Fanfics

ep13

16:52, 24 September 2023

ဆော့ဂျင်အခန်းထဲရောက်တော့ ခုနကယူလာတဲ့ လက်ဆောင်ဘူးနဲ့ စာအိတ်ကို ဖောက်ကြည့်လိုက်သည်။ ပါတီပွဲနေ့က ဦးစီးယွန်ကိုမတွေ့လို့ အမှတ်တရရှိနေမိသေးတယ်။ လူကိုယ်တိုင် မလာဖြစ်လို့ လက်ဆောင်လက်ဖွဲ့ ပါးလိုက်တာဖြစ်မယ်။ သူလက်ဆောင်ဘူးကို သာမန်ကာလျှံကာ ဖွင့်ကြည့်လိုက်ပြီး စာအိတ်ကိုသာ ဖွင့်ဖတ်လိုက်သည်။ စာထဲတွင် လူကိုယ်တိုင်မတက်ပေးနိုင်လို့ အားနာကြောင်းနဲ့ သတိရကြောင်း တစ်ရက်ရက်တွေ့ဆုံပြီး လက်ဖက်ရည်အတူ သောက်ကြမည် ဆိုသည့်အကြောင်း သတိတရ စာရေးသားထားသည်။

ဦးစီးယွန်နဲ့သူနဲ့က အတိုင်းအတာတစ်ခုထက် ခင်မင်ပါသည်။ သူတို့ဂေဟာအတွက် မြေစာကျလာတုန်းက သူအရင်ဆုံး ချဉ်းကပ်ခဲ့မိတဲ့အရာရှိက ဦးစီးယွန်ပင်။ ဦးစီးယွန်က သူ့ကိုမြေပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေအကြောင်း အများအပြား ရှင်းပြပေးခဲ့သည်။ သူ့ကို အပိုင်ပြန်ရအောင် မလုပ်ပေးနိုင်ပေမဲ့ စိတ်ရင်းနဲ့ အများကြီး ကူညီပေးခဲ့သည်။ သူ့စက်ရုံမြေတုန်းကလည်း ဦးစီးယွန်ပဲ အစအဆုံးကူညီပေးခဲ့သေးတယ်။ ဒါကြောင့် ဦးစီးယွန်နဲ့တွေ့ဆုံခဲ့တာလည်း မိတ်ဆွေကောင်းတစ်ယောက် ရလိုက်သလိုပါပဲ..

သူစာနဲ့လက်ဆောင်ဘူးကို သူ့အဝတ်ဗီရိုပေါ် အလွယ်တင်လိုက်သည်။ သူတင်ပြီးသွားတော့ ဘေးတွင် လက်ကိုင်အိတ်အဖြူလေးကိုမြင်တော့ ခုနကအဖြစ်အပျက်တွေက ခေါင်းထဲဝင်လာခဲ့သည်။ ဒါက ဟို‌တစ်နေ့က ဂျွန်ဂျောင်ဂု အခန်းထဲထိ လာပေးတဲ့ လက်ဆောင် ရေမွှေးအိတ်ပင်။ ထိုကောင်ထွက်သွားပြီးတော့ သူတစ်ခါလောက်သာဖွင့်ကြည့်ပြီး ထိုနေရာတွင် တင်ထားခြင်းပင်။ အခုထိ အနံ့တောင် မခံဖူးဘူး။

သူထိုနားက ထွက်လာခဲ့ပြီး အဝတ်တွေချွတ်ကာ ရေချိုးဖို့လုပ်လိုက်သည်။ ရေချိုးခန်းထဲ ဝင်လာခဲ့ပြီး ရေအေးအေးနှင့်ပင် ဝင်စိမ်ပစ်လိုက်သည်။ ဒီနေ့အတွက် သူသည်းခံနိုင်တဲ့အတိုင်းအတာထက်ကျော်ပြီး လိုက်လျောခဲ့ရတာမလို့ သူ့တစ်ကိုယ်လုံး မသန့်ရှင်းသလို ခံစားရ‌၍ ရေအေးနဲ့ဆေးကြောပြီး နည်းနည်းကြာကြာ စိမ်နေခဲ့သည်။ ဒါပေမဲ့ နေ့တစ်ပိုင်းပဲ ရှိသေးတာမလို့ ကျန်တဲ့အချိန်တွေ စက်ရုံသွား၍ ရသေးသည်မလို့ ရေချိုးခြင်းအမှုကို အဆုံးသတ်ပြီး ရေချိုးဝတ်ကိုခြုံကာ အပြင်ထွက်လာခဲ့သည်။

" မင်း! "

ဂျွန်ဂျောင်ဂု ထပ်ပြီးအခန်းထဲ ရောက်လာပြန်ပြီ။ သူက အိပ်ရာပေါ် တံတောင်တစ်ဖက်နှင့် ထောက်ကာလှဲအိပ်နေပြီး ခြေတစ်ဖက်ကိုဆင်းကာ ဒူးတစ်ဖက်ကို ထောင်ထားသည်။ လက်ထဲမှာလည်း ခုနက စာအိတ်ကို ဖွင့်ဖောက်ဖတ်ထားပြီး ဘေးတွင်လည်း လက်ဆောင်ဘူးက ဖွင့်လျက်ကြည့်ထားပြီးပြီ။ ပိုင်ရှင်မရှိတဲ့အချိန် အခန်းထဲဝင်လာပြီး ပိုင်စိုးပိုင်နင်းနဲ့ ပစ္စည်းတွေ ယူကြည့်ထားတာက ဘယ်လိုအကျင့်စရိုက်လို့ ပြောရမည်မှန်းမသိတော့! အဆိုးဆုံးက ဖိနပ်တွေ! သူများအိပ်ရာပေါ်ထိ ဖိနပ်တွေနဲ့ တက်နေထားပြီး ဖိနပ်ပါတဲ့ခြေထောက်တွေက လှုပ်ယမ်းနေကာ သက်သောင့်သက်‌သာနေနေသည်။  သူခုနကမှ ရေစိမ်ရင်း ဖြေလျှော့ခဲ့ရတဲ့ ဒေါသတွေကို နှိုးဆွပေးနေသလို .. လူလိုပဲ အမြင်ကတ်စရာကောင်းတဲ့ဖိနပ်တွေ

" မရီး ဒီအဘိုးကြီးက မရီးကိုကြိုက်နေတာပဲ အသက်ကဖြင့်ကြီးနေပြီ အချစ်စာကပေးချင်တုန်း.. "

သူက စာအိတ်ကို ဖင်ပြန်ခေါင်းပြန်ကြည့်ပြီး သူ့ကို ယမ်းပြကာ လှောင်ပြောင်နေသည်။ သူကအမြဲ သူများကိစ္စတွေမှာ ဝင်ပါတတ်ပြီး အားနည်းချက်တွေကို ဖိနင်းကာ အားမနာလျှာမကျိုးမပြောတတ်သည်။ သူများက စာသီမကောင်းရင်တောင် သူ့လိုအကျင့်စာရိတ္တပျက်ပြားနေတာမျိုးမဟုတ်ဘူး။

" မင်းနဲ့မဆိုင်ဘူးထင်တယ် ဘာလို့အခုလို သူခိုးလိုမျိုး ပိုင်ရှင်မရှိတဲ့အခန်းထဲ ဝင်ဝင်လာရတာလဲ အဲဒါ ကောင်းတဲ့အပြုအမူမဟုတ်ဘူး သခင်လေးဂျွန် "

" မရီးက ခုနကမှ ကျုပ်တို့ လူသိမခံတဲ့ ကိစ္စတစ်ခု အတူတူလုပ်ခဲ့ပြီး အခုတော့ အချိုးပြောင်းပြီပေါ့ ဘာလဲ ဒီလူက ခင်ဗျားကိုကူညီပေးနိုင်မယ်ထင်လို့လား.. "

" ငါအခုမင်းကို ငါ့အခန်းထဲ ဝင်လာရတဲ့အကြောင်းမေးနေတာ ဘာကိစ္စရှိလို့ အခန်းထဲထိရောက်လာရတာလဲ "

" ကျုပ်နဲ့မရီးက ကိစ္စရှိမှ ဝင်ထွက်ရမှာလား "

ဆော့ဂျင်သူနဲ့ဆက်မပြောတော့ဘဲ သူရေချိုးပြီးတော့ လုပ်ရမဲ့အလုပ်ကိုသာ ဆက်လုပ်ဖို့ အဝတ်ဗီရိုဘက် လျှောက်လာခဲ့သည်။ သူတံခါးကို ဖွင့်မလို့လုပ်တုန်း လျင်မြန်တဲ့အရှိန်တစ်ခုနဲ့ ဂျွန်ဂျောင်ဂု သူ့နားရောက်လာခဲ့သည်။ သူကသူ့နောက်ကျောတွေနဲ့ နီးကပ်လျက်ရှိနေတော့ သူလှည့်လိုက်သည်။ သူလှည့်လိုက်တာနဲ့ သူ့ကျောသည် ဗီရိုနှင့်ထိကပ်သည်အထိ ဆွဲကပ်ခံလိုက်ရသည်။

" ဘာလုပ်တာလဲ! "

" ကျုပ် ခုနတုန်းကလုပ်ခဲ့တာ မကျေနပ်သေးဘူး "

သူစူးစူးရဲရဲကြည့်လိုက်တော့ ထိုကောင်ကလည်း သူ့ထက်မလျော့တဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေသည်။ သူသူ့မျက်လုံးတွေထဲ ခဏမျှစိုက်ကြည့်နေရင်း သူ့ကိုတွန်းလွှတ်ကာ ပြန်လှည့်လာပြီး ဗီရိုတံခါးကို ဖွင့်လိုက်သည်။ ဒါပေမဲ့ ခဏပင် သူ့ခန္ဓာကိုယ်က ပြန်‌ဆွဲလှည့်ခံလိုက်ရပြီး ခုနကပုံစံအတိုင်း ပြန်ရောက်သွားသည်။ သူဂျွန်ဂျောင်ဂုကို ကြည့်မိတော့ သူကခုနကထက် ဆိုးတဲ့အကြည့်တွေနဲ့ ပြန်ကြည့်နေသည်။ သူသည်လည်း ခုနကအတိုင်းသာ ပြန်လုပ်လိုက်သည်။ သူပြန်လှည့်ပြီး အဝတ်အစားအထပ်တွေထဲ လက်နဲ့စမ်းရှာရင်း သူ့ရေချိုးဝတ်သည် ဆွဲချခံလိုက်ရပြီး ပခုံး‌ပေါ်တွင် အထိအတွေ့တစ်ခုကို ခံစားလိုက်ရသည်။ အဝတ်ရွေးနေတဲ့သူ့လက်တွေ ခဏမျှတန့်သွားပြီး ပုံမှန်အတိုင်းဖြစ်စေဖို့ရာ နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း သူဝတ်မည့်အဝတ်အစားကို ထုတ်လိုက်သည်။ သူ့လှုပ်ရှားမှုများလေ သူ့ပခုံးတစ်လျှောက် စုပ်ယူမှု ပိုသိသာလာလေ.. စိုစွတ်လာတဲ့အထိအတွေ့တွေကြောင့် သူမျက်စိစုံမှိတ်ကြိတ်ခံပြီးနောက် အဝတ်အစားတစ်စုံကို လျင်မြန်စွာဆွဲယူပြီး သူ့ပခုံးပေါ်က အထိအတွေ့ကို ဖယ်ကာ နောက်ပြန်လှည့်လာလိုက်သည်။

သူတို့ခေတ္တမျှ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်နေကြပြီး သူကပြန်လည်ငုံ့ကိုင်းလာကာ သူ့နောက်ပခုံးတစ်ဖက်ဆီသို့ ခေါင်းပြန်ရောက်လာသည်။ ဆော့ဂျင်သူ့ခါးတွေကနေကိုင်ကာ တွန်းဖယ်လိုက်ပြီး သူ့ကိုဝေးဝေးပို့လိုက်သည်။

" မလုပ်နဲ့တော့ ငါစက်ရုံသွားစရာရှိသေးတယ် "

သူသူ့ကိုရှောင်ပြီး ခုတင်နားသွားကာ လက်ထဲကအင်္ကျီတွေကို ခုတင်ပေါ်တင်လိုက်သည်။ ပြီးတော့ ဂျွန်ဂျောင်ဂုယူကြည့်ထားတဲ့ စာနဲ့လက်ဆောင်ဘူးကို သေချာပြန်ထည့်လိုက်ပြီး နေရာတကျ ပြန်ထားလိုက်သည်။ သူ့လုပ်ပုံတွေကို ဂျွန်ဂျောင်ဂုက ထိုနေရာကနေသာ ရပ်ပြီးကြည့်နေသည်။ သူထိုပစ္စည်းတွေကို ခုနကထားတဲ့နေရာတွင်သာ ပြန်ထားလိုက်ပြီး အဝတ်လဲဖို့ ပြန်လာခဲ့သည်။ အခန်းထဲတွင် လူစိမ်းတစ်ယောက် ရှိနေတော့ အဝတ်အစားဝတ်ရတာ အနေခက်နေပေမဲ့ သူပုံမှန်အတိုင်း ဖြစ်ဖို့ ကြိုစားရင်း ဘောင်းဘီနဲ့ ခါးပတ်တို့ကို ဝတ်ဆင်လိုက်သည်။ ပြီးမှ ရေချိုးဝတ်ကို ချွတ်ချပြီး အင်္ကျီလက်လျှိုလိုက်သည်။

သူမျက်လုံးထောင်ကနေ မြင်ရ‌သည်တော့ ဂျွန်ဂျောင်ဂုသူ့ကို ဗီရိုနောက်မှီရင်းကနေ လက်ပိုက်ကြည့်နေသည်။ သူသူ့ကို လုံးလုံးလျားလျားကြီး လျစ်လျှူရှုဖို့ ကြိုးစားထားပေမဲ့ တစ်ချက်တစ်ချက် သူရှိနေတယ်ဆိုတဲ့ အသိစိတ်က ဝင်ဝင်နေသည်။ သူကြယ်သီးကို ပြီးအောင်တပ်လိုက်ပြီးတော့မှ သူရှိရာဘက် လှည့်လိုက်သည်။ ဂျွန်ဂျောင်ဂုက စကားတစ်ခွန်းမှမဆိုဘဲ သူ့ကိုခပ်နက်နက် စိုက်ကြည့်နေသည်။ တကယ်ဆိုရင် ဒီလိုမျိုးအကြည့်တွေထက် သူဒေါသဖြစ်အောင် စနောက်တာက သူ့အတွက်ပိုလို့ အဆင်ပြေသေးသည်။

သူသူ့ကိုကျော်ပြီး မှန်တင်ခုံရှေ့ ဝင်ထိုင်လိုက်သည်။ ဘာမှပြောစရာမရှိတော့ရင်လည်း ထွက်သွားလိုက်တာ ပိုမကောင်းဘူးလား..! သူထိုင်နေပြီး ခဏကြာတော့ သူ့မျက်လုံးထောင့်လေးကနေ လှုပ်ရှားမှုလေးမြင်လိုက်ရတော့ သူမျက်လုံးအကြည့်တွေ ထိုဆီပို့မိသွားသည်။ ဂျွန်ဂျောင်ဂုက ဗီရိုပေါ်မှ ရေမွှေးအိတ်ကို လှမ်းယူပြီး သူ့နားလျှောက်လာသည်။ သူသူ့လှုပ်ရှားမှုတွေကို မျက်တောင်မခတ် ‌လိုက်ကြည့်နေမိသွားသည်။

" မရီးကို ဒီထက်ပိုမျှော်လင့်ထားတာ.. "

" ... "

" ကျုပ်ရှေ့အဝတ်အစားလဲတာကိုလေ ဒီထက်ပိုပြီး ကောင်းကောင်းဆွဲဆောင်နိုင်ရင် ကောင်းမှာပဲ.. အကုန်လုံး ကျုပ်ရှေ့ချွတ်ပြတာ ပိုမကောင်းဘူးလား.. ကျုပ်က အဲလိုမြင်ချင်လို့ မရီးရေချိုးပြီးတာ ထိုင်စောင့်နေတာကို.. "

ဆော့ဂျင်မှန်ထဲကနေ လှမ်းကြည့်တော့ သူ့ကိုကြည့်နေတဲ့မျက်လုံးတွေနဲ့ ဆုံမိသွားသည်။ သူတို့ခဏမျှ အကြည့်ချင်းဆုံပြီးနောက်  သူကအရင် အကြည့်လွဲကာ ရေမွှေးပုလင်းကိုထုတ်ယူလိုက်ပြီး အိတ်ကို ပစ်ချလိုက်သည်။

" ကျုပ်ပေးတဲ့လက်ဆောင်ကိုလည်း မရီးအသုံးမပြုရသေးဘူးထင်တယ် မရီးက ကျုပ်ကိုယ်တိုင် လုပ်ပေးတာ လိုချင်လို့လား.. "

" ဒါက ပြင်သစ်ကလာတဲ့ အထူးထုတ်လုပ်ထားတဲ့ ရေမွှေးလေ ဒီအနံ့ကို ရတဲ့သူတိုင်း... "

သူကဆက်မပြောတော့ဘဲ သူ့ဟာသူအနံ့ခံကြည့်နေပြီး ပုလင်းရဲ့ အပြင်ပိုင်းအပြင်အဆင်တွေကို ကြည့်ရှုနေသည်။

" ဒါက စိန်လည်ဆွဲတစ်ခုစာ‌လောက် တန်ဖိုးရှိတယ်ဆိုတာ သိလား ပိုက်ဆံရှိတိုင်းလည်း ဝယ်ဖို့ခက်တယ် ကျုပ်ရဲ့အကာအကွယ်ပစ္စည်းတွေလိုပဲ ဒါကြောင့် မရီးက တန်ဖိုးထားသုံးနော် ဟက် "

နှိုင်းစရာရှားလို့ သူ့အကာအကွယ်နဲ့ လာနှိုင်းလို့ ဆော့ဂျင်ဒေါသထွက်ပြီး သူ့ဟာသူ ဘယ်လိုနေနေပစ်ထားကာ အကြည့်လွဲလိုက်သည်။ သူငုံ့ကာ အမွှေးဆီလိမ်းကျံနေတုန်း သူ့ဂုတ်ပိုးနားလေးတွေတွင် အေးစက်စက်အထိအတွေ့လေး ခံစားလိုက်ရသည်။ ဂျွန်ဂျောင်ဂုက သူ့လည်ပင်းတွေတွင် သေချာငုံ့ကြည့်ပြီး ဂရုတစိုက်ဖြန်း‌ဆွတ်ပေးနေတော့ သူငြိမ်နေမိသွားသည်။ သူက သူ့လည်ပင်းတစ်လျှောက်ကိုသာ အဓိကထား ဖြန်းပေးနေသည်။

" ရပြီ.. ကျုပ်အနံ့ခံကြည့်ချင်သေးပေမဲ့ မရီးက အချိန်မရှိတော့ဘူးဆိုတော့.. "

" မရီးစောစောပြန်လာနော် "

ဂျွန်ဂျောင်ဂုက အပြုံးတစ်ခုနဲ့ သူ့ကိုနှုတ်ဆက်ပြီး နှင်စရာမလိုဘဲ လျောလျောရှုရှုပင် အခန်းထဲကထွက်သွားသည်။ သူထွက်သွားတော့မှပဲ ဆော့ဂျင်အသက်ဝဝ ရှုထုတ်နိုင်တော့သည်။ သူသူဝတ်ထားတဲ့ အဝတ်အစားတွေကို ငုံ့ကြည့်ရင်း အမြဲ ရွေးစရာမလိုအောင် ဒီလိုပုံစံပဲ ဝတ်တတ်တဲ့ သူ့ကိုယ်သူကို ပထမဆုံးအကြိမ် အသိအမှတ်ပြုမိသည်။ သူထိုကောင်ရဲ့ အပြုအမူတွေကြောင့် စိတ်လွတ်ပြီး အသိစိတ်ကပ်ဖို့ကြိုးစားရင်း လုပ်မိလုပ်ရာ လုပ်ခဲ့တာတွေ တော်သေးတယ် သူ့အဝတ်အစားတွေကြောင့် အဆင်ပြေနေခဲ့လို့..

________________________________

" ဟတ်ချိုး! "

" အစ်ကို အဲဒါဆို မြေကွက်ကိစ္စအတွက် အဆင်ပြေသွားပြီပေါ့နော် အစ်ကို "

" အင်း ဟုတ်တယ် စက်ရုံအသစ်အတွက် စီမံကိန်းပြန်စမယ် စာချုပ်က ဒီတစ်ရက်နှစ်ရက်အတွင်း ရမယ်ထင်တယ် စာချုပ်လက်ထဲရောက်လာတာနဲ့ စီမံကိန်းကို ပြန်အသက်သွင်းမယ် ရှေ့လျှောက် အလုပ်များပြန်တော့မယ် "

" အလုပ်များတာ ကြိုက်ပါတယ် စက်ရုံကိစ္စပြန်အဆင်ပြေသွားပြီဆိုတော့ ကျွန်တော်ပျော်သွားပြီ ကျွန်တော်အဲဒါကို ဂေဟာကလူတွေကို အသိပေးလို့ရလား.. အစ်ကို ..ရော အဆင်ပြေရဲ့လား သခင်လေးဂျွန်က အများကြီးအခက်တွေ့အောင် တောင်းဆိုခဲ့တာမျိုးရှိလား "

" မဟုတ်ဘူးဒန် မဟုတ်ဘူး.. ငါအဲဒါကို ရှင်းပြဖို့ခက်တယ် ဘယ်လိုရှင်းပြမှန်းတောင် မသိဘူး။ သူကနားလည်ရခက်တယ် သူငါ့ဆီကလိုချင်တာ ငါတစ်ယောက်ပဲလား ဆိုတာ မသိဘူး သူနဲ့ ညှိနှိုင်းမှုကိုလည်း သေချာမလုပ်ခဲ့ဘူး။ အခုထိတော့ အဆင်ပြေနေတုန်းပဲ.. ငါဒီအချိန်အတွင်းမှာ သူ့ကိုချုပ်ကိုင်ဖို့ တစ်ခုခု အားနည်းချက်..အားသာချက်.. တစ်ခုခုကို ရှာတွေ့ထားမှ ဖြစ်မယ် "

" ဒါပေမဲ့ သူကငါ့အားနည်းချက်ကိုတော့ တစ်ခုမကသိနေပြီ။ အခုဆို ဂျယ်နီပါ ပါလာနေပြီ ဂျယ်နီ့ကိုလည်း သူအသုံးချနေမှာ စိုးမိတယ် ငါအဲတစ်ခုကိုပဲ ခေါင်းကိုက်တယ်ဒန် ဂျယ်နီကအခုဆို အိမ်ပေါ်ရောက်လာပြီ။ သူနဲ့ဟယ်လင် ဘယ်လိုအပြိုင်အဆိုင်တွေ လုပ်ကြပြီး ငါဘယ်လိုဝင်ပါရအုံးမလဲ မသိသေးဘူး ဟူး.. "

" အစ်ကို.. ကျေးဇူးတင်ပါတယ် ကျွန်တော်တို့အတွက် အများကြီးအနစ်နာခံ စွန့်စားပေးခဲ့လို့ အမြဲတမ်းအတွက် ကျေးဇူးတင်နေမှာပါ အစ်ကိုလိုအပ်တာရှိရင် အချိန်မရွေးခိုင်းပါ။ "

" ငါကိုယ်တိုင်လည်း လွှတ်မြှောက်ဖို့ကြိုးစားနေတယ်ဆိုတာ မမေ့ပါနဲ့ ငါတစ်ယောက်တည်းလည်း ဒီလိုမလုပ်နိုင်ပါဘူး အဲဒါကြောင့် ကျေးဇူးတင်တာကတင် အားနာတာမျိုးတော့ မဖြစ်ရဘူး ငါတို့က ဘဝတူတွေပဲ ဟုတ်တယ်မလား "

" ဟုတ်ကဲ့ ဟတ်ချိုး! "

" တောင်းပန်ပါတယ် အစ်ကို ကျွန်တော် ခဏခဏ- ဟတ်ချိုး! "

" ရပါတယ် နေမကောင်းဘူးလား ချွေးတွေလည်းပြန်လို့.. "

" မဟုတ် မဟုတ်ဘူး ဟို.. အနံ့ကြောင့်ထင်တယ် "

" အာ.. အနံ့.. "

ထိုအခါမှ သူသူ့ကိုယ်ပေါ်က ဂျွန်ဂျောင်ဂုရဲ့ရေမွှေးနံ့ဆိုတာ သိသွားသည်။ ထိုအနံ့က တော်တော်လေးပြင်းပြီး မအီမသာ ဖြစ်စေသည်။ အနံ့ကတော့ သင်းသင်းလေးနဲ့ ကြာကြာရှူကြည့်လေ ဆွဲဆောင်မှုရှိလေအနံ့မျိုး။ ဒါပေမဲ့ သူလည်း ဒီနေ့ ရေချိုးကြာသွား၍ဖျားချင်သည်လား ခန္ဓာကိုယ်အတွင်း ပူလောင်နေပြီး မသက်မသာ ခံစားနေရ၍ ထိုအနံ့သည် ပို၍မူးဝေစေနေသည်။

" ဒါ လက်ဆောင်ရလာတဲ့ ရေမွှေးပါ အနံ့‌ကကောင်းပေမဲ့ နောက်မဆွတ်တော့မှထင်တယ် ငါလည်းမကြိုက်ဘူး အနံ့ရရင် ခေါင်းမူးပြီး နေရခက်လာတယ် ဈေးကြီးတယ်လို့ပြောပြီး.. "

သူထိုကောင်ပြောတဲ့ ဈေးအကြောင်းကို ခပ်တိုးတိုးဆိုလိုက်မိသည်။ နိုင်ငံခြားကလာတယ်ပြောပြီး အနံ့နဲ့လူကို မသက်မသာဖြစ်အောင် လုပ်နေတာ.. ကြာလေပိုပိုဆိုးလာလေ.. သူလည်ပင်းနားတစ်ဝှိုက်မှာပဲ အနံ့တွေရှိနေတော့ သူ့နှာခေါင်းထဲ အလိုအလျောက်ကို ဝင်နေတော့တာ..

" ဘာလို့ဒီလောက်ပူပြီး နေရခက်နေရတာလဲ မင်းရော ပူမနေဘူးလား "

" ဟင့်အင်းအစ်ကို ကျွန်တော်က သာမန်ပါပဲ.. "

ဒန်ကပုံမှန်ပဲဆိုတော့ သူတစ်ယောက်တည်းကွက်ပူလောင်နေတာလား.. ဆော့ဂျင်သူဝတ်ထားတဲ့ အင်္ကျီကို ကြယ်သီးဟရင်း လေဝင်လေထွက်ကောင်းအောင် လှုပ်ခါလိုက်သည်။ ထိုအခါ နှာခေါင်းထဲတိုးဝင်လာတဲ့ ထိုရေမွှေးနံ့ထုံသင်းသင်း.. အနံ့‌ကကောင်းပေမဲ့ ရှူပြီးရင်း ရှိုက်မိနေရင်းကနေ ပိုမူးဝေလာခဲ့သည်။ ခန္ဓာကိုယ်တွင်း ပူလောင်မှုကလည်း ဆိုးဆိုးရွားရွားဖြစ်လာသည်။

" ဟတ်ချိုး! "

" ‌ဒါဆိုအစ်ကို ကျွန်တော်သွားတော့မယ် "

ဒန်က နှာချေရလွန်းလို့ နှာခေါင်းတွေတောင် ပွလာသည်။ ဒန်ထွက်သွားတော့မှ သူအင်္ကျီကြယ်သီးသုံးလေးလုံးလောက်ကို ဖြုတ်ရင်း ရင်ဘတ်တွေကို လစ်ဟထားလိုက်သည်။ သူ့ခန္ဓာကိုယ်တွင်းပူလောင်မှုက ပိုဆိုးလာလေခံစားရသည်။ ဘာလို့ဒီလောက်တောင် ပူနေရတာလဲ..

သူထရပ်လိုက်ပြီး ပြတင်းပေါက်နားဆီ သွားလိုက်သည်။ လေအေးအေးကြားမှာဆို သက်သာသွားမယ်ဆိုတဲ့အတွေးနဲ့ သူအင်္ကျီစတွေကို လှုပ်ခါရင်း လေထုအေးလေးတွေကို ခံစားလိုက်သည်။ ထိုအခါ ပိုရလာတဲ့ ထိုအနံ့.. ထိုအနံ့ပြင်းလာတိုင်း ပူလောင်မှုတိုးလာပြီး လူကိုမရိုးမရွဖြစ်လာစေသည်။ သူမျက်လုံးမှိတ်ထားရင်း အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်ကာ စိတ်ငြိမ်အောင် ကြိုးစားလိုက်သည်။

ဘယ်လိုခံစားချက်မျိုးလဲဒါ.. သူအခု လိင်စိတ်ဆန္ဒဖြေဖျောက်ချင်တဲ့စိတ်တွေ ဝင်လာသလို ခံစားနေရသည်။ သူမနက်က ဂျွန်ဂျောင်ဂုနဲ့လုပ်ခဲ့တဲ့ ကိစ္စတချို့ကို မတွေးဘဲမနေနိုင် သူ့အာရုံထဲ ပျံ့လို့လာသည်။ ဂျွန်ဂျောင်ဂုရဲ့ထိုအရာကို သူ့လက်နဲ့ဆုပ်ကိုင်ခဲ့ပြီး ဂျွန်ဂျောင်ဂုလက်တွေက သူ့တင်ပါးကို ဆုပ်ကိုင်နေခဲ့တာကို သူမြင်ကွင်းထဲ အရှင်းသားပြန်မြင်နေရသည်။ ထိုအခါ သူ့ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး နှိုးထလာတဲ့သူ့အရာ.. အဲတုန်းကလည်း သူ့အရာက နှိုးထလာသေးပေမဲ့ သူအာရုံလွဲသွား၍ ပြင်းပြတဲ့အထိ မဖြစ်လာခဲ့ သူရေအေးနဲ့စိမ်ချိုးပြီးနောက် ထိုဆန္ဒတွေက လုံးလုံးပျောက်သွားပြီးပြီ။ ဒါပေမဲ့.. 

