Fanfics

ep7

16:45, 16 September 2023

မနက်ရောက်တော့ သူနိုးနေကြအချိန်အတိုင်း ထဖြစ်သည်။  စက်ရုံသွားဖို့ မရှိပေမဲ့ သူ့ထချိန်တွေက ပုံမှန်ဖြစ်နေပြီ။ သူမနက်ခင်း လုပ်နေကြအတိုင်း ရေချိုးအဝတ်အစားလဲ ပြင်ဆင်ဖြီးလိမ်းပြီးတော့ မနက်စာစားရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အောက်ထပ်မဆင်းခင် ဂျွန်ဂျောင်ဂုအခန်းဘက် သူ‌လှမ်းကြည့်မိသေးသည်။ ထပြီလားမပြောတတ်။ မနေ့က သူအလုပ်အခန်းထဲမှာပဲ ရှိနေ၍ ထိုသူနှင့်ထပ်ပြီး မဆုံဖြစ်တော့။ ဒန်ပြောချက်အရတော့ ပါတီတက် သွားပြီး ညဉ့်နက်မှ ပြန်လာပုံပါပဲ.. ဘာပဲဖြစ်ဖြစ် ဧည့်သည်မှမဟုတ်တာ သူကအိမ်ရှင်ပဲ ပြီးတော့ မစ္စမာရင်းတို့သားအမိက မျက်စိဒေါက်ထောက်ကြည့်ပြီး ကူညီပေးနေတာပဲ သူလိုအပ်တာ ရှိမယ်မထင်ပါဘူး။ ရှိရင်လည်း သူလိုအပ်တာကို အချိန်မရွေး ခိုင်းစေလို့ရနေတာပဲ..

သူအောက်ထပ်ဆင်းလာတော့ ရယ်သံတွေ စတင်ကြားရသည်။ စားဖိုဆောင်ထဲက လာတာဖြစ်ပြီး သူမသွားခင် ဦးလေးမင်နဲ့ လိုအပ်တာတွေ မှာကြားရင်း စကားခဏရပ်ပြောနေရသည်။ တခြားတော့မဟုတ် အိမ်တော်ရဲ့ ရိက္ခာနဲ့ လိုအပ်တာတွေ စုဆောင်းထားဖို့ပင်။ ပြီးတော့ ဝန်ကြီးချုပ်ရှိစဉ်က အရက်ဗီရိုကို ရှင်းလင်းပြီး လိုအပ်တာတွေ ဖြည့်ဆည်းထားခိုင်းလိုက်သည်။ ထိုနေရာက ဂျွန်ဂျောင်ဂုရောက်လာမှပင် အသက်ဝင်လာတော့မည်။

သူမှာကြားပြီးတော့ စားဖိုဆောင်ဘက် ထွက်လာခဲ့သည်။ စားဖိုဆောင်ထဲ သူဝင်လာတော့ စကားပြောလက်စတွေ ရပ်သွားပြီး သူ့ဘက်လှည့်ကြည့်လာကြသည်။ သူကတော့ ပြန်ကြည့်မနေတော့ဘဲ စားဖိုဆောင်ဦးစီးဆီ တိုက်ရိုက်သွားပြီး လိုအပ်တာတွေ မှာကြားလိုက်သည်။ ပြီးမှ သူ စားပွဲရှိရာ ပြန်လာခဲ့ပြီး မနက်စာစားဖို့ပြင်လိုက်သည်။ သူဘယ်သူ့ကိုမှ ထွေထွေထူးထူး နှုတ်ဆက်မနေဘဲ စားစရာရှိတာစားပြီး အလုပ်ခန်းသွားထိုင်ဖို့ ပြင်လိုက်သည်။ ဒီနေ့မှထူးထူးဆန်းဆန်း မစ္စမာရင်းတို့သားအမိက စောစောထနေပြီး ဂျွန်အယ်ရိုပါ နိုးနေသည်။ ဂျွန်ဂျောင်ဂုကိုတော့ အစောကြီးနိုးနေမည်မထင်မှတ်ထား.. ကြည့်ရတာ စစ်တပ်ကအလေ့အကျင့် ပါလာတာဖြစ်မည်။

" သခင်လေးဂျွန် ဟယ်လင်ကျောင်းရှိသေးလို့ သခင်လေးနဲ့အဖော်မလုပ်ပေးနိုင်သေးဘူး သခင်လေးစိတ်မကွက်ပါနဲ့နော် ဟယ်လင့်ကျောင်းက မဖြစ်မနေ သွားရမှာမလို့ပါ။ "

" မိန်းကလေးဟယ်လင် သွားစရာရှိတာ သွားပါ ကျုပ်က ဧည့်သည်မဟုတ်ပါဘူး "

" သခင်လေးက သဘောထားကြီးလိုက်တာ လိုအပ်တာရှိရင် အန်တီတို့ကို အချိန်မရွေးအသိပေးပါ အိမ်တော်မှာက သခင်ကြီးဆုံးပါးသွားကတည်းက ပြောင်းလဲကုန်တာတွေ သခင်လေးမသိလိုက်မှာစိုးလို့ သခင်လေးမသိလိုက်တာရှိရင် မေးပါ။ "

" ကျုပ် အင်း.. ကျုပ်တခြားတော့ သိချင်တာမရှိပါဘူး ကျုပ်နားမလည်တာဆိုလို့ လုပ်ငန်းအကြောင်းပဲရှိမယ် အဲဒါလည်း.. ကျုပ်ရဲ့မရီးဂျန်က ရှင်းပြပေးရမယ်ထင်တယ် ကျုပ်မရီးက လုပ်ငန်းတွေအကုန် ဦးစီးနေတာပဲ ဟုတ်တယ်မလား "

ဆော့ဂျင်လက်ဖက်ရည်သောက်နေရင်း ထိုကောင်အပြောကို မတုံ့ပြန်ဘဲ အမူအရာမရှိ လက်ဖက်ရည်ကို ဆက်သောက်လိုက်သည်။ မစ္စမာရင်းတို့ သားအမိက ထိုစကားအပေါ် သိသိသာသာ ကျေနပ်သွားကြသည်။

" ဟုတ်တာပေါ့ ‌ဟုတ်တာပေါ့ ကျွန်မတို့သားအမိက လုပ်ငန်းအကြောင်း ဘာမှနားလည်တာမဟုတ်ဘူး မဒမ်ကပဲ လုပ်ငန်းတွေကို ချုပ်ကိုင်ထားတာ သခင်လေး မဒမ်ဆီက လေ့လာပါ "

" ဖြစ်ပါ့မလား ကျုပ်အလုပ်ရှုပ်သလိုမျိုးများ ဖြစ်သွားမလား "

ထိုအခါ မစ္စမာရင်းတို့ရဲ့ ပျာပျာသလဲတားဆီးသံတွေ အဆက်မပြတ်ထွက်ပေါ်လာသည်။ ထိုကောင်ကတော့ သူ့ကိုသာ မလွဲကြည့်ရင်း သူ့ဆီကတုံ့ပြန်မှုကို စောင့်နေသည်။ သူလက်ဖက်ရည်ခွက်ကို လက်စသတ်လိုက်ပြီး စားပွဲပေါ်ချလိုက်သည်။

" အလုပ်အကြောင်းသင်ပြဖို့ အချိန်မရွေး လုပ်ငန်းထဲ ဝင်လေ့လာနိုင်ပါတယ် သခင်လေးဂျွန်သိလိုရာကိုလည်း ကျွန်ုပ်ကို မေးမြန်းနိုင်ပါတယ်။ တခြားလိုအပ်တာ ရှိရင်လည်း ကျွန်ုပ်ကို အချိန်မရွေးအသိပေးပါ။ အခုလည်း ကျွန်ုပ် အလုပ်ခန်းမှာရှိနေမှာပါ သခင်လေးဂျွန်လိုအပ်တဲ့အခါ လာရှာနိုင်ပါတယ် "

" ဂျွန်အယ်ရို ဒီနေ့ကျောင်းသွားဖို့ လုပ်ထားပါ "

ဆော့ဂျင်သူပြောပြီးတော့ စားဖိုဆောင်မှ ထွက်လာခဲ့လိုက်သည်။

" သခင်လေးဂျွန်မြင်တဲ့အတိုင်းပဲ သူက လုပ်ငန်းအကြောင်းပြောလိုက်လို့ မျက်နှာပျက်သွားတာ လုပ်ငန်းတွေကို သူကချည်း လက်ဝါးကြီးအုပ်ကြီးစိုးချင်နေတာ သူက သခင်လေးပြန်လာတာကိုလည်း မကြည်ဖြူဘူးလေ သူ့လိုအဆင့်အတန်းနဲ့သူက တန်ရာတန်ရာမနေဘဲ လောဘက တက်တက်လာတာ သခင်လေးအမြင်ပါပဲ သခင်လေးသေချာကိုင်တွယ်ပေးပါအုံး။ "

" ဟက် ကျုပ် သေချာကိုင်တွယ်မှာပါ "

ဂျောင်ဂုပြောပြီး ထရပ်လိုက်သည်။ ပြီးတော့ ကင်မ်ဆော့ဂျင်ရှိတဲ့ အလုပ်ခန်းဆီတက်လာခဲ့သည်။ သူအလုပ်ခန်း ဘယ်ဆီရှိနေမလဲ မသိတာမလို့ အပေါ်ထပ်တစ်ထပ်လုံး လျှောက်ကြည့်လိုက်သည်။ သူရောက်လာကတည်းက အိမ်အပေါ်ထပ်ကို သေချာမလေ့လာရသေးတာမလို့ တစ်နေရာခြင်းစီ လိုက်ကြည့်မိသည်။ အပေါ်ထပ်တွင် သူ ဂျွန်အယ်ရိုနဲ့ ကင်မ်ဆော့ဂျင်တို့သာ ရှိသည်။ ကျန်တဲ့အခန်းတွေက အလွှတ်အတိုင်းသာ.. သူထောင့်ဆုံးဘက်ရောက်လာတော့ အလုပ်ခန်းဆိုသည့်အခန်းကြောင့် ထိုအခန်းဆီ သူတန်းတန်းမတ်မတ် လျှောက်သွားလိုက်သည်။ အခန်းတံခါးကို အသာဖွင့်လိုက်ပြီး တန်းဝင်လိုက်သည်။ သူ့မှာတံခါးခေါက်တာတွေ ဝင်ခွင့်တောင်းတာတွေအတွက် ထုံးစံမရှိ။

တိတ်ဆိတ်နေတဲ့အခန်းထဲ သူ့ဖိနပ်သံကြောင့် အခန်းထဲလူဝင်လာမှန်း သိသွားတဲ့အခါ ကင်မ်ဆော့ဂျင်က အလုပ်တပ်ရွှေရောင်ကိုင်းကြိုးဆွဲမျက်မှန်အောက်ကနေ သူ့ရှိရာ ကြည့်လာသည်။ သူသူ့မရီးကို ဖော်ရွေတဲ့အပြုံးလေးနဲ့ ပြုံးနှုတ်ဆက်ရင်း အခန်းအနေအထားကို စူးစမ်းလိုက်သည်။ အလုပ်ခန်းဆိုပေမဲ့ ရှုပ်ပွနေတာမျိုးမရှိဘဲ သပ်သပ်ရပ်ရပ်နဲ့ နေရာတကျ ရှိနေသည်။

" သခင်လေးဂျွန် ဘာကိစ္စများ ရှိလို့ပါသလဲ "

" ကိစ္စလား.. မရှိဘူး ကျုပ်အတွက် ကိစ္စရှိမှ ဝင်ထွက်လို့ရမဲ့နေရာလား "

" သခင်လေးဂျွန်က စူးစမ်းချင်လို့ထင်ပါတယ် ဒါဆို စိတ်ကြိုက်လေ့လာပါ ကျွန်ုပ်အလုပ်လေးတွေ ရှိနေသေးလို့ "

ထိုသူက သူ့ကိုလျစ်လျှူရှုသွားပြီး ခေါင်းပြန်ငုံ့သွားကာ အလုပ်ထဲ အာရုံပြန်စိုက်သွားသည်။ ထိုအခါ သူသူ့မရီးအတွက် နှောင့်ယှက်မှုအသေးစားလေးတွေလုပ်ဖို့ အကြံရမိပြီး ကင်မ်ဆော့ဂျင်နှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်သည်။ ထိုသူရဲ့ လက်ချောင်းသွယ်သွယ်လေးတွေက ဖောင်တိန်ကိုဖွဖွကိုင်းရင်း နောက်လက်‌ချောင်းတွေက စာရွက်အနားလေးကို လှန်တော့မည်လို ကိုင်ထားသည်။ ရွှေရောင်ကြိုးကိုင်းနဲ့မျက်မှန်က နှာခေါင်းထိ လျှောကျနေပြီး မျက်တောင်တွေက စားပွဲဆီအာရုံစိုက်နေသည်မလို့ မျက်ဝန်းတွေပေါ် ပိတ်ကျနေပြီး မျက်တောင်တွေက ပါးပြင်ပေါ် ဖြာကျနေသည်။ ပြောရရင် ထိုသတင်းစာထဲကပုံကို အပြင်မှာ အနီးကပ်ကြည့်လိုက်ရသလို ပြည့်စုံပြီး သူ့ထိုတစ်နေရာကို ပိုပြီးနှိုးဆော်နိုင်သည်။ အဲဒီလက်ချောင်းသွယ်သွယ်တွေနဲ့သာ သူ့အရာကို ဆုပ်ကိုင်ပြီး ရှေ့တိုးနောက်ငင် ပွတ်ဆွဲ‌လာခဲ့မယ်ဆိုရင်..

" သခင်လေးဂျွန် လိုအပ်တာတစ်ခုခု ရှိလို့လား "

ကင်မ်ဆော့ဂျင်ဆီက သူ့ကိုမော့ကြည့်ပြီး စကားသံထွက်ကျလာတဲ့အခါ သူ့အတွေးတွေပြတ်တောက်သွားပေမဲ့ လှုပ်ရှားလာတဲ့နှုတ်ခမ်းအစုံကြောင့် ထိုနှုတ်ခမ်းတွေနဲ့သာ သူ့အရာကို တပ်တပ်မက်မက် နမ်းရှိုက်လာခဲ့မယ်ဆိုရင်!

" သခင်လေးဂျွန် အခုလိုကြည့်နေတာက အနှောင့်အယှက်ဖြစ်ပါတယ် သခင်လေးလိုချင်တာကို ပြောပါ "

ကင်မ်ဆော့ဂျင်က မျက်မှောင်တွေကျုံ့ဝင်နေပြီး ဒေါသဖြစ်နေတာကို ချုပ်တည်းထားရဟန် ရှိနေသည်။ ထိုအခါမှ သူကြည့်နေတာ ရပ်လိုက်ပြီး အလေးအနက်ဝင်နေတဲ့ သူ့အတွေးတွေဖျောက်ဖို့ အနေအထားတစ်ခု ဖန်တီးလိုက်သည်။ ထိုင်ခုံတွင် ပျင်းတွဲတွဲပြင်ထိုင်လိုက်ပြီး ပေါ့ပျက်ပျက်စကားတစ်ခု အစပျိုးလိုက်သည်။

" လိုချင်တာ.. မရီးဂျန် ကျုပ်လိုသခင်လေးဆီမှာ လိုချင်တာ များများစားစားမရှိပါဘူး လိုအပ်တာ.. လိုအပ်တာဆိုရင်တော့ ကျုပ်ဘဝအတွက် လိုအပ်တောင့်တတယ်ဆိုလို့ တစ်ခုပဲရှိတယ် ကျုပ်ဘဝမှာ လိုချင်တာ များများစားစားမရှိဘူး "

" ဒါဆို သခင်လေးဂျွန် ဘာများလိုအပ်နေတာလဲ "

" ဒါ‌က ပြောဖို့စောပါသေးတယ် ကျုပ်တို့ အလုပ်အကြောင်းအရင် ပြောကြမလား "

အလုပ်အကြောင်းဆိုတော့ ဆော့ဂျင်အနေအထား ပြင်လိုက်သည်။ သူဒါပြောဖို့ စကားစရခက်နေအုံးမယ်ထင်ထားတာ ဂျွန်ဂျောင်ဂုက စိတ်ဝင်စားနေသားပဲ.. သူအဓိကအလုပ်အကြောင်းကို ဖယ်ချန်လိုက်ပြီး အရင်‌ဆုံး အိမ်တော်ရဲ့ စီးပွားရေးလည်ပတ်ပုံ လုပ်ငန်းချဲ့ထွင်ပုံနဲ့ ဝင်ငွေအကျိုးအမြတ်အကြောင်း အကြမ်းဖျင်းပြသလိုက်သည်။ ထိုကောင်က သူမေးလို့သာ သူကရှင်းပြနေရပေမဲ့ အာရုံစူးစိုက်မှုအပြည့်မရှိပေ အကြည့်တွေက မကြာခဏဆိုသလို သူ့ကိုယ်ပေါ်ရောက်ရောက်နေသည်။ သူက အသုံးမဝင်တဲ့အလုပ်မျိုးကိုတော့ သိလျက်နဲ့ ဆက်ပြီးမလုပ်နေနိုင်တာကြောင့် ထုတ်မေးလိုက်သည်။

" သခင်လေးဂျွန် အာရုံစူးစိုက်မှု ရှိမနေဘူး ကျွန်ုပ်ကို ဘာများမေးစရာရှိနေလဲ "

" အိုး ကျုပ်အဲလိုဖြစ်သွားလား.. ကျုပ်စီးကရက်သောက်ချင်နေလို့ "

" သခင်လေးဂျွန်လိုအပ်တာကို ထုတ်ပြောလိုက်သင့်တယ် "

အဲဒီအတွက် အချိန်ပုတ်ကုန်ပြီလို့တော့ သူမပြောလိုက်တော့ဘဲ စီးကရက်အတွက် အခန်းထဲက ခဏထွက်လာခဲ့သည်။ သူရောက်လာကတည်းက စီးကရက်တို့ အရက်တို့ဆိုတာ အဆင်သင့်ပြင်ခိုင်းထားတာမလို့ အသင့်ရှိနေသည်။ သူစီးကရက်ယူလာပေးပြီးတော့ အလုပ်အကြောင်း ထပ်ရှင်းပြဖြစ်သည်။ ထိုအခါတွင်တော့ ခုနကလို မဟုတ်တော့ဘဲ အာရုံစူးစိုက်မှုရှိလာပြီး တချို့အကြောင်းအရာတွေအတွက်လည်း စူးစိုက်မှာရှိကာ မေးခွန်းထုတ်လာသည်။ တကယ်တော့ သူတို့အိမ်တော်ရဲ့ လုပ်ငန်းတွေက သာမန်ပါပဲ စက်ရုံလည်ပတ်မှုတစ်ခုသာ ရှုပ်ထွေးမှုတွေရှိနေပြီး အလုပ်များနေတာ ကျန်တာတွေက ငွေပေးငွေယူအလုပ်တွေပါပဲ..

" ဒီအလုပ်တွေအများကြီးကို ခင်ဗျားတစ်ယောက်တည်း လုပ်နေတာက အံ့ဩစရာပဲ ပျင်းစရာကောင်းတယ်လို့ မထင်ဘူးလား ကျုပ်ဆိုရင် အိမ်တော်က ရတဲ့ဝင်ငွေနဲ့တင် ထိုင်စားနေလိုက်တော့မယ် "

" ကိုယ်တိုင်လုပ်ပြီးရလာတဲ့ အကျိုးအမြတ်က ဘာနဲ့မှမတူဘူး လုပ်ငန်းချဲ့ထွင်ရတာ ပျော်စရာပါ။ အခုချိန်ထိ နိုင်ငံမှာ အလုပ်လက်မဲ့တွေ ပေါနေတုန်းပဲ ဒါကြောင့် အလုပ်များများပေးနိုင်မဲ့ စက်ရုံကြီးတွေ လိုအပ်တယ် "

" ကျုပ်က စာရွက်ပေါ်ရေးခြစ်ပြီး ခေါင်းစားရတာထက် လေ့ကျင့်ရေးစခန်းမှာ ခန္ဓာကိုယ်အားသုံးပြီး ပြေးလွှားနေရတာ ပိုကြိုက်သေးတယ် ကျုပ်ဒီလိုသာ တစ်နေကုန်ထိုင်နေရရင် ဇက်ကြောတက်လိမ့်မယ် "

" သူအားသန်ရာ ကိုယ်အားသန်ရာပေါ့ ဘယ်အလုပ်ဖြစ်ဖြစ် တန်ဖိုးရှိပါတယ် သခင်လေးတို့လို စစ်သားတွေကြောင့်လည်း နိုင်ငံကလုံခြုံနေတာပဲ ကျွန်ုပ်တို့လို စီးပွားရေးလုပ်တဲ့သူ‌တွေကလည်း စီးပွားရေးကို အားထားပြီး နိုင်ငံတော်ရဲ့ ဝင်ငွေလည်ပတ်မှုနဲ့ အခွန်ငွေကို ဖြည့်တင်းပေးနေရတာပဲမလား သခင်လေးဂျွန်တို့လို စစ်သားတွေက အင်အားနဲ့ကူညီနေရင် ကျွန်ုပ်တို့လို စီးပွားရေးဦးဆောင်လုပ်နေတဲ့ လူတွေက ငွေအားနဲ့ ကူ‌ညီနေခဲ့တာပဲမလား "

" အပြောကောင်းပါတယ် ကျုပ်အတွေးတွေကို ပြောင်းလဲစေခဲ့တယ် ကျုပ်အရင်ကတော့ စစ်သားတွေကသာ နိုင်ငံတော်အတွက် အရေးအပါဆုံး ကျေးဇူးရှင်တွေလို့ ထင်ခဲ့တာ ခင်ဗျားအ‌ပြောကြောင့် တစ်ယောက်နဲ့တစ်ယောက်က အတူတူအကျိုးပြုနေပါလားဆိုတာ သိသွားမိတယ် "

" သခင်လေးကသာ ပညာတတ်တစ်ယောက်မလို့ အမှန်ကို‌မြင်နိုင်ခဲ့တာပါ။ ဒါဆို နောက်လုပ်ငန်းတစ်ခုအကြောင်း ဆက်ကြမလား "

" ဒီနေ့အတွက်တော့ ဒီလောက်ဆိုရပြီလို့ မထင်ဘူးလား ကျုပ်စိတ်မပါတော့ဘူး ကျုပ်စိတ်ဝင်စားမဲ့ အကြောင်းအရာတချို့ ပြောပေးပါလား မရီးနဲ့ကျုပ်အစ်ကိုဝန်ကြီးချုပ်အကြောင်းဖြစ်ဖြစ် မရီးတို့အကြောင်းက ထူးခြားတယ်မလား "

ပြောရင်း စားပွဲအစွန်းနားတင်လာတဲ့ ‌ဖိနပ်ပါတဲ့ခြေထောက်တစ်စုံကြောင့် သူမနှစ်မြို့စွာ ကြည့်လိုက်သည်။ ထိုကောင်က တမင်ပင် သူ့အကြည့်တွေကို သိနေလည်း ဖယ်ပေးလိုဟန်ရှိမနေ။

" ကျွန်ုပ်အကြောင်းက ဘာမှထွေထွေထူးထူး စိတ်ဝင်စားဖို့မကောင်းပါဘူး တစ်မြို့လုံး သိထားသလိုပါပဲ အဲဒါက အမှန်တွေပါပဲ ဒါဆို သခင်လေးဂျွန် ဒီနေ့အတွက် ပင်ပန်းသွားပြီ သခင်လေးဂျွန်အနားယူလိုက်ပါအုံး ကျွန်ုပ်အလုပ်ဆက်လုပ်လိုက်ပါအုံးမယ် "

ဆော့ဂျင် သူနဲ့အာလာပသလ္လာပ ပြောချင်စိတ်မရှိ၍ စကားဝိုင်းကို အဆုံးသတ်ဖို့ ကြိုးစားလိုက်သည်။ သူကြိုးစားပြီး အလုပ်အကြောင်းတွေ အများအပြားရှင်းပြပြီး အစပျိုးပြောထားပေမဲ့ တကယ့်အကြောင်းအရာ မပါသွားသေးတဲ့အတွက် သူ့အတွက် တခြားပြောချင်စိတ်ကုန်သွားပြီ။ ထိုကောင်ကလည်း သူအခုလိုဖြစ်သွားတာ သိသွားပုံပါပဲ မဟုတ်ဘူး သူအခုလိုဖြစ်သွားအောင် အဓိကအကြောင်းအရာ ပြောမဲ့အချိန်မှ တမင်ဖြတ်ချသွားတာ။ ဒါကြောင့် သူလည်း သူ့ကို ယဉ်ယဉ်ကျေးကျေးပဲ နှင်ထုတ်လိုက်သည်။

ပြန်ချင်ပြန် မပြန်ချင်နေ သူထိုကောင်ကို လျစ်လျှူရှုထားလိုက်ပြီး စားပွဲပေါ်က စာရင်းတွေထဲ အကြည့်ပြန်ပို့ထားလိုက်သည်။ ထိုအခါမှ သူ့မျက်လုံးထောင့်ကနေ စားပွဲပေါ်က ခြေထောက်တွေ ဖယ်ခွာသွားတာ မြင်လိုက်ရပြီးပျင်းတွဲတွဲမှီထိုင်နေရာမှ ထရပ်လာသည်။ အဲဒီဖိနပ်တွေက ရောက်လာတည်းက မချွတ်သေးတာ။ သူအဲဒီဖိနပ်တွေကို အလွန်မှ မုန်းတီးနေမိသည်။ ဖိနပ်‌တွေနဲ့ အိမ်ထဲလည်းရောက်ခဲ့ပြီးပြီ၊ ဧည့်ခန်းလည်း ရောက်ခဲ့ပြီးပြီ၊ အိမ်ပေါ် ၊စားဖိုဆောင် အခု သူ့စားပွဲပေါ်အထိပါ။ သူထိုဖိနပ်နေရာကို စူးစူးရဲရဲ စိုက်ကြည့်နေမိသည်။

" အိုး ကျုပ်ဖိနပ်ကြောင့် မရီးရဲ့စားပွဲခုံ ပေကုန်ပြီထင်တယ် "

" ရပါတယ် ကျွန်ုပ်သန့်ရှင်းရေးလုပ်လိုက်ပါ့မယ် "

" အားနာစရာဗျာ ကျုပ်က ဖိနပ်စီးရတာ အကျင့်ဖြစ်နေလို့ စစ်သားတွေက အရေးပေါ်အခြေအနေအတွက် အမြဲအဆင်သင့်‌ဖြစ်နေဖို့ ဖိနပ်ကိုအမြဲဝတ်ဆင်ထားရတယ်လေ ဒါမှလည်း အချိန်တစ်စက္ကန့်လေးတောင် အလဟဿမဖြစ်မှာ။ ကျုပ်က အရေးပေါ်အခြေအနေမှာ နေခဲ့ရလို့ အကျင့်ပါနေပြီ "

" ရပါတယ် ကျွန်ုပ်ကပဲ သန့်‌ရှင်းရေးကို ပိုလုပ်လိုက်ပါ့မယ် "

" ကျေးဇူးပဲမရီး "

" ဒါနဲ့ မရီး မရီးဦးစီးနေတဲ့ အဲအလုပ် ..  ကျုပ်စိတ်ဝင်စားတယ် တစ်‌ရက်လောက် ကျုပ်ကိုလိုက်ပို့ပေးနိုင်မလား "

" ... "

" အပျော်မယ်ရုံလေ ကျုပ်တို့အလုပ်အကြောင်းကို အဲမှာပြောတဲ့အခါ ကျုပ်ပိုပြီးစိတ်ဝင်စားနိုင်တယ် "

_____________________________

" ဒန်... သူက ယောကျာ်းတွေကို စိတ်မဝင်စားတာ သေချာရဲ့လား "

" အစ်ကိုတစ်ခုခုထပ်သိခဲ့လို့လား ကျွန်တော်အရင်က သိထားသမျှဆို သေချာပါတယ် တစ်ခါမှ ယောကျာ်းတွေနဲ့ မျက်နှာချင်းဆိုင်တောင် ကြာကြာစကားမပြောဖူးတာပါ "

ဆော့ဂျင် အရင်က ဒန်ရှာထားပေးတဲ့ ဂျွန်ဂျောင်ဂုရဲ့အချက်အလက်တွေကို ပြန်ကြည့်ရင်း သူမသိလိုက်တဲ့တစ်စုံတစ်ခုအကြောင်းအရာများ ညပ်ကျန်နေခဲ့အုံးမလား အပြန်ပြန်အလှန်လှန် စစ်ဆေးနေမိသည်။ ဂျွန်ဂျောင်ဂု ယောကျာ်းတွေကို စိတ်မဝင်စားဘူး‌ဆိုတာ သေချာသလောက်ပါပဲ ဘာလို့ သူခံစားနေမိတာလဲ သူဂျွန်ဂျောင်ဂုနဲ့တွေ့တဲ့နေ့က နည်းနည်းသံသယဝင်နေမိပေမဲ့ နှစ်ယောက်တည်းတွေ့ပြီးချိန်မှာ သူ့သံသယတွေ ပိုသေချာသွားခဲ့သည်။ ဆော့ဂျင်သူ့အာရုံခံစားမှုအရ ဂျွန်ဂျောင်ဂုက သူနဲ့ပရောပရည်လုပ်ချင်နေတယ်လို့ ခံစားနေရသည်။ ဒါမှမဟုတ် သူကအပျော်မယ်မျိုးရိုးကသူမလို့ သူ့ကိုစမ်းချင်နေပုံလည်းရသည်။ သူကသူ့အစ်ကိုကိုတောင် အဲလိုမြူဆွယ်ပြီး ယူခဲ့တာကြောင့် သူ့ကို သွေးတိုးစမ်းနေသလို အပြုအမှု၊အမူအရာတွေက သူ့အပေါ်လေးစားမှု လုံးဝမရှိ။ လေးစားမှုမရှိတာက သူ့အပေါ်မှမဟုတ်ပါဘူး အားလုံးအပေါ်မှာပါပဲ ဒါပေမဲ့ သူ့ကိုတော့ အကြည့်တွေနဲ့ပါ အထင်သေးရှုံ့ချချင်နေသည်။ သူက သူ့ကိုစမ်းသပ်ချင်နေသလိုမျိုး..

ပြောရရင် ဝန်ကြီးချုပ်ကို အပိုင်ချုပ်ခဲ့သလိုမျိုး သူ့ကိုပါလုပ်လိမ့်မလားဆိုပြီး အကဲစမ်းနေသည်။ ဒါကြောင့် သူနဲ့ပရောပရည်လုပ်ပြီး သူ့ဘက်က သူ့ကိုအလွယ်တကူ ဝင်လာလို့ရအောင် လမ်းဖွင့်ပေးနေသည်။ ဒါတောင် သူဒီလောက် သူ့ကို မနှစ်မြို့ပုံပြနေတာကို သူကလည်းသိပါတယ် တမင်ကို သူ့အပေါ် စိတ်အနှောင့်အယှက်ပေးပြီး အထင်သေးချင်တာ လူတိုင်းကိုသူက အထင်သေးနေတာ အထူးသဖြင့် သူလိုသခင်လေးကို ခခယယဝပ်တွားချင်နေတဲ့သူတွေကို သူကအပေါ်စီးကနေ ဆက်ဆံပြနေတာ သူတို့ကသူ့ဆီက လိုအပ်တာရှိနေမှန်းသိတော့ ပိုလို့တောင် မထီမဲ့မြင်ရှိနေသေး။ အခုချိန် သူ့ရည်ရွယ်ချက်တွေသာမရှိရင်၊ တကယ်လို့ သူ့စက်ရုံသစ်အတွက် လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုတွေ ရလာခဲ့ရင် သူထိုကောင်ကို ဝန်ကြီးချုပ်မျက်နှာနဲ့တောင် သည်းခံပေးမည်မဟုတ်။ သူ့ညီမလေးနှင့်ဆို စိတ်တောင်မကူးဘူး။

" ဒန် ဂျယ်နီရော သူရော ဂျွန်ဂျောင်ဂုပြန်ရောက်နေတာ သိသွားပြီလား "

" မမလေး သိအုံးမယ်မထင်ဘူး မမလေးဟယ်လင်သာ မပြောရင် သိသေးမှာမဟုတ်ဘူး "

" ငါသူ့ကို သိတောင်မသိစေချင်တော့ဘူး ငါဆုံးဖြတ်ချက်လောသွားတယ်ထင်တယ် ဂျွန်ဂျောင်ဂုက လူကောင်းတစ်ယောက်မဟုတ်ဘူး သူ့ကို ငါတောင်ကိုင်တွယ်ဖို့ ခက်နေတယ် ပိုဆိုးတာက သူကငါတို့ရည်ရွယ်ချက်တွေကို သိနေလို့ ငါတို့ကိုပိုခက်ခဲအောင် လုပ်နိုင်တယ်။ သူဂျယ်နီ့ကို သဘောကျတယ်ဆိုရင်တောင် ငါ့ရည်ရွယ်ချက်တွေကို သိလို့  သူနှောင့်ယှက်နေအုံးမှာ။ ပြီးတော့ ဂျယ်နီ သူကလည်း ဂျွန်ဂျောင်ဂုသူ့ဘက်ပါရင်ပြီးရောဆိုပြီး ဘာမှမချုပ်ကိုင်တတ်ဘဲ ဂျွန်ဂျောင်ဂုထောင်ချောက်ထဲ ရောက်သွားမှာစိုးတယ် သူက မိန်းကလေးတွေကို ဘယ်လိုလှည့်ဖြားအယုံသွင်းရမလဲ သိတယ် ဂျယ်နီသူ့အပေါ် အယုံလွယ်နေမှာစိုးတယ် "

" ဒါဆို အစ်ကိုဘယ်လိုစီစဉ်ချင်လို့လဲ "

" မသိသေးဘူး လောလောဆယ်တော့ ဂျွန်ဂျောင်ဂုအလိုကျ လိုက်လုပ်ပေးနေရအုံးမှာပဲ သူနဲ့အလုပ်ကိစ္စအပေးအယူ အခုထက်ထိ ဘာမှမပြောရသေးဘူး။ သူနဲ့ဂျယ်နီ မတွေ့ရသေးခင် ငါဂျယ်နီနဲ့အရင်တွေ့ထားဖို့ လိုလိမ့်မယ် ဂျယ်နီ့ကို ငါထိန်းနိုင်မလား မသိပေမဲ့ ဂျွန်ဂျောင်ဂုအကြောင်းတွေ ကြို အသိပေးထားမှရလိမ့်မယ် ဂျယ်နီက အရွဲ့တိုက်ပြီး ငါ့စကားနားမထောင်မှာပဲ စိုးရိမ်မိတယ် "

" မမလေးနဲ့တွေ့ဖို့အတွက် ကျွန်တော်အချိန်ကြည့်လိုက်ပါ့မယ်။ အစ်ကို သိပ်လည်းမစိုးရိမ်ပါနဲ့ မမလေးကလည်း အစ်ကို့သွေးပါပါတယ် မမလေး သ‌ခင်လေးဂျွန်အပေါ် လွယ်လွယ်မကျရှုံးနိုင်ပါဘူး ပြီးတော့ မမလေးဂျယ်နီက အစ်ကို့ကိုသာ ကလန်ကဆန်လုပ်ပေမဲ့ အစ်ကို့စကားတွေကို မှတ်ထားမှာပါ။ "

" အင်း.. အဲလိုဖြစ်ဖို့ မျှော်လင့်တယ် ဂျွန်ဂျောင်ဂုက မြွေပွေးလိုကောင် ဂျယ်နီသူ့ကို အတည်မကြိုက်ဖို့ မျှော်လင့်တယ် သူကဝန်ကြီးချုပ်နဲ့ နည်းနည်းမှတောင် မတူဘူး ဝန်ကြီးချုပ်က အိမ်ထောင်သည်ဖြစ်ရုံ၊ ခြေထောက်တစ်ဖက်မသန်စွမ်းတဲ့ လူမမာဖြစ်ခဲ့တာကလွဲရင် သူလိုစိတ်ဓာတ်တစ်ခုမှမရှိဘူး ဂျွန်ဂျောင်ဂုက ခန့်မှန်းရခက်တယ် သူ့လိုဘာရည်ရွယ်ချက်မှမရှိဘဲ အဖျက်သမားသာသာက လိုအပ်တာဆိုတာ ရှားတယ်.. ရှားတဲ့ထဲက သူလိုချင်တာကို အမြန်ဆုံးသိရဖို့လိုလိမ့်မယ် "

" ဒန် ငါအပျော်မယ်ဂေဟာကို သွားဖို့ရှိတယ် မင်းယောကျာ်းလေးအပျော်မယ်တွေကို သေချာပြင်ဆင်ထားဖို့ မှာထားလိုက် သူယောကျာ်းတွေစိတ်ဝင်စားလား ငါသိချင်တယ် သူ့အားနည်းချက်သေးသေးပါ့ဖြစ်ဖြစ် သိထားဖို့လိုတယ် "

_________________TBC

There are no comments yet. Log in to be the first to leave a review!

More by twelve-12

Similar stories