Fanfics

Part-23

10:06, 23 September 2023

နေရောင်ခြည်နွေးနွေးတို့က ဂျီမင်းမျက်နှာပေါ်ကို ဖြန့်ကျက်လာတာကြောင့် မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ မျက်နှာကျက်သည် မနက်မိုးလင်းတိုင်းမြင်နေကျ မျက်နှာကျက်မဟုတ်။ ညကအကြောင်းတွေ ပြန်စဉ်းစားမိသွားတာကြောင့် ထထိုင်ပြစ်လိုက်သည်။

အား!

ထထိုင်လိုက်တော့ ကျောရိုးတစ်လျှောက်နဲ့ ခန္တာကိုယ်အောက်ပိုင်းတစ်ခုလုံး ကိုင်ရိုက်ထားသလိုခံစားရပြီး ဟိုနေရာကဆို ပြောမပြတတ်အောင်ကိုနာနေသည်။ ပြီးတော့လူကလဲ အားလုံးဝရှိမနေတာ သေချာသည်။

မနေ့က တစ်နေကုန်အလုပ်ပင်ပန်းနေတာရယ် ဟိုကိစ္စဖြစ်သွားတာရယ်ကြောင့် ပိုပြီးပန်းနေတော့တာ။

ဟင်! အခုဘယ်န နာရီရှိနေပြီလဲ။ ဖေဖေတော့စိတ်ပူနေတော့မှာပဲ။ ဖုန်းကလဲမနေ့က ဘယ်နားထားမိမှန်းမသိ။ ဘေးနားကိုကြည့်လိုက်တော့လဲ သူကမရှိ။ အစကပြောတော့ သေချာပြန်လိုက်ပါမယ်ဆိုပြီး ဒီနေ့ကျတော့လည်း အတင်းအရယူပြန်သည်။

ချပ်!

အခန်းထဲကိုဝင်လာသည့် ဂျောင်ကုကြောင့် မျက်နှာတွေပိုတင်းသွားရသည်။ ဟုတ်တယ်လေ ခဏနားပြီးရင်လိုက်ပို့မယ်ဆိုပြီး အခုနောက်နေ့ကိုတောင်ရောက်နေပြီ ။ ကတိမတည်တဲ့လူ!

"နိုးပြီးလား "

"မမြင်ဘူးလား! "

ငုတ်တုတ်ကြီးထိုင်နေတာကို မြင်ရဲ့သားနဲ့ နိုးပြီလားဆိုတော့ တကယ်....

"နာနေသေးလား "

ဘုတ်!

ဂျီမင်းဘေးနားမှာရှိတဲ့ ခေါင်းအုံးနဲ့ပြစ်ပေါက်ပြစ်လိုက်သည်။ နာနေသေးလားတဲ့ မေးလဲမေးတတ်ပါတယ်။

"စိတ်ဆိုးနေတုန်းလား ညကမောင် စိတ်မထိန်းနိုင်လို့ "

သူ့ကိုပြစ်ပေါက်လိုက်တဲ့ ခေါင်းအုံးကို အမိအရဖမ်းပြီး ကုတင်ပေါ်ကိုပြန်တင်ကာ ပြောလာသည်။

"ဘယ်တုန်းက ထိန်းလို့လဲ မင်းစိတ်ကို။ အဲ့တာတွေထား ငါကိုအိမ်ပြန်ပို့ "

"ရေအရင်ချိုးပြီး မနက်စာစားဦး "

" မစားဘူး ဖေဖေစိတ်ပူ.."

"ဖေဖေကို မောင်ဖုန်းဆက်ပြီးပြီ "

"ဘာ! မင်း.."

"မောင်ဘာမှမပြောလိုက်ပါဘူး နေမကောင်းလို့ဆိုပြီးပြောလိုက်တာ "

" ..... "

"စိတ်ဆိုးမနေနဲ့ဉီး လာရေချိုးမယ် "

"ဘာလဲ ငါဘာသာချိုးမယ်! "

"မရဘူး မောင်ချိုးပေးမယ် နေကောင်းတာလဲမဟုတ်ပဲ "

"အား! မရဘူး "

ဂျီမင်းကို စောင်ပုံကြားထဲကနေ ပွေ့ချီပြစ်လိုက်သည်။ ဘယ်လောက်ပဲ အတူတူနေဖူးတယ်ပြောပြော ဝတ်လစ်စလစ်အခြေအနေကြီးနဲ့ကြောင့် သူ့ရင်အုပ်ကြားထဲသာ မျက်နှာကိုဖွက်ထားလိုက်သည်။

"ဟွင်း!.. "

"ဘာရယ်တာလဲ မင်းနော် ဂျောင်ကု!'

