[14]
19:07, 15 July 2024That True Word 'Love' ကျွန်တော့်နာမည်က Pond Naravit ။ ကျွန်တော့်အဖေက နာမည်ကြီး Mafia ခေါင်း ဆောင် Plai Paramej Lertratkosum လေ။ ဘယ်တော့မှလူလုံးထွက်မပြခဲ့ တော့ အဖေ့ကို ဘယ်သူကမှမဖမ်းနိုင်ခဲ့ကြဘူး။ အဲ့တာအပြင် အဖေက ရာဇဝတ်မှု ၁ ခုကျူးလွန်ပီးတိုင်း သက် သေ ၁ စ တောင်မကျန်အောင် ပိရိလွန်းခဲ့တယ်။ အမေက ရောဂါ ၁ ခု ကြောင့်ဆုံးသွားခဲ့တာ ၂ နှစ် လောက်ရှိပီ။ ကျွန်တော်ကတော့ ကျောင်းပီးထားတာမကြာသေးဘူး။ ကျွန်တော်ကအဖေ့အလုပ်တွေမလုပ်ချင်ခဲ့ပေမယ့် အဖေကတော့ သူ့စိတ်တိုင်းကြအတင်းအကြပ်လုပ်ခိုင်းခဲ့တယ်။ အဲ့လိုနဲ့ ၁ ရက် တော့ အ ဖေက ကျွန်တော်ကို ခေါ် တွေ့ခဲ့တယ်။
Pond: "အဖေ ဘာကိစ္စရှိလို့လဲ။"
Plai Paramej: "မင်း ငါ့လုပ်ငန်းတွေကိုစိတ်မဝင်စားဘူးမလား။"
ကျွန်တော်အဲ့မေးခွန်းကိုမဖြေနိုင်ခဲ့ဘူး။
Plai Paramej: "ငါမင်းကို Mission ၁ ခု ပေးမယ်၊ အဲ့တာ အောင်မြင်ရင် မင်းလုပ်ချင်တဲ့အလုပ်လုပ်ခွင့်ပေးမယ်။"ကျွန်တော့်စိတ်ထဲ လေးပင်မိသွားတယ်။ အဲ့ Mission ကဘယ်လိုမှ ကောင်းတဲ့အရာမဟုတ်နိုင်ဘူးဆိုတာ ကျွန်တော်သိ နေခဲ့တယ်။
Pond: "ဘာ Mission လဲ အဖေ။"
အဲ့ချိန်မှာ အဖေကကျွန်တော့်ကို ဓါတ်ပုံ ၁ ပုံထုတ်ပြလာတယ်။ ကျွန်တော်ကြည့်မိ တော့ ကောင် လေး ၁ ယောက်ရဲ့ပုံပဲ။ ကျွန်တော်ထက်တော့ငယ်လောက်မယ်ထင်တယ်။ ပုံထဲမှာပြုံးရယ် နေတဲ့ ကောင် လေးကိုမြင်မြင်ချင်း ကျွန်တော့်စိတ်ထဲ ပြောမပြတတ် လောက် အောင် ပိုပီး လေးပင်လာခဲ့တယ်။ ဘာလို့လဲဆို တော့ မကြာခင်မှာ အဲ့ ကောင် လေးရဲ့အပြုံး တွေ ပျောက်ကွယ်သွားရ တော့မယ်ဆိုတာ ကျွန်တော်သိ နေတယ် လေ။
Plai Paramej: "သူမင်းကို ကြိုက်လာ အောင်လုပ်ရမယ်။"
Pond: "ဗျာ!!"
Plai Paramej: "အဲ့တာ မင်းရဲ့ Mission ပဲ။"
ကျွန်တော် ပြောစရာ စကားလုံး တွေ ပျောက်ရှသွားခဲ့တယ်။ ကျွန်တော် မေ့ နေခဲ့တယ်။ အဖေက ဒီလိုလူမျိုးပဲဆိုတာကို။ သူ့အကျိုးအမြတ်အတွက် ဘာမဆိုလုပ်နိုင်တဲ့လူတစ်ယောက်လေ။Pond: "သူကဘယ်သူလဲ။"
အ ဖေက ကျွန်တော့်ကို စူးစိုက်ကြည့်လာတယ်။Pond: "သူ့ကိုချည်းကပ်ရမှာဆို တော့ သူ့အ ကြောင်းသိထားရမှာမို့လို့ပါ။"
Plai Paramej: "ငါ့သားလို့မ ပြောရဘူးပဲ စေ့စပ်တယ်၊ သူကစီးပွား ရေးသမား ၁ ယောက်ရဲ့သား၊ သူ့အ ဖေကဆုံးသွားပီ ငါ့ကိုဖမ်းဖို့ကြိုးစားရင်း၊ ဒါ ပေမဲ့ သူ့မှာ သက် သေ ၁ ချို့ကျန်ခဲ့တယ် အဲ့တာကို သူပဲသိမှာ မင်းကအဲ့သက် သေကိုရ အောင်ယူခဲ့။"
Pond: "ဒါပဲလား။"
Plai Paramej: "ဒါပဲ ပေါ့။"
အ ဖေက သူလိုချင်တဲ့သက်သေရသွားတာနဲ့ နောက်ဆုံးကျအဲ့ကောင်လေးကိုသတ်ပစ်မယ်ဆိုတာ ကျွန်တော်သိတယ် ။ သူ့အတွက်သက် သေဆိုတာ အစအန တောင်ကျန်လို့မရတာမို့။ ကျွန်တော် အကုန်လုံးကိုမတားနိုင် ပေမဲ့ အဲ့ကောင်လေးအသက်ကို တော့ကယ်နိုင် လောက်ပါတယ်ဆိုပီး အဲ့ Mission ကိုလက်ခံခဲ့တယ်။
Mission လက်ခံခဲ့ပီး နောက် ၁ နေ့မှာ ကျွန်တော်သူသွား နေကျ ကော်ဖီဆိုင်ဆီကိုသွားခဲ့တယ်။ ကျွန်တော်သူရောက်လာမယ့်အချိန်ကိုထိုင် စောင့် နေလိုက်တယ်။ ခဏကြာ တော့ သူ ရောက်လာခဲ့တယ်။ အဲ့တာက ကျွန်တော်နဲ့သူ့ရဲ့ ပထမဆုံး တွေ့ဆုံမှုလေး ပေါ့။
ကျွန်တော် သူ့ကို စောင့်ကြည့် နေလိုက်တယ်။ သူက နာမည်ကြီး အိမ်ပုံစံ ဒီဇိုင်းဆွဲသူ ၁ ယောက် လေ။ ကျွန်တော် သူ့နားကိုသွားလိုက်တယ်။
Pond: "မင်္ဂလာပါ။"....ကျွန် တော် ကော်ဖီ သောက်ရင်း ဒီဇိုင်းဆွဲ နေတုန်း လူ ၁ ယောက်လာနှုတ်ဆက်တာ ကြောင့် ကျွန် တော် မော့ကြည့်လိုက်မိတယ်။
Pond: "မင်းက Phuwin Tangsakyuen ဟုတ်တယ်မလား။"
ကျွန် တော့်နာမည်ကိုသိ နေ တဲ့လူတစ်ယောက်က လာနှုတ်ဆက်တော့ ကျွန်တော် အံ့ဩသွားတယ်။
Phuwin: "ကျွန် တော့်ကိုသိတာလား။"
Pond: "ဟုတ် နေတာပဲ၊ ကျွန်တော့်နာမည်က Pond Naravit ပါ။"
Phuwin: "သြော် ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်။"
Pond: "ကိုယ်ကမင်းကိုအရမ်း တွေ့ချင် နေတာ၊ အိမ်ဒီဇိုင်းအပ်ချင်လို့ လေ၊ ဒါ ပေမဲ့ မင်းကအရမ်းအလုပ်များ တဲ့သူဆိုတော့ဘယ်လိုမှ တွေ့လို့မရဘူးဖြစ် နေတာ။"
Phuwin: "ဪ...ဟုတ်ကဲ့။"
ကျွန် တော်က ပုံမှန်ဆိုအလုပ်ချိန်မဟုတ်ရင် ဘယ် Costumer ကိုမှစကား ပြော လေ့မရှိ ပေမဲ့ သူ့ကို တော့ လက်ခံစကား ပြော ပေးခဲ့တယ်။
ကျွန် တော်တို့ စကားခဏ လောက် ပြောပီး တော့ အိမ်ပုံစံအတွက် သူ့ကို နောက်အပတ် တွေ့ဖို့ထပ်ချိန်းခဲ့တယ်။ အဲ့ နောက်ပိုင်း တော့ သူနဲ့ကျွန် တော်မကြာခဏ တွေ့ဖြစ်ခဲ့တယ်။
တစ်ရက် တော့ သူနဲ့ကျွန် တော်မချိန်းထားပါဘဲ သူ့ကို ကျွန် တော်Mini Mart ၁ ခု ထဲကနေဘီယာဘူးတွေဝယ်ပြီးထွက်လာတာတွေ့လိုက်ရတယ်။ အဲ့တာ ကြောင့် ကျွန်တော်သူ့အနားသွားလိုက်ပီး၊
Phuwin: " P Pond?"
သူကျွန် တော့်ကို ကြည့်လာတယ်။ မျက်လုံး တွေက တော့ ဘာလို့လည်းမသိ နီရဲ နေတယ်။
Pond: "Phuwin, ဒီကိုဘယ်လို ရောက်လာတာလဲ။"
Phuwin: "ဟို.....ကျွန် တော် စားစရာလာဝယ်တာ။"
Pond: "ဪ...".....ကျွန်တော်အဲ့ နေ့က စိတ်အ ခြေအ နေမ ကောင်းခဲ့ဘူး။ အ ဖေနဲ့ ပြသနာဖြစ်ခဲ့တယ်။ ဖြစ်ချင် တော့ သူနဲ့ တွေ့ခဲ့တယ်လေ။
Phuwin:" ၁ ယောက်တည်းလား P"
Pond: "အင်း စိတ်အ ခြေအ နေသိပ်မ ကောင်းလို့ ခဏထွက်လာတာ။"
Phuwin: "ကျွန် တော်အ ဖော်လုပ် ပေးမယ် လေ။"
သူကျွန်တော့်ကို အ ဖော်လုပ်ပီး နှစ်သိမ့် ပေးခဲ့တယ်။ အဲ့အချိန်လေးကကျွန်တော့်ရင်ကို နွေး ထွေးစေခဲ့ပြီး အမည်မသိတဲ့ခံစားချက် ၁ မျိုးဖြစ်တည်လာခဲ့တယ်။ကျွန်တော်တို့ ဒီလိုနဲ့ပဲပိုရင်းနှီးလာခဲ့ပီး ၁ ရက် တော့...
Phuwin: " ကျွန်တော် P Pondကို သ ဘောကျတယ်။"
သူကျွန်တော့်ကိုဖွင့်ပြောလာတဲ့အချိန် ကျွန်တော် ပျော်ရမှာမလား။ ကျွန်တော့် Mission ရဲ့ ၁ ဝက်ပီး မြောက်သွားတာ လေ။ ဒါ ပေမဲ့ ကျွန်တော်မ ပျော်ဘူး ကျွန်တော်သူ့ကိုတကယ်သ ဘောကျခဲ့မိသွားပီ။ ကျွန်တော်သူ့ကို ဆက်မလိမ်ချင် တော့ဘူး။ ......
အဲ့ နေ့က ကျွန် တော်သူ့ကို သ ဘောကျတဲ့အ ကြောင်း ဖွင့် ပြောခဲ့တယ်။ သူ့ပုံစံက စိတ်ရှုပ်သွားတဲ့ပုံပဲ အဲ့တာ ကြောင့် ကျွန် တော်...
