Fanfics

54💛(Final)

15:41, 5 April 2022

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

အဖြား ၂ ေယာက္ နဲ႔ တစ္ညေနခင္းလံုး စကားေျပာျဖစ္ၾကတာမလို႔ စာအုပ္ေတြမွာ ဖတ္ခဲ့ရတာထက္ ပိုၿပီး ေ႐ႊဝါေရာင္ေျမ ရဲ႕အဓိက ဇာတ္ေဆာင္ ေလးေယာက္ ရဲ႕အေၾကာင္းကို အတြင္းက်က် သိခဲ့ရတယ္ အျပင္။ထို ေ႐ႊဝါေရာင္ေျမ အ၀န္းအ၀ိုင္း ႀကီး အထဲက အေျခအေန မတူညီတဲ့ စံုတြဲေလးေတြရဲ႕ အခ်စ္ပံုျပင္ေလး ေတြကိုပါ သိလိုက္ရတာေၾကာင့္ အတိတ္ကို ျပန္မမွတ္မိေသးတဲ့ Jen , Mina နဲ႔ Chaeyoung တို႔ အတြက္ေတာ့ ရသစံုတဲ့ ရုပ္ရွင္ဇာတ္ကားတစ္ကားကို ၾကည့္ေနရသလိုပင္။

အတိတ္ကို ျပန္ မွတ္နိေနတဲ့ jiji တို႔ကေတာ့ ၿပံဳးၿပံဳးေလးသာနားေထာင္ေနမိေတာ့သည္။

" ဒါဆို အဖြား Sana က အဖြား Tzuyu နဲ႔ ေတာထဲက စခန္းကို လိုက္သြားၿပီးကတည္းက တစ္ႀကိမ္မွ အိမ္ေတာ္ကို ျပန္မလာခဲ့ဘူးလား။လြတ္လပ္ေရး မရခင္ထိေလ "

" အြန္း ဆိုပါေတာ့။အဖြား အဲ့ စခန္းရဲ႕ ၿခံစည္းရိုးကိုေတာင္ ေက်ာ္ၿပီး မသြားခဲ့ဘူး။လြတ္လပ္ေရး မရမခ်င္း Tzu ရွိတဲ့စခန္းမွာပဲ ေနခဲ့တာ။Tzu က သူ အားတဲ့ အခ်ိန္တိုင္း အဖြားကို အေဖာ္ျပဳေပးတယ္။သူ မအားတဲ့ အခ်ိန္ဆို အဖြားက ဘုရား တရားကိုဘဲ အေဖာ္ျပဳေနတယ္။ဒီေန႔ ဒီအခ်ိန္ထိ အဖြားေတာင္းခဲ့တဲ့ တခုတည္းေသာ ဆုေတာင္းက Tzu အႏၲရာယ္ကင္းဖို႔ ပါပဲ "

" တခါတေလ ေတာ့လည္း အဖြားေတြးမိတယ္။အဲ့တိုက္ပြဲည ကသာ အဖြား ဒဏ္ရာမရဘဲ သတိမေမ့ေနဘူး ဆိုရင္ခုခ်ိန္မွာ အဖြား သူငယ္ခ်င္းေတြ ၊ မိတ္ေဆြ အမေတြ ၊ အမအရင္းလို ခ်စ္ရတဲ့ အထက္အရာရွိေတြ နဲ႔ တေနရာရာ မွာ အတူတူ ရွိေနေလာက္မွာ "

" အဲ့လို မေျပာပါနဲ႔ Tzu ရယ္။တကယ္လို႔ အဲ့ညကသာ Tzuတခုခု ျဖစ္သြားရင္ Unnie ဘယ္လိုေတာင္ ရူးေလာက္ေအာင္ ခံစားရမလဲ ေတြးၾကည့္ပါအံုး။ "

" ဟုတ္ပါတယ္ Unnie ရယ္ Tzu က သေဘာ ေျပာျပတာပါ "

" သေဘာလည္း မေျပာနဲ႔ Unnie မႀကိဳက္ပါဘူးရယ္ "

" ဟုတ္ကဲ့ပါ Unnie  ရဲ႕။ေနာက္တခါ Unnie မႀကိဳက္ရင္မေျပာေတာ့ဘူးေနာ္ "

စကားေျပာ ေနရင္းကေန အဖြား ၂ ေယာက္ရဲ႕ Romace ကိုထိုင္ၾကည့္ေန ရတာမလို႔ အားလံုးရဲ႕ မ်က္နွာေတြဟာ ၿပံဳးစိစိေတြ ျဖစ္ေနၾကေလရဲ႕။

" ေျမးတို႔ ၿခံထဲ ေလ်ွာက္ၾကည့္ၾကေလ။အဖြားတို႔ ညစာ ျပင္ထားတယ္။ညစာစား ၿပီးမွ ျပန္ရမယ္ေနာ္ "

အဖြား Sana ရဲ႕ စကားေၾကာင့္ အားလံုးလည္း အဖြားကို အားနာတာမလို႔ မစားဖို႔ ျငင္းၾကေတာ့သည္။

" အယ္....မဟုတ္တာ အဖြားတို႔ရယ္ အားနာစရာႀကီး "

" မရပါဘူး။ေျမးတို႔ လာၾကမယ္ဆို ကတည္းက အဖြားတို႔ကစီစဥ္ထားတာ။ေျမးတို႔က ဧည့္သည္ေလ ဘာမွ မေကြၽးဘဲျပန္လႊတ္ေတာ့ ေကာင္းမလားေျပာ "

အဖြား Sana ရဲ႕ အခ်က္က်က် ေျပာဆိုမႈတြင္ မည္သူမ်ွ ျပန္မေျပာနိုင္ေတာ့ဘဲ ညစာကို အဖြားတို႔ဆီမွာ စားဖို႔သာ သေဘာတူလိုက္ၾကေတာ့သည္။

ညစာစားခ်ိန္ မေရာက္ေသးတာမလို႔ Mina က လမ္းေလ်ွာက္မလို႔ ဆိုၿပီး ၿခံထဲ ဆင္းသြားေလရဲ႕။ Chaeyoung ကေတာ့ Mina ေနာက္က တေကာက္ေကာက္ လိုက္ကာ ကပ္ပါးေကာင္ ေပါ့။Jen ကေတာ့ ဗိုက္နာလို႔ ဆိုကာ ေနာက္ေဖးကို ေျပးေလ ေတာ့သည္။

အခု ဧည့္ခန္းထဲမွာ က်န္ခဲ့တာက အဖြားတို႔ စံုတြဲရယ္ Lilyရယ္ Chae နဲ႔ Jiji။ေခတၲ ခဏ ၿငိမ္သက္ေနတဲ့ ပတ္၀န္းက်င္ကို အသက္၀င္ေစတဲ့ ပထမဆံုး စကား ကား........။

" အခု Tzu တို႔က အေရွ႕က ၃ ေယာက္ကို ေျမးတို႔ေရ လို႔ေခၚရမွာလား ဒါမွမဟုတ္ ဗိုလ္မွဴး , Jiji Unnie နဲ႔ ေဆးဗိုလ္ႀကီး လို႔ ေခၚရမွာလား မသိေတာ့ပါဘူး Sana Unnie ရယ္ "

" ဟင္ !!! "

" ရွင္ !!! "

" အယ္ !!! "

၃ ေယာက္လံုး ဆီက တစ္ၿပိဳင္တည္းထြက္လာတဲ့ အာေမဋိတ္စကားသံ ၃ ခြန္း.......။

" အဖြားတို႔က.....အာ.....Tzuyu တို႔က ....အယ္ မဟုတ္ေသး ပါဘူး။ဘယ္လိုေခၚရပါ့ မလဲ "

" Tzuyu လို႔ပဲေခၚပါလား Unnie တို႔ရယ္ "

" အယ္ ဘယ္ျဖစ္မလဲ Lily တို႔ ငရဲႀကီး.....ဟမ္ ေနအံုး....မ နဲ႔ Rosé ကေကာ ျပန္ၿပီး မွတ္မိသြားၾက ၿပီလား "

" အြန္း....ဟုတ္တယ္ေလ ငယ္ ရဲ႕။ဟမ္....ဒါဆို ငယ္ ကေကာ သတိရသြားၿပီေပါ့ "

" အြန္း....ဟုတ္တယ္ရယ္ "

" အာ.....၀မ္းသာလိုက္တာ မ ရယ္ "

ေျပာၿပီး တစ္ေယာက္ နဲ႔ တေယာက္ ေျပးဖက္ၾကတဲ့ Lily နဲ႔Jiji ကို ၾကည့္ကာ Chae နွာေခါင္း တစ္ခ်က္ ရႈံ႕လိုက္ကာ အက်ယ္ႀကီး ထေအာ္ေတာ့သည္။

" Jiji အဲ့တာ ဘာလုပ္တာလဲလို႔ !!! "

" အယ္....မဟုတ္ဘူးေလ Chae ေလး။Jiji က ဒီတိုင္း ေပ်ာ္လို႔ ဖက္မိတာေလ "

" ျပန္လာခဲ့....လာ....ေပ်ာ္လည္း မဖက္ရပါဘူးေနာ္ "

ငရုတ္သီးေတြ အမ်ားႀကီး စားမိတဲ့ သူလို ရွဴးရွဴးရွဲရွဲ ျဖစ္ကာမ်က္နွာႀကီး ေတြ ရဲေနတဲ့ Chae နဲ႔ Chae ရဲ႕ မ်က္နွာကိုအရိပ္တၾကည့္ၾကည့္ ၾကည့္ကာ ေခ်ာ့ေနတဲ့ Jiji ကို ၾကည့္ကာLily သေဘာေပါက္ လိုက္ၿပီ ျဖစ္တာေၾကာင့္......

" ဒီမွာ Park Chaeyoung ။ Chaeyoung လို႔ပဲ ေခၚမယ္ေနာ္ ဟို နာမည္ႀကီးက လ်ွာလိပ္လို႔။ဒီမွာ Park Chaeyoung ခုခ်ိန္မွာ Kim Jichu က ကိုယ့္ရဲ႕ တရား၀င္ခ်စ္သူေနာ္။ကိုယ့္မွာ ေဟာဒီလို လက္ကိုင္ခြင့္ ရွိသလို..... "

ေျပာၿပီး Lily လည္း Jiji ရဲ႕ လက္ကို လွမ္းကိုင္လိုက္ကာ........

" ေဟာဒီလိုလည္း ခါးဖက္ခြင့္ ရိွတယ္ေနာ္ "

လက္ကို လွမ္းကိုင္ၿပီး အနားကို ဆြဲကာ Jiji ရဲ႕ ခါးေလးကိုခပ္တင္းတင္းေလး ဖက္လိုက္ေတာ့သည္။Jiji လည္း လန္႔ၿပီးေမာ့ၾကည့္ေတာ့ Lily က မ်က္လံုး တစ္ဖက္ မွိတ္ျပတာ မလို႔Jiji လည္း စ ေနမွန္း သိသြားတာ မလို႔ ၿငိမ္သာေန လိုက္ေတာ့သည္။

ဒီဘက္ မွာေတာ့ Chae တစ္ေယာက္မွာျဖင့္ ကြၽဲႀကီး အနီေရာင္ ေတြ႕သလိုမ်ိဳး တရွဴးရွဴး တရွဲရွဲ ေတြ ျဖစ္ေနေလရဲ႕။

" ဟား.....ဟား....ဗိုလ္မွဴးရယ္ မစပါနဲ႔ေတာ့ ဟိုမွာ ေဆးဗုိလ္ႀကီး က တကယ္စိတ္ေတြ တိုေနၿပီ။ဗိုလ္မွဴး အထိုးခံရေတာ့မယ္ "

Tzuyu က ရယ္ကာ ေမာကာ ေျပာေနတာမလို႔ ထြက္ေနတဲ့Chae ရဲ႕ ေဒါသေတြေတာင္ ခန ေပ်ာက္သြားေတာ့သည္။

" ဟီး.... စတာပါ Chae ရယ္။အတိတ္ကို ျပန္အမွတ္ရၿပီးငါ့ အခ်စ္စစ္က Ruby တစ္ျဖစ္လည္း Jen ျဖစ္္တယ္ဆိုတာ ကို သိၿပီးကတည္းက မ အေပၚ Unnie တေယာက္လိုပဲ သေဘာထားေတာ့ တာပါဟယ္ "

" ဟင္....ဒါဆို.....ဟီး Lily ရယ္ Chae ေတာင္းပန္ပါတယ္ေနာ္ ေစာနက နည္းနည္း...... "

" မႊန္သြားတာ မလား "

" ဟီး....ဆိုပါေတာ့ "

"ဒါနဲ႔ ေနပါအံုး Tzuyu နဲ႔ Sana က တို႔ေတြ ၃ ေယာက္ ျပန္ၿပီး အတိတ္ကို မွတ္မိတယ္ဆိုတာ ဘယ္လိုလုပ္ သိတာလဲဟင္ "

" မ်က္၀န္းေလ Lisa ရဲ႕ မ်က္၀န္း။မ်က္၀န္းက ဘယ္ေတာ့မွလိမ္လို႔မရဘူး။နင္တို႔ မ်က္၀န္းထဲ မွာေပၚေနတယ္ နင္တို႔အေၾကာင္းေတြ အကုန္လံုးေလ "

" ဟ.....ကြၽမ္းလွခ်ည္လား"

" ေအာ္....Jiji ရယ္။Sa တို႔လည္း အသက္ေတြ ႀကီးေနၿပီေလ။လူ အကဲခတ္ တတ္ေနပါၿပီရယ္။လူ ၁ ေယာက္ရဲ႕ မ်က္လံုးကို ၾကည့္တာနဲ႔ သူတို႔ စိတ္ကို သိေနနိုင္ပါၿပီရယ္ "

" ေအာ္....ဟုတ္တာပဲ "

"အဲ့တာေတြ ခနထား။ကြၽန္မကို ကူညီၾကပါအံုး။ရွင္တို႔ က ျပန္သတိရၿပီး ခ်စ္ၾကည္ႏူး တစ္တီတူး ေနၾကေပမယ့္ ကြၽန္မရဲ႕ ပတၲျမားငယ္ ေလးက ကြၽန္မကို မမွတ္မိေသးဘူးေလ။ဘယ္လိုလုပ္ရမလဲ ကူညီၾကအံုး "

Lily က မ်က္နွာငယ္ေလး နဲ႔ အားလံုးကို ၀ိုင္း အကူအညီေတာင္း ၾကတာမလို႔ အားလံုးမွာ ရီပဲရီရေတာ့မလို သနားပဲ သနား ရေတာ့မလို ျဖစ္ကုန္ေတာ့သည္။

" မမ က Jennie Kim ေပမယ့္ သူ႔ရဲ႕ စိတ္တို႔ အက်င့္တို႔ကRuby Jane နဲ႔ တူတူပဲ ျဖစ္မွာပါ။မမ စိတ္ကို Sa ေကာင္းေကာင္း သိတယ္။လာ Sa အႀကံေပးမယ္ "

