The life ofေမာင္သံုးလန္
09:57, 21 June 2021//Zaw//
**2021ခုႏွစ္၏အေကာင္းဆံုးလူရည္ခြ်န္ဆုရေမာင္သံုးလန္၏ငယ္ဘဝဇာတ္ေျကာင္း(မသိေသးသူမ်ားဝင္ေရာက္ဖတ္ရႈႏိုင္ပါတယ္)**
တစ္လတာအသံုးစရိတ္ေတြကိုတြတ္ျကည့္ျပီးေတာ့ရွဲ႕လ်န္ေခါင္းကိုက္သြားတယ္။ဒီေလာက္ကုန္းရုန္းျပီးမနားမေနအလုပ္လုပ္ေနတာေတာင္ကုန္ေစ်းႏႈန္းေတြထိုးတက္လာေတာ့စားဖို႕ေသာက္ဖို႕ကအစသူ႕မွာေခြ်တာေနရတဲ႕အျဖစ္။ျကားထဲေပါင္ထားတဲ႕ပစၥည္းေတြျပန္ေရြးဖို႕ရက္ကလည္းနီးေနျပီ။
ဘယ္လိုလုပ္ရပါ့။စိတ္ထဲမြန္းျကပ္လာလို႕သက္ျပင္းခ်ျပီးနာရီကိုျကည့္ေတာ့ေန႕လည္ေတာင္ေရာက္ေတာ့မယ္။ဟုတ္သား။သူ႕ရဲ႕အေမာေျပကေလးေလးေမာင္သံုးလန္ေလးအတြက္ေန႕လည္စာထမင္းခ်ိဳင့္ပို႕ရဦးမယ္။
ဟြားဟြားကသူ႕လက္ရာကလဲြဘယ္သူ႕ဟာမွမစားတာမို႕သူထမင္းပို႕ေနာက္က်ရင္ဗိုက္ဆာေနလိမ့္မယ္။ကမန္းကတန္းမ်က္စိေရွ႕ေတြ႕ရာအသီးအရြက္ေတြအသားေတြခုတ္ထစ္ အိုးထဲထည့္ႏွပ္ထားလိုက္တယ္။ေနာက္ အရြက္ခ်ဥ္နည္းနည္းနဲ႕ခုနကခ်က္ထားတဲ႕ထမင္းဟင္းေတြထမင္းဘူးထဲထည့္ျပီးထမင္းခ်ိဳင့္ပို႕ဖို႕ရွဲ႕လ်န္အိမ္ကထြက္လာခဲ႕တယ္
..…''ေဝ႕ခ်န္ေပ့''
''ဟာ ရွဲ႕ေလာင္ရွစ္ ေနေကာင္းတယ္ေနာ္''
''ဟုတ္ကဲ႕ ဒါနဲ႕ေဝ႕ခ်န္ေပ့ကဒီမွာဘာလုပ္ေနတာလဲ''
''ကြ်န္ေတာ္လား ဘာရယ္မွမဟုတ္ပါဘူး အားေနတာနဲ႕ဒီမွာကိုယ္ႏႈတ္အမူအယာယဥ္ေက်းလိမၼာသင္တန္းလာဖြင့္ေနတာ ကြ်န္ေတာ့္တဲြဖက္ဆရာဖုန္းရွင့္နဲ႕ ရွဲ႕ေလာင္ရွစ္ကေရာထမင္းလာပို႕တာလား''
''ဟုတ္တယ္ဗ် ဒါျဖင့္သြားလိုက္ဦးမယ္''
ရွဲ႕လ်န္တစ္ေယာက္ဟြားဟြားတက္ေနတဲ႕စာသင္ခန္းေရာက္ေတာ့အခန္းထဲမဝင္ေသးဘဲ သူ႕ဟြားဟြားကိုေခ်ာင္းျကည့္ေနတယ္။က်စ္ဆံျမီးႏွစ္ဖက္စည္းျပီးအနီဝမ္းဆက္ေလးနဲ႕ေမာင္သံုးလန္ကလက္ေရးလွက်င့္ေနမွန္းရွဲ႕လ်န္မွန္းမိတယ္။မ်က္ေမွာင္က်ံဳ႕ျပီးေရးျပီးသားစာလံုးေတြကိုခဲဖ်က္နဲ႕ျပန္ဖ်က္ေနတဲ႕ဟြားဟြားေျကာင့္ရွဲ႕လ်န္တစ္ေယာက္အသည္းတယားယား။
''ရွဲ႕ေလာင္ရွစ္''
သူ႕ေနာက္ကေနလွမ္းေခၚလို႕လွည့္ျကည့္ေတာ့ ေက်ာင္းအုပ္ျကီးရဲ႕အတြင္းေရးမွဴး လင္းဝမ္က်ဲက်ဲ။
''မဂၤလာပါ လင္းဝမ္''
''ဟုတ္ကဲ႕''
လင္းဝမ္က်ဲကျပန္ႏႈတ္ဆက္ျပီးရွဲ႕လ်န္ျကည့္ေနတဲ႕ေနရာကိုလွမ္းျကည့္ေတာ့ ေက်ာင္းရဲ႕ဇိုးေကာင္ေလးငဟြားမွန္းသိသြားတာေျကာင့္ခ်က္ခ်င္းမ်က္ႏွာျပန္လဲႊတယ္
''ကေလးထမင္းလာပို႕တာလား''
''ဟုတ္ကဲ႕ လင္းဝမ္ ကြ်န္ေတာ္ေမးစရာရွိလို႕''
''ေျပာပါ''
''ဟိုကေလးေလးအေျခအေန ဘယ္လိုလဲဗ်''