"သေးသေးမလို့ "

"မင်း! "

"ညကလို မောင် လို့မခေါ်တော့ဘူးလား "

ဘုန်း! ဘုန်း!

သူ့ရင်ဘတ်ကြီးကို အတင်းရိုက်ပြစ်လိုက်သည်။ လူကိုမထိတထိနဲ့ ပြောနေတာ..

"မောင်က လူကိုပြောတာပါကွာ တခြားတွေတွေးမနေနဲ့ "

ဘုန်း!

"ဘယ်မှာတွေးလို့လဲ အရူးကောင်! "

"အေး! အရူးကောင်လို့ပြောတာနော် မောင်နဲ့တွေ့မယ် "

"အာ့ မောင့်! "

"ဟား ဟား "

"မှားခေါ်မိတာ "

"ဘယ်သူကဘာပြောလို့လဲ "

ဘုန်း! ဘုန်း!

သူစနောက်တဲ့ စကားတွေက ရေချိုးခန်းထဲ ပြည့်နေကာ နှစ်ယောက်စလုံး အပြုံးကိုယ်စီဖြင့်။ တစ်ခါတစ်ခါ သူရိသဲ့သဲ့လုပ်တဲ့ဒဏ်တွေကိုလဲ ခံရသေးသည်။ ရေချိုးပေးတာက နည်းနည်းအသားယူတာကများများ....

.....................................

အိမ်ကိုသူကိုယ်တိုင်ပြန်လိုက်ပို့ပြီးနောက် ခြံထဲဝင်လိုက်တော့ ဖေဖေက အပြင်မှာ လမ်းလျှောက်နေတာကိုတွေ့၏။ ခြံကအကျယ်ကြီးမဟုတ်ပေမယ့် ရှေ့မျက်နှာစာလေးကတော့ လမ်းလျှောက်လို့အဆင်ပြေပါသည်။

"ဖေဖေ သားပြန်ရောက်ပြီ "

ဂျီမင်း မျက်နှာပူပူနဲ့ပဲ နှုတ်ဆက်လိုက်သည်။ တခြားမှာ ညအိပ်ပြီးမနေဖူးတာကြောင့် ဖေဖေ့ကိုအားနာနေမိသည်။ သားကိုယ်တိုင်က ဖုန်းဆက်မပြောပဲ ​ သူစိမ်းကပြောတယ်ဆိုတော့ဘယ်လိုများတွေးနေမလဲလေ..

"ဘယ်သူလိုက်ပို့တာလဲသား "

"ဟို.. ဟို! "

"ဂျောင်ကု မလား"

"ဗျာ! ဟိုဖေဖေ့ တကယ်တော့... "

"ဖေဖေဘာမှမဖြစ်ပါဘူး ဟိုနေ့က ဂျောင်ကုလာတွေ့သွားတယ် "

"ဟင်! "

" ဖေဖေ့ကိုတောင်းပန်တယ် အရင်ကဖြစ်ခဲ့တဲ့တာတွေအတွက် ဖေဖေဘာမှမသိပဲ သားကိုအပြစ်တွေ ပြောခဲ့မိလို့ တောင်းပန်းပါတယ် သား "

"မဟုတ်တာ ဖေဖေရယ် ဘာလို့တောင်းပန်ရမှာလဲ ။ သားကသာ တောင်းပန်ရမှာပါ ဖေဖေကိုဘာတစ်ခုမှမတိုင်ပင်ပဲ လုပ်ချင်တာတွေလုပ်ခဲ့ပြီး မိုက်ရူးရဲဆန်ခဲ့မိလို့ "

"ဖေဖေက သားဘာပဲလုပ်လုပ် ခွင့်လွှတ်ပြီးသားပါ "

" ကျေးဇူးတင်ပါတယ် ဖေဖေ သာနဲ့အတူ အခုချိန်ထိ ကျန်းကျန်းမာမာရှိနေပေးလို့ "

"အင်း ကဲ သားလဲသွားနာတော့ နေမကောင်းဘူးမလား ဖေဖေဆန်ပြုတ် လာပို့မယ် "

"ဟုတ် ဒါဆိုသားသွားပြီနော်... "

အခန်းထဲရောက်တော့ ဂျီမင်းမနားနိုင်သေးပါပဲ ဂျောင်ကုဆီကို ဖုန်းဆက်မိသည်။

တူ တူ တူ

ပထမအကြိမ်ဖုန်းခေါ်တော့မကိုင် ဒုတိယအကြိမ်ခေါ်တော့...

"ဟယ်လို ဂျီမင်း ပြော "

"ဘာတွေလုပ်နေလို့ ဖုန်းမကိုင်တာလဲ "

"မောင် စာရင်းတွေစစ်နေလို့ပါ ဘာပြောမလို့လဲ "

"ဖေဖေ့ဆီလာတွေ့သွားတယ်ဆို! "

"အင်း ဖေဖေနဲ့စကားပြောပြီးပြီလား "'

"ပြောပြီးပြီ ဖေဖေ့ဆီလာတာ ဘာလို့ငါ့ကိုမပြောတာလဲ "

"မောင် ဖေ့ဖေ့ကို သေချာတောင်းပန်ပြီး ခွင့်တောင်းစရာလေးရှိလို့ "

"ဘာခွင့်တောင်းတာလဲ "

"ခင်များလေးနဲ့ လက်ထပ်ဖို့ပေါ့ "

"ဘယ်လို..ငါနဲ့လက်ထပ်မှာကို ဘာလို့ငါ့ဆီခွင့်မတောင်းပဲ ဖေဖေ့ဆီသွားတောင်းတာလဲ "

"ဖေဖေသဘောတူမှ မင်းကလက်ခံမှာလေ "

" ...... "

"မောင်တို့က အခုပြန်အဆင်ပြေပြီလား "

"မသိဘူး! "

"အဆင်ပြေလို့ပဲ ညက.... "

"မင်းနော် အဲ့တာက မင်းအတင်းအကျပ်လုပ်လို့ "

" အတင်းအကျပ်မလုပ်တော့ဘူး နောက်တစ်ခါ မင်းလက်ခံမှ "

" ....... "

"နာနေသေးလား "

"မင်း! ဘာတွေမေးနေတာလဲ ဒါပဲ ဖုန်းချတော့မယ် "

"နေဦးလေ မောင်တို့အဆင်ပြေပြီလားလို့ "

"အင်း "

တီ

*မင်းမောင့်ကို ဘယ်တော့မှ မငြင်းနိုင်ပါးဘူး ဘာလို့လဲဆိုတော့ မင်းကမောင့်ကိုသိပ်ချစ်လို့လေ*

---------------

"မောင့် လွှတ်တော့လို့ နောက်ကျတော့မယ် "

မနေ့က သူ့ကိုပြန်လက်ခံလိုက်ပြီးတော့ အိမ်ကိုလာပါမယ်ဆိုလို့ အတင်းတားထားရတာ။ ဒီနေ့လည်း ဂျီမင်းက company ရဲ့ ကိုယ်စားလှယ်အနေနဲ့ ရှယ်ယာရှင် company က CEO နဲ့သွားတွေ့ရမှာကို သူကိုယ်တိုင်လိုက်ပို့နေတာ။ ချိန်းထားတဲ့နေရာရောက်တော့ ကားပေါ်က အဆင်းမခံပဲ တစ်ခုပြီးတစ်ခုလိုက်ရစ်နေသေးသည်။ ဘာလို့ဆို ဂျီမင်းသွားတွေ့ရမယ့်သူက Kai မလို့လေ။

"မောင့် ပြောနေတယ်လေ..."

"မောင့်ကို ဘာလို့အော်နေတာလဲ "

"ဘယ်မှာအော်လို့လဲ မောင်ကသာရစ်နေတာ "

" ငြိုငြင်တာလား "

"မဟုတ်ပါဘူး ကလေးလေးလိုလုပ်မနေနဲ့ လွှတ်တော့ "

"မလွှတ်ဘူး မောင့်ကိုချစ်လား "

"ချစ်တယ်လေ မောင်ရာ သွားခွင်ပြုတော့ နောက်ကျရင်မကောင်းဘူး "

"ဟင့်အင်း မောင်ဖက်လို့မဝသေးဘူး "

"အင့်! မောင်..... အတင်းမဖက်နဲ့လို့ "

" ..... "

"မောင့် သွားတော့မယ်လို့ "

"နေဦး နမ်းဦးမယ် "

ဂျီမင်းခေါင်းတစ်ဖက်ကို ထိန်းကိုင်ကာ နမ်းစုပ်လာတာကြောင့် ဂျီမင်းအလိုက်သင့်လေးသာ ပြန်တုန့်ပြန်နေလိုက်သည်။ သူ့အလိုကျမဟုတ်ရင် သွားခွင့်ပြုမှာမဟုတ်။

"အ့! "

ပြွတ်

နှုတ်ခမ်းကို သူ့စိတ်နမ်းပြီးနောက် တစ်ချက်ကိုက်ကာ  လွှတ်ပေးသည်။ ထို့နောက် သူဦးတည်လာတာက လည်ပင်းဆီ...

"မောင့် နေ နေဦး အရာတွေထင် အ့! "

ဂျီမင်းပြောလို့တောင် မပြီးသေး သူကလည်ပင်းကိုကိုက်ကာ အမှတ်အသားတွေ ပေးနေတော့သည်။

"တမင် လုပ်တာ မင်းကိုမောင်ပိုင်တယ်ဆိုတာသိအောင်လို့ "

"အခုက အလုပ်ကိစ္စလေ ဘယ်ကောင်းပါ့မလဲ မောင်ရဲ့ စိတ်ချပါ ငါကမောင်တစ်ယောက်ထဲကိုပဲ ချစ်မှာ "

"မောင်ကလဲ မင်းတစ်ယောက်ထဲကိုပဲ ချစ်မှာ "

" အင်း သွားပြီနော် "

ဂျီမင်းကားပေါ်ကဆင်းတော့ company ကကောင်မလေးက အသင့်စောင့်နေ၏။ ဝန်ထမ်းကောင်မလေးခေါ်သွားတဲ့ ရုံးခန်းထဲကို ဝင်သွားတော့ Kai ကစာရွက်စာတန်းတွေနဲ့ အဆင်သင့်စောင့်နေသည်။

Kai နဲ့အချိန်အတော်ကြာထိ ဆွေးနွေးတိုင်ပင်ပြီးနောက် လိုအပ်တဲ့စာရွက်စာတန်းတွေယူကာ ပြန်မလို့လုပ်တော့ Kai ကသူကိုယ်တိုင်လိုက်ပို့ပေးပါမယ်ဟု ဆိုလာသောကြောင့် ဂျီမင်းအားနာနာနဲ့သာ လက်ခံလိုက်သည်။

ကားပေါ်ရောက်တော့ Kai ကစကားစလာသည်။

"ကျွန်တော်တို့ ပြန် date လို့ရမလား "

"ဟင်! ဟို တောင်းပန်ပါတယ် Kai ကျွန်တော်ဂျောင်ကုနဲ့ ပြန်တွဲနေပြီ "

"အာ... ကျွန်တော်ကသာ တောင်းပန်ရမှာပါ ပိုင်ရှင်ရှိပြီးသားလူကို date ဖို့ခွင့်တောင်းနေမိတာ "

"ရပါတယ် "

ကျွီ!

ကားရှေ့ကို ကားအနက်ရောင်တစ်စီး ထိုးရပ်လာတာကြောင့် အမြန် ဘရိတ်အုပ်ပြစ်လိုက်ရတာ။ တော်သေးတာပေါ့ တိုက်မိကုန်တော့မလို့....

ရှေ့ကားပေါ်ကနေဆင်းလာသူက မောင်..မျက်နှာကလဲ ဒါသထွက်နေတဲ့ပုံ အထင်လွဲပြန်ပြီထင်ပါတယ်။ အပြင်ကနေ ကားမှန်ကိုထုနေတာကြောင့် Kai က Lock ဖြေလိုက်တော့ မောင်ကကားတံခါးကို ဆွဲဖွင်ကာ ဂျီမင်းခါးပတ်ကြိုးကိုဖြုတ်ပြီး အတင်းဆွဲခေါ်တော့သည်။

"လာခဲ့ ခင်များ! "

"အကိုထင်နေသလိုမဟုတ်ဘူးနော် ကျွန်တော်ရှင်းပြ..."

"မင်း $ပေါ်ကပိတ် လာခဲ့! "

" မောင့်! "

ဂျီမင်းမှာ ယက်ကန်ယက်ကန်နဲ့ သူ့ကားပေါ်သာပါသွားတော့သည်။

____________________နောက်အပိုင်း မီးပျက်လို့ရလား😁😁

ကျေးဇူးပါ💗

Zg

ေနေရာင္ျခည္ႏြေးႏြေးတို႔က ဂ်ီမင္းမ်က္ႏွာေပၚကို ျဖန႔္က်က္လာတာေၾကာင့္ မ်က္လုံးကိုဖြင့္ၾကည့္လိုက္ေတာ့ မ်က္ႏွာက်က္သည္ မနက္မိုးလင္းတိုင္းျမင္ေနက် မ်က္ႏွာက်က္မဟုတ္။ ညကအေၾကာင္းေတြ ျပန္စဥ္းစားမိသြားတာေၾကာင့္ ထထိုင္ျပစ္လိုက္သည္။

အား!

ထထိုင္လိုက္ေတာ့ ေက်ာရိုးတစ္ေလွ်ာက္နဲ႕ ခႏၱာကိုယ္ေအာက္ပိုင္းတစ္ခုလုံး ကိုင္ရိုက္ထားသလိုခံစားရၿပီး ဟိုေနရာကဆို ေျပာမျပတတ္ေအာင္ကိုနာေနသည္။ ၿပီးေတာ့လူကလဲ အားလုံးဝရွိမေနတာ ေသခ်ာသည္။

မေန႕က တစ္ေနကုန္အလုပ္ပင္ပန္းေနတာရယ္ ဟိုကိစၥျဖစ္သြားတာရယ္ေၾကာင့္ ပိုၿပီးပန္းေနေတာ့တာ။

ဟင္! အခုဘယ္န နာရီရွိေနၿပီလဲ။ ေဖေဖေတာ့စိတ္ပူေနေတာ့မွာပဲ။ ဖုန္းကလဲမေန႕က ဘယ္နားထားမိမွန္းမသိ။ ေဘးနားကိုၾကည့္လိုက္ေတာ့လဲ သူကမရွိ။ အစကေျပာေတာ့ ေသခ်ာျပန္လိုက္ပါမယ္ဆိုၿပီး ဒီေန႕က်ေတာ့လည္း အတင္းအရယူျပန္သည္။

ခ်ပ္!

အခန္းထဲကိုဝင္လာသည့္ ေဂ်ာင္ကုေၾကာင့္ မ်က္ႏွာေတြပိုတင္းသြားရသည္။ ဟုတ္တယ္ေလ ခဏနားၿပီးရင္လိုက္ပို႔မယ္ဆိုၿပီး အခုေနာက္ေန႕ကိုေတာင္ေရာက္ေနၿပီ ။ ကတိမတည္တဲ့လူ!

"နိုးၿပီးလား "

"မျမင္ဘူးလား! "

ငုတ္တုတ္ႀကီးထိုင္ေနတာကို ျမင္ရဲ႕သားနဲ႕ နိုးၿပီလားဆိုေတာ့ တကယ္....

"နာေနေသးလား "

ဘုတ္!

ဂ်ီမင္းေဘးနားမွာရွိတဲ့ ေခါင္းအုံးနဲ႕ျပစ္ေပါက္ျပစ္လိုက္သည္။ နာေနေသးလားတဲ့ ေမးလဲေမးတတ္ပါတယ္။

"စိတ္ဆိုးေနတုန္းလား ညကေမာင္ စိတ္မထိန္းနိုင္လို႔ "

သူ႕ကိုျပစ္ေပါက္လိုက္တဲ့ ေခါင္းအုံးကို အမိအရဖမ္းၿပီး ကုတင္ေပၚကိုျပန္တင္ကာ ေျပာလာသည္။

"ဘယ္တုန္းက ထိန္းလို႔လဲ မင္းစိတ္ကို။ အဲ့တာေတြထား ငါကိုအိမ္ျပန္ပို႔ "

"ေရအရင္ခ်ိဳးၿပီး မနက္စာစားဦး "

" မစားဘူး ေဖေဖစိတ္ပူ.."

"ေဖေဖကို ေမာင္ဖုန္းဆက္ၿပီးၿပီ "

"ဘာ! မင္း.."

"ေမာင္ဘာမွမေျပာလိုက္ပါဘူး ေနမေကာင္းလို႔ဆိုၿပီးေျပာလိုက္တာ "

" ..... "

"စိတ္ဆိုးမေနနဲ႕ဉီး လာေရခ်ိဳးမယ္ "

"ဘာလဲ ငါဘာသာခ်ိဳးမယ္! "

"မရဘူး ေမာင္ခ်ိဳးေပးမယ္ ေနေကာင္းတာလဲမဟုတ္ပဲ "

"အား! မရဘူး "

ဂ်ီမင္းကို ေစာင္ပုံၾကားထဲကေန ေပြ႕ခ်ီျပစ္လိုက္သည္။ ဘယ္ေလာက္ပဲ အတူတူေနဖူးတယ္ေျပာေျပာ ဝတ္လစ္စလစ္အေျခအေနႀကီးနဲ႕ေၾကာင့္ သူ႕ရင္အုပ္ၾကားထဲသာ မ်က္ႏွာကိုဖြက္ထားလိုက္သည္။

"ဟြင္း!.. "

"ဘာရယ္တာလဲ မင္းေနာ္ ေဂ်ာင္ကု!'

"ေသးေသးမလို႔ "

"မင္း! "

"ညကလို ေမာင္ လို႔မေခၚေတာ့ဘူးလား "

ဘုန္း! ဘုန္း!

သူ႕ရင္ဘတ္ႀကီးကို အတင္းရိုက္ျပစ္လိုက္သည္။ လူကိုမထိတထိနဲ႕ ေျပာေနတာ..

"ေမာင္က လူကိုေျပာတာပါကြာ တျခားေတြေတြးမေနနဲ႕ "

ဘုန္း!

"ဘယ္မွာေတြးလို႔လဲ အ႐ူးေကာင္! "

"ေအး! အ႐ူးေကာင္လို႔ေျပာတာေနာ္ ေမာင္နဲ႕ေတြ႕မယ္ "

"အာ့ ေမာင့္! "

"ဟား ဟား "

"မွားေခၚမိတာ "

"ဘယ္သူကဘာေျပာလို႔လဲ "

ဘုန္း! ဘုန္း!

သူစေနာက္တဲ့ စကားေတြက ေရခ်ိဳးခန္းထဲ ျပည့္ေနကာ ႏွစ္ေယာက္စလုံး အၿပဳံးကိုယ္စီျဖင့္။ တစ္ခါတစ္ခါ သူရိသဲ့သဲ့လုပ္တဲ့ဒဏ္ေတြကိုလဲ ခံရေသးသည္။ ေရခ်ိဳးေပးတာက နည္းနည္းအသားယူတာကမ်ားမ်ား....

.....................................

အိမ္ကိုသူကိုယ္တိုင္ျပန္လိုက္ပို႔ၿပီးေနာက္ ၿခံထဲဝင္လိုက္ေတာ့ ေဖေဖက အျပင္မွာ လမ္းေလွ်ာက္ေနတာကိုေတြ႕၏။ ၿခံကအက်ယ္ႀကီးမဟုတ္ေပမယ့္ ေရွ႕မ်က္ႏွာစာေလးကေတာ့ လမ္းေလွ်ာက္လို႔အဆင္ေျပပါသည္။

"ေဖေဖ သားျပန္ေရာက္ၿပီ "

ဂ်ီမင္း မ်က္ႏွာပူပူနဲ႕ပဲ ႏႈတ္ဆက္လိုက္သည္။ တျခားမွာ ညအိပ္ၿပီးမေနဖူးတာေၾကာင့္ ေဖေဖ့ကိုအားနာေနမိသည္။ သားကိုယ္တိုင္က ဖုန္းဆက္မေျပာပဲ ​ သူစိမ္းကေျပာတယ္ဆိုေတာ့ဘယ္လိုမ်ားေတြးေနမလဲေလ..

"ဘယ္သူလိုက္ပို႔တာလဲသား "

"ဟို.. ဟို! "

"ေဂ်ာင္ကု မလား"

"ဗ်ာ! ဟိုေဖေဖ့ တကယ္ေတာ့... "

"ေဖေဖဘာမွမျဖစ္ပါဘူး ဟိုေန႕က ေဂ်ာင္ကုလာေတြ႕သြားတယ္ "

"ဟင္! "

" ေဖေဖ့ကိုေတာင္းပန္တယ္ အရင္ကျဖစ္ခဲ့တဲ့တာေတြအတြက္ ေဖေဖဘာမွမသိပဲ သားကိုအျပစ္ေတြ ေျပာခဲ့မိလို႔ ေတာင္းပန္းပါတယ္ သား "

"မဟုတ္တာ ေဖေဖရယ္ ဘာလို႔ေတာင္းပန္ရမွာလဲ ။ သားကသာ ေတာင္းပန္ရမွာပါ ေဖေဖကိုဘာတစ္ခုမွမတိုင္ပင္ပဲ လုပ္ခ်င္တာေတြလုပ္ခဲ့ၿပီး မိုက္႐ူးရဲဆန္ခဲ့မိလို႔ "

"ေဖေဖက သားဘာပဲလုပ္လုပ္ ခြင့္လႊတ္ၿပီးသားပါ "

" ေက်းဇူးတင္ပါတယ္ ေဖေဖ သာနဲ႕အတူ အခုခ်ိန္ထိ က်န္းက်န္းမာမာရွိေနေပးလို႔ "

"အင္း ကဲ သားလဲသြားနာေတာ့ ေနမေကာင္းဘူးမလား ေဖေဖဆန္ျပဳတ္ လာပို႔မယ္ "

"ဟုတ္ ဒါဆိုသားသြားၿပီေနာ္... "

အခန္းထဲေရာက္ေတာ့ ဂ်ီမင္းမနားနိုင္ေသးပါပဲ ေဂ်ာင္ကုဆီကို ဖုန္းဆက္မိသည္။

တူ တူ တူ

ပထမအႀကိမ္ဖုန္းေခၚေတာ့မကိုင္ ဒုတိယအႀကိမ္ေခၚေတာ့...

"ဟယ္လို ဂ်ီမင္း ေျပာ "

"ဘာေတြလုပ္ေနလို႔ ဖုန္းမကိုင္တာလဲ "

"ေမာင္ စာရင္းေတြစစ္ေနလို႔ပါ ဘာေျပာမလို႔လဲ "

"ေဖေဖ့ဆီလာေတြ႕သြားတယ္ဆို! "

"အင္း ေဖေဖနဲ႕စကားေျပာၿပီးၿပီလား "'

"ေျပာၿပီးၿပီ ေဖေဖ့ဆီလာတာ ဘာလို႔ငါ့ကိုမေျပာတာလဲ "

"ေမာင္ ေဖ့ေဖ့ကို ေသခ်ာေတာင္းပန္ၿပီး ခြင့္ေတာင္းစရာေလးရွိလို႔ "

"ဘာခြင့္ေတာင္းတာလဲ "

"ခင္မ်ားေလးနဲ႕ လက္ထပ္ဖို႔ေပါ့ "

"ဘယ္လို..ငါနဲ႕လက္ထပ္မွာကို ဘာလို႔ငါ့ဆီခြင့္မေတာင္းပဲ ေဖေဖ့ဆီသြားေတာင္းတာလဲ "

"ေဖေဖသေဘာတူမွ မင္းကလက္ခံမွာေလ "

" ...... "

"ေမာင္တို႔က အခုျပန္အဆင္ေျပၿပီလား "

"မသိဘူး! "

"အဆင္ေျပလို႔ပဲ ညက.... "

"မင္းေနာ္ အဲ့တာက မင္းအတင္းအက်ပ္လုပ္လို႔ "

" အတင္းအက်ပ္မလုပ္ေတာ့ဘူး ေနာက္တစ္ခါ မင္းလက္ခံမွ "

" ....... "

"နာေနေသးလား "

"မင္း! ဘာေတြေမးေနတာလဲ ဒါပဲ ဖုန္းခ်ေတာ့မယ္ "

"ေနဦးေလ ေမာင္တို႔အဆင္ေျပၿပီလားလို႔ "

"အင္း "

တီ

*မင္းေမာင့္ကို ဘယ္ေတာ့မွ မျငင္းနိုင္ပါးဘူး ဘာလို႔လဲဆိုေတာ့ မင္းကေမာင့္ကိုသိပ္ခ်စ္လို႔ေလ*

---------------

"ေမာင့္ လႊတ္ေတာ့လို႔ ေနာက္က်ေတာ့မယ္ "

မေန႕က သူ႕ကိုျပန္လက္ခံလိုက္ၿပီးေတာ့ အိမ္ကိုလာပါမယ္ဆိုလို႔ အတင္းတားထားရတာ။ ဒီေန႕လည္း ဂ်ီမင္းက company ရဲ႕ ကိုယ္စားလွယ္အေနနဲ႕ ရွယ္ယာရွင္ company က CEO နဲ႕သြားေတြ႕ရမွာကို သူကိုယ္တိုင္လိုက္ပို႔ေနတာ။ ခ်ိန္းထားတဲ့ေနရာေရာက္ေတာ့ ကားေပၚက အဆင္းမခံပဲ တစ္ခုၿပီးတစ္ခုလိုက္ရစ္ေနေသးသည္။ ဘာလို႔ဆို ဂ်ီမင္းသြားေတြ႕ရမယ့္သူက Kai မလို႔ေလ။

"ေမာင့္ ေျပာေနတယ္ေလ..."

"ေမာင့္ကို ဘာလို႔ေအာ္ေနတာလဲ "

"ဘယ္မွာေအာ္လို႔လဲ ေမာင္ကသာရစ္ေနတာ "

" ၿငိဳျငင္တာလား "

"မဟုတ္ပါဘူး ကေလးေလးလိုလုပ္မေနနဲ႕ လႊတ္ေတာ့ "

"မလႊတ္ဘူး ေမာင့္ကိုခ်စ္လား "

"ခ်စ္တယ္ေလ ေမာင္ရာ သြားခြင္ျပဳေတာ့ ေနာက္က်ရင္မေကာင္းဘူး "

"ဟင့္အင္း ေမာင္ဖက္လို႔မဝေသးဘူး "

"အင့္! ေမာင္..... အတင္းမဖက္နဲ႕လို႔ "

" ..... "

"ေမာင့္ သြားေတာ့မယ္လို႔ "

"ေနဦး နမ္းဦးမယ္ "

ဂ်ီမင္းေခါင္းတစ္ဖက္ကို ထိန္းကိုင္ကာ နမ္းစုပ္လာတာေၾကာင့္ ဂ်ီမင္းအလိုက္သင့္ေလးသာ ျပန္တုန႔္ျပန္ေနလိုက္သည္။ သူ႕အလိုက်မဟုတ္ရင္ သြားခြင့္ျပဳမွာမဟုတ္။

"အ့! "

ႁပြတ္

ႏႈတ္ခမ္းကို သူ႕စိတ္နမ္းၿပီးေနာက္ တစ္ခ်က္ကိုက္ကာ  လႊတ္ေပးသည္။ ထို႔ေနာက္ သူဦးတည္လာတာက လည္ပင္းဆီ...

"ေမာင့္ ေန ေနဦး အရာေတြထင္ အ့! "

ဂ်ီမင္းေျပာလို႔ေတာင္ မၿပီးေသး သူကလည္ပင္းကိုကိုက္ကာ အမွတ္အသားေတြ ေပးေနေတာ့သည္။

"တမင္ လုပ္တာ မင္းကိုေမာင္ပိုင္တယ္ဆိုတာသိေအာင္လို႔ "

"အခုက အလုပ္ကိစၥေလ ဘယ္ေကာင္းပါ့မလဲ ေမာင္ရဲ႕ စိတ္ခ်ပါ ငါကေမာင္တစ္ေယာက္ထဲကိုပဲ ခ်စ္မွာ "

"ေမာင္ကလဲ မင္းတစ္ေယာက္ထဲကိုပဲ ခ်စ္မွာ "

" အင္း သြားၿပီေနာ္ "

ဂ်ီမင္းကားေပၚကဆင္းေတာ့ company ကေကာင္မေလးက အသင့္ေစာင့္ေန၏။ ဝန္ထမ္းေကာင္မေလးေခၚသြားတဲ့ ႐ုံးခန္းထဲကို ဝင္သြားေတာ့ Kai ကစာ႐ြက္စာတန္းေတြနဲ႕ အဆင္သင့္ေစာင့္ေနသည္။

Kai နဲ႕အခ်ိန္အေတာ္ၾကာထိ ေဆြးႏြေးတိုင္ပင္ၿပီးေနာက္ လိုအပ္တဲ့စာ႐ြက္စာတန္းေတြယူကာ ျပန္မလို႔လုပ္ေတာ့ Kai ကသူကိုယ္တိုင္လိုက္ပို႔ေပးပါမယ္ဟု ဆိုလာေသာေၾကာင့္ ဂ်ီမင္းအားနာနာနဲ႕သာ လက္ခံလိုက္သည္။

ကားေပၚေရာက္ေတာ့ Kai ကစကားစလာသည္။

"ကြၽန္ေတာ္တို႔ ျပန္ date လို႔ရမလား "

"ဟင္! ဟို ေတာင္းပန္ပါတယ္ Kai ကြၽန္ေတာ္ေဂ်ာင္ကုနဲ႕ ျပန္တြဲေနၿပီ "

"အာ... ကြၽန္ေတာ္ကသာ ေတာင္းပန္ရမွာပါ ပိုင္ရွင္ရွိၿပီးသားလူကို date ဖို႔ခြင့္ေတာင္းေနမိတာ "

"ရပါတယ္ "

ကြၽီ!

ကားေရွ႕ကို ကားအနက္ေရာင္တစ္စီး ထိုးရပ္လာတာေၾကာင့္ အျမန္ ဘရိတ္အုပ္ျပစ္လိုက္ရတာ။ ေတာ္ေသးတာေပါ့ တိုက္မိကုန္ေတာ့မလို႔....

ေရွ႕ကားေပၚကေနဆင္းလာသူက ေမာင္..မ်က္ႏွာကလဲ ဒါသထြက္ေနတဲ့ပုံ အထင္လြဲျပန္ၿပီထင္ပါတယ္။ အျပင္ကေန ကားမွန္ကိုထုေနတာေၾကာင့္ Kai က Lock ေျဖလိုက္ေတာ့ ေမာင္ကကားတံခါးကို ဆြဲဖြင္ကာ ဂ်ီမင္းခါးပတ္ႀကိဳးကိုျဖဳတ္ၿပီး အတင္းဆြဲေခၚေတာ့သည္။

"လာခဲ့ ခင္မ်ား! "

"အကိုထင္ေနသလိုမဟုတ္ဘူးေနာ္ ကြၽန္ေတာ္ရွင္းျပ..."

"မင္း $ေပၚကပိတ္ လာခဲ့! "

" ေမာင့္! "

ဂ်ီမင္းမွာ ယက္ကန္ယက္ကန္နဲ႕ သူ႕ကားေပၚသာပါသြားေတာ့သည္။

____________________ေနာက္အပိုင္း မီးပ်က္လို႔ရလား😁😁

ေက်းဇူးပါ💗

There are no comments yet. Log in to be the first to leave a review!

More by bubuu-nim

Similar stories