Minatozaki Sana ရဲ႕ ဦးေဆာင္မႈ နဲ႔ အတူ Lily တို႔ အသင္းႀကီးက Jen နဲ႔ က်န္ ၂ ေယာက္ ျပန္သတိရဖို႔အေရးဗ်ဴဟာ ေပါင္းစံုထုတ္ကာ ႀကိဳးစားေန ၾကေတာ့ေလရဲ႕

~~~~~~~~~~~~~~~~~~~~~~~~~

" ကဲ ထမင္းစားခ်ိန္လည္း နီးၿပီ။ထမင္းစားဖို႔ သြားေခၚၾကပါအံုးဟို ၃ ေယာက္ကို ေျပာထားတာေတြ မေမ့နဲ႔ေနာ္ "

" ဟုတ္ကဲ့ပါ ဖြားဖြားတို႔ရွင့္။သမီး Lily က သြားေခၚလိုက္မွာမလို႔ က်န္တဲ့ သမီးေလး ၂ ေယာက္နဲ႔ ထမင္းစားဖို႔ ျပင္ဆင္လိုက္ၾကပါေနာ္ "

ေျပာင္ေခ်ာ္ေခ်ာ္ နဲ႔ ေျပာကာ ေျပးထြက္သြား တဲ့ Lily ေၾကာင့္က်န္္ခဲ့တဲ့ သူေတြကေတာ့ အူလွိမ့္ေအာင္ ရီေနၾကေလရဲ႕။

ထမင္းစား၀ိုင္းေရာက္ေတာ့ Sana နဲ႔ Tzuyu က ထမင္းစား၀ိုင္းရဲ႕ ထိပ္မွာ ထိုင္လိုက္ၿပီး သူတို႔ ၂ ေယာက္ရဲ႕ မ်က္နွာခ်င္းဆိုင္ထိပ္မွာေတာ့ Chaeyoung နဲ႔ Mina ထိုင္ေနၾကေတာ့သည္။ထမင္းစား၀ိုင္းရဲ႕ ညာဘက္မွာ Lily နဲ႔ Jijiထိုင္ေနၿပီးေတာ့ သူတို႔ ၂ ေယာက္ ရဲ႕ မ်က္နွာခ်င္း ဆိုင္မွာေတာ့ Jen နဲ႔ Chae တို႔ ထိုင္ေနၾကေလရဲ႕။

" ကဲ ေျမး တို႔ ထည့္စားၾကေနာ္။အားမနာနဲ႔ ဒါ အဖြားတို႔ ေသခ်ာခ်က္ထားတာ "

" ဟုတ္ကဲ့ပါ အဖြား။ေက်းဇူးတင္ပါတယ္။ကဲ စားၾကရေအာင္ "

Lily ရဲ႕ ေဆာ္ၾသမႈ နဲ႔ အတူ ဗိုက္ဆာေနတာ က တစ္ေၾကာင္း ဟင္းေတြရဲ႕ အရသာေတြကလည္း ေကာင္းလြန္းတာေၾကာင့္ တစ္ေၾကာင္း ေခါင္းမေဖာ္တမ္း စားေနမိေတာ့သည္။စကားမေျပာတမ္း စားေနၾကတာေၾကာင့္ ထမင္းစားခန္းေလးမွာ တခါတရံ ထြက္ေပၚလာတဲ့ ဇြန္းသံ ခရင္းသံ မ်ားက လြဲၿပီး တျခား ဘာမွ မၾကားရေပ။

သို႔ေသာ္ Jiji ရဲ႕ မ်က္နွာခ်င္းဆိုင္မွာ ထိုင္ေနတဲ့ Chae ကသူ႔ ရဲ႕ ေျခတံ ရွည္ႀကီးကို သံုးၿပီး Jiji ရဲ႕ ဂါ၀န္အျဖဴေလးေအာက္က ေျခေထာက္ ျဖဴျဖဴေလး ကို ေအာက္ဘက္ကေန အေပၚဘက္ကို တက္လိုက္ဆင္းလိုက္ ပြတ္ဆြဲၿပီး စေနေတာ့ေလရဲ႕။

ပထမေတာ့ Jiji က ၿငိမ္ခံေနေပမယ့္ ေနာက္ပိုင္းက် အသည္းယား လာတာမလို႔ မေနနိုင္ေတာ့ဘဲ ယိုးတိုးယြတ ျဖစ္လာေတာ့သည္။Chae ကေတာ့ ၿပံဳးၿပံဳးႀကီး နဲ႔ သေဘာက်ေန တဲ့ပံုပင္။ဒါကို သတိထားမိသြားတဲ့ Lily က Jiji ရဲ႕ ေျခေထာက္ေရွ႕မွာ သူ႔ရဲ႕ ေျခေထာက္ကို ကန္႔လန္႔ျဖတ္ ခံ ထားလိုက္တာကို Chae က မသိဘဲ Jiji ေျခေထာက္ အမွတ္နဲ႔ Lily ရဲ႕ေျခေထာက္ကို ပြတ္ဆြဲ ေနမိေတာ့သည္။

" ကေလာင္!! "

ထိုစဥ္ Chae ရဲ႕ ဖုန္းထဲကို ၀င္လာတဲ့ Massage တစ္ေစာင္။

" Chae "

" Yes,Lily "

" ေအာက္က ေျခေထာက္က Lily ေျခေထာက္ေနာ္😜 "

ေျပာင္စပ္စပ္ Emoji နဲ႔ အတူ ပို႔လာတဲ့ စာေၾကာင့္ စိတ္တိုတာေကာ ရွက္တာေကာ ေရာသြားၿပီး Chae ရဲ႕ မ်က္နွာဟာ ရဲခနဲျဖစ္သြားေတာ့သည္။

* Chae သိသည္ ေစာနက အထိ Chae ပြတ္ဆြဲေန တာ Jiji ေျခေထာက္မွန္း ဘယ္အခ်ိန္ ေျခေထာက္ကို လဲသြားတယ္ မသိ။တကယ့္ အရႈပ္ထုတ္ေလး *

ေစာနကအထိ ရွက္ေနေပမယ့္ တခုခုကို သတိရသြား ဟန္ျဖင့္ဟင္းပန္းကန္ ထဲက ဟင္း တစ္ခ်ိဳ႕ကို လွမ္းခတ္ကာ......

" အာ.....ငယ့္ ရဲ႕ ခ်စ္ခ်စ္ ေလး ပါးစပ္ဟ "

" ငယ္.....ဘယ္လိုျဖစ္ေနတာ တျခားသူေတြ နဲ႔ ေလ "

Jen လည္း အသံ ခပ္အုပ္အုပ္ျဖင့္ မာန္လိုက္ေပမယ့္ Chae ကေတာ့ ေျပာမရ။

" လူရွိလည္း ဘာျဖစ္လဲ။ကိုယ့္ခ်စ္သူ ကိုယ္ ခြံေကြၽးတာပဲကို "

Jen လည္း တားမရတဲ့ အဆံုး ေဘးပတ္၀န္းက်င္ ကို တစ္ခ်က္ အကဲခတ္လိုက္ေတာ့.....။

Chaeyoung ကလည္း Mina ကို ဟင္းထည့္ေပးရတာနဲ႔ သူတို႔ကို ဂရုမစိုက္အား။Mina ကလည္း Chaeyoungကို တရားခ်ေန ရတာေၾကာင့္ သူတို႔ကို အာရံုမရွိ။အဖြား Sana နဲ႔ Tzuyu တို႔ကလည္း သူတို႔ကို ရွိတယ္လို႔ေတာင္ မထင္။တေယာက္မ်က္နွာ တစ္ေယာက္ ၾကည့္ၿပီး ၾကည္ႏူးေနေလရဲ႕။Lily တို႔ အတြဲကလည္း ထမင္းသာ ငံု႔စားေနတာေၾကာင့္ Chae ခြံ႕တဲ့ ဟင္းကို ျဖတ္ခနဲ အျမန္သာ စားလိုက္ေတာ့သည္။

ထိုအခ်ိန္မွ စၿပီး ထမင္းစား၀ိုင္းႀကီး မွာ ပိုလို႔ပင္ တိတ္ဆိတ္သြားေတာ့သည္။

~~~~~~~~~~~~~~~~~~~~~~~

ထမင္းစားၿပီးေတာ့ စကားစျမည္ ခနေျပာေနတုန္း Jiji ေပ်ာက္သြားတာ မလို႔ Chae လည္း စကားေျပာေနရာကေန မေယာင္မလည္ နဲ႔ ထြက္သြားကာ Jiji ရွာပံုေတာ္ ဖြင့္ေလေတာ့သည္။

သိပ္ၾကာၾကာ မရွာလိုက္ရပါဘူး။ေတြ႕ပါၿပီ ခ်စ္ဆံုးေလး။ၿခံထဲက ပန္းပင္ေတြ နဲ႔ ဓာတ္ပံုရိုက္ေနတဲ့ အသည္းတံုး ပူၾကဴးေလးအနားကို အျမန္ ေျပးသြားလိုက္ေတာ့ ေျခသံၾကားလို႔ထင္ ပူၾကဴးေလးက လွည့္ၾကည့္ေလရဲ႕။

သူ႔ကိုျမင္ေတာ့ ခ်စ္ေသာေလးရဲ႕ မ်က္နွာက ၿပံဳးေနရာကေန တန္း ဆူပုတ္သြားတာ မလို႔ ေ႐ႊမ်က္နွာေတာ္ ညႇိဳးရတဲ့ အေၾကာင္းအရင္း ကို စတင္ စံုစမ္း ရေတာ့မည္ ျဖစ္သည္။

" ဘာျဖစ္တာတုန္း အသည္းတံုးရဲ႕ ဆူပုတ္ေနတာပဲ "

ေမးစိေလးကို ကိုင္ကာေမးလိုက္ေတာ့ ခ်စ္ေသာေလးက သူမရဲ႕ လက္ကို ဆက္ခနဲ ပုတ္ခ်လိုက္ၿပီးမွ.......

" သြားပါ။Jennie ဆီသာ သြားၿပီး တခုခု ခြံေကြၽးေနလိုက္ "

" ေအာ္ ခ်စ္ဆံုးေလးက သ၀န္တို ေနတာလား "

" မတိုပါဘူး။တိုစရာလား ရွင္ နဲ႔ ကြၽန္မ က ဘာဆိုင္တာက် "

" အသည္းတံုးေလး ပူၾကဴးေလးကလည္း Chae ကေလ Jiji ကို စ ေနတာကို Lily က ၀င္ေနွာက္ယွက္လို႔ တမင္ Lilyကို အူတိုေအာင္ လုပ္တာေလ.....စိတ္မဆိုးနဲ႔ေလေနာ္....ေနာ္....ေနာ္ လို႔ဆို "

Jiji ရဲ႕ လက္ကို ကိုင္ကာ ဟိုဖက္ရမ္း ဒီဘက္ရမ္း နဲ႔ ကေလးမဟုတ္ သူငယ္မဟုတ္ ရုပ္ၾကမ္းႀကီး ျဖင့္ ခြၽဲေနတဲ့ Chae ကို ျမင္ရတာ Lily အဖို႔ စိတ္ပ်က္ရပါတယ္။

" ဘာလဲ Park Chaeyoung သူမ်ား ခ်စ္သူကို ဆြဲလားရမ္းလား နဲ႔ "

" ဘာကို သူမ်ား ခ်စ္သူလဲ။ဒါငါ့...... "

" အြန္းေျပာေလ။နင့္ ဘာလဲ "

" ငါ့ Jiji ေလ..... "

" ဆုေတာင္း "

" Ya Lalisa !!! "

" လီလီ မဟာပ၀တ္ ကထင္ ပါ "

" Lalisa ေကာ မဟုတ္ဘူးလား "

" ေအး ဟုတ္တယ္ "

" ဝုန္း ၊ ခ်ဳန္း !!! "

က်ယ္ေလာင္စြာ ထြက္ေပၚလာတဲ့ မိုးၿခိမ္းသံ နဲ႔ အတူ သည္းထန္စြာ ႐ြာသြန္းလာတဲ့ မိုးေၾကာင့္ ၃ ေယာက္သား အိမ္ထဲကိုသာ ေျပး၀င္လာၾကေတာ့သည္။

" မိုးေတြ ေတာ္ေတာ္႐ြာလာတာပဲ။ေျမးတို႔ေတာ့ ျပန္လို႔မျဖစ္ေလာက္ ေတာ့ဘူးထင္တယ္ "

" ဟုတ္ေလာက္မယ္ အဖြား Tzuyu ရယ္ "

" ဒါဆို ေျမးတို႔ ဒီည ဒီမွာပဲ အိပ္လိုက္ၾကေလ။နက္ျဖန္ မနက္မွ ေအးေဆး ျပန္ၾက "

" အဖြား Sana ေျပာသလိုပဲ လုပ္ၾကရေတာ့မွာေပါ့ "

" အခန္း ၂ ခန္း ရွိတယ္။အခန္းကေတာ့ က်ယ္တယ္ရယ္ ဘယ္လို လူခြဲၾကမလဲ ေျမးတို႔ "

" အဖြားရယ္ Lily ေလးရယ္ Chae ေလးရယ္ ဟိုဘက္က က်ားပုေလး Chaeyoung ရယ္က တစ္ခန္း အိပ္ၾကမယ္ေလ "

"Tzu ေျပာတာ ေကာင္းသား။ဒါဆို က်န္တဲ့ ေျမးေလး ၃ ေယာက္က အဖြား နဲ႔ အိပ္ "

" ဟုတ္ကဲ့ အဖြား !!! "

Tzuyu စီစဥ္တဲ့ လူခြဲတာက Mina , Jen နဲ႔ Jiji တို႔ အဖို႔က အဆင္ေျပေပမယ့္ ဟိုတစ္သိုက္ ကေတာ့ ေအာင့္သက္သက္ ပင္။

ခုေတာ့ ၄ ေယာက္ အုပ္စုက ကိုယ္စီ သတ္မွတ္ထားတဲ့အခန္းထဲကို ေရာက္ကာ နည္းမ်ိဳးစံု နဲ႔ အနားယူေနၾကေလရဲ႕။ဒါေပမယ့္ Chaeyoung တေယာက္ကေတာ့ ငူငူငိုင္ငိုင္ႀကီး နဲ႔ပင္။

" ေဟး Chaeyoung ငူငူငိုင္ငိုင္ ႀကီး နဲ႔ ဘာျဖစ္ေနတာ "

" ဘာမွမျဖစ္ပါဘူး အဖြားTzuyu ရယ္။ဒါနဲ႔ အဖြား Chawတခု ေမးလို႔ရမလား "

" အြန္း ေမးေလ "

" အဖြားဘာလို႔ Chaw ကို က်ားပုေလးလို႔ ေခၚတာလဲဟင္ "

" ဒီတိုင္းပဲ ေခၚလိုက္တာပါ။ဘာလို႔လဲ ေျမး "

" အဖြား အဲ့လို ေခၚၿပီးကတည္းက Chaw မ်က္လံုးထဲမွာ ပံုရိပ္ေတြ ေပၚေနတာ ၿပီးေတာ့ နာမည္ေတြလည္းၾကားရတယ္ ေသခ်ာမွတ္မိတာေတာ့ Son Chae ရယ္ Myoui Mina ရယ္ Ruby Jane ရယ္။Chaw စိတ္ရႈပ္လို႔ ေခါင္းထဲကေန ရွင္းထုတ္ေနေပမယ့္ ခနခန ေရာက္ေရာက္ လာတယ္ရယ္ "

Chaeyoung စကားေၾကာင့္ Lily ေရာ Chae ပါ ၀ုန္းခနဲ ထလာကာ Tzuyu နဲ႔ အတူ Chaeyoung ေဘးမွာ ၀င္ထိုင္လိုက္ၾကၿပီး........

" မထုတ္ပစ္နဲ႔ ျပန္စဥ္းစား။မ်က္လံုးမွိတ္ထား ေပၚလာသမ်ွကိုေသခ်ာစဥ္းစား "

" မထုတ္ပစ္နဲ႔ ေသခ်ာစဥ္းစား Lily ေျပာသလိုပဲ ေသခ်ာစဥ္းစား "

Chaeyoung လည္း ဘာမွန္း မသိေပမယ့္ Lily ေရာ Chae ကပါ အားတက္သေရာ ေျပာေနတာေၾကာင့္ ဘာမွ မေျပာဘဲ မ်က္လံုးမွိတ္ၿပီးသာ စဥ္းစားေနေတာ့သည္။ဒါေပမယ့္ ေစာနက လိုေတာ့ ဘာမွ တိတိက်က် ေပၚမလာေတာ့။

Chaeyoung လည္း မ်က္လံုးမွိတ္ထား လ်က္ပင္.......

