Fanfics

26💛

08:56, 2 September 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Jiji လည္း Lisa ရဲ႕ ျမင္းကို တားေနရင္းကေနၿပီးေတာ့Chae ကိုလွမ္းၾကည့္ေတာ့ Chae က ပန္း၀င္ဖို႔လည္း သိပ္မလိုေတာ့သလို Lisa လည္း မမွီနိုင္ေတာ့တဲ့ အကြာအေ၀းေရာက္ေနတာေၾကာင့္ Jiji လည္း Lisa ေရွ႕ကေန ေျပးလမ္းကာထားတာကို ဖြင့္ေပးလိုက္ေတာ့သည္။

Ji-Sorry ပါ Lisa ရယ္ စီးေနက် ျမင္းမဟုတ္ေတာ့ ဇက္ႀကိဳးထိန္းတာ မဟန္လို႔ Lisa ရဲ႕ ေျပးလမ္းကို ပိတ္ထားသလိုျဖစ္သြားတယ္😁

Li-ရပါတယ္ Jiji ရဲ႕ ကိစၥ မရွိဘူးရယ္။

Lisa က သာ ၿပံဳးၿပီး ''ရပါတယ္´´ ေျပာေနတာ Lisaရဲ႕ ရင္ခြင္ထဲက Ruby ကေတာ့ Jiji ကို မ်က္ေစာင္းေတြသာထိုးေနေတာ့သည္။

Jisoo ေျပးလမ္းဖြင့္ေပးလိုက္တာနဲ႔ Lisa က ျမင္းကို ဒုန္းဆိုင္းစီးကာ ပန္းတိုင္ကို ဦးတည္လိုက္သည္။သို႔ေသာ္ဘယ္ေလာက္ပဲ ျမန္ေအာင္ စီးစီး အေတာ္လွမ္းလွမ္းေရာက္ေနတဲ့ Chae ကို ဘယ္လိုမွ မမွီနိုင္ေတာ့ေပမယ့္ Chaeေနာက္မွာ အနည္းငယ္ကြာတဲ့ Tzuyu ကို ေတာ့ Lisaမွီေတာ့မည္ျဖစ္သည္။

Lisa ကို ေျပးလမ္းဖြင့္ၿပီးတာနဲ႔ jiji လည္း ေနာက္ကေန ဒုန္းဆိုင္း လိုက္စီးတာေၾကာင့္ Lisa နဲ႔ အတူတူ ယွဥ္လ်က္ျဖစ္ေနေလသည္။Tzuyu ကို မွီေတာ့မယ္ ျဖစ္တဲ့ Lisa နဲ႔ Jiji ကခနေလးအတြင္းမွာပဲ Tzuyu ကို ေက်ာ္သြားၿပီျဖစ္သည္။Tzuyu ကေတာ့ သူ စီးေနတဲ့ႏႈန္းအတိုင္းသာ ဆက္စီးေနၿပီးပိုေနွးသြားျခင္းမရွိသလို ပိုလည္းျမန္မသြားပါ။

ျမင္းေလးေကာင္လံုးေပၚမွာရွိတဲ့ ဇက္ႀကိဳးထိန္းေတြ အားလံုးကေတာ့ ပန္းတိုင္မွာ ေစာင့္ေနတဲ့ Mina ကို ျမင္ေနရၿပီျဖစ္တာေၾကာင့္ ထပ္မံအရွိန္တင္လိုက္ၾကသည္။

Lisa ဘယ္လိုပဲ မွီေအာင္ လုပ္လုပ္ Chae ကိုေတာ့ မမွီေတာ့ပါမို႔ Chae က ပထမ အေနနဲ႔ ပန္း၀င္သြားေတာ့သည္။Chae အေနာက္ လွမ္းလွမ္းမွာ Lisa နဲ႔ Jisoo က တၿပိဳင္တည္း ပန္း၀င္ၿပီး Tzuyu က Lisa တို႔ နဲ႔ ေရွ႕ဆင့္ေနာက္ဆင့္ ပန္း၀င္ေတာ့ေလသည္။

Mi-ပထမ ရရွိတဲ့သူကေတာ့ မမေလး Chae ျဖစ္ပါတယ္။ဒုတိယကေတာ့ သူေဌး နဲ႔ မမေလး Jiji ျဖစ္ပါတယ္။တတိယကေတာ့ Tzuyu ေလး ျဖစ္ပါတယ္

ji-Chae နိုင္သြားတာေပါ့ေနာ္ ဒီလိုဆို

Chae-ဆိုပါေတာ့😅

Li-အင္းေပါ့ 😊

Ruby-အမွန္ဆို Ruby တို႔ နိုင္ရမွာ Jiji ေၾကာင့္🙂

Ji-ေတာင္းပန္ပါတယ္ဟယ္ ငါက စီးေနက် ျမင္းမဟုတ္ေတာ့ဇက္ႀကိဳးထိန္းတာ နည္းနည္း အဆင္မေျပျဖစ္သြာလို႔ပါဟ😁

Ruby-သိေနတယ္ေနာ္ ကြၽန္မ သိေနတယ္ေနာ္ Kim jisoo shi....ဟင္း....ဟင္း😒

ပန္းတိုင္နားမွာ ျမင္းေတြကို ရပ္ၿပီး ျမင္းေတြေပၚကေန မဆင္းဘဲ စကားေျပာေနၾကျခင္းျဖစ္သည္။Jiji အႀကံနဲ႔ တမင္ လမ္းပိတ္ထားမွန္း Ruby ကသိေတာ့ Jiji ကို မၾကည္ေပ။

Ruby-အမေလး Minatozaki Sana ရယ္ Chou Tzuyu ကို စားေတာ့ ဝါးေတာ့မလိုပါလားဟဲ့ ေၿဖးေျဖး ငမ္းပါဟဲ့။ဟိုက ဘယ္မွထြက္မေျပးပါဘူး။

Sa-ဟာ....မမေနာ္

Ruby-ဘာ ခုမွ မမေနာ္လည္း ငါ့မွာေတာ့ ငါ့ညီမေလး အသံကို ၿပိဳင္ပြဲၿပီးတည္းက မၾကားရေသးဘူးေပါ့ဆိုၿပီး စိတ္ပူၿပီး လွည့္ၾကည့္မိလိုက္ပါတယ္ သူက Tzuyu ရင္ခြင္ထဲေနၿပီးTzuyu ကို ေငးေကာင္းေနတယ္။

