Fanfics

2

19:45, 1 May 2024

"Satang အကိုကငါ့ကိုရေတိုက်တယ်သိလား ပြီးတော့.."

အရင်ရက်တုန်းက သူ့အကိုပေါက်စအိမ်ကို ရောက်ဖူးပြီးသွားတဲ့ Gemini က သူ fourth အိမ်မှာဖြစ်ခဲ့တဲ့ နာရီပိုင်းလောက်လေးကို ငါ့ကိုပြောပြောနေတာ ဒါနဲ့ဆို ၃ရက်ရှိနေပြီလေ။

"မင်း ရေမသောက်ဖူးဘူးလား မင်းပြောနေတာတွေ အကုန် ငါအလွတ်ရနေပြီ"

"ဘယ်တူမလဲကွ အကိုပေါက်စတိုက်တဲ့ သူ့အိမ်ကရေလေ"

"ရေ နင်ပြီးသေသွားရမှာ!"

ငါ နားတွေတကယ်ငြီးလာပြီမို့ ကလပ်အခန်းထဲကနေ ထွက်သွားဖို့ပြင်လိုက်သည်။

"ဟေး မင်းဘယ်သွားမလို့လဲ အကို့ဆီသွားမလို့လား ငါ့ကိုလဲခေါ်လေ"

ငါ အနောက်ကလိုက်လာတဲ့ကောင်ကို ဥပေက္ခာပြုကာ ကိုကို့ နားသွားလိုက်သည်။

"Satang မင်း မလေ့ကျင့်ဘူးလား"

ငါဖြေမလို့လုပ်နေတုန်း အနောက်က ရေတိုက်တာကို ၃ရက်လောက်ကြွားနေတဲ့ကောင်ဆီကအသံထွက်လာသည်။

"အကို fourth ကောဗျ"

"Fourth ကအခန်းထဲမှာ သူစာရေးနေလို့ ခနနေလာလိမ့်မယ်"

"အဲ့တာဆိုကျတော်ဒီမှာစောင့်လိုက်မယ်လေ ရလားဗျ"

"ရတာပေါ့ကွ"

ငါ့ကိုကိုဘေးနားဝင်ထိုင်ဖို့ပြင်နေတဲ့ gemini ကို အချိန်မနှောင်းခင် ခြေထောက်နဲ့ကန်ထုတ်လိုက်ပြီး သူ့နေရာမှာငါဝင်ထိုင်လိုက်သည်။

"Satang! နာတယ်ကွ ဘော"

Satang လျှာထုတ်ပြလိုက်ပြီး ဘေးမှာရှိတဲ့ winny နဲ့စကားစပြောလိုက်သည်။အဲ့ Gemini ဆိုတဲ့ကောင်ကိုတော့ ဘာဖြစ်ဖြစ် satang ဂရုမစိုက်ပါ။

Gemini တစ်ယောက် သူ့အကိုပေါက်စကိုစောင့်ရင်း ရေဆာလို့ ရေထုတ်သောက်ရင်း အကိုပေါက်စကိုသတိရမိသွားသည်။

အဲ့နေ့က ရေခွက်လာချပေး ပုံရိပ်လေးကို ငါ့ခေါင်းထဲမြင်ယောင်လာသည်။ရေခွက်ကလဲ snoopy ပုံပါတဲ့ခွက်လေးနဲ့ တကယ်ချစ်စရာလေးပင်!

ငါရေသောက်ရင်း ဟိုကြည့်ဒီကြည့်လုပ်နေတုန်း ငါ့အကိုပေါက်စက တနေရာကနေအပြေးလေးလာနေသည်။ဘာတွေအဲ့လောက်လောနေလဲမသိပေမဲ့ ငါကတော့ချော်လဲမှာကိုစိတ်ပူသည်။

"Satang မင်းနဲ့ gemini ကတွဲနေတာဆို"

Fourth ရဲ့စကားကြောင့် Gemini တစ်ယောက်ရေတွေတောင်သီးသွားသည်။

"ဘယ်လို ဒီကောင်နဲ့လား"

Satang ကတော့ မကျေနပ်ကာ Gemini ကိုလက်ညိုးထိုးရင်း fourth ကိုပြန်ပြောလိုက်သည်။

"မင်းဘယ်ကကြားလာတာလဲ"

"ကျောင်းကလူတွေပြောနေတာလေ ငါ့ကိုမလိမ်နဲ့ မင်းတို့ကိုအခုတစ်လော မသင်္ကာဘူးနော်"

"မင်းကအဲ့လိုပြောတိုင်း ယုံတယ်လား"

"ငါပြောပြမယ် ဇာတ်ကားတွေထဲမှာဆို အဲ့လိုမတည့်တဲ့လူတွေကဘဲ တွဲသွားကြတာလေ ပြီးတော့ သူတို့တွဲတာလူမသိအောင် ဖုံးကွယ်ထားတာမျိုး"

Gemini နဲ့ Satang မှာတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက် fourth ကိုနားမလည်နိုင်စွာကြည့်လိုက်နဲ့ပင်။

"ပေါက်ကရတွေပါကွာ သူတို့ကဘာကိစ္စတွဲရမှာလဲ မင်း သူများပြောတိုင်းအကုန်ယုံမနေနဲ့"

Winny ကတော့မနေနိုင်စွာဝင်ဟောက်လိုက်သည်။

"နော် ကိုကိုရာ မင်းဘဲပြောလိုက်"

"ဟမ် မဟုတ်ဘူးလား"

"ပေါက်ကရတွေ တွဲစရာလား အဲ့ကောင်နဲ့"

မဟုတ်ကြောင်းပြောတော့ ခေါင်းလေးကုတ်ကာ ဖြီးလာတဲ့မျက်နှာလေးကို Gemini တစ်ယောက် ရီကာကြည့်နေမိသည်။

"မင်းကရီဘဲရီနေတော့မှာလား ထ လေ့ကျင့်ရအုန်းမယ်"

"ဟမ် ငါ အခုမှ phi ကိုတွေ့ရတာလေ ခနနေပါအုန်း"

"ငါတို့နောက်ကျနေပြီ လေ့ကျင့်ဖို့ချိန်းထားတာရှိတယ်လေ"

ငါတို့ တိတ်တဆိတ်ပြောနေရင်း Gemini ကတော့စိတ်ပျက်သွားသည်။

"အင်း သွားကြမယ် ဒါနဲ့ phi ကျတော်ဒီနေ့ phi အိမ်ကိုလိုက်ခဲ့မယ်နော်"

ငါ satang နောက်မလိုက်ခင် အကိုပေါက်စလေးကို စကားလှမ်းပါးလိုက်သည်။

ပြိုင်ပွဲကမလိုတော့တာကြောင့် လေ့ကျင့်ချိန်ကအရမ်းများသွားသည်။ငါ လေ့ကျင့်ပြီးတော့အချိန်က အရမ်းနောက်ကျနေပြီမို့ အကိုပေါက်စပြန်သွားပြီထင်တယ်။

မှောင်နေပြီ ဘာလုပ်ရမလဲ Gemini...ငါ Phi အိမ်ကိုလိုက်သွားရမလား။အိမ်ဘဲပြန်ရမလား

"Gem"

"ဟမ် phi မပြန်သေးဘူးလား"

တွေးနေတုန်း ခေါ်သံကြားတော့ လှည့်ကြည့်မိတော့ အကိုပေါက်စက ငါ့ကိုစောင့်နေတုန်းဘဲ။

"အင်းလေ မင်းဘဲအိမ်လိုက်ခဲ့မှာဆို"

"အိမ်မှာဘဲစောင့်နေလိုက်ပေါ့ဗျာ ကျတော်လာမှာပေါ့"

"ရပါတယ်ကွ မင်းပြီးပြီဆိုပြန်ကြမယ်လေ"

"ဟုတ်ကဲ့ပါ phi မပျင်းဘူးလား"

"မပျင်းပါဘူး မင်းတို့လေ့ကျင့်တာကိုနားထောင်နေတာလေ"

"ဘယ်လိုလဲ ကောင်းလား phi"

"အင်း မဆိုးပါဘူးကွ ကောင်းပါတယ်"

"ကျတော့်အသံဘယ်လိုနေလဲ phi ကြိုက်လား"

"မင်းအသံကချိုချိုလေး ငါကြိုက်တယ် နားထောင်လို့လဲကောင်းတယ်"

အကိုပေါက်စရဲ့ စကားမှာ ငါ့ခန္ဓာကိုယ်ကြီးလေပေါ်မြှောက်သွားသလိုခံစားရတယ်။

"phi ဆီကအဲ့လိုကြားရတော့ ပျော်တယ်သိလားဗျ"