Phuwin: "P ကျွန်တော့်ကိုပြန်သဘောမကျနိုင်ဘူးဆိုလဲ ရပါတယ်။"
Pond: "အဲ့လိုမဟုတ်ပါဘူး၊ ကိုယ်လဲမင်းကို သ ဘောကျပါတယ်။"
သူ့အ ဖြေ ကြောင့် ကျွန် တော်အတိုင်းမသိ ပျော်သွားခဲ့ပီး သူ့ကို ဖက်လိုက်မိသည်။
အဲ့ဒီအချိန် လေးမှာပဲ ရပ်တန့် ထားလို့ရခဲ့မယ်ဆိုရင် သူတို့ ၂ ယောက်အတွက်ပို ကောင်းခဲ့မှာ၊ ဒါပေမဲ့ အချိန်ဆိုတာ ရပ်တန့်လို့ရတဲ့ အရာ ၁ ခုမဟုတ်ခဲ့ဘူး။_____________________________၁ ရက် တော့ Pond က Phuwin ရဲ့အိမ်ကိုအလည်လိုက်သွားခဲ့တယ်။ သူ့အတွက်သက် သေရှာဖို့ အခွင့်အ ရေး ကောင်း ၁ ခု ပေါ့။
Pond: "အိမ်ကသပ်ရပ် နေတာပဲ ကိုယ် လျှောက်ကြည့်လို့ရလား။"
Phuwin: "ရတာ ပေါ့၊ ကျွန်တော်Pအတွက်coffeeသွား ဖျော်လိုက်ဦးမယ်။"
ဒီလိုနဲ့ Phuwin ကမီး ဖို ချောင်ထဲဝင်သွားတုန်း Pond ၁ အိမ်လုံးကိုလိုက်ရှာမိတယ်။ သူရှာ နေရင်း ပန်ချီကား ၁ ခုကို တွေ့သွားတယ်။ သူအဲ့ပန်းချီကားကိုဖယ်လိုက် တော့ နောက်မှာ လျှို့ဝှက်အကန့် လေး ၁ ခု ရှိနေတယ်။ အဲ့အကန့်လေးကိုဖွင့်ကြည့်လိုက်တော့အထဲမှာ memory stick လေး ၁ ခု။ သူအဲ့တာကိုအမြန်ယူပီး အိတ်ထဲကောက်ထည့်လိုက်တယ်။ ပီး တော့ ပစ္စည်း တွေကို ခြေရာ လက်ရာမပျက်သူ့ နေရာသူပြန်ထားလိုက် တော့တယ်။
Phuwin Coffeeဖျော်ပီး Pond ကိုလာ ခေါ် တော့ Pond ၁ ခုခုရှာ နေတာကို သူ တွေ့လိုက်မိတယ်။ ဒါ ပေမဲ့ သူမတားခဲ့ဘူး။ Pondလိုချင် နေတာဘာလဲဆိုတာ သူအ စောထဲကသိထားပီးသားပဲ။ ဒါ ပေမဲ့ Pondဘာပဲလိုချင် လိုချင် သူအကုန် ပေးလိုက်မှာပါ။ အဲ့တာက သူ့အသက်ဆိုရင် တောင်မှ ပေါ့။ သူ Pond ကိုအဲ့ လောက်ထိချစ်ပါသည်။
Phuwin:" P Pond"
Pond: "ဗျာ"
Phuwinက Pond ကို အ နောက်က နေဖက်လိုက်တယ်။
Phuwin: "P ဘာ တွေကြည့် နေတာလဲ။"
Pond: "ပန်းချီ လေ၊ ဒီပန်းချီက အရမ်းအထီးကျန်ဆန်သလိုပဲ။"
Phuwin: "ဟုတ်လား၊ ကျွန်တော်က တော့ အထီးမကျန်ဘူးပဲ။"
Pond: "ဟမ်?"
Phuwin: "ကျွန်တော့မှာP Pondရှိတယ် လေ"
Pond Phuwinနဲ့မျက်နှာချင်းဆိုင်လှည့်ကြည့်လိုက်သည်။
Phuwin: "ကျွန်တော် P ကိုချစ်တယ်။"
ပြောပြီးတာနဲ့ Phuwinကသူ့နှုတ်ခမ်း တွေကိုနမ်းရှိုက်လာတယ်။ သူလဲအနမ်းတွေကိုပြန်တုန့်ပြန်မိတယ်။
'ကိုယ်မင်းကို သေချာ ပေါက် ကာကွယ် ပေးမှာ'
Pond Phuwinအိမ်ကပြန်လာ တော့ သူ့သူငယ်ချင်း စုံ ထောက်ဆီဖုန်းဆက်လိုက် တော့သည်။
Pond: "ဟယ်လို ငါမင်းကိုအကူအညီ တစ်ခုတောင်းစရာရှိတယ်။"______________________________၁ ရက် တော့Phuwinဖုန်းထဲ Message ၁ စောင်ဝင်လာတယ်။Pond- "Phuwinဒီ နေရာကိုလာခဲ့ပါ၊ ပြောစရာရှိတယ်။"Phuwinစာကိုဖတ်လိုက်ပီး နောက် Location ပြထားတဲ့ဆီကိုထွက်လာခဲ့လိုက် တော့သည်။
Phuwin Pondပြောတဲ့ နေရာကို ရောက်သွား တော့ အဲ့နေရာမှာPond ၁ ယောက်တည်း ရှိ နေတာကို တွေ့လိုက်ရ တော့တယ်။
Phuwin: "P Pond"
Pond ကပြုံးပြလိုက်ကာ၊
Pond: "ရောက်လာပီပဲ။"တကယ်တော့ ဒီဂို ဒေါင်ရဲ့ ၁ နေရာမှာပဲ Pond အ ဖေကသူတို့ကို စောင့်ကြည့် နေတယ်။ Pond က သေနတ် ၁ လတ်ကိုထုတ်လိုက်ကာPhuwinကိုချိန်လိုက်သည်။
Pond: "တောင်းပန်ပါတယ်၊ ကိုယ်မင်းကို တမင်သက်သက်ချည်းကပ်ခဲ့တာ။"
Phuwinက သေနတ်နဲ့အချိန်ခံထားရတာ တောင် ထင်ထားတာထက် တည်ငြိမ်လို့ နေတယ်။
Phuwin: " နောက်ဆုံး တော့ Pကိုယ်တိုင် ပြောလာပီပဲ၊ ကျွန်တော်ကအဲ့အချိန်မ ရောက်လာပါ စေနဲ့လို့ ဆု တောင်း နေတာကို။"
Pond: "တောင်းပန်ပါတယ်၊ ကိုယ်မင်းကိုစိတ်ပျက် စေမိပီ။"
Pond ကရုတ်တရက် သေနတ်ရဲ့ဦးတည်ရာကိုသူ့ရင်ဘတ်သူ ချိန်လိုက်တယ်။
'ဒိုင်း!'
သေနတ်သံ ၁ ခုဆုံးသွားပီး နောက်အရာအားလုံးဟာလဲတိတ်ဆိတ်သွားခဲ့သည်။ ကျည်ဆံ ၁ ခုဟာလဲ နှလုံးသား ၁ ခုကိုထိုး ဖောက်သွားခဲ့ပါသည်။Plai Paramej ကပြုံးလိုက်ကာ၊
Plai Paramej: "မင်းအဲ့လို ရွေးချယ်မယ်ဆိုတာ သိခဲ့တယ်။"
Phuwinက Pond ဆီ ပြေးသွားလိုက်ကာ ဖက်ထားလိုက်ပီး၊
Phuwin: "P...Pဘာလုပ်လိုက်တာလဲ!"
Pond ကမျက်ရည် တွေပြည့်လျှံ နေ သော မျက်ဝန်း ၁ ခုဖြင့်သူ့ကိုပြုံးပြလာသည်။ သူ့ရဲ့ သွေးစွန်း နေတဲ့လက် ၁ ဖက်က Phuwinမျက်နှာကိုထိကိုင်လာရင်း၊
Pond: "ချစ်..တယ်..."
စကားဆုံးသွားတဲ့ နောက်မှာ တော့ Phuwinမျက်နှာကိုထိကိုင်ထားတဲ့လက် ၁ ဖက်ဟာလဲပြုတ်ကျသွားခဲ့ပီဖြစ်သလို ခန္တာကိုယ် ၁ ခုလုံးဟာလဲ ရင်ခွင်ထဲ ပျော့ ခွေသွားခဲ့သည်။ မျက်ဝန်း ၁ စုံကလဲမှိတ်ထားလျက် ပေါ့။ မျက်ရည် ၁ စကလဲ မှိတ်ထား သောမျက်ဝန်း ၁ စုံ အောက်ကစီးဆင်းသွားခဲ့သည်။
Phuwin: "P Pond!!! အဲ့အစား ကျွန်တော့်ကိုပဲသတ်ခဲ့ ရောပေါ့"
၁ နေရာမှာ စောင့်ကြည့် နေတဲ့ Plai Paramej ကသူ့တပည့် ၁ ယောက်အား Phuwinကိုပစ်ရန်အချက်ပြလိုက်သည်။ သို့ သော် မပစ်ရ သေးခင်မှာပင်။ ရဲတွေ ရောက်လာခဲ့ တော့သည်။
Joong: မလှုပ်နဲ့!______________အားလုံးက အဆုံးသတ်သွားခဲ့ပီ။ အစမ ကောင်းခဲ့တဲ့ အချစ် ဇာတ်လမ်း လေး ၁ ပုဒ်ကလဲ နာကျင်စရာဇာတ်သိမ်းဖြစ်သွားခဲ့ပီ။ ၁ ပတ် လောက်ကြာ တော့ Joong က Phuwinဆီကိုလာပြီးစာလေးတစ်စောင် ပေးသည်။
Joong:" Pond ကမင်းကိုပြောချင်နေခဲ့တဲ့စကားတွေ ဒီစာထဲမှာရေးထားခဲ့တယ်။"
Phuwinဘာစကားမှပြန်မ ပြောခဲ့မိပါ။စာအိတ်လေးကိုသာလှမ်းယူလိုက်တော့သည်။___၁ နေ့ တော့ သူစာအိတ်လေးကိုဖွင့်ဖတ်ခဲ့သည်။
{ကိုယ် ဓါတ်ပုံ လေးထဲကမင်းကို ပထမဆုံးစမြင်လိုက်တဲ့အချိန်ထဲက ကိုယ့်စိတ်ထဲမှာခိုင်မာတဲ့ဆုံးဖြတ်ချက်တစ်ခုချထားခဲ့တယ် အဲ့တာက ကိုယ်မင်းကို အဆုံးထိကာကွယ် ပေးမယ်ဆိုတာပဲ Phuwin ကိုယ်မင်းကို ဒီတစ်လျှောက်လုံးလိမ် နေခဲ့ ပေမဲ့ အမှန်တိုင်း ပြောခဲ့တဲ့စကား ၁ ခွန်း တော့ရှိပါတယ် အဲ့တာက... ကိုယ်မင်းကိုချစ်တယ်.....}
စာရဲ့ အဆုံးမှာ Phuwinရဲ့မျက်ရည်စ တွေက စာရွက် ပေါ်စွန်း ပေကုန်သည်။ ဒီတစ်သက်သူ့ကိုအရမ်းချစ်ခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတာကို သူဘယ် တော့မှ မေ့မှာမဟုတ်တော့ပါဘူး။❤️🔥❤️🔥❤️🔥The EndThanks For Reading Ka❤︎︎
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