''ေအာ္ ဝမ့္က်ီးလား သက္သာပါတယ္ ရွဲ႕ေလာင္ရွစ္မစိုးရိမ္ပါနဲ႕''
''ကြ်န္ေတာ္လည္းတကယ္အားနာပါတယ္ အဲ႕ေန႕ကကေလးထမင္းစားေနတာျကည့္ေတာ့ထမင္းတစ္ဘူးလံုးငရုတ္သီးဟင္းေတြနဲ႕မို႕ ကြ်န္ေတာ္လည္းဟင္းထည့္ေကြ်းလိုက္တာ အရင္ရက္ကေတာ့ေဆးရံုကိုကြ်န္ေတာ္လိုက္ျကည့္ပါေသးတယ္ သူ႕ဦးေလးကေတာ့စိတ္တိုသြားပံုဘဲ''
''အခုေတာ့ ေဆးရံုကဆင္းပါျပီ မနက္ျဖန္ဘဲေက်ာင္းျပန္တတ္မယ္ျကားတယ္ရွင့္''
''ဟုတ္ကဲ႕ ဒါနဲ႕စန္းလန္ရဲ႕အေျခအေန''
လင္းဝမ္က်ဲကသက္ျပင္းတစ္ခ်က္ခ်ျပီး
''ငဟြား အဟင္း ဟြားေလးကေတာ္ပါတယ္ လိမ္လဲလိမၼာပါတယ္ က်န္တဲ႕အခ်ိန္ဆိုေျပာစရာမလိုေပမဲ႕စာလံုးလွေလ့က်င့္ခ်ိန္နဲ႕ကာယခ်ိန္ဆိုေတာ္ေတာ္ထိန္းရခက္တယ္''
''ဟုတ္လား ကြ်န္ေတာ္လည္းအားနာပါတယ္ဗ်ာ အလုပ္တစ္ဖက္နဲ႕ကေလးကလည္းတစ္ေယာက္တည္းဆိုအေဖာ္မရွိမွာစိုးတာနဲ႕ရယ္ single fatherဆိုေတာ့ဘဝကအဆင္ေျပမေနဘူးေလ''
''ကြ်န္မနားလည္ပါတယ္ ဟြားေလးကစာလံုးေတြအေရးေလ့က်င့္တာကိုေတာ္ေတာ္အာရံုစိုက္ျပီးလုပ္တာသိေပမဲ႕သူစိတ္တိုလာရင္ခဲတံေတြခ်ိဳးပစ္ေရာ''
''အဲ အဲဒါေတာ့ဟုတ္တယ္ အိမ္ျပန္လာလို႕သူ႕အိတ္ထဲစစ္ရင္ခဲတံက်ိဳးေတြေတြ႕လို႕ဆံုးမထားတယ္ သူတျခားကေလးေတြကိုေရာအႏိုင္က်င့္တာရွိလား''
''အဲ႕လိုေတာ့မရွိေပမဲ႕ သူနဲ႕လံုးဝမတည့္တဲ႕ကေလးရွိတယ္ ႏွစ္ေယာက္ဆံုတာနဲ႕ကြ်န္မတို႕မွာကြယ္ရာကေနေစာင့္ျကည့္ေနရတာ ရွဲ႕ေလာင္ရွစ္သိမွာပါ ဟိုခ်ီရုန္ဆိုတဲ႕ကေလး ျမင္တာနဲ႕ဟြားဟြားကဆံပင္ကေနကိုင္ျပီးနပန္းက်င္းတာ ဟိုကေလးကလည္းဟြားဟြားေရးတဲ႕စာျမင္တာနဲ႕ရစရာမရွိေအာင္ေျပာျပီးမိုးမႊန္ေအာင္ဆဲတာ တကတည္း အစကေတာ့ကြ်န္မထင္တာ ရွဲ႕ေလာင္ရွစ္နဲ႕ရုပ္ခ်င္းတူေတာ့တည့္မယ္ထင္တာ ကြ်န္မထင္တာမွားသြားတယ္ရွင္ အခုေတာ့အခန္းခဲြထိုင္ခိုင္းထားပါတယ္''
''ဟုတ္ကဲ႕ အားလည္းနာပါတယ္ ေက်းဇူးလည္းတင္ပါတယ္ ဒါဆို ကြ်န္ေတာ္စန္းလန္ကိုထမင္းေကြ်းလိုက္ဦးမယ္ ခြင့္ျပဳပါဦးဗ်''
……''စန္းလန္ ''
''ဟုတ္ ကိုကို''
''ကိုကိုေျပာမယ္ ေသခ်ာနားေထာင္ေနာ္''
သူ႕စကားေျကာင့္ဟြားဟြားကေမွာက္ရပ္ေလးပံုဆဲြေနရာကရပ္ျပီးေမာ့ျကည့္တယ္။ရွဲ႕လ်န္ကသူ႕ေပါင္ေပၚေပြ႕တင္ျပီးဟြားဟြားဆံပင္ေလးေတြျဖီးေပးရင္းေျပာတယ္