" မရဘူး.....Unnie တို႔။မရေတာ့ဘူး ဘာမွစဥ္းစား မရေတာ့ဘူး ဘာမွမေပၚေတာ့ဘူး "

" ေသခ်ာျပန္စဥ္းစား ၾကည့္ပါအံုး Chaeyoung ရယ္။လုပ္ပါ ႀကိဳးစားၾကည့္ပါအံုး။မ်က္လံုးမဖြင့္လိုက္နဲ႔ေနာ္ "

" မရေတာ့ဘူး Chae Unnie ရဲ႕။Chaw ဘာမွ စဥ္းစား မရေတာ့ဘူး။Chaw မ်က္လံုး ဖြင့္ခ်င္ေနၿပီရယ္ "

" မင္းကို ေသခ်ာစဥ္းစားစမ္းလို႔ ငါ ရယ္ အမိန္႔ေပးေနတယ္ေလ Son Chaeyoung !!!! "

Lily ရဲ႕ အမိန္႔သံနဲ႔ အတူ ၿငိမ္က်သြားတဲ့ သူတို႔ ၄ ေယာက္ရဲ႕အခန္း ပတ္၀န္းက်င္........။

ထို႔ေနာက္ ခတၲ ခန အၾကာမွာ ျပန္လည္ ပြင့္လာတဲ့Chaeyoung ရဲ႕ မ်က္၀န္း ၀ိုင္း၀ိုင္းေလး တစ္စံု........။

ၿပီးေတာ့..........။

" Chaw အားလံုးကို မွတ္မိၿပီ ဗိုလ္မွဴး "

" ေဟး.....ဒါမွ ငါတို႔ က်ားပုကြ "

Lily တို႔ ၃ ေယာက္လည္း ေပ်ာ္႐ႊင္စြာ ေအာ္ဟစ္ကာ Chaeyoung ကို ၀ိုင္းဖက္ လိုက္ၾကေတာ့သည္။ခေန ေန မွ အားလံုးက ဖက္ထားရာကေန လႊတ္ေပးလိုက္ေတာ့ Chaeyoung က သူ႔ေဘးနားမွာ ထိုင္ေနတဲ့ Tzuyu ကို ေသခ်ာၾကည့္ကာ ဇက္ခနဲ Tzuyu ရဲ႕ ရင္ခြင္ထဲကို ၀င္ကာTzuyu ကို တင္းေနေအာင္ ဖက္ထား လိုက္ေတာ့သည္။

" ေဟ့ေကာင္ က်ားပု ဘာလို႔ ငါ့ ရင္ခြင္ထဲ လာငိုေနတာလဲ ငါေတာင္ မငိုတာကို မင္းကလည္း ႏြဲ႕တဲ့တဲ့ နဲ႔ "

Tzuyu ကို ဖက္ကာ Tzuyu ရင္ခြင္ထဲမွာ ငိုေနတဲ့ Chaeyoung ကို အငိုတိတ္ေအာင္ ေျပာေနေပမယ့္လည္းTzuyu ရဲ႕ မ်က္၀န္းထဲ နဲ႔ ပါးျပင္ ေတြမွာလည္း မ်က္ရည္ေတြ နဲ႔ ပါပဲ။

" ငါ့က် မငိုဖို႔ ေျပာၿပီး မင္းက် မ်က္ရည္ေတြ နဲ႔ ေလာရွည္စုတ္။ဟ....ခုမွ ေသခ်ာၾကည့္မိတယ္။မင္းေတာ္ေတာ္ အိုစာသြားတာပဲကြ။ဒီမွာၾကည့္စမ္း ငါေလးကို ခုထိ ပ်ိဳပ်စ္ႏုနယ္ ေနတုန္းပဲ "

Chaeyoung စကားေၾကာင့္ Tzuyu မွာ အနည္းငယ္ေအာင့္သက္သက္ ျဖစ္ရေပမယ့္ Chaeyoung ကို ျပန္ၿပီးေခ်ပဖို႔ စကားစ ရွာေနမိသည္။

" ငါက အိုပဲ အိုသြားတာပါကြာ။မင္းကေကာ ဟိုဘက္ဘ၀ေကာ ဒီဘက္ဘ၀မွာ ၁၅၉ စင္တီမီတာ က တက္မလာတဲ့ဘာဆက္တိုင္း အရပ္ပုေနတဲ့ေကာင္ "

Tzuyu အေျပာေၾကာင့္ Lily တို႔ခမ်ာ ႀကိတ္ရီရတာ ဗိုက္ေၾကာ ေတြပင္ နာေနေတာ့သည္။ေျဗာင္ေတာ့မရီရဲ ဟိုက်ားပုက က်ားစိတ္ေပ်ာက္သြားမွျဖင့္။

Tzuyu ေျပာလည္း ေျပာခ်င္စရာ ဘ၀ေတြသာ ေျပာင္းသြားတယ္ Son Chaeyoung အရပ္က ေျပာင္းမသြား။ပု တုန္း ပု ဆဲ ပု လတၲံပင္။

" ၿပီးေတာ့ သိထားဖို႔က မင္းထက္ ငါက ပို အသက္ႀကီးတယ္ေနာ္ ေျမးေလး Son Chaeyoung။ရိုရိုေသေသ ဆက္ဆံ "

" ဒါေတာ့ ဟုတ္တယ္ ငါတို႔ သံုးေယာက္လံုး ထက္ သူက ပိုအသက္ႀကီးတယ္ ေသခ်ာ ရိုိရိုေသေသ ဆက္ဆံရမွာ "

" ဟာ.....ဗိုလ္မွဴးတို႔က ရိုေသစရာ မလိုပါဘူး။ဒီေကာင္ Son Chaeyoung ပဲ ရိုေသရမွာ "

" အဲ....ေနအံုး စကားမစပ္ Chae က အရင္ ဘ၀ ကလိုပဲ ငါ့ကုိ ခ်စ္ေနတုန္းလား "

Lily ရဲ႕ အေမးေၾကာင့္ Chae လည္း မ်က္နွာႀကီး ရႈံ႕မဲ့ကာကိုယ့္ရင္ဘတ္ ကို ထုၿပီး..........

" ေဝါ့....ေဝါ့....ေအာ့....႐ြံစရာႀကီး။အရင္ကေတာ့ နင့္ ငါ ဘာစိတ္နဲ႔ ငါ ႀကိဳက္မိတယ္ မသိ။ခုေတာ့ နင့္ျမင္ရင္ကို ငါ့ မယ္ေအာ္ဂလီေတြဆန္ေနတာ "

" ဟားဟား.....ဟားဟား "

Chae ရဲ႕ စကားေၾကာင့္ အခန္းထဲက လူေတြမွာ ေအာ္ႀကီးဟစ္က်ယ္ နဲ႔ ရီေနၾကေပမယ့္ အေျပာခံရတဲ့ Lily ကေတာ့ေအာင့္သက္သက္ နဲ႔ ပင္။

" ေအး နင္က ေအာ္ဂလီဆန္ မွာေပါ့ ဗိုလ္ႀကီး မဟုတ္ဘဲ ဗိုက္ႀကီး ျဖစ္ေနတာကိုး "

" ေအး ဘာျဖစ္လဲ ငါက ဗိုက္ႀကီးေနတာ Kim Jichu နဲ႔။အယ္....အယ္ မွားလို႔ ငါ့ေၾကာင့္ Kim Jichu က ဗိုက္ႀကီးရမွာ "

" ေအာ္.....ဒီ မယားတရူးက တစ္မ်ိဳး "

" ေျပာရင္းဆိုရင္း ငါေလး ရဲ႕ အသည္းတံုးေလး ကို သတိေတာင္ ရသြားၿပီး ဖုန္းဆက္ၿပီး သြားေတြ႕လိုက္အံုးမယ္ "

" ႂကြ ႂကြ "

Jiji ကို ေတြ႕ဖို႔ Chae ထြက္သြားၿပီး ခန အၾကာထိ တိတ္ဆိတ္ေန တဲ့ အခန္းေလး......။

" ဟ....ဒုကၡပဲ !!!! "

တိတ္ဆိတ္ ေနတဲ့ အခန္းေလးကို လာေရာက္ ျဖိဳခြင္း တဲ့ Chae ရဲ႕ ခပ္စူးစူး ေအာ္သံ။

" ဘာျဖစ္တာလဲ က်ားပုရာ အလန္႔တၾကား နဲ႔ "

" ေအးေလ။ဘာျဖစ္တာလဲ Son Chae "

" ဒီလိုေလ Chaw ကသာ အတိတ္ကို မွတ္မိတာ မမ Mi ကမမွတ္မိ ေသးဘူးေရာ္။အဲ့တာ ဘယ္လိုလုပ္ရမလဲ "

" ဘယ္လိုမွ လုပ္မေနနဲ႔။နင့္ အေရွ႕မွာ ငါ တေယာက္လံုး ရွိေသးတယ္။Jen လည္း ခုထိ မမွတ္မိေသးဘူးေလ။ "

" အယ္.....ဟုတ္သား "

" မမေလး Ruby က ဘယ္လိုလုပ္မွ ျပန္သတိရမယ္ မသိေပမယ့္ Mina Unnie ျပန္သတိရမဲ့ နည္းလမ္း ေတာ့ ငါသိတယ္။ "

Tzuyu ရဲ႕ စကားေၾကာင့္ အေရာင္ေတြ လက္လာတဲ့ က်ားပုရဲ႕ မ်က္၀န္းေတြ.......။

"လုပ္ပါ ေျပာျပပါ Tzuyu ရယ္။မင္း ေက်းဇူးကိုေလ ဒီတသက္ မေမ့ပါဘူးကြာ "

" Mina Unnie ကို သြားဖြင့္ေျပာလိုက္။ဖြင့္ေျပာလို႔ မွ မမွတ္မိေသးရင္ တခါတည္း ဖက္ပါ နမ္းျပစ္လိုက္ကြာ "

" ဟ....ျဖစ္ပါ့မလား။သတိမရဘဲ ပါးရိုက္ခံေနရအံုးမယ္ "

" မင္း မမ Mi ကို မွတ္မိ ေစခ်င္တယ္မလား။ငါေျပာတဲ့ အတိုင္းလုပ္ ငါ အာမခံတယ္။မင္း သတၲိမရွိဘူးလား "

" သတၲိကေတာ့ ရွိတာေပါ့။ေအး....လုပ္ခ်ကြာ။ငါ အခုပဲ သြားေျပာေတာ့မယ္ "

Lily နဲ႔ Tzuyu လည္း ေစာနက ေၾကာက္သလိုလို ဘာလိုလိုလုပ္ၿပီး ကာမွ အခုက် သူမဟုတ္တဲ့ အတိုင္း အခန္းထဲကေန ေျပးထြက္သြားတဲ့ က်ားပု ေကာင္က္ို ၾကည့္ကာ ေခါင္းသာခါေနမိေတာ့သည္

" ပါးေတာ့ အရိုက္မခံ ရေလာက္ဘူးမလား Tzuyu "

" ထင္တာပါပဲ ဗိုလ္မွဴးရယ္ "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" မမ Mi.....မမ Mi ........  "

" လာပါၿပီ Chaeyoung ရယ္။ဘယ္လိုျဖစ္လို႔ အခန္းေရွ႕လာၿပီး ဇြတ္ေအာ္ေနတာ "

ည၀တ္အက်ီ ပန္းေရာင္၀မ္းဆက္ ေလးကို ၀တ္ကာ ဆံပင္ရွည္ေတြကို ကပိုကယို ေလး ထုံးထားတဲ့ Mina က တစ္မ်ိဳးေလး ဆြဲေဆာင္မႈ ရွိေနျပန္ေရာ

" လာပါအံုး Mina Unnie ရယ္ Chaw ေျပာစရာရွိလို႔ "

" ေအးေအး.....လာပါ့မယ္။ေအာ္ အတင္းသာ ဇြတ္ဆြဲ ေခၚေနေတာ ့တာပဲ "

ကဲ....ေနာက္ဆံုးေတာ့ ေရာက္ပါၿပီ Chae ေခၚလာတဲ့ ေနရာၿခံထဲက သစ္ပင္ႀကီး တစ္ပင္ေအာက္ပင္။

" ကဲ ေျပာစရာရွိတာ ေျပာေတာ့။ေခၚတဲ့ ေနာက္လဲ လိုက္လာၿပီးၿပီ "

" မမ Mi အရင္ ဘ၀ကိုျပန္သတိရၿပီလားဟင္။"

" ဟမ္ .... ဘာေျပာတယ္ "

" Hirari Mina မဟုတ္ဘဲ Myoui Mina ဘ၀ကိုေလ "

" Chaeyoung.....မင္း မူးေနတာလား။မင္းဆီက အရက္နံ႔လည္း မရပါဘူး။ဒါမွမဟုတ္ မင္း ေနမေကာင္းတာမ်ားလား "

" မဟုတ္ပါဘူး မမ Mi ရယ္ "

" ဒါဆို မင္း ဘာလို႔ ေပါက္ကရေတြ လာေမးေနတာလဲ "

" ဟိုေလ..... "

" အြန္း "

" ဟိုေလ....Chaw မမ Mi ကို ခ်စ္တယ္ "

Chaeyoung ရဲ႕ ဖြင့္ေျပာလာတဲ့ စကားအၿပီးမွာ မိုက္ခနဲျဖစ္သြား ၿပီး  ခႏၶာကိုယ္ေလးကလည္း ယိုင္သြားတာေၾကာင့္Son Chae အျမန္ထိန္းေပး လိုက္ရေတာ့သည္။

" မမ Mi....ဘာျဖစ္တာလဲ။မမ Mi "

" Chaw.......Chaw မမ Mi ကုိ ခ်စ္တယ္။ "

" အြန္း။မမ သိတယ္။ၿပီးေတာ့ မမ ေရွ႕တန္းက ျပန္လာတဲ့ အခါ မင္းကို အေျဖျပန္ေပးမယ္။အခုေတာ့ ျပန္ေတာ့ ခ်ာတိတ္စခန္း နဲ႔ လည္း လွမ္းေနၿပီ။ေမွာင္လည္း ေမွာင္ေနၿပီ။ "

" ဟုတ္ကဲ့ မမ။ "

Son Chae လည္း ေျပာၿပီး သူ႔ထက္အရပ္ျမင့္တဲ့ Mina ရဲ႕ နွဖူးေလးကို ေျခဖ်ားေလး ေထာက္ၿပီး ျမတ္ျမတ္နိုးနိုး နမ္းသြားကာ...........

" ဂရုစိုက္ပါ မမ "

ေျပာခ်င္ရာေျပာ လုပ္ခ်င္ရာ လုပ္ၿပီး ေျပးသြားတဲ့ Son Chae ကို ၾကည့္ၿပီး တစ္ခ်က္ၿပံဳးကာ တပ္ဖြဲ႕ ရိွရာဆီသို႔ ထြက္လာ လိုက္ ေတာ့သည္။

မ်က္၀န္းထဲမယ္ တိက်စြာ ေပၚလာေသာ အတိတ္ရဲ႕ အရိပ္မ်ားနဲ႔ ဦးေနွာက္ထဲမွာ အစဥ္တက် ေပၚလာေသာ ျဖစ္ရပ္မွန္ဇာတ္လမ္း အခ်ိဳ႕

" မမ Mi အဆင္ေျပရဲ႕လားလို႔လား။မမ Mi "

သူမဆီကေန ခုထိ ျပန္ေျဖတဲ့ စကားသံ မၾကားရေသး တာမလို႔ သူမရဲ႕ ခေလးေလးက စိတ္ပူစြာ တတြတ္တြတ္ ေမးေနတဲ့ ပံုေလးက အသည္းယားစရာအတိ။

" Chaeyoung..... "

" ဟုတ္ကဲ့ မမ Mi "

နာမည္ေလး ေခၚလိုက္တာကို ျပန္ထူးတာေလးက အမေလးအသည္းယားစရာ ေလးပါကြယ္။

" Chaeyoung......Son Chaeyoung..... မမ ရဲ႕ ခ်ာတိတ္ "

Mina ရဲ႕ စကားေၾကာင့္ Chaeyoung ခနတာ မွင္သက္ေနမိေတာ့သည္။ၿပီးကာမွ.......