အတွေးထက်ကို လက်ကအရင် ဂုတ်သားတွေကို စမ်းကြည့်လိုက်မိသည်။ သူ့ပခုံးတွေကို လာနမ်းတုန်းကလား.. အဲတုန်းက သူ့လည်ဂုတ်တွေက အထိမခံဖြစ်၍ တုံ့ပြန်မှုလွန်ကဲနေတာကလွဲရင် အခုလောက်ထိ မဆိုးဝါးခဲ့ပါဘူး.. အခုက သူတော်တော်လေး ဆန္ဒပြင်းပြနေပြီး ဖြေလျှော့ချင်နေမိသည်။ ထိုခံစားချက်မျိုးက.. သူအပျော်မယ်ဂေဟာမှာ နေတုန်းကတောင် တစ်ခါမှမဖြစ်ခဲ့ဖူးတဲ့ တောင့်တမှုမျိုး.. အလှအပစုံလင်လှတဲ့ ယောကျာ်းမိန်းမတွေနဲ့အတူ ကြီးပြင်းလာရတာတောင် အဲလိုတောင့်တမှုမျိုး မရှိခဲ့ဖူးဘူး.. ဒါကဘယ်လိုဖြစ်နိုင်မှာလဲ! ဂျွန်ဂျောင်ဂုကြောင့်ဆိုရင် သူပ်ိုလို့တောင် လက်မခံချင်ဘူး။

" ဟင်း.. အင်း.. "

မျက်စိထဲ ညစ်ညမ်းတဲ့မြင်ကွင်းတွေက ပိုလို့ထပ်လာတဲ့အခါ သူအသံတချို့ပင် ထွက်ကာ သက်သာလိုသက်သာငြား ထုတ်ညည်းမိသည်။ သူ့အာရုံထဲ တဝဲလည်လည်ဖြစ်နေသည်က လတ်တလောကမှ ဖြစ်ပျက်ခဲ့တဲ့ ထိုအထိအတွေ့နဲ့ ခံစားမှု.. နှုတ်ခမ်းတွေနဲ့ သူ့ခန္ဓာကိုယ်ပေါ် ပိုပြီး ထိတွေ့လာစေချင်နေသည်။

" ဟင်း.. "

ပိုဆိုးရွားလာတဲ့ခံစားချက်ကြောင့် သူထိုနေရာကနေ ပြန်လာခဲ့ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။ လေအေးကြောင့် နေလို့ကောင်းပေမဲ့ အနံ့ကြောင့် သူပိုပြီးခေါင်းမူးလာသည်။ နောက်ဆုံး သူမသက်မသာ ဖြစ်လာတဲ့အခါ အနံ့မရတော့ဖို့ နှာခေါင်းသာ ပိတ်ထားလိုက်တော့သည်။ သူ့တစ်ကိုယ်လုံးလည်း ချွေးစေးတွေထွက်ပြီး အားအင်ကုန်ခမ်းချင်နေပြီ။ သူထိုင်ခုံပေါ်တွင် အားမရှ်ိသလို မှီထိုင်ထားရင်း မောဟိုက်နေမိသည်။

ဒါပေမဲ့ ထိုရေမွှေးနံ့မရတော့တဲ့အခါ ခေါင်းမူးပြီး မကြည်မလင်ဖြစ်နေတာက နည်းနည်းသက်သာလာသလိုပဲ ခံစားလာရသည်။ ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းချုပ်ဖို့ကြိုးစားရင်း အသက်ကို ပါးစပ်ဖြင့် တဖြည်းဖြည်း ရှူထုတ်ကြည့်သည်။ ပိုပြီးထိရောက်မှုရှိပြီး ခုနကထက်စာလျှင် နေလို့ကောင်းလာသည်။ ဒါပေမဲ့ နှာခေါင်းပိတ်ပြီးထိတော့ ကြာကြာဘယ်နေလို့ရမှာလဲ .. သူအသက်ရှူဖို့ရာ နှာခေါင်းပိတ်လိုက် ဖွင့်လိုက်ဖြင့် အသက်ရှူထုတ်နေရင်း အနံ့မရဖို့ ကြိုးစားနေရသည်။ အခုဒီအနံ့ကြောင့် သူဒီလိုဖြစ်နေတာလား.. ဒါဖြင့် သူခံစားနေရတာ.. ရေမွှေးနံ့ကြောင့်လား..

_______________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories