Fanfics

THE END

17:37, 22 October 2022

ေတာင္တန္းေတြ ၀န္းရံေနတဲ့ေနရာတစ္ခု ေကာင္ေလးတစ္ေယာက္ႏိုးလာခဲ့ျပီေပါ့။သို့ေသာ္ သူ့ေျခေထာက္က လွုပ္လို့မရေပ ဟုတ္သားပဲ မီးေလာင္မွုေၾကာင့္ သူ့ေျခေထာက္တစ္ပိုင္းေသသြားတယ္ေလ။ ဆရာ၀န္ေျပာတာက ခနသာပဲတဲ့ ေနာက္ေလ့က်င့္ခန္းေတြလုပ္ရင္ ျပန္ေကာင္းလာလိမ့္မယ္တဲ့။

''ကိုကို ႏိုးေနျပီလား  ကၽြန္ေတာ့္ကိုေခၚလိုက္ေရာေပါ့''

အခန္းထဲကို ထယ္ေယာင္း၀င္လာတယ္။တစ္ႏွစ္ေတာင္ၾကာျပီဆိုေတာ့ ထယ္ေလးလည္းအျပည့္အ၀ေကာင္းေနျပီျဖစ္တယ္။

''ကုိကို လာကၽြန္ေတာ္ထူေပးမယ္''

''မလုိဘူး ထယ္ေလး  ကိုယ့္ဘာသာထႏိုင္တယ္''

ျငင္းေနျပီး သူ့ဘာသာထဖို့လုပ္ေနတဲ့ ကိုကို့ေၾကာင့္ထယ္ေလးလည္းအခက္ေတြ့ရျပန္ျပီ။ထိုအခ်ိန္လူတစ္ေယာက္အခန္းထဲကို၀င္လာခဲ့တယ္။

''ထပ္ျပီးေတာ့ ေခါင္းမာေနျပန္ျပီလား ယြန္ဂီ''

''ေအး ေဂ်ာင္ဂု မင္းပဲ မင္းေယာက်ာ္းကိုၾကည့္ေျပာေတာ့ ငါလည္းမႏိုင္ဘူး သြားျပီ ''

ထယ္ေလးထြက္သြားေတာ့ ေဂ်ာင္ဂုဟာ ယြန္ဂီ့ကိုမ်က္ေစာင္းထိုးလာပါေလေရာ။ ယြန္ဂီကလည္း မ်က္လံုးကလယ္ကလယ္နဲ့ ၾကည့္လိုက္ေလသည္။

''အား ေဂ်ာင္ဂုကလည္း ငါကသူမ်ားအကူအညီတစ္ခ်ိန္လံုးယူေနလို့မွမရတာ''

''ကိုယ္ကလည္းတစ္ခ်ိန္လံုးလို့ေျပာေနတာမွမဟုတ္တာ ဆရာ၀န္ေျပာတဲ့အခ်ိန္အထိပဲ ေခါင္းမမာဘဲ နားေနပါလို့ ျပီးေတာ့ ေျခေထာက္က ခဲြစိတ္ထားတာေလ ခနခနလွုပ္ေနရင္ ဘယ္လိုျပန္ေကာင္းလာေတာ့မွာလဲ    ကိုယ္မင္းကိုမနည္းျပန္ေကာင္းေအာင္လုပ္ထားရတာေလ...ယြန္ဂီ မင္းကိုယ့္အတြက္နည္းနည္းေလးေတာင္မေတြးေပးေတာ့ဘူးလား''

ဒီလိုဆိုေတာ့လည္း ယြန္ဂီတို့ စိတ္မေကာင္းရေတာ့ျပန္တယ္။ အဲ့ေန့ကို ျပန္ေတြးၾကည့္ရင္လည္းမေန့တစ္ေန့ကလို

ေသြးေတြေပက်ံေနတဲ့ ယြန္ဂီ့ကို မီးေတြရဲ့အလယ္မွာ ေတြ့လိုက္ရတယ္။ ေဂ်ာင္ဂုတစ္ေယာက္ ယြန္ဂီ့ကို ေပြ့ခ်ီျပီး အျပင္ကုိ ထြက္ဖို့ျပင္လိုက္ေပမယ့္ သူတို့ ေဘးပတ္လည္မွာ မီးေတြ၀န္းရံေနေလေရာ။ေသြးေတြလ်ံထြက္ေနတဲ့ ယြန္ဂီ့ရဲ့၀မ္းဗိုက္ကို အက်ီနဲ့ဖိထားလိုက္ျပီး သယ္လာလိုက္တယ္။ အျပန္လမ္းရွာမေတြ့ေတာ့တဲ့ ေဂ်ာင္ဂုဟာ ထြက္ေပါက္မဲ့ေနျပီျဖစ္တယ္။

ထိုအခ်ိန္

''ဒီဘက္မွာ ျမန္ျမန္''

နမ္ဂၽြန္ဦးေလးကိုျမင္လိုက္ရတယ္။ နမ္ဂၽြန္ဦးေလးက တစ္ကိုယ္လံုးေရေတြစိုရဲႊေနျပီး တံခါးကေန၀င္လာခဲ့တယ္။ထို့ေနာက္ ေဂ်ာင္ဂုကလည္း ဦးေလးဘက္ကို ေျပးသြားျပီး ယြန္ဂီ့ကို ဦးေလးေက်ာေပၚတင္ေပးလိုက္တယ္။ သသူတို့တံခါးေနျပန္အထြက္မွာပဲယြန္ဂီ့ရဲ့ ကိုယ္ေပၚကုိ မီးတုတ္တစ္ခုက်လာေတာ့ ေဂ်ာင္ဂုကလည္း သူ့ညာလက္ေမာင္းနဲ့ခံလိုက္ေတာ့ ေဂ်ာင္ဂုရဲ့လက္ေသြးကြက္သြားေလသည္။ ယြန္ဂီရဲ့ေျခသလံုးမွာလည္း မီးစဲြသြားကာ ေသြးေတြျမင္မေကာင္းေအာင္ လ်ံထြက္ေနေလသည္။

သူတို့အေဆာက္အအံုကေန ထြက္ျပီး ေဆးရံုကားနဲ့ေဆးရံုကုိလိုက္သြားခဲ့တယ္။ ယြန္ဂီကေတာ့ ေျခေထာက္ကို တစ္ႏွစ္ေလာက္အခ်ိန္ယူကုလိုက္ရျပီး ေဂ်ာင္ဂုကေတာ့ သူ့တစ္သက္လက္ေမာင္းမွာအမာရြတ္စဲြသြားပါတယ္။

အခုခ်ိန္မွာေတာ့ သူတို့ႏွစ္ေယာက္ဟာ ဧည့္ခန္းမွာထိုင္ေနၾကတယ္။ ယြႏ္ဂီ့ကို ရင္ခြင္ထဲမွာ ထည့္ထားျပီး စကားတီတီတာတာေတြေျပာေနၾကတယ္။  ထိုအခ်ိန္တီပီထဲမွာ လာေနတဲ့သတင္းေၾကာင့္ႏွစ္ေယာက္သား တိတ္ဆိတ္သြားၾကတယ္။

