ep42
15:57, 17 December 2023မနက်ခင်းတွင် ပုံမှန်ထက် စောစောနိုးထလာခဲ့သည်။ သူတို့အတူနေတဲ့အချိန်တိုင်း ဆော့ဂျင်က အရင်အိပ်ပျော်သွားတတ်ပေမဲ့ သူကအမြဲအရင်နိုးနေကြပဲ.. အရင်တုန်းကတော့ သူသူ့ခန္ဓာကိုယ်က ညစ်ပတ်တဲ့ဒဏ်ကို မခံနိုင်လို့ သူ့စိတ်ကအလိုလို စောစောနိုးထလာသည်ဟု ထင်မှတ်ပေမဲ့ နောက်ပိုင်း သူ့ထိုအကျင့်ကိုသိလို့ သူတို့ပြီးသွားတဲ့အချိန်တိုင်း ဂျွန်ဂျောင်ဂုက သူ့ကိုသန့်ရှင်းပေးထားလေ့ရှိသည်။ ဒါပေမဲ့လည်း သူပုံမှန်အချိန်တော့ နိုးနေတုန်းပဲ.. သူတို့ညပိုင်းဆက်ဆံပြီးသွားတဲ့အချိန်တိုင်း ဆော့ဂျင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တယ်လို့ ခံစားနေရပြီး ညပိုင်းတစ်ရေးမှမနိုးတဲ့အပြင် အိပ်မက်ပင်မမက်ခဲ့။ သူတို့ပုံမှန်လိုသာ ဆက်ဆံတယ်ဆိုရင် နိုးလာတဲ့အခါ မသက်မသာဖြစ်တာမျိုးမရှိ။ ပုံမှန်ထက်များပြီး အနည်းငယ်ကြမ်းတမ်းတဲ့နေ့တွေမှသာ သူကိုက်ခဲတာမျိုးကို ခံစားရသည်။
ဂျွန်ဂျောင်ဂုက လိင်ဆက်ဆံတာကို စွဲလမ်းပေမဲ့ သူက အသားချင်းထိကပ်ထားရင်း ခန္ဓာကိုယ်ကို စိတ်ကြိုက်ခြယ်လှယ်ရတာမျိုးကို ပိုသဘောကျသည်။ ထိုနည်းလမ်းက သူ့အတွက်လည်း တော်တော်ကောင်းမွန်သည်။ သူ့အထဲကို ထိုသွင်းဆက်ဆံမှုက နည်းတဲ့အခါ သူ့ခန္ဓာကိုယ်က ပိုလို့ နေလို့အဆင်ပြေသည်။ သူကိုယ်တိုင်လည်း ထိုအထိအတွေ့မျိုးကို နှစ်သက်သည်။ နှစ်ယောက်စလုံးက ပြီးမြှောက်ဖို့အတွက် ကိုယ်တွင်းထိုးသွင်းဆက်ဆံမှုမလုပ်လည်း ဖြစ်သည်။ နှစ်ယောက်သားရဲ့ လက်ဖြင့်သော်လည်းကောင်း ပါးစပ်ဖြင့်သော်လည်းကောင်း သူတို့အရာချင်း ပွတ်တိုက်၍သော်လည်းကောင်း စိတ်ကျေနပ်မှု ရစေသည်။
" ခင်ဗျားနိုးနေပြီလား "
" အင်း.. မင်းမထသေးဘူးလား "
သူက ကိုယ်ကို သူ့ဘက်စောင်းလှည့်ပြီး မျက်လုံးတွေ ပြန်မှိတ်သွားတာကြောင့် ဆော့ဂျင်မေးလိုက်သည်။
" မင်းလေ့ကျင့်ဖို့ မသွားဘူးလား "
" ဒီနေ့အိပ်ချင်လို့ မသွားဘူး ခင်ဗျားလည်းမထနဲ့ "
" မင်းမနက်တိုင်းသွားနေကြကို.. ဘာကိုအိပ်ချင်တာလဲ "
" သွားနေကြမဟုတ်ပါဘူး အိပ်မပျော်တဲ့နေ့တွေမလို့ အဲလိုထွက်သွားနေကြ "
ဆော့ဂျင်သူပြောတာကို မယုံတစ်ဝက်ဖြင့် စဉ်းစားလိုက်သည်။ သူအိမ်တော်ကို ပြန်လာတုန်းက တစ်ရက်မှမပျက်ကွက် မနက်တိုင်းထွက်သွားတာကို။ ဆော့ဂျင်သူဘယ်အချိန်ထွက်လဲကိုတော့ သူအိပ်ရာထမမီလို့ မသိခဲ့ဘူး။ သူအိပ်ရာထပြီး ခဏလောက်နေရင် သူပြန်ရောက်လာပြီ။ အဲအချိန်တုန်းက ဟယ်လင်ပါ အတူပါလာပြီး သူတို့အတူ သွားလေ့ရှိကြတာကို သူသတိရသွားသည်။
" ပြောကြည့် မိန်းကလေးဟယ်လင် မပါလို့လား "
ဆော့ဂျင်သူ့ကို တံတောင်နဲ့တွတ်ပြီး စနောက်လိုက်သည်။ ထိုအခါသူက နိုးနိုးကြားကြား ရှိသွားပြီး သူ့ကိုငုံ့ကြည့်လာသည်။
" မိန်းကလေးဟယ်လင်အစား အဖော်လိုက်ကူရအုံးမလား "
သူက ဆော့ဂျင်ရဲ့ စနောက်မှုကြောင့် လုံးလုံးအိပ်ချင်ပြေသွားပြီး ခါးပေါ်ကလက်တွေက သူ့ခါးကို ဖိညစ်လာသည်။
" ဟုတ်တယ်မလား မင်းတို့မနက်တိုင်းအတူသွားနေကြပဲမလား..လာ ထ ငါလိုက်ကူမယ် "
သူအိပ်ရာက ထဟန်ပြင်လိုက်ပေမဲ့ နည်းနည်းလေးမှ လှုပ်မရတာ သိသည်။ သူ့ခါးပေါ်က လက်တွေက ပိုလိုတောင်တင်းတင်းကြပ်ကြပ်ဖက်တွယ်လာသေးသည်။ ပြီးတော့ မျက်နှာကို သူ့မျက်နှာနဲ့ တန်းတူကျတဲ့အထိ ချိန်ညှိပြီးတော့ နှုတ်ခမ်းတွေကို အကြိမ်အနည်းငယ်အထိ စုပ်ယူလာသည်။ သူတို့မျက်နှာမသစ်ရသေး၍ အာခေါင်တွေ ခြောက်ကပ်နေသလို ခံစားနေရသော်လည်း မည်သည့်သက်သောင့်သက်သာမဖြစ်မှုမှ မခံစားရ။ အချိန်အခါမရွေး အနမ်းပေးခြင်းက မထူးဆန်းတော့သလိုဘဲ..
သူတို့အနမ်းပေးခြင်းကို စိတ်ကြိုက်ပြုလုပ်ပြီးမှ ဖယ်ခွာလိုက်ကြသည်။ နိုးစကလို မဟုတ်တော့ဘဲ သူ့ခံတွင်းတစ်ခုလုံးက စိုစွတ်သွားတော့သည်။
" မနက်ခင်းလေ့ကျင့်ရေးက ဘာမှမဟုတ်ဘူး အချိန်တွေ ပိုနေတယ်ဆိုရင် လမ်းလျှောက်ထွက်ကြမလား "
သူတို့လမ်းလျှောက်ထွက်ဖို့ရာ သဘောတူလိုက်ကြပြီး အိပ်ရာမှထကာ ပုံမှန်ကိစ္စတွေပြီးသွားတော့ အိမ်တော်အပြင်ဘက်သို့ ထွက်လာခဲ့ကြသည်။ သူတို့အိမ်တော်ကနေ စထွက်လိုက်ပြီး လမ်းတပျလောက် လျှောက်ပြီးလျှင် လမ်းမကြီးသို့ရောက်သည်။ လမ်းမကြီးသို့ရောက်လာတော့ အအေးဒဏ်ကြောင့် သူတို့ခြေလှမ်းတွေ အပြေးတစ်ပိုင်း ဖြစ်လာသည်။ ဂျွန်ဂျောင်ဂုရဲ့ ပြေးပုံက သေသပ်သည်။ သူက စစ်သားတွေပြေးနည်းအတိုင်း လက်ဟန်နဲ့ အရှိန်နှုန်းက ငြိမ်သည်။ ဆော့ဂျင်ကတော့ ပြေးတယ်ဆိုတဲ့အတိုင်းသူ့ခြေလှမ်းတွေက သွက်တဲ့အခါသွက် မြန်တဲ့အခါမြန်နဲ့ တစ်ခါတလေ သူ့လက်တွေကို ဆန့်ထုတ်သည်။ ဂျောင်ဂုကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြေးရင်း တစ်ချက်တစ်ချက် သူ့ဘက်ကို အကဲခတ်ကြည့်လာသည်။
မြို့ပြင်ထွက်က လမ်းမကြီးက တစ်ဖြောင့်တည်းအတိုင်း ရှည်လျားလှသည်မလို့ သူတို့မည်မျှအထိ ရောက်လာပြီဖြစ်မှန်း သူသတိမပြုနိုင်။ ပုံမှန်ဒီလမ်းတွေက သူကားနှင့်သွားနေကြသာဖြစ်ပြီး တစ်ခါမှ ခြေလျင်လျှောက်သွားခဲ့တာမျိုးမရှိခဲ့။ သူတို့အတန်ကြာသည်အထိ ခရီးပေါက်လာပြီလို့ ထင်ရပေမဲ့ ပြေးနေတာကိုတော့ မရပ်ကြသေး။
" မင်း ပုံမှန်ဒီလောက်ထိရောက်လား "
ဆော့ဂျင်သူတို့ပြေးနေတာက တော်တော်ဝေးလာပြီလို့ ထင်မိ၍ သူပြေးနေရင်း ဘေးသို့လှည့်မေးလိုက်သည်။ ထိုအခါသူက လှည့်ကြည့်လာပြီး ခေါင်းယမ်းပြသည်။
" လမ်တစ်ဆုံးသွားတာ.. "
ဆော့ဂျင်မထင်မှတ်ထားတဲ့စကားကြောင့် သူပြေးနေတာကို ရပ်လိုက်မိသည်။ အစက သူတော်တော်လေးအဝေးရောက်တဲ့အထိ ပြေးလာနိုင်ခဲ့လို့ သူ့ကိုယ်သူအထင်ကြီးနေမိတာတွေ လွှင့်စင်သွားပြီး သူ့ရဲ့တစ်ဆုံးဆိုတဲ့စကားကြောင့် တက်ကြွနေတဲ့စိတ်အစုံက ထိုးကျသွားတော့သည်။ ဒါက မြို့ပြင်လမ်းမကြီးလေ အဆုံးမရှိတစ်ဖြောင့်တည်းရှည်လျားတဲ့လမ်းမကြီးကို သူက တစ်ဆုံးထိပြေးတယ်ဆိုတော့.. အဆုံးမရှိဆိုတာက လမ်းမကြီးကထွက်ရင် မြို့ထဲပြန်ရောက်ပြီး တစ်မြို့လုံးပြန်ပတ်လိုက်ရင် အိမ်တော်ပြန်ရောက်လိမ့်မည်။ သူတို့အရာရှိစံအိမ်တော်တွေက နေရာအကျယ်အဝန်းအများအပြား ယူထား၍ မြို့ထဲနှင့်ဝေးတဲ့ လယ်ကွင်းတွေဘက်မှာပဲ နေရာယူကြသည်။ စံအိမ်တစ်ခုနဲ့တစ်ခုအကွာအဝေးက ကားဖြင့်သွားရင်သာကောင်းနိုင်သည်။ လမ်းလျှောက်သွားလျှင် အသွားအပြန် နာရီဝက်လောက်ပင် ဖြစ်သွားနိုင်သည်။
သူရပ်လိုက်တော့မှ အသက်ရှူမဝဖြစ်ပြီးမောဟိုက်ကာ ပင်ပန်းညောင်းညာမှုတွေကို တစ်စပ်တည်း ခံလိုက်ရတော့သည်။ ဆော့ဂျင်လမ်းဘေးမြက်ခင်းပြင်တွင်သာ ပစ်စလက်ခတ်ထိုင်ချလိုက်သည်။ မြက်ခင်းပြင်က နှင်းတွေကြောင့် စိုစွတ်နေသေးပေမဲ့ သူမထချင်တော့။ သူရပ်လိုက်တော့ ရှေ့အနည်းငယ်ရောက်နေတဲ့ ဂျွန်ဂျောင်ဂုက ပြေးနေလျှက်အနေအထားအတိုင်းနှင့် နောက်ပြန်လှည့်လာပြီး သူထိုင်နေရာနားတွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သည်။ သူ့ကိုကြည့်ရတာ မောဟိုက်တယ်လို့ တစ်စက်မှမခံစားရသလိုဘဲ။
" မင်းငါ့ကိုလိမ်နေတာမလား ဒီလောက်ထိပြေးရတာက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ "
သူမကျေမနပ်ပြောတော့ သူက ရယ်သာနေသည်။ ဆော့ဂျင်ခြေထောက်တွေကို ဆန့်ထုတ်လိုက်သည်။ ညောင်းလို့သေတော့မယ်။ ထူးတော့ဆန်းသား ခုနကအထိ အားကြိုးမာန်တက်ပြေးနေရာကနေ အဆုံးထိပြေးတယ်ဆိုတဲ့စကားနဲ့ သူ့တက်ကြွမှုတွေ လုံးဝပျောက်ကွယ်သွားပြီး အဲဒီအစား ခုနကအကောင်းသား ခန္ဓာကိုယ်က နာကျင်ကိုက်ခဲလာသလိုပင် ခံစားလာရသည်။
" ဒါကဘာမှမဟုတ်ဘူး ကျုပ်စစ်တပ်မှာ လေ့ကျင့်ရေးဆင်းရတုန်းက ခင်ဗျားတစ်ကိုယ်လောက်ရှိတဲ့ သဲအိတ်ပိုးပြီး ပြေးရတယ် တောင်တက်ရတယ် ချောင်းထဲဖြတ်ရတယ် ဒီလိုလမ်းတွေက တစ်ဖြောင့်တည်းမဟုတ်ဘူး "
ဆော့ဂျင်က အဲဒါစစ်သားတွေမလို့လေလို့ ပြန်ချေပဖို့ရာ ပျင်းနေသည်။ သူ့ခြေထောက်တွေက ညောင်းကိုက်ပြီး သွေးမလျှောက်တော့သလိုပင် မတ်မတ်ပင်မရပ်နိုင်တော့ဘူးထင်မိသည်။ သူသူ့ခြေထောက်တွေကို ဖွဖွထုလိုက်သည်။ သူ့တစ်ကိုယ်လုံး အားမရှိတော့သလိုသာ ခံစားနေရ၍ ဖွဖွသာ ထုနိုင်သည်။ သူအခုထိ အသက်ရှူလည်း မဝသေးဘူး။
" နှိပ်ပေးမယ် "
သူကပြောလိုက်ရင်းကပဲ ခြေထောက်ကို သူ့ပေါင်ပေါ်ဆွဲယူသွားပြီး ဒူးခေါက်ကွေးနေရာကို အနည်းငယ်အားသုံးပြီး ဖိနှိပ်လာသည်။ ပြီးတော့ ခြေသလုံးနေရာတစ်လျှောက် မှန်မှန်ဆင်းသွားသည်။ ဆော့ဂျင်အစက ခြေထောက်ကို ပြန်ဆွဲယူချင်ပေမဲ့ သူ့လက်အဖိအဖွက တော်တော်လေးသက်သောင့်သက်သာ ဖြစ်စေတာမလို့ ငြိမ်နေလိုက်သည်။ သူတို့ထိုအတိုင်း စကားတစ်ခွန်းမှ ထပ်မပြောဖြစ်ကြတော့။
ငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကို ကားတစ်စီးရဲ့ အရှိန်ပြင်းစွာမောင်းနှင်းလာမှုနဲ့ သူတို့ဘေးကနေ ဖြတ်တိုက်သွားတဲ့အခါ လေအေးတွေက တမုတ်ခြင်း သူတို့ကိုယ်ပေါ်ပက်ဖျန်းသွားပြီး သူတစ်ကိုယ်လုံးတောင့်တင်းမတတ် အေးစက်သွားရသည်။ အအေးဒဏ်ကြောင့် သူ့ခန္ဓာကိုယ်ကိုပင် ကျုံ့လိုက်မိသည်။
" အေးလား ပြန်ရအောင် "
ဆော့ဂျင်သဘောတူလိုက်ပြီး သူ့ပေါင်ပေါ်ရောက်နေတဲ့ သူ့ခြေထောက်ကို ဆွဲယူလိုက်ပြီး ထရပ်လိုက်သည်။ ခန္ဓာကိုယ်ပေါ်က ဖုန်သဲတွေကို ခါသပ်လိုက်ကြပြီး အိမ်တော်ပြန်မည့်လမ်းဆီသို့ မျက်နှာမူလျှောက်လိုက်ကြသည်။ အနည်းငယ်လောက် ခြေလှမ်းပြီး ရှေ့ကိုမျှော်ကြည့်လိုက်ပေမဲ့ ဘာမှမရှိတဲ့ လမ်းတစ်ဆုံးကိုကြည့်ရင်း သူပျင်းနေမိသည်။ ပြေးနေတုန်းကတောင် ဒီလောက်ရှည်တယ်မခံစားရဘူး.. အဆုံးမရှိတဲ့လမ်းမကြီးကြောင့် သူကူကယ်ရာမဲ့သွားတော့သည်။
" မင်း ဟယ်လင် ဘယ်လိုလျှောက်လဲ "
သူ့စိတ်မရှည်မှုတွေကို တစ်ပါးသူထံ ပုံချလိုက်သည်။ အင်ဟယ်လင်က ဒီလောက်လက်ကြောမတင်းတဲ့မိန်းကလေးလေ သူမဒီလောက်ထိသည်းခံနိုင်တာကို သူလေးစားမိသွားသည်။ ဟယ်လင်သူနဲ့လိုက်တာ တစ်ရက်နှစ်ရက်တည်းမှမဟုတ်တာ။
" အဆုံးထိလိုက်လိမ့်မယ်လို့ ထင်နေလား "
" မလိုက်ဘူးလား "
ဆော့ဂျင်ရုတ်တရက်အားတက်သွားပြီး သူအဖော်ရှိသွားသလိုမျိုး မြန်မြန်မေးလိုက်သည်။
" ဒါပေမဲ့ ခင်ဗျားထက်တော့သာတယ် "
သူကခပ်ပြုံးပြုံးနဲ့ ပြောလာပြီး အနောက်ဘက်ကို ညွှန်ပြလာသည်။
" ဆက်သွားရင် မြို့တော်အားကစားခန်းမရှိတယ် သူအဲမှာနေထားခဲ့တာ အားကစားတချို့လုပ်မယ်ဆိုပြီး ပြန်မှ အတူလိုက်ပြန်တာ တစ်ခါတလေလည်း ဒီအနီးနားတစ်ဝှိုက်မှာ အတူဆုံကြတာမျိုးလည်း ရှိတယ် ဘာပဲဖြစ်ဖြစ် ခင်ဗျားထက်တော့သာတယ်မလား "
ဘယ်သူကဘယ်သူ့ကိုသာတယ်ဆိုတာ ဂရုစိုက်ချင်လို့လဲ.. ဒါကဘာပဲဖြစ်ဖြစ် အေးလို့ပြေးကြတာပဲ ဘယ်နားပါ့ရောက်ရောက် ဟုတ်တယ်မလား .. ဒါပေမဲ့ အလာတုန်းက အေးလို့ပြေးခဲ့ပြီး အခုအပြန်လမ်းတွင် နေက သူတို့နောက်ကျောကို ထိုးလာပြီ။ သူတို့တစ်ဝက်လောက်တော့ လျှောက်ခဲ့ပြီးပြီးလို့ ထင်ရပေမဲ့ သူညောင်းညာနေပြီး လမ်းလျှောက်ရတာကို ငြီးငွေ့လို့နေပြီ။
" တကယ်အပင်ပန်းမခံနိုင်ဘူးဘဲ ဒါကြောင့် ကျုပ်တို့လုပ်ပြီးသွားတဲ့အချိန်တိုင်း ခင်ဗျားအရင်အိပ်ပျော်သွားတာ မဆန်းဘူး ကျုပ်ပေါ်တက်ချင်လား ခင်ဗျားကို အိမ်အထိသက်သက်သာသာ ခေါ်သွားပေးနိုင်တယ် "
ဆော့ဂျင် သူ့ရှေ့ကစကားတွေကို ပြန်ချေပလိုက်ချင်ပေမဲ့ သူသူ့ဘေးတွင် ဒူးတစ်ဖက်ထောက်ပြီး ထိုင်ချလိုက်တဲ့အခါ သူရန်တွေ့ချင်တဲ့စကားတွေ ပြန်ဝင်သွားပြီး စဉ်းတောင်မစဉ်းစားတော့ဘဲ ကျောပေါ်မှီတက်လိုက်သည်။ သူကဒီလောက်ထိ ကိုယ်စွမ်းထုတ်ပြချင်နေတော့လည်း မငြင်းပယ်သင့်ဘူးမလား။ သူစစ်တပ်မှာ ဘယ်လိုနေထိုင်ရကြောင်း ကြွားဝါပြီးထားပြီမလား လက်တွေ့ပြသင့်တယ်။
သူက သူ့ကိုကျောပေါ်တင်ထားပေမဲ့ ပုံမှန်တစ်ယောက်တည်းလမ်းလျှောက်သလိုသာ လျှောက်နေသည်။ သူ့ပုံစံက အေးအေးဆေးဆေးပဲဖြစ်နေတာမလို့ သူကျောပေါ်တွင် သက်သောင့်သက်သာသာ နေလိုက်သည်။ ဒီလိုမျိုး သက်သောင့်သက်သာနဲ့ မနက်ခင်းရှုခင်းတွေကို ကြည့်လိုက်ရတော့ ခံစားချက်က မဆိုးပြန်တော့..
" မင်း မခံနိုင်တော့ရင် ရှေ့နားလောက်ဆို ချလိုက် သိပ်မလိုတော့ဘူး "
" မလိုပါဘူး ကျုပ်ခင်ဗျားကိုလုပ်တဲ့အခါတိုင်း ခင်ဗျားကကျုပ်ကို မခံနိုင်တော့ဘူးဆိုပြီး ငြင်းဖူးလို့လား "
" ဒါဆိုလည်း အပြန်အလှန်ဖြစ်သွားပြီမလို့ ကျေးဇူးမတင်တော့ဘူး "
ဆော့ဂျင်သူနဲ့ငြင်းခုံနေရာမှာ ပျင်းလွန်းလို့ သူ့လိုသာ မျက်နှာပြောင်တိုက်ပြောလိုက်သည်။ ထိုအခါသူက တခစ်ခစ်ရယ်နေသည်။ သူ့ရယ်သံကြောင့် သူ့နှုတ်ခမ်းတွေသည်လည်း အလိုအလျောက် ပြုံးစေလာသည်။
" ခင်ဗျားကိုယ်က လေးတယ်လို့မခံစားရဘူး "
သူက သူသယ်ဖူးတဲ့ တစ်ခုခုနဲ့ နှိုင်းယှဉ်သလိုမျိုး ပြောလာတော့ ဆော့ဂျင်တွေးလိုက်မိတာက..
" မင်း ဟယ်လင်ကိုလည်း အခုလိုသယ်ဖူးလား "
" ဟမ် "
သူက ဘာပြောလိုက်မှန်းနားမလည်သလိုမျိုး အသံပြုလာတော့ ဆော့ဂျင်ထပ်ပြောလိုက်သည်။ ဟယ်လင်က သူနဲ့နီးကပ်ချင်လို့ အခုလိုစွန့်စားမှုတွေလျှောက်လုပ်တဲ့အခါ သေချာပေါက် အခွင့်အရေးယူမှာပဲ..
" သူလမ်းမလျှောက်နိုင်တော့တဲ့အခါ မင်းကိုချီဖို့မပြောဘူးလား "
" မပြောဘူး ဒါပေမဲ့ ကျုပ်သိတယ် .. တစ်ခါလောက်ပဲ ပါးစပ်ကထုတ်ပြောခဲ့ရင် နောက်နေ့လိုက်စရာမလိုတော့ဘူး "
" ရက်စက်လိုက်တာ ဒါမင်းမိန်းကလေးတွေကို ဆက်ဆံတဲ့ပုံစံမဟုတ်ပါဘူး "
" အကျိုးမရှိဘူး။ ကျုပ်ပူးပေါင်းပေးနိုင်တာက အိပ်ရာပေါ်ကကိစ္စတွေအတွက်ပဲ လုပ်ပေးနိုင်မယ် "
ဆော့ဂျင်သူ့စကားကြောင့် လက်တွေနဲ့ သူ့ဦးနှောက်ရဲ့ အလိုအလျောက်တုံ့ပြန်မှုကြောင့် သူ့ပခုံးပြင်ပေါ် ရိုက်ချက်တစ်ခုပေးလိုက်သည်။
" ဒါဆိုမင်းဘာလို့ အဲဒီနေ့တုန်းက အိပ်ရာပေါ်မတင်လိုက်လဲ သူမင်းကို အိပ်ရာပေါ်တင်ဖို့ အစဖော်ပေးနေတာမဟုတ်ဘူးလား "
ထိုအကြောင်းတွေတွေးမိတိုင်း သူစိတ်အနှောင့်အယှက် ဖြစ်ရသည်။ အတိတ်တုန်းက သူမိန်းမရှုပ်တယ်ဆိုတာကို သူသိသလို လက်လည်းခံနိုင်ခဲ့သလိုနဲ့ အခုလိုမျိုး တိုက်ဆိုင်တဲ့အခါမျိုးဆို သူ့တုံ့ပြန်မှုတွေက အနည်းငယ်စိတ်ဆတ်တဲ့ မိန်းမငယ်လေးလို ဖြစ်နေတတ်သည်။ သူကတော့ ထိုအချိန်မျိုးရောက်သွားပြီဆို ပခုံးက မြှောက်တက်လျှက်ရှိပြီး အထက်စီးဆန်တဲ့စကားတွေနဲ့ ဝံ့ဝံ့ကြွားကြွား ဂုဏ်ယူနေလေ့ရှိသည်။ အခုလည်း တခစ်ခစ်နဲ့ ရွှင်မြူးနေသည်။ တမင်စိတ်အနှောင့်အယှက်ဖြစ်အောင် ပြောပြီး ရွှင်မြူးနေတာ..
" မင်းအခုလောက်ဆို ကလေးအဖေတောင် ဖြစ်နေလောက်ပြီသိရဲ့လား ကလေးနာမည်ရောစဉ်းစားထားတာ ရှိပြီလား ကူစဉ်းစားပေးဖို့ရော လိုသေးလား "
ဆော့ဂျင်ရဲ့ ရွဲ့စောင်းစကားတွေက သူ့ကိုပိုရယ်ရအောင် လုပ်ပေးနေသလိုပဲ။ သူက အတန်ကြာသည်အထိအောင် ရယ်မောနေပြီးမှ စကားပြန်ဆက်လာသည်။
" ဖြစ်လာခဲ့ရင်တောင် အနည်းဆုံးတော့ အကာအကွယ်သုံးဖို့ သတိရပါသေးတယ် ဘယ်လောက်ဆွဲဆောင်မှုရှိလို့ ကျုပ်ကသတိလက်လွှတ်ဖြစ်ရမှာလဲ မဟုတ်ရင် ပထမရက်ကတည်းနဲ့ အိပ်ရာပေါ်ရောက်နေလောက်ပြီပေါ့ "
" ဒါပေမဲ့ ကျုပ်ဇယားထဲမှာ သူနဲ့ခင်ဗျားညီမတော့ မပါဘူး ဘာလို့လဲဆိုတာ သိတယ်မလား.. တကယ်လို့ အဲနေ့က သူတို့အစီအစဉ်အတိုင်း ဖြစ်လာခဲ့ရင်တောင်မှ ကျုပ်က မျက်နှာသာပေးမယ်ထင်နေလား.. ကလေးတစ်ယောက်မလိုအပ်ဘဲ ရောက်လာရုံနဲ့ ကျုပ်ဘေးမှာ နေရာတစ်ခု ရနိုင်လာမယ်ထင်နေလား ကျုပ်ပုံစံက ကလေးတစ်ယောက် အသည်းအသန်လိုအပ်နေတဲ့ပုံပေါ်နေလို့ သူတို့အခုလိုလုပ်နေကြတာလား "
ဘယ်သိမလဲ! ဆော့ဂျင်သူ့ကို ပြန်ဖြေဖို့ရာ ပျင်းသွားပြီ။ ထိုကိစ္စနဲ့ပတ်သက်ပြီး ဆော့ဂျင်ကိုယ်တိုင်လည်း သူ့ကိုယ်စား အများကြီးတွေးခဲ့ဖူးပေမဲ့ လက်တွေ့မှာ ကလေးတစ်ယောက်သာ ရှိခဲ့လျှင် ထိုသို့တွေးနိုင်လိမ့်မည်တော့မထင်ဘူး။ အနည်းဆုံးတော့ ကလေးက အပြစ်ကင်းသည်လေ။ မိခင်ကို သဘောမကျအုံးတော့ ဒီကလေးကို မလိုအပ်ဘဲ ရခဲ့အုံးတော့ လက်တွေ့မှာဆိုရင် အခြေအနေတွေက ရိုးရှင်းလာမှာမဟုတ်ဘူး။
သူအတွေးလွန်နေတုန်း သူ့တင်ပါးကို ညစ်လာတာကြောင့် သူယောင်ယောင်လေး ပါးစပ်ဟလိုက်မိသည်။ လက်တွေက သူ့တင်းပါးကို ဆုပ်ကိုင်ထားပြီး ဖယ်မပေးသေးဘူး။
" ဘာပဲဖြစ်ဖြစ် သူတို့အခုလိုလုပ်လို့ ကျုပ်မရီး ကျုပ်ကို သေမတတ်စိတ်ပူနေတာ မြင်လိုက်ရလို့ အပြစ်မတင်နိုင်တော့ပါဘူးလေ ဟုတ်တယ်မလားမရီး "
" မင်းက စိတ်ကြီးဝင်နေတာ ငါမင်းကို တကယ်ဖြစ်စေချင်မိတယ်သိလား နောက်တစ်ခါငါ့ကို လာဆွဲမခေါ်လာနဲ့ "
ဆော့ဂျင်ခပ်ဆတ်ဆတ် ပြန်ပြောလိုက်ပြီး သူ့တင်ပါးပေါ်က လက်တွေကိုလည်း ဖယ်ထုတ်လိုသည်။ သူကတော့ တဟားဟားရယ်နေသည်။ သူ့ကို ထိုအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရင် ဘယ်တော့မှနိုင်မှာမဟုတ်ဘူး။ သူကတကယ်စိတ်ကြီးဝင်နေတာ..
__________TBC
There are no comments yet. Log in to be the first to leave a review!
![U [✓]](https://fanficsread.net/media/fs-stories-1/7717/conversions/37b02eb6863a11a3a90ccf536bc48f8c.jpg)

![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)