"အမလေးကွာ ဟုတ်ပါပြီ"

အကိုပေါက်စ အိမ်ကိုရောက်တော့ အရင်နေ့ကလို ရေတစ်ခွက်ထပ်ချပေးပြန်သည်။

ငါ ဒီတခါတော့ရေခွက်လေးကို ဓာတ်ပုံရိုက်ပြီး သိမ်းထားလိုက်သည်။

"Gemini"

"ဗျ"

"Piano ကိုဘယ်အရွယ်ထဲကသင်ခဲ့တာလဲ"

"ကျတော် မူလတန်းထဲကပေါ့"

"မင်းဝါသနာပါလို့လား"

"ဝါသနာပါတာထက် အမေ့ကြောင့်ပေါ့"

"မင်းပျော်ကောပျော်ရဲ့လား"

"အစပိုင်းတော့စိတ်ကျဉ်းကျပ်တယ် နောက်ပိုင်းတော့ ပျော်လာတာပေါ့ဗျ"

"အော်.."

ငါ့ရှေ့ကအကိုပေါက်က တစ်ခုခုကိုပြောချင်တဲ့ပုံစံလိုမျိုးဖြစ်နေတာကြောင့် ငါကဘဲစကားလမ်းကြောင်း စပေးလိုက်သည်

"အကို ကျတော့်ကို ဘာပြောချင်လို့လဲဗျ"

"အာ..ဟိုဟာ.."

"ဘယ်ဟာလဲ phi"

"မင်း အကို့ ကို piano တီးသင်ပေးလို့ရမလား"___________________မီးပျက်နေလို့မတင်ဖြစ်တာပါဗျ

Zawgyi

"Satang အကိုကငါ့ကိုေရတိုက္တယ္သိလား ၿပီးေတာ့.."

အရင္ရက္တုန္းက သူ႔အကိုေပါက္စအိမ္ကို ေရာက္ဖူးၿပီးသြားတဲ့ Gemini က သူ fourth အိမ္မွာျဖစ္ခဲ့တဲ့ နာရီပိုင္းေလာက္ေလးကို ငါ့ကိုေျပာေျပာေနတာ ဒါနဲ႔ဆို ၃ရက္ရွိေနၿပီေလ။

"မင္း ေရမေသာက္ဖူးဘူးလား မင္းေျပာေနတာေတြ အကုန္ ငါအလြတ္ရေနၿပီ"

"ဘယ္တူမလဲကြ အကိုေပါက္စတိုက္တဲ့ သူ႔အိမ္ကေရေလ"

"ေရ နင္ၿပီးေသသြားရမွာ!"

ငါ နားေတြတကယ္ၿငီးလာၿပီမို႔ ကလပ္အခန္းထဲကေန ထြက္သြားဖို႔ျပင္လိုက္သည္။

"ေဟး မင္းဘယ္သြားမလို႔လဲ အကို႔ဆီသြားမလို႔လား ငါ့ကိုလဲေခၚေလ"

ငါ အေနာက္ကလိုက္လာတဲ့ေကာင္ကို ဥေပကၡာျပဳကာ ကိုကို႔ နားသြားလိုက္သည္။

"Satang မင္း မေလ့က်င့္ဘူးလား"

ငါေျဖမလို႔လုပ္ေနတုန္း အေနာက္က ေရတိုက္တာကို ၃ရက္ေလာက္ႂကြားေနတဲ့ေကာင္ဆီကအသံထြက္လာသည္။

"အကို fourth ေကာဗ်"

"Fourth ကအခန္းထဲမွာ သူစာေရးေနလို႔ ခနေနလာလိမ့္မယ္"

"အဲ့တာဆိုက်ေတာ္ဒီမွာေစာင့္လိုက္မယ္ေလ ရလားဗ်"

"ရတာေပါ့ကြ"

ငါ့ကိုကိုေဘးနားဝင္ထိုင္ဖို႔ျပင္ေနတဲ့ gemini ကို အခ်ိန္မေႏွာင္းခင္ ေျခေထာက္နဲ႔ကန္ထုတ္လိုက္ၿပီး သူ႔ေနရာမွာငါဝင္ထိုင္လိုက္သည္။

"Satang! နာတယ္ကြ ေဘာ"

Satang လၽွာထုတ္ျပလိုက္ၿပီး ေဘးမွာရွိတဲ့ winny နဲ႔စကားစေျပာလိုက္သည္။အဲ့ Gemini ဆိုတဲ့ေကာင္ကိုေတာ့ ဘာျဖစ္ျဖစ္ satang ဂ႐ုမစိုက္ပါ။

Gemini တစ္ေယာက္ သူ႔အကိုေပါက္စကိုေစာင့္ရင္း ေရဆာလို႔ ေရထုတ္ေသာက္ရင္း အကိုေပါက္စကိုသတိရမိသြားသည္။

အဲ့ေန႔က ေရခြက္လာခ်ေပး ပုံရိပ္ေလးကို ငါ့ေခါင္းထဲျမင္ေယာင္လာသည္။ေရခြက္ကလဲ snoopy ပုံပါတဲ့ခြက္ေလးနဲ႔ တကယ္ခ်စ္စရာေလးပင္!

ငါေရေသာက္ရင္း ဟိုၾကည့္ဒီၾကည့္လုပ္ေနတုန္း ငါ့အကိုေပါက္စက တေနရာကေနအေျပးေလးလာေနသည္။ဘာေတြအဲ့ေလာက္ေလာေနလဲမသိေပမဲ့ ငါကေတာ့ေခ်ာ္လဲမွာကိုစိတ္ပူသည္။

"Satang မင္းနဲ႔ gemini ကတြဲေနတာဆို"

Fourth ရဲ့စကားေၾကာင့္ Gemini တစ္ေယာက္ေရေတြေတာင္သီးသြားသည္။

"ဘယ္လို ဒီေကာင္နဲ႔လား"

Satang ကေတာ့ မေက်နပ္ကာ Gemini ကိုလက္ညိဳးထိုးရင္း fourth ကိုျပန္ေျပာလိုက္သည္။

"မင္းဘယ္ကၾကားလာတာလဲ"

"ေက်ာင္းကလူေတြေျပာေနတာေလ ငါ့ကိုမလိမ္နဲ႔ မင္းတို႔ကိုအခုတစ္ေလာ မသကၤာဘူးေနာ္"

"မင္းကအဲ့လိုေျပာတိုင္း ယုံတယ္လား"

"ငါေျပာျပမယ္ ဇာတ္ကားေတြထဲမွာဆို အဲ့လိုမတည့္တဲ့လူေတြကဘဲ တြဲသြားၾကတာေလ ၿပီးေတာ့ သူတို႔တြဲတာလူမသိေအာင္ ဖုံးကြယ္ထားတာမ်ိဳး"

Gemini နဲ႔ Satang မွာတစ္ေယာက္ကိုတစ္ေယာက္ၾကည့္လိုက္ fourth ကိုနားမလည္နိုင္စြာၾကည့္လိုက္နဲ႔ပင္။

"ေပါက္ကရေတြပါကြာ သူတို႔ကဘာကိစၥတြဲရမွာလဲ မင္း သူမ်ားေျပာတိုင္းအကုန္ယုံမေနနဲ႔"

Winny ကေတာ့မေနနိုင္စြာဝင္ေဟာက္လိုက္သည္။

"ေနာ္ ကိုကိုရာ မင္းဘဲေျပာလိုက္"

"ဟမ္ မဟုတ္ဘူးလား"

"ေပါက္ကရေတြ တြဲစရာလား အဲ့ေကာင္နဲ႔"

မဟုတ္ေၾကာင္းေျပာေတာ့ ေခါင္းေလးကုတ္ကာ ၿဖီးလာတဲ့မ်က္ႏွာေလးကို Gemini တစ္ေယာက္ ရီကာၾကည့္ေနမိသည္။

"မင္းကရီဘဲရီေနေတာ့မွာလား ထ ေလ့က်င့္ရအုန္းမယ္"

"ဟမ္ ငါ အခုမွ phi ကိုေတြ႕ရတာေလ ခနေနပါအုန္း"

"ငါတို႔ေနာက္က်ေနၿပီ ေလ့က်င့္ဖို႔ခ်ိန္းထားတာရွိတယ္ေလ"

ငါတို႔ တိတ္တဆိတ္ေျပာေနရင္း Gemini ကေတာ့စိတ္ပ်က္သြားသည္။

"အင္း သြားၾကမယ္ ဒါနဲ႔ phi က်ေတာ္ဒီေန႔ phi အိမ္ကိုလိုက္ခဲ့မယ္ေနာ္"

