Fanfics

ep 24

14:50, 30 July 2023

ဆိုယောင်းနဲ့မီနာ လက်ထပ်ခဲ့တာ ယခုဆိုလျှင် သုံးလတင်းတင်းပင်ပြည့်လေပြီ။ သုံးလပြည့်ပြီးသည့်နောက်တွင် မီနာက ကိုရီးယားကို ပြန်ချင်ပါသည်ဟု စကားဆိုလာသောကြောင့် ကိုရီးယားသို့သွားရန် လေယာဉ်ကွင်း၌ ရောက်ရှိနေတာဖြစ်သည်။ ခွန်နစ်ကတော့ ထိုင်းနိုင်ငံ၌သာ ကျန်နေခဲ့လေသည်။

"P' အစစအရာရာ ဂရုစိုက်ပါနော်။ နွန်က P'ကို ဂရုစိုက်မပေးနိုင်တဲ့အတွက် တောင်းပန်ပါတယ်"

"မလိုပါဘူး နွန်ရယ်။ နွန်ရဲ့P'က ဘယ်လောက်တောင်သန်မာတဲ့ မိန်းကလေးလဲ ဟင် "

လက်မောင်းကိုကွေးကာ ထွက်မလာသည့်ကြွက်သားအား အတင်းညှစ်ထုတ်ပြရင်း မျက်ခုံးလေးပင့်ကာ ပင့်ကာဖြင့် ဆိုလာသော နစ်ကြောင့် နွန်ရော မီနာပါ ပြုံးလိုက်မိသည်။

"ခွန်နစ်ကို မီနာက လက်တွဲဖော်လေးရှာစေချင်တယ်။ ဆိုယောင်းကို မီနာကဂရုစိုက်ပေးမှာမို့ ဆိုယောင်းအတွက်စိတ်မပူပါနဲ့။ ခွန်နစ်ကသာ နောင်ရေးအ‌တွက် လက်တွဲဖော်ရှာပါနော်။ အဲ့တာက ဆိုယောင်းရော မီနာပါ ခွန်နစ်ကိုမှာချင်တဲ့အရာပါ။ အခုတောင် ဆိုယောင်းက ခွန်နစ်ကိုစိတ်မချဖြစ်နေတာ။ နေခဲ့ပါ‌‌ဆိုတော့လည်းမဟုတ်ရဘူး၊ လိုက်ခဲ့ပြန်တော့လည်း ခွန်နစ်ကို တစ်ယောက်တည်းမို့စိတ်မချဘူးတဲ့။ အဲ့တာကြောင့် ခွန်နစ်က ဆိုယောင်းစိတ်ချရအောင် လက်တွဲဖော်ရှာလိုက်ပါ"

"P'ရဲ့ နွန်လေး စိတ်ချချသွားပါ၊ P'လည်း လက်တွဲဖော်ရှာပါမယ် စိတ်မပူပါနဲ့"

"ရသွားရင် ဖိတ်စာလှမ်းပို့ လာခဲ့မယ်"

"နွန်က ကိုရီးယားကိုရောက်သွားရင် အားပါတော့မလား။ ပတ်ဆိုယောင်းဆိုတဲ့ နာမည်ကြားတာနဲ့တင် လူတွေဝိုင်းအုံလာစေမယ့် နာမည်ကြီး kpop idolတစ်ယောက်က သွားချင်တိုင်းသွား ၊ လာချင်တိုင်းလာရပါ့မလား"

"P'အတွက်ဆို လုံး၀အားတယ်"

ဆိုကာ ခွန်နစ်အားသိုင်းဖက်လိုက်သော ဆိုယောင်းအားကြည့်ကာ မီနာပြုံးမိသည်။ ဆိုယောင်းက ဖြူစင်လွန်းတဲ့ကလေးလေးတစ်ယောက်လိုပဲ။ အရမ်းကို အပြစ်ကင်းလွန်းတယ်။

"ဧည့်သည်များရှင့် လေယာဉ်အမှတ် ××××ထွက်ခွာ‌တော့မည်ဖြစ်ပါသဖြင့် မိမိနေရာသို့ နေရာ၀င်ယူပေးကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်"

"ဟော ! နွန်တို့လေယာဉ်က အသိပေးချက်ထွက်လာပြီ။ သွားတော့နော်။ အစစအရာရာဂရုစိုက်ပါ။ P'ကလည်း ကိုယ့်ကိုယ်ကို ဂရုစိုက်မှာမို့ စိတ်မပူနဲ့ ဟုတ်ပြီလား။ P'က အရင်ကတည်းက တစ်ယောက်တည်း နေသားကျပြီးသားပါ"

"P'ကို အရမ်းချစ်တယ်"

ခေါင်းအားခပ်ဖွဖွပုတ်ကာ နှုတ်ဆက်စကားဆိုနေသော P'ကြောင့် မျက်၀န်းထဲ၌ ရစ်ဝဲလာသော မျက်ရည်စတို့အား မျက်တောင်ခတ်ကာ ပြန်သိမ်းဆည်းထားမိသည်။

"P'ရဲ့ ကလေးလေးကိုလည်း P'က အရမ်းချစ်ပါတယ်"

ထို့နောက် နွန်၏ကိုယ်လုံးလေးအား နွေးထွေးစွာထွေးဖက်လိုက်ရင်း စီးကျလုလုဖြစ်နေသည့် မျက်ရည်စတို့အား လက်ခုံဖြင့်အသာသုတ်ပစ်လိုက်မိသည်။

"မီနာ နွန်ကို သေချာဂရုစိုက်ပေးပါနော်"

"ခွန်နစ်မှာစရာမလိုအောင်ကို မီနာက ဂရုစိုက်ပေးမှာပါ"

မီနာစကားကြောင့် ခွန်နစ်တစ်ယောက် ငိုချင်စိတ်ကိုမျိုသိပ်ကာ ပြုံးလိုက်မိသည်။ ညီမလေးက လူကောင်းတစ်ယောက်နဲ့ဆုံခဲ့တာပဲ။

ထို့နောက် luggageအားဆွဲကာ လေယာဉ်ဆီသို့ လှမ်းလျှောက်သွားသော ညီမဖြစ်သူနှင့်မီနာအားကြည့်ကာ ခွန်နစ်တစ်ယောက်တည်း အထီးကျန်စွာ ကျန်နေခဲ့ရလေသည်။

..................................................................................................

