Fanfics

7💛

05:32, 23 April 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

Chae လည္း Lisa ထြက္သြားတည္းက ပြဲထိန္းဖို႔ စင္ျမင့္ေပၚကို တက္လာခဲ့သည္။တီး၀ိုင္းဆရာနဲ႔ စကား အနဲငယ္ေျပာၿပီးစင္ျမင့္ရဲ႕ အလယ္တည့္တည့္က Microphone ဆီကိုဟန္ပါပါ ႂကြႂကြယြယြေလးလွမ္းလာကာ ေနရာယူလိုက္သည္။ကိုယ့္အာရံုနဲ႔ ကိုယ္ရွိေနတဲ့ သူေတြက Chae ကို သတိမထားမိၾက။သို႔ေသာ္ Chae တခ်က္ၿပံဳးလိုက္သည္ ေပ်ာ္႐ႊင္မႈေၾကာင့္ျဖစ္တည္လာတဲ့ အၿပံဳးမဟုတ္ဘဲ အဓိပၸါယ္ေတြ အမ်ားႀကီးပါတဲ့အၿပံဳး........

Chae-အားလံုးပဲ မဂၤလာရွိတဲ့ ညေနခင္းေလးပါ ကြၽန္မကေတာ့ ယေန႔ညရဲ႕ နွင္းဆီ ပန္းေလး တစ္ပြင့္ပဲျဖစ္ပါတယ္

ခ်ိဳၿမိန္ၿပီး ဆြဲေဆာင္မႈရွိတဲ့ အသံေၾကာင့္ စင္ျမင့္ေပၚကို အာရံုေရာက္သြားတဲ့ သူေတြဟာ Chae ရဲ႕ ေအးခ်မ္း ႏူးညံ့ ဆြဲေဆာင္မႈ ရွိလွတဲ့ အလွေၾကာင့္ အၾကည့္မလႊဲ မ်က္ေတာင္ပင္ မခတ္နိုင္ၾကေတာ့ေပ။ထိုထဲတြင္ ဂ်ပန္ နိုင္ငံရဲ႕အေတာ္ဆုံးသက္ေတာ္ေစာင့္ ေအးဂ်င့္ တေယာက္ျဖစ္တဲ့ ကိုရီယားလူမ်ိဳးKim jisoo လည္း အပါအ၀င္ျဖစ္ေတာ့သည္။

Chae-ခုလို လူႀကီးမင္းရဲ႕ ဂုဏ္ျပဳပြဲမွာ ေဖ်ာ္ေျဖခြင့္ရလို႔ အတိုင္းမသိ ဂုဏ္ယူမိပါတယ္