Sa-မမ🙂

ပန္း၀င္တည္းက စကားေျပာေနတဲ့ အဖြဲ႕အထဲမွာ Tzuyu နဲ႔Sana မပါတာမို႔ Sana ကို စ ေနျခင္းျဖစ္သည္။

Ruby-ဟဲ့ Chou Tzuyu

Tzu-Nae

Ruby-ငါ့ညီမ Sana နားေနတာလည္း ေနတာေပါ့

Tzu-ဟုတ္

Ruby-ကိုယ့္အႏၲရာယ္ ကိုယ္ၾကည့္ေန ၾကားလား

Tzu-ရွင္😳

Ruby-ဟုတ္တယ္ေလ နင္က မထံုတေတး ခပ္ေအးေအးေလး ဟိုက ငါ့ညီမ က ခုတေလာ ေရခဲတုန္း သိပ္ႀကိဳက္ေနတာ အဲ့တာနင္က ေအးေအးေလး ဆိုေတာ့ နင့္ကို ေရခဲတုန္းဆိုၿပီး ပါးစပ္ထဲ ေကာက္ထည့္ငံုထားမွျဖင့္ထြက္ေပါက္မရွိေန ေနလိမ့္မယ္😆

Tzu-ဟာ....မမေလး Ruby ကလည္း😳

Sa-မမ🙃

Ruby ရဲ႕ စကားၾကာင့္ Sana နဲ႔ Tzuyu ကလြဲလို႔ က်န္တဲ့သူေတြ ရီလိုက္ၾကတာ ဗိုက္ေတာင္ေအာင့္ၾကတယ္တဲ့။

Chae-ကဲ Chae နိုင္တာဆိုေတာ့ Chae ကို ဘာလုပ္ေပးၾကမွာလဲ။

Ji-ေျပာေလ Chae လုပ္ေပးေစခ်င္တာ။

Li-အင္း Chae လုပ္ေပးေစခ်င္တာ ေျပာေလ Chae ရဲ႕

Chae-ရွံုးတဲ့သူ ၅ ေယာက္လံုး Chae ခိုင္းတာ လုပ္ရမွာေနာ္

Li-ဟမ္😕 ဘာကိစၥ ၅ ေယာက္တုန္း ျမင္းေတာင္ Chae ပါမွ ေလးေကာင္ပဲရွိတာေလ။

Chae-မဟုတ္ဘူးေလ Lili နဲ႔ Tzuyu ျမင္းေပၚမွာ လိုက္စီးတဲ့ Ruby နဲ႔ Sana ပါ ပါတယ္ေလ။

Ruby+Sa-ငါတို႔ပါ ပါတယ္လား

Chae-အင္းေလ။

Ji-ဟုတ္ပါၿပီ ဒါဆို jiji တို႔က ဘာလုပ္ေပးရမွာလဲ Chae ကို

Chae-Jiji က ဒီကျပန္လို႔ ေ႐ႊဝါေရာင္ေျမကိုေရာက္ရင္တံခါး၀ကေန စၿပီး Chae သြားခ်င္တဲ့ ေနရာထိ Chae ကိုကုန္းပိုးရမယ္။

Ji-ဘုရားေရ Chae ကို ကုန္းပိုးရမယ္?

Chae-အင္းေလ ဘာလဲ မပိုးခ်င္တာလား ၿငိဳျငင္တာလားJiji ရွံုးတာေလ။

Ji-ဟုတ္ပါၿပီ ဟုတ္ပါၿပီ ပိုးပါ့မယ္

Chae-ဒါဆို ၿပီးေရာ။ေနာက္တစ္ေယာက္က Lisa.....

Li-ကြၽန္ေတာ္မ်ိဳးမ မည္သည့္တာ၀န္ကို ထမ္းေဆာင္ရမယ္ဆိုတာ ေ႐ႊႏႈတ္ေတာ္က ဖြင့္ဟေတာ္မူပါ သခင္မေလး။

Chae-ပရမ္းပတာက စၿပီ😆

Ruby-ပိုလိုက္တာ(Whisper)

Sa-မမေတာ့ jealous ေတြ ျဖစ္ေနၿပီ(Whisper)

Ruby တေယာက္တည္း တိုးတိုးေလးေျပာတာကို Sana ၾကားလိုက္သလို Sana တိုးတိုးေလး ေျပာတာကိုလည္း Ruby က ၾကားတာေၾကာင့္......

Ruby-Tzuyu ya....

Tzu-Nae

Ruby- ငါ့အစား နင့္ေရွ႕က Sana ကို တစ္ခ်က္ေလာက္ရိုက္ေပးစမ္းပါ ငါ မမွီလို႔။

Tzu-ရွင္။မျဖစ္ဘူးထင္တယ္။

Ruby-ဘာ မျဖစ္တာလဲ။

Tzu-Sana Unnie က Tzuyu ထက္ႀကီးေတာ့ Tzuyu ငရဲႀကီးမွာေပါ့ေ။

Ruby-ငါက နင္တို႔ ၂ ေယာက္လံုးထက္ ႀကီးတယ္ ငါခိုင္းလို႔လုပ္တာ ငရဲမႀကီးဘူး။ငါခိုင္းတာ မလုပ္ရင္သာ နင္ ငရဲႀကီးမွာ

Tzu-ဟင္....တကယ္လား။

Ruby-အင္း တကယ္။အဲ့တာေၾကာင့္ Sana ကို အခု တစ္ခ်က္ရိုက္လိုက္။

Tzu-ဟု....ဟုတ္။Sana Unnie ကန္ေတာ့ေနာ္.....

