Fanfics

Part-2(U)

15:55, 1 August 2023

T T T T ဘေးနားမှာတတီတီမြည်နေတဲ့နိူးစက်သံကိုဝမ်ရိပေါ်ကြားနေရတာကြောင့်လှမ်းပိတ်လိုက်တယ်

နေဦး...နိူးစက်...နိူးစက်လား...ငါအခုသေ သွားပြီမဟုတ်လားဘယ်လိုလုပ်နုိူးစက်ကိုပိတ်လို့ရသွားတာလဲ

ဝမ်ရိပေါ်ဟာစိတ်လှုပ်ရှားမူ့များစွာဖြင့်ထထိုင်လိုက်တယ်သူမှာကားတိုက်မူ့​ကြောင့်ရတဲ့ဒဏ်ရာလဲမရှိသလို လုံးဝလဲနာကျင်မနေပေ

စားပွဲပေါ်က သူ့ဖုန်းကိုယူလိုက်တော့ 16.6.2022တဲ့ဒါက...ဘယ်လိုအခြေအနေကြီးလဲ သူက ဘာလို့သူမသေခင်၁လအလိုကိုပြန်ရောက်နေတာလဲ

မဟုတ်မှလွှဲရောသူ့အမှား​တွေကိုပြင်ဆင်လိုတဲ့စိတ်ဆန္ဒ​တွေ​ကြောင့်သူ့အတိတ်ကိုပြန်​ရောက်လာတာလား ဝတ္ထုတွေထဲကလိုလေဝမ်ရိပေါ်ဟာမယုံနိုင်လွန်းလို့သူ့ကိုယ်သူပြန်ဆွဲဆိတ်ကြည့်လိုက်​သောအခါနာကျင်မူလဲရှိခဲ့သလို....သူ့ညာဘက်လက်မှာအနဲငယ်လဲနီရဲနေတာကိုပါထူးခြားစွာ​တွေ့လိုက်ရတယ်ဝမ်ရိပေါ်ဟာပျော်ရွှင်မူ့ကြောင့်ဘာမှမပြောနိုင်ခဲ့ဘူး

ထိုအချိန်

*ကျွီ....*

ဟုသောမြည်သံအတူသူ့အခန်းတံခါးဟာပွင့်သွားခဲ့သည်ဝမ်ရိပေါ်ရဲ့အမေရှောင်ချူးလန်သည်ပူပူနွေးနွေးစွပ်ပြုတ်ပန်းကန်လေးကိုကိုင်ကာအခန်းထဲသို့ပြုံး၍ဝင်လာခဲ့သည်

"သြော်....မားမားကလေးလေးကနိုးနေပြီပဲ"

"မား..."

ဝမ်ရိပေါ်သည်ကုတင်ပေါ်မှဆင်းကာသူ၏အမေကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်

"အော်....ဘယ်လိုဖြစ်နေတာလဲသားလေးရယ်အပူတွေလောင်ကုန်မှဖြင့်...."

ဝမ်မားသည်စွပ်ပြုတ်ပန်းကန်လေးကိုစားပွဲပေါ်မှာအသာချ၍သူ့ကိုဖက်ထားတဲ့သားလေးရဲ့ဆံပင်တွေကိုဖွကာနေတယ်

"ဘာလိုချင်လို့များဒီလောက်ချွဲနေတာလဲသားလေးရယ်"

ဝမ်ရိပေါ်ဟာ​ခေါင်းကိုခါရင်းသူ့အ​မေကိုပိုတိုးလို့ဖက်တယ်ရှောင်ချူးလန်သည်သူမပုခုံးပေါ်မှာစိုစိုစွတ်စွတ်ဖြစ်သွားသည်ကိုသတိထားမိလိုက်သည်

"သား...ရိပေါ်ဘာဖြစ်လို့လဲ...ဘယ်နားကနာနေလို့လဲ...အမေဆရာဝန်ခေါ်ပေးရမလား...ဒါမှမဟုတ်..ဆေးရုံသွားကြမလား"