" မမ.....မမMi ျပန္....ျပန္ၿပီး...မွတ္မိသြားတာလား "

" အြန္း....ဟုတ္တယ္ရယ္။မမ ရဲ႕ ခ်ာတိတ္ေလး ေက်းဇူးနဲ႔မမ အကုန္ ျပန္မွတ္မိသြားၿပီ "

" Chaw....Chaw ေပ်ာ္လိုက္တာ မမ Mi ရယ္ "

" မမ လဲ ထပ္တူပါပဲ ခ်ာတိတ္ရယ္ "

" ေနအံုး မမ Mi။မမ Mi ရယ္ Chaw ကို အေျဖျပန္မေပးရေသးဘူးေရာ္ "

" အဟ....ဘာမ်ားလဲလို႔ ခေလးရယ္။မမ ကေလ ေမာင့္ကိုအရင္ဘ၀ ကေရာ ဒီဘ၀မွာေကာ ဘ၀ဆက္တိုင္း ခ်စ္ေနမွာပါရွင့္ "

" ေမာင္.....ေစာနက ေမာင္လို႔ ေခၚလိုက္တာလား "

" အြန္းေလ "

" ဟား....ေမာင္ ေသေပ်ာ္ပါၿပီ မမ ရယ္ ေမာင္ ေသေပ်ာ္ၿပီ "

ေျပာကာ Mina ရဲ႕ ခႏၶာကိုယ္ေလးကို သူ႔ရဲ႕ ရင္ခြင္ေသးေသးေလးထဲကို သိမ္းက်ံဳးထည့္လိုက္ေတာ့သည္။ထိုရင္ခြင္ေလးကေသးခ်င္ေသး ေနလိမ့္မယ္ ဒါေပမယ့္ Mina အတြက္ေတာ့တစ္ေလာကလံုးမႈ ရွိတဲ့ ေပ်ာ္႐ႊင္မႈ နဲ႔ လံုၿခံဳမႈေတြ ထက္သာတဲ့အရာေတြကို ဒီရင္ခြင္ေသးေသးေလး နဲ႔ သူ႔ပိုင္ရွင္ကသာ ေပးစြမ္း နိုင္တယ္ရယ္

~~~~~~~~~~~~~~~~~~~~~~~~Mina ေကာ Jiji ေကာ အျပင္ထြက္သြားတာ မလို႔ Sana နဲ႔Jen လည္း ၿခံထဲကို လမ္းေလ်ွာက္ ထြက္လာၾကရာ သူတို႔လိုလမ္းေလ်ွာက္ လာတဲ့ Tzyuy နဲ႔ Lily တို႔နဲ႔ တည့္တည့္ တို႔တာေၾကာင့္ ေလးေယာက္သား လမ္းတူတူေလ်ွာက္လာၾကေတာ့သည္။

" လီ....ငယ္ေကာ ဘာလို႔ လိုက္မလာတာလဲ "

" အာ.....သူ....သူကေလ ပင္ပန္းလို႔ အိပ္ခ်င္ေနတယ္ ဆိုၿပီးအိပ္ၿပီး က်န္ခဲ့တယ္ရယ္ "

" ေအာ္ ဟုတ္မွာ။သူက ပင္ပန္းတဲ့ ဒဏ္ သိပ္မခံနိုင္ဘူးရယ္ "

" ဟုတ္ကဲ့ "

" ေဟာ.....ဟိုမွာ ေျမးေလး Chaeyoung နဲ႔ ေျမးေလး Mina "

Sana ၫႊန္ျပတဲ့ ေနရာက္ို ၾကည့္လိုက္ေတာ့ Mina လက္ကိုဆြဲကာ သူတို႔ဆီ ေျပးလာတဲ့ Chaeyoung။

" အဖြားက ေမွာင္ရိပ္ထဲ က လူေတာင္ ျမင္ရသားေနာ္ "

" အဖြားက မ်က္မွန္ တပ္ထားရင္ ေျမးတို႔ လူငယ္ေတြလိုပဲ အကုန္ေသခ်ာ ျမင္ရတယ္ ေျမးေလး jen ရဲ႕ "

Chaeyoung တို႔ အတြဲလည္း Jen တို႔ ေလးေယာက္ အဖြဲ႕ ဆီ ၀င္ Jion လိုက္ေတာ့......။

" Chaeyoung နင္ရယ္ ငါ့ Mina ေလးကို ဘယ္ေခၚသြားၿပီး ဘာလုပ္တာလဲ ေျပာစမ္း "

" ဟာ....Jennie Unnie ကလည္း ဒီတိုင္း စကားေျပာတာပါ ဘာမွမလုပ္ပါဘူး "

"နင္က ဘာလုပ္ခ်င္ေသးလို႔လဲ "

"ဘာ....ဘာကို ဘာလုပ္ခ်င္ရမွာ ဘာမွ မလုပ္ခ်င္ပါဘူး "

" ထားပါေတာ့ jen ရယ္။အဲ့ေကာင္ကို စမေနပါနဲ႔ေတာ့။ဟိုကရွက္လို႔ ေသေတာ့မယ္ "

" ဟီး....ဟုတ္ဟုတ္ "

" ေအာ္.....Lily Unnie "

" ေဟ ဘာတုန္း "

Chaeyoung လည္း Lily နား နားကို ကပ္ကာ.......

" မမ Mi အကုန္လံုးကို သတိရသြားၿပီရယ္ "

Chaeyoung စကားေၾကာင့္ Lily ေပ်ာ္သြားေပမယ့္ Jen က် ဘာလို႔ သတိရဖို႔ အဲ့ေလာက္ ခက္ခဲရတာလဲလို႔ ေတြးၿပီး၀မ္းနည္းမိသြားေသးတယ္။

Lily လည္း Chaeyoung နား နားကို ျပန္ကပ္ကာ.......

" ေတာ္တယ္ က်ားပု ငါ့လည္းအခန္းထဲ နည္းလမ္းေလး ဘာေလး မ်ွအံုး "

Lily ရဲ႕ စကားကို Chaeyoung ရီသာေနမိေတာ့သည္။

" အဲ့ဘက္က ၂ ေယာက္ ဘာေတြ တိုးတိုး တိုးတိုး နဲ႔ ေျပာေနၾက တာလဲ "

" ဒီတိုင္း အလုပ္ကိစၥပါ Jen ရဲ႕ "

" ခနေလး Mi အသံတခုခု ၾကားမိသလားလို႔"

" အြန္း ဟုတ္တယ္ Jen ေရာပဲ။ပထမ နားၾကား မွားတယ္ ထင္ေနတာ "

" လာ ဒါဆို သြားၾကည့္ရေအာင္ ၿခံထဲ သူခိုးကပ္တာလား မသိဘူး "

Lily ရဲ႕ ဦးေဆာင္မႈ နဲ႔ အတူ ၆ ေယာက္လံုး အသံၾကားရာဘက္ကို လာလိုက္ၾကၿပီး လူရိပ္ နွစ္ခု ျမင္ရတာမလို႔ အနီးဆံုးခ်ံဳပုတ္ထဲ တိုးလိုက္ကာ ျမင္ကြင္းမွာ ကြယ္ေနတဲ့ သစ္ကိုင္းေတြကို ဖယ္လိုက္ကာမွ........

" ဟ....ေသာက္က်ိဳးနည္းၿပီ "

ျမင္လိုက္ရတာက တစ္ေယာက္ကို တေယာက္ ၾကင္ၾကင္နာနာနဲ႔ အနမ္းေႁခြ ေနတဲ့ Jiji နဲ႔ Chae။က်န္တဲ့ သူေတြ အဖို႔ကမထူဆန္းေပမယ့္ Jennie အဖို႔က သစၥာေဖာက္ ခံရတဲ့ ကိစၥႀကီးပင္။

Jen လည္း ခ်က္ခ်င္း ထို ၂ ေယာက္နားကို ထသြားတာမလို႔Lily တို႔လည္း အျမန္လိုက္ရေတာ့သည္။

" ဒါက ဘာျဖစ္ေနၾကတာလဲ "

" ဟမ္.....ခ်စ္ "

* လခြမ္း တဲ့ Park Chaeyoung ရယ္။ဒီလိုႀကီး မိတာ ေတာင္ ခ်စ္ လို႔ ေခၚေနတုန္းပဲ။သူေတာ့ ပါး နဲ႔ လက္ဝါး ၀မ္းဆက္ ျဖစ္ေတာ့မယ္။ေကာက္ရိုးမလြတ္ ျမက္မလြတ္ ေလး  *

" ဘာ ခ်စ္လဲ.....ဘာက္ုိ ခ်စ္လဲ။ေတြ႕တာ ဘယ္ေလာက္မွ ေတာင္ မၾကာေသးတဲ့ မိန္းမတေယာက္ နဲ႔ ျဖစ္ခ်င္တိုင္း ျဖစ္ၿပီးမွ ကြၽန္မကို ခ်စ္လို႔ လာမေခၚနဲ႔ "

" မဟုတ္ဘူး ခ်စ္....အာ ....jennie Unnie ရဲ႕။Chae ရွင္းျပမယ္ "

" ျဖန္း !!! "

* အား....ေသပါၿပီ လက္သံကလည္း ေျပာင္လိုက္တာဟယ္ *

" မရွင္းျပနဲ႔ နင့္ အသံ ငါ မၾကားခ်င္ဘူး။Jiji ကေကာ ဘာလို႔ကိုယ့္ခ်စ္သူ ရွိလ်က္ နဲ႔ သူမ်ား ခ်စ္သူနဲ႔ ေဖာက္ျပန္ရတာ "

" မဟုတ္ဘူး Jen ရဲ႕ "

" ေတာ္ၿပီ မေျပာၾကပါနဲ႔ေတာ့။လီ....ဒီကိစၥေတြ အတြက္......"

Jen ရဲ႕ စကားေတြပင္ မဆံုးေသး Jen ရဲ႕ ႏႈတ္ခမ္းပံု က်ေရာက္ သြားတဲ့ Lily ႏႈတ္ခမ္းတစ္စံုေၾကာင့္ အားလံုး အ့ံၾသ ကုန္ၾကေတာ့သည္။

အခ်ိန္ အေတာ္အတန္ၾကမွ Jen ကို အသက္ရွဴရန္ လႊတ္ေပးလိုက္တာမလို႔ လႊတ္ေပးေပးျခင္း မွာပဲ Jen လည္း ညာဘက္လက္ ကို အားကုန္ လႊဲလိုက္ကာ Lily ကုိ ပါးရိုက္မလို႔ ျပင္လိုက္တာေၾကာင့္ Lily လည္း မ်က္လံုးကို စံုမွိတ္ခ်လ္ိုက္ကာ Jen ရဲ႕ လက္ဝါးခ်က္ ကို ေစာင့္ေနမိေတာ့သည္။

က်န္တဲ့ သူေတြကေတာ့ မရိုက္ဖို႔ရာ ၀ိုင္းတားၾကေလရဲ႕။ထိုထဲတြင္ Sana ရဲ႕ အသံဟာ အက်ယ္ဆံုး ျဖစ္ေနေလရဲ႕။

" မမ မလုပ္နဲ႔ !!! "

ခပ္ၾကမ္းၾကမ္း ရိုက္ခ်က္ကို ေမ်ွာ္လင့္ထားေပမယ့္ ပါးျပင္ကို ဖြဖြေလး လာေရာက္ အုပ္ကိုင္ လာတဲ့ လက္ဖဝါးႏုႏုေလး  ေၾကာင့္ Lily လည္း မ်က္လံုးကို မရဲတရဲ ဖြင့္ၾကည့္ လိုက္ေတာ့ Jen ႏႈတ္ဖ်ားက ထြက္လာတဲ့ နာမည္ တခု....

" လီ....Lalisa Manoban "

" ဟမ္....Jen....Jen အကုန္ ျပန္ မွတ္မိၿပီလား "

"ဟုတ္တယ္ လီ.....Unnie အကုန္ မွတ္မိၿပီ "

" အား......၀မ္းသာလိုက္တာကြာ။အဲ့လိုမွန္းသိ အေစာ ကတည္းက ဖက္နမ္းပါတယ္ "

" ဟိတ္ေနာ္ "

" ဟိဟိ "

" ၾကားထဲက ငါ ပါးရိုက္ခံ လိုက္ရတယ္ဟယ္ "

" အယ္.....ဟုတ္သား sorry ပါ Chae ရယ္။အဲ့တုန္းက Jen က မသိလို႔ပါ "

" ရပါတယ္ Jen ရယ္ "

"  ရတယ္ Unnie ေတာင္းပန္မေနနဲ႔ အဲ့ဟာေလး အေနအထိုင္ မတက္လို႔ ျဖစ္တာ နည္းေသးတယ္ "

" နင္ေတာ့ ေသတာ့မယ္ "

" လာေလ ခ်မလား။လာ "

" ကဲ ေတာ္ၾကပါေတာ့။ နွစ္ေယာက္လံုး "

" ဟုတ္ကဲ့ Jiji "

" ဟဟ...Park Chaeyoung မယားေၾကာက္ "

" လီ.... ဘာတုန္း သူမ်ားကို မယားေၾကာက္ေလး ဘာေလး နဲ႔လီ ကေကာ Unnie ကို မေၾကာက္ဘူးလား "

" ဟိုေလ.....လီ က Unnie ကို ခ်စ္တာေလ "

" ဒါဆို မေၾကာက္ဘူးေပါ့။"

ေမးတဲ့ ေလသံက ရာသီဥတု မေကာင္း.......

" အာ.....ဟီး ခ်စ္ေၾကာက္ရိုေသတာပါ "

Lily ရဲ႕ အေျဖမွာ အကုန္လံုးရဲ႕ ရယ္သံဟာ တိတ္ဆိတ္ေနတဲ့အေမွာင္ညကို ၿဖိဳခြင္းသြားတာေၾကာင့္ အိပ္တန္းတက္ေနတဲ့ငွက္ေလးမ်ားပင္ လန္႔လို႔ ပ်ံေျပးကုန္ေလရဲ႕ ။

" Lalisa က Ruby ကို ခ်စ္တာ နဲ႔ Lily က Jen ကို ခ်စ္တာ ဘယ္ဟာပိုမလဲ လီ "

" Lalisa က ခ်စ္တာထက္ ေဟာဒီက Lilyက ပိုခ်စ္ေပးမွာပါ"

" ရွင္ကေကာ Chae "

" အရင္ဘ၀က Jiji က Chae ကို ခ်စ္ေပးတာထက္ ခုဘ၀မွာ Chae က Jiji ကို ၁၀ ဆ ေလာက္ ပိုခ်စ္ေပးမွာ "

" ေမာင္ ကေကာ "

" Son Chaeyoung ရဲ႕ အခ်စ္ေရာ Kim Chaeyoung ရဲ႕ အခ်စ္ေရာ ကို ေပါင္းၿပီး ေဟာဒီက ပင္ဂြင္းေလး ကို ခ်စ္ေပးမွာ "

" Tzu ကေတာ့ ဘ၀ဆက္တိုင္း သံသရာလည္ေန သမ်ွ Unnie ကို ပဲ ခ်စ္ေနၿပီး။Unnie နဲ႔ ပဲ ဘ၀ ရဲ႕ အခ်ိန္ေတြကို ကုန္ဆံုး ေနမွာပါ "

~~~~~~~~~~~~~~~~~~~~~~~~~~~

ေလးတြဲ ရွစ္ေယာက္ မနက္ေစာေစာ ေရာက္ေနတဲ့ ေနရာကားဘူဆန္မွ ဓာတ္ပံုဆိုင္ တစ္ဆိုင္။Jen ရဲ႕ ဦးေဆာင္မႈျဖင့္ေရာက္လာျခင္း ျဖစ္သည္။သူေျပာတာကေတာ့.....

" Tzuyu နဲ႔ Sa Sa က တို႔ေတြ ထဲ အငယ္ဆံုးဆိုေပမယ့္တကယ့္ အသက္အ႐ြယ္မွာ က်ေတာ့ သူတို႔က အသက္အေတာ္ႀကီး ေနၾကၿပီေလ။ခုခ်ိန္ က်န္းမာေနၾကေပမယ့္ အခ်ိန္မေ႐ြး တခုခု ျဖစ္သြားနိုင္တာမလို႔ ဘာမွ မျဖစ္ခင္ အားလံုး တူတူ ဓာတ္ပံုေလး တစ္ပံုေလာက္ ရိုက္ထားရေအာင္ " တဲ့ေလ...........

Jen ေျပာတာ မွန္ေနတာမလို႔ ခုေတာ့ အားလံုး ဓာတ္ပံုဆိုင္ကို ေရာက္ေနၾကၿပီ ျဖစ္သည္။

Lily တို႔ အတြဲရယ္ Jiji တို႔ အတြဲရယ္ Mina တို႔ အတြဲရယ္က ေနာက္မွာ မတ္တပ္ရပ္ေနၾကကာ Sana နဲ႔ Tzuyu ကိုသူတို႔ ေရွ႕မွာ ခံု နဲ႔ ထိုင္ေစေတာ့သည္။

အမ်ားအျမင္မွာေတာ့ အဖြား၂ ေယာက္ နဲ႔ ေျမးေတြ ဓာတ္ပံုရိုက္ေနၾကတယ္ ထင္ရေပမယ့္ တကယ္ေတာ့ Sana တို႔ အတြဲဟာ သူတို႔ ေလးတြဲမွာ အငယ္ဆံုး အတြဲဆိုတာ ဘယ္သူမွ မသိခဲ့ၾက။

ဓာတ္ပံုထြက္လာတဲ့ အခါ ရွစ္ပံု ထုတ္ၿပီး တေယာက္ တပံု သိမ္းထားၾကေတာ့ေလရဲ႕။ဓာတ္ပံုထဲမွာ ကိုယ္ဆီ အလွဆံုးၿပံဳးေနတာမလို႔ ထို အမ်ိဳးသမီး ၈ ေယာက္ရဲ႕ အလွဟာ တစ္ေယာက္ တစ္မ်ိဳးဆီ ထင္ရွားစြာ ေပၚထြက္ေနေလေတာ့သည္။

Tzuyu မွာ ဓာတ္ပံုကို ေသခ်ာၾကည့္ေနရင္း..........