ၿငိမ့္ေညာင္းလွတဲ့ သံစဥ္ေလးနဲ႔အတူ ခ်ိဳသာစြာထြက္ေပၚလာတဲ့ အသံခ်ိခ်ိဳေလးေၾကာင့္ လူတိုင္းကို ဖမ္းစားနိုင္သလို ေအးခ်မ္းလွတဲ့ အလွေၾကာင့္ လူတိုင္းမွာ မ်က္ေတာင္ မခတ္နိုင္ေအာင္ ျဖစ္ခဲ့ရသည္။

~~~~~~~~~~~~~~~~

အမွန္ဆို Jiji တကယ္ Ruby ကို ေက်းဇူးတင္ရပါမည္။သူသူသာ jiji ကို သူ႔ေဖေဖကို သြားမၾကည့္ခိုင္းခဲ့ရင္ jiji လည္းသက္ရွိ နတ္သမီးကို ေတြ႕လိုက္ရမည္ မဟုတ္ေပ။

Jisoo လည္း ခန္းမ ထဲ ၀င္၀င္ခ်င္း ေပၚထြက္လာတဲ့ အသံခ်ိဳခ်ိဳေလးေၾကာင့္ အသံလာရာကိုၾကည့္လိုက္ေတာ့ တကယ္ပါ jisoo ေဖေဖ jisoo ငယ္ငယ္တုန္းက အိပ္ရာ၀င္ပံုျပင္အျဖစ္ေျပာေနက် နတ္သမီးေလးမ်ားလား လို႔ထင္မိတယ္

* မဟုတ္ဘူး ေဖေဖေျပာေနက် နတ္သမီးမဟုတ္ဘူး သူကနတ္သမီးေလးေတြ ထက္ကိုေခ်ာတာ.....😊 ဟမ္ ေနပါအံုးငါ မိန္းကေလးတေယာက္ကို စိတ္၀င္စားေနတာလား😕စိတ္၀င္စားတာမဟုတ္ပါဘူး.......ခ်စ္မိသြားတာ...ဟုတ္တယ္နွင္းဆီ ပန္းေလး တပြင့္ကို ျမတ္ျမတ္နိုးနိုး ခ်စ္မိသြားတာ *

အမွန္တိုင္းေျပာရင္ jiji သူေလးနဲ႔ရပါရေစ။သူေလး သီခ်င္းဆိုေနတဲ့ တေလ်ွာက္လံုး သူေလးဆီက အၾကည့္မလႊဲခဲ့သလို မ်က္ေတာင္ပင္ တစ္ခ်က္မခတ္မိ။သူေလးကို ျမင္လိုက္ရတဲ့အခ်ိန္ကစလို႔ ေဘးပတ္၀န္းက်င္က လႈပ္ရွားမႈေတြ အခ်ိန္ေတြ ရပ္သြားသလိုပင္။Jisoo လည္း ထို နွင္းဆီေလးဆီကိုပဲ အာရံုေျခာက္ပါးလံုး အလံုးစံုပို႔ထားကာ ထိုပန္းကေလးကိုသာလိုက္ၾကည့္ေနမိေတာ့သည္။

Mr,Ruby-သမီး Jiji..... သမီး ...jiji

Ji-ဟမ္ ရွင္ ....ရွင္ အန္ကယ္

Mr,Ruby-သမီးဘာျဖစ္ေနတာတုန္း ေၾကာင္ေၾကာင္ႀကီးရပ္ေနတာ

Ji-ဘာမွမျဖစ္ပါဘူး အန္ကယ္။သီခ်င္းထဲ နဲနဲေမ်ာသြားလို႔ပါ။

Mr,Ruby-ေအာ္ အင္းပါ။ေအာ္ ဒါနဲ႔.......

Mr,Ruby လည္း jisoo အနားကို ပိုနီးေအာင္ ထပ္တိုးကာနားနား ကပ္ၿပီး ၂ ကိုယ္ၾကားသာရံုေလာက္သာ စကားေျပာလိုက္သည္။

Mr,Ruby-Sana နဲ႔ Ruby ေရာ

ji-သူတို႔ အေပၚထပ္မွာပါ။(Jiji ေရ ေသခ်ာလို႔လား😅)

jisoo လည္း ဘုရင္ခံ ရဲ႕ နား နားကိုကပ္ကာ တိုးတိုးေလးျပန္ေျဖလိုက္သည္။

Jisoo တို႔ စကားေျပာေနတုန္း jisoo တို႔နားကို မိန္းကေလးတေယာက္ေရာက္လာသည္။အမ်ိဳးသမီးေဆာင္း အလွ ဦးထုပ္ကို ငိုက္ေအာင္ ေဆာင္းထားေသာေၾကာင့္ မည္သူျဖစ္သည္ကိုမည္သူမွ မသိရပါ။Jisoo ရဲ႕ အနားကို ကပ္သြားကာ jisooလက္ကို လွမ္းဆြဲလိုက္သည္။

Ji-မင္း ဘယ္သူ....ဟမ္ Sana😟...ဘာလို႔ပြဲထဲကို လိုက္လာတာလဲ Ruby ေရာ......

Sana-အဲ့တာ jiji ကို ညီမ လာေမးတာပဲ။ညီမ အျပင္ကေနျပန္လာေတာ့ မမ ကို မေတြ႕လို႔ လိုက္ရွာတာ နွံ႔ေနၿပီ ပြဲထဲမွာပဲရွာဖို႔က်န္ေတာ့တယ္။

ji-ဘာ😧 ဟာ Ruby Jane တို႔ကေတာ့ လုပ္ၿပီ ငါေတာ့ေခါင္း ဆင္နင္းခံရေတာ့မယ္။

Sana-ဘာလုပ္ၾကမလဲ

Ji-ဘာလုပ္ရမလဲ ရွာရမွာေပါ့။ပြဲထဲေတာ့ ရွိမယ္ မထင္ဘူးငါ မေတြ႕မိဘူး သူ႔လိုပံုစံမ်ိဳး။လာ...လာ အန္ကယ္ ကို သြားေျပာၿပီး ရွာရမယ္။

jisoo ေရာ Sana ပါ Mr,Ruby ဆီကို အေျပးတပိုင္းလာလိုက္ၾကသည္။

ji-အန္ကယ္.....အန္ကယ္

Mr,Ruby-ဘာျဖစ္လို႔လဲ jiji

Sana-ေဖေဖ....

Mr,Ruby-ဟင္ သမီး ဘယ္လိုေရာက္လာတာလဲ။သမီး ရဲ႕မမေရာ.....

Ji-အဲ့တာ ေျပာဖို႔ပဲ အန္ကယ္။Ruby ေပ်ာက္ေနတယ္။

Mr,Ruby-ဘာ သမီးႀကီးေပ်ာက္ေနတယ္ ဟုတ္လား။Jiji အန္ကယ္က သမီးကို ယံုလို႔ သမီးနဲ႔ထားခဲ့တာေလ ခု ဘယ္လိုျဖစ္ရတာလဲ။

Sana-မဟုတ္ဘူး ေဖေဖ။မမက Jiji ကို ေဖေဖဆီခနလႊတ္လိုက္တာ အဲ့အခ်ိန္အတြင္းေပ်ာက္သြားတာ။

Mr,Ruby-ထားပါေတာ့ အဲ့ကိစၥ ခု သမီးႀကီးကိုရွာရေအာင္

Sana-စားေသာက္ဆိုင္ထဲမွာေတာ့မရွိေလာက္ေတာ့ဘူးဒီတစ္ဆိုင္လံုး သမီးေျမလွန္ၿပီးၿပီ ေဖေဖ

ji-အန္ကယ္ သမီး ဆိုင္အျပင္ဘက္ေတြလိုက္ရွာလိုက္မယ္

Mr,Ruby-အန္ကယ္ပါလိုက္ခဲ့မယ္

ji-ဟုတ္ကဲ့

ဘုရင္ခံရဲ႕ပြဲမွာ ဘုရင္ခံက ရုတ္တရက္ ထိတ္ထိတ္ျပာျပာနဲ႔ခန္းမအျပင္ထြက္သြားေသာေၾကာင့္ အားလံုးလည္း ခန္းမ အျပင္ကို လိုက္ထြက္လိုက္ၾကသည္။ထိုထဲတြင္ Chae လည္းအပါအ၀င္ျဖစ္ေတာ့သည္။

အားလံုးဆိုင္အျပင္ေရာက္တဲ့အခ်ိန္ မလွမ္းမကမ္းမွာ တစံုတေယာက္က တစံုတေယာက္ကို ခ်ီလာၿပီး သူတို႔ဆီလာေနတာကိုျမင္လိုက္ရသည္။နဲနဲလွမ္းတာေၾကာင့္မည္သူမည္ဝါရယ္ မသိရ။အနားကိုနည္းနည္းနီးလာမွ မ်က္လံုးအလြန္ေကာင္းတဲ့ jisoo က မည္သူမည္ဝါဆိုတာကို သိလိုက္ရသည္။

Ji-ဟမ္....Ruby!!!!

jisoo လည္း ထိုေနရာသို႔အေျပးသြားကာ Lisa ကို ေဒါသႀကီးစြာစိုက္ၾကည့္ေနေလသည္။

ji-Ruby ဘာျဖစ္တာလဲ သူနင့္ကို ဘာလုပ္လိုက္လဲ။

Ruby-ဘာမွမျဖစ္ဘူး jiji သူက Ruby ကို ကယ္ထားတာ

ji-ၿပီးေရာ လာ ဘာလို႔သူခ်ီတာကိုခံရတာလဲ နင့္ကိုယ္နင္ဘာလဲဆိုတာမသိဘူးလား

Ruby-ငါက ငါေျခေထာက္နာေနလို႔ jiji ရဲ႕။

Ji-လာဆင္းခဲ့ သြားမယ္

jisoo စကားေၾကာင့္ Lisa လည္း Ruby ကို သာသာယာယာေလး ခ်ေပးလိုက္သည္။Jisoo က Ruby လက္ကို ဆြဲကာ ေျဖးညႇင္းစြာေခၚသြားေသာ္လည္း ေျခေထာက္အလြန္နာေနတဲ့ Ruby အဖို႔ တကယ္နာလြန္း၍ ညည္းသံေလးပါထြက္လာသည္။

''အ😣''

Ruby ရဲ႕ ညည္းသံၾကားေတာ့ Lisa လည္း မေနနိုင္ေတာ့ဘဲေနာက္ကေန Ruby ရဲ႕လက္ကိုလမ္းဆြဲလိုက္ကာ ဆက္ခနဲေပြ႕ခ်ီလိုက္သည္။jisoo ကလည္း သူ႔ေစာင့္ေရွာက္ရတဲ့ သူ႔ညီ္မေလးကို အဲ့လိုႀကီး သူစိမ္းတေယာက္က ဘာမေျပာညာမေျပာနဲ႔ ေကာက္ခါငင္ကာ ခ်ီလိုက္ေတာ့ သူ႔စိတ္ထဲေဒါသက ေထာင္းခနဲ ထြက္သြားေတာ့သည္။

ji-ေဟ့ မင္းဘာလုပ္တာလဲ။

Li-သူ ေျခေထာက္နာေနတာ ခင္မ်ားမျမင္ဖူးလား ခင္မ်ားမွသူ႔ကို မခ်ီတာ အဲ့ေတာ့ က်ဳပ္ခ်ီတယ္ ေျပာစရာရွိရင္ေနာက္မွေျပာ....

Ji-ေဟ့ ဒီမွာ မင္း.....

Jisoo ေျပာတာကိုပင္ မေစာင့္ဘဲ Ruby ကို ခ်ီကာ ေျခလွမ္းႀကဲႀကဲျဖင့္ Ruby ရဲ႕ ေဖေဖ တို႔ရွိရာသို႔ ခပ္ျမန္ျမန္လွမ္းသြားတဲ့ Lisa ရယ္ပါ။jisoo ကေတာ့ ေဒါသျဖင့္သာ ေနာက္ကေနလိုက္လာေတာ့သည္။Lisa လည္း ဘုရင္ခံတို႔ဆီေရာက္ေရာRuby ကို ေအာက္ခ်ေပးလိုက္သည္။

