Fanfics

3💛

19:44, 1 May 2021

Love and Loyaltyအခ်စ္ နဲ႔ သစၥာ

For ZG😍

့Li-နင္ အဆင္ေျပလား Chae။ဆရာ၀န္ေခၚရမလား

Chae-ရပါတယ္ ဟ။ငါအဆင္ေျပတယ္။ နင္ေမ့ေနတာလား ငါက ဆရာ၀န္တစ္ေယာက္ပါဟ။

Li-နင္ ဆရာ၀န္မွန္း သိတယ္ေဟ့ အာ့တာေၾကာင့္လဲ ေမးေနတာ ကိုယ့္ေရာဂါကိုယ္ ဖုံးထားတဲ့ ဆရာ၀န္က နင္တေယာက္ပဲရွိတယ္ေလ။

Chae-ေရာဂါမဟုတ္ပါဘူး ဆိုဟာ နဲနဲေလးပဲ ေမာတာပါဆိုဘယ္နွခါေျပာရမလဲ ဗိုလ္မွဴးရယ္😅 ေတာ္ေတာ္ နားလည္မႈအဆင့္နိမ့္ပါလား ဗိုလ္မွဴးရဲ႕😆

Li-ရီမေနနဲ႔ ခုေကာ သက္သာလား ဘယ္လိုေနလဲ😒

Chae-အင္း သက္သာတယ္ ဘာမွမျဖစ္ဘူး။နဲနဲပဲ ေမာတာ

Li-အာ့ေၾကာင့္ေျပာပါတယ္ နင့္ကို သီခ်င္းမဆိုပါနဲ႔ဆို ခုေတာ့ေမာတယ္မလား.။

Chae-Lili ရယ္ ငါ ဘာမွမျဖစ္ပါဘူးဆို။သီခ်င္းဆိုတာက ငါဝါသနာပါလို႔ေလ တခ်ိန္လံုးေသြးေတြသံေတြၾကားထဲေနေနရတာေလဟယ္ တစ္လမွ တစ္ရက္ရယ္ ငါ့မွာ စိတ္အပန္းေျဖရတာေလ။ကဲပါ Lili ရယ္ နင္စကားမ်ားမေနနဲ႔ေတာ့ နင့္ကိုျပန္ေျပာရတာ ငါပိုေမာတယ္။သြားရင္လည္းသြား မသြားရင္လည္း ဒီမွာ ပါးစပ္ေလးပိတ္ ၿငိမ္ၿငိမ္ေလးေန။

Li-ေအးပါ ေအးပါ🙂

yeol-ဗိုလ္မွဴး အထဲမွာလား ကြၽန္ေတာ္၀င္ခဲ့လို႔ရလား။

Li-ဟုတ္ ရပါတယ္ ဆာဂ်င္ ၀င္ခဲ့ပါ။

yeol-ေလးစားပါတယ္ ဗိုလ္မွဴး။ပစၥည္းေတြကို ေနရာတက်ထားၿပီးပါၿပီ။

Li-ဟုတ္ေက်းဇူး ဆာဂ်င္ ကြၽန္မခနေန လာစစ္လိုက္ပါ့မယ္

Chae-ဘာပစၥည္းေတြလဲ Lili

Li-ေအာ္ ဆိုးလ္က လာပို႔တဲ့ လက္နက္ ခဲယမ္း အသစ္ေတြပါနင္ သက္သာရင္ သြားစစ္မလို႔။ရိုင္ဖယ္အသစ္ေတြပါ ပါတယ္ဆိုလို႔။

Chae-ငါ လဲ လိုက္မယ္ေလ။ရိုင္ဖယ္ စစ္တဲ့ေနရာမွာေတာ့နင္ငါ့ကို မမွီပါဘူး။

Li-မလိုက္စမ္းပါနဲ႔ဟယ္ နင္ ေနေကာင္းတာလည္းမဟုတ္ဘူးငါ့ဘာသာစစ္မယ္။

yeol-ဟုတ္သားပဲ ေဆးဗိုလ္ႀကီးကလည္း ေဆးဗိုလ္ႀကီးကမွေနမေကာင္းတာ မလိုက္ပါနဲ႔ ကြၽန္ေတာ္ နဲ႔ ဗိုလ္မွဴးပဲ သြားစစ္လိုက္ပါ့မယ္။

Chae-ရပါတယ္ ဆာဂ်င္ရဲ႕။ဟဲ့ Lili နင္ ငါမပါဘဲ သြားမစစ္နဲ႔ငါ့ကိုနားေစခ်င္ရင္ ငါ အိပ္တာကို ခနေစာင့္ ငါနိုးရင္ သြားစစ္မယ္ တကယ္လို႔ ငါမသိဘဲ သြားရင္ နင့္ကို အေသေကာက္ပစ္မယ္။

Li-ေအး ေအးပါဟယ္။ကဲ ဆာဂ်င္ေရ သြားနားလိုက္အံုးသူနိုးမွသြားၾကတာေပါ့။

yeol-ဟုတ္ကဲ့။ေလးစားပါတယ္ ဗိုလ္မွဴး။

Li-ဟုတ္ ေလးစားပါတယ္။

ဆာဂ်င္ yeol လည္း ထြက္သြားေရာ Lisa လည္း အိပ္ေပ်ာ္ေနတဲ့ Chae ကို အိပ္ရာေဘးကို နဲနဲေ႐ြ႕ၿပီး Chaeရဲ႕ေနာက္ ကေန ခါးေလးကိုဖက္ကာ ၀င္အိပ္လိုက္ေတာ့သည္။

Chae လည္း ဘယ္နွနာရီ အိပ္ေပ်ာ္ေနတယ္မသိ နိုးလာေသာ အခါ ခါးေပၚက တင္းက်ပ္က်ပ္အထိအေတြ႕ေၾကာင့္Chae နွစ္နွစ္ကာကာ တစ္ခ်က္ၿပံဳးလိုက္မိသည္။ဘာလို႔ဆိုသူမ ကို အဲ့လို ဖက္အိပ္တာက Lili တေယာက္ပဲရွိတာကိုး။

* ကြၽန္မကိုယ္ ကြၽန္မမိတ္ဆက္ေပးရမယ္ဆိုရင္ ကြၽန္မနာမည္က Park Chae Young ပါ။အျပင္ေလာကမွာေတာ့ေ႐ႊဝါေရာင္ေျမရဲ႕ အဆိုေတာ္မေလး Rose ေပါ့ေနာ္။ကြၽန္မ၅ နွစ္သမီးေလာက္တည္းက Lili ရဲ႕ေဖေဖက ကြၽန္မကိုေမြးစားထားတာ Lili ရဲ႕ေဖေဖ ေျပာတာကေတာ့ ကြၽန္မကိုသူတို႔အိမ္နားက ေတာစပ္မွာေတြ႕တာတဲ့။ဒါ့အျပင္ပိုမေျပာကြၽန္မလည္း မေမးမိ။Lili ရဲ႕အသက္ ၁၅ နွစ္ေလာက္မွာ Liliရဲ႕ ေဖေဖကို ဂ်ပန္ေတြလာသတ္သြားတယ္။အဲ့ထဲက Lili ကကြၽန္မကို ေက်ာင္းဆက္တက္ခိုင္းၿပီးေတာ့ သူက် ေက်ာင္းကထြက္ကာ စစ္ေရးေလ့က်င့္တယ္။၁၈ နွစ္ျပည့္ေတာ့ စစ္တပ္ထဲ၀င္ကာ တာ၀န္ထမ္းေဆာင္ေတာ့တယ္။ကြၽန္မကေတာ့ ေဆးေက်ာင္းေနာက္ဆံုးနွစ္ တက္ေနခဲ့တာေလ။တေန႔ ညဘက္ႀကီးLili တေယာက္ ေသြးေတြအမ်ားႀကီးထြက္ၿပီး အိမ္ျပန္ေရာက္လာတာ ဗိုက္ကိုက်ည္ထိတာတဲ့ တိုက္ပြဲမွာ။ကြၽန္မမွာ ငိုလိုက္ရတာ အိမ္မွာပဲ ရွိတဲ့ပစၥည္းနဲ႔ပဲ ခြဲစိတ္ၿပီး က်ည္ထုတ္ေပးလိုက္ရသည္။အဲ့ေန႔ထဲက ကြၽန္မဆံုးျဖတ္ခ်က္တခုခ်လိုက္တာက ကြၽန္မေဆးေက်ာင္းလည္းၿပီးေရာ Lili ဦးေဆာင္တဲ့ တပ္စုထဲမွာ ေဆးတပ္သား၀င္လုပ္တယ္ သူကတားတယ္ အႏၲရာယ္မ်ားတယ္တဲ့ ဒါမဲ့ ကြၽန္မကို တားလို႔မရတာမို႔ စစ္ပညာကို သူကိုယ္တိုင္သင္ေပးၿပီး သူ႔တပ္စုက ေဆးတပ္သား၀င္လုပ္ေတာ့တာပါပဲ ခုေတာ့ တိုက္ပြဲတိုင္း နိုင္တဲ့Lili ဟာ ၃ နွစ္အတြင္းတပ္ရင္း တစ္ခုကိုဦးစီးနိုင္တဲ့ ဗိုလ္မွဴး Manoban ျဖစ္လာပါေတာ့တယ္ ကြၽန္မလည္း ေဆးတပ္သား ဘ၀ကေန ေဆးဗိုလ္ႀကီး ရာထူးအထိေျပာင္းလဲ သြားပါေတာ့တယ္*

အေတြးထဲ တေယာက္ထဲေျပာေနခ်ိန္ ထံုၿပီးက်ဥ္လာတဲ့ ေျခေထာက္ေၾကာင့္ သတိျပန္၀င္လာလို႔ ကုတင္ေပၚကိုဆင္းထားတဲ့ ေျခေထာက္ကိုၾကည့္လိုက္ေတာ့ ေပါင္နဲ႔ ေျခသလံုးၾကားကဒူးေခါင္းမက်တက်ေလးေပၚေခါင္းတင္ၿပီးChae မ်က္နွာကိုအၾကည့္မလႊဲဘဲၾကည့္ေနတဲ့ Lili။

Chae-နိုးေနတာၾကာၿပီလား

Li-အင္း ၾကာၿပီ။

Chae-ဒါဆို ဘာလို႔ ငါ့အေပၚလွဲေနတာလဲ။

Li-ဘာလဲ မရဘူးလား😒

Chae-မဟုတ္ပါဘူး။နင္နိုးတာ ငါမသိလိုက္လို႔ပါ။

Li-ဘယ္သိမလဲ ဘာေတြေတြးေနမွန္းမွ မသိတာ။ၾကည့္ရတာဆာဂ်င္ yeol အေၾကာင္းတင္တယ္။

Chae-Lalisa😠 နင္ အသတ္ခံခ်င္တာလားေျပာ နင့္ကိုငါဘယ္နွခါေျပာရမလဲ ဆာဂ်င္နဲ႔ ငါကိုမစပါနဲ႔ဆို ဘယ္နွခါေျပာရမလဲ။

Li-ဒါဆို ေျပာျပ ဘာေတြေတြးေနတာလဲ။

Chae-ဒီတိုင္း ငါတို႔ ငယ္ငယ္ကအေၾကာင္းေတြပါ။

ငယ္ငယ္ က အေၾကာင္းဆိုတာနဲ႔ သူ႔ေဖေဖ ကို သတိရကာမ်က္နွာတန္းပ်က္သြားတဲ့ Lili ေၾကာင့္ စကားလမ္းေၾကာင္းအျမန္ဆံုး လႊဲလိုက္ရသည္။

Chae-ဗိုလ္မွဴးရွင့္ ကြၽန္မေတာ့ အသစ္ေရာက္လာတဲ့လက္နက္ေတြကို သြားစစ္ေဆးရအံုးမယ္ေလ အဲ့တာေၾကာင့္သြားၾကပါစို႔ရွင့္။

Li-အာ ဟုတ္သားပဲ ဆာဂ်င္ yeol ကို လည္းေခၚရအံုးမယ္။Chae သြားေခၚလိုက္ပါလား။

Chae-Lili 😡

Li-ရတယ္ ရတယ္ မေခၚနဲ႔ေတာ့။momo ကိုပဲ သြားေခၚခိုင္းလိုက္ေတာ့မယ္😅 သြားၿပီေဟ့ ေနာက္ကလိုက္ခဲ့ေတာ့😝

Lisa လည္း Chae ကို လ်ွာထုတ္ေျပာင္ျပကာ အခန္းထဲကေန ေျပးထြက္လာခဲ့ေတာ့သည္။အခန္းထဲမွာ က်န္ခဲ့တဲ့ Chaeကေတာ့ ေခါင္းေလးတခါခါျဖင့္....

* Lili ဟာေလ ေတာ္လွန္ေရးေလာကမွာ ဂ်ပန္တပ္တိုင္းေၾကာက္တဲ့ ဗိုလ္မွဴး Manoban။ေတာ္လွန္ေရး သမားတိုင္းေလးစားရတဲ့ ဗိုလ္မွဴး Manoban။သူအုပ္ခ်ဳပ္တဲ့တပ္ရင္းကတပ္သား တပ္ၾကပ္ ဆာဂ်င္ ဒုဗိုလ္ ဗိုလ္ႀကီး အကုန္အကုန္ ခ်စ္ေၾကာက္ရိုေသရတဲ့ ေခါင္းေဆာင္။ကြၽန္မေရွ႕က်ရင္ေတာ့ တကယ့္ ကေလးေလးလိုပင္။ကေလးေလးလိုမွ တကယ့္အျဖဴစင္ဆံုး ကေလးေလး။*

ေသနတ္ေတြထားတဲ့ ေနရာကိုေရာက္ေတာ့ ရိုင္ဖယ္ကို ကြၽမ္းက်င္စြာ ကိုင္ကာ စစ္ေဆးေနတဲ့ Chae ကို ၾကည့္ၿပီး Lisaတေယာက္ ၀မ္းနည္းသလို ၀မ္းသာသလိုပင္။၀မ္းနည္းတာကကိုယ့္ေၾကာင့္ သူမရဲ႕ လက္ဝါးႏုႏုေလးေတြက ေသနတ္ေတြနဲ႔ လက္ပစ္ဗံုးေတြနဲ႔ က်င္လည္ရတယ္။၀မ္းသာတာကေတာ့သူ႔ကိုယ္သူ အေကာင္းဆံုး ကာကြယ္နိုင္တာရယ္ ၿပီးေတာ့ သူကိုယ့္အနားမွာ ရွိေနတာရယ္ေၾကာင့္ပါ။

Chae-ရိုင္ဖယ္ေတြကေတာ့ ရွယ္ပဲ ဒီဟာေတြနဲ႔သာပစ္ရရင္ေတာ့ အဲ့ ေ-ာက္ဂ်ပု ဂ်ပန္ေတြ တပ္လံုးျပဳတ္မွာ။ငါေတာ့ ေဆာ္ခ်င္ေနၿပီ။

Li-စိတ္ေလ်ာ့ ေဆးဗိုလ္ႀကီး စိတ္ေလ်ာ့။မၾကာခင္လာမည္ေမ်ွာ္ေပါ့ဟ။

yeol-ဟုတ္တယ္ ဗိုလ္မွဴး။ကြၽန္ေတာ္တို႔ကေတာ့ လက္ယားေနၿပီ ကြၽန္ေတာ္တို႔ကေတာ့ ခ်ခ်င္ေနၿပီ။

Li-ဟုတ္တာေပါ့ ဆာဂ်င္ရာ။လက္ယားေနတာေတာ့ ၾကာၿပီသူတို႔က မလႈပ္ရွားေသးေတာ့ ကြၽန္မတို႔က လႈပ္ရွားလို႔မရေသးတာေပါ့။

Momo-ဗိုလ္မွဴး

နာမည္ေခၚၿပီး အေလးျပဳကာ ပစၥည္းထားရာေနရာကို၀င္လာတဲ့ Momo ကို Lisa က ျပန္အေလးျပဳလိုက္သည္။ထို႔ေနာက္ Momo က Chae နဲ႔ Chanyeol တို႔ကိုအေလးျပဳလိုက္သည္။Chae နဲ႔ Chanyeol ကလည္း ျပန္အေလးျပဳလိုက္သည္။

Li-ေျပာ ေဆးတပ္ၾကပ္ ဘာထူးလို႔လဲ။

Mo-လင္းယုန္ ၂ ျပန္ေရာက္လာပါၿပီ။ဒဏ္ရာလည္း ရလာပါတယ္။ အေရးႀကီးသတင္းလည္း ပါလာပါတယ္တဲ့။

Li-ဟုတ္လား ဒါဆို သြားၾကစို႔ Chae လည္း လိုက္ခဲ့။သူကဒဏ္ရာ ရထားတယ္ဆိုေတာ့။

Chae-အင္း

yeol-ကြၽန္ေတာ္က ကင္းစစ္စရာရွိလို႔မလိုက္ေတာ့ဘူး

Li-ေကာင္းပါၿပီ။

Lisa တို႔ ၃ ေယာက္လည္း လင္းယုန္ ၂ ရွိရာသို႔ အျမန္လာလိုက္ေတာ့သည္။လင္းယုန္ ၂ ဆိုတာ က ဂ်ပန္တပ္ေတြထဲကလ်ွိုဳ႕၀ွက္ သူလ်ွိုဳ ၅ ေယာက္ထဲက နံပါတ္ ၂ ပါ။နာမည္အရင္းကေတာ့ Mino ပါ။သူက ဂ်ပန္ဘုရင္ခံရဲ႕ တပ္ထဲကပါ။

Li-လင္းယုန္ ၂ ဘာျဖစ္တာလဲ ဘာထူးလဲ

Mino-ဗိုလ္မွဴး ဒီေန႔ဘုရင္ခံက ဘူဆန္ကေန ဆိုးလ္ကို ေျပာင္းလိမ့္မယ္ လ်ွိဳ႕၀ွက္ေျပာင္းတာမို႔ အင္အား ၄၀၀ ေက်ာ္၅၀၀ ေလာက္ပဲပါမွာ ကြၽန္ေတာ္တို႔အတြက္ အခြင့္အေရးပဲ။သူတို႔ေတာလမ္းအတိုင္းသြားမွာ။