" အငယ္ဆံုးက အအိုဆံုး ျဖစ္ေနလိမ့္မယ္လို႔ ထင္မထားဘူးတကယ္ "

Tzuyu ရဲ႕ ေလးပင္စြာ ညည္းညဴလိုက္တဲ့ အသံေလးဟာအာလံုး အတြက္ ခ်စ္စရာ ေကာင္းလြန္းေနတာေၾကာင့္ Skin Ship မႀကိဳက္တဲ့ Tzuyu ကို က်န္တဲ့ ခုနစ္ ေယာက္က ၀ိုင္းနမ္းၾကတာမလို႔ အငယ္ဆံုးေလး မွာ ထြန္႔ထြန္႔လူး ေနတာမလို႔ ကိုယ္စီဆီက ရယ္သံေလးေတြဟာ သာယာနာေပ်ာ္စြာ ပ်ံလြင့္ လာေတာ့သည္။

အမွန္ေတာ့ အခ်စ္စစ္ နဲ႔ ခ်စ္ၾကတဲ့ ခ်စ္သူ ၂ ေယာက္ၾကား ခ်စ္ျခင္းတရား နဲ႔ သစၥာတရား ဆိုတာ မည္သို႔မွ ခြဲျခား မရေသာ အရာနွစ္ခုပင္။တခုေနာက္မွ တခု ကပ္ပါေန တတ္တာမ်ိဳး အခ်စ္ အတြက္ နဲ႔ သစၥာ ေဖာက္စရာမလိုသလိုသစၥာတရား အတြက္နဲ႔လည္း ခ်စ္ျခင္းတရားကို ျပစ္ပယ္စရာမလိုေပ။ဒြန္တြဲေနတဲ့ အရာ ၂ ခု မလို႔ ဘယ္ေတာ့မွ ခြဲေနစရာမလိုဘဲ အၿမဲတေစသာ ခ်စ္သူ ၂ ဦးထံမွာ ရွိေနမယ့္ အရာ ၂ ခုပင္ ျဖစ္ေတာ့သည္။

~~~~~~~~~~~~The End ~~~~~~~~~~

၁ နစ္ ၂ လ နဲ႔ ၃ ရက္ၾကာ လိုအပ္ခ်က္ မ်ားစြာ နဲ႔ ေရးသားခဲ့တဲ့ဇာတ္လမ္းေလး ဟာ ဇာတ္သိမ္းသြားခဲ့ပါၿပီ။အစ အလ္ အဆံုး ကိူ ဖတ္ေပးခဲ့ၾကတဲ့ တဦးတေယာက္ခ်င္းကို ေက်းဇူး အမ်ားႀကီး တင္ပါတယ္ေနာ္။အဆင္ေျပရင္ ခ ေမးတာေလးေတြ ေျဖေပးၾကပါအံုး။

1.၈ တြဲမွာ ဘယ္အတြဲကို အႀကိဳက္ဆံုးလဲ။ဘာေၾကာင့္လဲ။

2.ဒီဇာတ္လမ္း နဲ႔ ပတ္သတ္ၿပီး ဘာေတြေျပာခ်င္လဲ (ဒါမွမဟုတ္)ဘယ္္အခန္းကို အမွတ္အရဆံုးလဲ။

3. ခ ကိုေကာ ဘာေတြေျပာခ်င္ေသးလဲ။ဘယ္လိုေတြ ေရးေစခ်င္ေသးလဲ။

အပန္းမႀကီးရင္ ေျဖေပးၾကပါေနာ္ အထူးသျဖင့္ 1 နဲ႔ 2 ကို ေပါ့ေနာ္။

Readers ေတြကို အရမ္းခ်စ္ပါတယ္Readers တိူ႔ကို အရမ္းခ်စ္တဲ့ Tu Nhai Kha#(Cigarette)💜

💙💙💙💙💙💙💙💙💙💙💙💙💙

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

အဖွား ၂ ယောက် နဲ့ တစ်ညနေခင်းလုံး စကားပြောဖြစ်ကြတာမလို့ စာအုပ်တွေမှာ ဖတ်ခဲ့ရတာထက် ပိုပြီး ရွှေဝါရောင်မြေ ရဲ့အဓိက ဇာတ်ဆောင် လေးယောက် ရဲ့အကြောင်းကို အတွင်းကျကျ သိခဲ့ရတယ် အပြင်။ထို ရွှေဝါရောင်မြေ အ၀န်းအ၀ိုင်း ကြီး အထဲက အခြေအနေ မတူညီတဲ့ စုံတွဲလေးတွေရဲ့ အချစ်ပုံပြင်လေး တွေကိုပါ သိလိုက်ရတာကြောင့် အတိတ်ကို ပြန်မမှတ်မိသေးတဲ့ Jen , Mina နဲ့ Chaeyoung တို့ အတွက်တော့ ရသစုံတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ကားကို ကြည့်နေရသလိုပင်။

အတိတ်ကို ပြန် မှတ်နိနေတဲ့ jiji တို့ကတော့ ပြုံးပြုံးလေးသာနားထောင်နေမိတော့သည်။

" ဒါဆို အဖွား Sana က အဖွား Tzuyu နဲ့ တောထဲက စခန်းကို လိုက်သွားပြီးကတည်းက တစ်ကြိမ်မှ အိမ်တော်ကို ပြန်မလာခဲ့ဘူးလား။လွတ်လပ်ရေး မရခင်ထိလေ "

" အွန်း ဆိုပါတော့။အဖွား အဲ့ စခန်းရဲ့ ခြံစည်းရိုးကိုတောင် ကျော်ပြီး မသွားခဲ့ဘူး။လွတ်လပ်ရေး မရမချင်း Tzu ရှိတဲ့စခန်းမှာပဲ နေခဲ့တာ။Tzu က သူ အားတဲ့ အချိန်တိုင်း အဖွားကို အဖော်ပြုပေးတယ်။သူ မအားတဲ့ အချိန်ဆို အဖွားက ဘုရား တရားကိုဘဲ အဖော်ပြုနေတယ်။ဒီနေ့ ဒီအချိန်ထိ အဖွားတောင်းခဲ့တဲ့ တခုတည်းသော ဆုတောင်းက Tzu အန္တရာယ်ကင်းဖို့ ပါပဲ "

" တခါတလေ တော့လည်း အဖွားတွေးမိတယ်။အဲ့တိုက်ပွဲည ကသာ အဖွား ဒဏ်ရာမရဘဲ သတိမမေ့နေဘူး ဆိုရင်ခုချိန်မှာ အဖွား သူငယ်ချင်းတွေ ၊ မိတ်ဆွေ အမတွေ ၊ အမအရင်းလို ချစ်ရတဲ့ အထက်အရာရှိတွေ နဲ့ တနေရာရာ မှာ အတူတူ ရှိနေလောက်မှာ "

" အဲ့လို မပြောပါနဲ့ Tzu ရယ်။တကယ်လို့ အဲ့ညကသာ Tzuတခုခု ဖြစ်သွားရင် Unnie ဘယ်လိုတောင် ရူးလောက်အောင် ခံစားရမလဲ တွေးကြည့်ပါအုံး။ "

" ဟုတ်ပါတယ် Unnie ရယ် Tzu က သဘော ပြောပြတာပါ "

" သဘောလည်း မပြောနဲ့ Unnie မကြိုက်ပါဘူးရယ် "

" ဟုတ်ကဲ့ပါ Unnie  ရဲ့။နောက်တခါ Unnie မကြိုက်ရင်မပြောတော့ဘူးနော် "

စကားပြော နေရင်းကနေ အဖွား ၂ ယောက်ရဲ့ Romace ကိုထိုင်ကြည့်နေ ရတာမလို့ အားလုံးရဲ့ မျက်နှာတွေဟာ ပြုံးစိစိတွေ ဖြစ်နေကြလေရဲ့။

" မြေးတို့ ခြံထဲ လျှောက်ကြည့်ကြလေ။အဖွားတို့ ညစာ ပြင်ထားတယ်။ညစာစား ပြီးမှ ပြန်ရမယ်နော် "

အဖွား Sana ရဲ့ စကားကြောင့် အားလုံးလည်း အဖွားကို အားနာတာမလို့ မစားဖို့ ငြင်းကြတော့သည်။

" အယ်....မဟုတ်တာ အဖွားတို့ရယ် အားနာစရာကြီး "

" မရပါဘူး။မြေးတို့ လာကြမယ်ဆို ကတည်းက အဖွားတို့ကစီစဉ်ထားတာ။မြေးတို့က ဧည့်သည်လေ ဘာမှ မကျွေးဘဲပြန်လွှတ်တော့ ကောင်းမလားပြော "

အဖွား Sana ရဲ့ အချက်ကျကျ ပြောဆိုမှုတွင် မည်သူမျှ ပြန်မပြောနိုင်တော့ဘဲ ညစာကို အဖွားတို့ဆီမှာ စားဖို့သာ သဘောတူလိုက်ကြတော့သည်။

ညစာစားချိန် မရောက်သေးတာမလို့ Mina က လမ်းလျှောက်မလို့ ဆိုပြီး ခြံထဲ ဆင်းသွားလေရဲ့။ Chaeyoung ကတော့ Mina နောက်က တကောက်ကောက် လိုက်ကာ ကပ်ပါးကောင် ပေါ့။Jen ကတော့ ဗိုက်နာလို့ ဆိုကာ နောက်ဖေးကို ပြေးလေ တော့သည်။

အခု ဧည့်ခန်းထဲမှာ ကျန်ခဲ့တာက အဖွားတို့ စုံတွဲရယ် Lilyရယ် Chae နဲ့ Jiji။ခေတ္တ ခဏ ငြိမ်သက်နေတဲ့ ပတ်ဝန်းကျင်ကို အသက်ဝင်စေတဲ့ ပထမဆုံး စကား ကား........။

" အခု Tzu တို့က အရှေ့က ၃ ယောက်ကို မြေးတို့ရေ လို့ခေါ်ရမှာလား ဒါမှမဟုတ် ဗိုလ်မှူး , Jiji Unnie နဲ့ ဆေးဗိုလ်ကြီး လို့ ခေါ်ရမှာလား မသိတော့ပါဘူး Sana Unnie ရယ် "

" ဟင် !!! "

" ရှင် !!! "

" အယ် !!! "

၃ ယောက်လုံး ဆီက တစ်ပြိုင်တည်းထွက်လာတဲ့ အာမေဋိတ်စကားသံ ၃ ခွန်း.......။

" အဖွားတို့က.....အာ.....Tzuyu တို့က ....အယ် မဟုတ်သေး ပါဘူး။ဘယ်လိုခေါ်ရပါ့ မလဲ "

" Tzuyu လို့ပဲခေါ်ပါလား Unnie တို့ရယ် "

" အယ် ဘယ်ဖြစ်မလဲ Lily တို့ ငရဲကြီး.....ဟမ် နေအုံး....မ နဲ့ Rosé ကကော ပြန်ပြီး မှတ်မိသွားကြ ပြီလား "

" အွန်း....ဟုတ်တယ်လေ ငယ် ရဲ့။ဟမ်....ဒါဆို ငယ် ကကော သတိရသွားပြီပေါ့ "

" အွန်း....ဟုတ်တယ်ရယ် "

" အာ.....၀မ်းသာလိုက်တာ မ ရယ် "

ပြောပြီး တစ်ယောက် နဲ့ တယောက် ပြေးဖက်ကြတဲ့ Lily နဲ့Jiji ကို ကြည့်ကာ Chae နှာခေါင်း တစ်ချက် ရှုံ့လိုက်ကာ အကျယ်ကြီး ထအော်တော့သည်။

" Jiji အဲ့တာ ဘာလုပ်တာလဲလို့ !!! "

" အယ်....မဟုတ်ဘူးလေ Chae လေး။Jiji က ဒီတိုင်း ပျော်လို့ ဖက်မိတာလေ "

" ပြန်လာခဲ့....လာ....ပျော်လည်း မဖက်ရပါဘူးနော် "

ငရုတ်သီးတွေ အများကြီး စားမိတဲ့ သူလို ရှူးရှူးရှဲရှဲ ဖြစ်ကာမျက်နှာကြီး တွေ ရဲနေတဲ့ Chae နဲ့ Chae ရဲ့ မျက်နှာကိုအရိပ်တကြည့်ကြည့် ကြည့်ကာ ချော့နေတဲ့ Jiji ကို ကြည့်ကာLily သဘောပေါက် လိုက်ပြီ ဖြစ်တာကြောင့်......

" ဒီမှာ Park Chaeyoung ။ Chaeyoung လို့ပဲ ခေါ်မယ်နော် ဟို နာမည်ကြီးက လျှာလိပ်လို့။ဒီမှာ Park Chaeyoung ခုချိန်မှာ Kim Jichu က ကိုယ့်ရဲ့ တရားဝင်ချစ်သူနော်။ကိုယ့်မှာ ဟောဒီလို လက်ကိုင်ခွင့် ရှိသလို..... "

ပြောပြီး Lily လည်း Jiji ရဲ့ လက်ကို လှမ်းကိုင်လိုက်ကာ........

" ဟောဒီလိုလည်း ခါးဖက်ခွင့် ရှိတယ်နော် "

လက်ကို လှမ်းကိုင်ပြီး အနားကို ဆွဲကာ Jiji ရဲ့ ခါးလေးကိုခပ်တင်းတင်းလေး ဖက်လိုက်တော့သည်။Jiji လည်း လန့်ပြီးမော့ကြည့်တော့ Lily က မျက်လုံး တစ်ဖက် မှိတ်ပြတာ မလို့Jiji လည်း စ နေမှန်း သိသွားတာ မလို့ ငြိမ်သာနေ လိုက်တော့သည်။

ဒီဘက် မှာတော့ Chae တစ်ယောက်မှာဖြင့် ကျွဲကြီး အနီရောင် တွေ့သလိုမျိုး တရှူးရှူး တရှဲရှဲ တွေ ဖြစ်နေလေရဲ့။

" ဟား.....ဟား....ဗိုလ်မှူးရယ် မစပါနဲ့တော့ ဟိုမှာ ဆေးဗိုလ်ကြီး က တကယ်စိတ်တွေ တိုနေပြီ။ဗိုလ်မှူး အထိုးခံရတော့မယ် "

Tzuyu က ရယ်ကာ မောကာ ပြောနေတာမလို့ ထွက်နေတဲ့Chae ရဲ့ ဒေါသတွေတောင် ခန ပျောက်သွားတော့သည်။

" ဟီး.... စတာပါ Chae ရယ်။အတိတ်ကို ပြန်အမှတ်ရပြီးငါ့ အချစ်စစ်က Ruby တစ်ဖြစ်လည်း Jen ဖြစ်တယ်ဆိုတာ ကို သိပြီးကတည်းက မ အပေါ် Unnie တယောက်လိုပဲ သဘောထားတော့ တာပါဟယ် "

" ဟင်....ဒါဆို.....ဟီး Lily ရယ် Chae တောင်းပန်ပါတယ်နော် စောနက နည်းနည်း...... "

" မွှန်သွားတာ မလား "

" ဟီး....ဆိုပါတော့ "

"ဒါနဲ့ နေပါအုံး Tzuyu နဲ့ Sana က တို့တွေ ၃ ယောက် ပြန်ပြီး အတိတ်ကို မှတ်မိတယ်ဆိုတာ ဘယ်လိုလုပ် သိတာလဲဟင် "

" မျက်ဝန်းလေ Lisa ရဲ့ မျက်ဝန်း။မျက်ဝန်းက ဘယ်တော့မှလိမ်လို့မရဘူး။နင်တို့ မျက်ဝန်းထဲ မှာပေါ်နေတယ် နင်တို့အကြောင်းတွေ အကုန်လုံးလေ "

" ဟ.....ကျွမ်းလှချည်လား"

" အော်....Jiji ရယ်။Sa တို့လည်း အသက်တွေ ကြီးနေပြီလေ။လူ အကဲခတ် တတ်နေပါပြီရယ်။လူ ၁ ယောက်ရဲ့ မျက်လုံးကို ကြည့်တာနဲ့ သူတို့ စိတ်ကို သိနေနိုင်ပါပြီရယ် "

" အော်....ဟုတ်တာပဲ "

"အဲ့တာတွေ ခနထား။ကျွန်မကို ကူညီကြပါအုံး။ရှင်တို့ က ပြန်သတိရပြီး ချစ်ကြည်နူး တစ်တီတူး နေကြပေမယ့် ကျွန်မရဲ့ ပတ္တမြားငယ် လေးက ကျွန်မကို မမှတ်မိသေးဘူးလေ။ဘယ်လိုလုပ်ရမလဲ ကူညီကြအုံး "

Lily က မျက်နှာငယ်လေး နဲ့ အားလုံးကို ၀ိုင်း အကူအညီတောင်း ကြတာမလို့ အားလုံးမှာ ရီပဲရီရတော့မလို သနားပဲ သနား ရတော့မလို ဖြစ်ကုန်တော့သည်။

" မမ က Jennie Kim ပေမယ့် သူ့ရဲ့ စိတ်တို့ အကျင့်တို့ကRuby Jane နဲ့ တူတူပဲ ဖြစ်မှာပါ။မမ စိတ်ကို Sa ကောင်းကောင်း သိတယ်။လာ Sa အကြံပေးမယ် "

Minatozaki Sana ရဲ့ ဦးဆောင်မှု နဲ့ အတူ Lily တို့ အသင်းကြီးက Jen နဲ့ ကျန် ၂ ယောက် ပြန်သတိရဖို့အရေးဗျူဟာ ပေါင်းစုံထုတ်ကာ ကြိုးစားနေ ကြတော့လေရဲ့