Ruby-ေဖေဖ

Mr,Ruby-သမီး အဆင္ေျပရဲ႕လား

Ruby-ဟုတ္ သမီးအဆင္ေျပပါတယ္။ၿပီးေတာ့ ေတာင္းပန္ပါတယ္။

Mr,Ruby-ရပါတယ္ သမီးဘာမွမျဖစ္ရင္ ရၿပီ။

Lisa လည္း သူတို႔အဆင္ေျပၿပီမို႔ ျပန္လွည့္အထြက္......

''ခြပ္💢''

Lisa ရဲ႕မ်က္နွာေပၚသို႔ အရွိန္ျပင္းျပင္းနဲ႔ က်ေရာက္လာတဲ့လက္သီးခ်က္တစ္ခ်က္။အားအေတာ္ျပင္းပံုရသည္ Lisa တေယာက္မူးၿပီး မ်က္လံုးေတြပင္ျပာသြားတာေၾကာင့္ ခ်က္ခ်င္းေတာင္ ဖင္ထိုင္လ်က္ လဲေနတာကေန ျပန္မထလာနိုင္ ပါးစပ္ထဲက ငန္ႀကိႀကိ အရသာေၾကာင့္ ေသြးပါထြက္ေနမွန္း Lisa သိလိုက္ရတယ္။

ji-မင္းက ဘယ္လို သတၲိနဲ႔ သူလိုလူကို လက္ရဲဇက္ရဲနိုင္ရတာလဲ။

Lisa အထိုးခံလိုက္ရတာလည္း သိေရာ Chae လည္းLisaဆီကိုေျပးသြားၿပီး သူမရင္ခြင္ကို Lisa မွီလို႔ရေအာင္လုပ္ၿပီးခႏၶာကိုယ္အားနဲ႔ Lisa ကို မွတ္တပ္ရပ္လို႔ရေအာင္ထူလိုက္သည္။(ေခ်ာင္းငါးေရ တစ္ခ်က္ပဲ အထိုးခံရတာပါေနာ္😒)

Ruby လည္း Lisa အထိုးခံရတာသိေတာ့ Lisa ကို စိုးရိမ္ႀကီးစြာ လွည့္ၾကည့္လိုက္ရာ Lisa ကို ရင္ခြင္ထဲထည့္တဲ့ အမ်ိဳးသမီးေခ်ာေခ်ာေလးကို ျမင္ၿပီး ရင္ထဲ ဘယ္လိုျဖစ္သြားတယ္မသိ စူးခနဲေအာင့္တက္လာကာ မ်က္ရည္ေတြပဲ ၀ဲသြားသည္။

Chae-Lili အဆင္ေျပရဲ႕လား

Li-ရတယ္ ငါ ဘာမွမျဖစ္ဘူး

Chae-ေဟ့ ဒီမွာ ဘာလို႔ တို႔ညီမ ကို ထိုးလိုက္တာလဲ။

* ဟိုက္ သြားၿပီ။ငါထိုးလိုက္တဲ့ လူ႔ဂြစာက ငါ့ပန္းကေလး ရဲ႕ ညီမတဲ့ မျဖစ္ဘူး မျဖစ္ဘူး ျပန္ေတာင္းပန္မွ *

ji-ေတာင္းပန္ပါတယ္ ေစာနက Ruby ေပ်ာက္ေနလို႔ ပူထူေနတဲ့အခ်ိန္ ဒီက တေယာက္က လက္ရဲဇက္ရဲနဲ႔Ruby ကို ခ်ီသြားတာရယ္ jiji ကို စကားေျပာသြားတာက ဘုဆက္ဆက္နဲ႔မို႔ jiji လည္း စိတ္မထိန္းနိုင္ဘဲ ထိုးလိုက္မိတာ။ထိုးမိလိုက္တဲ့ ညီမေလးေရာ။ဒီက ညီမေလးရဲ႕ အမ ေခ်ာေခ်ာေလးကိုပါေတာင္းပန္ပါတယ္ေနာ္။

Chae-ရပါတယ္

* ဟာကြာ ဘယ္လိုဟာေလးပါလိမ့္ Chae ကို ေၾကာင္ေနျပန္ၿပီ -

Li-ရပါတယ္။

Ji-ဒီက ညီအမေတြ ဘယ္ကိုျပန္မွာလဲ မသိဘူး။ေတာင္းပန္တဲ့အေနနဲ႔ လိုက္ပို႔ပါရေစ။

Chae-ေနပါေစ ကြၽန္မတို႔က ဘူဆန္ကို ျပန္ရမွာ။

Ji-ဟမ္ ဘူဆန္ကို...???

Chae-ဟုတ္တယ္ေလ ပြဲကေန ၈ နာရီေလာက္ျပန္ၿပီး ဘူဆန္ ေနာက္ဆံုးရထားနဲ႔ ျပန္ဖို႔ကို ခုေတာ့ အဆင္မေျပေတာ့တာမို႔ ကိုယ္ဘာသာပဲ ကားေမာင္းျပန္လိုက္ပါေတာ့မယ္။ဒီအခ်ိန္ႀကီးက်မွ တည္းခိုခန္းလဲ ငွားလို႔ရမွာမွ မဟုတ္တာ။

* Chae တို႔ကေတာ့ အကြက္လွလွေလး ျပလိုက္ၿပီ။ဒါမွ ငါတို႔ေဆးဗိုလ္ႀကီးကြ *

Ji-ဟာ....ဒီအခ်ိန္ႀကီး မိန္းကေလး၂ေယာက္တည္း ဘူဆန္ ကိုျပန္လို႔ ဘယ္ျဖစ္မွာလဲ။ၿပီးေတာ့ ျပန္တာေနာက္က်တယ္ဆိုတာ jiji ညီမေလး Ruby ကို ကူညီေပးလို႔ ျဖစ္တာမို႔ jijiတို႔က ကူညီပါရေစ။

Mr,Ruby-ဟုတ္ပါတယ္ သမီးတို႔ရယ္။ဒီအခ်ိန္ႀကီးျပန္လို႔ဘယ္ျဖစ္မွာလဲ အန္ကယ္ အိမ္ကိုလိုက္ခဲ့ပါ အဲ့မွာ ညအိပ္ပါ မနက္က်မွ ျပန္ဖို႔ အန္ကယ္ စီစဥ္ေပးပါ့မယ္။

Chae+Li-ဟုတ္ကဲ့ပါ အန္ကယ္

Lisa ေရာ Chae ပါ ရင္ထဲတြင္ႀကိတ္ေပ်ာ္ေနၾကသည္မွာအမွန္ပင္ျဖစ္သည္။ဂ်ပန္ ဘုရင္ခံတေယာက္ရဲ႕ အိမ္ကို ထိုသို႔လြယ္လြယ္ ေရာက္ဖူးဖို႔ဆိုတာ လြယ္တဲ့ကိစၥေတာ့မဟုတ္ ခုေတာ့ Chae ရဲ႕ေကာင္းမႈအေၾကာင္းျပ၍ တစ္ညေတာင္အိပ္ရျပန္အံုးေတာ့မည္။Lisa တို႔ အလုပ္အတြက္ ယခုကိစၥက မ်ားစြာ အေထာက္အကူျပဳသည္မွာ ေျပာစရာပင္လိုေအာင္ ေသခ်ာသည္။

Mr,Ruby-သမီးတို႔ ကားပါၾကလား

Li-ဟုတ္ပါတယ္ အန္ကယ္

Mr,Ruby-အဲ့တာဆို သမီးတို႔ကားကို အန္ကယ္ လူ ကိုေမာင္းခိုင္းလိုက္မယ္။jiji သမီးက Ruby နဲ႔ ဒီ သမီးေလး၂ေယာက္နဲ႔ကို ေခၚၿပီး ကားတစ္စီးနဲ႔သြား။Sana သမီးက ေဖေဖ နဲ႔ ေမေမ တို႔ ကားနဲ႔ လိုက္ခဲ့။

Ji-ဟုတ္ကဲ့ အန္ကယ္

Sana-ဟုတ္ကဲ့ ေဖေဖ

Mr,Ruby-ကဲ သြားၾကစို႔။

Mr,Ruby ရဲ႕ စီမံမႈေၾကာင့္jisoo, Ruby, Chae နဲ႔ Lisa တို႔ တစ္ကားထဲမွာ စီးနင္းလိုက္ပါၾကရသည္။Jisoo က ကားေမာင္းၿပီးေဘးမွာက Ruby။ေနာက္ခန္းမွာက Lisa နဲ႔ Chae။ကားစထြက္တည္းက တိတ္ဆိတ္ေနတဲ့ အေျခအေနကို Jisoo က ပဲ စတင္ၿဖိဳခြဲလိုက္သည္။

ji-တို႔နာမည္က jisoo ပါ ဂ်ပန္တပ္မေတာ္မွာ စစ္ပညာသင္ျပီး ခုေတာ့ ဒီေမ်ာက္ေလာင္းေလး Ruby jane ကိုလိုက္ေစာင့္ေရွာက္ေနရတယ္ ဆိုပါေတာ့။

တိတ္ဆိတ္ေနတဲ့ ကားအတြင္းပိုင္းမွာ ထြက္ေပၚလာတဲ့ jisoo ရဲ႕ စကားသံေၾကာင့္ အားလံုးရဲ႕အာရံုဟာ Jisoo ဆီသို႔ က်ေရာက္သြားေတာ့သည္။

Ruby-ဟာ jiji ေနာ္ ဘာလဲ လူကိုေမ်ာက္ေလာင္းေလးဘာေလးနဲ႔။

ji-မဟုတ္လို႔လား မင္းေလးေၾကာင့္ က်ဳပ္မွာ ျပာယာေတြခတ္ရဟိုက တေယာက္ကို စိတ္တိုၿပီးထိုးမိရနဲ႔ ဘယ္ေလာက္ေတာင္အားနာဖို႔ေကာင္းလဲ။

Ruby-ဟာ jiji ေနာ္......

စိတ္ေကာက္ၿပီး ေရွ႕ကိုဆူထြက္လာတဲ့ ႏႈတ္ခမ္းႀကီးကို Jisoo လည္း လက္နဲ႔ဖိခ်လိုက္ၿပီး နွာေခါင္းေလးကို လက္ညႇိဳးနဲ႔ လက္ခါးလယ္ကို သံုးၿပီးခပ္ဖြဖြေလး ဆြဲညစ္လိုက္ကာ တခိခိနဲ႔ရီေနေလသည္။

Ruby ကေတာ့ မ်က္ေစာင္းေတြသာ ပစ္ထိုးေနေလေတာ့သည္။

ကားေနာက္ခန္းက Lisa ကေတာ့ ေရွ႕ခန္းက၂ ေယာက္ကိုၾကည့္ၿပီး ရင္ထဲမယ္ ကလိကလိေတြကိုျဖစ္ေနေတာ့သည္။ဘာလို႔ ကလိကလိျဖစ္တာလဲလို႔ေမးရင္ေတာ့ ေျဖစရာ အေျဖမရွိ ေသခ်ာတာကေတာ့ ဒီအေျခအေနႀကီးဟာ Lisa အတြက္ တကယ္ ေနလို႔မေကာင္းဘူးဆိုတာပငါျဖစ္သည္။

Lisa လည္း စိတ္ရႈပ္စြာ ေခါင္းကို ေျဖးညႇင္းစြာ ခါယမ္းလိုက္ေတာ့Lisa ရဲ႕မ်က္နွာကို အရိပ္လိုၾကည့္ေနတဲ့Chae က သတိထားမိသြားေတာ့သည္

Chae-Lili တခုခုျဖစ္လို႔လား

Li-ရပါတယ္ ဘာမွမျဖစ္ဘူး

Ji-အဆင္ေျပမယ္ဆိုရင္ ညီမတို႔နာမည္ေလးေတြ ေျပာျပပါလား ရင္းရင္းနွီးနွီးေပါ့

Li-Lisa ပါ Lalisa။ဘူဆန္ က ေ႐ႊဝါေရာင္ေျမရဲ႕ ပိုင္ရွင္ပါ

