Fanfics

အပိုင်း၃

07:00, 18 April 2024

အပိုင်း၃

˜˜˜တက္ကသိုလ်ကျောင်းတော်သားကို ˜˜အကြင်နာပိုမိလို့~~~  အားငယ်မိတဲ့မေ့မှာ မခင်တွယ်မှာစိုးလို့ ˜˜ဂုဏ်ရည်မတူလဲမေ့အသဲနဲ့ ကြည်ဖြူလိုက်စမ်းပါ ˜မခင်တွယ်လို့လည်းမဟုတ်ဘူး ˜˜ရင်နာနာနဲ့ပါ ˜˜˜

ကြည်လင်တဲ့သီချင်းဆိုသံဟာ အခန်းကျယ်ကြီးထဲတွင်ပျံ့နှ့ံနေ၏။ ထိုအသံမှာ ဒေါ်မိုးမခမေရဲ့အသံပင်ဖြစ်သည်။ ထိုသည်ကို မြတ်ထိုက်မောင်တစ်ယောက်ကြားလျှင်ပို၍တန်းတန်းဆွဲဖြစ်သွားနိုင်တာဧကန််ပင်။

သီချင်းဆိုတာကိုရပ်တန့်လိုက်သည်နှင့် နှုတိခမ်းပေါ်ရောက်လာသော နှုတ်ခမ်းဆိုးဆီပန်းနုရောင်လေး။ နှုတ်ခမ်းဆိုးပြီးနောက် သေချာပြန့်သွားအောင်လုပ်နေရင်းဖြင့် တစ်ခုခုကိုစဥ်းစားမိဟန်ဖြင့် ရပ်တန့်သွားသောလှုပ်ရျားမှုများ၊ ထို့နောက်ကိုယ့်နှုတ်ခမ််းကို အသာအယာထိကိုင်ကာရဲတက်လာသောပါးနှစ််မှာ လိမ်ချယ်းသည့် မိတ်ကပ်ပါးပါးဟာ မဖုန်းကွယ်နိုင်ပေ။

" အို မိုးးမခမေ ညည်းဘာတေွတွေးနေတာလဲ "

ကျွန်မကိုယ့်နှုတ်ခမ်းကိုကြည့်ကာ ဟိုကလေးမနမ်းလိုက်သည်ကို ပြန်သတိရကာ အတေွးနစ်သွားသောကိုယ့်ကိုကိုယ်အံ့ဩမိသည်။ ထို့နောက် အမြန် ကိုဘ့်ပါးကိုအသာရိုက်၍ သတိပေးလိုက်ကာ ပါးစပ်မှလည်းတိုးဖွဖွရေရွတ်နေလေရဲ့။

ထို့နောက် မှန်တင်ခံုမှထရပ်လိုက်ကာ ခန္ဓာကိုယ်ကို တစ်ပတ််လှည့်ကြည့်လိုက်ကာ ကိုယ့်ဘာကိုကျေနပ်သွားဟန်ဖြင့် ခေါင်းချက်ငြိမ့်လိုက်ပံုမှာလှပလွန်းပြန်သည်။ ခန္ဓာကိုယ်မှာချပ်ရပ်စွာရှိနေတဲ့ မြန်မာချိတ််ထမိန်လေးဟာ လှပသော်ငြား ဒေါ်မိုးမခမေ၏ အလှကြောင့် မေှးမှိန်သွားလေသည်။

"မကြီး ညခါပြန်လာမယ်မလား။ "

"အင်း မသေချာဘူးအိအိ ငယ်သူငယ်ချင်းတေွဆံုရင်အနည်းငယ်သောက်ဖြစ်လောက်တယ်။ "

"ဟုတ်ကဲ့ မကြီး အဲ့တာဆို အိအိ ၁၂ထိုးအထိစောင့်လိုက်မယ်လေ"

"ဟင့်အင် ၁၀နာရီီထိပဲစောင့် တို့ပြန်မလာရင် အိပ်နှင့် "

"ဟုတ်ကဲ့"

အိမ်ရှိအကူခေါ်ထားသောကလေးမကိုပြောကာ ထွက်လာလိုက်သည်။ဒီနေ့က သူငယ်ချင်းတစ်ယောက်ရြဲ ကုမ္မဏီညစာစားပွဲ ပုံမှန်ဆို ကျွန်မအဲ့လိုပွဲတွေမတက်ဖြစ်ပါ။အခုကငယ်သူငယ်ချင်းဖြစ်တာကြောင့် မသွားမဖြစ်မလို့သွားရခြင်းဖြစ်သည်။ထိုသည်ကကျွန်မဘဝကြီးနစ်မွန်းခဲ့မယ်ဆိုသာကိုကြိုသိခဲ့ရင်အတင်းငြင်းခဲ့မိမှာပေါ့။

____

ပွဲထဲသို့ဝင်လိုက်သည်နှင့်အားလုံးရဲ့အကြည့်တွေဟာ ကျွန်မဆီတွင် စုပုံကျလာသည်။အမြဲထိုသို့အာ ရုံစိုက်ခံရတာကြောင့် အသားကျနေပါပြီ။

" မတွေတာကြာပြီနော် မမီုးမခမေ "

ကျွန်မကို လိုချင်တပ်မတ်မှုအပြည့်ဖြင့်ကြည့်လာသော ထိုယောက်ျားကိုကြည့်ကာ ကျွန်မမျက်ခုံးများတွန့်ကွေးသွားမိသည်။ရိုင်းစိုင်းလိုက်လေခြင်း။ထိုသို့ရိုင်းစိုင်းတာ‌ေရာ မသိတဲ့လူဖြစ်တာ‌ေရာကြောင့် ကျွန်မလျစ်လျုရှုကာ သူငယ်ချင်းဆီသို့တန်းနေအောင်သွားမိသည်။

" ဟက် ငါ့ကိုလျစ်လျူရှုတယ်တဲ့လား။ အရင်အတိုင်းပဲချေမိုးနေဆဲပါလား မိုးမခမေရယ်။ ဒီတစ်ခါတော့ ငြိမ်ကာရပ်နေလိုက်မယ်မထင်နဲ့ "

ထွက်သွားသော မိုးမခမေရဲ့ကျောကို ကြည့်ကာ ယောက်ျားတန်မဲ့အညှိုးထားနေသည်မှာ ရွံ့ရှာဖွယ်အတိ။ထို့နောက်ဘေးရှိ စာပွဲထိုးလေးကိုဆွဲကာ နားနားကပ်၍ တစ်ခုခုပြောလိုက်၏။စာပွဲထိုးလေးမှာအစကငြင်းဟန်ပြုသော်လည်း လက်ထဲကိုရောက်လာတဲ့ အရာတစ်ခုခုကြောင့် တွေဝေစွာလက်ခံလိုက်တော့သည်။

~~~

" ဟေ့ ယူ တို့ကို‌ဖိတ်ပြီးမှပလစ်ထားတယ်နော် "

လူအများကြားဝိုင်းနေသော သူငယ်ချင်းဖြစ်သူကိုခ်ေ၍ မျက်စောင်းအနည်းငယ်ထိုးကာပြောတော့ ‌ဘေးရှိလူများဟာ ကျွန်မကိုကြောင်အစွာငေးကြည့်လာတာကြောင့် အနည်းငယ်ပင်ရှက်သွားမိသည်။

" အာ မခ ယူက မင်းနောက်ကျမှလာမယ်ထင်လို့သတိမထားမိတာပါ ဆောတီးနော် "

ပြောလည်းပြောကာ ကျွန်မကို ထိုလူအုပ်ကြားမှ အလိုက်သိစွာ ဆွဲထုပ်သွားသောသူငယ်ချင်းဖြစ်သူကြောင့် ပြုံးလိုက်မိသည်။

" အလောမှခြောက်ဆယ်ပင့်လိုက်ရတယ် ဆေးရုံအုပ်ကြီးဒေါ်မိုးမခမေရယ် "

ထိုင်လိုက်သည်နှင့်ပြောလာသည်က ဘုနဲ့ဘောက်။ထိုကြောင့်ကျွန်မမျက်စောင်းဟာ ဒေါ် ယုယမော် ထံစိုက်ရောက်သွားပြန်သည်။

" ဟား ဟား မင်းအဲ့လိုခနခန မျက်စောင်းမထိုးနဲ့ မခရယ် ယုကဒီပွဲရဲ့ owner ပါနော် အခုတော့ ဧည့်သည်တွေအကုန် မင်းကိုပဲကြည့်နေကြဆော့ ယုကပဲ ဧည့်သည်ပြန်လုပ်ရတော့မလို "

" အို အဲ့တာကတော့ မိုးမခမေတို့က တယ်ချောတကိုးး "

မျက်ခုံးလေးတစ်ဖက်ပင့်ကာ သူ့အလှသူဂုဏ်ယူနေဟန်ဖြင့်ပြောသည့်အမျိုးသမီးမှာ သူ့ဘာသူချီးမွန်းနေသည်ဆိုသော်ငြား သူများတွေလိုအမြင်ကပ်စရာမကောင်း တစ်မျိုးပင်ဆွဲဆောင်မှုရှိလွန်းပြန်သည်။ထိုသို့ဖြင့် ယုယမော်မှာ စကားအနည်းငယ်ပြောပြီးနောက် အခြားသူများကိုဧည့်ခံရန် ထသွားလေသည်။တစ်ယောက်ပြီးတစ်ယောက်ကျွန်မကိုလာနှုတ်ဆက်ကြသော်လည်း ကျွန်မဂရုမစိုက်စွာသာ ပြုမူခဲ့သည်။ထို့ကြောင့် ခနကြာတော့ ကျွန်မဆီကို ဘယ်သူမှမလာတော့။ကျွန်မ ကပဲချေလွန်း၍ကြောင့်လား၊ကျွန်မအဂှိန်အဝါကြောင့်လားဆိုတာကို တော့ သူတို့သာသိပေလိုက်မည်။

" သောက်စရာယူဦးမလားဗျ "

" အင်း ဝိုင်အပျော့လေးတစ်ခွက်ပဲပေး "

" ဟုတ်ကဲ့ ဒီမှာပါဗျ "

အနည်းငယ်ပျင်းလာသလိုရှိချိန်အနားသို့ရောက်လာသော ဝိတ်တာကောင်လေးကြောင့် ဝိုင်တစ်ခွက်‌ယူသောက်လိုက်သည်။ဝိုင်ကို ဖြေးဖြေးချင်းမော့သောက်ကာ လှုပ်ရှားနေသော လူများကို ကြည့်နေရင်း မူးနောက်လာသလိုပင်။ကျွန်မလူရှုပ်တာတွေမကြိုက်ဘူးလေ။‌ေနာက်ဆံုးမဟန်နိုင်တဲ့အဆံုး ပြန်ရန်သာပြင်လိုက်တော့၏။ ထို့ကြောင့် လက်ကျန်ဝိုင်ကို အကုန်မော့သောက်လိုက်ကာ ထလိုက်ချိန် မူဝေသွားကာ ဘေးရှိ ခုံနောက်မှီကို အမြန်ထိန်းကိုင်လိုက်ရသည်။

ဝိုင်တစ်ခွက်ထဲသောက်ပြီးမူးနေသတဲ့ မိုးမခမေရယ်။ကိုယ့်ဘာကိုတီးတိုးရေရွက်လိုက်ကာ အမူးပြေစေရန်ခေါင်းကို အနည်းငယ်ခါယမ်းလိုက်သည်။ထိုသည်ကို အဝေးကနေရီဝေစွာ ကြည့်နေသောလူတစ်ယောက်။ကျွန်မရဲ့ထိုပုံစံကို မြင်တော့ ယုယမော်ဟာအနားသို့ရောက်လာ၏။

" မခ ဘာဖြစ်လို့လဲ "

" အင်း တို့မူးနေပြီထင်တယ် ယုရယ် "

" အယ်တော့ ...ထားပါ ဒီမှာပဲနေလိုက် ယုအခန်းတွေငှားထားတယ် "

" အင်း တို့လဲအဲ့လိုလုပ်မလို့ပဲ ကားမောင်းပြန်လို့မရလောက်ဘူး "

ယုအပြောကို ချက်ချင်းလက်ခံလိုက်ကာ ပေးလာသောသော့ကို ယူကာ ‌ထွက်လာလိုက်သည်။အတော်ထိန်းထားသော်ငြားမရ ပိုပို၍မူးလာလေသည်။စိတ်ထင်လို့လားမသိပေမဲ့ ကျွန်မ ခန္ဓာကိုယ်ဟာပူလောင်လာခဲ့သည်။တစ်ခုခုကိုလည်း လိုချင်စိတ်ပြင်းပြလာခဲ့၏။

" နံပတ် ၁၇၇၆ မဟုတ်သေးဘူး အာ..."

ယုပြောလိုက်သော အခန်းနံပတ်ကို ရှာကြည့်ရင်းဖြင့် မူးကာ လဲကျမလိုဖြစ်သွားသည်။ထိုအခါ ကြမ်းပြင်နဲ့မိတ်ဆက်လိုက်ပြီလို့ထင်ထားသော်လည်း တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲသို့ဝင်ရောက်သွား၏။ထို့နောက်နားနားကပ်ကာ ကြားလိုက်ရသော ခတ်ရှရှအသံ။

" အတော်မူးနေတာပဲ မောင်အကူအညီလိုသေးသလား "

မောင့် ဟိုနေ့က အန်တီ့ဆီကအနှိမ်ခံရပြီးကတည်းက ဒယ်ဒီ့အလုပ်တွင်ဝင်လုပ်နေမိသည်။သို့သာ်အဆင်မ‌ေပြပါ‌ေသာက်ရမ်းကိုပျင်းစရာ‌ေကာင်းလွန်းသည်မဟုဆ်ပါလား။ဒီနေ့လည်း လုပ်ငန်းပါတနာ တစ်ယောက်ရဲ့ ဂုဏ်ပြုပွဲတက်ခိုင်းတာကြောင့် လာရသော်လည်းစိတ်မပါ။လူကြိးတွေကြီးပဲလေ။ဟိုထိုင်ငေးဒီထိုင်ငေးရင်းဖြင့် လူတိုင်းရဲ့အကြည့်ဟာ တံခါးဝဆီရောက်သွားတာကြောင့် မောင်လည်းလိုက်ကြည့်လိုက်မိရာ မောင့်အန်တီပါလေ။

ရင်ဖုံးချိတ်ထိန် အနီရဲရဲဖြင့် ထိုအမျိုးသမီးဟာအခုတော့ တည်ငြိမ်ရုံမျှသာမက ရဲရင့်ကာထက်မြတ်သည့်ဟန်ပါပေါ်လွင်နေသည်။ထို့ပုံစံကြောင့် မောင်ပင် အနည်းငယ်ရှိန်သွားမိတာအမှန်။အနည်းငယ်ပါပဲ ဘာလို့ဆိုအချိန်တန်ရင် အန်တီကမောင့်မိန်းမဖြစ်မှာလေ။မိန်းမကြောက်တယ်ဆို မြတ်ထိုက်မောင်တို့ရာဇဝန်မှာမရှိပါဘူး။

မောင်ငေးနေရင်းဖြင့် အန်တီသွားရာလမ်းကာယျောက်တစ်ယောက်မှ တားကာ တခုခုပြောလိုက်တာကြောင့် မျက်မှောင်ကြုပ်သွားမိသည်။အဲ့သောက်ကောင်က ဘယ်ကလဲ အန်တီနဲ့အသိလား။ထကာ ရန်သွားဖြစ်ရန်ပြင်လိုက်သော်လည်း ထိုလူကို လျစ်လျူရှုကာ ထွက်သွားသောအန်တီကြောင့် မဲ့ပြုံးပြုံးလိုက်ကာ ပြန်ထိုင်နေလိုက်သည်။မောင့်အန်တီက အချေလေးဆိုတာမေ့သွားတယ် ။

ပွဲစီစဉ်သူနားသွားကာ မျက်စောင်းအသာထိုးလိုက်တဲ့ အန်တီကြောင့်ကိုယ့်မှာငေးခနဲပင်။အန်တီ့ထိုပုံစ့ကို အခြားသူတွေလည်း မြင်မယ်လို့တွေလိုက်တာနဲ့သဝန်တိုကာ ရှေ့ရှိဝိုင်ခွက်ကို တစ်ကြိုက်ထဲမော့သောက်ပလိုက်သည်။

" ဒေါ်မိုးမခမေရယ် ‌ယူပြီးမှ အိမ်ထဲသော့ပိတ်ပြီးဖွက်ထားဦးမယ် အဲ့လောက်လှဖို့လိုလို့လား.."

ဒီကလူကတစ်ယာက်ထဲသဝန်တွေတိုနေတာကို ထိုအမျိုးသမီးဟာမသိ။ထိုင်၍ ပြုံးရွှင်ကာစကားပြောနေသည်မှာ အမြင်ကပ်ချင်စရာကောင်းလောက်အောင်ကိုလှလွန်းသည်။ပွဲစီစဉ်သူထသွားသည်နှင့် မောင့်အန်တီကိုတစ်ယောက်ပြီးတစ်ယောက်နှုတ်ဆက်နေကြသည်မှာ မုန်းချင်စရာကောင်းလွန်းလှသည်။သို့သော် အန်တီဟာ ဘယ်သူ့ကိုမှဂရုမစိုက်တာကြောင့် မောင်လည်း ရန်မဖြစ်ရတော့ဘူးပြေါ။အန်တီ့ကိုသာ မျက်ချေမပြတ်စောင့်ကြည့်နေရင်း မကြာပါ ဝိတ်တာဆီမှ ဝိုင်တစ်ခွက်ယူသောက်လိုက်သောအန်တီကြောင့် မျက်မှောင်ကြုပ်လိုကမိသည်။မိန်းကလေးတစ်ယောက်ထဲလာတာကို ဘာကိစ္စဝိုင်းသောက်ရတာလဲ အန္တာရာယ်များတာမသိဘူးလား။

ထို့နောက် ဝိုင်သောက်ရင်းဖြင့် မျက်မှောင်ကျုံ့လာသောအန်တီ။တစ်အောင့်လောက်ကြာတော့ ထပြန်ရန်ပြင်ရာ လဲမလိုဖြစ်သွါားသောအန်တီကိုမောင်ကြည့်နေမိသည်။ဝိုင်တစ်ခွက်နဲ့မူးနေသတဲ့လားဗျာ။ချစ်ချင်စရာကြီး။မောင်လည်း အနည်းငယ်ရီဝေနေလေပြီ ‌အန်တီ့ကိုကြည့်ရင်းသောက်တာများနေပြီလေ။

ထို့နောက်ယိုင်နဲ့စွာ ထထွက်စွားသောအန်တီ့နောက်သို့လိုက်လာမိသည်။မောင်ရီဝေဝေသာဖြစ်နေခြင်းဖြစ်သည် အန်တီ့လောက်ကြိးရိုင်နဲ့နေအောင်မမူးပေ။နောက်မှ အတော်ကြာလိုက်သွားသော်လည်း အခန်းရှာနေသော အန်တီဟာ ဟိုရိုင်လိုက်ဒီရိုင်လိုက်ဖြင့် ဘယ်လောက်အန္တာရာယ်များလိုက်သလဲ။ပါးစပ်မှလည်းပွစိပွစိဖြင့်ရေရွက်နေသည်မှာ ချစ်စဖွယ်။ပါးနှစ်ဖက်မှာအနည်းငယ်ရဲလို့ ခုနက ရှိန်လောက်စရာ အရှိန်အဝါတွေက လယ်ဗယ်ဇီးရိုးသို့ကျရောက်သွားသလိုပင်။

ယိုင်နဲ့ကာလဲမလိုဖြစ်သွားသော အန်တီ့ကို ထိန်ပေးပြီးရှေ့တွင်အဆင်သင့်ရှိနေသော မောင့်အခန်းထဲသို့ခေါ်သွင်းလိုက်တော့သည်။

_____

အပိုင်းသစ်က ညမှလာမယ်😜🖤

There are no comments yet. Log in to be the first to leave a review!

More by myat-lay-nge06

Similar stories