End
17:20, 7 February 2026Rose နဲ့ Sam လေးအရွယ်ရောက်လာခဲ့တာ ကြည့်ရင်းနဲ့ဘဲ lix ရဲ့ အချိန်တွေကိုမေ့ပျောက်လို့လာခဲ့သည်။ မောင်နဲ့ တစ်ကျက်ကျက်ရန်ဖစ်တတ်တဲ့ အချိန်တွေဟာလဲ မရှိသလောက်ရှားလာခဲ့သည်။ ကျနော့်အတွက် ရန်ဖစ်တယ်လို့တွေးပေမယ့် တစ်ကယ်တမ်းကျ မောင်ဟာ မထိတထိလိုက်စတတ်တဲ့ယောကျာ်းမျိုးဘဲ။ အယ်ဖာ တစ်ယောက်အနေနဲ့ကော ဖခင်တစ်ယောက်အနေနဲ့ကော မောင်ဟာ ဒီမိသားစုအပေါ်တာဝန် ကျေပွန်ခဲ့သည်။ ကျနော့်ရဲ့စိုးရိမ်ကြောင့်ကြမှူတွေ အစိုင်အခဲတစ်ခုလို ဖြစ်တည်နေတဲ့အယ်ဖာတွေအပေါ်အမြင်မကြည်မှုတွေကို မောင်ဟာသူ့ရဲ့အချစ်တွေနဲ့ တဖြေးဖြေးတိုက်စားလို့သွားခဲ့သည်။ မေတ္တာတွေနဲ့ အပ်နှင်းတဲ့ပွဲမာ မောင်ကကျနော့်နှလုံးသားကိုဆုအဖြစ်သိမ်းပိုက်ပြီး အမွှာလေးတွေကိုအပိုဆုအဖြစ်ရခဲ့တယ်။ မောင်တောင့်တတဲ့ မိသားစုဘဝလေးကို ကျနော်ဖြည့်ဆည်းပေးနိုင်ခဲ့လို့ အရမ်းပျော်တယ်။
ကျနော်က အိမ်ထဲမာဘဲအောင်းနေတဲ့ အိုမီဂါလေးတစ်ယောက် ဖြစ်လာခဲ့ပေမယ့် မောင့်အလုပ်တွေကိုတော့ဝိုင်းကူပေးဖြစ်သည်။ မောင့်တို့ brand ရဲ့ ပင်တိုင်စံ model ဖြစ်တဲ့ ဆွန်းမင်က ခုဆို ကိုယ်ဝန် ၃၆ ပတ်တောင်ဖြစ်နေခဲ့ပြီလေ။ နောက်လဆိုရင်တောင် မွေးနိုင်တယ်။ ဒါ့ကြောင့် brand ambassadors အဖြစ် lix တစ်ခြား အိုမီဂါ အလှလေးတွေကို မောင့်အစား ကွန်ပျူတာကိုကြည့်ရင်းရွေးနေခဲ့သည်။ ကိုယ်လုပ်ရင်အဆင်မပြေမာစိုးလို့ မောင့်ဘာသာဆုံးဖြတ်လို့ပြောတော့ မောင်က...
" မောင့်အချစ်ကိုဘဲ brand ambassadors ခန့်လိုက်ရင်ကောင်းမလားမသိဘူး။ "
" မဟုတ်တာ မောင်ရာ.. ငါနဲ့အဆင်မပြေပါဘူး တစ်ခြားအိုမီဂါအလှလေးတွေရှိနေတာကို...၊ မင်းကွန်ပျူတာထဲက လူတွေကိုကြည့်ပြီး ရွေးလေ..."
" ကြည့်နေတာဘဲ ... ခက်တာက အိုမီဂါဆိုရင် မောင့်အချစ်ကလွဲပြီး တစ်ခြား ဘယ်အိုမီဂါမှ မောင့်မျက်လုံးထဲ မလှဖြစ်နေတာ.... ပြီးတော့ မောင် ကြည့်လဲမကြည့်ချင်ဘူး။ "
" မောင်ကတော့လေ နည်းနည်းလောက်ပိုလိုက်ရမှ စားဝင်အိပ်ပျော်မာလား !!"
" ခက်တာဘဲ ... ဘာလို့အပိုတွေထင်နေရတာတုန်း... ဒီအယ်ဖာကြီးက မင်းနဲ့မှချိုတာနော်... ဒီကောင်ကြီး ဦးကျိုးထားတယ်ဆိုတာ မောင့်အချစ်ဖြစ်နေလို့ပါကွာ..."
" သိပါတယ်... သိပါတယ်နော်... ဒါကြောင့်လဲ ငါကမောင့်ကိုအရမ်းချစ်နေရတာပေါ့..."
ကွန်ပျူတာကိုကြည့်နေရင်း မောင်နဲ့ ပြောခဲ့တာတွေပြန်တွေးနေမိတော့ ကျနော် ကြည်နူးရပြန်သည်။ အမွှာလေးတို့ ကျောင်းတတ်နေကြတော့ အိမ်ထဲမာ ကျနော်နဲ့ယုတဘဲရှိတာ။ ယုတကလဲ ရုံးကသူ့အလုပ်ကို အိမ်မာဘဲ လုပ်နေခဲ့တာကြာပြီဆိုတော့ ဒီအချိန်ဆို သူလဲမအားဘူး။ ဒါကြောင့် တစ်ယောက်ထဲ ပျင်းသလိုလိုခံစားနေရသည်။ မောင့်ဆီ ဖုန်းဆက်ပြီး "လွမ်းလား"ဆိုပြီး ချွဲနွဲ့ချင်ပေမယ့်လဲ မောင်မအားမာစိုးရသည်။
Felix ဘေးကဖုန်းလေးဟာ တုန်ခါပြီး မျက်နှာပြင်လေးမာ သူတို့မိသားစုပုံလေးဟာ ပေါ်ထွက်လို့လာသည်။ ထို့နောက် ဝင်လာသော မက်ဆေ့တစ်စောင်.. ။ ဖုန်းကိုကောက်ယူပြီး ကြည့်လိုက်တော့ ဆွန်းမင်ဆီကစာဖြစ်ပြီး...
" အောက်ကနေ အရည်ကြည်တွေဆင်းနေလို့ ကူပါအုန်း Felix ၊ ကိုကို့ဆီဖုန်းခေါ်လို့မရလို့ပါ" တဲ့လေ။ စာကိုမြင်မြင်ချင်းဘဲ အခန်းထဲကပြေးထွက်ပြီး ယုတကိုအော်ခေါ်မိသည်။ ဒီအချိန်မာ အားအကိုးဆုံးကယုတဘဲရှိတယ်လေ။ သူခေါ်လိုက်တာနဲ့ မျက်မှန်ကြီးတကားကားနဲ့ ဖရိုဖရဲ ဖြစ်နေတဲ့ pajamas ဝတ်စုံလေးနဲ့ ယုတဟာ ကမန်းကတန်းကိုအခန်းထဲက နေပြေးထွက်လို့လာခဲ့ပါသည်။ သူကဆွန်းမင်ဆီသွားမည့်အကြောင်းပြောပြီး အမွှာလေးတို့ကိုကျောင်းကြိုပေးဖို့နဲ့ သူဒီညပြန်မလာဖစ်ခဲ့ရင် အမွှာလေးတို့နဲ့အတူအိပ်ဖို့အကြောင်းပါမှာထားခဲ့လိုက်သည်။ယုတကလဲ စိတ်မပူဖို့ ပြန်ပြောသည်။ အချိန်မဆွဲတော့ဘဲ သူခုချက်ချင်းလာပြီဖြစ်ကြောင်း ဆွန်းမင်ကို စာပြန်ပို့လိုက်ပြီး ကားကိုအရှိန်နဲ့မောင်းထွက်လာခဲ့တော့သည်။
>>>>>
" ကဲ ဒီနေ့အစည်းအဝေးကတော့ ဒီလောက်ပါဘဲ..."
" (Clap)"
ဟျွန်းဂျင်ရဲ့ အစည်းအဝေးမိန့်ခန်းပြီးသွားတော့ ရှယ်ယာရှင်တွေက လက်ခုတ်တီးပြီး အရမ်းတော်ကြောင်းပြောတဲ့ချီးကျူးစကားတွေနဲ့သာအဆုံးသတ်သွားသည်။ အလကားသက်ကြားအိုကြီးတွေ အလုပ်ကို ဟျွန်းဂျင်နဲ့ Chris ကသာ ကြိုးစားနေရပြီး အမြတ်အစွန်းကြ ညီတူမျှတူလိုချင်နေကြတာ မဖြစ်မနေမို့သာ မဟာမိတ်သဘောမျိုးနဲ့ ရှယ်ယာခွဲတွေအဖြစ်ထား ထားတာ ၊တစ်စက်မှ ဟျွန်းဂျင် ကကြည့်လို့ရတာမဟုတ်ပေ။
" ဒီနေ့ boss ပြောသွားတာတွေ အရမ်းမိုက်တယ်..."
" စောက်ရမ်းမိုက်တဲ့ကျုပ်ပြောတာဘဲဗျာ.. မိုက်ရမာပေါ့..ဟာ... ပင်ပန်းချက်ဘဲ... အချစ်ရဲ့ဖယ်ရိုမုန်းအနံ့လေးလိုချင်လိုက်တာကွာ!!"
ကိုယ်ပိုင်အခန်းထဲရောက်တာနဲ့ ဆိုဖာခုံပေါ် ပစ်လှဲချပြီး ငြီးငြူမိလိုက်သည်။ Chris ကတော့သူ့ဘေးနားရပ်နေခဲ့သည်။
" ကော်ဖီသောက်မလား ကျနော်ဖျော်ခိုင်းလိုက်မယ်..
သူပြောတော့ ဟျွန်းဂျင်ကလက်ခါပြသည်။
" နေနေ... ကျနော်ကော်ဖီမသောက်ချင်ဘူး.."
"...."
" ဘီယာသွားသောက်ရအောင် Chris..."
ဒီလိုနဲ့ဘဲ သူတို့ bar ကိုရောက်ဖြစ်ခဲ့တယ်။ ဟိုရောက်တော့ ဟျွန်းဂျင်က တစ်ခွက်ပြီးတစ်ခွက်သောက်နေခဲ့သည်။ စိတ်ညစ်စရာတွေများ ရှိနေသလားဟု Chris တွေးနေမိသည်။ မေးသင့်မမေးသင့်လဲ သူချင့်ချိန်နေရပါသေးသည်။
" Boss တစ်ခုခုအဆင်မပြေလို့လား.."
" ဒုန်း!!"
သောက်လက်စ ဘီယာခွက်ကို ခုံပေါ်အားနဲ့ပစ်ချလိုက်သည်။ ဘီယာ ပေချင်နေတဲ့နှုတ်ခမ်းသားကိုလျှာနဲ့တစ်ချက်သပ်လိုက်တဲ့ ထိုအမျိုးသားအယ်ဖာဟာ ဆွဲဆောင်မှုတွေအပြည့်နဲ့...
" ကျုပ် ...."
"..."
" Rut cycle လာတော့မယ်!!"
လက်စသတ်တော့ boss ဟာ သူ့ rut လာတော့မာမို့ သူ့အိုမီဂါအတွက်စိုးရိမ်နေပုံပါဘဲ။ထပ်ပီးသူ့အိုမီဂါ နာကျင်ရမာကိုမလိုလားလို့လား ၊ ခလေးထပ်ယူဖို့ အိုမီဂါကိုများ မပြောရဲလို့များလား...
" အိုမီဂါနဲ့အတူမနေချင်လို့လား!! Boss က..."
ထိုသို့မေးလိုက်တော့ ဟျွန်းဂျင်ရဲ့ မျက်ခုံးတန်းတို့ဟာ စိတ်အလိုမကျဟန်နဲ့ကြုံ့လို့သွားသည်။
" မေးတတ်ပါရဲ့ အကို Chris... ကျုပ်ဖြင့်နေချင်လွန်းလို့ တောင်းဆိုတာတောင် ကျုပ်အချစ်ကလက်မခံလို့ဗျ...အရင်လို အကြမ်းပတမ်းလုပ်ချင်တဲ့စိတ်တွေလဲမရှိဘူး... Lix ဘက်ကနေ ' မောင်ရာ ငါစိတ်မပါဘူး' ဆိုတာနဲ့ ကျုပ်ဘက်က ကျားကနေကြောင်ဖြစ်သွားတာဗျ.. အေ့!!"
ဘီယာလေးမူးရင်း ခံစားချက်တွေ ရင်ဖွင့်နေတဲ့ ဟွမ်ဟျွန်းဂျင်ဟာ Chris အတွက်တော့ ညီငယ်လေးတစ်ယောက်လိုပါဘဲ။ သို့ပေမယ့် ထိုကိစ္စနဲ့ပတ်သတ်ပြီးတော့ တော့သူအကြံမပေးတတ် ၊ ဘာလို့ဆို သူတောင်မှ ဟွမ့်ဆီကနေ အကြံတောင်းခဲ့ရတာမဟုတ်လား။
" ဆရာကတော့်ကို သေချာပြောကြည့်ပါအုန်း။ မိတ်ရှိပြီးသားလဲဖြစ်တယ်လေ.... သူလဲ heat မတတ်တာကြာပြီမလား... ဒါကြောင့် boss rut cycle ကိုသူခံနိုင်ရည်ရှိမာပါ။ အစကတည်းက ဆရာကတော်က ပျော့ညံ့တတ်တဲ့ အိုမီဂါလေး မဟုတ်ဘူးလေ။ boss အသိဆုံးဘဲမလား!"
" သိတာပေါ့... စတွေ့တဲ့နေ့ကတည်းကသိခဲ့တာ... ကျုပ်အစွာလေးက သိပ်သတ္တိရှိတာ။ ကျုပ်ကိုဆိုလဲ တစ်အားနိုင်စားတာ။ သူ့ကိုယ်သူများအယ်ဖာကျလို့ ... ကျုပ်ကိုများခေါ်လိုက်တာ ပန်းနုသွေးအယ်ဖာ... အကျင့်မကောင်းတဲ့အယ်ဖာတဲ့ စုံနေကောဘဲ..."
" ဟားဟား ခုတော့လဲ ဆရာကတော်က boss ဘေးမာရပ်တည်နေပြီဘဲမလား။ boss ကိုလဲ မိသားစုလေးပေးခဲ့ပြီလေ.."
Chris ပြောတော့ ဟွမ်က မျက်လုံးတွေမှိတ်သွားတဲ့အထိပြုံးသည်။
" ဟုတ်တယ်နော် အရာအားလုံးကမနေ့တနေ့ကလိုဘဲ... အချိန်တွေသိပ်မြန်တယ် Chris ရာ... အမွှာလေးတွေတောင်ကျောင်းတတ်နေကြပြီ။ ကျုပ်ဖြင့် သူတို့လေးတွေကိုသိပ်ချစ်ရတာ... Lix ကကျနော့်ရဲ့အသည်းညှာလေးဆို အမွှာလေးတို့က ကျနော့် ရတနာလေးတွေ..."
" သားသမီးရတနာဆိုတာ... ကမ္ဘာပေါ်မာရှိတဲ့ရတနာတွေအများကြီးထဲကမှ အဖိုးထိုက်တန်ဆုံးရတနာမို့လား boss ရဲ့..."
" အွန်းး ဟုတ်မယ်... အဲ့ဒါတွေကျုပ်သိပ်မသိဘူး... ဒီတိုင်းကျုပ်တန်ဖိုးထားရတဲ့အရာတွေမို့လို့ ရတနာနဲ့တင်စားလိုက်တာ ၊ ခင်များလဲမကြာတော့ဘူးနော် ..."
" ဟုတ်.. ဆရာဝန်ကနောက်လထဲလို့ ပြောထားတာဘဲ.."
ဘီယာလေးသောက်တာအချိန်ကြာလာတော့ သူတို့အလုပ်ကိုပြန်လာခဲ့ကြသည်။ အလုပ်ကိုပြန်ရောက်တော့ Chris ရဲ့အလုပ်သင်လေးတစ်ဦးကပြေးလာကာ ရုံးဖုန်းကနေ ဟွမ့်ဆီ Felix ဖုန်းဆက်ကြောင်းပြောသည်။ ဖုန်းထဲပါအကြောင်းအရာက Chris ဆီလုံးဝဖုန်းခေါ်လို့မရကြောင်းနဲ့ သူတို့ပြန်ရောက်လာလျှင်ပြန်ဆက်ပါဆိုတာဘဲပင်။
အပြင်သွားချိန် မေ့ပြီးကျန်ခဲ့သော ဖုန်းရှိရာကိုအပြေးသွားပြီး Chris ဘက်က Felix ကိုဖုန်းပြန်ခေါ်လိုက်သည်။ ဟိုဘက်ကနေ Felix ရဲ့စကားပြောသံကိုကြားလိုက်ရပြီးနောက်ဘီယာအရှိန်ကြောင့် ရီဝေဝေဖြစ်ချင်နေတဲ့ခေါင်းကို ရိုက်လိုက်ပြီး အသေအချာနားထောင်လိုက်သည်။
" ဗျာ .. ဆရာကတော်...skyက .."
"..."
"ဟုတ် ကျနော်အခုလာခဲ့ပါ့မယ်.."
Chris ဖုန်းကို ပြောနေရာကနေချပြီးတာနဲ့တစ်ပြိုက်နက် ဟွမ်က...
" ဘာလို့လဲ ကင်ဆွန်းမင်း ရေအိမ်ပေါက်လို့လား!!"
" ဟာ boss ကလဲ ရေမြွှာပါ!!"
" အမယ် သူ့အလှည့်ကျ ရေမြွှာတဲ့ တန်းသိနေကောဘဲ...ကျုပ်အိုမီဂါတုန်းကကျရေအိမ်တဲ့ .. ကျုပ်လက်စားချေဖို့ ဒီလိုနေ့မျိုးစောင့်နေတာဗျ... ဒါနဲ့ဘယ်လိုဖြစ်တာလဲ date ကနောက်လမှမဟုတ်ဘူးလား.."
" ဟုတ်တယ် ... ကျနော်လဲ အံ့ဩနေတာ ခု ဆရာကတော်က boss ပါခေါ်ပြီး ဆေးရုံလိုက်လာခဲ့ပါတဲ့..."
ဆေးရုံရောက်တော့ ဆွန်းမင်က ခွဲခန်းထဲဝင်နေခဲ့ပြီ။ အပြင်မာကျန်ခဲ့တဲ့ Felix ကတစ်ယောက်ထဲ စောင့်နေတာမြင်တော့ ဟွမ်ချက်ချင်းဘဲ အပြေးသွားကာ ဖက်ထားလိုက်သည်။ Chris ကတော့ ခွဲခန်းရဲ့ မှန်အပေါက်ဝလေးကနေ အထဲကိုမြင်ရလိုမြင်ရငြားချောင်းကြည့်နေပေမယ့် ဘာမှမြင်ရမည်မဟုတ်ပေ။
" Chris စိတ်ငြိမ်ငြိမ်ထားပါ... ဆရာဝန်ပြောတာတော့ အကုန်အဆင်ပြေတယ်တဲ့... ဒီတိုင်း စောမွေးရုံလေးပါတဲ့..."
Felix က စိတ်ပူလွန်နေတဲ့ Chris ကို စိတ်ပြေရာပြေကြောင်းလေး ဆရာဝန်ပြောခဲ့တဲ့အတိုင်းပြောပြဖြစ်ခဲ့ပါသည်။
" ကြာပြီလားဟင် sky ဝင်သွားတာ...ကျနော့်ကိုတော့ sky မုန်းသွားတော့မာဘဲ... သူလိုအပ်နေချိန် ကျနော်မရှိပေးနိုင်ခဲ့ဘူး..."
" ဟင့်အင်းး ဆွန်းကအဲ့လိုမတွေးခဲ့ပါဘူး ။ပီးတော့ သူမှာသွားသေးတယ် ... ခလေးလေးက ယောကျာ်းလေးတဲ့ ... သူ့ ဘက်ကအယ်ထရာဆောင်းရိုက်ချင်တာတောင် Chris ကမရိုက်ချင်ခဲ့ဘူးပြောတယ်ဆို ဟုတ်လား.."
" ဟုတ် ဟုတ်ပါတယ်.. ကျနော်ကကြိုမသိချင်ဘူး ဘာလေးဘဲမွေးလာ မွေးလာ ချစ်မယ်လို့ပြောဖူးခဲ့လို့... "
" ခု ယောကျာ်းလေးတဲ့ မခွဲခင်ဆရာဝန်က ခလေးအခြေအနေကြည့်ရင်း ဆွန်းကိုပြောပြသွားခဲ့တာ... "
" ဆွန်းနဲ့တူပါစေ... ဆွန်းလို အိုမီဂါအလှလေး ဖြစ်ပါစေ... ကျနော့်လို အယ်ဖာမဖစ်လာပါစေနဲ့!!"
" ဟာ ကျစ် ခင်များကလဲဗျာ... ပျော်ပျော်နေစမ်းပါဗျ... အထဲမာခင်များ အိုမီဂါလေးက အကောင်းဆုံးကြိုးစားနေတယ်လေ... အဲ့လိုစကားတွေမပြောစမ်းပါနဲ့ Chris ရာ.."
ဟွမ်က Chris ရဲ့ပုခုံးကိုဖက်ပြီး အားပေးစကားပြောလေသည်။ Chris ကလဲ သူ့ boss ကိုကြည့်ပြီး ခေါင်းငြိမ့်ပြသည်။ အချိန်ကား ၁နာရီလောက်ကြာတော့ အထဲက နပ်စ်မလေးက ခလေးလေးပိုက်ကာ ထွက်လာခဲ့သည်။
" Chris Chris ဟိုမာ!!!"
ဟွမ်လက်ညှိုးထိုးပြတာနဲ့ Chris ခုံကနေထကာ ဆရာမလေးဆီပြေးသည်။ ဆရာမလေး မျက်နှာကိုကြည့်ပြီး...သူမလက်ထဲကခလေးကိုလက်ညှိုးထိုးလိုက် သူ့ကိုယ်သူထိုးလိုက်နဲ့ သူ့ခလေးလားဟု အမူအယာနဲ့မေးနေလေသည်။
" အိုမီဂါ ဆွန်းမင်ရဲ့ သားလေးပါ ၊ ရှင်ကသူ့အယ်ဖာလား.."
" ဟုတ် ဟုတ်.."
" ရော့ .."
Chris လက်ထဲ သိုးမွှေးအဖြူရောင်အနှီးလေးနဲ့ထုတ်ထားတဲ့ ဘူးသီးလုံးလေးဟာ အနူးညံ့ဆုံးဝင်ရောက်လို့လာသည်။ sky ရဲ့ဗိုက်နားလေးကိုအမြဲနားကြပ်နဲ့နားထောင်နေရတဲ့ နှလုံးခုန်နှုန်းလေးဟာ သူ့လက်ဖဝါးကျယ်ကျယ်ကြီးထဲ ရောက်ရှိလို့လာခဲ့သည်။ ပျော်ရွှင်မှုကော ၊ဝမ်းနည်းမှုကော ၊ဝမ်းသာမှုတွေကော ပေါင်းစပ်ကာ ခေါင်းစဉ်ရေရေရာရာမတတ်နိုင်တဲ့ ခံစားချက်တွေအလုံးအရင်း ဝင်ရောက်လာခဲ့သည်။ မသိလိုက်တဲ့အချိန်မာဘဲ အောက်က ဘူးသီးလုံးလေးရဲ့ပါးပေါ် စမ်းရေတစ်စက်ဟာ စီးဆင်းသွားခဲ့သည်။ ဖခင်ဖြစ်သူရဲ့ မျက်ရည်တစ်စက်ကျလာတော့ အနူးညံ့ဆုံးနှုတ်ခမ်းပါးလေးက လှုပ်လီလှုပ်လဲ့လေးဖြစ်လာကာ မွေးမွေးချင်းမို့ နို့ရည်ကို လိုချင်နေတယ်ထင်ပါသည်။ ထိုသို့တွေးမိမှဘဲ sky ဟာအထဲကနေထွက်မလာခဲ့သေးဘူးမှန်းသတိရမိသည်။ Felix လက်ထဲ ဘူးသီးလုံးလေး ခနအပ်ထားပြီးခွဲခန်းတံခါးရှေ့သွားပြန်ရပ်နေလိုက်သည်။ ဘာမှမမြင်ရသော်ငြားလဲ စိတ်ကမရ...
နောက်နာရီဝက်လောက်ကြာတော့ဆွန်းပါလာတဲ့ ကုတင်နဲ့အတူ ဆရာဝန်နှင့်နပ်စ်မတွေက အခန်းထဲကနေထွက်လာခဲ့တော့သည်။ Chris ချက်ချင်းဘဲပြေးပြီး ဆွန်းလက်လေးကိုသွား ဆုပ်ကိုင်လိုက်သည်။
" တာ... တာဝန်ကျေပါတယ် ကိုကို့ sky လေး..."
ပြောရင်းနဲ့ မျက်ရည်တွေကျလာသော Chris အားကြည့်ရင်း ဆွန်းမင်က...
" နာတာက ကျနော်ပါ ... ကိုကိုကဘာလို့ငိုရတာလဲ... "
" Sky နာကျင်နေရလို့လေ... Sky နာကျင်နေရလို့ပေါ့.. တစ်ခုခုဖြစ်သွားခဲ့ရင်ဆိုတဲ့စိတ်နဲ့ ကိုကိုက..."
" ကိုကိုက ခလေးကြလို့ကွာ...တိတ်တော့!"
"လူနာကို ဝမ်းနည်းစရာတွေမပြောပါနဲ့နော် အတတ်နိုင်ဆုံးစိတ်ကြည်နူးစရာ ၊ ပျော်စရာလေးတွေပြောပေးပါ။ အရမ်းရီရမယ့်ဟာတော့မပြောနဲ့ ၊ တော်ကြာရီလိုက်လို့ ချုပ်ရိုးပြုတ်သွားမယ်!"
ဆရာဝန်လေးက အသေအချာ မှာခဲ့ပြီး Chris နဲ့ ဟွမ်ကို နပ်စ်မ လေးနဲ့အတူကုတင်ကိုတွန်းသွားစေသည်။ Felix လေးက ဘူးသီးလုံးလေးချီကာ လိုက်လာခဲ့သည်။ ငှားထားတဲ့ vip အခန်းလေးထဲရောက်တော့ ဘူးသီးလုံးလေးကို ဆွန်းမင်ကသူ့ရဲ့နို့ဦးရည်ကိုတိုက် ကျွေးလေသည်။
ဘူးသီးလုံးလေးမွေးပြီး ၄ရက်လောက်နေတော့ ဆွန်းမင်ဆေးရုံကနေဆင်းခဲ့ရသည်။ အိမ်မာက ဆွန်းမင်အတွက်အကူမရှိတာမို့ Felix တို့အိမ်ကိုသာခေါ်လာဖစ်ခဲ့သည်။ အမွှာလေးတို့ကလဲ ဘူးသီးလေးကိုအရမ်းချစ်ကြသည်။ Sam လေးဆိုအရင်ကအိမ်မာသူအငယ်ဆုံး ဖြစ်ခဲ့ပေမယ့် ခုတော့ဘူးသီးလေးကို ညီလေးအဖြစ်သတ်မှတ်ထားပြီး ကျောင်းကနေအိမ်ပြန်ရောက်တာနဲ့ အပြေးလာကြည့်သည်။
Felix က အမွှာလေးတို့အား ကျောင်းကပြန်လာလို့ဘူးသီးလေးကိုထိရင် ရောဂါပိုးမွှားမပါအောင်လက်ဆေးပီးမှထိဟု တစ်ခါမှာထားလိုက်လျှင် အမွှာလေးတို့ကမှတ်ထားပြီး အမြဲ လက်ဆေးပြီးမှ ထိသည်၊ နမ်းသည်။
" လေးလေး 。。 ဘူးသီးလေးကို ဘယ်လိုနာမည်ပေးမာလဲ ဟင်.."
Rose လေးကမေးပြီး Sam လေးကတော့မျက်လုံးအပြူးသားလေးနဲ့ ကြည့်နေလေသည်။
" J One.."
Chris က ဘူးသီးလေးရဲ့ပါးကိုတို့ထိရင်း ထိုနာမည်လေးကိုနှုတ်ကနေ ရေရွတ်လိုက်တော့ အောက်ကဘူးသီးလုံးလေးက သူ့လက်ညှိုးလေးကိုဆုပ်ကိုင်ကာ ရီပြသည်။
" J one.. ဘာအဓိပ္ပါယ်လဲ လေးလေး Chris!!"
Sam လေးကမေးတော့ Chris ကပြုံးရင်းပြန်ဖြေလေသည်။
" J ဆိုတာ jewel 。。 One ဆိုတာ ပထမဆုံးလဲဟုတ်သလို ၊ တစ်ခုထဲ တစ်ယောက်ထဲလို့ အဓိပ္ပါယ်ရတယ်မလား..။ "
Sam နဲ့ Rose လေးကခေါင်းငြိမ့်ကာစိတ်ဝင်တစားနားထောင်နေလေသည်။
" အဲ့တော့ဘူးသီးလေးက လေးလေးရဲ့တစ်ဦးတည်းသော ၊ပထမဆုံးသော ရတနာလေးလို့အဓိပ္ပါယ်ရတာပေါ့ကွာ..."
" (အော်)²"
" J one လေး... ကိုကို့နာမည်က Samuel နော် ၊ ဒီက မမစပ်စလူးနာမည်က Rosella တဲ့!!"
" ဟာ ငါ့ကိုများစပ်စလူးတဲ့ နင်သာ အရူး ... အားနေ' ယုံးကော ၊ ယုံးကော ' နဲ့ ယုံးကော အရူး!!"
Rose လေးပြောတဲ့ ' ယုံးကော ' ဆိုတာ Sam လေးရဲ့မူကြိုကသူငယ်ချင်းလေး ယုံးယုံးကိုပြောတာဖြစ်သည်။ ယုံးယုံးက တရုတ်စပ်သည်။ ပြီးတော့ Sam ထက်လဲလပိုင်းလောက်ကြီးသည်။ ဒါကြောင့် ယုံးယုံးက သူ့ကို ကောကောဟုခေါ်ခိုင်းသည်။ ဒါကို Sam လေးကနာမည်ပါတပ်ပြီး 'ယုံးကော' ဟုခေါ်ခြင်းသာ။
" ဘာဖြစ်လဲ !! "
" သူကအယ်ဖာဟဲ့... အားနေနင်သူ့နားကပ်မနေနဲ့ .. နင်ကအိုမီဂါဆိုတာသတိရအုန်း!!"
" အိုမီဂါမို့ ယုံးကောရဲ့အနားကိုကပ်တာပေါ့!"
" နင်ပြောတော့ပါပါးလိုအိုမီဂါလေးဘဲယူမာဆို.."
" မမ.. နင်နော်!!"
" အဲ့!!!"
အမွှာလေးတို့၂ယောက်ရဲ့အသံဆာဆာရန်ဖြစ်မှုကြောင့် ခလေးအိပ်ယာလေးထဲက ဘူးသီးလုံးလေးဆီမှ "အဲ့"ခနဲအသံလေးဟာ ထွက်လို့လာခဲ့သည်။ သူ့အိုမီဂါဖခင်ဖြစ်သူ ဆွန်းမင်ဟာလဲ ညဘက်နို့တိုက်ရတာတွေကြောင့် နေ့ဘက်ကိုအိပ်ပျော်နေခဲ့သည်။
" ကဲ ရန်မဖြစ်နဲ့တော့ လေးလေး ဘူးသီးလေးကိုပြန်သိပ်လိုက်အုန်းမယ်!!"
ဘူးသီးလေးကိုလက်ဖဝါးလေးဖြင့် ဖြေးဖြေးလေး မချီကာ.. ရင်ဘက်ပေါ် အသာလေးကပ်တင်လိုက်သည်။ထို့နောက်...အခန်းရဲ့ဟိုဘက် ဒီဘက်လျှောက်ရင်းဘူးသီးလေးမမွေးခင်ကတည်းကျက်ထားတဲ့သီချင်းကိုညည်းနေလိုက်သည်။
🎶 And if you ask me too ..daddy's goona buy you a mockingbird ... I'ma give you the world..I'ma buy a diamond ring for you, I'ma sing for you..I' ll do anything for you...to see your smile...🎶
သူ့ဘဝထဲကို ရောက်လာတဲ့ရတနာလေး ... နာမည်ကJ one တဲ့ သူ့ရဲ့တစ်ဦးတည်းသော ရတနာ ... ။ J one လေး မွေးပြီး ၁လပြည့်တော့ ဆွန်းမင်ရဲ့ထောင်ကျနေတဲ့ဖခင်ဖြစ်သူဟာ အိမ်ကိုရာက်လာခဲ့တယ်။ နောင်တတွေရနေတဲ့ဖခင်ဖြစ်သူကို ဖက်ငိုနေတဲ့ဆွန်းမင်ဟာ သေချာကြည့်ရင် ခုမှမွေးထားတဲ့ဘူးသီးလေးလိုဘဲ တစ်ကယ်အပြစ်ကင်းစင်လွန်းလှပါသည်။ ခုမှပြီးပြည့်စုံပြီး အေးချမ်းသာယာနေတဲ့ မိသားစုလေးကို Chris ပိုင်ဆိုင်ရပါတော့သည်။ ထို့နေ့က သူတို့အိမ်မာ အကြင်နာရိပ်တွေလွှမ်းခြုံလျက်.....
လိုအပ်ချက်ပေါင်းများစွာဖြင့်>>>🩷
End
ππππππππ
Spoiler...for S 2...
" ခင်များနဲ့မတွေ့ခင်အထိ ကျနော့်ဘဝဟာအရာ အားလုံးသာယာပျော်ရွှင်နေခဲ့တယ်။ အရာရာဟာ အစီအစဉ်တကျပါဘဲ ။ဒါမယ့် ခင်များရောက်လာတဲ့နေ့ကစ ကျနော့်ဘဝတစ်ခုလုံးဟာ ပြောင်းပြန်တွေဖြစ်ကုန်တယ်..."
" မင်းနာမည်က one နော်.. ဒါဆို first လို့ဘဲ အဓိပ္ပါယ်ရတယ်မလား။ အရာရာမှာမင်းကနံပါတ်တစ်ဖြစ်နိုင်ပေမယ့် ငါ့အတွက်ကျ ဟိုးအောက်ဆုံးမာဘဲ J one !!"
¥¥¥¥
" ယုံးကော ကို ကျနော်ရအောင်ယူမာ!!"
" မဖြစ်နိုင်တာတွေ တွေးပြီး၊ ငါ့ဘဝကိုမနှောင့်ယှက် ပါနဲ့တော့!!"
ပေးသာပေးခဲ့တာပါ ....s 2 ကဘယ်တော့လဲ ခြူးမသိသေးပါဘူး။ ယုံကြည်ပြီး စောင့်နေပေးမယ်မလားဟင် 🫶🩷
Bye>>>🩷
Chue🌺€€€€€€€
There are no comments yet. Log in to be the first to leave a review!
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




