Part- 26
17:22, 24 September 2023"မောင့်ကို လက်ထပ်ပါ "
"ဟင်! "
ဂျီမင်းတို့ ဒီနေ့ည စားသောက်ဆိုင်မှာ ညစာစားနေကြတုန်း မောင်ကရုတ်တရက်ကြီး ကျွန်တော့ရှေ့မှာ ဒူးထောက်ကာ လက်စွပ်ဘူးလေးနဲ့ လက်ထပ်ခွင့်တောင်းလာသည်။ ဘယ်လိုမှ မထင်ထားတာကြောင့် အံသြသွားရသည်။ ဘေးဝိုင်းကလူတွေတောင်ပြုံးစိစိနဲ့ကြည့်နေကြပြီ။ ဓာတ်ပုံရိုက်သူကရိုက် video ရိုက်သူကရိုက်နဲ့ အကုန်ဝိုင်းကြည့်နေကြသည်။ ဆော်သြသံတွေကပါသေး...
"လက်ခံလိုက်ပါ လက်ခံလိုက်ပါ! "
"အင်း! မောင့်ကိုလက်ထပ်မယ် "
မောင်က ဂျီမင်းလက်သန်းကြွယ်မှာ လက်စွပ်ကလေးဝတ်ပေးလာပြီး မတ်တပ်ရပ်လာတော့ ဂျီမင်းဆွဲဖက်ပြစ်လိုက်သည်။ မောင့်ကိုအရမ်းချစ်တယ် ။
ဟေးးးးးးးးး
ထယ်ယောင်းတို့ပါရောက်လာပြီး ဝိုင်းပျော်ပေးကြသည်။ ဘယ်အချိန်ကတည်းကရောက်နေတာလဲ။ မောင်နဲ့ကြိုတင်စီစဥ်ထားတာပဲနေမှာ။ မောင်ကချစ်ဖို့ကောင်းလိုက်တာ....
"ပျော်လား... "
"အင်း အရမ်းပျော်တယ် မောင့်ကိုအရမ်းချစ်တယ် "
"မောင်ကပိုချစ်တယ်... "
ထို့နောက် ထယ်ယောင်းတို့ပါ တစ်ဝိုင်းထဲထိုင်ပြီး အတူစားသောက်ပြီးမှ အိမ်သို့ပြန်ခဲ့ကြသည်။ ထယ်ယောင်းတို့ပါ အိမ်ကိုလိုက်ခဲ့တာကြောင့် ဝိုင်းဖြစ်သွားရသည်။
ဖေဖေရောတစ်ဝိုင်းတည်းဝင်ထိုင်တာကြောင့် အနည်းငယ်ရှိန်ကာ သိပ်မသောက်ရဲကြ။ အနားယူတော့မယ်ဟု ပြောကာ ထွက်သွားမှသာ အသားကုန်သောက်ကြတော့သည်။
"ဂျီမင်း မင်းကမသောက်ဘူးလား "
"အင်း.. ရင်ပြည့်နေလို့ "
"နေမကောင်းဘူးလား ဂျီမင်း "
"ကောင်းပါတယ် မောင်ရဲ့ ငါမသောက်ချင်လို့ မောင်ပဲသောက် "
"ချီးယားးးးးးးးး "
မောင်တို့ထပ်သောက်နေကြတာ အချိန်အတော်ကြာသည်အထိ။ ထယ်ယောင်းတို့ပြန်သွားပြီးတာတောင် မောင်ကထပ်သောက်နေတုန်း....
"မောင် တော်တော့ "
"အင်းး မောင် မမူးသေးဘူး "
မျက်လုံးတွေက အနည်းငယ်ရီဝေနေကာ မူးနေမှန်းသိသာလှသည်။
"ဒီနေ့ည ဒီမှာပဲအိပ်သွားတော့ "
"အင်းးးးး "
"လာထ သွားမယ် ငါတွဲမယ် "
ဖေဖေက အိပ်သွားပြီးလို့သာ တော်တော့သည်။ မောင့်ကို အခန်းထဲတွဲခေါ်သွားပြီး ဂျီမင်းမွေ့ယာပေါ် လှဲချလိုက်သည်။ မမူးလို့သာတော်တော့သည်။ မဟုတ်ရင်တော့မလွယ်။ သူခန္တာကိုယ်ကြီးထိန်းရတာ ချွေးတွေတောင်ပြန်တယ်။
မောင့်ကို မွေ့ယာပေါ်တင်ပေးပြီးနောက် သူ့ဖိနပ်ကိုချွတ်ကာ ခြေအိတ်ပါတစ်ခါထဲ ချွတ်လိုက်သည်။ ထို့နောက် မောင့်ရှပ်အက်ျီကိုလဲချွတ်ပြီး ရေပတ်တိုက်ပေးဖို့ ရေသွားယူလိုက်သည်။ ရေကိုဇလုံထဲကို အဝတ်နဲ့အတူထည့်ယူလာပြီ မောင့်ခန္တာကိုယ်အပေါ်ပိုင်းကို ရေပတ်တိုက်ပေးလိုက်သည်။
အင်းးးးးးးး
မျင်နှာတွေကို သေချာလေးတိုက်ပေးတော့ အိပ်ပျော်နေသူ အမူးသမားလေးက တစ်ချက်ငြီးငြူလာသေးသည်။ အသဲယားလွန်းလို့ မောင့်ပါးက အမာရွက်လေးကို ငုံ့နမ်းလိုက်သည်။ ရင်အုပ်ကျယ်ကျယ်တွေ အဖုအထစ်တွေနဲ့ ဗိုက်သားတွေကို သေချာလေးရေပတ်တိုက်ပေးပြီး ဂျီမင်းယူဝတ်လာတဲ့ သူ့အက်ျီကို ပြန်ဝတ်ပေးလိုက်သည်။ သူ့ခန္တာကိုယ်ကြီးကို မလိုက် ချလိုက်နဲ့လုပ်နေရတာ တကယ်မလွယ်။ ဘောင်းဘီကတော့ သူနဲ့တော်မယ့် ဘောင်းဘီမရှိတာကြောင့် ဂျီမင်းဘောင်းဘီ အပွကြီးကြီးကိုဝတ်ပေးလိုက်သည်။ အပေါ်ကအနက် အောက်ကအဝါ ဟွင်း တော်တော်မလိုက်ဖက်တာ....
ဂျီမင်းကိုယ်တိုင်လဲ ပင်ပန်းနေပြီ ဖြစ်တာကြောင့် သူ့ဘေးနားဝင်လှဲလိုက်သည်။ ဂျီမင်းမွေ့ယာက သူ့ villa ကမွေ့ယာလောက်မကျယ်တာကြောင့် နှစ်ယောက်သား ပူးကပ်နေတော့သည်။ ရုတ်တရက် ဂျီမင်းပေါ်ကို ခြေထောက်တွေရော လက်တွေရော ပြစ်တင်လာပြီး အတင်းဖက်တော့သည်။ နားသယ်စပ်နားတွေကို တရွှတ်ရွှတ်နဲ့ နမ်းရှိုက်လာသည်။
အိမ်ဟန်ဆောင်နေတာပဲ မောင်က...
"မောင့် အိပ်မပျော်သေးဘူးလား "
"အင်း "
"အ့ မောင်..... အိပ်ချင်ပြီ။ မလုပ်နဲ့ "
ဂျီမင်းညဝတ်အိပ်ဘောင်းဘီလေးထဲကို လက်လျှိုဝင်ကာ ဆုပ်နှယ်နေတာကြောင့် ပြောလိုက်သည်။
"မောင့် နာတယ် မညှစ်နဲ့ အွင့် "
အပေါ်ကနေအုပ်မိုးကာ အတင်းနမ်းရှိုက်လာတော့သည်။ လက်တွေကလဲ အညှစ်မပျက်...
"အ့ အင့် မောင့်"
"ဘာလဲ..... "
"နောက်နေ့မှနော် ဖေဖေလဲရှိတယ် နိုးသွားရင်မကောင်း မောင်းကအရမ်းလုပ်တာ "
"ဟား ဟား မောင်ကနမ်းရုံတင်ပါကွာ..."
ပြွတ်! ပြွတ်!
မောက်ကနှစ်ချက်မျှစုပ်ယူကာ လွှတ်ပေးပြီး သူ့ရင်ခွင်ထဲဆွဲထည့်ကာ အိပ်စေသည်။ဂျီမင်းလဲ မောင့်ကိုတင်းကြပ်နေအောင် ဖက်ထားလိုက်သည်။ ဒီနေ့ညတော့ အိမ်မက်တွေလှနေတော့မှာ သေချာပါသည်။
မနက်ခင်းနေရောင်ခြည်နွေးနွေးက မျက်နှာပေါ်ကျရောက်လာတာကြောင့် ဂျီမင်းမျက်နှာတွေရှုံ့တွပြစ်လိုက်သည်။ ဘေးနားကမောင့်ခန္တာကိုယ်ကြီးကိုစမ်းကြည့်လိုက်တော့ မောင်ကမရှိတော့။
ဝှားးးးးးးးးးးးးးးးးး
ဂျီမင်း အသံရှည်ဆွဲကာ တစ်ချက်မျှငြီးငြူလိုက်ပြီး မျက်နှာသစ် သွားတိုက်ကာ အခန်းပြင်ထွက်လာခဲ့တော့ ဖေဖေနဲ့ဂျောင်ကု ပြောနေတဲ့စကားတွေကို အကွယ်ကနေနားထောင်နေမိသည်။
"ကျွန်တော် ဂျီမင်းကို မြတ်မြတ်နိုးနိုးနဲ့ချစ်တာမို့ လက်ထပ်ခွင့်ပြုပါ "
" လူနှစ်ယောက် ချစ်မြတ်နိုးလို့ လက်ထပ်တယ်ဆိုတာ ဘဝတစ်သက်စာလုံးအတူတူရှိနေရတော့မှာ မင်းက သားကို အဆုံးထိလက်တွဲနိုင်ပါ့မလား "
"ကျွန်တော် ဂျီမင်းကို စချစ်ကတည်းက ဘဝတစ်ခုလုံးစာရည်ရွယ်ပြီးချစ်ခဲ့တာပါ "
"ဦးလေးဘက်ကတော့ သားလေးလက်ခံရင်သဘောတူပါတယ် သားလေးပျော်နေဖို့သာအဓိကမလို့ "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ဖေဖေ"
"မနက်စာဝိုင်းသွားပြင်လိုက်ဦးမယ် "
"ကျွန်တော်ပဲ ပြင်လိုက်ပါ့မယ် "
"အေး အေး သားကိုရောသွားနှိုးလိုက်ပါဦး "
"ဟုတ်ကဲ့ "
မောင်လာနှိုးမှာကိုသိတာကြောင့် အခန်းထဲပြန်ဝင်ကာ အိပ်ဟန်ဆောင်နေလိုက်သည်။
"ဂျီမင်းထတော့ မနက်စာစားမယ် "
" ..... "
"ကြားလား အချစ် ထတော့လို့ မျက်နှာသစ်"
"အင်းးး ဟီး "
"ဘာရယ်တာလဲ "
"တကယ်တော့ မျက်နှာလဲသစ်ပြီးပြီ။ သွားလဲတိုက်ပြီးပြီ။ "
"မောင့်ကို စတယ်ပေါ့လေ မင်းတွေ့မယ်!'
"အား.. မောင့် မဖျစ်နဲ့ သွားမယ် "
အတင်းရုန်းကာ ဂျီမင်းထွက်ပြေးလာခဲ့သည်။ မောင်ကလေ တစ်ခုခုဆို အဲ့နေရာပဲ လိုက်ပြစ်မှားနေတာ။
___________________________
အဖြူရောင်ပစ္စည်းနှင့် အခမ်းနားဆုံးသောပစ္စည်း များကိုသာ ရွေးသုံးထားသော အဖြူရောင်အခမ်းအနားတစ်ခု။ ဒီနေ့က ဂျီမင်းတို့လက်ထပ်ပွဲနေ့။
"ဂျီမင်း မင်းဝင်ရတော့မှာနော် မပြီးသေးဘူးလား "
"ပြီးပါပြီ ငါ့နေ့မှာတော့လှချင်တာပေါ့ "
"ဟုတ်ပါပြီ ငါခန်းမထဲမှာပဲ စောင့်မယ် "
"အင်း "
ဂျီမင်း အစောကြီးကတည်းက ပြင်နေပေမယ့် အခုထိမပြီးစီးနိုင်သေး။ ကိုယ်မဂ်လာပွဲနေ့ကိုတော့ ဘယ်သူမဆို အလှဆုံးဖြစ်ချင်ကြတာပဲမလား...
ဂျီမင်းက အဖြူရောင် suit လေးနဲ့သိပ်ကိုချစ်စရာကောင်းတဲ့ နတ်သားလေးဖြစ်နေပေမယ့် မောင်ကတော့ ဘယ်လိုမှပြောမရပဲ အနက်ရောင်ကိုသာ တန်းတန်းဆွဲသည်။ တစ်ယောက်ကအဖြူ တစ်ယောက်ကအနက်နဲ့ သိပ်လိုက်ဖက်နေတော့မှာပဲ....
" သား အချိန်ကျပြီ "
"ဟုတ်ဖေဖေလာပြီ "
ဖေဖေ့လက်ကိုဆွဲကာ ခန်းမထဲဝင်လာတော့ မောင်က ဖာသာကြီးဘေးမတ်တပ်ရပ်ကာစောင့်နေ၏။
ခန်းမထဲကို ဖေဖေ့လက်ကိုတွဲကာ ဝင်လာသည့် ဂျီမင်းကိုကြည့်ရင် မျက်ရည်တွေဝဲလာမိသည်။ မောင် မင်းကိုအပိုင်ရလိုက်ပြီ ဂျွန်ဂျီမင်း ....
ဖေဖေလက်ထဲကနေ ဂျီမင်းလက်ကိုပြောင်းပေးပြီးတော့ ဖေဖေက
"သားကိုအပ်ပါတယ် ဂျောင်ကု "
"ဟုတ်ကဲ့ပါဖေဖေ "
ဖာသာကြီးပြောနေတဲ့ အချိန်တလျှောက်လုံး ဂျီမင်းတို့ တစ်ယောက်တစ်ယောက်ကြည့်ကာပြုံးနေမိသည်။ ဖာသာပြောသော စကားများ မေးသောမေးခွန်များကို ကြည်ကြည်ဖြူဖြူ လက်ခံဖြေဆိုပြီးနောက်.....
"အခုချိန်ကစပြီး သတို့သားနှစ်ယောက် အကြင်လင်မယားအဖြစ် အဲ အကြင်လင်လင်အဖြစ် သက်ဆုံးတိုင်ပေါင်းဖက်နိုင်ကြပါစေ "
ဖြောင်း! ဖြောင်း! ဖြောင်း!
"နမ်းပါ! နမ်းပါ! နမ်းပါ! "
အောက်ကနေ ဆော်သြသံတွေကြောင့် မောင့်လက်တွေက ဂျီမင်းခါးသေးသေးလေးကို ဆုပ်ကိုင်ကာ ကြင်ကြင်နာနာအနမ်းလေးတပွင့် ဖန်တီးလာသည်။
ဟေးးးး ဝေးးးးးးး
ဖြောင်း! ဖြောင်း!
သူ့အနမ်းတွေကြောင့် တချို့လူတွေက လူအေးလို့ထင်နေတော့မှာ ဟင်း!
အခမ်းအနားအားလုံးပြီးသွားတော့ မောင့်ဒယ်ဒီကလဲ ပွဲတက်လာတာကြောင့် ဂျီမင်းမှာ မျက်နှာပူပူနဲ့ သွားနှုတ်ဆက်ရသေးသည်။ ဒါပေမယ့် မောင့်က လက်ကိုခပ်တင်းတင်း ဆွဲကိုင်ထားတာကြောင့် ဂျီမင်းကြောက်စိတ်တော့ လုံးဝမရှိပါ။
မောင့်ဒယ်ဒီကတော့ ဂျီမင်းတို့ကို နှုတ်ဆက်ပြီး ချက်ချင်းဂျပန်ကိုပြန်သွားသည်။
ဖေဖေကလဲ အိမ်ကိုပြန်သွားပြီဖြစ်တာကြောင့် ဂျီမင်းစိတ်မကောင်း။ဘာလို့ဆို လက်ထပ်ပြီးရင် မောင့်အိမ်လိုက်နေရမယ်ဆိုတော့ ဖေဖေကလိုက်မနေချင် မောင့်ကိုခေါ်တော့လည်း မလွတ်လပ်ဘူးဆိုပြီး လိုက်မနေချင်။ ဖေဖေကိုတစ်ယောက်ထဲ ဘယ်လိုစိတ်ချရမှာလဲလေ။ ဖေဖေဘက်ကြည့်ရင်လဲ သားမက်အိမ်ကို ဘယ်လိုက်နေချင်ပါ့မလဲ။ မောင့်ဘက်ပိုကြည့်ရင်လဲ ဂျီမင်းအိမ်သေးသေးလေးမှာ ဘယ်နေပါ့မလဲလေ။ ဖေဖေ့အတွက်တော့ မောင်ကအစောင့်တစ်ယောက် ငှားပေးထားပေမယ့် ဂျီမင်းတကယ်စိတ်မကောင်းပါ။ ဟူးးးးးးးးးးးးးးးးးး
ဂျီမင်းမှာ အခမ်းအနားပြီးတာတောင် မနားရသေး ည dinner ရှိသေးတာကြောင့် ပြင်ဆင်ရပြန်သည်။ မဂ်လာပွဲကလေ ပျော်ဖို့သာကောင်းတာ တကယ်ပင်ပန်းတယ်။
_________________________မဂ်လာဦးညကိုတော့ မနက်ဖြန်ည ရှယ်ရေးပြီးတင်ပေးပါမယ်🌚🌚😀
ကျေးဇူးပါ 💗 အားလုံးကိုချစ်တယ်😘😘
Zg
"ေမာင့္ကို လက္ထပ္ပါ "
"ဟင္! "
ဂ်ီမင္းတို႔ ဒီေန႕ည စားေသာက္ဆိုင္မွာ ညစာစားေနၾကတုန္း ေမာင္က႐ုတ္တရက္ႀကီး ကြၽန္ေတာ့ေရွ႕မွာ ဒူးေထာက္ကာ လက္စြပ္ဘူးေလးနဲ႕ လက္ထပ္ခြင့္ေတာင္းလာသည္။ ဘယ္လိုမွ မထင္ထားတာေၾကာင့္ အံၾသသြားရသည္။ ေဘးဝိုင္းကလူေတြေတာင္ၿပဳံးစိစိနဲ႕ၾကည့္ေနၾကၿပီ။ ဓာတ္ပုံရိုက္သူကရိုက္ video ရိုက္သူကရိုက္နဲ႕ အကုန္ဝိုင္းၾကည့္ေနၾကသည္။ ေဆာ္ၾသသံေတြကပါေသး...
"လက္ခံလိုက္ပါ လက္ခံလိုက္ပါ! "
"အင္း! ေမာင့္ကိုလက္ထပ္မယ္ "
ေမာင္က ဂ်ီမင္းလက္သန္းႂကြယ္မွာ လက္စြပ္ကေလးဝတ္ေပးလာၿပီး မတ္တပ္ရပ္လာေတာ့ ဂ်ီမင္းဆြဲဖက္ျပစ္လိုက္သည္။ ေမာင့္ကိုအရမ္းခ်စ္တယ္ ။
ေဟးးးးးးးးး
ထယ္ေယာင္းတို႔ပါေရာက္လာၿပီး ဝိုင္းေပ်ာ္ေပးၾကသည္။ ဘယ္အခ်ိန္ကတည္းကေရာက္ေနတာလဲ။ ေမာင္နဲ႕ႀကိဳတင္စီစဥ္ထားတာပဲေနမွာ။ ေမာင္ကခ်စ္ဖို႔ေကာင္းလိုက္တာ....
"ေပ်ာ္လား... "
"အင္း အရမ္းေပ်ာ္တယ္ ေမာင့္ကိုအရမ္းခ်စ္တယ္ "
"ေမာင္ကပိုခ်စ္တယ္... "
ထို႔ေနာက္ ထယ္ေယာင္းတို႔ပါ တစ္ဝိုင္းထဲထိုင္ၿပီး အတူစားေသာက္ၿပီးမွ အိမ္သို႔ျပန္ခဲ့ၾကသည္။ ထယ္ေယာင္းတို႔ပါ အိမ္ကိုလိုက္ခဲ့တာေၾကာင့္ ဝိုင္းျဖစ္သြားရသည္။
ေဖေဖေရာတစ္ဝိုင္းတည္းဝင္ထိုင္တာေၾကာင့္ အနည္းငယ္ရွိန္ကာ သိပ္မေသာက္ရဲၾက။ အနားယူေတာ့မယ္ဟု ေျပာကာ ထြက္သြားမွသာ အသားကုန္ေသာက္ၾကေတာ့သည္။
"ဂ်ီမင္း မင္းကမေသာက္ဘူးလား "
"အင္း.. ရင္ျပည့္ေနလို႔ "
"ေနမေကာင္းဘူးလား ဂ်ီမင္း "
"ေကာင္းပါတယ္ ေမာင္ရဲ႕ ငါမေသာက္ခ်င္လို႔ ေမာင္ပဲေသာက္ "
"ခ်ီးယားးးးးးးးး "
ေမာင္တို႔ထပ္ေသာက္ေနၾကတာ အခ်ိန္အေတာ္ၾကာသည္အထိ။ ထယ္ေယာင္းတို႔ျပန္သြားၿပီးတာေတာင္ ေမာင္ကထပ္ေသာက္ေနတုန္း....
"ေမာင္ ေတာ္ေတာ့ "
"အင္းး ေမာင္ မမူးေသးဘူး "
မ်က္လုံးေတြက အနည္းငယ္ရီေဝေနကာ မူးေနမွန္းသိသာလွသည္။
"ဒီေန႕ည ဒီမွာပဲအိပ္သြားေတာ့ "
"အင္းးးးး "
"လာထ သြားမယ္ ငါတြဲမယ္ "
ေဖေဖက အိပ္သြားၿပီးလို႔သာ ေတာ္ေတာ့သည္။ ေမာင့္ကို အခန္းထဲတြဲေခၚသြားၿပီး ဂ်ီမင္းေမြ႕ယာေပၚ လွဲခ်လိဳက္သည္။ မမူးလို႔သာေတာ္ေတာ့သည္။ မဟုတ္ရင္ေတာ့မလြယ္။ သူခႏၱာကိုယ္ႀကီးထိန္းရတာ ေခြၽးေတြေတာင္ျပန္တယ္။
ေမာင့္ကို ေမြ႕ယာေပၚတင္ေပးၿပီးေနာက္ သူ႕ဖိနပ္ကိုခြၽတ္ကာ ေျခအိတ္ပါတစ္ခါထဲ ခြၽတ္လိုက္သည္။ ထို႔ေနာက္ ေမာင့္ရွပ္အက္်ီကိုလဲခြၽတ္ၿပီး ေရပတ္တိုက္ေပးဖို႔ ေရသြားယူလိုက္သည္။ ေရကိုဇလုံထဲကို အဝတ္နဲ႕အတူထည့္ယူလာၿပီ ေမာင့္ခႏၱာကိုယ္အေပၚပိုင္းကို ေရပတ္တိုက္ေပးလိုက္သည္။
အင္းးးးးးးး
မ်င္ႏွာေတြကို ေသခ်ာေလးတိုက္ေပးေတာ့ အိပ္ေပ်ာ္ေနသူ အမူးသမားေလးက တစ္ခ်က္ၿငီးျငဴလာေသးသည္။ အသဲယားလြန္းလို႔ ေမာင့္ပါးက အမာ႐ြက္ေလးကို ငုံ႕နမ္းလိုက္သည္။ ရင္အုပ္က်ယ္က်ယ္ေတြ အဖုအထစ္ေတြနဲ႕ ဗိုက္သားေတြကို ေသခ်ာေလးေရပတ္တိုက္ေပးၿပီး ဂ်ီမင္းယူဝတ္လာတဲ့ သူ႕အက္်ီကို ျပန္ဝတ္ေပးလိုက္သည္။ သူ႕ခႏၱာကိုယ္ႀကီးကို မလိုက္ ခ်လိဳက္နဲ႕လုပ္ေနရတာ တကယ္မလြယ္။ ေဘာင္းဘီကေတာ့ သူနဲ႕ေတာ္မယ့္ ေဘာင္းဘီမရွိတာေၾကာင့္ ဂ်ီမင္းေဘာင္းဘီ အပြႀကီးႀကီးကိုဝတ္ေပးလိုက္သည္။ အေပၚကအနက္ ေအာက္ကအဝါ ဟြင္း ေတာ္ေတာ္မလိုက္ဖက္တာ....
ဂ်ီမင္းကိုယ္တိုင္လဲ ပင္ပန္းေနၿပီ ျဖစ္တာေၾကာင့္ သူ႕ေဘးနားဝင္လွဲလိုက္သည္။ ဂ်ီမင္းေမြ႕ယာက သူ႕ villa ကေမြ႕ယာေလာက္မက်ယ္တာေၾကာင့္ ႏွစ္ေယာက္သား ပူးကပ္ေနေတာ့သည္။ ႐ုတ္တရက္ ဂ်ီမင္းေပၚကို ေျခေထာက္ေတြေရာ လက္ေတြေရာ ျပစ္တင္လာၿပီး အတင္းဖက္ေတာ့သည္။ နားသယ္စပ္နားေတြကို တ႐ႊတ္႐ႊတ္နဲ႕ နမ္းရွိုက္လာသည္။
အိမ္ဟန္ေဆာင္ေနတာပဲ ေမာင္က...
"ေမာင့္ အိပ္မေပ်ာ္ေသးဘူးလား "
"အင္း "
"အ့ ေမာင္..... အိပ္ခ်င္ၿပီ။ မလုပ္နဲ႕ "
ဂ်ီမင္းညဝတ္အိပ္ေဘာင္းဘီေလးထဲကို လက္လွ်ိုဝင္ကာ ဆုပ္ႏွယ္ေနတာေၾကာင့္ ေျပာလိုက္သည္။
"ေမာင့္ နာတယ္ မညွစ္နဲ႕ အြင့္ "
အေပၚကေနအုပ္မိုးကာ အတင္းနမ္းရွိုက္လာေတာ့သည္။ လက္ေတြကလဲ အညွစ္မပ်က္...
"အ့ အင့္ ေမာင့္"
"ဘာလဲ..... "
"ေနာက္ေန႕မွေနာ္ ေဖေဖလဲရွိတယ္ နိုးသြားရင္မေကာင္း ေမာင္းကအရမ္းလုပ္တာ "
"ဟား ဟား ေမာင္ကနမ္း႐ုံတင္ပါကြာ..."
ႁပြတ္! ႁပြတ္!
ေမာက္ကႏွစ္ခ်က္မွ်စုပ္ယူကာ လႊတ္ေပးၿပီး သူ႕ရင္ခြင္ထဲဆြဲထည့္ကာ အိပ္ေစသည္။ဂ်ီမင္းလဲ ေမာင့္ကိုတင္းၾကပ္ေနေအာင္ ဖက္ထားလိုက္သည္။ ဒီေန႕ညေတာ့ အိမ္မက္ေတြလွေနေတာ့မွာ ေသခ်ာပါသည္။
မနက္ခင္းေနေရာင္ျခည္ႏြေးႏြေးက မ်က္ႏွာေပၚက်ေရာက္လာတာေၾကာင့္ ဂ်ီမင္းမ်က္ႏွာေတြရႈံ႕တြျပစ္လိုက္သည္။ ေဘးနားကေမာင့္ခႏၱာကိုယ္ႀကီးကိုစမ္းၾကည့္လိုက္ေတာ့ ေမာင္ကမရွိေတာ့။
ဝွားးးးးးးးးးးးးးးးးး
ဂ်ီမင္း အသံရွည္ဆြဲကာ တစ္ခ်က္မွ်ၿငီးျငဴလိုက္ၿပီး မ်က္ႏွာသစ္ သြားတိုက္ကာ အခန္းျပင္ထြက္လာခဲ့ေတာ့ ေဖေဖနဲ႕ေဂ်ာင္ကု ေျပာေနတဲ့စကားေတြကို အကြယ္ကေနနားေထာင္ေနမိသည္။
"ကြၽန္ေတာ္ ဂ်ီမင္းကို ျမတ္ျမတ္နိုးနိုးနဲ႕ခ်စ္တာမို႔ လက္ထပ္ခြင့္ျပဳပါ "
" လူႏွစ္ေယာက္ ခ်စ္ျမတ္နိုးလို႔ လက္ထပ္တယ္ဆိုတာ ဘဝတစ္သက္စာလုံးအတူတူရွိေနရေတာ့မွာ မင္းက သားကို အဆုံးထိလက္တြဲနိုင္ပါ့မလား "
"ကြၽန္ေတာ္ ဂ်ီမင္းကို စခ်စ္ကတည္းက ဘဝတစ္ခုလုံးစာရည္႐ြယ္ၿပီးခ်စ္ခဲ့တာပါ "
"ဦးေလးဘက္ကေတာ့ သားေလးလက္ခံရင္သေဘာတူပါတယ္ သားေလးေပ်ာ္ေနဖို႔သာအဓိကမလို႔ "
"ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္ ေဖေဖ"
"မနက္စာဝိုင္းသြားျပင္လိုက္ဦးမယ္ "
"ကြၽန္ေတာ္ပဲ ျပင္လိုက္ပါ့မယ္ "
"ေအး ေအး သားကိုေရာသြားႏွိုးလိုက္ပါဦး "
"ဟုတ္ကဲ့ "
ေမာင္လာႏွိုးမွာကိုသိတာေၾကာင့္ အခန္းထဲျပန္ဝင္ကာ အိပ္ဟန္ေဆာင္ေနလိုက္သည္။
"ဂ်ီမင္းထေတာ့ မနက္စာစားမယ္ "
" ..... "
"ၾကားလား အခ်စ္ ထေတာ့လို႔ မ်က္ႏွာသစ္"
"အင္းးး ဟီး "
"ဘာရယ္တာလဲ "
"တကယ္ေတာ့ မ်က္ႏွာလဲသစ္ၿပီးၿပီ။ သြားလဲတိုက္ၿပီးၿပီ။ "
"ေမာင့္ကို စတယ္ေပါ့ေလ မင္းေတြ႕မယ္!'
"အား.. ေမာင့္ မဖ်စ္နဲ႕ သြားမယ္ "
အတင္း႐ုန္းကာ ဂ်ီမင္းထြက္ေျပးလာခဲ့သည္။ ေမာင္ကေလ တစ္ခုခုဆို အဲ့ေနရာပဲ လိုက္ျပစ္မွားေနတာ။
___________________________
အျဖဴေရာင္ပစၥည္းႏွင့္ အခမ္းနားဆုံးေသာပစၥည္း မ်ားကိုသာ ေ႐ြးသုံးထားေသာ အျဖဴေရာင္အခမ္းအနားတစ္ခု။ ဒီေန႕က ဂ်ီမင္းတို႔လက္ထပ္ပြဲေန႕။
"ဂ်ီမင္း မင္းဝင္ရေတာ့မွာေနာ္ မၿပီးေသးဘူးလား "
"ၿပီးပါၿပီ ငါ့ေန႕မွာေတာ့လွခ်င္တာေပါ့ "
"ဟုတ္ပါၿပီ ငါခန္းမထဲမွာပဲ ေစာင့္မယ္ "
"အင္း "
ဂ်ီမင္း အေစာႀကီးကတည္းက ျပင္ေနေပမယ့္ အခုထိမၿပီးစီးနိုင္ေသး။ ကိုယ္မဂ္လာပြဲေန႕ကိုေတာ့ ဘယ္သူမဆို အလွဆုံးျဖစ္ခ်င္ၾကတာပဲမလား...
ဂ်ီမင္းက အျဖဴေရာင္ suit ေလးနဲ႕သိပ္ကိုခ်စ္စရာေကာင္းတဲ့ နတ္သားေလးျဖစ္ေနေပမယ့္ ေမာင္ကေတာ့ ဘယ္လိုမွေျပာမရပဲ အနက္ေရာင္ကိုသာ တန္းတန္းဆြဲသည္။ တစ္ေယာက္ကအျဖဴ တစ္ေယာက္ကအနက္နဲ႕ သိပ္လိုက္ဖက္ေနေတာ့မွာပဲ....
" သား အခ်ိန္က်ၿပီ "
"ဟုတ္ေဖေဖလာၿပီ "
ေဖေဖ့လက္ကိုဆြဲကာ ခန္းမထဲဝင္လာေတာ့ ေမာင္က ဖာသာႀကီးေဘးမတ္တပ္ရပ္ကာေစာင့္ေန၏။
ခန္းမထဲကို ေဖေဖ့လက္ကိုတြဲကာ ဝင္လာသည့္ ဂ်ီမင္းကိုၾကည့္ရင္ မ်က္ရည္ေတြဝဲလာမိသည္။ ေမာင္ မင္းကိုအပိုင္ရလိုက္ၿပီ ဂြၽန္ဂ်ီမင္း ....
ေဖေဖလက္ထဲကေန ဂ်ီမင္းလက္ကိုေျပာင္းေပးၿပီးေတာ့ ေဖေဖက
"သားကိုအပ္ပါတယ္ ေဂ်ာင္ကု "
"ဟုတ္ကဲ့ပါေဖေဖ "
ဖာသာႀကီးေျပာေနတဲ့ အခ်ိန္တေလွ်ာက္လုံး ဂ်ီမင္းတို႔ တစ္ေယာက္တစ္ေယာက္ၾကည့္ကာၿပဳံးေနမိသည္။ ဖာသာေျပာေသာ စကားမ်ား ေမးေသာေမးခြန္မ်ားကို ၾကည္ၾကည္ျဖဴျဖဴ လက္ခံေျဖဆိုၿပီးေနာက္.....
"အခုခ်ိန္ကစၿပီး သတို႔သားႏွစ္ေယာက္ အၾကင္လင္မယားအျဖစ္ အဲ အၾကင္လင္လင္အျဖစ္ သက္ဆုံးတိုင္ေပါင္းဖက္နိုင္ၾကပါေစ "
ေျဖာင္း! ေျဖာင္း! ေျဖာင္း!
"နမ္းပါ! နမ္းပါ! နမ္းပါ! "
ေအာက္ကေန ေဆာ္ၾသသံေတြေၾကာင့္ ေမာင့္လက္ေတြက ဂ်ီမင္းခါးေသးေသးေလးကို ဆုပ္ကိုင္ကာ ၾကင္ၾကင္နာနာအနမ္းေလးတပြင့္ ဖန္တီးလာသည္။
ေဟးးးး ေဝးးးးးးး
ေျဖာင္း! ေျဖာင္း!
သူ႕အနမ္းေတြေၾကာင့္ တခ်ိဳ႕လူေတြက လူေအးလို႔ထင္ေနေတာ့မွာ ဟင္း!
အခမ္းအနားအားလုံးၿပီးသြားေတာ့ ေမာင့္ဒယ္ဒီကလဲ ပြဲတက္လာတာေၾကာင့္ ဂ်ီမင္းမွာ မ်က္ႏွာပူပူနဲ႕ သြားႏႈတ္ဆက္ရေသးသည္။ ဒါေပမယ့္ ေမာင့္က လက္ကိုခပ္တင္းတင္း ဆြဲကိုင္ထားတာေၾကာင့္ ဂ်ီမင္းေၾကာက္စိတ္ေတာ့ လုံးဝမရွိပါ။
ေမာင့္ဒယ္ဒီကေတာ့ ဂ်ီမင္းတို႔ကို ႏႈတ္ဆက္ၿပီး ခ်က္ခ်င္းဂ်ပန္ကိုျပန္သြားသည္။
ေဖေဖကလဲ အိမ္ကိုျပန္သြားၿပီျဖစ္တာေၾကာင့္ ဂ်ီမင္းစိတ္မေကာင္း။ဘာလို႔ဆို လက္ထပ္ၿပီးရင္ ေမာင့္အိမ္လိုက္ေနရမယ္ဆိုေတာ့ ေဖေဖကလိုက္မေနခ်င္ ေမာင့္ကိုေခၚေတာ့လည္း မလြတ္လပ္ဘူးဆိုၿပီး လိုက္မေနခ်င္။ ေဖေဖကိုတစ္ေယာက္ထဲ ဘယ္လိုစိတ္ခ်ရမွာလဲေလ။ ေဖေဖဘက္ၾကည့္ရင္လဲ သားမက္အိမ္ကို ဘယ္လိုက္ေနခ်င္ပါ့မလဲ။ ေမာင့္ဘက္ပိုၾကည့္ရင္လဲ ဂ်ီမင္းအိမ္ေသးေသးေလးမွာ ဘယ္ေနပါ့မလဲေလ။ ေဖေဖ့အတြက္ေတာ့ ေမာင္ကအေစာင့္တစ္ေယာက္ ငွားေပးထားေပမယ့္ ဂ်ီမင္းတကယ္စိတ္မေကာင္းပါ။ ဟူးးးးးးးးးးးးးးးးးး
ဂ်ီမင္းမွာ အခမ္းအနားၿပီးတာေတာင္ မနားရေသး ည dinner ရွိေသးတာေၾကာင့္ ျပင္ဆင္ရျပန္သည္။ မဂ္လာပြဲကေလ ေပ်ာ္ဖို႔သာေကာင္းတာ တကယ္ပင္ပန္းတယ္။
_________________________မဂ္လာဦးညကိုေတာ့ မနက္ျဖန္ည ရွယ္ေရးၿပီးတင္ေပးပါမယ္🌚🌚😀
ေက်းဇူးပါ 💗 အားလုံးကိုခ်စ္တယ္😘😘
There are no comments yet. Log in to be the first to leave a review!
![MINE [ Completed ]](https://fanficsread.net/media/fs-stories-1/9937/conversions/352625e2c660b2a5aff13438501b2506.jpg)
![Dust Bones [Harry Styles]](https://fanficsread.net/media/fs-stories-1/1198/conversions/a640cdb809d084e5d20475eedbf3c663.jpg)