''Safe ေဆး company ဟာဆိုရင္  ကင္ဆာကုသေဆးဟုထုတ္လုပ္လိုက္ေသာ ေဆးအတုေၾကာင့္ ရွယ္ယာရွင္ေတြေသာင္းက်န္းေနျပီး အဓိကေဆးထုတ္လုပ္ေဖာ္စပ္သူ ဂ်န္ဆူယြန္းကုိလည္း တရားစဲြဆိုထားပါတယ္   ေယာက်ာ္းျဖစ္သူကတရား၀င္ကြာရွင္းခြင့္ေတာင္းဆိုခံထားရသူျဖစ္ျပီး သမီးျဖစ္သူ ကန္ဆိုးဂ်င္နဲ့လည္ လတ္တေလာ ရန္ျဖစ္ထားတဲ့ ဗီဒီယိုဖိုင္ဟာလည္း ပ်ံနွံ့ေနပါတယ္....ေနာက္ထပ္တင္ဆက္မယ့္သတင္းကေတာ့   .......''

သတင္းကိုေတြ့လို့တုန္ယင္လာတဲ့ ယြန္ဂီရဲ့လက္ကို ေဂ်ာင္ဂုဆုတ္ကိုင္ထားလိုက္တယ္။

''ဒါက ဂ်င္လက္ခ်က္ဟုတ္တယ္မလား''

''အစ္ကိုဂ်င္ကလည္း သူ့အေဖအတြက္ လက္စားေခ်ခ်င္မွာေပါ့ ေတာ္ေသးလို့အဲ့ညက အစ္ကိုဂ်င္ မသတ္မိလိုက္လို့ .....ဒီလိုလက္စားေခ်တာကလည္း တရားနည္းလမ္းက်ပါတယ္''

ေဂ်ာင္ဂုေျပာသမွ်ကို ယြန္ဂီေခါင္းတစ္ျငိမ့္ျငိမ့္နဲ့ နားေထာင္ေနေလသည္။ ထို့ေနာက္

''အေမကေလ ဘာလုိ့ ငါ့ကိုမခ်စ္တာလဲမသိဘူး မခ်စ္ရင္ ဘာလို့ေမြးထားေသးတာလဲ''

ယြႏ္ဂီဒီလိုေျပာေတာ့ သူ့မွာစိတ္မေကာင္းျဖစ္ရျပန္တယ္။ ကိုယ့္မိဘေတြအေသေစာခဲ့ၾကေပမယ့္ သူတို့ကိုယ့္ကိုခ်စ္ေနမွန္းေတာ့ ေဂ်ာင္ဂုသိတယ္။ ယြန္ဂီထက္စာရင္ ေဂ်ာင္ဂုကအမ်ားၾကီးပိုအဆင္ေျပတယ္။

''နားေထာင္ေနာ္ ယြန္ဂီ  ယြန္ဂီ့အေမကမခ်စ္ရင္ေတာင္ ယြန္ဂီ့အေဖကို ေတြးၾကည့္ဖူးလား ယြန္ဂီသူ့ကိုေမ့ထားတယ္လို့မထင္ဘူးလား ...သူ့ကို ယြန္ဂီသြားမေတြ့ခ်င္ဘူးလား''

ဆိုေတာ့ ယြန္ဂီေတြးမိျပန္တယ္။ ဟုတ္သားပဲ သူတစ္ခါမွေတာင္ အေဖ့အုတ္ဂူကိုအလည္မသြားခဲ့ဖူးဘူး။အေမဆိုတဲ့စိတ္အစဲြေၾကာင့္သာ အေဖ့ကိုေမ့ထားခဲ့တာ အေဖကလည္း ငါ့လိုမ်ားေတြးေနမလား   ငါကအေဖ့ကိုမခ်စ္ဘူးဆိုျပီးေလ။

ယြန္ဂီ ေဂ်ာင္ဂုကိုၾကည့္လိုက္ကာ

''ေဂ်ာင္ဂု   ငါအေဖ့ဆီကိုသြားခ်င္တယ္''

''ရတာေပါ့ ကိုယ္လိုက္ပို့ေပးမယ္  အဆင္ေျပသြားမွာပါ''

ဆိုရင္း ေဂ်ာင္ဂုသည္ ယြန္ဂီ့ကို ရင္ခြင္ထဲ ဆဲြသြင္းကာ ဖက္ထားေလသည္။ ဒီလူသားေလးက သူ့အရာရာေလးျဖစ္တာေၾကာင့္ေနာက္တစ္ၾကိမ္ေတာ့သူ့ဆီကေန ဆဲြမထုတ္သြားၾကပါနဲ့။

ဧည့္ခန္းမွာ ထိုင္ေနၾကတဲ့ အတဲြကိုၾကည့္ရင္း ျပတင္းေပါက္ေဘးမွာရပ္ေနတဲ့ေကာင္ေလးဟာေတာ့မ်က္ရည္ေတြနဲ့ေပါ့။

''တကယ္ဆို ကၽြန္ေတာ္တို့ အရင္ခ်စ္ခဲ့ၾကတာပါ ..အခုဆို ခင္မ်ားဘယ္ကိုေရာက္ေနမလဲ ကၽြန္ေတာ္ကေတာ့ ခင္မ်ားကိုေတြ့ေနရက္နဲ့  ေပြ့ဖက္ခြင့္မရႏိုင္ဘူး....ခင္မ်ားအေမနဲ့ခင္မ်ားကသိပ္တူတယ္   ခင္မ်ားသိပ္တစ္ကို္ယ္ေကာင္းဆန္တယ္ suga''

ေကာင္ေလးဟာ အတိတ္ေန့ရက္က ဒန္းေလးေပၚမွာအတူထိုင္ေနခဲ့ၾကတဲ့ အခ်ိန္ေလးကိုေမ့မရခဲ့ေသးေပမယ့္ သူခ်စ္ခဲ့တဲ့လူကေတာ့ ဘယ္ကိုမွန္းမသိခရီးႏွင္သြားခဲ့တာက သူမ်ားေတြလို အုတ္ဂူေတာင္မရိွဘူး။

