမ်းတော်ပြီးအရည်အချင်းရှိတဲ့ အတွင်းရေးမှူး တစ်ယောက်ကိုရှာပေးပါ့မယ်"
"အင်း!!
"ဒါဆိုရင် သွားခွင့်ပြုပါဦးနော် !!
"ဟာ.. မင်း အခုချက်ချင်း ပြန်တော့မလို့လား"
မတ်တပ်ထရပ်ပစ်လိုက်တဲ့ ကျန်းချန်ကြောင့် ရိပေါ်မှာတအံ့တဩဖြင့် မေးရသည်။
"အင်းလေ မနက်ဖြန်ကနေ စပြီး မင်းယောက်ျားအတွက်အတွင်းရေးမှူးတစ်ယောက် ရှာပေးရမှာ အဲ့အတွက်ကိုကြိုပြီး စီစဉ်ရမှာပေါ့.."
ရိပေါ် ခေါင်းတညိတ်ညိတ်လုပ်ပြီး သူ့အကြည့်တွေကိုကျန်းချန်ဆီကနေ ဟွိုက်ခွမ်းကောဆီကိုသာ ပို့လိုက်ရင်း
"ဒါနဲ့.. ဟွိုက်ခွမ်းကောက ဂျပန်နိုင်ငံသားအဖြစ်ခံယူသွားတာ ကြာပြီမဟုတ်လား.."
"အဟင်း!! ဟုတ်တယ် ရိပေါ်ရဲ့!!
"အံမယ်!! ပညာစုံပြီဆိုတော့ ကြင်ယာရော စုံပြီလားချစ်သူ ရည်းစားတွေ ရနေပြီပေါ့ ဟုတ်လား"
သူ့စကားကြောင့် ဟွိုက်ခွမ်းမှာ ပါးချိုင့်တွေထင်းနေအောင်ရှက်ပြုံးလေး ပြုံးတော့သည်။ အရင်ကတည်းက ဟွိုက်ခွမ်းကောမှာ ရှက်လည်းရှက်တတ်သလို စကားလည်း နည်းသူပင်။
"မဟုတ်တာ ရိပေါ်ရယ် ကိုယ့်မှာ ဘာရည်းစားမှ မရှိရပါဘူး!!!
ပြောပြီးသည်နှင့် ဟွိုက်ခွမ်းကောက ကျန်းချန်နဲ့အတူ တစ်ရွေ့ရွေ့ထွက်ခွာသွားတော့သည်။ ရိပေါ်ကတော့ ကြောင်အမ်းစွာကျန်ခဲ့ပြီးရှောင်းကျန့် သူ့ကိုဆွဲကာ ဖက်တော့မှ အသိဝင်တော့သည်..။ပြီးမှ သူ့နှုတ်ခမ်းတို့က ဖြည်းဖြည်းချင်း အပေါ်ကို ကော့တက်လာ၏။
ကျန်းချန်... ကျန်းချန်.. ဂျပန်မလေးနဲ့ပဲ ညားမလားဂျပန်နိုင်ငံသားအဖြစ် ခံယူထားတဲ့သူနဲ့ ညားမလားဆိုတာငါစောင့်ကြည့်ရသေးတာပေါ့။
Zawgyi
တစ်ခုသော မနက်ခင်းတစ်ခုတွင်ွဖစ်သည်။ ရှောင်းကျန့်တို့ သားအဖ ၃ယောက်ရဲ့ Breakfast လက်ဆုံစားသည့် အချိန်ကအရင်ကလို တိတ်တိတ် ဆိတ်ဆိတ်မဟုတ်ပါပဲ ရယ်သံတွေဖင့်သာ ပြည့်နှက်လျက် ရှိ၏။
သို့သော် သာွးဖစ်သူက သွားချင်စိတ် ရှိနေသေွာေကာင့်သူတို့နှစ်ဦးမှာ မတာွးဖစ်တော့ပါ။ အဖိုးနဲ့ အဖွားနှစ်ယောက်ကလည်း အစက ဘယ်လိုမှ လက်သင့်မခံပဲ သူတို့မြေးကို မလွှတ်ချင်ဘူးဟုသာ ဘူးခံငြင်ွးကသည်။ ရိပေါ်မှာ ထိုအချိန်တုန်းက ပါးနဲ့မားကို နည်းမျိုးစုံနဲ့ ဖျောင့်ဖျ လိုက်တော့မှ အင်တင်တင်ွဖင့်လက်ခွံကသည်။
သူ့စကားကို သားက ခေါင်းညိတ်ပြီး အွေဖပေး၏။ အနားမှာရှိတဲ့ရှောင်းကျန့်မှာလည်း သားကွိုကည့်ပြီး ငွေမျှင်ရောင် ဆံနွယ်တို့အား လက်နဲ့ခပ်သာသာ ထိုးဖွ၏။
"သားရဲ့ ကျောင်းကိစ်စကရော?