Chae-Rose လို႔ေခၚပါတယ္။Lisa ရဲ႕ ေမြးစား အမ ေ႐ႊဝါေရာင္ေျမက အႏုပညာရွင္ တေယာက္ပါ။

Ruby-Ruby ရဲ႕နာမည္က Minatozaki Ruby Jane ပါ။Mr,Minatozaki Ruby ရဲ႕ သမီး အႀကီးပါ။

Chae-သမီး အႀကီးဆိုေတာ့.......???

Ji-အငယ္တေယာက္ရွိေသးတယ္ေလ။Minatozaki Sana တဲ့ သူက အန္ကယ္ကို တုလို႔ ဂ်ပန္ေသြးပိုမ်ားၿပီး ဂ်ပန္ပိုဆန္တယ္။Ruby ကေတာ့ ငယ္ငယ္ေလးတည္းက အန္တီနဲ႔ေနရတာမို႔ ကိုရီးယားပိုဆန္တယ္။ေျပာရရင္ ေမြးလာတည္းက ကိုရီးယားရုပ္။အန္တီက ဂ်ပန္မွာသာ လိုက္ေနရတာ သူ႔သမီးေတြကို ကိုရီးယား ရိုးရာေတြ ကိုရီးယားစကားကို ငယ္ငယ္ေလးထဲက သင္ေပးတာ တို႔ေတာင္ အဆစ္ပါေသး။အဲ့တာေၾကာင့္လည္း ခုက်ေတာ ့ဘာသာစကား အခက္အခဲ မရွိေတာ့တာေပါ့။

စကားလည္းဆံုး အိမ္လဲေရာက္ၿပီမို႔ ေလးေယာက္လံုး ကားေပၚက ဆင္းခဲ့ၾကသည္။ဘုရင္ခံတေယာက္ေနသည့္အိမ္မို႔ ႀကီးမားက်ယ္၀န္းတာေတာ့ အဆန္းမဟုတ္ေတာ့။Lisa တို႔ေရာက္ေတာ့ Mr,Ruby တို႔က ေရာက္နွင့္ေနၿပီးျဖစ္သည္။

Mr,Ruby-သမီးတို႔ေတြ ညစာစားမယ္ေလ။

Li-အားနာလိုက္တာ အနကယ္ရယ္။သမီး နားခ်င္ေနၿပီမို႔မစားေတာ့ပါဘူး။

Chae-သမီးေရာပါပဲ အန္ကယ္

Mr,Ruby-ဟုတ္ပါၿပီကြယ္ ဒါဆို သမီးတို႔ေနဖို႔ အခန္းကို အိမ္ေတာ္ထိန္းႀကီးBinက လိုက္ျပပါလိမ့္မယ္။သူနဲ႔လိုက္သြားလိုက္ပါ။

Bin-ဒီဘက္ကို ႂကြပါ မမေလးတို႔။

Li-အန္ကယ္ သြားလိုက္ပါအံုးမယ္ရွင့္

Mr,Ruby-ေအးပါကြယ္

Chae-ခြင့္ျပဳပါအံုး

Mr,Ruby-ဟုတ္ပါၿပီကြယ္

Chae နဲ႔ Lisa လည္း အိမ္ေတာ္ထိန္းBin ေခၚတဲ့ေနာက္ကိုလိုက္ၿပီး သူတို႔နားရမယ့္ အခန္းကိုေရာက္ေတာ့ Chae က ကုတင္ေပၚကို ပစ္လွဲခ်လိုက္ေတာ့သည္။

Li-ေအာ္ ေအးေအး နင္ကအထိုးခံလိုက္ရ။ေယာက်ာ္းေလးေတြကို ခ်ရ။Ruby Jane ကို ခ်ီလာရတယ္ဆိုေတာ့ ပင္ပန္းေနေရာေပါ့။

Chae-မဟုတ္ပါဘူး Lili ရယ္ နင္ အထိုးခံလိုက္ရတာ ၁ ခ်က္တည္းပါ။ဘာမွမျဖစ္ဘူး။ဟိုေယာက်ာ္းေလးေတြက နင္ တခ်က္ထိုးေတာင္ ေမွာက္မဲ့ေကာင္ေတြပါ။Ruby Jane ကို နင္ခ်ီလာရတာ သူ႔ခႏၶာကိုယ္ေလးက သိပ္မွမေလးတာ။

Li-နင္ေျပာတာ အကုန္မမွန္ဘူးဟ။၂ ခုပဲမွန္တယ္။RubyJane က မေလးတာမွန္တယ္။ဟိုေကာင္ေတြက တစ္ခ်က္ထိုးေမွာက္မဲ့ေကာင္ဆိုတာလဲ ဟုတ္တယ္။ဒါေပမယ့္ အထိုးခံလိုက္ရတဲ့ တစ္ခ်က္က တခ်က္ဆို ဆိုသေလာက္ေလာက္ပဲပူခနဲပဲဟာ တကယ္ျပင္းတဲ့လက္သီး သူ႔အဆင့္အတန္းကေသးေသးသိပ္သိပ္ေတာ့ မဟုတ္ေလာက္ဘူး။

Chae-လာပါ ခ်စ္ဆံုးရယ္ လာ ေဘးနားလာအိပ္

Bin-မမေလးတို႔ မမေလးတို႔ထဲကအထိုးခံလိုက္ရတဲ့တေယာက္ကို ေဆးေလးထည့္ေပးဖို႔ပါတဲ့ ေဆးေသတၱာလာပို႔ခိုင္းလိုက္လို႔ပါ။

Chae-ဟုတ္ကဲ့ လာပါၿပီ။

Chae လည္း ကုတင္ေပၚကေန ဆင္းၿပီး အိမ္ေတာ္ထိန္းႀကီးBin ရဲ႕ လက္ထဲက ေဆးေသတၲာကိုသြားယူလိုက္သည္။

Chae-ေက်းဇူးပါ ဦးေလး Bin

Bin-ရပါတယ္ကြယ္။

Chae လည္း တံခါးပိတ္ၿပီး Lisa ကို ေဆးထည့္ေပးဖို႔ျပင္ေတာ့သည္။

Chae-လာ ခ်စ္ေလး ေဆးထည့္ေပးမယ္.....လာ

Lisa က တကယ္ သတၱိေကာင္းတဲ့သူပါ Chae က ျငင္ၿငင္သာသာ ေဆးထည့္တာမဟုတ္တာေတာင္ တခ်က္တြန္႔မသြား ဘူး။

ေဆးထည့္ၿပီးေတာ့ Chae လည္း ေရခ်ိဳးခန္းခန ၀င္ေနေလသည္။ျပန္ထြက္လာေတာ့ အခန္းထဲမယ္ Lisa မရွိေတာ့။

Chae-ဟယ္ Lili ဘယ္ေရာက္သြားပါလိမ့္

အခန္းအျပင္ထြက္ၾကည့္ေတာ့ အခန္းရဲ႕ ခပ္လွမ္းလွမ္းက ၀ရံတာမွာ မတ္တပ္ေလးရပ္ေနတဲ့ Lisa ရယ္ပါ။Chae လည္း ေနာက္ကေန တိတ္တိတ္ေလး လိုက္သြားၿပီး ေနာက္ကေန Lisa ရဲ႕ ခါးကို ေျဖးေျဖးေလးဖက္လိုက္သည္။

Chae-အခ်စ္ ဒီမွာ ဘာလုပ္ေနတာ။

Li-Chae ရယ္ ၾကက္သီးထလိုက္တာဟယ္ ဘယ္လိုေတြေတာင္ေခၚတာလဲ။

Chae-ဘာလဲ အခ်စ္က ကိုယ့္ကိုၿငိဳျငင္တာလား။

Li-ဟား....ဟား မၿငိဳျငင္ပါဘူး အသဲ ရယ္ အခ်စ္ကအသဲ ကို ၿငိဳျငင္စရာလား။

Lisa လည္း ရီၿပီးေျပာေတာ့ Chae လည္း လိုက္ရီလိုက္ေတာ့သည္

ထိုျမင္ကြင္းကိုၾကည့္ကာ တစံုတေယာက္က မ်က္ရည္တစ္စက္ က်သြားတယ္ဆိုတာ မ်က္ရည္က်သူကိုယ္တိုင္ေရာ က်န္တဲ့ ၂ ေယာက္ကေရာ သိပါေလစ...........။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခရီးလြန္ေနလို႔ မ up ေပးနိုင္တာ စိတ္မရွိပါနဲ႔ေနာ္ခ ရဲ႕ အခ်စ္ဆံုး readers ေလးေတြကို လြမ္းလို႔ေသေတာ့မယ္။

Readers တို႔ကို အရမ္းခ်စ္ပါတယ္Readers ေတြကို အရမ္းခ်စ္တဲ့Tu Nhai Kha#

.......................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

C

hae လည်း Lisa ထွက်သွားတည်းက ပွဲထိန်းဖို့ စင်မြင့်ပေါ်ကို တက်လာခဲ့သည်။တီးဝိုင်းဆရာနဲ့ စကား အနဲငယ်ပြောပြီးစင်မြင့်ရဲ့ အလယ်တည့်တည့်က Microphone ဆီကိုဟန်ပါပါ ကြွကြွယွယွလေးလှမ်းလာကာ နေရာယူလိုက်သည်။ကိုယ့်အာရုံနဲ့ ကိုယ်ရှိနေတဲ့ သူတွေက Chae ကို သတိမထားမိကြ။သို့သော် Chae တချက်ပြုံးလိုက်သည် ပျော်ရွှင်မှုကြောင့်ဖြစ်တည်လာတဲ့ အပြုံးမဟုတ်ဘဲ အဓိပ္ပါယ်တွေ အများကြီးပါတဲ့အပြုံး........

Chae-အားလုံးပဲ မင်္ဂလာရှိတဲ့ ညနေခင်းလေးပါ ကျွန်မကတော့ ယနေ့ညရဲ့ နှင်းဆီ ပန်းလေး တစ်ပွင့်ပဲဖြစ်ပါတယ်

ချိုမြိန်ပြီး ဆွဲဆောင်မှုရှိတဲ့ အသံကြောင့် စင်မြင့်ပေါ်ကို အာရုံရောက်သွားတဲ့ သူတွေဟာ Chae ရဲ့ အေးချမ်း နူးညံ့ ဆွဲဆောင်မှု ရှိလှတဲ့ အလှကြောင့် အကြည့်မလွှဲ မျက်တောင်ပင် မခတ်နိုင်ကြတော့ပေ။ထိုထဲတွင် ဂျပန် နိုင်ငံရဲ့အတော်ဆုံးသက်တော်စောင့် အေးဂျင့် တယောက်ဖြစ်တဲ့ ကိုရီယားလူမျိုးKim jisoo လည်း အပါအဝင်ဖြစ်တော့သည်။

Chae-ခုလို လူကြီးမင်းရဲ့ ဂုဏ်ပြုပွဲမှာ ဖျော်ဖြေခွင့်ရလို့ အတိုင်းမသိ ဂုဏ်ယူမိပါတယ်

ငြိမ့်ညောင်းလှတဲ့ သံစဉ်လေးနဲ့အတူ ချိုသာစွာထွက်ပေါ်လာတဲ့ အသံချိချိုလေးကြောင့် လူတိုင်းကို ဖမ်းစားနိုင်သလို အေးချမ်းလှတဲ့ အလှကြောင့် လူတိုင်းမှာ မျက်တောင် မခတ်နိုင်အောင် ဖြစ်ခဲ့ရသည်။