ခင္မ်ားေပၚလာတုန္းကဘယ္သူမွသတိမထားမိၾကသလို ခင္မ်ားေပ်ာက္သြားေတာ့လည္း ဘယ္သူမွ ဂရုမစိုက္ၾကဘူး။

~~~~~~~~~~~~~

ေဂ်ာင္ဂုသည္ ယြန္ဂီ့ကို ဆိုင္တစ္ေနရာမွာ ထိုင္ထားခိုင္းျပီး သူကေတာ့ စတိုးဆိုင္တစ္ခုမွာ လိုအပ္တာေတြ၀ယ္ေနခဲ့တယ္။ထိုအခ်ိန္မွာပဲ

''jungkook ''

ေခၚသံေၾကာင့္ေနာက္လွည့္ၾကည့္လိုက္ေတာ့ ေဆာေယာင္းနဲ့ဂ်င္မီျဖစ္ေနခဲ့တယ္။ႏွစ္ေယာက္လံုးကလည္း ခရီးေဆာင္အိတ္ေတြနဲ့။

''တစ္ေယာက္တည္းလား ေဂ်ာင္ဂု''

''မဟုတ္ဘူး ယြန္ဂီပါတယ္ ဟိုဘက္က ေကာဖီဆို္င္မွာ ခနထိုင္ေနတယ္''

''ေအာ္ ဟုတ္လား ဒါဆို ငါအစ္ကိုနဲ့စကားသြားေျပာအုန္းမယ္ေနာ္''

ဆိုကာ ဂ်ီမင္က ခရီးေဆာင္အိတ္ကိုထားခဲ့ကာ အျပင္ကိုေျပးသြားေလတယ္။ထိုအခ်ိန္ေဆာေယာင္းက

''ေနေကာင္းတယ္ေနာ္ ေဂ်ာင္ဂု အခုတေလာ ဘာအလုပ္လုပ္ေနလဲ''

''ဒီတိုင္း company နဲ့ပဲ ပတ္ခ်ာလည္ေနတာေပါ နင္ကေရာ အထုပ္ေတြနဲ့ ဘယ္သြားၾကမလို့လဲ''

''ငါနဲ့ ဂ်ီမင္နဲ့ ေအဂ်င္စီတစ္ခုဖြင့္ၾကမလို့ အခုလည္း ပဲရစ္ဖက္ရွင္ရိွုးပြဲသြားၾကမလို့ နင္ကေရာ အစ္ကိုယြန္ဂီနဲ့ဘာေတြလဲ''

''ဟက္ လက္ထပ္ၾကေတာ့မလို့ ယြန္ဂီကအခ်ိန္ယူခ်င္ေသးတယ္ဆိုလို့.....''

ေဂ်ာင္ဂုေျပာလုိုက္ေတာ့ ေဆာေယာင္းကရယ္ေမာလိုက္ျပီး

''congratulations ေနာ္ လက္ထပ္ပဲြၾကရင္လာခဲ့အုန္းမယ္ အဲ့အခ်ိန္က်ရင္ ငါဓာတ္ပံုရိုက္ေပးမယ္ေနာ္ တကယ္၀မ္းသာပါတယ္ နင္အဆင္ေျပတာျမင္ေတာ့ ငါလည္းအဆင္ေျပေနပါျပီ''

''ဒါျဖင့္ ငါသြားေတာ့မယ္ေနာ္ ယြန္ဂီေစာင့္ေနလိမ့္မယ္ ငါထြက္လာတာလည္း ၾကာျပီဆိုေတာ့''

''ေအးေအး''

ထြက္သြားတဲ့ေက်ာျပင္ကိုၾကည့္ရင္း ေဆာေယာင္းရင္တစ္က်စ္က်စ္နာလာသည္။တစ္ျခားသူေၾကာင့္ျဖစ္လာတဲ့ နင့္အျပံုးေတြက ငါ့ကိုနာက်င္ေစတယ္ ေဂ်ာင္ဂု ....

တစ္ျခားတစ္ေယာက္ရဲ့နာမည္ေခၚရင္း စိတ္လွုပ္ရွားေနတဲ့နင့္အမူအရာက ငါ့ကို နာက်င္ေစတယ္..

ဒါမယ့္ငါေနႏိုင္ေအာင္ၾကိုးစားမွာပါ ဘာလို့လဲဆိုေတာ့ ငါနင့္အေပၚအေၾကြးေတြအရမ္းမ်ားေနျပီျဖစ္လို့ပဲ...။

တစ္ဖက္မွာ ယြန္ဂီနဲ့ ဂ်ီမင္လည္းစကားေျပာလို့အျပီးမွာေဂ်ာင္ဂုေရာက္လာခဲ့တယ္။အဲ့ေနာက္ဂ်ီမင္လည္းထြက္သြားျပီး သူတို့ အေဖ့အုတ္ဂူကို ကားေမာင္းလာခဲ့တယ္။

အေဖ့အုတ္ဂူေရာက္ေတာ့ ေဂ်ာင္ဂုကပဲ အုတ္ဂူေရွ့မွာ ကန္ေတာ့ပဲြ  အရက္ အသီးအႏွံေတြခ်ခင္းလိုက္တယ္။အဲ့ေနာက္ ယြန္ဂီ့ကို ၀ီွးခ်ဲကေန ေပြ့ခ်ီျပီး ေျမၾကီးမွာထိုင္ခိုင္းလိုက္တယ္။ထိုအခ်ိန္ယြန္ဂီဟာ

'' အေဖ  ေနေကာင္းလား ကၽြန္ေတာ္မလာျဖစ္တာအရမ္းၾကာသြားတယ္ေနာ္ ကၽြန္ေတာင္္းပန္ပါတယ္ အေဖ ကၽြန္ေတာမွားသြားတယ္ တကယ္ဆို ကၽြန္ေတာ့္မွာ အေဖရိွရက္သားနဲ့ကြာ.....အဟင့္ ဟင့္...''

မ်က္ရည္ဟာမထိန္းႏိုင္စြာနဲ့ ငိုခ်လာခဲ့တယ္။

''အေဖ   ေနာက္ဆို ကၽြန္ေတာ္ခနခနလာျဖစ္ေအာင္ၾကုးစားပါ့မယ္ ကၽြန္ေတာ္ကေလ ကၽြန္ေတာ့္အခန္းေမွာင္ေနခဲ့တာကိုပဲ သိခဲ့တယ္  ကၽြန္ေတာ္ေခါင္းမွာမိုးေရစိုခဲ့တာပဲသိတယ္  ကၽြန္ေတာ္အထီးက်န္တာကိုပဲသိတယ္ ကၽြန္ေတာ္နာက်င္ခဲ့ရတာပဲသိတယ္ တကယ္ဆို အေဖကပိုနာက်င္ခဲ့ရမွာပါ ........အေဖပိုအထီးက်န္ေနခဲ့မွာပါ  အေဖပိုေအးေနခဲ့မွာပါ

ကၽြန္ေတာ္အေဖ့ဘက္ကိုမၾကည့္ႏိုင္ခဲ့ဘူး.....'''