ငါ satang ေနာက္မလိုက္ခင္ အကိုေပါက္စေလးကို စကားလွမ္းပါးလိုက္သည္။

ၿပိဳင္ပြဲကမလိုေတာ့တာေၾကာင့္ ေလ့က်င့္ခ်ိန္ကအရမ္းမ်ားသြားသည္။ငါ ေလ့က်င့္ၿပီးေတာ့အခ်ိန္က အရမ္းေနာက္က်ေနၿပီမို႔ အကိုေပါက္စျပန္သြားၿပီထင္တယ္။

ေမွာင္ေနၿပီ ဘာလုပ္ရမလဲ Gemini...ငါ Phi အိမ္ကိုလိုက္သြားရမလား။အိမ္ဘဲျပန္ရမလား

"Gem"

"ဟမ္ phi မျပန္ေသးဘူးလား"

ေတြးေနတုန္း ေခၚသံၾကားေတာ့ လွည့္ၾကည့္မိေတာ့ အကိုေပါက္စက ငါ့ကိုေစာင့္ေနတုန္းဘဲ။

"အင္းေလ မင္းဘဲအိမ္လိုက္ခဲ့မွာဆို"

"အိမ္မွာဘဲေစာင့္ေနလိုက္ေပါ့ဗ်ာ က်ေတာ္လာမွာေပါ့"

"ရပါတယ္ကြ မင္းၿပီးၿပီဆိုျပန္ၾကမယ္ေလ"

"ဟုတ္ကဲ့ပါ phi မပ်င္းဘူးလား"

"မပ်င္းပါဘူး မင္းတို႔ေလ့က်င့္တာကိုနားေထာင္ေနတာေလ"

"ဘယ္လိုလဲ ေကာင္းလား phi"

"အင္း မဆိုးပါဘူးကြ ေကာင္းပါတယ္"

"က်ေတာ့္အသံဘယ္လိုေနလဲ phi ႀကိဳက္လား"

"မင္းအသံကခ်ိဳခ်ိဳေလး ငါႀကိဳက္တယ္ နားေထာင္လို႔လဲေကာင္းတယ္"

အကိုေပါက္စရဲ့ စကားမွာ ငါ့ခႏၶာကိုယ္ႀကီးေလေပၚေျမႇာက္သြားသလိုခံစားရတယ္။

"phi ဆီကအဲ့လိုၾကားရေတာ့ ေပ်ာ္တယ္သိလားဗ်"

"အမေလးကြာ ဟုတ္ပါၿပီ"

အကိုေပါက္စ အိမ္ကိုေရာက္ေတာ့ အရင္ေန႔ကလို ေရတစ္ခြက္ထပ္ခ်ေပးျပန္သည္။

ငါ ဒီတခါေတာ့ေရခြက္ေလးကို ဓာတ္ပုံရိုက္ၿပီး သိမ္းထားလိုက္သည္။

"Gemini"

"ဗ်"

"Piano ကိုဘယ္အရြယ္ထဲကသင္ခဲ့တာလဲ"

"က်ေတာ္ မူလတန္းထဲကေပါ့"

"မင္းဝါသနာပါလို႔လား"

"ဝါသနာပါတာထက္ အေမ့ေၾကာင့္ေပါ့"

"မင္းေပ်ာ္ေကာေပ်ာ္ရဲ့လား"

"အစပိုင္းေတာ့စိတ္က်ဥ္းက်ပ္တယ္ ေနာက္ပိုင္းေတာ့ ေပ်ာ္လာတာေပါ့ဗ်"

"ေအာ္.."

ငါ့ေရွ႕ကအကိုေပါက္က တစ္ခုခုကိုေျပာခ်င္တဲ့ပုံစံလိုမ်ိဳးျဖစ္ေနတာေၾကာင့္ ငါကဘဲစကားလမ္းေၾကာင္း စေပးလိုက္သည္

"အကို က်ေတာ့္ကို ဘာေျပာခ်င္လို႔လဲဗ်"

"အာ..ဟိုဟာ.."

"ဘယ္ဟာလဲ phi"

"မင္း အကို႔ ကို piano တီးသင္ေပးလို႔ရမလား"___________________မီးပ်က္ေနလို႔မတင္ျဖစ္တာပါဗ်

There are no comments yet. Log in to be the first to leave a review!

More by louis-nattawat

Similar stories