~~~~~~~~~~~~~~~~~~~~~~~~~

" ကဲ ထမင်းစားချိန်လည်း နီးပြီ။ထမင်းစားဖို့ သွားခေါ်ကြပါအုံးဟို ၃ ယောက်ကို ပြောထားတာတွေ မမေ့နဲ့နော် "

" ဟုတ်ကဲ့ပါ ဖွားဖွားတို့ရှင့်။သမီး Lily က သွားခေါ်လိုက်မှာမလို့ ကျန်တဲ့ သမီးလေး ၂ ယောက်နဲ့ ထမင်းစားဖို့ ပြင်ဆင်လိုက်ကြပါနော် "

ပြောင်ချော်ချော် နဲ့ ပြောကာ ပြေးထွက်သွား တဲ့ Lily ကြောင့်ကျန်ခဲ့တဲ့ သူတွေကတော့ အူလှိမ့်အောင် ရီနေကြလေရဲ့။

ထမင်းစားဝိုင်းရောက်တော့ Sana နဲ့ Tzuyu က ထမင်းစားဝိုင်းရဲ့ ထိပ်မှာ ထိုင်လိုက်ပြီး သူတို့ ၂ ယောက်ရဲ့ မျက်နှာချင်းဆိုင်ထိပ်မှာတော့ Chaeyoung နဲ့ Mina ထိုင်နေကြတော့သည်။ထမင်းစားဝိုင်းရဲ့ ညာဘက်မှာ Lily နဲ့ Jijiထိုင်နေပြီးတော့ သူတို့ ၂ ယောက် ရဲ့ မျက်နှာချင်း ဆိုင်မှာတော့ Jen နဲ့ Chae တို့ ထိုင်နေကြလေရဲ့။

" ကဲ မြေး တို့ ထည့်စားကြနော်။အားမနာနဲ့ ဒါ အဖွားတို့ သေချာချက်ထားတာ "

" ဟုတ်ကဲ့ပါ အဖွား။ကျေးဇူးတင်ပါတယ်။ကဲ စားကြရအောင် "

Lily ရဲ့ ဆော်သြမှု နဲ့ အတူ ဗိုက်ဆာနေတာ က တစ်ကြောင်း ဟင်းတွေရဲ့ အရသာတွေကလည်း ကောင်းလွန်းတာကြောင့် တစ်ကြောင်း ခေါင်းမဖော်တမ်း စားနေမိတော့သည်။စကားမပြောတမ်း စားနေကြတာကြောင့် ထမင်းစားခန်းလေးမှာ တခါတရံ ထွက်ပေါ်လာတဲ့ ဇွန်းသံ ခရင်းသံ များက လွဲပြီး တခြား ဘာမှ မကြားရပေ။

သို့သော် Jiji ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ Chae ကသူ့ ရဲ့ ခြေတံ ရှည်ကြီးကို သုံးပြီး Jiji ရဲ့ ဂါဝန်အဖြူလေးအောက်က ခြေထောက် ဖြူဖြူလေး ကို အောက်ဘက်ကနေ အပေါ်ဘက်ကို တက်လိုက်ဆင်းလိုက် ပွတ်ဆွဲပြီး စနေတော့လေရဲ့။

ပထမတော့ Jiji က ငြိမ်ခံနေပေမယ့် နောက်ပိုင်းကျ အသည်းယား လာတာမလို့ မနေနိုင်တော့ဘဲ ယိုးတိုးယွတ ဖြစ်လာတော့သည်။Chae ကတော့ ပြုံးပြုံးကြီး နဲ့ သဘောကျနေ တဲ့ပုံပင်။ဒါကို သတိထားမိသွားတဲ့ Lily က Jiji ရဲ့ ခြေထောက်ရှေ့မှာ သူ့ရဲ့ ခြေထောက်ကို ကန့်လန့်ဖြတ် ခံ ထားလိုက်တာကို Chae က မသိဘဲ Jiji ခြေထောက် အမှတ်နဲ့ Lily ရဲ့ခြေထောက်ကို ပွတ်ဆွဲ နေမိတော့သည်။

" ကလောင်!! "

ထိုစဉ် Chae ရဲ့ ဖုန်းထဲကို ၀င်လာတဲ့ Massage တစ်စောင်။

" Chae "

" Yes,Lily "

" အောက်က ခြေထောက်က Lily ခြေထောက်နော်😜 "

ပြောင်စပ်စပ် Emoji နဲ့ အတူ ပို့လာတဲ့ စာကြောင့် စိတ်တိုတာကော ရှက်တာကော ရောသွားပြီး Chae ရဲ့ မျက်နှာဟာ ရဲခနဲဖြစ်သွားတော့သည်။

* Chae သိသည် စောနက အထိ Chae ပွတ်ဆွဲနေ တာ Jiji ခြေထောက်မှန်း ဘယ်အချိန် ခြေထောက်ကို လဲသွားတယ် မသိ။တကယ့် အရှုပ်ထုတ်လေး *

စောနကအထိ ရှက်နေပေမယ့် တခုခုကို သတိရသွား ဟန်ဖြင့်ဟင်းပန်းကန် ထဲက ဟင်း တစ်ချို့ကို လှမ်းခတ်ကာ......

" အာ.....ငယ့် ရဲ့ ချစ်ချစ် လေး ပါးစပ်ဟ "

" ငယ်.....ဘယ်လိုဖြစ်နေတာ တခြားသူတွေ နဲ့ လေ "

Jen လည်း အသံ ခပ်အုပ်အုပ်ဖြင့် မာန်လိုက်ပေမယ့် Chae ကတော့ ပြောမရ။

" လူရှိလည်း ဘာဖြစ်လဲ။ကိုယ့်ချစ်သူ ကိုယ် ခွံကျွေးတာပဲကို "

Jen လည်း တားမရတဲ့ အဆုံး ဘေးပတ်ဝန်းကျင် ကို တစ်ချက် အကဲခတ်လိုက်တော့.....။

Chaeyoung ကလည်း Mina ကို ဟင်းထည့်ပေးရတာနဲ့ သူတို့ကို ဂရုမစိုက်အား။Mina ကလည်း Chaeyoungကို တရားချနေ ရတာကြောင့် သူတို့ကို အာရုံမရှိ။အဖွား Sana နဲ့ Tzuyu တို့ကလည်း သူတို့ကို ရှိတယ်လို့တောင် မထင်။တယောက်မျက်နှာ တစ်ယောက် ကြည့်ပြီး ကြည်နူးနေလေရဲ့။Lily တို့ အတွဲကလည်း ထမင်းသာ ငုံ့စားနေတာကြောင့် Chae ခွံ့တဲ့ ဟင်းကို ဖြတ်ခနဲ အမြန်သာ စားလိုက်တော့သည်။

ထိုအချိန်မှ စပြီး ထမင်းစားဝိုင်းကြီး မှာ ပိုလို့ပင် တိတ်ဆိတ်သွားတော့သည်။

~~~~~~~~~~~~~~~~~~~~~~~

ထမင်းစားပြီးတော့ စကားစမြည် ခနပြောနေတုန်း Jiji ပျောက်သွားတာ မလို့ Chae လည်း စကားပြောနေရာကနေ မယောင်မလည် နဲ့ ထွက်သွားကာ Jiji ရှာပုံတော် ဖွင့်လေတော့သည်။

သိပ်ကြာကြာ မရှာလိုက်ရပါဘူး။တွေ့ပါပြီ ချစ်ဆုံးလေး။ခြံထဲက ပန်းပင်တွေ နဲ့ ဓာတ်ပုံရိုက်နေတဲ့ အသည်းတုံး ပူကြူးလေးအနားကို အမြန် ပြေးသွားလိုက်တော့ ခြေသံကြားလို့ထင် ပူကြူးလေးက လှည့်ကြည့်လေရဲ့။

သူ့ကိုမြင်တော့ ချစ်သောလေးရဲ့ မျက်နှာက ပြုံးနေရာကနေ တန်း ဆူပုတ်သွားတာ မလို့ ရွှေမျက်နှာတော် ညှိုးရတဲ့ အကြောင်းအရင်း ကို စတင် စုံစမ်း ရတော့မည် ဖြစ်သည်။

" ဘာဖြစ်တာတုန်း အသည်းတုံးရဲ့ ဆူပုတ်နေတာပဲ "

မေးစိလေးကို ကိုင်ကာမေးလိုက်တော့ ချစ်သောလေးက သူမရဲ့ လက်ကို ဆက်ခနဲ ပုတ်ချလိုက်ပြီးမှ.......

" သွားပါ။Jennie ဆီသာ သွားပြီး တခုခု ခွံကျွေးနေလိုက် "

" အော် ချစ်ဆုံးလေးက သ၀န်တို နေတာလား "

" မတိုပါဘူး။တိုစရာလား ရှင် နဲ့ ကျွန်မ က ဘာဆိုင်တာကျ "

" အသည်းတုံးလေး ပူကြူးလေးကလည်း Chae ကလေ Jiji ကို စ နေတာကို Lily က ၀င်နှောက်ယှက်လို့ တမင် Lilyကို အူတိုအောင် လုပ်တာလေ.....စိတ်မဆိုးနဲ့လေနော်....နော်....နော် လို့ဆို "

Jiji ရဲ့ လက်ကို ကိုင်ကာ ဟိုဖက်ရမ်း ဒီဘက်ရမ်း နဲ့ ကလေးမဟုတ် သူငယ်မဟုတ် ရုပ်ကြမ်းကြီး ဖြင့် ချွဲနေတဲ့ Chae ကို မြင်ရတာ Lily အဖို့ စိတ်ပျက်ရပါတယ်။

" ဘာလဲ Park Chaeyoung သူများ ချစ်သူကို ဆွဲလားရမ်းလား နဲ့ "

" ဘာကို သူများ ချစ်သူလဲ။ဒါငါ့...... "

" အွန်းပြောလေ။နင့် ဘာလဲ "

" ငါ့ Jiji လေ..... "

" ဆုတောင်း "

" Ya Lalisa !!! "

" လီလီ မဟာပ၀တ် ကထင် ပါ "

" Lalisa ကော မဟုတ်ဘူးလား "

" အေး ဟုတ်တယ် "

" ဝုန်း ၊ ချုန်း !!! "

ကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ မိုးခြိမ်းသံ နဲ့ အတူ သည်းထန်စွာ ရွာသွန်းလာတဲ့ မိုးကြောင့် ၃ ယောက်သား အိမ်ထဲကိုသာ ပြေးဝင်လာကြတော့သည်။

" မိုးတွေ တော်တော်ရွာလာတာပဲ။မြေးတို့တော့ ပြန်လို့မဖြစ်လောက် တော့ဘူးထင်တယ် "

" ဟုတ်လောက်မယ် အဖွား Tzuyu ရယ် "

" ဒါဆို မြေးတို့ ဒီည ဒီမှာပဲ အိပ်လိုက်ကြလေ။နက်ဖြန် မနက်မှ အေးဆေး ပြန်ကြ "

" အဖွား Sana ပြောသလိုပဲ လုပ်ကြရတော့မှာပေါ့ "

" အခန်း ၂ ခန်း ရှိတယ်။အခန်းကတော့ ကျယ်တယ်ရယ် ဘယ်လို လူခွဲကြမလဲ မြေးတို့ "

" အဖွားရယ် Lily လေးရယ် Chae လေးရယ် ဟိုဘက်က ကျားပုလေး Chaeyoung ရယ်က တစ်ခန်း အိပ်ကြမယ်လေ "

"Tzu ပြောတာ ကောင်းသား။ဒါဆို ကျန်တဲ့ မြေးလေး ၃ ယောက်က အဖွား နဲ့ အိပ် "

" ဟုတ်ကဲ့ အဖွား !!! "

Tzuyu စီစဉ်တဲ့ လူခွဲတာက Mina , Jen နဲ့ Jiji တို့ အဖို့က အဆင်ပြေပေမယ့် ဟိုတစ်သိုက် ကတော့ အောင့်သက်သက် ပင်။

ခုတော့ ၄ ယောက် အုပ်စုက ကိုယ်စီ သတ်မှတ်ထားတဲ့အခန်းထဲကို ရောက်ကာ နည်းမျိုးစုံ နဲ့ အနားယူနေကြလေရဲ့။ဒါပေမယ့် Chaeyoung တယောက်ကတော့ ငူငူငိုင်ငိုင်ကြီး နဲ့ပင်။

" ဟေး Chaeyoung ငူငူငိုင်ငိုင် ကြီး နဲ့ ဘာဖြစ်နေတာ "

" ဘာမှမဖြစ်ပါဘူး အဖွားTzuyu ရယ်။ဒါနဲ့ အဖွား Chawတခု မေးလို့ရမလား "

" အွန်း မေးလေ "

" အဖွားဘာလို့ Chaw ကို ကျားပုလေးလို့ ခေါ်တာလဲဟင် "

" ဒီတိုင်းပဲ ခေါ်လိုက်တာပါ။ဘာလို့လဲ မြေး "

" အဖွား အဲ့လို ခေါ်ပြီးကတည်းက Chaw မျက်လုံးထဲမှာ ပုံရိပ်တွေ ပေါ်နေတာ ပြီးတော့ နာမည်တွေလည်းကြားရတယ် သေချာမှတ်မိတာတော့ Son Chae ရယ် Myoui Mina ရယ် Ruby Jane ရယ်။Chaw စိတ်ရှုပ်လို့ ခေါင်းထဲကနေ ရှင်းထုတ်နေပေမယ့် ခနခန ရောက်ရောက် လာတယ်ရယ် "

Chaeyoung စကားကြောင့် Lily ရော Chae ပါ ၀ုန်းခနဲ ထလာကာ Tzuyu နဲ့ အတူ Chaeyoung ဘေးမှာ ၀င်ထိုင်လိုက်ကြပြီး........

" မထုတ်ပစ်နဲ့ ပြန်စဉ်းစား။မျက်လုံးမှိတ်ထား ပေါ်လာသမျှကိုသေချာစဉ်းစား "

" မထုတ်ပစ်နဲ့ သေချာစဉ်းစား Lily ပြောသလိုပဲ သေချာစဉ်းစား "

Chaeyoung လည်း ဘာမှန်း မသိပေမယ့် Lily ရော Chae ကပါ အားတက်သရော ပြောနေတာကြောင့် ဘာမှ မပြောဘဲ မျက်လုံးမှိတ်ပြီးသာ စဉ်းစားနေတော့သည်။ဒါပေမယ့် စောနက လိုတော့ ဘာမှ တိတိကျကျ ပေါ်မလာတော့။

Chaeyoung လည်း မျက်လုံးမှိတ်ထား လျက်ပင်.......

" မရဘူး.....Unnie တို့။မရတော့ဘူး ဘာမှစဉ်းစား မရတော့ဘူး ဘာမှမပေါ်တော့ဘူး "

" သေချာပြန်စဉ်းစား ကြည့်ပါအုံး Chaeyoung ရယ်။လုပ်ပါ ကြိုးစားကြည့်ပါအုံး။မျက်လုံးမဖွင့်လိုက်နဲ့နော် "

" မရတော့ဘူး Chae Unnie ရဲ့။Chaw ဘာမှ စဉ်းစား မရတော့ဘူး။Chaw မျက်လုံး ဖွင့်ချင်နေပြီရယ် "

" မင်းကို သေချာစဉ်းစားစမ်းလို့ ငါ ရယ် အမိန့်ပေးနေတယ်လေ Son Chaeyoung !!!! "

Lily ရဲ့ အမိန့်သံနဲ့ အတူ ငြိမ်ကျသွားတဲ့ သူတို့ ၄ ယောက်ရဲ့အခန်း ပတ်ဝန်းကျင်........။

ထို့နောက် ခတ္တ ခန အကြာမှာ ပြန်လည် ပွင့်လာတဲ့Chaeyoung ရဲ့ မျက်ဝန်း ၀ိုင်းဝိုင်းလေး တစ်စုံ........။

ပြီးတော့..........။

" Chaw အားလုံးကို မှတ်မိပြီ ဗိုလ်မှူး "

" ဟေး.....ဒါမှ ငါတို့ ကျားပုကွ "

Lily တို့ ၃ ယောက်လည်း ပျော်ရွှင်စွာ အော်ဟစ်ကာ Chaeyoung ကို ၀ိုင်းဖက် လိုက်ကြတော့သည်။ခနေ နေ မှ အားလုံးက ဖက်ထားရာကနေ လွှတ်ပေးလိုက်တော့ Chaeyoung က သူ့ဘေးနားမှာ ထိုင်နေတဲ့ Tzuyu ကို သေချာကြည့်ကာ ဇက်ခနဲ Tzuyu ရဲ့ ရင်ခွင်ထဲကို ၀င်ကာTzuyu ကို တင်းနေအောင် ဖက်ထား လိုက်တော့သည်။

" ဟေ့ကောင် ကျားပု ဘာလို့ ငါ့ ရင်ခွင်ထဲ လာငိုနေတာလဲ ငါတောင် မငိုတာကို မင်းကလည်း နွဲ့တဲ့တဲ့ နဲ့ "

Tzuyu ကို ဖက်ကာ Tzuyu ရင်ခွင်ထဲမှာ ငိုနေတဲ့ Chaeyoung ကို အငိုတိတ်အောင် ပြောနေပေမယ့်လည်းTzuyu ရဲ့ မျက်ဝန်းထဲ နဲ့ ပါးပြင် တွေမှာလည်း မျက်ရည်တွေ နဲ့ ပါပဲ။

" ငါ့ကျ မငိုဖို့ ပြောပြီး မင်းကျ မျက်ရည်တွေ နဲ့ လောရှည်စုတ်။ဟ....ခုမှ သေချာကြည့်မိတယ်။မင်းတော်တော် အိုစာသွားတာပဲကွ။ဒီမှာကြည့်စမ်း ငါလေးကို ခုထိ ပျိုပျစ်နုနယ် နေတုန်းပဲ "

Chaeyoung စကားကြောင့် Tzuyu မှာ အနည်းငယ်အောင့်သက်သက် ဖြစ်ရပေမယ့် Chaeyoung ကို ပြန်ပြီးချေပဖို့ စကားစ ရှာနေမိသည်။

" ငါက အိုပဲ အိုသွားတာပါကွာ။မင်းကကော ဟိုဘက်ဘ၀ကော ဒီဘက်ဘ၀မှာ ၁၅၉ စင်တီမီတာ က တက်မလာတဲ့ဘာဆက်တိုင်း အရပ်ပုနေတဲ့ကောင် "

Tzuyu အပြောကြောင့် Lily တို့ခမျာ ကြိတ်ရီရတာ ဗိုက်ကြော တွေပင် နာနေတော့သည်။ဗြောင်တော့မရီရဲ ဟိုကျားပုက ကျားစိတ်ပျောက်သွားမှဖြင့်။

Tzuyu ပြောလည်း ပြောချင်စရာ ဘ၀တွေသာ ပြောင်းသွားတယ် Son Chaeyoung အရပ်က ပြောင်းမသွား။ပု တုန်း ပု ဆဲ ပု လတ္တံပင်။

" ပြီးတော့ သိထားဖို့က မင်းထက် ငါက ပို အသက်ကြီးတယ်နော် မြေးလေး Son Chaeyoung။ရိုရိုသေသေ ဆက်ဆံ "

" ဒါတော့ ဟုတ်တယ် ငါတို့ သုံးယောက်လုံး ထက် သူက ပိုအသက်ကြီးတယ် သေချာ ရိုရိုသေသေ ဆက်ဆံရမှာ "

" ဟာ.....ဗိုလ်မှူးတို့က ရိုသေစရာ မလိုပါဘူး။ဒီကောင် Son Chaeyoung ပဲ ရိုသေရမှာ "

" အဲ....နေအုံး စကားမစပ် Chae က အရင် ဘ၀ ကလိုပဲ ငါ့ကို ချစ်နေတုန်းလား "

Lily ရဲ့ အမေးကြောင့် Chae လည်း မျက်နှာကြီး ရှုံ့မဲ့ကာကိုယ့်ရင်ဘတ် ကို ထုပြီး..........

" ဝေါ့....ဝေါ့....အော့....ရွံစရာကြီး။အရင်ကတော့ နင့် ငါ ဘာစိတ်နဲ့ ငါ ကြိုက်မိတယ် မသိ။ခုတော့ နင့်မြင်ရင်ကို ငါ့ မယ်အော်ဂလီတွေဆန်နေတာ "

" ဟားဟား.....ဟားဟား "

Chae ရဲ့ စကားကြောင့် အခန်းထဲက လူတွေမှာ အော်ကြီးဟစ်ကျယ် နဲ့ ရီနေကြပေမယ့် အပြောခံရတဲ့ Lily ကတော့အောင့်သက်သက် နဲ့ ပင်။

" အေး နင်က အော်ဂလီဆန် မှာပေါ့ ဗိုလ်ကြီး မဟုတ်ဘဲ ဗိုက်ကြီး ဖြစ်နေတာကိုး "

" အေး ဘာဖြစ်လဲ ငါက ဗိုက်ကြီးနေတာ Kim Jichu နဲ့။အယ်....အယ် မှားလို့ ငါ့ကြောင့် Kim Jichu က ဗိုက်ကြီးရမှာ "

" အော်.....ဒီ မယားတရူးက တစ်မျိုး "

" ပြောရင်းဆိုရင်း ငါလေး ရဲ့ အသည်းတုံးလေး ကို သတိတောင် ရသွားပြီး ဖုန်းဆက်ပြီး သွားတွေ့လိုက်အုံးမယ် "

" ကြွ ကြွ "

Jiji ကို တွေ့ဖို့ Chae ထွက်သွားပြီး ခန အကြာထိ တိတ်ဆိတ်နေ တဲ့ အခန်းလေး......။

" ဟ....ဒုက္ခပဲ !!!! "

တိတ်ဆိတ် နေတဲ့ အခန်းလေးကို လာရောက် ဖြိုခွင်း တဲ့ Chae ရဲ့ ခပ်စူးစူး အော်သံ။

" ဘာဖြစ်တာလဲ ကျားပုရာ အလန့်တကြား နဲ့ "

" အေးလေ။ဘာဖြစ်တာလဲ Son Chae "

" ဒီလိုလေ Chaw ကသာ အတိတ်ကို မှတ်မိတာ မမ Mi ကမမှတ်မိ သေးဘူးရော်။အဲ့တာ ဘယ်လိုလုပ်ရမလဲ "

" ဘယ်လိုမှ လုပ်မနေနဲ့။နင့် အရှေ့မှာ ငါ တယောက်လုံး ရှိသေးတယ်။Jen လည်း ခုထိ မမှတ်မိသေးဘူးလေ။ "

" အယ်.....ဟုတ်သား "

" မမလေး Ruby က ဘယ်လိုလုပ်မှ ပြန်သတိရမယ် မသိပေမယ့် Mina Unnie ပြန်သတိရမဲ့ နည်းလမ်း တော့ ငါသိတယ်။ "

Tzuyu ရဲ့ စကားကြောင့် အရောင်တွေ လက်လာတဲ့ ကျားပုရဲ့ မျက်ဝန်းတွေ.......။

"လုပ်ပါ ပြောပြပါ Tzuyu ရယ်။မင်း ကျေးဇူးကိုလေ ဒီတသက် မမေ့ပါဘူးကွာ "

" Mina Unnie ကို သွားဖွင့်ပြောလိုက်။ဖွင့်ပြောလို့ မှ မမှတ်မိသေးရင် တခါတည်း ဖက်ပါ နမ်းပြစ်လိုက်ကွာ "

" ဟ....ဖြစ်ပါ့မလား။သတိမရဘဲ ပါးရိုက်ခံနေရအုံးမယ် "

" မင်း မမ Mi ကို မှတ်မိ စေချင်တယ်မလား။ငါပြောတဲ့ အတိုင်းလုပ် ငါ အာမခံတယ်။မင်း သတ္တိမရှိဘူးလား "

" သတ္တိကတော့ ရှိတာပေါ့။အေး....လုပ်ချကွာ။ငါ အခုပဲ သွားပြောတော့မယ် "

Lily နဲ့ Tzuyu လည်း စောနက ကြောက်သလိုလို ဘာလိုလိုလုပ်ပြီး ကာမှ အခုကျ သူမဟုတ်တဲ့ အတိုင်း အခန်းထဲကနေ ပြေးထွက်သွားတဲ့ ကျားပု ကောင်က်ို ကြည့်ကာ ခေါင်းသာခါနေမိတော့သည်

" ပါးတော့ အရိုက်မခံ ရလောက်ဘူးမလား Tzuyu "

" ထင်တာပါပဲ ဗိုလ်မှူးရယ် "