~~~~~~~~~~~

အတန္ၾကာတဲ့အထိ ယြန္ဂီအေဖ့ကိုအေဖာ္ျပုေပးျပီးတာနဲ့  ၀ီွးခ်ဲေပၚတက္ကာ အိမ္ကိုျပန္လာခဲ့တယ္။

''မင္းကိုလည္းတကယ္အားနာတယ္ suga တကယ္ဆို မင္းကငါ့အမုန္းေတြေၾကာင့္ျဖစ္လာခဲ့ရတာပါ မင္းလည္းအခုေလာက္ဆိုေအးခ်မ္းေနေရာေပါ့....''

ဆိုရင္း ေဂ်ာင္ဂုတြန္းေနတဲ့ ၀ီွးခ်ဲမွာ ထိုင္ကာ ႏွလံုးသားမွာလက္တင္ရင္း ေတြးေနခဲ့တယ္။

အခန္းကိုေရာက္ေတာ့ ေဂ်ာင္ဂုဟာ ယြန္ဂီ့ကိုခ်ီကာ ကုတင္ေပၚမွာခ်ထားလိုက္တယ္။ျပီးေတာ့ ေရပတ္တုိက္ေပးဖို့ျပင္ဆင္လိုက္တယ္။ယြန္ဂီကလည္း ေဂ်ာင္ဂုလုပ္သမွ်က္ိထိုင္ၾကည့္ေနခဲ့တယ္။တကယ္ခ်စ္ဖို့ေကာင္းတဲ့ ငါေယာက်ာ္းပါလား....ေတာ္ေတာ္ဂုဏ္ဆာဖို့ေကာင္းတဲ့ေယာက်ာ္း....

ေဂ်ာင္ဂုက ယြန္ဂီ့မ်က္ႏွာကိုပု၀ါႏုတစ္ခုနဲ့ သုတ္ေပးကာ

''ဒီညႏွင္းက်မယ္တဲ့ ကိုယ္တို့အတူၾကည့္ၾကမလား  ''

''အင္းၾကည့္ၾကတာေပါ....''

ထိုသို့ျဖင့္ ယြန္ဂီ့ကို အ၀တ္အစားေႏြးေႏြးေထြးေထြးေလး၀တ္ေပးျပီး သူတို့အတူျပတင္းေပါက္ကိုဖြင့္ကာ ေဘးမွာ မီးေမြးထားျပီး ထိုင္ေနာကတယ္။  ဆိုးလ္မွာက ကားလမ္းနဲ့အရမ္းရွုုပ္တာေၾကာင့္ ေရကန္နဲ့ေတာအုပ္ေလးနဲ့နီးတဲ့ေနရာတစ္ခုကိုေျပာင္းလာခဲ့တယ္။

ျပတင္းေပါက္ေနတဆင့္အျပင္ကို ၾကည့္ေနရင္းေလေအးတိုက္လာတာေၾကာင့္ ေဂ်ာင္ဂုကျပတင္းေပါက္ကိုပိတ္လိုက္တယ္။

ႏွင္းမက်ခင္အခ်ိန္အထိလည္း ေဂ်ာင္ဂုဟာ ယြန္ဂီ့ကို စာအုပ္ဖတ္ျပေနခဲ့တယ္။

''ေျမေခြးကမင္းသားေလးကိုေျပာလိုက္တယ္   ' မင္းကငါအတြက္ေထာင္ေပါင္းမ်ားစြာထဲက ေကာင္းေလးတစ္ေယာက္ပဲ ငါမင္းကိုမလိုအပ္ဘူး....မင္းအတြက္ကလည္း ငါကေထာင္ေပါင္းမ်ားစြာထဲကေျမေခြးတစ္ေကာင္ပဲ မင္းလည္းငါ့ကုိမလိုအပ္ဘူး တကယ္လို့ မင္းကငါ့ကိုယဥ္ပါးလာေအာင္လုပ္ႏိုင္မယ္ဆိုရင္ မင္းနဲ့ငါကတစ္ေယာက္ကိုတစ္ေယာက္လိုအပ္လာမယ္ တစ္ေယာက္အတြက္တစ္ေယာက္ထူးျခားလာလိမ့္မယ္....'    ''

ေဂ်ာင္ဂုေျပာေနရင္း ေကာင္ေလးကိုၾကည့္လိုက္ေတာ့ အိပ္ေပ်ာ္ေနေလျပိျဖစ္တယ္ ပါးစပ္ကေလးကဟလို့။ေဂ်ာင္ဂုရယ္ေမာလိုက္ျပီး ယြန္ဂီ့ကို ေပြ့ခ်ီကာကုတင္ေပၚမွာလဲေလ်ာင္းေစလိုက္တယ္။ထို့ေနာက္သူထမယ္အလုပ္မွာပဲ ယြႏ္ဂီက သူ့လက္ကိုဆဲြကိုင္ကာ

''အတူတူအိပ္ရေအာင္''

ဆိုေတာ့ ေဂ်ာင္ဂုကလည္း မီးပိတ္လိုက္ကာ ယြန္ဂီ့အနားမွာ၀င္လဲလိုက္တယ္.ထိုအခ်ိန္ေကာင္ေလးဟာ မိမိရင္ခြင္ထဲကို၀င္လာေလေတာ့ ေဂ်ာင္ဂုကလည္း တင္းက်ပ္စြာေပြ့ဖက္ထားလိုက္တယ္။ ခနမွ်အၾကာေတာ့ ျပတင္းေပါက္ေန တဆင့္အျပင္မွာႏွင္းက်ေနတာကိုျမင္လိုက္ရတယ္။

ေဂ်ာင္ဂုဟာေကာင္ေလးရဲ့ ခ်ယ္ရီေရာင္ ႏွုတ္ခမ္းေလးကို နမ္းရိွုက္လုိက္ျပီး

''ခ်စ္တယ္ ကိုယ့္ေယာက်ာ္းေလးေရ ကိုယ္ညတိုင္းဒီလိုေလးမင္းနဲ့အတူအိပ္ခ်င္တယ္''

ဆိုေတာ့ ယြန္ဂီက ေဟာက္ေတာင္ေဟာက္ေနျပီျဖစ္တယ္။ ဒီလိုဆိုေတာ့ ေဂ်ာင္ဂုတစ္ေယာက္ ရယ္ခ်င္စိတ္ကိုမနည္းထိန္းျပီး အိပ္ရတယ္။ မအိပ္ခင္အသံကသြင္းထားေသးတယ္ မနက္က်ရင္ ကိုယ့္ေယာက်ာ္းေလးကိုစဖို့....