~~~~~~~~~~~~~~~~

အမှန်ဆို Jiji တကယ် Ruby ကို ကျေးဇူးတင်ရပါမည်။သူသူသာ jiji ကို သူ့ဖေဖေကို သွားမကြည့်ခိုင်းခဲ့ရင် jiji လည်းသက်ရှိ နတ်သမီးကို တွေ့လိုက်ရမည် မဟုတ်ပေ။

Jisoo လည်း ခန်းမ ထဲ ဝင်ဝင်ချင်း ပေါ်ထွက်လာတဲ့ အသံချိုချိုလေးကြောင့် အသံလာရာကိုကြည့်လိုက်တော့ တကယ်ပါ jisoo ဖေဖေ jisoo ငယ်ငယ်တုန်းက အိပ်ရာဝင်ပုံပြင်အဖြစ်ပြောနေကျ နတ်သမီးလေးများလား လို့ထင်မိတယ်

* မဟုတ်ဘူး ဖေဖေပြောနေကျ နတ်သမီးမဟုတ်ဘူး သူကနတ်သမီးလေးတွေ ထက်ကိုချောတာ.....😊 ဟမ် နေပါအုံးငါ မိန်းကလေးတယောက်ကို စိတ်ဝင်စားနေတာလား😕စိတ်ဝင်စားတာမဟုတ်ပါဘူး.......ချစ်မိသွားတာ...ဟုတ်တယ်နှင်းဆီ ပန်းလေး တပွင့်ကို မြတ်မြတ်နိုးနိုး ချစ်မိသွားတာ *

အမှန်တိုင်းပြောရင် jiji သူလေးနဲ့ရပါရစေ။သူလေး သီချင်းဆိုနေတဲ့ တလျှောက်လုံး သူလေးဆီက အကြည့်မလွှဲခဲ့သလို မျက်တောင်ပင် တစ်ချက်မခတ်မိ။သူလေးကို မြင်လိုက်ရတဲ့အချိန်ကစလို့ ဘေးပတ်ဝန်းကျင်က လှုပ်ရှားမှုတွေ အချိန်တွေ ရပ်သွားသလိုပင်။Jisoo လည်း ထို နှင်းဆီလေးဆီကိုပဲ အာရုံခြောက်ပါးလုံး အလုံးစုံပို့ထားကာ ထိုပန်းကလေးကိုသာလိုက်ကြည့်နေမိတော့သည်။

Mr,Ruby-သမီး Jiji..... သမီး ...jiji

Ji-ဟမ် ရှင် ....ရှင် အန်ကယ်

Mr,Ruby-သမီးဘာဖြစ်နေတာတုန်း ကြောင်ကြောင်ကြီးရပ်နေတာ

Ji-ဘာမှမဖြစ်ပါဘူး အန်ကယ်။သီချင်းထဲ နဲနဲမျောသွားလို့ပါ။

Mr,Ruby-အော် အင်းပါ။အော် ဒါနဲ့.......

Mr,Ruby လည်း jisoo အနားကို ပိုနီးအောင် ထပ်တိုးကာနားနား ကပ်ပြီး ၂ ကိုယ်ကြားသာရုံလောက်သာ စကားပြောလိုက်သည်။

Mr,Ruby-Sana နဲ့ Ruby ရော

ji-သူတို့ အပေါ်ထပ်မှာပါ။(Jiji ရေ သေချာလို့လား😅)

jisoo လည်း ဘုရင်ခံ ရဲ့ နား နားကိုကပ်ကာ တိုးတိုးလေးပြန်ဖြေလိုက်သည်။

Jisoo တို့ စကားပြောနေတုန်း jisoo တို့နားကို မိန်းကလေးတယောက်ရောက်လာသည်။အမျိုးသမီးဆောင်း အလှ ဦးထုပ်ကို ငိုက်အောင် ဆောင်းထားသောကြောင့် မည်သူဖြစ်သည်ကိုမည်သူမှ မသိရပါ။Jisoo ရဲ့ အနားကို ကပ်သွားကာ jisooလက်ကို လှမ်းဆွဲလိုက်သည်။

Ji-မင်း ဘယ်သူ....ဟမ် Sana😟...ဘာလို့ပွဲထဲကို လိုက်လာတာလဲ Ruby ရော......