ဝမ်ရိပေါ်ဟာ ငယ်ငယ်ကတည်းကကျန်းမာရေးချူချာသူမို့ရှောင်ချူးလန်သည်စိတ်ပူ​နေရသည်သူမသည်သူမသားငိုတာကိုဆေးရုံရောက်တဲ့အခါအချိန်(သို့မဟုတ်)အရမ်းနာကျင်တဲ့အချိန်မှသာမြင်ဖူးခဲ့သည်ထို့ကြောင့်သူမသားအားဘယ်နားနာနေလို့လဲ​ဆေးရုံသွားမလားလို့​မေးခြင်းဖြစ်သည်

"သားမနာပါဘူးမားရယ်သားအိပ်မက်ဆိုးမက်လို့ပါ"

"ဘယ်လိုအိပ်မက်ဆိုးမို့လို့မားမားသား​လေးကအခုလိုငိုရတာလဲကွယ်​ပြောစမ်းပါဦး"

"အိပ်မက်ထဲမှာ..သားသေသွားတယ်.."

"ဘာတွေလျောက်တွေးနေတာလဲသားရယ် ဆောင်းတွင်းအိပ်မက်တွေကဒီလိုပါဘဲကယောက်ကယက်နဲ့ရယ်သွားသွားရေသွားချိုးတော့...."

ဝမ်ရိပေါ်ဟာသူ့အမေစကားကြောင့် ရေချိုးခန်းထဲကိုဝင်သွားလိုက်တော့သည်ရှောင်ချူးလန် လည်းသူ့သားရေချိုးခန်းထဲဝင်သွားမှာမွေ့ယာပေါ်မှာအရုပ်ကြိုးပျက်သလိုထိုင်ချလိုက်တော့သည်

သူမသားလေးစိတ်ခုမှာဆိုးလို့သားဆောင်းတွင်းအိပ်မက်လို့ပြောလိုက်တာတကယ်တော့အခုအချိန်ကဆောင်းဦးရာသီကိုမှဝင်စလေးပဲရှိသေးတာသားလေးမှာအန္တရာယ်ရှိနေတာကိုသူမကြိုသိသည်သားလေးကကျန်းမာရေးသိပ်မကောင်းသူမို့လို့ဆေးဝါးတွေတင်မကအခြားပညာရပ်တွေကိုလဲအားကိုးခဲ့တယ်အထူးသဖြင့်ဗေဒင်ပညာရပ်ပေါ့

ဒီ၃လအတွင်းမှာသူ့သားလေးအသက်အန္တရာယ်ရှိနေတာကိုသူမသိနေသည် အဲ့တာကြောင့်လဲသူမသားလေးကိုဒီလအတွင်းမှာသူ့တူဖြစ်တဲ့ ဒုဗိုလ်ချုပ်ရှောင်းနဲ့ လက်ထပ်ပေးဖို့စီစဉ်နေကြသည်

တူလေးရှောင်းက....ကံကောင်းတဲ့နမိတ်တွေကြားမှာမွေးဖွားလာခဲ့တာမို့လို့....သူ့သားလေးကိုကယ်တင်နိုင်လိမ့်မယ်

သူမအကိုဖြစ်သူရှောင်ယန်ကလဲ သား​ရှောင်းကို သူ့တူ​လေးဝမ်ရိ​ပေါ်နဲ့အရမ်းသ​ဘောတူ​နေတာဆို​တော့အချိန်မဆွဲချင်တော့ပေရှောင်ချူးလန်သည်သူမယောက်ျားကိုအလျင်အမြန်ဖုန်းဆက်လိုက်သည်ထို့နောက်တစ်ခွန်းပဲပြောလိုက်​တော့တယ်

"သားလေးကိုဒီညပြောပြလိုက်တော့"

*************ဝမ်ရိပေါ်မှာကြောင်တောင်တောင်နဲ့တက္ကသိုလ်ထဲကိုရောက်လာတယ်

ဒီနေ့က 17.6.2022 သေစမ်းဒီနေ့ကဟို$ကောင်ပိုင်ရိဟန်ရဲ့မွေးနေ့ပဲ ဝမ်ရိပေါ်ကအလျှင်အမြန်ပင် စတုတ္ထနှစ်အဆောင်ကိုသွားလိုက်သည်

ပိုင်ရိဟန် ဟာသူ့ရဲ့စားပွဲ​ပေါ်မှာစာအိတ်တစ်အိတ်ရောက်​နေတာကိုသတိထားမိလိုက်တယ်စာအိတ်ရဲ့အပေါ်မှာ ရိပေါ်မှ လို့ရေးထားတယ်

ပိုင်ရိဟန်ဟာခနဲ့စွာပြုံးလာတယ်ဒီလူပေါ့ကြော့သခင်လေးကတကယ်ကစားဖို့လွယ်တာပဲ

စားပွဲပေါ်ကစာအိတ်ကိုဖွင်ကြည့်လိုက်တော့ပိုင်ရိဟန် ရဲ့ မျက်လုံးတွေဟာစူးရှသွားတယ်အိတ်ထဲမှာရှိနေတာကဝမ်ရိပေါ်ကသူပိုင်ဆိုင်တဲ့ရှယ်ယာ၅%ကိုလွဲပြောင်းထားတဲ့စာရွက်ပဲပိုင်ရိဟန် ဟာ သူ့ကိုရှယ်ယာတွေလွဲပြောင်းထားတာဟုတ်မဟုတ်စစ်မလို့ရှိသေးသူ့လက်ထဲကစာရွက်ဟာအလုခံလိုက်ရတယ်

"ဟင်...ရိပေါ်"

"Sorry စီနီယာကျွန်တော်စာအိတ်မှားပို့မိလိုက်တာ"

ပိုင်ရိဟန် မှာ စားရခါနီးမှ လက်ထဲကပြုတ်ကျသွားတဲ့မုန့်သဖွယ်ခံစားလိုက်ရတယ် စာအိတ်မှားနေတာတဲ့ဒါဆိုအဲ့ရှယ်ယာတွေက...ဘယ်သူ့အတွက်လဲ....ဘယ်သူ့ကိုလွဲပြောင်းပေးဖို့ကြံနေတာလဲ

"ဪ...ဟုတ်လား...ဒါအကို့အတွက်မွေးနေ့လက်ဆောင်မဟုတ်ဘူးပေါ့...."

ဝမ်ရိပေါ်မှာပိုင်ရိဟန်ကိုထထိုးချင်စိတ်ကိုအကောင်းဆုံးထိန်းချုပ်ထားရင်း အတင်းပြုံးပြလိုက်ရတယ်

"ဟုတ်....ဒီဟာကမှအကို့အတွက်မွေးနေ့လက်ဆောင်ပါ"

ဝမ်ရိပေါ်ဟာသူလွယ်အိတ်ထဲကနေပိုင်ရိဟန်စားပွဲပေါ်မှာတင်ထားတဲ့ စာအိတ်နဲ့တူတဲ့စာအိတ်တစ်အိတ်ကို ထုတ်ပေးလိုက်တယ်စာအိတ်ကိုမြင်တော့ ပိုင်ရိဟန်မျက်နှာကပြုံးရွှင်သွားတယ်ပိုင်ရိဟန် က ဒီစာအိတ်ထဲမှာလဲ ရှယ်ယာတွေရှိနေတာလို့ထင်နေတာဖြစ်တယ်

"အကိုအခုဒီစာအိတ်ကိုဖွင့်ဖောက်လို့ရမလား"

"ဟင့်အင်း..အခုမဖောက်သေးနဲ့ဦးကျွန်တော်သွားမှဖောက်ပါ"

"ကောင်းပြီ"