ဒီလိုနဲ့ ႏွင္းက်တဲ့ေန့ကစျပီ ဒီေကာင္ေလးႏွစ္ေယာက္ဟာ မတူညီတဲ့ႏိုးထျခင္းနဲ့အတူႏိုးထလာခဲ့ၾကပါတယ္။သို့ေသာ္အခ်စ္ေတြကတူညီေနဆဲပါ။တစ္ခါတစ္ေလ သူတို့အခ်စ္ေတြကပ်င္းစရာေကာင္းတယ္လို့ထင္ရလိမ့္မယ္ ဒါမယ့္သူတို့ကသာမန္ဆန္စြာနဲ့ခ်စ္ေနၾကတာပါ။

အခ်စ္ဟာ ေပးဆပ္အနစ္နာခံျခင္းမဟုတ္သလို ရယူျခင္းလည္းမဟုတ္ခဲ့ပါဘူး  ကိုယ့္အျပုအမူေၾကာင့္ျဖစ္ေပၚလာတဲ့သူ့မ်က္ႏွာထက္က အျပံုးေလးေတြပါ......

... အခ်စ္ဆိုတာ ပံုစံအမ်ိုးမ်ိုးေနရာအမ်ိုးမ်ိုးကေန ျဖစ္လာႏိုင္တယ္  ခ်စ္ေနတဲ့စိတ္ကပဲ အေရးၾကီးတယ္...  တစ္စံုတစ္ေယာက္ကကိုယ့္ကိုခ်စ္ေနတာက ၀မ္းသာစရာျဖစ္ျပီး တစ္စံုတစ္ေယာက္ကို ကိုယ္ကခ်စ္ေနရတာလည္း စိတ္ၾကည္ႏူးစရာပါ.....