~~~~~~~~~~~~~~~~~~~~~~~~~~~~~

" မမ Mi.....မမ Mi ........  "

" လာပါပြီ Chaeyoung ရယ်။ဘယ်လိုဖြစ်လို့ အခန်းရှေ့လာပြီး ဇွတ်အော်နေတာ "

ည၀တ်အကျီ ပန်းရောင်ဝမ်းဆက် လေးကို ၀တ်ကာ ဆံပင်ရှည်တွေကို ကပိုကယို လေး ထုံးထားတဲ့ Mina က တစ်မျိုးလေး ဆွဲဆောင်မှု ရှိနေပြန်ရော

" လာပါအုံး Mina Unnie ရယ် Chaw ပြောစရာရှိလို့ "

" အေးအေး.....လာပါ့မယ်။အော် အတင်းသာ ဇွတ်ဆွဲ ခေါ်နေတော့ တာပဲ "

ကဲ....နောက်ဆုံးတော့ ရောက်ပါပြီ Chae ခေါ်လာတဲ့ နေရာခြံထဲက သစ်ပင်ကြီး တစ်ပင်အောက်ပင်။

" ကဲ ပြောစရာရှိတာ ပြောတော့။ခေါ်တဲ့ နောက်လဲ လိုက်လာပြီးပြီ "

" မမ Mi အရင် ဘ၀ကိုပြန်သတိရပြီလားဟင်။"

" ဟမ် .... ဘာပြောတယ် "

" Hirari Mina မဟုတ်ဘဲ Myoui Mina ဘ၀ကိုလေ "

" Chaeyoung.....မင်း မူးနေတာလား။မင်းဆီက အရက်နံ့လည်း မရပါဘူး။ဒါမှမဟုတ် မင်း နေမကောင်းတာများလား "

" မဟုတ်ပါဘူး မမ Mi ရယ် "

" ဒါဆို မင်း ဘာလို့ ပေါက်ကရတွေ လာမေးနေတာလဲ "

" ဟိုလေ..... "

" အွန်း "

" ဟိုလေ....Chaw မမ Mi ကို ချစ်တယ် "

Chaeyoung ရဲ့ ဖွင့်ပြောလာတဲ့ စကားအပြီးမှာ မိုက်ခနဲဖြစ်သွား ပြီး  ခန္ဓာကိုယ်လေးကလည်း ယိုင်သွားတာကြောင့်Son Chae အမြန်ထိန်းပေး လိုက်ရတော့သည်။

" မမ Mi....ဘာဖြစ်တာလဲ။မမ Mi "

" Chaw.......Chaw မမ Mi ကို ချစ်တယ်။ "

" အွန်း။မမ သိတယ်။ပြီးတော့ မမ ရှေ့တန်းက ပြန်လာတဲ့ အခါ မင်းကို အဖြေပြန်ပေးမယ်။အခုတော့ ပြန်တော့ ချာတိတ်စခန်း နဲ့ လည်း လှမ်းနေပြီ။မှောင်လည်း မှောင်နေပြီ။ "

" ဟုတ်ကဲ့ မမ။ "

Son Chae လည်း ပြောပြီး သူ့ထက်အရပ်မြင့်တဲ့ Mina ရဲ့ နှဖူးလေးကို ခြေဖျားလေး ထောက်ပြီး မြတ်မြတ်နိုးနိုး နမ်းသွားကာ...........

" ဂရုစိုက်ပါ မမ "

ပြောချင်ရာပြော လုပ်ချင်ရာ လုပ်ပြီး ပြေးသွားတဲ့ Son Chae ကို ကြည့်ပြီး တစ်ချက်ပြုံးကာ တပ်ဖွဲ့ ရှိရာဆီသို့ ထွက်လာ လိုက် တော့သည်။

မျက်ဝန်းထဲမယ် တိကျစွာ ပေါ်လာသော အတိတ်ရဲ့ အရိပ်များနဲ့ ဦးနှောက်ထဲမှာ အစဉ်တကျ ပေါ်လာသော ဖြစ်ရပ်မှန်ဇာတ်လမ်း အချို့

" မမ Mi အဆင်ပြေရဲ့လားလို့လား။မမ Mi "

သူမဆီကနေ ခုထိ ပြန်ဖြေတဲ့ စကားသံ မကြားရသေး တာမလို့ သူမရဲ့ ခလေးလေးက စိတ်ပူစွာ တတွတ်တွတ် မေးနေတဲ့ ပုံလေးက အသည်းယားစရာအတိ။

" Chaeyoung..... "

" ဟုတ်ကဲ့ မမ Mi "

နာမည်လေး ခေါ်လိုက်တာကို ပြန်ထူးတာလေးက အမလေးအသည်းယားစရာ လေးပါကွယ်။

" Chaeyoung......Son Chaeyoung..... မမ ရဲ့ ချာတိတ် "

Mina ရဲ့ စကားကြောင့် Chaeyoung ခနတာ မှင်သက်နေမိတော့သည်။ပြီးကာမှ.......

" မမ.....မမMi ပြန်....ပြန်ပြီး...မှတ်မိသွားတာလား "

" အွန်း....ဟုတ်တယ်ရယ်။မမ ရဲ့ ချာတိတ်လေး ကျေးဇူးနဲ့မမ အကုန် ပြန်မှတ်မိသွားပြီ "

" Chaw....Chaw ပျော်လိုက်တာ မမ Mi ရယ် "

" မမ လဲ ထပ်တူပါပဲ ချာတိတ်ရယ် "

" နေအုံး မမ Mi။မမ Mi ရယ် Chaw ကို အဖြေပြန်မပေးရသေးဘူးရော် "

" အဟ....ဘာများလဲလို့ ခလေးရယ်။မမ ကလေ မောင့်ကိုအရင်ဘ၀ ကရော ဒီဘ၀မှာကော ဘ၀ဆက်တိုင်း ချစ်နေမှာပါရှင့် "

" မောင်.....စောနက မောင်လို့ ခေါ်လိုက်တာလား "

" အွန်းလေ "

" ဟား....မောင် သေပျော်ပါပြီ မမ ရယ် မောင် သေပျော်ပြီ "