တစ်ဖက်တွင်တော့ ခရီးသွားရန်ပြင်ဆင်နေသော ဂျောင်ကုနှင့် အစားအသောက်တွေကို မနားတမ်း ဘေး၌ထိုင်ကာ စားနေသော ဗိုက်ကလေးပင်။ အလုပ်ကိစ္စကြောင့် မနက်ဖြန် LAကိုသွားရမည်မို့ အထုပ်အပိုးတွေကို ပြင်‌ဆင်နေရလေသည်။ အစကတော့ တစ်ယောက်တည်းသွားဖို့ ရည်ရွယ်ထားသည်ဆိုသော်လည်း ဗိုက်ကလေး၏ အတင်းဂျစ်တိုက်မှုကြောင့် အတွဲလိုက်ခရီးဖြစ်သွားရလေသည်။

ကိုယ်၀န်ကလရင့်နေသည်မို့ ခရီးပန်းမည်စိုး၍ မလိုက်ပါနှင့်ဟု ဆိုသော်လည်း ပြောမရဘဲ ဂျစ်တိုက်ကာ လိုက်မည်တကဲကဲပင်။ မလိုက်ရလျှင် ခုန်ပေါက်ပြီး ဆော့မည်၊ သစ်ပင်ပေါ်တတ်မည် ၊ အစပ်တွေစားမည်၊ barသွားပြီး ကောင်မလေးတွေနှင့်ကြူမည် စသဖြင့်ပြောပြီး ဂျစ်တိုက်၏။ ထို့သို့ပြော၍ တစ်ဖန်ဂျောင်ကုက

"ဗိုက်ကလေးက ကိုယ်၀န်ကြီးလွယ်ပြီး barသွားမယ်ပေါ့ မဟုတ်မှ ဗိုက်က‌လေးက အောက်ပုဂ္ဂိုလ်ဆိုတာကို လူအများသိစေချင်တာလား"

ဟု ပြန်စလျှင် နှုတ်ခမ်းကြီးဆူကာ မျက်စောင်းတစ်ခဲခဲဖြင့် အနားရှိရာနှင့်ကောက်ထုတတ်သေး၏။ ထိုအခါဆိုလျှင်လည်း

"မင်းလုပ်လို့ ငါအခုလိုဖြစ်နေတာ မင်းလုပ်တာ မင်းပြန်ယူ"

ဟုဆိုကာ ဗိုက်ကိုအတင်းမ,ပြီး သူများလက်ထဲသို့ ထည့်ပြန်၏။ ထိုသို့ထည့်ပေးသောအခါတွင် ဂျောင်ကုမှာ ထယ်ယောင်းအားကြည့်ကာ အသည်းမယားပဲပင် မနေနိုင်တော့ပေ။

ထိုသို့အသည်းယားကာ ရယ်မိပြန်ရင်လည်း သူ့ကိုလှောင်ပါသည်ဟုဆိုကာ ခေါင်းအုံးကြီးကိုယူ၍ အကျီထဲသို့ အတင်းထိုးထည့်ပေးတတ်သေးသည်။

"ဘာလုပ်တာလဲ"

ဟု မေးသောအခါတွင်တော့ ဗိုက်ကလေးက သဘောကျစွာဖြင့်ပြုံးကာ

"မောင်လည်းငါ့လို ဗိုက်ကြီးနေတာလေ"

ဟူ၍ ပြန်ပြောတတ်သေး၏။

"ဘာတွေရယ်နေတာလဲ "

မုန့်စားနေရာမှလူကိုလှမ်းကြည့်ရင်း သူရယ်နေတာကို မြင်သွားသည်ထင်၏။ မျက်စောင်းခဲကာ လူကိုလှမ်းကြည့်လာလေသည်။

"ဘာမှမဟုတ်ပါဘူးကွာ "

"ဘာမှမဟုတ်ရင် ဘာလို့ရယ်နေတာလဲ။ မဟုတ်မှ ‌ကောင်မလေးတွေနဲ့ အီစီကလီလုပ်တာကို တွေးနေတာလား"

တစ်ယောက်တွေးကာ စိတ်ထဲရှိရာကိုထင်ကြေးပေးနေရင်းမှ ရုတ်တရက်ကြီးစားနေသည့် မုန့်ထုပ်တွေကိုပစ်ချကာ အနားသို့ရောက်လာသော ဗိုက်ကလေးကြောင့် ဂျောင်ကုမှာ ပါးစပ်အဟောင်းသားပင်။ ထို့နောက် သတိ၀င်လာချိန်မှာတော့ ဂျောင်ကုတစ်ဟားဟားအော်ရယ်တော့သည်။

အခု ဗိုက်ကလေးက သူ့ဟာသူလျှောက်တွေးပြီး သ၀န်တိုတွေတိုပြနေတာ။

"မရယ်နဲ့ ! မရယ်နဲ့လို့ မောင့်!!! "

ကိုယ်က သူ့ကိုချစ်လို့သ၀န်တိုတာကို လူကိုလာပြီး ဟားတိုက်ရယ်နေသည်မို့ ထယ်ယောင်း၏ မရှည်သည့်ခပ်ဆတ်ဆတ်စိတ်ကလေးက စိတ်ဆိုးချေပြီ။ ဂျောင်ကုစိတ်မရှည်လည်း မတတ်နိုင်တော့ပါ။ ကိုယ်၀န်ရှိလာပြီဆိုကတည်းက စိတ်ဆိုးစိတ်ကောက်လွယ်လာသည့် စိတ်ကို ထယ်ယောင်းမထိန်းချုပ်နိုင်ပါ။ ထစ်ခနဲဆိုလျှင် ဂျောင်ကုအပေါ်စိတ်ဆိုး စိတ်ကောက်ပစ်လိုက်ရမှ ကျေနပ်သည်မို့ ဘာမှမဟုတ်ရင်တောင် စိတ်ကောက်ပြကာ အချော့ခံတတ်သည်။ ဂျောင်ကုဘက်က ထိုသို့ချော့နည်းမျိုးစံနှင့် ချော့မြူလာသောအခါတွင် ‌နွေးထွေးမှုကို ခံစားရသည်မို့ ထယ်ယောင်းထိုနွေးထွေးမှုကို တပ်မက်စွာပင် ဖမ်းဆုပ်ထားခြင်းပင်။ သူ့ရဲ့ဖမ်းဆုပ်ထားမှုက မှားယွင်းနေရင်တောင် ဂျောင်ကုဘက်က စိတ်မပျက်သ၍အဆင်ပြေပါသည်။

"ဟော ! မောင့်ဗိုက်ကလေးက စိတ်ဆိုးသွားပြီလား။ ဆောရီးပါကွာ။ မောင်က မောင့်ဗိုက်ကလေးသ၀န်တိုတာလေးကို သဘောကျလို့ပါကွာ။ တစ်ယောက်တည်း လျှောက်တွေးနေပြီး မောင့်ကိုသ၀န်တွေတိုနေတဲ့ မောင့်ဗိုက်ကလေးကို အသည်းတွေယားလွန်းလို့ မောင်ရယ်မိတာပါ။ စိတ်မဆိုးနဲ့နော် မောင့်ဗိုက်ကလေးက လိမ္မာပါတယ်"

ဘေးနားတွင်ထိုင်နေသော ဗိုက်ကလေးအား အနောက်ကနေသိုင်းဖက်ရင်း ဗိုက်ပူပူလေးကို ခပ်ဖွဖွကိုင်ကာ ပြန်ချော့လေတော့ မှိုင်းညို့ညို့မျက်၀န်းလေးတွေဖြင့် မော့ကြည့်လာလေသည်။ ထို့နောက် သူ၏ဗိုက်လုံးလုံးလေးအား ခပ်ဖွဖွပွတ်သပ်နေသော လက်နှစ်ဖက်ကို ဆုပ်ကိုင်လာကာ

"မောင် ငါ့ကို စိတ်ပျက်နေပြီလားဟင်"

ခုနလေးကတင် သ၀န်တွေတိုကာ ခပ်စွာစွာဖြစ်နေသည့်ကောင်လေးက ယခုချက်ချင်းပင် မျက်နှာလေးညှိုးငယ်ကာ သူ့ကိုစိတ်ပျက်နေတာလားဟူ၍ မေးလာပြန်သည်။ ကိုယ်၀န်ကြောင့် စိတ်အပြောင်းအလဲမြန်နေသည် ထင်၏။