                                                             နတ္ဆိုး

                                                                  THE END

~~~~~~~~~~~~

unicode

တောင်တန်းတွေ ဝန်းရံနေတဲ့နေရာတစ်ခု ကောင်လေးတစ်ယောက်နိုးလာခဲ့ပြီပေါ့။သို့သော် သူ့ခြေထောက်က လှုပ်လို့မရပေ ဟုတ်သားပဲ မီးလောင်မှုကြောင့် သူ့ခြေထောက်တစ်ပိုင်းသေသွားတယ်လေ။ ဆရာဝန်ပြောတာက ခနသာပဲတဲ့ နောက်လေ့ကျင့်ခန်းတွေလုပ်ရင် ပြန်ကောင်းလာလိမ့်မယ်တဲ့။

''ကိုကို နိုးနေပြီလား ကျွန်တော့်ကိုခေါ်လိုက်ရောပေါ့''

အခန်းထဲကို ထယ်ယောင်းဝင်လာတယ်။တစ်နှစ်တောင်ကြာပြီဆိုတော့ ထယ်လေးလည်းအပြည့်အ၀ကောင်းနေပြီဖြစ်တယ်။

''ကိုကို လာကျွန်တော်ထူပေးမယ်''

''မလိုဘူး ထယ်လေး ကိုယ့်ဘာသာထနိုင်တယ်''

ငြင်းနေပြီး သူ့ဘာသာထဖို့လုပ်နေတဲ့ ကိုကို့ကြောင့်ထယ်လေးလည်းအခက်တွေ့ရပြန်ပြီ။ထိုအချိန်လူတစ်ယောက်အခန်းထဲကိုဝင်လာခဲ့တယ်။

''ထပ်ပြီးတော့ ခေါင်းမာနေပြန်ပြီလား ယွန်ဂီ''

''အေး ဂျောင်ဂု မင်းပဲ မင်းယောက်ျားကိုကြည့်ပြောတော့ ငါလည်းမနိုင်ဘူး သွားပြီ ''

ထယ်လေးထွက်သွားတော့ ဂျောင်ဂုဟာ ယွန်ဂီ့ကိုမျက်စောင်းထိုးလာပါလေရော။ ယွန်ဂီကလည်း မျက်လုံးကလယ်ကလယ်နဲ့ ကြည့်လိုက်လေသည်။

''အား ဂျောင်ဂုကလည်း ငါကသူများအကူအညီတစ်ချိန်လုံးယူနေလို့မှမရတာ''

''ကိုယ်ကလည်းတစ်ချိန်လုံးလို့ပြောနေတာမှမဟုတ်တာ ဆရာဝန်ပြောတဲ့အချိန်အထိပဲ ခေါင်းမမာဘဲ နားနေပါလို့ ပြီးတော့ ခြေထောက်က ခွဲစိတ်ထားတာလေ ခနခနလှုပ်နေရင် ဘယ်လိုပြန်ကောင်းလာတော့မှာလဲ ကိုယ်မင်းကိုမနည်းပြန်ကောင်းအောင်လုပ်ထားရတာလေ...ယွန်ဂီ မင်းကိုယ့်အတွက်နည်းနည်းလေးတောင်မတွေးပေးတော့ဘူးလား''

ဒီလိုဆိုတော့လည်း ယွန်ဂီတို့ စိတ်မကောင်းရတော့ပြန်တယ်။ အဲ့နေ့ကို ပြန်တွေးကြည့်ရင်လည်းမနေ့တစ်နေ့ကလို

သွေးတွေပေကျံနေတဲ့ ယွန်ဂီ့ကို မီးတွေရဲ့အလယ်မှာ တွေ့လိုက်ရတယ်။ ဂျောင်ဂုတစ်ယောက် ယွန်ဂီ့ကို ပွေ့ချီပြီး အပြင်ကို ထွက်ဖို့ပြင်လိုက်ပေမယ့် သူတို့ ဘေးပတ်လည်မှာ မီးတွေဝန်းရံနေလေရော။သွေးတွေလျံထွက်နေတဲ့ ယွန်ဂီ့ရဲ့ဝမ်းဗိုက်ကို အကျီနဲ့ဖိထားလိုက်ပြီး သယ်လာလိုက်တယ်။ အပြန်လမ်းရှာမတွေ့တော့တဲ့ ဂျောင်ဂုဟာ ထွက်ပေါက်မဲ့နေပြီဖြစ်တယ်။

ထိုအချိန်

''ဒီဘက်မှာ မြန်မြန်''

နမ်ဂျွန်ဦးလေးကိုမြင်လိုက်ရတယ်။ နမ်ဂျွန်ဦးလေးက တစ်ကိုယ်လုံးရေတွေစိုရွှဲနေပြီး တံခါးကနေဝင်လာခဲ့တယ်။ထို့နောက် ဂျောင်ဂုကလည်း ဦးလေးဘက်ကို ပြေးသွားပြီး ယွန်ဂီ့ကို ဦးလေးကျောပေါ်တင်ပေးလိုက်တယ်။ သသူတို့တံခါးနေပြန်အထွက်မှာပဲယွန်ဂီ့ရဲ့ ကိုယ်ပေါ်ကို မီးတုတ်တစ်ခုကျလာတော့ ဂျောင်ဂုကလည်း သူ့ညာလက်မောင်းနဲ့ခံလိုက်တော့ ဂျောင်ဂုရဲ့လက်သွေးကွက်သွားလေသည်။ ယွန်ဂီရဲ့ခြေသလုံးမှာလည်း မီးစွဲသွားကာ သွေးတွေမြင်မကောင်းအောင် လျံထွက်နေလေသည်။

သူတို့အဆောက်အအုံကနေ ထွက်ပြီး ဆေးရုံကားနဲ့ဆေးရုံကိုလိုက်သွားခဲ့တယ်။ ယွန်ဂီကတော့ ခြေထောက်ကို တစ်နှစ်လောက်အချိန်ယူကုလိုက်ရပြီး ဂျောင်ဂုကတော့ သူ့တစ်သက်လက်မောင်းမှာအမာရွတ်စွဲသွားပါတယ်။

အခုချိန်မှာတော့ သူတို့နှစ်ယောက်ဟာ ဧည့်ခန်းမှာထိုင်နေကြတယ်။ ယွန်ဂီ့ကို ရင်ခွင်ထဲမှာ ထည့်ထားပြီး စကားတီတီတာတာတွေပြောနေကြတယ်။ ထိုအချိန်တီပီထဲမှာ လာနေတဲ့သတင်းကြောင့်နှစ်ယောက်သား တိတ်ဆိတ်သွားကြတယ်။

''Safe ဆေး company ဟာဆိုရင် ကင်ဆာကုသဆေးဟုထုတ်လုပ်လိုက်သော ဆေးအတုကြောင့် ရှယ်ယာရှင်တွေသောင်းကျန်းနေပြီး အဓိကဆေးထုတ်လုပ်ဖော်စပ်သူ ဂျန်ဆူယွန်းကိုလည်း တရားစွဲဆိုထားပါတယ် ယောက်ျားဖြစ်သူကတရားဝင်ကွာရှင်းခွင့်တောင်းဆိုခံထားရသူဖြစ်ပြီး သမီးဖြစ်သူ ကန်ဆိုးဂျင်နဲ့လည် လတ်တလော ရန်ဖြစ်ထားတဲ့ ဗီဒီယိုဖိုင်ဟာလည်း ပျံနှံ့နေပါတယ်....နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ .......''

သတင်းကိုတွေ့လို့တုန်ယင်လာတဲ့ ယွန်ဂီရဲ့လက်ကို ဂျောင်ဂုဆုတ်ကိုင်ထားလိုက်တယ်။

''ဒါက ဂျင်လက်ချက်ဟုတ်တယ်မလား''

''အစ်ကိုဂျင်ကလည်း သူ့အဖေအတွက် လက်စားချေချင်မှာပေါ့ တော်သေးလို့အဲ့ညက အစ်ကိုဂျင် မသတ်မိလိုက်လို့ .....ဒီလိုလက်စားချေတာကလည်း တရားနည်းလမ်းကျပါတယ်''

ဂျောင်ဂုပြောသမျှကို ယွန်ဂီခေါင်းတစ်ငြိမ့်ငြိမ့်နဲ့ နားထောင်နေလေသည်။ ထို့နောက်

''အမေကလေ ဘာလို့ ငါ့ကိုမချစ်တာလဲမသိဘူး မချစ်ရင် ဘာလို့မွေးထားသေးတာလဲ''

ယွန်ဂီဒီလိုပြောတော့ သူ့မှာစိတ်မကောင်းဖြစ်ရပြန်တယ်။ ကိုယ့်မိဘတွေအသေစောခဲ့ကြပေမယ့် သူတို့ကိုယ့်ကိုချစ်နေမှန်းတော့ ဂျောင်ဂုသိတယ်။ ယွန်ဂီထက်စာရင် ဂျောင်ဂုကအများကြီးပိုအဆင်ပြေတယ်။

''နားထောင်နော် ယွန်ဂီ ယွန်ဂီ့အမေကမချစ်ရင်တောင် ယွန်ဂီ့အဖေကို တွေးကြည့်ဖူးလား ယွန်ဂီသူ့ကိုမေ့ထားတယ်လို့မထင်ဘူးလား ...သူ့ကို ယွန်ဂီသွားမတွေ့ချင်ဘူးလား''

ဆိုတော့ ယွန်ဂီတွေးမိပြန်တယ်။ ဟုတ်သားပဲ သူတစ်ခါမှတောင် အဖေ့အုတ်ဂူကိုအလည်မသွားခဲ့ဖူးဘူး။အမေဆိုတဲ့စိတ်အစွဲကြောင့်သာ အဖေ့ကိုမေ့ထားခဲ့တာ အဖေကလည်း ငါ့လိုများတွေးနေမလား ငါကအဖေ့ကိုမချစ်ဘူးဆိုပြီးလေ။

ယွန်ဂီ ဂျောင်ဂုကိုကြည့်လိုက်ကာ

''ဂျောင်ဂု ငါအဖေ့ဆီကိုသွားချင်တယ်''

''ရတာပေါ့ ကိုယ်လိုက်ပို့ပေးမယ် အဆင်ပြေသွားမှာပါ''

ဆိုရင်း ဂျောင်ဂုသည် ယွန်ဂီ့ကို ရင်ခွင်ထဲ ဆွဲသွင်းကာ ဖက်ထားလေသည်။ ဒီလူသားလေးက သူ့အရာရာလေးဖြစ်တာကြောင့်နောက်တစ်ကြိမ်တော့သူ့ဆီကနေ ဆွဲမထုတ်သွားကြပါနဲ့။

ဧည့်ခန်းမှာ ထိုင်နေကြတဲ့ အတွဲကိုကြည့်ရင်း ပြတင်းပေါက်ဘေးမှာရပ်နေတဲ့ကောင်လေးဟာတော့မျက်ရည်တွေနဲ့ပေါ့။

''တကယ်ဆို ကျွန်တော်တို့ အရင်ချစ်ခဲ့ကြတာပါ ..အခုဆို ခင်များဘယ်ကိုရောက်နေမလဲ ကျွန်တော်ကတော့ ခင်များကိုတွေ့နေရက်နဲ့ ပွေ့ဖက်ခွင့်မရနိုင်ဘူး....ခင်များအမေနဲ့ခင်များကသိပ်တူတယ် ခင်များသိပ်တစ်က်ိုယ်ကောင်းဆန်တယ် suga''

ကောင်လေးဟာ အတိတ်နေ့ရက်က ဒန်းလေးပေါ်မှာအတူထိုင်နေခဲ့ကြတဲ့ အချိန်လေးကိုမေ့မရခဲ့သေးပေမယ့် သူချစ်ခဲ့တဲ့လူကတော့ ဘယ်ကိုမှန်းမသိခရီးနှင်သွားခဲ့တာက သူများတွေလို အုတ်ဂူတောင်မရှိဘူး။

ခင်များပေါ်လာတုန်းကဘယ်သူမှသတိမထားမိကြသလို ခင်များပျောက်သွားတော့လည်း ဘယ်သူမှ ဂရုမစိုက်ကြဘူး။

~~~~~~~~~~~~~

ဂျောင်ဂုသည် ယွန်ဂီ့ကို ဆိုင်တစ်နေရာမှာ ထိုင်ထားခိုင်းပြီး သူကတော့ စတိုးဆိုင်တစ်ခုမှာ လိုအပ်တာတွေဝယ်နေခဲ့တယ်။ထိုအချိန်မှာပဲ

''jungkook ''

ခေါ်သံကြောင့်နောက်လှည့်ကြည့်လိုက်တော့ ဆောယောင်းနဲ့ဂျင်မီဖြစ်နေခဲ့တယ်။နှစ်ယောက်လုံးကလည်း ခရီးဆောင်အိတ်တွေနဲ့။

''တစ်ယောက်တည်းလား ဂျောင်ဂု''

''မဟုတ်ဘူး ယွန်ဂီပါတယ် ဟိုဘက်က ကောဖီဆ်ိုင်မှာ ခနထိုင်နေတယ်''

''အော် ဟုတ်လား ဒါဆို ငါအစ်ကိုနဲ့စကားသွားပြောအုန်းမယ်နော်''

ဆိုကာ ဂျီမင်က ခရီးဆောင်အိတ်ကိုထားခဲ့ကာ အပြင်ကိုပြေးသွားလေတယ်။ထိုအချိန်ဆောယောင်းက

''နေကောင်းတယ်နော် ဂျောင်ဂု အခုတလော ဘာအလုပ်လုပ်နေလဲ''

''ဒီတိုင်း company နဲ့ပဲ ပတ်ချာလည်နေတာပေါ နင်ကရော အထုပ်တွေနဲ့ ဘယ်သွားကြမလို့လဲ''

''ငါနဲ့ ဂျီမင်နဲ့ အေဂျင်စီတစ်ခုဖွင့်ကြမလို့ အခုလည်း ပဲရစ်ဖက်ရှင်ရှိုးပွဲသွားကြမလို့ နင်ကရော အစ်ကိုယွန်ဂီနဲ့ဘာတွေလဲ''

''ဟက် လက်ထပ်ကြတော့မလို့ ယွန်ဂီကအချိန်ယူချင်သေးတယ်ဆိုလို့.....''

ဂျောင်ဂုပြောလိုုက်တော့ ဆောယောင်းကရယ်မောလိုက်ပြီး

''congratulations နော် လက်ထပ်ပွဲကြရင်လာခဲ့အုန်းမယ် အဲ့အချိန်ကျရင် ငါဓာတ်ပုံရိုက်ပေးမယ်နော် တကယ်ဝမ်းသာပါတယ် နင်အဆင်ပြေတာမြင်တော့ ငါလည်းအဆင်ပြေနေပါပြီ''

''ဒါဖြင့် ငါသွားတော့မယ်နော် ယွန်ဂီစောင့်နေလိမ့်မယ် ငါထွက်လာတာလည်း ကြာပြီဆိုတော့''

''အေးအေး''

ထွက်သွားတဲ့ကျောပြင်ကိုကြည့်ရင်း ဆောယောင်းရင်တစ်ကျစ်ကျစ်နာလာသည်။တစ်ခြားသူကြောင့်ဖြစ်လာတဲ့ နင့်အပြုံးတွေက ငါ့ကိုနာကျင်စေတယ် ဂျောင်ဂု ....

တစ်ခြားတစ်ယောက်ရဲ့နာမည်ခေါ်ရင်း စိတ်လှုပ်ရှားနေတဲ့နင့်အမူအရာက ငါ့ကို နာကျင်စေတယ်..

ဒါမယ့်ငါနေနိုင်အောင်ကြိုးစားမှာပါ ဘာလို့လဲဆိုတော့ ငါနင့်အပေါ်အကြွေးတွေအရမ်းများနေပြီဖြစ်လို့ပဲ...။

တစ်ဖက်မှာ ယွန်ဂီနဲ့ ဂျီမင်လည်းစကားပြောလို့အပြီးမှာဂျောင်ဂုရောက်လာခဲ့တယ်။အဲ့နောက်ဂျီမင်လည်းထွက်သွားပြီး သူတို့ အဖေ့အုတ်ဂူကို ကားမောင်းလာခဲ့တယ်။

အဖေ့အုတ်ဂူရောက်တော့ ဂျောင်ဂုကပဲ အုတ်ဂူရှေ့မှာ ကန်တော့ပွဲ အရက် အသီးအနှံတွေချခင်းလိုက်တယ်။အဲ့နောက် ယွန်ဂီ့ကို ဝှီးချဲကနေ ပွေ့ချီပြီး မြေကြီးမှာထိုင်ခိုင်းလိုက်တယ်။ထိုအချိန်ယွန်ဂီဟာ

'' အဖေ နေကောင်းလား ကျွန်တော်မလာဖြစ်တာအရမ်းကြာသွားတယ်နော် ကျွန်တောင်းပန်ပါတယ် အဖေ ကျွန်တောမှားသွားတယ် တကယ်ဆို ကျွန်တော့်မှာ အဖေရှိရက်သားနဲ့ကွာ.....အဟင့် ဟင့်...''

မျက်ရည်ဟာမထိန်းနိုင်စွာနဲ့ ငိုချလာခဲ့တယ်။

''အဖေ နောက်ဆို ကျွန်တော်ခနခနလာဖြစ်အောင်ကြုးစားပါ့မယ် ကျွန်တော်ကလေ ကျွန်တော့်အခန်းမှောင်နေခဲ့တာကိုပဲ သိခဲ့တယ် ကျွန်တော်ခေါင်းမှာမိုးရေစိုခဲ့တာပဲသိတယ် ကျွန်တော်အထီးကျန်တာကိုပဲသိတယ် ကျွန်တော်နာကျင်ခဲ့ရတာပဲသိတယ် တကယ်ဆို အဖေကပိုနာကျင်ခဲ့ရမှာပါ ........အဖေပိုအထီးကျန်နေခဲ့မှာပါ အဖေပိုအေးနေခဲ့မှာပါ

ကျွန်တော်အဖေ့ဘက်ကိုမကြည့်နိုင်ခဲ့ဘူး.....'''

~~~~~~~~~~~

အတန်ကြာတဲ့အထိ ယွန်ဂီအဖေ့ကိုအဖော်ပြုပေးပြီးတာနဲ့ ဝှီးချဲပေါ်တက်ကာ အိမ်ကိုပြန်လာခဲ့တယ်။

''မင်းကိုလည်းတကယ်အားနာတယ် suga တကယ်ဆို မင်းကငါ့အမုန်းတွေကြောင့်ဖြစ်လာခဲ့ရတာပါ မင်းလည်းအခုလောက်ဆိုအေးချမ်းနေရောပေါ့....''

ဆိုရင်း ဂျောင်ဂုတွန်းနေတဲ့ ဝှီးချဲမှာ ထိုင်ကာ နှလုံးသားမှာလက်တင်ရင်း တွေးနေခဲ့တယ်။

အခန်းကိုရောက်တော့ ဂျောင်ဂုဟာ ယွန်ဂီ့ကိုချီကာ ကုတင်ပေါ်မှာချထားလိုက်တယ်။ပြီးတော့ ရေပတ်တိုက်ပေးဖို့ပြင်ဆင်လိုက်တယ်။ယွန်ဂီကလည်း ဂျောင်ဂုလုပ်သမျှက်ိထိုင်ကြည့်နေခဲ့တယ်။တကယ်ချစ်ဖို့ကောင်းတဲ့ ငါယောက်ျားပါလား....တော်တော်ဂုဏ်ဆာဖို့ကောင်းတဲ့ယောက်ျား....

ဂျောင်ဂုက ယွန်ဂီ့မျက်နှာကိုပုဝါနုတစ်ခုနဲ့ သုတ်ပေးကာ

''ဒီညနှင်းကျမယ်တဲ့ ကိုယ်တို့အတူကြည့်ကြမလား ''

''အင်းကြည့်ကြတာပေါ....''

ထိုသို့ဖြင့် ယွန်ဂီ့ကို အဝတ်အစားနွေးနွေးထွေးထွေးလေးဝတ်ပေးပြီး သူတို့အတူပြတင်းပေါက်ကိုဖွင့်ကာ ဘေးမှာ မီးမွေးထားပြီး ထိုင်နောကတယ်။ ဆိုးလ်မှာက ကားလမ်းနဲ့အရမ်းရှုပ်တာကြောင့် ရေကန်နဲ့တောအုပ်လေးနဲ့နီးတဲ့နေရာတစ်ခုကိုပြောင်းလာခဲ့တယ်။

ပြတင်းပေါက်နေတဆင့်အပြင်ကို ကြည့်နေရင်းလေအေးတိုက်လာတာကြောင့် ဂျောင်ဂုကပြတင်းပေါက်ကိုပိတ်လိုက်တယ်။

နှင်းမကျခင်အချိန်အထိလည်း ဂျောင်ဂုဟာ ယွန်ဂီ့ကို စာအုပ်ဖတ်ပြနေခဲ့တယ်။

''မြေခွေးကမင်းသားလေးကိုပြောလိုက်တယ် ' မင်းကငါအတွက်ထောင်ပေါင်းများစွာထဲက ကောင်းလေးတစ်ယောက်ပဲ ငါမင်းကိုမလိုအပ်ဘူး....မင်းအတွက်ကလည်း ငါကထောင်ပေါင်းများစွာထဲကမြေခွေးတစ်ကောင်ပဲ မင်းလည်းငါ့ကိုမလိုအပ်ဘူး တကယ်လို့ မင်းကငါ့ကိုယဉ်ပါးလာအောင်လုပ်နိုင်မယ်ဆိုရင် မင်းနဲ့ငါကတစ်ယောက်ကိုတစ်ယောက်လိုအပ်လာမယ် တစ်ယောက်အတွက်တစ်ယောက်ထူးခြားလာလိမ့်မယ်....' ''

ဂျောင်ဂုပြောနေရင်း ကောင်လေးကိုကြည့်လိုက်တော့ အိပ်ပျော်နေလေပြိဖြစ်တယ် ပါးစပ်ကလေးကဟလို့။ဂျောင်ဂုရယ်မောလိုက်ပြီး ယွန်ဂီ့ကို ပွေ့ချီကာကုတင်ပေါ်မှာလဲလျောင်းစေလိုက်တယ်။ထို့နောက်သူထမယ်အလုပ်မှာပဲ ယွန်ဂီက သူ့လက်ကိုဆွဲကိုင်ကာ

''အတူတူအိပ်ရအောင်''

ဆိုတော့ ဂျောင်ဂုကလည်း မီးပိတ်လိုက်ကာ ယွန်ဂီ့အနားမှာဝင်လဲလိုက်တယ်.ထိုအချိန်ကောင်လေးဟာ မိမိရင်ခွင်ထဲကိုဝင်လာလေတော့ ဂျောင်ဂုကလည်း တင်းကျပ်စွာပွေ့ဖက်ထားလိုက်တယ်။ ခနမျှအကြာတော့ ပြတင်းပေါက်နေ တဆင့်အပြင်မှာနှင်းကျနေတာကိုမြင်လိုက်ရတယ်။

ဂျောင်ဂုဟာကောင်လေးရဲ့ ချယ်ရီရောင် နှုတ်ခမ်းလေးကို နမ်းရှိုက်လိုက်ပြီး

''ချစ်တယ် ကိုယ့်ယောက်ျားလေးရေ ကိုယ်ညတိုင်းဒီလိုလေးမင်းနဲ့အတူအိပ်ချင်တယ်''

ဆိုတော့ ယွန်ဂီက ဟောက်တောင်ဟောက်နေပြီဖြစ်တယ်။ ဒီလိုဆိုတော့ ဂျောင်ဂုတစ်ယောက် ရယ်ချင်စိတ်ကိုမနည်းထိန်းပြီး အိပ်ရတယ်။ မအိပ်ခင်အသံကသွင်းထားသေးတယ် မနက်ကျရင် ကိုယ့်ယောက်ျားလေးကိုစဖို့....

ဒီလိုနဲ့ နှင်းကျတဲ့နေ့ကစပြီ ဒီကောင်လေးနှစ်ယောက်ဟာ မတူညီတဲ့နိုးထခြင်းနဲ့အတူနိုးထလာခဲ့ကြပါတယ်။သို့သော်အချစ်တွေကတူညီနေဆဲပါ။တစ်ခါတစ်လေ သူတို့အချစ်တွေကပျင်းစရာကောင်းတယ်လို့ထင်ရလိမ့်မယ် ဒါမယ့်သူတို့ကသာမန်ဆန်စွာနဲ့ချစ်နေကြတာပါ။

အချစ်ဟာ ပေးဆပ်အနစ်နာခံခြင်းမဟုတ်သလို ရယူခြင်းလည်းမဟုတ်ခဲ့ပါဘူး ကိုယ့်အပြုအမူကြောင့်ဖြစ်ပေါ်လာတဲ့သူ့မျက်နှာထက်က အပြုံးလေးတွေပါ......

... အချစ်ဆိုတာ ပုံစံအမျိုးမျိုးနေရာအမျိုးမျိုးကနေ ဖြစ်လာနိုင်တယ် ချစ်နေတဲ့စိတ်ကပဲ အရေးကြီးတယ်... တစ်စုံတစ်ယောက်ကကိုယ့်ကိုချစ်နေတာက ဝမ်းသာစရာဖြစ်ပြီး တစ်စုံတစ်ယောက်ကို ကိုယ်ကချစ်နေရတာလည်း စိတ်ကြည်နူးစရာပါ.....

                                                                နတ်ဆိုး

                                                                  THE END

~~~~~~~~~~~~

There are no comments yet. Log in to be the first to leave a review!

Similar stories