''ဖတ္´´

Ruby က အတင္းရိုက္ခိုင္းေနတာေၾကာင့္ Tzuyu လည္းSana ကို မနာေအာင္ ခပ္ဖြဖြေလးရိုက္လိုက္သည္။ရိုက္တယ္ဆိုတာထက္ ပုတ္လိုက္သည္ လို႔ဆိုရင္ ပိုမွန္လိမ့္မည္ ထင္သည္။

Tzu-ၿပီးပါၿပီ မမေလးRuby

Ruby-ဘာၿပီးတာလဲ😕

Tzu-Sana Unnie ကို ရိုက္လို႔ၿပီးသြားတာပါ

Ruby-ဟမ္... ဘယ္လို ေစာနက ''ဖတ္´´ ဆိုတဲ့ အသံက နင္ သူ႔ကို ရိုက္လိုက္တာလား

Tzu-ဟုတ္ မမေလး

Ruby-အမေလး Chou Tzuyu ရယ္ ဟိုက နာသြားအံုးမယ္ေနာ္။ရိုက္ထည့္လိုက္တာမ်ား အားႀကီးနဲ႔🙂

ji-ဟုတ္ပါ့ Tzuyu ရယ္ အဲ့ေလာက္အားႀကီးနဲ႔ ရိုက္ရလားRuby လည္း ေနာက္တခါ ရိုက္ခ်င္ ကိုယ့္ဘာသာ ရိုက္Tzuyu ကို မရိုက္ခိုင္းနဲ႔ ေနာက္ဆို Tzuyu က လက္နဲ႔ရိုက္ေတာ့မွာ မဟုတ္ဘူး😆

Li-Tzuyu က လက္နဲ႔မရိုက္လို႔ ဘာနဲ႔ရိုက္မွာလဲ Jiji ရဲ႕😅

Chae-ဟာ...Lili ကလည္း ဒါေလးေတာင္ မသိဘူးလားTzuyu က ေနာက္ဆို Sa ပါးကို.....😄

Mi-နွာေခါင္းနဲ႔ရိုက္မွာေလ သူေဌးရဲ႕😆

Ji-ေျပာခ်င္တာ အဲ့တာ😆

Li-ေအာ္....အဲ့လို႔လား😆

Ruby-ဒီလိုသာဆို Ruby ညီမေလးေတာ့ ငိုေနေတာ့မွာပဲ

Li-ဘာလို႔တုန္း Ruby ရဲ႕

Ruby-ေပ်ာ္လြန္းလို႔ေလ သူ႔ပါးကို Tzuyu က နွာေခါင္းနဲ႔ ရိုက္ေတာ့😂

Tzu-ဟာ....မမေလးတို႔ ကလည္း အဲ့လိုႀကီး မစၾကပါနဲ႔။မမ Mina လည္း အက်င့္မေကာင္းဘူး။

Sa-မမတို႔ေနာ္......😤

အငယ္ဆံုးအတြဲျဖစ္တဲ့ Tzuyu နဲ႔ Sana ကို Ruby တို႔ရယ္ေ႐ႊေရာင္ေျမရဲ႕ ေရခဲတုန္း အေခ်မမ ကပါ ဝိုင္းစၾကေတာ့အလိုလိုမွ အစတည္းက ရွက္တတ္တဲ့ ေရခဲတုန္း ChouTzuyu ရဲ႕ မ်က္နွာဟာ ရဲတက္ၿပီး ေပါက္ကြဲေတာ့မယ့္ ခ်ိန္ကိုက္ဗံုး တစ္လံုးလို Sana လည္း ရွက္ၿပီး ေခါင္းေတာင္ မေဖာ္နိုင္ေတာ့ေပ။

Li-ေတာ္ေတာ့ ေတာ္ေတာ့ အရမ္းမစနဲ႔ ဟိုမွာလည္းၾကည့္အံုး မ်က္နွာ တခုလံုး ရဲတက္ေနၿပီ မစနဲ႔ေတာ့။စကားမစပ္Chae က Lili ကို ဘာခိုင္းမွာလဲ

Chae-အင္း....Lili က ဒီေန႔ညေန ဘူဆန္ေစ်းႀကီးမွာ Chae စားခ်င္တာမွန္သမ်ွ လိုက္၀ယ္ေကြၽးရမယ္။

Li-ဟုတ္ပါၿပီရွင္

Ji-တရားလိုက္တာ Chae ရယ္ Jiji က် Chae ကို ကုန္းပိုးတဲ့ Lisa က် မုန္႔၀ယ္ေကြၽးတဲ့

Chae-မဟုတ္ဘူးေလ Jiji ရဲ႕ ပထမ စဥ္းစားတုန္းက Jijiေကာ Lili ကို ပါ ကုန္းပိုးခိုင္းမလို႔ပဲ ဒါေပမယ့္ Lili က ဒဏ္ရာက ခုမွ ခ်ဳပ္ရိုးစိကာစမလို႔ ျပန္ပြင့္သြားမွာ ဆိုးလို႔ပါ။

Ji-ဟုတ္ပါၿပီရွင့္ အဲ့တာဆိုရင္လည္း ေက်ေက်နပ္နပ္ႀကီးနဲ႔Chae ေလးကို jiji က ကုန္းပိုးပါ့မယ္😊

Chae-Jiji is the best 😛

Ji-ဟုတ္ပါၿပီ Jiji နဲ႔ Lisa ကေတာ့ ၿပီးၿပီ Ruby နဲ႔ Sana ၂ ေယာက္ကိုေကာ မေကာဘာခိုင္းမွာဘဲ။

Chae-Ruby က Chae ကို လက္ေဆာင္ လိုက္၀ယ္ေပးChae လိုခ်င္တာ။

Ruby-ဟုတ္ၿပီ ရေစရမယ္။

Chae-Sa က Chae ဖို႔ ပန္းစည္းေလးလုပ္ေပး Sa လုပ္တာ လွတယ္လို႔ သတင္းၾကားထားတယ္။

Sa-၅ မိနစ္ပဲေစာင့္😉

Chae-ဟင္....တကယ္လား

Sa-စတာ....စတာ ျပန္ေရာက္ရင္ တန္းလုပ္ေပးမယ္ နာရီ၀က္ေလာက္ ေစာင့္။

Chae-ေအာ္ အဲ့လိုလုပ္ပါ။

Tzu-Tzu ကေကာ ဘာလုပ္ေပးရမလဲ မမေလး Chae

Chae-ေအာ္ ဟုတ္သား Tzu လုပ္ေပးရမွာ က အေရးႀကီးတယ္။

Tzu-ရွင္!!အေရးႀကီးတယ္

Chae-ဟုတ္တယ္ အဲ့တာက Lili ရယ္Unnie ရယ္ Ruby ရယ္ကို သူေဌး တို႔ မမေလးChae တို႔ မမေလး Ruby တို႔မေခၚေတာ့ဘဲ Jiji နဲ႔ Sana ကို ေခၚသလိုပဲ Lisa UnnieChae Unnie နဲ႔ Ruby Unnie လို႔ပဲ ေခၚေတာ့။သေဘာတူလား Lili နဲ႔ Ruby