ပြောကာ Mina ရဲ့ ခန္ဓာကိုယ်လေးကို သူ့ရဲ့ ရင်ခွင်သေးသေးလေးထဲကို သိမ်းကျုံးထည့်လိုက်တော့သည်။ထိုရင်ခွင်လေးကသေးချင်သေး နေလိမ့်မယ် ဒါပေမယ့် Mina အတွက်တော့တစ်လောကလုံးမှု ရှိတဲ့ ပျော်ရွှင်မှု နဲ့ လုံခြုံမှုတွေ ထက်သာတဲ့အရာတွေကို ဒီရင်ခွင်သေးသေးလေး နဲ့ သူ့ပိုင်ရှင်ကသာ ပေးစွမ်း နိုင်တယ်ရယ်

~~~~~~~~~~~~~~~~~~~~~~~~Mina ကော Jiji ကော အပြင်ထွက်သွားတာ မလို့ Sana နဲ့Jen လည်း ခြံထဲကို လမ်းလျှောက် ထွက်လာကြရာ သူတို့လိုလမ်းလျှောက် လာတဲ့ Tzyuy နဲ့ Lily တို့နဲ့ တည့်တည့် တို့တာကြောင့် လေးယောက်သား လမ်းတူတူလျှောက်လာကြတော့သည်။

" လီ....ငယ်ကော ဘာလို့ လိုက်မလာတာလဲ "

" အာ.....သူ....သူကလေ ပင်ပန်းလို့ အိပ်ချင်နေတယ် ဆိုပြီးအိပ်ပြီး ကျန်ခဲ့တယ်ရယ် "

" အော် ဟုတ်မှာ။သူက ပင်ပန်းတဲ့ ဒဏ် သိပ်မခံနိုင်ဘူးရယ် "

" ဟုတ်ကဲ့ "

" ဟော.....ဟိုမှာ မြေးလေး Chaeyoung နဲ့ မြေးလေး Mina "

Sana ညွှန်ပြတဲ့ နေရာက်ို ကြည့်လိုက်တော့ Mina လက်ကိုဆွဲကာ သူတို့ဆီ ပြေးလာတဲ့ Chaeyoung။

" အဖွားက မှောင်ရိပ်ထဲ က လူတောင် မြင်ရသားနော် "

" အဖွားက မျက်မှန် တပ်ထားရင် မြေးတို့ လူငယ်တွေလိုပဲ အကုန်သေချာ မြင်ရတယ် မြေးလေး jen ရဲ့ "

Chaeyoung တို့ အတွဲလည်း Jen တို့ လေးယောက် အဖွဲ့ ဆီ ၀င် Jion လိုက်တော့......။

" Chaeyoung နင်ရယ် ငါ့ Mina လေးကို ဘယ်ခေါ်သွားပြီး ဘာလုပ်တာလဲ ပြောစမ်း "

" ဟာ....Jennie Unnie ကလည်း ဒီတိုင်း စကားပြောတာပါ ဘာမှမလုပ်ပါဘူး "

"နင်က ဘာလုပ်ချင်သေးလို့လဲ "

"ဘာ....ဘာကို ဘာလုပ်ချင်ရမှာ ဘာမှ မလုပ်ချင်ပါဘူး "

" ထားပါတော့ jen ရယ်။အဲ့ကောင်ကို စမနေပါနဲ့တော့။ဟိုကရှက်လို့ သေတော့မယ် "

" ဟီး....ဟုတ်ဟုတ် "

" အော်.....Lily Unnie "

" ဟေ ဘာတုန်း "

Chaeyoung လည်း Lily နား နားကို ကပ်ကာ.......

" မမ Mi အကုန်လုံးကို သတိရသွားပြီရယ် "

Chaeyoung စကားကြောင့် Lily ပျော်သွားပေမယ့် Jen ကျ ဘာလို့ သတိရဖို့ အဲ့လောက် ခက်ခဲရတာလဲလို့ တွေးပြီး၀မ်းနည်းမိသွားသေးတယ်။

Lily လည်း Chaeyoung နား နားကို ပြန်ကပ်ကာ.......

" တော်တယ် ကျားပု ငါ့လည်းအခန်းထဲ နည်းလမ်းလေး ဘာလေး မျှအုံး "

Lily ရဲ့ စကားကို Chaeyoung ရီသာနေမိတော့သည်။

" အဲ့ဘက်က ၂ ယောက် ဘာတွေ တိုးတိုး တိုးတိုး နဲ့ ပြောနေကြ တာလဲ "

" ဒီတိုင်း အလုပ်ကိစ္စပါ Jen ရဲ့ "

" ခနလေး Mi အသံတခုခု ကြားမိသလားလို့"

" အွန်း ဟုတ်တယ် Jen ရောပဲ။ပထမ နားကြား မှားတယ် ထင်နေတာ "

" လာ ဒါဆို သွားကြည့်ရအောင် ခြံထဲ သူခိုးကပ်တာလား မသိဘူး "

Lily ရဲ့ ဦးဆောင်မှု နဲ့ အတူ ၆ ယောက်လုံး အသံကြားရာဘက်ကို လာလိုက်ကြပြီး လူရိပ် နှစ်ခု မြင်ရတာမလို့ အနီးဆုံးချုံပုတ်ထဲ တိုးလိုက်ကာ မြင်ကွင်းမှာ ကွယ်နေတဲ့ သစ်ကိုင်းတွေကို ဖယ်လိုက်ကာမှ........

" ဟ....သောက်ကျိုးနည်းပြီ "

မြင်လိုက်ရတာက တစ်ယောက်ကို တယောက် ကြင်ကြင်နာနာနဲ့ အနမ်းခြွေ နေတဲ့ Jiji နဲ့ Chae။ကျန်တဲ့ သူတွေ အဖို့ကမထူဆန်းပေမယ့် Jennie အဖို့က သစ္စာဖောက် ခံရတဲ့ ကိစ္စကြီးပင်။

Jen လည်း ချက်ချင်း ထို ၂ ယောက်နားကို ထသွားတာမလို့Lily တို့လည်း အမြန်လိုက်ရတော့သည်။

" ဒါက ဘာဖြစ်နေကြတာလဲ "

" ဟမ်.....ချစ် "

* လခွမ်း တဲ့ Park Chaeyoung ရယ်။ဒီလိုကြီး မိတာ တောင် ချစ် လို့ ခေါ်နေတုန်းပဲ။သူတော့ ပါး နဲ့ လက်ဝါး ၀မ်းဆက် ဖြစ်တော့မယ်။ကောက်ရိုးမလွတ် မြက်မလွတ် လေး  *

" ဘာ ချစ်လဲ.....ဘာက်ို ချစ်လဲ။တွေ့တာ ဘယ်လောက်မှ တောင် မကြာသေးတဲ့ မိန်းမတယောက် နဲ့ ဖြစ်ချင်တိုင်း ဖြစ်ပြီးမှ ကျွန်မကို ချစ်လို့ လာမခေါ်နဲ့ "

" မဟုတ်ဘူး ချစ်....အာ ....jennie Unnie ရဲ့။Chae ရှင်းပြမယ် "

" ဖြန်း !!! "

* အား....သေပါပြီ လက်သံကလည်း ပြောင်လိုက်တာဟယ် *

" မရှင်းပြနဲ့ နင့် အသံ ငါ မကြားချင်ဘူး။Jiji ကကော ဘာလို့ကိုယ့်ချစ်သူ ရှိလျက် နဲ့ သူများ ချစ်သူနဲ့ ဖောက်ပြန်ရတာ "

" မဟုတ်ဘူး Jen ရဲ့ "

" တော်ပြီ မပြောကြပါနဲ့တော့။လီ....ဒီကိစ္စတွေ အတွက်......"

Jen ရဲ့ စကားတွေပင် မဆုံးသေး Jen ရဲ့ နှုတ်ခမ်းပုံ ကျရောက် သွားတဲ့ Lily နှုတ်ခမ်းတစ်စုံကြောင့် အားလုံး အံ့သြ ကုန်ကြတော့သည်။

အချိန် အတော်အတန်ကြမှ Jen ကို အသက်ရှူရန် လွှတ်ပေးလိုက်တာမလို့ လွှတ်ပေးပေးခြင်း မှာပဲ Jen လည်း ညာဘက်လက် ကို အားကုန် လွှဲလိုက်ကာ Lily ကို ပါးရိုက်မလို့ ပြင်လိုက်တာကြောင့် Lily လည်း မျက်လုံးကို စုံမှိတ်ချလ်ိုက်ကာ Jen ရဲ့ လက်ဝါးချက် ကို စောင့်နေမိတော့သည်။

ကျန်တဲ့ သူတွေကတော့ မရိုက်ဖို့ရာ ၀ိုင်းတားကြလေရဲ့။ထိုထဲတွင် Sana ရဲ့ အသံဟာ အကျယ်ဆုံး ဖြစ်နေလေရဲ့။

" မမ မလုပ်နဲ့ !!! "

ခပ်ကြမ်းကြမ်း ရိုက်ချက်ကို မျှော်လင့်ထားပေမယ့် ပါးပြင်ကို ဖွဖွလေး လာရောက် အုပ်ကိုင် လာတဲ့ လက်ဖဝါးနုနုလေး  ကြောင့် Lily လည်း မျက်လုံးကို မရဲတရဲ ဖွင့်ကြည့် လိုက်တော့ Jen နှုတ်ဖျားက ထွက်လာတဲ့ နာမည် တခု....

" လီ....Lalisa Manoban "

" ဟမ်....Jen....Jen အကုန် ပြန် မှတ်မိပြီလား "

"ဟုတ်တယ် လီ.....Unnie အကုန် မှတ်မိပြီ "

" အား......၀မ်းသာလိုက်တာကွာ။အဲ့လိုမှန်းသိ အစော ကတည်းက ဖက်နမ်းပါတယ် "

" ဟိတ်နော် "

" ဟိဟိ "

" ကြားထဲက ငါ ပါးရိုက်ခံ လိုက်ရတယ်ဟယ် "

" အယ်.....ဟုတ်သား sorry ပါ Chae ရယ်။အဲ့တုန်းက Jen က မသိလို့ပါ "

" ရပါတယ် Jen ရယ် "

"  ရတယ် Unnie တောင်းပန်မနေနဲ့ အဲ့ဟာလေး အနေအထိုင် မတက်လို့ ဖြစ်တာ နည်းသေးတယ် "

" နင်တော့ သေတာ့မယ် "

" လာလေ ချမလား။လာ "

" ကဲ တော်ကြပါတော့။ နှစ်ယောက်လုံး "

" ဟုတ်ကဲ့ Jiji "

" ဟဟ...Park Chaeyoung မယားကြောက် "

" လီ.... ဘာတုန်း သူများကို မယားကြောက်လေး ဘာလေး နဲ့လီ ကကော Unnie ကို မကြောက်ဘူးလား "

" ဟိုလေ.....လီ က Unnie ကို ချစ်တာလေ "

" ဒါဆို မကြောက်ဘူးပေါ့။"

မေးတဲ့ လေသံက ရာသီဥတု မကောင်း.......

" အာ.....ဟီး ချစ်ကြောက်ရိုသေတာပါ "

Lily ရဲ့ အဖြေမှာ အကုန်လုံးရဲ့ ရယ်သံဟာ တိတ်ဆိတ်နေတဲ့အမှောင်ညကို ဖြိုခွင်းသွားတာကြောင့် အိပ်တန်းတက်နေတဲ့ငှက်လေးများပင် လန့်လို့ ပျံပြေးကုန်လေရဲ့ ။

" Lalisa က Ruby ကို ချစ်တာ နဲ့ Lily က Jen ကို ချစ်တာ ဘယ်ဟာပိုမလဲ လီ "

" Lalisa က ချစ်တာထက် ဟောဒီက Lilyက ပိုချစ်ပေးမှာပါ"

" ရှင်ကကော Chae "

" အရင်ဘ၀က Jiji က Chae ကို ချစ်ပေးတာထက် ခုဘ၀မှာ Chae က Jiji ကို ၁၀ ဆ လောက် ပိုချစ်ပေးမှာ "

" မောင် ကကော "

" Son Chaeyoung ရဲ့ အချစ်ရော Kim Chaeyoung ရဲ့ အချစ်ရော ကို ပေါင်းပြီး ဟောဒီက ပင်ဂွင်းလေး ကို ချစ်ပေးမှာ "

" Tzu ကတော့ ဘ၀ဆက်တိုင်း သံသရာလည်နေ သမျှ Unnie ကို ပဲ ချစ်နေပြီး။Unnie နဲ့ ပဲ ဘ၀ ရဲ့ အချိန်တွေကို ကုန်ဆုံး နေမှာပါ "

~~~~~~~~~~~~~~~~~~~~~~~~~~~

လေးတွဲ ရှစ်ယောက် မနက်စောစော ရောက်နေတဲ့ နေရာကားဘူဆန်မှ ဓာတ်ပုံဆိုင် တစ်ဆိုင်။Jen ရဲ့ ဦးဆောင်မှုဖြင့်ရောက်လာခြင်း ဖြစ်သည်။သူပြောတာကတော့.....

" Tzuyu နဲ့ Sa Sa က တို့တွေ ထဲ အငယ်ဆုံးဆိုပေမယ့်တကယ့် အသက်အရွယ်မှာ ကျတော့ သူတို့က အသက်အတော်ကြီး နေကြပြီလေ။ခုချိန် ကျန်းမာနေကြပေမယ့် အချိန်မရွေး တခုခု ဖြစ်သွားနိုင်တာမလို့ ဘာမှ မဖြစ်ခင် အားလုံး တူတူ ဓာတ်ပုံလေး တစ်ပုံလောက် ရိုက်ထားရအောင် " တဲ့လေ...........

Jen ပြောတာ မှန်နေတာမလို့ ခုတော့ အားလုံး ဓာတ်ပုံဆိုင်ကို ရောက်နေကြပြီ ဖြစ်သည်။

Lily တို့ အတွဲရယ် Jiji တို့ အတွဲရယ် Mina တို့ အတွဲရယ်က နောက်မှာ မတ်တပ်ရပ်နေကြကာ Sana နဲ့ Tzuyu ကိုသူတို့ ရှေ့မှာ ခုံ နဲ့ ထိုင်စေတော့သည်။

အများအမြင်မှာတော့ အဖွား၂ ယောက် နဲ့ မြေးတွေ ဓာတ်ပုံရိုက်နေကြတယ် ထင်ရပေမယ့် တကယ်တော့ Sana တို့ အတွဲဟာ သူတို့ လေးတွဲမှာ အငယ်ဆုံး အတွဲဆိုတာ ဘယ်သူမှ မသိခဲ့ကြ။

ဓာတ်ပုံထွက်လာတဲ့ အခါ ရှစ်ပုံ ထုတ်ပြီး တယောက် တပုံ သိမ်းထားကြတော့လေရဲ့။ဓာတ်ပုံထဲမှာ ကိုယ်ဆီ အလှဆုံးပြုံးနေတာမလို့ ထို အမျိုးသမီး ၈ ယောက်ရဲ့ အလှဟာ တစ်ယောက် တစ်မျိုးဆီ ထင်ရှားစွာ ပေါ်ထွက်နေလေတော့သည်။

Tzuyu မှာ ဓာတ်ပုံကို သေချာကြည့်နေရင်း..........

" အငယ်ဆုံးက အအိုဆုံး ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူးတကယ် "

Tzuyu ရဲ့ လေးပင်စွာ ညည်းညူလိုက်တဲ့ အသံလေးဟာအာလုံး အတွက် ချစ်စရာ ကောင်းလွန်းနေတာကြောင့် Skin Ship မကြိုက်တဲ့ Tzuyu ကို ကျန်တဲ့ ခုနစ် ယောက်က ၀ိုင်းနမ်းကြတာမလို့ အငယ်ဆုံးလေး မှာ ထွန့်ထွန့်လူး နေတာမလို့ ကိုယ်စီဆီက ရယ်သံလေးတွေဟာ သာယာနာပျော်စွာ ပျံလွင့် လာတော့သည်။

အမှန်တော့ အချစ်စစ် နဲ့ ချစ်ကြတဲ့ ချစ်သူ ၂ ယောက်ကြား ချစ်ခြင်းတရား နဲ့ သစ္စာတရား ဆိုတာ မည်သို့မှ ခွဲခြား မရသော အရာနှစ်ခုပင်။တခုနောက်မှ တခု ကပ်ပါနေ တတ်တာမျိုး အချစ် အတွက် နဲ့ သစ္စာ ဖောက်စရာမလိုသလိုသစ္စာတရား အတွက်နဲ့လည်း ချစ်ခြင်းတရားကို ပြစ်ပယ်စရာမလိုပေ။ဒွန်တွဲနေတဲ့ အရာ ၂ ခု မလို့ ဘယ်တော့မှ ခွဲနေစရာမလိုဘဲ အမြဲတစေသာ ချစ်သူ ၂ ဦးထံမှာ ရှိနေမယ့် အရာ ၂ ခုပင် ဖြစ်တော့သည်။

~~~~~~~~~~~~The End ~~~~~~~~~~

၁ နစ် ၂ လ နဲ့ ၃ ရက်ကြာ လိုအပ်ချက် များစွာ နဲ့ ရေးသားခဲ့တဲ့ဇာတ်လမ်းလေး ဟာ ဇာတ်သိမ်းသွားခဲ့ပါပြီ။အစ အလ် အဆုံး ကိူ ဖတ်ပေးခဲ့ကြတဲ့ တဦးတယောက်ချင်းကို ကျေးဇူး အများကြီး တင်ပါတယ်နော်။အဆင်ပြေရင် ခ မေးတာလေးတွေ ဖြေပေးကြပါအုံး။

1.၈ တွဲမှာ ဘယ်အတွဲကို အကြိုက်ဆုံးလဲ။ဘာကြောင့်လဲ။

2.ဒီဇာတ်လမ်း နဲ့ ပတ်သတ်ပြီး ဘာတွေပြောချင်လဲ (ဒါမှမဟုတ်)ဘယ်အခန်းကို အမှတ်အရဆုံးလဲ။

3. ခ ကိုကော ဘာတွေပြောချင်သေးလဲ။ဘယ်လိုတွေ ရေးစေချင်သေးလဲ။

အပန်းမကြီးရင် ဖြေပေးကြပါနော် အထူးသဖြင့် 1 နဲ့ 2 ကို ပေါ့နော်။

Readers တွေကို အရမ်းချစ်ပါတယ်Readers တိူ့ကို အရမ်းချစ်တဲ့ Tu Nhai Kha#(Cigarette)💜

There are no comments yet. Log in to be the first to leave a review!

Similar stories