"စိတ်ပျက်စရာလား ဗိုက်ကလေးရယ်။ မောင်က ဗိုက်ကလေးကို ရင်ဘတ်ကြီးနဲ့မဆန့်လောက်အောင်ကို ချစ်တာမို့ ဗိုက်ကလေးကို ဘယ်တော့မှ စိတ်မပျက်ဘူး။ ဗိုက်ကလေးက မောင့်အပေါ်မှာ ကြိုက်သလိုဆိုး မောင်ဘာမှမပြောဘူး ၊ ကြိုက်သလိုရစ် မောင်အရစ်ခံမယ် ၊ ကြိုက်သလိုစိတ်ကောက် မောင်က ဗိုက်ကလေးစိတ်ကောက်မပြေမချင်းချော့မယ် ဟုတ်ပြီလား။ ဒီလောက်ချစ်စရာကောင်းတဲ့ မောင့်ဗိုက်ကလေးကို စိတ်ပျက်ရအောင် မောင်ကအရူးမှမဟုတ်တာ။ ပြီးတော့လည်း မောင့်အတွက် မောင့်ဗိုက်ကလေးက ကလေးလေးတောင် မွေးပေးဦးမယ်လေ။ ဒါကိုများ ဘာကြောင့် မောင်က ဗိုက်ကလေးကို စိတ်ပျက်မယ်လို့တွေးရတာလဲ"

"ငါက အခုတလော စိတ်အပြောင်းအလဲအရမ်းမြန်နေတော့ မောင်စိတ်ကုန်သွားမှာ စိုးလို့ပါ"

"မောင်ပြောပြီးပြီလေကွာ မောင်က ဗိုက်ကလေးကို သိပ်ချစ်တာမို့ ဘယ်တော့မှ စိတ်မပျက်ဘူးလို့"

နွမ်းလျနေသည့်သူ့မျက်၀န်းတွေအား အနမ်းခပ်ဖွဖွပေးကာ ဆိုလေတော့ ရင်ခွင်ထဲကနေ မော့ကာပြုံးပြလာ၏။

"ဒါဆို မောင်က ငါ့ကိုလုံး၀စိတ်မပျက်ရဘူးနော် ကတိ! "

"ကတိပါကွာ "

သူကမ်းပေးလာသည့် လက်သန်းလေးအား ဂျောင်ကုလက်သန်းကိုထောင်ကာ ပြန်ချိတ်ရင်းဆိုလေတော့ ထိုလူသားလေးက သဘောကျစွာ ရယ်နေလေသည်။

"မောင့်ကိုချစ်တယ် "

ချိတ်ထားသည့်လက်သန်းအား မပြုတ်စောပဲ ရင်ခွင်ထဲသို့ပို၍ တိုး၀င်လာသော ကျောပြင်ငယ်အား ဂျောင်ကု ပိုမိုတင်းကြပ်စွာဖက်တွယ်လိုက်သည်။ လက်တစ်ဖက်ကို လက်သန်းချင်းချိတ်ထားစေပြီး ကျန်လက်တစ်ဖက်ဖြင့် ဗိုက်ပူပူလေးအား ထွေးဖက်ထားလိုက်သည်။ ဗိုက်ပူပူလေးကို ဖက်ထားရင် ကလေးလေးလည်း အထီးမကျန်တော့ဘူးပေါ့။ ဘေးနားတွင်ရှိနေသော Luggageထဲသို့ထည့်လက်စပစ္စည်းတွေကတော့ ဘေးနားရှိ ကြမ်းပြင်ထက်၌ ပြန့်ကျဲစွာ။

----------------------------------------------------------------------------------

"ကင်မ်မီဆို "

စိတ်ဆေးရုံအတွင်းရှိအခန်းတစ်ခုထဲတွင် သံကြိုးတွေဖြင့် ချည်နှောင်ခြင်းခံထားရသည့်သူမ။ ကုသနေသည်မှာ လချီနေပြီဖြစ်သော်လည်း တိုးတတ်လာမှုမှာ အလျင်းမရှိချေ။ သူမ၏ နှုတ်မှ ကင်မ်ထယ်ယောင်းဆိုသည့်အမည်နာမတစ်ခုသာ ကြားရပြီး ထိုနာမည်နှင့်အတူ သူမ၏ဒေါသမီးလေးတွေ ကပ်ပါလာတတ်သေး၏။

"သူ့ရဲ့ မိဘတွေကို သိလား မိန်းကလေး"

ဒေါက်တာ၏အမေးကို ခေါင်းခါလိုက်မိသော သူမ။ ကင်မ်မီဆိုက သူမနှင့်သူငယ်ချင်းဖြစ်ကတည်းကနေ ယခုချိန်ထိသူမ၏ မိသားစုအကြောင်းကို တစ်ခါမျှပင် ဖွင့်ဟ၀န်ခံခြင်းမရှိခဲ့ပါချေ။ university တတ်ရင်းမှ ခင်လာသော သူငယ်ချင်းဆိုသော်လည်း သူ့အကြောင်းအားလုံးနီးပါးသိခဲ့ရသည်။ သို့ပေမယ့် ထိုအကြောင်းအရာတွေထဲတွင် သူမ၏မိသားစုတွေ ပါ၀င်မနေခဲ့ပေ။

"မိန်းကလေးက လူနာနဲ့ပတ်သတ်ဖူးလား"

"သူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းပါ ဒါပေမယ့် သူ့မိသားစုအကြောင်းကိုတော့ မသိပါဘူး။ သူတစ်ခါမှ မပြောပြခဲ့ဖူးဘူး"

ထိုမိန်းကလေး၏စကားကြောင့် ဒေါက်တာ တွေးဆဆဖြစ်သွားရလေသည်။ ကင်မ်မီဆို,ဆိုသည့် ထိုလူနာကိုကုရတာ သူ့အတွက်တကယ်ပင် မလွယ်ကူလှပေ။ ကုထုံးမျိုးစုံဖြင့် စမ်းသပ်ဖူးပါသော်လည်း တိုးတတ်ခြင်းရှိမလာသည့်သူမက ရူးတာထက်ပင်ပိုပါသေး၏။ သူမ၏ရောဂါအတွက် နာမည်ပင်မရှိလောက်အောင်ပင်ဖြစ်သည်။

"ကျွန်တော်သိသလောက်ပြောရရင် ယခုသူမရဲ့ အခြေအနေက အရင်ကထက် ပိုမိုဆိုးရွားလာတယ်။ အသိစိတ်တွေကို တစ်ဖြည်းဖြည်းဆုံးရှုံးလာရပြီး ဘယ်သူကိုမျှ မမှတ်မိနိုင်တော့ဘဲ ကင်မ်ထယ်ယောင်းဆိုတဲ့ နာမည်တစ်ခုကလွဲပြိး သူမ၏ဦးနှောက်ထဲမှာ ဘာမျှမရှိတော့ဘဲ ဗလာကျင်းနေပြီ။ ဒီရောဂါက အမည်မဖော်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး လေ့လာတွေ့ရှိချက်အရ ဖြစ်ခဲလှတဲ့ဖြစ်စဉ်ပဲ ။ ဒီရောဂါက နှစ်ကြာလာတာနှင့်အမျှ အာရုံငါးပါးကိုပျက်စီးစေပြီး အသိဉာဏ်ကိုပါဆုံးရှုံးစေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ခုခံအားကိုပါ ကျဆင်းသွားစေတတ်တယ်။

ဒီရောဂါကစဖြစ်ခါစမှာ psychoတစ်ယောက်လိုဖြစ်နေတတ်ပြီး နှစ်ကြာလာတာနှင့်အမျှ ရောဂါရင့်လာပြီး ဆိုးကျိုးတွေသက်ရောက်လာတာ။ ဒီဆိုးကျိုးတွေ သက်ရာက်လာတဲ့အချိန်မှာ ဖြစ်နိုင်ချေက နှစ်မျိုးရှိတယ်။ ကုသမှုခံယူပြီး ပြန်ကောင်းသွားနိုင်သလို၊ ကုသခြင်းမအောင်မြင်ဘဲ သေဆုံးသွားတတ်တာမျိုးတွေရှိတယ် ။ ယခုအခြေအနေအရဆိုရင် လူနာကင်မ်မီဆိုက ပြန်ကောင်းလာမည့်အရိပ်အ‌ခြေက လုံး၀မရှိနိုင်သ‌လောက်ပဲ ။ ဒါကြောင့်လည်း ကျွန်တော်က လူနာကို စိတ်ချမ်းသာသလိုထားပြီး သူ့ကိုလက်လွှတ်ထားရခြင်းပဲ "

"ဒါဆို မီဆိုရဲ့ အခြေအနေက......"

မိန်းကလေး၏အမေးကို ဒေါက်တာက ခေါင်းအသာခါပြလိုက်၏။ သူမ၏ အခြေအနေသည်လုံး၀ပင် ပြန်ကောင်းနိုင်ဖွယ်မရှိတော့ချေ။

"ဒါဆို ကျွန်မသူ့ကို အိမ်ပြန်ခေါ်သွားခွင့်ရှိမလား"

ပြန်မကောင်းလာတော့မယ့် သူငယ်ချင်းကို သူမအဆုံးရှုံးမခံနိုင်သေးပေ။ ဒေါက်တာက မရဘူးပြောပေမယ့်လည်း သူမကြိုးစားကြည့်ချင်ပါသည်။ ကိုရီးယားမှာကုမရရင် နိုင်ငံခြားမှာသွားကုပေးမည်။ ပိုက်ဆံရှိရင် အရာရာဖြစ်နိုင်‌သည့် ဒီလောကကြီးမှာ သူမပိုင်ဆိုင်သည့်ပိုက်ဆံတွေကို သူငယ်ချင်းဖြစ်သူအတွက် ပျော်ပျော်ကြီးသုံးပစ်မည်။

"ခေါ်သွားလို့ရပါတယ် ကျွန်တော် ဆေးရုံဆင်းလက်မှတ်ပေးလိုက်ပါမယ်"

ဒေါက်တာက ထိုသို့ပြောပြီးနောက် အခန်းထဲက ထွက်သွားလေသည်။ ဒေါက်တာထွက်သွားတော့မှ ကုတင်ပေါ်တွင်သံကြိုးတွေနှင့်တုတ်နှောင်ခံထားရသည့် သူငယ်ချင်းဖြစ်သူအနားသို့သွားကာ သူမခေါင်းလေးကိုခပ်ဖွဖွထိလိုက်မိသည်။

"ယယ်ဂျီ ဆောယယ်ဂျီ "

သူမ၏အထိအတွေ့တွေကို ရင်းနှီးစွာပင် သူမက တန်း၍မှတ်မိ၏။

"ယယ်ဂျီက ဘယ်သူလဲ"

ထပ်မံ၍ထွက်ပေါ်လာသော မီဆို၏စကားကြောင့် ယယ်ဂျီနာကျင်စွာပြုံးလိုက်မိသည်။ အလိုက်သင့်လှစွာသော မျက်ရည်စတို့သည်လည်း မျက်၀န်းဆီမှလျှံကျလာကာ ပါးပြင်မို့မို့ထက်သို့ နေရာယူလာ၏။ သူမသူငယ်ချင်းက သူမကိုတောင်မမှတ်မိတော့ချေ။ ဒါဆိုရင် ကင်မ်ထယ်ယောင်းကိုရော......။ သူ့ကိုလည်း နာမည်ပဲသိပြီး လူမသိတော့တာလား။

အရင်တစ်ခေါက်လာကြည့်ခဲ့တုန်းက သံကြိုးတွေကြားမှာရုန်းကန်ရင်း ကင်မ်ထယ်ယောင်းကို သတ်မည်ဟုကြွေးကြော်နေသူသည် ယခုအချိန်၌ မည်သူ့ကိုမျှမမှတ်မိတော့ချေ။ မျက်၀န်းအိမ်တွေမှာလည်း ပကတိဖြူစင်လျက်။ သူမ တစ်ကယ်ပင် အားလုံးကိုမေ့သွားချေပြီ။

J JuliH

ဆောယယ်ဂျီ (서예지) ကိုရီးယားလိုဖတ်တတ်တဲ့သူရှိရင် အမှန်ပြင်ပေးသွားပါဦး။ Eng name ( Seo Ye-Ji) ကိုဖတ်ပြီးမြန်မာလိုရေးထားတာမို့ မှားကောင်းမှားနေနိုင်ပါတယ်။ နောက်တစ်ခုက နွန်နဲ့ဆိုယောင်းကတစ်ယောက်တည်းပါနော်။ ကိုယ်အရင်တစ်ခေါက်က အသိပေးစာမှာ တင်ထားပေးပြီးသားပါ။

ပြီးတော့ မီဆိုကို ဘယ်လိုဖြစ်စေချင်လဲ။ ပြန်ကောင်းပြီးပဲ ဗီလိန်လုပ်လုပ်ရမလား😊။ ဒီတိုင်းလေးပဲ ထားရမလား🤔။

Zawgyi

ဆိုေယာင္းနဲ႕မီနာ လက္ထပ္ခဲ့တာ ယခုဆိုလွ်င္ သုံးလတင္းတင္းပင္ျပည့္ေလၿပီ။ သုံးလျပည့္ၿပီးသည့္ေနာက္တြင္ မီနာက ကိုရီးယားကို ျပန္ခ်င္ပါသည္ဟု စကားဆိုလာေသာေၾကာင့္ ကိုရီးယားသို႔သြားရန္ ေလယာဥ္ကြင္း၌ ေရာက္ရွိေနတာျဖစ္သည္။ ခြန္နစ္ကေတာ့ ထိုင္းနိုင္ငံ၌သာ က်န္ေနခဲ့ေလသည္။

"P' အစစအရာရာ ဂ႐ုစိုက္ပါေနာ္။ ႏြန္က P'ကို ဂ႐ုစိုက္မေပးနိုင္တဲ့အတြက္ ေတာင္းပန္ပါတယ္"

"မလိုပါဘူး ႏြန္ရယ္။ ႏြန္ရဲ႕P'က ဘယ္ေလာက္ေတာင္သန္မာတဲ့ မိန္းကေလးလဲ ဟင္ "

လက္ေမာင္းကိုေကြးကာ ထြက္မလာသည့္ႂကြက္သားအား အတင္းညွစ္ထုတ္ျပရင္း မ်က္ခုံးေလးပင့္ကာ ပင့္ကာျဖင့္ ဆိုလာေသာ နစ္ေၾကာင့္ ႏြန္ေရာ မီနာပါ ၿပဳံးလိုက္မိသည္။

"ခြန္နစ္ကို မီနာက လက္တြဲေဖာ္ေလးရွာေစခ်င္တယ္။ ဆိုေယာင္းကို မီနာကဂ႐ုစိုက္ေပးမွာမို႔ ဆိုေယာင္းအတြက္စိတ္မပူပါနဲ႕။ ခြန္နစ္ကသာ ေနာင္ေရးအတြက္ လက္တြဲေဖာ္ရွာပါေနာ္။ အဲ့တာက ဆိုေယာင္းေရာ မီနာပါ ခြန္နစ္ကိုမွာခ်င္တဲ့အရာပါ။ အခုေတာင္ ဆိုေယာင္းက ခြန္နစ္ကိုစိတ္မခ်ျဖစ္ေနတာ။ ေနခဲ့ပါဆိုေတာ့လည္းမဟုတ္ရဘူး၊ လိုက္ခဲ့ျပန္ေတာ့လည္း ခြန္နစ္ကို တစ္ေယာက္တည္းမို႔စိတ္မခ်ဘဴးတဲ့။ အဲ့တာေၾကာင့္ ခြန္နစ္က ဆိုေယာင္းစိတ္ခ်ရေအာင္ လက္တြဲေဖာ္ရွာလိုက္ပါ"

"P'ရဲ႕ ႏြန္ေလး စိတ္ခ်ခ်သြားပါ၊ P'လည္း လက္တြဲေဖာ္ရွာပါမယ္ စိတ္မပူပါနဲ႕"

"ရသြားရင္ ဖိတ္စာလွမ္းပို႔ လာခဲ့မယ္"

"ႏြန္က ကိုရီးယားကိုေရာက္သြားရင္ အားပါေတာ့မလား။ ပတ္ဆိုေယာင္းဆိုတဲ့ နာမည္ၾကားတာနဲ႕တင္ လူေတြဝိုင္းအုံလာေစမယ့္ နာမည္ႀကီး kpop idolတစ္ေယာက္က သြားခ်င္တိုင္းသြား ၊ လာခ်င္တိုင္းလာရပါ့မလား"

"P'အတြက္ဆို လုံး၀အားတယ္"

ဆိုကာ ခြန္နစ္အားသိုင္းဖက္လိုက္ေသာ ဆိုေယာင္းအားၾကည့္ကာ မီနာၿပဳံးမိသည္။ ဆိုေယာင္းက ျဖဴစင္လြန္းတဲ့ကေလးေလးတစ္ေယာက္လိုပဲ။ အရမ္းကို အျပစ္ကင္းလြန္းတယ္။

"ဧည့္သည္မ်ားရွင့္ ေလယာဥ္အမွတ္ ထြက္ခြာေတာ့မည္ျဖစ္ပါသျဖင့္ မိမိေနရာသို႔ ေနရာ၀င္ယူေပးၾကပါရန္ ေမတၱာရပ္ခံပါတယ္ရွင္"

"ေဟာ ! ႏြန္တို႔ေလယာဥ္က အသိေပးခ်က္ထြက္လာၿပီ။ သြားေတာ့ေနာ္။ အစစအရာရာဂ႐ုစိုက္ပါ။ P'ကလည္း ကိုယ့္ကိုယ္ကို ဂ႐ုစိုက္မွာမို႔ စိတ္မပူနဲ႕ ဟုတ္ၿပီလား။ P'က အရင္ကတည္းက တစ္ေယာက္တည္း ေနသားက်ၿပီးသားပါ"

"P'ကို အရမ္းခ်စ္တယ္"

ေခါင္းအားခပ္ဖြဖြပုတ္ကာ ႏႈတ္ဆက္စကားဆိုေနေသာ P'ေၾကာင့္ မ်က္၀န္းထဲ၌ ရစ္ဝဲလာေသာ မ်က္ရည္စတို႔အား မ်က္ေတာင္ခတ္ကာ ျပန္သိမ္းဆည္းထားမိသည္။

"P'ရဲ႕ ကေလးေလးကိုလည္း P'က အရမ္းခ်စ္ပါတယ္"

ထို႔ေနာက္ ႏြန္၏ကိုယ္လုံးေလးအား ႏြေးေထြးစြာေထြးဖက္လိုက္ရင္း စီးက်လဳလုျဖစ္ေနသည့္ မ်က္ရည္စတို႔အား လက္ခုံျဖင့္အသာသုတ္ပစ္လိုက္မိသည္။

"မီနာ ႏြန္ကို ေသခ်ာဂ႐ုစိုက္ေပးပါေနာ္"

"ခြန္နစ္မွာစရာမလိုေအာင္ကို မီနာက ဂ႐ုစိုက္ေပးမွာပါ"

မီနာစကားေၾကာင့္ ခြန္နစ္တစ္ေယာက္ ငိုခ်င္စိတ္ကိုမ်ိဳသိပ္ကာ ၿပဳံးလိုက္မိသည္။ ညီမေလးက လူေကာင္းတစ္ေယာက္နဲ႕ဆုံခဲ့တာပဲ။

ထို႔ေနာက္ luggageအားဆြဲကာ ေလယာဥ္ဆီသို႔ လွမ္းေလွ်ာက္သြားေသာ ညီမျဖစ္သူႏွင့္မီနာအားၾကည့္ကာ ခြန္နစ္တစ္ေယာက္တည္း အထီးက်န္စြာ က်န္ေနခဲ့ရေလသည္။

..................................................................................................

တစ္ဖက္တြင္ေတာ့ ခရီးသြားရန္ျပင္ဆင္ေနေသာ ေဂ်ာင္ကုႏွင့္ အစားအေသာက္ေတြကို မနားတမ္း ေဘး၌ထိုင္ကာ စားေနေသာ ဗိုက္ကေလးပင္။ အလုပ္ကိစၥေၾကာင့္ မနက္ျဖန္ LAကိုသြားရမည္မို႔ အထုပ္အပိုးေတြကို ျပင္ဆင္ေနရေလသည္။ အစကေတာ့ တစ္ေယာက္တည္းသြားဖို႔ ရည္႐ြယ္ထားသည္ဆိုေသာ္လည္း ဗိုက္ကေလး၏ အတင္းဂ်စ္တိုက္မႈေၾကာင့္ အတြဲလိုက္ခရီးျဖစ္သြားရေလသည္။

ကိုယ္၀န္ကလရင့္ေနသည္မို႔ ခရီးပန္းမည္စိုး၍ မလိုက္ပါႏွင့္ဟု ဆိုေသာ္လည္း ေျပာမရဘဲ ဂ်စ္တိုက္ကာ လိုက္မည္တကဲကဲပင္။ မလိုက္ရလွ်င္ ခုန္ေပါက္ၿပီး ေဆာ့မည္၊ သစ္ပင္ေပၚတတ္မည္ ၊ အစပ္ေတြစားမည္၊ barသြားၿပီး ေကာင္မေလးေတြႏွင့္ၾကဴမည္ စသျဖင့္ေျပာၿပီး ဂ်စ္တိုက္၏။ ထို႔သို႔ေျပာ၍ တစ္ဖန္ေဂ်ာင္ကုက