Li-တစ္ရာ ရာခိုင္ႏႈန္း သေဘာတူတယ္

Ruby-အင္း....Ruby ကေတာ့....နွစ္ရာ ရာခိုင္ႏႈန္း သေဘာတူတယ္😅

Chae-အဲ့ေတာ့ ခုကစၿပီး Unnie တို႔ကို ေျပာင္းေခၚေတာ့

Tzu-ဟုတ္....ဟုတ္ကဲ့ မမေလး အဲ မဟုတ္ပါဘူး Chae Unnie

Tzu စကားသံေလးေတြထဲမွာ ေပ်ာ္႐ႊင္မႈေၾကာင့္ ေပါက္ဖြားလာတဲ့ မ်က္ရည္ေလးေတြ ပါလာတာေၾကာင့္ Chae လည္းအသံက်ယ္က်ယ္ေလးနဲ႔ေအာ္လိုက္သည္။

Chae-ငါတို႔ရဲ႕ အငယ္ဆံုးေလးကြ

Ji-အရွည္ဆံုးဆိုလည္း ဟုတ္တယ္😆

All-😂😂😂😂😂😂😂

jiji ရဲ႕ စကားမွာ အားလံုးပြဲက်သြားေတာ့သည္။

Chae-ကဲ ေန လည္း အေတာ္ျမင့္ေနၿပီ ျပန္ၾကစို႔ Chaeဗိုက္စာေနၿပီ။

Ji-ေအာ္ Chae ဗိုက္စာေနၿပီလား။ဟုတ္သား ေန လည္းအေတာ္ျမင့္ေနၿပီဆိုေတာ့ ျပန္ၾကတာေပါ့

Jiji ျပန္ေျပာႀကီးတာနဲ႔ တာထြက္တဲ့ေနရာကို အားလံုး ျမင္းကိုယ္စီနဲ႔ ျပန္ၾကေတာ့သည္။ဒါေပမယ့္ ေစာနကလို အျမန္ဒုန္းဆိုင္းသြားတာမဟုတ္ဘဲ စကားတေျပာေျပာနဲ႔ ေျဖးေျဖးခ်င္း သြားၾကေတာ့သည္။

တာထြက္တဲ့ ေနရာကိုျပန္ေရာက္ေတာ့ Ruby နဲ႔ Sana ကို ျမင္းေပၚကေန Lisa နဲ႔ Tzuyu က ခ်ီ ခ်ၾကၿပီး အရိပ္ရတဲ့ေနရာမွာ ေစာင့္ေနခိုင္းကာ Lisa တို႔အားလံုးက ျမင္းေတြကိုျမင္းေဇာင္းမွာ သြားခ်ည္ၿပီး အတူတူ ေ႐ႊေရာင္ေျမကို ျပန္ၾကေတာ့သည္။

ေ႐ႊေရာင္ေျမ တံခါး၀ ေရာက္ေတာ့ Chae ေရွ႕မွာ Chae ကိုေက်ာေပးၿပီး ထိုင္ခ်လိုက္တဲ့ Jiji ေၾကာင့္ အားလံုးအံ့ၾသကုန္ၾကေတာ့သည္။

ji-တက္ေလ Chae။Chae ပဲ jiji ကို ခိုင္းထားၿပီးေတာ့

Chae-ဟီး ဟုတ္သားပဲ

Jiji ေျပာမွ Chae လည္း သတိရၿပီး Jiji ေက်ာေပၚကို တက္လိုက္သည္ Chae က Jiji ထက္ အရပ္ရွည္တဲ့သူမို႔ Jiji မွာ ေက်ာပိုးရတာ မသက္မသာ ျဖစ္ေနေပမယ့္ Chae ကို ေက်ာပိုး ရတာမို႔ jiji တကယ္ေပ်ာ္ေနတယ္ဆိုတာ Jiji ကလြဲၿပီး မည္သူမွမသိခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~~

ေန႔လည္စာ စားၿပီး ကိုယ့္အခန္းကိုယ္ျပန္နားၾကတာ ညေန ေရာက္ေတာ့ Lisa က Chae ကို ေစ်းလိုက္ပို႔မယ္ ေျပာၿပီးမွChae တို႔ မရွိတုန္းက အသစ္ေရာက္လာတာတဲ့ ဆာဂ်င္နဲ႔ ဗိုလ္ၿကီးက တင္ျပစရာရွိတယ္ဆိုလို႔ Lisa လိုက္မပို႔နိုင္တာနဲ႔လက္ေဆာင္Ruby နဲ႔သာ ဘူဆန္ေစ်းႀကီးကို ထြက္လာခဲ့ၾကေတာ့သည္။Sana ကို ေခၚေပမယ့္ မမ က ပန္းစည္းလုပ္ေနလို႔ က်န္ခဲ့ေလရဲ႕။

တစ္ေစ်းလံုးကို ပတ္ၿပီး စားလိုက္ ေသာက္လိုက္ ၀ယ္လိုက္နဲ႔သြားေနရင္း တေနရာေရာက္ေတာ့ ဆိုင္းဘုတ္ တခုက သူတို႔ကို အလြန္ဆြဲေဆာင္ထားေနေလရဲ႕။

''ေရွးျဖစ္ေဟာသည္´´

Ruby-စိတ္၀င္စားလား

Chae-အင္း

Ruby-စမ္းၾကည့္ၾကမလား

Chae-ဟီး....ၾကာသလားလို႔။

နွစ္ေယာက္သား ၂ ခါ ညႇိစရာမလိုဘဲ ထို ဆိုင္းဘုတ္ေထာင္ထားတဲ့ ဆိုင္ခန္း အတြင္းသို႔ ၀င္သြားေတာ့သည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခ အိမ္မွာ ဧည့္သည္ေတြေရာက္ေနၿပီး ခ အရမ္းအရမ္းကိုအလုပ္ေတြရႈပ္ေနလို႔ ခုမွ Upနိုင္တာ စိတ္မရွိပါနဲ႔ ခ တကယ္ေတာင္းပန္ပါတယ္ ေနာက္အပိုင္းေတြ ပံုမွန္ ၃ ရက္ ၁ ခါ ျပန္Up ေပးပါ့မယ္။စကားစပ္ မ်က္ရည္လြယ္တတ္တဲ့သူေတြေနာက္ ၂ ပိုင္း ၃ ပိုင္း ေနရင္ တစ္ရွဴး ေဆာင္ထားၾကပါေတာ့ဒီအပိုင္းကေတာ့ ေပါ့ေပါ့ပါးပါးေလးပါပဲေနာ္

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့Tu Nhai Kha#

.................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

Jiji လည်း Lisa ရဲ့ မြင်းကို တားနေရင်းကနေပြီးတော့Chae ကိုလှမ်းကြည့်တော့ Chae က ပန်းဝင်ဖို့လည်း သိပ်မလိုတော့သလို Lisa လည်း မမှီနိုင်တော့တဲ့ အကွာအဝေးရောက်နေတာကြောင့် Jiji လည်း Lisa ရှေ့ကနေ ပြေးလမ်းကာထားတာကို ဖွင့်ပေးလိုက်တော့သည်။

Ji-Sorry ပါ Lisa ရယ် စီးနေကျ မြင်းမဟုတ်တော့ ဇက်ကြိုးထိန်းတာ မဟန်လို့ Lisa ရဲ့ ပြေးလမ်းကို ပိတ်ထားသလိုဖြစ်သွားတယ်😁

Li-ရပါတယ် Jiji ရဲ့ ကိစ္စ မရှိဘူးရယ်။

Lisa က သာ ပြုံးပြီး ''ရပါတယ်´´ ပြောနေတာ Lisaရဲ့ ရင်ခွင်ထဲက Ruby ကတော့ Jiji ကို မျက်စောင်းတွေသာထိုးနေတော့သည်။

Jisoo ပြေးလမ်းဖွင့်ပေးလိုက်တာနဲ့ Lisa က မြင်းကို ဒုန်းဆိုင်းစီးကာ ပန်းတိုင်ကို ဦးတည်လိုက်သည်။သို့သော်ဘယ်လောက်ပဲ မြန်အောင် စီးစီး အတော်လှမ်းလှမ်းရောက်နေတဲ့ Chae ကို ဘယ်လိုမှ မမှီနိုင်တော့ပေမယ့် Chaeနောက်မှာ အနည်းငယ်ကွာတဲ့ Tzuyu ကို တော့ Lisaမှီတော့မည်ဖြစ်သည်။

Lisa ကို ပြေးလမ်းဖွင့်ပြီးတာနဲ့ jiji လည်း နောက်ကနေ ဒုန်းဆိုင်း လိုက်စီးတာကြောင့် Lisa နဲ့ အတူတူ ယှဉ်လျက်ဖြစ်နေလေသည်။Tzuyu ကို မှီတော့မယ် ဖြစ်တဲ့ Lisa နဲ့ Jiji ကခနလေးအတွင်းမှာပဲ Tzuyu ကို ကျော်သွားပြီဖြစ်သည်။Tzuyu ကတော့ သူ စီးနေတဲ့နှုန်းအတိုင်းသာ ဆက်စီးနေပြီးပိုနှေးသွားခြင်းမရှိသလို ပိုလည်းမြန်မသွားပါ။

မြင်းလေးကောင်လုံးပေါ်မှာရှိတဲ့ ဇက်ကြိုးထိန်းတွေ အားလုံးကတော့ ပန်းတိုင်မှာ စောင့်နေတဲ့ Mina ကို မြင်နေရပြီဖြစ်တာကြောင့် ထပ်မံအရှိန်တင်လိုက်ကြသည်။

Lisa ဘယ်လိုပဲ မှီအောင် လုပ်လုပ် Chae ကိုတော့ မမှီတော့ပါမို့ Chae က ပထမ အနေနဲ့ ပန်းဝင်သွားတော့သည်။Chae အနောက် လှမ်းလှမ်းမှာ Lisa နဲ့ Jisoo က တပြိုင်တည်း ပန်းဝင်ပြီး Tzuyu က Lisa တို့ နဲ့ ရှေ့ဆင့်နောက်ဆင့် ပန်းဝင်တော့လေသည်။

Mi-ပထမ ရရှိတဲ့သူကတော့ မမလေး Chae ဖြစ်ပါတယ်။ဒုတိယကတော့ သူဌေး နဲ့ မမလေး Jiji ဖြစ်ပါတယ်။တတိယကတော့ Tzuyu လေး ဖြစ်ပါတယ်

ji-Chae နိုင်သွားတာပေါ့နော် ဒီလိုဆို

Chae-ဆိုပါတော့😅

Li-အင်းပေါ့ 😊

Ruby-အမှန်ဆို Ruby တို့ နိုင်ရမှာ Jiji ကြောင့်🙂

Ji-တောင်းပန်ပါတယ်ဟယ် ငါက စီးနေကျ မြင်းမဟုတ်တော့ဇက်ကြိုးထိန်းတာ နည်းနည်း အဆင်မပြေဖြစ်သွာလို့ပါဟ😁

Ruby-သိနေတယ်နော် ကျွန်မ သိနေတယ်နော် Kim jisoo shi....ဟင်း....ဟင်း😒

ပန်းတိုင်နားမှာ မြင်းတွေကို ရပ်ပြီး မြင်းတွေပေါ်ကနေ မဆင်းဘဲ စကားပြောနေကြခြင်းဖြစ်သည်။Jiji အကြံနဲ့ တမင် လမ်းပိတ်ထားမှန်း Ruby ကသိတော့ Jiji ကို မကြည်ပေ။

Ruby-အမလေး Minatozaki Sana ရယ် Chou Tzuyu ကို စားတော့ ဝါးတော့မလိုပါလားဟဲ့ ဖြေးဖြေး ငမ်းပါဟဲ့။ဟိုက ဘယ်မှထွက်မပြေးပါဘူး။

Sa-ဟာ....မမနော်

Ruby-ဘာ ခုမှ မမနော်လည်း ငါ့မှာတော့ ငါ့ညီမလေး အသံကို ပြိုင်ပွဲပြီးတည်းက မကြားရသေးဘူးပေါ့ဆိုပြီး စိတ်ပူပြီး လှည့်ကြည့်မိလိုက်ပါတယ် သူက Tzuyu ရင်ခွင်ထဲနေပြီးTzuyu ကို ငေးကောင်းနေတယ်။

Sa-မမ🙂

ပန်းဝင်တည်းက စကားပြောနေတဲ့ အဖွဲ့အထဲမှာ Tzuyu နဲ့Sana မပါတာမို့ Sana ကို စ နေခြင်းဖြစ်သည်။

Ruby-ဟဲ့ Chou Tzuyu

Tzu-Nae

Ruby-ငါ့ညီမ Sana နားနေတာလည်း နေတာပေါ့

Tzu-ဟုတ်

Ruby-ကိုယ့်အန္တရာယ် ကိုယ်ကြည့်နေ ကြားလား

Tzu-ရှင်😳

Ruby-ဟုတ်တယ်လေ နင်က မထုံတတေး ခပ်အေးအေးလေး ဟိုက ငါ့ညီမ က ခုတလော ရေခဲတုန်း သိပ်ကြိုက်နေတာ အဲ့တာနင်က အေးအေးလေး ဆိုတော့ နင့်ကို ရေခဲတုန်းဆိုပြီး ပါးစပ်ထဲ ကောက်ထည့်ငုံထားမှဖြင့်ထွက်ပေါက်မရှိနေ နေလိမ့်မယ်😆

Tzu-ဟာ....မမလေး Ruby ကလည်း😳

Sa-မမ🙃

Ruby ရဲ့ စကားကြာင့် Sana နဲ့ Tzuyu ကလွဲလို့ ကျန်တဲ့သူတွေ ရီလိုက်ကြတာ ဗိုက်တောင်အောင့်ကြတယ်တဲ့။

Chae-ကဲ Chae နိုင်တာဆိုတော့ Chae ကို ဘာလုပ်ပေးကြမှာလဲ။

Ji-ပြောလေ Chae လုပ်ပေးစေချင်တာ။

Li-အင်း Chae လုပ်ပေးစေချင်တာ ပြောလေ Chae ရဲ့

Chae-ရှုံးတဲ့သူ ၅ ယောက်လုံး Chae ခိုင်းတာ လုပ်ရမှာနော်

Li-ဟမ်😕 ဘာကိစ္စ ၅ ယောက်တုန်း မြင်းတောင် Chae ပါမှ လေးကောင်ပဲရှိတာလေ။

Chae-မဟုတ်ဘူးလေ Lili နဲ့ Tzuyu မြင်းပေါ်မှာ လိုက်စီးတဲ့ Ruby နဲ့ Sana ပါ ပါတယ်လေ။

Ruby+Sa-ငါတို့ပါ ပါတယ်လား

Chae-အင်းလေ။

Ji-ဟုတ်ပါပြီ ဒါဆို jiji တို့က ဘာလုပ်ပေးရမှာလဲ Chae ကို

Chae-Jiji က ဒီကပြန်လို့ ရွှေဝါရောင်မြေကိုရောက်ရင်တံခါးဝကနေ စပြီး Chae သွားချင်တဲ့ နေရာထိ Chae ကိုကုန်းပိုးရမယ်။

Ji-ဘုရားရေ Chae ကို ကုန်းပိုးရမယ်?

Chae-အင်းလေ ဘာလဲ မပိုးချင်တာလား ငြိုငြင်တာလားJiji ရှုံးတာလေ။

Ji-ဟုတ်ပါပြီ ဟုတ်ပါပြီ ပိုးပါ့မယ်

Chae-ဒါဆို ပြီးရော။နောက်တစ်ယောက်က Lisa.....

Li-ကျွန်တော်မျိုးမ မည်သည့်တာဝန်ကို ထမ်းဆောင်ရမယ်ဆိုတာ ရွှေနှုတ်တော်က ဖွင့်ဟတော်မူပါ သခင်မလေး။

Chae-ပရမ်းပတာက စပြီ😆

Ruby-ပိုလိုက်တာ(Whisper)

Sa-မမတော့ jealous တွေ ဖြစ်နေပြီ(Whisper)

Ruby တယောက်တည်း တိုးတိုးလေးပြောတာကို Sana ကြားလိုက်သလို Sana တိုးတိုးလေး ပြောတာကိုလည်း Ruby က ကြားတာကြောင့်......

Ruby-Tzuyu ya....

Tzu-Nae

Ruby- ငါ့အစား နင့်ရှေ့က Sana ကို တစ်ချက်လောက်ရိုက်ပေးစမ်းပါ ငါ မမှီလို့။

Tzu-ရှင်။မဖြစ်ဘူးထင်တယ်။

Ruby-ဘာ မဖြစ်တာလဲ။

Tzu-Sana Unnie က Tzuyu ထက်ကြီးတော့ Tzuyu ငရဲကြီးမှာပေါ့ေ။

Ruby-ငါက နင်တို့ ၂ ယောက်လုံးထက် ကြီးတယ် ငါခိုင်းလို့လုပ်တာ ငရဲမကြီးဘူး။ငါခိုင်းတာ မလုပ်ရင်သာ နင် ငရဲကြီးမှာ

Tzu-ဟင်....တကယ်လား။

Ruby-အင်း တကယ်။အဲ့တာကြောင့် Sana ကို အခု တစ်ချက်ရိုက်လိုက်။

Tzu-ဟု....ဟုတ်။Sana Unnie ကန်တော့နော်.....

''ဖတ်´´

Ruby က အတင်းရိုက်ခိုင်းနေတာကြောင့် Tzuyu လည်းSana ကို မနာအောင် ခပ်ဖွဖွလေးရိုက်လိုက်သည်။ရိုက်တယ်ဆိုတာထက် ပုတ်လိုက်သည် လို့ဆိုရင် ပိုမှန်လိမ့်မည် ထင်သည်။

Tzu-ပြီးပါပြီ မမလေးRuby

Ruby-ဘာပြီးတာလဲ😕

Tzu-Sana Unnie ကို ရိုက်လို့ပြီးသွားတာပါ

Ruby-ဟမ်... ဘယ်လို စောနက ''ဖတ်´´ ဆိုတဲ့ အသံက နင် သူ့ကို ရိုက်လိုက်တာလား

Tzu-ဟုတ် မမလေး

Ruby-အမလေး Chou Tzuyu ရယ် ဟိုက နာသွားအုံးမယ်နော်။ရိုက်ထည့်လိုက်တာများ အားကြီးနဲ့🙂

ji-ဟုတ်ပါ့ Tzuyu ရယ် အဲ့လောက်အားကြီးနဲ့ ရိုက်ရလားRuby လည်း နောက်တခါ ရိုက်ချင် ကိုယ့်ဘာသာ ရိုက်Tzuyu ကို မရိုက်ခိုင်းနဲ့ နောက်ဆို Tzuyu က လက်နဲ့ရိုက်တော့မှာ မဟုတ်ဘူး😆

Li-Tzuyu က လက်နဲ့မရိုက်လို့ ဘာနဲ့ရိုက်မှာလဲ Jiji ရဲ့😅

Chae-ဟာ...Lili ကလည်း ဒါလေးတောင် မသိဘူးလားTzuyu က နောက်ဆို Sa ပါးကို.....😄

Mi-နှာခေါင်းနဲ့ရိုက်မှာလေ သူဌေးရဲ့😆

Ji-ပြောချင်တာ အဲ့တာ😆

Li-အော်....အဲ့လို့လား😆

Ruby-ဒီလိုသာဆို Ruby ညီမလေးတော့ ငိုနေတော့မှာပဲ

Li-ဘာလို့တုန်း Ruby ရဲ့

Ruby-ပျော်လွန်းလို့လေ သူ့ပါးကို Tzuyu က နှာခေါင်းနဲ့ ရိုက်တော့😂

Tzu-ဟာ....မမလေးတို့ ကလည်း အဲ့လိုကြီး မစကြပါနဲ့။မမ Mina လည်း အကျင့်မကောင်းဘူး။

Sa-မမတို့နော်......😤

အငယ်ဆုံးအတွဲဖြစ်တဲ့ Tzuyu နဲ့ Sana ကို Ruby တို့ရယ်ရွှေရောင်မြေရဲ့ ရေခဲတုန်း အချေမမ ကပါ ဝိုင်းစကြတော့အလိုလိုမှ အစတည်းက ရှက်တတ်တဲ့ ရေခဲတုန်း ChouTzuyu ရဲ့ မျက်နှာဟာ ရဲတက်ပြီး ပေါက်ကွဲတော့မယ့် ချိန်ကိုက်ဗုံး တစ်လုံးလို Sana လည်း ရှက်ပြီး ခေါင်းတောင် မဖော်နိုင်တော့ပေ။

Li-တော်တော့ တော်တော့ အရမ်းမစနဲ့ ဟိုမှာလည်းကြည့်အုံး မျက်နှာ တခုလုံး ရဲတက်နေပြီ မစနဲ့တော့။စကားမစပ်Chae က Lili ကို ဘာခိုင်းမှာလဲ

Chae-အင်း....Lili က ဒီနေ့ညနေ ဘူဆန်ဈေးကြီးမှာ Chae စားချင်တာမှန်သမျှ လိုက်ဝယ်ကျွေးရမယ်။

Li-ဟုတ်ပါပြီရှင်

Ji-တရားလိုက်တာ Chae ရယ် Jiji ကျ Chae ကို ကုန်းပိုးတဲ့ Lisa ကျ မုန့်ဝယ်ကျွေးတဲ့

Chae-မဟုတ်ဘူးလေ Jiji ရဲ့ ပထမ စဉ်းစားတုန်းက Jijiကော Lili ကို ပါ ကုန်းပိုးခိုင်းမလို့ပဲ ဒါပေမယ့် Lili က ဒဏ်ရာက ခုမှ ချုပ်ရိုးစိကာစမလို့ ပြန်ပွင့်သွားမှာ ဆိုးလို့ပါ။

Ji-ဟုတ်ပါပြီရှင့် အဲ့တာဆိုရင်လည်း ကျေကျေနပ်နပ်ကြီးနဲ့Chae လေးကို jiji က ကုန်းပိုးပါ့မယ်😊

Chae-Jiji is the best 😛

Ji-ဟုတ်ပါပြီ Jiji နဲ့ Lisa ကတော့ ပြီးပြီ Ruby နဲ့ Sana ၂ ယောက်ကိုကော မကောဘာခိုင်းမှာဘဲ။

Chae-Ruby က Chae ကို လက်ဆောင် လိုက်ဝယ်ပေးChae လိုချင်တာ။

Ruby-ဟုတ်ပြီ ရစေရမယ်။

Chae-Sa က Chae ဖို့ ပန်းစည်းလေးလုပ်ပေး Sa လုပ်တာ လှတယ်လို့ သတင်းကြားထားတယ်။

Sa-၅ မိနစ်ပဲစောင့်😉

Chae-ဟင်....တကယ်လား

Sa-စတာ....စတာ ပြန်ရောက်ရင် တန်းလုပ်ပေးမယ် နာရီဝက်လောက် စောင့်။

Chae-အော် အဲ့လိုလုပ်ပါ။

Tzu-Tzu ကကော ဘာလုပ်ပေးရမလဲ မမလေး Chae

Chae-အော် ဟုတ်သား Tzu လုပ်ပေးရမှာ က အရေးကြီးတယ်။

Tzu-ရှင်!!အရေးကြီးတယ်

Chae-ဟုတ်တယ် အဲ့တာက Lili ရယ်Unnie ရယ် Ruby ရယ်ကို သူဌေး တို့ မမလေးChae တို့ မမလေး Ruby တို့မခေါ်တော့ဘဲ Jiji နဲ့ Sana ကို ခေါ်သလိုပဲ Lisa UnnieChae Unnie နဲ့ Ruby Unnie လို့ပဲ ခေါ်တော့။သဘောတူလား Lili နဲ့ Ruby

Li-တစ်ရာ ရာခိုင်နှုန်း သဘောတူတယ်

Ruby-အင်း....Ruby ကတော့....နှစ်ရာ ရာခိုင်နှုန်း သဘောတူတယ်😅

Chae-အဲ့တော့ ခုကစပြီး Unnie တို့ကို ပြောင်းခေါ်တော့

Tzu-ဟုတ်....ဟုတ်ကဲ့ မမလေး အဲ မဟုတ်ပါဘူး Chae Unnie

Tzu စကားသံလေးတွေထဲမှာ ပျော်ရွှင်မှုကြောင့် ပေါက်ဖွားလာတဲ့ မျက်ရည်လေးတွေ ပါလာတာကြောင့် Chae လည်းအသံကျယ်ကျယ်လေးနဲ့အော်လိုက်သည်။

Chae-ငါတို့ရဲ့ အငယ်ဆုံးလေးကွ

Ji-အရှည်ဆုံးဆိုလည်း ဟုတ်တယ်😆

All-😂😂😂😂😂😂😂

jiji ရဲ့ စကားမှာ အားလုံးပွဲကျသွားတော့သည်။

Chae-ကဲ နေ လည်း အတော်မြင့်နေပြီ ပြန်ကြစို့ Chaeဗိုက်စာနေပြီ။

Ji-အော် Chae ဗိုက်စာနေပြီလား။ဟုတ်သား နေ လည်းအတော်မြင့်နေပြီဆိုတော့ ပြန်ကြတာပေါ့

Jiji ပြန်ပြောကြီးတာနဲ့ တာထွက်တဲ့နေရာကို အားလုံး မြင်းကိုယ်စီနဲ့ ပြန်ကြတော့သည်။ဒါပေမယ့် စောနကလို အမြန်ဒုန်းဆိုင်းသွားတာမဟုတ်ဘဲ စကားတပြောပြောနဲ့ ဖြေးဖြေးချင်း သွားကြတော့သည်။

တာထွက်တဲ့ နေရာကိုပြန်ရောက်တော့ Ruby နဲ့ Sana ကို မြင်းပေါ်ကနေ Lisa နဲ့ Tzuyu က ချီ ချကြပြီး အရိပ်ရတဲ့နေရာမှာ စောင့်နေခိုင်းကာ Lisa တို့အားလုံးက မြင်းတွေကိုမြင်းဇောင်းမှာ သွားချည်ပြီး အတူတူ ရွှေရောင်မြေကို ပြန်ကြတော့သည်။

ရွှေရောင်မြေ တံခါး၀ ရောက်တော့ Chae ရှေ့မှာ Chae ကိုကျောပေးပြီး ထိုင်ချလိုက်တဲ့ Jiji ကြောင့် အားလုံးအံ့သြကုန်ကြတော့သည်။

ji-တက်လေ Chae။Chae ပဲ jiji ကို ခိုင်းထားပြီးတော့

Chae-ဟီး ဟုတ်သားပဲ

Jiji ပြောမှ Chae လည်း သတိရပြီး Jiji ကျောပေါ်ကို တက်လိုက်သည် Chae က Jiji ထက် အရပ်ရှည်တဲ့သူမို့ Jiji မှာ ကျောပိုးရတာ မသက်မသာ ဖြစ်နေပေမယ့် Chae ကို ကျောပိုး ရတာမို့ jiji တကယ်ပျော်နေတယ်ဆိုတာ Jiji ကလွဲပြီး မည်သူမှမသိခဲ့ပါ။

~~~~~~~~~~~~~~~~~~~~~~

နေ့လည်စာ စားပြီး ကိုယ့်အခန်းကိုယ်ပြန်နားကြတာ ညနေ ရောက်တော့ Lisa က Chae ကို ဈေးလိုက်ပို့မယ် ပြောပြီးမှChae တို့ မရှိတုန်းက အသစ်ရောက်လာတာတဲ့ ဆာဂျင်နဲ့ ဗိုလ်ကြီးက တင်ပြစရာရှိတယ်ဆိုလို့ Lisa လိုက်မပို့နိုင်တာနဲ့လက်ဆောင်Ruby နဲ့သာ ဘူဆန်ဈေးကြီးကို ထွက်လာခဲ့ကြတော့သည်။Sana ကို ခေါ်ပေမယ့် မမ က ပန်းစည်းလုပ်နေလို့ ကျန်ခဲ့လေရဲ့။

တစ်ဈေးလုံးကို ပတ်ပြီး စားလိုက် သောက်လိုက် ဝယ်လိုက်နဲ့သွားနေရင်း တနေရာရောက်တော့ ဆိုင်းဘုတ် တခုက သူတို့ကို အလွန်ဆွဲဆောင်ထားနေလေရဲ့။

''ရှေးဖြစ်ဟောသည်´´

Ruby-စိတ်ဝင်စားလား

Chae-အင်း

Ruby-စမ်းကြည့်ကြမလား

Chae-ဟီး....ကြာသလားလို့။

နှစ်ယောက်သား ၂ ခါ ညှိစရာမလိုဘဲ ထို ဆိုင်းဘုတ်ထောင်ထားတဲ့ ဆိုင်ခန်း အတွင်းသို့ ဝင်သွားတော့သည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခ အိမ်မှာ ဧည့်သည်တွေရောက်နေပြီး ခ အရမ်းအရမ်းကိုအလုပ်တွေရှုပ်နေလို့ ခုမှ Upနိုင်တာ စိတ်မရှိပါနဲ့ ခ တကယ်တောင်းပန်ပါတယ် နောက်အပိုင်းတွေ ပုံမှန် ၃ ရက် ၁ ခါ ပြန်Up ပေးပါ့မယ်။စကားစပ် မျက်ရည်လွယ်တတ်တဲ့သူတွေနောက် ၂ ပိုင်း ၃ ပိုင်း နေရင် တစ်ရှူး ဆောင်ထားကြပါတော့ဒီအပိုင်းကတော့ ပေါ့ပေါ့ပါးပါးလေးပါပဲနော်

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories