16. Ending
20:21, 23 October 2025အရင်ကနေခဲ့ဖူးတဲ့စံအိမ်ကြီးထဲကိုပြေးဝင်သွားသူ Tee သူ့နောက်ကနေ Pop ကလည်းအပြေးဝင်လာပါတယ်။
- ခွန်ဖာဝရီ ခင်များထွက်ခဲ့ ထွက်ခဲ့- ဘာကိစ္စလာအော်နေတာလဲ ဖြေးဖြေးပြောမှပေါ့- ခင်များ ဘာအချိုးချိူးတာလဲ။ ခွန်Dew ကို ဒုက္ခရောက်စေတာတောင် မေကျနပ်သေးလို့ ကျတော့မိသားစုကိုပါ ဒုက္ခပေးရတာလဲRee ဘယ်မှာလဲ ဘယ်မှာဖွက်ထားလဲ- ဒေါသမထွက်ပါနဲ့ကောင်လေးရယ် ငါပြောပြမှာပါ။ ခေါ်ခဲ့ကြ
လူသုံးလေးယောက်ဝိုင်းကာ Ree ကိုဖမ်းခေါ်ထုတ်လာပါတယ်။ ပါးစပ်ပိတ်ထားကာ လက်နောက်ပြန်ကြိုးတုတ်ထားတာမို့ အခြေနေကမဟန်ပါ။
- P'Ree ခင်များမယုတ်မာနဲ့ ကျတော့အကိုကိုအခုလွှတ်ပေး - ဟား မင်းအကိုက ငါ့ကိုသတ်ဖို့အရင်ဝင်လာတာလေ ငါကဘယ်လိုလုပ်ရမလဲ။ ငါစတာမဟုတ်ဖူး သူကစတာ။ မင်းသိလား ငါတို့အပေးယူလုပ်ခဲ့ကြတယ် Dew ကိုငါကမုန်းတယ် သူကမင်းကိုမုန်းတော့ ငါတို့ချင်းညှိပြီး ကိစ္စတွေကိုစီစဉ်ထားတာ သူကငါ့ပိုအခုသစ္စာဖောက်ဖို့ရည်ရွယ်နေလို့ ဟင်း ရှင်းမလို့
Tee ကသူ့အကိုကိုမယုံသလိုကြည့်ရင်း
- P'Ree သူပြောတာဟုတ်လား
ဟိုတစ်ယောက်ကလည်းကြောက်အားလန့်အား Tee မျက်ဝန်းထဲကိုကြည့်ကာ ခေါင်းသာတွင်တွင်ခါပြနေပါတယ်။
- ကျတော့အကိုကိုလွှတ်ပေး ခင်များဘာလိုချင်လဲ ပေးမယ်- အမယ်လေး မင်းလိုလူကအလာကြီးပါလား လေသိပ်မကျယ်နဲ့နော် Dew သေပြီ။ မင်းကိုလာကယ်မှာမဟုတ်ဖူး
Tee စကားမဟခင် Pop ကဒေါသတကြီး
- Boss ကိုမစော်ကားနဲ့ အဘွားကြီး အရွယ်နဲ့မလိုက်အောင်လောဘကြီးနေတာ အဲ့လောဘကြောင့် ခင်များကေလး ကသေတာ။ ခင်များကသာလူသတ်သမားအစစ်
ခွန်ဖာဒေါသပေါက်ကွဲကာ သေနတ်ကိုယူပြီး Pop ဆီချိန်ပစ်လိုက်ပါတယ်။ အခြေနေကရုတ်ရုတ်သဲသဲဖြစ်ကာ တားမရဆီးမရပါပဲ။ Pop လည်းရှောင်ရင်း
- အကိုလေး ပြေး
Tee လည်းဒေါသဖြစ်မိပေမဲ့မွေးကတည်းကအတူနေလာတဲ့ညီကိုဝမ်းကွဲတွေမို့ Ree ကိုသံယောဇဉ်မပြတ်သေးတာမို့ အတင်းဇွတ်ကယ်ထုတ်လာပြီး ထွက်ပြေးခဲ့တယ်။ သူတို့ကားနားရောက်ပြီး
- P'Ree ကားပေါ်တက် မောင်းပြေး အိမ်ကိုသွား ကျတော်popကို သွားကူအုံးမယ်- Tee နောက်မှာ
Ree ကသူ့လက်ကိုဆွဲကာ ခန္ဓာကိုယ်နဲ့အတင်းကာပြီး ကားထဲကိုဆွဲချကာ ဝရုန်းသုန်းကားနဲ့
- ဒိုင်း💥
သေနတ်သံကကျယ်လွန်းလို့ နားတွေပါအူထွက်သွားတယ်။
- အကိုလေး
POP ရဲ့အော်သံကကျယ်လောင်လျက်။ Tee တို့ဆီမသွားခင် အချင်းချင်းချကြရင်း သူရယ် ခွန်ဖာသာ အသက်ရှိတော့တယ်။ သူထအသွား ခွန်ဖာကနောက်ပြန်ဆွဲထားကာ
- ဘယ်သွားမလို့လဲ နင်လဲသေရမယ် အကုန်သေရမယ် လာပါ ငါနဲ့အတူလိုက်ခဲ့
Khun Fa က အသင့်ပြင်ထားတဲ့ ချိန်ကိုက်ဗုံးတစ်လုံးကို ထုတ်ကာ သူ့လက်မှာမြဲနေအောင်ကိုင်ထားရင်း Pop ကိုပါဆွဲထားတယ်။ ထိုအချိန် Tee ကဝင်လာကာ
- pop ငါလာပြီ- အကိုလေး ပြေး ဗုံးရှိတယ် ပြေး
Tee ကသူ့စကားကိုအရေးကိုမထား။ ခွန်ဖာဆီက အတင်းလွှတ်ေအာင်ကူကာ pop ကိုတွဲထားရင်း
- လာ ထွက်ရင်မှီသေးတယ်
သူ့ခြေတံရှည်ကြီးနဲ့ ခွန်ဖာကို တစ်ချက်စောင့်ကန်ခဲ့ကာ အတင်းထွက်လာတယ်။ လက်မေလျာ့တဲ့ ဖာဝတီက ချိန်ကိုက်ဗုံးကို သူတို့လျှောက်လှမ်းဘက်ကိုပစ်လိုက်တယ်။
- အကိုလေး သတိထား - pop
💣 ဗုံးဆိုတဲ့အသံနဲ့အတူအဝေးကိုလွင့်စင်သွားတဲ့အပိုင်းအစများ________
- သနားပါတယ် သေသွားရှာပြီ လောဘလေ လောဘ- ချောချောလေးကို ဘယ်လိုဖြစ်တာလဲနော်- ကံပေါ့ လောဘကြီးချက်ကလက်လန်တယ်- သူ့ဘဝကလည်း လင်လည်းသေ သားလည်းဆုံး နောက်ဆုံး သူပါ နိဂုံးချုပ်ရတယ်လို့
ဈာပနကိုလာတဲ့လူတွေအကုန် မှတ်ချက်ကိုယ်စီပေးကြတယ်။ Dew လည်း ဂါရဝပြုရင်း
- P'Fa ကျတော် ခွန်ဖာကို တခါလောက် အစ်မလို့ခေါ်ချင်ခဲ့တာပါ။ တကယ်စိတ်ရင်းနဲ့ပါ။ ကျတော့ကိုသတ်ဖို့လုပ်ခဲ့တာလည်း ကျတော်ခွင့်လွှတ်ပေးပါတယ်။ ကျတော်တောင်အစ်မအပေါ်အမှားလုပ်ခဲ့သေးတာပဲလေ။ နောက်ဘဝကျရင် ကျတော့ရဲ့အပြစ်ကြွေးကို လာဆပ်ပါမယ်။ အခုတော့ အေးအေးချမ်းချမ်းနေရတဲ့ဘဝကိုသွားပါတော့ဗျာ
Dew ထွက်လာရင်း ကားပေါ်တက်တော့ pop က
- Boss ကိုလည်းတကယ်အံ့ဩတယ်။ ကိုယ့်ကိုသတ်ဖို့ကြိုးစားေနသူရဲ့နောက်ဆုံးခရီးကိုလာသေးတာ။ ကျတော်တို့တောင် ပြတင်းပေါက်ကနေ ခုန်ထွက်လို့ မဟုတ်ရင် ဗုံးထိနေမှာ။ Boss ကလေ တကယ့်ကို စိတ်ကောင်းဝင်နေတာပဲ ကျတော်သာ Boss နေရာဆို သူ့ကိုအသေမုန်းမိမှာ ဂိသွားတာ အေးရော
Dew ကသက်ပြင်းချကာ ဆွေးဆွေးလေးကြည့်ရင်း
- pop စကားပြောလို့ ပြီးအုံးမှာလား ဟင်ငါ့မိန်းမကိုငါလွမ်းနေပြီ အိမ်ပြန်မယ် မောင်းတော့ - ဟုတ်ကဲ့ _________
အိမ်ထဲဝင်လာတော့ အန်တီဝါက တရော်ကင်ပွန်းရည်ခွက်ကိုကမ်းပေးရင်း
- သခင်ကြီး ခေါင်းဆေး၊ကိုယ်သန့်ပြီးမှ ဝင်ပါ။ pop ရောပဲ
ထုံးစံအတိုင်းလုပ်ပြီးတော့ pop က Dew ဘက်လှည့်ရင်း
- Boss ခိုင်းထားတာ ကျတော်သွားစုံစမ်းလိုက်ပါအုံးမယ်- အင်း ကားကိုဖြေးဖြေးမောင်း ရော့ဒီမှာ
ငွေသားကမ်းပေးလိုက်တာမို့
- Boss ဒါက- ဆုချတာကွာ ယူထား - ဟုတ်ကဲ့ ကျေး...- ကျေးဇူးတင်စကားမပြောနဲ့ သွားတော့ စာသေချာကျက်ခဲ့- ဟုတ်ကဲ့ Boss
- ကိုကို
အနောက်ကနေ အသံမြင့်ကာ ခေါ်တာကြောင့် Dew တုန်တက်သွားပါတယ်။ Tee ကသူ့နားရွက်လေးကို လာဆွဲကာ
- ဘာမဟုတ်တာလုပ်နေတာလဲ။ ဒီလောက်လန့်နေတာ ဟမ်- အား နာတာ သဲငယ်ရယ် လွှတ်ပါအူံး မဟုတ်တာမလုပ်ပါဘူးဗျာ
Tee လည်းလွှတ်ပေးပြီးမှ
- ပြော pop ကိုဘာခိုင်းလိုက်တာလဲ ဘာစာကျက်ခိုင်းတာလဲ- အော် သဲငယ်ကလည်း ဒါလား ဟင်း ဟင်း သူ့ကိုသင်တန်းတက်ခိုင်းထားတာ - ဘာသင်တန်းလဲ- မကြာခင် သိမှာပေါ့ စပ်စုတာ - ဘာ ကျတော့ကို ဘာပြောတာ နာချင်နေတာလား ဂျီရာစုတ်- အယ် အိမ်ဦးနတ်ကြီးကိုပြန်ပြောနေတာ ကြည့်စမ်း နာချင်နေတာလား တီးရာစုတ်- ဘာ Jirawat အရူးကြီး
Tee မှာ မျက်နှာလေးရဲတက်ကာ ဒေါသထွက်ကာ ရန်ထောင်နေပုံက ချစ်စရာ။ သူ့မှာ အူယားလို့သာပြန်စနေရတာ တကယ်က သူလည်း မယက တစ်ယောက်ပါ။ အော် လက ဆိုပိုမှန်ပါမယ်။😆
- ရူးတယ် ဘာဖြစ်လဲ ဟီး - ညစာမကျွေးဘူး- မကျွေးနဲ့ အပြင်မှာဝယ်စားမှာ ကိုကို က- အဲ့မှာ တုံး နေလိုက် ညစာရော ညစာရော နှစ်ခုလုံး မစားရဘူး မှတ်
ဂျိန်း ဆိုတဲ့ တံခါးသံနဲ့အတူ ဂျောက်ဆိုပြီး တံခါးလော့ခ်ပါချသွားသော Teeradech အခန်းအပြင်ကနေ အူတူတူလေး စဉ်းစားရင်း ပြီးမှ အထာပေါက်သွားသော သနားစရာ Jirawat လေးကတော့ တစ်နေ့လုံး အခန်းပြင်မှာပဲ နေလိုက်ရပါတယ်။________
Ree အမေက သူ့သားအခန်းထဲဝင်လာကာ
- သား သားကိုတွေ့ဖို့လူတယောက်လာတယ်- ဘယ်သူလဲမေမေ- Tee ပါ P'Ree - Tee ညီလေး ကိုကြီးတောင်းပန်ပါတယ် ခွင့်လွှတ်ပါလို့ မပြောပါဘူး ဒါမဲ့ ကိုကြီးသိပ်မှားသွားတယ်။ တကယ့်ကို မကောင်းတဲ့သူပါ ကိုကြီးကို ရိုက်ပါ အပြစ်ပေးပါ။
ဆေးရုံကုတင်ပေါ်ကနေ Ree တယောက်ထိုင်ကာ Tee ကို အတင်းခယတောင်းပန်နေပါတယ်။ Tee လက်ကိုဆွဲကာ သူ့ကိုယ်သူရိုက်နေတာမို့ Tee ကလက်ကို အမြန်ပြန်ရုတ်ရင်း
- P'Ree ၊ ညီလေးကိုတောင်းပန်ဖို့မလိုပါဘူး P'Ree ကအကောင်းဆုံးအကိုပဲလေ။ ဘယ်လိုအကိုကြီးက ကျတော့အစား ကျည်ဆန်ကို အစားဝင်ခံရဲတာပါလိမ့်။ အဲ့တစ်ခုနဲ့တင် P'Ree က လူကောင်းဖြစ်နေပြီ။ တခြားဘာမှမတွေးနဲ့နော်။ ရန်ဖြစ်ချင် ဆေးရုံကဆင်းမှ ရန်ထပ်ဖြစ်ကြမယ် ဘယ်လိုလဲ - ဟား
သူတို့အတူရယ်မောလိုက်ကြပြီး အခုမှပဲ မိသားစုေမတ္တာ ဆိုတာကို ထပ်တူခံစားနေကြတယ်။ ________
တစ်နှစ်ခန့်ကြာသော်
At Tsu Clinic ,
- ဒီမှာပါဗျ ဒီဆေးကို တနေ့သုံးခါအစားစားပီးသောက်သေးပါ။ မသက်သာရင် ဆရာ့ဆီ ပြန်လာခဲ့ပါနော်- ကျေးဇူးပါလူလေး- ရပါတယ်ဗျ ဖြေးဖြေးပြန်ပါ ဘဘ
ထိုလူနာဘိုးဘိုးထွက်သွားတော့ pop က ဘိုကင် လူနာကုန်သွားပြီမို့ အကြောဆန့်ကာ
- Boss အော် ဆရာ ကြည့်စရာလူနာမရှိ နားချိန်ပါ နေ့လည်စာစားလို့ရပါပြီ
Dr.Dew Jirawat ဆိုတဲ့ အမှတ်အသားစားပွဲပေါ်ကနေ ထိုင်နေရင်း ဆေးကောင်တာဘက်ကို လှမ်းကြည့်လိုက်တဲ့Dew
- အေး လာ pop ငါ့သဲငယ်လေးလက်ရာသွားစားကြမယ် - ဟုတ်ကဲ့
သူတို့နှစ်ဦးဝင်လာတော့ စားပွဲပေါ်မှာ ဟင်းတွေကစုံလို့ Dew က
- ဝါး ကိုယ့်ရဲ့ TeeTee လေးချက်ထားတာစုံလို့ မွှေးနေရောပဲ
မဆီမဆိုင် Tee ပါးလေးကို အာဘွားပေးသေးတယ်။ အန်တီဝါကရယ်နေပေမဲ့ Pop ကတော့ အတွဲတွေကို အတော်လေးအမြင်ကတ်လာပါပြီ ဟွန့်
- ကိုကို ဘယ်လိုဖြစ်နေတာလဲ- ဘာလို့လဲ- ဟိုမှာ
Tee မျက်စပစ်ပြမှ အိမ်မှာ Tee ဘိုးဘိုးရော မေမေရော Ree တို့သားမိပါရောက်နေကြတာပဲ။
- ဟီး ရှက်တာကွာ- အတော်ဆိုးနေ အနေမတတ်တာ
Dew ရှက်ပြီးရယ်နေတုန်း Tee အမေက
- သားTee ချက်တာမဟုတ်ဘူး မေမေချက်တာ
ထိုစဉ် Reeအမေကဝင်ပြီး
- ဒေါ်လေးလည်းချက်ထားပါတယ်- တစ်ခွက်လေးချက်ပြီး- ဘာဖြစ်လဲ ချက်တာကချက်တာပဲ- ကဲ ကလေးတွေကျနေတာပဲ စကားများချက် ထိုင် ငါ့မြေးသမက်လေး ဗိုက်ဆာနေပြီ
Tee အဘိုးကပြောလိုက်တော့ Dew ကအံ့အားသင့်ကာ
- ဘိုးဘိုး ကျတော့ကိုလက်ခံလိုက်တာလား အခုက အဲ့သေဘာလား- ငတုံးကောင် ငါသာလက်မခံရင် မင်းငါ့အခန်းရှေ့ဒူးလာထောက်ကတည်းက သတ်ပစ်တာကြာပေါ့ - ဗျာ ကျေး ကျေးဇူး အဲ မဟုတ် အသိမှတ်ပြုတာကို ဝမ်းသာလှပါပြီ။ ပိုကောင်းတဲ့ မြေးသမက်ဖြစ်စေရပါမယ် ဟီး- အပြောနဲ့အလုပ်တည်စေနော် မဟုတ်ရင် ငါ့မြေးကို ပြန်ခေါ်သ္ွားလိုက်မယ် ဘာမှတ်- ဟုတ် ဟုတ်ကဲ့ တည်စေရပါမယ်
မိသားစုအကုန်တပြုံးပြုံးလက်ဆုံစားကြရင်း Tee က Dew လက်ကို စားပွဲခုံအောက်ကနေ လှမ်းကိုင်ကာ နှစ်ဦးသား ပြုံးပြရင်း အကြည့်နဲ့စကားပြောနေကြပါတယ်။
______
- အားလုံး သိပြီးပေမဲ့ ငါ့ညီ Teeradech ကမသိသေးလို့ ရော့
ထမင်းစားပြီးတော့ အချိုတည်းနေချိန် Ree ကထပြောရင်း Tee ဘက်ဖိတ်စာတစ်ခုကမပေးမိတယ်။ ဟိုကလည်းဖွင့်ကြည့်တော့
- တကယ်လား ကိုကြီး- အင်း
Dew အသာလေးဆွဲယူဖတ်ကြည့်တော့
Ree & Pan Wedding Innovation တဲ့
- congratulations Ree ငါ့ Teeလေးကို လိုချင်တဲ့ ပန် ဆိုတဲ့ညီမလေးကို သိမ်းပေးလို့ဟီး
Tee က Dew လက်မောင်းကို တချက်ရိုက်ရင်း
- ဘယ်လိုပြောလိုက်တာလဲ အားနာစရာကြီး- ရပါတယ် Tee ငါ့ယောက်ဖက စနေတာပါနော့ ယောက်ဖကြီး - အေးလေ ဒါမဲ့ တကယ့်စိတ်ရင်းနဲ့ဂုဏ်ပြုတာပါကွာ မင်းတို့ကိုငါကောင်းကောင်းလက်ဖွဲ့မယ်- ဟား ဟား မှတ်ထားပြီနော် -အိုခေ
ဒီလိုနဲ့မိသားစုဝင်တွေအကုန်လုံးပျော်ကြရွှင်ကြနဲ့ ၅၂၈ မေတ္တာဓာတ်တွေပြည့်ဝလို့ပေါ့
________ညအချိန်ကြယ်ရောင်စုံကိုကြည့်ရင်း ကောင်းကင်ကြီးအာက်က ချစ်သူနှစ်ဦး
- ကိုကို- ပြောလေ သဲငယ်- ကိုကိုနဲ့ Tee မချစ်မိရင် မဆုံဖြစ်ရင်လေ အခုချိန် ဘာဖြစ်နေလောက်မလဲနော်- အင်း ကိုကိုက မာဖီးယားဖြစ်နေမှာပေါ့ Teeကတော့ club owner ဖြစ်ပြီး တခြားလူနဲ့ရချင်ရေနမှာ - ဒါဆို pop ကရော- pop ကတော့ အခုလို ဆေးဝါးကျွမ်းကျင်သင်တန်းတက်နေစရာမလိုဘူး။ သူသေနတ်ပစ်သင်တန်းတော့ တက်နေရလောက်တယ် ဟား ဟား- ဟုတ်တယ်နော် ကံကြမ္မာကထူးဆန်းတယ် ဘာပဲဖြစ်ဖြစ်ပါ ကိုကိုရှိနေရင်ရပြီ- Tee ကတော့ချွေပြီဟေ အတတ်ကလေးကွာ အသဲယားလို့ သေတော့မယ်။ - ဟီး အာဘွား
Tee ကစပြီး ကလေးငယ်လေးကသူ့အဖေအမေကို အာဘွားပေးသလို Dew ကိုပေးတော့ သူအရည်ပျော်သွားကာ ချစ်ရသူလေးရဲ့ မျက်နှာတစ်ပြင်လုံးကို အာဘွား ပေးပါတော့တယ်။ Tee ကလည်း တခစ်ခစ်ရယ်ကာ သူ့ရင်ခွင်ထဲ ခိုဝင်ကာ အနားယူပါတော့တယ်။
- လောကမှာ အချစ်ဟာအချစ်ပါပဲ။ သူဖြစ်နေလို့ကို ချစ်တာပါ။ အဲ့ဒါကြောင့် ကျတော့ဘဝအတွက် Teeradech ဆိုတဲ့လူသားလေးက မရှိမဖြစ်နဲ့ အချစ်ရဆုံးလေးပါပဲ။ သူရှိနေရင်ဘာတွေပဲရင်ဆိုင်ရပါစေ ခံနိုင်ရည်ရှိနေပြီမို့ ဘာမှတောင် မလိုအပ်တော့ပါဘူးဗျာ💖__________________________
ENEMY TO HEART fic လေးကို အပြီးသတ်နိုင်ခဲ့ပါပြီ။ ဖတ်ရှုပေးသူတစ်ဦးချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်ရှင်❣️
------------
New Fic အနေနဲ့
တက္ကသိုလ်ကအချစ်ဦးကိုသတိရသွားစေမဲ့ "You"🩷 ဆိုတဲ့ fic လေးရယ်
အချစ်ဆိုတဲ့အရာေကြာင့်ရင်နင့်ခံစားပြီးလိုက်ပါစီးမျောရမဲ့ "Beloved Liar"🩷 ဆိုတဲ့ fic လေး နှစ်ပုဒ်ကို တင်ထားပါပြီနော်✨ reader လေးတို့နဲ့ ပြန်ဆုံချင်ပါတယ်နော်🥳
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