ဝမ်ရိပေါ် ဟာ ပိုင်ရိဟန်ကို ပြုံးပြနှုတ်ဆက်ပြီးထွက်သွားဖို့လုပ်လိုက်တယ်

"ဒါနဲ့ရိပေါ်...ရိပေါ်လက်ထဲကစာရွက်ကဘယ်သူ့အတွက်လဲ"

ရုတ်တရက်မေးလာတဲ့ပိုင်ရိဟန်ရဲ့​မေးခွန်းကြောင့်ဝမ်ရိပေါ်ရဲ့မျက်နှာမှာခနဲ့တဲ့အပြုံးသေးသေးလေးထွက်လာတယ်နောက်ဆုံးတော့ပိုင်ရိဟန်ကသူရဲ့ဂွင်ထဲရောက်လာပြီပဲ သူကစားဘဲကြီးပိုင်ရိဟန် နဲ့ ကြာပန်းဖြူလေးချင်မော့ရန်ကိုဖျက်ဆီးပစ်တော့မှာဝမ်ရိပေါ်ဟာပိုင်ရိဟန်ကိုပြုံးပြရင်းစကားတစ်ခွန်းကိုပဲပြောလိုက်တယ်

"ပထမတုန်းက ဟန်ကော အတွက်ဆို​ပေမဲ့ အခုတော့ ကျွန့်တော့်သတို့သားဖြစ်လာမဲ့သူအတွက်ပါ"

"ဟင်!!!"

ပိုင်ရိဟန် ဟာ ထွက်သွားတဲ့ဝမ်ရိပေါ်ကိုကြည့်ကာဝေခွဲမရခြင်းများစွာနဲ့ စာအိတ်ကိုဖွင့်ဖောက်လိုက်တော့သည်

အထဲမှာတော့ရှယ်ယာလွှဲပြောင်းစာ အစားA4စက္ကူဖြူတစ်ရွက်သာရှိနေတယ်ထိုစာရွက်ဖြူထဲမှာရေးထားတာတော့

"Happy Birthday Per ဟန်ကောရေဒီနှစ်အတွက်မွေးနေ့လက်ဆောင်ကတော့ ဟန်ကောကိုလွတ်လပ်ခွင့်ပေးလိုက်တာပဲ ကျွန်တော်ဟန်ကောကိုစွန့်လွတ်လိုက်ပါပြီ ကျွန်​တော်ဟန်​ကောကိုမကြိုက်​တော့ဘူး ဒါနဲ့ကျွန်တော်သူ့ငယ်ချင်း​လေးချင်​မော့ရန်က ဟန်ကောကိုစိတ်ဝင်စားနေတဲ့ပုံပဲ ကျွန်တော်တောင်းဆိုပါတယ် မော့ရန်ကိုအခွင့်အရေးပေးလိုက်ပါ"

စာကိုအဆုံးထိဖတ်ပြီးတဲ့​နောက်မှာ ပိုင်ရိဟန် ဟာစာရွက်ကိုလုံးချေလိုက်တယ်

စွန့်လွတ်တယ် မကြိုက်တော့ဘူး ဒါတွေကိုသူကယုံမယ်ထင်နေလားဝမ်ရိပေါ်ဆိုတဲ့လူပေါ့ကြော့သခင်လေးကသူမှသူဖြစ်နေတာကိုသူသာအသိဆုံးလေ သေချာတယ် ဒါရိပေါ်ရဲ့စိတ်ရင်းအမှန်မဟုတ်လောက်ဘူး

သူထင်တာမမှားရင် ဒီကိစ္စဟာချင်မော့ရန်နဲ့ပတ်သတ်နေလိမ့်မယ်ဝမ်ရိပေါ်ဟာ သူ့သူငယ်ချင်းကိုအရမ်းချစ်တာဆိုတော့သူ့သူငယ်ချင်းအတွက်နောက်ဆုတ်လိုက်တာနေမယ်

ရန်အာ...ရန်အာ...မင်းလေးကတော်တော်မွှေတာပဲရိပေါ်သာ မင်းကိုယ့်ကိုချစ်​နေမှန်းမသိခဲ့ရင် ဒီရှယ်ယာ​တွေကကို့အတွက်ဖြစ်လာခဲ့မှာထိုအချိန် ပိုင်ရိဟန်က တစ်ခုခုကိုစဉ်းစားမိသွားတယ်

"နေပါဦး...ခုနကဝမ်ရိပေါ်ပြောသွားတဲ့'ပထမတုန်းက ဟန်ကော အတွက်ဆို​ပေမဲ့ အခုတော့ ကျွန့်တော့်သတို့သားဖြစ်လာမဲ့သူအတွက်ပါ'ဆိုတဲ့အဓိပ္ပါယ်ကငါသာရိ​ပေါ်ရဲ့ချစ်သူဖြစ်သွားခဲ့ရင် အဲ့ရှယ်ယာတွေကိုရမယ်လို့ပြောချင်တာလား"

ပိုင်ရိဟန် ပြုံးလိုက်မိတယ် လူပေါ့ကြော့သခင်လေးကဘယ်ဆိုးလို့လဲအပေးအယူဘာတွေတောင်လုပ်တက်နေပြီပဲ

ကောင်းပြီလေအဲ့တာဆိုတော့ကိုလဲမင်းနဲ့ကစားပေးရတာပေါ့ကိုတကယ်ချစ်တာချင်မော့ရန်ဆိုပေမဲ့ဝမ်သခင်လေးကိုချစ်ချင်ယောင်ဆောင်တော့လဲအရှုံးတော့မရှိပါဘူး

********"သားဝမ်....ပါးမင်းကိုပြောစရာရှိတယ်"

အဖေဖြစ်သူကထမင်းစားဝိုင်းမှာစကားပြောတာအရမ်းရှားတာမို့လိုဝမ်ရိပေါ်ထမင်းစားခြင်းကိုရပ်တန့်လိုက်တယ်

"ဟုတ်...ပါးပြောပါ"

"သားမှာရည်းစားရှိပြီလား"

"မရှိသေးပါဘူးအဖေဘာလို့လဲ"

"ဒါဆိုရင်သား....သားအကိုဝမ်းကွဲနဲ့ဒိတ်ကြည့်မလား....ဒုဗိုလ်ချုပ်ရှောင်းနဲ့လေ"

*ချလွင်*

အဖေဖြစ်သူဝမ်ရိုဟန်ရဲ့စကားကြောင့်ဝမ်ရိပေါ်ကိုင်ထားတဲ့ ဇွန်းခက်ရင်းအစုံဟာ မြေပေါ်သို့သက်ဆင်းသွားရတယ်

ဝမ်ရိ​ပေါ်ဟာ ဒုဗိုလ်ချုပ်နဲ့လက်ထပ်ဖို့ပြင်ဆင်ထားပေမဲ့မလုံလောက်သေးပေသူမသေခင်တုန်းကသူ့ကိုပွေ့ဖက်ထားတဲ့သူဟာတကယ်ပဲ ဒုဗိုလ်ချုပ်ရှောင်းသာဆိုရင်....တကယ်ပဲသူ့အကိုဝမ်းကွဲသာဆိုရင်သူဘယ်လိုလုပ်ရမလဲ....သူဒုဗိုလ်ချုပ်ရှောင်းကိုအားနာလွန်းလို့ဘယ်လိုလုပ်ရမလဲ

**************Note

Wang Yibo -(အေးပါ ငါ့လောင်ကုန်းမပေါ်လာသေးတဲ့အထိတော့ရှုးနေလိုက်ပါအုံး ပိုင်ရိဟန်ရယ်)

နောက်အပိုင်းမှာ တွေ့ကြတော့မှာပါ ဗိုလ်ချုပ်ရှောင်း နဲ့ သူ့ကလေးလေး

******

There are no comments yet. Log in to be the first to leave a review!

Similar stories