"ဟိုမှာပဲ ကျောင်းဆက်တက်မှာ ဒယ်ဒီ... ဖိုးဖိုွးကီးနဲ့လည်းပြောထားပြီးပါပြီ.."
"အင်း!!!
ရှောင်းကျန့်မှာ ကော်ဖီကို တစ်ငုံသောက်ပြီး သားကွိုကည့်လျက်မျက်နှာမဲ့သွား၏။ ပြီးမှ သူသိချင်တဲ့ ကိစ်စတစ်ခုကို သားရဲ့မျက်နှာရိပ်အာွးကည့်ကာ လွှတ်ခနဲ မေးချလိုက်တော့သည်။
"ဒယ်ဒီနဲ့ အဆင်မပြွေဖစ်တာလေ သားနဲ့ အဆင်မပြွေဖစ်တာမှမဟုတ်တာပဲ..."
"ဘာကွ!!!
"ဟီး!! နောက်တာပါ.. ရန်သူတောင် လက်နက်ချရင်ွေကအေးရသေးတာပဲ မဟုတ်ဘူးလား ကျွန်တော်တို့ကရန်သူမှမဟုတ်တာ မိသားစုတွေလေ.."
ရိပေါ်ရံ့ အသွံကားမှ အတွေးတွေ တစ်ခန်းရပ်သွားခဲ့သည်..။ထိုလွူကီးက သူ့အပေါ်အပြစ်လုပ်သလို သူဟာလည်း သားအပေါ်အပြစ်လုပ်ခဲ့သည်မဟုတ်ပါလား။ ငွေအလုံအလောက်ပေးနိုင်ရင်တာဝန်ွေကပြီ ထင်ခဲ့မိတာတွေက သူ့ရဲ့ မတောက်တခေါက်အတွေးတစ်ခုပဲပေါ့။
သူ သားရဲ့ မျက်နှာနဲ့ ရိပေါ်ရဲ့ ငယ်ရွယ်နုပျိုနေတဲ့ မျက်နှာလေးကိုတစ်လှည့်စွီကည့်ကာ ရင်ထဲ နွေးခနွဲဖစ်သွားခဲ့သည်...။
"ဒယ်ဒီ မစားဘူးလား!!!
"ဟုတ်သားပဲ မစားပဲနဲ့ ဘာလိွု့ကည့်နေတာလဲ အရူးရဲ့!!!
"ဒီလိုပါပဲ ဒါက သူ‌များတွေပြောတဲ့ တစိမ့်စိမ့်ွကည့်ရုံနဲ့ဗိုက်ပြည့်တယ်ဆိုတာ ထင်တယ်.."
"ဟုတ်!!!
"ပါးပါးကတော့လေ သားကို အမျာွးကီး လွမ်းနေတော့မှာပဲ"
"သားလည်း လွမ်းနေမှာပါ!!
"အမျာွးကီး မမှာချင်ဘူး အစားကို အချိန်မှန်စားရမယ် အိပ်ချိန်လည်း မှန်ရမယ် ကျန်းမာရေး ဂရုစိုက်ရမယ်နော် .."
"‌နောက်ထက် ၄၅မိနစ်လောက်ဆို လေယာဉ်ထွက်တော့မှာ စားပြီးရင် သွာွးကစို့..."
"ဟုတ်!!!