"ဗိုက္ကေလးက ကိုယ္၀န္ႀကီးလြယ္ၿပီး barသြားမယ္ေပါ့ မဟုတ္မွ ဗိုက္ကေလးက ေအာက္ပုဂၢိုလ္ဆိုတာကို လူအမ်ားသိေစခ်င္တာလား"

ဟု ျပန္စလွ်င္ ႏႈတ္ခမ္းႀကီးဆူကာ မ်က္ေစာင္းတစ္ခဲခဲျဖင့္ အနားရွိရာႏွင့္ေကာက္ထုတတ္ေသး၏။ ထိုအခါဆိုလွ်င္လည္း

"မင္းလုပ္လို႔ ငါအခုလိုျဖစ္ေနတာ မင္းလုပ္တာ မင္းျပန္ယူ"

ဟုဆိုကာ ဗိုက္ကိုအတင္းမ,ၿပီး သူမ်ားလက္ထဲသို႔ ထည့္ျပန္၏။ ထိုသို႔ထည့္ေပးေသာအခါတြင္ ေဂ်ာင္ကုမွာ ထယ္ေယာင္းအားၾကည့္ကာ အသည္းမယားပဲပင္ မေနနိုင္ေတာ့ေပ။

ထိုသို႔အသည္းယားကာ ရယ္မိျပန္ရင္လည္း သူ႕ကိုေလွာင္ပါသည္ဟုဆိုကာ ေခါင္းအုံးႀကီးကိုယူ၍ အက်ီထဲသို႔ အတင္းထိုးထည့္ေပးတတ္ေသးသည္။

"ဘာလုပ္တာလဲ"

ဟု ေမးေသာအခါတြင္ေတာ့ ဗိုက္ကေလးက သေဘာက်စြာျဖင့္ၿပဳံးကာ

"ေမာင္လည္းငါ့လို ဗိုက္ႀကီးေနတာေလ"

ဟူ၍ ျပန္ေျပာတတ္ေသး၏။

"ဘာေတြရယ္ေနတာလဲ "

မုန႔္စားေနရာမွလူကိုလွမ္းၾကည့္ရင္း သူရယ္ေနတာကို ျမင္သြားသည္ထင္၏။ မ်က္ေစာင္းခဲကာ လူကိုလွမ္းၾကည့္လာေလသည္။

"ဘာမွမဟုတ္ပါဘူးကြာ "

"ဘာမွမဟုတ္ရင္ ဘာလို႔ရယ္ေနတာလဲ။ မဟုတ္မွ ေကာင္မေလးေတြနဲ႕ အီစီကလီလုပ္တာကို ေတြးေနတာလား"

တစ္ေယာက္ေတြးကာ စိတ္ထဲရွိရာကိုထင္ေၾကးေပးေနရင္းမွ ႐ုတ္တရက္ႀကီးစားေနသည့္ မုန႔္ထုပ္ေတြကိုပစ္ခ်ကာ အနားသို႔ေရာက္လာေသာ ဗိုက္ကေလးေၾကာင့္ ေဂ်ာင္ကုမွာ ပါးစပ္အေဟာင္းသားပင္။ ထို႔ေနာက္ သတိ၀င္လာခ်ိန္မွာေတာ့ ေဂ်ာင္ကုတစ္ဟားဟားေအာ္ရယ္ေတာ့သည္။

အခု ဗိုက္ကေလးက သူ႕ဟာသူေလွ်ာက္ေတြးၿပီး သ၀န္တိုေတြတိုျပေနတာ။

"မရယ္နဲ႕ ! မရယ္နဲ႕လို႔ ေမာင့္!!! "

ကိုယ္က သူ႕ကိုခ်စ္လို႔သ၀န္တိုတာကို လူကိုလာၿပီး ဟားတိုက္ရယ္ေနသည္မို႔ ထယ္ေယာင္း၏ မရွည္သည့္ခပ္ဆတ္ဆတ္စိတ္ကေလးက စိတ္ဆိုးေခ်ၿပီ။ ေဂ်ာင္ကုစိတ္မရွည္လည္း မတတ္နိုင္ေတာ့ပါ။ ကိုယ္၀န္ရွိလာၿပီဆိုကတည္းက စိတ္ဆိုးစိတ္ေကာက္လြယ္လာသည့္ စိတ္ကို ထယ္ေယာင္းမထိန္းခ်ဳပ္နိုင္ပါ။ ထစ္ခနဲဆိုလွ်င္ ေဂ်ာင္ကုအေပၚစိတ္ဆိုး စိတ္ေကာက္ပစ္လိုက္ရမွ ေက်နပ္သည္မို႔ ဘာမွမဟုတ္ရင္ေတာင္ စိတ္ေကာက္ျပကာ အေခ်ာ့ခံတတ္သည္။ ေဂ်ာင္ကုဘက္က ထိုသို႔ေခ်ာ့နည္းမ်ိဳးစံႏွင့္ ေခ်ာ့ျမဴလာေသာအခါတြင္ ႏြေးေထြးမႈကို ခံစားရသည္မို႔ ထယ္ေယာင္းထိုႏြေးေထြးမႈကို တပ္မက္စြာပင္ ဖမ္းဆုပ္ထားျခင္းပင္။ သူ႕ရဲ႕ဖမ္းဆုပ္ထားမႈက မွားယြင္းေနရင္ေတာင္ ေဂ်ာင္ကုဘက္က စိတ္မပ်က္သ၍အဆင္ေျပပါသည္။

"ေဟာ ! ေမာင့္ဗိုက္ကေလးက စိတ္ဆိုးသြားၿပီလား။ ေဆာရီးပါကြာ။ ေမာင္က ေမာင့္ဗိုက္ကေလးသ၀န္တိုတာေလးကို သေဘာက်လိဳ႕ပါကြာ။ တစ္ေယာက္တည္း ေလွ်ာက္ေတြးေနၿပီး ေမာင့္ကိုသ၀န္ေတြတိုေနတဲ့ ေမာင့္ဗိုက္ကေလးကို အသည္းေတြယားလြန္းလို႔ ေမာင္ရယ္မိတာပါ။ စိတ္မဆိုးနဲ႕ေနာ္ ေမာင့္ဗိုက္ကေလးက လိမၼာပါတယ္"

ေဘးနားတြင္ထိုင္ေနေသာ ဗိုက္ကေလးအား အေနာက္ကေနသိုင္းဖက္ရင္း ဗိုက္ပူပူေလးကို ခပ္ဖြဖြကိုင္ကာ ျပန္ေခ်ာ့ေလေတာ့ မွိုင္းညို႔ညို႔မ်က္၀န္းေလးေတြျဖင့္ ေမာ့ၾကည့္လာေလသည္။ ထို႔ေနာက္ သူ၏ဗိုက္လုံးလုံးေလးအား ခပ္ဖြဖြပြတ္သပ္ေနေသာ လက္ႏွစ္ဖက္ကို ဆုပ္ကိုင္လာကာ

"ေမာင္ ငါ့ကို စိတ္ပ်က္ေနၿပီလားဟင္"

ခုနေလးကတင္ သ၀န္ေတြတိုကာ ခပ္စြာစြာျဖစ္ေနသည့္ေကာင္ေလးက ယခုခ်က္ခ်င္းပင္ မ်က္ႏွာေလးညွိုးငယ္ကာ သူ႕ကိုစိတ္ပ်က္ေနတာလားဟူ၍ ေမးလာျပန္သည္။ ကိုယ္၀န္ေၾကာင့္ စိတ္အေျပာင္းအလဲျမန္ေနသည္ ထင္၏။

"စိတ္ပ်က္စရာလား ဗိုက္ကေလးရယ္။ ေမာင္က ဗိုက္ကေလးကို ရင္ဘတ္ႀကီးနဲ႕မဆန႔္ေလာက္ေအာင္ကို ခ်စ္တာမို႔ ဗိုက္ကေလးကို ဘယ္ေတာ့မွ စိတ္မပ်က္ဘူး။ ဗိုက္ကေလးက ေမာင့္အေပၚမွာ ႀကိဳက္သလိုဆိုး ေမာင္ဘာမွမေျပာဘူး ၊ ႀကိဳက္သလိုရစ္ ေမာင္အရစ္ခံမယ္ ၊ ႀကိဳက္သလိုစိတ္ေကာက္ ေမာင္က ဗိုက္ကေလးစိတ္ေကာက္မေျပမခ်င္းေခ်ာ့မယ္ ဟုတ္ၿပီလား။ ဒီေလာက္ခ်စ္စရာေကာင္းတဲ့ ေမာင့္ဗိုက္ကေလးကို စိတ္ပ်က္ရေအာင္ ေမာင္ကအ႐ူးမွမဟုတ္တာ။ ၿပီးေတာ့လည္း ေမာင့္အတြက္ ေမာင့္ဗိုက္ကေလးက ကေလးေလးေတာင္ ေမြးေပးဦးမယ္ေလ။ ဒါကိုမ်ား ဘာေၾကာင့္ ေမာင္က ဗိုက္ကေလးကို စိတ္ပ်က္မယ္လို႔ေတြးရတာလဲ"

"ငါက အခုတေလာ စိတ္အေျပာင္းအလဲအရမ္းျမန္ေနေတာ့ ေမာင္စိတ္ကုန္သြားမွာ စိုးလို႔ပါ"

"ေမာင္ေျပာၿပီးၿပီေလကြာ ေမာင္က ဗိုက္ကေလးကို သိပ္ခ်စ္တာမို႔ ဘယ္ေတာ့မွ စိတ္မပ်က္ဘူးလို႔"

ႏြမ္းလ်ေနသည့္သူ႕မ်က္၀န္းေတြအား အနမ္းခပ္ဖြဖြေပးကာ ဆိုေလေတာ့ ရင္ခြင္ထဲကေန ေမာ့ကာၿပဳံးျပလာ၏။

"ဒါဆို ေမာင္က ငါ့ကိုလုံး၀စိတ္မပ်က္ရဘူးေနာ္ ကတိ! "

"ကတိပါကြာ "

သူကမ္းေပးလာသည့္ လက္သန္းေလးအား ေဂ်ာင္ကုလက္သန္းကိုေထာင္ကာ ျပန္ခ်ိတ္ရင္းဆိုေလေတာ့ ထိုလူသားေလးက သေဘာက်စြာ ရယ္ေနေလသည္။

"ေမာင့္ကိုခ်စ္တယ္ "

ခ်ိတ္ထားသည့္လက္သန္းအား မျပဳတ္ေစာပဲ ရင္ခြင္ထဲသို႔ပို၍ တိုး၀င္လာေသာ ေက်ာျပင္ငယ္အား ေဂ်ာင္ကု ပိုမိုတင္းၾကပ္စြာဖက္တြယ္လိုက္သည္။ လက္တစ္ဖက္ကို လက္သန္းခ်င္းခ်ိတ္ထားေစၿပီး က်န္လက္တစ္ဖက္ျဖင့္ ဗိုက္ပူပူေလးအား ေထြးဖက္ထားလိုက္သည္။ ဗိုက္ပူပူေလးကို ဖက္ထားရင္ ကေလးေလးလည္း အထီးမက်န္ေတာ့ဘူးေပါ့။ ေဘးနားတြင္ရွိေနေသာ Luggageထဲသို႔ထည့္လက္စပစၥည္းေတြကေတာ့ ေဘးနားရွိ ၾကမ္းျပင္ထက္၌ ျပန႔္က်ဲစြာ။

----------------------------------------------------------------------------------

"ကင္မ္မီဆို "

စိတ္ေဆး႐ုံအတြင္းရွိအခန္းတစ္ခုထဲတြင္ သံႀကိဳးေတြျဖင့္ ခ်ည္ႏွောင္ျခင္းခံထားရသည့္သူမ။ ကုသေနသည္မွာ လခ်ီေနၿပီျဖစ္ေသာ္လည္း တိုးတတ္လာမႈမွာ အလ်င္းမရွိေခ်။ သူမ၏ ႏႈတ္မွ ကင္မ္ထယ္ေယာင္းဆိုသည့္အမည္နာမတစ္ခုသာ ၾကားရၿပီး ထိုနာမည္ႏွင့္အတူ သူမ၏ေဒါသမီးေလးေတြ ကပ္ပါလာတတ္ေသး၏။

"သူ႕ရဲ႕ မိဘေတြကို သိလား မိန္းကေလး"

ေဒါက္တာ၏အေမးကို ေခါင္းခါလိုက္မိေသာ သူမ။ ကင္မ္မီဆိုက သူမႏွင့္သူငယ္ခ်င္းျဖစ္ကတည္းကေန ယခုခ်ိန္ထိသူမ၏ မိသားစုအေၾကာင္းကို တစ္ခါမွ်ပင္ ဖြင့္ဟ၀န္ခံျခင္းမရွိခဲ့ပါေခ်။ university တတ္ရင္းမွ ခင္လာေသာ သူငယ္ခ်င္းဆိုေသာ္လည္း သူ႕အေၾကာင္းအားလုံးနီးပါးသိခဲ့ရသည္။ သို႔ေပမယ့္ ထိုအေၾကာင္းအရာေတြထဲတြင္ သူမ၏မိသားစုေတြ ပါ၀င္မေနခဲ့ေပ။

"မိန္းကေလးက လူနာနဲ႕ပတ္သတ္ဖူးလား"

"သူ႕ရဲ႕အရင္းႏွီးဆုံးသူငယ္ခ်င္းပါ ဒါေပမယ့္ သူ႕မိသားစုအေၾကာင္းကိုေတာ့ မသိပါဘူး။ သူတစ္ခါမွ မေျပာျပခဲ့ဖူးဘူး"

ထိုမိန္းကေလး၏စကားေၾကာင့္ ေဒါက္တာ ေတြးဆဆျဖစ္သြားရေလသည္။ ကင္မ္မီဆို,ဆိုသည့္ ထိုလူနာကိုကုရတာ သူ႕အတြက္တကယ္ပင္ မလြယ္ကူလွေပ။ ကုထုံးမ်ိဳးစုံျဖင့္ စမ္းသပ္ဖူးပါေသာ္လည္း တိုးတတ္ျခင္းရွိမလာသည့္သူမက ႐ူးတာထက္ပင္ပိုပါေသး၏။ သူမ၏ေရာဂါအတြက္ နာမည္ပင္မရွိေလာက္ေအာင္ပင္ျဖစ္သည္။

"ကြၽန္ေတာ္သိသေလာက္ေျပာရရင္ ယခုသူမရဲ႕ အေျခအေနက အရင္ကထက္ ပိုမိုဆိုး႐ြားလာတယ္။ အသိစိတ္ေတြကို တစ္ျဖည္းျဖည္းဆုံးရႈံးလာရၿပီး ဘယ္သူကိုမွ် မမွတ္မိနိုင္ေတာ့ဘဲ ကင္မ္ထယ္ေယာင္းဆိုတဲ့ နာမည္တစ္ခုကလြဲၿပိး သူမ၏ဦးႏွောက္ထဲမွာ ဘာမွ်မရွိေတာ့ဘဲ ဗလာက်င္းေနၿပီ။ ဒီေရာဂါက အမည္မေဖာ္နိုင္တဲ့ေရာဂါတစ္မ်ိဳးျဖစ္ၿပီး ေလ့လာေတြ႕ရွိခ်က္အရ ျဖစ္ခဲလွတဲ့ျဖစ္စဥ္ပဲ ။ ဒီေရာဂါက ႏွစ္ၾကာလာတာႏွင့္အမွ် အာ႐ုံငါးပါးကိုပ်က္စီးေစၿပီး အသိဉာဏ္ကိုပါဆုံးရႈံးေစတဲ့အျပင္ ခႏၶာကိုယ္ရဲ႕ခုခံအားကိုပါ က်ဆင္းသြားေစတတ္တယ္။

ဒီေရာဂါကစျဖစ္ခါစမွာ psychoတစ္ေယာက္လိုျဖစ္ေနတတ္ၿပီး ႏွစ္ၾကာလာတာႏွင့္အမွ် ေရာဂါရင့္လာၿပီး ဆိုးက်ိဳးေတြသက္ေရာက္လာတာ။ ဒီဆိုးက်ိဳးေတြ သက္ရာက္လာတဲ့အခ်ိန္မွာ ျဖစ္နိုင္ေခ်က ႏွစ္မ်ိဳးရွိတယ္။ ကုသမႈခံယူၿပီး ျပန္ေကာင္းသြားနိုင္သလို၊ ကုသျခင္းမေအာင္ျမင္ဘဲ ေသဆုံးသြားတတ္တာမ်ိဳးေတြရွိတယ္ ။ ယခုအေျခအေနအရဆိုရင္ လူနာကင္မ္မီဆိုက ျပန္ေကာင္းလာမည့္အရိပ္အေျခက လုံး၀မရွိနိုင္သေလာက္ပဲ ။ ဒါေၾကာင့္လည္း ကြၽန္ေတာ္က လူနာကို စိတ္ခ်မ္းသာသလိုထားၿပီး သူ႕ကိုလက္လႊတ္ထားရျခင္းပဲ "

"ဒါဆို မီဆိုရဲ႕ အေျခအေနက......"

မိန္းကေလး၏အေမးကို ေဒါက္တာက ေခါင္းအသာခါျပလိုက္၏။ သူမ၏ အေျခအေနသည္လုံး၀ပင္ ျပန္ေကာင္းနိုင္ဖြယ္မရွိေတာ့ေခ်။

"ဒါဆို ကြၽန္မသူ႕ကို အိမ္ျပန္ေခၚသြားခြင့္ရွိမလား"

ျပန္မေကာင္းလာေတာ့မယ့္ သူငယ္ခ်င္းကို သူမအဆုံးရႈံးမခံနိုင္ေသးေပ။ ေဒါက္တာက မရဘူးေျပာေပမယ့္လည္း သူမႀကိဳးစားၾကည့္ခ်င္ပါသည္။ ကိုရီးယားမွာကုမရရင္ နိုင္ငံျခားမွာသြားကုေပးမည္။ ပိုက္ဆံရွိရင္ အရာရာျဖစ္နိုင္သည့္ ဒီေလာကႀကီးမွာ သူမပိုင္ဆိုင္သည့္ပိုက္ဆံေတြကို သူငယ္ခ်င္းျဖစ္သူအတြက္ ေပ်ာ္ေပ်ာ္ႀကီးသုံးပစ္မည္။

"ေခၚသြားလို႔ရပါတယ္ ကြၽန္ေတာ္ ေဆး႐ုံဆင္းလက္မွတ္ေပးလိုက္ပါမယ္"

ေဒါက္တာက ထိုသို႔ေျပာၿပီးေနာက္ အခန္းထဲက ထြက္သြားေလသည္။ ေဒါက္တာထြက္သြားေတာ့မွ ကုတင္ေပၚတြင္သံႀကိဳးေတြႏွင့္တုတ္ႏွောင္ခံထားရသည့္ သူငယ္ခ်င္းျဖစ္သူအနားသို႔သြားကာ သူမေခါင္းေလးကိုခပ္ဖြဖြထိလိုက္မိသည္။

"ယယ္ဂ်ီ ေဆာယယ္ဂ်ီ "

သူမ၏အထိအေတြ႕ေတြကို ရင္းႏွီးစြာပင္ သူမက တန္း၍မွတ္မိ၏။

"ယယ္ဂ်ီက ဘယ္သူလဲ"

ထပ္မံ၍ထြက္ေပၚလာေသာ မီဆို၏စကားေၾကာင့္ ယယ္ဂ်ီနာက်င္စြာၿပဳံးလိုက္မိသည္။ အလိုက္သင့္လွစြာေသာ မ်က္ရည္စတို႔သည္လည္း မ်က္၀န္းဆီမွလွ်ံက်လာကာ ပါးျပင္မို႔မို႔ထက္သို႔ ေနရာယူလာ၏။ သူမသူငယ္ခ်င္းက သူမကိုေတာင္မမွတ္မိေတာ့ေခ်။ ဒါဆိုရင္ ကင္မ္ထယ္ေယာင္းကိုေရာ......။ သူ႕ကိုလည္း နာမည္ပဲသိၿပီး လူမသိေတာ့တာလား။

အရင္တစ္ေခါက္လာၾကည့္ခဲ့တုန္းက သံႀကိဳးေတြၾကားမွာ႐ုန္းကန္ရင္း ကင္မ္ထယ္ေယာင္းကို သတ္မည္ဟုေႂကြးေၾကာ္ေနသူသည္ ယခုအခ်ိန္၌ မည္သူ႕ကိုမွ်မမွတ္မိေတာ့ေခ်။ မ်က္၀န္းအိမ္ေတြမွာလည္း ပကတိျဖဴစင္လ်က္။ သူမ တစ္ကယ္ပင္ အားလုံးကိုေမ့သြားေခ်ၿပီ။

J JuliH

ေဆာယယ္ဂ်ီ () ကိုရီးယားလိုဖတ္တတ္တဲ့သူရွိရင္ အမွန္ျပင္ေပးသြားပါဦး။ Eng name ( Seo Ye-Ji) ကိုဖတ္ၿပီးျမန္မာလိုေရးထားတာမို႔ မွားေကာင္းမွားေနနိုင္ပါတယ္။ ေနာက္တစ္ခုက ႏြန္နဲ႕ဆိုေယာင္းကတစ္ေယာက္တည္းပါေနာ္။ ကိုယ္အရင္တစ္ေခါက္က အသိေပးစာမွာ တင္ထားေပးၿပီးသားပါ။

ၿပီးေတာ့ မီဆိုကို ဘယ္လိုျဖစ္ေစခ်င္လဲ။ ျပန္ေကာင္းၿပီးပဲ ဗီလိန္လုပ္လုပ္ရမလား😊။ ဒီတိုင္းေလးပဲ ထားရမလား။

There are no comments yet. Log in to be the first to leave a review!

Similar stories