''စန္းလန္ကေနာက္ဆို ျကီးလာေတာ့မွာ အဲ႕အခ်ိန္က်ရင္ဒီလိုဆိုးလို႔မရဘူးေနာ္ ေနာက္ျပီးစန္းလန္ေက်ာင္းစရိတ္ေတြကလည္းရွိေသးေတာ့ကိုကိုကအလုပ္ေတြအမ်ားျကီးလုပ္ရဦးမွာ စန္းလန္ကလည္းကိုကို႕ကိုခ်စ္ရင္ကိုကို႕စကားနားေထာင္ စာေသခ်ာလုပ္ ေက်ာင္းပစၥည္းေတြကိုရိုရိုေသေသကိုု္င္ ခဲတံခ်ိဳးတာေတြကိုကိုကိုမျကိဳက္ဘူးေနာ္ ေနာက္ျပီးသူမ်ားေတြနဲ႕တည့္ေအာင္ေန ဟိုကေလးကိုလည္းအရမ္းအႏိုင္မက်င့္နဲ႕ ကိုက္ုလည္းေက်ာင္းအုပ္ရံုးခန္းသြားရတာေျခတိုေနျပီ အဲ႕ဒါမွေျပာမရရင္ေဝ႕ခ်န္ေပ့သင္တန္းကိုတက္ရမယ္ ကိုကိုေျပာတာျကားလား''
သူ႕ရင္ခြင္ထဲမီွထိုင္ေနတဲ႕ဟြားဟြားကရွဲ႕လ်န္ပါးကိုတစ္ခ်က္နမ္းျပီး
''ဟုတ္ကဲ႕ ကိုကိုေျပာတာ စန္းလန္နားေထာင္မယ္ေနာ္ ကိုကို စန္းလန္ကိုယံုလိုက္ ဒီေလာကျကီးမွာစန္းလန္ေလာက္လိမၼာတာစန္းလန္ဘဲရွိတယ္''
ႏွစ္အနည္းငယ္ျကာေသာ္…
''ဟယ္လို''
''အကိုကရွဲ႕လ်န္လားဗ်''
''ဟုတ္ပါတယ္ ဘာျဖစ္လို႕လဲ''
ဖုန္းတစ္ဖက္ကလူကတံေတြးတစ္ခ်က္ျမိဳခ်ျပီးမွတုန္ယင္ေနတဲ႕ေလသံနဲ႕ေျပာလာတာေျကာင့္စာရင္းမွတ္ေနတဲ႕ရွဲ႕လ်န္ထိတ္ခနဲျဖစ္သြားတယ္
''စိတ္ေတာ့မရွိပါနဲ႕ ကြ်န္ေတာ္ကက်င္းရီပါ သတင္းေပးတာေခ်ာက္တြန္းတာေတာ့မဟုတ္ပါဘူး အကို႕ညီေလး စန္းလန္ဆိုတဲ႕တစ္ေယာက္က ဖဲဝိုင္းေထာင္တာ မိလို႕အဲ႕ဒါ ရပ္ကြက္လူျကီးကသူ႕ဆီလာခဲ႕ပါဦးတဲဲ႕ ျကားထဲ တစ္ဖက္ဝိုင္းကခ်ီရုန္ဆိုတဲ႕တက္သစ္စသရုပ္ေဆာင္ကိုပါဓားနဲ႕ထိုးမယ္လုပ္လို႕က်န္တဲ႕လူေတြမနည္းဆဲြေခၚလာတာ အကိုျဖစ္ႏိုင္ရင္အခုလာခဲ႕ပါဗ်''
''ဗ်ာ ဟုတ္ရဲ႕လားဗ်ာ ငါ့ညီတို႕ေသခ်ာျပန္စစ္ပါဦး စန္းလန္ကအဲ႕ေလာက္လိမ္မာတာ ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ''
''အကို႕ညီလိမ္မာတာအကိုေရွ႕တင္ပါဘဲ ကြယ္ရာေတာ့မေျပာတတ္ဘူး အခုေတာင္ကြ်န္ေတာ့္ကိုမ်က္ေထာင့္နီနဲ႕ျကည့္ေနလို႕ အခုခ်က္ခ်င္းအကိုလာခဲ့ပါဦး''
ရွဲ႕လ်န္တစ္ေယာက္ေခါင္းေတြက်ိန္းတက္သြားတယ္။ဘုရားဘုရား။မျဖစ္ဘူးအခုခ်က္ခ်င္းလိုက္သြားရမယ္။::
''ကဲကဲ ထိုင္ဗ်ာ ''
ရပ္ကြက္လူၾကီးရွန္ခ်င္းခ်ိဳးျပတဲ႕ေနရာကိုရွဲ႕လ်န္ဝင္ထိုင္ျပီးေနာက္ကိုလွည့္ျကည့္ေတာ့ ''သားမသိဘူးေနာ္''ဆိုတဲ႕မ်က္ႏွာေပးနဲ႕ေမာင္သံုးလန္ကရီျပေနတယ္
''ငါ -ိုးထဲ ေဟ်ာင့္ မင္းငါ့ကိုဘာေကာင္မ်ားထင္ေနလဲ ငါဆိုတဲ႕ခ်ီရုန္ကိုလာေျကာဖို႕မစဥ္းစားနဲ႕ကြ တက္မလာနဲ႕ေတာက္ခ်ထည့္လိုက္မယ္''
''ငါ့ကိုလိမ္ရင္ငါလုပ္မွာေနာ္ ဟမ္ ျပည္သူ႕အခ်စ္ေတာ္သရုပ္ေဆာင္အစိမ္းေကာင္ကတရားမဝင္ဖဲဝိုင္းထဲဝင္ေဆာ့ေနတဲ႕အျပင္ ဖဲလိမ္ရိုက္တာကိုပါမီဒီယာေရွ႕ငါခ်ျပလိုက္ရမလား''
ေဘးခ်င္းကပ္ႏွစ္ေယာက္သားရန္ျဖစ္ေနတဲ႕ဟြားခ်န္နဲ႕ခ်ီရုန္ကိုျကည့္ျပီးရွဲ႕လ်န္တစ္ေယာက္ေခါင္းရႈပ္သြားတယ္။
''ရွဲ႕ေလာင္ရွစ္ကိုလဲအားနာပါတယ္ အစကလာတိုင္တဲ႕ကေလးကရဲစခန္းသြားမယ္လုပ္ေနတာ အကို႕ညီေျကာက္လို႕ကြ်န္ေတာ့္ဆီအရင္လာတိုင္တာ ျဖစ္ႏိုင္ရင္ကြ်န္ေတာ္တို႕ကအမႈကိုသိုသိုသိပ္သိပ္နဲ႕ျပီးသြားေစခ်င္တယ္ အကိုတို႕အေျကာင္းကိုလဲကြ်န္ေတာ္သိျပီးသားပါ အကို႕ညီကဒီေလာက္လိမၼာတာ ကြ်န္ေတာ့္အထင္ကေလးကလူေပါင္းမွားသြားတာေနမွာ''
''ဟုတ္ကဲ႕ ကြ်န္ေတာ္သိပါျပီ ေနာက္မျဖစ္ေစရပါဘူး''
''ဟုတ္ျပီဗ်ာ ဒါျဖင့္ ခံဝန္ကတိထိုးခိုင္းျပီးလႊတ္ေပးလိုက္မယ္ ငဟြားဆိုတဲ႕ဟိုေကာင္ေလး လာခဲ႕ဒီကို''
ေမာင္သံုးလန္ကဆူေအာင့္ျပီး ရွဲ႕လ်န္ေဘးဝင္ထိုင္တယ္။ဘခ်ိဳးထုတ္ေပးတဲ႕စာရြက္ေပၚေနာက္ထပ္ဖဲဝိုင္းမေထာင္ေတာ့ပါဘူးဆိုတဲ႕ဝန္ခံစာေရးဖို႕ျကံတုန္း သူစာမေရးတတ္တာသြားသတိရတယ္
''ကိုကို လုပ္ဦး''
မ်က္ႏွာပ်က္ေနတဲ႕ ငဟြားေျကာင့္ရွဲ႕လ်န္ကဘခ်ိဳးကိုခင့္ေတာင္းရွာတယ္
''ကြ်န္ေတာ္ဘဲေရးေပးလိုက္ရင္ရတယ္မလား ''
''ရတယ္ ရတယ္ ''
စာေတာ့မေရးလိုက္ရေပမဲ႕ ဘခ်ိဳးရဲ႕ေတာ္ကီမွာငဟြားေျခခ်ဳပ္မိေနရတယ္
''မင္းမလဲ လူပ်ိဳဘဲျဖစ္ေနျပီ စာသာေကာင္းေကာင္းမေရးတတ္တာ ဖဲဝိုင္းေတာ့ေထာင္ရိုက္ေနေသးတယ္ မင္းအကိုကိုလဲညွာပါဦးဟ ငါေျပာတာျကား…''
ဘခ်ိဳးစကားမဆံုးေသး ဖုန္းျမည္လာလို႕ဘခ်ိဳးကေကာက္ကိုင္တယ္
''ဟယ္လို''
ဖုန္းတစ္ဖက္ကလ်ွံထြက္လာတဲ႕ကေလးငိုသံေျကာင့္ရွဲ႕လ်န္ေရာ ငဟြားပါနားပိတ္လိုက္ရတယ္
''ဘယ္လိုမွထိန္းမရဘူးလား ကေလးထိန္းတဲ႕လူကိုထိုးလႊတ္လိုက္တယ္ ?? တယ္!! ဒီေကာင္ေလးနဲ႕ေတာ့ ဟုတ္ျပီ လာခဲ႕မယ္''
''ကြ်န္ေတာ့္သာေျပာေနတာ ဦးေလးကကိုယ့္ကေလးႏိုင္ေအာင္အရင္ထိန္းပါဦး''
ေစာင္းေျပာတဲ႕ငဟြားေျကာင့္ဘုရားဒကာဘခ်ိဳးကထဆဲတယ္။ဖဲဝိုင္းထဲကမေျပေသးတဲ႕ေဒါသေျကာင့္ေနာက္ကခ်ီရုန္ကပါဝင္ဆဲေတာ့ ရပ္ကြက္ရံုးမွာရုတ္ရုတ္သဲသဲျဖစ္သြားတယ္။ျကားထဲငဟြားဆီမွာအေျကြးတင္ေနတဲ႕ေမာင္ေဟးကပါရပ္ကြက္ရံုးေရွ႕ကျဖတ္ေလ်ွာက္ေတာ့ ငဟြားကအေျကြးျပန္ေပးဆိုျပီးေမာင္ေဟးကိုဆဲြထည့္ေတာ့ျပႆနာကထပ္တက္ေရာ။အဲဲေန႕ ရွဲ႕လ်န္ကခံဝန္ကတိတစ္ထပ္ျကီးေရးျပီးမွငဟြားလက္ဆဲြျပီးအိမ္ျပန္လာရတယ္
.…''မင္းနဲ႕ေတာ့ မႏိုင္ေတာ့ဘူး ငါေျပာတာနားေထာင္ အခုမင္းအဝတ္အစားေတြထုပ္ထား''
''ဘာလုပ္ဖို႕လဲ ကိုကိုလို႕''
'' ငါေျပာတဲ႕အတိုင္းလုပ္ မရွည္နဲ႕''
''ကိုကို ခ်စ္တယ္''
''မယံုဘူး!!''