အဖိုးနဲ့ အဖွားနှစ်ယောက်ကတော့ သူ့ကိုမြင်ရင် ဆွဲထားမိမှာစိုးတွာေကာင့် တကူးတက လာမနှုတ်ဆက်နိုင်တော့ွေကာင်းကိုရှောင်းပေါ်အား ပြောပြ၍ နားလည်ပါသည်။ နောက်ပြီး ဝမ်ချီမင်။သူ့ကိုတော့ ဩစတေးလျသွာွးဖစ်မယ့် အွေကာင်းကို ပြောထားပေမယ့် ဘယ်နေ့သွားမယ်ဆိုတဲ့အွေကာင်းကိုတော့ပြောမထား။ဒါကလည်း တစ်ဖက်လူနဲ့ သွားခါနီး အချိန်မှာ ဘာပြောရမှန်းမသိ၍ တမင်မပြောခွဲ့ခင်ွးဖစ်သည်။
"စောင့်နေတွာကာပြီလား အန်ကယ်!!!
ရိပေါ်မှာ အပြုံးလေွးဖင့် နှုတ်ဆက်လိုက်သည်။
"မွကာသေးပါဘူး!!
"ဟုတ်တယ် ရိပေါ်ရဲ့ သူတို့က လေယာဉ်ပေါ်မှာ သွားထိုင်နွေကပြီ"
"အင်း!! လင်းပေါင်က အလွန်ွဖစ်နေလို့ပါ အန်ကယ်လည်းသူ့ကို နောက်မှ လက်ထပ်ဖို့ ပြောပါတယ် သူက မရဘူးဇွတ်အတင်း လက်ထပ်ချင်နေတာ ကျိုးဖုန်းက သူတို့လက်ထပ်ပြီးမှ လင်းပေါင် ပြန်သတိရလာပြီး သောင်းကျန်းမှာ စိုးရိမ်နေတာ"
"လင်းပေါင်ရဲ့ အကျင့်အတိုင်းဆွိုဖစ်ချင်လည်ွးဖစ်မှာပေါ့ဒါပေမယ့် ကျိုးဖုန်းကိုယွုံကည်ပါ အန်ကယ်.. သူ လင်းပေါင်ကို ထိန်းနိုင်ပါတယ်"
ရိပေါ်ရဲ့ စကားစွုေကာင့် သူ့နှုတ်ခမ်းတွေမှာ တွန့်ခနဲ
"ယုံပါတယ်.. "
"ဟုတ်!!
ပြီးမှ သူ့အွကည်တွေက တောင့်တောင့်ွကီး ရပ်နေတဲ့ရှောင်းကျန့်ဆီကို မဝံ့မရဲ ဝေ့ကျသွား၏။ ရှောင်းကျန့်မျက်နှာမှာအရယ်အပြုံး မရှိသည့်အပြင် မျက်ခုံးနှစ်ခုကလည်း အလိုမကျသလို ပုံစွံဖင့် စွုကုတ်ထားတွာေကာင့် ဘာရယ်မဟုတ် သူ့မွှာကည့်ရင်ွးဖင့် သဘောကျလျက်ွဖစ်သွားရသည်။
"အင်း!!!
ဆန့်တန်းထားတဲ့ လက်တွေကို ရှက်ကိုးရှက်ကန်ွးဖင့် ပြန်ချကာ မျက်လွှာကိုလည်း ချလိုက်ကာ နာကျင်စို့နင့်မှုတွေကိုမျိုချလိုက်သည်။ ပြီးမှ ရှောင်းကျန့်က ထိုလူ့ဘေးမှာ ရပ်နေတဲ့သာွးဖစ်သူကို ငုံ့ကိုင်ွးကည့်လျက် နှဖူးလေးကို တစ်ချက်လောက်အနမ်းပေးလိုက်သည်။
ရှောင်းပေါ်မှာွေကာင်အမ်းသွားပြီး မည်သည့်အမူယာနဲ့မှမတုန့်ပြန်နိုင်။
"မင်းကို အမျာွးကီး မှာစရာမလိုဘူးဆိုတာ ဒယ်ဒီသိပါတယ် ဒယ်ဒီ့သားက လိမ်မာပြီးသားပဲဟာ.."
"ဟုတ်!!
ထိုအခိုက် အဝေးကနေ ပြေးထွက်လာသည့် ပုံရိပ်လေွးေကာင့်ရှောင်းပေါ်တစ်ယောက် မျက်လုံးပြူးသွားတယ်။ အမြင်များမှားတာလားလို့ မျက်လုံးတွေပွတ်ွကည့်သော်လည်း ထိုပုံရိပ်လေးက မြင်ကွင်းထဲမှာ ပိုထင်ရှားလာခဲ့သည်။
ဝမ်ချီမင်?
"ရှောင်းပေါ်!!!
"အမ်း!! ကျွန်တော်က ဒီအတိုင်း တကူးတကွကီွးဖစ်မှာစိုးလို့"
"ကောက သူများလား ? ကောတို့ အရမ်းရင်းနှီးနွေကပြီမဟုတ်ဘူးလားဟင်!! ဒါမှမဟုတ် မင်းက ကိုယ့်ကို ‌သူစိမ်းလို့တွေးထားခဲ့လို့လား"
"ဘာလုပ်ဖို့လဲ!!
"အမ်း!! စောင့်နေမယ်.."
ဒါလေးပြောတာကို မျက်နွှာကီးရဲခနွဲဖစ်သွားသူအားရှောင်းပေါ် နားမလည်သည့် မျက်ဝန်းတိွု့ဖင့်သာ ငေး၍ွကည့်နေမိတော့သည်။
"ဘာပွဲဖစ်ွဖစ် မင်းပြန်လာမယ်ဆို ဘယ်လောက်ွကွာကာငါစောင့်နေမယ်.."
"မင်းက အသက်ွကီးလာရင် အရပ်ကလည်းရှည်လာမှာ ဘယ်သူသိနိုင်မှာလဲ မင်းက အရမ်းလွူကိုက်များပြီး နိုင်ငွံခားသူ ရည်းစားတစ်ယောက်တောင် အေးဆေး ရဦးမယ်..."
‌ပြုံးစစွဖင့် ခေါင်းခါတော့ ဝမ်ချီမင်က သူ့ကို ဝမ်းနည်းပက်လက်မျက်နှာမျိုွးဖင့်ွကည့်ရင်း
"ခင်ဗျား ကျွန်တော့်အွေကာင်း သိရဲ့သားနဲ့.. ကျွန်တော်ကသူများတွေနဲ့ စကားပြောရတာ ဝါသနာမှ မပါတဲ့ဟာကျွန်တော့်ကို လွာကိုက်တဲ့သူရှိရင်တော့ သူတို့ပဲပျင်းသေသွားမှာ"
"ဟုတ်သားပဲ.. "
အဖိုွးဖစ်သူရဲ့ စကာွးေကာင့် ရှောင်းပေါ်မှာ ရှေ့ကလူကိုနှုတ်ဆက်သလွိုဖင့်ွကည့်လိုက်မိသည်။
နောက်ဆုံးမှာတော့ ရှောင်းပေါ် တစ်ရွေ့ရွေ့ထွက်သွားသည့်ပုံရိပ်ကိုသာ ဝေ့ဝါးစွာကည့်နေရတော့သည်။
‌လေယာဉ်ပေါ် တက်သွားပြွီဖစ်တဲ့ ကျောပြင်ကျယ်တစ်ခုကိုမြင်ကွင်းကနေ ပျောက်ကွယ်သွားသည်အထွိကည့်ပြီးမှရှောင်းကျန့် မျက်ရည်တို့မှာ ပါးပြင်တစ်လျှောက် အသွင်သွင်စီးကျလာ၏။
"ရှောင်းကျန့် ခင်ဗျား!!!!!
ရှောင်းကျန့်မှာ ပခုံးပေါ်ကျရောက်လာသည့် ရိပေါ်အထိတွေ့တစ်ခွုေကာင့် သတိပြန်ကပ်သည်။ သို့ရာတွင် ရိပေါ်မျက်နှာအားသေချွာကည့်ပြီး ပခုံးပေါ်ကို မှောက်ချကာ ရှိုက်သံတို့ကငြိမ့်ညောင်းစွာ ထွက်ကျလျက်။
ရိပေါ် မျက်ရည်ဝဲခနွဲဖစ်ရင်း ရှောင်းကျန့်ကျောပြင်ကိုအသာပွတ်ကာ နှစ်သိမ့်ရတော့သည်။
"သိပါတယ် ကျွန်တော်သိပါတယ် ရှောင်းကျန့်ရဲ့...ခင်ဗျား စိတ်မကောင်းမွဖစ်ရဘူးနော်ွကည့်ပါ့လားအခု ခင်ဗျားဘေးမှာ ကျွန်တော်ရှိတာပဲဟာ.."
......................
နောက်တစ်နေ့တွင် ရှောင်းကျန့်တစ်ယောက် ကုမ်ပဏီကိုသွားရမယ့်အစား ရိပေါ်အနားမှာ တောက်တဲ့လိုကပ်နေသွဖင့်ဘယ်လိုမှ ခွာလို့မရ။ွကာတော့ ရိပေါ်မှာ ဘာမှပြောမနေတော့ဘဲအသာ လွှတ်ထားပေးလိုက်၏။
"ဟုတ်ပြီလေ... လာခဲ့ပေါ့ !!
ဖုန်းချသွားသည့်နောက် ထိုလူ့အား သူတစ်ချက်ွကည့်ရသည်။ ထိုလူက သူ့ကိုပြုံွးကည့်လျက် မျက်နှာအနှံ့အပြားကိုလည်းလိုက်လံနမ်းနေသွဖင့် မြန်ဆန်စွာရှောင်ပစ်ရင်း...
"ဘာလို့လဲ"
"အာ..."
ရိပေါ်စကာွးေကာင့် မနက်ကတည်းက စက်ပိတ်ပြီး အခန်းထဲမှာပစ်ထားခဲ့တဲ့ ဖုန်းကို သူသတိရတော့သည်။
"အွန်း!!! အဲ့ဒွါေကာင့် သူကျွန်တော်ကို ဆက်သွယ်တာပေါ့"
"ဘာတဲ့လဲ!
"မသိဘူး‌လေ သူမပြောပြဘူး ခင်ဗျားနဲ့ တွေ့ပြီး ပြောရမယ့်စကားတဲ့ သူလာတာကို အိမ်ကနေ စောင့်ွကတာပေါ့!!!!
"အင်း!!!
ပြောရင်းဆိုရင်ွးဖင့် အိမ်ရှေ့ကနေ ကားသွံကားလိုက်ရ၍နှစ်ယောက်လုံး ‌ကျောလေး မတ်ခနွဲဖစ်သွားရတယ်။ ခဏွကာပြီးနောက် ဧည့်ခန်းဆီ တည့်တည့်လျှောက်လာနေတဲ့ကျန်းချန်ကို တွေ့လိုက်ရပြီး ကျန်းချန်ရဲ့ အနောက်မှာတော့ဟွိုက်ခွမ်းကောမှာ ကပ်လျက်လေး ပါလာ၏။
ဟွိုက်ခွမ်းကောမှာ မတွေ့တွာကာနေပြီဆိုပေမယ့် အရင်ကလိုနုပျိုဆဲ ချောဆဲပင်။ သူ ဟွိုက်ခွမ်းကောကို သေသေချာချွာကည့်နေသည့် အချိန်၌ လက်တစ်ဖက်က သူ့အမြင်အာရုံကိုဖုံးအုပ်လိုက်သည်။
"မွကည့်နဲ့!!!!
"ဟာ!!!
"မတွေ့တွာကာပြီနော် ရိပေါ်!!!
"ဟုတ်ပါရဲ့!!! ဟွိုက်ခွမ်းကောအွေကာင်းတွေကို ကျန်းချန်ပြောလို့ ကျွန်တော်ွကားမိပါတယ် အတော်လေး အဆင်ပြေတယ်ဆို"
ရိပေါ်စကာွးေကာင့် ဟွိုက်ခွမ်းမှာ မသိမသာ မျက်ခုံးတစ်ဖက်ပင့်တက်သွားတယ်။
ကျန်းချန်မှာ မျက်စိပျက်မျက်နှာပျက်နဲ့ နှုတ်ခမ်းစူသွားပြီးသူ့ကိုတောင် ကောင်းကောင်းမွကည့်တော့၍ ဟွိုက်ခွမ်းသဘောတကျ ပြုံးမိသွားသည်။
"ထွေထူးတော့ မဟုတ်ပါဘူး ဟွိုက်ခွမ်းကော အဆင်ပြေတဲ့အွေကာင်းတွေပဲ ပြွောဖစ်တာပါ.."
"ရိပေါ် အိမ်ထောင်ကျပြီး ကလေးရသွားတယ်ဆိုတော့ကိုယ်က အံ့ဩနေခဲ့တာ အရင်ကဆို မင်းနဲ့ အားချန်ကတွဲသွားတွဲလာ လုပ်နေကျလေ အခုကျ မင်းကအရင်ဆုံးအိမ်ထောင်ကျသွားပြီး အားချန်က တိုင်ကပ်နာရွီကီွးဖစ်နေတာ..."
"အဟမ်း!!!!
အသံတစ်ခွုေကာင့် ဟွိုက်ခွမ်းနဲ့ ရိပေါ်မှာ စကားတို့အားတစ်ခန်းရပ်ရသည်။ မရပ်လို့လည်းမရ..။ ဘေးမှာ ရှိနေသောထိုသူသည် သူ့ရဲ့ခါးကို ဆွဲကာ အနားကို ပိုတိုးကပ်လိုက်၍မျက်နွှာကီးမှာ ရဲခနွဲဖစ်လျက် ဟွိုက်ခွမ်းကောကတော့နားလည်သလိုလေး ပြုံးရုံသာ။
ထိုအခါမှ ကျန်းချန်မှာ လှုပ်လှုပ်ရှားရှာွးဖစ်လျက်
"ဟုတ်ကဲ့!! ကျွန်တော် အလုပ်ထွက်မယ်ဆိုတဲ့အွေကာင်းကိုပြောချင်လို့ပါ CEO "
ကျန်းချန်ရဲ့ စကာွးေကာင့် ရှောင်းကျန့်သာမက ရိပေါ်ပါတအံ့တဩွဖင့်
"ဘာ!! ကျန်းချန် မင်းက အလုပ်ထွက်မယ် ဟုတ်လားဘွာဖစ်လို့ထွက်မှာလဲ ဒီကုမ်ပဏီက အဆင်မပြေလို့လား"
"မဟုတ်ဘူး ရိပေါ်!!
"ဒါဆို ဘာလို့လဲ"
"ငါ!! ဟွိုက်ခွမ်းကောနဲ့ ဂျပန်ကို လိုက်သွားရတော့မှာအဲ့ဒွါေကာင့်ပါ.."
"ဟ!! ငါဟွိုက်ခွမ်းကောဆီက သင်ထားတဲ့ ပညာတွေမှအမျာွးကီးပဲ အခုဟာက ငါ့အဖွာွးေကာင့် သွားရမှာ!!!
"ဟမ်!! အဖွာွးေကာင့် ဟုတ်လား"
"အေး အဲ့ဒီတော့..?
"အဖွားက သူ့မြေးတွေထဲက ငါ့ကိုအချစ်ဆုံးလေ နောက်ပြီးလက်မထပ်ရသေးတာဆိုလို့ ငါပဲရှိတော့တာ အခုမှ ဘယ်လွိုဖစ်တာလည်း မသိတော့ပါဘူးကွာ ဂျပန်ကို သွားပြီွးကင်ဖက် တွေ့ခိုင်းတာ..."
"ပေါက်တက်ကရတွေကင်ဖက်တွေ့တာများ တကူးတကဂျပန်ကို သွားစရာလား"
"အဟင်း!! အဲ့ဒါ ပြောတာပေါ့ ငါ့အဖွားက ဂျပန်ရူး၊ ရူးနေတာယောက်ျားလေွးဖစ်လည်းအဆင်ပြေတယ်တဲ့ အဓိက ကကွာသူ့အတွက် ဂျပန်လူမျိုး တစ်ယောက်ပဲ လက်ဆွဲခေါ်လာရင်ရပြီ အဲ့ဒွါေကာင့် အဖွားက ငါ့ကို ဟွိုက်ခွမ်းကောနဲ့ လိုက်သွားခိုင်းတာကွ... သူမျက်လုံးမမှိတ်ခင်မှာ ငါလက်ထပ်တာလေးကိုမြင်သွားချင်တယ်တဲ့"
"မင်းရဲ့အဖွားကလည်းကွာ တွေးလည်းတွေးတတ်တယ် အဲ့ဒွါေကာင့် မင်းကိုဂျပန်လွှတ်မယ်ပေါ့ ဟုတ်လား .."
"အေး!! ငါလည်း မသွားချင်ပါဘူး ဂျပန်မလေး တစ်ယောက်ကို လက်ဆွဲပြီးခေါ်လာနိုင်တာနဲ့ ငါ့တာဝန်ွေကပြီ"
"ဒါပေမယ့် ကျန်းချန်... ကိုယ့်ကုမ်ပဏီမှာ နှုတ်ထွက်မယ်ဆို တစ်လွကိုပြီး အသိပေးရတယ်ဆိုတာ မင်းသိပါတယ်နော်!!!
"အားချန်က ကိုယ်နဲ့ ဂျပန်ကို သွားရမှာ တကယ်ကိုမွဖစ်မနေမို့ အလုပ်ထွက်ရတာပါ!!!
သူ မျက်မှောင်ွကုတ်လျက် ဟွိုက်ခွမ်းနဲ့ အွကည့်ချင်းဆုံသွားသည်။
"သူက အခုထိ ငါ့ကုမ်ပဏီက ဝန်ထမ်ွးဖစ်နေဆဲပဲ..ဘာပွဲဖစ်ွဖစ် စည်းကမ်းဟာ စည်းကမ်းပဲ ပြောင်းလဲလို့မရဘူး.."
"CEOကလည်းဗျာ "
"အဟင်း!! တကယ်တော့ မင်းအလုပ်ထွက်မှာကိုကိုယ့်အနေနဲ့ နည်းနည်းတော့ စိတ်မကောင်ွးဖစ်မိတယ်ကိုယ့်မှာ မင်းလောက် အရည်အချင်းရှိတဲ့ အတွင်းရေးမှူးမရှိခဲ့ဖူးဘူး.."
စကားဝိုင်းထဲ ဆွဲသွင်းခံလိုက်ရသည်မို့ ရိပေါ်မှာွေကာင်အမ်းနေ၏။ ရှောင်းကျန့်ကလည်း ဘေးက ချစ်ရသူကို တစ်ချက်လှည့်ွကည့်ပြီး
"ဗျာ!! ဘယ်တုန်းကလဲ"
"ဪ!!!!
"လုပ်ပါ CEOရယ် ကျွန်တော့်အဖွားက ကျွန်တော့်ကိုဂျပန်ပြည်ကို တက်ပြီွးကင်ယာရှာခိုင်းနေတာပါဆို!!!
"ကောင်းပြီလေ ဒါပေမယ့် မင်းလိုတော်ပြီး အရည်အချင်းရှိတဲ့အတွင်းရေးမှူး တစ်ယောက်ရဖို့ဆိုတာ လွယ်တဲ့အလုပ်မှမဟုတ်တာ အဲ့ကိစ်စကိုွေဖရှင်းပေးမယ်ဆိုရင်တော့ ချို့ယွင်းချက်အနေနဲ့ ထားပေးမယ်"
"အင်း!!
မတ်တပ်ထရပ်ပစ်လိုက်တဲ့ ကျန်းချန်ွေကာင့် ရိပေါ်မှာတအံ့တဩွဖင့် မေးရသည်။
"အင်းလေ မနက်ွဖန်ကနေ စပြီး မင်းယောက်ျားအတွက်အတွင်းရေးမှူးတစ်ယောက် ရှာပေးရမှာ အဲ့အတွက်ကွိုကိုပြီး စီစဉ်ရမှာပေါ့.."
ရိပေါ် ခေါင်းတညိတ်ညိတ်လုပ်ပြီး သူ့အွကည့်တွေကိုကျန်းချန်ဆီကနေ ဟွိုက်ခွမ်းကောဆီကိုသာ ပို့လိုက်ရင်း
"ဒါနဲ့.. ဟွိုက်ခွမ်းကောက ဂျပန်နိုင်ငံသားအွဖစ်ခံယူသွားတွာကာပြီမဟုတ်လား.."
"အံမယ်!! ပညာစုံပြီဆိုတေွာ့ကင်ယာရော စုံပြီလားချစ်သူ ရည်းစားတွေ ရနေပြီပေါ့ ဟုတ်လား"
ကျန်းချန်... ကျန်းချန်.. ဂျပန်မလေးနဲ့ပဲ ညားမလားဂျပန်နိုင်ငံသားအွဖစ် ခံယူထားတဲ့သူနဲ့ ညားမလားဆိုတာငါစောင့်ွကည့်ရသေးတာပေါ့။
There are no comments yet. Log in to be the first to leave a review!
Similar stories