Li-ဟုတ္ပါၿပီ ဒဏ္ရာကေကာ ဘယ္လိုရလာတာလဲ။

Mino-ေတာလမ္းထဲမွာ ျမင္းကို ဒုန္းဆိုင္း စီးလာတုန္း သစ္ပင္ အကြယ္ကထြက္ေနတဲ့ေျငာင့္နဲ႔ျခစ္မိတာပါ။

Li-Chae သူ႔ ဒဏ္ရာမ်ားလား။ဘယ္ေလာက္ၾကာမွာလဲ

Chae-မ်ားတယ္ Lili ။ ေတာ္ေတာ္နက္တယ္ ခ်ဳပ္ရလိမ့္မယ္အခ်ိန္ၾကာလိမ့္မယ္။

Li-ဟုတ္ၿပီ ။ ေဆးတပ္ၾကပ္ ခုပဲ ဆာဂ်င္ yeol ဆာဂ်င္suhoဗိုလ္ႀကီး Sehun ဗိုလ္ႀကီး Minho နဲ႔ ဆာဂ်င္ Bobby တို႔ကိုသြားေခၚပါ။

Momo-ဟုတ္ ေလးစားပါတယ္ ဗိုလ္မွဴး

Li-ေလးစားပါတယ္ အျမန္သြားေခၚပါ။

၃ မိနစ္အတြင္းလူစံုသြားေတာ့ Lisa လည္း စကားစေျပာေတာ့သည္။

Li-အားလံုးပဲ ခုေလးတင္ သတင္းရလို႔ တိုက္ပြဲထြက္စရာရွိတယ္ ခ်ံဳခိုတိုက္ရမွာေၾကာင့္ အားလံုးကို ေခၚသြားလို႔မရဘူးဒါေၾကာင့္ ကြၽန္မ အမိန္႔ခ်မယ္။ဆာဂ်င္ Bobby ဗိုလ္ႀကီး Minho နဲ႔ ဆာဂ်င္ Suho က ကိုယ့္ရဲ႕တပ္စိတ္ကိုယ္စီနဲ႔ကြၽန္မနဲ႔လိုက္ခဲ့ပါ။ေဆးဗိုလ္ႀကီး ဗိုလ္ႀကီး Sehun နဲ႔ဆာဂ်င္yeol က တပ္ရင္းကို ေစာင့္ေရွာက္ပါ။ဗိုလ္ႀကီး Sehun ကိုအာဏာကုန္ေပးထားတယ္။ငါမရွိတုန္း သူ႔အမိန္႔ဟာ အရာအားလံုးကပဲ။(ဒီမွာေျပာခ်င္တာက တပ္စိတ္၁စိတ္မွာ အင္အား ၁၅ ေယာက္ကေန ၂၀ အထိပါတာမလို႔။ပ်ွမ္းမ်ွ ၁၈ ေယာက္တြက္ၾကတာေပါ့)

Chae-ငါလည္းလိုက္မယ္ Lili

Li-မလိုက္နဲ႔ Chae။Mino ကို ကုသေပးလိုက္ပါ။နင့္ေဆးတပ္ကTzuyu  ကို တိုက္ပြဲအတြက္ ငါေခၚသြားမယ္။

Chae-ငါ လိုက္မယ္ဆိုဟာ...

Li-ေဆးဗိုလ္ႀကီး ဒါဟာ ငါ့အမိန္႔ပဲ။

စစ္သားဘ၀ဆိုတာ မွန္ကန္တဲ့အမိန္႔ဟူသမွွ်ကို ေျမ၀ယ္မက်နားေထာင္ရသည္မို႔ Chae လည္း ဘာမွမေျပာနိုင္ေတာ့ဘဲၿငိမ္ေနရေတာ့သည္။

Lisa လည္း တပ္စိတ္ ၃ စိတ္ အင္အား 53 ေယာက္နဲ႔ ဆာဂ်င္Bobby ဆာဂ်င္ Suho နဲ႔ ဗိုလ္ႀကီး Minho တို႔အပါ၀င္ဆို56 ေယာက္ေပါ့။Lisa ပါ ပါရင္ 57 ေယာက္ေပါ့။

Chae-Lisa သတိထားေနာ္။ငါ့ကို နင္ မုန္႔၀ယ္ေကြၽးရမယ္အံုးမယ္ေနာ္။

Li-ေအးပါဟ။

Chae ေတာ္ေတာ္ေတာ့ စိတ္ပူတယ္ ဘယ္လိုသူတို႔တိုက္မယ္မသိ ဟိုဘက္က အင္အားက ၄၀၀ ေက်ာ္ ၅၀၀။Lisa တို႔ဘက္က 57 ေယာက္ 10 ဆေက်ာ္ အင္အားမ်ားတဲ့ ရန္သူကိုဘယ္လိုတိုက္မလဲ တကယ္သိခ်င္မိတယ္။

Lisa တို႔လည္း လက္နက္ေတြကို ေသခ်ာစစ္ေဆး ျမင္းကုိယ္ဆီယူကာ တပ္ရင္းက တိတ္တဆိတ္ထြက္ခြာေလသည္။မထြက္ခင္ Lisa က Chae ကို ထမင္းခ်က္ေဆာင္နား ဆြဲေခၚသြားေတာ့သည္။

Chae-ဘာလဲ Lili ရဲ႕

Li-တပ္ရင္းကို စိတ္ခ်မယ္ေနာ္ ကိုယ့္ကိုယ္ကိုလည္း ဂရုစိုက္ငါျပန္လာရင္မုန္႔၀ယ္ေကြၽးမယ္

''မြ😘´´

ေျပာၿပီး နဖူးေလးကို တစ္ခ်က္နမ္းကာ ၿပံဳးျပလိုက္သည္။

Li-သြားေတာ့မယ္ေနာ္ ငါ့ရဲ႕ Unnie ေလး။ကိုယ့္ကိုယ္ကို ဂရုစိုက္။

ေျပာၿပီး ျမင္းရွိရာဆီသို႔သြားကာ ျမင္းေပၚတက္ၿပီး Chae ကိုလက္ျပကာ ထြက္သြားေတာ့ေလသည္။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

ေနာက္တစ္ပိုင္းက တိုက္ပြဲခန္းေနာ္ Lili ရဲ႕ အတိုက္အခိုက္စြမ္းရည္ကိုျမင္ရေတာ့မယ္။Feedback ေလးေတြေပးအံုးေနာ္ vote ေရာ ။ ဖတ္ရတာ ေပါ့႐ႊတ္႐ႊတ္ၿကီးေနလားဟင္ျပန္မစစ္ထားလို႔ စာလံုးေပါင္းမွားရင္ ခြင့္လႊတ္ပါ သည္းခံဖတ္ေပးေနာ္

Readers ေတြကိုအရမ္းခ်စ္ပါတယ္Readers တို႔ကိုအရမ္းခ်စ္တဲ့Tu Nhai Kha#

.....................................................................

Love and Loyaltyအချစ် နဲ့ သစ္စာ

For Uni😘

့Li-နင် အဆင်ပြေလား Chae။ဆရာဝန်ခေါ်ရမလား

Chae-ရပါတယ် ဟ။ငါအဆင်ပြေတယ်။ နင်မေ့နေတာလား ငါက ဆရာဝန်တစ်ယောက်ပါဟ။

Li-နင် ဆရာဝန်မှန်း သိတယ်ဟေ့ အာ့တာကြောင့်လဲ မေးနေတာ ကိုယ့်ရောဂါကိုယ် ဖုံးထားတဲ့ ဆရာဝန်က နင်တယောက်ပဲရှိတယ်လေ။

Chae-ရောဂါမဟုတ်ပါဘူး ဆိုဟာ နဲနဲလေးပဲ မောတာပါဆိုဘယ်နှခါပြောရမလဲ ဗိုလ်မှူးရယ်😅 တော်တော် နားလည်မှုအဆင့်နိမ့်ပါလား ဗိုလ်မှူးရဲ့😆

Li-ရီမနေနဲ့ ခုကော သက်သာလား ဘယ်လိုနေလဲ😒

Chae-အင်း သက်သာတယ် ဘာမှမဖြစ်ဘူး။နဲနဲပဲ မောတာ

Li-အာ့ကြောင့်ပြောပါတယ် နင့်ကို သီချင်းမဆိုပါနဲ့ဆို ခုတော့မောတယ်မလား.။

Chae-Lili ရယ် ငါ ဘာမှမဖြစ်ပါဘူးဆို။သီချင်းဆိုတာက ငါဝါသနာပါလို့လေ တချိန်လုံးသွေးတွေသံတွေကြားထဲနေနေရတာလေဟယ် တစ်လမှ တစ်ရက်ရယ် ငါ့မှာ စိတ်အပန်းဖြေရတာလေ။ကဲပါ Lili ရယ် နင်စကားများမနေနဲ့တော့ နင့်ကိုပြန်ပြောရတာ ငါပိုမောတယ်။သွားရင်လည်းသွား မသွားရင်လည်း ဒီမှာ ပါးစပ်လေးပိတ် ငြိမ်ငြိမ်လေးနေ။

Li-အေးပါ အေးပါ🙂

yeol-ဗိုလ်မှူး အထဲမှာလား ကျွန်တော်ဝင်ခဲ့လို့ရလား။

Li-ဟုတ် ရပါတယ် ဆာဂျင် ဝင်ခဲ့ပါ။

yeol-လေးစားပါတယ် ဗိုလ်မှူး။ပစ္စည်းတွေကို နေရာတကျထားပြီးပါပြီ။

Li-ဟုတ်ကျေးဇူး ဆာဂျင် ကျွန်မခနနေ လာစစ်လိုက်ပါ့မယ်

Chae-ဘာပစ္စည်းတွေလဲ Lili

Li-အော် ဆိုးလ်က လာပို့တဲ့ လက်နက် ခဲယမ်း အသစ်တွေပါနင် သက်သာရင် သွားစစ်မလို့။ရိုင်ဖယ်အသစ်တွေပါ ပါတယ်ဆိုလို့။

Chae-ငါ လဲ လိုက်မယ်လေ။ရိုင်ဖယ် စစ်တဲ့နေရာမှာတော့နင်ငါ့ကို မမှီပါဘူး။

Li-မလိုက်စမ်းပါနဲ့ဟယ် နင် နေကောင်းတာလည်းမဟုတ်ဘူးငါ့ဘာသာစစ်မယ်။

yeol-ဟုတ်သားပဲ ဆေးဗိုလ်ကြီးကလည်း ဆေးဗိုလ်ကြီးကမှနေမကောင်းတာ မလိုက်ပါနဲ့ ကျွန်တော် နဲ့ ဗိုလ်မှူးပဲ သွားစစ်လိုက်ပါ့မယ်။

Chae-ရပါတယ် ဆာဂျင်ရဲ့။ဟဲ့ Lili နင် ငါမပါဘဲ သွားမစစ်နဲ့ငါ့ကိုနားစေချင်ရင် ငါ အိပ်တာကို ခနစောင့် ငါနိုးရင် သွားစစ်မယ် တကယ်လို့ ငါမသိဘဲ သွားရင် နင့်ကို အသေကောက်ပစ်မယ်။

Li-အေး အေးပါဟယ်။ကဲ ဆာဂျင်ရေ သွားနားလိုက်အုံးသူနိုးမှသွားကြတာပေါ့။

yeol-ဟုတ်ကဲ့။လေးစားပါတယ် ဗိုလ်မှူး။

Li-ဟုတ် လေးစားပါတယ်။

ဆာဂျင် yeol လည်း ထွက်သွားရော Lisa လည်း အိပ်ပျော်နေတဲ့ Chae ကို အိပ်ရာဘေးကို နဲနဲရွေ့ပြီး Chaeရဲ့နောက် ကနေ ခါးလေးကိုဖက်ကာ ဝင်အိပ်လိုက်တော့သည်။

Chae လည်း ဘယ်နှနာရီ အိပ်ပျော်နေတယ်မသိ နိုးလာသော အခါ ခါးပေါ်က တင်းကျပ်ကျပ်အထိအတွေ့ကြောင့်Chae နှစ်နှစ်ကာကာ တစ်ချက်ပြုံးလိုက်မိသည်။ဘာလို့ဆိုသူမ ကို အဲ့လို ဖက်အိပ်တာက Lili တယောက်ပဲရှိတာကိုး။

* ကျွန်မကိုယ် ကျွန်မမိတ်ဆက်ပေးရမယ်ဆိုရင် ကျွန်မနာမည်က Park Chae Young ပါ။အပြင်လောကမှာတော့ရွှေဝါရောင်မြေရဲ့ အဆိုတော်မလေး Rose ပေါ့နော်။ကျွန်မ၅ နှစ်သမီးလောက်တည်းက Lili ရဲ့ဖေဖေက ကျွန်မကိုမွေးစားထားတာ Lili ရဲ့ဖေဖေ ပြောတာကတော့ ကျွန်မကိုသူတို့အိမ်နားက တောစပ်မှာတွေ့တာတဲ့။ဒါ့အပြင်ပိုမပြောကျွန်မလည်း မမေးမိ။Lili ရဲ့အသက် ၁၅ နှစ်လောက်မှာ Liliရဲ့ ဖေဖေကို ဂျပန်တွေလာသတ်သွားတယ်။အဲ့ထဲက Lili ကကျွန်မကို ကျောင်းဆက်တက်ခိုင်းပြီးတော့ သူကျ ကျောင်းကထွက်ကာ စစ်ရေးလေ့ကျင့်တယ်။၁၈ နှစ်ပြည့်တော့ စစ်တပ်ထဲဝင်ကာ တာဝန်ထမ်းဆောင်တော့တယ်။ကျွန်မကတော့ ဆေးကျောင်းနောက်ဆုံးနှစ် တက်နေခဲ့တာလေ။တနေ့ ညဘက်ကြီးLili တယောက် သွေးတွေအများကြီးထွက်ပြီး အိမ်ပြန်ရောက်လာတာ ဗိုက်ကိုကျည်ထိတာတဲ့ တိုက်ပွဲမှာ။ကျွန်မမှာ ငိုလိုက်ရတာ အိမ်မှာပဲ ရှိတဲ့ပစ္စည်းနဲ့ပဲ ခွဲစိတ်ပြီး ကျည်ထုတ်ပေးလိုက်ရသည်။အဲ့နေ့ထဲက ကျွန်မဆုံးဖြတ်ချက်တခုချလိုက်တာက ကျွန်မဆေးကျောင်းလည်းပြီးရော Lili ဦးဆောင်တဲ့ တပ်စုထဲမှာ ဆေးတပ်သားဝင်လုပ်တယ် သူကတားတယ် အန္တရာယ်များတယ်တဲ့ ဒါမဲ့ ကျွန်မကို တားလို့မရတာမို့ စစ်ပညာကို သူကိုယ်တိုင်သင်ပေးပြီး သူ့တပ်စုက ဆေးတပ်သားဝင်လုပ်တော့တာပါပဲ ခုတော့ တိုက်ပွဲတိုင်း နိုင်တဲ့Lili ဟာ ၃ နှစ်အတွင်းတပ်ရင်း တစ်ခုကိုဦးစီးနိုင်တဲ့ ဗိုလ်မှူး Manoban ဖြစ်လာပါတော့တယ် ကျွန်မလည်း ဆေးတပ်သား ဘဝကနေ ဆေးဗိုလ်ကြီး ရာထူးအထိပြောင်းလဲ သွားပါတော့တယ်*

အတွေးထဲ တယောက်ထဲပြောနေချိန် ထုံပြီးကျဉ်လာတဲ့ ခြေထောက်ကြောင့် သတိပြန်ဝင်လာလို့ ကုတင်ပေါ်ကိုဆင်းထားတဲ့ ခြေထောက်ကိုကြည့်လိုက်တော့ ပေါင်နဲ့ ခြေသလုံးကြားကဒူးခေါင်းမကျတကျလေးပေါ်ခေါင်းတင်ပြီးChae မျက်နှာကိုအကြည့်မလွှဲဘဲကြည့်နေတဲ့ Lili။

Chae-နိုးနေတာကြာပြီလား

Li-အင်း ကြာပြီ။

Chae-ဒါဆို ဘာလို့ ငါ့အပေါ်လှဲနေတာလဲ။

Li-ဘာလဲ မရဘူးလား😒

Chae-မဟုတ်ပါဘူး။နင်နိုးတာ ငါမသိလိုက်လို့ပါ။

Li-ဘယ်သိမလဲ ဘာတွေတွေးနေမှန်းမှ မသိတာ။ကြည့်ရတာဆာဂျင် yeol အကြောင်းတင်တယ်။

Chae-Lalisa😠 နင် အသတ်ခံချင်တာလားပြော နင့်ကိုငါဘယ်နှခါပြောရမလဲ ဆာဂျင်နဲ့ ငါကိုမစပါနဲ့ဆို ဘယ်နှခါပြောရမလဲ။

Li-ဒါဆို ပြောပြ ဘာတွေတွေးနေတာလဲ။

Chae-ဒီတိုင်း ငါတို့ ငယ်ငယ်ကအကြောင်းတွေပါ။

ငယ်ငယ် က အကြောင်းဆိုတာနဲ့ သူ့ဖေဖေ ကို သတိရကာမျက်နှာတန်းပျက်သွားတဲ့ Lili ကြောင့် စကားလမ်းကြောင်းအမြန်ဆုံး လွှဲလိုက်ရသည်။

Chae-ဗိုလ်မှူးရှင့် ကျွန်မတော့ အသစ်ရောက်လာတဲ့လက်နက်တွေကို သွားစစ်ဆေးရအုံးမယ်လေ အဲ့တာကြောင့်သွားကြပါစို့ရှင့်။

Li-အာ ဟုတ်သားပဲ ဆာဂျင် yeol ကို လည်းခေါ်ရအုံးမယ်။Chae သွားခေါ်လိုက်ပါလား။

Chae-Lili 😡

Li-ရတယ် ရတယ် မခေါ်နဲ့တော့။momo ကိုပဲ သွားခေါ်ခိုင်းလိုက်တော့မယ်😅 သွားပြီဟေ့ နောက်ကလိုက်ခဲ့တော့😝

Lisa လည်း Chae ကို လျှာထုတ်ပြောင်ပြကာ အခန်းထဲကနေ ပြေးထွက်လာခဲ့တော့သည်။အခန်းထဲမှာ ကျန်ခဲ့တဲ့ Chaeကတော့ ခေါင်းလေးတခါခါဖြင့်....

* Lili ဟာလေ တော်လှန်ရေးလောကမှာ ဂျပန်တပ်တိုင်းကြောက်တဲ့ ဗိုလ်မှူး Manoban။တော်လှန်ရေး သမားတိုင်းလေးစားရတဲ့ ဗိုလ်မှူး Manoban။သူအုပ်ချုပ်တဲ့တပ်ရင်းကတပ်သား တပ်ကြပ် ဆာဂျင် ဒုဗိုလ် ဗိုလ်ကြီး အကုန်အကုန် ချစ်ကြောက်ရိုသေရတဲ့ ခေါင်းဆောင်။ကျွန်မရှေ့ကျရင်တော့ တကယ့် ကလေးလေးလိုပင်။ကလေးလေးလိုမှ တကယ့်အဖြူစင်ဆုံး ကလေးလေး။*

သေနတ်တွေထားတဲ့ နေရာကိုရောက်တော့ ရိုင်ဖယ်ကို ကျွမ်းကျင်စွာ ကိုင်ကာ စစ်ဆေးနေတဲ့ Chae ကို ကြည့်ပြီး Lisaတယောက် ဝမ်းနည်းသလို ဝမ်းသာသလိုပင်။ဝမ်းနည်းတာကကိုယ့်ကြောင့် သူမရဲ့ လက်ဝါးနုနုလေးတွေက သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေနဲ့ ကျင်လည်ရတယ်။ဝမ်းသာတာကတော့သူ့ကိုယ်သူ အကောင်းဆုံး ကာကွယ်နိုင်တာရယ် ပြီးတော့ သူကိုယ့်အနားမှာ ရှိနေတာရယ်ကြောင့်ပါ။

Chae-ရိုင်ဖယ်တွေကတော့ ရှယ်ပဲ ဒီဟာတွေနဲ့သာပစ်ရရင်တော့ အဲ့ ေ-ာက်ဂျပု ဂျပန်တွေ တပ်လုံးပြုတ်မှာ။ငါတော့ ဆော်ချင်နေပြီ။

Li-စိတ်လျော့ ဆေးဗိုလ်ကြီး စိတ်လျော့။မကြာခင်လာမည်မျှော်ပေါ့ဟ။

yeol-ဟုတ်တယ် ဗိုလ်မှူး။ကျွန်တော်တို့ကတော့ လက်ယားနေပြီ ကျွန်တော်တို့ကတော့ ချချင်နေပြီ။

Li-ဟုတ်တာပေါ့ ဆာဂျင်ရာ။လက်ယားနေတာတော့ ကြာပြီသူတို့က မလှုပ်ရှားသေးတော့ ကျွန်မတို့က လှုပ်ရှားလို့မရသေးတာပေါ့။

Momo-ဗိုလ်မှူး

နာမည်ခေါ်ပြီး အလေးပြုကာ ပစ္စည်းထားရာနေရာကိုဝင်လာတဲ့ Momo ကို Lisa က ပြန်အလေးပြုလိုက်သည်။ထို့နောက် Momo က Chae နဲ့ Chanyeol တို့ကိုအလေးပြုလိုက်သည်။Chae နဲ့ Chanyeol ကလည်း ပြန်အလေးပြုလိုက်သည်။

Li-ပြော ဆေးတပ်ကြပ် ဘာထူးလို့လဲ။

Mo-လင်းယုန် ၂ ပြန်ရောက်လာပါပြီ။ဒဏ်ရာလည်း ရလာပါတယ်။ အရေးကြီးသတင်းလည်း ပါလာပါတယ်တဲ့။

Li-ဟုတ်လား ဒါဆို သွားကြစို့ Chae လည်း လိုက်ခဲ့။သူကဒဏ်ရာ ရထားတယ်ဆိုတော့။

Chae-အင်း

yeol-ကျွန်တော်က ကင်းစစ်စရာရှိလို့မလိုက်တော့ဘူး

Li-ကောင်းပါပြီ။

Lisa တို့ ၃ ယောက်လည်း လင်းယုန် ၂ ရှိရာသို့ အမြန်လာလိုက်တော့သည်။လင်းယုန် ၂ ဆိုတာ က ဂျပန်တပ်တွေထဲကလျှိုု့ဝှက် သူလျှိုု ၅ ယောက်ထဲက နံပါတ် ၂ ပါ။နာမည်အရင်းကတော့ Mino ပါ။သူက ဂျပန်ဘုရင်ခံရဲ့ တပ်ထဲကပါ။

Li-လင်းယုန် ၂ ဘာဖြစ်တာလဲ ဘာထူးလဲ

Mino-ဗိုလ်မှူး ဒီနေ့ဘုရင်ခံက ဘူဆန်ကနေ ဆိုးလ်ကို ပြောင်းလိမ့်မယ် လျှို့ဝှက်ပြောင်းတာမို့ အင်အား ၄၀၀ ကျော်၅၀၀ လောက်ပဲပါမှာ ကျွန်တော်တို့အတွက် အခွင့်အရေးပဲ။သူတို့တောလမ်းအတိုင်းသွားမှာ။

Li-ဟုတ်ပါပြီ ဒဏ်ရာကကော ဘယ်လိုရလာတာလဲ။

Mino-တောလမ်းထဲမှာ မြင်းကို ဒုန်းဆိုင်း စီးလာတုန်း သစ်ပင် အကွယ်ကထွက်နေတဲ့ငြောင့်နဲ့ခြစ်မိတာပါ။

Li-Chae သူ့ ဒဏ်ရာများလား။ဘယ်လောက်ကြာမှာလဲ

Chae-များတယ် Lili ။ တော်တော်နက်တယ် ချုပ်ရလိမ့်မယ်အချိန်ကြာလိမ့်မယ်။

Li-ဟုတ်ပြီ ။ ဆေးတပ်ကြပ် ခုပဲ ဆာဂျင် yeol ဆာဂျင်suhoဗိုလ်ကြီး Sehun ဗိုလ်ကြီး Minho နဲ့ ဆာဂျင် Bobby တို့ကိုသွားခေါ်ပါ။

Momo-ဟုတ် လေးစားပါတယ် ဗိုလ်မှူး

Li-လေးစားပါတယ် အမြန်သွားခေါ်ပါ။

၃ မိနစ်အတွင်းလူစုံသွားတော့ Lisa လည်း စကားစပြောတော့သည်။

Li-အားလုံးပဲ ခုလေးတင် သတင်းရလို့ တိုက်ပွဲထွက်စရာရှိတယ် ချုံခိုတိုက်ရမှာကြောင့် အားလုံးကို ခေါ်သွားလို့မရဘူးဒါကြောင့် ကျွန်မ အမိန့်ချမယ်။ဆာဂျင် Bobby ဗိုလ်ကြီး Minho နဲ့ ဆာဂျင် Suho က ကိုယ့်ရဲ့တပ်စိတ်ကိုယ်စီနဲ့ကျွန်မနဲ့လိုက်ခဲ့ပါ။ဆေးဗိုလ်ကြီး ဗိုလ်ကြီး Sehun နဲ့ဆာဂျင်yeol က တပ်ရင်းကို စောင့်ရှောက်ပါ။ဗိုလ်ကြီး Sehun ကိုအာဏာကုန်ပေးထားတယ်။ငါမရှိတုန်း သူ့အမိန့်ဟာ အရာအားလုံးကပဲ။(ဒီမှာပြောချင်တာက တပ်စိတ်၁စိတ်မှာ အင်အား ၁၅ ယောက်ကနေ ၂၀ အထိပါတာမလို့။ပျှမ်းမျှ ၁၈ ယောက်တွက်ကြတာပေါ့)

Chae-ငါလည်းလိုက်မယ် Lili

Li-မလိုက်နဲ့ Chae။Mino ကို ကုသပေးလိုက်ပါ။နင့်ဆေးတပ်က Tzuyuကို တိုက်ပွဲအတွက် ငါခေါ်သွားမယ်။

Chae-ငါ လိုက်မယ်ဆိုဟာ...

Li-ဆေးဗိုလ်ကြီး ဒါဟာ ငါ့အမိန့်ပဲ။

စစ်သားဘဝဆိုတာ မှန်ကန်တဲ့အမိန့်ဟူသမှျှကို မြေဝယ်မကျနားထောင်ရသည်မို့ Chae လည်း ဘာမှမပြောနိုင်တော့ဘဲငြိမ်နေရတော့သည်။

Lisa လည်း တပ်စိတ် ၃ စိတ် အင်အား 53 ယောက်နဲ့ ဆာဂျင်Bobby ဆာဂျင် Suho နဲ့ ဗိုလ်ကြီး Minho တို့အပါဝင်ဆို56 ယောက်ပေါ့။Lisa ပါ ပါရင် 57 ယောက်ပေါ့။

Chae-Lisa သတိထားနော်။ငါ့ကို နင် မုန့်ဝယ်ကျွေးရမယ်အုံးမယ်နော်။

Li-အေးပါဟ။

Chae တော်တော်တော့ စိတ်ပူတယ် ဘယ်လိုသူတို့တိုက်မယ်မသိ ဟိုဘက်က အင်အားက ၄၀၀ ကျော် ၅၀၀။Lisa တို့ဘက်က 57 ယောက် 10 ဆကျော် အင်အားများတဲ့ ရန်သူကိုဘယ်လိုတိုက်မလဲ တကယ်သိချင်မိတယ်။

Lisa တို့လည်း လက်နက်တွေကို သေချာစစ်ဆေး မြင်းကိုယ်ဆီယူကာ တပ်ရင်းက တိတ်တဆိတ်ထွက်ခွာလေသည်။မထွက်ခင် Lisa က Chae ကို ထမင်းချက်ဆောင်နား ဆွဲခေါ်သွားတော့သည်။

Chae-ဘာလဲ Lili ရဲ့

Li-တပ်ရင်းကို စိတ်ချမယ်နော် ကိုယ့်ကိုယ်ကိုလည်း ဂရုစိုက်ငါပြန်လာရင်မုန့်ဝယ်ကျွေးမယ်

''မွ😘´´

ပြောပြီး နဖူးလေးကို တစ်ချက်နမ်းကာ ပြုံးပြလိုက်သည်။

Li-သွားတော့မယ်နော် ငါ့ရဲ့ Unnie လေး။ကိုယ့်ကိုယ်ကို ဂရုစိုက်။

ပြောပြီး မြင်းရှိရာဆီသို့သွားကာ မြင်းပေါ်တက်ပြီး Chae ကိုလက်ပြကာ ထွက်သွားတော့လေသည်။

❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️

နောက်တစ်ပိုင်းက တိုက်ပွဲခန်းနော် Lili ရဲ့ အတိုက်အခိုက်စွမ်းရည်ကိုမြင်ရတော့မယ်။Feedback လေးတွေပေးအုံးနော် vote ရော ။ ဖတ်ရတာ ပေါ့ရွှတ်ရွှတ်ကြီးနေလားဟင်ပြန်မစစ်ထားလို့ စာလုံးပေါင်းမှားရင် ခွင့်လွှတ်ပါ သည်းခံဖတ်ပေးနော်

Readers တွေကိုအရမ်းချစ်ပါတယ်Readers တို့ကိုအရမ်းချစ်တဲ့Tu Nhai Kha#

There are no comments yet. Log in to be the first to leave a review!

Similar stories