စိတ္တိုေနတဲ႕သူ႕ကိုကိုေျကာင့္ ငဟြားပါးစပ္ေလးပိတ္ျပီးမ်က္ရည္တစမ္းစမ္းနဲဲ႕လုပ္စရာရွိတာလုပ္ေနတယ္::::::::://''မိုးေမလင္း''ကိုယ္ႏႈတ္အမူအယာယဥ္ေက်းမႈသင္တန္း(ဆရာေဝဝူရွင္းႏွင့္ဆရာဖုန္းရွင့္//တစ္လျပတ္သင္တန္း)//
''ေဝ႕ခ်န္ေပ့ကို အားကိုးပါတယ္ ကြ်န္ေတာ္လဲဘယ္လိုမွမႏိုင္ေတာ့လို႕အကိုတို႕သင္တန္းလာအပ္ရတာပါ''
''အခ်င္းခ်င္းေတြဘဲ မလိုပါဘူး ကြ်န္ေတာ္နဲ႕ကြ်န္ေတာ့္တဲြဖက္ဆရာလက္ထဲသာ အကို႕ညီကိုယံုယံုျကည္ျကည္အပ္လိုက္ အကို႕ညီေလးေသခ်ာေပါက္လိမ္မာသြားေစရမယ္''::::တစ္လအျကာအပတ္စဥ္ထုတ္သတင္းစာ၏ေခါင္းျကီးပိုင္း၌ပါလာသည့္သတင္းမွာကား
''မိုးေမလင္းနာမည္ျကီးယဥ္ေက်းမႈသင္တန္း မီးေလာင္/ တာဝန္ရွိသူမ်ားေျပာျကားခ်က္အရ ရိႈ႕မီးဟုသိရ''ဟူ၍။
#MXTX#SVSSMDZSHOB#BQWXHL
//Uni//
**2021ခုနှစ်၏အကောင်းဆုံးလူရည်ချွန်ဆုရမောင်သုံးလန်၏ငယ်ဘဝဇာတ်ကြောင်း(မသိသေးသူများဝင်ရောက်ဖတ်ရှုနိုင်ပါတယ်)**
တစ်လတာအသုံးစရိတ်တွေကိုတွတ်ကြည့်ပြီးတော့ရှဲ့လျန်ခေါင်းကိုက်သွားတယ်။ဒီလောက်ကုန်းရုန်းပြီးမနားမနေအလုပ်လုပ်နေတာတောင်ကုန်ဈေးနှုန်းတွေထိုးတက်လာတော့စားဖို့သောက်ဖို့ကအစသူ့မှာချွေတာနေရတဲ့အဖြစ်။ကြားထဲပေါင်ထားတဲ့ပစ္စည်းတွေပြန်ရွေးဖို့ရက်ကလည်းနီးနေပြီ။
ဘယ်လိုလုပ်ရပါ့။စိတ်ထဲမွန်းကြပ်လာလို့သက်ပြင်းချပြီးနာရီကိုကြည့်တော့နေ့လည်တောင်ရောက်တော့မယ်။ဟုတ်သား။သူ့ရဲ့အမောပြေကလေးလေးမောင်သုံးလန်လေးအတွက်နေ့လည်စာထမင်းချိုင့်ပို့ရဦးမယ်။
ဟွားဟွားကသူ့လက်ရာကလွဲဘယ်သူ့ဟာမှမစားတာမို့သူထမင်းပို့နောက်ကျရင်ဗိုက်ဆာနေလိမ့်မယ်။ကမန်းကတန်းမျက်စိရှေ့တွေ့ရာအသီးအရွက်တွေအသားတွေခုတ်ထစ် အိုးထဲထည့်နှပ်ထားလိုက်တယ်။နောက် အရွက်ချဉ်နည်းနည်းနဲ့ခုနကချက်ထားတဲ့ထမင်းဟင်းတွေထမင်းဘူးထဲထည့်ပြီးထမင်းချိုင့်ပို့ဖို့ရှဲ့လျန်အိမ်ကထွက်လာခဲ့တယ်
..…''ဝေ့ချန်ပေ့''
''ဟာ ရှဲ့လောင်ရှစ် နေကောင်းတယ်နော်''
''ဟုတ်ကဲ့ ဒါနဲ့ဝေ့ချန်ပေ့ကဒီမှာဘာလုပ်နေတာလဲ''
''ကျွန်တော်လား ဘာရယ်မှမဟုတ်ပါဘူး အားနေတာနဲ့ဒီမှာကိုယ်နှုတ်အမူအယာယဉ်ကျေးလိမ္မာသင်တန်းလာဖွင့်နေတာ ကျွန်တော့်တွဲဖက်ဆရာဖုန်းရှင့်နဲ့ ရှဲ့လောင်ရှစ်ကရောထမင်းလာပို့တာလား''
''ဟုတ်တယ်ဗျ ဒါဖြင့်သွားလိုက်ဦးမယ်''
ရှဲ့လျန်တစ်ယောက်ဟွားဟွားတက်နေတဲ့စာသင်ခန်းရောက်တော့အခန်းထဲမဝင်သေးဘဲ သူ့ဟွားဟွားကိုချောင်းကြည့်နေတယ်။ကျစ်ဆံမြီးနှစ်ဖက်စည်းပြီးအနီဝမ်းဆက်လေးနဲ့မောင်သုံးလန်ကလက်ရေးလှကျင့်နေမှန်းရှဲ့လျန်မှန်းမိတယ်။မျက်မှောင်ကျုံ့ပြီးရေးပြီးသားစာလုံးတွေကိုခဲဖျက်နဲ့ပြန်ဖျက်နေတဲ့ဟွားဟွားကြောင့်ရှဲ့လျန်တစ်ယောက်အသည်းတယားယား။
''ရှဲ့လောင်ရှစ်''
သူ့နောက်ကနေလှမ်းခေါ်လို့လှည့်ကြည့်တော့ ကျောင်းအုပ်ကြီးရဲ့အတွင်းရေးမှူး လင်းဝမ်ကျဲကျဲ။
''မင်္ဂလာပါ လင်းဝမ်''
''ဟုတ်ကဲ့''
လင်းဝမ်ကျဲကပြန်နှုတ်ဆက်ပြီးရှဲ့လျန်ကြည့်နေတဲ့နေရာကိုလှမ်းကြည့်တော့ ကျောင်းရဲ့ဇိုးကောင်လေးငဟွားမှန်းသိသွားတာကြောင့်ချက်ချင်းမျက်နှာပြန်လွှဲတယ်
''ကလေးထမင်းလာပို့တာလား''
''ဟုတ်ကဲ့ လင်းဝမ် ကျွန်တော်မေးစရာရှိလို့''
''ပြောပါ''
''ဟိုကလေးလေးအခြေအနေ ဘယ်လိုလဲဗျ''
''အော် ဝမ့်ကျီးလား သက်သာပါတယ် ရှဲ့လောင်ရှစ်မစိုးရိမ်ပါနဲ့''
''ကျွန်တော်လည်းတကယ်အားနာပါတယ် အဲ့နေ့ကကလေးထမင်းစားနေတာကြည့်တော့ထမင်းတစ်ဘူးလုံးငရုတ်သီးဟင်းတွေနဲ့မို့ ကျွန်တော်လည်းဟင်းထည့်ကျွေးလိုက်တာ အရင်ရက်ကတော့ဆေးရုံကိုကျွန်တော်လိုက်ကြည့်ပါသေးတယ် သူ့ဦးလေးကတော့စိတ်တိုသွားပုံဘဲ''
''အခုတော့ ဆေးရုံကဆင်းပါပြီ မနက်ဖြန်ဘဲကျောင်းပြန်တတ်မယ်ကြားတယ်ရှင့်''
''ဟုတ်ကဲ့ ဒါနဲ့စန်းလန်ရဲ့အခြေအနေ''
လင်းဝမ်ကျဲကသက်ပြင်းတစ်ချက်ချပြီး
''ငဟွား အဟင်း ဟွားလေးကတော်ပါတယ် လိမ်လဲလိမ္မာပါတယ် ကျန်တဲ့အချိန်ဆိုပြောစရာမလိုပေမဲ့စာလုံးလှလေ့ကျင့်ချိန်နဲ့ကာယချိန်ဆိုတော်တော်ထိန်းရခက်တယ်''
''ဟုတ်လား ကျွန်တော်လည်းအားနာပါတယ်ဗျာ အလုပ်တစ်ဖက်နဲ့ကလေးကလည်းတစ်ယောက်တည်းဆိုအဖော်မရှိမှာစိုးတာနဲ့ရယ် single fatherဆိုတော့ဘဝကအဆင်ပြေမနေဘူးလေ''
''ကျွန်မနားလည်ပါတယ် ဟွားလေးကစာလုံးတွေအရေးလေ့ကျင့်တာကိုတော်တော်အာရုံစိုက်ပြီးလုပ်တာသိပေမဲ့သူစိတ်တိုလာရင်ခဲတံတွေချိုးပစ်ရော''
''အဲ အဲဒါတော့ဟုတ်တယ် အိမ်ပြန်လာလို့သူ့အိတ်ထဲစစ်ရင်ခဲတံကျိုးတွေတွေ့လို့ဆုံးမထားတယ် သူတခြားကလေးတွေကိုရောအနိုင်ကျင့်တာရှိလား''
''အဲ့လိုတော့မရှိပေမဲ့ သူနဲ့လုံးဝမတည့်တဲ့ကလေးရှိတယ် နှစ်ယောက်ဆုံတာနဲ့ကျွန်မတို့မှာကွယ်ရာကနေစောင့်ကြည့်နေရတာ ရှဲ့လောင်ရှစ်သိမှာပါ ဟိုချီရုန်ဆိုတဲ့ကလေး မြင်တာနဲ့ဟွားဟွားကဆံပင်ကနေကိုင်ပြီးနပန်းကျင်းတာ ဟိုကလေးကလည်းဟွားဟွားရေးတဲ့စာမြင်တာနဲ့ရစရာမရှိအောင်ပြောပြီးမိုးမွှန်အောင်ဆဲတာ တကတည်း အစကတော့ကျွန်မထင်တာ ရှဲ့လောင်ရှစ်နဲ့ရုပ်ချင်းတူတော့တည့်မယ်ထင်တာ ကျွန်မထင်တာမှားသွားတယ်ရှင် အခုတော့အခန်းခွဲထိုင်ခိုင်းထားပါတယ်''
''ဟုတ်ကဲ့ အားလည်းနာပါတယ် ကျေးဇူးလည်းတင်ပါတယ် ဒါဆို ကျွန်တော်စန်းလန်ကိုထမင်းကျွေးလိုက်ဦးမယ် ခွင့်ပြုပါဦးဗျ''
……''စန်းလန် ''
''ဟုတ် ကိုကို''
''ကိုကိုပြောမယ် သေချာနားထောင်နော်''
သူ့စကားကြောင့်ဟွားဟွားကမှောက်ရပ်လေးပုံဆွဲနေရာကရပ်ပြီးမော့ကြည့်တယ်။ရှဲ့လျန်ကသူ့ပေါင်ပေါ်ပွေ့တင်ပြီးဟွားဟွားဆံပင်လေးတွေဖြီးပေးရင်းပြောတယ်
''စန်းလန်ကနောက်ဆို ကြီးလာတော့မှာ အဲ့အချိန်ကျရင်ဒီလိုဆိုးလို့မရဘူးနော် နောက်ပြီးစန်းလန်ကျောင်းစရိတ်တွေကလည်းရှိသေးတော့ကိုကိုကအလုပ်တွေအများကြီးလုပ်ရဦးမှာ စန်းလန်ကလည်းကိုကို့ကိုချစ်ရင်ကိုကို့စကားနားထောင် စာသေချာလုပ် ကျောင်းပစ္စည်းတွေကိုရိုရိုသေသေကို်င် ခဲတံချိုးတာတွေကိုကိုကိုမကြိုက်ဘူးနော် နောက်ပြီးသူများတွေနဲ့တည့်အောင်နေ ဟိုကလေးကိုလည်းအရမ်းအနိုင်မကျင့်နဲ့ ကိုက်ုလည်းကျောင်းအုပ်ရုံးခန်းသွားရတာခြေတိုနေပြီ အဲ့ဒါမှပြောမရရင်ဝေ့ချန်ပေ့သင်တန်းကိုတက်ရမယ် ကိုကိုပြောတာကြားလား''
သူ့ရင်ခွင်ထဲမှီထိုင်နေတဲ့ဟွားဟွားကရှဲ့လျန်ပါးကိုတစ်ချက်နမ်းပြီး
''ဟုတ်ကဲ့ ကိုကိုပြောတာ စန်းလန်နားထောင်မယ်နော် ကိုကို စန်းလန်ကိုယုံလိုက် ဒီလောကကြီးမှာစန်းလန်လောက်လိမ္မာတာစန်းလန်ဘဲရှိတယ်''
နှစ်အနည်းငယ်ကြာသော်…
''ဟယ်လို''
''အကိုကရှဲ့လျန်လားဗျ''
''ဟုတ်ပါတယ် ဘာဖြစ်လို့လဲ''
ဖုန်းတစ်ဖက်ကလူကတံတွေးတစ်ချက်မြိုချပြီးမှတုန်ယင်နေတဲ့လေသံနဲ့ပြောလာတာကြောင့်စာရင်းမှတ်နေတဲ့ရှဲ့လျန်ထိတ်ခနဲဖြစ်သွားတယ်
''စိတ်တော့မရှိပါနဲ့ ကျွန်တော်ကကျင်းရီပါ သတင်းပေးတာချောက်တွန်းတာတော့မဟုတ်ပါဘူး အကို့ညီလေး စန်းလန်ဆိုတဲ့တစ်ယောက်က ဖဲဝိုင်းထောင်တာ မိလို့အဲ့ဒါ ရပ်ကွက်လူကြီးကသူ့ဆီလာခဲ့ပါဦးတဲ့ ကြားထဲ တစ်ဖက်ဝိုင်းကချီရုန်ဆိုတဲ့တက်သစ်စသရုပ်ဆောင်ကိုပါဓားနဲ့ထိုးမယ်လုပ်လို့ကျန်တဲ့လူတွေမနည်းဆွဲခေါ်လာတာ အကိုဖြစ်နိုင်ရင်အခုလာခဲ့ပါဗျ''
''ဗျာ ဟုတ်ရဲ့လားဗျာ ငါ့ညီတို့သေချာပြန်စစ်ပါဦး စန်းလန်ကအဲ့လောက်လိမ်မာတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ''
''အကို့ညီလိမ်မာတာအကိုရှေ့တင်ပါဘဲ ကွယ်ရာတော့မပြောတတ်ဘူး အခုတောင်ကျွန်တော့်ကိုမျက်ထောင့်နီနဲ့ကြည့်နေလို့ အခုချက်ချင်းအကိုလာခဲ့ပါဦး''
ရှဲ့လျန်တစ်ယောက်ခေါင်းတွေကျိန်းတက်သွားတယ်။ဘုရားဘုရား။မဖြစ်ဘူးအခုချက်ချင်းလိုက်သွားရမယ်။::
''ကဲကဲ ထိုင်ဗျာ ''
ရပ်ကွက်လူကြီးရှန်ချင်းချိုးပြတဲ့နေရာကိုရှဲ့လျန်ဝင်ထိုင်ပြီးနောက်ကိုလှည့်ကြည့်တော့ ''သားမသိဘူးနော်''ဆိုတဲ့မျက်နှာပေးနဲ့မောင်သုံးလန်ကရီပြနေတယ်
''ငါ -ိုးထဲ ဟျောင့် မင်းငါ့ကိုဘာကောင်များထင်နေလဲ ငါဆိုတဲ့ချီရုန်ကိုလာကြောဖို့မစဉ်းစားနဲ့ကွ တက်မလာနဲ့တောက်ချထည့်လိုက်မယ်''
''ငါ့ကိုလိမ်ရင်ငါလုပ်မှာနော် ဟမ် ပြည်သူ့အချစ်တော်သရုပ်ဆောင်အစိမ်းကောင်ကတရားမဝင်ဖဲဝိုင်းထဲဝင်ဆော့နေတဲ့အပြင် ဖဲလိမ်ရိုက်တာကိုပါမီဒီယာရှေ့ငါချပြလိုက်ရမလား''
ဘေးချင်းကပ်နှစ်ယောက်သားရန်ဖြစ်နေတဲ့ဟွားချန်နဲ့ချီရုန်ကိုကြည့်ပြီးရှဲ့လျန်တစ်ယောက်ခေါင်းရှုပ်သွားတယ်။
''ရှဲ့လောင်ရှစ်ကိုလဲအားနာပါတယ် အစကလာတိုင်တဲ့ကလေးကရဲစခန်းသွားမယ်လုပ်နေတာ အကို့ညီကြောက်လို့ကျွန်တော့်ဆီအရင်လာတိုင်တာ ဖြစ်နိုင်ရင်ကျွန်တော်တို့ကအမှုကိုသိုသိုသိပ်သိပ်နဲ့ပြီးသွားစေချင်တယ် အကိုတို့အကြောင်းကိုလဲကျွန်တော်သိပြီးသားပါ အကို့ညီကဒီလောက်လိမ္မာတာ ကျွန်တော့်အထင်ကလေးကလူပေါင်းမှားသွားတာနေမှာ''
''ဟုတ်ကဲ့ ကျွန်တော်သိပါပြီ နောက်မဖြစ်စေရပါဘူး''
''ဟုတ်ပြီဗျာ ဒါဖြင့် ခံဝန်ကတိထိုးခိုင်းပြီးလွှတ်ပေးလိုက်မယ် ငဟွားဆိုတဲ့ဟိုကောင်လေး လာခဲ့ဒီကို''
မောင်သုံးလန်ကဆူအောင့်ပြီး ရှဲ့လျန်ဘေးဝင်ထိုင်တယ်။ဘချိုးထုတ်ပေးတဲ့စာရွက်ပေါ်နောက်ထပ်ဖဲဝိုင်းမထောင်တော့ပါဘူးဆိုတဲ့ဝန်ခံစာရေးဖို့ကြံတုန်း သူစာမရေးတတ်တာသွားသတိရတယ်
''ကိုကို လုပ်ဦး''
မျက်နှာပျက်နေတဲ့ ငဟွားကြောင့်ရှဲ့လျန်ကဘချိုးကိုခင့်တောင်းရှာတယ်
''ကျွန်တော်ဘဲရေးပေးလိုက်ရင်ရတယ်မလား ''
''ရတယ် ရတယ် ''
စာတော့မရေးလိုက်ရပေမဲ့ ဘချိုးရဲ့တော်ကီမှာငဟွားခြေချုပ်မိနေရတယ်
''မင်းမလဲ လူပျိုဘဲဖြစ်နေပြီ စာသာကောင်းကောင်းမရေးတတ်တာ ဖဲဝိုင်းတော့ထောင်ရိုက်နေသေးတယ် မင်းအကိုကိုလဲညှာပါဦးဟ ငါပြောတာကြား…''
ဘချိုးစကားမဆုံးသေး ဖုန်းမြည်လာလို့ဘချိုးကကောက်ကိုင်တယ်
''ဟယ်လို''
ဖုန်းတစ်ဖက်ကလျှံထွက်လာတဲ့ကလေးငိုသံကြောင့်ရှဲ့လျန်ရော ငဟွားပါနားပိတ်လိုက်ရတယ်
''ဘယ်လိုမှထိန်းမရဘူးလား ကလေးထိန်းတဲ့လူကိုထိုးလွှတ်လိုက်တယ် ?? တယ်!! ဒီကောင်လေးနဲ့တော့ ဟုတ်ပြီ လာခဲ့မယ်''
''ကျွန်တော့်သာပြောနေတာ ဦးလေးကကိုယ့်ကလေးနိုင်အောင်အရင်ထိန်းပါဦး''
စောင်းပြောတဲ့ငဟွားကြောင့်ဘုရားဒကာဘချိုးကထဆဲတယ်။ဖဲဝိုင်းထဲကမပြေသေးတဲ့ဒေါသကြောင့်နောက်ကချီရုန်ကပါဝင်ဆဲတော့ ရပ်ကွက်ရုံးမှာရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ကြားထဲငဟွားဆီမှာအကြွေးတင်နေတဲ့မောင်ဟေးကပါရပ်ကွက်ရုံးရှေ့ကဖြတ်လျှောက်တော့ ငဟွားကအကြွေးပြန်ပေးဆိုပြီးမောင်ဟေးကိုဆွဲထည့်တော့ပြဿနာကထပ်တက်ရော။အဲနေ့ ရှဲ့လျန်ကခံဝန်ကတိတစ်ထပ်ကြီးရေးပြီးမှငဟွားလက်ဆွဲပြီးအိမ်ပြန်လာရတယ်
.…''မင်းနဲ့တော့ မနိုင်တော့ဘူး ငါပြောတာနားထောင် အခုမင်းအဝတ်အစားတွေထုပ်ထား''
''ဘာလုပ်ဖို့လဲ ကိုကိုလို့''
'' ငါပြောတဲ့အတိုင်းလုပ် မရှည်နဲ့''
''ကိုကို ချစ်တယ်''
''မယုံဘူး!!''
စိတ်တိုနေတဲ့သူ့ကိုကိုကြောင့် ငဟွားပါးစပ်လေးပိတ်ပြီးမျက်ရည်တစမ်းစမ်းနဲ့လုပ်စရာရှိတာလုပ်နေတယ်::::::::://''မိုးမေလင်း''ကိုယ်နှုတ်အမူအယာယဉ်ကျေးမှုသင်တန်း(ဆရာဝေဝူရှင်းနှင့်ဆရာဖုန်းရှင့်//တစ်လပြတ်သင်တန်း)//
''ဝေ့ချန်ပေ့ကို အားကိုးပါတယ် ကျွန်တော်လဲဘယ်လိုမှမနိုင်တော့လို့အကိုတို့သင်တန်းလာအပ်ရတာပါ''
''အချင်းချင်းတွေဘဲ မလိုပါဘူး ကျွန်တော်နဲ့ကျွန်တော့်တွဲဖက်ဆရာလက်ထဲသာ အကို့ညီကိုယုံယုံကြည်ကြည်အပ်လိုက် အကို့ညီလေးသေချာပေါက်လိမ်မာသွားစေရမယ်''::::တစ်လအကြာအပတ်စဉ်ထုတ်သတင်းစာ၏ခေါင်းကြီးပိုင်း၌ပါလာသည့်သတင်းမှာကား
''မိုးမေလင်းနာမည်ကြီးယဉ်ကျေးမှုသင်တန်း မီးလောင်/ တာဝန်ရှိသူများပြောကြားချက်အရ ရှို့မီးဟုသိရ''ဟူ၍။
#MXTX#SVSSMDZSHOB#BQWXHL
There are no comments yet. Log in to be the first to leave a review!