Sana-အဲ့တာ jiji ကို ညီမ လာမေးတာပဲ။ညီမ အပြင်ကနေပြန်လာတော့ မမ ကို မတွေ့လို့ လိုက်ရှာတာ နှံ့နေပြီ ပွဲထဲမှာပဲရှာဖို့ကျန်တော့တယ်။

ji-ဘာ😧 ဟာ Ruby Jane တို့ကတော့ လုပ်ပြီ ငါတော့ခေါင်း ဆင်နင်းခံရတော့မယ်။

Sana-ဘာလုပ်ကြမလဲ

Ji-ဘာလုပ်ရမလဲ ရှာရမှာပေါ့။ပွဲထဲတော့ ရှိမယ် မထင်ဘူးငါ မတွေ့မိဘူး သူ့လိုပုံစံမျိုး။လာ...လာ အန်ကယ် ကို သွားပြောပြီး ရှာရမယ်။

jisoo ရော Sana ပါ Mr,Ruby ဆီကို အပြေးတပိုင်းလာလိုက်ကြသည်။

ji-အန်ကယ်.....အန်ကယ်

Mr,Ruby-ဘာဖြစ်လို့လဲ jiji

Sana-ဖေဖေ....

Mr,Ruby-ဟင် သမီး ဘယ်လိုရောက်လာတာလဲ။သမီး ရဲ့မမရော.....

Ji-အဲ့တာ ပြောဖို့ပဲ အန်ကယ်။Ruby ပျောက်နေတယ်။

Mr,Ruby-ဘာ သမီးကြီးပျောက်နေတယ် ဟုတ်လား။Jiji အန်ကယ်က သမီးကို ယုံလို့ သမီးနဲ့ထားခဲ့တာလေ ခု ဘယ်လိုဖြစ်ရတာလဲ။

Sana-မဟုတ်ဘူး ဖေဖေ။မမက Jiji ကို ဖေဖေဆီခနလွှတ်လိုက်တာ အဲ့အချိန်အတွင်းပျောက်သွားတာ။

Mr,Ruby-ထားပါတော့ အဲ့ကိစ္စ ခု သမီးကြီးကိုရှာရအောင်

Sana-စားသောက်ဆိုင်ထဲမှာတော့မရှိလောက်တော့ဘူးဒီတစ်ဆိုင်လုံး သမီးမြေလှန်ပြီးပြီ ဖေဖေ

ji-အန်ကယ် သမီး ဆိုင်အပြင်ဘက်တွေလိုက်ရှာလိုက်မယ်

Mr,Ruby-အန်ကယ်ပါလိုက်ခဲ့မယ်

ji-ဟုတ်ကဲ့

ဘုရင်ခံရဲ့ပွဲမှာ ဘုရင်ခံက ရုတ်တရက် ထိတ်ထိတ်ပြာပြာနဲ့ခန်းမအပြင်ထွက်သွားသောကြောင့် အားလုံးလည်း ခန်းမ အပြင်ကို လိုက်ထွက်လိုက်ကြသည်။ထိုထဲတွင် Chae လည်းအပါအဝင်ဖြစ်တော့သည်။

အားလုံးဆိုင်အပြင်ရောက်တဲ့အချိန် မလှမ်းမကမ်းမှာ တစုံတယောက်က တစုံတယောက်ကို ချီလာပြီး သူတို့ဆီလာနေတာကိုမြင်လိုက်ရသည်။နဲနဲလှမ်းတာကြောင့်မည်သူမည်ဝါရယ် မသိရ။အနားကိုနည်းနည်းနီးလာမှ မျက်လုံးအလွန်ကောင်းတဲ့ jisoo က မည်သူမည်ဝါဆိုတာကို သိလိုက်ရသည်။

Ji-ဟမ်....Ruby!!!!

jisoo လည်း ထိုနေရာသို့အပြေးသွားကာ Lisa ကို ဒေါသကြီးစွာစိုက်ကြည့်နေလေသည်။

ji-Ruby ဘာဖြစ်တာလဲ သူနင့်ကို ဘာလုပ်လိုက်လဲ။

Ruby-ဘာမှမဖြစ်ဘူး jiji သူက Ruby ကို ကယ်ထားတာ

ji-ပြီးရော လာ ဘာလို့သူချီတာကိုခံရတာလဲ နင့်ကိုယ်နင်ဘာလဲဆိုတာမသိဘူးလား

Ruby-ငါက ငါခြေထောက်နာနေလို့ jiji ရဲ့။

Ji-လာဆင်းခဲ့ သွားမယ်

jisoo စကားကြောင့် Lisa လည်း Ruby ကို သာသာယာယာလေး ချပေးလိုက်သည်။Jisoo က Ruby လက်ကို ဆွဲကာ ဖြေးညှင်းစွာခေါ်သွားသော်လည်း ခြေထောက်အလွန်နာနေတဲ့ Ruby အဖို့ တကယ်နာလွန်း၍ ညည်းသံလေးပါထွက်လာသည်။

''အ😣''

Ruby ရဲ့ ညည်းသံကြားတော့ Lisa လည်း မနေနိုင်တော့ဘဲနောက်ကနေ Ruby ရဲ့လက်ကိုလမ်းဆွဲလိုက်ကာ ဆက်ခနဲပွေ့ချီလိုက်သည်။jisoo ကလည်း သူ့စောင့်ရှောက်ရတဲ့ သူ့ညီ်မလေးကို အဲ့လိုကြီး သူစိမ်းတယောက်က ဘာမပြောညာမပြောနဲ့ ကောက်ခါငင်ကာ ချီလိုက်တော့ သူ့စိတ်ထဲဒေါသက ထောင်းခနဲ ထွက်သွားတော့သည်။

ji-ဟေ့ မင်းဘာလုပ်တာလဲ။

Li-သူ ခြေထောက်နာနေတာ ခင်များမမြင်ဖူးလား ခင်များမှသူ့ကို မချီတာ အဲ့တော့ ကျုပ်ချီတယ် ပြောစရာရှိရင်နောက်မှပြော....

Ji-ဟေ့ ဒီမှာ မင်း.....

Jisoo ပြောတာကိုပင် မစောင့်ဘဲ Ruby ကို ချီကာ ခြေလှမ်းကြဲကြဲဖြင့် Ruby ရဲ့ ဖေဖေ တို့ရှိရာသို့ ခပ်မြန်မြန်လှမ်းသွားတဲ့ Lisa ရယ်ပါ။jisoo ကတော့ ဒေါသဖြင့်သာ နောက်ကနေလိုက်လာတော့သည်။Lisa လည်း ဘုရင်ခံတို့ဆီရောက်ရောRuby ကို အောက်ချပေးလိုက်သည်။

Ruby-ဖေဖေ

Mr,Ruby-သမီး အဆင်ပြေရဲ့လား

Ruby-ဟုတ် သမီးအဆင်ပြေပါတယ်။ပြီးတော့ တောင်းပန်ပါတယ်။

Mr,Ruby-ရပါတယ် သမီးဘာမှမဖြစ်ရင် ရပြီ။

Lisa လည်း သူတို့အဆင်ပြေပြီမို့ ပြန်လှည့်အထွက်......

''ခွပ်💢''

Lisa ရဲ့မျက်နှာပေါ်သို့ အရှိန်ပြင်းပြင်းနဲ့ ကျရောက်လာတဲ့လက်သီးချက်တစ်ချက်။အားအတော်ပြင်းပုံရသည် Lisa တယောက်မူးပြီး မျက်လုံးတွေပင်ပြာသွားတာကြောင့် ချက်ချင်းတောင် ဖင်ထိုင်လျက် လဲနေတာကနေ ပြန်မထလာနိုင် ပါးစပ်ထဲက ငန်ကြိကြိ အရသာကြောင့် သွေးပါထွက်နေမှန်း Lisa သိလိုက်ရတယ်။

ji-မင်းက ဘယ်လို သတ္တိနဲ့ သူလိုလူကို လက်ရဲဇက်ရဲနိုင်ရတာလဲ။

Lisa အထိုးခံလိုက်ရတာလည်း သိရော Chae လည်းLisaဆီကိုပြေးသွားပြီး သူမရင်ခွင်ကို Lisa မှီလို့ရအောင်လုပ်ပြီးခန္ဓာကိုယ်အားနဲ့ Lisa ကို မှတ်တပ်ရပ်လို့ရအောင်ထူလိုက်သည်။(ချောင်းငါးရေ တစ်ချက်ပဲ အထိုးခံရတာပါနော်😒)

Ruby လည်း Lisa အထိုးခံရတာသိတော့ Lisa ကို စိုးရိမ်ကြီးစွာ လှည့်ကြည့်လိုက်ရာ Lisa ကို ရင်ခွင်ထဲထည့်တဲ့ အမျိုးသမီးချောချောလေးကို မြင်ပြီး ရင်ထဲ ဘယ်လိုဖြစ်သွားတယ်မသိ စူးခနဲအောင့်တက်လာကာ မျက်ရည်တွေပဲ ဝဲသွားသည်။

Chae-Lili အဆင်ပြေရဲ့လား

Li-ရတယ် ငါ ဘာမှမဖြစ်ဘူး

Chae-ဟေ့ ဒီမှာ ဘာလို့ တို့ညီမ ကို ထိုးလိုက်တာလဲ။

* ဟိုက် သွားပြီ။ငါထိုးလိုက်တဲ့ လူ့ဂွစာက ငါ့ပန်းကလေး ရဲ့ ညီမတဲ့ မဖြစ်ဘူး မဖြစ်ဘူး ပြန်တောင်းပန်မှ *

ji-တောင်းပန်ပါတယ် စောနက Ruby ပျောက်နေလို့ ပူထူနေတဲ့အချိန် ဒီက တယောက်က လက်ရဲဇက်ရဲနဲ့Ruby ကို ချီသွားတာရယ် jiji ကို စကားပြောသွားတာက ဘုဆက်ဆက်နဲ့မို့ jiji လည်း စိတ်မထိန်းနိုင်ဘဲ ထိုးလိုက်မိတာ။ထိုးမိလိုက်တဲ့ ညီမလေးရော။ဒီက ညီမလေးရဲ့ အမ ချောချောလေးကိုပါတောင်းပန်ပါတယ်နော်။

Chae-ရပါတယ်

* ဟာကွာ ဘယ်လိုဟာလေးပါလိမ့် Chae ကို ကြောင်နေပြန်ပြီ -

Li-ရပါတယ်။

Ji-ဒီက ညီအမတွေ ဘယ်ကိုပြန်မှာလဲ မသိဘူး။တောင်းပန်တဲ့အနေနဲ့ လိုက်ပို့ပါရစေ။

Chae-နေပါစေ ကျွန်မတို့က ဘူဆန်ကို ပြန်ရမှာ။

Ji-ဟမ် ဘူဆန်ကို...???

Chae-ဟုတ်တယ်လေ ပွဲကနေ ၈ နာရီလောက်ပြန်ပြီး ဘူဆန် နောက်ဆုံးရထားနဲ့ ပြန်ဖို့ကို ခုတော့ အဆင်မပြေတော့တာမို့ ကိုယ်ဘာသာပဲ ကားမောင်းပြန်လိုက်ပါတော့မယ်။ဒီအချိန်ကြီးကျမှ တည်းခိုခန်းလဲ ငှားလို့ရမှာမှ မဟုတ်တာ။

* Chae တို့ကတော့ အကွက်လှလှလေး ပြလိုက်ပြီ။ဒါမှ ငါတို့ဆေးဗိုလ်ကြီးကွ *

Ji-ဟာ....ဒီအချိန်ကြီး မိန်းကလေး၂ယောက်တည်း ဘူဆန် ကိုပြန်လို့ ဘယ်ဖြစ်မှာလဲ။ပြီးတော့ ပြန်တာနောက်ကျတယ်ဆိုတာ jiji ညီမလေး Ruby ကို ကူညီပေးလို့ ဖြစ်တာမို့ jijiတို့က ကူညီပါရစေ။

Mr,Ruby-ဟုတ်ပါတယ် သမီးတို့ရယ်။ဒီအချိန်ကြီးပြန်လို့ဘယ်ဖြစ်မှာလဲ အန်ကယ် အိမ်ကိုလိုက်ခဲ့ပါ အဲ့မှာ ညအိပ်ပါ မနက်ကျမှ ပြန်ဖို့ အန်ကယ် စီစဉ်ပေးပါ့မယ်။

Chae+Li-ဟုတ်ကဲ့ပါ အန်ကယ်

Lisa ရော Chae ပါ ရင်ထဲတွင်ကြိတ်ပျော်နေကြသည်မှာအမှန်ပင်ဖြစ်သည်။ဂျပန် ဘုရင်ခံတယောက်ရဲ့ အိမ်ကို ထိုသို့လွယ်လွယ် ရောက်ဖူးဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ် ခုတော့ Chae ရဲ့ကောင်းမှုအကြောင်းပြ၍ တစ်ညတောင်အိပ်ရပြန်အုံးတော့မည်။Lisa တို့ အလုပ်အတွက် ယခုကိစ္စက များစွာ အထောက်အကူပြုသည်မှာ ပြောစရာပင်လိုအောင် သေချာသည်။

Mr,Ruby-သမီးတို့ ကားပါကြလား

Li-ဟုတ်ပါတယ် အန်ကယ်

Mr,Ruby-အဲ့တာဆို သမီးတို့ကားကို အန်ကယ် လူ ကိုမောင်းခိုင်းလိုက်မယ်။jiji သမီးက Ruby နဲ့ ဒီ သမီးလေး၂ယောက်နဲ့ကို ခေါ်ပြီး ကားတစ်စီးနဲ့သွား။Sana သမီးက ဖေဖေ နဲ့ မေမေ တို့ ကားနဲ့ လိုက်ခဲ့။

Ji-ဟုတ်ကဲ့ အန်ကယ်

Sana-ဟုတ်ကဲ့ ဖေဖေ

Mr,Ruby-ကဲ သွားကြစို့။

Mr,Ruby ရဲ့ စီမံမှုကြောင့်jisoo, Ruby, Chae နဲ့ Lisa တို့ တစ်ကားထဲမှာ စီးနင်းလိုက်ပါကြရသည်။Jisoo က ကားမောင်းပြီးဘေးမှာက Ruby။နောက်ခန်းမှာက Lisa နဲ့ Chae။ကားစထွက်တည်းက တိတ်ဆိတ်နေတဲ့ အခြေအနေကို Jisoo က ပဲ စတင်ဖြိုခွဲလိုက်သည်။

ji-တို့နာမည်က jisoo ပါ ဂျပန်တပ်မတော်မှာ စစ်ပညာသင်ပြီး ခုတော့ ဒီမျောက်လောင်းလေး Ruby jane ကိုလိုက်စောင့်ရှောက်နေရတယ် ဆိုပါတော့။

တိတ်ဆိတ်နေတဲ့ ကားအတွင်းပိုင်းမှာ ထွက်ပေါ်လာတဲ့ jisoo ရဲ့ စကားသံကြောင့် အားလုံးရဲ့အာရုံဟာ Jisoo ဆီသို့ ကျရောက်သွားတော့သည်။

Ruby-ဟာ jiji နော် ဘာလဲ လူကိုမျောက်လောင်းလေးဘာလေးနဲ့။

ji-မဟုတ်လို့လား မင်းလေးကြောင့် ကျုပ်မှာ ပြာယာတွေခတ်ရဟိုက တယောက်ကို စိတ်တိုပြီးထိုးမိရနဲ့ ဘယ်လောက်တောင်အားနာဖို့ကောင်းလဲ။

Ruby-ဟာ jiji နော်......

စိတ်ကောက်ပြီး ရှေ့ကိုဆူထွက်လာတဲ့ နှုတ်ခမ်းကြီးကို Jisoo လည်း လက်နဲ့ဖိချလိုက်ပြီး နှာခေါင်းလေးကို လက်ညှိုးနဲ့ လက်ခါးလယ်ကို သုံးပြီးခပ်ဖွဖွလေး ဆွဲညစ်လိုက်ကာ တခိခိနဲ့ရီနေလေသည်။

Ruby ကတော့ မျက်စောင်းတွေသာ ပစ်ထိုးနေလေတော့သည်။

ကားနောက်ခန်းက Lisa ကတော့ ရှေ့ခန်းက၂ ယောက်ကိုကြည့်ပြီး ရင်ထဲမယ် ကလိကလိတွေကိုဖြစ်နေတော့သည်။ဘာလို့ ကလိကလိဖြစ်တာလဲလို့မေးရင်တော့ ဖြေစရာ အဖြေမရှိ သေချာတာကတော့ ဒီအခြေအနေကြီးဟာ Lisa အတွက် တကယ် နေလို့မကောင်းဘူးဆိုတာပငါဖြစ်သည်။

Lisa လည်း စိတ်ရှုပ်စွာ ခေါင်းကို ဖြေးညှင်းစွာ ခါယမ်းလိုက်တော့Lisa ရဲ့မျက်နှာကို အရိပ်လိုကြည့်နေတဲ့Chae က သတိထားမိသွားတော့သည်

Chae-Lili တခုခုဖြစ်လို့လား

Li-ရပါတယ် ဘာမှမဖြစ်ဘူး

Ji-အဆင်ပြေမယ်ဆိုရင် ညီမတို့နာမည်လေးတွေ ပြောပြပါလား ရင်းရင်းနှီးနှီးပေါ့

Li-Lisa ပါ Lalisa။ဘူဆန် က ရွှေဝါရောင်မြေရဲ့ ပိုင်ရှင်ပါ

Chae-Rose လို့ခေါ်ပါတယ်။Lisa ရဲ့ မွေးစား အမ ရွှေဝါရောင်မြေက အနုပညာရှင် တယောက်ပါ။

Ruby-Ruby ရဲ့နာမည်က Minatozaki Ruby Jane ပါ။Mr,Minatozaki Ruby ရဲ့ သမီး အကြီးပါ။

Chae-သမီး အကြီးဆိုတော့.......???

Ji-အငယ်တယောက်ရှိသေးတယ်လေ။Minatozaki Sana တဲ့ သူက အန်ကယ်ကို တုလို့ ဂျပန်သွေးပိုများပြီး ဂျပန်ပိုဆန်တယ်။Ruby ကတော့ ငယ်ငယ်လေးတည်းက အန်တီနဲ့နေရတာမို့ ကိုရီးယားပိုဆန်တယ်။ပြောရရင် မွေးလာတည်းက ကိုရီးယားရုပ်။အန်တီက ဂျပန်မှာသာ လိုက်နေရတာ သူ့သမီးတွေကို ကိုရီးယား ရိုးရာတွေ ကိုရီးယားစကားကို ငယ်ငယ်လေးထဲက သင်ပေးတာ တို့တောင် အဆစ်ပါသေး။အဲ့တာကြောင့်လည်း ခုကျတော့ဘာသာစကား အခက်အခဲ မရှိတော့တာပေါ့။

စကားလည်းဆုံး အိမ်လဲရောက်ပြီမို့ လေးယောက်လုံး ကားပေါ်က ဆင်းခဲ့ကြသည်။ဘုရင်ခံတယောက်နေသည့်အိမ်မို့ ကြီးမားကျယ်ဝန်းတာတော့ အဆန်းမဟုတ်တော့။Lisa တို့ရောက်တော့ Mr,Ruby တို့က ရောက်နှင့်နေပြီးဖြစ်သည်။

Mr,Ruby-သမီးတို့တွေ ညစာစားမယ်လေ။

Li-အားနာလိုက်တာ အနကယ်ရယ်။သမီး နားချင်နေပြီမို့မစားတော့ပါဘူး။

Chae-သမီးရောပါပဲ အန်ကယ်

Mr,Ruby-ဟုတ်ပါပြီကွယ် ဒါဆို သမီးတို့နေဖို့ အခန်းကို အိမ်တော်ထိန်းကြီးBinက လိုက်ပြပါလိမ့်မယ်။သူနဲ့လိုက်သွားလိုက်ပါ။

Bin-ဒီဘက်ကို ကြွပါ မမလေးတို့။

Li-အန်ကယ် သွားလိုက်ပါအုံးမယ်ရှင့်

Mr,Ruby-အေးပါကွယ်

Chae-ခွင့်ပြုပါအုံး

Mr,Ruby-ဟုတ်ပါပြီကွယ်

Chae နဲ့ Lisa လည်း အိမ်တော်ထိန်းBin ခေါ်တဲ့နောက်ကိုလိုက်ပြီး သူတို့နားရမယ့် အခန်းကိုရောက်တော့ Chae က ကုတင်ပေါ်ကို ပစ်လှဲချလိုက်တော့သည်။

Li-အော် အေးအေး နင်ကအထိုးခံလိုက်ရ။ယောကျာ်းလေးတွေကို ချရ။Ruby Jane ကို ချီလာရတယ်ဆိုတော့ ပင်ပန်းနေရောပေါ့။

Chae-မဟုတ်ပါဘူး Lili ရယ် နင် အထိုးခံလိုက်ရတာ ၁ ချက်တည်းပါ။ဘာမှမဖြစ်ဘူး။ဟိုယောကျာ်းလေးတွေက နင် တချက်ထိုးတောင် မှောက်မဲ့ကောင်တွေပါ။Ruby Jane ကို နင်ချီလာရတာ သူ့ခန္ဓာကိုယ်လေးက သိပ်မှမလေးတာ။

Li-နင်ပြောတာ အကုန်မမှန်ဘူးဟ။၂ ခုပဲမှန်တယ်။RubyJane က မလေးတာမှန်တယ်။ဟိုကောင်တွေက တစ်ချက်ထိုးမှောက်မဲ့ကောင်ဆိုတာလဲ ဟုတ်တယ်။ဒါပေမယ့် အထိုးခံလိုက်ရတဲ့ တစ်ချက်က တချက်ဆို ဆိုသလောက်လောက်ပဲပူခနဲပဲဟာ တကယ်ပြင်းတဲ့လက်သီး သူ့အဆင့်အတန်းကသေးသေးသိပ်သိပ်တော့ မဟုတ်လောက်ဘူး။

Chae-လာပါ ချစ်ဆုံးရယ် လာ ဘေးနားလာအိပ်

Bin-မမလေးတို့ မမလေးတို့ထဲကအထိုးခံလိုက်ရတဲ့တယောက်ကို ဆေးလေးထည့်ပေးဖို့ပါတဲ့ ဆေးသေတ္တာလာပို့ခိုင်းလိုက်လို့ပါ။

Chae-ဟုတ်ကဲ့ လာပါပြီ။

Chae လည်း ကုတင်ပေါ်ကနေ ဆင်းပြီး အိမ်တော်ထိန်းကြီးBin ရဲ့ လက်ထဲက ဆေးသေတ္တာကိုသွားယူလိုက်သည်။

Chae-ကျေးဇူးပါ ဦးလေး Bin

Bin-ရပါတယ်ကွယ်။

Chae လည်း တံခါးပိတ်ပြီး Lisa ကို ဆေးထည့်ပေးဖို့ပြင်တော့သည်။

Chae-လာ ချစ်လေး ဆေးထည့်ပေးမယ်.....လာ

Lisa က တကယ် သတ္တိကောင်းတဲ့သူပါ Chae က ငြင်ငြင်သာသာ ဆေးထည့်တာမဟုတ်တာတောင် တချက်တွန့်မသွား ဘူး။

ဆေးထည့်ပြီးတော့ Chae လည်း ရေချိုးခန်းခန ဝင်နေလေသည်။ပြန်ထွက်လာတော့ အခန်းထဲမယ် Lisa မရှိတော့။

Chae-ဟယ် Lili ဘယ်ရောက်သွားပါလိမ့်

အခန်းအပြင်ထွက်ကြည့်တော့ အခန်းရဲ့ ခပ်လှမ်းလှမ်းက ဝရံတာမှာ မတ်တပ်လေးရပ်နေတဲ့ Lisa ရယ်ပါ။Chae လည်း နောက်ကနေ တိတ်တိတ်လေး လိုက်သွားပြီး နောက်ကနေ Lisa ရဲ့ ခါးကို ဖြေးဖြေးလေးဖက်လိုက်သည်။

Chae-အချစ် ဒီမှာ ဘာလုပ်နေတာ။

Li-Chae ရယ် ကြက်သီးထလိုက်တာဟယ် ဘယ်လိုတွေတောင်ခေါ်တာလဲ။

Chae-ဘာလဲ အချစ်က ကိုယ့်ကိုငြိုငြင်တာလား။

Li-ဟား....ဟား မငြိုငြင်ပါဘူး အသဲ ရယ် အချစ်ကအသဲ ကို ငြိုငြင်စရာလား။

Lisa လည်း ရီပြီးပြောတော့ Chae လည်း လိုက်ရီလိုက်တော့သည်

ထိုမြင်ကွင်းကိုကြည့်ကာ တစုံတယောက်က မျက်ရည်တစ်စက် ကျသွားတယ်ဆိုတာ မျက်ရည်ကျသူကိုယ်တိုင်ရော ကျန်တဲ့ ၂ ယောက်ကရော သိပါလေစ...........။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ခရီးလွန်နေလို့ မ up ပေးနိုင်တာ စိတ်မရှိပါနဲ့နော်ခ ရဲ့ အချစ်ဆုံး readers လေးတွေကို လွမ်းလို့သေတော့မယ်။

Readers တို့ကို အရမ်းချစ်ပါတယ်Readers တွေကို အရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories